လီမွန်ရောင်လျှပ်စီး || ဘာသာပြ...

By Rhmjrs_58

183K 31.9K 556

柠檬闪电 by "Dr.Solo" ||Burmese Translation|| Shounen Ai, School Life, Slife-of-life, Sports 65 Chapters ( Comple... More

『Description』
Characters' Introduction with Manhua
Chapter 《1》
Chapter《2》
Chapter《3》
Chapter 《4》
Chapter 《5》
Chapter 《6》
Chapter 《7》
Chapter《8》
Chapter《9》
Chapter《10》
Chapter《11》
Chapter《12》
Chapter《13》
Chapter《14》
Chapter《15》
Chapter 《16》
Chapter《18》
Chapter《19》
Chapter《20》
Chapter 《21》
Chapter《22》
Chapter《23》
Chapter 《24》
Chapter 《25》
Chapter《26》
Chapter《27》
Chapter 《28》
Chapter《29》
Chapter 《30》
Chapter 《31》
Chapter 《32》
Chapter 《33》
Chapter 《34》
Chapter《35》
Chapter《36》
Chapter《37》
Chapter 《38》
Chapter 《39》
Chapter 《40》
Chapter《41》
Chapter 《42》
Chapter 《43》
Chapter 《44》
Chapter 《45》
Chapter《46》
Chapter 《47》
Chapter 《48》
Chapter 《49》
Chapter《50》
Chapter 《51》
Chapter《52》
Chapter《53》
Chapter《54》
Chapter《55》
Chapter《56》
Chapter《57》
Chapter《58》
Chapter《59》
Chapter《60》
Chapter《61》
Chapter《62》
Chapter《63》
Chapter《64》
Chapter《65》Final

Chapter《17》

2.4K 529 1
By Rhmjrs_58


『Unicode 』



ချင်ဝေ့ဟော်က တီရှပ်အနက်နဲ့ ဆွယ်တာနဲ့ အရောင်တူ မီးခိုးဖျော့ sweatpantကိုသာ ဝတ်ဆင်ထားသည်။

ကိရိယာ တစ်ပုံတစ်ခေါင်းကတော့ သူ့ခါးရှိ သိုင်းကြိုးတွင် ချိတ်တွယ်ထားသည်။ တခြားတောင်တက်သမားများလဲ ထိုကဲ့သို့ဝန်လေးသည့် ကိရိယာများကို ဝတ်ဆင်ထားကြကြောင်း အန်းနင် သတိပြုမိလိုက်သည်။ နောက်ကနေ တက်လာမဲ့ကျောက်တောင်တက်သမားများအတွက် ချင်ဝေ့ဟော်ကတက်သွားပြီး လုံခြုံရေးပစ္စည်းကို ကလစ်ရမည်ဖြစ်သည်။ တကယ်တမ်းတွင် သူ့ခန္ဓာကိုယ်၌ ပိုမိုများပြားတဲ့ပစ္စည်းတွေကို သယ်ထားရသည့်တိုင် ဝန်လေးနေရဟန်တော့မရှိပါချေ။

ဒီ အရပ်ရှည်ရှည်ခန္ဓာကိုယ်ကြီးက တကယ်ပဲ စွဲဆောင်မှုရှိသည်။ သူ့အပေါ်ခန္ဓာကိုယ်တွင် ပစ္စည်းတွေဘယ်လောက်များနေပါစေသူ့အတွက် အလှတန်ဆာများကဲ့သို့ပင် ဆင်တူနေသည်။

ချင်ဝေ့ဟော်က တောင်အောက်ခြေကို လျှောက်သွားသည့် အချိန်တွင်မူ ယွီရမ်က ရုတ်တရက်သူ့ကိုလှမ်းခေါ်ရင်း ပြေးလာခဲ့ပြီးချင်ဝေ့ဟော်ကို အနက်ရောင် Helmetတစ်စုံပေးလိုက်သည်။ သူ့မျက်လုံးများမှာ သူ့နောက်မှ အုပ်စုက သူတောင်တက်မှာကို စောင့်ကြည့်နေကြောင်း ပြောပြနေရင်း တီးတိုးပြောလိုက်​၏။

"မင်းက ထူးချွန်တဲ့နတ်ဘုရားပဲ,ဒါကြောင့် မင်းက စံပြကောင်းတစ်ယောက် ဖြစ်ရမယ်!"

ထိုသို့ပြောပြီးနောက် သူက ချင်ဝေ့ဟော်နောက်ကျောကို သူ့လက်ဖြင့် ရိုက်လိုက်သေးသည်။

ချင်ဝေ့ဟော်က Helmetအနက်ကို ယူလိုက်ပြီ ဘာမှမပြောခဲ့ပေ။ ဒါက တမင်လိုမျိူးမဟုတ်ပါဘဲ သူမေ့သွားလို့ဖြစ်သည်။

သူက Helmetကို ဝတ်လိုက်တဲ့အချိန်မှာပဲ ခေါင်းဆောင်က စိတ်ငြိမ်ရတဲ့ ခံစားချက်ရသွားကြသဖြင့် အားလုံးကိုပြောလိုက်သည်။

"အဲ့ဒီတော့ အားလုံးပဲHelmetဝတ်ကြဖို့ မမေ့ကြပါနဲ့! လုံခြုံရေးကိရိယာတွေက လိုအပ်တယ်!"

ချင်ဝေ့ဟော်က သူဟာ မကောင်းတဲ့ဥပမာတစ်ခုသဖွယ် အသုံးချခံလိုက်ရသလို ခံစားချက်နဲ့ သူ့ထက် အသက်အနည်းငယ်ပိုကြီးတဲ့ အသင်းခေါင်းဆောင်ကို ကြည့်လိုက်မိသည်။

စင်စစ်တွင်တော့ ဒါက အမှန်ပင်ဖြစ်သည်။ လွန်ခဲ့သည့်အချိန်များတွင် သူ အရာအားလုံးကို လိုက်လိုက်နာနာနဲ့ ဝတ်ဆင်ဖို့ ကျုံးကျင်းက သူ့ကို ထပ်ခါတစ်လဲလဲ သတိပေးရသည်။ မတက်ခင်မှာ ခရီးလမ်းကိုပင် စစ်ဆေးတာမျိူးမရှိခဲ့ပေ။

Helmet တပ်ခြင်းရဲ့ အဓိက အသုံးဝင်မှုကတော့ ကျောက်တွေ ပြုတ်ကျလျှင် ဦးခေါင်းကို ကာကွယ်ရန်ဖြစ်သည်။ ဒါက ပြုတ်ကျခြင်းအကျိူးဆက်မှ ကာကွယ်ပေးရန် ၎င်းကို အားကိုး၍မရပါချေ။

သူက ကံကောင်းသည်,ကျောက်တွေပြုတ်ကျလာတဲ့ ထိတ်လန့်ဖွယ် အခြေအနေမျိူးနဲ့ မကြုံဖူးသေးပေ။ မတက်ခင်မှာ ကျုံးကျင်းကလဲ တောင်လမ်းကြောင်းကို အာရုံစူးစိုက်စွာနဲ့ စစ်ဆေးတတ်သည်။ ကျောက်နံရံက ကျောက်ပြုတ်ကျနိုင်ပြီး ဘေးမကင်းလျှင်သူတို့က တက်ဖို့ ကြိုးစားမှမဟုတ်တော့ပေ။ ချင်ဝေ့ဟော်က ကြိုးစားလိုက်ချင်လျှင်တောင် ကျုံးကျင်းက ထိန်းချုပ်ထားတတ်​၏။

အခုတော့ သူဘာသာသူသာ တောင်တက်ရတော့သည်။ သူက သံကြိုးခပ်ခံရဖူးတဲ့ တိရစ္ဆာန်တစ်ကောင်ကဲ့သို့ပင် ရုတ်တရက်ကြီးသံခြေချင်းတွေကနေ လွတ်မြောက်လာခဲ့ပြီး ရိုင်းစိုင်းလာခဲ့သည်။ ယေဘုယျအားဖြင့် အရာအားလုံးကို ဝန်လေးစရာနဲ့ မလိုအပ်တာတွေလို့ပဲ ခံစားခဲ့ရသည်။ ပေါ့ပေါ့ပါးပါး ဝတ်တာက အကောင်းဆုံးပင်။ မည်သို့ပင်ဖြစ်စေ သူ့ရဲ့ ကံလေးကတော့ အတော်လေးကောင်းပေသည်။ ထို့အပြင် သူကလဲ အခုဆို အတော်လေး အတွေ့အကြုံရှိနေပြီ။ သူက ကျောက်တွေပြုတ်ကျတာနဲ့ ဘယ်တုန်းကမှ မကြုံကြိုက်ဖူးသည့်တိုင် ဖြစ်နိူင်ခြေရှိတဲ့ ဒုက္ခတွေကို ဘယ်လိုရှောင်ရှားရမလဲဆိုတာလဲ သိသည်။

အဓိကအချက်ကတော့ သူက သိုင်းကြိုးနဲ့ ကြိုးတွေကိုတောင် လိုချင်နေတာမဟုတ်ပါချေ။ ထိပ်မှာ Helmetပါဝတ်လိုက်ရသည်မှာအတော်လေး လွန်နေပြီဖြစ်​၏။ သူသာ တကယ် ပြုတ်ကျပြီး သေဆုံးခဲ့ပါလျှင် လူတွေက သူ့အလောင်းကိုကြည့်ရင်း ပဟေဠိ*တွေဖြစ်ကောင်းဖြစ်နိုင်လိမ့်မည်။ ကျောက်တောင်တက်တဲ့ အသိုင်းအဝိုင်းကတော့ သူ့ကို မိုက်မဲလေခြင်းဆိုပြီး ထင်ကြလိမ့်မည်....

【*TN: "အကြိမ်တစ်ရာကျော် တွေးတောဆင်ခြင်ပြီးနောက် ပဟေဋ္ဌိဖြစ်နေဆဲ" ဟူသော အသုံးအနှုန်းပါ။ အမြီးအမောက်မတည့်တာကိုဆိုလိုပါတယ် 】

Eryang Finger တောင်ထိပ်မှာ ကြိုးဖြတ်ဖို့ တာဝန်ရှိတဲ့ ခေါင်းဆောင်ကတော့ တက်ဖို့ အဆင်သင့်ဖြစ်နေပြီ။

အန်းနင်က ခေါင်းဆောင်ဟာ လေ့လာဖို့ ကျောက်နံရံအောက်တွင်ရပ်နေသည်ကို မြင်လိုက်ရသည်။ သူက လက်ကိုမြှောက်လိုက်ပြီးခြေဟန်လက်ဟန်ပြရင်း ဟန်ဆောင်နေသလို ထင်ရသည်။ သို့သော် တစ်ဖက်မှာတော့ ချင်ဝေ့ဟော်က ချက်ချင်းပင် တက်သွားပြီးတခြားသူများနှင့်ယှဉ်လျှင် ပူပင်ကြောင့်ကြမဲ့စွာ တက်သွားခဲ့တာဖြစ်သည်။

ဒါက အလွန်အရှက်မရှိသယောင်ထင်ရသော်လည်း မတတ်နိုင်ပါဘဲ ကျွမ်းကျင်သူတွေက အမြဲဒီလိုသာပြုမူတတ်ကြသည်။ ထို့အပြင် ချင်ဝေ့ဟော်ရဲ့ ခြေထောက်တွေက ရှည်လျားသဖြင့် ကျောက်နံရံပေါ်တက်သွားသည်နှင့်မတူပါဘဲ ခြေထောက်မြှောက်လိုက် နင်းလိုက်လုပ်နေသကဲ့သို့ပင်။

သူက ခြေလှမ်းငါးလှမ်းမှ ခြောက်လှမ်းအထိ ဆက်တိုက်တက်သွားသလိုပင် သူ့နောက်ကကြိုးမှာလည်း သူ့ခြေလှမ်းအတိုင်း ခပ်မြန်မြန်လျှောက်လိုက်သလိုဖြစ်နေ​၏။

၎င်းမှာတကယ်ပင် ရှုမြင်ကွင်းတစ်ခုဖြစ်ပေသည်။

Protectorက ချင်ဝေ့ဟော်ကို ကာကွယ်စေရန်အလို့ငှာ ချင်ဝေ့ဟော်ရဲ့အောက်တွင် ကာကွယ်ရေးလှုပ်ရှားမှုများပြုလုပ်နေသည်။ သူ့ခြေထောက်တွေ ဖြန့်ကျဲထားတဲ့ ကိုယ်ဟန်အနေအထားမှာ မည်သည့်အချိန်မဆို သူ့ကို တွန်းဖို့ သို့မဟုတ် ဖမ်းဖို့ အဆင်သင့်ဖြစ်နေပုံရသည်။ သေချာတာကတော့ ချင်ဝေ့ဟော်ကလဲ ဒါကို လိုအပ်မနေပေ။ Protectorက ခဏမျှသာရပ်လိုက်ပြိ လျင်မြန်စွာနောက်ဆုတ်သည်။

ထို့နောက် သူက ချင်ဝေ့ဟော်ကို ကြိုးစပေးလိုက်သည်။ ချင်ဝေ့ဟော်ကမူ ဒုတိယ Quickdrawကို ချိတ်ဆွဲပြီးဖြစ်လေသည်။Protectorဟာာ တင်းမာသည့်အမူအရာဖြင့် လက်တွေကလဲ လျင်မြန်စွာလှုပ်ရှားနေသည်။ သူ့ရဲ့ လှုပ်ရှားမှုတို့မှာ တခြားprotectorများနှင့် ယှဉ်လျှင် နှစ်ဆပိုမြန်​၏။ သူ့ရဲ့ ကြွယ်ဝလှတဲ့အတွေ့အကြုံတွေနဲ့ အစောပိုင်းပြင်ဆင်မှုကြောင့်သာမဟုတ်လျှင်ချင်ဝေ့ဟော်က အရမ်းမြန်သောကြောင့် သူအနေဖြင့် ကသုတ်ကရုတ်တွေဖြစ်နေမည်ဖြစ်သည်။

အန်းနင် သူ့ဘေးကတစ်ယောက်ပြောသံကိုကြားလိုက်ရသည်,"လခွမ်း ချင်ဝေ့ဟော်ရဲ့ ခြေဖဝါးမှာ သံဆူးပြားတွေများရှိနေသလားကွာ? "

တခြားတစ်ယောက်က ညည်းညူလိုက်​၏,

"ပုံမှန်လူဆို သူ့Protector ဘယ်လုပ်ရဲမလဲ? ကံကောင်းလို့ ငါတို့ တာ့လော့-ကောကို တွေ့ခဲ့တာ ..."

အန်းနင်မှာတော့ ချင်ဝေ့ဟော်ရဲ့ လှုပ်ရှားမှုနောက်ကို လိုက်နေမိသလိုသာ ခံစားနေရသည်။သူက ခေါင်းလေးကိုမော့ထားပြီးလည်ပင်းကို စောင်းထားသည်။ ပထမတုန်းက သူ ချင်ဝေ့ဟော်ရဲ့ခါးက ပစ္စည်းများရဲ့ ထိခတ်သံတွေကို ကြားနေရပြီး အခုမူ ထပ်မကြားရတော့ပေ။ လူပေါင်းများစွာကတော့ နက်နက်ရှိုင်းရှိုင်းကိုစိတ်လှုပ်ရှားနေသဖြင့် သူတို့ဖုန်းများကို ထုတ်ကာ မှတ်တမ်းတင်နေကြသော်လည်း အန်းနင်မှာမူ ဖုန်းဖွင့်ရန်ပင် အချိန်မရှိပါချေ။သူသည် ချင်ဝေ့ဟော်ရဲ့ တောင်တက်နေတဲ့ ကိုယ်နေဟန်ထားထံမှဆွဲဆောင်ခံနေရသည်။ မူလက အန်းနင်ထင်ခဲ့သည်မှာကျောက်တောင်တက်ခြင်းသည် မျက်နှာကျက်ပေါ်ကတောက်တဲ့လို အများကြီး စိတ်ရှည်ရလိမ့်မည်ဟု တွေးခဲ့မိသော်လည်း ချင်ဝေ့ဟော်ကတော့ သစ်ပင်ပေါ်က သစ်နက်တစ်ကောင်နဲ့ ပိုတူနေလိမ့်မည်ဟု မထင်ခဲ့မိပါချေ။ ဟုတ်သည် တကယ့်ကို သစ်နက်တစ်ကောင်ပင်​။ ကြောင်လေးတစ်ကောင် တက်နိုင်တာက အထူးအဆန်းမဟုတ်ပါသော်လည်း ကြောင်ထက် ဆယ်ဆလောက်ကြီးတဲ့ သက်ရှိတစ်ယောက်က လက်ယဉ်စွာ တတ်နိုင်သည်ဆိုတာကတော့ အခုအချိန်တွင် အလွန် အံ့ဩဖို့ကောင်းနေခဲ့သည်။

အသင်းခေါင်းဆောင်ရဲ့ မဝံမရဲနဲ့ ပုံမှန်လှုပ်ရှားမှုများနှင့် ကွဲလွဲစွာပင် ချင်ဝေ့ဟော်ရဲ့ ကျောက်တောင်တက်တဲ့ လှုပ်ရှားမှုများမှာအလွန် ထည်ဝါ​ပြီး အားအင် အပြည့်နှင့်ဖြစ်သည်။ သူက အားအင်အပြည့်နဲ့ လှုပ်ရှားတတ်ပြီး ရံဖန်ရံခါဆိုလျှင် လက်တစ်ဖက်သို့မဟုတ် လက်မောင်းတစ်ဖက်ထဲနဲ့တောင် ကျောက်နံရံပေါ်မှာ သူ့ကိုယ်သူ ထောက်ကန်ထားတတ်သည်။

တစ်ခါတစ်ရံတွင် သူဘာကိုဆုပ်ကိုင်ထားသလဲတောင် အန်းနင် မမြင်ရပါဘဲ သူက လေပြင် အလယ်မှာ ရောက်နေသလိုပင်။ထို့နောက် မြင့်မားတဲ့ အရပ်ကြောင့် သူက သာမာန်လူတွေမတွေးတတ်လောက်တဲ့ လက်မောင်းတစ်ဖက်/နှစ်ဖက် နဲ့ ဆွဲလိုက်,လွှတ်လိုက်လုပ်ရှားမှုတွေပင် လုပ်တတ်သည်။

ချင်ဝေ့ဟော်ရဲ့ လက်တွေနဲ့ ခြေတွေဟာ ဆုံချက်တစ်ခုအဖြစ် လုပ်ဆောင်နိုင်ပုံရပြီး သူ့ရဲ့ခန္ဓာကိုယ်သည် မြင်ရတာပိုမိုထင်ရှားသော လှုပ်ရှားမှုများကို လုပ်ဆောင်နိုင်စေကာ ကြည့်ရှုသူများကို ရင်ဖိုဖြစ်ပြီး adrenaline (စိတ်လှုပ်ရှားလျှင်ထွက်လာသည့် အဒရီနယ်အရည်) များဖြင့် စိတ်လှုပ်ရှားစေခဲ့သည်။

ဘောစ့်ယွီကလဲ ၎င်းကိုdynoလို့ခေါ်ကြောင်း ပြောရင်း သူတို့တွေ Popular Science ပညာ အများအပြားကို ဆွေးနွေးပေးခဲ့သည်။

ချင်ဝေ့ဟော်က သူ့ရဲ့တက်ချိန် 90%ကို dynoအသုံးပြုရင်း ကုန်ဆုံးပြီး ကျန် 10% သောအချိနများကတော့ dyno လုပ်ဖို့ ပြင်နေတာဖြစ်သည်။

"သူက အဲ့ဒါကို စွဲလမ်းနေတာ."

ဒီလေသံမှာ ချီးကျူးသံအများအပြားမပါနေဘဲ တကယ်တမ်းတွင်တော့ အပြစ်ရှာနေသည်သာ။

စင်စစ်တွင်တော့ ဒါက ပုံကြီးချဲ့စရာမဟုတ်ဟု အန်းနင် တွေးလိုက်မိသည်။ အနည်းဆုံးတော့ သူ့အမြင်အရဆိုလျှင် ချင်ဝေ့ဟော်က ခုထိတိုင် တည်ငြိမ်နေဆဲပင်။ နေရာတစ်ခုသို့ရောက်လာရာ မည်သို့ပင်ဖြစ်စေ သူ့ကိုအလွန်ရင်ထိတ်စေသည်။၄င်းသည် သဘာဝအတိုင်း အဖုအထစ်ပါရှိသော eaveကဲ့သို့ နောက်ဆုံးသော bolt hangersဖြစ်သည်။

ချင်ဝေ့ဟော်က dynoကို အသုံးပြုလျက် eaveကိုရောက်အောင်တက်ခဲ့သည်။ သူရဲ့ ဘယ်လက်ရော ညာလက်ပါ စောင်းနေတဲeavesပေါ်တွင်ရှိနေသည်။ လက်တစ်ဖက်က အပေါ်ကနေ ဆုပ်ကိုင်ထားပြီး ကျန်တစ်ဖက်ကတော့ အောက်ကနေ ဆုပ်ကိုင်ထား​၏။

သို့သော်လည်း သူ့ခြေထောက်များမှာ ဘာကိုမှထောက်ကန်မထားဘဲ သူ့ခန္ဓာကိုယ်ကို လေထဲသို့ တွန်းကန်ပစ်လိုက်သည်။ ချင်ဝေ့ဟော်ရဲ့ခြေထောက်များမှာ ရှည်လျားကြပြီး သူ့ခန္ဓာကိုယ်အောက်ပိုင်းရဲ့ အလေးချိန်ကို လျှော့တွက်၍မရပေ။ထို့အပြင် ၎င်းကတိမ်းစောင်းနေသောကြောင့် ဒီထောင့်ချိူးမှ ဘေးဘက်သို့ ကြီးမားသော ပစ်လှဲမှုတစ်ခုကို ပြုလုပ်နိုင်ပေသည်။ သူ့ခါးပေါ်ရှိကျန်quickdraw နှစ်ခုသည် သူနှင့်အတူ ယိမ်းထိုးသွားကာ လေထဲတွင် မကြားနိုင်လောက်အောင်ပင် တိုးညှင်းသောအသံတစ်ခုထွက်ပေါ်လာခဲ့သည်။

An Ning မှာ ထိုမြင်ကွင်းကိုကြည့်ရန် သူ့လည်ပင်းကိုပင် ဆန့်ထားရသညိ။

ဒါကို ဘာခေါ်တာပါလိမ့်? အမြင့်ကြီးမှာ လွင့်နေတာလား?! ကျောင်းလုံ* က သူ့ရဲ့အမြီးကို လှုပ်နေတာလား?!

【*TN: ကျောင်းလုံက နဂါးပါ။ အမြီးကို (တိုက်ခိုက်ရန်) လှည့်နေတဲ့ နဂါးတစ်ကောင်လို့ပြောတာပါ။】

ဒီကျောက်နံရံသည် ရေနက်ပိုင်း ကျောက်တောင်တက်စဉ်ကာလနှင့် ကွာခြားသော်လည်း အမြင့်အရဆိုလျှင်တော့ အမှန်တကယ်ပင် သဏ္ဌာန်တူသည်။ ဒီအချိန်မှာတော့ သူ အနီးကပ်ရှိနေသောကြောင့် ဖြစ်ကောင်းဖြစ်နိုင်​၏, ချင်ဝေဟော်သည် သေးငယ်ပြီးပျော့ညံ့နေသည်ဟု မခံစားရပါချေ။ အီိနားရှား(ရွေ့တတ်၊တည်တတ်သော ဂုဏ်သတ္တိ) က ချင်ဝေ့ဟော်ရဲ့ ခန္ဓာကိုယ်ကို ဘေးဘက်သို့ လွင့်စင်စေအခါ၊ ချင်ဝေ့ဟော်သည် အမှန်တကယ်ပင် အရပ်ရှည်ကြောင်း သူခံစားလိုက်ရသည်။

တစ်ချိန်တုန်း သူသည် ဒီအရပ်မြင့်မြင့်လူကြီးအတွက် ချွေးအေးအေးတွေ ထွက်ခဲ့ရဖူးသည့်တိုင် ချင်ဝေ့ဟော် လုပ်ခဲ့သည်များကပို၍ပင် ရှော့ခ်ရစေခဲသည်။ သူ့ခန္ဓာကိုယ်အလေးချိန်ကြောင့် ချင်ဝေ့ဟော်က အခြားသူများထက် ပိုမိုပြင်းထန်သည့် centrifugal Force (ဗဟိုခွာအား) ကို ခံနိုင်ရည်ရှိခဲ့သည့်တိုင် သူရဲ့လက်များကို ချက်ချင်းပြန်ရုတ်နိုင်သေးသည်။သူက ရှော့ခ်ရစေမည့် လူသားစုပ်စက်ကဲ့သို့ပင် သူ့ခန္ဓာကိုယ်၏ လှည့်ပတ်မှုနေကို လျင်မြန်စွာ ထိန်းချုပ်နိုင်ခဲ့သည်။

ဒီပုံရိပ်ကို ဖော်ပြရလျှင် ၎င်းမှာ Yamaha R1ကြီး ချောက်ကမ်းပါးအစွန်းရောက်နေသလိုပင်။ နောက်ဘီးများက ချောက်ကမ်းပါးမှကျလာသည့်တိုင် နောက်ဘီးများရဲ့ drifting ရွေ့လျားမှုဖြင့် ချောက်ကမ်းပါးအပေါ်သို့ ပြန်ရွေ့သွားနိုင်သည်။ချင်ဝေ့ဟော်ကကျောက်နံရံဆီသို့ ပြန်သွားခဲ့ပြီး ကျောက်တုံးပေါ် တွင် ဒူးထောက်ကန်ထားကာ နောက်ဆုံးquickdrawကို ညာလက် မြှောက်၍ကလစ်လိုက်သည်။

အန်းနင်မှာ ပြတ်သားသော ကလစ်သံကို ကြားလိုက်ရသလို ထင်ယောင်ထင်မှား ဖြစ်သွားရသေးသည်။ ထိုအခိုက်အတန့်တွင် သူ့ကိုယ်ပိုင် နှလုံးခုန်သံနှင့် အံသြစရာကောင်းစွာ လိုက်ဖက်နေခဲ့သည်။

နောက်မှ ဘောစ့်ယွီပြောသံကို သူကြားလိုက်ရသည်,

"တကယ်တော့, အရပ်ရှည်ရှည် အကောင်ကြီးကြီးဖြစ်နေတဲ့ သူ့လိုလူမျိူးက ကျောက်တောင်တက်တာနဲ့ မလိုက်ဖက်ပါဘူး။ ဒါကအောက်ခံထည်မြင့်မြင့်နဲ့ ကိုယ်ထည်ရှည်တဲ့ ကားတစ်စီးလိုပဲ။ သူက ပုံမှန်မဟုတ်ဘူးလို့ ယူဆလို့ရတယ်။ ပါရမီရှင်လဲ ဖြစ်ရင်ဖြစ်နိုင်ပါတယ်"

ဒီတစ်ကြိမ်တွင်တော့ သူနောက်ပြောင်နေတာလဲမဟုတ်သလို အပြစ်ရှာနေသည်လဲမဟုတ်ပေ။ လေသံမှာ ပုံမှန်အတိုင်းဖြစ်ပြီးခိုင်မာတဲ့ခံယူချက်တို့ကို ပြသနေခဲ့သည်။

ဒီLead Climbing ပြီးမြောက်ဖို့ ချင်ဝေ့ဟော်အတွက် လေးမိနစ်အောက်သာကြာခဲ့သည်။ သူက ထိပ်ဆုံးထိ မတပ်တော့ပါဘဲနောက်ဆုံးတစ်ခုကို ကလစ်ပြီး ပြန်ဆင်းဖို့ စီစဉ်ထားခဲ့သည်။ အောက်မှ ကျောက်တောင်တက်သမားများကတော့ အော်ဟစ်ကြသည်။

"Redpoint လိုက်!"

"Redpoint လိုက်!"*

【TN* တောင်တက်နေစဉ် ပြုတ်ကျခြင်းမရှိဘဲ ထိပ်ဆုံးသို့ အောင်မြင်စွာတက်နိုင်တာကို Redpointingလို့ ခေါ်ပါတယ်။ 】

ချင်ဝေ့ဟော်က ကျောက်ဆောင်ကို ဘယ်လက်ဖြင့် ကိုင်ထားပြီး ကျောက်နံရံကို ထောက်ကန်ကာ ကိုင်းညွတ်ထားသည်။ သူအောက်ကို ငုံ့ကြည့်လိုက်သောအခါ လက်တစ်ဖက်က သူ့အဝတ်တွေကို ကိုင်ထားပြီး တခြားတစ်ဖက်နဲ့ ပါးစပ်နားကပ်ကာ သူ့ကိုအော်ပြောနေတဲ့ အန်းနင်ကို မြင်လိုက်ရသည်။

"ချင်ဝေ့ဟော်! ဆက်တက်!"

ချင်ဝေ့ဟော်က ရောက်ခါနီးဖြစ်နေသည့် တောင်ထိပ်စွန်းကို မော့ကြည့်လိုက်သည်။ သူ့အတွက်ဆက်တက်လိုက်ဖို့က လွယ်သော်လည်း ဒီလမ်းကြောင်းမှာ အမြဲတမ်း ကျုံးကျင်းကို အမှတ်ရနေစေ​၏။ ထိုလူက သူ့ကို ကမ္ဘာကြီးရဲ့ အစိတ်အပိုင်းအားလုံးမှာပျံသန်းဖို့ ခေါ်ဆောင်ပေးခဲ့ပြီး သူတို့ရဲ့ မွေးရပ်တွေအားလုံးမှာ တောင်တက်ဖို့ ခေါ်သွားပေးခဲ့သည်။ အဲ့ဒီအချိန်တုန်းက ဒီလမ်းကြောင်းရဲ့ ချဲ့တဲ့ boltတွေ၊ bolt hangerတွေအားလုံးကို ကျုံးကျင်းပဲ ရိုက်ခဲ့တာဖြစ်ပြီး သူကလဲ ဒီလမ်းကြောင်းကို တက်ရတဲ့ပထမဆုံးလူသားဖြစ်ခဲ့ပြန်သည်။ မူလက ကျုံးကျင်းမှာ Bolt Hanger ခြောက်ခုရိုက်ချင်ခဲ့သော်လည်း သိပ်မမြင့်သောကြောင့် သုံးခုလောက်နဲ့ လုံလောက်သည်ဟု ပြောရင်း သူ့ဘာသာသူ ငြင်းပယ်ခဲ့သည်။

သူ ဒီအတွက် စိတ်လွတ်နေစဉ်မှာပဲ အန်းနင်ရဲ့အသံက သူ့နားထဲကို ရောက်လို့လာပြန်သည်။.

ထူးဆန်းတယ်! သူဘာလို့ သူ့အသံကို တစ်ခါတည်းနဲ့ ခွဲနိုင်လိုက်ရတာလဲ?

အဲ့ဒီကောင်လေးက အမြဲလိုလို အရမ်းရှက်တတ်ပြီး စာပဲကြိုးစားနေလို့ဖြစ်လိမ့်မယ်,ဒါကြောင့် သူ ရုတ်တရက် ဒီလိုမျိူး အော်ဟစ်လိုက်တော့ ဘယ်လိုလုပ်ပြီး သတိမထားမိဘဲ နေနိုင်မလဲ!

"ချင်ဝေ့ဟော်! ဆက်တက်!"

အန်းနင်ကတော့ ခေါင်းမော့လျက် စိတ်လှုပ်ရှားစွာဖြင့် အပေါ်ကလူကို အော်ပြောနေခဲ့သည်။ သူ စိတ်လှုပ်ရှားတတ်သည်မှာ ကြုံတောင်ကြုံခဲပင်။ ချင်ဝေ့ဟော်က ဆယ်ထပ်အောက် အမြင့်မှာသာ ရှိနေသော်လည်း အန်းနင်ကတော့ တောင်ထိပ်က နေရောင်ကိုမြင်နေရပြီး ချင်ဝေ့ဟော်ရဲ့ ခန္ဓာကိုယ်ကလဲ နေနဲ့ အရိပ် ကွဲထွက်နေရာ ထိုမြင်ကွင်းမှာ အလွန်အမင်း ဆွဲဆောင်မှုရှိလှပေသည်။

သူက အစွမ်းကုန် စိတ်ရောကိုယ်ပါ အသုံးပြုလျက် ချင်ဝေ့ဟော်ရဲ့နာမည်ကိုအော်ထုတ်မိနေသောကြောင့် အော်လိုက်ငည့်အချိန်တွင် လည်ချောင်းပင် ကွဲလုမတတ်ဖြစ်နေရသည်။ ထို့နောက်မှာတော့ နေရောင်အောက်ရှိပုံရိပ်က ရုတ်တရက်လှုပ်ရှားသွားသည်ကိုမြင်လိုက်ရသည်။ စက္ကန့်ပိုင်းလေးအတွင်းမှာပင် သူက လိုက်နာစွာဖြင့် တောင်ထိပ်ကို ရောက်သွားခဲ့​၏။

အန်းနင်မှာ သူနဲ့အတူလာခဲ့တဲ့ ကျောက်တောင်တက်သမားနှစ်ယောက်ထက်ပင် ပို၍စိတ်လှုပ်ရှားနေခဲ့သည်။ ရှောင်ပေါင်နဲ့ လျန်ရှန်းဟန်တို့မှာလည်း သူတို့ဖုန်းများဖြင့် ပုံတွေရိုက်ရင်း အလုပ်များနေခဲ့ကြသည်။ အန်းနင်ရဲ့ ရင်ထဲတွင် ခံစားချက်များ တလိပ်လိပ်ထိုးတက်လာခဲ့ရ​၏။

သူက ဘာလို့ ထိပ်ဆုံးထိမတက်ချင်ခဲ့တာလဲ? အဲ့ဒီမှာရပ်နေရင် ဘယ်လောက် ခန့်ညားနေမလဲဆိုတာ သူမသိဘူးလား?

ချင်ဝေ့ဟော်က ထိုနေရာတွင် ခဏမျှသာနေပြီး မြင်သင့်သည်ဟု တွေးလိုက်ပြီး လျင်မြန်စွာပင်အောက်ကို ဆင်းလာခဲ့သည်။

အန်းနင်မှာ မျက်စိတစ်မှိတ်အတွင်းမှာပင် ချင်ဝေ့ဟော်က သူ့မျက်စိအောက်ကို ဆင်းလာခဲ့သလို ခံစားလိုက်ရသည်။ သူအောက်ဆင်းလာချိန်တွင်မူ သူခရီးပန်းသွားရသလိုခံစားလိုက်ရသည်။



『Zawgyi』



ခ်င္ေဝ့ေဟာ္က တီရွပ္အနက္နဲ႔ ဆြယ္တာနဲ႔ အေရာင္တူ မီးခိုးေဖ်ာ့ sweatpantကိုသာ ဝတ္ဆင္ထားသည္။

ကိရိယာ တစ္ပုံတစ္ေခါင္းကေတာ့ သူ႔ခါးရွိ သိုင္းႀကိဳးတြင္ ခ်ိတ္တြယ္ထားသည္။ တျခားေတာင္တက္သမားမ်ားလဲ ထိုကဲ့သို႔ ဝန္ေလးသည့္ ကိရိယာမ်ားကို ဝတ္ဆင္ထားၾကေၾကာင္း အန္းနင္ သတိျပဳမိလိုက္သည္။ ေနာက္ကေန တက္လာမဲ့ေက်ာက္ေတာင္တက္သမားမ်ားအတြက္ ခ်င္ေဝ့ေဟာ္ကတက္သြားၿပီး လုံျခဳံေရးပစၥည္းကို ကလစ္ရမည္ျဖစ္သည္။ တကယ္တမ္းတြင္ သူ႔ခႏၶာကိုယ္၌ ပိုမိုမ်ားျပားတဲ့ပစၥည္းေတြကို သယ္ထားရသည့္တိုင္ ဝန္ေလးေနရဟန္ေတာ့မရွိပါေခ်။

ဒီ အရပ္ရွည္ရွည္ခႏၶာကိုယ္ႀကီးက တကယ္ပဲ စြဲေဆာင္မွုရွိသည္။ သူ႔အေပၚခႏၶာကိုယ္တြင္ ပစၥည္းေတြဘယ္ေလာက္မ်ားေနပါေစ သူ႔အတြက္ အလွတန္ဆာမ်ားကဲ့သို႔ပင္ ဆင္တူေနသည္။

ခ်င္ေဝ့ေဟာ္က ေတာင္ေအာက္ေျခကို ေလၽွာက္သြားသည့္ အခ်ိန္တြင္မူ ယြီရမ္က ႐ုတ္တရက္သူ႔ကိုလွမ္းေခၚရင္း ေျပးလာခဲ့ၿပီး ခ်င္ေဝ့ေဟာ္ကို အနက္ေရာင္ Helmetတစ္စုံေပးလိုက္သည္။ သူ႔မ်က္လုံးမ်ားမွာ သူ႔ေနာက္မွ အုပ္စုက သူေတာင္တက္မွာကို ေစာင့္ၾကည့္ေနေၾကာင္း ေျပာျပေနရင္း တီးတိုးေျပာလိုက္​၏။

"မင္းက ထူးခၽြန္တဲ့နတ္ဘုရားပဲ,ဒါေၾကာင့္ မင္းက စံျပေကာင္းတစ္ေယာက္ ျဖစ္ရမယ္!"

ထိုသို႔ေျပာၿပီးေနာက္ သူက ခ်င္ေဝ့ေဟာ္ေနာက္ေက်ာကို သူ႔လက္ျဖင့္ ရိုက္လိုက္ေသးသည္။

ခ်င္ေဝ့ေဟာ္က Helmetအနက္ကို ယူလိုက္ၿပီ ဘာမွမေျပာခဲ့ေပ။ ဒါက တမင္လိုမ်ိဴးမဟုတ္ပါဘဲ သူေမ့သြားလို႔ျဖစ္သည္။

သူက Helmetကို ဝတ္လိုက္တဲ့အခ်ိန္မွာပဲ ေခါင္းေဆာင္က စိတ္ၿငိမ္ရတဲ့ ခံစားခ်က္ရသြားၾကသျဖင့္ အားလုံးကိုေျပာလိုက္သည္။

"အဲ့ဒီေတာ့ အားလုံးပဲHelmetဝတ္ၾကဖို႔ မေမ့ၾကပါနဲ႔! လုံျခဳံေရးကိရိယာေတြက လိုအပ္တယ္!" 

ခ်င္ေဝ့ေဟာ္က သူဟာ မေကာင္းတဲ့ဥပမာတစ္ခုသဖြယ္ အသုံးခ်ခံလိုက္ရသလို ခံစားခ်က္နဲ႔ သူ႔ထက္ အသက္အနည္းငယ္ပိုႀကီးတဲ့ အသင္းေခါင္းေဆာင္ကို ၾကည့္လိုက္မိသည္။

စင္စစ္တြင္ေတာ့ ဒါက အမွန္ပင္ျဖစ္သည္။ လြန္ခဲ့သည့္အခ်ိန္မ်ားတြင္ သူ အရာအားလုံးကို လိုက္လိုက္နာနာနဲ႔ ဝတ္ဆင္ဖို႔ က်ဳံးက်င္းက သူ႔ကို ထပ္ခါတစ္လဲလဲ သတိေပးရသည္။ မတက္ခင္မွာ ခရီးလမ္းကိုပင္ စစ္ေဆးတာမ်ိဴးမရွိခဲ့ေပ။

Helmet တပ္ျခင္းရဲ့ အဓိက အသုံးဝင္မွုကေတာ့ ေက်ာက္ေတြ ျပဳတ္က်လၽွင္ ဦးေခါင္းကို ကာကြယ္ရန္ျဖစ္သည္။ ဒါက ျပဳတ္က်ျခင္းအက်ိဴးဆက္မွ ကာကြယ္ေပးရန္ ၎ကို အားကိုး၍မရပါေခ်။

သူက ကံေကာင္းသည္,ေက်ာက္ေတြျပဳတ္က်လာတဲ့ ထိတ္လန႔္ဖြယ္ အေျခအေနမ်ိဴးနဲ႔ မၾကဳံဖူးေသးေပ။ မတက္ခင္မွာ က်ဳံးက်င္းကလဲ ေတာင္လမ္းေၾကာင္းကို အာ႐ုံစူးစိုက္စြာနဲ႔ စစ္ေဆးတတ္သည္။ ေက်ာက္နံရံက ေက်ာက္ျပဳတ္က်နိုင္ၿပီး ေဘးမကင္းလၽွင္ သူတို႔က တက္ဖို႔ ႀကိဳးစားမွမဟုတ္ေတာ့ေပ။ ခ်င္ေဝ့ေဟာ္က ႀကိဳးစားလိုက္ခ်င္လၽွင္ေတာင္ က်ဳံးက်င္းက ထိန္းခ်ဳပ္ထားတတ္​၏။

အခုေတာ့ သူဘာသာသူသာ ေတာင္တက္ရေတာ့သည္။ သူက သံႀကိဳးခပ္ခံရဖူးတဲ့ တိရစၧာန္တစ္ေကာင္ကဲ့သို႔ပင္ ႐ုတ္တရက္ႀကီး သံေျခခ်င္းေတြကေန လြတ္ေျမာက္လာခဲ့ၿပီး ရိုင္းစိုင္းလာခဲ့သည္။ ေယဘုယ်အားျဖင့္ အရာအားလုံးကို ဝန္ေလးစရာနဲ႔ မလိုအပ္တာေတြလို႔ပဲ ခံစားခဲ့ရသည္။ ေပါ့ေပါ့ပါးပါး ဝတ္တာက အေကာင္းဆုံးပင္။ မည္သို႔ပင္ျဖစ္ေစ သူ႔ရဲ့ ကံေလးကေတာ့ အေတာ္ေလး ေကာင္းေပသည္။ ထို႔အျပင္ သူကလဲ အခုဆို အေတာ္ေလး အေတြ႕အၾကဳံရွိေနၿပီ။ သူက ေက်ာက္ေတြျပဳတ္က်တာနဲ႔ ဘယ္တုန္းကမွ မၾကဳံႀကိဳက္ဖူးသည့္တိုင္ ျဖစ္နိူင္ေျခရွိတဲ့ ဒုကၡေတြကို ဘယ္လိုေရွာင္ရွားရမလဲဆိုတာလဲ သိသည္။

အဓိကအခ်က္ကေတာ့ သူက သိုင္းႀကိဳးနဲ႔ ႀကိဳးေတြကိုေတာင္ လိုခ်င္ေနတာမဟုတ္ပါေခ်။ ထိပ္မွာ Helmetပါဝတ္လိုက္ရသည္မွာ အေတာ္ေလး လြန္ေနၿပီျဖစ္​၏။ သူသာ တကယ္ ျပဳတ္က်ၿပီး ေသဆုံးခဲ့ပါလၽွင္ လူေတြက သူ႔အေလာင္းကိုၾကည့္ရင္း ပေဟဠိ*ေတြျဖစ္ေကာင္းျဖစ္နိုင္လိမ့္မည္။ ေက်ာက္ေတာင္တက္တဲ့ အသိုင္းအဝိုင္းကေတာ့ သူ႔ကို မိုက္မဲေလျခင္းဆိုၿပီး ထင္ၾကလိမ့္မည္....

【*TN: "အႀကိမ္တစ္ရာေက်ာ္ ေတြးေတာဆင္ျခင္ၿပီးေနာက္ ပေဟ႒ိျဖစ္ေနဆဲ" ဟူေသာ အသုံးအႏွုန္းပါ။ အၿမီးအေမာက္မတည့္တာကိုဆိုလိုပါတယ္ 】

Eryang Finger ေတာင္ထိပ္မွာ ႀကိဳးျဖတ္ဖို႔ တာဝန္ရွိတဲ့ ေခါင္းေဆာင္ကေတာ့ တက္ဖို႔ အဆင္သင့္ျဖစ္ေနၿပီ။

အန္းနင္က ေခါင္းေဆာင္ဟာ ေလ့လာဖို႔ ေက်ာက္နံရံေအာက္တြင္ရပ္ေနသည္ကို ျမင္လိုက္ရသည္။ သူက လက္ကိုေျမႇာက္လိုက္ၿပီး ေျခဟန္လက္ဟန္ျပရင္း ဟန္ေဆာင္ေနသလို ထင္ရသည္။ သို႔ေသာ္ တစ္ဖက္မွာေတာ့ ခ်င္ေဝ့ေဟာ္က ခ်က္ခ်င္းပင္ တက္သြားၿပီး တျခားသူမ်ားႏွင့္ယွဥ္လၽွင္ ပူပင္ေၾကာင့္ၾကမဲ့စြာ တက္သြားခဲ့တာျဖစ္သည္။

ဒါက အလြန္အရွက္မရွိသေယာင္ထင္ရေသာ္လည္း မတတ္နိုင္ပါဘဲ ကၽြမ္းက်င္သူေတြက အျမဲဒီလိုသာျပဳမူတတ္ၾကသည္။ ထို႔အျပင္ ခ်င္ေဝ့ေဟာ္ရဲ့ ေျခေထာက္ေတြက ရွည္လ်ားသျဖင့္ ေက်ာက္နံရံေပၚတက္သြားသည္ႏွင့္မတူပါဘဲ ေျခေထာက္ေျမႇာက္လိုက္ နင္းလိုက္လုပ္ေနသကဲ့သို႔ပင္။

သူက ေျခလွမ္းငါးလွမ္းမွ ေျခာက္လွမ္းအထိ ဆက္တိုက္တက္သြားသလိုပင္ သူ႔ေနာက္ကႀကိဳးမွာလည္း သူ႔ေျခလွမ္းအတိုင္း ခပ္ျမန္ျမန္ေလၽွာက္လိုက္သလိုျဖစ္ေန​၏။

၎မွာတကယ္ပင္ ရွုျမင္ကြင္းတစ္ခုျဖစ္ေပသည္။

Protectorက ခ်င္ေဝ့ေဟာ္ကို ကာကြယ္ေစရန္အလို႔ငွာ ခ်င္ေဝ့ေဟာ္ရဲ့ေအာက္တြင္ ကာကြယ္ေရးလွုပ္ရွားမွုမ်ားျပဳလုပ္ေနသည္။ သူ႔ေျခေထာက္ေတြ ျဖန႔္က်ဲထားတဲ့ ကိုယ္ဟန္အေနအထားမွာ မည္သည့္အခ်ိန္မဆို သူ႔ကို တြန္းဖို႔ သို႔မဟုတ္ ဖမ္းဖို႔ အဆင္သင့္ျဖစ္ေနပုံရသည္။ ေသခ်ာတာကေတာ့ ခ်င္ေဝ့ေဟာ္ကလဲ ဒါကို လိုအပ္မေနေပ။ Protectorက ခဏမၽွသာရပ္လိုက္ၿပိ လ်င္ျမန္စြာ ေနာက္ဆုတ္သည္။

ထို႔ေနာက္ သူက ခ်င္ေဝ့ေဟာ္ကို ႀကိဳးစေပးလိုက္သည္။ ခ်င္ေဝ့ေဟာ္ကမူ ဒုတိယ Quickdrawကို ခ်ိတ္ဆြဲၿပီးျဖစ္ေလသည္။ Protectorဟာာ တင္းမာသည့္အမူအရာျဖင့္ လက္ေတြကလဲ လ်င္ျမန္စြာလွုပ္ရွားေနသည္။ သူ႔ရဲ့ လွုပ္ရွားမွုတို႔မွာ တျခား protectorမ်ားႏွင့္ ယွဥ္လၽွင္ ႏွစ္ဆပိုျမန္​၏။ သူ႔ရဲ့ ႂကြယ္ဝလွတဲ့အေတြ႕အၾကဳံေတြနဲ႔ အေစာပိုင္းျပင္ဆင္မွုေၾကာင့္သာမဟုတ္လၽွင္ ခ်င္ေဝ့ေဟာ္က အရမ္းျမန္ေသာေၾကာင့္ သူအေနျဖင့္ ကသုတ္က႐ုတ္ေတြျဖစ္ေနမည္ျဖစ္သည္။

အန္းနင္ သူ႔ေဘးကတစ္ေယာက္ေျပာသံကိုၾကားလိုက္ရသည္,"လခြမ္း ခ်င္ေဝ့ေဟာ္ရဲ့ ေျခဖဝါးမွာ သံဆူးျပားေတြမ်ားရွိေနသလားကြာ? " 

တျခားတစ္ေယာက္က ညည္းညဴလိုက္​၏,

"ပုံမွန္လူဆို သူ႔Protector ဘယ္လုပ္ရဲမလဲ? ကံေကာင္းလို႔ ငါတို႔ တာ့ေလာ့-ေကာကို ေတြ႕ခဲ့တာ ..." 

အန္းနင္မွာေတာ့ ခ်င္ေဝ့ေဟာ္ရဲ့ လွုပ္ရွားမွုေနာက္ကို လိုက္ေနမိသလိုသာ ခံစားေနရသည္။သူက ေခါင္းေလးကိုေမာ့ထားၿပီး လည္ပင္းကို ေစာင္းထားသည္။ ပထမတုန္းက သူ ခ်င္ေဝ့ေဟာ္ရဲ့ခါးက ပစၥည္းမ်ားရဲ့ ထိခတ္သံေတြကို ၾကားေနရၿပီး အခုမူ ထပ္မၾကားရေတာ့ေပ။ လူေပါင္းမ်ားစြာကေတာ့ နက္နက္ရွိုင္းရွိုင္းကိုစိတ္လွုပ္ရွားေနသျဖင့္ သူတို႔ဖုန္းမ်ားကို ထုတ္ကာ မွတ္တမ္းတင္ေနၾကေသာ္လည္း အန္းနင္မွာမူ ဖုန္းဖြင့္ရန္ပင္ အခ်ိန္မရွိပါေခ်။သူသည္ ခ်င္ေဝ့ေဟာ္ရဲ့ ေတာင္တက္ေနတဲ့ ကိုယ္ေနဟန္ထားထံမွ ဆြဲေဆာင္ခံေနရသည္။ မူလက အန္းနင္ထင္ခဲ့သည္မွာေက်ာက္ေတာင္တက္ျခင္းသည္ မ်က္ႏွာက်က္ေပၚကေတာက္တဲ့လို အမ်ားႀကီး စိတ္ရွည္ရလိမ့္မည္ဟု ေတြးခဲ့မိေသာ္လည္း ခ်င္ေဝ့ေဟာ္ကေတာ့ သစ္ပင္ေပၚက သစ္နက္တစ္ေကာင္နဲ႔ ပိုတူေနလိမ့္မည္ဟု မထင္ခဲ့မိပါေခ်။ ဟုတ္သည္ တကယ့္ကို သစ္နက္တစ္ေကာင္ပင္​။ ေၾကာင္ေလးတစ္ေကာင္ တက္နိုင္တာက အထူးအဆန္းမဟုတ္ပါေသာ္လည္း ေၾကာင္ထက္ ဆယ္ဆေလာက္ႀကီးတဲ့ သက္ရွိတစ္ေယာက္က လက္ယဥ္စြာ တတ္နိုင္သည္ဆိုတာကေတာ့ အခုအခ်ိန္တြင္ အလြန္ အံ့ဩဖို႔ေကာင္းေနခဲ့သည္။

အသင္းေခါင္းေဆာင္ရဲ့ မဝံမရဲနဲ႔ ပုံမွန္လွုပ္ရွားမွုမ်ားႏွင့္ ကြဲလြဲစြာပင္ ခ်င္ေဝ့ေဟာ္ရဲ့ ေက်ာက္ေတာင္တက္တဲ့ လွုပ္ရွားမွုမ်ားမွာ အလြန္ ထည္ဝါ​ၿပီး အားအင္ အျပည့္ႏွင့္ျဖစ္သည္။ သူက အားအင္အျပည့္နဲ႔ လွုပ္ရွားတတ္ၿပီး ရံဖန္ရံခါဆိုလၽွင္ လက္တစ္ဖက္ သို႔မဟုတ္ လက္ေမာင္းတစ္ဖက္ထဲနဲ႔ေတာင္ ေက်ာက္နံရံေပၚမွာ သူ႔ကိုယ္သူ ေထာက္ကန္ထားတတ္သည္။

တစ္ခါတစ္ရံတြင္ သူဘာကိုဆုပ္ကိုင္ထားသလဲေတာင္ အန္းနင္ မျမင္ရပါဘဲ သူက ေလျပင္ အလယ္မွာ ေရာက္ေနသလိုပင္။ ထို႔ေနာက္ ျမင့္မားတဲ့ အရပ္ေၾကာင့္ သူက သာမာန္လူေတြမေတြးတတ္ေလာက္တဲ့ လက္ေမာင္းတစ္ဖက္/ႏွစ္ဖက္ နဲ႔ ဆြဲလိုက္,လႊတ္လိုက္လုပ္ရွားမွုေတြပင္ လုပ္တတ္သည္။

ခ်င္ေဝ့ေဟာ္ရဲ့ လက္ေတြနဲ႔ ေျခေတြဟာ ဆုံခ်က္တစ္ခုအျဖစ္ လုပ္ေဆာင္နိုင္ပုံရၿပီး သူ႔ရဲ့ခႏၶာကိုယ္သည္ ျမင္ရတာပိုမိုထင္ရွားေသာ လွုပ္ရွားမွုမ်ားကို လုပ္ေဆာင္နိုင္ေစကာ ၾကည့္ရွုသူမ်ားကို ရင္ဖိုျဖစ္ၿပီး adrenaline (စိတ္လွုပ္ရွားလၽွင္ထြက္လာသည့္ အဒရီနယ္အရည္) မ်ားျဖင့္ စိတ္လွုပ္ရွားေစခဲ့သည္။

ေဘာစ့္ယြီကလဲ ၎ကိုdynoလို႔ေခၚေၾကာင္း ေျပာရင္း သူတို႔ေတြ Popular Science ပညာ အမ်ားအျပားကို ေဆြးေႏြးေပးခဲ့သည္။

ခ်င္ေဝ့ေဟာ္က သူ႔ရဲ့တက္ခ်ိန္ 90%ကို dynoအသုံးျပဳရင္း ကုန္ဆုံးၿပီး က်န္ 10% ေသာအခ်ိနမ်ားကေတာ့ dyno လုပ္ဖို႔ ျပင္ေနတာျဖစ္သည္။

"သူက အဲ့ဒါကို စြဲလမ္းေနတာ."

ဒီေလသံမွာ ခ်ီးက်ဴးသံအမ်ားအျပားမပါေနဘဲ တကယ္တမ္းတြင္ေတာ့ အျပစ္ရွာေနသည္သာ။

စင္စစ္တြင္ေတာ့ ဒါက ပုံႀကီးခ်ဲ့စရာမဟုတ္ဟု အန္းနင္ ေတြးလိုက္မိသည္။ အနည္းဆုံးေတာ့ သူ႔အျမင္အရဆိုလၽွင္ ခ်င္ေဝ့ေဟာ္က ခုထိတိုင္ တည္ၿငိမ္ေနဆဲပင္။ ေနရာတစ္ခုသို႔ေရာက္လာရာ မည္သို႔ပင္ျဖစ္ေစ သူ႔ကိုအလြန္ရင္ထိတ္ေစသည္။၄င္းသည္ သဘာဝအတိုင္း အဖုအထစ္ပါရွိေသာ eaveကဲ့သို႔ ေနာက္ဆုံးေသာ bolt hangersျဖစ္သည္။

ခ်င္ေဝ့ေဟာ္က dynoကို အသုံးျပဳလ်က္ eaveကိုေရာက္ေအာင္တက္ခဲ့သည္။ သူရဲ့ ဘယ္လက္ေရာ ညာလက္ပါ ေစာင္းေနတဲ eavesေပၚတြင္ရွိေနသည္။ လက္တစ္ဖက္က အေပၚကေန ဆုပ္ကိုင္ထားၿပီး က်န္တစ္ဖက္ကေတာ့ ေအာက္ကေန ဆုပ္ကိုင္ထား​၏။

သို႔ေသာ္လည္း သူ႔ေျခေထာက္မ်ားမွာ ဘာကိုမွေထာက္ကန္မထားဘဲ သူ႔ခႏၶာကိုယ္ကို ေလထဲသို႔ တြန္းကန္ပစ္လိုက္သည္။ ခ်င္ေဝ့ေဟာ္ရဲ့ေျခေထာက္မ်ားမွာ ရွည္လ်ားၾကၿပီး သူ႔ခႏၶာကိုယ္ေအာက္ပိုင္းရဲ့ အေလးခ်ိန္ကို ေလၽွာ့တြက္၍မရေပ။ထို႔အျပင္ ၎က တိမ္းေစာင္းေနေသာေၾကာင့္ ဒီေထာင့္ခ်ိဴးမွ ေဘးဘက္သို႔ ႀကီးမားေသာ ပစ္လွဲမွုတစ္ခုကို ျပဳလုပ္နိုင္ေပသည္။ သူ႔ခါးေပၚရွိ က်န္quickdraw ႏွစ္ခုသည္ သူႏွင့္အတူ ယိမ္းထိုးသြားကာ ေလထဲတြင္ မၾကားနိုင္ေလာက္ေအာင္ပင္ တိုးညႇင္းေသာအသံတစ္ခု ထြက္ေပၚလာခဲ့သည္။

An Ning မွာ ထိုျမင္ကြင္းကိုၾကည့္ရန္ သူ႔လည္ပင္းကိုပင္ ဆန႔္ထားရသညိ။

ဒါကို ဘာေခၚတာပါလိမ့္? အျမင့္ႀကီးမွာ လြင့္ေနတာလား?! ေက်ာင္းလုံ* က သူ႔ရဲ့အၿမီးကို လွုပ္ေနတာလား?!

【*TN: ေက်ာင္းလုံက နဂါးပါ။ အၿမီးကို (တိုက္ခိုက္ရန္) လွည့္ေနတဲ့ နဂါးတစ္ေကာင္လို႔ေျပာတာပါ။】

ဒီေက်ာက္နံရံသည္ ေရနက္ပိုင္း ေက်ာက္ေတာင္တက္စဥ္ကာလႏွင့္ ကြာျခားေသာ္လည္း အျမင့္အရဆိုလၽွင္ေတာ့ အမွန္တကယ္ပင္ သဏၭာန္တူသည္။ ဒီအခ်ိန္မွာေတာ့ သူ အနီးကပ္ရွိေနေသာေၾကာင့္ ျဖစ္ေကာင္းျဖစ္နိုင္​၏, ခ်င္ေဝေဟာ္သည္ ေသးငယ္ၿပီး ေပ်ာ့ညံ့ေနသည္ဟု မခံစားရပါေခ်။ အီိနားရွား(ေရြ႕တတ္၊တည္တတ္ေသာ ဂုဏ္သတၱိ) က ခ်င္ေဝ့ေဟာ္ရဲ့ ခႏၶာကိုယ္ကို ေဘးဘက္သို႔ လြင့္စင္ေစအခါ၊ ခ်င္ေဝ့ေဟာ္သည္ အမွန္တကယ္ပင္ အရပ္ရွည္ေၾကာင္း သူခံစားလိုက္ရသည္။

တစ္ခ်ိန္တုန္း သူသည္ ဒီအရပ္ျမင့္ျမင့္လူႀကီးအတြက္ ေခၽြးေအးေအးေတြ ထြက္ခဲ့ရဖူးသည့္တိုင္ ခ်င္ေဝ့ေဟာ္ လုပ္ခဲ့သည္မ်ားက ပို၍ပင္ ေရွာ့ခ္ရေစခဲသည္။ သူ႔ခႏၶာကိုယ္အေလးခ်ိန္ေၾကာင့္ ခ်င္ေဝ့ေဟာ္က အျခားသူမ်ားထက္ ပိုမိုျပင္းထန္သည့္ centrifugal Force (ဗဟိုခြာအား) ကို ခံနိုင္ရည္ရွိခဲ့သည့္တိုင္ သူရဲ့လက္မ်ားကို ခ်က္ခ်င္းျပန္႐ုတ္နိုင္ေသးသည္။သူက ေရွာ့ခ္ရေစမည့္ လူသားစုပ္စက္ကဲ့သို႔ပင္ သူ႔ခႏၶာကိုယ္၏ လွည့္ပတ္မွုေနကို လ်င္ျမန္စြာ ထိန္းခ်ဳပ္နိုင္ခဲ့သည္။

ဒီပုံရိပ္ကို ေဖာ္ျပရလၽွင္ ၎မွာ Yamaha R1ႀကီး ေခ်ာက္ကမ္းပါးအစြန္းေရာက္ေနသလိုပင္။ ေနာက္ဘီးမ်ားက ေခ်ာက္ကမ္းပါးမွ က်လာသည့္တိုင္ ေနာက္ဘီးမ်ားရဲ့ drifting ေရြ႕လ်ားမွုျဖင့္ ေခ်ာက္ကမ္းပါးအေပၚသို႔ ျပန္ေရြ႕သြားနိုင္သည္။ခ်င္ေဝ့ေဟာ္က ေက်ာက္နံရံဆီသို႔ ျပန္သြားခဲ့ၿပီး ေက်ာက္တုံးေပၚ တြင္ ဒူးေထာက္ကန္ထားကာ ေနာက္ဆုံးquickdrawကို ညာလက္ ေျမႇာက္၍ ကလစ္လိုက္သည္။

အန္းနင္မွာ ျပတ္သားေသာ ကလစ္သံကို ၾကားလိုက္ရသလို ထင္ေယာင္ထင္မွား ျဖစ္သြားရေသးသည္။ ထိုအခိုက္အတန႔္တြင္ သူ႔ကိုယ္ပိုင္ ႏွလုံးခုန္သံႏွင့္ အံၾသစရာေကာင္းစြာ လိုက္ဖက္ေနခဲ့သည္။

ေနာက္မွ ေဘာစ့္ယြီေျပာသံကို သူၾကားလိုက္ရသည္,

"တကယ္ေတာ့, အရပ္ရွည္ရွည္ အေကာင္ႀကီးႀကီးျဖစ္ေနတဲ့ သူ႔လိုလူမ်ိဴးက ေက်ာက္ေတာင္တက္တာနဲ႔ မလိုက္ဖက္ပါဘူး။ ဒါက ေအာက္ခံထည္ျမင့္ျမင့္နဲ႔ ကိုယ္ထည္ရွည္တဲ့ ကားတစ္စီးလိုပဲ။ သူက ပုံမွန္မဟုတ္ဘူးလို႔ ယူဆလို႔ရတယ္။ ပါရမီရွင္လဲ ျဖစ္ရင္ျဖစ္နိုင္ပါတယ္" 

ဒီတစ္ႀကိမ္တြင္ေတာ့ သူေနာက္ေျပာင္ေနတာလဲမဟုတ္သလို အျပစ္ရွာေနသည္လဲမဟုတ္ေပ။ ေလသံမွာ ပုံမွန္အတိုင္းျဖစ္ၿပီး ခိုင္မာတဲ့ခံယူခ်က္တို႔ကို ျပသေနခဲ့သည္။

ဒီLead Climbing ၿပီးေျမာက္ဖို႔ ခ်င္ေဝ့ေဟာ္အတြက္ ေလးမိနစ္ေအာက္သာၾကာခဲ့သည္။ သူက ထိပ္ဆုံးထိ မတပ္ေတာ့ပါဘဲ ေနာက္ဆုံးတစ္ခုကို ကလစ္ၿပီး ျပန္ဆင္းဖို႔ စီစဥ္ထားခဲ့သည္။ ေအာက္မွ ေက်ာက္ေတာင္တက္သမားမ်ားကေတာ့ ေအာ္ဟစ္ၾကသည္။

"Redpoint လိုက္!" 

"Redpoint လိုက္!"* 

【TN* ေတာင္တက္ေနစဥ္ ျပဳတ္က်ျခင္းမရွိဘဲ ထိပ္ဆုံးသို႔ ေအာင္ျမင္စြာတက္နိုင္တာကို Redpointingလို႔ ေခၚပါတယ္။ 】

ခ်င္ေဝ့ေဟာ္က ေက်ာက္ေဆာင္ကို ဘယ္လက္ျဖင့္ ကိုင္ထားၿပီး ေက်ာက္နံရံကို ေထာက္ကန္ကာ ကိုင္းညြတ္ထားသည္။ သူေအာက္ကို ငုံ႔ၾကည့္လိုက္ေသာအခါ လက္တစ္ဖက္က သူ႔အဝတ္ေတြကို ကိုင္ထားၿပီး တျခားတစ္ဖက္နဲ႔ ပါးစပ္နားကပ္ကာ သူ႔ကို ေအာ္ေျပာေနတဲ့ အန္းနင္ကို ျမင္လိုက္ရသည္။

"ခ်င္ေဝ့ေဟာ္! ဆက္တက္!" 

ခ်င္ေဝ့ေဟာ္က ေရာက္ခါနီးျဖစ္ေနသည့္ ေတာင္ထိပ္စြန္းကို ေမာ့ၾကည့္လိုက္သည္။ သူ႔အတြက္ဆက္တက္လိုက္ဖို႔က လြယ္ေသာ္လည္း ဒီလမ္းေၾကာင္းမွာ အျမဲတမ္း က်ဳံးက်င္းကို အမွတ္ရေနေစ​၏။ ထိုလူက သူ႔ကို ကမၻာႀကီးရဲ့ အစိတ္အပိုင္းအားလုံးမွာ ပ်ံသန္းဖို႔ ေခၚေဆာင္ေပးခဲ့ၿပီး သူတို႔ရဲ့ ေမြးရပ္ေတြအားလုံးမွာ ေတာင္တက္ဖို႔ ေခၚသြားေပးခဲ့သည္။ အဲ့ဒီအခ်ိန္တုန္းက ဒီလမ္းေၾကာင္းရဲ့ ခ်ဲ့တဲ့ boltေတြ၊ bolt hangerေတြအားလုံးကို က်ဳံးက်င္းပဲ ရိုက္ခဲ့တာျဖစ္ၿပီး သူကလဲ ဒီလမ္းေၾကာင္းကို တက္ရတဲ့ ပထမဆုံးလူသားျဖစ္ခဲ့ျပန္သည္။ မူလက က်ဳံးက်င္းမွာ Bolt Hanger ေျခာက္ခုရိုက္ခ်င္ခဲ့ေသာ္လည္း သိပ္မျမင့္ေသာေၾကာင့္ သုံးခုေလာက္နဲ႔ လုံေလာက္သည္ဟု ေျပာရင္း သူ႔ဘာသာသူ ျငင္းပယ္ခဲ့သည္။

သူ ဒီအတြက္ စိတ္လြတ္ေနစဥ္မွာပဲ အန္းနင္ရဲ့အသံက သူ႔နားထဲကို ေရာက္လို႔လာျပန္သည္။. 

ထူးဆန္းတယ္! သူဘာလို႔ သူ႔အသံကို တစ္ခါတည္းနဲ႔ ခြဲနိုင္လိုက္ရတာလဲ?

အဲ့ဒီေကာင္ေလးက အျမဲလိုလို အရမ္းရွက္တတ္ၿပီး စာပဲႀကိဳးစားေနလို႔ျဖစ္လိမ့္မယ္,ဒါေၾကာင့္ သူ ႐ုတ္တရက္ ဒီလိုမ်ိဴး ေအာ္ဟစ္လိုက္ေတာ့ ဘယ္လိုလုပ္ၿပီး သတိမထားမိဘဲ ေနနိုင္မလဲ

"ခ်င္ေဝ့ေဟာ္! ဆက္တက္!"

အန္းနင္ကေတာ့ ေခါင္းေမာ့လ်က္ စိတ္လွုပ္ရွားစြာျဖင့္ အေပၚကလူကို ေအာ္ေျပာေနခဲ့သည္။ သူ စိတ္လွုပ္ရွားတတ္သည္မွာ ၾကဳံေတာင္ၾကဳံခဲပင္။ ခ်င္ေဝ့ေဟာ္က ဆယ္ထပ္ေအာက္ အျမင့္မွာသာ ရွိေနေသာ္လည္း အန္းနင္ကေတာ့ ေတာင္ထိပ္က ေနေရာင္ကို ျမင္ေနရၿပီး ခ်င္ေဝ့ေဟာ္ရဲ့ ခႏၶာကိုယ္ကလဲ ေနနဲ႔ အရိပ္ ကြဲထြက္ေနရာ ထိုျမင္ကြင္းမွာ အလြန္အမင္း ဆြဲေဆာင္မွုရွိလွေပသည္။

သူက အစြမ္းကုန္ စိတ္ေရာကိုယ္ပါ အသုံးျပဳလ်က္ ခ်င္ေဝ့ေဟာ္ရဲ့နာမည္ကိုေအာ္ထုတ္မိေနေသာေၾကာင့္ ေအာ္လိုက္ငည့္အခ်ိန္တြင္ လည္ေခ်ာင္းပင္ ကြဲလုမတတ္ျဖစ္ေနရသည္။ ထို႔ေနာက္မွာေတာ့ ေနေရာင္ေအာက္ရွိပုံရိပ္က ႐ုတ္တရက္လွုပ္ရွားသြားသည္ကို ျမင္လိုက္ရသည္။ စကၠန႔္ပိုင္းေလးအတြင္းမွာပင္ သူက လိုက္နာစြာျဖင့္ ေတာင္ထိပ္ကို ေရာက္သြားခဲ့​၏။

အန္းနင္မွာ သူနဲ႔အတူလာခဲ့တဲ့ ေက်ာက္ေတာင္တက္သမားႏွစ္ေယာက္ထက္ပင္ ပို၍စိတ္လွုပ္ရွားေနခဲ့သည္။ ေရွာင္ေပါင္နဲ႔ လ်န္ရွန္းဟန္တို႔မွာလည္း သူတို႔ဖုန္းမ်ားျဖင့္ ပုံေတြရိုက္ရင္း အလုပ္မ်ားေနခဲ့ၾကသည္။ အန္းနင္ရဲ့ ရင္ထဲတြင္ ခံစားခ်က္မ်ား တလိပ္လိပ္ထိုးတက္လာခဲ့ရ​၏။

သူက ဘာလို႔ ထိပ္ဆုံးထိမတက္ခ်င္ခဲ့တာလဲ? အဲ့ဒီမွာရပ္ေနရင္ ဘယ္ေလာက္ ခန႔္ညားေနမလဲဆိုတာ သူမသိဘူးလား?

ခ်င္ေဝ့ေဟာ္က ထိုေနရာတြင္ ခဏမၽွသာေနၿပီး ျမင္သင့္သည္ဟု ေတြးလိုက္ၿပီး လ်င္ျမန္စြာပင္ေအာက္ကို ဆင္းလာခဲ့သည္။

အန္းနင္မွာ မ်က္စိတစ္မွိတ္အတြင္းမွာပင္ ခ်င္ေဝ့ေဟာ္က သူ႔မ်က္စိေအာက္ကို ဆင္းလာခဲ့သလို ခံစားလိုက္ရသည္။ သူေအာက္ဆင္းလာခ်ိန္တြင္မူ သူခရီးပန္းသြားရသလိုခံစားလိုက္ရသည္။

Continue Reading

You'll Also Like

231K 22.7K 73
ဇာတ်လိုက်က အရင်ဘဝတုန်းက အပယ်ခံလေးဖြစ်ပြီးတော့ ရုပ်သေးဘုရင် အဖြစ် ဖိအားပေးခံခဲ့ရတယ်။ ပြီးတော့ တော်ဝင်နန်းတော်ကနေ ဝိုင်းပြီးတော့ အနိုင်ကျင့်ခဲ့တဲ့ စစ်သ...
606K 58.9K 87
ရုန်းမထွက်ချင်မိတဲ့ မျက်ဝန်းသေတွေ၊ လှုပ်ရုံမျှပြောသည့် နီဆွေးဆွေးနှုတ်ခမ်းလေးနှင့်အတူ ထွက်ပေါ်လာသော နွေးထွေးနူးညံ့သံ။ မမလွမ်းကို တွယ်တာမိတဲ့ခဏတာမှာ ဖ...
440K 23.1K 51
အခြေအနေတစ်ခုကြောင့် လက်ထပ်ဖြစ်ခဲ့ကြတယ် အန်တီက ရိုးရဲ့ ဇနီးမယားပါပဲ... အေျခအေနတစ္ခုေၾကာင့္ လက္ထပ္ျဖစ္ခဲ့ၾကတယ္ အန္တီက ရိုးရဲ႕ ဇနီးမယားပါပဲ...
241K 6K 72
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်