A Thorn In My Heart(နှလုံးသား...

Av ShallyDolly13

45.1K 2.1K 189

ကောင်လေးနှစ်ယောက်၊သူငယ်ချင်းနှစ်ယောက် ကြားက အချစ်အကြောင်းလေးပါပဲ ။ သူတို့တွေမှာ ရှိ‌ခဲ့တဲ့ပျော်ရွှင်မှုတွေ ၊... Mer

Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Part 33
Part 34
Part 35
Part 36
Part 37 End
Kaung's POV
Kaung's POV 2
Kaung's POV 3
Kaung's POV 4
Kaung's POV 5
Kaung's POV 6
Kaung's POV 7
Kaung's POV 8 (Finale)
ဈေးဗန်း/ေဈးဗန္း
🧡
Part 1 [Zawgyi]
Part 2 [Zawgyi]
Part 3 [Zawgyi]
Part 4 [Zawgyi]
Part 5 [Zawgyi]
Part 6 [Zawgyi]
Part 7 [Zawgyi]
Part 8 [Zawgyi]
Part 9 [Zawgyi]
Part 10 [Zawgyi]
Part 11 [Zawgyi]
Part 12 [Zawgyi]
Part 13 [Zawgyi]
Part 14 [Zawgyi]
Part 15 [Zawgyi]
Part 16 [Zawgyi]
Part 17 [Zawgyi]
Part 18 [Zawgyi]
Part 19 [Zawgyi]
Part 20 [Zawgyi]
Part 21 [Zawgyi]
Part 22 [Zawgyi]
Part 23 [Zawgyi]
Part 24 [Zawgyi]
Part 25 [Zawgyi]
Part 26 [Zawgyi]
Part 27 [Zawgyi]
Part 28 [Zawgyi]
Part 29 [Zawgyi]
Part 30 [Zawgyi]
Part 31 [Zawgyi]
Part 32 [Zawgyi]
Part 33 [Zawgyi]
Part 34 [Zawgyi]
Part 35 [Zawgyi]
Part 36 [Zawgyi]
Part 37 End [Zawgyi]
Kaung's POV [Z]
Kaung's POV 2 [Z]
Kaung's POV 3 [Z]
Kaung's POV 4 [Z]
Kaung's POV 5 [Z]
Kaung's POV 6 [Z]
Kaung's POV 7 [Z]
Kaung's POV 8 [Z] Finale

Part 7

950 59 2
Av ShallyDolly13


အေးစိမ့်သောလေတို့က တသုန်သုန်တိုက်ခတ်လျက်ရှိပြီး ခြံထဲရှိသစ်ပင်ပန်းမန်တို့သည်လည်း လေယူရာယိမ်းနွဲ့နေကြသည်။ ခြံထဲတွင်ကား စကားပြောသံ၊စနောက်သံတို့ဖြင့် ပြည့်နှက်နေပြီး ကျွန်တော်သည်လည်း မီးဖိုခန်းထဲမှ ထွက်လာလေသည်။

"လင်း ရေသွားယူတာလည်း ကြာလိုက်တာ။ ဘာလုပ်နေတာလဲ။"

"ဘာမှမလုပ်ပါဘူး။ အခန်းထဲခဏသွားနေလို့ပါ။"

"ဪ အင်းပါ လာထိုင်တော့လေ။ ဘာမှလုပ်စရာမရှိတော့ဘူး။"

"လင်း ကောင်းကောင်းရော"

"အပြင်မှာမဟုတ်ဘူးလား ကျွန်တော်လည်းမတွေ့မိဘူးမမ "

ကျွန်တော့်ကို သူ့အကြောင်း မမမေးနေစဉ် အိမ်ထဲမှ သူထွက်လာလေသည်။ မျက်နှာမကောင်းမှန်း‌သိပေမယ့်လည်း ခပ်တန်းတန်းသာနေမိသည်။ မမေဇွန်တို့က သူ့ကိုခေါ်နေ၍ မမေဇွန်တို့ခေါ်ရာတွင် ဝင်ထိုင်‌ကာ ကျွန်တော့်ကို ပြုံးပြလေသည်။ အချိန်တို့သည်လည်း ညဦးမှသည် ဆယ်ဂဏန်းဆီသို့ တဖြေးဖြေးချဉ်းကပ်လာလေတော့သည်။

"ဟေ့ အားလုံးနားထောင်ကြပါ။ အခု ဆယ့်နှစ်နာရီ မထိုးခင် အမှန်အတိုင်းပြောကြေး ဂိမ်းကစားကြရအောင်လေ ။"

"ကောင်းတယ်...ကောင်းတယ်ဟေ့"

မမေဇွန်၏စကားအဆုံး အားလုံးမှာ တစ်ခဲနက်ထောက်ခံကြလေသည်။

"ပုလင်းခွံတစ်လုံး ယူပေးကြပါ။"

ပုလင်းခွံ ယူလာပြီးချိန်တွင် ဂိမ်းကစားဖို့စတင်ကြလေသည် ။ တစ်လှည့်ပြီး တစ်လှည့် အမှန်တိုင်းပြောလိုက်ကြ ၊ မဖြေနိုင်သူတွေက ခိုင်းတာလုပ်လိုက်ကြနှင့် ကျွန်တော့်အလှည့်ရောက်လာလေသည်။

"လင်းရဲ့ အချစ်ဦးကဘယ်သူလဲ။ ဖြေပေးပါ ။"

မသူသူ ကျွန်တော့်ကို မေးလာတဲ့မေးခွန်းက ငယ်ထိပ်တည့်တည့် မြွေပေါက်သလိုပင် ။ ကျွန်တော်မဖြေချင်။ထိုသူ့ရှေ့မှာမို့ ပိုပြီးတောင် မဖြေချင်ဖြစ်ရလေသည်။

"ကျွန်တော်ခိုင်းတာလုပ်မယ်ဗျာ။အဲ့မေးခွန်းကြီးကိုကျော်လိုက်မယ်။"

"အဲ့ဒါဆို သီချင်းတစ်ပုဒ်ဆိုပြ။ လင်းဆိုတာ နားမထောင်ရတာကြာနေပြီ။"

"ဟုတ်တယ်...ဟုတ်တယ်"

မမသူငယ်ချင်းများ၏ ဝိုင်းဝန်းထောက်ခံမှုကြောင့် ကျွန်တော်သီချင်းဆိုဖို့ အကြောင်းဖန်လာလေသည်။ ဘယ်ချိန်တည်းကရှိနေသော ဂစ်တာတစ်လက်သည် ကျွန်တော့်ဆီတန်းရောက်လာတော့သည်။

"ကျွန်တော်ကြိုက်တာ ဆိုရမလား ။အစ်မတို့ဆိုခိုင်းတာ ဆိုရမလား ။"

"ခဏနေအုံး သီချင်းရွေးလိုက်အုန်းမယ်။ ဘာဆိုခိုင်းရင်ကောင်းမလဲ။ ‌သိပြီ စည်သူလွင်ရဲ့ မင်းနဲ့မှချစ်တတ်ပြီ အဲ့တာဆိုပြ။ အရင်က လင်းခဏခဏ ဆိုနေကြလေ။ "

"တခြားဟာဆိုလို့မရဘူးလား"

"မရဘူး အဲ့တာပဲဆို"

ဈေးစစ်ကြည့်ပေမယ့် မရသဖြင့် ကျွန်တော်လည်း လက်လျှော့လိုက်ရသည်။ဘယ်တတ်နိုင်ပါ့မလဲ ဆိုရတော့မှာပေါ့။ မတီးဖြစ်တော့တာ ကြာပြီဖြစ်သော ဂစ်တာကို ကိုင်ရင်း intro ပိုင်းကိုစတင်တီးခတ်ကာ သီချင်းဆိုခြင်းအမှုကို စလိုက်လေသည်။

🎶အချစ်အကြောင်းများ မသိခဲ့ဘူး ငယ်စဉ်ကအသက်အရွယ်မှာ....

ရူးလောက်တဲ့အချစ်မျိုးလည်း ကိုယ်တိုင်မတွေ့မိသေးပါ....

ဒဏ္ဍာရီပုံဆန်တဲ့ အလွမ်းအဆွေးမျိုးနဲ့...

တစ်နေ့တော့ဖြင့် တို့ကြုံမှာ တွေးမိသေး....

ကိုယ့်နှလုံးသားလေးလည်း ရင်ခုန်နှုန်းထိန်းဖို့ခက်ပြီ ငြိမ်အောင်ထိန်းထားလို့မရ မယုံနိုင်ဘူး မင်းနဲ့တွေ့စဉ်

ဒါအချစ်လို့ခေါ်မလား ကိုယ်မသိလိုက်မှီ ရင်ခွင်ထဲတိုး....

နောက်ဆုံးတော့ မင်းနဲ့မှ ချစ်တတ်ပြီပေါ့....🎶

ကျွန်တော်သီချင်းဆိုပြီးအခါ ဂိမ်းဆက်ကစားကြလေသည်။ ဒီတစ်ခါအလှည့်ကျသူက ကောင်းဖြစ်သည်။ မမေဇွန်ပင် ဦးဆောင်ကာ မေးခွန်းမေးလေသည်။

"ကောင်းကောင်းကို မေးမယ့်မေးခွန်းက အခုချိန်တစ်စုံတစ်ယောက်ကို ပြောချင်နေတဲ့စကား ။ ဖြေမှာလား ခိုင်းတာလုပ်မလား "

"ကျွန်တော်ဖြေမှာပါ"

"ကျွန်တော့်ဘဝမှာ အချစ်ရဆုံးသူကို ပြောချင်တဲ့စကားပါ။ ကိုယ်အရင်ချိန်တွေတုန်းက အချိန်တွေကိုစောင့်ဆိုင်းခဲ့တဲ့အတွက် နောင်တတွေရခဲ့ဖူးတယ်။ တကယ်တော့ ကိုယ်လိုအပ်ခဲ့တာပါ။ မင်းဆီကို ကိုယ်အမြန်ဆုံးလိုက်လာခဲ့သင့်တာ။ အခုချိန်က နောက်ကျချင်ကောင်း နောက်ကျနိုင်‌ပေမယ့် မင်းသာစိတ်ပြေမယ်ဆို ကိုယ်အကြာကြီးစောင့်နိုင်ပါတယ်။ "

"ဝိုး......မိုက်လိုက်တာ ကောင်းကောင်းရဲ့ စကားလုံး‌တွေကြား‌ ငါတောင်အရည်ပျော်သွားပြီ။ကောင်းကောင်း သဘောကျတာခံရတဲ့သူကတော့ ကံကောင်းလိုက်တာနော်။"

ကျွန်တော့်ကို ကြည့်ပြီးပြောနေတဲ့ သူ့စကားတွေကြောင့် လူလည်းရုတ်တရက် ပူထူလာရသည်။ရှေ့မှာရှိတဲ့ ဝိုင်ပုလင်းကိုသာ ကျွန်တော်အဖော်ပြုမိနေသည်မှာ ဘယ်နှပုလင်းကုန်သွားမှန်းပင် မသိတော့။ ဆယ့်နှစ်ထိုးပြီးချိန်တွင် အားလုံး "Happy New Year" ဟုအော်ပြီး အသီးသီး အိမ်ပြန်သွားကြသည်။ ကျွန်တော်လည်း ရီဝေဝေဖြစိနေပြီး မြင်ကွင်းရှေ့ရှိသမျှတို့သည် ဝေဝါးကာလှုပ်ရမ်းနေတော့သည်။ ယိုင်နဲ့နဲ့ဖြစ်နေတဲ့ ကျွန်တော့်ကို တစ်ယောက်‌ယောက်ထိန်းပွေ့လိုက်တာကို သိပေမယ့် နောက်ပိုင်းတွင်တော့ ကျွန်တော့်အသိစိတ်တို့လည်း ပျောက်သွားတော့သည်။

**********

"သားကောင်း အိမ်မပြန်နဲ့တော့နော်။ လင်းအခန်းထဲမှာပဲ တစ်ခါတည်းဝင်အိပ်‌လိုက်တော့။"

"ဟိုလေ မေကြီး သားအိမ်ပဲပြန်လိုက်တော့မယ်။လင်း နိုးလာရင် စိတ်ဆိုးနေအုန်းမယ်။"

"အို...မပြန်ရပါဘူး။ ကျုပ်ပြန်မလွှတ်နိုင်ပါဘူး။ပြန်ရမှာအဝေးကြီးကို....သွား လင်းနဲ့သွားအိပ်ချည်"

"ဟုတ်မေကြီး "

လင်းလေးကို အိပ်ရာပေါ်နေရာကျအောင်ထားပြီးတော့ ကျွန်တော်လည်း သူ့ဘေးမှာတင် တစ်ခါတည်း ဝင်အိပ်လိုက်တော့သည်။ လေးနှစ်ကျော် ငါးနှစ်နီးပါး တမ်းတခဲ့ရတဲ့ လင်းရဲ့ ကိုယ်သင်းရနံ့ ၊ ညအချိန်က‌သောက်ခဲ့တဲ့ အရည်ပူတွေရဲ့အရှိန်တို့ကြောင့် စိတ်အာရုံတို့သည်လည်း ယစ်မူးလာရသည်။ ဖြောင့်စင်းနေတဲ့ လင်း‌လေးရဲ့ နှာတံလေးပေါ် ဖိကပ်မိသွားတဲ့ နှုတ်ခမ်းတစ်စုံ ၊ ထို့နောက် ပန်းရောင်သန်းနေတဲ့ ပါးပြင်နုနု ၊ ထိုမှတစ်ဆင့် အနီရဲရဲ နှုတ်ခမ်းတစ်စုံပေါ် နယ်ကျော်မိချိန်တွင်တော့ စိတ်ဆန္ဒတို့မှာတားဆီး၍မရတော့။ ထိုနှုတ်ခမ်းတစ်စုံကိုသာ မွတ်မွတ်သိပ်သိပ်နမ်းရှိုက်နေမိပြီး ရပ်တန့်ဖို့ပင် မေ့နေခဲ့သည်။ လင်းလေးရဲ့ ညည်းရှိုက်သံသဲ့သဲ့ကြားမှသာ ကျွန်တော်ရပ်တန့်မိတော့သည်။

"ဟူး....လင်းလေးရယ် ကိုယ်မင်းကို သိပ်ချစ်တာပဲကွာ"

ထို့နောက်တွင်တော့ ကျွန်တော်လည်း လင်းလေးကို ကျွန်တော့်ရင်ခွင်ထဲ ထည့်သိပ်ပြီး နှစ်သစ်ကိုကြိုဆိုလိုက်လေသည်။

********
၂၀၀၇ခုနှစ်/ နိုဝင်ဘာလ

ကိုးတန်းကျောင်းသားကြီးတွေဖြစ်လာတဲ့ ကျွန်တော်နဲ့ကောင်း မမတက်ခဲ့တဲ့အထက်တန်းကျောင်းသို့ပြောင်းရွှေ့ဖြစ်ခဲ့ကြသည်။

အခန်းဖော်အသစ်၊ ဆရာသစ်တွေကြားမှာပဲ ကျွန်တော်တို့ အမြန်နေသားတကျရှိခဲ့ကြသည်မှာ နိုဝင်ဘာလပင် ရောက်လာလေသည်။ ကျွန်တော် ရယ် ကောင်း ၊ပြည့်ပြည့် ၊ နိုနိုး ၊
ဝေမာ၊ ဝတီ ၊ မင်း‌လွင်ဦး နှင့် ဟိန်းသန့် စုစုပေါင်းရှစ်ယောက်မှာ Bio ယူကြ၍ အလယ်တန်းကျောင်းတုန်းက သူငယ်ချင်းတချို့နှင့်ဝေးကွာခဲ့ကြသည်။ ပြည့်ပြည့်ကတော့ မိန်းကလေးတွေထဲမှာ ကျွန်တော်အခင်ရဆုံးသူ။

အ.ထ.က (၁) ကျောင်းတွင် နောက်ထပ်မိန်းကလေး သူငယ်ချင်းတစ်ယောက်ကို ကျွန်တော်သိကျွမ်း ခင်မင်ခွင့်ရခဲ့သေးသည်။ သူကတော့ ရှမ်း၊ကရင် ကပြားမလေး ရှယ်လီ ဖြစ်သည်။ ဖြူဖြူသွယ်သွယ် နဲ့ ချစ်စရာကောင်းတဲ့ သူက စကားပြောလည်းကောင်းသလို ၊ ကျွန်တော့်အပေါ်တွင်လည်း ဖော်ဖော်ရွေရွေရှိလှသည်။

ကျွန်တော်၊ပြည့်ပြည့်နဲ့ ရှယ်လီမှာ ပို၍တွဲဖြစ်ခဲ့ကြသည်။ ကောင်းကတော့ ဘောလုံးအသင်းထဲမှာပါတဲ့ အတန်းဖော်တွေနှင့် ပေါင်းဖြစ်ပေမယ့်လည်း အမြဲတမ်းလိုလို ကျွန်တော့်‌အနား အတင်းလိုက်ကပ်တတ်သည်။

ကျွန်တော်နဲ့ ရှယ်လီက နားထောင်တဲ့သီချင်းအမျိုးအစားလည်းတူသလို ၊ ကြိုက်နှစ်သက်တဲ့ အဆိုတော်ပါ တူပြန်လေသည်။ ကျွန်တော်က
အမေရိကန် ကန်းထရီးအဆိုတော် Taylor Swiftကိုအရူးအမူးသဘောကျသလို ၊ ရှယ်လီလည်း Taylor Swift fan ပင်ဖြစ်သည်။

ကျွန်တော်တို့နှစ်ယောက်မှာလည်း ခေါင်းချင်းဆိုင် စကားပြောလိုက်တာနဲ့ အကြောင်းအရာ
တဝက်မှာ Taylor အကြောင်းပင်ဖြစ်သည်။ ထိုအချိန်တွင် အကြိုက်ချင်းမတူတဲ့ ကောင်းကတော့ စကားဝိုင်းထဲ မပါပဲ တိတ်ဆိတ်နေတတ်သည် ။ ကျွန်‌တော့်ရဲ့ အဆွယ်ကောင်းမှုကြောင့် ပြည့်ပြည့်ပါ ကိုးရီးယားလိုင်းကနေ ကျွန်တော်တို့ဘက်ကူးလာလေသည် ။

ဆွယ်လို့မရတာကတော့ ကောင်း ။သူက rock သီချင်းတွေကြိုက်သူဖြစ်ပြီး နားထောင်လိုက်လျှင်လည်း The Beatles တို့ Likin Parks တို့လောက်သာ နားထောင်သူ ဖြစ်သည် ။

အခုတလော ကောင်းအပြုအမူတွေက ထူးဆန်းလာသည် ။ ရှယ်လီ့ကို စိုက်စိုက်ကြည့်နေတဲ့ သူ့မျက်ဝန်းတွေကို ကျွန်တော်မကြိုက်။ ရှယ်လီ စကားပြောရင် ငြိမ်ပြီးနားထောင်တတ်သူသည် ကျွန်တော်စကားပြောရင်တော့ မထိတထိလိုက်စတတ်သောကြောင့် သူနဲ့ ကျွန်တော် မကြာမကြာ ရန်သတ်နေရသေးသည်။

ကျွန်တော်နဲ့ ပြည့်ပြည့်က အသင်းတူတူဖြစ်၍ အသင်းကျတဲ့မနက်ခင်းတိုင်းတွင် အတူတူကျောင်းသွားဖြစ်ကြသည် ။ ကျွန်တော့်အသင်းနေ့တိုင်းတွင် ကောင်းနဲ့ကျွန်တော် အတူကျောင်းသွားဖြစ်ပေမယ့် အတူမသွားဖြစ်တာ ဒီနေ့နဲ့ဆိုနှစ်ပတ်ပင်ရှိနေပြီ။

အခန်းထဲ ကျွန်တော်က ခုံတွေရွှေ့ပေးပြီး၊ ပြည့်ပြည့်က တံမြတ်စည်းလှည်းနေသည် ။ ကျန်အသင်းတာဝန်ကျသူများကတော့ ဘုရားပန်းလဲကြ၊အမှိုက်ကောက်ကြနှင့် ကိုယ်တာဝန်ကျရာကို ကျေပွန်စွာ လုပ်ဆောင်နေကြသည်။

ပြည့်ပြည့်က ပြောစရာရှိသဖြင့် ကျွန်တော့်အနားကပ်လာလေသည်။

"လင်းရေ"

"အင်း..."

ကျွန်တော်လှည်း ခုံတွေပြန်စီနေရင်း လေးလေးပင်ပင် ပင်ပြန်ထူးလိုက်လေသည်။

"ငါပြောစရာရှိတယ် သိလား"

"နင်ပြောစရာရှိတာပြောလေ ငါကဘယ်လိုလုပ်သိမလဲ "

"ဟိုလေ ကောင်းက ရှယ်လီ့ကို စာပေးတာနင်သိလား"

"ဘာစာလဲဟ ငါလည်းမသိရပါလား"

"ဟဲ့ဘာစာရမှာလဲ နင်ကလေတော်တော်တုံးတာပဲ။ရည်းစာစာပေါ့ဟဲ့ ။ အဲ့တာကလွဲပြီး ‌ကောင်းက ဘာစာပေးရမှာတုန်း "

"ဟင်..."

အံ့ဩထိတ်လန့်မှုနဲ့အတူ ကျွန်တော့်ကမ္ဘာဟာ ချက်ခြင်းပင် မှောင်မိုက်သွားလေတော့သည်။ ကျွန်တော့်ရင်ဘက်ထဲမှာ တင်းကျပ်နေပြီး အသက်ရှုရတာ သိပ်အ‌ဆင်မပြေဖြစ်လာသည်။ ပြည့်ပြည့်ပြောတာကို မယုံချင်၊လက်မခံချင်ပေမယ့် ယခုရက်ပိုင်းအတွင်း ပြောင်းလဲသွားသော ကောင်းအပြုအမူတွေကြောင့် ကျွန်တော် လက်ခံလိုက်ရတော့သည် ။

ကျွန်တော့်ကို မတိုင်ပင်ဘဲ သူထင်ရာလုပ်တဲ့ ကောင်း ကို ပထမဆုံးအကြိမ် ‌ကျွန်တော်စိတ်ဆိုးမိခဲ့သည်။ ထို့နောက် ကျွန်တော်တစ်ယောက်တည်းသာ အခန်းထဲတွင် ကျန်ခဲ့တော့သည်။ နံနက်ရှစ်နာရီ ထိုးချိန်မှသာ အခန်းထဲ တစ်ယောက်ပြီးတစ်ယောက် ရောက်လာကြသည်။

ကျွန်တော်လည်း ကျောင်းမုန့်ဆိုင်ဘက် ထွက်လာချိန် ကျောင်းရှေ့တွင် ရပ်တန့်လိုက်သော စက်ဘီးကို အမှတ်မထင်ကြည့်မိသွားသည်။ ကောင်းရဲ့ စက်ဘီးနောက်မှ ဆင်းလိုက်သော ဖြူဖြူသွယ်သွယ် ပုံရိပ်ကလေး။ ထိုပုံရိပ်ကလေးက ကောင်းကို လှလှပပပြုံးကာကြည့်နေသလို ဘေးတစောင်းသာမြင်ရသော ကောင်းရဲ့ မေးရိုးတွေ လှုပ်ရှားသွားမှုကြောင့် သူလည်း ရယ်နေသည်မှာမလွဲဧကံပင်။

ကျွန်တော့်ဘေးမှာ ကူကယ်ရာ ဘယ်သူမှမရှိတော့သလို ရုတ်တရက် ကျွန်တော်တစ်ယောက်တည်းဆိုတဲ့ အတွေးက ကျွန်တော့်ကို တုန်လှုပ်စေခဲ့သည်။ အရင်ချိန်တွေတုန်းက ကောင်းအပေါ် ကျွန်တော် မှီခိုလွန်းနေခဲ့တာကို သိရတော့ သူ့အပေါ် မမှီခိုမိအောင် နေမယ်လို့ ဆုံးဖြတ်လိုက်လေတော့သည် ။

မုန့်ဆိုင်မှ ပြန်လာတော့ ကောင်းက အခန်းထဲရောက်နှင့်နေပြီ။

"လင်း ဘယ်သွားနေတာလဲ"

"မုန့်ဆိုင်"

စကားကိုခပ်ပြတ်ပြတ်ပြောကာ ပထမဆုံး အချိန်အတွက် စာအုပ်များကို ထုတ်နေလိုက်သည်။

"ငါ့ကိုလည်း မစောင့်ဘူး"

"ငါလည်း မင်းကိုပဲ အားကိုးနေလို့မှ မဖြစ်တာ"

"မင်းစကားတွေကလည်း သူစိမ်းဆန်လိုက်တာကွာ"

"ငါတို့က အမှန်တကယ်တော့လည်း သူစိမ်းတွေပဲလေ။ သူငယ်ချင်းဆိုတဲ့ စည်းကြောင့်သာပေါ့ ။အဲ့စည်းသားပြတ်ခဲ့ရင် မင်းနဲ့ငါနဲ့က သူစိမ်းတွေပဲလေ"

"မင်းဘာတွေဖြစ်နေတာလဲ လင်း"

"ငါလား ဘာမှမဖြစ်ပါဘူး ။ မှန်တာကိုပဲပြောနေတာလေ"

"ကျစ်...အဲ့မှန်တာကိုက မဟုတ်တာ။ မင်းပြောနေတာ မင်းမဟုတ်သလိုပဲ။"

"ထားလိုက်ပါတော့ ရော့...မုန့်ဝယ်လာတယ် ။"

"ဟင် လင်း ငါမှ ငရုတ်သီးအစပ်မစားတာ။ အသုတ်က ငရုတ်သီးတွေနဲ့ "

"ဟင် ဟုတ်သား ငါမေ့သွားတာ ဆောရီးကွာ"

"တခြားမုန့်ပဲ ငါ့ကိုကျွေးတော့။အဲ့အသုတ်ငါမစားတော့ဘူး "

"အင်း"

‌ညနေ ကျောင်းဆင်းချိန်ရောက်တော့ ကောင်းကိုမစောင့်တော့ပဲ စက်ဘီးစတန်းက‌နေ စက်ဘီးကို ခပ်မြန်မြန်ထုတ်ကာ ကျူရှင်ကိုသွားနှင့်လိုက်သည်။ ကျူရှင်ခန်းထဲရောက်တော့ အခန်းထဲခဏထိုင်ကာ အပြင်ဘက်ရှိမုန့်ဆိုင်ကိုဆီသာ ထွက်လာခဲ့လိုက်သည်။

အာပူလျှာပူကို ငါးပိထောင်းစပ်စပ်နှင့် တရှူးရှူးသောက်နေစဉ် ဒုန်းကနဲမြည်သံကြောင့် လန့်ပြီးအသံကြားရာဆီ ကြည့်မိတော့ ကောင်းဖြစ်နေသည်ကို တွေ့ရသည် ။ ကျွန်တော့်စားပွဲနဲ့ မလှမ်းမကန်းကခုံမှာထိုင်နေပြီး ခုံကိုရိုက်လိုက်သည်မှာ ဆိုင်ထဲရှိ အခြားသူများကပါ သူ့ကို ကွက်ကြည့်ကြည့်နေကြသည်။

ကျွန်တော်လည်း သူ့ကိုဂရုမစိုက်ဘဲ စားစရာရှိတာကိုသာ စားနေလိုက်တော့သည်။ ပိုက်ဆံရှင်းပြီးတော့ အခန်းဆီပြန်ကာ ခုံတွင်ဝင်ထိုင်လိုက်ပြီး အရှေ့တန်းကကောင်တွေနှင့် စကားပြောနေလိုက်သည်။

ဘယ်ချိန်တည်းက သူဘေးနားရောက်နေမှန်းမသိ။ မကြာမီ ဆရာရောက်လာ၍ စာသင်ခြင်းကိုသာ အာရုံစိုက်နေမိသည်။ ညနေ ကျူရှင်ဆင်းတော့လည်း ကျွန်တော်တစ်ယောက်တည်း ပြန်ခဲ့သည်။ သူ ရှယ်လီ့ကို သူ့စက်ဘီးပေါ်တင်ကာ အိမ်ပြန်လိုက်ပို့ပေးတာကို ကျွန်တော်မြင်ဖြစ်အောင် မြင်လိုက်သေးသည်။

အိမ်ပြန်ရောက်တော့ မေမေ့ကို ပြန်ရောက်ကြောင်းပြောပြီး ရေကိုခပ်မြန်မြန်ချိုးလိုက်သည်။ မေမေကတောင် ကျွန်တော့်ကိုအံ့ဩနေလေသည်။ ဆောင်းတွင်းဆို ရေချိုးရမှာ ကြောက်တဲ့ကျွန်တော်က ညနေစောင်း အေးစိမ့်နေချိန်မှာ ရေချိုးကာ စိတ်ရှုတ်နေတာတွေကို မောင်းထုတ်လိုက်လေသည်။

မိုးချုပ်တော့ နှာရည်တွေယိုလာက နှာတရှုံ့ရှုံ့နှင့် တခါတရံ နှာပါချေလိုက်သေးသည်။ မေမေက စိတ်ပူပြီး ကိုယ်ပူလာတိုင်းကြည့်မှ ကျွန်တော်ဖျားနေမှန်းသိရတော့သည်။မေမေက လုပ်လက်စ အိမ်စာများကို ဆက်မလုပ်ခိုင်းတော့ဘဲ ဆေးသောက်ခိုင်းပြီး အိပ်ရာစောစောဝင်စေခဲ့သည်။

မနက်ရောက်တော့ ကိုယ်ပူမကျသည့်အပြင် ပို၍ပူကျစ်နေသောကြောင့် မေမေကဆေးခန်းလိုက်ပို့လေသည်။ ဖေဖေကတော့ ကျွန်‌တော့်ကျူရှင်ကိုသွားကာ ခွင့်သွားတိုင်ပြီး ၊ အတန်းပိုင်ဆရာအိမ်ဆီ တစ်ခါတည်းဝင်ကာ ခွင့်တိုင်ပေးခဲ့သည်။

တစ်နေကုန် အိပ်ရာထဲတွင်နေကာ အိပ်နေရသဖြင့် လူလည်းနုံးချိနေသည်။ ကျွန်တော်မကြိုက်တဲါ ဆန်ပြုတ်သောက်ရသဖြင့် မေမေ့ကိုဂျီကျကာ မျက်ရည်များပါကျလာလေတော့သည်။ အတောမတတ်နိုင်သော မျက်ရည်များနှင့်အတူ ရှိုက်သံများပါ ရောနှောလာတော့ မေမေက ကျွန်တော့်ကိုပွေ့ဖက်ကာ 'ဘာစားချင်လဲ သား'ဟုမေးလေသည်။ ကျွန်တော်လည်း ခေါင်းယမ်းပြပြီး မျက်ရည်များကို သုတ်ကာ အိပ်နေလိုက်တော့သည်။

ကျွန်တော့်ဆံပင်မိားကို ခပ်ဖွဖွ ဖိနေသူကြောင့် ကျွန်တော် နိုးလာရသည် ။ မျက်လုံးဖွင့်ကြည့်လိုက်တော့ မနေ့ညနေကနေ ပျောက်နေသူကြီးက ကျွန်တော့်ကို ပြုံးပြနေလေသည်။ ကျွန်တော်လည်း တဖက်ကိုဘေးတစောင်းလှဲအိပ်ကာ သူ့ကိုကျောခိုင်းလိုက်လေသည်။ ‌ထိုချိန်တွင် ကျွန်တော်ဆေးသောက်ဖို့ ခေါက်ဆွဲပြုတ်ပူပူနဲ့အတူ ရေ၊ ဆေး တွေတင်ထားသော လင်ဗန်းတစ်ချပ်နဲ့ မေမေရောက်လာလေသည်။

"သား နိုးပြီလား"

"ဟုတ်မေ"

"မေမေ ကိုယ်ပူတိုင်းကြည့်အုန်းမယ် ။ အဖျားတော့ကျသွားပါပြီ ။မနက်ဖြန် အိမ်မှာနားလိုက်အုန်း ။ တဘက်ခါမှ ကျောင်းသွားတော့ပေါ့ ။ သားကောင်းလည်းရှိနေတော့ စာတွေလွတ်ကုန်မှာလည်း စိတ်ပူမနေနဲ့။ အခုတောင် သားကောင်းက သားအတွက် စာတွေကူးလာပေးတာ။"

"မေကြီး ကျွန်တော် လင်းကို ခေါက်ဆွဲပြုတ်တိုက်လိုက်မယ်လေ ။ မေကြီးသွားနားတော့လေ ။ မေကြီးလည်း ပင်ပန်းနေပြီပေါ့"

"ကျေးဇူးပါ သားကောင်းရယ် ။ဒီကောင်လေးပေါ့ မနေ့က ညနေကြီး ထူးထူးဆန်းဆန်းရေတွေ ချိုးပစ်တာ ပြီးတော့ ဖျားရောလေ"

"....."

မေမေထွက်သွားတော့ ကျွန်တော့်ကို ခေါက်ဆွဲပြုတ်ခွံ့လာလေသည်။ ကျွန်တော်သူ့လက်ထဲက ဇွန်းကိုအတင်းဆွဲပြီး ကိုယ့်ဘာသာကိုယ်စားနေလိုက်သည်။စားပြီးတာနဲ့ ဆေးသောက်ရမှာ အင်မတန်ကြောက်တဲ့ ကျွန်တော်က ကျွန်တော်မုန်းတဲ့ ဆေးခါတွေကို ခပ်တည်တည်ပင်ယူကာ ရေနဲ့မျှောချလိုက်တော့သည်။ ဆေးသောက်ပြီးချိန်ထိ ကျွန်တော် စကားတစ်ခွန်းမှ မဆို။သူကလည်း နှုတ်ဆိတ်နေသည် ။

ကျွန်တော်လှဲအိပ်လိုက်တော့ သူပါကျွန်တော့်ဘေး ကပ်အိပ်လိုက်ပြီး ကျွန်တော့်ကိုစကားဆိုလေသည်။

"ငါ့ကို ပြည့်ပြည့်‌ ပြန်ပြောပြလို့သိပြီးပါပြီ။ ငါမင်းကိုတမင်မပြောတာ မဟုတ်ပါဘူး ။ ရှယ်လီ့ဆီက အဖြေရမှ ပြောမယ်ဆိုပြီး ရည်ရွယ်ထားလို့ပါ။ လင်း ငါ့ကိုစိတ်ဆိုးနေတာလားဟင်။စိတ်မဆိုးပါနဲ့တော့နော်။ မင်းစိတ်ဆိုးရင် ငါမနေတတ်ဘူးကွာ။စိတ်ဆိုးပြေပါတော့နော်။"

သူ့စကားဆုံးတော့ ကျွန်တော့်ခါးပေါ် သူ့လက်ကိုတင်လိုက်ပြီး သူ့ဝင်သက်ထွက်သက်က ကျွန်တော့် မျက်နှာပေါ် လာထိခတ်နေသောကြောင့် သူကျွန်‌တော့်ဘက် လှည့်အိပ်နေသည်ကို သိလိုက်ရသည်။ ကျွန်တော်လည်း ဘာမှဆက်မပြောချင်၍ ငြိမ်နေလိုက်တော့သည်။

'အဲ့တာဆို မင်းမသိအောင် ငါရည်းစားထားလည်း ဖြစ်တယ်မလား ကောင်း' ကျွန်တော့်အတွေးတို့ ဆုံးချိန်မှာတော့ ကျွန်တော် နောက်တစ်ခေါက် ပြန်အိပ်ပျော်သွားတော့သည်

#ဆူးခတ်နွယ်
၆/၁/၂၀၂၂

Fortsett å les

You'll Also Like

2K 104 14
[မင်းဆက်မော်ကွန်း + ဇာဏီသွေး] ချစ်ခြင်းမေတ္တာသည် နာမ်ဟုဆိုရပါလျှင် ထားရှိသောသစ္စာတရားတို့သည် ပြယ်လွင့်မည်မဟုတ်သော ' ထာ၀စဉ် 'ဟူတည်း.....။
169K 5.9K 21
တောဓလေ့ကိုမှ အလောင်မကြိုက်ဘူး ချိုချိုလေးပဲဖတ်ချင်ရင်ဒါလေးဖတ်ကြည့်ပါ 💛 ဖိုးသောကြာ + ထက်မင်းသက် 💛
303K 7.5K 109
In which Delphi Reynolds, daughter of Ryan Reynolds, decides to start acting again. ACHEIVEMENTS: #2- Walker (1000+ stories) #1- Scobell (53 stories)...
5.2K 779 31
What would it feel like to wake up one day and find out your whole life was a dream? Peyton Comber has been in a coma for three years. But that's not...