M.I.N.E

By SunMura_J

5.9K 289 10

HeeJayHoon More

1
2
3
4
6
7
8
9
10

5

341 24 1
By SunMura_J

" ပြန်ရောက်ပါပြီ "

မီးဖိုချောင်ထဲကနေ သားဖြစ်သူအသံကြားကြောင့် အိမ်ရှေ့ကို အလျင်အမြန်ထွက်ပြီး ကုမ္ပဏီ အလုပ်တွေနဲပ ပင်ပန်းနေတဲ့ သားကို အပြုံးတွေနဲ့ ထွက်ကြိုသည်။

" အပေါ်မှာ သားရဲ့ဧည့်သည်ရောက်နေတယ် သွားစကားပြောချေအုန်း ပြီးရင် ရေချိုးပြီးနှစ်ယောက်လုံး ဆင်းလာခဲ့ ထမင်းစားမယ် "

" ဟုတ်ကဲ့ပါဗျာ သားရဲ့ နတ်သမီးလေး "

အမေဖြစ်သူကို နတ်သမီးလေးကို ခေါ်နေတာ ဟိုငယ်ငယ်ထဲကပါပဲ။ ဂျေးအတွက် အဖေက စည်းကမ်းတင်းကြပ်ပြီး စနစ်ကျတဲ့သူဆိုပေမယ့် အမေကတော့ နူးညံ့ပြီးအေးချမ်းရာနေရာလေး ကောင်းကင်ပေါ်က ပြုတ်ကျလာသည့် နတ်သမီးလေးလို ‌တင်စားပြီး အမြဲကို ခေါ်ဖြစ်သည်။

အခန်းထဲမှာ ရှိနေတဲ့ ဧည့်သည်? ဧည့်သည်ဆို ဧည့်ခန်းမှာဘဲ စောင့်နေရမှာမဟုတ်လား။

အခန်းတံခါးကို ဖွင့်လိုက်ရင် လက်ကိုင်ကို လှမ်းလိုက်သည့် အချိန် အခန်းတံခါးဟာ ပွင့်လာပြီး အခန်းထဲ ဆောင့်ဆွဲခံလိုက်ရသည်။

ဝုန်း!!!

တံခါးပိတ်သံနဲ့ အတူ တံခါးနဲ့ကျောပြင်တို့ တစ်သားထဲကျသွားသည်။

နောက်ပြီး အရှေ့မှာတော့ သူ့ကို ပိတ်ရပ်နေသည့် လူတစ်ယောက်

မော့ကြည့်လိုက်တော့ နီးကပ်စွာရှိနေသည့် မျက်နှာတစ်ခု၊ ဆံနွယ်အနက်ရောင်တွေက သူ့ရဲ့မျက်နှာပေါ် ပြေးလိုက် ၊နှာတံက မှဲ့နက်လေးကလည်း ထိုလူရဲ့ ဆွဲဆောင်မှုတစ်ခုလို ဖြစ်နေသည်။

" ဂျေး ........ ပြန်ရောက်ပြီလား "

ရိုးရိုးတန်းတန်း ပြောတာမဟုတ်ဘဲ၊ နားနားကို ကပ်ကာ လေသံနဲ့ ပြောတာကြောင့် ဂျေး တစ်ကိုယ်လုံးတုန်တက်သွားရသည်။

" ဖယ်စမ်းပါ "

‌ဆောင်းဟွန်းကို တွန်းထုတ်ပေမယ့် တွန်းထုတ်သည့် သူ့ရဲ့လက်တွေကို ပြန်ပြီးဖမ်းချုပ်ချင်းခံလိုက်ရသည်။

" ငြိမ်ငြိမ်နေ မရုန်းနဲ့ "

" အခု ငါနဲ့ လိုက်ခဲ့ အမေ့ဆီမှာ ခွင့်တောင်းပြီးပြီ "

" ဟမ်!!! ငါမလိုက်နိုင်ဘူး၊ အမေ့ကိုတစ်ယောက်ထဲ မထားခဲ့နိုင်ဘူး "

" လိုက်ကို လိုက်ရမယ် မင်းအမေအနားမှာ မင်းထက် ကိုယ်ခံပညာတက်တဲ့ သက်တော်စောင့်တွေ ရှိတယ် ဆိုတာမေ့နေတာလား "

ဟုတ်လည်းဟုတ်တယ် သူမရှိလည်း အမေ့ကို ကာကွယ်မယ့်သူတွေက ရှိနေမှာ။

" အခု သွားမယ် လာခဲ့ "

ပထမကတော့ ရေချိုးဖို့ အခန်းထဲ ဝင်လာခဲ့ပေမယ့် အခုတော့ ဘယ်အချိန်ထဲက ထည့်ထားမှန်းမသိတဲ့ luggage ကို လက်တစ်ဖက်ကဆွဲကာ နောက်တစ်ဖက်က သူ့ရဲ့လက်ကို ဆွဲပြီး အိမ်‌ေအောက်ထက်ကို ဆွဲခေါ်ချင်းခံလိုက်ရသည်။

" သားတို့ ဘယ်သွားမလို့တုန်း အလောတကြီး "

" သား ဂျေးကို ခေါ်သွားတော့မလို့ "

" အမလေး နေပါအုန်း ညစာလေးစားသွားပါနဲ့ အမေနဲ့ မခွဲခင်လေး တော်တော်ဖြစ် အေးဆေးသွားလို့ရတဲ့ဟာကို "

" ဟဲဟဲ အလျင်လိုနေလို့ပါ "

သွား ၃၂ချောင်းလုံးဖြီးပြနေသည့် ဆောင်းဟွန်းကို ဂျေး ဆွဲထိုးချင်နေတာအမှန်။














ထမင်းဝိုင်းကျတော့လည်း ဂျေးမှာတစ်ယောက်ထဲ ကမ္ဘာဖြစ်နေပြီး အမေနဲ့ ဆောင်းဟွန်းနဲ့က စကားတွေပြောနေလိုက်တာဆိုတာ ကိုယ့်သားအရင်းကိုတောင်မေ့တဲ့အထိ။

အလုပ်မှာကတော့ အဆင်မပြေမရှိပေမယ့် သူ လက်ထပ်စာချုပ်ဆိုတဲ့ ဟာမှာ ဘယ်လို လက်မှတ်ထိုးလိုက်မိတာလဲ ဆိုတာ သူ့ကိုယ်သူလည်း မစဉ်းစားနိုင်ဖြစ်နေသည်။ မနက်က စာရွက်တွေစာချုပ်တွေ အကုန်လုံးကို တစ်ခုချင်း ဖတ်ပြီး လက်မှတ် ထိုးပေးခဲ့တာ လက်ထပ်စာချုပ်နဲ့ ကုမ္ပဏီက လုပ်ငန်းစာချုပ်တွေက တစ်ခြားဆီ သူသတိထားမိမှာဘဲ ။

" ကျွန်တော်တို့ စားလို့ပြီးပါပြီ ဗိုက်တင်းသွားပြီ အဲ့တာဆို ဂျေးကို ခေါ်သွားပြီနော် အမေ "

" ခေါ်သွား ခေါ်သွား "

ဆောင်းဟွန်းက သူစားလိူ့ပြီးသွားတာနဲ့ ဂျေးကို ဆွဲပြီး အိမ်ထဲက ထွက်လာပြီး သူတို့ အရင်က နေခဲ့တဲ့ ကွန်ဒိုသို့ သွားသည်။

ကွန်ဒိုသွားသည့် လမ်းတစ်လျှောက် ကားမှန် အပြင်ကိုသာ ကြည့်နေသည့် ဂျေးကြောင့် စိတ်ထဲ ဘဝန်မကျဖြစ်လာသည်။

သူ့ကိုဘဲ ဂရုစိုက်နေရမှာမဟုတ်လား။

ကားကို တစ်ချက် ဘရိပ် ဆော့အုပ်လိုက်တာကြောင့် သူ့ဘက်ကို ဆူးရှသည့် အကြည့်တွေနဲ့ လှည့်ကြည်ြလာသည့် ဂျေးကြောင့် အနည်းငယ် ပြုံးမိသွားသည်။

ကွန်ဒိုရှေ့ရောက်တော့ ကားတံခါးကို မြန်မြန်ဖွင့်ပြီး ကွန်ဒိုထဲ အရင်ဝင်သွားသည့် ဂျေးကို ကြည့်ပြီး နောက်တစ်ကြိမ် ဆောင်းဟွန်းရဲ့နှုတ်လမ်းထက်မှာအပြုံးတွေ ဝေဆာလာပြန်သည်။

‌ကားနောက်ခန်းထဲ ထည့်ထားသည့် Luggage ကို ထုတ်ကာ ဆောင်းဟွန်းလည်း ကွန်ဒိုထဲ ဝင်လာလိုက်သည်။

သူတို့ရဲ့ အခန်းရှိတဲ့ အထပ်က ၅လွှာ မှာ။

Luggage ကို ဆွဲတာ အခန်းရှိရာကို လျှောက်လာတော့ အခန်း‌ေရှေ့ ငုတ်တုတ်ထိုင်နေသည့် ဂျေးကြောင့် ကျယ်ကျယ် အော်ရယ်လိုက်မိသည်။

" ဟ ဟား ဟား "

သူရယ်တော့ ပြန်ကြည့်လာသည့် ဂျေးရဲ့ မျက်ဝန်းတွေက စိတ်ရှုပ်နေသလို မျိုး။

" ဘာရယ်တာလဲ "

" ငါ့ကို အစထဲကစောင့်ရင် ဒီလို ထိုင်နေစရာ အကြောင်းမရှိဘူး "

ဂျေးကလည်း မေ့သွားတာ သူ့မှာ အခန်းသော့မှ မရှိတာ။ ဆောင်းဟွန်းနဲ့ စကားမပြောချင်လို့ မြန်မြန် ထွက်လာခဲ့တာ၊ အခန်းရှေ့ရောက်မှ သတိရမိသည်။

" ဖွင့်လေ မြန်မြန် "

ဆောင်းဟွန်းလည်း ဘာမှ ဆက်မပြောတော့ဘဲ တံခါးကို ဖွင့်ပေးလိုက်တော့ သူ့လက်ထဲက luggage ကို ဆွဲယူကာ အခန်းထဲကို ဝင်သွားသည်။

" ဂျေး ခဏထိုင်နေ ငါ ရေချိုးလိုက်အုန်းမယ် "

‌ဂျေးလည်း စကားမပြောချင်တော့တာကြောင့် ဆောင်းဟွန်းကို အရင် ရေချိုးခိုင်းလိုက်ပြီး သူကတော့ အခန်းထဲမှာ ဟိုကြည့် ဒီကြည့် လျှောက်ကြည့်နေသည်။

အခန်းထဲမှာ ဖုန်တစက်မှ မရှိပုံထောက်တာ ကျန်ခဲ့တဲ့ နှစ်တွေထဲ ဆောင်းဟွန်းက တော်တော် ဂရုစိုက်ထားပုံရသည်။

ဒီလိူမျိုး တွေးလိုက်ပြန်တော့လည်း ရင်ဘတ်ထဲက အမှန်မရှိတဲ့ ကောင်က ခုန်လာပြန်ကော်။





အခန်းထဲက ဓာတ်ပုံတွေကလည်း အရင်အတိုင်း ဂျေးနဲ့ သူနဲ့ ဟိုတယ်ရဲ့ ရေကူးကန်မှာ ရိုက်ထားတဲ့ ဓာတ်ပုံကို မြင်မှာ ဆောင်းဟွနိး ရေချိုးနေတာ အတော်ကြာနေတာကို သတိထားမိသွားသည်။

စိတ်ပူတဲ့ စိတ်ရှိလို့တော့မဟုတ် တစ်နေ့ကုန် သူလည်း အလုပ်တွေနဲ့ လုံးပန်းနေခဲ့ရတာ ရေချိုးပြီး မြန်မြန်အိပ်ချင်နေတာကြောင့် ရေချိုးခန်းတံခါးကို သွားခေါက်ဖို့ အလုပ် ရေချိုးခန်းထဲက အသံ ကြားလိုက်တာကြောင့် တံခါးခေါက်မယ့် လက်တွေက လေထဲမှာတင် ရပ်တန့်သွားသည်။

" ဟွန်း မင်းက ဂျေးကို ကြိုက်နေတုန်းလား "

ထိုအသံကို ကြားလိုက်တော့ သေချာစဉ်းစားကြည့်ရင် ဒီအခန်းထဲမှာ သူတို့နှစ်ယောကိဘဲ ရှိတာမဟုတ်လား။ ဘယ်သူကဘရေချိုးခန်းထဲ ရောက်ပြီး စကားပြောနေမှာလဲ။

တွေးနေတုန်းရှိသေး နောက်ထက် စကားသံကို ထက်ကြားရပြန်သည်။

" ဆောင်းဟွန်း ဂျေးက ဘာမှ မလုပ်နဲ့နော် ငါတောင်းဆိုပါတယ် နာကျင်အောင်မလုပ်ပါနဲ့  ကျေးဇူးပြုပြီး"

" ဟက် ဆောင်းဟွန်းဆိုတဲ့ ငါက လူတိုင်းကို နာကျင်အောင် လုပ်တက်တယ် ဆိုတာ မင်းမေနေပြီလား ဟွန်း "

" ကျေးဇူးပြုပြီး မလုပ်ပါနဲ့ "

အသံတွေကို နားထောင်ကြည့်တာ အသံက တစ်သံထဲ ဖြစ်နေသည်။ ထိုအသံကလည်း ဆောင်းဟွန်းရဲ့ အသံဘဲ။

သိချငိစိတ်နဲ့ တံခါးလက်ကိုင်ကို လှည့်လိုက်တော့ အထဲက လော့မချ ထားတာကြောင့် တံခါးက ပွင့်သွားသည်။

မဆိုသလောက်လေး တံခါးကို ဟကာ အပြင်ကနေ တိတ်တိတ်လေးရပ်ကြည့်နေသည်။

" ဆောင်းဟွန်း ကျေးဇူးပြုပြီး ဂျေးကို နာကျင်အောင်မလုပ်ပါနဲ့ "

" ဟ sorry ဟွန်း ငါမလုပ်ပေးနိုင်ဘူး "

* What the ... ဆောင်းဟွန်းက တစ်ယောက်ထဲ စကားပြောနေတာလား ?*

တစ်ချက်တစ်ချက် သူကိုယ်သူ ဆောင်းဟွန်းလို့ပြောရင် မျက်နှာကြောက တည်သွားပြီး ဟွန်းလို့ ပြော‌နေရင် မျက်နှာက ညှိုးသွားတာကို တြွေလိုက်ရသည်။

သူမြင်နေကြားနေရတာတွေက တကယ်လား အိမ်မက်လားဆိုတာ အယောင်ယောင်အမှားမှား ဖြစ်နေမိသည်။

ကြောက်တဲ့စိတ်ပါ တစ်ပါထဲ ဝင်လာတာကြောင့် တံခါးကို ပြန်မပိတ်မိဘဲ ရေချိုးခန်းအရှေ့ကနေ ထွက်လာလိုက်သည်။

ဆောင်းဟွန်းက ဘာဖြစ်နေတာလဲ ?
ဘာလို့တစ်ယောက်ထဲ စကားတွေပြောနေရတာလဲ ?

ပြီးတော့ နာကျင်အောင် မလုပ်ခိုင်းတဲ့သူနဲ့ လုပိမယ့်သူနဲ့ ဘာတွေလဲ??







Zawgyi

" ျပန္ေရာက္ပါၿပီ "

မီးဖိုေခ်ာင္ထဲကေန သားျဖစ္သူအသံၾကားေၾကာင့္ အိမ္ေ႐ွ႕ကို အလ်င္အျမန္ထြက္ၿပီး ကုမၸဏီ အလုပ္ေတြနဲပ ပင္ပန္းေနတဲ့ သားကို အျပဳံးေတြနဲ႔ ထြက္ႀကိဳသည္။

" အေပၚမွာ သားရဲ႕ဧည့္သည္ေရာက္ေနတယ္ သြားစကားေျပာေခ်အုန္း ၿပီးရင္ ေရခ်ိဳးၿပီးႏွစ္ေယာက္လုံး ဆင္းလာခဲ့ ထမင္းစားမယ္ "

" ဟုတ္ကဲ့ပါဗ်ာ သားရဲ႕ နတ္သမီးေလး "

အေမျဖစ္သူကို နတ္သမီးေလးကို ေခၚေနတာ ဟိုငယ္ငယ္ထဲကပါပဲ။ ေဂ်းအတြက္ အေဖက စည္းကမ္းတင္းၾကပ္ၿပီး စနစ္က်တဲ့သူဆိုေပမယ့္ အေမကေတာ့ ႏူးညံ့ၿပီးေအးခ်မ္းရာေနရာေလး ေကာင္းကင္ေပၚက ျပဳတ္က်လာသည့္ နတ္သမီးေလးလို ‌တင္စားၿပီး အၿမဲကို ေခၚျဖစ္သည္။

အခန္းထဲမွာ ႐ွိေနတဲ့ ဧည့္သည္? ဧည့္သည္ဆို ဧည့္ခန္းမွာဘဲ ေစာင့္ေနရမွာမဟုတ္လား။

အခန္းတံခါးကို ဖြင့္လိုက္ရင္ လက္ကိုင္ကို လွမ္းလိုက္သည့္ အခ်ိန္ အခန္းတံခါးဟာ ပြင့္လာၿပီး အခန္းထဲ ေဆာင့္ဆြဲခံလိုက္ရသည္။

ဝုန္း!!!

တံခါးပိတ္သံနဲ႔ အတူ တံခါးနဲ႔ေက်ာျပင္တို႔ တစ္သားထဲက်သြားသည္။

ေနာက္ၿပီး အေ႐ွ႕မွာေတာ့ သူ႕ကို ပိတ္ရပ္ေနသည့္ လူတစ္ေယာက္

ေမာ့ၾကည့္လိုက္ေတာ့ နီးကပ္စြာ႐ွိေနသည့္ မ်က္ႏွာတစ္ခု၊ ဆံႏြယ္အနက္ေရာင္ေတြက သူ႕ရဲ႕မ်က္ႏွာေပၚ ေျပးလိုက္ ၊ႏွာတံက မွဲ႔နက္ေလးကလည္း ထိုလူရဲ႕ ဆြဲေဆာင္မႈတစ္ခုလို ျဖစ္ေနသည္။

" ေဂ်း ........ ျပန္ေရာက္ၿပီလား "

႐ိုး႐ိုးတန္းတန္း ေျပာတာမဟုတ္ဘဲ၊ နားနားကို ကပ္ကာ ေလသံနဲ႔ ေျပာတာေၾကာင့္ ေဂ်း တစ္ကိုယ္လုံးတုန္တက္သြားရသည္။

" ဖယ္စမ္းပါ "

‌ေဆာင္းဟြန္းကို တြန္းထုတ္ေပမယ့္ တြန္းထုတ္သည့္ သူ႕ရဲ႕လက္ေတြကို ျပန္ၿပီးဖမ္းခ်ဳပ္ခ်င္းခံလိုက္ရသည္။

" ၿငိမ္ၿငိမ္ေန မ႐ုန္းနဲ႔ "

" အခု ငါနဲ႔ လိုက္ခဲ့ အေမ့ဆီမွာ ခြင့္ေတာင္းၿပီးၿပီ "

" ဟမ္!!! ငါမလိုက္ႏိုင္ဘူး၊ အေမ့ကိုတစ္ေယာက္ထဲ မထားခဲ့ႏိုင္ဘူး "

" လိုက္ကို လိုက္ရမယ္ မင္းအေမအနားမွာ မင္းထက္ ကိုယ္ခံပညာတက္တဲ့ သက္ေတာ္ေစာင့္ေတြ ႐ွိတယ္ ဆိုတာေမ့ေနတာလား "

ဟုတ္လည္းဟုတ္တယ္ သူမ႐ွိလည္း အေမ့ကို ကာကြယ္မယ့္သူေတြက ႐ွိေနမွာ။

" အခု သြားမယ္ လာခဲ့ "

ပထမကေတာ့ ေရခ်ိဳးဖို႔ အခန္းထဲ ဝင္လာခဲ့ေပမယ့္ အခုေတာ့ ဘယ္အခ်ိန္ထဲက ထည့္ထားမွန္းမသိတဲ့ luggage ကို လက္တစ္ဖက္ကဆြဲကာ ေနာက္တစ္ဖက္က သူ႕ရဲ႕လက္ကို ဆြဲၿပီး အိမ္‌ေေအာက္ထက္ကို ဆြဲေခၚခ်င္းခံလိုက္ရသည္။

" သားတို႔ ဘယ္သြားမလို႔တုန္း အေလာတႀကီး "

" သား ေဂ်းကို ေခၚသြားေတာ့မလို႔ "

" အမေလး ေနပါအုန္း ညစာေလးစားသြားပါနဲ႔ အေမနဲ႔ မခြဲခင္ေလး ေတာ္ေတာ္ျဖစ္ ေအးေဆးသြားလို႔ရတဲ့ဟာကို "

" ဟဲဟဲ အလ်င္လိုေနလို႔ပါ "

သြား ၃၂ေခ်ာင္းလုံးၿဖီးျပေနသည့္ ေဆာင္းဟြန္းကို ေဂ်း ဆြဲထိုးခ်င္ေနတာအမွန္။














ထမင္းဝိုင္းက်ေတာ့လည္း ေဂ်းမွာတစ္ေယာက္ထဲ ကမ႓ာျဖစ္ေနၿပီး အေမနဲ႔ ေဆာင္းဟြန္းနဲ႔က စကားေတြေျပာေနလိုက္တာဆိုတာ ကိုယ့္သားအရင္းကိုေတာင္ေမ့တဲ့အထိ။

အလုပ္မွာကေတာ့ အဆင္မေျပမ႐ွိေပမယ့္ သူ လက္ထပ္စာခ်ဳပ္ဆိုတဲ့ ဟာမွာ ဘယ္လို လက္မွတ္ထိုးလိုက္မိတာလဲ ဆိုတာ သူ႕ကိုယ္သူလည္း မစဥ္းစားႏိုင္ျဖစ္ေနသည္။ မနက္က စာ႐ြက္ေတြစာခ်ဳပ္ေတြ အကုန္လုံးကို တစ္ခုခ်င္း ဖတ္ၿပီး လက္မွတ္ ထိုးေပးခဲ့တာ လက္ထပ္စာခ်ဳပ္နဲ႔ ကုမၸဏီက လုပ္ငန္းစာခ်ဳပ္ေတြက တစ္ျခားဆီ သူသတိထားမိမွာဘဲ ။

" ကြၽန္ေတာ္တို႔ စားလို႔ၿပီးပါၿပီ ဗိုက္တင္းသြားၿပီ အဲ့တာဆို ေဂ်းကို ေခၚသြားၿပီေနာ္ အေမ "

" ေခၚသြား ေခၚသြား "

ေဆာင္းဟြန္းက သူစားလိူ႕ၿပီးသြားတာနဲ႔ ေဂ်းကို ဆြဲၿပီး အိမ္ထဲက ထြက္လာၿပီး သူတို႔ အရင္က ေနခဲ့တဲ့ ကြန္ဒိုသို႔ သြားသည္။

ကြန္ဒိုသြားသည့္ လမ္းတစ္ေလွ်ာက္ ကားမွန္ အျပင္ကိုသာ ၾကည့္ေနသည့္ ေဂ်းေၾကာင့္ စိတ္ထဲ ဘဝန္မက်ျဖစ္လာသည္။

သူ႕ကိုဘဲ ဂ႐ုစိုက္ေနရမွာမဟုတ္လား။

ကားကို တစ္ခ်က္ ဘရိပ္ ေဆာ့အုပ္လိုက္တာေၾကာင့္ သူ႕ဘက္ကို ဆူး႐ွသည့္ အၾကည့္ေတြနဲ႔ လွည့္ၾကႀည္လာသည့္ ေဂ်းေၾကာင့္ အနည္းငယ္ ျပဳံးမိသြားသည္။

ကြန္ဒိုေ႐ွ႕ေရာက္ေတာ့ ကားတံခါးကို ျမန္ျမန္ဖြင့္ၿပီး ကြန္ဒိုထဲ အရင္ဝင္သြားသည့္ ေဂ်းကို ၾကည့္ၿပီး ေနာက္တစ္ႀကိမ္ ေဆာင္းဟြန္းရဲ႕ႏႈတ္လမ္းထက္မွာအျပဳံးေတြ ေဝဆာလာျပန္သည္။

‌ကားေနာက္ခန္းထဲ ထည့္ထားသည့္ Luggage ကို ထုတ္ကာ ေဆာင္းဟြန္းလည္း ကြန္ဒိုထဲ ဝင္လာလိုက္သည္။

သူတို႔ရဲ႕ အခန္း႐ွိတဲ့ အထပ္က ၅လႊာ မွာ။

Luggage ကို ဆြဲတာ အခန္း႐ွိရာကို ေလွ်ာက္လာေတာ့ အခန္း‌ေေ႐ွ႕ ငုတ္တုတ္ထိုင္ေနသည့္ ေဂ်းေၾကာင့္ က်ယ္က်ယ္ ေအာ္ရယ္လိုက္မိသည္။

" ဟ ဟား ဟား "

သူရယ္ေတာ့ ျပန္ၾကည့္လာသည့္ ေဂ်းရဲ႕ မ်က္ဝန္းေတြက စိတ္႐ႈပ္ေနသလို မ်ိဳး။

" ဘာရယ္တာလဲ "

" ငါ့ကို အစထဲကေစာင့္ရင္ ဒီလို ထိုင္ေနစရာ အေၾကာင္းမ႐ွိဘူး "

ေဂ်းကလည္း ေမ့သြားတာ သူ႕မွာ အခန္းေသာ့မွ မ႐ွိတာ။ ေဆာင္းဟြန္းနဲ႔ စကားမေျပာခ်င္လို႔ ျမန္ျမန္ ထြက္လာခဲ့တာ၊ အခန္းေ႐ွ႕ေရာက္မွ သတိရမိသည္။

" ဖြင့္ေလ ျမန္ျမန္ "

ေဆာင္းဟြန္းလည္း ဘာမွ ဆက္မေျပာေတာ့ဘဲ တံခါးကို ဖြင့္ေပးလိုက္ေတာ့ သူ႕လက္ထဲက luggage ကို ဆြဲယူကာ အခန္းထဲကို ဝင္သြားသည္။

" ေဂ်း ခဏထိုင္ေန ငါ ေရခ်ိဳးလိုက္အုန္းမယ္ "

‌ေဂ်းလည္း စကားမေျပာခ်င္ေတာ့တာေၾကာင့္ ေဆာင္းဟြန္းကို အရင္ ေရခ်ိဳးခိုင္းလိုက္ၿပီး သူကေတာ့ အခန္းထဲမွာ ဟိုၾကည့္ ဒီၾကည့္ ေလွ်ာက္ၾကည့္ေနသည္။

အခန္းထဲမွာ ဖုန္တစက္မွ မ႐ွိပုံေထာက္တာ က်န္ခဲ့တဲ့ ႏွစ္ေတြထဲ ေဆာင္းဟြန္းက ေတာ္ေတာ္ ဂ႐ုစိုက္ထားပုံရသည္။

ဒီလိူမ်ိဳး ေတြးလိုက္ျပန္ေတာ့လည္း ရင္ဘတ္ထဲက အမွန္မ႐ွိတဲ့ ေကာင္က ခုန္လာျပန္ေကာ္။





အခန္းထဲက ဓာတ္ပုံေတြကလည္း အရင္အတိုင္း ေဂ်းနဲ႔ သူနဲ႔ ဟိုတယ္ရဲ႕ ေရကူးကန္မွာ ႐ိုက္ထားတဲ့ ဓာတ္ပုံကို ျမင္မွာ ေဆာင္းဟြနိး ေရခ်ိဳးေနတာ အေတာ္ၾကာေနတာကို သတိထားမိသြားသည္။

စိတ္ပူတဲ့ စိတ္႐ွိလို႔ေတာ့မဟုတ္ တစ္ေန႔ကုန္ သူလည္း အလုပ္ေတြနဲ႔ လုံးပန္းေနခဲ့ရတာ ေရခ်ိဳးၿပီး ျမန္ျမန္အိပ္ခ်င္ေနတာေၾကာင့္ ေရခ်ိဳးခန္းတံခါးကို သြားေခါက္ဖို႔ အလုပ္ ေရခ်ိဳးခန္းထဲက အသံ ၾကားလိုက္တာေၾကာင့္ တံခါးေခါက္မယ့္ လက္ေတြက ေလထဲမွာတင္ ရပ္တန္႔သြားသည္။

" ဟြန္း မင္းက ေဂ်းကို ႀကိဳက္ေနတုန္းလား "

ထိုအသံကို ၾကားလိုက္ေတာ့ ေသခ်ာစဥ္းစားၾကည့္ရင္ ဒီအခန္းထဲမွာ သူတို႔ႏွစ္ေယာကိဘဲ ႐ွိတာမဟုတ္လား။ ဘယ္သူကဘေရခ်ိဳးခန္းထဲ ေရာက္ၿပီး စကားေျပာေနမွာလဲ။

ေတြးေနတုန္း႐ွိေသး ေနာက္ထက္ စကားသံကို ထက္ၾကားရျပန္သည္။

" ေဆာင္းဟြန္း ေဂ်းက ဘာမွ မလုပ္နဲ႔ေနာ္ ငါေတာင္းဆိုပါတယ္ နာက်င္ေအာင္မလုပ္ပါနဲ႔  ေက်းဇူးျပဳၿပီး"

" ဟက္ ေဆာင္းဟြန္းဆိုတဲ့ ငါက လူတိုင္းကို နာက်င္ေအာင္ လုပ္တက္တယ္ ဆိုတာ မင္းေမေနၿပီလား ဟြန္း "

" ေက်းဇူးျပဳၿပီး မလုပ္ပါနဲ႔ "

အသံေတြကို နားေထာင္ၾကည့္တာ အသံက တစ္သံထဲ ျဖစ္ေနသည္။ ထိုအသံကလည္း ေဆာင္းဟြန္းရဲ႕ အသံဘဲ။

သိခ်ငိစိတ္နဲ႔ တံခါးလက္ကိုင္ကို လွည့္လိုက္ေတာ့ အထဲက ေလာ့မခ် ထားတာေၾကာင့္ တံခါးက ပြင့္သြားသည္။

မဆိုသေလာက္ေလး တံခါးကို ဟကာ အျပင္ကေန တိတ္တိတ္ေလးရပ္ၾကည့္ေနသည္။

" ေဆာင္းဟြန္း ေက်းဇူးျပဳၿပီး ေဂ်းကို နာက်င္ေအာင္မလုပ္ပါနဲ႔ "

" ဟ sorry ဟြန္း ငါမလုပ္ေပးႏိုင္ဘူး "

* What the ... ေဆာင္းဟြန္းက တစ္ေယာက္ထဲ စကားေျပာေနတာလား ?*

တစ္ခ်က္တစ္ခ်က္ သူကိုယ္သူ ေဆာင္းဟြန္းလို႔ေျပာရင္ မ်က္ႏွာေၾကာက တည္သြားၿပီး ဟြန္းလို႔ ေျပာ‌ေနရင္ မ်က္ႏွာက ညိႇဳးသြားတာကို ေႂတြလိုက္ရသည္။

သူျမင္ေနၾကားေနရတာေတြက တကယ္လား အိမ္မက္လားဆိုတာ အေယာင္ေယာင္အမွားမွား ျဖစ္ေနမိသည္။

ေၾကာက္တဲ့စိတ္ပါ တစ္ပါထဲ ဝင္လာတာေၾကာင့္ တံခါးကို ျပန္မပိတ္မိဘဲ ေရခ်ိဳးခန္းအေ႐ွ႕ကေန ထြက္လာလိုက္သည္။

ေဆာင္းဟြန္းက ဘာျဖစ္ေနတာလဲ ?
ဘာလို႔တစ္ေယာက္ထဲ စကားေတြေျပာေနရတာလဲ ?

ၿပီးေတာ့ နာက်င္ေအာင္ မလုပ္ခိုင္းတဲ့သူနဲ႔ လုပိမယ့္သူနဲ႔ ဘာေတြလဲ??

Continue Reading

You'll Also Like

179K 8.2K 105
In the vast and perilous world of One Piece, where the seas are teeming with pirates, marines, and untold mysteries, a young man is given a second ch...
372K 32.3K 92
Sequel to my MHA fanfiction: •.°NORMAL°.• (So go read that one first)
130K 7.7K 93
"Great news! Wei WuXian has died!" "Wait- WHAT?!" "But I'm still here." The juniors (Lan Sizhui, Lan Jingyi, Jin Ling, and Ouyang Zizhen) accidentall...
101K 2K 35
🔞🔞🔞 You R@ped me you are a sinner i will expose you in front of this world MR JEON JUNGKOOK.... .................................... He is taking...