Unicode.
'' သူရဲကောင်းတစ်ယောက်ဖြစ်ပြီး မိန်းမပျိုတစ်ယောက်ကိုစော်ကားဖို့ အောက်တန်းကျတာတွေပြောတာ ဘယ်လိုတောင်တန်ဖိုးမရှိလိုက်သလဲ ''
သူဘာလို့အရမ်းဒေါသထွက်နေတာလဲ ဆိုတာကိုငါမမြင်တာကြောင့် ငါ့မျက်လုံးတွေကိုကျယ်ကျယ်ဖွင့်ထားလိုက်တယ်၊
'' သူတို့ကအဖေနဲ့မိသားစုကို သစ္စာခံကြတဲ့သူတွေလေ၊ကျမကိုမဟုတ်ဘူး ''
ငါကိုယ်တိုင်ကိုယ်ရံတော်တစ်ယောက်ခေါ်လာလိုက်တာနဲ့ အားလုံးပြီးသွားပြီလို့ငါထင်ခဲ့တာ၊ မင်းသမီးတစ်ယောက်ကို အသိမှတ်မပြုတဲ့သူရဲကောင်းတွေဆီကလည်းသစ္စာခံတာမလိုချင်ပါဘူးနော်၊
အဲ့တာကသူရဲကောင်းတွေမှမဟုတ်ဘူး တခြားအလုပ်သမားတွေရောပဲ၊
တကယ်တော့ အနားတဝိုက်မှာချောင်ပိတ်ခံရပြီး အစာငတ်ခံနေရတာကိုနှိုင်းယှဥ်ကြည့်ရင် အဲ့လိုဆဲရေးခံရတာကဘာမှတောင်မဟုတ်သေးဘူး၊
တကယ်လို့Eclise သယပါဝင်မနေဘူးဆိုရင် ငါဒီတိုင်းလမ်းလျှောက်သွားလိုက်မှာ၊
(*** တခြားသူမဟုတ်ပဲ သူ့ဟာလေးကိုအနိုင်ကျင့်နေလို့ဝင်ပါတာ တခြားသူဆို ဒီတိုင်းဖြတ်လျှောက်သွားမှာပါတဲ့ *** )
'' Penelope...ဘာကို... ''
ဒါပေမဲ့ Dukeကအဲ့တာကိုတွေးမဲ့ပုံမဟုတ်ဘူး၊
သူက မရေမရာတဲ့အကြည့်တေနဲ့ငါ့ကိုကြည့်နေခဲ့ပြီး ဘယ်ကနေစရမယ်မှန်းမသိဘူးဖြစ်နေခဲ့တယ်၊
'' မိသားစုရဲ့ ပစ္စည်းတိုင်းက မင်းပိုင်ဆိုင်တာပဲ၊
အဲ့တာဟာ မင်းကEckartအိမ်တော်ရဲ့မိသားစုဝင်တစ်ယောက်ဖြစ်နေသရွေ့ပြောင်းလဲသွားမှာမဟုတ်ဘူး၊ ''
'' Eclise ကကျမအတွက်လုံလောက်ပါတယ် ''
'' ငါအစောင့်ရှောက်အတွက်ပဲ ပြောနေတာမဟုတ်ဘူး ''
'' ကျမပြောတာက သူကလည်း ကျမရဲ့ပိုင်ဆိုင်မှုပါပဲ အဖေ... ''
ငါDukeကိုမရှုံးချင်တာကြောင့် ဆက်ပြီးပြောလိုက်တယ်၊
'' ကျမကိုကာကွယ်ဖို့ တခြားသူတွေကိုမလိုချင်ဘူးလို့ အရင်နေ့တွေကအဖေ့ကိုပြောခဲ့ဖူးပါတယ် ''
ဒါပေမဲ့ ဘာမှပြောင်းလဲမသွားခဲ့ဘူး၊အိမ်မှုကိစ္စတွေလုပ်ရတဲ့အစေခံအနေနဲ့မဟုတ်ပဲ သူရဲကောင်းဖြစ်ဖို့အလုပ်သင်အနေနဲ့ Ecliseကိုနေရာပေးထားတာကလွဲလို့ပေါ့၊
'' မနေ့ကရော ပွဲတော်ရဲ့ပထမဆုံးနေ့ကရော ကျမရဲ့လုံခြုံရေးကိုကာကွယ်ပေးတဲ့ တစ်ဦးတည်းသောလူပဲ ''
အဲ့တာကအမှန်ပဲ ငါသူ့ကိုကာကွယ်ပေးနေတာမဟုတ်ဘူး၊လူတွေကိုစော်ကားပြောဆိုတာမျိုး ဒါမှမဟုတ် အရွှန်းဖောက်ပြီးတုန့်ပြန်တဲ့တချို့လူတွေက ငါ့ရဲ့သူရဲကောင်းဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူး၊
'' ဟမ်း... ''
ငါ့ကိုသိမ်းသွင်းဖို့ဘာကိုမှမစဥ်းစားနိုင်တော့သလို
Duke ကမှောင်မိုက်နေတဲ့မျက်နှာနဲ့ နက်နဲတဲ့သက်ပြင်းတစ်ခုရှုထုတ်လိုက်တယ်၊
ဒီစကားဝိုင်းကအတော်လေးပင်ပန်းရတာကြောင့် သူကမျက်လုံးတွေကိုပွတ်တိုက်ရင်း တည်တည်ငြိမ်ငြိမ်နဲ့မေးလိုက်တယ်၊
'' ဒါဆိုမနေ့ကအလုပ်ကြောင့် သစ်သားဓား ၆၀၀ကိုဝယ်ခဲ့တာလား... ''
' အဲ့တာက၆၀၀တောင်လား '
ငါတစ်ခုလေးတောင်မရေခဲ့မိတာကြောင့် ငါသေချာမသိခဲ့ဘူး၊ဒီနေ့မနက်က အိမ်တော်ထိန်းငါ့အခန်းကိုဘာလို့အပြေးရောက်လာတာလဲဆိုတာကို ပြန်မြင်ယောင်ရင်း အဲ့တာကအတော်လေးရယ်ရတယ်လို့တွေးမိတယ်၊
Ecliseကသူရဲကောင်းတစ်ယောက်ဆိုတာကို သွယ်ဝိုက်ပြီးညွှန်ပြဖို့သာ ငါဆုံးဖြတ်ခဲ့တာ၊
'' ကျမသူ့အတွက်စိတ်မကောင်းဖြစ်မိတယ်၊အဲ့တာကြောင့် သူ့ကိုမှော်ဓားတစ်လက်ဝယ်ပေးခဲ့တာ ''
'' Penelope Eckart... ဘဏ်စာရွက်အလွတ်ကိုအဲ့လိုနေရာမျိုးမှာသုံးတယ်... ''
'' ကျမအပေါ်အရမ်းမပြင်းထန်ပါနဲ့ အဖေ... ''
ငါ့အောက်နှုတ်ခမိးကိုဖိကိုက်ရင်း ကြားဖြတ်ပြီးနားပူနားဆာလုပ်လိုက်တယ်၊
'' အဖေက ကျမစိတ်ပြေအောင်လို့ အဲ့တာကိုပေးခဲ့တာလေ ''
ချစ်စဖွယ်သမီးငယ်လေးတစ်ယောက်နဲ့တူနေပေမဲ့ အဲ့တာကတခြားအရာတွေမကြားချင်လို့ ကြိုးစားပြီးဟန်ဆောင်ထားရတာပဲ၊
ရှက်ကိုးရှက်ကန်းဖြစ်သွားပြီးတဲ့နောက် အေးစက်နေတဲ့လက်ဖက်ရည်ကိုတစ်ငုံယူသောက်လိုက်တယ်၊
ဘာလို့ဆို ငါ့လည်ချောင်းတွေကခြောက်ကပ်နေပြီလေ၊
' ကျမကိုတားဖို့ပြသနာတွေတော့မလုပ်လောက်ပါဘူးနော်၊ဟုတ်တယ်မလား '
ငါချစ်စရာကောင်းတဲ့ငတုံးတစ်ကောင်လိုသရုပ်ဆောင်ရတာကို နေသားကျနေခဲ့ပြီ၊
ဒါပေမဲ့ မနေ့ကကိစ္စနဲ့ပတ်သတ်ပြီး Dukeကအရမ်းဒေါသထွက်နေတာကြောင့် သူ့ကိုလက်ဆောင်ပေးပြီး ချစ်စရာကောင်းအောင်သရုပ်ဆောင်ရမယ်၊
အခြေနေတွေနဲ့အစီစဥ်တွေက တစ်ခုခုမှားယွင်းနေပြန်ပြီ၊
' ငါဘာလို့အမြဲဒီလိုတွေဖြစ်နေရတာလဲ '
လက်ဖက်ရည်ခွက်ရဲ့တခြားတစ်ဖက်မှာတော့ ငါDukeရဲ့မျက်နှာကိုကြည့်ပြီး ငါ့မျက်ရည်တွေကိုမျိုချရင်းထိန်းချုပ်နေရတယ်၊
'' လက်ဖက်ရည်အေးအေးတွေသောက်ရင် နေမကောင်းဖြစ်လိမ့်မယ်၊လက်ဖက်ရည်တွေနွေးသွားကာမှ ထပ်သောက်တော့ ''
ကံကောင်းတာလား မကောင်းတာလား...
Dukeကငါလက်ဖက်ရာ်သောက်ကို သဘောမကျသလိုကြည့်နေခဲ့ပေမဲ့ ထပ်ပြီးဒေါသမထွက်တော့ပဲ သူ့ကိုနားပူနားဆာလုပ်နေတာကိုသာရပ်ဖို့ပြောခဲ့တယ်၊သူက အေးဆေးတဲ့မျက်နှာနဲ့အစေခံကိုခေါ်လိုက်ပြီး လက်ဖက်ရည်အိုးကိုအပူပေးဖို့အမိန့်ပေးလိုက်တယ်၊
ငါစိတ်သက်သာရာရသွားရတယ်၊
နောက်ဆုံးအကြိမ် Rennaldနဲ့စကားပြောပြီးတဲ့နောက်မှာ တောင်းပန်ရုံနဲ့ဘာမှဖြေရှင်းလို့မရတာမို့ အရေးပေါ်အစီစဥ်ကိုစဥ်းစားမိခဲ့လို့ တော်သေးတယ်
Normal moodရဲ့ဇာတ်လိုက်မအပေါ် အကြိမ်ပေါင်းများစွာသုံးသပ်ပြီးတဲ့နောက် အခြေနေအားလုံးမှာအလ်ရတဲ့လူလို့ တောင်းပန်လိုက်တာကအဖြေမဟုတ်တော့ဘူး၊Hard Moode ရဲ့အခက်ခဲကပိုပိုပြီးခက်ခဲလာပြီ၊
' အခုကစပြီး အခြေနေအရပဲကိုယ်တိုင်ပဲ ခွဲခြားရမယ် '
ငါအတွေးတွေနဲ့နစ်မျောနေတုန်းမှာပဲ...
'' Penelope ''
ရုတ်တရက်ခေါ်လိုက်တာက ငါ့ကိုအသိပြန်ဝင်လာစေတယ်၊
'' ဟုတ်ကဲ့ အဖေ... ''
'' ငါတော့မထင်ဘူး ဒါပေမဲ့... ''
Duke ကသူ့ရဲ့အတွေးတွေကိုဖြန့်ကျက်လိုက်တယ်၊
'' အဲ့တာကကျွန်မဖြစ်နိုင်လောက်ဘူး ''
'' ရှင် ''
'' သူ့ရဲ့အခြေနေကိုအတည်ပြုခဲ့ရတယ်ဆိုရင်တောင် သူကစစ်ရှုံးနိုင်ငံကမဖြစ်နိုင်ဘူးလား ''
'' ဘာကို... ''
မမျှော်လင့်ထားတဲ့မှတ်ချက်ကြောင့် ရှက်ရွံ့ပြီးစကားတွေထစ်အသွားရတယ်၊ဒါပေမဲ့လည်း Dukeကသူတွေးမိနေတာတွေကိုဆက်စပ်ပြီး အတည်ပေါက်နဲ့ပြောနေခဲ့တယ်၊
'' သူ့ရဲ့ကြည့်ကောင်းတဲ့ရုပ်ရည်နောက်မှာ ဘာတွေလောဘတကြီးဖုံးကွယ်ထားလဲဆိုတာတော့ ငါမသိဘူး ''
'' အဖေ...အဖေရေ... ''
ငါမလုံမလဲဖြစ်နေပြီး သူ့ကိုတစ်ခါထပ်ပိုပြီးခေါ်လိုက်မိတယ်၊
' ငါကEcliseကိုအစိုးရဖြစ်လာဖို့ကြိုးစားနေတယ်လို့ထင်နေတာလား '
ဒါဆိုရင်တော့အဲ့တာကအရမ်းကိုကြီးမားတဲ့အထင်လွဲမှုကြီးဖြစ်သွားပြီ၊သူကအချိန်မရွေးငါ့ကိုသတ်တာလဲဖစ်နိုင်တာပဲကို၊
' ဘာကိုကြည့်ကောင်းတဲ့ရုပ်လဲ...သူ့ရဲ့Interestတွေကျသွားတဲ့အချိန်တိုင်း ငါ့မှာအဲ့အတွက်နှလုံးတုန်ရင်ခုန်ဖြစ်နေရတာကို '
ရှက်ရွ့ံမှုတွေကငါ့စကားတွေကအရှိန်မြင့်လာစေတယ်၊
'' ကျမကကမ္ဘာပေါ်ကတခြားသူတွေလောက်မတော်တာသိပါတယ် ဒါပေမဲ့အဲ့လောက်စဥ်းစားဉာဏ်မရှိတာတော့မဟုတ်ပါဘူး ''
'' သူ့ရဲ့မျက်နှာကမိန်းခလေးတွေအတွက်အဆင်ပြေတာကိုမြင်လိုက်လို့ ဒါတွေကိုရုတ်တရက်ကြီးပြောနေရတာ ''
'' ဒါကဝတ္ထုမှမဟုတ်တာ၊ဘယ်လိုအစောင့်ရှောက်မျိုးက သူ့လိုလိုချင်နေမှာလဲ၊ပြီးတော့ ကျမက ကျမထက်ငယ်တဲ့သူတေွကို ဆွဲဆောင်မဲ့သူမျိုးမဟုတ်ဘူး''
ပြီးတေယ့ ဇာတ်လိုက်ဆိုတာ ဇာတ်လိုက်မပိုင်တာကြီး၊ပြီးတေယ့ ငါကသူအရွယ်တောင်မရောက်ခင် အဆုံးသတ်ကိုသွားပြီး နောက်ပြန်လှည့်မကြည့်ဘဲဒီကနေထွက်သွားတော့မှာ၊
Dukeကရှက်သွားပြီး တစ်ခုခုထူးဆန်းတာကိုခံစားမိလိူက်သလိုမျိုး ချောင်းတွေဆက်တိုက်ဆိုးနေခဲ့တယ်၊
'' အဟမ်း...ဒါဆိုလည်း ငါမင်းကိုယုံပါတယ် ''
'' မပူနဲ့အဖေ အဲ့တာကဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူး၊ဘယ်တော့မှပဲ... ''
မျှော်မှန်းချက်တွေနဲ့ အသုံးမဝင်တဲ့ခံစားချက်တွေကလွတ်မြောက်ဖို့ကို အနှောင့်အယှက်ဖြစ်စေလိမ့်မယ်၊
ငါအဲ့အချိန်တွေကိုတမ်းတမနေဘူး ပြီးတော့ဇွတ်မတိုးချင်ဘူး၊
'' တကယ်စိတ်ပူနေတယ်ဆိုရင် အချိန်တစ်ခုထိကျမဘယ်မှမသွားပဲ အခန်းထဲမှာပဲအကျယ်ချုပ်နေလိုက်ပါ့မယ်... ''
'' မင်းကိုယ်မင်းသုံးသပ်တာကလုံလောက်နေပါပြီ၊အမဲလိုက်ပွဲမှာပါဖို့လေ့ကျင့်တာကိုသာသေချာလုပ်ပါ ''
'' ဘာ...ဒါပေမဲ့ ''
'' အခန်းထဲမှာပဲနေမနေနဲ့၊မင်းနဲ့ရွယ်တူတွေနဲ့အတူရှိဖို့ ဒီအခွင့်ရေးကိုသုံးစမ်းပါ၊မကောင်းတဲ့ဒေါသစိတ်တွေကို များများေလျာ့ချပလိုက် ''
မကျေမနပ်ဖြစ်တဲ့စိတ်ကတဟုန်ထိုးတက်လာခဲ့တယ်၊ ငါအိမ်ထဲမှာပိ်တ်လှောင်နေတာက တစ်စုံတစ်ယောက်ကိုမြင်ရလို့ပျော်နေတာကြောင့်လို့သူထင်နေတာပေါ့၊
စိတ်မေကာင်းဖြစ်နေတဲ့ငါ့ရဲ့စိတ်ကို ဒီတိုင်းမေ့မေ့ပျောက်ပျောက်မလုပ်နိုင်ပါဘူး၊
'' ဒါပေမဲ့ အဖေ...မနေ့က၊အဲ့တာကအရမ်းအကြီးအကျယ်ဖြစ်ခဲ့တယ်၊ကျမကပြသနာလုပ်မိခဲ့တာ ''
'' ဘာကပြသနာလဲ၊အဲ့တာကဘာမှပြောင်းလဲသွားမှာမဟုတ်ဘူး၊အဲ့အကြောင်းပြောတာကိုရပ်လိုက်တော့ ''
Dukeကအံကိုကြိတ်လိုက်ပြီး စကားပြောနေတာကိုရုတ်တရက်ရပ်လိုက်တယ်၊ငါကမဝံ့မရဲဖစ်သွားတဲ့ပုံပေါ်တယ်၊ တကယ်လို့ငါသာပိုပြီးလုပ်ခဲ့မယ်ဆိုရင် Dukeကဆိုးဆိုးရွာရွားဆဲနေလောက်တယ်၊
' ပထမဆုံးအနေနဲ့ ငါကအဖိုးတန်သူရဲကောင်းတစ်ယောက်ကို လည်ပင်းညှစ်ခဲ့တယ်၊ပြီးတော့ အဲ့တာကကောင်းတဲ့အရာကိုပြောင်းသွားတာမဟုတ်ဘူး၊ အရမ်းလွန်တာပဲ '
ငါစူပုတ်ပုတ်ဖြစ်သွားရတယ်ဲဒါပေမဲ့လည်း Dukeရဲ့ဒေါသတွေဒီလောက်နဲ့ရပ်သွားတာကိုကျေးဇူးတင်ရမယ်၊ငါကအဆိုးရွားဆုံးပြစ်ဒဏ်အဖြစ် အမဲလိုက်ပြိုင်ပွဲမှာပါဝင်ဖို့အပြစ်ပေးခံရတယ်၊
'' ယူလိုက် ''
အဲ့အချိန်မှာပဲ၊Dukeကရုတ်တရပ် မှီလိုက်ပြီး ကြမိးပြင်ပေါ်ကတစ်စုံတစ်ခုကို မယူလိုက်တယ်၊အဲတာကတန်ဖိုးကြီးတဲ့ သစစ်သားသေတ္တာကြီးတစ်ခုပဲ၊
အဲ့တာကစားပွဲနဲ့ကွယ်နေတာကြောင့် ဒီနေရာမှာအဲ့တာရှိတာကိုမသိခဲ့ဘူး၊
အဲ့တာကအတော်လေး လေးမယ်ထင်တယ်၊စားပွဲပေါ်ကသေတ္တာကနေ လေးလံတဲ့အသံတစ်ခုထွက်နေခဲ့တယ်၊
အနီးကပ်ကြည့်တော့မှ အဲ့တာကသာမာန်သစ်သားသေတ္တာမဟုတ်ပဲ တစ်ခုခုထည့်ထားတဲ့သေတ္တာဖြစ်နေခဲ့တယ်၊ဘာလို့ဆို အဲ့တာရဲ့ထိပ်မှာလက်ကိုင်တစ်ခုနဲ့သော့ခလုတ်တစ်ခုရှိနေခဲ့တယ်လေ၊
အဲ့နောက် Duke ကသော့တွေအားလုံးကိုဖွင့်လိုက်တယ်၊ပြီးမှသေတ္တာကိုဖွင့်ပြီး ငါ့ဘက်ကိုလှည့်လိုက်တယ်၊
'' ဒါက ''
ငါ့ရှေ့မှာရှိနေတဲ့ သေတ္တာထဲကအရာကြောင့် ငါအ့ံဩသွားရတယိ၊အလယ်ခေတ်ကရုပ်ရှင်တွေမှာမြင်ရတဲ့ ခမ်းနားလှတဲ့ ငွေရောင်ဒူးလေးတစ်လက်ကအမွှေးပွကူရှင်တစ်ခုပေါ်မှာ နေရာယူထားတယ်၊
ေပြာင်လက်နေတဲ့ သူ့ရဲ့အရောင်ကအသစ်အတိုင်းပဲ
အသေးစိတ်ထွင်းထုထားတဲ့လက်ရာတွေနဲ့ လင်းလက်နေတဲ့ရတနာတစ်ချို့မြှပ်နှံထားပြီး တစ်ချက်ကြည့်လိုက်ရုံနဲ့တင်စျေးကြီးမှန်းသိသာစေတယ်၊
'' အဲ့တာကမင်းရဲ့ဒူးလေးပဲ၊ ငါသိမ်းထားခဲ့တာ ''
ငါ့ရဲ့မျက်လုံးတွေလင်းလက်သွားခဲ့တယ်၊
Reward. [One Magic crossbow]
' ဆု...?ဘာကြီး '
ရုတ်တရက်ပေါ်လာတဲ့ လေးထောင့်မျက်နှာပြင်ကိုကြည့်ပြီး ငါမေ့နေခဲ့တာကို ရုတ်တရက်သတိပြန်ရလိုက်တယ်၊
-ဆုအနေနဲ့ Rennald ရဲ့Interest +3%နဲ့ ဒူးလေး
အဲ့တာက ဟိုသောက်ရူးကောင် Rennald နဲ့တုန်းကရခဲ့တဲ့ဒူးလေးပဲ၊
'' အာ ''
ငါအရမိးမင်သက်သွားတာကြောင့် ငါမကယ်တင်နိုင်တော့ဘဲ သက်ပြင်းချလိုက်မိတယ်၊ဒါပေမဲ့ Dukeကသူယူလာခဲ့တာကို အားရပါးရပြောလာခဲ့တယ်၊
'' ဒီတကြိမ်တော့ ပိုပြီးစိတ်ချရအောင် ငါလုပ်ခဲ့တယ် ''
သူ့ရဲ့စကားတွေကြောင့် ငါသစ်သားသေတ္တာကိုတစ်ခါထပ်ပြီးကြည့်လိုက်တယ်၊ဒူးလေးက လက်နက်ဆိုတာထက်နံရံပေါ်မှာတခမ်းတနားအလှဆင်မဲ့ အဆင်တန်ဆာနဲ့တောင်တူနေသေးတယ်၊
' ဘေးကင်းဖို့အတွက်လို့ ပြောခဲ့ပေမဲ့အဲ့တာကို ပစ်လို့ရအောင်လုပ်ခဲ့ရဲ့လား '
ငါကအများကြီးတွေးနေပေမဲ့ Dukeကတစ်စုံတစ်ခုကိုထုတ်ယူနေခဲ့တယ်၊အဲ့တာကမဟုတ်ကြောင်းငြ်းနေသလိုမျိုး၊
'' Penelope ဒီမှာကြည့်.... ''
Dukeကအိတ်တစ်ခုရဲ့ထောင့်ကို ဖြေလိုက်ပြီး အဝကိုပြလာခဲ့တယ်၊အထဲမှာတော့ လက်မအရွယ် သံပုတီးစေ့တွေအပြည့်ရှိနေခဲ့တယ်၊
ငါ့ရဲ့ဘာတွေဖြစ်နေမှန်းမသိတဲ့ မျက်နှာနဲ့အတူသူ့ကိုမေးလိုက်တယ်၊
'' ဘာတွေလဲ အဖေ... ''
'' ငါမြားတွေအစား မှော်ပုတီးစေ့တွေကိုအစားထိုးလိုက်တာ ''
'' မှော်...ဘယ်လိုဟာမျိုး... ''
'' ပစ်လိုက်တဲ့အခါ ပုတီးစေ့တွေကပေါက်ကွဲထွက်သွားပြီး ချက်ချင်းဦးနှောက်ထွေပြားသွားပြီး ခဏလောက်မူးဝေသွားစေလိမ့်မယ်၊အဲ့တာကသေလောက်တဲ့အထိ သန်မာမှုမရှိဘူးအဲ့တာကြောင့်လူတစ်ယောက်ကို ပစ်မိသွားရင်တောင်ပြင်းပြင်းထန်ထန်ဒဏ်ရာဖြစ်စေမှာမဟုတ်ဘူး ''
'' အဲ့လိုကိုး ''
ငါမရိုးမသားနဲ့ပြန်ဖြေလိုက်တယ်၊အဲ့နောက် အဲ့တာကိုခက်ခက်ခဲခဲရှင်းပြရတဲ့ Dukeအတွက် နည်းနည်းတော့အားနာသလိုခံစားလိုက်ရတယ်၊ဒါပေမဲ့ ငါမတက်နိုင်ဘူး၊ ငါဝင်ပြိုင်ရမယ်ဆိုကတည်းက ငါ့ရဲ့အာရုံတွေအကုန်ပျောက်သွားတာမလို့လေ၊
'' အမဲလိုက်ပွဲကဘာ...အိမ်ရှေ့စံသတိမထားမိအောင် သူ့ရဲ့မြင်ကွင်းကနေ ကောင်းကောင်းပုန်းနိုင်ပြီဆိုရင်ပဲဝမ်းသာလှပါပြီ ''
ငါအရမ်းကြီးစိတ်ဝင်စားမှုရှိမနေတာကိုမြင်တော့ Dukeရဲ့မျက်နှာကနည်းနည်းတင်းမာလာခဲ့တယ်၊
'' ပြီးတော့တစ်ခုကျန်သေးတယ် ''
သူကအရင်ထက်ပိုပြီးလေးနက်တဲ့အသံနဲ့ပြောလိုက်တယ်၊
'' ပုတီးစေ့နဲ့အပစ်မခံရခင်က မှတ်ဉာဏ်တွေကိုပျောက်ဆုံးသွားစေတဲ့မှော် ''
'' ဘာ...မှတ်ဉာဏ်တွေပျောက်ဆုံးစေတဲ့မှော် ''
မှတ်ဉာဏ်ပျောက်ဆုံးစေတဲ့မှော်ရှိတဲ့ ဒူးလေးကဘာလုပ်ဖို့လဲ...
ငါDuke ပြောနေတာတွေကိုနားမလည်နိုင်တဲ့ပုံနဲ့ ကြောင်ကြောင်လေးကြည့်မိလိုက်ပြန်တယ်၊
အဲ့နောက်သူက ဝန်လေးနေတဲ့လေသံနဲ့အတူ ပါးစပ်ကိုဟလိုက်တယ်၊
'' အကယ်၍ တကယ်ပစ်ချင်တယ်ဆိုရင် ဘယ်သူမှမရှိတဲ့နေရာကိုမျှားခေါ်သွားလိုက် ''
'' ရှင် ''
THE END.😅
---------------
Zawgyi.
'' Penelope...ဘာကို... ''
'' ဟမ်း... ''
' အဲ့တာက၆၀၀တောင်လား '
Dukeကငါလက်ဖက်ရ်ာသောက်ကို သဘောမကျသလိုကြည့်နေခဲ့ပေမဲ့ ထပ်ပြီးဒေါသမထွက်တော့ပဲ သူ့ကိုနားပူနားဆာလုပ်နေတာကိုသာရပ်ဖို့ပြောခဲ့တယ်၊သူက အေးဆေးတဲ့မျက်နှာနဲ့အစေခံကိုခေါ်လိုက်ပြီး လက်ဖက်ရည်အိုးကိုအပူပေးဖို့အမိန့်ပေးလိုက်တယ်၊
'' Penelope ''
'' ဟုတ်ကဲ့ အဖေ... ''
'' ရှင် ''
'' ဘာကို... ''
'' အဖေ...အဖေရေ... ''
ရှက်ရွံ့မှုတွေကငါ့စကားတွေကအရှိန်မြင့်လာစေတယ်၊
'' ဒါကဝတ္ထုမှမဟုတ်တာ၊ဘယ်လိုအစောင့်ရှောက်မျိုးက သူ့လိုလိုချင်နေမှာလဲ၊ပြီးတော့ ကျမက ကမြထကျငယျတဲ့သူတှေကို ဆွဲဆောင်မဲ့သူမျိုးမဟုတ်ဘူး''
Dukeကရှက်သွားပြီး တစ်ခုခုထူးဆန်းတာကိုခံစားမိလိုက်သလိုမျိုး ချောင်းတွေဆက်တိုက်ဆိုးနေခဲ့တယ်၊
'' ဘာ...ဒါပေမဲ့ ''
'' အခန်းထဲမှာပဲနေမနေနဲ့၊မင်းနဲ့ရွယ်တူတွေနဲ့အတူရှိဖို့ ဒီအခွင့်ရေးကိုသုံးစမ်းပါ၊မကောင်းတဲ့ဒေါသစိတ်တွေကို မြားမြားလြော့ခပြလိုကျ ''
မကျေမနပ်ဖြစ်တဲ့စိတ်ကတဟုန်ထိုးတက်လာခဲ့တယ်၊ ငါအိမ်ထဲမှာပိတ်လှောင်နေတာက တစ်စုံတစ်ယောက်ကိုမြင်ရလို့ပျော်နေတာကြောင့်လို့သူထင်နေတာပေါ့၊
စိတ်မကောငျးဖြစ်နေတဲ့ငါ့ရဲ့စိတ်ကို ဒီတိုင်းမေ့မေ့ပျောက်ပျောက်မလုပ်နိုင်ပါဘူး၊
'' ယူလိုက် ''
'' ဒါက ''
ငါ့ရှေ့မှာရှိနေတဲ့ သေတ္တာထဲကအရာကြောင့် ငါအံ့ဩသွားရတယိ၊အလယ်ခေတ်ကရုပ်ရှင်တွေမှာမြင်ရတဲ့ ခမ်းနားလှတဲ့ ငွေရောင်ဒူးလေးတစ်လက်ကအမွှေးပွကူရှင်တစ်ခုပေါ်မှာ နေရာယူထားတယ်၊
ပွောငျလကျနတေဲ့ သူ့ရဲ့အရောင်ကအသစ်အတိုင်းပဲ
အသေးစိတ်ထွင်းထုထားတဲ့လက်ရာတွေနဲ့ လင်းလက်နေတဲ့ရတနာတစ်ချို့မြှပ်နှံထားပြီး တစ်ချက်ကြည့်လိုက်ရုံနဲ့တင်ဈေးကြီးမှန်းသိသာစေတယ်၊
' ဆု...?ဘာကြီး '
'' အာ ''
'' Penelope ဒီမှာကြည့်.... ''
'' ဘာတွေလဲ အဖေ... ''
'' မှော်...ဘယ်လိုဟာမျိုး... ''
'' အဲ့လိုကိုး ''
မှတ်ဉာဏ်ပျောက်ဆုံးစေတဲ့မှော်ရှိတဲ့ ဒူးလေးကဘာလုက်ဖို့လဲ...
'' ရှင် ''
THE END.😅
---------------