တွယ်ကပ်ရန်ကူးပြောင်းလို့လာ[Co...

By zuriiiiii8

181K 29.1K 808

-အစ်ကိုဘာတွေပဲလုပ်လုပ် အစ်ကိုက အစ်ကိုပဲ။ ကျွန်တော့် နှလုံးသားထဲမှာ သဘောအကျရ ဆုံး ဂိုဏ်းတူအစ်ကိုဝမ် ဖြစ်န... More

Synopsis
အခန်း(၁)
အခန်း(၂)
အခန်း(၃)
အခန်း(၄)
အခန်း(၅)
အခန်း(၆)
အခန်း(၇)
အခန်း(၈)
အခန်း(၉)
အခန်း(၁၀)
အခန်း(၁၁)
အခန်း(၁၂)
အခန်း(၁၃)
အခန်း(၁၄)
အခန်း(၁၅)
အခန်း(၁၆)
အခန်း(၁၇)
အခန်း(၁၈)
အခန်း(၁၉)
အခန်း(၂၀)
အခန်း (၂၁)(၁)
အခန်း(၂၁)(၂)
အခန်း(၂၂)
အခန်း(၂၃)
အခန်း(၂၄)
အခန်း(၂၅)
အခန်း(၂၆)
အခန်း(၂၇)
အခန်း(၂၈)
အခန်း(၂၉)
အခန်း(၃၀)
အခန်း(၃၁)
အခန်း(၃၃)
အခန်း(၃၄)
အခန်း(၃၅)
အခန်း(၃၆)
အခန်း(၃၇)
အခန်း(၃၈)
အခန်း(၃၉)(၁)
အခန်း(၃၉)(၂)
အခန်း(၄၀)
အခန်း(၄၁)
အခန်း(၄၂)
အခန်း(၄၃)
အခန်း(၄၄)
အခန်း(၄၅)
အခန်း(၄၆)
အခန်း(၄၇)
အခန်း(၄၈)
အခန်း(၄၉)
အခန်း(၅၀)
အခန်း(၅၁)
အခန်း(၅၂)
အခန်း(၅၃)
အခန်း(၅၄)
အခန်း(၅၅)
အခန်း(၅၆)
အခန်း(၅၇)
အခန်း(၅၈)
အခန်း(၅၉)
အခန်း(၆၀)
အခန်း(၆၁)
အခန်း(၆၂)
အခန်း(၆၃)
အခန်း(၆၄)
အခန်း(၆၅)
အခန်း(၆၆)
အခန်း(၆၇)
အခန်း(၆၈)
အခန်း (၆၉)
အခန်း(၇၀)
အခန်း (၇၁)
အခန်း(၇၂)
အခန်း (၇၃)
အခန်း(၇၄)
အခန်း(၇၅)
အခန်း(၇၆)
အခန်း(၇၇)(၁)
အခန်း(၇၇)(၂)
အခန်း(၇၈)
အခန်း(၇၉)(၁)
အခန်း(၇၉)(၂)
အခန်း(၈၀)
အခန်း(၈၁)
အခန်း(၈၂) (ဇာတ်သိမ်း)
from author
farewell

အခန်း(၃၂)

2K 337 10
By zuriiiiii8

                    <ခွဲခွာခြင်းငယ်>

ကျိန်စာ? ထိုအယူအဆကိုကျန်းရီသိထားပြီးသားဖြစ်သည်။ထိုအယူအဆသည် ဖြောင့်မတ်မှန်ကန်သော ကျင့်ကြံသူများအသုံးပြုသည့်နည်းလမ်းမဟုတ်ဘဲ နတ်ဆိုးကျင့်ကြံသူ
များသာမကြာခဏအသုံးပြုလေ့ရှိသောပရိ
ယာယ်ဖြစ်သည်။

တစ်ခါကူးစက်ခံရပြီး ကျိန်စာမိထားခြင်းကိုဖြေရှင်းရန်နည်းလမ်းရှာမတွေ့ပါက ကျိန်စာမိထားသူသည် တဖြည်းဖြည်းအားနည်းလာပြီးသေဆုံးရလိမ့်မည်။အကယ်၍ကျိန်စာမိထားသူတွင် သင့်လျော်သောကျင့်ကြံခြင်းစွမ်းအင်မရှိခြင်းနှင့်ထိုပရိယာယ်အပေါ်နားလည်နိုင်စွမ်းချို့တဲ့ပါက မည်သို့မည်ပုံသေဆုံးသွားမှန်းတောင် သူတို့ကိုယ်သူတို့မသိနိုင်ပါချေ။ဤအရာသည် အလွန်အန္တရာယ်များသောန
ည်းလမ်းဖြစ်ပေသည်။

တစ်ခဏအတွင်းမှာပင် ကျန်းရီ၏မျက်နှာအယမူအယာသည် ရှုပ်ထွေးစွာပြောင်းလဲသွားခဲ့သည်။သူယူဆောင်ထားသော ဤရုပ်ခန္ဓာကိုပြန်လည်ဆန်းစစ်ကြည့်၏။

ပထမတွင် ဤကမ္ဘာ၌သူမျက်လုံးပွင့်လာချိန်ကတည်းက သူ့ကိုယ်သူဤရုပ်ခန္ဓာထဲတွင်ရှာတွေ့ခဲ့သည်။ထိုအချိန်က ခန္ဓာကိုယ်၏မူရင်းပိုင်ရှင်သည် အစာအာဟာရလုံးဝမရှိဘဲတော
နက်ထဲတွင်ရုတ်တရက်သေဆုံးပြီး ကမ္ဘာကြီးထဲမှထွက်သွားခဲ့ပြီးဖြစ်သည်။

ဤနေရာသို့ ကျန်းရီကူးပြောင်းလာပြီးနောက်
အလွန်အမင်းဆာလောင်ငတ်မွတ်မှုကြောင့် အစာအိမ်တစ်ခုလုံးနာကျင်နေပြီး ခွန်အားလည်းတစ်စက်မျှမရှိပေ။

ကျန်းရီသည် ခန္ဓာကိုယ်မသက်သာခင်အထိရက်ပေါင်းများစွာကြာအောင် တောရိုင်းတိရ
စ္ဆာန်များကိုအမဲလိုက်ခဲ့ရပြီး မူရင်းခန္ဓာပိုင်ရှင်သည် အစာငတ်မွတ်မှုကြောင့်သေဆုံးသွားသည်ဟုသာသူတွေးခဲ့ဖူးသည်။

ထို့နောက် ကျန်းရီသည်မူရင်းခန္ဓာပိုင်ရှင်၏
မှတ်ဥာဏ်ကိုအသုံးချ၍ ဘိုးဘွားစဥ်ဆက်ချန်ရစ်ခဲ့သောအမွေတစ်ချို့ကိုရှာနိုင်ခဲ့သည်။သိုလှောင်လက်ကောက်အပြင် တံခွန်တိမ်တို
က်ဂိုဏ်းသို့ အောင်မြင်စွာဝင်ရောက်စေနိုင်မည့်ပိုင်ဆိုင်မှုအနည်းငယ်ကိုလည်းရခဲ့သေးသ
ည်။

ဤအကြောင်းအရာအားလုံးသည်သူ့မှတ်တ
မ်းဖြစ်ပေသည်။

မူရင်းခန္ဓာပိုင်ရှင်၏မိဘများသည် တစ်စုံတစ်ဦးထံမှအသတ်ခံခဲ့ရဖွယ်ဖြစ်ကြောင်း ကျီကျစ်အန်းထံမှကြားသိခဲ့ရသော်လည်း မူရင်းခန္ဓာပိုင်ရှင်၏သေဆုံးမှုကိုတော့ သူမေးခွန်းမထုတ်ခဲ့မိချေ။

မိဘများသေဆုံးပြီးမြို့တွင်းရှိနေအိမ်မှမော
င်းထုတ်ခံခဲ့ရသော မှတ်ဥာဏ်ချို့ယွင်းနေသည့်လူငယ်တစ်ဦးသည် အဆုံးတွင်တစ်ဦးတ
ည်းရှင်သန်ရပ်တည်ရန်မဖြစ်နိုင်ပေ။

ယခုမူ ကျောက်ဖေးယွီ၏စကားကြောင့်အရာအားလုံးပြောင်းလဲသွားလေပြီ။

သူ့ကိုယ်ပေါ်တွင်ကျိန်စာလက္ခဏာများကျန်နေသေးပါက ၎င်းသည် မူရင်းခန္ဓာပိုင်ရှင်ကကျိန်စာမိ၍သေဆုံးခဲ့ခြင်းဖြစ်ပြီး၊မူရင်းခန္ဓာပိုင်ရှင်၏မိဘများကတစ်စုံတစ်ဦး၏သတ်ဖြ
တ်မှုကြောင့်သေဆုံးခဲ့ရခြင်းဖြစ်ကြောင်းကိုသက်သေပြလျက်ရှိပေသည်။

ဘယ်လိုလူမျိုးကမှတ်ဥာဏ်နှောင့်နှေးနေတဲ့
ကောင်လေးကိုတောင်အလွတ်မပေးရတာလဲ?

ဤမတရားခံရမှုသည် အလွန်ကြီးမားသောပြသနာကြီးဖြစ်ရာ ကျန်းရီသည်ဝမ်ရွှမ့်ကိစ္စများကိုသာ အရင်ကိုင်တွယ်ရန်မဖြစ်နိုင်တော့ဘဲသူ့ကိုယ်ရေးကိုယ်တာကိစ္စများကို ကိုင်တွ
ယ်ရန်နည်းလမ်းရှာဖွေရပေတော့မည်။

ဤပြသနာကိုဂရုတစိုက်ချက်ချင်းဖြေရှင်းရန်လိုအပ်သည်။သို့မှမဟုတ်လျှင် စနိုးစနောင့်ဖြစ်နေသောစိတ်ထင့်မှုဖြင့် ဤခန္ဓာကိုယ်တွ
င်သူဘယ်လိုမှနေနိုင်တော့မည်မဟုတ်ပေ။

ကျန်းရီသည်ဤပြသနာများကိုအစ၊အဆုံးအပြန်ပြန်အလှန်လှန်စဥ်းစားခဲ့သော်လည်းလက်တွေ့တွင်တော့စက္ကန့်ပိုင်းမျှသာကြာမြင့်ခဲ့သည်။

ကျန်းရီ၏လေးလံနေသောအမူအယာကိုမြင်ရသောအခါ ကျောက်ဖေးယွီသည်'သူများရုပ်ခန္ဓာကိုခိုးထားတယ်'ဟူသောကျန်းရီ၏လျှို့
ဝှက်ချက်ကို သူရှာတွေ့သွားခြင်းကြောင့်ဟုထင်မှတ်ပြီး ချက်ချင်းသဘောတကျထရယ်လျက် သူတို့နှစ်ဦးအကြားပိုရင်းနှီးသောဆ
က်ဆံရေးတစ်ခုကိုဖန်တီးရန်အတွက် ကျန်းရီ
၏ပခုံးပေါ်လက်တင်ရန် သူ့လက်တစ်ဖက်ကိုမြှောက်လိုက်လေသည်။

ကျန်းရီကခေါင်းမော့၍ကျောက်ဖေးယွီကိုယခင်ကထက်ပိုအေးစက်သောအကြည့်ဖြင့်ကြည့်လာ၏။

"ငါ့ကိုယ်ပေါ်မှာကျန်နေတဲ့ကျိန်စာလက္ခဏာကအရမ်းသိသာနေလား?တခြားသူတွေရောရှာတွေ့နိုင်လောက်လား?"

"အဲ့လောက်တော့မဟုတ်ပါဘူး"

ကျောက်ဖေးယွီကအမှန်အတိုင်းပြန်ဖြေခဲ့သည်။

"ကြည့်ရတာတော့လွန်ခဲ့တဲ့လပေါင်းများစွာကတည်းကဖြစ်ခဲ့တဲ့ပုံစံပဲ အရမ်းမှိန်တယ် ငါ့လိုနိမ့်ကျတဲ့နတ်ဆိုးကျင့်ကြံသူတောင်သေခြင်းတရားစာချုပ်ရဲ့အကူအညီမပါဘဲမတွေ့နိုင်ဘူး"

ကျန်းရီသည်စိတ်သက်သာရာရသွားသကဲ့သို့သက်ပြင်းချလိုက်ပြီးမျက်နှာအရောင်လည်းပြန်ကြည့်ကောင်းလာခဲ့သည်။

လွန်ခဲ့သောလပေါင်းများစွာသည် မူရင်းခန္ဓာပိုင်ရှင်သေဆုံးခဲ့သောအချိန်နှင့်ကိုက်ညီလှပေသည်။

"ဘယ်သူ့ကိုမှမပြောနဲ့"

ကျန်းရီကဆက်ပြောခဲ့သည်။

"ဒီကိစ္စကိုတတိယလူသိသွားရင်.....ဘာဆက်ဖြစ်မလဲဆိုတာမင်းသိတယ်နော်"

ကျောက်ဖေးယွီသည်ထိုနေရာ၌ပင်ချက်ချင်းတုန်တက်သွားရတော့သည်။

"အဆင့်နိမ်တဲ့ငါ...အဆင့်နိမ့်တဲ့ငါ...နားလည်
ပါပြီ ဒါပေမယ့်စာချုပ်ပိုင်ရှင်နောက်တစ်ယောက်ကမေးလာခဲ့ရင်ရော...."

"ဆရာတူအစ်ကို......"

ကျန်းရီကခပ်တိုးတိုးရေရွတ်၏။သူ့အမူအ
ယာတွင်တွန့်ဆုတ်မှုတစ်ချို့ရောယှက်နေလေသည်။အချိန်အတော်ကြာမှသက်ပြင်းချ၍

"ဆရာတူအစ်ကို ကိုယ်တိုင်မေးလာခဲ့ရင်တော့ငါမင်းကိုဖိအားမပေးပါဘူး ဒါပေမယ့်သူမမေးရင် မင်းစကားတစ်ခွန်းတောင်ဟလို့မဖြစ်ဘူး"

"သိပါပြီ သိပါပြီ"

နောက်ဆုံးတွင်ကျောက်ဖေးယွီကခေါင်းညိတ်ပြလေသည်။

ကျန်းရီစကားဆက်ပြောရန်ပြင်လိုက်သော်
လည်းရုတ်တရက်ငြိမ်သက်သွားရသည်။သူ့နှုတ်ခမ်းများကိုအလျင်စလိုစေ့ပိတ်လို​က်
၏။တိုက်ပွဲနေရာကိုရှင်းလင်းပြီးသည့်နောက်
သူတို့ရှိရာနေရာသို့ လာနေသောဝမ်ရွှမ့်ကိုလှ
မ်းတွေ့လိုက်ရလေသည်။

"ဒီလောက်ကြာအောင်မင်းတို့နှစ်ယောက်ဘာတွေပြောနေကြတာလဲ?"

ဤစကားကိုပြောရင်း သူ့ရှေ့မှလူနှစ်ဦး၏သိ
သိသာသာပြောင်းလဲနေသော အမူအယာကိုသတိထားမိလေသည်။

"ဘာဖြစ်တာလဲ?"

"ဆရာတူအစ်ကို"

"ဆရာတူအစ်ကို......."

ယခုအချိန်တွင်သူဘာပြောသင့်မှန်းမသိချေ။

ဤပြသနာကိုဝမ်ရွှမ်မသိအောင်ဖုံးကွယ်ထားရမည်မှာသံသယဖြစ်စရာတောင်မလိုသောအချက်ဖြစ်၏။ဤပြသနာကိုဖြေရှင်းရန်
ဝမ်ရွှမ့်ကိုသူရှောင်တိမ်းရပေလိမ့်မည်။

"အခုကျွန်တော်ဆွေးနွှေးနေတာ မိုးပြာတော
င်ပံဂိုဏ်းကို သူနဲ့အတူအဖော်ပြုပြီးလိုက်သွား
ပေးရင်ကောင်းမလားလို့ပါ"

အဆုံးသတ်တွင်ထိုစကားကိုကျန်းရီပြောခဲ့၏။

"ခဏလောက်ခွဲနေပြီး ပြန်တွေ့ကြမယ့်အချိန်
ကိုသတ်မှတ်ရအောင်"

"မင်း မိုးပြာတောင်ပံဂိုဏ်းကိုသွားမလို့လား?"

ဝမ်ရွှမ်ပို၍အံ့သြသွားရသည်။

"ဘာဖြစ်လို့လဲ?"

"ဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုဘယ်သူမှမသိနိုင်ဘူးလေ အဲ့တာကြောင့်သူတစ်ယော
က်ထဲမဖြေရှင်းနိုင်မှာစိုးရိမ်မိတယ်"

(note/ဒီနေရာမှာ'သူ'ဆိုတာကျောက်ဖေးယွီကိုညွှန်းတာပါ)

ကျန်းရီကရှင်းပြလာသည်။

"ဘယ်လိုပဲဖြစ်ဖြစ် ထွက်ပြေးသွားတဲ့လူတွေကဘာတွေဖြစ်ခဲ့သလဲဆိုတာကိုမိုးပြာတောင်
ပံဂိုဏ်းအထိသွားတိုင်ပြီးလောက်ပြီ အဲ့တာကြောင့် အခြေအနေကတော့ထင်ထားသ
လောက်ရိုးရှင်းမှာမဟုတ်ဘူး အစီအစဥ်ချပြီးသူ့နဲ့အတူကျွန်တော်လိုက်သွားပေးမယ်ဆိုရင်တော့ သူဒီထက်ပိုပြီးအဆင်ပြေပြေကိုင်တွယ်နိုင်လောက်တယ်"

"ဒါပေမယ့်အဲ့လောက်အထိမလိုသေး......"

ဝမ်ရွှမ်သည်သိပ်သဘောတကျလက်မခံချင်သေးပေ။

"ပြီးတော့ ယွမ်စုစည်းခြင်းအဆင့်အတွက်အစ်ကိုလိုအပ်တဲ့ပစ္စည်းတချို့လည်းမိုးပြာတောင်ပံဂိုဏ်းမှာရှိချင်ရှိနေမှာ"

"ကျွန်တော်လမ်းတစ်လျှောက်လုံးလေ့လာသွားလို့ရတယ်"

ဝမ်ရွှမ်ကမျက်မှောင်ကြုံ့၍

"ငါလိုအပ်တဲ့ပစ္စည်းတွေကိုမင်းသွားရှာမယ်ဆိုရင်ငါလဲမင်းတို့နှစ်ယောက်နဲ့လိုက်ခဲ့မယ်"

"မဟုတ်ဘူး မဟုတ်ဘူး"

ကျန်းရီသည်အလျင်စလိုတားဆီးလိုက်၏။

"ဆရာတူအစ်ကို......."

ခဏတာပျာယာခတ်သွားသော်လည်းထိုစိုးရိ
မ်မှုကို အလျင်စလိုဖိနှိပ်ပြီးကမောက်ကမဖြစ်နေသောပြသနာကို အကြောင်းပြချက်နှင့်တ
ကွအကောင်းဆုံးကိုင်တွယ်ရန်ကြိုးစားခဲ့သ
ည်။

"မိုးပြာတောင်ပံဂိုဏ်းကိုကျွန်တော်တို့သွားမယ် အဲ့တာကြောင့်....."

အဆုံးတွင် အသက်ပြင်းပြင်းရှုသွင်း၍အပြုံးမမည်သောအပြုံးတစ်ခုဖြင့်

"အကယ်၍ မိုးပြာတောင်ပံဂိုဏ်းကတစ်ယော
က်ယောက်ကများ'အဲ့တာဆိုကျင့်ကြံသူကျောက်ကသေသွားပြီလား ရှင်နေသေးလား'
လို့မေးလာခဲ့ရင် အစ်ကိုဘယ်လိုပြန်ဖြေဖို့စဥ်း
စားထားလဲ?"

"သေချာတာပေါ့ ငါ......."

ဝမ်ရွှမ်စပြောခဲ့သော်လည်းထူးဆန်းသောအမူအယာဖြင့်စကားရပ်သွားရတော့သည်။

သူဘယ်လိုပြောရမှာလဲ?ယုံချင်စရာကောင်း
လောက်တဲ့ယုံကြည်မှုမျိုးနဲ့ 'ကျောက်ဖေးယွီ
ကလုံးဝမသေပါဘူး'လို့ပြောရမှာလား?

သို့ပေသည့် ဝမ်ရွှမ်သည်မုသားပြောမည့်
လူစားမျိုးမဟုတ်ပေ။သူ့ရင်ထဲမှစိတ်မသက်မသာဖြစ်မှုကိုမြိုသိပ်ပြီး ထိုကဲ့သို့သောအလိ
မ်အညာစကားမျိုးကို မဖုံးကွယ်ထားနိုင်သည့်အပြင်၊ယုံကြည်ချက်လည်းလုံးဝမရှိပေ။

ဤအကြောင်းပြချက်သည်အလွန်ကောင်းမွန်
လှ၏။ကျန်းရီ၏အမူအယာလည်း တဖြည်း
ဖြည်းငြိမ်ကျသွားခဲ့သည်။

"အဲ့တာကြောင့်ဒီပြသနာကိုကျွန်တော်တို့လက်ထဲပဲထည့်လိုက်ပါနော်ဆရာတူအစ်ကို။အစ်ကိုလဲဝိဥာဥ်မြို့တော်ကိုရှာပြီးဝယ်လို့ရမယ့်ပစ္စည်းတွေကိုကြည့်ရအုံးမယ်မဟုတ်လား? တစ်ယောက်ချင်းစီရဲ့ကိစ္စတွေပြီးသွားတဲ့အခါကျွန်တော်တို့ပြန်ဆုံကြမယ်လေ သိပ်မကြာလောက်ပါဘူး"

ဝမ်ရွှမ်သည်မကျေမနပ်ဖြစ်နေသေးသော်လ
ည်း ဤအတိုင်းအတာအထိအရာအားလုံးကိုပြောပြီးဆိုပြီးဖြစ်နေရာ ခေါင်းညိတ်၍သ
ဘောတူယုံသာရှိခဲ့သည်။

အန်ဖုန်းမြို့၏မြောက်ဘက်၌တစ်လအကြာတွင်ပြန်လည်တွေ့ဆုံရန်သဘောတူပြီးနောက်ကျန်းရီသည်ဝမ်ရွှမ့်ကိုလက်ပြနှုတ်ဆက်၍
ကျောက်ဖေးယွီနှင့်အတူထွက်သွားတော့သ
ည်။

ထွက်သွားပြီ.......ဒီတိုင်းပဲထွက်သွားပြီ

ဝမ်ရွှမ်သည်မပျော်ရွှင်သောစိတ်ခံစားချက်များဖြင့် သူရပ်နေသောနေရာတွင်သာရပ်နေဆဲဖြစ်သည်။

အစတုန်းက သူ့နောက်ကိုလိုက်ချင်ခဲ့တာလဲ
ကျန်းရီပဲ အခုသူနဲ့ခွဲနေချင်တော့လဲကျန်းရီ
ပဲ.....

တစ်လအကြာတွင်ပြန်ဆုံတွေ့ရန်ချိန်းဆိုထားသော်လည်း ဝမ်ရွှမ့်နှလုံးသားထဲမှမပျော်ရွှင်မှုကတော့ထိန်းမနိုင်သိမ်းမရဖြစ်နေခဲ့သည်။

သူတို့ခွဲခွာရခြင်းအကြောင်းသည်ကား ဝမ်ရွှမ့်အမူအကျင့်များကြောင့် ကျောက်ဖေးယွီနှင့်စီစဥ်ထားသောအစီအစဥ်များ နှောင့်နှေးသွားမည်ကို ကျန်းရီစိုးရိမ်ခြင်းကြောင့်ဖြစ်သည်။

ခဏအကြာတွင် ဝမ်ရွှမ်ခေါင်းခါလိုက်၏။

အဆုံးတွင် သူသည်သဘောထားသေးသိမ်သူတစ်ဦးမဟုတ်ရာ ထိုစိတ်ခံစားချက်များကတစ်ခဏသာအပြင်းအထန်လှုပ်ရှားခဲ့သည်။ထို့နောက် သူ့ခေါင်းထဲမှလျှင်မြန်စွာထုတ်ပစ်ခဲ့သည်။

မည်သို့ပင်ဖြစ်စေ ကျန်းရီသည်လည်းအခြေ
ခံတည်ထောင်ခြင်းအဆင့်သို့ရောက်ခဲ့ပြီးဖြစ်ရာ ဤအချိန်သည်ကိုယ်တိုင်ရပ်တည်ရန်သ
င်ယူသင့်သောကာလဖြစ်၏။ဝမ်ရွှမ့်အနေနှင့်အလွန်အမင်းစိတ်ပူနေစရာမလိုချေ။

ဝမ်ရွှမ်သည် ထိုကဲ့သို့သူ့ကိုယ်သူနှစ်သိမ့်ရင်းမူလကစီစဥ်ထားသော လမ်းကြောင်းအတိုင်းဆက်သွားခဲ့သည်။

ကျန်းရီပြောခဲ့သည့်အတိုင်း ယခုအချိန်တွင်သူဆောင်ရွက်ရန်အလိုအပ်ဆုံးမှာ ဝိဥာဥ်မြို့
တော်ကိုရှာဖွေခြင်းဖြစ်သည်။

ဝိဥာဥ်မြို့တော်များတွင် မကြာခဏဆိုသလိုအများအားဖြင့်မြင်တွေ့ဖူးသည့်ပစ္စည်းများကိုရောင်းချတတ်သော်လည်း တစ်ခါတစ်ရံတွင်ရှားပါးသောလူသုံးကုန်ပစ္စည်းများလည်းပေါ်လာတတ်သည်။ထိုအရာသည် ဝိဥာဥ်မြို့တော်၏လေလံအိမ်၌ ဝမ်ရွှမ်ရှာဖွေရန်လိုအပ်သောပစ္စည်းမျိုးဖြစ်နိုင်ချေရှိသည်။

မူလက နှစ်ယောက်သားအတူခရီးသွားရန်သဘောတူခဲ့ကြသော်လည်း ယခုအချိန်တွင်တစ်ယောက်ထဲဖြစ်နေသည့်အတွက်ခရီးသွားနှုန်းကိုအရှိန်မြှင့်လိုက်လေသည်။

ထိုအချိန်၌ ဝမ်ရွှမ်တစ်ဦးတည်းခရီးဆက်နေစဥ်တွင်ကျန်းရီနှင့်ကျောက်ဖေးယွီလည်းအ
တော်ခပ်လှမ်းလှမ်းသို့ရောက်နှင့်ပြီးဖြစ်သ
ည်။

"ဘယ်သူကျိန်စာတိုက်ခဲ့လဲဆိုတာကိိုမင်းပြောပြလို့ရမလား?"

ကျောက်ဖေးယွီသည်သတိတကြီခေါင်းညိတ်

"ဒီကျိန်စာမှာကျိန်စာဖန်တီးသူရဲ့စွမ်းအင်လက္ခဏာမျိုးကိုတွေ့ရတယ် ဒီနယ်ပယ်မှာန
တ်ဆိုးကျင့်ကြံသူတွေချည်းအများကြီးရှိတာ သူတို့အားလုံးထဲကတော်တော်များများကိုတောင်ငါမြင်ဖူးတယ် သူတို့ကိုငါအခုမမှတ်မိရင်တောင် ထပ်တွေ့တဲ့အခါကျသေချာပေါက်ပြောနိုင်တယ်"

"ထပ်တွေ့တဲ့အခါ?"

"အမှန်တိုင်းပြောရရင် ဒီနယ်ပယ်ကနတ်ဆိုးကျင့်ကြံသူတွေကအတော်လေးအားနည်းကြတယ်....အဲ့တာကြောင့်ခဏလေးတွေ့ရတဲ့အ
ချိန်တိုင်းငါတို့သတင်းအချက်အလက်တွေစု
ဆောင်းပြီးဖလှယ်ကြတယ်လေ"

"နောက်တစ်ကြိမ်ကဘယ်တော့လဲ?"

"တစ်စုံတစ်ယောက်ကအရင်ဆုံးအစပျိုးတဲ့အချိန် ဘယ်အချိန်မဆိုအဆင်ပြေတယ်"

"ဒါဆိုသိပ်မကြာခင်စလုပ်ရအောင် မိုးပြာတောင်ပံဂိုဏ်းကိုငါတို့သွားပြီးတာနဲ့ မင်း သူတို့ကိုလူစုဖို့ဖိတ်ခေါ်လို့ရတယ်"

"ပြီးတော့ငါ့ကိုသူတို့နဲ့တွေ့ဖို့ခေါ်သွားပေး"

"အဆင့်နိမ့်တဲ့ငါနားလည်.....ဘာပြောတယ်?"

ကျောက်ဖေးယွီသည်အံ့သြလွန်း၍ထပါခုန်မိတော့သည်။

"ငါ့ကိုသူတို့နဲ့တွေ့ဖို့ခေါ်သွားပေး"

ကျန်းရီသည်ခေါင်းလှည့်၍ သူ့မျက်ဝန်းများကိုတည့်တည့်စိုက်ကြည့်ပြီး တစ်လုံးချင်းပီသစွာထပ်ပြောခဲ့သည်။

ကျောက်ဖေးယွီတစ်ယောက်စိတ်ပျက်လက်
ပျက်ဖြင့်သာခေါင်းညိတ်ပြရတော့သည်။

"အရမ်းမစိုးရိမ်ပါနဲ့ "

ကျန်းရီကပြုံးလျက်ဆက်ပြောလေသည်။

"ကျိန်စာကိုမင်းရှာတွေ့တော့ ငါလည်းမင်းတို့လိုအမျိုးအစားတွေထဲကတစ်ယောက်လို့သံသယဖြစ်သွားတယ်မဟုတ်လား?ငါမင်းကိုရှင်းရှင်းလင်းလင်းပြောလိုက်မယ် ငါကအဲ့လိုလူစားမျိုးမဟုတ်ဘူး ဒါပေမယ့်ငါကသူတို့နဲ့အမျိုးအစားအတူတူပဲဆိုပြီးမင်းမိတ်ဆက်ပေးရင်တောင်ငါစိတ်မဆိုးပါဘူး ငါသေချာဖုံးကွယ်ထားနိုင်သရွေ့ဘာပြသနာမှတက်မှာမဟုတ်ဘူး"

(note/ဒီနေရာမှာကျန်းရီပြောနေတာ'နတ်ဆိုး
ကျင့်ကြံသူ'တွေကိုပါ)

ဤအရာသည်အလွန်ရဲတင်းသောဆုံးဖြတ်ချ
က်ဖြစ်၏။သို့သော်နတ်ဆိုးကျင့်ကြံသူအတွ
က်တော့ စာချုပ်ပိုင်ရှင်၏ဆုံးဖြတ်ချက်ကိုအ
ကြွင်းမဲ့နာခံရမည်ဖြစ်ရာ ကျောက်ဖေးယွီအ
နေနှင့်အချိန်တန်လာသည့်အခါအရာအားလုံးကို အထစ်အငေါ့မရှိဘဲပြေပြစ်စွာပြီးမြောက်သွားစေရန် ဆုတောင်းယုံရှိတော့သည်။

ဤအချိန်တွင် သူတို့နှစ်သည်မိုးပြာတောင်ပံဂိုဏ်း၏တောင်အဝင်တံခါးသို့ရောက်ခါနီး
ဖြစ်သည်။ကျောက်ဖေးယွီဆုတောင်းနေစဥ်မှာပဲ သူတို့ရှေ့တွင်လူနှစ်ဦးပေါ်လာခဲ့သည်။

တစ်ဦးမှာခြေတစ်လှမ်းအသာရထားသောချင်ရှိယွီဖြစ်ပြီးနောက်တစ်ဦးမှာမိုးပြာတော
င်ပံဂိုဏ်းမှ ယွမ်စုစည်းခြင်းအဆင့်ကျင့်ကြံသူတစ်ဦးဖြစ်သည်။

ထိုယွမ်စုစည်းခြင်းအဆင့်ကျင့်ကြံသူနှစ်ဦးသည်အခြေခံတည်ထောင်ခြင်းအဆင့်သူတို့နှစ်ဦးကိုတွေ့သည့်အခါ ပျံသန်းမှုအလယ်တွင်ချက်ချင်းရပ်တန့်သွားရတော့သည်။

"ဒါ......"

မိုးပြာတောင်ပံဂိုဏ်းမှယွမ်စုစည်းခြင်းအဆင့်ကျင့်ကြံသူသည်အလွန်အံ့သြသွားလေည်။ကျောက်ဖေးယွီကိုခေါင်းအစ၊ခြေအဆုံးအ
ခေါက်ခေါက်အခါခါစစ်ဆေးပြီးမှအကျီစကိုခါ၍ ချင်ရှိယွီဘက်သို့လှည့်ကာဒေါသတကြီးဖြင့်

"ကျင့်ကြံသူချင်ကငါတို့မိုးပြာတောင်ပံဂိုဏ်းကိုဟာသလာလုပ်နေတာလား?သူအသတ်ခံရတယ်လို့မင်းမပြောခဲ့ဘူးလား?အခုကြည့်လေ ငါတို့ရှေ့မှာရပ်နေတာအကောင်းကြီးပဲ!"

ကျောက်ဖေးယွီကိုမြင်လိုက်ရသောအခါ ချင်ရှိယွီလည်းအံ့အားသင့်သွားရသည်။

ကျောက်ဖေးယွီဘေးတွင်ရပ်နေသောကျန်းရီထံ လျှင်မြန်စွာအကြည့်ပို့၍ သူ့မျက်နှာပေါ်တွင်အပြုံးတစ်ပွင့်ကိုဖန်တီးပြီး

"ကျင့်ကြံသူကျန်းကိုဒီမှာမတော်တဆတွေ့ရတာဘယ်လောက်တောင်ကောင်းလိုက်တဲ့တွေ့ဆုံခြင်းမျိုးပါလိမ့် အရိုးသားဆုံးပြောရရင်ငါ့ရဲ့ဆရာတူညီမလေးရွှယ်ကကျင့်ကြံသူကျောက်ကမင်းရဲ့လက်ထဲမှာသေသွားပြီလို့ပြောပြခဲ့တယ်လေ အဲ့ဒီသတင်းကြောင့်ငါသေလုမတတ်လန့်သွားခဲ့ရတာ အဲ့တာကြောင့်ပဲ မိုးပြာတောင်ပံဂိုဏ်းကိုအပြေးလာလို့အ
သိပေးရတာပါ အခုတော့မင်းကကျင့်ကြံသူ
ကျောက်နဲ့အတူပြန်ရောက်လာတယ်?ငါ့ရဲ့
ဆရာတူညီမလေးရွှယ်ကအမှားလုပ်မိတာလား ဒါမှမဟုတ်......."

ကျန်းရီသည်မှိန်ဖျော့သောအပြုံးဖြင့်မရိုးမသားပြန်ဖြေလေသည်။

"ကျွန်တော်နဲ့ကျင့်ကြံသူကျောက်ကတကယ်ဓားရေးယှဥ်ခဲ့တယ် ဒါပေမယ့်ဘယ်လိုပဲဖြစ်
ဖြစ်ဓားရေးယှဥ်ကြည့်တာမျိုးမရှိဘဲမိတ်ဆွေ
ဖွဲ့လို့မရဘူးလေ ကျွန်တော်တို့ချင်းလက်ဆွဲနှုတ်ဆက်ပြီးတော့ဟိုးအရင်ထဲကခင်လာကြတဲ့သူငယ်ချင်းတွေလိုခံစားမိလို့ကျင့်ကြံသူကျောက်ကသူတို့မိုးပြာတောင်ပံဂိုဏ်းဆီအ
လည်လာဖို့ကျွန်တော့်ကိုဖိတ်ခဲ့တာပဲ ကျင့်ကြံသူကျောက်ကကျွန်တော့်လက်ထဲမှာသေသွားပြီဆိုတဲ့အရေးမပါတဲ့စကားကိုတော့ဘယ်ကပျံ့လာမှန်းကျွန်တော်သိနိုင်ပါ့မလား?"

ကျောက်ဖေးယွီကလည်းစကားဝင်ပြော၏။

"မင်းရဲ့ဆရာတူညီမအကြောင်းကိုပြောရရင် ဒီတစ်ကြိမ်မှာကျင့်ကြံသူကျန်းနဲ့ငါတိုက်ခိုက်ခဲ့ရတာသူ့ရဲ့လှုံဆော်မှုကြောင့်ပဲ သူ့ကိုကူညီဖို့ငါလိုက်လာခဲ့ပေမယ့် ကျင့်ကြံသူကျန်းရဲ့တို
က်ခိုက်မှုကို ငါရင်မဆိုင်နိုင်တာလဲတွေ့ရော ငါ့သတင်းကိုသယ်ပြီးချက်ချင်းထွက်ပြေးတော့တာပဲ ဖြစ်ချင်တော့သူတွေ့လိုက်တဲ့အ
ချိန်မှာကျင့်ကြံသူကျန်းကငါ့ရဲ့ခေါင်းကိုဓားနဲ့ရွယ်လိုက်တဲ့အချိန်ဖြစ်နေတယ် အဲ့တာကြောင့်ပဲငါသေသွားပြီလို့ထင်သွားတာများလား?ဒါပေမယ့် အဲ့တာကသူရဲ့အထင်အမြင်ပဲလေ!ကျင့်ကြံသူကျန်းလိုကြင်နာပြီးသဘောကော
င်းတဲ့လူက တခြားတစ်ယောက်ရဲ့အသက်ကို
လွယ်လွယ်ကူကူနှုတ်ယူပစ်ပါ့မလား!"

ကျင့်ကြံသူကျန်းကကြင်နာပြီးသဘောကော
င်းတဲ့လူ?

ချင်ရှိယွီ၏ပါးပြင်တွန့်သွားရသည်။သူ့ရှေ့မှလူနှစ်ဦးကိုအထပ်အခါခါ စစ်ဆေးကြည့်မိ
သည်။သူတို့နှစ်ဦး၏ဖြေရှင်းချက်သည်ချော
မွတ်မနေသော်လည်းကျောက်ဖေးယွီကတော့လုံးဝအဆင်ပြေပုံရပြီး သူရှေ့တွင်ခန့်ခန့်ညားညားတောင်ရပ်နေသေး၏။ဤအချက်ကိုမည်သူမှငြင်းလို့မရနိုင်ပေ။

ချင်ရှိယွီ၏လက်ရှိကျင့်ကြံခြင်းအဆင့်အရကျောက်ဖေးယွီ၏ရုပ်ခန္ဓာကိုနတ်ဆိုးကျင့်ကြံသူကယူဆောင်ထားမှန်းလုံးဝမမြင်နိုင်ပေ။

အချိန်အတန်ကြာပြီးနောက် ချင်ရှိယွီလည်းလက်နှစ်ဖက်ကိုယှက်၍ နှုတ်ဆက်ရန်သာရှိတော့သည်။

"အဲ့ဒီတော့အကြောင်းစုံကဒီလိုကိုး ကြည့်ရတာငါရဲ့ဆရာတူညီမလေးရွှယ်ကစိတ်ကူး
ယဥ်ပြီးစကားအမှားတွေပြောမိပုံပါပဲ"

"အဲ့ဒီမင်းရဲ့ဆရာတူညီမလေးရွှယ်က"

မိုးပြာတောင်ပံဂိုဏ်းမှယွမ်စုစည်းခြင်းအဆင့်ကျင့်ကြံသူသည် နှာခေါင်းရှုံ့လျက်ပျက်ရယ်ပြုပြီး

"တကယ်စည်းကမ်းမရှိတာပဲ"

ကျောက်ဖေးယွီနှင့်မိုးပြာတောင်ပံဂိုဏ်းမှတပ
ည့်များ၏ဆက်ဆံရေးကသိပ်မများလှပေ။
ကျောက်ဖေးယွီအသတ်ခံရကြောင်း ချင်ရှိယွီလာပြောသည့်အချိန်တွင်တောင် သူ့အတွက်လက်စားချေပေးရန် ရှေ့တိုးလာသူအများအ
ပြားမရှိခဲ့။

ယခုလက်ရှိ ယွမ်စုစည်းခြင်းကျင့်ကြံသူတစ်ဦးသည်ပင် ဂိုဏ်းစုငွေမှတ်အတွက်ရှေ့တိုးလာခြင်းဖြစ်သော်လည်း အဆုံးတွင်ဘာမှမရဘဲအချည်းနှီးဖြစ်ခဲ့သည့်အတွက် သူ့အနေနှင့်ဒေါသမထွက်ဘဲနေနိုင်မည်လော?

ချင်ရှိယွီလည်းအတော်လေးအရှက်ရသွားရှာသည်။သူတို့နှစ်ဦးကိုခပ်မြန်မြန်နှုတ်ဆက်ပြီး ချက်ချင်းထွက်သွားတော့သည်။

ခေါင်းငိုက်စိုက်ကျ၍ပြန်သွားသော ချင်ရှိယွီကိုမြင်ရသည့်အတွက် ကျန်းရီအတော်လေးစိတ်ကျေနပ်သွားရသည်။

ဘေးမှကျောက်ဖေးယွီကတော့သက်တောင့်သက်သာမနေနိုင်ဘဲလေပူတစ်ချက်မှုတ်ထု
တ်၍

"ငါတို့တော့ပြသနာတွေကိုပိုရှုပ်အောင်လုပ်မိပြီထင်တယ် အမှန်တိုင်းပြောရရင်သူတို့တွေပင်မဂိုဏ်းချုပ်ဆီပြန်သွားပြီးငါ့အကြောင်းကိုသေချာစစ်ဆေးဖို့ဝိဥာဥ်ပျိုးစကျင့်ကြံသူကိုခေါ်လာမှာစိုးရိမ်မိတယ် အဲ့လိုသာဆိုအ
တော်လေးဒုက္ခရောက်ကုန်မှာပဲ"

"အိုး?"

ကျန်းရီကပြုံးရင်းသူ့ကိုပြန်မေးလာခဲ့သည်။

"အဲ့တာဆိုဝိဥာဥ်ပျိုးစကျင့်ကြံသူမဟုတ်ရင်
တခြားဘယ်အဆင့်ကျင့်ကြံသူကမှမင်းကို
မမြင်နိုင်ဘူးပေါ့ ကြည့်ရတာမင်းရဲ့ကျင့်ကြံခြင်းအဆင့်ကအတော်လေးမြင့်ပုံပဲ"

ကျောက်ဖေးယွီသည် သူစကားကျွံသွားမှန်း
ချက်ချင်းသတိထားမိပြီး ချွေးစေးပါပျံလာရတော့သည်။

သူရဲ့ကျင့်ကြံခြင်းအဆင့်သာတကယ်မြင့်
တယ်ဆိုရင်?

အရိပ်နတ်ဆိုးအနေဖြင့်သူယူထားသောရုပ်ခန္ဓာကိုစွန့်ပစ်ပြီးအဖမ်းခံရလျှင် အခြားလူများစိတ်ကြိုက်အသုံးချနေခြင်းမှ နှုတ်ထွက်နိုင်သည်။

သို့သော် သူ၏ပေါ့လျော့မှုကြောင့်သူယူထားသောရုပ်ခန္ဓာသည် ကျန်းရီ၏ဓားသွားအော
က်တွင်ခေါင်းပြတ်ခဲ့ပြီးနာကျင်စရာကောင်း
သောအခြေအနေဖြင့်အဆုံးသတ်ခဲ့သည်။ထိုအချိန်တွင် သူသည်လည်းသေခြင်းတရားစာ
ချုပ်ဖြင့်ချုပ်နှောင်ခံထားရလေပြီ။သူ၏ကျင့်ကြံခြင်းအဆင့်ကအတော်လေးမြင့်ကြောင်း ကျန်းရီရှာတွေ့သွားခြင်းမှာ သူ့အတွက်တော့ဆိုးကျိုးတစ်ခုသာဖြစ်ပေသည်။

ကောင်းသောအချက်သည်ကား ကျန်းရီသည်သူ့ကိုဘာမှဆက်မမေးတော့ဘဲမိုးပြာတောင်ပံဂိုဏ်းသို့ခေါ်သွားရန်သာအလောတကြီးတိုက်
တွန်းလေသည်။

အနည်းဆုံးတော့သူသည်အတွင်းဆောင်တ
ပည့်ဖြစ်သည့်အတွက်သူ့အနေနှင့်အပြင်လူတစ်ယောက်ကိုသူ့ကျောက်ဂူထဲသို့ဧည့်သည်အဖြစ်ခေါ်ဆောင်ခြင်းကခက်ခဲလှသောကိစ္စမဟုတ်ပေ။

ထိုအချိန်တွင် 'ကျောက်ဖေးယွီ သေရွာကပြန်ထလာတယ်'ဟူသောသတင်းသည်ရွှယ်ပင်းအာ၏တစ်ဖက်စောင်းနင်းထင်မြင်ချက်ဖြစ်ရာထိုသတင်းကမိုးပြာတောင်ပံဂိုဏ်းတွင်ဂယက်ရိုက်မသွားဘဲလူတိုင်းကရယ်စရာတစ်ခုအနေဖြင့်သာအများဆုံးပြောဆိုကြလေသ
ည်။

အတော်အတန်လည်းမိုးချုပ်သွားပြီဖြစ်ရာကျန်းရီသည် ကျောက်ဖေးယွီ၏ကျောက်ဂူတွင်အိပ်၍ တစ်ညတာကိုကုန်ဆုံးလိုက်တော့
သည်။

နောက်တစ်နေ့နံနက်အစောပိုင်း အလွန်ဝေး
ကွာလှသောနေရာတွင် ကျောက်ဂူအလယ်မှ
ဝမ်ရွှမ်သည်သူ့မျက်လုံးများကိုဖွင့်လိုက်၏။သူတစ်ညလုံးကောင်းကောင်းအိပ်မပျော်ဘဲတစ်ကိုယ်လုံးနာကျင်နေသလိုခံစားရလေသ
ည်။

သူထထိုင်ပြီး ဂူအပြင်ဘက်၌ထိန်ထိန်သာနေသောနေမင်းကြီးကို ငေးကြည့်လိုက်၏။

ဝမ်ရွှမ်သည် ကျန်းရီနှင့်အတူရှိစဥ်အခါက
အချိန်များကိုပြန်သတိရလာတော့သည်။ညဘက်တွင်ကျန်းရီသည် သူ့အတွက်စောင်များကိုဖြန့်ခင်းရန်ကူညီပေးယုံသာမက နံနက်ခင်းတွင်လည်း ချိုမြိန်သောနှင်းရည်တစ်ခွက်ကိုယူလာပေးတတ်သည်။

သူတို့နှစ်ဦးစတွေ့ခဲ့သည့်အချိန်ကသူ့အတွက်
လက်ဖက်ရည်ဖျော်ပေးခဲ့သလို ကျန်းရီသည်အရာအားလုံးကို လိုလေသေးမရှိပြီးပြည့်စုံစွာလုပ်ကိုင်ပေးခဲ့သည်။

ဝမ်ရွှမ်အကြိုက်ဆုံးအရာများကိုလည်းကျန်းရီကအတိအကျသိ၏။ထိုသိတတ်နားလည်မှုများကဘယ်မှရောက်လာမှန်းတော့ဘယ်သူမှမသိနိုင်ချေ။

သူတို့အချင်းချင်း တစ်ဦးကိုတစ်ဦးသိကျွမ်းခဲ့
ချိန်မှာ နှစ်တစ်ဝက်ထက်တောင်ပိုနည်းသော်
လည်း ဝမ်ရွှမ်ကတော့ရုတ်တရက်ခွဲခွာရခြင်းကိုနေသားမကျသေးပေ။ငေးကြည့်နေရင်း
ဖြင့် ခွဲခွာရခြင်းကိုသူသည်းမခံနိုင်တော့သလိုခံစားမိလေသည်။

         .......................××......................

Our Shixiong be like :

................................................................
    <ခြဲခြာျခင္းငယ္>

က်ိန္စာ? ထိုအယူအဆကိုက်န္းရီသိထားၿပီးသားျဖစ္သည္။ထိုအယူအဆသည္ ေျဖာင့္မတ္မွန္ကန္ေသာ က်င့္ႀကံသူမ်ားအသုံးျပဳသည့္နည္းလမ္းမဟုတ္ဘဲ နတ္ဆိုးက်င့္ႀကံသူ
မ်ားသာမၾကာခဏအသုံးျပဳေလ့ရွိေသာပရိ
ယာယ္ျဖစ္သည္။

တစ္ခါကူးစက္ခံရၿပီး က်ိန္စာမိထားျခင္းကိုေျဖရွင္းရန္နည္းလမ္းရွာမေတြ႕ပါက က်ိန္စာမိထားသူသည္ တျဖည္းျဖည္းအားနည္းလာၿပီးေသဆုံးရလိမ့္မည္။အကယ္၍က်ိန္စာမိထားသူတြင္ သင့္ေလ်ာ္ေသာက်င့္ႀကံျခင္းစြမ္းအင္မရွိျခင္းႏွင့္ထိုပရိယာယ္အေပၚနားလည္နိုင္စြမ္းခ်ိဳ႕တဲ့ပါက မည္သို႔မည္ပုံေသဆုံးသြားမွန္းေတာင္ သူတို႔ကိုယ္သူတို႔မသိနိုင္ပါေခ်။ဤအရာသည္ အလြန္အႏၱရာယ္မ်ားေသာန
ည္းလမ္းျဖစ္ေပသည္။

တစ္ခဏအတြင္းမွာပင္ က်န္းရီ၏မ်က္ႏွာအယမူအယာသည္ ရႈပ္ေထြးစြာေျပာင္းလဲသြားခဲ့သည္။သူယူေဆာင္ထားေသာ ဤ႐ုပ္ခႏၶာကိုျပန္လည္ဆန္းစစ္ၾကည့္၏။

ပထမတြင္ ဤကမၻာ၌သူမ်က္လုံးပြင့္လာခ်ိန္ကတည္းက သူ႕ကိုယ္သူဤ႐ုပ္ခႏၶာထဲတြင္ရွာေတြ႕ခဲ့သည္။ထိုအခ်ိန္က ခႏၶာကိုယ္၏မူရင္းပိုင္ရွင္သည္ အစာအာဟာရလုံးဝမရွိဘဲေတာ
နက္ထဲတြင္႐ုတ္တရက္ေသဆုံးၿပီး ကမၻာႀကီးထဲမွထြက္သြားခဲ့ၿပီးျဖစ္သည္။

ဤေနရာသို႔ က်န္းရီကူးေျပာင္းလာၿပီးေနာက္
အလြန္အမင္းဆာေလာင္ငတ္မြတ္မႈေၾကာင့္ အစာအိမ္တစ္ခုလုံးနာက်င္ေနၿပီး ခြန္အားလည္းတစ္စက္မွ်မရွိေပ။

က်န္းရီသည္ ခႏၶာကိုယ္မသက္သာခင္အထိရက္ေပါင္းမ်ားစြာၾကာေအာင္ ေတာရိုင္းတိရ
စ္ဆာန္မ်ားကိုအမဲလိုက္ခဲ့ရၿပီး မူရင္းခႏၶာပိုင္ရွင္သည္ အစာငတ္မြတ္မႈေၾကာင့္ေသဆုံးသြားသည္ဟုသာသူေတြးခဲ့ဖူးသည္။

ထို႔ေနာက္ က်န္းရီသည္မူရင္းခႏၶာပိုင္ရွင္၏
မွတ္ဥာဏ္ကိုအသုံးခ်၍ ဘိုးဘြားစဥ္ဆက္ခ်န္ရစ္ခဲ့ေသာအေမြတစ္ခ်ိဳ႕ကိုရွာနိုင္ခဲ့သည္။သိုေလွာင္လက္ေကာက္အျပင္ တံခြန္တိမ္တို
က္ဂိုဏ္းသို႔ ေအာင္ျမင္စြာဝင္ေရာက္ေစနိုင္မည့္ပိုင္ဆိုင္မႈအနည္းငယ္ကိုလည္းရခဲ့ေသးသ
ည္။

ဤအေၾကာင္းအရာအားလုံးသည္သူ႕မွတ္တ
မ္းျဖစ္ေပသည္။

မူရင္းခႏၶာပိုင္ရွင္၏မိဘမ်ားသည္ တစ္စုံတစ္ဦးထံမွအသတ္ခံခဲ့ရဖြယ္ျဖစ္ေၾကာင္း က်ီက်စ္အန္းထံမွၾကားသိခဲ့ရေသာ္လည္း မူရင္းခႏၶာပိုင္ရွင္၏ေသဆုံးမႈကိုေတာ့ သူေမးခြန္းမထုတ္ခဲ့မိေခ်။

မိဘမ်ားေသဆုံးၿပီးၿမိဳ႕တြင္းရွိေနအိမ္မွေမာ
င္းထုတ္ခံခဲ့ရေသာ မွတ္ဥာဏ္ခ်ိဳ႕ယြင္းေနသည့္လူငယ္တစ္ဦးသည္ အဆုံးတြင္တစ္ဦးတ
ည္းရွင္သန္ရပ္တည္ရန္မျဖစ္နိုင္ေပ။

ယခုမူ ေက်ာက္ေဖးယြီ၏စကားေၾကာင့္အရာအားလုံးေျပာင္းလဲသြားေလၿပီ။

သူ႕ကိုယ္ေပၚတြင္က်ိန္စာလကၡဏာမ်ားက်န္ေနေသးပါက ၎သည္ မူရင္းခႏၶာပိုင္ရွင္ကက်ိန္စာမိ၍ေသဆုံးခဲ့ျခင္းျဖစ္ၿပီး၊မူရင္းခႏၶာပိုင္ရွင္၏မိဘမ်ားကတစ္စုံတစ္ဦး၏သတ္ျဖ
တ္မႈေၾကာင့္ေသဆုံးခဲ့ရျခင္းျဖစ္ေၾကာင္းကိုသက္ေသျပလ်က္ရွိေပသည္။

ဘယ္လိုလူမ်ိဳးကမွတ္ဥာဏ္ႏွောင့္ႏွေးေနတဲ့
ေကာင္ေလးကိုေတာင္အလြတ္မေပးရတာလဲ?

ဤမတရားခံရမႈသည္ အလြန္ႀကီးမားေသာျပသနာႀကီးျဖစ္ရာ က်န္းရီသည္ဝမ္႐ႊမ့္ကိစၥမ်ားကိုသာ အရင္ကိုင္တြယ္ရန္မျဖစ္နိုင္ေတာ့ဘဲသူ႕ကိုယ္ေရးကိုယ္တာကိစၥမ်ားကို ကိုင္တြ
ယ္ရန္နည္းလမ္းရွာေဖြရေပေတာ့မည္။

ဤျပသနာကိုဂ႐ုတစိုက္ခ်က္ခ်င္းေျဖရွင္းရန္လိုအပ္သည္။သို႔မွမဟုတ္လွ်င္ စနိုးစေနာင့္ျဖစ္ေနေသာစိတ္ထင့္မႈျဖင့္ ဤခႏၶာကိုယ္တြ
င္သူဘယ္လိုမွေနနိုင္ေတာ့မည္မဟုတ္ေပ။

က်န္းရီသည္ဤျပသနာမ်ားကိုအစ၊အဆုံးအျပန္ျပန္အလွန္လွန္စဥ္းစားခဲ့ေသာ္လည္းလက္ေတြ႕တြင္ေတာ့စကၠန့္ပိုင္းမွ်သာၾကာျမင့္ခဲ့သည္။

က်န္းရီ၏ေလးလံေနေသာအမူအယာကိုျမင္ရေသာအခါ ေက်ာက္ေဖးယြီသည္'သူမ်ား႐ုပ္ခႏၶာကိုခိုးထားတယ္'ဟူေသာက်န္းရီ၏လွ်ို႔
ဝွက္ခ်က္ကို သူရွာေတြ႕သြားျခင္းေၾကာင့္ဟုထင္မွတ္ၿပီး ခ်က္ခ်င္းသေဘာတက်ထရယ္လ်က္ သူတို႔ႏွစ္ဦးအၾကားပိုရင္းႏွီးေသာဆ
က္ဆံေရးတစ္ခုကိုဖန္တီးရန္အတြက္ က်န္းရီ
၏ပခုံးေပၚလက္တင္ရန္ သူ႕လက္တစ္ဖက္ကိုျမႇောက္လိုက္ေလသည္။

က်န္းရီကေခါင္းေမာ့၍ေက်ာက္ေဖးယြီကိုယခင္ကထက္ပိုေအးစက္ေသာအၾကည့္ျဖင့္ၾကည့္လာ၏။

"ငါ့ကိုယ္ေပၚမွာက်န္ေနတဲ့က်ိန္စာလကၡဏာကအရမ္းသိသာေနလား?တျခားသူေတြေရာရွာေတြ႕နိုင္ေလာက္လား?"

"အဲ့ေလာက္ေတာ့မဟုတ္ပါဘူး"

ေက်ာက္ေဖးယြီကအမွန္အတိုင္းျပန္ေျဖခဲ့သည္။

"ၾကည့္ရတာေတာ့လြန္ခဲ့တဲ့လေပါင္းမ်ားစြာကတည္းကျဖစ္ခဲ့တဲ့ပုံစံပဲ အရမ္းမွိန္တယ္ ငါ့လိုနိမ့္က်တဲ့နတ္ဆိုးက်င့္ႀကံသူေတာင္ေသျခင္းတရားစာခ်ဳပ္ရဲ႕အကူအညီမပါဘဲမေတြ႕နိုင္ဘူး"

က်န္းရီသည္စိတ္သက္သာရာရသြားသကဲ့သို႔သက္ျပင္းခ်လိဳက္ၿပီးမ်က္ႏွာအေရာင္လည္းျပန္ၾကည့္ေကာင္းလာခဲ့သည္။

လြန္ခဲ့ေသာလေပါင္းမ်ားစြာသည္ မူရင္းခႏၶာပိုင္ရွင္ေသဆုံးခဲ့ေသာအခ်ိန္ႏွင့္ကိုက္ညီလွေပသည္။

"ဘယ္သူ႕ကိုမွမေျပာနဲ႕"

က်န္းရီကဆက္ေျပာခဲ့သည္။

"ဒီကိစၥကိုတတိယလူသိသြားရင္.....ဘာဆက္ျဖစ္မလဲဆိုတာမင္းသိတယ္ေနာ္"

ေက်ာက္ေဖးယြီသည္ထိုေနရာ၌ပင္ခ်က္ခ်င္းတုန္တက္သြားရေတာ့သည္။

"အဆင့္နိမ္တဲ့ငါ...အဆင့္နိမ့္တဲ့ငါ...နားလည္
ပါၿပီ ဒါေပမယ့္စာခ်ဳပ္ပိုင္ရွင္ေနာက္တစ္ေယာက္ကေမးလာခဲ့ရင္ေရာ...."

"ဆရာတူအစ္ကို......"

က်န္းရီကခပ္တိုးတိုးေရ႐ြတ္၏။သူ႕အမူအ
ယာတြင္တြန့္ဆုတ္မႈတစ္ခ်ိဳ႕ေရာယွက္ေနေလသည္။အခ်ိန္အေတာ္ၾကာမွသက္ျပင္းခ်၍

"ဆရာတူအစ္ကို ကိုယ္တိုင္ေမးလာခဲ့ရင္ေတာ့ငါမင္းကိုဖိအားမေပးပါဘူး ဒါေပမယ့္သူမေမးရင္ မင္းစကားတစ္ခြန္းေတာင္ဟလို႔မျဖစ္ဘူး"

"သိပါၿပီ သိပါၿပီ"

ေနာက္ဆုံးတြင္ေက်ာက္ေဖးယြီကေခါင္းညိတ္ျပေလသည္။

က်န္းရီစကားဆက္ေျပာရန္ျပင္လိုက္ေသာ္
လည္း႐ုတ္တရက္ၿငိမ္သက္သြားရသည္။သူ႕ႏႈတ္ခမ္းမ်ားကိုအလ်င္စလိုေစ့ပိတ္လိုက္
၏။တိုက္ပြဲေနရာကိုရွင္းလင္းၿပီးသည့္ေနာက္
သူတို႔ရွိရာေနရာသို႔ လာေနေသာဝမ္႐ႊမ့္ကိုလွ
မ္းေတြ႕လိုက္ရေလသည္။

"ဒီေလာက္ၾကာေအာင္မင္းတို႔ႏွစ္ေယာက္ဘာေတြေျပာေနၾကတာလဲ?"

ဤစကားကိုေျပာရင္း သူ႕ေရွ႕မွလူႏွစ္ဦး၏သိ
သိသာသာေျပာင္းလဲေနေသာ အမူအယာကိုသတိထားမိေလသည္။

"ဘာျဖစ္တာလဲ?"

"ဆရာတူအစ္ကို"

"ဆရာတူအစ္ကို......."

ယခုအခ်ိန္တြင္သူဘာေျပာသင့္မွန္းမသိေခ်။

ဤျပသနာကိုဝမ္႐ႊမ္မသိေအာင္ဖုံးကြယ္ထားရမည္မွာသံသယျဖစ္စရာေတာင္မလိုေသာအခ်က္ျဖစ္၏။ဤျပသနာကိုေျဖရွင္းရန္
ဝမ္႐ႊမ့္ကိုသူေရွာင္တိမ္းရေပလိမ့္မည္။

"အခုကြၽန္ေတာ္ေဆြးႏႊေးေနတာ မိုးျပာေတာ
င္ပံဂိုဏ္းကို သူနဲ႕အတူအေဖာ္ျပဳၿပီးလိုက္သြား
ေပးရင္ေကာင္းမလားလို႔ပါ"

အဆုံးသတ္တြင္ထိုစကားကိုက်န္းရီေျပာခဲ့၏။

"ခဏေလာက္ခြဲေနၿပီး ျပန္ေတြ႕ၾကမယ့္အခ်ိန္
ကိုသတ္မွတ္ရေအာင္"

"မင္း မိုးျပာေတာင္ပံဂိုဏ္းကိုသြားမလို႔လား?"

ဝမ္႐ႊမ္ပို၍အံ့ၾသသြားရသည္။

"ဘာျဖစ္လို႔လဲ?"

"ဘာေတြဆက္ျဖစ္လာမလဲဆိုတာကိုဘယ္သူမွမသိနိုင္ဘူးေလ အဲ့တာေၾကာင့္သူတစ္ေယာ
က္ထဲမေျဖရွင္းနိုင္မွာစိုးရိမ္မိတယ္"

(note/ဒီေနရာမွာ'သူ'ဆိုတာေက်ာက္ေဖးယြီကိုၫႊန္းတာပါ)

က်န္းရီကရွင္းျပလာသည္။

"ဘယ္လိုပဲျဖစ္ျဖစ္ ထြက္ေျပးသြားတဲ့လူေတြကဘာေတြျဖစ္ခဲ့သလဲဆိုတာကိုမိုးျပာေတာင္
ပံဂိုဏ္းအထိသြားတိုင္ၿပီးေလာက္ၿပီ အဲ့တာေၾကာင့္ အေျခအေနကေတာ့ထင္ထားသ
ေလာက္ရိုးရွင္းမွာမဟုတ္ဘူး အစီအစဥ္ခ်ၿပီးသူ႕နဲ႕အတူကြၽန္ေတာ္လိုက္သြားေပးမယ္ဆိုရင္ေတာ့ သူဒီထက္ပိုၿပီးအဆင္ေျပေျပကိုင္တြယ္နိုင္ေလာက္တယ္"

"ဒါေပမယ့္အဲ့ေလာက္အထိမလိုေသး......"

ဝမ္႐ႊမ္သည္သိပ္သေဘာတက်လက္မခံခ်င္ေသးေပ။

"ၿပီးေတာ့ ယြမ္စုစည္းျခင္းအဆင့္အတြက္အစ္ကိုလိုအပ္တဲ့ပစၥည္းတခ်ိဳ႕လည္းမိုးျပာေတာင္ပံဂိုဏ္းမွာရွိခ်င္ရွိေနမွာ"

"ကြၽန္ေတာ္လမ္းတစ္ေလွ်ာက္လုံးေလ့လာသြားလို႔ရတယ္"

ဝမ္႐ႊမ္ကမ်က္ေမွာင္ႀကဳံ႕၍

"ငါလိုအပ္တဲ့ပစၥည္းေတြကိုမင္းသြားရွာမယ္ဆိုရင္ငါလဲမင္းတို႔ႏွစ္ေယာက္နဲ႕လိုက္ခဲ့မယ္"

"မဟုတ္ဘူး မဟုတ္ဘူး"

က်န္းရီသည္အလ်င္စလိုတားဆီးလိုက္၏။

"ဆရာတူအစ္ကို......."

ခဏတာပ်ာယာခတ္သြားေသာ္လည္းထိုစိုးရိ
မ္မႈကို အလ်င္စလိုဖိႏွိပ္ၿပီးကေမာက္ကမျဖစ္ေနေသာျပသနာကို အေၾကာင္းျပခ်က္ႏွင့္တ
ကြအေကာင္းဆုံးကိုင္တြယ္ရန္ႀကိဳးစားခဲ့သ
ည္။

"မိုးျပာေတာင္ပံဂိုဏ္းကိုကြၽန္ေတာ္တို႔သြားမယ္ အဲ့တာေၾကာင့္....."

အဆုံးတြင္ အသက္ျပင္းျပင္းရႈသြင္း၍အၿပဳံးမမည္ေသာအၿပဳံးတစ္ခုျဖင့္

"အကယ္၍ မိုးျပာေတာင္ပံဂိုဏ္းကတစ္ေယာ
က္ေယာက္ကမ်ား'အဲ့တာဆိုက်င့္ႀကံသူေက်ာက္ကေသသြားၿပီလား ရွင္ေနေသးလား'
လို႔ေမးလာခဲ့ရင္ အစ္ကိုဘယ္လိုျပန္ေျဖဖို႔စဥ္း
စားထားလဲ?"

"ေသခ်ာတာေပါ့ ငါ......."

ဝမ္႐ႊမ္စေျပာခဲ့ေသာ္လည္းထူးဆန္းေသာအမူအယာျဖင့္စကားရပ္သြားရေတာ့သည္။

သူဘယ္လိုေျပာရမွာလဲ?ယုံခ်င္စရာေကာင္း
ေလာက္တဲ့ယုံၾကည္မႈမ်ိဳးနဲ႕ 'ေက်ာက္ေဖးယြီ
ကလုံးဝမေသပါဘူး'လို႔ေျပာရမွာလား?

သို႔ေပသည့္ ဝမ္႐ႊမ္သည္မုသားေျပာမည့္
လူစားမ်ိဳးမဟုတ္ေပ။သူ႕ရင္ထဲမွစိတ္မသက္မသာျဖစ္မႈကိုၿမိဳသိပ္ၿပီး ထိုကဲ့သို႔ေသာအလိ
မ္အညာစကားမ်ိဳးကို မဖုံးကြယ္ထားနိုင္သည့္အျပင္၊ယုံၾကည္ခ်က္လည္းလုံးဝမရွိေပ။

ဤအေၾကာင္းျပခ်က္သည္အလြန္ေကာင္းမြန္
လွ၏။က်န္းရီ၏အမူအယာလည္း တျဖည္း
ျဖည္းၿငိမ္က်သြားခဲ့သည္။

"အဲ့တာေၾကာင့္ဒီျပသနာကိုကြၽန္ေတာ္တို႔လက္ထဲပဲထည့္လိုက္ပါေနာ္ဆရာတူအစ္ကို။အစ္ကိုလဲဝိဥာဥ္ၿမိဳ႕ေတာ္ကိုရွာၿပီးဝယ္လို႔ရမယ့္ပစၥည္းေတြကိုၾကည့္ရအုံးမယ္မဟုတ္လား? တစ္ေယာက္ခ်င္းစီရဲ႕ကိစၥေတြၿပီးသြားတဲ့အခါကြၽန္ေတာ္တို႔ျပန္ဆုံၾကမယ္ေလ သိပ္မၾကာေလာက္ပါဘူး"

ဝမ္႐ႊမ္သည္မေက်မနပ္ျဖစ္ေနေသးေသာ္လ
ည္း ဤအတိုင္းအတာအထိအရာအားလုံးကိုေျပာၿပီးဆိုၿပီးျဖစ္ေနရာ ေခါင္းညိတ္၍သ
ေဘာတူယုံသာရွိခဲ့သည္။

အန္ဖုန္းၿမိဳ႕၏ေျမာက္ဘက္၌တစ္လအၾကာတြင္ျပန္လည္ေတြ႕ဆုံရန္သေဘာတူၿပီးေနာက္က်န္းရီသည္ဝမ္႐ႊမ့္ကိုလက္ျပႏႈတ္ဆက္၍
ေက်ာက္ေဖးယြီႏွင့္အတူထြက္သြားေတာ့သ
ည္။

ထြက္သြားၿပီ.......ဒီတိုင္းပဲထြက္သြားၿပီ

ဝမ္႐ႊမ္သည္မေပ်ာ္႐ႊင္ေသာစိတ္ခံစားခ်က္မ်ားျဖင့္ သူရပ္ေနေသာေနရာတြင္သာရပ္ေနဆဲျဖစ္သည္။

အစတုန္းက သူ႕ေနာက္ကိုလိုက္ခ်င္ခဲ့တာလဲ
က်န္းရီပဲ အခုသူနဲ႕ခြဲေနခ်င္ေတာ့လဲက်န္းရီ
ပဲ.....

တစ္လအၾကာတြင္ျပန္ဆုံေတြ႕ရန္ခ်ိန္းဆိုထားေသာ္လည္း ဝမ္႐ႊမ့္ႏွလုံးသားထဲမွမေပ်ာ္႐ႊင္မႈကေတာ့ထိန္းမနိုင္သိမ္းမရျဖစ္ေနခဲ့သည္။

သူတို႔ခြဲခြာရျခင္းအေၾကာင္းသည္ကား ဝမ္႐ႊမ့္အမူအက်င့္မ်ားေၾကာင့္ ေက်ာက္ေဖးယြီႏွင့္စီစဥ္ထားေသာအစီအစဥ္မ်ား ႏွောင့္ႏွေးသြားမည္ကို က်န္းရီစိုးရိမ္ျခင္းေၾကာင့္ျဖစ္သည္။

ခဏအၾကာတြင္ ဝမ္႐ႊမ္ေခါင္းခါလိုက္၏။

အဆုံးတြင္ သူသည္သေဘာထားေသးသိမ္သူတစ္ဦးမဟုတ္ရာ ထိုစိတ္ခံစားခ်က္မ်ားကတစ္ခဏသာအျပင္းအထန္လႈပ္ရွားခဲ့သည္။ထို႔ေနာက္ သူ႕ေခါင္းထဲမွလွ်င္ျမန္စြာထုတ္ပစ္ခဲ့သည္။

မည္သို႔ပင္ျဖစ္ေစ က်န္းရီသည္လည္းအေျခ
ခံတည္ေထာင္ျခင္းအဆင့္သို႔ေရာက္ခဲ့ၿပီးျဖစ္ရာ ဤအခ်ိန္သည္ကိုယ္တိုင္ရပ္တည္ရန္သ
င္ယူသင့္ေသာကာလျဖစ္၏။ဝမ္႐ႊမ့္အေနႏွင့္အလြန္အမင္းစိတ္ပူေနစရာမလိုေခ်။

ဝမ္႐ႊမ္သည္ ထိုကဲ့သို႔သူ႕ကိုယ္သူႏွစ္သိမ့္ရင္းမူလကစီစဥ္ထားေသာ လမ္းေၾကာင္းအတိုင္းဆက္သြားခဲ့သည္။

က်န္းရီေျပာခဲ့သည့္အတိုင္း ယခုအခ်ိန္တြင္သူေဆာင္႐ြက္ရန္အလိုအပ္ဆုံးမွာ ဝိဥာဥ္ၿမိဳ႕
ေတာ္ကိုရွာေဖြျခင္းျဖစ္သည္။

ဝိဥာဥ္ၿမိဳ႕ေတာ္မ်ားတြင္ မၾကာခဏဆိုသလိုအမ်ားအားျဖင့္ျမင္ေတြ႕ဖူးသည့္ပစၥည္းမ်ားကိုေရာင္းခ်တတ္ေသာ္လည္း တစ္ခါတစ္ရံတြင္ရွားပါးေသာလူသုံးကုန္ပစၥည္းမ်ားလည္းေပၚလာတတ္သည္။ထိုအရာသည္ ဝိဥာဥ္ၿမိဳ႕ေတာ္၏ေလလံအိမ္၌ ဝမ္႐ႊမ္ရွာေဖြရန္လိုအပ္ေသာပစၥည္းမ်ိဳးျဖစ္နိုင္ေခ်ရွိသည္။

မူလက ႏွစ္ေယာက္သားအတူခရီးသြားရန္သေဘာတူခဲ့ၾကေသာ္လည္း ယခုအခ်ိန္တြင္တစ္ေယာက္ထဲျဖစ္ေနသည့္အတြက္ခရီးသြားႏႈန္းကိုအရွိန္ျမႇင့္လိုက္ေလသည္။

ထိုအခ်ိန္၌ ဝမ္႐ႊမ္တစ္ဦးတည္းခရီးဆက္ေနစဥ္တြင္က်န္းရီႏွင့္ေက်ာက္ေဖးယြီလည္းအ
ေတာ္ခပ္လွမ္းလွမ္းသို႔ေရာက္ႏွင့္ၿပီးျဖစ္သ
ည္။

"ဘယ္သူက်ိန္စာတိုက္ခဲ့လဲဆိုတာကိိုမင္းေျပာျပလို႔ရမလား?"

ေက်ာက္ေဖးယြီသည္သတိတႀကီေခါင္းညိတ္

"ဒီက်ိန္စာမွာက်ိန္စာဖန္တီးသူရဲ႕စြမ္းအင္လကၡဏာမ်ိဳးကိုေတြ႕ရတယ္ ဒီနယ္ပယ္မွာန
တ္ဆိုးက်င့္ႀကံသူေတြခ်ည္းအမ်ားႀကီးရွိတာ သူတို႔အားလုံးထဲကေတာ္ေတာ္မ်ားမ်ားကိုေတာင္ငါျမင္ဖူးတယ္ သူတို႔ကိုငါအခုမမွတ္မိရင္ေတာင္ ထပ္ေတြ႕တဲ့အခါက်ေသခ်ာေပါက္ေျပာနိုင္တယ္"

"ထပ္ေတြ႕တဲ့အခါ?"

"အမွန္တိုင္းေျပာရရင္ ဒီနယ္ပယ္ကနတ္ဆိုးက်င့္ႀကံသူေတြကအေတာ္ေလးအားနည္းၾကတယ္....အဲ့တာေၾကာင့္ခဏေလးေတြ႕ရတဲ့အ
ခ်ိန္တိုင္းငါတို႔သတင္းအခ်က္အလက္ေတြစု
ေဆာင္းၿပီးဖလွယ္ၾကတယ္ေလ"

"ေနာက္တစ္ႀကိမ္ကဘယ္ေတာ့လဲ?"

"တစ္စုံတစ္ေယာက္ကအရင္ဆုံးအစပ်ိဳးတဲ့အခ်ိန္ ဘယ္အခ်ိန္မဆိုအဆင္ေျပတယ္"

"ဒါဆိုသိပ္မၾကာခင္စလုပ္ရေအာင္ မိုးျပာေတာင္ပံဂိုဏ္းကိုငါတို႔သြားၿပီးတာနဲ႕ မင္း သူတို႔ကိုလူစုဖို႔ဖိတ္ေခၚလို႔ရတယ္"

"ၿပီးေတာ့ငါ့ကိုသူတို႔နဲ႕ေတြ႕ဖို႔ေခၚသြားေပး"

"အဆင့္နိမ့္တဲ့ငါနားလည္.....ဘာေျပာတယ္?"

ေက်ာက္ေဖးယြီသည္အံ့ၾသလြန္း၍ထပါခုန္မိေတာ့သည္။

"ငါ့ကိုသူတို႔နဲ႕ေတြ႕ဖို႔ေခၚသြားေပး"

က်န္းရီသည္ေခါင္းလွည့္၍ သူ႕မ်က္ဝန္းမ်ားကိုတည့္တည့္စိုက္ၾကည့္ၿပီး တစ္လုံးခ်င္းပီသစြာထပ္ေျပာခဲ့သည္။

ေက်ာက္ေဖးယြီတစ္ေယာက္စိတ္ပ်က္လက္
ပ်က္ျဖင့္သာေခါင္းညိတ္ျပရေတာ့သည္။

"အရမ္းမစိုးရိမ္ပါနဲ႕ "

က်န္းရီကၿပဳံးလ်က္ဆက္ေျပာေလသည္။

"က်ိန္စာကိုမင္းရွာေတြ႕ေတာ့ ငါလည္းမင္းတို႔လိုအမ်ိဳးအစားေတြထဲကတစ္ေယာက္လို႔သံသယျဖစ္သြားတယ္မဟုတ္လား?ငါမင္းကိုရွင္းရွင္းလင္းလင္းေျပာလိုက္မယ္ ငါကအဲ့လိုလူစားမ်ိဳးမဟုတ္ဘူး ဒါေပမယ့္ငါကသူတို႔နဲ႕အမ်ိဳးအစားအတူတူပဲဆိုၿပီးမင္းမိတ္ဆက္ေပးရင္ေတာင္ငါစိတ္မဆိုးပါဘူး ငါေသခ်ာဖုံးကြယ္ထားနိုင္သေ႐ြ႕ဘာျပသနာမွတက္မွာမဟုတ္ဘူး"

(note/ဒီေနရာမွာက်န္းရီေျပာေနတာ'နတ္ဆိုး
က်င့္ႀကံသူ'ေတြကိုပါ)

ဤအရာသည္အလြန္ရဲတင္းေသာဆုံးျဖတ္ခ်
က္ျဖစ္၏။သို႔ေသာ္နတ္ဆိုးက်င့္ႀကံသူအတြ
က္ေတာ့ စာခ်ဳပ္ပိုင္ရွင္၏ဆုံးျဖတ္ခ်က္ကိုအ
ႂကြင္းမဲ့နာခံရမည္ျဖစ္ရာ ေက်ာက္ေဖးယြီအ
ေနႏွင့္အခ်ိန္တန္လာသည့္အခါအရာအားလုံးကို အထစ္အေငါ့မရွိဘဲေျပျပစ္စြာၿပီးေျမာက္သြားေစရန္ ဆုေတာင္းယုံရွိေတာ့သည္။

ဤအခ်ိန္တြင္ သူတို႔ႏွစ္သည္မိုးျပာေတာင္ပံဂိုဏ္း၏ေတာင္အဝင္တံခါးသို႔ေရာက္ခါနီး
ျဖစ္သည္။ေက်ာက္ေဖးယြီဆုေတာင္းေနစဥ္မွာပဲ သူတို႔ေရွ႕တြင္လူႏွစ္ဦးေပၚလာခဲ့သည္။

တစ္ဦးမွာေျခတစ္လွမ္းအသာရထားေသာခ်င္ရွိယြီျဖစ္ၿပီးေနာက္တစ္ဦးမွာမိုးျပာေတာ
င္ပံဂိုဏ္းမွ ယြမ္စုစည္းျခင္းအဆင့္က်င့္ႀကံသူတစ္ဦးျဖစ္သည္။

ထိုယြမ္စုစည္းျခင္းအဆင့္က်င့္ႀကံသူႏွစ္ဦးသည္အေျခခံတည္ေထာင္ျခင္းအဆင့္သူတို႔ႏွစ္ဦးကိုေတြ႕သည့္အခါ ပ်ံသန္းမႈအလယ္တြင္ခ်က္ခ်င္းရပ္တန့္သြားရေတာ့သည္။

"ဒါ......"

မိုးျပာေတာင္ပံဂိုဏ္းမွယြမ္စုစည္းျခင္းအဆင့္က်င့္ႀကံသူသည္အလြန္အံ့ၾသသြားေလည္။ေက်ာက္ေဖးယြီကိုေခါင္းအစ၊ေျခအဆုံးအ
ေခါက္ေခါက္အခါခါစစ္ေဆးၿပီးမွအက်ီစကိုခါ၍ ခ်င္ရွိယြီဘက္သို႔လွည့္ကာေဒါသတႀကီးျဖင့္

"က်င့္ႀကံသူခ်င္ကငါတို႔မိုးျပာေတာင္ပံဂိုဏ္းကိုဟာသလာလုပ္ေနတာလား?သူအသတ္ခံရတယ္လို႔မင္းမေျပာခဲ့ဘူးလား?အခုၾကည့္ေလ ငါတို႔ေရွ႕မွာရပ္ေနတာအေကာင္းႀကီးပဲ!"

ေက်ာက္ေဖးယြီကိုျမင္လိုက္ရေသာအခါ ခ်င္ရွိယြီလည္းအံ့အားသင့္သြားရသည္။

ေက်ာက္ေဖးယြီေဘးတြင္ရပ္ေနေသာက်န္းရီထံ လွ်င္ျမန္စြာအၾကည့္ပို႔၍ သူ႕မ်က္ႏွာေပၚတြင္အၿပဳံးတစ္ပြင့္ကိုဖန္တီးၿပီး

"က်င့္ႀကံသူက်န္းကိုဒီမွာမေတာ္တဆေတြ႕ရတာဘယ္ေလာက္ေတာင္ေကာင္းလိုက္တဲ့ေတြ႕ဆုံျခင္းမ်ိဳးပါလိမ့္ အရိုးသားဆုံးေျပာရရင္ငါ့ရဲ႕ဆရာတူညီမေလး႐ႊယ္ကက်င့္ႀကံသူေက်ာက္ကမင္းရဲ႕လက္ထဲမွာေသသြားၿပီလို႔ေျပာျပခဲ့တယ္ေလ အဲ့ဒီသတင္းေၾကာင့္ငါေသလုမတတ္လန့္သြားခဲ့ရတာ အဲ့တာေၾကာင့္ပဲ မိုးျပာေတာင္ပံဂိုဏ္းကိုအေျပးလာလို႔အ
သိေပးရတာပါ အခုေတာ့မင္းကက်င့္ႀကံသူ
ေက်ာက္နဲ႕အတူျပန္ေရာက္လာတယ္?ငါ့ရဲ႕
ဆရာတူညီမေလး႐ႊယ္ကအမွားလုပ္မိတာလား ဒါမွမဟုတ္......."

က်န္းရီသည္မွိန္ေဖ်ာ့ေသာအၿပဳံးျဖင့္မရိုးမသားျပန္ေျဖေလသည္။

"ကြၽန္ေတာ္နဲ႕က်င့္ႀကံသူေက်ာက္ကတကယ္ဓားေရးယွဥ္ခဲ့တယ္ ဒါေပမယ့္ဘယ္လိုပဲျဖစ္
ျဖစ္ဓားေရးယွဥ္ၾကည့္တာမ်ိဳးမရွိဘဲမိတ္ေဆြ
ဖြဲ႕လို႔မရဘူးေလ ကြၽန္ေတာ္တို႔ခ်င္းလက္ဆြဲႏႈတ္ဆက္ၿပီးေတာ့ဟိုးအရင္ထဲကခင္လာၾကတဲ့သူငယ္ခ်င္းေတြလိုခံစားမိလို႔က်င့္ႀကံသူေက်ာက္ကသူတို႔မိုးျပာေတာင္ပံဂိုဏ္းဆီအ
လည္လာဖို႔ကြၽန္ေတာ့္ကိုဖိတ္ခဲ့တာပဲ က်င့္ႀကံသူေက်ာက္ကကြၽန္ေတာ့္လက္ထဲမွာေသသြားၿပီဆိုတဲ့အေရးမပါတဲ့စကားကိုေတာ့ဘယ္ကပ်ံ့လာမွန္းကြၽန္ေတာ္သိနိုင္ပါ့မလား?"

ေက်ာက္ေဖးယြီကလည္းစကားဝင္ေျပာ၏။

"မင္းရဲ႕ဆရာတူညီမအေၾကာင္းကိုေျပာရရင္ ဒီတစ္ႀကိမ္မွာက်င့္ႀကံသူက်န္းနဲ႕ငါတိုက္ခိုက္ခဲ့ရတာသူ႕ရဲ႕လႈံေဆာ္မႈေၾကာင့္ပဲ သူ႕ကိုကူညီဖို႔ငါလိုက္လာခဲ့ေပမယ့္ က်င့္ႀကံသူက်န္းရဲ႕တို
က္ခိုက္မႈကို ငါရင္မဆိုင္နိုင္တာလဲေတြ႕ေရာ ငါ့သတင္းကိုသယ္ၿပီးခ်က္ခ်င္းထြက္ေျပးေတာ့တာပဲ ျဖစ္ခ်င္ေတာ့သူေတြ႕လိုက္တဲ့အ
ခ်ိန္မွာက်င့္ႀကံသူက်န္းကငါ့ရဲ႕ေခါင္းကိုဓားနဲ႕႐ြယ္လိုက္တဲ့အခ်ိန္ျဖစ္ေနတယ္ အဲ့တာေၾကာင့္ပဲငါေသသြားၿပီလို႔ထင္သြားတာမ်ားလား?ဒါေပမယ့္ အဲ့တာကသူရဲ႕အထင္အျမင္ပဲေလ!က်င့္ႀကံသူက်န္းလိုၾကင္နာၿပီးသေဘာေကာ
င္းတဲ့လူက တျခားတစ္ေယာက္ရဲ႕အသက္ကို
လြယ္လြယ္ကူကူႏႈတ္ယူပစ္ပါ့မလား!"

က်င့္ႀကံသူက်န္းကၾကင္နာၿပီးသေဘာေကာ
င္းတဲ့လူ?

ခ်င္ရွိယြီ၏ပါးျပင္တြန့္သြားရသည္။သူ႕ေရွ႕မွလူႏွစ္ဦးကိုအထပ္အခါခါ စစ္ေဆးၾကည့္မိ
သည္။သူတို႔ႏွစ္ဦး၏ေျဖရွင္းခ်က္သည္ေခ်ာ
မြတ္မေနေသာ္လည္းေက်ာက္ေဖးယြီကေတာ့လုံးဝအဆင္ေျပပုံရၿပီး သူေရွ႕တြင္ခန့္ခန့္ညားညားေတာင္ရပ္ေနေသး၏။ဤအခ်က္ကိုမည္သူမွျငင္းလို႔မရနိုင္ေပ။

ခ်င္ရွိယြီ၏လက္ရွိက်င့္ႀကံျခင္းအဆင့္အရေက်ာက္ေဖးယြီ၏႐ုပ္ခႏၶာကိုနတ္ဆိုးက်င့္ႀကံသူကယူေဆာင္ထားမွန္းလုံးဝမျမင္နိုင္ေပ။

အခ်ိန္အတန္ၾကာၿပီးေနာက္ ခ်င္ရွိယြီလည္းလက္ႏွစ္ဖက္ကိုယွက္၍ ႏႈတ္ဆက္ရန္သာရွိေတာ့သည္။

"အဲ့ဒီေတာ့အေၾကာင္းစုံကဒီလိုကိုး ၾကည့္ရတာငါရဲ႕ဆရာတူညီမေလး႐ႊယ္ကစိတ္ကူး
ယဥ္ၿပီးစကားအမွားေတြေျပာမိပုံပါပဲ"

"အဲ့ဒီမင္းရဲ႕ဆရာတူညီမေလး႐ႊယ္က"

မိုးျပာေတာင္ပံဂိုဏ္းမွယြမ္စုစည္းျခင္းအဆင့္က်င့္ႀကံသူသည္ ႏွာေခါင္းရႈံ႕လ်က္ပ်က္ရယ္ျပဳၿပီး

"တကယ္စည္းကမ္းမရွိတာပဲ"

ေက်ာက္ေဖးယြီႏွင့္မိုးျပာေတာင္ပံဂိုဏ္းမွတပ
ည့္မ်ား၏ဆက္ဆံေရးကသိပ္မမ်ားလွေပ။
ေက်ာက္ေဖးယြီအသတ္ခံရေၾကာင္း ခ်င္ရွိယြီလာေျပာသည့္အခ်ိန္တြင္ေတာင္ သူ႕အတြက္လက္စားေခ်ေပးရန္ ေရွ႕တိုးလာသူအမ်ားအ
ျပားမရွိခဲ့။

ယခုလက္ရွိ ယြမ္စုစည္းျခင္းက်င့္ႀကံသူတစ္ဦးသည္ပင္ ဂိုဏ္းစုေငြမွတ္အတြက္ေရွ႕တိုးလာျခင္းျဖစ္ေသာ္လည္း အဆုံးတြင္ဘာမွမရဘဲအခ်ည္းႏွီးျဖစ္ခဲ့သည့္အတြက္ သူ႕အေနႏွင့္ေဒါသမထြက္ဘဲေနနိုင္မည္ေလာ?

ခ်င္ရွိယြီလည္းအေတာ္ေလးအရွက္ရသြားရွာသည္။သူတို႔ႏွစ္ဦးကိုခပ္ျမန္ျမန္ႏႈတ္ဆက္ၿပီး ခ်က္ခ်င္းထြက္သြားေတာ့သည္။

ေခါင္းငိုက္စိုက္က်၍ျပန္သြားေသာ ခ်င္ရွိယြီကိုျမင္ရသည့္အတြက္ က်န္းရီအေတာ္ေလးစိတ္ေက်နပ္သြားရသည္။

ေဘးမွေက်ာက္ေဖးယြီကေတာ့သက္ေတာင့္သက္သာမေနနိုင္ဘဲေလပူတစ္ခ်က္မႈတ္ထု
တ္၍

"ငါတို႔ေတာ့ျပသနာေတြကိုပိုရႈပ္ေအာင္လုပ္မိၿပီထင္တယ္ အမွန္တိုင္းေျပာရရင္သူတို႔ေတြပင္မဂိုဏ္းခ်ဳပ္ဆီျပန္သြားၿပီးငါ့အေၾကာင္းကိုေသခ်ာစစ္ေဆးဖို႔ဝိဥာဥ္ပ်ိဳးစက်င့္ႀကံသူကိုေခၚလာမွာစိုးရိမ္မိတယ္ အဲ့လိုသာဆိုအ
ေတာ္ေလးဒုကၡေရာက္ကုန္မွာပဲ"

"အိုး?"

က်န္းရီကၿပဳံးရင္းသူ႕ကိုျပန္ေမးလာခဲ့သည္။

"အဲ့တာဆိုဝိဥာဥ္ပ်ိဳးစက်င့္ႀကံသူမဟုတ္ရင္
တျခားဘယ္အဆင့္က်င့္ႀကံသူကမွမင္းကို
မျမင္နိုင္ဘူးေပါ့ ၾကည့္ရတာမင္းရဲ႕က်င့္ႀကံျခင္းအဆင့္ကအေတာ္ေလးျမင့္ပုံပဲ"

ေက်ာက္ေဖးယြီသည္ သူစကားကြၽံသြားမွန္း
ခ်က္ခ်င္းသတိထားမိၿပီး ေခြၽးေစးပါပ်ံလာရေတာ့သည္။

သူရဲ႕က်င့္ႀကံျခင္းအဆင့္သာတကယ္ျမင့္
တယ္ဆိုရင္?

အရိပ္နတ္ဆိုးအေနျဖင့္သူယူထားေသာ႐ုပ္ခႏၶာကိုစြန့္ပစ္ၿပီးအဖမ္းခံရလွ်င္ အျခားလူမ်ားစိတ္ႀကိဳက္အသုံးခ်ေနျခင္းမွ ႏႈတ္ထြက္နိုင္သည္။

သို႔ေသာ္ သူ၏ေပါ့ေလ်ာ့မႈေၾကာင့္သူယူထားေသာ႐ုပ္ခႏၶာသည္ က်န္းရီ၏ဓားသြားေအာ
က္တြင္ေခါင္းျပတ္ခဲ့ၿပီးနာက်င္စရာေကာင္း
ေသာအေျခအေနျဖင့္အဆုံးသတ္ခဲ့သည္။ထိုအခ်ိန္တြင္ သူသည္လည္းေသျခင္းတရားစာ
ခ်ဳပ္ျဖင့္ခ်ဳပ္ႏွောင္ခံထားရေလၿပီ။သူ၏က်င့္ႀကံျခင္းအဆင့္ကအေတာ္ေလးျမင့္ေၾကာင္း က်န္းရီရွာေတြ႕သြားျခင္းမွာ သူ႕အတြက္ေတာ့ဆိုးက်ိဳးတစ္ခုသာျဖစ္ေပသည္။

ေကာင္းေသာအခ်က္သည္ကား က်န္းရီသည္သူ႕ကိုဘာမွဆက္မေမးေတာ့ဘဲမိုးျပာေတာင္ပံဂိုဏ္းသို႔ေခၚသြားရန္သာအေလာတႀကီးတိုက္
တြန္းေလသည္။

အနည္းဆုံးေတာ့သူသည္အတြင္းေဆာင္တ
ပည့္ျဖစ္သည့္အတြက္သူ႕အေနႏွင့္အျပင္လူတစ္ေယာက္ကိုသူ႕ေက်ာက္ဂူထဲသို႔ဧည့္သည္အျဖစ္ေခၚေဆာင္ျခင္းကခက္ခဲလွေသာကိစၥမဟုတ္ေပ။

ထိုအခ်ိန္တြင္ 'ေက်ာက္ေဖးယြီေသ႐ြာကျပန္ထလာတယ္'ဟူေသာသတင္းသည္႐ႊယ္ပင္းအာ၏တစ္ဖက္ေစာင္းနင္းထင္ျမင္ခ်က္ျဖစ္ရာထိုသတင္းကမိုးျပာေတာင္ပံဂိုဏ္းတြင္ဂယက္ရိုက္မသြားဘဲလူတိုင္းကရယ္စရာတစ္ခုအေနျဖင့္သာအမ်ားဆုံးေျပာဆိုၾကေလသ
ည္။

အေတာ္အတန္လည္းမိုးခ်ဳပ္သြားၿပီျဖစ္ရာက်န္းရီသည္ ေက်ာက္ေဖးယြီ၏ေက်ာက္ဂူတြင္အိပ္၍ တစ္ညတာကိုကုန္ဆုံးလိုက္ေတာ့
သည္။

ေနာက္တစ္ေန႕နံနက္အေစာပိုင္း အလြန္ေဝး
ကြာလွေသာေနရာတြင္ ေက်ာက္ဂူအလယ္မွ
ဝမ္႐ႊမ္သည္သူ႕မ်က္လုံးမ်ားကိုဖြင့္လိုက္၏။သူတစ္ညလုံးေကာင္းေကာင္းအိပ္မေပ်ာ္ဘဲတစ္ကိုယ္လုံးနာက်င္ေနသလိုခံစားရေလသ
ည္။

သူထထိုင္ၿပီး ဂူအျပင္ဘက္၌ထိန္ထိန္သာေနေသာေနမင္းႀကီးကို ေငးၾကည့္လိုက္၏။

ဝမ္႐ႊမ္သည္ က်န္းရီႏွင့္အတူရွိစဥ္အခါက
အခ်ိန္မ်ားကိုျပန္သတိရလာေတာ့သည္။ညဘက္တြင္က်န္းရီသည္ သူ႕အတြက္ေစာင္မ်ားကိုျဖန့္ခင္းရန္ကူညီေပးယုံသာမက နံနက္ခင္းတြင္လည္း ခ်ိဳၿမိန္ေသာႏွင္းရည္တစ္ခြက္ကိုယူလာေပးတတ္သည္။

သူတို႔ႏွစ္ဦးစေတြ႕ခဲ့သည့္အခ်ိန္ကသူ႕အတြက္
လက္ဖက္ရည္ေဖ်ာ္ေပးခဲ့သလို က်န္းရီသည္အရာအားလုံးလိုေလေသးမရွိ ၿပီးျပည့္စုံစြာလုပ္ကိုင္ေပးခဲ့သည္။

ဝမ္႐ႊမ္အႀကိဳက္ဆုံးအရာမ်ားကိုလည္းက်န္းရီကအတိအက်သိ၏။ထိုသိတတ္နားလည္မႈမ်ားကဘယ္မွေရာက္လာမွန္းေတာ့ဘယ္သူမွမသိနိုင္ေခ်။

သူတို႔အခ်င္းခ်င္း တစ္ဦးကိုတစ္ဦးသိကြၽမ္းခဲ့
ခ်ိန္မွာ ႏွစ္တစ္ဝက္ထက္ေတာင္ပိုနည္းေသာ္
လည္း ဝမ္႐ႊမ္ကေတာ့႐ုတ္တရက္ခြဲခြာရျခင္းကိုေနသားမက်ေသးေပ။ေငးၾကည့္ေနရင္းျဖင့္ ခြဲခြာရျခင္းကိုသူသည္းမခံနိုင္ေတာ့သလိုခံစားမိေလသည္။

        .......................××.......................

Our Shixiong be like :

Continue Reading

You'll Also Like

211K 36.9K 75
This novel's not mine. Please support original author and english translator. Title : The Only Favourite Ugly Husband Author : Jué Jué Status : Com...
24K 2.4K 38
သူမက သူမရဲ့ချစ်သူနဲ့တူ ရှိနေမယ်လို့တွေးပြီး မိဘမဲ့အဖြစ်ကူးပြောင်းလာခဲ့ပေမယ့် တစ်ခဏလေးအတွင်းမှာပဲ သူမရဲ့ ကမ္ဘာကြီးပျက်စီးသွားရတယ်။ အမွေဆက်ခံသူဆိုတဲ့နေ...
28.5K 4K 34
Genres: Fantasy/ Horror/School life *Trigger Warning*
26K 2.7K 17
The perfect destiny၏ arc3ကို ဘာသာျပန္ဆိုျခင္းျဖစ္သည္။ ♥*completed*♥