Chapter 26.1, Arc 2: ထပ်ခိုးထဲမှချစ်သူ
သေလုနီးပါးဖြူဖျော့နေသည့်
အသားအရည်နှင့်ကြောက်စရာကောင်းလှသော
မကောင်းဆိုးဝါးဝိဥာဉ်သည်
သူ့ချစ်သူလေး၏အသံကိုကြားလိုက်ရလေသည်။
ယောင်းယီ....
သူ့ရဲ့ယောင်းယီလေး-ကြောက်နေရှာတယ်...
"သူ့ကိုငါ့ဆီပြန်ပေး-သူ့ကိုငါ့ဆီပြန်ပေး!!!"
မကောင်းဆိုးဝါးဝိဥာဉ်၏မျက်လုံးများထဲ၌
ရက်စက်ကြမ်းကြုတ်လှသော
အကြင်နာကင်းမဲ့မှုများပြည့်နှက်သွားခဲ့သည်။
ထို့နောက်ချက်ချင်းကိုသူ၏တစ်ကိုယ်လုံးအား
လွှမ်းခြုံထားသည့်အနက်ရောင်မြူခိုးများ
သည်အပြင်ဘက်သို့ပေါက်ကွဲသွားခဲ့ပြီး
မယုံနိုင်စရာကောင်းလှသည့်အမြန်နှုန်းဖြင့်
အလျင်အမြန်ပြန့်နှံ့သွားတော့သည်။
ထို့ကြောင့်မရေမတွက်နိုင်လှသော
အက်ကွဲကြောင်းနေရာလွတ်များစွာတို့သည်
ယခုလိုနိုးထလာသည့်ထိန်းမနိုင်သိမ်းမရ
စွမ်းအားများကြောင့်လုံးဝကိုပျက်သုန်းသွားခဲ့သည်။
အမျိုးသား၏ချောမောခန့်ငြားလှသော
မျက်နှာသည်လည်းရူးသွပ်မှုနှင့်သွေးဆာမှုတို့
အကြားရှုံတွ့သွားခဲ့ပြီးသူ့ချစ်သူလေး၏
အငွေ့အသက်များကိုနေရာတိုင်းလိုလိုတွင်
ရှာဖွေနေသည်နှင့်မျှသူ၏စိတ်ခံစားမှု
အခြေအနေမှာလည်းပိုပိုပြီး
သွေးရူးတန်းရူးဖြစ်လာခဲ့သည်။
သို့သော်လည်းသူအနေဖြင့်ဘာကိုမှရှာမရပေ။
ဗီလာပတ်ပတ်လည်တစ်ဝိုက်လှိုင်းငယ်များ
ကဲ့သို့ဂယက်ထနိုင်သည့်နေရာလွတ်
တစ်နေရာသာရှိပြီးထိုအရာသည်လည်း
စွမ်းအင်ပေါက်ကွဲခြင်းကြောင့်
အချိန်တိုအတွင်းမှာတင်
နယ်နမိတ်တစ်ခုအဖြစ်၊
ဖြစ်ပေါ်လာခြင်းဖြစ်သည်။
ထိုအချိန်အတွင်း၊ဗီလာအတွင်း၌
အညစ်အကြေးများအပြင်
ကျိုးပဲ့နေသောပရိဘောဂများစွာဖြင့်
ပွထနေခဲ့သည်။
မီးဖိုချောင်ထဲရှိနံရံများသည်လည်း
သွေးအစွန်းများဖြင့်ပြည့်နှက်နေခဲ့ပြီး
ထို့အပြင်ဘာမှန်းသေချာမပြောပြနိုင်သည့်
ပုတ်အက်အက်အရည်များသည်လည်း
နေရာအနှံ့ပြန့်ကျဲနေခဲ့သည်။
ဒါ့အပြင်အိမ်အတွင်းပြင်ဆင်မှုနှင့်
အသွင်အပြင်များသည်အရင်တုန်းက
အတိုင်းတထပ်တည်းနီးပါးတူညီပါသော်လည်း
ဗီလာကြီးတစ်ခုလုံးသည်လုံးဝကို
အစီစဉ်မကျဖြစ်လို့နေသည်။
"ဒါလင်~ ဗိုက်ဆာပြီလားဟင်?"
ရှုပ်ပွနေသည့်ဆံပင်များဖြင့်သရဲမသည်
သူမ၏တစစီအပိုင်းပိုင်းကွဲထွက်နေသည့်
ပုံပျက်ပန်းပျက်မျက်နှာအားရှုံ့တွရင်း
အပြုံးတစ်ခုအဖြစ်သို့ကူးပြောင်းလိုက်သည်။
သူမ၏သွေးများပြည့်နှက်နေသော
သွားဖုံးနှင့်သင်တုန်းဓားသဖွယ်
ချွန်မြသောသွားများသည်လည်း
ငမ်းငမ်းတက်ဆာလောင်မှုကြောင့်
ပွင့်ဟနေသည့်သူမ၏ပါးစပ်ထဲ၌
ထင်သာမြင်သာရှိလို့နေလေသည်။
!!!
တစ်ကိုယ်လုံးသိမ့်သိမ့်တုန်ရင်း၊
ယောင်းယီ၏မျက်နှာသည်
အရောင်လုံးဝမရှိတော့ပေ။
ခန္ဓာကိုယ်ထဲတွင်ရှိနေသောဆဲလ်များသည်
လည်းတစ်ခုမကျန်ထွက်ပြေးလွတ်မြောက်
ဖို့ရန်ပွက်ပွက်ညံနေခဲ့ပါသော်လည်း
ထွက်ပြေးစရာတစ်နေရာမှရှိမနေခဲ့ပေ။
ခွေးလည်ပတ်နှင့်ဆင်တူသည်
ချိန်းပတ်တစ်ခုသည်သူ၏လည်ပင်းအား
ရစ်ပတ်ထားပြီး၊ထိုချိန်းပတ်၏
အနောက်ဘက်ခြမ်းသည်
ကြိုးတစ်ကြိုးဖြင့်သူ၏ဘေးတွင်ရှိနေသော
သစ်သားစားပွဲခုံ၏ခြေထောက်၌
အချည်ခံထားရလေသည်။
အချည်ခံထားရသည့်အလျားသည်
အလွန်တိုလှသည့်အတွက်
ဆွဲဆန့်ဖို့ပင်မပြောနှင့်စားပွဲခုံပေါ်တွင်
ထိုင်လိုက်ရုံနှင့်တင်သူ့ကို
လည်ပင်းအစ်စေဖို့ရန်လုံလောက်သည်။
[Tofu:အခုလိုလည်ပတ်မျိုးဖြစ်မယ်လို့
ထင်ပါတယ်၊ဒါပေမဲ့တကယ့်
ခွေးလည်ပတ်အစစ်လည်းဖြစ်နိုင်ပါတယ်]
ရလဒ်အရတော့၊သူအနေဖြင့်
အခြားရွေးချယ်စရာမရှိတော့ဘဲ
ထမင်းစားခန်းထဲ၌အပိတ်ခံထားရသည်ကို
နာခံမှုရှိရှိဖြင့်နေနေဖို့ကိုသာတတ်နိုင်ပြီး
သူ့ဘက်မှမရမကတွားသွားပြီး
ထွက်သွားမည်ဆိုလျှင်တောင်မှ
ထွက်နိုင်ဖို့ရာလုံးဝမဖြစ်နိုင်ပေ။
ပြောရမည်ဆိုလျှင်တော့
အခုအခြေအနေနှင့်သာဆို
ခွေးဖြစ်နေတာကမှပိုကောင်းအုန်းမည်။
"ဒါလေးမြန်မြန်စားလိုက်ပါအုန်း၊ဒါလင်ရေ~"
ဂလောင် —
အသားထည့်ထားသည့်ချေးအထပ်ထပ်ဖြင့်
ညစ်ပတ်ပေကျံနေသောပန်းကန်ပြား
တစ်ချပ်သည်ယောင်းယီအရှေ့၌ရှိနေလေသည်။
ထို့အပြင်သရဲမသည်လည်း
သူ၏ဘေးတစ်ဖက်ခြမ်း၌ထိုင်ကာ
သူမ၏ပါးပြင်နှစ်ဖက်ကိုလက်တစ်စုံဖြင့်
တစ်ဖက်တစ်ချက်စီအုပ်ကိုင်ရင်း
သူ့အားစိုက်ကြည့်နေသည့်ပုံမှာ
ရှက်တတ်သောမိန်းမငယ်လေးလိုပင်။
ယခုကဲ့သို့ရှက်သွေးဖြာစဖွယ်ပြုမူနေသည့်
အပြုအမူမျိုးသည်တကယ့်
မိန်းကလေးအစစ်သာဆိုပါက၊
သေချာပေါက်ကိုရင်ခုန်ချင်စရာကောင်းသည့်
အခြေအနေမျိုးဖြစ်သော်လည်း
သွေးများကင်းမဲ့ကာပုံပျက်ပန်းပျက်ဖြစ်နေသော
ခြေလက်များဖြင့်သူမ၏ထိတ်လန့်စက်ဆုပ်ဖွယ်
ကောင်းသောမျက်နှာကြီးအားကိုင်ထားသည့်
သရဲမဖြစ်နေသည့်အခါ၊ယောင်းယီအား
ပိုမိုကြောက်ရွံလာစေရုံကလွဲလို့အခြား
ဘာခံစားချက်မှဖြစ်ပေါ်မလာစေခဲ့ပေ။
“ဝူးး…ဝူးး…”
ယောင်းယီတုန်ယင်နေခဲ့သည်။
ကြောက်ရွံ့မှုကြောင့်ထွက်ပေါ်လာတော့မည့်
သူ၏ငိုသံများကိုသာတားဆီးရန်အတွက်
နှုတ်ခမ်းများကိုအလျင်အမြန်ကိုက်လိုက်ပြီး
အောက်ကျို့ခယဖို့ရုံသာတတ်နိုင်တော့သည်။
အော်ဂလီဆန်ချင်စရာညစ်ပတ်ပေရေနေသော
ပန်းကန်ပြားပြဿနာကိုဘေးဖယ်ထားပြီး
ယခုထည့်ကျွေးထားသည့်အသားကိုဘဲ
အာရုံစိုက်ကြည့်လိုက်အုန်း၊
ဘာလို့အဲ့အထဲမှာရှိနေတဲ့အရာကြီးက
လူလက်ချောင်းကြီးနဲ့တူနေရတာလဲ အားး! ! !
ဘယ်လိုအသားအမျိုးကြီးလဲ!?
သရဲမသည်ကြင်နာစွာထွေးပွေ့လိုသော်လည်း
တဆတ်ဆတ်တုန်ရီနေသည့်
သူမချစ်သူလေးကြောင့်
သူမ၏လက်အားဆန့်ထုတ်ကာ
အနည်းငယ်အေးစက်နေသည့်
အသားအရေကိုအလွန်စွဲမက်စွာဖြင့်
ထိတွေ့၍တယုတယမေးမြန်းလိုက်လေသည်။
"ဘာဖြစ်နေသလဲကွယ်၊ဒါလင်ရယ်? ဘာလို့မစားရတာလဲ?"
"အာ (မ)သိပြီ၊အဲ့တော့ဒါလင်က(မ)လုပ်ပေးတဲ့
ဟင်းတွေကိုအရသာမတွေ့ဘူးဆိုတဲ့သဘောပေါ့?
အဲ့အဖိုးကြီးလုပ်ကျွေးတဲ့အရာတွေကိုမှ
ဒါလင်ကသဘောကျတာလား...?"
သရဲမ၏မျက်လုံးများသည်
တဖြည်းဖြည်းချင်းစီအလွန်အေးစက်လာပြီး၊
ထမင်းစားခန်းထဲရှိအပူချိန်သည်
လုံးဝကိုထိုးကျသွားတော့သည်။
ထိုအချင်းအရာအားမြင်တွေ့လိုက်ရသည့်အခါ၊
ယောင်းယီသည်ကြောက်လန့်မှုကြောင့်
ကိုယ်လေးအားကျုံလိုက်မိသည်။
သရဲမ၏ဆုပ်ကိုင်ခြင်းကိုခံလိုက်ရသည့်
သူ၏လက်မောင်းမှကုတ်ခြစ်ရာသည်
အခုချိန်အထိသွေးထွက်နေဆဲဖြစ်ပြီး
တဆစ်ဆစ်ကိုက်ခဲနေဆဲဖြစ်သည်။
ဟုတ်ပေသည်၊သူအနေဖြင့်
သူမစိတ်ဆိုးသွားအောင်မလုပ်ရဲပေ၊
ထို့ကြောင့်ချက်ချင်းအပြုံးတစ်ခုဖြစ်လာအောင်
အလျင်အမြန်ဖိညစ်လိုက်ရသည်။
"ဘာ-ဘာမှမဖြစ်ပါဘူး၊
အရမ်းအရသာရှိပါတယ်။
ဒီတိုင်းဘဲကျွန်တော်အခုချိန်
ဗိုက်မဆာသေးလို့ပါ၊ဟီးဟီး..."
ယောင်းယီမတော်တဆညိုမဲစွဲနေသည့်
သူ၏နှုတ်ခမ်းထောင့်ကိုအပြုံးရရှိစေရန်
အသုံးပြုလိုက်မိသည့်အတွက်
ချက်ချင်းကိုနာကျင်မှုကြောင့်
ပင့်သက်ရှိုက်လိုက်မိသည်။
အမှန်တိုင်းပြောရမည်ဆိုပါက၊
သရဲမ၏အားသည်အတော်လေးကြီးမားသည်။
သူသည်ဗီဒိုထဲမှတဆင့်သရဲမ၏
ဒရွတ်တိုက်ဆွဲခေါ်ခြင်းကိုခံလာရပြီးနောက်
ယခုသူအပိတ်ခံထားရသည့်
ထမင်းစားခန်းဆီသို့ဆွဲခေါ်ခံလာရခြင်းဖြစ်သည်။
ဒရွတ်တိုက်အဆွဲခံလာရသည့်
လမ်းတစ်လျှောက်လုံးတွင်လည်း
ပရိဘောဂပစ္စည်းများဖြင့်အတိုက်ခံ၊
အဆောင့်ခံလာရသည့်အတွက်
သူ၏ခေါင်းတစ်ခုလုံးပြင်းပြင်းထန်ထန်
ထိခိုက်ဒဏ်ရာရရှိထားသည်။
ထိုအချိန်အတွင်း၊သူ၏မျက်နှာအား
မတော်တဆစောင်းလိုက်မိသည့်အတွက်
သူ၏ပါးစပ်ထောင့်သည်
ကြမ်းပြင်ဖြင့်ပွတ်တိုက်ခံလိုက်ရလေသည်။
ထို့အပြင်သူသည်အလွန်ပြင်းပြင်းထန်ထန်
ရုန်းကန်လိုက်တာဖြစ်သည့်အတွက်၊
သရဲမ၏လူမဆန်သောလက်ကြီးများ၏
အောက်၌အကုတ်ဆွဲခံလိုက်ရသည့်အတွက်
သူ၏လက်မောင်းနှစ်ခုလုံး၌
နက်ရှိုင်းသောကုတ်ခြစ်ရာများဖြင့်
ပြည့်နှက်သွားသည့်အပြင်
သူ၏ကျောပြင်တစ်ခုလုံးသည်လည်း
ဒရွတ်တိုက်ဆွဲခေါ်ခံလာရသည့်
ဒဏ်ကြောင့်ပွတ်တိုက်မှုဒဏ်ရာများသည်
အခုချိန်အထိသွေးများစိမ့်ထွက်နေဆဲဖြစ်သည်။
"ကျွန်တော် ကျန်းအာရဲ့လက်ရာကို
အရမ်းသဘောကျပါတယ်။
ကျန်းအာကသာကျွန်တော်အကြိုက်ဆုံးလူပါ"
ယောင်းယီထိုပေါက်ပန်းလေးဆယ်စကားများအား
သူကိုယ်သူတောင်မယုံကြည်နိုင်သည့်
လေသံဖြင့်လျှောက်ပြောကာ၊
ပျော်ရွှင်နေသည့်ပုံအောင်မနည်းပြုံးရီထားရသည်။
[Tofu: This ain't funny...]
သူ့ကိုလာကယ်ပေးမဲ့လူများရှိပါတော့မလား?
ယောင်းယီ၊ယွင်းယူကိုရုတ်တရပ်
သတိရလာတော့သည်။
အနည်းဆုံးတော့၊ယွင်းယူသည် သူ၏သားကောင်အပေါ်ဆက်ဆံသည့်
ပုံစံသည်ညင်သာသည်ဟု
သတ်မှတ်လို့ရနိုင်ပြီးအခုလောက်
အထိတော့မရက်စက်ပေ။
ထို့ကြောင့်သူအနေဖြင့်
နာကျင်မှုအနည်းဆုံးနှင့်
မြန်မြန်ဆန်ဆန်သေသွားလို့ရနိုင်သေးသည်။
[Tofu: ယောင်းယီကသူဘယ်သူ့ဆီမှာ
နေနေအသတ်ခံရမယ်ဆိုပြီးထင်နေတာ
မို့အနည်းဆုံးတော့မသေခင်လေး
အေးအေးဆေးဆေးသေသွားဖို့ကို
မျှော်လင့်နေတာပါ]
"တကယ်လား? (မ) အရမ်းပျော်တာဘဲ~" သရဲမသည်သူမ၏ချစ်သည်းငယ်လေးဆီမှ
အချိုမြိန်ဆုံးသောစကားလုံးများကို
ကြားလိုက်ရသည့်အခါမျက်လုံးများသည်
ပျော်ရွှင်မှုဖြင့်ယစ်မူးသွားတော့သည်။
သူမသည်သူမ၏ချစ်နှလုံးတည်ရာ
ချစ်ဦးငယ်လေးကို
အလွန်ချစ်မြတ်နိုးသည်မှာ
အမှန်တကယ်ဖြစ်သည်။
သူမအနေဖြင့်ကောင်လေးကို
ချိန်းကြိုးများဖြင့်အလွန်
တင်းတင်းကြပ်ကြပ်
ချုပ်နှောင်ထားတာတောင်မှ
သူမအနေဖြင့်အလွန်စိတ်ပူပင်နေဆဲဖြစ်ပြီး
သူမဆီကနေတစ်ယောက်ယောက်ကများ
ချစ်သည်းငယ်လေးကိုအဝေးသို့
လုယူခေါ်ဆောင်သွားမှာကို
ကြောက်ရွံ့နေရသည်။
သူမ၏ချစ်သည်းငယ်လေးနှင့်
အလွန်နီးကပ်စွာနေနေမှသာလျှင်
သူမအနေဖြင့်အလွန်သေးငယ်သည့်
စိတ်လုံခြုံမှုလောက်ကိုသာခံစားလို့ရသည်။
"ဒါပေမဲ့လည်း ဒါလင်ရယ်၊
ထမင်းစားချိန်ကျော်တာတော့
အဆင်ပြေမှမပြေဘဲ။ ကဲပါလေ ဒါလင်ကပါးစပ်လေးကိုဟ၊
(မ) ကဒါ့လင့်ကို ခွံ့ကျွေးမယ်~ "
သရဲမသည် ပန်းကန်ထဲမှခြေမွထားသည့်
အသားပုတ်များကိုဇွန်းအပြည့်ဖြင့်
ခူးခတ်ကာယောင်းယီပါးစပ်နားသို့
ချစ်မြတ်နိုးမှုအပြည့်ဖြင့်ခွံ့လိုက်သည်။
ယောင်းယီပြင်းပြင်းထန်ထန်အနောက်သို့
ဆုတ်လိုက်မိသည်။ထိုအော့အန်ချင်စရာ
ညှီစို့နေသည့်အနံ့ကြီးဖြင့်
သွေးသံတရဲရဲဖြစ်နေသော
ဇွန်းအပြည့်အသားများဖြင့်
မျက်နှာချင်းဆိုင်ရင်ဆိုင်လိုက်ရသည့်အခါ၊
သူယခုနေရာမှာတင်ချက်ချင်းကို
ထိုးအန်ချတော့မတတ်ဖြစ်သွားခဲ့သည်။
သူ့ကိုပြန်ပေး ! ! ! !
မကောင်းဆိုးဝါးဝိဥာဉ်၏
သွေးရူးသွေးတန်းအော်ဟစ်သံကြီးသည်
မရေမတွက်နိုင်လောက်ကိုများပြားသည့် dimensions များဆီသို့
ပဲ့တင့်ထွက်သွားသည့်အတွက်၊
သဘာဝကျစွာဘဲ၊သရဲမသည်လည်း
ထိုအသံကိုကြားလိုက်ရလေသည်။
ခါးသီးလှသောမကျေမချမ်းနိုင်မှုများဖြင့်၊
သူမ၏ချစ်သည်းငယ်လေး၏ပါးစပ်ထဲသို့
ခွံ့ကျွေးတော့မည့်ဇွန်းကိုဆောင့်ချ၍၊
ချစ်သည်းငယ်လေးအားစိုက်ကြည့်ကာ
သူမပြန်လာတာကိုစောင့်နေဖို့ရန်
ညင်သာစွာပြောလိုက်ပြီးနောက်
ခန္ဓာကိုယ်တစ်ခုလုံးအသားတုံးများ
အဖြစ်သို့ကူးပြောင်းသွားကာ
လေထုထဲ၌ပျောက်ကွယ်သွားတော့သည်။
ထိုအရူးကောင်ကိုအဝေးသို့မျှားခေါ်သွားရန်
သူမအပြင်သို့သွားကိုသွားရမှာဖြစ်ပြီး
ထိုလူသူမ၏ချစ်သည်းငယ်လေးကို
ဘယ်နေရာတွင်ဖွက်ထားသလဲဆိုတာ
တစ်သက်လုံး၊ရှာမတွေ့နိုင်စေရန်
သူမဘက်ကနေသေချာဖွက်ထားမှဖြစ်မည်။
ချိန်းကြိုးဖြင့်အခတ်ခံထားရသည့်
ထမင်းစားပွဲခုံပေါ်တွင်နီရဲနေသည့်
မျက်လုံးအနားသတ်များဖြင့်
ယောင်းယီသည်
ထိုသရဲမပျောက်ကွယ်သွားသည်အထိ
ဗလာကျင်းလျက်စိုက်ကြည့်နေသည့်ပုံမှာ
သူ၏မျက်လုံးများသည်လုံးဝကို အာရုံစူးစိုက်မှုပျောက်ဆုံးသွားသလိုပင်။
သူ၏အသိစိတ်ပြန်မလည်လာခင်အထိ
အချိန်အတော်ကြာကြာကုန်ဆုံးသွားပြီးကာမှ
ရုတ်တရပ်ကသုတ်ကရိုက်အော့အန်တော့သည်။
ထိုအသားအပြည့်ခတ်ထားသည့်ဇွန်းသည်
သူ၏နှုတ်ခမ်းများကိုထိတွေ့သွားခဲ့သည့်
အတွက်သူ၏ပျို့အန်ချင်စိတ်ကို
ထိန်းမချုပ်ထားနိုင်ခဲ့ပေ။
“ဝေါ့—”
ဆံပင်အနက်ရောင်နှင့်
မဟူရာမျက်လုံးပိုင်ရှင်လူငယ်လေးသည်
ကြမ်းပြင်ပေါ်၌တွားသွားကာ
နာကျင်စွာဖြင့်ဘာမှမကျန်တော့သည်အထိ
အဆက်မပြတ်ထိုးအန်နေခဲ့သည်မှာ
သည်းခြေအိတ်မှအရည်များ
ထွက်လာသည်အထိပင်။
■
"ကြိုဆိုပါတယ်၊ ကြိုဆိုပါတယ်၊ အားလုံးကိုကြိုဆိုပါတယ်၊ ဟားဟားဟား ၊ အားလုံးကိုကျွန်တော့်ရဲ့မပြောပလောက်စရာ
အိမ်တက်ပွဲပါတီလေးကနေကြိုဆိုပါတယ်"
ဝဝဖိုင့်ဖိုင့်ခန္ဓာကိုယ်နှင့်အသက်အလယ်အလတ်
အမျိုးသားကြီးသည်မျက်လုံးများမှေးသွားသည်
အထိပြုံးရီလိုက်ပြီးသူ၏ပင်ကိုယ်စရိုက်သည်
ကောင်းမွန်ကာပျော်ပျော်ရွှင်ရွှင်နေတတ်သည့်
ပုံမျိုးဖြစ်သည်။
သူ၏အနောက်ဘက်တွင်အလွန်စတိုင်ကျပြီး
ခေတ်မှီသောအပြင်အဆင်များနှင့်
အထူးကောင်းမွန်ပြီးလက်ရာမြောက်သည့်
ပရိဘောဂပစ္စည်းများဖြင့်ပြည့်နှက်နေသည့်
သုံးထပ်ပါစံအိမ်ကြီးတစ်ခုတည်ရှိနေလေသည်။
မျက်စိဖြင့်တစ်ချက်ကြည့်လိုက်ရုံနှင့်တင်
ထိုအိမ်ကြီးသည်မယှဉ်နိုင်လောက်ကို
ဈေးကြီးမှန်းသိသာလှသည်။
ထိုစံအိမ်ကြီးသည်ယခုအသက်အလယ်အလတ်
အမျိုးသားကြီးမကြာသေးခင်ကမှ
ပြန်လည်ပြုပြင်မွမ်းမံပြီးပြင်ဆင်လို့ပြီးသည့် "လီဟမြို့"မှနာမည်ကြီး
သရဲခြောက်သောစံအိမ်ဖြစ်သည်။
ထိုထူးခြားဆန်းကြယ်သော
လူသတ်မှုဖြစ်ပွားခဲ့သည့်နှစ်ကနေစ၍
ရေတွက်မည်ဆိုလျှင်ယခုနှစ်ဆိုနှင့်သာဆို
ဆယ်နှစ်ကြီးများတောင်
ကျော်လွန်သွားခဲ့ပြီဖြစ်သည်။
အသက်အလယ်အလတ်အမျိုးသားကြီးသည်
ယခုစံအိမ်ကြီးကိုထိုအချိန်တုန်းက
မမျှော်လင့်ဘဲသေဆုံးသွားခဲ့သည့်
သူ့အဖေ၏အငယ်ဆုံးညီမအား
အမှတ်တရဖြစ်နေစေရန်အတွက်
ဝယ်ယူခဲ့တာဖြစ်သည်။
သေချာစွာဘဲ၊သူ၏အဒေါ်သည်
ယခုစံအိမ်ကြီး၏ဒုတိယထပ်မှ
ပြုတ်ကျပြီးသေဆုံးသွားခဲ့သည့်
ဇနီးသည်ဖြစ်ပြီးလီဟမြို့၌
ကလေးငယ်များအားခြောက်လှန့်ရန်
အသုံးပြုသည့်နာမည်ကြီး
သရဲရာဇဝင်ထဲမှသရဲမနှင့်
အတူတူဘဲဖြစ်သည်။
သူဖြတ်သန်းရပ်တည်လာသည့်
သက်တမ်းကာလတစ်လျှောက်
ထိုအသက်အလယ်အလတ်အမျိုးသားကြီးသည်
သရဲဟုခေါ်သည့်သဘာဝလွန်အရာများပေါ်၌
အခုချိန်အထိမယုံကြည်နိုင်သေးပေ။
thoughts of tofu:
(¬_¬) မယုံဘူးဆိုတာသေချာပြီလား။
ပြောမဲ့သာပြောတာ တို့ဖူးလည်း
အဲ့လိုမျိုးသရဲ၊တစ္ဆေတွေဆိုတာ
ကိုသိပ်မယုံဘူးရော။
မယုံဘူးဆိုတာထက်မတွေးဖြစ်အောင်
နေတယ်လို့ဘဲပြောရမလား။
ဘာလို့လဲဆိုတော့ လောကကြီးမှာ
ဖြစ်နိုင်ခြေရှိတဲ့အရာတွေရှိတာ၊
အများကြီးဆိုမှအများကြီးဘဲ။
ဒါပေမဲ့အားလုံးကိုအတင်းလိုက်၊
တွေးတောပြီးအရမ်းသက်ဝင်
ယုံကြည်သွားမယ်ဆို
တစ်ဖက်စွန်းဖြစ်သွားလိမ့်မယ်လို့
တို့ဖူးထင်တယ်။
ဒါကြောင့်ဒီတိုင်းလေးလက်ခံထားပြီး
သူ့အကန့်လေးနဲ့သူထားထားတာဘဲ
ကောင်းတယ်။
အစွန်းရောက်သွားတာမျိုးက
ဘယ်အရာမျိုးမှာမှမကောင်းဘူး။