B O G(ZSWW)[Complete]

By Kaori_HZar

53K 2.9K 78

ရုန်းလေ နစ်လေ ဆိုတာသိပေမယ့် ကိုယ်ကိုယ်တိုင် ကျေကျေနပ်နပ်နဲ့ တိုးဝင်ခုန်ချခဲ့တဲ့နွံလေးမို့ ဆက်တိုးဝင်နေဉီးမှာပ... More

1(U)
1(Z)
2(U)
2(Z)
3(U)
3(Z)
4(U)
4(Z)
5(U)
5(Z)
6(U)
6(Z)
7(U)
7(Z)
8(Z)
9(U)
9(Z)
10(U)
10(Z)
11(U)
11(Z)
12(U)
12(Z)
13(U)
13(Z)
14(U)
14(Z)
15(U)
15(Z)
A/N
16(U)
16(Z)
17(U)
17(Z)
18(U)
18(Z)
19(U)
19(Z)
20(U)
20(Z)
21(U)
21(Z)
22(U)
22(Z)
23(U)
23(Z)
24(U)
24(Z)
A/N
25(U)
25(Z)
A/N
26(U)
26(Z)
27(U)
27(Z)
28(U)
28(Z)
29(U)
29(Z)
30(U)(Final)
30(Z)Final
A/N

8(U)

1K 77 0
By Kaori_HZar

ဒီနေ့ကကျောင်းပိတ်ရက်မို့ရှောင်းကျန့်ရဲ့အိမ်တွင် သောင်တင်နေခြင်း။မားကတော့ မနက်ကတည်းကသူ့သူငယ်ချင်းအိမ်သွားမယ်ဆိုပြီးအခုထိပြန်မလာသေး။ပါးကတော့ ထုံးစံအတိုင်း companyမှာ။စိတ်လေလေနဲ့ ဂိမ်းဆော့နေသည့်ဝမ်ကိုကြည့်လိုက်တယ်။

"ဝမ် မင်းငါ့ထက်အရင်တွဲခဲ့ဖူးတဲ့လူ ဘယ်နှစ်ယောက်ရှိလဲ"

ဂိမ်းဆော့နေတဲ့ ရိပေါ်က သူ့ကိုမျက်လုံးလှန်ကြည့်တယ်။

"ဘာလို့လဲ...."

"ဒီအတိုင်းငါသိချင်လို့...."

"မသိချင်နဲ့ သိလို့ကောင်းတဲ့အရာမဟူတ်ဘူး"

"ငါကသိချင်တယ်လေ..."

"သိလို့ကောင်းတဲ့အရာမဟူတ်ဘူးလို့"

ဘောက်ဆတ်ဆတ်နဲ့ရိပေါ်က သူ့ကိုကျောပေးလို့တစ်ဖက်ကိုလှည့်ထိုင်ကာ
ဂိမ်းဆက်ဆော့နေတယ်။

မင်းငါ့ကိုဒီထက်ပိုပွင့်လင်းရင်ကောင်းမယ် ဝမ်.......ဝမ်ကလေသူ့ကိုချစ်လား..ဆိုတော့လည်းမဖြေ ။တစ်ခြားမိန်းကလေးယောကျာ်းတွေနဲ့ရှောင်းကျန့်ကိုတွဲတွေ့ရင် စိတ်တိုအူပုတ်တတ်ပေမယ့် ဝမ်ကိုယ်တိုင်ကျ ဖုန်းတစ်လုံးနဲ့ အလုပ်ပတ်ရှုပ်နေတတ်တယ်။ ဝမ်ရဲ့ဖုန်းကိုဆို ထိလို့တောင်မရ ဖုန်းကိုထိရင်ဝမ်ကအရမ်းစိတ်ဆိုးတာ။

အထက်တန်းနောက်ဆုံးနှစ်ရောက်လာမှ ဝမ်နဲ့သူ့ရဲ့ကြားက ဆက်ဆံရေးပိုကျဲသွားသလို အရင်ကဆို ဘယ်နေရာသွားသွားတပူးပူးတတွဲတွဲနဲ့မလို့ သူများတွေအားကျစရာအတိ။အခုဆို တစ်ခါလေးဆုံဖို့အရေးတောင် ဝမ့်မှာမအားလပ်နိုင်။

ရှောင်းကျန့်မျက်နှာမသာမယာဖြစ်နေသည်ကိုရိပ်မိလို့ထင် ဂိမ်းဆော့နေတာရပ်လိုက်ပြီး
မတ်တပ်ရပ်ကာရှောင်ကျန့်ရှေ့ရပ်လို့ လက်ကမ်းပေးတယ်။

"မျက်နှာကမသာမယာနဲ့ လာ ကျောင်းရှေ့ကစွပ်ပြုတ်ဆိုင် ဖွင့်တယ်ထင်တယ် သွားစားရအောင်"

"......."

"မျက်စောင်းနဲ့ကြည့်မနေနဲ့ လာသွားမယ်"

📲📲📲📲

"ခနနော်.... "

"အင်း"

မြင်လိုက်တဲ့ ဖုန်းcontactကြောင့် ကိုယ့်ကိုယ် လှောင်ပြုံးလေးပြုံးကာ ထိုင်နေသည့်နေရာမှာပဲပြန်ထိုင်လို့
အဝေးမှာ ပါးမို့ကြီးတွေမို့တက်အောင် ပြုံးရင်းဖုန်းပြောနေသည့် ဝမ်ကို
ဒူးပေါ်လက်တင်မှေးထောက်ကြည့်နေလိုက်တယ်။ဝမ် မသွားဖြစ်တော့ဘူးလေ။သူသိနေတယ်။

ဒီလိုကြည့်တော့လည်း ဝမ်က အပြုံးကြီးကြီးတွေပြုံးတတ်သား။ဒီနှစ်နှစ် အင်းး....ပြောရရင် ဒီနှစ်နှစ်အတွင်း ဝမ် ဒီလောက်အပြုံးကြီးပြုံးတာ မမြင်ခဲ့ဖူးဘူး ။ဝမ်က ရယ်စရာဆိုရင်တောင် ပြုံးရုံတင်ပြုံးခဲ့သည်မို့။

"ဆောရီး ရှောင်း ငါ လုပ်စရာလေးပေါ်လာလို့ နောက်နေ့သွားစားကြတာပေါ့"

"ရပါတယ် ကိစ္စမရှိဘူး သွားလေ"

"ဒါဆို.....မွချ် ငါသွားပြီ..... "

ဝမ် မွှေးကြူသွားတဲ့ ပါးလေးကို ကိုင်ကြည့်ရင်း အစောကတည်းကမှိုင်းညို့နေတဲ့တိမ်က ရွာချလိုက်သည့်မိုးများနဲ့အတူ မျက်ရည်တွေလည်းပါသွားရင်ကောင်းမယ်လို့ အူကြောင်ကြောင်တွေးလိုက်မိသေးတယ်။မျက်ရည်လွယ်တတ်တဲ့အကျင့်ကိုတော့ပြင်ရဉီးမှာပါလေ ။မျက်ရည်လွယ်တယ်လို့ပြောရအောင်လည်း ရှောင်းကျန့် ကသူ့ရှေ့မှာ နာရေးပွဲဖြစ်လို့ အားရပါးရအော်ငိုနေကြရင်တောင် အော်ရယ်ချင်တဲ့အမျိုး ....ရှိတုန်းတန်ဖိုးမထားဘဲ သေ သွားတော့မှာအော်ငိုနေလည်း သေ သွားတဲ့လူကကြားမတဲ့လား။အဟက်....ထားပါလေ အဲ့တာလူတွေရဲ့သဘာဝပဲ......သူကတော့ ဝမ်နဲ့ပတ်သတ်ရင်ကို အထိခိုက်မခံတာပါ......

အပြင်ကရွာနေတဲ့မိုးစက်လေးတွေကိုခပ်တွေတွေငေးရင်း လက်ဖဝါးလေးခံကာ မိုးရေစက်လေးကိုခံစားတယ်။

မိုးဆိုလို့ အစောက ဝမ်ပြေးသွားတာ ထီးမပါဘူး။အိမ်ထဲကထီးအဝါနဲ့အကြည်ရောင်
ထီးလေးကိုအမြန်ယူကာ ဝမ်သွားရာလမ်းကြောင်းလေးအတိုင်း အပြေးလိုက်လို့ မှီလို မှီညားထီးလိုက်ပေးမိတယ်။

ဝမ် ထွက်သွားတာကြာနေပြီဆိုပေမယ့် နည်းနည်းလေးအရိပ်အယောင်မြင်ရလည်း ဖြစ်တယ်ဆိုသည့် စိတ်လေးနဲ့ပြေးလာတာ ဝမ့်ရဲ့condoရောက်တဲ့အထိ ။ဝမ့်ရဲ့ condoရောက်တော့ မိုးကစဲနေပြီ။ပြောသားပဲ သူကဝမ်နဲ့ပတ်သတ်ရင် အထိခိုက်မခံပါဘူးဆို....ဝမ့် condoရှိရာတိုက်ရဲ့အထဲကို မျက်လုံးကစားကြည့်စဉ် ပန်းစည်းအနီရောင်အကြီးကြီးကိုလက်ထဲမှာ ကိုင်ထားကာ အစောကသူမြင်ခဲ့တဲ့အပြုံးအကြီးကြီးတွေပြုံးနေတဲ့ဝမ်။

☘☘☘☘☘☘☘☘☘☘☘☘☘☘☘☘☘☘☘☘
မိုးမိတဲ့ အကျိုးကျေးဇူးနဲ့ ရှောင်းကျန့် အိပ်ယာထဲက တစ်ပတ်လောက် နလန်မထူနိုင်ခဲ့။မားရဲ့ စက်သေနတ်ပစ်သံတွေလည်း တစ်သီတစ်တန်းနားထောင်ခဲ့ရသလို ပါးပါးရဲ့နဂါးမျက်စောင်းအကြီးကြီးတွေလည်း ခံခဲ့ရပါသေးတယ်။ဝမ်လား? ဝမ်က........အလုပ်များနေလို့ဖြစ်မယ် အထက်တန်းနောက်ဆုံးနှစ်ဆိုတော့ စာလည်းများတယ်လေ... အဲ့တာကြောင့် သူ့ကိုလာမကြည့်နိုင်တာ။

"ကျန့်....ဆန်ပြုတ် နည်းနည်းလောက်သောက်ဉီး"

"တော်ပါပြီ ပိုင်ရှို့ရာငါတစ်ဝက်တောင်သောက်ပြီးပြီ"

"ကျန့် ဆေးသောက်ရမှာအများကြီးလေ ဒီလောက်ပဲစားလို့ဘယ်ဖြစ်မလဲ နောက်3ပုံ ပုံ 2ပုံလောက်တော့စားဉီး"

"​ဒါဆိုလည်း သဘောပဲ ခွံ့ပေတေါ့"

သူဖျားနေသည့်တစ်ပတ်လုံး မနက်ကျောင်းမသွားခင် နဲ့ ကျောင်းဆင်းတဲ့အချိန်ဆို ပိုင်ရှို့ကသူ့ဘေးနားကမခွာ ဂရုစိုက်ပေးကါ ဆေးတိုက် ဆန်ပြုတ်ခွံ့လာလုပ်ပေးသည်။မလုပ်နဲ့ဆိုတားလည်းမရ 'မလုပ်နဲ့ အိမ်ပြန်တော့'လို့ပြောရင် ပြိုတော့မယ့်မိုးလိုမျက်နှာနဲ့လာကြည့်တာကြောင့် ဒီအတိုင်းသာလွှတ်ထားလိုက်တော့တယ်။

"ကျန့်က လိမ္မာလိုက်တာ"

"တော်စမ်း"

"ဟားးဟားး"

3ပုံ 2ပုံကနေ ဆန်ပြုတ်တစ်ပန်းကန်လုံးကုန်တဲ့အထိ သောက်လိုက်ရတယ်။တော်ပါပြီဆို အတင်းထိုးထည့်နေတဲ့ပိုင်ရှို့ကောင်းမှုပေါ့ အောင့်သက်သက်နဲ့ တစ်ပန်းကန်လုံးသောက်
လိုက်ရတာ။

"ရယ်မနေနဲ့ "

"ဟားးးဟားးးဟားး"

"ဟားးးဟားးဟားးး"

နှစ်ယောက်သားတစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး အော်ရယ်မိလိုက်သည်။

"ဟားးးဟားဟားး"

"ဟားးဟားးးဟားးး"

☘☘☘☘☘☘☘☘☘☘☘☘☘☘☘☘☘☘☘☘
"သား သေချာပြီလား"

"သေချာတယ် ပါး"

"နောက်မှ ပြန်ပြောင်းလို့မရဘူးနော် ပါးကယောကျာ်းကတိတည်မှကြိုက်တာ"

"မပြာင်းပါဘူးး ကျွန်တော်ဆုံးဖြတ်ပြီးပြီ"

☘☘☘☘☘☘☘☘☘☘☘☘☘☘☘☘☘☘☘☘
"ဝမ် ငါ့ကိုချစ်လား"

"မေးပြန်ပြီ ဘာလို့ ဒါပဲခနခနမေးနေတာလဲ ရှောင်းကျန့်ရာ"

"ငါသိချင်လို့လေ ငါတို့တွဲလာတဲ့တစ်လျှောက်  ဝမ် ချစ််တယ်လို့တစ်ခါမှမပြောဖူးဘူး"

ရှောင်းကျန့်စကားကြောင့်ဝမ်ရဲ့မျက်နှာပျက်သွားတာ တွေ့လိုက်ပါတယ်။

"ငါ့ကို တစ်ခါ လောက်ချစ််တယ်လို့ပြောပေးလို့မရဘူးလားဟင်"

"ငါ....."

လက်နှစ်ဖက်ကို ဆုပ်နယ်ကာ မျက်လုံးတွေဂဏာမငြိမ်ဖြစ်နေတဲ့ဝမ်က အတည်ကြီးသူ့ကိုမချစ်ဘူးပဲတွေးမိတော့လည်း ဝဲဘက်ရင်အုံကတဆစ်ဆစ်နဲ့ရယ်....။ဒါပေမယ်လည်း ဝမ်ပါးစပ်က သူ့ကိုချစ်တယ်လို့ပြောတာလေးတစ်ခါလောက်တော့ ကြားချင်သေးတယ်။ဒါလေးက ရှောင်းကျန့်ရဲ့ အတ္တသေးသေးလေးပေါ့ ။

"ငါ...ရှောင်း ....ရှောင်းကိုချစ်တယ်"

ချစ််တယ်ပြောလို့ပျော်နေရမယ့်အစား ရှောင်းကျန့်ကဘာလို့ရင်ပိုနာသွားရတာပါလိမ့်......။ပြုံးလိုက်မိတယ်.....နာနာကျင်ကျင်နဲ့ကို.....

"ငါလည်း မင်းကိုအရမ်းချစ်တယ် ဝမ်"
☘☘☘☘☘☘☘☘☘☘☘☘☘☘☘☘☘☘☘☘

Continue Reading

You'll Also Like

53K 2.9K 64
ရုန်းလေ နစ်လေ ဆိုတာသိပေမယ့် ကိုယ်ကိုယ်တိုင် ကျေကျေနပ်နပ်နဲ့ တိုးဝင်ခုန်ချခဲ့တဲ့နွံလေးမို့ ဆက်တိုးဝင်နေဉီးမှာပဲ။ ZSWW//🐰🦁
58.2K 4.2K 34
zhanyi❗ ဒုတိယအကြိမ်ချစ်မိတဲ့ အချစ်ကနေမရုန်းထွက်နိုင်တော့ဘူး........ သူ့နှာခေါင်းမှာသစ်ခွနံ့သင်းသင်းရလို့ သူ ထလာခဲ့သည်။ အနံ့ကတဖြည်းဖြည်းပိုပြင်းလာသည်...
21.6K 1.7K 11
☑️ ZSWW&zhanyi Fan Fiction☑️ ❌Not BJYX&yizhan❌ #For My fav:Author Sanay Moe Swe💕 #Ămaryllis_Ķ #Start- 12.7.2021 #end - 28.7.2021
43.1K 3.2K 14
မင်းဘဝမှာ လူတစ်​ယောက်​ကို တကယ်​ချစ်​ခဲ့ရင် ​သူ့ကိုကိုယ့်​ဆီက​နေ ထွက်​ခွာသွား​အောင်​ ဘယ်​​တော့မှ မလုပ်​မိပါ​စေနဲ့...။ မင်းထက်​သူ့အ​ပေါ်ကောင်းနိုင်...