After We Broke Up [ COMPLEDED...

De Misaki_CB

42.9K 6.1K 770

In the end I'll always come running back to you, not because I'm weak but because I'm fell in love with you. ... Mais

[1]
[2]
[3]
[4]
[5]
[6]
[7]
[8]
[10]
[11]
[12]
[13]
[14]
[ Ending ]
[ Extra ]

[9]

2.2K 370 49
De Misaki_CB

( Unicode )

" ဦးလေးအိမ်သွားပါဆို ဘယ်သဝေထိုးနေပြန်တာလဲ "

ဖေဖေ့ရဲ့အော်သံပြင်းတာကြောင့် ချန်းယောလ် ဖုန်းကိုနားရွက်နှင့်ခွါရင်း နှာခေါင်းရူံ့မိ သည်။

" သားကိစ္စလေးရှိလို့ပါ "

" အေးရှိလည်း မင်းဦးလေးကိုအကျိုးအ ကြောင်းလှမ်းပြောသင့်တယ် မထင်ဘူးလား၊ဟိုမှာမင်းစားဖို့ထမင်းတွေချက်ပြီးစောင့်နေကြတာ .. အားနာစရာတွေဖြစ်ကုန်ပြီ "

" သားဖုန်းဆက်ပြောလိုက်ပါ့မယ် "

" နေပါဦး၊ မင်းကဘာကိစ္စတွေရှိနေလို့ဖုန်းဆက်ပြောဖို့တောင် မေ့နေရတာလဲ "

ချန်းယောလ်ဖုန်းပြောနေရင်း အနောက်ပါးမှာ ရေဘဝဲလုံးကြော်ထိုင်စားနေတဲ့ ဘတ်ခ်ဟျွန်းရှိရာဖက်ကိုမျက်နှာမူလိုက်ပြီး။

" သားရဲ့ နှလုံးသားရေးရာကိစ္စတချို့ရှိနေလို့ပါ ဖေဖေရဲ့ "

" စကားပြောရင် ရွှတ်နောက်နောက်နဲ့မပြောရဘူးလို့ ဖေဖေသားကိုပြောထားတယ်လေ၊ဒါ ဆိုခုဘယ်မှာလဲ "

" ဘူချွန်းမှာ "

တဖက်က ဖေဖေ့၏အံ့သြတကြီးဖြစ်သွားတဲ့အသံကြီးကိုတလုံးတခဲကြားရပြန်သည်။

" မနက်ဖြန် မင်းဟိုကိုသွားရတော့မှာလေ၊အဲ့လောက်အဝေးကြီးဘာသွားလုပ်နေတာလဲ၊လည်ပတ်ပြီးရင်လည်းပြန်လာခဲ့တော့ "

" သွားမဲ့အချိန်အမှီပြန်လာရင်ရတယ်မလား၊ ကျွန်တော် အေးအေးဆေးဆေးလေးနေပါရစေဦး "

" ဒါဆိုလည်းပြီးတာပဲ "

ဖုန်းချသွားသည်နှင့် ချန်းယောလ်အုတ်ခုံပေါ်တက်ထိုင်ရင်း ရှဥ့်ညိုလေးလိုရေဘဝဲလုံးကျော်တွေအားပါးတရစားနေတဲ့ပါးဖောင်းဖောင်းနှင့်ကောင်လေးကိုမေးထောက်ကြည့်လိုက်သည်။

ပြန်ရလိုင်တာကတော့ စားနေတာကိုလိုက်မ နှောက်ယှက်နဲ့ဆိုသည့် အကြည့်စူးစူးလေးတချက်သာ။

" အဲ့လိုကြီးမကြည့်နဲ့လေ၊ ငါစားရခက်တယ် ချန်းယောလ်ရဲ့ .. ဟိုဖက်လှည့်နေ "

အဆီတဝင်းဝင်းဖြစ်နေသော နှုတ်ခမ်းလွှာက နေ မိန့်ခွန်းခြွေလိုက်တဲ့လေသံတို့ကစောနက ဆေးရုံဝင်းရှေ့မှာပြောခဲ့တဲ့လေသံနှင့်ဆယ့် နှစ်ခြားစီပါပဲ။ အပြောင်းအလဲမြန်သွားရုံသာမက အကြည့်တို့ကပါ အရင်လိုအရင်ပုံစံအ တိုင်းပြန်ဖြစ်ချင်နေသည်။

" မနက်ဖြန်မှပြန်လို့ ခင်ဗျားပြောခဲ့တယ်နော် ဘာလဲ .. ကျွန်တော့်ကိုထပ်တွေ့ချင်သေးလို့မ
လား "

" မဟုတ်ပါဘူး "

ချန်းယောလ်အလိုမကျစွာမျက်မှောင်ကျုံ့မိ ၏။ ပြန်ဖြေသံက ဘောက်ဆက်ဆက်ဖြင့်အ ချိုးမပြေချင်။ ချန်းယောလ်မေးခွန်းကိုဟန် ဆောင်ပြီးဖြေပေးရင်တောင် ဒီကကောင်က ကျေနပ်နေဦးမှာကို၊ အခုတော့ ရေဘဝဲလုံးကြော်လည်း ဝယ်ကျွေးရသေးတယ်။ပ,စား ပေးခံရလားဆိုတော့ နိူး။

" ဒါဆိုဘာလို့ မနက်ဖြန်မှပြန်လို့ပြောတာလဲ၊ မျက်နှာက ငိုမဲ့မဲ့လေးနဲ့လေ .. ဒီလိုလေး "

လွန်ခဲ့တဲ့မိနစ်ပိုင်းက ဖြစ်ပျက်သွားခဲ့သောဘတ်ခ်ဟျွန်း၏ပုံစံကို တုပ,ပြီးချန်းယောလ်က ဇာတ်ကြောင်းပြန်လှန်တဲ့အခါမှာတော့ဘတ်ခ်ဟျွန်းတယောက် ရေဘဝဲလုံးနင်သွားရပြီ။

" ညကြီးမိုးချုပ်ကားမောင်းရင် မင်းအဆင်မပြေဖြစ်မှာစိုးလို့ပါ "

" ဒါပဲလား "

" အင်း၊ ဒါပဲလေ "

စက္ကူဗူးထဲက နောက်ဆုံးသော ရေဘဝဲလုံး ကြော်လေးကို နှုတ်ခမ်းမှာခဲထားရင်းခေါင်း ညိတ်ပြရုံရှိသော အာခံတွင်းထဲအပြည့်မဝင် သေးသော ရေဘဝဲလုံးကြော်တဝက်တိတိကို ချန်းယောလ်က ဖျက်ခနဲယူငင်စားသောက်သွားသည်။

ဘတ်ခ်ဟျွန်းမျက်လုံးအဝိုင်းသားလေးဖြစ်သွားပြီး ဘေးပတ်ဝန်းကျင်ဆီသို့မသိမသာ ခေါင်းလှည့်ကြည့်မိတော့ အားလုံးဟာသူ့အာ ရုံနဲ့သူမို့ ဘတ်ခ်ဟျွန်းတို့၏လျှပ်တပျက်ရိုက် ချက်ကိုမမြင်သွားကြတာ ကံကောင်းသည်ဟုဆိုရပေမည်။

" စားကောင်းသားပဲ .. အဲ့ဒါကြောင့်ခင်ဗျားက ခေါင်းမဖော်တမ်းကြိတ်နေတာကိုး။ ကျွန်တော့်တောင် စားပါဦးမခေါ်ဘူး "

" အဲ့အသည်လာကတည်းက မင်းကိုစားမလားမေးတယ်လေ၊ မင်းပဲစားချင်စိတ်မရှိဘူးဆိုပြီး ပြောခဲ့တယ်လေ "

အဲ့တုန်းကတော့ ဘတ်ခ်ဟျွန်းရဲ့နူးညံ့ချိုသာ တဲ့ စကားလုံးတွေနဲ့ ချန်းယောလ်တယောက် အာဟာရသိဌိတွေပြီးနေခဲ့တာလေ။ ယခုတော့ ကပ်ကပ်လန်အောင်စွာတေးလန်နေတဲ့ ကောင်လေးကြောင့် လွန်ခဲ့တဲ့မိနစ်ပိုင်းကရတဲ့ ပျော်ရွှင်မှုလေးတွေတောင်မြူမှုန်လေးအ ဖြစ်သို့ ပျောက်ကွယ်လုနီးပါးဖြစ်ကုန်ပြီ။

" ဒါနဲ့ မင်းဘယ်မှာအိပ်မလို့လဲ "

" ဟိုတယ်မှာပေါ့၊ ဘာလဲ .. ခင်ဗျားအိမ်မှာပေးအိပ်မလို့လား "

" ပေးအိပ်လည်း တစ်အိမ်လုံးမှာမင်းတစ် ယောက်တည်းပဲရှိမှာ၊ငါကဆေးရုံမှာညစောင့်ပေးရမယ်နဲ့တူတယ် "

" ဒါဖြင့် ကျွန်တော်လည်းဆေးရုံမှာလိုက်အိပ်မယ်လေ၊ မကောင်းဘူးလား "

ဘတ်ခ်ဟျွန်းကကုန်စင်သွားသောစက္ကူဗူးတွေကို ခေါက်ရင်းအမှိုက်သိမ်းရင်းကနေ ခေါင်းခါသည်။

" ငါတို့တောင်ဖြစ်သလိုအိပ်ရမှာ .. မင်းပါအ တူတူနေမယ်ဆို လူနာစောင့်ဖောင်းပွမှုဖြစ်နေလိမ့်မယ် "

" Private ဆေးရုံတက်သင့်တာ .. အဲ့ဒါဆို ကိုယ်ပိုင်အခန်းနဲ့ အေးဆေးနေရတယ် "

" ဖေဖေက ပိုက်ဆံကုန်ကျသက်သာတဲ့နေရာ ပဲတက်ချင်တာလို့ပြောတာလေ "

" ဒါတောင် အရေးပေါ်ကုသဆောင်ဖြစ်နေလို့ နည်းနည်း သပ်သပ်ရပ်ရပ်ဖြစ်နေတာ၊ ရိုးရိုး ကုသဆောင်ဆို ခင်ဗျားတို့ဂျမ်းပိုးစာမိတော့မှာပဲ "

ညနေစောင်းပြီမို့ ဆေးရုံဝင်းအတွင်းမီးမှိန်မှိန်လေးတွေ စတင်ထွန်းလာခဲ့ပြီ။ ပုစွန်ဆီရောင် သမ်းနေတဲ့ကောင်းကင်ကြီးကနေ တဖြည်း ဖြည်းမှောင်စပျိုးတော့မည်။

ဘတ်ခ်ဟျွန်းနှင့်ချန်းယောလ်တို့က အရေးပေါ်ကုသဆောင်၏ အပြင်ဖက်က အုတ်ခုံလေးမှာထိုင်ရင်း သွားရည်စာစားသောက်နေကြခြင်းဖြစ်သည်။

ခဏအကြာမှာတော့ ဘတ်ခ်ဟျွန်း၏အစ်ကို ဖြစ်သူ ကုသဆောင်ထဲကနေထွက်လာပြီးချန်းယောလ်တို့နားရောက်လာသည်။

" ညီ .. မင်းတို့နှစ်ယောက် ညစာသွားဝယ်ပေးမလား .. ဒီဆေးရုံတဝိုက်မှာရောင်းတဲ့ဆိုင်တွေရှိတယ် .. ငါလည်းအိမ်ပြန်ပြီးမချက်ချင်တော့လို့ ဝယ်စားမယ်ကွာ "

" ရတယ်လေ၊ အစ်ကိုကြီးကဘာစားချင်တာလဲ၊ မေမေကရော "

" မေမေကတော့ ခြောက်ခြောက်ခြမ်းခြမ်းဖြစ်တာလေးပဲ စားချင်တယ်တဲ့။ ထမင်းဆီ စမ်းနဲ့ ဆိတ်သားခြောက်ဖုတ်ရောင်းတဲ့ဆိုင်ရှိတယ် .. အဲ့ကဝယ်ခဲ့လိုက်။ ငါ့အတွက်တော့ အာဆင်နယ် ထမင်းကြော်ဝယ်ခဲ့ပေး "

" ဖေဖေကရော "

" ဖေဖေက လောလောဆယ် ပျော့တဲ့အစား အစာပဲစားရမယ်တဲ့၊ နွားနို့နဲ့ ပေါင်မုန့်လေးဖြစ်ဖြစ်ဝယ်လာခဲ့ လိုက် "

​မှာထားတာတွေဝယ်ဖို့ နှစ်ယောက်သားအ ပြင်သို့တဖန်ပြန်ထွက်လာခဲ့ကြသည်။

နေ့ခင်းဖက်တွင် ဆေးရုံပြင်ပအတွင်းစျေးရောင်းချမှုကန့်သတ်ထားသောနေရာလေးဟာ ညမှောင်ရီပျိုးစပြုလာတဲ့အခါမှာတော့ အနံ့တထောင်းထောင်းဖြင့် စည်ကားသိုက် မြိုက်စွာနှင့် အသက်ဝင်လာခဲ့ပြီ။

ထမင်းသုပ်၊ ခေါက်ဆွဲကြော်၊ ထမင်း​ကြော် ကစလို့ နွားနို့၊ပဲနို့၊အဆုံး ရောင်းချနေကြသော ယာယီစျေးဆိုင်တန်းလေးများကိုနှစ်ယောက်သားလိုက်ကြည့်ပြီး တံတွေးကိုအ ကြိမ်ကြိမ်မြိုချနေကြရသည်။

" ခင်ဗျားစားချင်တာရှိလား "

ဘတ်ခ်ဟျွန်းကတောင် သွားရည်စာအဖြစ်ရေဘဝဲလုံးကြော် နှစ်ဘူးတိတိကိုစားထားသေးသည်၊ ချန်းယောလ်မှာတော့ နေ့လယ်က ဘတ်ခ်ဟျွန်းအစ်ကိုနှင့် နည်းနည်းပါးပါး ကစ်ရင်း ထမင်းပေါင်းတစ်ပွဲစားထားတာဆိုတော့ ယခုလိုမွှေးပျံ့တဲ့အနံ့တွေကြားမိမိဗိုက်ထဲ သံစုံတီးဝိုင်းတွေဖြစ်တည်လာသည်။

" မင်းရော ဘာစားမှာလဲ "

ချန်းယောလ်လိုက်ကြည့်နေမိ၏။ စားစရာ တွေစုံလွန်းလို့ ဘာစားရမှန်းကိုမသိသည့်အ ဖြစ်။

" ထမင်းသုပ်စားရအောင် "

ဆေးရုံဝင်းကနေထွက်လာတည်းက ဘတ်ခ် ဟျွန်းလက်ကိုဆုတ်ကိုင်ထားတဲ့လက်တွေ၏ ခေါ်ဆောင်မှုအတိုင်း ထမင်းသုပ်ရနိုင်တဲ့နားကိုသွားလိုက်သည်။

နေရာထိုင်ခင်းမလောက်ငှမှုကြောင့်ပါဆယ် စနစ်ဖြင့်သာဝယ်ယူပြီး မေမေနှင့်အစ်ကိုကြီးမှာတဲ့ အစားအသောက်တွေဝယ်ရင်းဆေးရုံ ဝင်းထဲပြန်ရောက်လာခဲ့သည်။

အရေးပေါ်ဌာနဆောင်၏အပြင်ဖက်မှာလည်း ဖျာတချပ်ခင်းပြီး ညစာစားနေကြတဲ့သူတွေရှိနေ၏။

ဘတ်ခ်ဟျွန်းတို့လည်း စားဖို့ရာအတွက်နေ ရာယူနေတုန်းမှာ မေမေနှင့်အစ်ကိုကြီးကအ ပြင်ထွက်လာခဲ့သည်။

" ချန်းယောလ်ကိုပြန်သွားပြီမှတ်နေတာ "

မေမေက ချန်းယောလ်ကိုတွေ့တာနှင့်အံ့သြ တကြီးမေး၏။

" မနက်ဖြန်မှပြန်မလားလို့၊ ညလည်းမိုးချုပ်နေပြီဆိုတော့ "

" အားနာစရာကြီး၊ အန်တီတို့အိမ်မှာတစ်ညအိပ်လိုက်လေ ... သားဘတ်ခ်ဟျွန်းနဲ့ "

အထုတ်တွေကိုင်ထားတဲ့ ဘတ်ခ်ဟျွန်း၏ လက်တွေ တုန်ယင်လာရပြီး မျက်နှာအမူအ ရာပါပျက်ယွင်းသွားရသည်။ မေမေက သ ဘောရိုးနဲ့ပြောနေတယ်ဆိုပေမယ့် တစ် အိမ်တည်းမှာနှစ်ယောက်တည်းရှိနေရမယ့်ဖြစ်စဥ်က နည်းနည်းတော့ .... ။

" မေမေ သားကဆေးရုံမှာ ညစောင့်ပေးမှာလေ၊ အိမ်ပြန်မအိပ်ဘူး "

" သြော် .. သားရယ်၊ မင်းအစ်ကိုကြီးနဲ့မေမေ ရှိနေတာပဲ၊ အိမ်မှာလူစောင့်မရှိဘူးလေ "

" ဒါပေမယ့် ဖေဖေက "

" သားဖေဖေက သက်သာနေပါပြီ၊မနက်ဖြန် တောင် ရိုးရိုးဆောင်ပြောင်းရတော့မှာကို၊ခုဟာက ဗိုက်မဆာသေးဘူးဆိုလို့ မေမေတို့စားနှင့်မယ်ဆိုပြီး ထွက်လာတာ "

မေမေရဲ့ တရားသေပြောပြနေပုံအရဆိုလျှင် ဘတ်ခ်ဟျွန်းရဲ့ချန်းယောလ်နှင့်ညအတူရှိမနေချင်တဲ့ အစီအစဥ်ကျရူံးရပြီလို့ပြောရတော့မည်။

အားလုံးစားသောက်ပြီးသွားသည့်နောက်မှာတော့ မေမေက ဘတ်ခ်ဟျွန်းကိုအိမ်စောင့်ဖို့ အိမ်ကိုသာပြန်ခိုင်း၏။ ဖေဖေနှင့်စကားစ မြည်ပြောပြီးတာနဲ့ ဘတ်ခ်ဟျွန်းတို့ဆေးရုံက နေထွက်လာခဲ့သည်။

" မင်းဘာသာမင်း ဟိုတယ်မှာသွားအိပ် "

ကားမောင်းနေတဲ့ချန်းယောလ်၏ပုံစံကတည် တည်ငြိမ်ငြိမ်ဖြင့် ဘတ်ခ်ဟျွန်းကိုတချက်သာ လှည့်ကြည့်ပြီးပြုံးနေ၏။

" ချန်းယောလ် .. ငါပြောတာကြားလား "

" ခင်ဗျားကတစ်ယောက်တည်းဖြစ်နေမှာပေါ့ မကြောက်ဘူးလား "

ထိုသို့ပြောတော့ ဘတ်ခ်ဟျွန်းက ကြောက်စရာလားဆိုသည့်ပုံစံနှင့် မျက်နှာလေးဝံ့ချီကာ။

" မင်းရှိနေတာက ပိုကြောက်စရာကောင်းတာ မဟုတ်ဘူးလား "

မထိန်းနိုင်တော့ဘဲ အသံကျယ်ကျယ်ထွက်မိ သည်ထိတိုင် ချန်းယောလ်အော်ရယ်မိသွားသည်။

" စိတ်မကောင်းစရာပဲ၊ ကျွန်တော်မှတ်ပုံတင် ပါမလာဘူး "

" ဘာ "

" ဟုတ်တယ်လေဗျာ၊ မထင်မှတ်ဘဲဒီကိုဗြုန်း စားကြီးရောက်လာတာဆိုတော့ ယူခဲ့ဖို့သတိ ရမလိုက်ဘူး။ ပြီးတော့ မနက်ဖြန်မှပြန်လို့အ ပြောခံရမယ်လို့လည်း မထင်ထားလို့လေ "

" မှတ်ပုံတင်က မင်းဘယ်သွားသွားပိုက်ဆံ အိတ်ထဲထည့်ပြီးယူသွားနေကြလေ၊ မဟုတ် ဘူးလား "

" ဟော .. ကြည့်။ ကျွန်တော့်ကိုမယုံပြန်ဘူး။ ပိုက်ဆံအိတ်စစ်မလား၊ စစ်ကြည့် .. ရော့ "

ချန်းယောလ်ခန္ဓာကိုယ်ကိုရို့ရင်း ဘောင်းဘီ အိတ်ထဲက ခေါက်ပိုက်ဆံအိတ်လေးထုတ်ကာ ဘတ်ခ်ဟျွန်းထံလှမ်းပေးလိုက်သည်။

Gucci တံဆိပ်နဲ့စျေးကြီးကြီးပိုက်ဆံအိတ်ထဲ မှာရှိတာဆိုလို့ Card ရယ်၊ ငွေသားအချို့ရယ်၊ အကြွေစေ့သုံးပြားရယ်နှင့်ကျိုးကြေနေ သောဆေးလိပ်အတိုလေးသာရှိ၏။

ဒီထက်ပိုထူးခြားတာကတော့ ဘတ်ခ်ဟျွန်းရဲ့ ပတ်စ်ပို့ပုံလေး ချန်းယောလ်ပိုက်ဆံအိတ်ထဲပြူးပြူးပြဲပြဲရှိနေတာပါပဲ။

" ဒီပုံကဘာလို့ခုထိရှိနေသေးတာလဲ "

" လွှင့်ပစ်ရင်ကမ္ဘာကြီးညစ်ညမ်းပျက်စီးသွားမှာစိုးလို့ ပတ်ဝန်းကျင်ထိန်းသိမ်းတဲ့အနေနဲ့ ထည့်ထားတာ "

" ပတ်ခ်ချန်းယောလ် "

ဘတ်ခ်ဟျွန်းကိုစ,နောက်ရတာ ပျော်စရာ ကောင်းလိမ့်မယ်လို့ မထင်ထားဘူး။အမြဲလို လို စကားအတည်တကျပြောတတ်တဲ့ချန်းယောလ်က တခါတလေတော့လည်းဘတ်ခ် ဟျွန်းစိတ်ဆိုးသွားအောင် လိုက်စ,ချင်မိ သည်။

ဘတ်ခ်ဟျွန်းမှာတော့ မိမိ၏ရုပ်ဆိုးဆိုးပတ်စ်ပို့ပုံလေးကိုကြည့်ပြီး ချန်းယောလ်ကတယု တယသိမ်းထားတာပဲဆိုတဲ့စိတ်နဲ့တိတ်တခိုးလေးကြည်နူးနေမိသည်။

ရည်းစားမဖြစ်ခင် သူငယ်ချင်းဘဝမှာ ' ငါ့ပုံကြွက်ခြောက်ဖို့ ' ဆိုပြီး ရွဲ့ပေးခဲ့တာလေးကို သွားလေရာသယ်သွားပေးမယ်လို့မထင်ထားခဲ့မိဘူး။

ဓါတ်ပုံကဟောင်းသော်ငြား ဘတ်ခ်ဟျွန်း၏ ရုပ်ဆိုးနေမှုကတော့ ပျယ်လင့်မသွားသေးဘူး။

" ယုံပြီမလား၊ မှတ်ပုံတင်မပါဘူးဆိုတာ "

ဘတ်ခ်ဟျွန်းတစ်ယောက် ဥာဏ်နီဥာဏ်နက် တွေထုတ်ရင်း ချန်းယောလ်သူ့အနားကပ်မလာအောင် မည်သို့မည်ပုံနည်းလမ်းချရင်ကောင်းမလဲဆိုတာကိုသာ တွေးနေမိ၏။

ဒါကိုချန်းယောလ်ကသိသည်။ ငြိမ်ချက် သားကောင်းပြီး ချန်းယောလ်ကိုပင်စကား ပြန်မပြောနိုင်သည်အထိ ဘတ်ခ်ဟျွန်းတစ်ယောက် ဘယ်လိုပြင်ဆင်တော့မလဲဆိုတာကိုကြိုတင်အာရုံရနေသည်။

အတွေးကိုယ်စီနဲ့ အိမ်ရောက်သွားတဲ့အခါမှာတော့ ကားပေါ်ကဆင်းနေတုန်း ဘတ်ခ်ဟျွန်း ဖုန်းဝင်လာလို့ ချန်းယောလ်နှင့်ခပ်လှမ်းလှမ်းကိုထွက်သွားသည်။

" ဘယ်သူ့ဖုန်းမို့လို့ တခြားနေရာကိုထွက်သွားပြောနေရတာလဲ "

ကားတံခါးကိုဆောင့်ပိတ်ရင်း ချန်းယောလ် တယောက် အူနုကျွဲခတ်ဖြစ်ပြီးကျန်ရစ်ခဲ့သည်။ မိနစ်အနည်းငယ်ကြာသည်အထိချန်းယောလ်အနားရောက်မလာနိုင်သေးတဲ့ဘတ်ခ်ဟျွန်းကို ချန်းယောလ်ကိုယ်တိုင်ပင့်မှရတော့မည်။

" မပြီးသေးဘူးလား၊ အပြင်မှာအေးနေပြီ "

ပခုံးကနေဆွဲလှည့်ခံလိုက်ရပြီး မျက်နှာထား တင်းကာ လေသံမာမာနှင့်အော်ခံလိုက်ရတာကြောင့် ဘတ်ခ်ဟျွန်း​ဖုန်းထဲအသံဝင်မှာစိုးပြီး လက်ဖဝါးဖြင့်ကာ,ရင်း။

" ခဏလေးပါ "

" ဘယ်သူကြားမှာစိုးလို့ လေသံတိုးတိုးလေးနဲ့ပြောနေတာလဲ "

ချန်းယောလ်က ပိတ်ဟောက်သည်။ ပုံစံကလည်း ဘတ်ခ်ဟျွန်း၏လှုပ်လီလှုပ်လဲ့ဖြစ်နေတဲ့ အပြုအမူကိုသဘောမကျသည့်မျက်နှာ ထားဖြင့်။

" နောက်မှပြန်ဆက်မယ် ပိုင် "

ပိုင်ဆိုတာနဲ့ ချန်းယောလ်ရဲ့မျက်ခုံးတန်းတွေ ကွေးညွတ်သွားပြီး အလိုမကျမှု​တွေပိုမိုပြင်း ထန်လာရသည်။

" အခုထိ ပိုင်ဆိုတဲ့တစ်ယောက်နဲ့အဆက်အ သွယ်ရှိနေတုန်းပဲပေါ့ "

" ဘာကိုလဲ၊ ပိုင်က ငါတို့ရုံးက ... အခုဟာက အလုပ်ကိစ္စပြောတာ "

" ဒီအချိန်ကြီးက အလုပ်ကိစ္စပြောရမယ့်အချိန်လား "

" ချန်းယောလ် .. ငါ့ကိုမရစ်နဲ့။ ပြီးခဲ့တဲ့ Project ကအဆင်ပြေတယ်ဆိုတာ Client ဖက်ကပြောလို့ လှမ်းအကြောင်းကြားပေးတာပဲရှိတာ "

" နေစမ်းပါဦး၊ ဘာ Project မလို့လဲ "

ဒုက္ခပဲ။ ဘယ်လိုဖြေရမလဲ။

" ဘာတွေအူကြောင်ကြောင်လုပ်နေတာလဲ၊ ခင်ဗျားကိုမေးနေတယ်လေ "

ခါးထောက်ပြီးမေးနေတဲ့ချန်းယောလ်၏လေ သံကြောင့် ဘတ်ခ်ဟျွန်းတစ်ယောက်ခြေမကိုင်မိ၊လက်မကိုင်မိဖြစ်ပြီး ဟိုကြည့်၊ဒီကြည့်လုပ်နေမိသည်။

" ပြောလည်း မင်းသိမှာမဟုတ်ဘူး "

" ဗြောင်ဘတ်ခ်ဟျွန်း၊ အမှန်တိုင်းမပြောရင် ပြဿနာပိုဆိုးသွားမယ်နော် "

" Cu .. Cum .. Cum To Me Brand "

" ဘာလဲ အဲ့တာက "

" ကျန်းမာရေးပစ္စည်းပါ .. အေးလာပြီ၊ အထဲ ဝင်ရအောင် "

" ခဏလေး "

ထွက်သွားမည့် ဘတ်ခ်ဟျွန်း၏လက်မောင်း တဖက်ဆွဲထားပြီး ပခုံးနှစ်ဖက်ကိုဆုတ်ကိုင်ထားတာကြောင့် ဘတ်ခ်ဟျွန်းမှာ အသနားခံသော မျက်ဝန်းငယ်လေးတွေဖြင့်သာမော့ပြီးကြည့်ဖို့ရာသာတတ်နိုင်၏။

" ကျန်းမာရေးပစ္စည်းဆိုတာ ဟိုတစ်ပတ်က ကျွန်တော်ယူသွားတဲ့ ဟိုဟာ တွေလား "

" အင်း "

ချန်းယောလ်ရဲ့မျက်လုံးတွေအဆမတန်ပြူးသွားခဲ့ရသည်။ ဒီလိုပစ္စည်းကို ပိုင်ဆိုတဲ့သူနဲ့ အတူတူတွဲလုပ်တယ်ဆိုတဲ့သဘောလား။

" ချန်းယောလ်၊ မင်းငါ့ကိုအထင်လွဲတော့မယ်ဆိုတာ ငါသိတယ်၊ ပိုင်နဲ့က ရိုးရိုးသားသားပဲ အဆင့်ပိုတာလည်းမရှိဘူး "

" မယုံဘူး၊ ဒီလိုပစ္စည်းနဲ့ အလုပ်တူတူလုပ်တယ်ဆိုကတည်းကရင်း ခင်ဗျားတို့နှစ်ယောက်ဘာမှမဖြစ်ဘူးဆိုတာ "

" ပတ်ခ်ချန်းယောလ် "

ဘတ်ခ်ဟျွန်းသူ့လက်ထဲကနေရုန်းထွက်ပြီး ချန်းယောလ်၏ သံသယဝင်နေသောမျက် ဝန်းတွေကို ရဲရဲကြီးစိုက်ကြည့်မိသည်။

" မင်းကြိုက်သလိုထင်နိုင်တယ် ချန်းယောလ် ငါကတော့ ငါ့ကိုယ်ငါယုံတယ် ဟုတ်ပြီလား၊ လေအကုန်ခံပြီးရှင်းမပြချင်တော့ဘူး၊ ငါဒီလိုပြောလို့ မကျေနပ်ဘူးဆိုရင် ငါ့ကိုအဆက်အ သွယ်ဖြတ်သွားလိုက်တော့ "

" ဗြောင်ဘတ်ခ်ဟျွန်း "

ချန်းယောလ်စကားကိုနားမထောင်တော့ဘဲသူ့အနားကနေ ခြေလှမ်းသုံးလှမ်းကျော်လှမ်းလာပြီးသည့်နောက်မှာ ဘတ်ခ်ဟျွန်းခေါင်းထဲ ဝင်လာတဲ့ အတွေးတချို့ကြောင့်ခြေလှမ်းတွေရပ်တန့်သွားခဲ့ရသည်။

ဒါမျိုးကိစ္စကို ဒေါသတကြီးဖြေရှင်းရမှာမဟုတ်ဘူးလေ။ ပတ်ခ်ချန်းယောလ်ကိုနား ဝင်အောင် ဖြည်းဖြည်းချင်းရှင်းပြရမှာလေ။

စိတ်ကိုခိုင်ခိုင်ထားပြီး ဘတ်ခ်ဟျွန်းအနောက် သို့ပြန်လှည့်လိုက်တော့ အံကြိတ်ကာဒေါသထွက်နေသောချန်းယောလ်၏ကြောက်စရာ ကောင်းတဲ့ပုံစံကိုမြင်လိုက်ရတာကြောင့်တံ တွေးမြိုချရင်း။

" မောင် မယုံဘူးဆိုရင် ငါစိတ်ဆိုးမှာနော် "

" ဟမ် "

မထင်မှတ်ထားတဲ့ စစ်ဆင်ရေးမှာချက်ချင်း အလံဖြူပြသွားရတဲ့သူက ချန်းယောလ်ပင်။ရာသီဥတု၏လွန်စွာအေးမြခြင်းကချန်းယောလ်ကိုယ်ပေါ်မသက်ရောက်တော့ဘဲ ကမ္ဘာဂြိုလ်ကိုဖောက်ထွက်ကာ နေနှင့်ပင်အနီးကပ်ဆုံးဖြစ်နေသလားအောက်မေ့ရသည်အထိပူ ပူလောင်လောင်ဖြစ်သွားသည်။

" မောင် ယုံတဲ့အထိ ရှင်းပြပါ့မယ် "

" ဟမ် "

လောင်ကျွမ်းမှုအဆင့်မြင့်မားလာပြီးချန်းယောလ်တကိုယ်လုံးပြာကျမတတ်ကိုအပူ ချိန်တွေ So High ဖြစ်နေရသည်အထိဘတ်ခ်ဟျွန်းရဲ့လက်နက်က ပြင်းထန်လွန်းနေခဲ့ပြီ။

TBC  ______________________

[ A:N | အပိုင်း ၁၀ ရောက်တာနဲဲ့ ဇာတ်သိမ်းချင်တဲ့ ကျိန်စာမိနေတာ ဘယ်လိုလုပ်ရမလဲ ဆကိကို ​ကယ်ကြပါဦး ]

( Zawgyi )

" ၪီးေလးအိမ္သြားပါဆို ဘယ္သေဝထိုးေနျပန္တာလဲ "

ေဖေဖ့ရဲ့ေအာ္သံျပင္းတာေၾကာင့္ ခ်န္းေယာလ္ ဖုန္းကိုနားရြက္ႏွင့္ခြါရင္း ႏွာေခါင္းရူံ႔မိ သည္။

" သားကိစၥေလးရိွလို႔ပါ "

" ေအးရိွလည္း မင္းၪီးေလးကိုအက်ိဳးအ ေၾကာင္းလွမ္းေျပာသင့္တယ္ မထင္ဘူးလား၊ဟိုမွာမင္းစားဖို႔ထမင္းေတြခ်က္ၿပီးေစာင့္ေနၾကတာ .. အားနာစရာေတျြဖစ္ကုန္ၿပီ "

" သားဖုန္းဆက္ေျပာလိုက္ပါ့မယ္ "

" ေနပါၪီး၊ မင္းကဘာကိစၥေတြရိွေနလို႔ဖုန္းဆက္ေျပာဖို႔ေတာင္ ေမ့ေနရတာလဲ "

ခ်န္းေယာလ္ဖုန္းေျပာေနရင္း အေနာက္ပါးမွာ ေရဘဝဲလံုးေၾကာ္ထိုင္စားေနတဲ့ ဘတ္ခ္ဟြၽန္းရိွရာဖက္ကိုမ်က္ႏွာမူလိုက္ၿပီး။

" သားရဲ့ ႏွလံုးသားေရးရာကိစၥတခ်ိဳ႕ရိွေနလို႔ပါ ေဖေဖရဲ့ "

" စကားေျပာရင္ ရႊတ္ေနာက္ေနာက္နဲ႔မေျပာရဘူးလို႔ ေဖေဖသားကိုေျပာထားတယ္ေလ၊ဒါ ဆိုခုဘယ္မွာလဲ "

" ဘူခြၽန္းမွာ "

တဖက္က ေဖေဖ့၏အံ့ၾသတႀကီးျဖစ္သြားတဲ့အသံႀကီးကိုတလံုးတခဲၾကားရျပန္သည္။

" မနက္ျဖန္ မင္းဟိုကိုသြားရေတာ့မွာေလ၊အဲ့ေလာက္အေဝးႀကီးဘာသြားလုပ္ေနတာလဲ၊လည္ပတ္ၿပီးရင္လည္းျပန္လာခဲ့ေတာ့ "

" သြားမဲ့အခ်ိန္အမွီျပန္လာရင္ရတယ္မလား၊ ကြၽန္ေတာ္ ေအးေအးေဆးေဆးေလးေနပါရေစၪီး "

" ဒါဆိုလည္းၿပီးတာပဲ "

ဖုန္းခ်သြားသည္ႏွင့္ ခ်န္းေယာလ္အုတ္ခံုေပၚတက္ထိုင္ရင္း ရွဥ့္ညိုေလးလိုေရဘဝဲလံုးေက်ာ္ေတြအားပါးတရစားေနတဲ့ပါးေဖာင္းေဖာင္းႏွင့္ေကာင္ေလးကိုေမးေထာက္ၾကည့္လိုက္သည္။

ျပန္ရလိုင္တာကေတာ့ စားေနတာကိုလိုက္မ ေနွာက္ယွက္နဲ႔ဆိုသည့္ အၾကည့္စူးစူးေလးတခ်က္သာ။

" အဲ့လိုႀကီးမၾကည့္နဲ႔ေလ၊ ငါစားရခက္တယ္ ခ်န္းေယာလ္ရဲ့ .. ဟိုဖက္လွည့္ေန "

အဆီတဝင္းဝင္းျဖစ္ေနေသာ ႏႈတ္ခမ္းလႊာက ေန မိန္႔ခြန္းေႁခြလိုက္တဲ့ေလသံတို႔ကေစာနက ေဆးရံုဝင္းေရ႔ွမွာေျပာခဲ့တဲ့ေလသံႏွင့္ဆယ့္ ႏွစ္ျခားစီပါပဲ။ အေျပာင္းအလဲျမန္သြားရံုသာမက အၾကည့္တို႔ကပါ အရင္လိုအရင္ပံုစံအ တိုင္းျပန္ျဖစ္ခ်င္ေနသည္။

" မနက္ျဖန္မျွပန္လို႔ ခင္ဗ်ားေျပာခဲ့တယ္ေနာ္ ဘာလဲ .. ကြၽန္ေတာ့္ကိုထပ္ေတြ့ခ်င္ေသးလို႔မ
လား "

" မဟုတ္ပါဘူး "

ခ်န္းေယာလ္အလိုမက်စြာမ်က္ေမွာင္က်ံဳ႔မိ ၏။ ျပန္ေျဖသံက ေဘာက္ဆက္ဆက္ျဖင့္အ ခ်ိဳးမေျပခ်င္။ ခ်န္းေယာလ္ေမးခြန္းကိုဟန္ ေဆာင္ၿပီးေျဖေပးရင္ေတာင္ ဒီကေကာင္က ေက်နပ္ေနၪီးမွာကို၊ အခုေတာ့ ေရဘဝဲလံုးေၾကာ္လည္း ဝယ္ေကြၽးရေသးတယ္။ပ,စား ေပးခံရလားဆိုေတာ့ ႏိူး။

" ဒါဆိုဘာလို႔ မနက္ျဖန္မျွပန္လို႔ေျပာတာလဲ၊ မ်က္ႏွာက ငိုမဲ့မဲ့ေလးနဲ႔ေလ .. ဒီလိုေလး "

လြန္ခဲ့တဲ့မိနစ္ပိုင္းက ျဖစ္ပ်က္သြားခဲ့ေသာဘတ္ခ္ဟြၽန္း၏ပံုစံကို တုပ,ၿပီးခ်န္းေယာလ္က ဇာတ္ေၾကာင္းျပန္လွန္တဲ့အခါမွာေတာ့ဘတ္ခ္ဟြၽန္းတေယာက္ ေရဘဝဲလံုးနင္သြားရၿပီ။

" ညႀကီးမိုးခ်ဳပ္ကားေမာင္းရင္ မင္းအဆင္မေျပျဖစ္မွာစိုးလို႔ပါ "

" ဒါပဲလား "

" အင္း၊ ဒါပဲေလ "

စကၠူဗူးထဲက ေနာက္ဆံုးေသာ ေရဘဝဲလံုး ေၾကာ္ေလးကို ႏႈတ္ခမ္းမွာခဲထားရင္းေခါင္း ညိတ္ျပရံုရိွေသာ အာခံတြင္းထဲအျပည့္မဝင္ ေသးေသာ ေရဘဝဲလံုးေၾကာ္တဝက္တိတိကို ခ်န္းေယာလ္က ဖ်က္ခနဲယူငင္စားေသာက္သြားသည္။

ဘတ္ခ္ဟြၽန္းမ်က္လံုးအဝိုင္းသားေလးျဖစ္သြားၿပီး ေဘးပတ္ဝန္းက်င္ဆီသို႔မသိမသာ ေခါင္းလွည့္ၾကည့္မိေတာ့ အားလံုးဟာသူ႔အာ ရံုနဲ႔သူမို႔ ဘတ္ခ္ဟြၽန္းတို႔၏လ်ွပ္တပ်က္ရိုက္ ခ်က္ကိုမျမင္သြားၾကတာ ကံေကာင္းသည္ဟုဆိုရေပမည္။

" စားေကာင္းသားပဲ .. အဲ့ဒါေၾကာင့္ခင္ဗ်ားက ေခါင္းမေဖာ္တမ္းႀကိတ္ေနတာကိုး။ ကြၽန္ေတာ့္ေတာင္ စားပါၪီးမေခၚဘူး "

" အဲ့အသည္လာကတည္းက မင္းကိုစားမလားေမးတယ္ေလ၊ မင္းပဲစားခ်င္စိတ္မရိွဘူးဆိုၿပီး ေျပာခဲ့တယ္ေလ "

အဲ့တုန္းကေတာ့ ဘတ္ခ္ဟြၽန္းရဲ့ႏူးညံ့ခ်ိဳသာ တဲ့ စကားလံုးေတြနဲ႔ ခ်န္းေယာလ္တေယာက္ အာဟာရသိဌိေတြၿပီးေနခဲ့တာေလ။ ယခုေတာ့ ကပ္ကပ္လန္ေအာင္စြာေတးလန္ေနတဲ့ ေကာင္ေလးေၾကာင့္ လြန္ခဲ့တဲ့မိနစ္ပိုင္းကရတဲ့ ေပ်ာ္ရႊင္မႈေလးေတြေတာင္ျမဴမႈန္ေလးအ ျဖစ္သို႔ ေပ်ာက္ကြယ္လုနီးပါးျဖစ္ကုန္ၿပီ။

" ဒါနဲ႔ မင္းဘယ္မွာအိပ္မလို႔လဲ "

" ဟိုတယ္မွာေပါ့၊ ဘာလဲ .. ခင္ဗ်ားအိမ္မွာေပးအိပ္မလို႔လား "

" ေပးအိပ္လည္း တစ္အိမ္လံုးမွာမင္းတစ္ ေယာက္တည္းပဲရိွမွာ၊ငါကေဆးရံုမွာညေစာင့္ေပးရမယ္နဲ႔တူတယ္ "

" ဒါျဖင့္ ကြၽန္ေတာ္လည္းေဆးရံုမွာလိုက္အိပ္မယ္ေလ၊ မေကာင္းဘူးလား "

ဘတ္ခ္ဟြၽန္းကကုန္စင္သြားေသာစကၠူဗူးေတြကို ေခါက္ရင္းအမိႈက္သိမ္းရင္းကေန ေခါင္းခါသည္။

" ငါတို႔ေတာင္ျဖစ္သလိုအိပ္ရမွာ .. မင္းပါအ တူတူေနမယ္ဆို လူနာေစာင့္ေဖာင္းပြမႈျဖစ္ေနလိမ့္မယ္ "

" Private ေဆးရံုတက္သင့္တာ .. အဲ့ဒါဆို ကိုယ္ပိုင္အခန္းနဲ႔ ေအးေဆးေနရတယ္ "

" ေဖေဖက ပိုက္ဆံကုန္က်သက္သာတဲ့ေနရာ ပဲတက္ခ်င္တာလို႔ေျပာတာေလ "

" ဒါေတာင္ အေရးေပၚကုသေဆာင္ျဖစ္ေနလို႔ နည္းနည္း သပ္သပ္ရပ္ရပ္ျဖစ္ေနတာ၊ ရိုးရိုး ကုသေဆာင္ဆို ခင္ဗ်ားတို႔ဂ်မ္းပိုးစာမိေတာ့မွာပဲ "

ညေနေစာင္းၿပီမို႔ ေဆးရံုဝင္းအတြင္းမီးမိွန္မိွန္ေလးေတြ စတင္ထြန္းလာခဲ့ၿပီ။ ပုစြန္ဆီေရာင္ သမ္းေနတဲ့ေကာင္းကင္ႀကီးကေန တျဖည္း ျဖည္းေမွာင္စပ်ိဳးေတာ့မည္။

ဘတ္ခ္ဟြၽန္းႏွင့္ခ်န္းေယာလ္တို႔က အေရးေပၚကုသေဆာင္၏ အျပင္ဖက္က အုတ္ခံုေလးမွာထိုင္ရင္း သြားရည္စာစားေသာက္ေနၾကျခင္းျဖစ္သည္။

ခဏအၾကာမွာေတာ့ ဘတ္ခ္ဟြၽန္း၏အစ္ကို ျဖစ္သူ ကုသေဆာင္ထဲကေနထြက္လာၿပီးခ်န္းေယာလ္တို႔နားေရာက္လာသည္။

" ညီ .. မင္းတို႔ႏွစ္ေယာက္ ညစာသြားဝယ္ေပးမလား .. ဒီေဆးရံုတဝိုက္မွာေရာင္းတဲ့ဆိုင္ေတြရိွတယ္ .. ငါလည္းအိမ္ျပန္ၿပီးမခ်က္ခ်င္ေတာ့လို႔ ဝယ္စားမယ္ကြာ "

" ရတယ္ေလ၊ အစ္ကိုႀကီးကဘာစားခ်င္တာလဲ၊ ေမေမကေရာ "

" ေမေမကေတာ့ ေျခာက္ေျခာက္ျခမ္းျခမ္းျဖစ္တာေလးပဲ စားခ်င္တယ္တဲ့။ ထမင္းဆီ စမ္းနဲ႔ ဆိတ္သားေျခာက္ဖုတ္ေရာင္းတဲ့ဆိုင္ရိွတယ္ .. အဲ့ကဝယ္ခဲ့လိုက္။ ငါ့အတြက္ေတာ့ အာဆင္နယ္ ထမင္းေၾကာ္ဝယ္ခဲ့ေပး "

" ေဖေဖကေရာ "

" ေဖေဖက ေလာေလာဆယ္ ေပ်ာ့တဲ့အစား အစာပဲစားရမယ္တဲ့၊ ႏြားႏို႔နဲ႔ ေပါင္မုန္႔ေလးျဖစ္ျဖစ္ဝယ္လာခဲ့ လိုက္ "

​မွာထားတာေတြဝယ္ဖို႔ ႏွစ္ေယာက္သားအ ျပင္သို႔တဖန္ျပန္ထြက္လာခဲ့ၾကသည္။

ေန့ခင္းဖက္တြင္ ေဆးရံုျပင္ပအတြင္းေစ်းေရာင္းခ်မႈကန္႔သတ္ထားေသာေနရာေလးဟာ ညေမွာင္ရီပ်ိဳးစျပဳလာတဲ့အခါမွာေတာ့ အနံ႔တေထာင္းေထာင္းျဖင့္ စည္ကားသိုက္ ၿမိဳက္စြာႏွင့္ အသက္ဝင္လာခဲ့ၿပီ။

ထမင္းသုပ္၊ ေခါက္ဆြဲေၾကာ္၊ ထမင္း​ေၾကာ္ ကစလို႔ ႏြားႏို႔၊ပဲႏို႔၊အဆံုး ေရာင္းခ်ေနၾကေသာ ယာယီေစ်းဆိုင္တန္းေလးမ်ားကိုႏွစ္ေယာက္သားလိုက္ၾကည့္ၿပီး တံေတြးကိုအ ႀကိမ္ႀကိမ္ၿမိဳခ်ေနၾကရသည္။

" ခင္ဗ်ားစားခ်င္တာရိွလား "

ဘတ္ခ္ဟြၽန္းကေတာင္ သြားရည္စာအျဖစ္ေရဘဝဲလံုးေၾကာ္ ႏွစ္ဘူးတိတိကိုစားထားေသးသည္၊ ခ်န္းေယာလ္မွာေတာ့ ေန့လယ္က ဘတ္ခ္ဟြၽန္းအစ္ကိုႏွင့္ နည္းနည္းပါးပါး ကစ္ရင္း ထမင္းေပါင္းတစ္ပြဲစားထားတာဆိုေတာ့ ယခုလိုေမႊးပ်ံ့တဲ့အနံ႔ေတြၾကားမိမိဗိုက္ထဲ သံစံုတီးဝိုင္းေတျြဖစ္တည္လာသည္။

" မင္းေရာ ဘာစားမွာလဲ "

ခ်န္းေယာလ္လိုက္ၾကည့္ေနမိ၏။ စားစရာ ေတြစံုလြန္းလို႔ ဘာစားရမွန္းကိုမသိသည့္အ ျဖစ္။

" ထမင္းသုပ္စားရေအာင္ "

ေဆးရံုဝင္းကေနထြက္လာတည္းက ဘတ္ခ္ ဟြၽန္းလက္ကိုဆုတ္ကိုင္ထားတဲ့လက္ေတြ၏ ေခၚေဆာင္မႈအတိုင္း ထမင္းသုပ္ရႏိုင္တဲ့နားကိုသြားလိုက္သည္။

ေနရာထိုင္ခင္းမေလာက္ငွမႈေၾကာင့္ပါဆယ္ စနစ္ျဖင့္သာဝယ္ယူၿပီး ေမေမႏွင့္အစ္ကိုႀကီးမွာတဲ့ အစားအေသာက္ေတြဝယ္ရင္းေဆးရံု ဝင္းထဲျပန္ေရာက္လာခဲ့သည္။

အေရးေပၚဌာနေဆာင္၏အျပင္ဖက္မွာလည္း ဖ်ာတခ်ပ္ခင္းၿပီး ညစာစားေနၾကတဲ့သူေတြရိွေန၏။

ဘတ္ခ္ဟြၽန္းတို႔လည္း စားဖို႔ရာအတြက္ေန ရာယူေနတုန္းမွာ ေမေမႏွင့္အစ္ကိုႀကီးကအ ျပင္ထြက္လာခဲ့သည္။

" ခ်န္းေယာလ္ကိုျပန္သြားၿပီမွတ္ေနတာ "

ေမေမက ခ်န္းေယာလ္ကိုေတြ့တာႏွင့္အံ့ၾသ တႀကီးေမး၏။

" မနက္ျဖန္မျွပန္မလားလို႔၊ ညလည္းမိုးခ်ဳပ္ေနၿပီဆိုေတာ့ "

" အားနာစရာႀကီး၊ အန္တီတို႔အိမ္မွာတစ္ညအိပ္လိုက္ေလ ... သားဘတ္ခ္ဟြၽန္းနဲ႔ "

အထုတ္ေတြကိုင္ထားတဲ့ ဘတ္ခ္ဟြၽန္း၏ လက္ေတြ တုန္ယင္လာရၿပီး မ်က္ႏွာအမူအ ရာပါပ်က္ယြင္းသြားရသည္။ ေမေမက သ ေဘာရိုးနဲ႔ေျပာေနတယ္ဆိုေပမယ့္ တစ္ အိမ္တည္းမွာႏွစ္ေယာက္တည္းရိွေနရမယ့္ျဖစ္စဥ္က နည္းနည္းေတာ့ .... ။

" ေမေမ သားကေဆးရံုမွာ ညေစာင့္ေပးမွာေလ၊ အိမ္ျပန္မအိပ္ဘူး "

" ေၾသာ္ .. သားရယ္၊ မင္းအစ္ကိုႀကီးနဲ႔ေမေမ ရိွေနတာပဲ၊ အိမ္မွာလူေစာင့္မရိွဘူးေလ "

" ဒါေပမယ့္ ေဖေဖက "

" သားေဖေဖက သက္သာေနပါၿပီ၊မနက္ျဖန္ ေတာင္ ရိုးရိုးေဆာင္ေျပာင္းရေတာ့မွာကို၊ခုဟာက ဗိုက္မဆာေသးဘူးဆိုလို႔ ေမေမတို႔စားႏွင့္မယ္ဆိုၿပီး ထြက္လာတာ "

ေမေမရဲ့ တရားေသေျပာျပေနပံုအရဆိုလ်ွင္ ဘတ္ခ္ဟြၽန္းရဲ့ခ်န္းေယာလ္ႏွင့္ညအတူရိွမေနခ်င္တဲ့ အစီအစဥ္က်ရူံးရၿပီလို႔ေျပာရေတာ့မည္။

အားလံုးစားေသာက္ၿပီးသြားသည့္ေနာက္မွာေတာ့ ေမေမက ဘတ္ခ္ဟြၽန္းကိုအိမ္ေစာင့္ဖို႔ အိမ္ကိုသာျပန္ခိုင္း၏။ ေဖေဖႏွင့္စကားစ ျမည္ေျပာၿပီးတာနဲ႔ ဘတ္ခ္ဟြၽန္းတို႔ေဆးရံုက ေနထြက္လာခဲ့သည္။

" မင္းဘာသာမင္း ဟိုတယ္မွာသြားအိပ္ "

ကားေမာင္းေနတဲ့ခ်န္းေယာလ္၏ပံုစံကတည္ တည္ၿငိမ္ၿငိမ္ျဖင့္ ဘတ္ခ္ဟြၽန္းကိုတခ်က္သာ လွည့္ၾကည့္ၿပီးၿပံဳးေန၏။

" ခ်န္းေယာလ္ .. ငါေျပာတာၾကားလား "

" ခင္ဗ်ားကတစ္ေယာက္တည္းျဖစ္ေနမွာေပါ့ မေၾကာက္ဘူးလား "

ထိုသို႔ေျပာေတာ့ ဘတ္ခ္ဟြၽန္းက ေၾကာက္စရာလားဆိုသည့္ပံုစံႏွင့္ မ်က္ႏွာေလးဝံ့ခ်ီကာ။

" မင္းရိွေနတာက ပိုေၾကာက္စရာေကာင္းတာ မဟုတ္ဘူးလား "

မထိန္းႏိုင္ေတာ့ဘဲ အသံက်ယ္က်ယ္ထြက္မိ သည္ထိတိုင္ ခ်န္းေယာလ္ေအာ္ရယ္မိသြားသည္။

" စိတ္မေကာင္းစရာပဲ၊ ကြၽန္ေတာ္မွတ္ပံုတင္ ပါမလာဘူး "

" ဘာ "

" ဟုတ္တယ္ေလဗ်ာ၊ မထင္မွတ္ဘဲဒီကိုျဗဳန္း စားႀကီးေရာက္လာတာဆိုေတာ့ ယူခဲ့ဖို႔သတိ ရမလိုက္ဘူး။ ၿပီးေတာ့ မနက္ျဖန္မျွပန္လို႔အ ေျပာခံရမယ္လို႔လည္း မထင္ထားလို႔ေလ "

" မွတ္ပံုတင္က မင္းဘယ္သြားသြားပိုက္ဆံ အိတ္ထဲထည့္ၿပီးယူသြားေနၾကေလ၊ မဟုတ္ ဘူးလား "

" ေဟာ .. ၾကည့္။ ကြၽန္ေတာ့္ကိုမယံုျပန္ဘူး။ ပိုက္ဆံအိတ္စစ္မလား၊ စစ္ၾကည့္ .. ေရာ့ "

ခ်န္းေယာလ္ခႏၶာကိုယ္ကိုရို႔ရင္း ေဘာင္းဘီ အိတ္ထဲက ေခါက္ပိုက္ဆံအိတ္ေလးထုတ္ကာ ဘတ္ခ္ဟြၽန္းထံလွမ္းေပးလိုက္သည္။

Gucci တံဆိပ္နဲ႔ေစ်းႀကီးႀကီးပိုက္ဆံအိတ္ထဲ မွာရိွတာဆိုလို႔ Card ရယ္၊ ေငြသားအခ်ိဳ႕ရယ္၊ အေႂကြေစ့သံုးျပားရယ္ႏွင့္က်ိဳးေၾကေန ေသာေဆးလိပ္အတိုေလးသာရိွ၏။

ဒီထက္ပိုထူးျခားတာကေတာ့ ဘတ္ခ္ဟြၽန္းရဲ့ ပတ္စ္ပို႔ပံုေလး ခ်န္းေယာလ္ပိုက္ဆံအိတ္ထဲျပဴးျပဴးၿပဲျပဲရိွေနတာပါပဲ။

" ဒီပံုကဘာလို႔ခုထိရိွေနေသးတာလဲ "

" လႊင့္ပစ္ရင္ကမ႓ာႀကီးညစ္ညမ္းပ်က္စီးသြားမွာစိုးလို႔ ပတ္ဝန္းက်င္ထိန္းသိမ္းတဲ့အေနနဲ႔ ထည့္ထားတာ "

" ပတ္ခ္ခ်န္းေယာလ္ "

ဘတ္ခ္ဟြၽန္းကိုစ,ေနာက္ရတာ ေပ်ာ္စရာ ေကာင္းလိမ့္မယ္လို႔ မထင္ထားဘူး။အၿမဲလို လို စကားအတည္တက်ေျပာတတ္တဲ့ခ်န္းေယာလ္က တခါတေလေတာ့လည္းဘတ္ခ္ ဟြၽန္းစိတ္ဆိုးသြားေအာင္ လိုက္စ,ခ်င္မိ သည္။

ဘတ္ခ္ဟြၽန္းမွာေတာ့ မိမိ၏ရုပ္ဆိုးဆိုးပတ္စ္ပို႔ပံုေလးကိုၾကည့္ၿပီး ခ်န္းေယာလ္ကတယု တယသိမ္းထားတာပဲဆိုတဲ့စိတ္နဲ႔တိတ္တခိုးေလးၾကည္ႏူးေနမိသည္။

ရည္းစားမျဖစ္ခင္ သူငယ္ခ်င္းဘဝမွာ ' ငါ့ပံုႂကြက္ေျခာက္ဖို႔ ' ဆိုၿပီး ရြဲ႔ေပးခဲ့တာေလးကို သြားေလရာသယ္သြားေပးမယ္လို႔မထင္ထားခဲ့မိဘူး။

ဓါတ္ပံုကေဟာင္းေသာ္ျငား ဘတ္ခ္ဟြၽန္း၏ ရုပ္ဆိုးေနမႈကေတာ့ ပ်ယ္လင့္မသြားေသးဘူး။

" ယံုၿပီမလား၊ မွတ္ပံုတင္မပါဘူးဆိုတာ "

ဘတ္ခ္ဟြၽန္းတစ္ေယာက္ ဥာဏ္နီဥာဏ္နက္ ေတြထုတ္ရင္း ခ်န္းေယာလ္သူ႔အနားကပ္မလာေအာင္ မည္သို႔မည္ပံုနည္းလမ္းခ်ရင္ေကာင္းမလဲဆိုတာကိုသာ ေတြးေနမိ၏။

ဒါကိုခ်န္းေယာလ္ကသိသည္။ ၿငိမ္ခ်က္ သားေကာင္းၿပီး ခ်န္းေယာလ္ကိုပင္စကား ျပန္မေျပာႏိုင္သည္အထိ ဘတ္ခ္ဟြၽန္းတစ္ေယာက္ ဘယ္လိုျပင္ဆင္ေတာ့မလဲဆိုတာကိုႀကိဳတင္အာရံုရေနသည္။

အေတြးကိုယ္စီနဲ႔ အိမ္ေရာက္သြားတဲ့အခါမွာေတာ့ ကားေပၚကဆင္းေနတုန္း ဘတ္ခ္ဟြၽန္း ဖုန္းဝင္လာလို႔ ခ်န္းေယာလ္ႏွင့္ခပ္လွမ္းလွမ္းကိုထြက္သြားသည္။

" ဘယ္သူ႔ဖုန္းမို႔လို႔ တျခားေနရာကိုထြက္သြားေျပာေနရတာလဲ "

ကားတံခါးကိုေဆာင့္ပိတ္ရင္း ခ်န္းေယာလ္ တေယာက္ အူႏုကြၽဲခတ္ျဖစ္ၿပီးက်န္ရစ္ခဲ့သည္။ မိနစ္အနည္းငယ္ၾကာသည္အထိခ်န္းေယာလ္အနားေရာက္မလာႏိုင္ေသးတဲ့ဘတ္ခ္ဟြၽန္းကို ခ်န္းေယာလ္ကိုယ္တိုင္ပင့္မွရေတာ့မည္။

" မၿပီးေသးဘူးလား၊ အျပင္မွာေအးေနၿပီ "

ပခံုးကေနဆြဲလွည့္ခံလိုက္ရၿပီး မ်က္ႏွာထား တင္းကာ ေလသံမာမာႏွင့္ေအာ္ခံလိုက္ရတာေၾကာင့္ ဘတ္ခ္ဟြၽန္း​ဖုန္းထဲအသံဝင္မွာစိုးၿပီး လက္ဖဝါးျဖင့္ကာ,ရင္း။

" ခဏေလးပါ "

" ဘယ္သူၾကားမွာစိုးလို႔ ေလသံတိုးတိုးေလးနဲ႔ေျပာေနတာလဲ "

ခ်န္းေယာလ္က ပိတ္ေဟာက္သည္။ ပံုစံကလည္း ဘတ္ခ္ဟြၽန္း၏လႈပ္လီလႈပ္လဲ့ျဖစ္ေနတဲ့ အျပဳအမူကိုသေဘာမက်သည့္မ်က္ႏွာ ထားျဖင့္။

" ေနာက္မျွပန္ဆက္မယ္ ပိုင္ "

ပိုင္ဆိုတာနဲ႔ ခ်န္းေယာလ္ရဲ့မ်က္ခံုးတန္းေတြ ေကြးၫြတ္သြားၿပီး အလိုမက်မႈ​ေတြပိုမိုျပင္း ထန္လာရသည္။

" အခုထိ ပိုင္ဆိုတဲ့တစ္ေယာက္နဲ႔အဆက္အ သြယ္ရိွေနတုန္းပဲေပါ့ "

" ဘာကိုလဲ၊ ပိုင္က ငါတို႔ရံုးက ... အခုဟာက အလုပ္ကိစၥေျပာတာ "

" ဒီအခ်ိန္ႀကီးက အလုပ္ကိစၥေျပာရမယ့္အခ်ိန္လား "

" ခ်န္းေယာလ္ .. ငါ့ကိုမရစ္နဲ႔။ ၿပီးခဲ့တဲ့ Project ကအဆင္ေျပတယ္ဆိုတာ Client ဖက္ကေျပာလို႔ လွမ္းအေၾကာင္းၾကားေပးတာပဲရိွတာ "

" ေနစမ္းပါၪီး၊ ဘာ Project မလို႔လဲ "

ဒုကၡပဲ။ ဘယ္လိုေျဖရမလဲ။

" ဘာေတြအူေၾကာင္ေၾကာင္လုပ္ေနတာလဲ၊ ခင္ဗ်ားကိုေမးေနတယ္ေလ "

ခါးေထာက္ၿပီးေမးေနတဲ့ခ်န္းေယာလ္၏ေလ သံေၾကာင့္ ဘတ္ခ္ဟြၽန္းတစ္ေယာက္ေျခမကိုင္မိ၊လက္မကိုင္မိျဖစ္ၿပီး ဟိုၾကည့္၊ဒီၾကည့္လုပ္ေနမိသည္။

" ေျပာလည္း မင္းသိမွာမဟုတ္ဘူး "

" ေျဗာင္ဘတ္ခ္ဟြၽန္း၊ အမွန္တိုင္းမေျပာရင္ ျပႆနာပိုဆိုးသြားမယ္ေနာ္ "

" Cu .. Cum .. Cum To Me Brand "

" ဘာလဲ အဲ့တာက "

" က်န္းမာေရးပစၥည္းပါ .. ေအးလာၿပီ၊ အထဲ ဝင္ရေအာင္ "

" ခဏေလး "

ထြက္သြားမည့္ ဘတ္ခ္ဟြၽန္း၏လက္ေမာင္း တဖက္ဆြဲထားၿပီး ပခံုးႏွစ္ဖက္ကိုဆုတ္ကိုင္ထားတာေၾကာင့္ ဘတ္ခ္ဟြၽန္းမွာ အသနားခံေသာ မ်က္ဝန္းငယ္ေလးေတျြဖင့္သာေမာ့ၿပီးၾကည့္ဖို႔ရာသာတတ္ႏိုင္၏။

" က်န္းမာေရးပစၥည္းဆိုတာ ဟိုတစ္ပတ္က ကြၽန္ေတာ္ယူသြားတဲ့ ဟိုဟာ ေတြလား "

" အင္း "

ခ်န္းေယာလ္ရဲ့မ်က္လံုးေတြအဆမတန္ျပဴးသြားခဲ့ရသည္။ ဒီလိုပစၥည္းကို ပိုင္ဆိုတဲ့သူနဲ႔ အတူတူတြဲလုပ္တယ္ဆိုတဲ့သေဘာလား။

" ခ်န္းေယာလ္၊ မင္းငါ့ကိုအထင္လြဲေတာ့မယ္ဆိုတာ ငါသိတယ္၊ ပိုင္နဲ႔က ရိုးရိုးသားသားပဲ အဆင့္ပိုတာလည္းမရိွဘူး "

" မယံုဘူး၊ ဒီလိုပစၥည္းနဲ႔ အလုပ္တူတူလုပ္တယ္ဆိုကတည္းကရင္း ခင္ဗ်ားတို႔ႏွစ္ေယာက္ဘာမွမျဖစ္ဘူးဆိုတာ "

" ပတ္ခ္ခ်န္းေယာလ္ "

ဘတ္ခ္ဟြၽန္းသူ႔လက္ထဲကေနရုန္းထြက္ၿပီး ခ်န္းေယာလ္၏ သံသယဝင္ေနေသာမ်က္ ဝန္းေတြကို ရဲရဲႀကီးစိုက္ၾကည့္မိသည္။

" မင္းႀကိဳက္သလိုထင္ႏိုင္တယ္ ခ်န္းေယာလ္ ငါကေတာ့ ငါ့ကိုယ္ငါယံုတယ္ ဟုတ္ၿပီလား၊ ေလအကုန္ခံၿပီးရွင္းမျပခ်င္ေတာ့ဘူး၊ ငါဒီလိုေျပာလို႔ မေက်နပ္ဘူးဆိုရင္ ငါ့ကိုအဆက္အ သြယ္ျဖတ္သြားလိုက္ေတာ့ "

" ေျဗာင္ဘတ္ခ္ဟြၽန္း "

ခ်န္းေယာလ္စကားကိုနားမေထာင္ေတာ့ဘဲသူ႔အနားကေန ေျခလွမ္းသံုးလွမ္းေက်ာ္လွမ္းလာၿပီးသည့္ေနာက္မွာ ဘတ္ခ္ဟြၽန္းေခါင္းထဲ ဝင္လာတဲ့ အေတြးတခ်ိဳ႕ေၾကာင့္ေျခလွမ္းေတြရပ္တန္႔သြားခဲ့ရသည္။

ဒါမ်ိဳးကိစၥကို ေဒါသတႀကီးေျဖရွင္းရမွာမဟုတ္ဘူးေလ။ ပတ္ခ္ခ်န္းေယာလ္ကိုနား ဝင္ေအာင္ ျဖည္းျဖည္းခ်င္းရွင္းျပရမွာေလ။

စိတ္ကိုခိုင္ခိုင္ထားၿပီး ဘတ္ခ္ဟြၽန္းအေနာက္ သို႔ျပန္လွည့္လိုက္ေတာ့ အံႀကိတ္ကာေဒါသထြက္ေနေသာခ်န္းေယာလ္၏ေၾကာက္စရာ ေကာင္းတဲ့ပံုစံကိုျမင္လိုက္ရတာေၾကာင့္တံ ေတြးၿမိဳခ်ရင္း။

" ေမာင္ မယံုဘူးဆိုရင္ ငါစိတ္ဆိုးမွာေနာ္ "

" ဟမ္ "

မထင္မွတ္ထားတဲ့ စစ္ဆင္ေရးမွာခ်က္ခ်င္း အလံျဖဴျပသြားရတဲ့သူက ခ်န္းေယာလ္ပင္။ရာသီဥတု၏လြန္စြာေအးျမျခင္းကခ်န္းေယာလ္ကိုယ္ေပၚမသက္ေရာက္ေတာ့ဘဲ ကမ႓ာၿဂိဳလ္ကိုေဖာက္ထြက္ကာ ေနႏွင့္ပင္အနီးကပ္ဆံုးျဖစ္ေနသလားေအာက္ေမ့ရသည္အထိပူ ပူေလာင္ေလာင္ျဖစ္သြားသည္။

" ေမာင္ ယံုတဲ့အထိ ရွင္းျပပါ့မယ္ "

" ဟမ္ "

ေလာင္ကြၽမ္းမႈအဆင့္ျမင့္မားလာၿပီးခ်န္းေယာလ္တကိုယ္လံုးျပာက်မတတ္ကိုအပူ ခ်ိန္ေတြ So High ျဖစ္ေနရသည္အထိဘတ္ခ္ဟြၽန္းရဲ့လက္နက္က ျပင္းထန္လြန္းေနခဲ့ၿပီ။

TBC  ______________________

[ A:N | အပိုင္း ၁၀ ေရာက္တာနဲ့ ဇာတ္သိမ္းခ်င္တဲ့ က်ိန္စာမိေနတာ ဘယ္လိုလုပ္ရမလဲ ဆကိကို ​ကယ္ၾကပါၪီး ]

Continue lendo

Você também vai gostar

40.8K 5.8K 17
ချစ်တဲ့စိတ်ကို မဖုံးကွယ်တော့ဘူးမလို့ ခင်ဗျားဘက်က ဆက်ချစ်ပေးပါဦး ChanBaek
92.2K 12.2K 44
Seokjinက ငါ့အိမ်ကကျွန်လေ... အိပ်စရာလူကုန်ရင်တောင် သူနဲ့တော့မအိပ်ဘူး၊ ကျွန်စော်နံလို့...[ABO/kookjin]
64.3K 4.9K 64
ផែនដីក្រឡាប់ចាក់ មនុស្សស្អីតាំងពីកំលោះមកដល់ពោះម៉ាយកូនប្រាំហើយ រកប្រពន្ធជាប់លាប់និងគេ១ក៏គ្មាន មិនមែនលែងលះទៅឯណាទេ គឺពួកគេនិងស្លាប់ដោយគ្មានមូលហេតុនៅដែល...
172K 17.2K 22
မင္​းကမုန္​းတယ္​လို႔တဖြဖြ​ေျပာ​ေနရင္​​ေတာင္​ ငါအဆင္​​ေျပပါတယ္​ BaekHyunee .. CV by Asuna Park ❤