You are my husband (Season 1)...

By nikochan065

1M 63K 5.3K

သူ႕နာမည္က ' ေတာ္၀င္မင္းခက္ထန္ ' တဲ့... ကြၽန္ေတာ့္ရဲ႕ ခက္ထန္ ၊ ကြၽန္ေတာ့္ကို မုန္းတဲ့ခက္ထန္ ၊ ကြၽန္ေတာ့္ကို ေျ... More

part 1
part 2
part 8
part 9
part 10
part 11
part 3
part 12
part 13
part 14
part 15
part 16
Part 17
part 18
part 19
part 4
Announcement
part 20
part 22
part 23
part 24
part 25
part 5
part 26
Part 27
part 28
part 29
part 30
part 31
နတ္သမီးလမ္း <နတ်သမီးလမ်း >
part 32
part 33
part 6
part 33 အဆက္
part 34
34 အဆက္
35
36
Ep 7
37
38
39
40
41
42
43
44
45
46
46 အဆက္
47
48
48
49
50
51 ဇာတ္သိမ္းပိုင္း
Extra

part 21

15.5K 1K 102
By nikochan065

" က်ဳပ္ တက္တူးေတြကို ၾကည့္...ဒီ တက္တူးေတြရဲ႕ အဓိပၸာယ္ကို မွန္ေအာင္ ေျပာႏိုင္ရင္ ဒီအခန္းထဲကထြက္ခြင့္ေပးမယ္ ၊ ဆန္ျပဳတ္လည္း အတင္းမတိုက္ဘူး "

ဆန္ျပဳတ္ပန္းကန္ေလးကို ေဘးခ်ကာ
လူမမာကို အႏိုင္က်င့္ျပန္၏ ။

" ငါ ေနမေကာင္းဘူး ခက္ထန္ ၊ ယုတ္မာခ်င္ရင္ ခဏေစာင့္ေပး... "

" ဘယ္သူက ယုတ္မာေနလို႔လဲ ၊ အေပးအယူ လုပ္ေနတာဗ် ... အေပးအယူ..."

" ငါ ဆန္ျပဳတ္မေသာက္ခ်င္ဘူး ။ ငါးညီႇေစာ္ နံတယ္...အရသာလည္း မရိွဘူး ။ ၀က္စာနဲ႔တူတယ္"

"ဟုတ္လား ၊ ဆိုင္... ဆိုင္က ၀ယ္ခိုင္းလိုက္တာ ၊ ခင္ဗ်ားႀကီးအတြက္ က်ဳပ္ အခ်ိန္ေတြ မ်ားမ်ားမေပးႏိုင္ဘူးေလ...ပိုက္ဆံေပးၿပီး၀ယ္ခိုင္းလိုက္တာ... ဘယ္ဆိုင္က ၀ယ္လာလဲေတာ့ မသိဘူး... "

စကားလံုးေလးမ်ားက ႐ိုးရွင္းလွေသာ္လည္း ခံယူရသူအဖို႔ေတာ့ ခဲလံုးေတြခ်ခင္းထားေသာလမ္းေပၚ ေဒါက္ဖိနပ္ခြၽန္ခြၽန္ျဖင့္ လမ္းေလွ်ာက္ေနရသလိုပင္။
ေမွာက္ရက္လဲမသြားေအာင္ ၊ မၿပိဳလဲက်သြားေအာင္ ခက္ခက္ခဲခဲ အားတင္းေနရသလိုပါပဲ ။

" ကဲပါ... က်ဳပ္ေမးခြန္းကို မွန္ေအာင္ေျဖႏိုင္ရင္ ဆိုင္ေကာင္းေကာင္းက ဆန္ျပဳတ္ ၀ယ္ေကြၽးမယ္"

" ငါ ဘာမွ မစားခ်င္ဘူး။ မင္းလည္း ငါ့အတြက္ အခ်ိန္ကုန္ခံမေနနဲ႔ ။ ငါက အဲ့ေလာက္ အဖိုးတန္မေနဘူး ။ "

အသံတိုးတိုးေလးျဖင့္ ေျပာကာ ေစာင္ၿခံဳလ်က္ ခက္ထန္ကို ေက်ာေပးအိပ္လိုက္သည္ ။ ၀ဲခ်င္လာေသာ မ်က္ရည္လံုးတို္႔ကို ထိန္းခ်ဳပ္ကာ
ေစာင္ျဖင့္ မ်က္လံုးကို ဆြဲသုတ္ပစ္လိုက္၏ ။ ခက္ထန္သည္လည္း လက္မေလွ်ာ့သြားေပ ။ ၿခံဳထားေသာ ေစာင္ကို သူ႕အားႀကီးျဖင့္
ဆြဲလွန္ကာ လက္ေမာင္းႏွစ္ဖက္ကို ဆြဲကိုင္လ်က္ အတင္းထိုင္ခိုင္းသည္ ။ သူ႕ေၾကာင့္ ထိုင္မရျဖစ္ေနသည္ကို မစာနာ ၊ သူ လိုခ်င္တာ ၊ သူ လုပ္ခ်င္တာကိုသာ အတင္းစြတ္လုပ္သည္ ။

မာန္တင္းထားေနရသည္ကိုေတာ့ ငဒူေကာင္က သိခ်င္မွလည္း သိပါလိမ့္မည္ ။

" ခင္ဗ်ား တန္ဖိုးမရိွတာ က်ဳပ္သိတယ္ ထည္ဝါလင္းရိွန္ ၊ ဒါေပမဲ့ ေသသြားလို႔ေတာ့မျဖစ္ဘူး....က်ဳပ္ ခင္ဗ်ားကို လုပ္ရတာ မ၀ေသးဘူး ၊ "

" မင္း ဘာလိုခ်င္လဲ ျမန္ျမန္ေျပာ ၊ ၿပီးရင္ ထြက္သြား... ငါ တစ္ေယာက္တည္းပဲ ေနခ်င္တယ္ "

" ေကာင္းၿပီ ။ ဒီမွာၾကည့္!  "

ခက္ထန္သည္ သူ၀တ္ထားေသာ ေခါင္းစြပ္အက်ႌေလးကို ဆြဲခြၽတ္ကာ ဘယ္ဘက္ လက္ေမာင္းႏွင့္ ေနာက္ေက်ာတြင္ ထိုးထားေသာ
နဂါးပံုတက္တူးတို႔ကို ျပသည္ ။ ႏွစ္ခုစလံုးတြင္
နဂါးတစ္ေကာင္တည္းကိုသာ ပံုစံတူ ႏွစ္မ်ဳိး ထိုးထားသည္မွာ ထူးျခားမႈရိွလွ၏ ။

" ဒီတက္တူးေတြရဲ႕ အဓိပၸာယ္ကို မွန္ေအာင္ေျပာႏိုင္ရင္ ဒီေန႔ တစ္ရက္ လႊတ္ထားေပးမယ္ "

" ငါ့အေျဖ မွားရင္ေရာ? "

" မေန႔ကထက္ ပိုၾကမ္းမယ္ "

ဒီတဏွာ႐ူး ကလဲ့စားေခ်မယ္ဆိုလို႔ တျခားအရာတစ္ခုခု ထင္ခဲ့ဖူးသည့္ ကိုယ့္ဦးေႏွာက္ကိုယ္သာ ေဖာက္ထုတ္လိုက္ခ်င္မိသည္ ။ တကယ္ေတာ့ ခက္ထန္ႏွာဘူးသည္ ပံုစံတစ္မ်ဳိးတည္းျဖင့္သာ ကလဲ့စားေခ်ျခင္းအမႈကို စတင္ခဲ့ေလ၏ ။

" ငါ့အေျဖမွန္ရင္ ငါ မင္းကို တစ္ခုထပ္ ေတာင္းဆိုမယ္... မင္း ေပးမွာလား? "

" စဥ္းစားေပးမယ္ေလ... "

" မင္း တက္တူးက နဂါးပံု... နဂါးပံုတက္တူးဆိုတာက တ႐ုတ္ ၊ ဂ်ပန္ အယူအဆနဲ႔ ထိုးတာဆိုရင္ေတာ့ မြန္ျမတ္တဲ့သတၱ၀ါကို ကိုးကြယ္ယံုၾကည္တဲ့ အဓိပၸာယ္ ၊ အေနာက္တိုင္းအယူအဆ နဲ႔ ထိုးခဲ့တာဆိုရင္ေတာ့ မေကာင္းဆိုးဝါးကို ကိုယ္စားျပဳခ်င္တဲ့ အဓိပၸာယ္..."

" လွ်ာရွည္လိုက္တာ... အခုခ်ိန္ထိ အဓိက အခ်က္ကို မေရာက္ေသးဘူး "

" မင္း ကိုယ္ေပၚက တက္တူးေတြက ဂ်ာမနီအယူအဆနဲ႔ ထိုးခဲ့တာ... ေလာဘႀကီးျခင္းနဲ႔ အဆို္းျမင္တတ္တဲ့ မေကာင္းဆိုးဝါးတစ္ေကာင္အျဖစ္ မင္းကိုယ္မင္း ကိုယ္စားျပဳထားတာ... "

"က်န္ေနတာမ်ား မရိွဘူးလား ။ မွန္ေပမဲ့ တ၀က္ပဲ မွန္ေသးတယ္ ။ ပံုေတြကို ေသခ်ာၾကည့္ နဂါးတစ္ေကာင္ပဲ ျမင္တာလား ?"

ေက်ာေပးကာ သူ႕တက္တူးပံုကို အတင္းၾကည့္ခိုင္း၏... ။ ကိုယ္လံုးတီးႏွင့္ ေက်ာျပင္က်ယ္ႀကီးသည္ ညိဳစိမ့္စိမ့္အသားအရည္ျဖင့္
သန္မာေသာ လက္ျပင္႐ိုးတို႔ျဖင့္ ဖြဲ႕စည္းထားပံုမွာ ေယာက်္ားပီသလွ၏ ။ ေျပာင္လဲ့လဲ့ ေဆးသားတို႔ျဖင့္တက္တူးတစ္ခုၿခံရံကာ ၀န္းရံလိုက္သည့္အခါ မာဖီးယားတစ္ေယာက္၏ အသြင္အျပင္ကို ႀကံ႕ခိုင္စြာ ထင္ဟပ္သြားေတာ့သည္။

သူ ငိုေနခ်ိန္တိုင္း ဒီပခံုးေလးကို ပုတ္ကာ
ေခ်ာ့ျမႇဴေပးခဲ့ဖူးသည္ ။ တခ်ိန္တခါက ေက်ာျပင္ငယ္ေလးသည္ ယခုအခ်ိန္တြင္ က်စ္လ်စ္ေသာ ႂကြက္သားမ်ား၏ အကူအညီျဖင့္ သန္စြမ္းႀကံ႕ခိုင္ေသာ ေယာက်္ားအရင့္အမာႀကီးတစ္ေယာက္၏ ေက်ာျပင္က်ယ္တစ္ခု ျဖစ္လို႔ေန၏ ။

" က်ဳပ္ အေနာက္ပိုင္းကို ၾကည့္ၿပီး သေရက်မေနနဲ႔.... ၾကည့္ခိုင္းတဲ့ေနရာပဲ ၾကည့္"

" ငါက ဘယ္ေနရာ ၾကည့္ေနလို႔လဲ ၊?  "

" က်ဳပ္မွ မျမင္ရတာ... ဘယ္သိမလဲ? "

တစ္ခြန္းမက်န္ ျပန္ေျပာသံေလးမ်ားျဖင့္ တိတ္ဆိတ္မႈကို ၿဖိဳခြဲပစ္ရန္မ်ား ႀကိဳးစားခဲ့မိေလေတာ့သလား... ။ အနည္းဆံုးေတာ့ ခက္ထန္ေပါက္ဟာ အမုန္းတရားတစ္ခုကို မေရရာမေသခ်ာျခင္းေတြနဲ႔ တန္ဆာဆင္ထားခဲ့ျခင္းပင္... ။

နဂါးပံုတက္တူးတစ္ခု၏ အလယ္တြင္ နဂါး၏ ခႏၶာကိုယ္ျဖင့္ ေ၀့ပတ္ျခင္းခံထားရသည့္ ရွည္ေျမာေျမာ သဏၭာန္ငယ္ေလးတစ္ခု ပါရိွေန၏ ။
လူပံုစံလား ။ အရာ၀တၳဳတစ္ခုလား ကြဲျပားမႈေတာ့ မရိွလွ... ။

" အလယ္မွာ ရွည္ေျမာေျမာ အေခ်ာင္းႀကီး ေတြ႕တယ္... "

" ဘာ!  "

အေျဖကို သေဘာမက်သလို ခက္ထန္က အလိုမက်ေသာ မ်က္လံုးမ်ားျဖင့္ လွည့္ၾကည့္လာ၏.. ။ ၿပီးေနာက္ သူ႕အက်ႌ သူ ျပင္၀တ္သည္ ။

" ျပန္ေျပာစမ္း! "

" ရွည္ရွည္အေခ်ာင္းႀကီး ေတြ႕တယ္  ... ဘာလဲ... ငါ ေျပာတာ မွန္သြားလို႔လား? "

" ထည္ဝါလင္းရိွ္န္... မင္းက ေစာက္႐ူးလား...
အဲ့ေလာက္ အျမင္မရိွတာလား ။ "

" ငါ မင္းထက္ ၁၀ ႏွစ္ႀကီးတယ္ ေနာ္ "

" သိတယ္... အဲ့တာ ဘာလုပ္ရမွာလဲ ၊ "

"႐ိုင္းစိုင္းလိုက္တာ... ငါ့ကို မင္း လို႔ မေျပာနဲ႔ "

"ခင္ဗ်ား စကား နားေထာင္ရေအာင္ ႐ူးေနတာမွ မဟုတ္တာ... လူသတ္သမား ၊ လူက်င့္၀တ္နားမလည္တဲ့လူ ၊ ကိုယ္က်င့္သီလမရိွ သူမ်ားလင္နဲ႔ ေဖာက္ျပန္ခဲ့တဲ့ လူ တစ္ေယာက္ ေျပာသမွ် စကားကို ၁၄ ႏွစ္နီးပါးေလာက္ နားေထာင္ခဲ့ၿပီးၿပီ... ေတာ္ေရာေပါ့ "

ခက္ထန္ မ်က္လံုးထဲတြင္ သေရာ္ရိပ္တို႔ ျပည့္ႏွက္ေနခဲ့သည္ ။
သူ တကယ္ကို စာေလးတစ္ေစာင္နဲ႔ တဖတ္သက္ႀကီးဆံုးျဖတ္ခ်က္ခိုင္မာေနခဲ့တာပဲ... ။

ဘာစကားမွ ဆက္ၿပီး ၿပိဳင္ေျပာမေနခ်င္ေတာ့လို႔ မ်က္ႏွာလႊဲကာ ႏႈတ္ဆိတ္ေနလိုက္ေတာ့သည္ ။ သူေျပာတဲ့အတိုင္း မေျဖႏိုင္လို႔ မေန႔ကထက္ပဲၾကမ္းၾကမ္း ၊ တခါတည္း ေသသြားလည္း ေအးတာပဲ ဟု ေတြးမိသည္ ။

" ခင္ဗ်ားေျပာတဲ့ ရွည္ရွည္ႀကီးက ခင္ဗ်ားပဲေလ ထည္ဝါလင္းရိွန္! ေဟာဒီ့ နဂါးႀကီးက က်ဴပ္...
နဂါးဗိုက္ထဲမွာ ပတ္ထားခံရတဲ့ ရွည္ရွည္ေလးက ခင္ဗ်ား... က်ဳပ္က ခင္ဗ်ားကို အဲ့လိုေလး အပိုင္သိမ္းထားမယ္ဆိုတာကို ကိုယ္စားျပဳခ်င္တာ ၊
ဘယ္ေတာ့မွ မလြတ္ေျမာက္ျခင္းမ်ဳိးနဲ႔ေပါ့ ။ ခင္ဗ်ားအတြက္ လြတ္လမ္းဆိုတာ စိတ္ကူးယဥ္လို႔ေတာင္ မရျခင္းမ်ဴိးနဲ႔ေပါ့ ။ ခင္ဗ်ား တ၀က္ပဲ မွန္တယ္ေနာ္... အဲ့ေတာ့ အခန္းထဲမွာ တစ္ေယာက္တည္း ေနခြင့္ေပးမယ္ ။ ေအာက္ထပ္ေတာ့ ဆင္းမလာခဲ့နဲ႔ ။ က်န္တ၀က္မမွန္တဲ့အတြက္ ဆန္ျပဳတ္ေသာက္ၿပီး ေဆးေသာက္ရမယ္ ။ ဆန္ျပဳတ္ ျပန္ လဲ ေပးမယ္ "

သူ ေျပာလိုရာကိုသာ အဆက္မျပတ္ေျပာ၍ ဆန္ျပဳတ္ပန္းကန္ေလးကို ကိုင္လ်က္ အခန္းျပင္ထြက္သြားေလ၏ ။

ထည္ဝါလင္းရိွန္၏ မိႈင္းညိႇဳ႕ေနေသာ မ်က္လံုးရွည္တို႔ထဲတြင္ မယံုၾကည္ႏိုင္ျခင္း မ်ားႏွင့္အတူ ေ၀ခြဲမရႏိုင္ျခင္းမ်ားစြာ တို႔ စြဲကပ္တင္က်န္ရစ္လ်က္ရိွသည္ ။

ခက္ထန္ဟာ သူ အမုန္းဆံုး လူသားတစ္ေယာက္ကို ကိုယ္စားျပဳထားတဲ့ ပံုရိပ္ကို သူ႕ အေရျပားေပၚ အသားအနာခံၿပီး အမွတ္အသားတစ္ခုအျဖစ္ က်န္ရစ္ေစခဲ့တယ္ ။

ေသသည္အထိ မုန္းတီးသြားဖို႔ ၊ အသားထဲအ႐ိုးထဲထိ မုန္းတီးသြားဖို႔ သူ႕ကိုယ္သူ အၿမဲ သတိေပးေနႏိုင္ဖို႔ ေဆာင္ရြက္ခဲ့တဲ့ သတ္မွတ္ခ်က္တစ္ခုမ်ဳိးလား ။

အေျဖကို ခက္ထန္သာလွ်င္ သိလိမ့္မည္ ။

---------------------

ထည္ဝါလင္းရိွန္ ကို အခန္းထဲတြင္ ထားခဲ့ကာ အျပင္ဘက္မွ ေလာ့ခ်ပစ္လိုက္သည္ ။ အခုဆို ခက္ထန္ဟာ သူ႕အခန္းထဲမွာသာ ရန္သူကို ေနရာခ်ထားျခင္းျဖစ္၏ ။ ေႏြးဧကရီကိုလည္း အဂၤလန္သို႔ ပို႔ပစ္ကာ အေ၀းသို႔ တြန္းထုတ္ခဲ့သည္။
ဂ်စ္ကန္ကန္လုပ္ေနသည္မို႔ အၾကမ္းနည္းသံုးကာျဖင့္သာ စီမံလိုက္ရျခင္းပင္ ။.

ေႏြးဧကရီ ဆိုတာ ထည္ဝါလင္းရိွန္ကို အဆိပ္ခပ္သတ္ေပးမည္ဟု ေျပာခဲ့ဖူးသလို အဆိပ္အေၾကာင္းေလ့လာေနသည္ကို ျမင္ခဲ့ရသည့္အျပင္ တခါမွ မီးဖိုးေခ်ာင္ မ၀င္ဖူးတဲ့မိန္းမက ကိုႀကီးအတြက္ သူပဲ ခ်က္ျပဳတ္ျပင္ဆင္ေပးပါရေစ လို႔ မသကၤာစရာေကာင္းေလာက္ေအာင္ သ႐ုပ္ေဆာင္ျပေနခဲ့သည္ ။ အႏၲရာယ္ဆိုတာ ကိုယ့္ဆီေရာက္မလာေအာင္ အရင္ဆံုး ေမာင္းထုတ္ပစ္ႏိုင္မွ ေတာ္ရာက်မည္မလား ။ ေႏြးဧကရီဆိုတဲ့ အႏၲရာယ္က ကိုယ့္ဆီလာတာမဟုတ္ေပမဲ့ ထည္ဝါလင္းရိွန္ဆီ တည့္တည့္ လာေနသည္မို႔ ကိုယ္ကသာ ဦးေဆာင္ေျဖရွင္းေပးလိုက္ျခင္းျဖစ္၏ ။

ဘာေၾကာင့္ရယ္လို႔ေတာ့ လာမေမးနဲ႔ ။ မုန္းလို႔ လုပ္ေပးခဲ့တာလို႔သာ မွတ္ထားလိုက္ေပါ့.... ထည္ဝါလင္းရိွန္ ဆိုတဲ့ လူယုတ္မာက ေသရင္ေတာင္ ကိုယ့္လက္ခ်က္နဲ႔ပဲ ေသသင့္တဲ့ လူပဲ မလား ။

ေႏြးဧကရီလည္း မရိွေတာ့သည္မို႔ အိမ္ႀကီးထဲတြင္ သူတို႔ႏွစ္ဦးသာ က်န္ရိွေတာ့သည္ ။ ထည္ဝါလင္းရိွန္ကို အခန္းထဲ ပိတ္သိမ္းထားကာ အျပင္ဘက္မွ အျပင္အဆင္အားလံုးကို စိတ္တိုင္းက် ဖန္တီးေနခဲ့ျခင္းျဖစ္သည္ ။

မီးဖိုေခ်ာင္ထဲ ၀င္ကာ ပလံုစီေနေသာ အိုးခြက္မ်ားကိုၾကည့္ခ်က္ သက္ျပင္းသာ ခ်လိုက္သည္။ သူ႕လက္သူလည္း တခ်က္ငံု႔ၾကည့္မိေသး၏ ။

အမွန္ဆို သူ ကိုယ္တိုင္ လုပ္ေပးထားတဲ့ ဆန္ျပဳတ္ကို ၀က္စာ နဲ႔ ႏိႈင္းလိုက္ကတည္းက မ်က္ခြက္ကို ျဖတ္႐ိုက္ပစ္ခ်င္ေနခဲ့တာ... ။ သူ႕လက္ေတြကို မနည္းထိန္းခ်ဳပ္လိုက္ရတာ လြယ္ကူတဲ့အရာေတာ့ မဟုတ္ေပ ။

ခ်က္ခ်င္းပင္ မိႈင္း ကို ဖုန္းဆက္ေခၚၿပီးေနာက္
ကုမၸဏီသို႔သြားရန္ ျပင္ဆင္ရေတာ့သည္ ။ ထည္ဝါလင္းရိွန္ကို သူ႕အခန္းထဲ ထည့္ထားသည္မို႔ သူက တျခားအခန္းတစ္ခုသို႔ေျပာင္းကာ အလုပ္ကိစၥမ်ားကို ေအးေဆးစြာ လုပ္ကိုင္ရသည္ ။ ဗန္းျပလုပ္ငန္းတစ္ခုကိုလည္း လ်စ္လ်ဳ႐ႈထားလို႔မျဖစ္.. ။ အခုဆို သူက က်န္းမာေရးေၾကာင့္ အနားယူသြားတဲ့ ဥကၠဌေဟာင္း ထည္ဝါလင္းရိွန္ေနရာတြင္ အစားထိုး၀င္ေရာက္လာတဲ့ ဥကၠဌ အသစ္စက္စက္ေလးပဲ မဟုတ္လား ။

ရွပ္အက်ႌလက္ရွည္ကို ၾကယ္သီးလံုးေလး တပ္ေနခ်ိန္
တံခါးေခါက္သံၾကားေသာအခါ 'မိႈင္း' ျဖစ္ေနမည္ကို အတပ္သိေနေသာေၾကာင့္ ၀င္လာဖို႔ အမိန္႔ေပးလိုက္သည္ ။

" အကို... ဘာခိုင္းစရာ ရိွလို႔လဲ? "

သူ႕ထက္ ေခါင္းနွစ္လံုးစာေလာက္ ပုေနေသာ မိႈင္း ဘက္သို႔လွည့္ကာ လက္ျပေခၚလ်က္ အနီးသို႔ တိုးေစခဲ့သည္ ။

" ဒီ တၿမိဳ႕လံုးမွာ ရိွတဲ့ အေကာင္းဆံုးစားေသာက္ဆိုင္က အေတာ္ဆံုး စာဖိုမႉးကို အိမ္ေခၚၿပီး ငါးဆန္ျပဳတ္ခ်က္ခိုင္းလိုက္! "

" ဗ်ာ!  "

မ်က္၀န္းက်ဥ္းေလးမ်ားကို ျပဴးက်ယ္သေယာင္ လုပ္ျပလာေသာ မိႉင္းေၾကာင့္ ခက္ထန္ မ်က္ေမွာင္ၾကဳတ္လိုက္သည္ ။ သူ ခိုင္းတဲ့ကိစၥက ဘာမ်ား ခက္ခဲေနတာမို႔လို႔လဲ ။

"မင္း ဘာျဖစ္တာလဲ ရသမိႈင္း!  "

" ဘာမွမျဖစ္ပါဘူး ။ ဘာမွမျဖစ္ဘူး ။ အကို ဘာလုပ္ဖို႔ အဲ့လိုခိုင္းတာလဲ ဆိုတာ ကြၽန္ေတာ္ ေသခ်ာ နားမလည္လို႔ပါ "

" ငါေမြးထားတဲ့ ျမင္းမေလးကို ငါးဆန္ျပဳတ္တိုက္ခ်င္လို႔... ငါ ကိုယ္တိုင္ လုပ္ေပးတာကို သူက မစားဘူး ။ ၀က္စာ နဲ႔ တူတယ္လို႔ ေျပာတယ္... သူက ငါးဆန္ျပဳတ္ႀကိဳက္တယ္ ။ ငါ လုပ္ေပးတာ မေကာင္းလို႔ သူ မစားတာ... ငါးဆန္ျပဳတ္ တစ္ပန္းကန္လံုး သူ ကုန္ေအာင္ စားႏိုင္႐င္ အဲ့ဒီ စာဖိုမႉးကို တသက္လံုးထိုင္စားလို႔ ရေအာင္ပါ အသျပာ ဆုခ်မယ္လို႔ေျပာလိုက္!  ငါ့ျမင္းမေလး ေဆးေသာက္ဖို႔အတြက္ အစာရိွဖို႔လိုတယ္ "

ခက္ထန္သည္ အမိန္႔ေပးသံတိုးတိုးေလးျဖင့္ ေျပာရင္း လက္မွလည္း ဘီးတစ္ေခ်ာင္းျဖင့္ သူ႕ ဆံပင္အညိဳေရာင္တို႔ကို သ, လ်က္ရိွသည္ ။

" အခုပဲ ျပင္ဆင္လိုက္ပါ့မယ္ ။ ဒါနဲ႔ အကို က ကြၽန္ေတာ့္ကို မေစာင့္ေတာ့ဘူးလား ။ ကြၽန္ေတာ္က အကို႔ ဦးထည္ အတြက္ အေတာ္ဆံုးစာဖိုမႉး ရွာရဦးမွာေလ "

" ဒီေန႔က အစည္းအေ၀းခဏတက္႐ံုပဲ ။ ၿပီးရင္ ခ်က္ခ်င္းျပန္လာခဲ့မွာ ... ငါ့ ျမင္းမေလး ေနမေကာင္းဘူး ။ သူ႕အနားမွာ ေနျပီး စိတ္ဒုကၡေလးနည္းနည္းေပးႏိုင္မွ ငါ့တာ၀န္ေက်ေတာ့မွာေပါ့... "

အၿပံဳးခ်ဳိခ်ဳိေလးျဖင့္ ေအးစက္စက္ စကားမ်ားေျပာေနေသာ ခက္ထန္ကို ၾကည့္ကာ မိႈင္း ေခါင္းခါလ်က္ အခန္းထဲမွ ထြက္သြားေတာ့သည္။

စိတ္ဒုကၡေလးေပးဦးမည္ ။ အစာမ၀င္မွာလည္း စိုးရိမ္သည္ ။ သူ႕ဆရာက ဘာျဖစ္ခ်င္ေနတာမ်ားလဲဟု ေတြးလ်က္ျဖင့္ပင္ အေတာ္ဆံုးစာဖိုမႉးကို ရွာရန္ ႀကိဳးစားရေတာ့မည္။

ခက္ထန္သည္ အလုပ္အတြက္ လိုအပ္ေသာ ႏွစ္ခ်ဳပ္စာရင္းမ်ား ၊ စာရြက္စာတမ္းမ်ားကို စုစည္းကာ
အနာဂတ္တြင္ သူ ဦးေဆာင္ရေတာ့မည္ ့ ေတာ္၀င္ လုပ္ငန္းစုႀကီးတစ္ခုလံုးကို ကိုင္တြယ္ရန္ ႀကံရြယ္ေနေလ၏ ။ စားပြဲေပၚမွ အ၀ါေရာင္သန္းေနေသာ ႏြမ္းခ်ိခ်ိ စကၠဴေလးကိုေတြ႕လိုက္သည့္အခါ လက္ထဲတြင္ စုတ္ေခ်ပစ္လိုက္သည္ ။ သူ႕အေဖနဲ႔ ထည္ဝါလင္းရိွန္ တို႔ရဲ႕ ညစ္ပတ္လွေသာ ဆက္ဆံေရးတစ္ခုသည္ ဒီစကၠဴေလးေပၚတြင္ ညစ္ေထးစြာ စက္စုပ္ဖြယ္ေကာင္းလြန္းေန၏ ။

သူ ထည္ဝါလင္းရိွန္အေပၚ ယုတ္မာခ်င္သည္ ။ ဒီ့္ထက္ပိုၿပီး ယုတ္မာခ်င္သည္ ။ ရက္စက္ခ်င္သည္ ။ ဒါေပမဲ့ လူယုတ္မာေရွ႕ေရာက္တိုင္း ...  မိႈင္းညိႇဳ႕ညိႇဳ႕မ်က္၀န္းရွည္တို႔နဲ႔ ဆံုစည္းလိုက္တိုင္း ကေလးဆန္ေသာ အျပဳအမူမ်ားျဖင့္သာ အဆံုးသတ္သြားခဲ့ရၿမဲျဖစ္၏ ။ သူက ဒီလူ႕ကို လိင္ကြၽန္႐ံုသို႔ ပို႔ပစ္လိုက္ခ်င္သည္ ။ ပို႔ပစ္ဖို႔လည္း အၿမဲေတြးခဲ့ဖူး၏ ။ တကယ္တမ္းက်ေတာ့ မဟာေနေသြး ၾကည့္ရင္ေတာင္ အသည္းႏွလံုးတို႔ေပါက္ထြက္မတတ္ အေသြးအသားတို႔ ပူျပင္းေလာင္ၿမိဳက္လာရ၏ ။ ဘာေၾကာင့္ရယ္ဟု အေျဖရွာေလတိုင္း သူ ကိုယ္တိုင္သာ နာက်င္ေအာင္ ျပဳလိုက္ခ်င္ေသာေၾကာင့္သာ ျဖစ္ေပလိမ့္မည္ ။

ဒါနဲ႔မ်ား သူ႔ အႀကိဳက္ေတြကို မမွတ္ထားပါဘဲ ဦးေႏွာက္က မွတ္မိေနျပန္သည္ ။ ဒါနဲ႔မ်ား သူ႕လိုလူအတြက္ ကိုယ္တိုင္ေတာင္ ခ်က္ျပဳတ္ေပးခဲ့မိေသး၏ ။...... 

လက္ထဲမွ စကၠဴေလးသည္ တစစီ အပိုင္းအစတို႔ျဖစ္လို႔သြားခဲ့ၿပီ ။ အေဖကေရာ ဘာလို႔ရက္စက္ရတာလဲ ။ ဟိုလူကေရာ ဘာလို႔ ဒီေလာက္ ေကာက္က်စ္ရတာလဲ ။ ဒါဆို သူကေရာ.... ဘာလို႔မ်ား ဒီလူ နာက်င္ေလာက္ေစေအာင္ မစြမ္းေဆာင္ႏိုင္ေသးတာမ်ားလဲ.... .။

--------------------------

စိတ္မပါေသာ္လည္း ဥကၠဌထိုင္ခံုေပၚတြင္ ထည္ဝါလင္းရိွန္၏ ေတာက္ပေနမႈတို႔ကို မျမင္လိုေတာ့ေပ ။ ဒီလို ကုမၸဏီအလုပ္တို႔ကို စိတ္မ၀င္စားေသာ္လည္း သူသာ ဘက္စံုထူးခြၽန္သူတစ္ဦးျဖစ္ေၾကာင္း အိမ္က ဘိုးေတာ္ကို ျပခ်င္ေသးသည္ ။

ဘုတ္အဖြဲ႕၏ ႀကိဳတင္သိျမင္ေနမႈ ၊ ရွယ္ယာရွင္မ်ား၏ ေခါင္းတညိမ့္ညိမ့္ လိႈက္လွဲစြာ ႀကိဳဆိုမႈမ်ားၾကားတြင္ အေနခက္လြန္းလွ၏ ။ တကယ္ဆို သူတို႔ ႏႈတ္က ဒီေလာက္ထိ တိတ္ဆိတ္လြန္းစရာမွ မလိုအပ္ေပ ။

" အစကတည္းက ကိုထည္၀ါက ဥကၠဌေနရာကို ထိန္းေပးထား႐ံုပါပဲ... ဒီကုမၸဏီရဲ႕ ရွယ္ယာအမ်ားဆံုးပိုင္ရွင္က ေဟာဒီ့္က ေမာင္ေတာ္၀င္မင္းခက္ထန္ ပါပဲ ။ ေမာင္ရင္ အရြယ္မေရာက္ေသးလို႔ ေမာင္ရင့္အေဖက ထိန္းေပးထားတဲ့ သေဘာပါပဲ ။ အခ်ိန္တန္ေတာ့ သူ႕သားကို ေပးလိုက္တာပဲေပါ့ "

ဥကၠဌထိုင္ခံုကို ထိန္းေပးခဲ့တယ္ ။ အေဖ?

ေမြးစားအေဖနဲ႔ ေမြးစားသားေလး ဇာတ္လမ္းပါ ဖန္တီးထားခဲ့၏ ။

ထည္ဝါလင္းရိွန္၏ အရည္အခ်င္းတို႔က လိုအပ္သည္ထက္ပင္ ပို၍ သာလြန္ေနခဲ့ေလၿပီ ။ သူ ဆင္ထားေသာ ဇာတ္လမ္းတစ္ပုဒ္၌ ဇာတ္လိုက္တစ္ဦးျဖစ္ေစရန္အတြက္ အခ်ိန္မီွ မ်က္ႏွာဖံုးေလး တပ္ဆင္ႏိုင္ရန္ အၿပံဳးတုတခုကိုသာ ဖန္တီးလ်က္ တည္ၿငိမ္စြာ ေခါင္းေလးၿငိမ့္ျပလိုက္၏ ။

"ကိုထည္၀ါနဲ႔ ေမာင္ရင္က သားအဖမွန္း သိပ္မၾကာေသးခင္က ကိုထည္၀ါ ေျပာမွ သိရတယ္။
သူ ေနမေကာင္းမျဖစ္ခင္ကတည္းက သူ႕သားကို ကူညီေစာင့္ေရွာက္ေပးဖို႔ အကူအညီေတာင္းခဲ့ေသးတယ္ ။ အဲ့တုန္းက ေမာင္ေတာ္၀င္ ကို ဥကၠဌေနရာမွာ ထားမဲ့ကိစၥကို ကန္႔ကြက္ၾကတဲ့ ဘုတ္အဖြဲ႕၀င္ေတြ ရိွခဲ့ေပမဲ့ ကိုထည္၀ါ က အံ့ဩစရာေကာင္းေလာက္ေအာင္ အခ်ိန္ခဏေလးနဲ႔ ေျဖရွင္းႏိုင္သြားတယ္ ။ သူ အနားယူခ်င္ၿပီလည္း ေျပာပါေသးတယ္ "

ေလထုထဲတြင္ ေအးစက္တည္ၿငိမ္ေနေသာ အသံဩရွရွေလး ၀ဲပ်ံလာခဲ့သည္ ။

" ကြၽန္ေတာ့္ကို ႀကိဳဆိုၾကတဲ့အတြက္ ဒီက လူႀကီးမင္းတို႔ကို ေက်းဇူးတင္ပါတယ္... ။ ကြၽန္ေတာ္ကိုယ္တိုင္ကလည္း ဒီအလုပ္ေတြနဲ႔ မစိမ္းသက္တဲ့အတြက္ ေတာ္၀င္ လုပ္ငန္းစုႀကီးတစ္ခုလံုးကို ေကာင္းမြန္စြာ ကိုင္တြယ္ဦးေဆာင္သြားႏိုင္လိမ့္မယ္လို႔လည္း ယံုၾကည္ပါတယ္ ။ ဒီက လူႀကီးမင္းတို႔အေနနဲ႔လည္း ကြၽန္ေတာ့္ကို ယံုၾကည္ေပးႏိုင္လိမ့္မယ္လို႔လည္း ေမွ်ာ္လင့္ပါတယ္ ။ "

တည္ၿငိမ္ရင့္က်က္ျခင္း အသြင္သို႔ ေဆာင္ေနေသာ ဩဇာအာဏာ အားျပင္းလြန္းသည့္ လူငယ္ေလးတစ္ေယာက္ကို အခန္းထဲရိွ လူမ်ားအားလံုးက လက္ခုပ္ဩဘာေပးကာ အၿပံဳးပန္းတို႔ျဖင့္ ႀကိဳဆိုၾကသည္ ။

အသက္ႀကီးႀကီး အမႈေဆာင္ ဒါ႐ိုက္တာခ်ဳပ္ ဆိုသူကလည္း ၀င္ေျပာ၏ ။

" ကြၽန္ေတာ္တို႔အေနနဲ႔ ေမာင္ေတာ္၀င္ ကို ယံုၾကည္ၿပီးသားပါ ။ ဘာလို႔ဆို ေမာင္ေတာ္၀င္ဆိုတာ ကိုထည္၀ါ ့ သားမွန္း မသိခင္ကတည္းက ကုမၸဏီရဲ႔ စည္းကမ္းထိန္းသိမ္းေရး နဲ့ စေတာ့ရွယ္ယာေဈးကြက္ကို ကစားျပသြားကတည္းက  က်ဳပ္တို႔အားလံုး ခ်ီးက်ဴးခဲ့ရတဲ့ လူငယ္တစ္ဦးပါ ။
ဥကၠဌ႐ဲ့ အတိုင္ပင္ခံ ပုဂၢိဳလ္လို႔ပဲ သိထားေပမဲ့ ဒီႏွစ္ေတြအတြင္းမွာ ကုမၸဏီရဲ့ ေငြေၾကးစီးဆင္းမႈ ၊ အရည္အခ်င္းရိွတဲ့ ၀န္ထမ္းေတြရဲ႕ အရည္အေသြးအားလံုး ေပၚထြက္လာေအာင္ ၊ ၀န္ထမ္းဦးေရ လိုတိုးပိုေလွ်ာ့ လုပ္ၿပီး စီမံခန္႔ခြဲမႈပိုင္းကို ေကာင္း၂ကိုင္တြယ္သြားႏိုင္ခဲ့တာ ...စြမ္းေဆာင္ႏိုင္ခဲ့တာ ေမာင္ေတာ္၀င္ ႐ဲ့ လုပ္ေဆာင္ခ်က္ေတြေၾကာင့္ပါပဲ ။ ဥကၠဌ က အရည္အခ်င္းရိွတဲ့ သား တစ္ေယာက္ကို ပိုင္ဆိုင္ထားခဲ့တာပဲ "

လြန္က်ဴးလာေသာ ခ်ီးမြမ္းသံမ်ားက ခက္ထန္ကို အေနရခက္ေစလာ၏ ။

" ကိုထည္၀ါ တို္႔ကေတာ့ လွ်ဳိတယ္ေဟ့... သူ႕သားကို အနီးကပ္ သင္တန္းပို႔ခ်သြားတာပဲဟ...
ဒါကိုေတာင္ သူ အနားယူခါနီးမွ ေမာင္ေတာ္၀င္မင္းခက္ထန္ဆိုတာ သူ႕ကေလးပါဆိုၿပီး ေျပာခ်သြားတာ... သူ႕သား အရည္အခ်င္းကို အျပည့္အ၀ ယံုၾကည္လို႔ရေၾကာင္းပါ ေထာက္ခံသြားပါေသး... တကယ့္လူပါဗ်ာ... "

သူ႕ကေလး တဲ့လား.... ။ ဒီအဘိုးႀကီး! 

" ဒါနဲ႔ ကိုထည္၀ါ နဲ႔ က ဘယ္လို သားအဖ...
ဟို... အသက္အရြယ္ေၾကာင့္ေလ "

သူတို႔ေတာ္စပ္မႈကို ဇေ၀ဇ၀ါ ျဖစ္ေနေသာ လူတစ္ေယာက္၏ ေမးခြန္းေၾကာင့္ က်န္လူမ်ားကပါ စိတ္၀င္တစား နားစြင့္ေနၾက၏ ။ ဟုတ္သည္ေလ.... သားဖ ေတာ္စပ္သူတို႔၏ အသက္အရြယ္က ျပန္စဥ္းစားစရာ ျဖစ္လို႔ေနေလၿပီ ။

" ေမြးစားသားပါ ။ သူနဲ႔ ကြၽန္ေတာ္ ၁၀ႏွစ္ပဲ ကြာပါတယ္ ။ အားလံုးသိေအာင္ ေျပာရရင္ေတာ့....... "

သူ႕စကားကို စိတ္၀င္စားစြာ အာ႐ံုစိုက္လာေသာ ၀တ္ေကာင္းစားလွျဖင့္ လူႀကီးလူေကာင္းမ်ားသည္
နားရြက္မ်ား တင္းကားလာသည္အထိ နားစြင့္ေနၾကဟန္တူသည္ ။ ခက္ထန္သည္ ဥကၠဌထိုင္ခံုေပၚတြင္ ခါးမတ္မတ္ထိုင္လ်က္
လက္ေခ်ာင္းသြယ္သြယ္ေလးမ်ားက မွန္စားပြဲေပၚတြင္ တေတာက္ေတာက္ျဖင့္ လွပစြာ လႈပ္ရွားလို႔ေနသည္။
ပါးခ်ဳိင့္ေလးမ်ား ခြက္၀င္သြားသည္အထိ အၿပံဳးေလးတပြင့္ ဖန္ဆင္းလိုက္ကာ.... သူ ဆက္ေျပာလာခဲ့သည္ ။

" ေတာ္၀င္လုပ္ငန္းစုဆိုတာ ကြၽန္ေတာ့္ဘိုးဘြားပိုင္ လုပ္ငန္းတစ္ခုပါ ။ လူႀကီးမင္းတို႔ေရွ႕မွာ ႏွစ္ေပါင္းမ်ားစြာ မ်က္ႏွာေျပာင္တိုက္ အုပ္ခ်ဳပ္ခဲ့တဲ့ ဥကၠဌေဟာင္း ထည္ဝါလင္းရိွန္က ကြၽန္ေတာ့္ အေမျဖစ္သူကို သတ္ၿပီး ဒီလုပ္ငန္းကို လႊဲေျပာင္းယူခဲ့တာပါ ။ ကြၽန္ေတာ္က မတတ္သာတဲ့အဆံုးမို႔ ေမြးစားလိုက္ရတဲ့ ကေလးပါ "

ပါးစပ္အ၀ိုင္းသားမ်ားျဖင့္ ဟင္ခနဲ ဟာခနဲ အ႐ုပ္ႀကိဳးပ်က္ျဖစ္သြားၾကေသာ လူႀကီးမ်ားသည္ အခ်င္းခ်င္း တြတ္ထိုးကာ အတင္းအဖ်င္းတို႔၏ အစကို ဦးတည္ေနလ်က္ရိွၾက၏ ။

" ေနပါဦး... လုပ္ငန္းတစ္ခုကို လႊဲေျပာင္းယူဖို႔ဆိုတာ လြယ္တဲ့အရာမွ မဟုတ္ဘဲ... လူပါ သတ္တယ္ဆို ေထာင္က်ဘာလို႔ မက်ရတာလဲ? ဒါ ဘယ္လိုနည္းနဲ႔မွ မျဖစ္ႏိုင္ဘူးလို႔ ကြၽန္ေတာ္ ထင္တယ္ "

ထိုစကားေျပာလာသူသည္ မ်က္မွန္ကိုင္းကို ပင့္တင္လ်က္ ထည္ဝါလင္းရိွန္ဘက္မွ ရပ္တည္ေပးေန၏။ က်န္လူမ်ားမွာေတာ့ တီးတိုးစကားမ်ားျဖင့္သာ ဥကၠဌအသစ္ေလး၏ စကားကို နားစြင့္ေနၾက၏ ။

" လုပ္ငန္းကို လႊဲေျပာင္းယူဖို႔ဆိုတာ လြယ္တဲ့အရာ မဟုတ္ဘူး ။ ဒါ သိပ္မွန္တာေပါ့.... အခုလို လြယ္လြယ္ေလး ယူႏိုင္ခဲ့တာ အရမ္းေတာ္တဲ့ ထည္ဝါလင္းရိွန္ဟာ ကြၽန္ေတာ့္ အေဖရဲ႕ အငယ္အေႏွာင္းျဖစ္ေနလို႔ပါပဲ ။ ေျပာရမယ္ဆိုရင္ ကြၽန္ေတာ့္ ပေထြးလို႔ ေျပာရမလား ။ မိေထြးလို႔ ေျပာရမလား ။ ေဂး အငယ္အေႏွာင္း တစ္ေယာက္ကို ဘယ္လို နာမည္တပ္လို႔ရမလဲ ။ လူသတ္ၿပီး ေထာင္မက်ရတဲ့အေၾကာင္းေလးကေတာ့ သတ္ေသမရိွလို႔ေပါ့... အမႈကလည္း ပိတ္သြားၿပီဆိုေတာ့ ထည္ဝါလင္းရိွန္က လြတ္ေျမာက္တဲ့လမ္းကို ေရာက္သြားပါၿပီ "

" ဒါဆို ေမာင္ေတာ္၀င္ ကိုပါ သတ္ခဲ့လို႔ရတာပဲ ။ ဘာလို႔ ေမြးစားရမွာလဲ... သူ သတ္ခဲ့တဲ့ သူရဲ႕ သားကိုမွေလ.... "

" လြယ္လြယ္ေလးပါဗ်ာ... ကြၽန္ေတာ့္ အေဖဆီက အခ်စ္ေတြေၾကာင့္ေပါ့... "

႐ုတ္႐ုတ္သဲသဲ ျဖစ္သြားေသာ လူအုပ္ႀကီးသည္
စိတ္ပ်က္ျခင္းတို္႔ကိူ ေပၚေပၚထင္ထင္ ေဖာ္ျပေနေသာ မ်က္ႏွာထားမ်ားျဖင့္ လြန္စြာမွ ၾကည့္ေကာင္းလြန္းလွေပသည္ ။

သူ႕တြင္ လမ္းႏွစ္ခုရိွ၏ ။ အတြင္းေရး အ႐ႈပ္ေတာ္ပံုေတြေၾကာင့္ လုပ္ငန္းထိခိုက္ရမည္ဆို အထိခိုက္ခံလိုက္မည္ ။ ထည္ဝါလင္းရိွန္ ရဲ႕ ႏွစ္ေပါင္းမ်ားစြာ ႀကိဳးစားမႈမ်ားကို တခဏေလးအတြင္း ဖ်က္စီးပစ္ႏိုင္လိမ့္မည္ ။

ဒုတိယအေနျဖင့္ လုပ္ငန္းဆက္လက္တည္ၿမဲေနမည္ဆိုပါက ထည္ဝါလင္းရိွန္ အုပ္ခ်ဳပ္ခဲ့စဥ္ကထက္ အဆေပါင္းမ်ားစြာ သာေအာင္ သူက လုပ္ျပလိမ့္ဦးမည္ ။ ထည္ဝါလင္းရိွန္ လုပ္ငန္းတိုးခ်ဲ႕မႈေၾကာင့္ ကေနဒါ လိုက္ေနခဲ့ရစဥ္က ႏိုင္ငံျခားထိ တက္ယူထားခဲ့တဲ့ စီးပြားေရး ဒီပလိုမာဘြဲ႕ေတြက ဘာလုပ္ဖို႔ ထား, ထားတာ မို႔လဲ.....။

"မီဒီယာေတြထိ ေပါက္ၾကားကုန္ရင္ ဘယ္လိုလုပ္ၾကမတုန္း... ကုမၸဏီပံုရိပ္အတြက္ အမ်ားႂကီး ထိခိုက္ႏိုင္တယ္ "

" မစိုးရိမ္ပါနဲ႔... ကုမၸဏီပံုရိပ္ကို ထိခို္က္ေအာင္လုပ္တဲ့ ဥကၠကေဟာင္းမွ မရိွေတာ့တာဘဲ... ကြၽန္ေတာ္ ဒီအေၾကာင္းေတြ ေျပာတယ္ဆိုတာ ထည္ဝါလင္းရိွန္အေပၚ ဘယ္လို အာဃာတမ်ဳိးမွ ရိွလို႔မဟုတ္ပါဘူး ။ ေရွ႕ဆက္ၿပီး ေတာ္၀င္လုပ္ငန္းစုႂကီး တိုးတက္ေအာင္ အတူတူ လက္တြဲေဆာင္ရြက္သြားရမဲ့ ေဟာဒီ့က လူႀကီးမင္းတို႔ကို မိသားစု၀င္တစ္ဦးလို သေဘာထားလို႔ အားလံုးေပးသိထားေစခ်င္႐ံုပါပဲ... ဒီေလာက္ပါပဲ ဗ်ာ! ... ၿပီးေတာ့ ကုမၸဏီထဲက ထည္ဝါလင္းရိွန္ရဲ့ ရွယ္ယာေတြကိုလည္း ေမ့ထားလို႔မွမရတာဘဲ....ဟင္း... "

" ေမာင္ေတာ္၀င့္ စိတ္ဓာတ္ကို ေလးစားရပါတယ္....က်ဳပ္တို႔ကို မိသားစု၀င္အျဖစ္ သေဘာထားေပးတဲ့အတြက္လည္း ေက်းဇူးတင္ပါတယ္... ။ က်ဳပ္တို႔အေနနဲ႔ကလည္း ကိုထည္၀ါ ့ ကို အထင္ႀကီးေလးစားမိတာေတာ့ အမွန္ပါဘဲ...  ဘာပဲျဖစ္ျဖစ္ပါဗ်ာ... က်ဳပ္တို႔က ပုဂၢိဳလ္ေရးထက္ စီးပြားေရး တိုးတက္ဖို႔သာ အဓိကမို႔ အရည္အခ်င္းရိွၿပီးသား ေမာင္ေတာ္၀င့္ ကို ရာႏႈန္းျပည့္ ေထာက္ခံၿပီးသားပါ ။ "

" ဟုတ္ပါတယ္ ။ က်ဳပ္လည္း အတူတူပါပဲ...
ဒါေပမဲ့ ကိုထည္၀ါ  ကေတာ့ တကယ္ အံ့ဩစရာပဲ ဗ်... သူ ကိုယ္တို္င္ ၾကည္ၾကည္ျဖဴျဖဴ လႊဲအပ္ခဲ့တာ ဆိုေတာ့ေလ... "

" လူတိုင္းရဲ႕ မ်က္ႏွာဖံုးကေတာ့ ေၾကာက္ဖို႔အေကာင္းသားေပါ့ဗ်ာ... ကြၽန္ေတာ့္ လူႀကီးမင္းေတြလည္း တခ်ဳိ႕လူေတြရဲ႕ မာယာေအာက္ ခဏေရာက္သြားခဲ့တယ္ ထင္ပါရဲ႕....လုပ္ေဆာင္ခ်က္တစ္ခုစီတိုင္းက ဦးတည္ခ်က္တစ္ခုရိွတတ္စၿမဲ ဆိုရင္ေတာင္ အဲ့ဒီ ဦးတည္ခ်က္ကို ကာယကံရွင္ထက္ ဘယ္သူမွ ပိုမသိႏိုင္ပါဘူး "

ေခါင္းတညိ္မ့္ညိမ့္ျဖင့္ ေဘးခ်င္းကပ္လ်က္ ရိွေနၾကေသာ ထိုလူမ်ားသည္ အခ်င္းခ်င္း တီးတိုးစကားသံမ်ား,  မ်ားလြန္းလာသည့္အတြက္ အစည္းအေ၀းခန္းမႀကီးသည္ တိတ္ဆိတ္ျခင္းတို႔ ကင္းမဲ့သြားရ၏ ။ မတိုးတတိုးေလး ၾကားလိုက္ရသည္က....

# ကိုထည္ဝါက ဒီလိုလူမ်ဳိးမွန္း ေနာက္က်မွ သိလိုက္ရတာဘဲ "

# ဒီလို လူမ်ဳိးကို အခ်ိန္အၾကာႂကီး ေလးစားမိသြားတာလား "

# ဘာသက္ေသမ်ားရိွလို႔ စြပ္စြဲေျပာဆိုေနရတာလဲ "

# သက္ေသက ဥကၠဌအသစ္ရဲ႕ စကားပဲေလဗ်ာ... အဓိက ,က က်ဳပ္တို႔ရဲ႕ ရပ္တည္မႈက အားႀကီးတဲ့ဘက္ ျဖစ္ေနဖို႔လည္း လိုတယ္ "

# ဟုတ္တယ္... ေမာင္ေတာ္၀င္ ေခတ္ မွာေတာ့ က်ဴပ္တို႔ရဲ႕ ယံုၾကည္မႈက ေမာင္ေတာ္၀င္ပဲေပါ့... ေရာမေရာက္ရင္ ေရာမလို က်င့္ရမွာပဲ "

# က်ဳပ္ေတာ့ျဖင့္ ကိုထည္၀ါ က ခုလို ျမန္ျမန္ဆင္းသြားတာ အေၾကာင္းအရင္းတခုခုေတာ့ရိွမယ္ထင္တယ္ "

# သိပ္ေသခ်ာတာေပါ့... ေမာင္ေတာ္၀င္ အားေကာင္းလာတဲ့အခ်ိန္
သူ ,မထိန္းခ်ဳပ္ႏိုင္ေတာ့လို႔ တဖက္လွည့္နဲ႔ သူေတာ္ေကာင္းပံုစံ လုပ္သြားတာ ထင္တယ္"

# ဒီလူက သိပ္ကို ဥာဏ္မ်ားတယ္ "

ခက္ထန္သည္ ေအးစက္စက္ အၿပံဳးတစ္ခုကိုဖန္တီးရင္း သေဘာက်လြန္းလို႔ ရင္ထဲမွာ ေရလိႈင္းလံုးႀကီး လိမ့္တက္လာသည္ဟုေတာင္ သူ ခံစားေနမိသည္ ။
ႀကိဳတင္ျပင္ဆင္ထားမႈမရိွေသာ ႐ိုက္ခ်က္ျပင္းျပင္းတစ္ခ်က္သည္ တစ္ေယာက္ေသာသူ၏ ဂုဏ္သိကၡာေလး ယိုင္နဲ႔သြားေစေလာက္မည္ဆိုလွ်င္ေတာင္ ၀မ္းေျမာက္စြာ ေက်နပ္အားရမိပါ၏.... ။

သူ႕ ရင္ထဲက ေျပာလိုက္သည္မွာ...

" ဒါ အစပဲ ရိွပါေသးတယ္ ကြၽန္ေတာ့္ရဲ႕ဦးထည္........ အရမ္းေတာ့ မနာက်င္လိုက္ပါနဲ႔ဦး "

Unicode version

" ကျုပ် တက်တူးတွေကို ကြည့်...ဒီ တက်တူးတွေရဲ့ အဓိပ္ပာယ်ကို မှန်အောင် ပြောနိုင်ရင် ဒီအခန်းထဲကထွက်ခွင့်ပေးမယ် ၊ ဆန်ပြုတ်လည်း အတင်းမတိုက်ဘူး "

ဆန်ပြုတ်ပန်းကန်လေးကို ဘေးချကာ
လူမမာကို အနိုင်ကျင့်ပြန်၏ ။

" ငါ နေမကောင်းဘူး ခက်ထန် ၊ ယုတ်မာချင်ရင် ခဏစောင့်ပေး "

" ဘယ်သူက ယုတ်မာနေလို့လဲ? အပေးအယူ လုပ်နေတာဗျ ... အပေးအယူ!"

" ငါ ဆန်ပြုတ်မသောက်ချင်ဘူး ။ ငါးညှီစော် နံတယ်၊ အရသာလည်း မရှိဘူး ။ ဝက်စာနဲ့တူတယ်"

"ဟုတ်လား ? ဆိုင်... ဆိုင်က ဝယ်ခိုင်းလိုက်တာ ၊ ခင်ဗျားကြီးအတွက် ကျုပ် အချိန်တွေ များများမပေးနိုင်ဘူးလေ ပိုက်ဆံပေးပြီးဝယ်ခိုင်းလိုက်တာ...ဘယ်ဆိုင်က ဝယ်လာလဲတော့ မသိဘူး "

စကားလုံးလေးများက ရိုးရှင်းလှသော်လည်း ခံယူရသူအဖို့တော့ ခဲလုံးတွေချခင်းထားသောလမ်းပေါ် ဒေါက်ဖိနပ်ချွန်ချွန်ဖြင့် လမ်းလျှောက်နေရသလိုပင်။
မှောက်ရက်လဲမသွားအောင် ၊ မပြိုလဲကျသွားအောင် ခက်ခက်ခဲခဲ အားတင်းနေရသလိုပဲ ။

" ကဲပါ... ကျုပ်မေးခွန်းကို မှန်အောင်ဖြေနိုင်ရင် ဆိုင်ကောင်းကောင်းက ဆန်ပြုတ် ဝယ်ကျွေးမယ်"

" ငါ ဘာမှ မစားချင်ဘူး။ မင်းလည်း ငါ့အတွက် အချိန်ကုန်ခံမနေနဲ့ ။ ငါက အဲ့လောက် အဖိုးတန်မနေဘူး "

အသံတိုးတိုးလေးဖြင့် ပြောကာ စောင်ခြုံလျက် ခက်ထန်ကို ကျောပေးအိပ်လိုက်သည် ။ ဝဲချင်လာသော မျက်ရည်တို့်ကို ထိန်းချုပ်ကာ
စောင်ဖြင့် မျက်လုံးကို ဆွဲသုတ်ပစ်လိုက်၏ ။ ခက်ထန်သည်လည်း လက်မလျှော့သွားပေ ။ ခြုံထားသော စောင်ကို သူ့အားကြီးဖြင့်
ဆွဲလှန်ကာ လက်မောင်းနှစ်ဖက်ကို ဆွဲကိုင်လျက် အတင်းထိုင်ခိုင်းသည် ။ သူ့ကြောင့် ထိုင်မရဖြစ်နေသည်ကို မစာနာ ၊ သူ လိုချင်တာ ၊ သူ လုပ်ချင်တာကိုသာ အတင်းစွတ်လုပ်သည် ။

မာန်တင်းထားနေရသည်ကိုတော့ ငဒူကောင်က သိချင်မှလည်း သိပါလိမ့်မည် ။

" ခင်ဗျား တန်ဖိုးမရှိတာ ကျုပ်သိတယ် ထည်ဝါလင်းရှိန် ၊ ဒါပေမဲ့ သေသွားလို့တော့မဖြစ်ဘူး၊ကျုပ် ခင်ဗျားကို လုပ်ရတာ မဝသေးဘူး"

" မင်း ဘာလိုချင်လဲ မြန်မြန်ပြော ၊ ပြီးရင် ထွက်သွား... ငါ တစ်ယောက်တည်းပဲ နေချင်တယ် "

" ကောင်းပြီ ။ ဒီမှာကြည့်!  "

ခက်ထန်သည် သူဝတ်ထားသော ခေါင်းစွပ်အင်္ကျီလေးကို ဆွဲချွတ်ကာ ဘယ်ဘက် လက်မောင်းနှင့် နောက်ကျောတွင် ထိုးထားသော
နဂါးပုံတက်တူးတို့ကို ပြသည် ။ နှစ်ခုစလုံးတွင်
နဂါးတစ်ကောင်တည်းကိုသာ ပုံစံတူ နှစ်မျိုး ထိုးထားသည်မှာ ထူးခြားမှုရှိလှ၏ ။

" ဒီတက်တူးတွေရဲ့ အဓိပ္ပာယ်ကို မှန်အောင်ပြောနိုင်ရင် ဒီနေ့ တစ်ရက် လွှတ်ထားပေးမယ် "

" ငါ့အဖြေ မှားရင်ရော? "

" မနေ့ကထက် ပိုကြမ်းမယ် "

ဒီတဏှာရူး ကလဲ့စားချေမယ်ဆိုလို့ တခြားအရာတစ်ခုခု ထင်ခဲ့ဖူးသည့် ကိုယ့်ဦးနှောက်ကိုယ်သာ ဖောက်ထုတ်လိုက်ချင်မိသည် ။ တကယ်တော့ ခက်ထန်နှာဘူးသည် ပုံစံတစ်မျိုးတည်းဖြင့်သာ ကလဲ့စားချေခြင်းအမှုကို စတင်ခဲ့လေ၏ ။

" ငါ့အဖြေမှန်ရင် ငါ မင်းကို တစ်ခုထပ် တောင်းဆိုမယ မင်း ပေးမှာလား? "

" စဉ်းစားပေးမယ် "

" မင်း တက်တူးက နဂါးပုံ... နဂါးပုံတက်တူးဆိုတာက တရုတ် ၊ ဂျပန် အယူအဆနဲ့ ထိုးတာဆိုရင်တော့ မွန်မြတ်တဲ့သတ္တဝါကို ကိုးကွယ်ယုံကြည်တဲ့ အဓိပ္ပာယ် ၊ အနောက်တိုင်းအယူအဆ နဲ့ ထိုးခဲ့တာဆိုရင်တော့ မကောင်းဆိုးဝါးကို ကိုယ်စားပြုချင်တဲ့ အဓိပ္ပာယ်..."

" လျှာရှည်လိုက်တာ၊ အခုချိန်ထိ အဓိက အချက်ကို မရောက်သေးဘူး "

" မင်း ကိုယ်ပေါ်က တက်တူးတွေက ဂျာမနီအယူအဆနဲ့ ထိုးခဲ့တာ... လောဘကြီးခြင်းနဲ့ အဆိုးမြင်တတ်တဲ့ မကောင်းဆိုးဝါးတစ်ကောင်အဖြစ် မင်းကိုယ်မင်း ကိုယ်စားပြုထားတာ... "

"ကျန်နေတာများ မရှိဘူးလား ။ မှန်ပေမဲ့ တဝက်ပဲ မှန်သေးတယ် ။ ပုံတွေကို သေချာကြည့် နဂါးတစ်ကောင်ပဲ မြင်တာလား ?"

ကျောပေးကာ သူ့တက်တူးပုံကို အတင်းကြည့်ခိုင်း၏ ။ ကိုယ်လုံးတီးနှင့် ကျောပြင်ကျယ်ကြီးသည် ညိုစိမ့်စိမ့်အသားအရည်ဖြင့်
သန်မာသော လက်ပြင်ရိုးတို့ဖြင့် ဖွဲ့စည်းထားပုံမှာ ယောကျ်ားပီသလှ၏ ။ ပြောင်လဲ့လဲ့ ဆေးသားတို့ဖြင့်တက်တူးတစ်ခုခြံရံကာ ဝန်းရံလိုက်သည့်အခါ မာဖီးယားတစ်ယောက်၏ အသွင်အပြင်ကို ကြံ့ခိုင်စွာ ထင်ဟပ်သွားတော့သည်။

သူ ငိုနေချိန်တိုင်း ဒီပခုံးလေးကို ပုတ်ကာ
ချော့မြှူပေးခဲ့ဖူးသည် ။ တချိန်တခါက ကျောပြင်ငယ်လေးသည် ယခုအချိန်တွင် ကျစ်လျစ်သော ကြွက်သားများ၏ အကူအညီဖြင့် သန်စွမ်းကြံ့ခိုင်သော ယောကျ်ားအရင့်အမာကြီးတစ်ယောက်၏ ကျောပြင်ကျယ်တစ်ခု ဖြစ်လို့နေ၏ ။

" ကျုပ် အနောက်ပိုင်းကို ကြည့်ပြီး သရေကျမနေနဲ့ ကြည့်ခိုင်းတဲ့နေရာပဲ ကြည့်"

" ငါက ဘယ်နေရာ ကြည့်နေလို့လဲ ?  "

" ကျုပ်မှ မမြင်ရတာ... ဘယ်သိမလဲ? "

တစ်ခွန်းမကျန် ပြန်ပြောသံလေးများဖြင့် တိတ်ဆိတ်မှုကို ဖြိုခွဲပစ်ရန်များ ကြိုးစားခဲ့မိလေတော့သလား ။ အနည်းဆုံးတော့ ခက်ထန်ပေါက်ဟာ အမုန်းတရားတစ်ခုကို မရေရာမသေချာခြင်းတွေနဲ့ တန်ဆာဆင်ထားခဲ့ခြင်းပင်... ။

နဂါးပုံတက်တူးတစ်ခု၏ အလယ်တွင် နဂါး၏ ခန္ဓာကိုယ်ဖြင့် ဝေ့ပတ်ခြင်းခံထားရသည့် ရှည်မြောမြော သဏ္ဌာန်ငယ်လေးတစ်ခု ပါရှိနေ၏ ။
လူပုံစံလား ။ အရာဝတ္ထုတစ်ခုလား ကွဲပြားမှုတော့ မရှိလှ... ။

" အလယ်မှာ ရှည်မြောမြော အချောင်းကြီး တွေ့တယ် "

" ဘာ!  "

အဖြေကို သဘောမကျသလို ခက်ထန်က အလိုမကျသော မျက်လုံးများဖြင့် လှည့်ကြည့်လာ၏။ ပြီးနောက် သူ့အင်္ကျီ သူ ပြင်ဝတ်သည် ။

" ပြန်ပြောစမ်း! "

" ရှည်ရှည်အချောင်းကြီး တွေ့တယ်  ဘာလဲ? ငါ ပြောတာ မှန်သွားလို့လား? "

" ထည်ဝါလင်းရှိန်... မင်းက စောက်ရူးလား...
အဲ့လောက် အမြင်မရှိတာလား ။ "

" ငါ မင်းထက် ၁၀ နှစ်ကြီးတယ် နော် "

" သိတယ် အဲ့တာ ဘာလုပ်ရမှာလဲ ၊ "

"ရိုင်းစိုင်းလိုက်တာ... ငါ့ကို မင်း လို့ မပြောနဲ့ "

"ခင်ဗျား စကား နားထောင်ရအောင် ရူးနေတာမှ မဟုတ်တာ... လူသတ်သမား ၊ လူကျင့်ဝတ်နားမလည်တဲ့လူ ၊ ကိုယ်ကျင့်သီလမရှိ သူများလင်နဲ့ ဖောက်ပြန်ခဲ့တဲ့ လူ တစ်ယောက် ပြောသမျှ စကားကို ၁၄ နှစ်နီးပါးလောက် နားထောင်ခဲ့ပြီးပြီ၊ တော်ရောပေါ့ "

ခက်ထန် မျက်လုံးထဲတွင် သရော်ရိပ်တို့ ပြည့်နှက်နေခဲ့သည် ။
သူ တကယ်ကို စာလေးတစ်စောင်နဲ့ တဖက်သတ်ကြီးဆုံးဖြတ်ချက်ခိုင်မာနေခဲ့တာပဲ ။

ဘာစကားမှ ဆက်ပြီး ပြိုင်ပြောမနေချင်တော့လို့ မျက်နှာလွှဲကာ နှုတ်ဆိတ်နေလိုက်တော့သည် ။ သူပြောတဲ့အတိုင်း မဖြေနိုင်လို့ မနေ့ကထက်ပဲကြမ်းကြမ်း ၊ တခါတည်း သေသွားလည်း အေးတာပဲ ဟု တွေးမိသည် ။

" ခင်ဗျားပြောတဲ့ ရှည်ရှည်ကြီးက ခင်ဗျားပဲလေ ထည်ဝါလင်းရှိန်! ဟောဒီ့ နဂါးကြီးက ကျုပ်...
နဂါးဗိုက်ထဲမှာ ပတ်ထားခံရတဲ့ ရှည်ရှည်လေးက ခင်ဗျား... ကျုပ်က ခင်ဗျားကို အဲ့လိုလေး အပိုင်သိမ်းထားမယ်ဆိုတာကို ကိုယ်စားပြုချင်တာ ၊
ဘယ်တော့မှ မလွတ်မြောက်ခြင်းမျိုးနဲ့ပေါ့ ။ ခင်ဗျားအတွက် လွတ်လမ်းဆိုတာ စိတ်ကူးယဉ်လို့တောင် မရခြင်းမျိုးနဲ့ပေါ့ ။ ခင်ဗျား တဝက်ပဲ မှန်တယ်နော် အဲ့တော့ အခန်းထဲမှာ တစ်ယောက်တည်း နေခွင့်ပေးမယ် ။ အောက်ထပ်တော့ ဆင်းမလာခဲ့နဲ့ ။ ကျန်တဝက်မမှန်တဲ့အတွက် ဆန်ပြုတ်သောက်ပြီး ဆေးသောက်ရမယ် ။ ဆန်ပြုတ် ပြန် လဲ ပေးမယ် "

သူ ပြောလိုရာကိုသာ အဆက်မပြတ်ပြော၍ ဆန်ပြုတ်ပန်းကန်လေးကို ကိုင်လျက် အခန်းပြင်ထွက်သွားလေ၏ ။

ထည်ဝါလင်းရှိန်၏ မှိုင်းညှို့နေသော မျက်လုံးရှည်တို့ထဲတွင် မယုံကြည်နိုင်ခြင်း များနှင့်အတူ ဝေခွဲမရနိုင်ခြင်းများစွာ တို့ စွဲကပ်ကျန်ရစ်လျက်ရှိသည် ။

ခက်ထန်ဟာ သူ အမုန်းဆုံး လူသားတစ်ယောက်ကို ကိုယ်စားပြုထားတဲ့ ပုံရိပ်ကို သူ့ အရေပြားပေါ် အသားအနာခံပြီး အမှတ်အသားတစ်ခုအဖြစ် ကျန်ရစ်စေခဲ့တယ် ။

သေသည်အထိ မုန်းတီးသွားဖို့ ၊ အသားထဲအရိုးထဲထိ မုန်းတီးသွားဖို့ သူ့ကိုယ်သူ အမြဲ သတိပေးနေနိုင်ဖို့ ဆောင်ရွက်ခဲ့တဲ့ သတ်မှတ်ချက်တစ်ခုမျိုးလား ။

အဖြေကို ခက်ထန်သာလျှင် သိလိမ့်မည် ။

---------------------

ထည်ဝါလင်းရှိန် ကို အခန်းထဲတွင် ထားခဲ့ကာ အပြင်ဘက်မှ လော့ချပစ်လိုက်သည် ။ အခုဆို ခက်ထန်ဟာ သူ့အခန်းထဲမှာသာ ရန်သူကို နေရာချထားခြင်းဖြစ်၏ ။ နွေးဧကရီကိုလည်း အင်္ဂလန်သို့ ပို့ပစ်ကာ အဝေးသို့ တွန်းထုတ်ခဲ့သည်။
ဂျစ်ကန်ကန်လုပ်နေသည်မို့ အကြမ်းနည်းသုံးကာဖြင့် စီမံလိုက်ရခြင်းပင် ။

နွေးဧကရီ ဆိုတာ ထည်ဝါလင်းရှိန်ကို အဆိပ်ခပ်သတ်ပေးမည်ဟု ပြောခဲ့ဖူးသလို အဆိပ်အကြောင်းလေ့လာနေသည်ကို မြင်ခဲ့ရသည့်အပြင် တခါမှ မီးဖိုချောင် မဝင်ဖူးတဲ့မိန်းမက ကိုကြီးအတွက် သူပဲ ချက်ပြုတ်ပြင်ဆင်ပေးပါရစေ လို့ မသင်္ကာစရာကောင်းလောက်အောင် သရုပ်ဆောင်ပြနေခဲ့သည် ။ အန္တရာယ်ဆိုတာ ကိုယ့်ဆီရောက်မလာအောင် အရင်ဆုံး မောင်းထုတ်ပစ်နိုင်မှ တော်ရာကျမည်မလား ။ နွေးဧကရီဆိုတဲ့ အန္တရာယ်က ကိုယ့်ဆီလာတာမဟုတ်ပေမဲ့ ထည်ဝါလင်းရှိန်ဆီ တည့်တည့် လာနေသည်မို့ ကိုယ်ကသာ ဦးဆောင်ဖြေရှင်းပေးလိုက်ခြင်းဖြစ်၏ ။

ဘာကြောင့်ရယ်လို့တော့ လာမမေးနဲ့ ။ မုန်းလို့ လုပ်ပေးခဲ့တာလို့သာ မှတ်ထားလိုက်ပေါ့ ထည်ဝါလင်းရှိန် ဆိုတဲ့ လူယုတ်မာက သေရင်တောင် ကိုယ့်လက်ချက်နဲ့ပဲ သေသင့်တဲ့ လူပဲ မလား ။

နွေးဧကရီလည်း မရှိတော့သည်မို့ အိမ်ကြီးထဲတွင် သူတို့နှစ်ဦးသာ ကျန်ရှိတော့သည် ။ ထည်ဝါလင်းရှိန်ကို အခန်းထဲ ပိတ်သိမ်းထားကာ အပြင်ဘက်မှ အပြင်အဆင်အားလုံးကို စိတ်တိုင်းကျ ဖန်တီးနေခဲ့ခြင်းဖြစ်သည် ။

မီးဖိုချောင်ထဲ ဝင်ကာ ပလုံစီနေသော အိုးခွက်များကိုကြည့်ရင်း သက်ပြင်းသာ ချလိုက်သည်။ သူ့လက်သူလည်း တချက်ငုံ့ကြည့်မိသေး၏ ။

အမှန်ဆို သူ ကိုယ်တိုင် လုပ်ပေးထားတဲ့ ဆန်ပြုတ်ကို ဝက်စာ နဲ့ နှိုင်းလိုက်ကတည်းက မျက်ခွက်ကို ဖြတ်ရိုက်ပစ်ချင်နေခဲ့တာ ။ သူ့လက်တွေကို မနည်းထိန်းချုပ်လိုက်ရတာ လွယ်ကူတဲ့အရာတော့ မဟုတ်ပေ ။

ချက်ချင်းပင် မှိုင်း ကို ဖုန်းဆက်ခေါ်ပြီးနောက်
ကုမ္ပဏီသို့သွားရန် ပြင်ဆင်ရတော့သည် ။ ထည်ဝါလင်းရှိန်ကို သူ့အခန်းထဲ ထည့်ထားသည်မို့ သူက တခြားအခန်းတစ်ခုသို့ပြောင်းကာ အလုပ်ကိစ္စများကို အေးဆေးစွာ လုပ်ကိုင်ရသည် ။ ဗန်းပြလုပ်ငန်းတစ်ခုကိုလည်း လျစ်လျူရှုထားလို့မဖြစ်။ အခုဆို သူက ကျန်းမာရေးကြောင့် အနားယူသွားတဲ့ ဥက္ကဌဟောင်း ထည်ဝါလင်းရှိန်နေရာတွင် အစားထိုးဝင်ရောက်လာတဲ့ ဥက္ကဌ အသစ်စက်စက်လေးပဲ မဟုတ်လား ။

ရှပ်အင်္ကျီလက်ရှည်ကို ကြယ်သီး တပ်နေချိန်
တံခါးခေါက်သံကြားသောအခါ 'မှိုင်း' ဖြစ်နေမည်ကို အတပ်သိနေသောကြောင့် ဝင်လာဖို့ အမိန့်ပေးလိုက်သည် ။

" အကို... ဘာခိုင်းစရာ ရှိလို့လဲ? "

သူ့ထက် ခေါင်းနှစ်လုံးစာလောက် ပုနေသော မှိုင်း ဘက်သို့လှည့်ကာ လက်ပြခေါ်လျက် အနီးသို့ တိုးစေခဲ့သည် ။

" ဒီ တစ်မြို့လုံးမှာ ရှိတဲ့ အကောင်းဆုံးစားသောက်ဆိုင်က အတော်ဆုံး စာဖိုမှူးကို အိမ်ခေါ်ပြီး ငါးဆန်ပြုတ်ချက်ခိုင်းလိုက်! "

" ဗျာ!  "

မျက်ဝန်းကျဉ်းလေးများကို ပြူးကျယ်သယောင် လုပ်ပြလာသော မှိုင်းကြောင့် ခက်ထန် မျက်မှောင်ကြုတ်လိုက်သည် ။ သူ ခိုင်းတဲ့ကိစ္စက ဘာများ ခက်ခဲနေတာမို့လို့လဲ ။

"မင်း ဘာဖြစ်တာလဲ ရသမှိုင်း!  "

" ဘာမှမဖြစ်ပါဘူး ။ ဘာမှမဖြစ်ဘူး ။ အကို ဘာလုပ်ဖို့ အဲ့လိုခိုင်းတာလဲ ဆိုတာ ကျွန်တော် သေချာ နားမလည်လို့ပါ "

" ငါမွေးထားတဲ့ မြင်းမလေးကို ငါးဆန်ပြုတ်တိုက်ချင်လို့... ငါ ကိုယ်တိုင် လုပ်ပေးတာကို သူက မစားဘူး ။ ဝက်စာ နဲ့ တူတယ်လို့ ပြောတယ်၊ သူက ငါးဆန်ပြုတ်ကြိုက်တယ် ။ ငါ လုပ်ပေးတာ မကောင်းလို့ သူ မစားတာ ငါးဆန်ပြုတ် တစ်ပန်းကန်လုံး သူ ကုန်အောင် စားနိုင်ရင် အဲဒီ စာဖိုမှူးကို တသက်လုံးထိုင်စားလို့ ရအောင်ပါ အသပြာ ဆုချမယ်လို့ပြောလိုက်!  ငါ့မြင်းမလေး ဆေးသောက်ဖို့အတွက် အစာရှိဖို့လိုတယ် "

ခက်ထန်သည် အမိန့်ပေးသံတိုးတိုးလေးဖြင့် ပြောရင်း လက်မှလည်း ဘီးတစ်ချောင်းဖြင့် သူ့ ဆံပင်အညိုရောင်တို့ကို သ, လျက်ရှိသည် ။

" အခုပဲ ပြင်ဆင်လိုက်ပါ့မယ် ။ ဒါနဲ့ အကို က ကျွန်တော့်ကို မစောင့်တော့ဘူးလား ။ ကျွန်တော်က အကို့ ဦးထည် အတွက် အတော်ဆုံးစားဖိုမှူး ရှာရဦးမှာလေ "

" ဒီနေ့က အစည်းအဝေးခဏတက်ရုံပဲ ။ ပြီးရင် ချက်ချင်းပြန်လာခဲ့မှာ၊ ငါ့ မြင်းမလေး နေမကောင်းဘူး ။ သူ့အနားမှာ နေပြီး စိတ်ဒုက္ခလေးနည်းနည်းပေးနိုင်မှ ငါ့တာဝန်ကျေတော့မှာပေါ့ "

အပြုံးချိုချိုလေးဖြင့် အေးစက်စက် စကားများပြောနေသော ခက်ထန်ကို ကြည့်ကာ မှိုင်း ခေါင်းခါလျက် အခန်းထဲမှ ထွက်သွားတော့သည်။

စိတ်ဒုက္ခလည်းပေးဦးမည် ။ အစာမဝင်မှာလည်း စိုးရိမ်သည် ။ သူ့ဆရာက ဘာဖြစ်ချင်နေတာများလဲဟု တွေးလျက်ဖြင့်ပင် အတော်ဆုံးစားဖိုမှူးကို ရှာရန် ကြိုးစားရတော့မည်။

ခက်ထန်သည် အလုပ်အတွက် လိုအပ်သော နှစ်ချုပ်စာရင်းများ ၊ စာရွက်စာတမ်းများကို စုစည်းကာ
အနာဂတ်တွင် သူ ဦးဆောင်ရတော့မည့် တော်ဝင် လုပ်ငန်းစုကြီးတစ်ခုလုံးကို ကိုင်တွယ်ရန် ကြံရွယ်နေလေ၏ ။ စားပွဲပေါ်မှ အဝါရောင်သန်းနေသော နွမ်းချိချိ စက္ကူလေးကိုတွေ့လိုက်သည့်အခါ လက်ထဲတွင် စုတ်ချေပစ်လိုက်သည် ။ သူ့အဖေနဲ့ ထည်ဝါလင်းရှိန် တို့ရဲ့ ညစ်ပတ်လှသော ဆက်ဆံရေးတစ်ခုသည် ဒီစက္ကူလေးပေါ်တွင် ညစ်ထေးစွာ စက်စုပ်ဖွယ်ကောင်းလွန်းနေ၏ ။

သူ ထည်ဝါလင်းရှိန်အပေါ် ယုတ်မာချင်သည် ။ ဒီ့်ထက်ပိုပြီး ယုတ်မာချင်သည် ။ ရက်စက်ချင်သည် ။ ဒါပေမဲ့ လူယုတ်မာရှေ့ရောက်တိုင်း မှိုင်းညှို့ညှို့မျက်ဝန်းရှည်တို့နဲ့ ဆုံစည်းလိုက်တိုင်း ကလေးဆန်သော အပြုအမူများဖြင့်သာ အဆုံးသတ်သွားခဲ့ရမြဲဖြစ်၏ ။ သူက ဒီလူ့ကို လိင်ကျွန်ရုံသို့ ပို့ပစ်လိုက်ချင်သည် ။ ပို့ပစ်ဖို့လည်း အမြဲတွေးခဲ့ဖူး၏ ။ တကယ်တမ်းကျတော့ မဟာနေသွေး ကြည့်ရင်တောင် အသည်းနှလုံးတို့ပေါက်ထွက်မတတ် အသွေးအသားတို့ ပူပြင်းလောင်မြိုက်လာရ၏ ။ ဘာကြောင့်ရယ်ဟု အဖြေရှာလေတိုင်း သူ ကိုယ်တိုင်သာ နာကျင်အောင် ပြုလိုက်ချင်သောကြောင့်သာ ဖြစ်ပေလိမ့်မည် ။

ဒါနဲ့များ သူ့ အကြိုက်တွေကို မမှတ်ထားပါဘဲ ဦးနှောက်က မှတ်မိနေပြန်သည် ။ ဒါနဲ့များ သူ့လိုလူအတွက် ကိုယ်တိုင်တောင် ချက်ပြုတ်ပေးခဲ့မိသေး၏ ။

လက်ထဲမှ စက္ကူလေးသည် တစစီ အပိုင်းအစတို့ဖြစ်လို့သွားခဲ့ပြီ ။ အဖေကရော ဘာလို့ရက်စက်ရတာလဲ ။ ဟိုလူကရော ဘာလို့ ဒီလောက် ကောက်ကျစ်ရတာလဲ ။ ဒါဆို သူကရော? ဘာလို့များ ဒီလူ နာကျင်လောက်စေအောင် မစွမ်းဆောင်နိုင်သေးတာများလဲ?

--------------------------

စိတ်မပါသော်လည်း ဥက္ကဌထိုင်ခုံပေါ်တွင် ထည်ဝါလင်းရှိန်၏ တောက်ပနေမှုတို့ကို မမြင်လိုတော့ပေ ။ ဒီလို ကုမ္ပဏီအလုပ်တို့ကို စိတ်မဝင်စားသော်လည်း သူဟာ ဘက်စုံထူးချွန်သူတစ်ဦးဖြစ်ကြောင်း အိမ်က ဘိုးတော်ကို ပြချင်သေးသည် ။

ဘုတ်အဖွဲ့၏ ကြိုတင်သိမြင်နေမှု ၊ ရှယ်ယာရှင်များ၏ ခေါင်းတညိမ့်ညိမ့် လှိုက်လှဲစွာ ကြိုဆိုမှုများကြားတွင် အနေခက်လွန်းလှ၏ ။ တကယ်ဆို သူတို့ နှုတ်က ဒီလောက်ထိ တိတ်ဆိတ်လွန်းစရာမှ မလိုအပ်ဘဲ...။

" အစကတည်းက ကိုထည်ဝါက ဥက္ကဌနေရာကို ထိန်းပေးထားရုံပါပဲ၊ ဒီကုမ္ပဏီရဲ့ ရှယ်ယာအများဆုံးပိုင်ရှင်က ဟောဒီ့်က မောင်တော်ဝင်မင်းခက်ထန် ပါပဲ ။ မောင်ရင် အရွယ်မရောက်သေးလို့ မောင်ရင့်အဖေက ထိန်းပေးထားတဲ့ သဘောပါပဲ ။ အချိန်တန်တော့ သူ့သားကို ပေးလိုက်တာပဲပေါ့ "

ဥက္ကဌထိုင်ခုံကို ထိန်းပေးခဲ့တယ် ။ အဖေ?

မွေးစားအဖေနဲ့ မွေးစားသားလေး ဇာတ်လမ်းပါ ဖန်တီးထားခဲ့၏ ။

ထည်ဝါလင်းရှိန်၏ အရည်အချင်းတို့က လိုအပ်သည်ထက်ပင် ပို၍ သာလွန်နေခဲ့လေပြီ ။ သူ ဆင်ထားသော ဇာတ်လမ်းတစ်ပုဒ်၌ ဇာတ်လိုက်တစ်ဦးဖြစ်စေရန်အတွက် အချိန်မှီ မျက်နှာဖုံးလေး တပ်ဆင်နိုင်ရန် အပြုံးတုတစ်ခုကိုသာ ဖန်တီးလျက် တည်ငြိမ်စွာ ခေါင်းလေးငြိမ့်ပြလိုက်၏ ။

"ကိုထည်ဝါနဲ့ မောင်ရင်က သားအဖမှန်း သိပ်မကြာသေးခင်က ကိုထည်ဝါ ပြောမှ သိရတယ်။
သူ နေမကောင်းမဖြစ်ခင်ကတည်းက သူ့သားကို ကူညီစောင့်ရှောက်ပေးဖို့ အကူအညီတောင်းခဲ့သေးတယ် ။ အဲ့တုန်းက မောင်တော်ဝင် ကို ဥက္ကဌနေရာမှာ ထားမဲ့ကိစ္စကို ကန့်ကွက်ကြတဲ့ ဘုတ်အဖွဲ့ဝင်တွေ ရှိခဲ့ပေမဲ့ ကိုထည်ဝါ က အံ့ဩစရာကောင်းလောက်အောင် အချိန်ခဏလေးနဲ့ ဖြေရှင်းနိုင်သွားတယ် ။ သူ အနားယူချင်ပြီလည်း ပြောပါသေးတယ် "

လေထုထဲတွင် အေးစက်တည်ငြိမ်နေသော အသံဩရှရှလေး ဝဲပျံလာခဲ့သည် ။

" ကျွန်တော့်ကို ကြိုဆိုကြတဲ့အတွက် ဒီက လူကြီးမင်းတို့ကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်ကိုယ်တိုင်ကလည်း ဒီအလုပ်တွေနဲ့ မစိမ်းသက်တဲ့အတွက် တော်ဝင် လုပ်ငန်းစုကြီးတစ်ခုလုံးကို ကောင်းမွန်စွာ ကိုင်တွယ်ဦးဆောင်သွားနိုင်လိမ့်မယ်လို့လည်း ယုံကြည်ပါတယ် ။ ဒီက လူကြီးမင်းတို့အနေနဲ့လည်း ကျွန်တော့်ကို ယုံကြည်ပေးနိုင်လိမ့်မယ်လို့လည်း မျှော်လင့်ပါတယ် ။ "

တည်ငြိမ်ရင့်ကျက်ခြင်း အသွင်သို့ ဆောင်နေသော ဩဇာအာဏာ အားပြင်းလွန်းသည့် လူငယ်လေးတစ်ယောက်ကို အခန်းထဲရှိ လူများအားလုံးက လက်ခုပ်ဩဘာပေးကာ အပြုံးပန်းတို့ဖြင့် ကြိုဆိုကြသည် ။

အသက်ကြီးကြီး အမှုဆောင် ဒါရိုက်တာချုပ် ဆိုသူကလည်း ဝင်ပြော၏ ။

" ကျွန်တော်တို့အနေနဲ့ မောင်တော်ဝင် ကို ယုံကြည်ပြီးသားပါ ။ ဘာလို့ဆို မောင်တော်ဝင်ဆိုတာ ကိုထည်ဝါ့ သားမှန်း မသိခင်ကတည်းက ကုမ္ပဏီရဲ့ စည်းကမ်းထိန်းသိမ်းရေး နဲ့ စတော့ရှယ်ယာဈေးကွက်ကို ကစားပြသွားကတည်းက  ကျုပ်တို့အားလုံး ချီးကျူးခဲ့ရတဲ့ လူငယ်တစ်ဦးပါ ။
ဥက္ကဌရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ်လို့ပဲ သိထားပေမဲ့ ဒီနှစ်တွေအတွင်းမှာ ကုမ္ပဏီရဲ့ ငွေကြေးစီးဆင်းမှု ၊ အရည်အချင်းရှိတဲ့ ဝန်ထမ်းတွေရဲ့ အရည်အသွေးအားလုံး ပေါ်ထွက်လာအောင် ၊ ဝန်ထမ်းဦးရေ လိုတိုးပိုလျှော့ လုပ်ပြီး စီမံခန့်ခွဲမှုပိုင်းကို ကောင်း‌ေကာင်းကိုင်တွယ်သွားနိုင်ခဲ့တာ ၊စွမ်းဆောင်နိုင်ခဲ့တာ ပါပဲ ။ ဥက္ကဌ က အရည်အချင်းရှိတဲ့ သား တစ်ယောက်ကို ပိုင်ဆိုင်ထားခဲ့တာပဲ "

လွန်ကျူးလာသော ချီးမွမ်းသံများက ခက်ထန်ကို အနေရခက်စေလာ၏ ။

" ကိုထည်ဝါ တို့်ကတော့ လျှိုတယ်ဟေ့... သူ့သားကို အနီးကပ် သင်တန်းပို့ချသွားတာပဲဟ၊
ဒါကိုတောင် သူ အနားယူခါနီးမှ မောင်တော်ဝင်မင်းခက်ထန်ဆိုတာ သူ့ကလေးပါဆိုပြီး ပြောချသွားတာ သူ့သား အရည်အချင်းကို အပြည့်အ၀ ယုံကြည်လို့ရကြောင်းပါ ထောက်ခံသွားပါသေး... တကယ့်လူပါဗျာ "

သူ့ကလေး တဲ့လား ။ ဒီအဘိုးကြီး! 

" ဒါနဲ့ ကိုထည်ဝါ နဲ့ က ဘယ်လို သားအဖ...
ဟို... အသက်အရွယ်ကြောင့်လေ "

သူတို့တော်စပ်မှုကို ဇဝေဇဝါ ဖြစ်နေသော လူတစ်ယောက်၏ မေးခွန်းကြောင့် ကျန်လူများကပါ စိတ်ဝင်တစား နားစွင့်နေကြ၏ ။ ဟုတ်သည်လေ၊ သားဖ တော်စပ်သူတို့၏ အသက်အရွယ်က ပြန်စဉ်းစားစရာ ဖြစ်လို့နေလေပြီ ။

" မွေးစားသားပါ ။ သူနဲ့ ကျွန်တော် ၁၀နှစ်ပဲ ကွာပါတယ် ။ အားလုံးသိအောင် ပြောရရင်တော့...
"

သူ့စကားကို စိတ်ဝင်စားစွာ အာရုံစိုက်လာသော ဝတ်ကောင်းစားလှဖြင့် လူကြီးလူကောင်းများသည်
နားရွက်များ တင်းကားလာသည်အထိ နားစွင့်နေကြဟန်တူသည် ။ ခက်ထန်သည် ဥက္ကဌထိုင်ခုံပေါ်တွင် ခါးမတ်မတ်ထိုင်လျက်
လက်ချောင်းသွယ်သွယ်လေးများက မှန်စားပွဲပေါ်တွင် တတောက်တောက်ဖြင့် လှပစွာ လှုပ်ရှားလို့နေသည်။
ပါးချိုင့်လေးများ ခွက်ဝင်သွားသည်အထိ အပြုံးလေးတစ်ပွင့် ဖန်ဆင်းလိုက်ကာ သူ ဆက်ပြောလာခဲ့သည် ။

" တော်ဝင်လုပ်ငန်းစုဆိုတာ ကျွန်တော့်ဘိုးဘွားပိုင် လုပ်ငန်းတစ်ခုပါ ။ လူကြီးမင်းတို့ရှေ့မှာ နှစ်ပေါင်းများစွာ မျက်နှာပြောင်တိုက် အုပ်ချုပ်ခဲ့တဲ့ ဥက္ကဌဟောင်း ထည်ဝါလင်းရှိန်က ကျွန်တော့် အမေဖြစ်သူကို သတ်ပြီး ဒီလုပ်ငန်းကို လွှဲပြောင်းယူခဲ့တာပါ ။ ကျွန်တော်က မတတ်သာတဲ့အဆုံးမို့ မွေးစားလိုက်ရတဲ့ ကလေးပါ "

ပါးစပ်အဝိုင်းသားများဖြင့် ဟင်ခနဲ ဟာခနဲ အရုပ်ကြိုးပျက်ဖြစ်သွားကြသော လူကြီးများသည် အချင်းချင်း တွတ်ထိုးကာ အတင်းအဖျင်းတို့၏ အစကို ဦးတည်နေလျက်ရှိကြ၏ ။

" နေပါဦး၊ လုပ်ငန်းတစ်ခုကို လွှဲပြောင်းယူဖို့ဆိုတာ လွယ်တဲ့အရာမှ မဟုတ်ဘဲ... လူပါ သတ်တယ်ဆို ထောင်ကျဘာလို့ မကျရတာလဲ? ဒါ ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်ဘူးလို့ ကျွန်တော် ထင်တယ် "

ထိုစကားပြောလာသူသည် မျက်မှန်ကိုင်းကို ပင့်တင်လျက် ထည်ဝါလင်းရှိန်ဘက်မှ ရပ်တည်ပေးနေ၏။ ကျန်လူများမှာတော့ တီးတိုးစကားများဖြင့်သာ ဥက္ကဌအသစ်လေး၏ စကားကို နားစွင့်နေကြ၏ ။

" လုပ်ငန်းကို လွှဲပြောင်းယူဖို့ဆိုတာ လွယ်တဲ့အရာ မဟုတ်ဘူး ။ ဒါ သိပ်မှန်တာပေါ့... အခုလို လွယ်လွယ်လေး ယူနိုင်ခဲ့တာ အရမ်းတော်တဲ့ ထည်ဝါလင်းရှိန်ဟာ ကျွန်တော့် အဖေရဲ့ အငယ်အနှောင်းဖြစ်နေလို့ပါပဲ ။ ပြောရမယ်ဆိုရင် ကျွန်တော့် ပထွေးလို့ ပြောရမလား ။ မိထွေးလို့ ပြောရမလား ။ ဂေး အငယ်အနှောင်း တစ်ယောက်ကို ဘယ်လို နာမည်တပ်လို့ရမလဲ ။ လူသတ်ပြီး ထောင်မကျရတဲ့အကြောင်းလေးကတော့ သတ်သေမရှိလို့ပေါ့... အမှုကလည်း ပိတ်သွားပြီဆိုတော့ ထည်ဝါလင်းရှိန်က လွတ်မြောက်တဲ့လမ်းကို ရောက်သွားပါပြီ "

" ဒါဆို မောင်တော်ဝင် ကိုပါ သတ်ခဲ့လို့ရတာပဲ ။ ဘာလို့ မွေးစားရမှာလဲ? သူ သတ်ခဲ့တဲ့ သူရဲ့ သားကိုမှလေ... "

" လွယ်လွယ်လေးပါဗျာ ကျွန်တော့် အဖေဆီက အချစ်တွေကြောင့်ပေါ့"

ရုတ်ရုတ်သဲသဲ ဖြစ်သွားသော လူအုပ်ကြီးသည်
စိတ်ပျက်ခြင်းတို့်ကို ပေါ်ပေါ်ထင်ထင် ဖော်ပြနေသော မျက်နှာထားများဖြင့် လွန်စွာမှ ကြည့်ကောင်းလွန်းလှပေသည် ။

သူ့တွင် လမ်းနှစ်ခုရှိ၏ ။ အတွင်းရေး အရှုပ်တော်ပုံတွေကြောင့် လုပ်ငန်းထိခိုက်ရမည်ဆို အထိခိုက်ခံလိုက်မည် ။ ထည်ဝါလင်းရှိန် ရဲ့ နှစ်ပေါင်းများစွာ ကြိုးစားမှုများကို တခဏလေးအတွင်း ဖျက်စီးပစ်နိုင်လိမ့်မည် ။

ဒုတိယအနေဖြင့် လုပ်ငန်းဆက်လက်တည်မြဲနေမည်ဆိုပါက ထည်ဝါလင်းရှိန် အုပ်ချုပ်ခဲ့စဉ်ကထက် အဆပေါင်းများစွာ သာအောင် သူက လုပ်ပြလိမ့်ဦးမည် ။ ထည်ဝါလင်းရှိန် လုပ်ငန်းတိုးချဲ့မှုကြောင့် ကနေဒါ လိုက်နေခဲ့ရစဉ်က နိုင်ငံခြားထိ တက်ယူထားခဲ့တဲ့ စီးပွားရေး ဒီပလိုမာဘွဲ့တွေက ဘာလုပ်ဖို့ ထား, ထားတာ မို့လဲ။

"မီဒီယာတွေထိ ပေါက်ကြားကုန်ရင် ဘယ်လိုလုပ်ကြမတုန်း! ကုမ္ပဏီပုံရိပ်အတွက် အများကြီး ထိခိုက်နိုင်တယ် "

" မစိုးရိမ်ပါနဲ့ ကုမ္ပဏီပုံရိပ်ကို ထိခိုက်အောင်လုပ်တဲ့ ဥက္ကဌဟောင်းမှ မရှိတော့တာဘဲ... ကျွန်တော် ဒီအကြောင်းတွေ ပြောတယ်ဆိုတာ ထည်ဝါလင်းရှိန်အပေါ် ဘယ်လို အာဃာတမျိုးမှ ရှိလို့မဟုတ်ပါဘူး ။ ရှေ့ဆက်ပြီး တော်ဝင်လုပ်ငန်းစုကြီး တိုးတက်အောင် အတူတူ လက်တွဲဆောင်ရွက်သွားရမဲ့ ဟောဒီ့က လူကြီးမင်းတို့ကို မိသားစုဝင်တစ်ဦးလို သဘောထားလို့ အားလုံးပေးသိထားစေချင်ရုံပါပဲ ဒီလောက်ပါပဲ ဗျာ!  ပြီးတော့ ကုမ္ပဏီထဲက ထည်ဝါလင်းရှိန်ရဲ့ ရှယ်ယာတွေကိုလည်း မေ့ထားလို့မှမရတာဘဲ ဟင်း... "

" မောင်တော်ဝင့် စိတ်ဓာတ်ကို လေးစားရပါတယ်၊ ကျုပ်တို့ကို မိသားစုဝင်အဖြစ် သဘောထားပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ ကျုပ်တို့အနေနဲ့ကလည်း ကိုထည်ဝါ့ ကို အထင်ကြီးလေးစားမိတာတော့ အမှန်ပါဘဲ... ဘာပဲဖြစ်ဖြစ်ပါဗျာကျုပ်တို့က ပုဂ္ဂိုလ်ရေးထက် စီးပွားရေး တိုးတက်ဖို့သာ အဓိကမို့ အရည်အချင်းရှိပြီးသား မောင်တော်ဝင့် ကို ရာနှုန်းပြည့် ထောက်ခံပြီးသားပါ ။ "

" ဟုတ်ပါတယ် ။ ကျုပ်လည်း အတူတူပါပဲ...
ဒါပေမဲ့ ကိုထည်ဝါ  ကတော့ တကယ် အံ့ဩစရာပဲ ဗျ သူ ကိုယ်တိုင် ကြည်ကြည်ဖြူဖြူ လွှဲအပ်ခဲ့တာ ဆိုတော့လေ "

" လူတိုင်းရဲ့ မျက်နှာဖုံးကတော့ ကြောက်ဖို့အကောင်းသားပေါ့ဗျာ... ကျွန်တော့် လူကြီးမင်းတွေလည်း တချို့လူတွေရဲ့ မာယာအောက် ခဏရောက်သွားခဲ့တယ် ထင်ပါရဲ့ လုပ်ဆောင်ချက်တစ်ခုစီတိုင်းက ဦးတည်ချက်တစ်ခုရှိတတ်စမြဲ ဆိုရင်တောင် အဲဒီ ဦးတည်ချက်ကို ကာယကံရှင်ထက် ဘယ်သူမှ ပိုမသိနိုင်ပါဘူး "

ခေါင်းတညိမ့်ညိမ့်ဖြင့် ဘေးချင်းကပ်လျက် ရှိနေကြသော ထိုလူများသည် အချင်းချင်း တီးတိုးစကားသံများ,  များလွန်းလာသည့်အတွက် အစည်းအဝေးခန်းမကြီးသည် တိတ်ဆိတ်ခြင်းတို့ ကင်းမဲ့သွားရ၏ ။ မတိုးတတိုးလေး ကြားလိုက်ရသည်က...

# ကိုထည်ဝါက ဒီလိုလူမျိုးမှန်း နောက်ကျမှ သိလိုက်ရတာဘဲ "

# ဒီလို လူမျိုးကို အချိန်အကြာကြီး လေးစားမိသွားတာလား "

# ဘာသက်သေများရှိလို့ စွပ်စွဲပြောဆိုနေရတာလဲ "

# သက်သေက ဥက္ကဌအသစ်ရဲ့ စကားပဲလေဗျာ... အဓိက ,က ကျုပ်တို့ရဲ့ ရပ်တည်မှုက အားကြီးတဲ့ဘက် ဖြစ်နေဖို့လည်း လိုတယ် "

# ဟုတ်တယ်... မောင်တော်ဝင် ခေတ် မှာတော့ ကျုပ်တို့ရဲ့ ယုံကြည်မှုက မောင်တော်ဝင်ပဲပေါ့... ရောမရောက်ရင် ရောမလို ကျင့်ရမှာပဲ "

# ကျုပ်တော့ဖြင့် ကိုထည်ဝါ က ခုလို မြန်မြန်ဆင်းသွားတာ အကြောင်းအရင်းတစ်ခုခုတော့ရှိမယ်ထင်တယ် "

# သိပ်သေချာတာပေါ့... မောင်တော်ဝင် အားကောင်းလာတဲ့အချိန်
သူ ,မထိန်းချုပ်နိုင်တော့လို့ တဖက်လှည့်နဲ့ သူတော်ကောင်းပုံစံ လုပ်သွားတာ ထင်တယ်"

# ဒီလူက သိပ်ကို ဉာဏ်များတယ် "

ခက်ထန်သည် အေးစက်စက် အပြုံးတစ်ခုကိုဖန်တီးရင်း သဘောကျလွန်းလို့ ရင်ထဲမှာ ရေလှိုင်းလုံးကြီး လိမ့်တက်လာသည်ဟုတောင် သူ ခံစားနေမိသည် ။
ကြိုတင်ပြင်ဆင်ထားမှုမရှိသော ရိုက်ချက်ပြင်းပြင်းတစ်ချက်သည် တစ်ယောက်သောသူ၏ ဂုဏ်သိက္ခာလေး ယိုင်နဲ့သွားစေလောက်မည်ဆိုလျှင်တောင် ဝမ်းမြောက်စွာ ကျေနပ်အားရမိပါ၏ ။

သူ့ ရင်ထဲက ပြောလိုက်သည်မှာ...

" ဒါ အစပဲ ရှိပါသေးတယ် ကျွန်တော့်ရဲ့ဦးထည်...အရမ်းတော့ မနာကျင်လိုက်ပါနဲ့ဦး "

Unicode version

Continue Reading

You'll Also Like

318K 19K 59
•ប្រភេទរឿងមនុស្សប្រុសអាចពពោះបាន
241K 24.1K 187
( Unicode Ver) သူမသည် ယခင်ဘဝက ရုပ်ပျက်ဆင်းပျက်ဖြစ်ပြီး သူမ၏ မိခင်သည် မတရားသဖြင့်သေဆုံးသွားခဲ့သည် ။ အဆိပ်ဝိုင်တစ်ခွက်က သူမကိုသတ်ဖို့မလုံလောက်တော့ တောက...
225K 16.7K 27
စကြဝဠာကြီးရဲ့ထောင့်တနေရာမှာ ကျွန်မအတွက်အချစ်တွေရှိနေမလား သံသရာကြီးရဲ့အစွန်းတဖက်မှာ ကျွန်မအတွက်အနွေးဓာတ်တွေများရပ်စောင့်နေမလား ကျွန်မလေ..ဘယ်နေရာဖြစ်ဖြ...
60.7K 4.8K 98
စာစဉ်မိတ်ဆက် လင်းဖန်သည် နတ်ဘုရားအဆင့် အလွန်ချမ်းသာကြွယ်ဝ‌သော ဘဝလမ်းကြောင်းပေါ်သို့ ပို့ဆောင်ပေးသည့် အကောင့်ဝင်ခြင်းစနစ်ကို ရရှိခဲ့သည်။ သူသည် အချက်အပြ...