Unicode
ရှောင်လီ့ရဲ့ သေးငယ်ပြီးဖြောင့်တန်းတဲ့နောက်ကျောက အေးစက်သွားလေတယ်။ အဲ့ဒီလူက သူ့ပုခုံးကိုဖိထားပြီး အဲ့အကွာအဝေးအတိုင်းပဲ နေနေတယ်။ နောက် သူထိုင်ချလိုက်ပြီး တံခါးလက်ကိုင်ပေါ်က ရှောင်လီ့ရဲ့လက်ကို ဆွဲလိုက်တယ်။
"အခု အထဲဝင်ဖို့ အချိန်မကျသေးဘူး"
သူ့အသံက ညှင်သာနေပြီး ရန်လိုတဲ့အသံတစ်စိုးတစ်စိမှာ မပါဝင်ဘူး။ အဲ့ဒါက 'အန္တရာယ်ကင်းတယ်'လို့တောင် ဖော်ပြနိုင်တယ်။ သို့သော်လည်း ဒီလူရဲ့အသွင်အပြင်ပေါ်ပေါက်လာပြီးတဲ့နောက် ဒီနေရာမှာရှိနေတဲ့ မွန်းကြပ်စရာကောင်းတဲ့အမှောင်ထုဟာ ရပ်တန့်သွားပြီး ပျောက်ကွယ်သွားတာကို ရှောင်လီ သတိပြုလိုက်မိတယ်။ ဒီလူက လူလား သရဲလား?
ရှောင်လီက ပုခုံးကိုရွှေ့လိုက်ပြီး အဲ့ဒီလူရဲ့မျက်နှာကိုကြည့်ဖို့နောက်လှည့်လိုက်ချင်ပေမယ့် အဲ့ဒီလူက သူ့ကို သက်တောင့်သက်သာပဲ အဲ့နေရာမှာတင် ကိုင်ထားတယ်။ နောက်ဆုံး သူ့အကြံကို လက်လျော့လိုက်ပြီး မေးလိုက်တယ်။
"ခင်ဗျားက ဘယ်သူလဲ?"
သူက ဒီသင်ကြားရေးဌာနက ဌာနမှူးလား? ဒါမှမဟုတ် စိတ်ဖောက်ပြန်သွားတဲ့ ဂျီးနီးယပ်စ် သိပ္ပံပညာရှင်လား? သူက ကလေးတွေကို ရှာနေတာလား? လူငယ်လေးရဲ့ ကြည်လင်ပြတ်သားတဲ့ မူလအသံဟာ အခုတော့ အနည်းငယ်ကလေးဆန်နေပြီး အလွန်ကို ငယ်ရွယ်တဲ့အသံ ပေါက်နေတယ်။
လူကြီးက ရယ်တယ်။ "လျှို့ဝှက်ချက်"
ရှောင်လီက ဒီလူရဲ့သရုပ်မှန်ကို သတိရှိစွာပဲ မှန်းဆနေတယ်။ လူလား? သူအရင်က ကြုံခဲ့ဖူးတဲ့ သရဲတွေက တတ်ကြွပြီး ပြန်တုန့်ပြန်တတ်တဲ့ပုံလည်း ပေါက်မနေပါဘူး။ သို့သော်လည်း လူဆိုရင်ရော ဒီလူက ဘယ်သူကြီးလဲ?
သူ့နောက်က လူက သူ့ကိုထပ်မေးတယ်။
"အခု ပြောပါဦးကလေးလေး။ မင်းဒီမှာနေတာလား?"
'ကလေးလေး'ဆိုတဲ့ အခေါ်အဝေါ်နဲ့ပတ်သတ်ပြီး မရေမရာခံစားနေရလို့ တစ်ဖက်လူက ခတ္တရပ်တန့်သွားတယ်။ လတ်တလော ရှောင်လီရဲ့ အရပ်က တစ်ဖက်လူရဲ့ ခါးလောက်သာသာပဲ ရှိနေတယ်။ လွတ်မြောက်မယ့်လမ်းမရှိတာကြောင့် သူလိုက်ပါ ကစားရတော့တယ်။
"ဟုတ်ကဲ့"
"ဘယ်အခန်းမှာနေတာလဲ?"
"...၅၀၃"
ရှောင်လီက အခန်းနံပါတ်အမှန်ကို မပြောလိုက်ဘူး။ သူ မရွေးချယ်ခဲ့တဲ့ အခန်းနံပါတ်တစ်ခုကို ဖြေလိုက်တယ်။
အဲ့ဒီလူက မသိမသာလေးရပ်တန့်သွားပြီးနောက် ကုန်းလိုက်ပြီး ရှောင်လီ့ခါးကိုဆွဲလိုက်ကာ ကောက်မလိုက်ပြီး သူ့လက်မောင်းထဲမှာ ချီလိုက်လေတယ်။
"လိမ်တယ်"
ရှောင်လီ : ".........."
သူက 'လာကြပါဦး။ ဒီမှာ နှာဗူးတစ်ယောက် ရှိနေလို့' ဆိုပြီး အော်လိုက်ရတော့မလို ခံစားလိုက်ရတယ်။
လူကြီးက ရှောင်လီကို လက်တစ်ဖက်နှင့်ချီထားပြီး နောက်လက်တစ်ဖက်နှင့် ရှောင်လီမျက်လုံးတွေကို ဖုံးအုပ်ထားတယ်။
"နိုးနိုးကြားကြားနဲ့ သတိဝီရိယ အပြည့်ရှိတာ ကောင်းတဲ့အရာပဲ"
သူက ရှောင်လီ့ခေါင်းကိုထိလိုက်တော့ အဲ့အခွင့်အရေးကိုယူပြီး ရှောင်လီက အဲ့ဒီလူရဲ့မျက်နှာကို ကြည့်တယ်။ ဒါပေမယ့် မြူလွှာတစ်လွှာက သူ့မျက်လုံးတွေကို ဖုံးကာထားသလို သူဘာမှ မမြင်ရပါဘူး။ အဲ့ဒီလူက ရှောင်လီရဲ့ အကန့်အသတ်ကိုစိန်ခေါ်ဖို့တော့ ဘာမှမလုပ်ခဲ့ဘူး။ သူက ရှောင်လီအသေးလေးကိုချီပြီး လမ်းအနည်းငယ်လျှောက်လာပြီး နေရာတစ်ခုမှာ ချပေးလိုက်တယ်။
"ဒီနေရာက မင်းလာသင့်တဲ့နေရာပဲ"
အဲ့ဒီအချိန်မှာ ရှောင်လီသာ ရှင်းရှင်းလင်းလင်း မြင်နိုင်ပြီး အဝါရောင်စာအုပ်လေးကိုသာကိုင်ထားမယ်ဆိုရင် စာတစ်ကြောင်းကို သူတွေ့ရလိမ့်မယ်။
[....ငါဒီလိုမလုပ်သင့်ပေမယ့် မလုပ်ပဲမနေနိုင်ဘူး]
အဲ့ဒီစာကြောင်းပေါ်လာပြီး နောက်စက္ကန့်အနည်းငယ်အကြာမှာပဲ စွမ်းအားတစ်ခုနဲ့ဖျက်ပစ်လိုက်သလိုမျိုး ပြန်ပျောက်ကွယ်သွားတယ်။ ရှောင်လီက မြေပြင်ပေါ်မှာ မတ်တပ်ရပ်နေရင်း အနားတဝိုက်ကို ခဏလောက် စိုက်ကြည့်နေတယ်။ အဲ့ဒီလူက ဘာခြေရာလက်ရာမှမကျန်ခဲ့ပဲ လုံးဝပျောက်ကွယ်သွားခဲ့ပြီး အမှောင်ထုထဲမှာ လုံးလုံးပုန်းကွယ်နေခဲ့တယ်။
သူက လောလောဆယ် အရုပ်ခန်းရဲ့အရှေ့မှာ မတ်တပ်ရပ်နေလေတယ်။ ဆံပင်အနက်ရောင်နဲ့ကလေးလေးဟာ လည်ပင်းကိုဆန့်လိုက်ပြီး သွေးကွက်တွေကိုကျော်ပြီး ဖုန်းမီးနဲ့ထိုးကြည့်လိုက်တယ်။ သူအထဲမဝင်ခင် အဝါရောင်စာအုပ်လေးကိုထုတ်ပြီး အစမ်းသဘောနဲ့ရေးပြီးမေးလိုက်တယ်။
"အဲ့ဒီလူက ဘယ်သူလဲ? သူ့ကိုသိလား?"
အဝါရောင်စာအုပ်လေးက အမြန်ပဲပြန်ဖြေလာတယ်။
[ငါ သူ့ကိုမသိဘူး]
ခဏလောက်ရပ်တန့်သွားပြီးနောက် ထပ်ပေါင်းပြောလာတယ်။
[သူနဲ့ ဝေးဝေးနေ]
စာအုပ်လေးရဲ့ ဒုတိယစာကြောင်းက ရှောင်လီရဲ့ ခန့်မှန်းချက်တွေကို ပြန်ရုပ်သိမ်းလိုက်စေတယ်။ သူက အဝါရောင်စာအုပ်လေးကို ခေါက်ထည့်လိုက်ပြီးတော့ အရုပ်ခန်းထဲဝင်လာတယ်။
အမည်မသိလူတစ်ယောက်က ရှောင်လီကို အန္ထရာယ်ပေးချင်တာကို ရှောင်လီမစိုးရိမ်ပါဘူး။ အခြေအနေအရတော့ ရှောင်လီက သေးသေးလေးဖြစ်သွားပေမယ့် အဲ့ဒီလူကတော့ မသေးသွားဘူး။ အဲ့လိုလုပ်နိုင်တဲ့လူတစ်ယောက်(ဒါမှမဟုတ် သရဲတစ်ကောင်)အတွက်တော့ သူ့ကိုအန္တရာယ်ပေးနိုင်မယ့်နည်းလမ်းတွေ ထောင်ချီပြီး ရှိလိမ့်မှာပဲ။ အခု အရေးကြီးဆုံးက အရုပ်ခန်းက ဒီမှာ၊ ရှောင်လီရဲ့အရှေ့လေးမှာပဲ ရှိနေတယ်။
အရုပ်ခန်းမှာ ကော်ဇောခင်းထားပြီး ကော်ဇောပေါ်မှာ အမည်မသိတဲ့အရည်တွေ ပေနေတယ်။ မှန်အကြီးကြီးတစ်ချပ်က တံခါးကို မျက်နှာမူနေတယ်။ အဲ့ဒါက သံချေးတတ်နေပြီး အနီရောင်အရည်တွေနဲ့ မှန်ပေါ်မှာ— ငရဲကိုသွားလိုက်တော့! ငါ့အတွက်သေပေး! ဒီနေရာက တည်ရှိမနေသင့်တဲ့နေရာ! ဆိုပြီး စာရေးထားတယ်။
ကော်ဇောရဲ့အလယ်မှာ ရှင်းရှင်းလင်းလင်း မမြင်ရတဲ့ အရုပ်တချို့ရှိနေတယ်။ သူတို့က ကြီးမားတဲ့အမှိုက်ပုံကြီးလိုမျိုး အတူတူစုပုံနေတယ်။ ရှောင်လီက တတ်ဒီဝက်ဝံရုပ်လေးတစ်ရုပ်ကိုပဲ ကွဲကွဲပြားပြား မြင်နိုင်လေတယ်။
တတ်ဒီဝက်ဝံလေးမှာ နားရွက်တစ်ဖက်ပျောက်နေပြီး မျက်လုံးက လေထဲမှာ တစ်ဝက်တွဲလောင်းကျနေတယ်။ ပါးစပ်ကို တွန့်လိမ်နေတဲ့အမူအရာမျိုး ချုပ်ထားပြီး ခန္ဓာကိုယ်မှာလည်း အနီရောင်ဆေးတွေ ခြယ်ထားတာ ခြောက်ခြားစရာကောင်းတယ်။
အရုပ်ခန်းဟာ မိဘမဲ့ဂေဟာက ကလေးတွေ အတူတူဆော့စကားကြဖို့အတွက် ဖြစ်တယ်။ ဒီလိုအခန်းမျိုးဟာ ကလေးတွေအတွက် တကယ့်ကိုပျော်စရာကောင်းခဲ့မှာ။ ဒါပေမယ့် အခုတော့ သရဲခြောက်တဲ့အိမ်ကျနေတာပဲ။
ရှောင်လီက လှည့်ပတ်ကြည့်လိုက်ပြီး နောက်ဆုံး သိသာထင်ရှားနေတဲ့ တတ်ဒီဝက်ဝံရုပ်လေးကိုပဲ ကြည့်နေတယ်။ သူ ဝက်ဝံရုပ်လေးကို အရုပ်ပုံထဲကနေ ကောက်ယူလိုက်တယ်။ ဝက်ဝံရုပ်လေး လေထဲမြောက်ပါလာတဲ့ အခိုက်အတန့်မှာပဲ အသံတစ်သံကြားလိုက်ရတယ်။ အရာဝတ္ထုတစ်ခုက ဝက်ဝံလေးကိုယ်ပေါ်ကနေ ကော်ဇောပေါ်ပြုတ်ကျသွားပြီး ခပ်အုပ်အုပ်အသံထွက်လာတယ်။
ရှောင်လီက ဘာမှန်မသိတဲ့အရာဝတ္ထုကို ဖုန်းမီးနဲ့ထိုးကြည့်လိုက်တော့ Rubik's Cube ဖြစ်နေတာကို တွေ့လိုက်ရတယ်။ အဲ့ဒါက ထူးဆန်းတဲ့ Rubik's Cube တစ်ခုဖြစ်ပြီးတော့ အမည်မသိသင်္ကေတတွေ ထွင်းထုထားတယ်။ ရှောင်လီက ကောက်ယူလိုက်ပြီး အနီးကပ်ကြည့်လိုက်တယ်။ သူက ဖုန်းကိုဓါတ်မီးအဖြစ်ထောင်ထားလိုက်ပြီး Rubik's Cube ကို စပြီးလှည့်တော့တယ်။
[t/n : Rubik's Cube ကို မြန်မာလို ဘယ်လိုခေါ်လဲမသိလို့ ပုံလေးပဲ ထည့်ပေးလိုက်တယ်နော်]
ဖုန်းရဲ့အဖြူရောင်မီးအလင်းကသာ အခန်းတစ်ခုလုံးမှာရှိတဲ့ အလင်းရောင်အရင်းအမြစ်ပဲ ဖြစ်တယ်။ အဲ့ဒါက ထူးဆန်းတဲ့ပုံရိပ်အဖြစ် ထွန်းလင်းနေတယ်။ ကျောက်စိမ်းကဲ့သို့ကလေးလေးဟာ မှန်အဝေးမှာ မျက်နှာချင်းဆိုင်ထိုင်နေပြီးတော့ ခေါင်းငုံ့ထားပြီး Rubik's Cube ဆော့နေတယ်။
ဒီ Rubik's Cube ကဖြေရှင်းဖို့ မခက်ခဲဘူး။ ရှောင်လီက အကြိမ်ရေအနည်းငယ်လောက် လှည့်ပြီးတာနဲ့ ဖြေရှင်းလို့ ပြီးသွားတယ်။ သူက ဖြေရှင်းပြီးသား Rubik's Cube ကို တတ်ဒီရုပ်လေးဆီတွန်းပို့လိုက်ပြီး ဝက်ဝံရုပ်လေးဆီက သူ့ကိုတကယ်တုန့်ပြန်လာမလားလို့ လေးလေးနက်နက် မျှော်လင့်နေပုံရတယ်။
တတ်ဒီရုပ်လေးရဲ့ ခြေဖဝါးဟာ Rubik's Cube နဲ့ တစ်ဆယ်စင်တီမီတာလောက်တောင်မဝေးပေမယ့် အဲ့ဒါက မလှုပ်ရှားလာဘူး။ အရုပ်ခန်းထဲက အချိန်တွေက ရပ်တန့်သွားသလို ထင်လိုက်ရတယ်။ အဲ့ဒါက ရှောင်လီ မျက်တောင်ခတ်လိုက်တဲ့အချိန်အတွင်းမှာပဲ Rubik's Cube က နဂိုမူလရှုပ်ထွေးနေတဲ့အနေအထားကိုပြန်ရောက်သွားပြီး ရှောင်လီနဲ့မျက်နှာချင်းဆိုင်ရှိနေတဲ့ တတ်ဒီရုပ်လေးကတော့ အခု ရှောင်လီကို ကျောပေးထားပြီး တံခါးကိုမျက်နှာမူနေလေတယ်!
တတ်ဒီရုပ်လေးရဲ့နောက်ကျောမှာ ချွန်ထက်တဲ့အရာတစ်ခုနဲ့ ဆုတ်ဖြဲခံထားရသလိုဖြစ်နေပြီး ကျောထဲမှာ စာရွက်အပိုင်းတိုလေးတစ်ခု ဖွက်ထားလေတယ်။ ရှောင်လီက အထဲကစာရွက်ပိုင်းလေးကို ဆွဲထုတ်လိုက်တယ်။ အဲ့ဒီမှာ ကဗျာတစ်ပုဒ်ရေးထားတယ်။
' ဒီအခန်း အပြင်ဘက်မှာ ရာသီအလိုက်ပန်းလေးတွေပွင့်လန်းနေတယ်
အထဲမှာ ရော အပြင်မှာပါ ရနံ့လေးတွေ မွှေးပျံနေ
သရဲတွေ က မချည်းကပ်နိုင်ပါ
ရှိနေတယ် လူတစ်ယောက်
မြန်မြန် လှုပ်ရှားပါတော့
ပြေး ခြင်းဟာ အားကစားတစ်ခုပဲ!'
ကဗျာရဲ့ အကြောင်းအရာတွေက ကြည့်လိုက်ရင် ရှုပ်ထွေးနေပြီးတော့ အဆက်အစပ်တွေက မလိုက်ဖက်ဘူး။ သို့ပေမယ့် ရှောင်လီရဲ့ အကြည့်တွေက နက်နဲနေတယ်။ "ဒါက တိဘက်စတိုင်လ် ကဗျာပဲ"
စာကြောင်းတစ်ခုချင်းစီရဲ့ အစစာလုံးတွေကို အတူတူဆက်လိုက်ရင် : ဒီအခန်းအထဲမှာ သရဲတွေရှိနေတယ် မြန်မြန်ပြေး!
ဒါက ဒီအခန်းထဲဝင်လာသူတွေကို သတိပေးထားတာပဲ။
ရှောင်လီက စာကို ဝက်ဝံရဲ့နောက်ကျောမှာ ပြန်ထည့်ထားလိုက်ပြီး Rubik's Cube ကို ငုံ့ကြည့်လိုက်တယ်။ အဲ့ဒါက သေသပ်နေပြီး မရှုပ်ထွေးနေတော့ဘူး။ မမြင်ရတဲ့ သရဲတစ်ကောင်က အဲ့မှာ ထိုင်နေသလိုပဲ။ ရှောင်လီက Rubik's Cube ကိုဖြေရှင်းလိုက်တာကိုကြည့်ပြီး သရဲက စိတ်မချမ်းမသာဖြစ်သွားပြီး သူ့ရဲ့ကစားဖော်ကို မြန်မြန်ထွက်သွားအောင် သတိပေးစာ ပေးနေတဲ့အချိန်မှာပဲ သူကိုယ်တိုင် Rubik's Cube ကိုပြန်ဖြေရှင်းလိုက်တယ်။
"ဒါဆိုလည်း နင့်ဘာသာ ကစားနေတော့နော်။ ငါ မနက်ဖြန် ထပ်လာခဲ့မယ်"
ရှောင်လီက တတ်ဒီရုပ်လေးကို စကားပြောလိုက်ပြီး တံခါးဆီကို သဘာဝကျတဲ့အပြုအမူနဲ့ လမ်းလျှောက်ထွက်သွားတယ်။
Rubik's Cube က သူ့ခြေထောက်နားကိုလိမ့်လာတဲ့အချိန်မှာ သူ တံခါးဆီကိုရောက်ရုံရှိသေးတယ်။ သူ Rubik's Cube ကိုကုန်းကောက်လိုက်ပြီးတော့ သွက်သွက်လက်လက် ပြောလိုက်တယ်။
"ကျေးဇူးတင်ပါတယ်"
နောက် ရှောင်လီ အရုပ်ခန်းထဲကနေ ထွက်လာလိုက်တယ်။ သူထွက်လာပြီးပြီးချင်းပဲ ကြောက်စရာကောင်းတဲ့ ပွတ်တိုက်အသံတွေက အရုပ်ခန်းထဲကို ချည်းကပ်လာတယ်။
**********
အိပ်ခန်းဆောင် အဆောက်အဦး။
မူလတုန်းက မြူတွေထဲမှာ ပုန်းနေတဲ့ အရိပ်တွေဟာ မသိလိုက်တဲ့အချိန်မှာပဲ ပျောက်ကွယ်သွားကြတယ်။
ဒီတစ်ခါတော့ ရှောင်လီက ပြူတင်းပေါက်ကိုမသွားတော့ပဲ အိပ်ဆောင်အဆောက်အဦးရဲ့ ဝင်ပေါက်ကနေပဲ တိုက်ရိုက်ဝင်လာလိုက်တယ်။ သူ့ခြေသံတွေက အမြဲတမ်း ဖွဖွလေးပဲဆိုပေမယ့် ဒီနေရာက အရမ်းတိတ်ဆိတ်လွန်းနေတယ်။ ကူးပြောင်းလာသူတွေအားလုံးဟာ စကားပြောဖို့ စိတ်မဝင်စားကြတဲ့အတွက် လှုပ်ရှားမှုသေးသေးလေးကတောင်မှ လူတွေကို ဖမ်းစားနိုင်လေတယ်။
အဲ့ဒီနောက် သူတို့ဟာ ချည်းကပ်လာတဲ့ ခြေသံကို ကြားလိုက်ကြတယ်။ မြေညီထပ်က ပထမဆုံးအခန်းမှာနေတဲ့ ကူးပြောင်းလာသူက ချွေးတွေပြန်နေပြီ။ သူက ခြေသံဟာသူ့အခန်းရှေ့မှာ လုံးဝမရပ်သွားပါစေနဲ့လို့ ဆုတောင်းနေတယ်။ လုံးဝပဲ....
နောက် ခြေသံက ရှေ့ကိုဆက်သွားတော့မှ သူစိတ်သက်သာရာရစွာ သက်ပြင်းချလိုက်မိတယ်။ အဲ့ဒီဖြစ်ရပ်ဟာ နောက်ဆုံးခန်းကို ရောက်တဲ့အထိပါပဲ။ စန်းအောန်က အထဲမှာရှိနေတယ်။ သူက ပြူတင်းပေါက်ကိုပိတ်လိုက်ပြီး အိပ်ယာပေါ်မှာ အိပ်ချင်မူးတူး လဲလျှောင်းနေတယ်။ သူလုံးဝကို အိပ်မပျော်သွားရသေးတဲ့ အကြောင်းရင်းကတော့ ကုလားထိုင်ပေါ်မှာရှိနေတဲ့ ရှောင်လီထားခဲ့တဲ့ အရုပ်လေးက သူ့ကိုစိတ်တထင့်ထင့် ဖြစ်စေလို့ပါပဲ။
ကုလားထိုင်က လှုပ်ရှားနေတာကနေ ရပ်သွားပေမယ့် ဒီအရုပ်လေးကတော့ သူ့ကို ထူးဆန်းတဲ့ ခံစားချက်တွေ ပေးနေတယ်။ အဲ့ဒါကြောင့် သူက စိတ်မအေးနိုင်ပဲ လုံးလုံးအိပ်ပျော်သွားဖို့ မဖြစ်နိုင်ဘူး ဖြစ်နေတယ်။ သူက မနက်ဖြန်ကျ အရုပ်ကို လွှင့်ပစ်မယ့်အကြောင်းတွေးနေတုန်းမှာပဲ ခြေသံကို ကြားလိုက်ရတယ်။
စင်္ကြန်လမ်းမှာ အလင်းရောင်နဲ့စီးချက်ညီတဲ့ခြေသံက သူ့ဆီချည်းကပ်လာတဲ့အတွက် သူ့ရဲ့အိပ်ချင်စိတ်တွေက ကြောက်ရွံ့မှုကြောင့် အဝေးရောက်သွားတယ်။ စန်းအောန်က အနည်းငယ် တုန်လှုပ်နေတယ်။ ခြေသံက သူ့အခန်းမရောက်ခင်ရပ်တန့်သွားတာဖြစ်ဖြစ် အပေါ်ထပ်တတ်သွားတာဖြစ်ဖြစ် ဒါမှမဟုတ် ပြန်လှည့်ထွက်သွားတာ ဖြစ်ပါစေလို့ သူ့နှလုံးသားထဲကနေ ဆုတောင်းနေတယ်။
နောက်တော့ ခြေသံက နီးသထပ်နီးလာပြီး နောက်ဆုံး သူ့အခန်းရှေ့မှာ သေမင်းစာတမ်းယူဆောင်လာသလို ရပ်တန့်သွားတယ်။ တံခါးလက်ကိုင်ဘုက အောက်ကို လည်သွားတယ်—
သရဲက အခန်းကိုရွေးချယ်လိုက်ပြီး အထဲကိုဝင်လာတော့မယ်။ တစ်ခါပဲဝင်လာတာဖြစ်ကောင်းဖြစ်ပေမယ့် သူသေရတော့မယ်။ ဝတုတ်လေးဟာ သူ့ခွန်အားတွေဘယ်ကရလာမှန်းမသိပေမယ့် အိပ်ယာပေါ်က ခုန်ထလိုက်ပြီး တံခါးလက်ကိုင်ကို ဆွဲထားဖို့ကြိုးစားလိုက်တယ်။ သူ တုန်ယင်နေပြီး ပြောလိုက်တယ်။
"သရဲသခင်ကြီး။ ကျွန်တော်မှားပါတယ်။ ကျွန်တော့် ကိုချမ်းသာပေးပြီး နောက်တစ်ခန်းပြောင်း—"
သူ့ရဲ့လှုပ်ရှားမှုတွေက ကြောက်ရွံမှုကြောင့်နှေးကွေးနေတဲ့အတွက် ရှောင်လီကတံခါးကိုတွန်းဖွင့်ပြီးသား ဖြစ်နေပြီ။ အနက်ရောင်ဆံသားတွေက စန်းအောန်ရဲ့မျက်လုံးထဲမှာ ရောင်ပြန်ဟပ်နေတယ်။ တံခါးဖွင့်သံ တကျွိကျွိက ဝတုတ်လေးရဲ့အရှေ့ကစကားတွေကို ဖုံးလွှမ်းသွားပြီး ရှောင်လီက အဆုံးသတ်စကားကိုပဲ ကြားလိုက်လေတယ်။ သူတံခါးကိုပိတ်လိုက်ပြီး တီးတိုးပြောလိုက်တယ်။
"အခန်းပြောင်းဖို့လား? အခု နည်းနည်းနောက်ကျနေပြီ။ မနက်ဖြန်မှ အဲ့အကြောင်းပြောကြတာပေါ့"
ဝတုတ်လေး : "........."
သူ မသေဘူး! ဒီလူက တားမြစ်ထားတာကိုချိုးဖောက်ပြီးတော့ ညလယ်ကြီး အပြင်ကိုထွက်သွားခဲ့တယ်လေ။ သူက မသေရုံသာမက အသက်ရှင်လျက်အထက်စီးဆန်တဲ့အပြုအမူနှင့် အခန်းထဲဝင်လာပြီး ယုတ္တိရှိရှိစကားတစ်ချို့တောင် ပြောလိုက်သေးတယ်။ သူက မကောင်းဆိုးဝါးလား?
————————————
စာရေးသူမှာ ပြောစရာတစ်ခုရှိတယ် :
ထန်လီ : ဒီဝတုတ်က ဘာလို့ ငါ့ကိုစိုက်ကြည့်နေတာလဲ? ရှောင်လီ၊ နင်ဘာလို့ ပြန်မလာသေးတာလဲ? ငါ နည်းနည်းကြောက်လာပြီ။
~~~~~~~~~~~~~~~~~~~~~~
Zawgyi
ေ႐ွာင္လီ့ရဲ႕ ေသးငယ္ၿပီးေျဖာင့္တန္းတဲ့ေနာက္ေက်ာက ေအးစက္သြားေလတယ္။ အဲ့ဒီလူက သူ႕ပုခုံးကိုဖိထားၿပီး အဲ့အကြာအေဝးအတိုင္းပဲ ေနေနတယ္။ ေနာက္ သူထိုင္ခ်လိုက္ၿပီး တံခါးလက္ကိုင္ေပၚက ေ႐ွာင္လီ့ရဲ႕လက္ကို ဆြဲလိုက္တယ္။
"အခု အထဲဝင္ဖို႔ အခ်ိန္မက်ေသးဘူး"
သူ႕အသံက ညႇင္သာေနၿပီး ရန္လိုတဲ့အသံတစ္စိုးတစ္စိမွာ မပါဝင္ဘူး။ အဲ့ဒါက 'အႏၲရာယ္ကင္းတယ္'လို႔ေတာင္ ေဖာ္ျပႏိုင္တယ္။ သို႔ေသာ္လည္း ဒီလူရဲ႕အသြင္အျပင္ေပၚေပါက္လာၿပီးတဲ့ေနာက္ ဒီေနရာမွာ႐ွိေနတဲ့ မြန္းၾကပ္စရာေကာင္းတဲ့အေမွာင္ထုဟာ ရပ္တန္႔သြားၿပီး ေပ်ာက္ကြယ္သြားတာကို ေ႐ွာင္လီ သတိျပဳလိုက္မိတယ္။ ဒီလူက လူလား သရဲလား?
ေ႐ွာင္လီက ပုခုံးကိုေ႐ႊ႕လိုက္ၿပီး အဲ့ဒီလူရဲ႕မ်က္ႏွာကိုၾကည့္ဖို႔ေနာက္လွည့္လိုက္ခ်င္ေပမယ့္ အဲ့ဒီလူက သူ႕ကို သက္ေတာင့္သက္သာပဲ အဲ့ေနရာမွာတင္ ကိုင္ထားတယ္။ ေနာက္ဆုံး သူ႕အၾကံကို လက္ေလ်ာ့လိုက္ၿပီး ေမးလိုက္တယ္။
"ခင္ဗ်ားက ဘယ္သူလဲ?"
သူက ဒီသင္ၾကားေရးဌာနက ဌာနမႉးလား? ဒါမွမဟုတ္ စိတ္ေဖာက္ျပန္သြားတဲ့ ဂ်ီးနီးယပ္စ္ သိပၸံပညာ႐ွင္လား? သူက ကေလးေတြကို ႐ွာေနတာလား? လူငယ္ေလးရဲ႕ ၾကည္လင္ျပတ္သားတဲ့ မူလအသံဟာ အခုေတာ့ အနည္းငယ္ကေလးဆန္ေနၿပီး အလြန္ကို ငယ္႐ြယ္တဲ့အသံ ေပါက္ေနတယ္။
လူႀကီးက ရယ္တယ္။ "လွ်ိဳ႕ဝွက္ခ်က္"
ေ႐ွာင္လီက ဒီလူရဲ႕သ႐ုပ္မွန္ကို သတိ႐ွိစြာပဲ မွန္းဆေနတယ္။ လူလား? သူအရင္က ၾကဳံခဲ့ဖူးတဲ့ သရဲေတြက တတ္ႂကြၿပီး ျပန္တုန္႔ျပန္တတ္တဲ့ပုံလည္း ေပါက္မေနပါဘူး။ သို႔ေသာ္လည္း လူဆိုရင္ေရာ ဒီလူက ဘယ္သူႀကီးလဲ?
သူ႕ေနာက္က လူက သူ႕ကိုထပ္ေမးတယ္။
"အခု ေျပာပါဦးကေလးေလး။ မင္းဒီမွာေနတာလား?"
'ကေလးေလး'ဆိုတဲ့ အေခၚအေဝၚနဲ႔ပတ္သတ္ၿပီး မေရမရာခံစားေနရလို႔ တစ္ဖက္လူက ခတၱရပ္တန္႔သြားတယ္။ လတ္တေလာ ေ႐ွာင္လီရဲ႕ အရပ္က တစ္ဖက္လူရဲ႕ ခါးေလာက္သာသာပဲ ႐ွိေနတယ္။ လြတ္ေျမာက္မယ့္လမ္းမ႐ွိတာေၾကာင့္ သူလိုက္ပါ ကစားရေတာ့တယ္။
"ဟုတ္ကဲ့"
"ဘယ္အခန္းမွာေနတာလဲ?"
"...၅၀၃"
ေ႐ွာင္လီက အခန္းနံပါတ္အမွန္ကို မေျပာလိုက္ဘူး။ သူ မေ႐ြးခ်ယ္ခဲ့တဲ့ အခန္းနံပါတ္တစ္ခုကို ေျဖလိုက္တယ္။
အဲ့ဒီလူက မသိမသာေလးရပ္တန္႔သြားၿပီးေနာက္ ကုန္းလိုက္ၿပီး ေ႐ွာင္လီ့ခါးကိုဆြဲလိုက္ကာ ေကာက္မလိုက္ၿပီး သူ႕လက္ေမာင္းထဲမွာ ခ်ီလိုက္ေလတယ္။
"လိမ္တယ္"
ေ႐ွာင္လီ : ".........."
သူက 'လာၾကပါဦး။ ဒီမွာ ႏွာဗူးတစ္ေယာက္ ႐ွိေနလို႔' ဆိုၿပီး ေအာ္လိုက္ရေတာ့မလို ခံစားလိုက္ရတယ္။
လူႀကီးက ေ႐ွာင္လီကို လက္တစ္ဖက္ႏွင့္ခ်ီထားၿပီး ေနာက္လက္တစ္ဖက္ႏွင့္ ေ႐ွာင္လီမ်က္လုံးေတြကို ဖုံးအုပ္ထားတယ္။
"ႏိုးႏိုးၾကားၾကားနဲ႔ သတိဝီရိယ အျပည့္႐ွိတာ ေကာင္းတဲ့အရာပဲ"
သူက ေ႐ွာင္လီ့ေခါင္းကိုထိလိုက္ေတာ့ အဲ့အခြင့္အေရးကိုယူၿပီး ေ႐ွာင္လီက အဲ့ဒီလူရဲ႕မ်က္ႏွာကို ၾကည့္တယ္။ ဒါေပမယ့္ ျမဴလႊာတစ္လႊာက သူ႕မ်က္လုံးေတြကို ဖုံးကာထားသလို သူဘာမွ မျမင္ရပါဘူး။ အဲ့ဒီလူက ေ႐ွာင္လီရဲ႕ အကန္႔အသတ္ကိုစိန္ေခၚဖို႔ေတာ့ ဘာမွမလုပ္ခဲ့ဘူး။ သူက ေ႐ွာင္လီအေသးေလးကိုခ်ီၿပီး လမ္းအနည္းငယ္ေလွ်ာက္လာၿပီး ေနရာတစ္ခုမွာ ခ်ေပးလိုက္တယ္။
"ဒီေနရာက မင္းလာသင့္တဲ့ေနရာပဲ"
အဲ့ဒီအခ်ိန္မွာ ေ႐ွာင္လီသာ ႐ွင္း႐ွင္းလင္းလင္း ျမင္ႏိုင္ၿပီး အဝါေရာင္စာအုပ္ေလးကိုသာကိုင္ထားမယ္ဆိုရင္ စာတစ္ေၾကာင္းကို သူေတြ႕ရလိမ့္မယ္။
[....ငါဒီလိုမလုပ္သင့္ေပမယ့္ မလုပ္ပဲမေနႏိုင္ဘူး]
အဲ့ဒီစာေၾကာင္းေပၚလာၿပီး ေနာက္စကၠန္႔အနည္းငယ္အၾကာမွာပဲ စြမ္းအားတစ္ခုနဲ႔ဖ်က္ပစ္လိုက္သလိုမ်ိဳး ျပန္ေပ်ာက္ကြယ္သြားတယ္။ ေ႐ွာင္လီက ေျမျပင္ေပၚမွာ မတ္တပ္ရပ္ေနရင္း အနားတဝိုက္ကို ခဏေလာက္ စိုက္ၾကည့္ေနတယ္။ အဲ့ဒီလူက ဘာေျခရာလက္ရာမွမက်န္ခဲ့ပဲ လုံးဝေပ်ာက္ကြယ္သြားခဲ့ၿပီး အေမွာင္ထုထဲမွာ လုံးလုံးပုန္းကြယ္ေနခဲ့တယ္။
သူက ေလာေလာဆယ္ အ႐ုပ္ခန္းရဲ႕အေ႐ွ႕မွာ မတ္တပ္ရပ္ေနေလတယ္။ ဆံပင္အနက္ေရာင္နဲ႔ကေလးေလးဟာ လည္ပင္းကိုဆန္႔လိုက္ၿပီး ေသြးကြက္ေတြကိုေက်ာ္ၿပီး ဖုန္းမီးနဲ႔ထိုးၾကည့္လိုက္တယ္။ သူအထဲမဝင္ခင္ အဝါေရာင္စာအုပ္ေလးကိုထုတ္ၿပီး အစမ္းသေဘာနဲ႔ေရးၿပီးေမးလိုက္တယ္။
"အဲ့ဒီလူက ဘယ္သူလဲ? သူ႕ကိုသိလား?"
အဝါေရာင္စာအုပ္ေလးက အျမန္ပဲျပန္ေျဖလာတယ္။
[ငါ သူ႕ကိုမသိဘူး]
ခဏေလာက္ရပ္တန္႔သြားၿပီးေနာက္ ထပ္ေပါင္းေျပာလာတယ္။
[သူနဲ႔ ေဝးေဝးေန]
စာအုပ္ေလးရဲ႕ ဒုတိယစာေၾကာင္းက ေ႐ွာင္လီရဲ႕ ခန္႔မွန္းခ်က္ေတြကို ျပန္႐ုပ္သိမ္းလိုက္ေစတယ္။ သူက အဝါေရာင္စာအုပ္ေလးကို ေခါက္ထည့္လိုက္ၿပီးေတာ့ အ႐ုပ္ခန္းထဲဝင္လာတယ္။
အမည္မသိလူတစ္ေယာက္က ေ႐ွာင္လီကို အႏၴရာယ္ေပးခ်င္တာကို ေ႐ွာင္လီမစိုးရိမ္ပါဘူး။ အေျခအေနအရေတာ့ ေ႐ွာင္လီက ေသးေသးေလးျဖစ္သြားေပမယ့္ အဲ့ဒီလူကေတာ့ မေသးသြားဘူး။ အဲ့လိုလုပ္ႏိုင္တဲ့လူတစ္ေယာက္(ဒါမွမဟုတ္ သရဲတစ္ေကာင္)အတြက္ေတာ့ သူ႕ကိုအႏၲရာယ္ေပးႏိုင္မယ့္နည္းလမ္းေတြ ေထာင္ခ်ီၿပီး ႐ွိလိမ့္မွာပဲ။ အခု အေရးႀကီးဆုံးက အ႐ုပ္ခန္းက ဒီမွာ၊ ေ႐ွာင္လီရဲ႕အေ႐ွ႕ေလးမွာပဲ ႐ွိေနတယ္။
အ႐ုပ္ခန္းမွာ ေကာ္ေဇာခင္းထားၿပီး ေကာ္ေဇာေပၚမွာ အမည္မသိတဲ့အရည္ေတြ ေပေနတယ္။ မွန္အႀကီးႀကီးတစ္ခ်ပ္က တံခါးကို မ်က္ႏွာမူေနတယ္။ အဲ့ဒါက သံေခ်းတတ္ေနၿပီး အနီေရာင္အရည္ေတြနဲ႔ မွန္ေပၚမွာ— ငရဲကိုသြားလိုက္ေတာ့! ငါ့အတြက္ေသေပး! ဒီေနရာက တည္႐ွိမေနသင့္တဲ့ေနရာ! ဆိုၿပီး စာေရးထားတယ္။
ေကာ္ေဇာရဲ႕အလယ္မွာ ႐ွင္း႐ွင္းလင္းလင္း မျမင္ရတဲ့ အ႐ုပ္တခ်ိဳ႕႐ွိေနတယ္။ သူတို႔က ႀကီးမားတဲ့အမိႈက္ပုံႀကီးလိုမ်ိဳး အတူတူစုပုံေနတယ္။ ေ႐ွာင္လီက တတ္ဒီဝက္ဝံ႐ုပ္ေလးတစ္႐ုပ္ကိုပဲ ကြဲကြဲျပားျပား ျမင္ႏိုင္ေလတယ္။
တတ္ဒီဝက္ဝံေလးမွာ နား႐ြက္တစ္ဖက္ေပ်ာက္ေနၿပီး မ်က္လုံးက ေလထဲမွာ တစ္ဝက္တြဲေလာင္းက်ေနတယ္။ ပါးစပ္ကို တြန္႔လိမ္ေနတဲ့အမူအရာမ်ိဳး ခ်ဳပ္ထားၿပီး ခႏၶာကိုယ္မွာလည္း အနီေရာင္ေဆးေတြ ျခယ္ထားတာ ေျခာက္ျခားစရာေကာင္းတယ္။
အ႐ုပ္ခန္းဟာ မိဘမဲ့ေဂဟာက ကေလးေတြ အတူတူေဆာ့စကားၾကဖို႔အတြက္ ျဖစ္တယ္။ ဒီလိုအခန္းမ်ိဳးဟာ ကေလးေတြအတြက္ တကယ့္ကိုေပ်ာ္စရာေကာင္းခဲ့မွာ။ ဒါေပမယ့္ အခုေတာ့ သရဲေျခာက္တဲ့အိမ္က်ေနတာပဲ။
ေ႐ွာင္လီက လွည့္ပတ္ၾကည့္လိုက္ၿပီး ေနာက္ဆုံး သိသာထင္႐ွားေနတဲ့ တတ္ဒီဝက္ဝံ႐ုပ္ေလးကိုပဲ ၾကည့္ေနတယ္။ သူ ဝက္ဝံ႐ုပ္ေလးကို အ႐ုပ္ပုံထဲကေန ေကာက္ယူလိုက္တယ္။ ဝက္ဝံ႐ုပ္ေလး ေလထဲေျမာက္ပါလာတဲ့ အခိုက္အတန္႔မွာပဲ အသံတစ္သံၾကားလိုက္ရတယ္။ အရာဝတၳဳတစ္ခုက ဝက္ဝံေလးကိုယ္ေပၚကေန ေကာ္ေဇာေပၚျပဳတ္က်သြားၿပီး ခပ္အုပ္အုပ္အသံထြက္လာတယ္။
ေ႐ွာင္လီက ဘာမွန္မသိတဲ့အရာဝတၳဳကို ဖုန္းမီးနဲ႔ထိုးၾကည့္လိုက္ေတာ့ Rubik's Cube ျဖစ္ေနတာကို ေတြ႕လိုက္ရတယ္။ အဲ့ဒါက ထူးဆန္းတဲ့ Rubik's Cube တစ္ခုျဖစ္ၿပီးေတာ့ အမည္မသိသေကၤတေတြ ထြင္းထုထားတယ္။ ေ႐ွာင္လီက ေကာက္ယူလိုက္ၿပီး အနီးကပ္ၾကည့္လိုက္တယ္။ သူက ဖုန္းကိုဓါတ္မီးအျဖစ္ေထာင္ထားလိုက္ၿပီး Rubik's Cube ကို စၿပီးလွည့္ေတာ့တယ္။
[t/n : Rubik's Cube ကို ျမန္မာလို ဘယ္လိုေခၚလဲမသိလို႔ ပုံေလးပဲ ထည့္ေပးလိုက္တယ္ေနာ္]
ဖုန္းရဲ႕အျဖဴေရာင္မီးအလင္းကသာ အခန္းတစ္ခုလုံးမွာ႐ွိတဲ့ အလင္းေရာင္အရင္းအျမစ္ပဲ ျဖစ္တယ္။ အဲ့ဒါက ထူးဆန္းတဲ့ပုံရိပ္အျဖစ္ ထြန္းလင္းေနတယ္။ ေက်ာက္စိမ္းကဲ့သို႔ကေလးေလးဟာ မွန္အေဝးမွာ မ်က္ႏွာခ်င္းဆိုင္ထိုင္ေနၿပီးေတာ့ ေခါင္းငုံ႔ထားၿပီး Rubik's Cube ေဆာ့ေနတယ္။
ဒီ Rubik's Cube ကေျဖ႐ွင္းဖို႔ မခက္ခဲဘူး။ ေ႐ွာင္လီက အႀကိမ္ေရအနည္းငယ္ေလာက္ လွည့္ၿပီးတာနဲ႔ ေျဖ႐ွင္းလို႔ ၿပီးသြားတယ္။ သူက ေျဖ႐ွင္းၿပီးသား Rubik's Cube ကို တတ္ဒီ႐ုပ္ေလးဆီတြန္းပို႔လိုက္ၿပီး ဝက္ဝံ႐ုပ္ေလးဆီက သူ႕ကိုတကယ္တုန္႔ျပန္လာမလားလို႔ ေလးေလးနက္နက္ ေမွ်ာ္လင့္ေနပုံရတယ္။
တတ္ဒီ႐ုပ္ေလးရဲ႕ ေျခဖဝါးဟာ Rubik's Cube နဲ႔ တစ္ဆယ္စင္တီမီတာေလာက္ေတာင္မေဝးေပမယ့္ အဲ့ဒါက မလႈပ္႐ွားလာဘူး။ အ႐ုပ္ခန္းထဲက အခ်ိန္ေတြက ရပ္တန္႔သြားသလို ထင္လိုက္ရတယ္။ အဲ့ဒါက ေ႐ွာင္လီ မ်က္ေတာင္ခတ္လိုက္တဲ့အခ်ိန္အတြင္းမွာပဲ Rubik's Cube က နဂိုမူလ႐ႈပ္ေထြးေနတဲ့အေနအထားကိုျပန္ေရာက္သြားၿပီး ေ႐ွာင္လီနဲ႔မ်က္ႏွာခ်င္းဆိုင္႐ွိေနတဲ့ တတ္ဒီ႐ုပ္ေလးကေတာ့ အခု ေ႐ွာင္လီကို ေက်ာေပးထားၿပီး တံခါးကိုမ်က္ႏွာမူေနေလတယ္!
တတ္ဒီ႐ုပ္ေလးရဲ႕ေနာက္ေက်ာမွာ ခြၽန္ထက္တဲ့အရာတစ္ခုနဲ႔ ဆုတ္ၿဖဲခံထားရသလိုျဖစ္ေနၿပီး ေက်ာထဲမွာ စာ႐ြက္အပိုင္းတိုေလးတစ္ခု ဖြက္ထားေလတယ္။ ေ႐ွာင္လီက အထဲကစာ႐ြက္ပိုင္းေလးကို ဆြဲထုတ္လိုက္တယ္။ အဲ့ဒီမွာ ကဗ်ာတစ္ပုဒ္ေရးထားတယ္။
' ဒီအခန္း အျပင္ဘက္မွာ ရာသီအလိုက္ပန္းေလးေတြပြင့္လန္းေနတယ္
အထဲမွာ ေရာ အျပင္မွာပါ ရနံ႔ေလးေတြ ေမႊးပ်ံေန
သရဲေတြ က မခ်ည္းကပ္ႏိုင္ပါ
႐ွိေနတယ္ လူတစ္ေယာက္
ျမန္ျမန္ လႈပ္႐ွားပါေတာ့
ေျပး ျခင္းဟာ အားကစားတစ္ခုပဲ!'
ကဗ်ာရဲ႕ အေၾကာင္းအရာေတြက ၾကည့္လိုက္ရင္ ႐ႈပ္ေထြးေနၿပီးေတာ့ အဆက္အစပ္ေတြက မလိုက္ဖက္ဘူး။ သို႔ေပမယ့္ ေ႐ွာင္လီရဲ႕ အၾကည့္ေတြက နက္နဲေနတယ္။ "ဒါက တိဘက္စတိုင္လ္ ကဗ်ာပဲ"
စာေၾကာင္းတစ္ခုခ်င္းစီရဲ႕ အစစာလုံးေတြကို အတူတူဆက္လိုက္ရင္ : ဒီအခန္းအထဲမွာ သရဲေတြ႐ွိေနတယ္ ျမန္ျမန္ေျပး!
ဒါက ဒီအခန္းထဲဝင္လာသူေတြကို သတိေပးထားတာပဲ။
ေ႐ွာင္လီက စာကို ဝက္ဝံရဲ႕ေနာက္ေက်ာမွာ ျပန္ထည့္ထားလိုက္ၿပီး Rubik's Cube ကို ငုံ႔ၾကည့္လိုက္တယ္။ အဲ့ဒါက ေသသပ္ေနၿပီး မ႐ႈပ္ေထြးေနေတာ့ဘူး။ မျမင္ရတဲ့ သရဲတစ္ေကာင္က အဲ့မွာ ထိုင္ေနသလိုပဲ။ ေ႐ွာင္လီက Rubik's Cube ကိုေျဖ႐ွင္းလိုက္တာကိုၾကည့္ၿပီး သရဲက စိတ္မခ်မ္းမသာျဖစ္သြားၿပီး သူ႕ရဲ႕ကစားေဖာ္ကို ျမန္ျမန္ထြက္သြားေအာင္ သတိေပးစာ ေပးေနတဲ့အခ်ိန္မွာပဲ သူကိုယ္တိုင္ Rubik's Cube ကိုျပန္ေျဖ႐ွင္းလိုက္တယ္။
"ဒါဆိုလည္း နင့္ဘာသာ ကစားေနေတာ့ေနာ္။ ငါ မနက္ျဖန္ ထပ္လာခဲ့မယ္"
ေ႐ွာင္လီက တတ္ဒီ႐ုပ္ေလးကို စကားေျပာလိုက္ၿပီး တံခါးဆီကို သဘာဝက်တဲ့အျပဳအမူနဲ႔ လမ္းေလွ်ာက္ထြက္သြားတယ္။
Rubik's Cube က သူ႕ေျခေထာက္နားကိုလိမ့္လာတဲ့အခ်ိန္မွာ သူ တံခါးဆီကိုေရာက္႐ုံ႐ွိေသးတယ္။ သူ Rubik's Cube ကိုကုန္းေကာက္လိုက္ၿပီးေတာ့ သြက္သြက္လက္လက္ ေျပာလိုက္တယ္။
"ေက်းဇူးတင္ပါတယ္"
ေနာက္ ေ႐ွာင္လီ အ႐ုပ္ခန္းထဲကေန ထြက္လာလိုက္တယ္။ သူထြက္လာၿပီးၿပီးခ်င္းပဲ ေၾကာက္စရာေကာင္းတဲ့ ပြတ္တိုက္အသံေတြက အ႐ုပ္ခန္းထဲကို ခ်ည္းကပ္လာတယ္။
**********
အိပ္ခန္းေဆာင္ အေဆာက္အဦး။
မူလတုန္းက ျမဴေတြထဲမွာ ပုန္းေနတဲ့ အရိပ္ေတြဟာ မသိလိုက္တဲ့အခ်ိန္မွာပဲ ေပ်ာက္ကြယ္သြားၾကတယ္။
ဒီတစ္ခါေတာ့ ေ႐ွာင္လီက ျပဴတင္းေပါက္ကိုမသြားေတာ့ပဲ အိပ္ေဆာင္အေဆာက္အဦးရဲ႕ ဝင္ေပါက္ကေနပဲ တိုက္႐ိုက္ဝင္လာလိုက္တယ္။ သူ႕ေျခသံေတြက အၿမဲတမ္း ဖြဖြေလးပဲဆိုေပမယ့္ ဒီေနရာက အရမ္းတိတ္ဆိတ္လြန္းေနတယ္။ ကူးေျပာင္းလာသူေတြအားလုံးဟာ စကားေျပာဖို႔ စိတ္မဝင္စားၾကတဲ့အတြက္ လႈပ္႐ွားမႈေသးေသးေလးကေတာင္မွ လူေတြကို ဖမ္းစားႏိုင္ေလတယ္။
အဲ့ဒီေနာက္ သူတို႔ဟာ ခ်ည္းကပ္လာတဲ့ ေျခသံကို ၾကားလိုက္ၾကတယ္။ ေျမညီထပ္က ပထမဆုံးအခန္းမွာေနတဲ့ ကူးေျပာင္းလာသူက ေခြၽးေတြျပန္ေနၿပီ။ သူက ေျခသံဟာသူ႕အခန္းေ႐ွ႕မွာ လုံးဝမရပ္သြားပါေစနဲ႔လို႔ ဆုေတာင္းေနတယ္။ လုံးဝပဲ....
ေနာက္ ေျခသံက ေ႐ွ႕ကိုဆက္သြားေတာ့မွ သူစိတ္သက္သာရာရစြာ သက္ျပင္းခ်လိုက္မိတယ္။ အဲ့ဒီျဖစ္ရပ္ဟာ ေနာက္ဆုံးခန္းကို ေရာက္တဲ့အထိပါပဲ။ စန္းေအာန္က အထဲမွာ႐ွိေနတယ္။ သူက ျပဴတင္းေပါက္ကိုပိတ္လိုက္ၿပီး အိပ္ယာေပၚမွာ အိပ္ခ်င္မူးတူး လဲေလွ်ာင္းေနတယ္။ သူလုံးဝကို အိပ္မေပ်ာ္သြားရေသးတဲ့ အေၾကာင္းရင္းကေတာ့ ကုလားထိုင္ေပၚမွာ႐ွိေနတဲ့ ေ႐ွာင္လီထားခဲ့တဲ့ အ႐ုပ္ေလးက သူ႕ကိုစိတ္တထင့္ထင့္ ျဖစ္ေစလို႔ပါပဲ။
ကုလားထိုင္က လႈပ္႐ွားေနတာကေန ရပ္သြားေပမယ့္ ဒီအ႐ုပ္ေလးကေတာ့ သူ႕ကို ထူးဆန္းတဲ့ ခံစားခ်က္ေတြ ေပးေနတယ္။ အဲ့ဒါေၾကာင့္ သူက စိတ္မေအးႏိုင္ပဲ လုံးလုံးအိပ္ေပ်ာ္သြားဖို႔ မျဖစ္ႏိုင္ဘူး ျဖစ္ေနတယ္။ သူက မနက္ျဖန္က် အ႐ုပ္ကို လႊင့္ပစ္မယ့္အေၾကာင္းေတြးေနတုန္းမွာပဲ ေျခသံကို ၾကားလိုက္ရတယ္။
စႀကၤန္လမ္းမွာ အလင္းေရာင္နဲ႔စီးခ်က္ညီတဲ့ေျခသံက သူ႕ဆီခ်ည္းကပ္လာတဲ့အတြက္ သူ႕ရဲ႕အိပ္ခ်င္စိတ္ေတြက ေၾကာက္႐ြံ႕မႈေၾကာင့္ အေဝးေရာက္သြားတယ္။ စန္းေအာန္က အနည္းငယ္ တုန္လႈပ္ေနတယ္။ ေျခသံက သူ႕အခန္းမေရာက္ခင္ရပ္တန္႔သြားတာျဖစ္ျဖစ္ အေပၚထပ္တတ္သြားတာျဖစ္ျဖစ္ ဒါမွမဟုတ္ ျပန္လွည့္ထြက္သြားတာ ျဖစ္ပါေစလို႔ သူ႕ႏွလုံးသားထဲကေန ဆုေတာင္းေနတယ္။
ေနာက္ေတာ့ ေျခသံက နီးသထပ္နီးလာၿပီး ေနာက္ဆုံး သူ႕အခန္းေ႐ွ႕မွာ ေသမင္းစာတမ္းယူေဆာင္လာသလို ရပ္တန္႔သြားတယ္။ တံခါးလက္ကိုင္ဘုက ေအာက္ကို လည္သြားတယ္—
သရဲက အခန္းကိုေ႐ြးခ်ယ္လိုက္ၿပီး အထဲကိုဝင္လာေတာ့မယ္။ တစ္ခါပဲဝင္လာတာျဖစ္ေကာင္းျဖစ္ေပမယ့္ သူေသရေတာ့မယ္။ ဝတုတ္ေလးဟာ သူ႕ခြန္အားေတြဘယ္ကရလာမွန္းမသိေပမယ့္ အိပ္ယာေပၚက ခုန္ထလိုက္ၿပီး တံခါးလက္ကိုင္ကို ဆြဲထားဖို႔ႀကိဳးစားလိုက္တယ္။ သူ တုန္ယင္ေနၿပီး ေျပာလိုက္တယ္။
"သရဲသခင္ႀကီး။ ကြၽန္ေတာ္မွားပါတယ္။ ကြၽန္ေတာ့္ ကိုခ်မ္းသာေပးၿပီး ေနာက္တစ္ခန္းေျပာင္း—"
သူ႕ရဲ႕လႈပ္႐ွားမႈေတြက ေၾကာက္႐ြံမႈေၾကာင့္ေႏွးေကြးေနတဲ့အတြက္ ေ႐ွာင္လီကတံခါးကိုတြန္းဖြင့္ၿပီးသား ျဖစ္ေနၿပီ။ အနက္ေရာင္ဆံသားေတြက စန္းေအာန္ရဲ႕မ်က္လုံးထဲမွာ ေရာင္ျပန္ဟပ္ေနတယ္။ တံခါးဖြင့္သံ တကြၽိကြၽိက ဝတုတ္ေလးရဲ႕အေ႐ွ႕ကစကားေတြကို ဖုံးလႊမ္းသြားၿပီး ေ႐ွာင္လီက အဆုံးသတ္စကားကိုပဲ ၾကားလိုက္ေလတယ္။ သူတံခါးကိုပိတ္လိုက္ၿပီး တီးတိုးေျပာလိုက္တယ္။
"အခန္းေျပာင္းဖို႔လား? အခု နည္းနည္းေနာက္က်ေနၿပီ။ မနက္ျဖန္မွ အဲ့အေၾကာင္းေျပာၾကတာေပါ့"
ဝတုတ္ေလး : "........."
သူ မေသဘူး! ဒီလူက တားျမစ္ထားတာကိုခ်ိဳးေဖာက္ၿပီးေတာ့ ညလယ္ႀကီး အျပင္ကိုထြက္သြားခဲ့တယ္ေလ။ သူက မေသ႐ုံသာမက အသက္႐ွင္လ်က္အထက္စီးဆန္တဲ့အျပဳအမူႏွင့္ အခန္းထဲဝင္လာၿပီး ယုတၱိ႐ွိ႐ွိစကားတစ္ခ်ိဳ႕ေတာင္ ေျပာလိုက္ေသးတယ္။ သူက မေကာင္းဆိုးဝါးလား?
————————————
စာေရးသူမွာ ေျပာစရာတစ္ခု႐ွိတယ္ :
ထန္လီ : ဒီဝတုတ္က ဘာလို႔ ငါ့ကိုစိုက္ၾကည့္ေနတာလဲ? ေ႐ွာင္လီ၊ နင္ဘာလို႔ ျပန္မလာေသးတာလဲ? ငါ နည္းနည္းေၾကာက္လာၿပီ။
~~~~~~~~~~~~~~~~~~~~~~