Unicode
အခန်း(၂၅) - ရွာထဲမှာ အကောင်းဆုံးအမေ
စာရေးသူ - NanFangLiZhi Southern Lychee 南方荔枝
ဘာသာပြန်ဆိုသူ - Snowtowel
အကြီးဆုံးမရီးသည် ဆန်းစစ်ပြီး စိတ်ထဲ တွက်ချက်လိုက်သည်။ သူမ၏နှစ်နှစ်အရွယ် သားလေးအတွက် အနွေးထည် နှစ်ထည် ပြုလုပ်ပေးရန် လုံလောက်သည်ဟု ယူဆလိုက်ပြီး အနည်းငယ် ရှည်လို့ရသေးသောကြောင့် နောက်နှစ်အထိ ဝတ်နိုင်သည်။
" ပြီးတဲ့တစ်ခေါက် တတိယမရီးကို အကူအညီတောင်းတုန်းက ကျွန်မမှာ သကြားညို အတော်အသင့် ရှိနေလို့ သကြားညို နှစ်ဂျင်း ပေးခဲ့တယ်။ အခု အိမ်မှာ သကြားညို သိပ်မကျန်တော့ဘူး။ ဒီသကြားခဲ အိတ်သေးလေးကို အကြီးဆုံးမရီး ယူသွားပြီး တနီနှင့် အာ့နီ တို့ကို ကျွေးလိုက်ပါ " လင်းချင်းဟယ်သည် သကြားခဲအိတ်လေးကို ထုတ်ပိုးရန် ဆီစိမ်စက္ကူကို အသုံးပြုရင်း ဆိုသည်။
" လောင်တနဲ့ သူ့ညီတွေ စားဖို့အတွက် ထား,ထားလိုက်ပါ " အကြီးဆုံးမရီးက ယဉ်ကျေးသိမ်မွေ့စွာ ပြောသည်။
" အိမ်မှာ နည်းနည်းကျန်သေးတယ်။ ယူသွားလိုက်ပါ " လင်းချင်းဟယ်က သူမလက်ထဲ ထည့်ပေးလိုက်သည်။
အကြီးဆုံးမရီးသည် လက်ခံလိုက်ပြီးနောက် အလုပ်စလုပ်ရန် ပိတ်စများနှင့်အတူ ပြန်သွားလိုက်သည်။
ထို့နောက် လင်းချင်းဟယ်သည် မေးမြန်းရန် လှည့်လိုက်သည် " အမေ…… ဒီတစ်ခါ မှောင်ခိုဈေးထဲမှာ မီးဖိုချောင်းသုံး ဓားအသစ် တွေ့ခဲ့တယ်။ ကျွန်မရဲ့မီးဖိုချောင်မှာ သုံးတဲ့ဓားနဲ့ တပုံစံတည်းပဲ။ ကျိုးအိမ်ရှိ ဓားဟောင်းက ပဲ့ရာတွေရှိနေပြီး သုံးလို့ အဆင်မပြေလောက်တော့ဘူး။ ဒါကြောင့် ကျွန်မ ဝယ်လာခဲ့တယ်။ ငါးယွမ် ကျသင့်ပြီး ကူပွန်လက်မှတ် မလိုဘူး။ အမေ လိုချင်လား။ အမေဆီကနေ တစ်ပြားမှ အမြတ်မယူပါဘူး "
" ငါ့ကို ပြကြည့် " ကျိုးအမေသည် ခဏတွန့်ဆုတ်နေပြီးမှ ပြောသည်။
အိမ်ရှိ မီးဖိုချောင်သုံးဓားသည် အမှန်တကယ်ပင် ပဲ့ရာ အနည်းငယ် ရှိနေသည်။ မနက်ခင်းမှာ လောင်တတို့ မနက်စာအတွက် အသားလှီးချိန်တွင် လင်းချင်းဟယ်၏ဓားကို သုံးရတာက သူမအတွက် အမှန်တကယ်ပင် လွယ်ကူလှသည်။
လင်းချင်းဟယ်က 'ဓား'အား သူမကို ပြလိုက်သည်။ ကျိုးအမေသည် သူမကို ပေးရန် ငါးယွမ်ကို ထုတ်ယူလိုက်သည်။ လင်းချင်းဟယ်သည် ကသိကအောက်မဖြစ်ဘဲ လက်ခံပြီး ထုတ်ပြောသည်။ " အဲဒါက ကျွန်မမှာ အသိအကျွမ်းရှိနေလို့ပါ မဟုတ်ရင် ဒီဓားကို ငါးယွမ်နဲ့ ဝယ်လို့မရနိုင်ဘူး။ ကျွန်မ ကြွားနေတာ မဟုတ်ဘူး။ ခရိုင်မြို့ရှိ ပစ္စည်းတွေက အရမ်းဈေးကြီးတယ် ဒါပေမယ့် တကယ့်ကို အရည်အသွေး ကောင်းတယ်။ ကျွန်မရဲ့ဒယ်အိုးနဲ့ အဖုံးပါအိုးစောက်လိုပေါ့ "
ထိုအခါမှ ဒုတိယမရီးသည် မီးဖိုချောင်ထဲတွင် ဒုတိယဒယ်အိုးတစ်ခု ရှိနေသည်ကို သတိပြုမိပြီး ၎င်းသည် အဖုံးပါ ကိုင်းနှစ်ဖက်ရှိသော အိုးတစ်လုံး ဖြစ်သည်။
အဖုံးပါ အိုးစောက်ကလည်း အသစ်စက်စက်ပင်။
" မင်း ပိုက်ဆံ ဘယ်လောက်တောင် သုံးခဲ့တာလဲ " ကျိုးအမေက သိချင်စိတ်ကို မထိန်းနိုင်တော့ဘူး။
" မနက်ဖြန် စပါးတွေ ဝေငှတဲ့အခါ ကျွန်မ အသင်းအဖွဲ့ကနေ စပါးတွေ ဝယ်လိုက်မယ်။ မိသားစုကတော့ လောင်တတို့အဖေ ပိုက်ဆံ ပြန်ပို့မယ့်အချိန်ကိုပဲ စောင့်ရတော့မယ် " လင်းချင်းဟယ်၏စကားကြောင့် ကျိုးအမေသည် လှည့်ထွက်သွားပြီး ရှုးရှုးရှားရှားဖြင့် ပြန်သွားသည်။
သူမသည် တစ်စုံတစ်ယောက်ကို ခုတ်ထစ်ချင်သလို မီးဖိုချောင်သုံး ဓားတစ်ချောင်းကို ကိုင်ထားသည်။
ဒုတိယမရီးသည် လျှို့ဝှက်စွာ ရေရွတ်ခဲ့သည်။ စတုတ္ထမတ်လေးက ဘယ်လောက်ပဲ ရှာနိုင်ရှာနိုင် ဒီမိသားစုကို ဖျက်ဆီးနေတဲ့ စတုတ္ထရဲ့ဇနီးကို ဘယ်လိုမှ တောင့်မခံနိုင်ဘူး။
လင်းချင်းဟယ် လိမ်ပြောမယ်လို့ သူမ မထင်ဘူး။ ဘာလို့လဲဆိုတော့ သူမဆီက ပိုက်ဆံချေးရန် သူတို့တွေ တောင်းဆိုမှာ မဟုတ်လို့ လိမ်ပြောရန် မလိုအပ်ပါဘူး။
ကျောက်မီးသွေးမီးဖို၊ ကျောက်မီးသွေး၊ အိုးအသစ်၊ အဖုံးပါ အိုးစောက်အသစ် နှင့် ပိတ်စထည်တွေ..... အားလုံးကို မြင်တွေ့ခဲ့သည်။ သူမအခန်းထဲမှာ ထည့်ထားတဲ့ မမြင်ရတဲ့ပစ္စည်းတွေကကော???
ဒါတွေအားလုံးက ပိုက်ဆံအများကြီး ကုန်ကျလိမ့်မည်။
သူမနှင့် ဒုတိယမရီး၏ ဆက်ဆံရေးမှာ ပုံမှန်အားဖြင့် သိပ်မကောင်းဘူး။ ကျိုးအမေ ပြန်သွားသည့်အတွက် သူမလည်း အကြာကြီး မနေတော့ဘူး။ စိတ်ကြီးဝင် မာန်တက်သော စိတ်ခံစားချက်ဖြင့် သူမ ပြန်လာခဲ့သည်။
လင်းချင်းဟယ်တွင် ဘယ်လိုအမြင်မျိုး ရှိနေလဲ။ ဒီဒုတိယမရီး ဘယ်လို တွေးထင်နေမယ်ဆိုတာ သူမ ဘယ်လိုလုပ် မသိနိုင်မှာလဲ။
သူမ တွေးချင်သလို တွေးနေပါစေ။
အမှန်တကယ်တော့ ဒီတစ်ကြိမ် သူမ ပိုက်ဆံ အများကြီး မသုံးခဲ့ဘူး။ ကျောက်မီးသွေး တစ်အိတ် အပါအဝင် ကျောက်မီးသွေးမီးဖိုကို အိုးတစ်လုံးဖြင့် အလဲအလှယ် လုပ်ခဲ့သည်။ ကိုင်းနှစ်ခုပါ ဒယ်အိုးနှင့် အဖုံးပါ အိုးစောက်က ပိုက်ဆံအများကြီး မကုန်ကျဘူး။ ပိတ်စတစ်လိပ်အတွက်ပဲ ပိုက်ဆံလိုအပ်ပြီး ထိုပိုက်ဆံကို နယ်မြေထဲက အသားရောင်းပြီး ရရှိခဲ့သည်။ သူမ ထပ်မထည့်လိုက်ရဘူး။
ကျန်တာက အစားအစာတွေ။ ကြွေထည်နှင့် ခြေထောက်ဆေးဇလုံကလည်း ပိုက်ဆံ သိပ်မကုန်ဘူး။ လင်းချင်းဟယ် စာရင်းပြန်တွက်ကြည့်လိုက်ရင် သူမ ယွမ် ၂၀ ထက် ပိုပြီး မသုံးခဲ့ဘူး။
ပစ္စည်းအမြောက်အများကို ဒီလောက်ပိုက်ဆံဖြင့် ဝယ်ယူရန်မှာ အလွန် အကျိုးရှိသည်။
" မင်းရဲ့အစ်ကိုကြီးကို ပန်းသီးစားရအောင် သွားခေါ်လိုက် " လင်းချင်းဟယ်က လောင်အာ့ကို ပြောသည်။
လောင်အာ့သည် သူ့အစ်ကို ကို သွားခေါ်ရန် ချက်ချင်း ပြေးထွက်သွားသည်။ ဒီတစ်ခါတွင် လောင်တသည် အဝေးကြီး မသွားသောကြောင့် မကြာခင်မှာပဲ လောင်အာ့နှင့်အတူ ပြန်လာသည်။
လင်းချင်းဟယ်သည် သူတို့အတွက် ပန်းသီးကို လေးပိုင်း စိတ်လိုက်ပြီး တစ်ယောက်ကို တစ်စိတ်စီ ရသည်။
" အမေ…… ကြောင်အိမ်ထဲမှာ အများကြီး ရှိသေးတာလား " လောင်အာ့က မေးသည်။
" ဟုတ်တယ် ပြီးတော့ တစ်ခြားအရာတွေကောပဲ။ သစ်တော့သီး၊ ယုန်ဖြူတံဆိပ် သကြားလုံး၊ ကောက်ညင်းချိုချောင်း၊ မုယောရောနို့မှုန့်၊ စည်သွပ်ဗူး စတာတွေပေါ့။ မင်းတို့တွေ ကျိုးနွံနာခံရင် စားရလိမ့်မယ်။ နေ့တိုင်း အပြင် ပြေးထွက်သွားပြီး အဝတ်အစားတွေကို ညစ်ပတ်အောင် လုပ်ရင် ထိုအရာတွေကို စားဖို့ စဉ်းတောင်မစဉ်းစားနဲ့ " လင်းချင်းဟယ်သည် စကားပြောနေရင်း လောင်တကို အနည်းငယ် လေးနက်သောအဓိပ္ပါယ်ရှိသည့် အကြည့်တစ်ချက် ပေးလိုက်သည်။
လောင်တသည် အံ့သြမှင်တက်သွားသည်။ လောင်အာ့လည်း အတူတူပဲ။ သူတို့တွေက တစ်ဖအေ တစ်မအေ ထဲက မွေးလာတယ်ဆိုတာ မအံ့သြလောက်ပါဘူး။ သူတို့၏အမူအယာတွေက ပုံတူကူးထားသလို တထေရာတည်းပဲ။
ထိုအတိုင်းပြောရုံတင်မကပဲ လင်းချင်းဟယ်သည် သူတို့ကို အခန်းထဲ ခေါ်သွားပြီး ပြသလိုက်သည်။
" အမေ…… အမေ…… အမေက အရမ်းအံ့သြစရာကောင်းတာပဲ " လောင်အာ့သည် အလိုလိုက်အကြိုက်ဆောင်ရန် လင်းချင်းဟယ်ကို ပွေ့ဖက်ဖို့ စိတ်အားထက်သန်နေသည်။
လောင်အာ့သည် ရှက်ရွံ့သွားပြီး ရေရွတ်သည် " ဒါဆို…… နောင်ကျရင် လျှော့ကစားတော့မယ် "
" ကောင်းပြီ " လင်းချင်းဟယ်က ခေါင်းညိမ့်လိုက်သည်။ သူမသည် ခန့်မှန်းခြေအားဖြင့် ဂျင်းတစ်ဝက်ရှိသော အဆီများအသားကို ဆီစိမ်စက္ကူဖြင့် ထုပ်ပိုးလိုက်သည်။ ထိုအရာကို ကျိုးအိမ်က ကြိုက်လိမ့်မည်။ " ဒါကို မင်းအဘိုးနဲ့ အဘွား စားဖို့ သွားပို့ပေးလိုက် "
" ကျွန်တော် အဲဒီကို သွားလိုက်မယ် " လောင်တသည် အဆီများအသားကို ယူကာ သူတို့၏ အဘိုးနှင့် အဘွားထံ ပို့ပေးလိုက်သည်။
နောက်တော့ အိမ်ပြန်ဖို့ မစောင့်နိုင်တော့ဘဲ စားစရာကို ကြိုတင်မျှော်လင့် စောင့်စားနေမိသည်။
ဒီည အမေက သူတို့အတွက် ဝက်သားနှင့်ပဲ ရောချက်ပေးမှာ။ ကြားရုံနဲ့တင် အရမ်းမွှေးလာသလိုပဲ။ ပြီးတော့ ဟင်းအနှစ်ကို ထမင်းအပေါ် လောင်းချလိုက်တာ…… သူ ထမင်းနှစ်ပန်းကန်ခွဲကို အသာလေး စားနိုင်တယ်။
သေချာတာပေါ့…… သူ အိမ်ပြန်ရောက်သွားတော့ သူ့အမေက ဆန်ကို စိမ်ထားပြီ။
" လောင်တ… မင်းရဲ့ အစ်မ ရှီးလေးကို သွားခေါ်လိုက်ဦး " လင်းချင်းဟယ်က ပြောသည်။
ကျိုးလောင်တသည် သူ့ကို သူမ အခု လုပ်ခိုင်းတာတွေ အားလုံးကို လုပ်ပေးသည်။ သူ့အမေက သူတို့အတွက် အရသာရှိသော စားစရာအများကြီး ဝယ်လာသောကြောင့် သူမ သူ့ကို သြဇပေးစေခိုင်းလည်း သူ လုံးဝမကန့်ကွက်ဘူး။
သူတို့အမေက ကမ္ဘာပေါ်မှာ အကောင်းဆုံး မိခင်ပါပဲ။ တစ်ရွာလုံးက အမေတွေ အားလုံးကို အတူတကွ ပေါင်းထည့်လိုက်ရင်တောင် သူတို့အမေလောက် ဘယ်သူမှ မကောင်းနိုင်ဘူး။
ကျိုးရှီးသည် သူမအစ်ကိုကြီးထံမှ ကြားထားပြီး ဖြစ်သောကြောင့် လင်းချင်းဟယ်က သူမအား ကျန်ပိတ်စများကို ပေးလိုက်သည်။ " သူတို့တစ်ယောက်စီ အတွက် ဖိနပ်တစ်ရံစီ ပြီးတော့ ခြေအိတ် နှစ်စုံစီ လုပ်ပေး၊ ကျန်တာကို မင်းအစ်ကိုထက် သုံးဆလောက် ကြီးတဲ့ ခြေအိတ် နှစ်စုံ လုပ်ပေးပါ "
ထုံးစံအတိုင်း အဲဒါက ကျိုးချင်းပိုင်အတွက် ပြင်ဆင်ထားခြင်း ဖြစ်သည်။
သူမအတွက်ကတော့ မလိုအပ်ပါဘူး။ မူလပိုင်ရှင်ရဲ့ ခြေအိတ်တွေက အကုန်ကောင်းသည့်အပြင် ငါးစုံ ရှိသည်။
ကျိုးရှီးက သေချာအတည်ပြုသည်။
" ညနေ ရှစ်နာရီခွဲလောက်မှာ စောင် ယူဖို့ မင်းအစ်ကိုနဲ့အတူ လိုက်လာခဲ့ " လင်းချင်းဟယ်က အခိုင်အမာ ပြောသည်။
ဟုတ်တာပေါ့ ညနက်မှ တိတ်တိတ်လေး စောင် လာယူတာက ပိုကောင်းသည်။
ထိုစောင်သည် လေးဂျင်း နီးပါး အလေးချိန်ရှိပြီး အလွန်ကောင်းသည်။
" ကျေးဇူးတင်ပါတယ် ဒေါ်လေး " ကျိုးရှီးသည် ဤကာလအတွင်း၌ စောင်တစ်ထည်သည် မည်မျှ အရေးကြီးတယ်ဆိုတာကို နားလည်ထားသည်။ ပိုက်ဆံရှိရင်တောင် ရနိုင်ရန် မလွယ်ကူသေးဘူး။
" ကျေးဇူးတင်စရာ မလိုပါဘူး။ ဒီနေ့ မင်းအစ်ကိုက အလုပ် ကြိုးကြိုးစားစား လုပ်ခဲ့တယ်။ ဖိနပ်နဲ့ ခြေအိတ်တွေကို အလောတကြီး လုပ်စရာ မလိုဘူး။ ဒါကြောင့် ညဘက်မှာ ရေနံဆီသုံးပြီး အလုပ်လုပ်စရာ မလိုဘူး " လင်းချင်းဟယ်က ပြောသည်။
တခြားသူတွေအတွက် သူမ ပိုမပေးနိုင်ဘူး။ သူမသည် ကျိုးတုန်းကို ဒီနေ့ တစ်နေကုန် ပင်ပန်းစေသော်လည်း သူ့ကို အဖြူရောင် ဘန်းမုန့် သုံးခု စားရန် ပေးခဲ့သည်။ တစ်နှစ်အတွင်း ဂျုံမှုန့်ဖြူနှင့် အသားများစွာ မစားရသော ကျိုးတုန်းအတွက် ဒါက လုံလောက်သော ဆုလာဘ် ဖြစ်နေပြီ။
ဖိနပ်နှင့် ခြေအိတ်များ ပြုလုပ်ခြင်းအတွက်တော့ ထည့်မတွက်ဘူး။ နောက်ဆုံးတော့ သူမက ဒီလောက်ကြီးမားသော စောင်တစ်ထည်ကို ပေးခဲ့သည်။ ပြီးတော့ ဒါက လင်းချင်းဟယ်၏ ပုံစံ မဟုတ်တော့ဘူး။
ညနေပိုင်းတွင် လင်းချင်းဟယ်သည် သူမသားသုံးယောက်နှင့်အတူ ညစာ စားခဲ့သည်။ အကြီးဆုံး သားနှစ်ယောက်သည် ထမင်းကို စားရင်း ကျေနပ်ပျော်ရွှင်နေကြသည်။ အငယ်ဆုံးလေး လောင်စန်းလည်း ပါးစပ်တွင် ဆီတဝင်းဝင်း ဖြစ်နေသည်။
ထမင်းကျွေးပြီးသောအခါ သူမသည် ညီအစ်ကိုတွေကို ခြံဝင်းထဲတွင် ဆော့ကစားစေပြီးမှ လင်းချင်းဟယ် ကိုယ်တိုင် ထမင်းစားသည်။
ညနေ ရှစ်နာရီတွင် ကျိုးတုန်းနှင့် ကျိုးရှီး ရောက်လာသည်။ လင်းချင်းဟယ်သည် သူတို့အတွက် အစားထိုးသုံးမည့် စောင်ကို ပေးပြီးနောက် တံခါးပိတ်ကာ အိပ်ရာဝင်လိုက်သည်။
အခုတော့ နေ့ရက်တွေက တကယ့်ကို အေးလာပြီ။ မနေ့ညက သိပ်မဆိုးပေမယ့် ဒီညတော့ အအေးဓာတ်ကို သူမ တကယ် ခံစားရသည်။
ဒီညက အရမ်းအေးသောကြောင့် ကလေးသုံးယောက်ကို သူမ၏အုတ်ကုတင်တွင် လာအိပ်ရန် ခေါ်လိုက်သည်။
အိမ်တွင် လက်ထပ်ပြီးကတည်းက ရှိသော လေးဂျင်း အလေးချိန်ရှိသည့် စောင်နှစ်ထည် ရှိသည်။ ကျိုးတုန်းတို့မောင်နှမကို ပေးလိုက်သော စောင်ကို ထည့်ပေါင်းရင် စုစုပေါင်း သုံးထည် ရှိသည်။ မူလပိုင်ရှင်သည် လုံလောက်သော ထောက်ပံ့မှုဟု ယူဆနိုင်သည့် အရာများကို နှစ်သက်သဘောကျသည်။
ခုနစ်ဂျင်း လေးသည့် စောင်နှစ်ထည် အတွက်တော့ လင်းချင်းဟယ်သည် ထိုစောင်များကို အုတ်ကုတင် ခေါင်းရင်းတွင် ထား,ထားသည်။ သူတို့တွေ ဒီလောက်ကြီးမားတဲ့ စောင်ကြီးကို အသုံးပြုရန် မလိုအပ်သေးဘူး။
သူတို့လေးယောက်အတွက် လေးဂျင်း လေးသော စောင်ကြီးတစ်ထည်ကိုပဲ အသုံးပြုတာနဲ့တင် လုံလောက်နေပြီ။
နောက်ဆုံးတော့ ကောင်လေးသုံးယောက်လုံးက အပူပေးစက်တွေလိုပါပဲ။ ထို့ကြောင့် သူတို့၏ ခန္ဓာကိုယ်သည် အလွန် ပူနွေးလာသည်။
**********************************
Zawgyi
အခန္း(၂၅) - ႐ြာထဲမွာ အေကာင္းဆုံးအေမ
စာေရးသူ - NanFangLiZhi Southern Lychee 南方荔枝
ဘာသာျပန္ဆိုသူ - Snowtowel
အႀကီးဆုံးမရီးသည္ ဆန္းစစ္ၿပီး စိတ္ထဲ တြက္ခ်က္လိုက္သည္။ သူမ၏ႏွစ္ႏွစ္အ႐ြယ္ သားေလးအတြက္ အေႏြးထည္ ႏွစ္ထည္ ျပဳလုပ္ေပးရန္ လုံေလာက္သည္ဟု ယူဆလိုက္ၿပီး အနည္းငယ္ ႐ွည္လို႔ရေသးေသာေၾကာင့္ ေနာက္ႏွစ္အထိ ဝတ္ႏိုင္သည္။
" ၿပီးတဲ့တစ္ေခါက္ တတိယမရီးကို အကူအညီေတာင္းတုန္းက ကြၽန္မမွာ သၾကားညိဳ အေတာ္အသင့္ ႐ွိေနလို႔ သၾကားညိဳ ႏွစ္ဂ်င္း ေပးခဲ့တယ္။ အခု အိမ္မွာ သၾကားညိဳ သိပ္မက်န္ေတာ့ဘူး။ ဒီသၾကားခဲ အိတ္ေသးေလးကို အႀကီးဆုံးမရီး ယူသြားၿပီး တနီႏွင့္ အာ့နီ တို႔ကို ေကြၽးလိုက္ပါ " လင္းခ်င္းဟယ္သည္ သၾကားခဲအိတ္ေလးကို ထုတ္ပိုးရန္ ဆီစိမ္စကၠဴကို အသုံးျပဳရင္း ဆိုသည္။
" ေလာင္တနဲ႔ သူ႕ညီေတြ စားဖို႔အတြက္ ထား,ထားလိုက္ပါ " အႀကီးဆုံးမရီးက ယဥ္ေက်းသိမ္ေမြ႕စြာ ေျပာသည္။
" အိမ္မွာ နည္းနည္းက်န္ေသးတယ္။ ယူသြားလိုက္ပါ " လင္းခ်င္းဟယ္က သူမလက္ထဲ ထည့္ေပးလိုက္သည္။
အႀကီးဆုံးမရီးသည္ လက္ခံလိုက္ၿပီးေနာက္ အလုပ္စလုပ္ရန္ ပိတ္စမ်ားႏွင့္အတူ ျပန္သြားလိုက္သည္။
ထို႔ေနာက္ လင္းခ်င္းဟယ္သည္ ေမးျမန္းရန္ လွည့္လိုက္သည္ " အေမ…… ဒီတစ္ခါ ေမွာင္ခိုေဈးထဲမွာ မီးဖိုေခ်ာင္းသုံး ဓားအသစ္ ေတြ႕ခဲ့တယ္။ ကြၽန္မရဲ႕မီးဖိုေခ်ာင္မွာ သုံးတဲ့ဓားနဲ႔ တပုံစံတည္းပဲ။ က်ိဳးအိမ္႐ွိ ဓားေဟာင္းက ပဲ့ရာေတြ႐ွိေနၿပီး သုံးလို႔ အဆင္မေျပေလာက္ေတာ့ဘူး။ ဒါေၾကာင့္ ကြၽန္မ ဝယ္လာခဲ့တယ္။ ငါးယြမ္ က်သင့္ၿပီး ကူပြန္လက္မွတ္ မလိုဘူး။ အေမ လိုခ်င္လား။ အေမဆီကေန တစ္ျပားမွ အျမတ္မယူပါဘူး "
" ငါ့ကို ျပၾကည့္ " က်ိဳးအေမသည္ ခဏတြန္႔ဆုတ္ေနၿပီးမွ ေျပာသည္။
အိမ္႐ွိ မီးဖိုေခ်ာင္သုံးဓားသည္ အမွန္တကယ္ပင္ ပဲ့ရာ အနည္းငယ္ ႐ွိေနသည္။ မနက္ခင္းမွာ ေလာင္တတို႔ မနက္စာအတြက္ အသားလွီးခ်ိန္တြင္ လင္းခ်င္းဟယ္၏ဓားကို သုံးရတာက သူမအတြက္ အမွန္တကယ္ပင္ လြယ္ကူလွသည္။
လင္းခ်င္းဟယ္က 'ဓား'အား သူမကို ျပလိုက္သည္။ က်ိဳးအေမသည္ သူမကို ေပးရန္ ငါးယြမ္ကို ထုတ္ယူလိုက္သည္။ လင္းခ်င္းဟယ္သည္ ကသိကေအာက္မျဖစ္ဘဲ လက္ခံၿပီး ထုတ္ေျပာသည္။ " အဲဒါက ကြၽန္မမွာ အသိအကြၽမ္း႐ွိေနလို႔ပါ မဟုတ္ရင္ ဒီဓားကို ငါးယြမ္နဲ႔ ဝယ္လို႔မရႏိုင္ဘူး။ ကြၽန္မ ႂကြားေနတာ မဟုတ္ဘူး။ ခ႐ိုင္ၿမိဳ႕႐ွိ ပစၥည္းေတြက အရမ္းေဈးႀကီးတယ္ ဒါေပမယ့္ တကယ့္ကို အရည္အေသြး ေကာင္းတယ္။ ကြၽန္မရဲ႕ဒယ္အိုးနဲ႔ အဖုံးပါအိုးေစာက္လိုေပါ့ "
ထိုအခါမွ ဒုတိယမရီးသည္ မီးဖိုေခ်ာင္ထဲတြင္ ဒုတိယဒယ္အိုးတစ္ခု ႐ွိေနသည္ကို သတိျပဳမိၿပီး ၎သည္ အဖုံးပါ ကိုင္းႏွစ္ဖက္႐ွိေသာ အိုးတစ္လုံး ျဖစ္သည္။
အဖုံးပါ အိုးေစာက္ကလည္း အသစ္စက္စက္ပင္။
" မင္း ပိုက္ဆံ ဘယ္ေလာက္ေတာင္ သုံးခဲ့တာလဲ " က်ိဳးအေမက သိခ်င္စိတ္ကို မထိန္းႏိုင္ေတာ့ဘူး။
" မနက္ျဖန္ စပါးေတြ ေဝငွတဲ့အခါ ကြၽန္မ အသင္းအဖြဲ႕ကေန စပါးေတြ ဝယ္လိုက္မယ္။ မိသားစုကေတာ့ ေလာင္တတို႔အေဖ ပိုက္ဆံ ျပန္ပို႔မယ့္အခ်ိန္ကိုပဲ ေစာင့္ရေတာ့မယ္ " လင္းခ်င္းဟယ္၏စကားေၾကာင့္ က်ိဳးအေမသည္ လွည့္ထြက္သြားၿပီး ႐ႈး႐ႈး႐ွား႐ွားျဖင့္ ျပန္သြားသည္။
သူမသည္ တစ္စုံတစ္ေယာက္ကို ခုတ္ထစ္ခ်င္သလို မီးဖိုေခ်ာင္သုံး ဓားတစ္ေခ်ာင္းကို ကိုင္ထားသည္။
ဒုတိယမရီးသည္ လွ်ိဳ႕ဝွက္စြာ ေရ႐ြတ္ခဲ့သည္။ စတုတၳမတ္ေလးက ဘယ္ေလာက္ပဲ ႐ွာႏိုင္႐ွာႏိုင္ ဒီမိသားစုကို ဖ်က္ဆီးေနတဲ့ စတုတၳရဲ႕ဇနီးကို ဘယ္လိုမွ ေတာင့္မခံႏိုင္ဘူး။
လင္းခ်င္းဟယ္ လိမ္ေျပာမယ္လို႔ သူမ မထင္ဘူး။ ဘာလို႔လဲဆိုေတာ့ သူမဆီက ပိုက္ဆံေခ်းရန္ သူတို႔ေတြ ေတာင္းဆိုမွာ မဟုတ္လို႔ လိမ္ေျပာရန္ မလိုအပ္ပါဘူး။
ေက်ာက္မီးေသြးမီးဖို၊ ေက်ာက္မီးေသြး၊ အိုးအသစ္၊ အဖုံးပါ အိုးေစာက္အသစ္ ႏွင့္ ပိတ္စထည္ေတြ..... အားလုံးကို ျမင္ေတြ႕ခဲ့သည္။ သူမအခန္းထဲမွာ ထည့္ထားတဲ့ မျမင္ရတဲ့ပစၥည္းေတြကေကာ???
ဒါေတြအားလုံးက ပိုက္ဆံအမ်ားႀကီး ကုန္က်လိမ့္မည္။
သူမႏွင့္ ဒုတိယမရီး၏ ဆက္ဆံေရးမွာ ပုံမွန္အားျဖင့္ သိပ္မေကာင္းဘူး။ က်ိဳးအေမ ျပန္သြားသည့္အတြက္ သူမလည္း အၾကာႀကီး မေနေတာ့ဘူး။ စိတ္ႀကီးဝင္ မာန္တက္ေသာ စိတ္ခံစားခ်က္ျဖင့္ သူမ ျပန္လာခဲ့သည္။
လင္းခ်င္းဟယ္တြင္ ဘယ္လိုအျမင္မ်ိဳး ႐ွိေနလဲ။ ဒီဒုတိယမရီး ဘယ္လို ေတြးထင္ေနမယ္ဆိုတာ သူမ ဘယ္လိုလုပ္ မသိႏိုင္မွာလဲ။
သူမ ေတြးခ်င္သလို ေတြးေနပါေစ။
အမွန္တကယ္ေတာ့ ဒီတစ္ႀကိမ္ သူမ ပိုက္ဆံ အမ်ားႀကီး မသုံးခဲ့ဘူး။ ေက်ာက္မီးေသြး တစ္အိတ္ အပါအဝင္ ေက်ာက္မီးေသြးမီးဖိုကို အိုးတစ္လုံးျဖင့္ အလဲအလွယ္ လုပ္ခဲ့သည္။ ကိုင္းႏွစ္ခုပါ ဒယ္အိုးႏွင့္ အဖုံးပါ အိုးေစာက္က ပိုက္ဆံအမ်ားႀကီး မကုန္က်ဘူး။ ပိတ္စတစ္လိပ္အတြက္ပဲ ပိုက္ဆံလိုအပ္ၿပီး ထိုပိုက္ဆံကို နယ္ေျမထဲက အသားေရာင္းၿပီး ရ႐ွိခဲ့သည္။ သူမ ထပ္မထည့္လိုက္ရဘူး။
က်န္တာက အစားအစာေတြ။ ေႂကြထည္ႏွင့္ ေျခေထာက္ေဆးဇလုံကလည္း ပိုက္ဆံ သိပ္မကုန္ဘူး။ လင္းခ်င္းဟယ္ စာရင္းျပန္တြက္ၾကည့္လိုက္ရင္ သူမ ယြမ္ ၂၀ ထက္ ပိုၿပီး မသုံးခဲ့ဘူး။
ပစၥည္းအေျမာက္အမ်ားကို ဒီေလာက္ပိုက္ဆံျဖင့္ ဝယ္ယူရန္မွာ အလြန္ အက်ိဳး႐ွိသည္။
" မင္းရဲ႕အစ္ကိုႀကီးကို ပန္းသီးစားရေအာင္ သြားေခၚလိုက္ " လင္းခ်င္းဟယ္က ေလာင္အာ့ကို ေျပာသည္။
ေလာင္အာ့သည္ သူ႕အစ္ကို ကို သြားေခၚရန္ ခ်က္ခ်င္း ေျပးထြက္သြားသည္။ ဒီတစ္ခါတြင္ ေလာင္တသည္ အေဝးႀကီး မသြားေသာေၾကာင့္ မၾကာခင္မွာပဲ ေလာင္အာ့ႏွင့္အတူ ျပန္လာသည္။
လင္းခ်င္းဟယ္သည္ သူတို႔အတြက္ ပန္းသီးကို ေလးပိုင္း စိတ္လိုက္ၿပီး တစ္ေယာက္ကို တစ္စိတ္စီ ရသည္။
" အေမ…… ေၾကာင္အိမ္ထဲမွာ အမ်ားႀကီး ႐ွိေသးတာလား " ေလာင္အာ့က ေမးသည္။
" ဟုတ္တယ္ ၿပီးေတာ့ တစ္ျခားအရာေတြေကာပဲ။ သစ္ေတာ့သီး၊ ယုန္ျဖဴတံဆိပ္ သၾကားလုံး၊ ေကာက္ညင္းခ်ိဳေခ်ာင္း၊ မုေယာေရာႏို႔မႈန္႔၊ စည္သြပ္ဗူး စတာေတြေပါ့။ မင္းတို႔ေတြ က်ိဳးႏြံနာခံရင္ စားရလိမ့္မယ္။ ေန႔တိုင္း အျပင္ ေျပးထြက္သြားၿပီး အဝတ္အစားေတြကို ညစ္ပတ္ေအာင္ လုပ္ရင္ ထိုအရာေတြကို စားဖို႔ စဥ္းေတာင္မစဥ္းစားနဲ႔ " လင္းခ်င္းဟယ္သည္ စကားေျပာေနရင္း ေလာင္တကို အနည္းငယ္ ေလးနက္ေသာအဓိပၸါယ္႐ွိသည့္ အၾကည့္တစ္ခ်က္ ေပးလိုက္သည္။
ေလာင္တသည္ အံ့ၾသမွင္တက္သြားသည္။ ေလာင္အာ့လည္း အတူတူပဲ။ သူတို႔ေတြက တစ္ဖေအ တစ္မေအ ထဲက ေမြးလာတယ္ဆိုတာ မအံ့ၾသေလာက္ပါဘူး။ သူတို႔၏အမူအယာေတြက ပုံတူကူးထားသလို တေထရာတည္းပဲ။
ထိုအတိုင္းေျပာ႐ုံတင္မကပဲ လင္းခ်င္းဟယ္သည္ သူတို႔ကို အခန္းထဲ ေခၚသြားၿပီး ျပသလိုက္သည္။
" အေမ…… အေမ…… အေမက အရမ္းအံ့ၾသစရာေကာင္းတာပဲ " ေလာင္အာ့သည္ အလိုလိုက္အႀကိဳက္ေဆာင္ရန္ လင္းခ်င္းဟယ္ကို ေပြ႕ဖက္ဖို႔ စိတ္အားထက္သန္ေနသည္။
ေလာင္အာ့သည္ ႐ွက္႐ြံ႕သြားၿပီး ေရ႐ြတ္သည္ " ဒါဆို…… ေနာင္က်ရင္ ေလွ်ာ့ကစားေတာ့မယ္ "
" ေကာင္းၿပီ " လင္းခ်င္းဟယ္က ေခါင္းညိမ့္လိုက္သည္။ သူမသည္ ခန္႔မွန္းေျခအားျဖင့္ ဂ်င္းတစ္ဝက္႐ွိေသာ အဆီမ်ားအသားကို ဆီစိမ္စကၠဴျဖင့္ ထုပ္ပိုးလိုက္သည္။ ထိုအရာကို က်ိဳးအိမ္က ႀကိဳက္လိမ့္မည္။ " ဒါကို မင္းအဘိုးနဲ႔ အဘြား စားဖို႔ သြားပို႔ေပးလိုက္ "
" ကြၽန္ေတာ္ အဲဒီကို သြားလိုက္မယ္ " ေလာင္တသည္ အဆီမ်ားအသားကို ယူကာ သူတို႔၏ အဘိုးႏွင့္ အဘြားထံ ပို႔ေပးလိုက္သည္။
ေနာက္ေတာ့ အိမ္ျပန္ဖို႔ မေစာင့္ႏိုင္ေတာ့ဘဲ စားစရာကို ႀကိဳတင္ေမွ်ာ္လင့္ ေစာင့္စားေနမိသည္။
ဒီည အေမက သူတို႔အတြက္ ဝက္သားႏွင့္ပဲ ေရာခ်က္ေပးမွာ။ ၾကား႐ုံနဲ႔တင္ အရမ္းေမႊးလာသလိုပဲ။ ၿပီးေတာ့ ဟင္းအႏွစ္ကို ထမင္းအေပၚ ေလာင္းခ်လိုက္တာ…… သူ ထမင္းႏွစ္ပန္းကန္ခြဲကို အသာေလး စားႏိုင္တယ္။
ေသခ်ာတာေပါ့…… သူ အိမ္ျပန္ေရာက္သြားေတာ့ သူ႕အေမက ဆန္ကို စိမ္ထားၿပီ။
" ေလာင္တ… မင္းရဲ႕ အစ္မ ႐ွီးေလးကို သြားေခၚလိုက္ဦး " လင္းခ်င္းဟယ္က ေျပာသည္။
က်ိဳးေလာင္တသည္ သူ႕ကို သူမ အခု လုပ္ခိုင္းတာေတြ အားလုံးကို လုပ္ေပးသည္။ သူ႕အေမက သူတို႔အတြက္ အရသာ႐ွိေသာ စားစရာအမ်ားႀကီး ဝယ္လာေသာေၾကာင့္ သူမ သူ႕ကို ၾသဇေပးေစခိုင္းလည္း သူ လုံးဝမကန္႔ကြက္ဘူး။
သူတို႔အေမက ကမ႓ာေပၚမွာ အေကာင္းဆုံး မိခင္ပါပဲ။ တစ္႐ြာလုံးက အေမေတြ အားလုံးကို အတူတကြ ေပါင္းထည့္လိုက္ရင္ေတာင္ သူတို႔အေမေလာက္ ဘယ္သူမွ မေကာင္းႏိုင္ဘူး။
က်ိဳး႐ွီးသည္ သူမအစ္ကိုႀကီးထံမွ ၾကားထားၿပီး ျဖစ္ေသာေၾကာင့္ လင္းခ်င္းဟယ္က သူမအား က်န္ပိတ္စမ်ားကို ေပးလိုက္သည္။ " သူတို႔တစ္ေယာက္စီ အတြက္ ဖိနပ္တစ္ရံစီ ၿပီးေတာ့ ေျခအိတ္ ႏွစ္စုံစီ လုပ္ေပး၊ က်န္တာကို မင္းအစ္ကိုထက္ သုံးဆေလာက္ ႀကီးတဲ့ ေျခအိတ္ ႏွစ္စုံ လုပ္ေပးပါ "
ထုံးစံအတိုင္း အဲဒါက က်ိဳးခ်င္းပိုင္အတြက္ ျပင္ဆင္ထားျခင္း ျဖစ္သည္။
သူမအတြက္ကေတာ့ မလိုအပ္ပါဘူး။ မူလပိုင္႐ွင္ရဲ႕ ေျခအိတ္ေတြက အကုန္ေကာင္းသည့္အျပင္ ငါးစုံ ႐ွိသည္။
က်ိဳး႐ွီးက ေသခ်ာအတည္ျပဳသည္။
" ညေန ႐ွစ္နာရီခြဲေလာက္မွာ ေစာင္ ယူဖို႔ မင္းအစ္ကိုနဲ႔အတူ လိုက္လာခဲ့ " လင္းခ်င္းဟယ္က အခိုင္အမာ ေျပာသည္။
ဟုတ္တာေပါ့ ညနက္မွ တိတ္တိတ္ေလး ေစာင္ လာယူတာက ပိုေကာင္းသည္။
ထိုေစာင္သည္ ေလးဂ်င္း နီးပါး အေလးခ်ိန္႐ွိၿပီး အလြန္ေကာင္းသည္။
" ေက်းဇူးတင္ပါတယ္ ေဒၚေလး " က်ိဳး႐ွီးသည္ ဤကာလအတြင္း၌ ေစာင္တစ္ထည္သည္ မည္မွ် အေရးႀကီးတယ္ဆိုတာကို နားလည္ထားသည္။ ပိုက္ဆံ႐ွိရင္ေတာင္ ရႏိုင္ရန္ မလြယ္ကူေသးဘူး။
" ေက်းဇူးတင္စရာ မလိုပါဘူး။ ဒီေန႔ မင္းအစ္ကိုက အလုပ္ ႀကိဳးႀကိဳးစားစား လုပ္ခဲ့တယ္။ ဖိနပ္နဲ႔ ေျခအိတ္ေတြကို အေလာတႀကီး လုပ္စရာ မလိုဘူး။ ဒါေၾကာင့္ ညဘက္မွာ ေရနံဆီသုံးၿပီး အလုပ္လုပ္စရာ မလိုဘူး " လင္းခ်င္းဟယ္က ေျပာသည္။
တျခားသူေတြအတြက္ သူမ ပိုမေပးႏိုင္ဘူး။ သူမသည္ က်ိဳးတုန္းကို ဒီေန႔ တစ္ေနကုန္ ပင္ပန္းေစေသာ္လည္း သူ႕ကို အျဖဴေရာင္ ဘန္းမုန္႔ သုံးခု စားရန္ ေပးခဲ့သည္။ တစ္ႏွစ္အတြင္း ဂ်ံဳမႈန္႔ျဖဴႏွင့္ အသားမ်ားစြာ မစားရေသာ က်ိဳးတုန္းအတြက္ ဒါက လုံေလာက္ေသာ ဆုလာဘ္ ျဖစ္ေနၿပီ။
ဖိနပ္ႏွင့္ ေျခအိတ္မ်ား ျပဳလုပ္ျခင္းအတြက္ေတာ့ ထည့္မတြက္ဘူး။ ေနာက္ဆုံးေတာ့ သူမက ဒီေလာက္ႀကီးမားေသာ ေစာင္တစ္ထည္ကို ေပးခဲ့သည္။ ၿပီးေတာ့ ဒါက လင္းခ်င္းဟယ္၏ ပုံစံ မဟုတ္ေတာ့ဘူး။
ညေနပိုင္းတြင္ လင္းခ်င္းဟယ္သည္ သူမသားသုံးေယာက္ႏွင့္အတူ ညစာ စားခဲ့သည္။ အႀကီးဆုံး သားႏွစ္ေယာက္သည္ ထမင္းကို စားရင္း ေက်နပ္ေပ်ာ္႐ႊင္ေနၾကသည္။ အငယ္ဆုံးေလး ေလာင္စန္းလည္း ပါးစပ္တြင္ ဆီတဝင္းဝင္း ျဖစ္ေနသည္။
ထမင္းေကြၽးၿပီးေသာအခါ သူမသည္ ညီအစ္ကိုေတြကို ျခံဝင္းထဲတြင္ ေဆာ့ကစားေစၿပီးမွ လင္းခ်င္းဟယ္ ကိုယ္တိုင္ ထမင္းစားသည္။
ညေန ႐ွစ္နာရီတြင္ က်ိဳးတုန္းႏွင့္ က်ိဳး႐ွီး ေရာက္လာသည္။ လင္းခ်င္းဟယ္သည္ သူတို႔အတြက္ အစားထိုးသုံးမည့္ ေစာင္ကို ေပးၿပီးေနာက္ တံခါးပိတ္ကာ အိပ္ရာဝင္လိုက္သည္။
အခုေတာ့ ေန႔ရက္ေတြက တကယ့္ကို ေအးလာၿပီ။ မေန႔ညက သိပ္မဆိုးေပမယ့္ ဒီညေတာ့ အေအးဓာတ္ကို သူမ တကယ္ ခံစားရသည္။
ဒီညက အရမ္းေအးေသာေၾကာင့္ ကေလးသုံးေယာက္ကို သူမ၏အုတ္ကုတင္တြင္ လာအိပ္ရန္ ေခၚလိုက္သည္။
အိမ္တြင္ လက္ထပ္ၿပီးကတည္းက ႐ွိေသာ ေလးဂ်င္း အေလးခ်ိန္႐ွိသည့္ ေစာင္ႏွစ္ထည္ ႐ွိသည္။ က်ိဳးတုန္းတို႔ေမာင္ႏွမကို ေပးလိုက္ေသာ ေစာင္ကို ထည့္ေပါင္းရင္ စုစုေပါင္း သုံးထည္ ႐ွိသည္။ မူလပိုင္႐ွင္သည္ လုံေလာက္ေသာ ေထာက္ပံ့မႈဟု ယူဆႏိုင္သည့္ အရာမ်ားကို ႏွစ္သက္သေဘာက်သည္။
ခုနစ္ဂ်င္း ေလးသည့္ ေစာင္ႏွစ္ထည္ အတြက္ေတာ့ လင္းခ်င္းဟယ္သည္ ထိုေစာင္မ်ားကို အုတ္ကုတင္ ေခါင္းရင္းတြင္ ထား,ထားသည္။ သူတို႔ေတြ ဒီေလာက္ႀကီးမားတဲ့ ေစာင္ႀကီးကို အသုံးျပဳရန္ မလိုအပ္ေသးဘူး။
သူတို႔ေလးေယာက္အတြက္ ေလးဂ်င္း ေလးေသာ ေစာင္ႀကီးတစ္ထည္ကိုပဲ အသုံးျပဳတာနဲ႔တင္ လုံေလာက္ေနၿပီ။
ေနာက္ဆုံးေတာ့ ေကာင္ေလးသုံးေယာက္လုံးက အပူေပးစက္ေတြလိုပါပဲ။ ထို႔ေၾကာင့္ သူတို႔၏ ခႏၶာကိုယ္သည္ အလြန္ ပူေႏြးလာသည္။