စေလိုရာစေ(Completed)

By Syringa99

386K 18.9K 411

ဘဝတစ်ခုလုံး ပုံအပ်ခဲ့ပြီးပြီမို့.. သူစေလိုရာစေ.. နေဖို့အဆင်သင့်... Main Character-မှော်စက္ခ❤ လေညှင်းသွဲ့ Star... More

Ep(1)
Ep(2)
Ep(3)
Ep(4)
Ep(5)
Ep(6)
Ep(7)
Ep (8)
Ep (9)
Ep(10)
Ep(11)
Ep(12)
Ep(13)
Ep(14)
Ep(15)
Ep(16)
Ep(17)
Ep(18)
Ep(19)
Ep(20)
Ep (21)
Ep(22)
Ep(23)
Ep(24)
Ep(25)
Ep(26)
Ep(27)
Ep(28)
Ep(29)
Ep(30)
Ep(31)
Ep(32)
Ep(33)
Ep(34)
Ep(35)
Ep(36)
EP(37)
Ep (38)
Ep(39)
Ep(40)
Ep(42)
Ep(43)
Ep(44)
Ep(45)
Ep(46)
Ep(47)
Ep(48)
Ep(49)
Ep(50)
Ep(51)
Ep(52)
Ep(53)
Ep(54)
Ep(55)
*Final
ကျေးဇူးတင်လွှာ
Extra

Ep(41)

5.6K 276 14
By Syringa99


စေလိုရာစေ..

(Unicode)


"အနွေးထည်မလိုဘူး....မင်းရဲ့ အနွေးဓာတ်လေးသာ မောင့်ကိုမျှပေးရင် လုံလောက်ပြီ"

​ပြောလည်းပြော လက်ကိုဆွဲချ၍ ရင်ဘတ်ပေါ်မှောက်ရက်လေး လဲကျလာတဲ့ ကိုယ်လုံးသေးသေးလေးကို တယုတယထွေးပိုက်လိုက်
သသည်။ကြွက်သားအပြည့်လက်မောင်းတစ်ဖက်က ခေါင်းအောက်ထိုးပေးလါပြီး လက်တစ်ဖက်က လေညှင်းရဲ့ ခေါင်းလုံးလုံးလေးက ဆံပင်လေးတွေကို ပွတ်သပ်ပြီး သူ့ရင်ခွင်အနား ဆွဲကပ်သည်။လေညှင်းထက် ခေါင်းတစ်လုံးမြင့်နေသူထံမှ ဝင်သက်ထွက်သက်နွေးနွေးက နဖူးပေါ်ရိုက်ခတ်လျက်။

အရင်က လူဆိုးကောင်အတင်းအကျပ် အနိုင်ယူတုန်းကသာ အခုလို နီးနီးကပ်ကပ်နေခဲ့ဖူးတာ။အခုလို အသားချင်းထိကပ်ပြီး တစ်ဖက်သူရဲ့ ပုံမှန်ထက်ပိုမြန်နေတဲ့ နှလုံးခုန်သံကိုပါ ကြားနေရတဲ့အခါ စိတ်ထဲမှာတမျိုးပဲ။မနှစ်မြို့တာလည်း မဟုတ်သလို သဘောကျတာလည်း မဟုတ်ပြန်။ဒီအတိုင်း ကိုယ့်ကို တစ်စုံတစ်ယောက်က အပြည့်အဝကာကွယ်ပေးထါးသလိုမျိုး လုံခြုံနွေးထွေးမှုကို ခံစားလာရတာ။

တကယ်ပဲ ဦးစံပြောသလိုများ ငါဥပေက္ခာပြုထားခဲ့တဲ့ မင်းရဲ့မေတ္တာတရားက စစ်မှန်နေခဲ့တာလား။

"အသေးလေး"

"ဟင်"

"ကြားရလား..မင်းတစ်ယောက်တည်းအတွက် lmitedခုန်နေတဲ့ မောင့်ရင်ခုန်သံတွေကို"

"မကြားပါဘူး..သိလည်းမသိချင်ဘူး..မင်းဆက်ပြောနေမယ်ဆို ငါအခန်းထဲက ထွက်သွားလိုက်တော့မှာ..ငြိမ်ငြိမ်လေးနေပြီး အိပ်တော့"

"ဟုတ်ပါပြီ မောင်တိတ်တိတ်လေးနေပါ့မယ်..တစ်ယောက်တည်းတော့ မထားခဲ့ပါနဲ့"

လေညှင်း ကျိတ်ပြုံးမိသွားသည်၊အခု လူဆိုးကောင်ဖြစ်နေတဲ့ ပုံစံက အရွယ်မရောက်သေးတဲ့ ကလေးတစ်ယောက် နေမကောင်းလို့ သူ့မိခင်အနားကပ်ပြီး ဂျီကျနေသလိုပဲ။သူ့အနားကနေ လေညှင်းထွက်သွားမှာစိုးနေတာ။မင်းက ဒီလိုလည်း ကလေးဆန်တတ်သေးတာလား အဟက်။

မနက်လင်းတော့ အိပ်ပျော်နေသူကို အဖျားတိုင်းကြည့်တော့ အဖျားကျသွားပြီမို့ စိတ်​အေးသွားသည်။ထို့နောက် ကိုယ်လက်သန့်စင်ပြီး ဘုရားသောက်တော်ရေလဲ ဆွမ်းကပ်ပြီး ဘုရားဝတ်ပြုဖို့ပြင်လိုက်သည်။

ဦးစံဖွင့်ထားတဲ့ မိဘမဲ့ဂေဟါတွေဘက် သွားဖို့ပြောထားသည်မို့ ဆေးရုံခွင့်တရက်ယူထားလိုက်သည်။အချိန်ရတာကြောင့် ဘုရားသေချာရှိခိုးပြီးနောက်အခန်းထဲက လူမမာအတွက် မနက်စာတစ်ခုခုပြင်ဖို့ စိတ်ကူးမိတာကြောင့် အောက်ထပ်ဆင်းလာလိုက်သည်။

"ဟော..သားငယ်လေးတောင် နိုးလာပြီ..လာ..သား ကြီးလုံး ဒီနေ့တော့ မုန့်ဟင်းခါးလေးချက်ထားတယ်.."

"မိနွယ်ရော ကြီးလုံး"

"အိပ်ရာသိမ်းနေတယ် သားရဲ့..ပြီးရင်ထွက်လာလိမ့်မယ်"

"..."

"ကဲ..စားလို့ရပါပြီ..ကြီးလုံး ဟင်းရည်ထည့်လိုက်တော့မယ်နော်"

"သား မစားသေးဘူး ကြီးလုံး..ဟိုလေ..မှော်စက္ခ မနေ့ကအနာရှိန်နဲ့ ဖျားနေလို့..အဲ့ဒါ သားတစ်ခုခု လုပ်ကျွေးမလားလို့..မုန့်ဟင်းခါးကျ သူစားချင်မယ်မထင်ဘူး"

"အေးအေး ဟုတ်တာပေါ့..နေမကောင်းတော့ ဒါတွေ ဘယ်စားဝင်မှာလဲ...နေဦး..နေဦး ကြီးလုံး ရေခဲသေတ္တာဖွင့်ကြည့်လိုက်ဦးမယ်..ကြက်သားလေးများရှိမလားလို့"

"......"

"အတော်ပဲ သားရေ..ရှိသေးတယ်..ဒါဆို ကြက်သားဆန်ပြုတ် ပူပူလေး ကြီးလုံး လုပ်ပေးမယ်လေ..နော်..ခဏလေးစောင့်"

"ဟို..ကြီးလုံး..သူက နို့ဆန်ပြုတ်ကြိုက်တာ..အဲ့ဒါ သားချက်လိုက်မယ်လေ..သာကူစေ့နဲ့ စပျစ်ခြောက်ရှိတယ်မလား"

"​ေဩာ်..အေးအေး..ရှိတယ် သားငယ်လေး..ဟိုနေ့က ဒန်ပေါက်ချက်ချင်ချက်လို့ရအောင် အချိန်နဲ့ဝယ်ထည့်ထားတယ်..အဲ့ဒီ မီးဖိုစင်ပေါ်မှာပဲ..သားငယ်လေး ကြိုက်သလောက် ယူသုံး"

ပြောလို့မဆုံးသေး မီးဖိုခန်းထဲဝင်ပြီး ဆန်ပြုတ်ကျိုဖို့ လုပ်နေတဲ့ သားငယ်။ဒီကလေးက မောင်စက္ခအပေါ် အပြောသာဆိုးတာပါ ၊စိတ်ရင်းလေးကတော့ ကောင်းရှာပါတယ်။အခုလည်းကြည့်လေ ဟိုကလေးအပေါ် မုန်းတယ်သာ ပြောနေပေမယ့် မောင်စက္ခ ဘာကြိုက်လဲ ဘယ်လိုအစားစာစားတတ်လဲဆိုတာ သိနေပုံပဲ။မသိစိတ်က တစ်ဖက်လူကို အသေးစိတ်ကအစ သတိထားမိနေပုံထောက် မောင်စက္ခကို သဘောကျနေတာပဲ ဖြစ်မှာပါလေ။

အရင်ဦးဆုံး ဆန်နဲ့နို့ကို အရင်ရောပြီး ကျိုလိုက်သည်။ခဏနေတော့ ဆန်မပျော့မမာ အနေထားမှာ သာကူစေ့လေးတွေထည့်ပြီး အပေါ်အောက်နှံ့အောင် မွှေပေးရင်း သုံးမိနစ်ခန့်ကျိုပြီးနောက် အရသာထည့်တဲ့ အဆင့်ရောက်လေပြီ။လူမမာကို ကျွေးမှာမို့ အချိုလျော့ထည့်ပြီ်း သီဟိုဠ်စေ့နဲ့ စပျစ်ခြောက်လေးတွေကို အပေါ်ယံက ဖြူးချလိုက်တော့ အနံ့အရသာနဲ့ ပြည့်စုံတဲ့ နို့ဆန်ပြုတ် ပူပူမွှေးမွှေးလေး ရရှိလေသည်။

ထို့နောက် တခါစားပန်းကန်လုံးလေးထဲ သေချာထည့် အောက်ခံပန်းကန်ပြားလေးခံပြီး စားပွဲခုံပုလေးပေါ်တင်ပြီး လက်သုတ်ပဝါလေးပါယူ၍ အပေါ်ပြန်တက်လာခဲ့လိုက်သည်။

နို့ဆန်ပြုတ်လေးက အနံ့ရတာနဲ့တင် စားချက်စဖွယ်မို့ လူဆိုးကောင် ကြိုက်လောက်မှာ အသေချာပဲ။တခါ မိနွယ်ဆီက ကိုလေးစက္ခက နေမကောင်းရင် နို့ဆန်ပြုတ်ပဲ ချက်ပေးရတာဟု နားစွန်နားဖျားကြားမိထားသည်။ဒါကြောင့် နို့ဆန်ပြုတ် လုပ်ဖို့ စိတ်ကူးရသွားခြင်း။

"ကျွီ!"

အခန်းထဲ ဝင်သွားတော့ လူဆိုးကောင်က အခုမှနိုးသဘ်ထင်သည်။မျက်နှာသစ်ပြီး ရေစက်လက်နဲ့ ဘယ်မှာထားမှန်းမသိတဲ့ မျက်နှာသုတ်ပဝါကို စမ်းတဝါးဝါး ရှာ​လို့နေသည်။

အဲ့တော့လည်း ဒီကမနေနိုင်တဲ့ လေညှင်းကပဲ လက်ထဲက ပန်းကန်ကိုချပြီး ဗီရိုဖွင့် ရှာပေးရတော့သည်။

"ရှာမနေနဲ့..ငါထားတဲ့နေရာ မင်းသိမှာမဟုတ်ဘူး..ဖယ်..ကုတင်ပေါ်မှာ သွားထိုင်နေ..ငါယူလာခဲ့မယ်"

"ရော့..ဒါငါမသုံးရသေးတဲ့ သဘက်အသစ်..မင်းစိတ်သန့်သန့်သုံးလို့ရတယ်"

"မောင်မရွံတတ်ပါဘူး အသေးလေးရဲ့"

"အပိုမပြောနဲ့..မြန်မြန်သုတ်..အဲ့ဒါနဲ့ အအေးထပ်မိပြီး ဖျားဦးမယ်"

"ပြီးရင် ဆန်ပြုတ်သောက်လိုက်ဦး..​ေဩာ်..ငါလုပ်ထားတာမဟုတ်ဘူးနော်..ကြီးလုံး လုပ်ပေးတါ.."

"ဟုတ်ပါပြီ..မောင်လည်း အသေးလေးလုပ်လာတာလားလို့လည်း မမေးမိပါဘူး"

"မဟုတ်ဘူး..တမင်သက်သက် ကိုယ့်ကိုကိုယ် အထင်တွေဇွတ်ကြီးနေမှာစိုးလို့.."

"လာ..ဒီမှာ သေချာထိုင်နော်..ပန်းကန် ပေါင်ပေါ် ပြုတ်ကျမယ်..အခုမှ ကျက်ကာစဆိုတော့ ပူပူလောလောကြီး"

စက္ခ ခိုးပြုံးလိုက်သည်၊ အသေးလေးက တကယ့်ကလေးပေါက်စလေးလိုပဲ၊ ဘာအရောင်မှမဆိုးခံရသေးတဲ့ အဖြူထည် ပိတ်ကားချပ်လေး။အခုလည်းကြည့်လေ မလိမ်တတ်ပဲနဲ့ သူချက်ထားတယ်ဆိုတာ သိသွားမှာစိုးလို့ ဖြစ်နေတာ အင်မတန်အသည်းယားစဖွယ်။

"အ!"

"ကဲ..ငါပြောတယ်မလား..နည်းနည်းပါးပါး မှုတ်ပြီး စားလေ..အပူလောလောကြီး စားမှတော့ပူပြီပေါ့..ဟင်း"

"......"

ဆူလိုက်တော့ မျက်နှာငယ်လေးဖြစ်သွားတော့လည်း လေညှင်းမှာ ရင်ထဲမကောင်း။ငါ့နှယ် နေမကောင်းတဲ့သူကို သွားအော်နေမိပြန်ပြီ လေညှင်းသွဲ့ရေ။

"ကဲပါ..တလက်စတည်း ငါပဲ အအေးခံပြီး ခွံကျွေးလိုက်တော့မယ်..ပေး"

လက်ထဲက ဇွန်းကိုယူပြီး သေချာအအေးခံပြီး ကုန်သည်အထိ စိတ်ရှည်လက်ရှည် ခွံ့ပေးလါသူ။
ဖြစ်နိုင်ရင် အသေးလေးနဲ့ ဒီလိုနှစ်ယောက်တည်း အတူရှိနေချိန်လေးကို ရပ်လို်ရရင်ရပ်တန့်ကာထားလိုက်ချင်သည်။

"ကုန်ပြီ..ခဏနေရင် ဆေးတစ်ခွက်ထပ်သောက်ရမယ်..အဖျားက ကျသွားပြီဆိုတော့ ဆေးမထိုးပေးတော့ဘူး.."

"အင်း..မောင်လည်း နေလို့တော်တော်ကောင်းသွားပါပြီ..ကျေးဇူးတင်တယ်နော်..မောင့်အသေးလေး"

"မလိုပါဘူး..ငါ့ကိုယ်ငါ ငါအပြစ်ရှိသလို ခံစားရလို့ အခုလို ဂရုစိုက်ပေးတါ..အခြားဘာအ​ကြောင်းမှမရှိဘူး"

မောင့်ကို စိတ်ပူလို့ ကြင်နာယုယမှုတွေ ပေးနေတာလို့ရော ယုံကြည်လို့မရဘူးလား အသေးလေးရယ်။

"ငါတစ်ခုမေးမယ်..သေချာစဥ်းစားပြီးဖြေ.."

"....."

"မင်း မျက်စိပြန်မြင်ချင်လား"

"အင်း..မောင့်ဘဝမှာပထမဆုံး မက်မောမိတဲ့ ကလေးရဲ့ ပုံရိပ်လေးကို  တစ်ကြိမ်တစ်ခါလောက် ပဲ​ြဖ​စ်ဖြစ် ထပ်မြင်တွေ့ခွင့်ရချင်တယ်..ဒါပေမယ့်..မဖြစ်နိုင်.."

"ရပြီ..ဒီလောက်ဆို ရပြီ..ငါသိချင်တာဒါပဲ"

မောင့်အမြင်အာရုံတွေ ပြန်ကောင်းလာမှာကို စိတ်ပူနေသလား မောင့်အသက်။စိတ်ချပါ
မရဏဂိုဏ်းက အပြစ်ပေးခံရသူက ဘယ်တော့မှ အကောင်းပကတိပြန်မဖြစ်နိုင်ဘူးလေ။

"နားတော့..ငါ ဦးစံနဲ့ ဂေဟါတွေဘက် ခဏသွားဦးမယ်..စားချင်တာ မှာချင်တာရှိရင် ဖုန်းလှမ်းဆက်လိုက်"

ဦးစံလည်း သူဖွင့်ထားတဲ့ ဂေဟါတွေဘက် မရောက်ဖြစ်တာ ကြာပြီဖြစ်တာကြောင့် လေညှင်းနဲ့သွားဖို့ အစီစဥ်ဆွဲထားသည်။ကလေးတွေရဲ့ ကျန်းမာရေးစစ်ဆေးပေးတါတို့ လိုအပ်တာတွေ ဝယ်ခြမ်းစိစစ်ပေးတါတို့လည်း လုပ်ရင်းပေါ့။

ထထွက် မည်ပြုတော့ လက်ကိုလှမ်းဆွဲသူကြောင့်
ခြေလှမ်းတွေရပ်တန့်ပြီး နောက်လှည့်ကြည့်လိုက်တော့..

"ကားကို ဂရုစိုက် မောင်းနော် အသေးလေး..မောင်မပါတဲ့ လမ်းခရီးတွေကို စိတ်ပူလို့"

"အင်း.."

စကားကို အရင်လိုခက်ထန်မှုမရှိဘဲ စိုးရိမ်စိတ်
ပြည့်နှက်နေတဲ့ လေသံနဲ့ ခပ်အေးအေးပြောနေသူကြောင့် ရင်ထဲနွေးကနဲဖြစ်သွားမိတာတော့အမှန်။

"ဦးစံ..သားတို့ ဘယ်အချိန်လောက်သွားကြမလဲ"

"တို့တူဝရီးတွေ မနက်စာစားပြီးတာနဲ့ သွားကြမယ်လေ..ဂေဟါအကုန်လုံးကို သွားမှာဆိုတော့ နည်းနည်းစောစောသွားမှ အဆင်ပြေမှာ"

ထို့နောက် မနက်စာစားပြီးတာနဲ့ မိနွယ်နဲ့ကြီးလုံးကို လူဆိုးကောင်ကို နေ့လည်ဆေးတိုက်ဖို့ အသိပေးပြီးတာနဲ့ လေညှင်းကားလေးနဲ့ပဲ ထွက်လာခဲ့လိုက်သည်။

မနက်ကိုးနာရီမှာ မေတ္တာမွန်  ဂေဟါကိုရောက်ပြီးနောက် ကျန်းမာရေးစစ်ဆေးမှုတွေ လုပ်ပြီး ဦးစံက ဂေဟါအတွင်း လိုအပ်ချက်တွေ အဆောက်အုံတိုးချဲ့ဖို့်တွေ အသေးစိတ်ညွှန်ကြားရင်းနဲ့ နေ့လည်ရောက်လို့သွားသည်။

"စေတနာမွန် နဲ့ ဂရုဏာမွန် ဆီသွားရဦးမှာဆိုတော့ လမ်းက မြန်မာထမင်းဆိုင်ကောင်းကောင်းတစ်ခုမှာ ကားရပ်လိုက်..သား..အစာလွန်သွားရင် မကောင်းဘူး"

"ဟုတ်..ဦးစံ"

နာရီကြည့်တော့ နေ့လည် ဆယ်နှစ်နာရီကျော်ပြီမို့
စားသောက်ဆိုင်တစ်ခုမှာ ကားရပ်ပြီးတာနဲ့ မိနွယ်ဆီ ဖုန်းဆက်ဖို့ပြင်လိုက်သည်။

ဦးစံကတော့ မီနူးကြည့်ပြီး ဟင်းပွဲတွေ မှာဖို့လုပ်နေသည်။

"ဟယ်လို..ဆရာ"

"အေး..မိနွယ်..စက္ခကို နေ့လည်ဆေးတိုက်ပြီးပြီလား"

"မတိုက်ရသေးဘူး ဆရာ..ကိုလေးစက္ခပေါ့ နေ့လည်စာ ဆန်ပြုတ်နွေးပြီး အခန်းထဲပို့ပေးတါ မဆာသေးဘူး ဆိုလို့..မိနွယ် ဆေးထားခဲ့ပြီး ပြန်ထွက်လာတာ"

"ကျစ်!.ဆယ့်နှစ်ကျော်နေပြီကို သူက ဘာကိုမဆာသေးတာလဲ..ငါမရှိတာနဲ့ နေချင်သလိုနေနေတော့တာပဲ..ဟင်း"

"အင်း..ရပြီ မိနွယ်..ဆရာ သူ့ကို ဖုန်းဆက်ပြီးပြောလိုက်တော့မယ်.."

"ဟုတ်ကဲ့ ဆရာ"

"​ေဩာ်..ဒါနဲ့ ဆန်ပြုတ်ပန်းကန်ကို အသစ်လဲပေးလိုက်နော်..နွားနို့နဲ့ဆိုတော့ အေးရင်ညှီမှာစိုးလို့..ပြီးတော့ အသီးစားမယ်ဆိုလည်း လှီးပေးလိုက်နော်..မိနွယ်"

"အင်းအင်း...ဟုတ်ပြီ"

ဖုန်းကိုချပြီး လူဆိုးကောင်ကို တခါတည်းဖုန်းခေါ်လိုက်သည်။

"ဟယ်လို..အသေးလေး"

"အချိန်ကိုကြည့်...ဘယ်နှစ်နာရီရှိနေပြီလဲ မှော်စက္ခ..အစာစားပြီး ဆေးသောက်ဖို့ ငါပြောခဲ့တယ်မလား..အခုချက်ချင်း ဆန်ပြုတ်သောက်..ပြီးရင် မိနွယ်ထားခဲ့တဲ့ဆေးကိုသောက်ရမယ်..သက်သာနေလည်း ဆေးပတ်လည်အောင်သောက်ရမယ်..ငါပြောတာကြားလား"

"ဟုတ်ပါပြီ..မောင်အခု သောက်လိုက်ပါ့မယ်..အသေးလေး အခုပြန်လာနေပြီလား"

"ငါဆက်သွားရဦးမှာ..ညနေလောက်တော့ ရောက်မယ်ထင်တယ်...တကယ်လို့မိုးချုပ်လည်း
ငါ့ကိုထမင်းစားစောင့်မနေနဲ့..."

"အင်း..မောင်နားလည်ပါပြီ.."

"တီ"

ဖုန်းချပြီး အရှေ့ကိုကြည့်လိုက်တော့ ထမင်းစားစောင့်နေတဲ့ ဦးစံရဲ့ ခပ်ပြုံးပြုံး ဖြစ်နေတဲ့ မျက်နှာနဲ့ ထိပ်တိုက်တိုးသည်။ဦးစံအကြည့်ကို ရိပ်မိတာကြောင့် လေညှင်းခမျာ ရှက်ကိုးရှက်ကန်းနဲ့ ပန်းကန်ထဲက ခရင်းနဲ့ဇွန်းကို ကောက်ကိုင်ပြီး..

"အဟမ်း..စားကြမယ်လေ..ဦးစံ..ဟင်းတွေက စုံသားပဲ..တို့စရာလေးတွေလည်း ကောင်းမယ့်ပုံပဲနော်..အဟီး"

"ငါ့တူက မောင်စက္ခကို ဂရုစိုက်သားပဲ..ကောင်းတယ် ကောင်းတယ်..ဦးစံလည်း သားတို့နှစ်ယောက် အဲ့လိုအဆင်ပြေနေတာပဲ မြင်ချင်တာ.."

"မဟုတ်ပါဘူး..ဦးစံရာ..သား..သားက.."

"မရှက်ပါနဲ့ ငါ့တူရာ..ဟား..ဟား...ဦးစံနားလည်တယ်..ဟုတ်ပြီလား..ကဲကဲ စားကြတာပေါ့"

လေညှင်း လိမ်လို့မရတဲ့အထဲမှာ ဦးစံက ထိပ်ဆုံးက။ငယ်ငယ်ကတည်းက လက်ပွန်းတတီးနေခဲ့သူမို့ လေညှင်းနဲ့ပက်သက်ပြီး အရာရာ နားလည်ပေး
တတ်တဲ့ ဦးစံပါပေ။ဒါကြောင့်လည်း ဖေဖေမရှိတဲ့နောက်ပိုင်း ဦးစံအပေါ် အဖေလိုဦးလေးလိုတမျိုး သူငယ်ချင်းလိုတဖုံ ချစ်ခဲ့ရသည်မဟုတ်ပါလား။


#Thanks for reading

Syringa

TBC

**************************************

ေစလိုရာေစ..

(Zawgyi)


"အေႏြးထည္မလိုဘူး....မင္းရဲ႕ အေႏြးဓာတ္ေလးသာ ေမာင့္ကိုမွ်ေပးရင္ လုံေလာက္ၿပီ"

​ေျပာလည္းေျပာ လက္ကိုဆြဲခ်၍ ရင္ဘတ္ေပၚေမွာက္ရက္ေလး လဲက်လာတဲ့ ကိုယ္လုံးေသးေသးေလးကို တယုတယေထြးပိုက္လိုက္
သသည္။ႂကြက္သားအျပည့္လက္ေမာင္းတစ္ဖက္က ေခါင္းေအာက္ထိုးေပးလါၿပီး လက္တစ္ဖက္က ေလညႇင္းရဲ႕ ေခါင္းလုံးလုံးေလးက ဆံပင္ေလးေတြကို ပြတ္သပ္ၿပီး သူ့ရင္ခြင္အနား ဆြဲကပ္သည္။ေလညႇင္းထက္ ေခါင္းတစ္လုံးျမင့္ေနသူထံမွ ဝင္သက္ထြက္သက္ေႏြးေႏြးက နဖူးေပၚ႐ိုက္ခတ္လ်က္။

အရင္က လူဆိုးေကာင္အတင္းအက်ပ္ အႏိုင္ယူတုန္းကသာ အခုလို နီးနီးကပ္ကပ္ေနခဲ့ဖူးတာ။အခုလို အသားခ်င္းထိကပ္ၿပီး တစ္ဖက္သူရဲ႕ ပုံမွန္ထက္ပိုျမန္ေနတဲ့ ႏွလုံးခုန္သံကိုပါ ၾကားေနရတဲ့အခါ စိတ္ထဲမွာတမ်ိဳးပဲ။မႏွစ္ၿမိဳ႕တာလည္း မဟုတ္သလို သေဘာက်တာလည္း မဟုတ္ျပန္။ဒီအတိုင္း ကိုယ့္ကို တစ္စုံတစ္ေယာက္က အျပည့္အဝကာကြယ္ေပးထါးသလိုမ်ိဳး လုံၿခဳံေႏြးေထြးမႈကို ခံစားလာရတာ။

တကယ္ပဲ ဦးစံေျပာသလိုမ်ား ငါဥေပကၡာျပဳထားခဲ့တဲ့ မင္းရဲ႕ေမတၱာတရားက စစ္မွန္ေနခဲ့တာလား။

"အေသးေလး"

"ဟင္"

"ၾကားရလား..မင္းတစ္ေယာက္တည္းအတြက္ lmitedခုန္ေနတဲ့ ေမာင့္ရင္ခုန္သံေတြကို"

"မၾကားပါဘူး..သိလည္းမသိခ်င္ဘူး..မင္းဆက္ေျပာေနမယ္ဆို ငါအခန္းထဲက ထြက္သြားလိုက္ေတာ့မွာ..ၿငိမ္ၿငိမ္ေလးေနၿပီး အိပ္ေတာ့"

"ဟုတ္ပါၿပီ ေမာင္တိတ္တိတ္ေလးေနပါ႔မယ္..တစ္ေယာက္တည္းေတာ့ မထားခဲ့ပါနဲ႔"

ေလညႇင္း က်ိတ္ၿပဳံးမိသြားသည္၊အခု လူဆိုးေကာင္ျဖစ္ေနတဲ့ ပုံစံက အရြယ္မေရာက္ေသးတဲ့ ကေလးတစ္ေယာက္ ေနမေကာင္းလို႔ သူ့မိခင္အနားကပ္ၿပီး ဂ်ီက်ေနသလိုပဲ။သူ့အနားကေန ေလညႇင္းထြက္သြားမွာစိုးေနတာ။မင္းက ဒီလိုလည္း ကေလးဆန္တတ္ေသးတာလား အဟက္။

မနက္လင္းေတာ့ အိပ္ေပ်ာ္ေနသူကို အဖ်ားတိုင္းၾကည့္ေတာ့ အဖ်ားက်သြားၿပီမို႔ စိတ္​ေအးသြားသည္။ထို႔ေနာက္ ကိုယ္လက္သန္႔စင္ၿပီး ဘုရားေသာက္ေတာ္ေရလဲ ဆြမ္းကပ္ၿပီး ဘုရားဝတ္ျပဳဖို႔ျပင္လိုက္သည္။

ဦးစံဖြင့္ထားတဲ့ မိဘမဲ့ေဂဟါေတြဘက္ သြားဖို႔ေျပာထားသည္မို႔ ေဆး႐ုံခြင့္တရက္ယူထားလိုက္သည္။အခ်ိန္ရတာေၾကာင့္ ဘုရားေသခ်ာရွိခိုးၿပီးေနာက္အခန္းထဲက လူမမာအတြက္ မနက္စာတစ္ခုခုျပင္ဖို႔ စိတ္ကူးမိတာေၾကာင့္ ေအာက္ထပ္ဆင္းလာလိုက္သည္။

"ေဟာ..သားငယ္ေလးေတာင္ ႏိုးလာၿပီ..လာ..သား ႀကီးလုံး ဒီေန႔ေတာ့ မုန္႔ဟင္းခါးေလးခ်က္ထားတယ္.."

"မိႏြယ္ေရာ ႀကီးလုံး"

"အိပ္ရာသိမ္းေနတယ္ သားရဲ႕..ၿပီးရင္ထြက္လာလိမ့္မယ္"

"..."

"ကဲ..စားလို႔ရပါၿပီ..ႀကီးလုံး ဟင္းရည္ထည့္လိုက္ေတာ့မယ္ေနာ္"

"သား မစားေသးဘူး ႀကီးလုံး..ဟိုေလ..ေမွာ္စကၡ မေန႔ကအနာရွိန္နဲ႔ ဖ်ားေနလို႔..အဲ့ဒါ သားတစ္ခုခု လုပ္ေကြၽးမလားလို႔..မုန္႔ဟင္းခါးက် သူစားခ်င္မယ္မထင္ဘူး"

"ေအးေအး ဟုတ္တာေပါ႔..ေနမေကာင္းေတာ့ ဒါေတြ ဘယ္စားဝင္မွာလဲ...ေနဦး..ေနဦး ႀကီးလုံး ေရခဲေသတၱာဖြင့္ၾကည့္လိုက္ဦးမယ္..ၾကက္သားေလးမ်ားရွိမလားလို႔"

"......"

"အေတာ္ပဲ သားေရ..ရွိေသးတယ္..ဒါဆို ၾကက္သားဆန္ျပဳတ္ ပူပူေလး ႀကီးလုံး လုပ္ေပးမယ္ေလ..ေနာ္..ခဏေလးေစာင့္"

"ဟို..ႀကီးလုံး..သူက ႏို႔ဆန္ျပဳတ္ႀကိဳက္တာ..အဲ့ဒါ သားခ်က္လိုက္မယ္ေလ..သာကူေစ့နဲ႔ စပ်စ္ေျခာက္ရွိတယ္မလား"

"ေ​ဩာ္..ေအးေအး..ရွိတယ္ သားငယ္ေလး..ဟိုေန႔က ဒန္ေပါက္ခ်က္ခ်င္ခ်က္လို႔ရေအာင္ အခ်ိန္နဲ႔ဝယ္ထည့္ထားတယ္..အဲ့ဒီ မီးဖိုစင္ေပၚမွာပဲ..သားငယ္ေလး ႀကိဳက္သေလာက္ ယူသုံး"

ေျပာလို႔မဆုံးေသး မီးဖိုခန္းထဲဝင္ၿပီး ဆန္ျပဳတ္က်ိဳဖို႔ လုပ္ေနတဲ့ သားငယ္။ဒီကေလးက ေမာင္စကၡအေပၚ အေျပာသာဆိုးတာပါ ၊စိတ္ရင္းေလးကေတာ့ ေကာင္းရွာပါတယ္။အခုလည္းၾကည့္ေလ ဟိုကေလးအေပၚ မုန္းတယ္သာ ေျပာေနေပမယ့္ ေမာင္စကၡ ဘာႀကိဳက္လဲ ဘယ္လိုအစားစာစားတတ္လဲဆိုတာ သိေနပုံပဲ။မသိစိတ္က တစ္ဖက္လူကို အေသးစိတ္ကအစ သတိထားမိေနပုံေထာက္ ေမာင္စကၡကို သေဘာက်ေနတာပဲ ျဖစ္မွာပါေလ။

အရင္ဦးဆုံး ဆန္နဲ႔ႏို႔ကို အရင္ေရာၿပီး က်ိဳလိုက္သည္။ခဏေနေတာ့ ဆန္မေပ်ာ့မမာ အေနထားမွာ သာကူေစ့ေလးေတြထည့္ၿပီး အေပၚေအာက္ႏွံ႔ေအာင္ ေမႊေပးရင္း သုံးမိနစ္ခန္႔က်ိဳၿပီးေနာက္ အရသာထည့္တဲ့ အဆင့္ေရာက္ေလၿပီ။လူမမာကို ေကြၽးမွာမို႔ အခ်ိဳေလ်ာ့ထည့္ၿပီ္း သီဟိုဠ္ေစ့နဲ႔ စပ်စ္ေျခာက္ေလးေတြကို အေပၚယံက ျဖဴးခ်လိုက္ေတာ့ အနံ႔အရသာနဲ႔ ျပည့္စုံတဲ့ ႏို႔ဆန္ျပဳတ္ ပူပူေမႊးေမႊးေလး ရရွိေလသည္။

ထို႔ေနာက္ တခါစားပန္းကန္လုံးေလးထဲ ေသခ်ာထည့္ ေအာက္ခံပန္းကန္ျပားေလးခံၿပီး စားပြဲခုံပုေလးေပၚတင္ၿပီး လက္သုတ္ပဝါေလးပါယူ၍ အေပၚျပန္တက္လာခဲ့လိုက္သည္။

ႏို႔ဆန္ျပဳတ္ေလးက အနံ႔ရတာနဲ႔တင္ စားခ်က္စဖြယ္မို႔ လူဆိုးေကာင္ ႀကိဳက္ေလာက္မွာ အေသခ်ာပဲ။တခါ မိႏြယ္ဆီက ကိုေလးစကၡက ေနမေကာင္းရင္ ႏို႔ဆန္ျပဳတ္ပဲ ခ်က္ေပးရတာဟု နားစြန္နားဖ်ားၾကားမိထားသည္။ဒါေၾကာင့္ ႏို႔ဆန္ျပဳတ္ လုပ္ဖို႔ စိတ္ကူးရသြားျခင္း။

"ကြၽီ!"

အခန္းထဲ ဝင္သြားေတာ့ လူဆိုးေကာင္က အခုမွႏိုးသဘ္ထင္သည္။မ်က္ႏွာသစ္ၿပီး ေရစက္လက္နဲ႔ ဘယ္မွာထားမွန္းမသိတဲ့ မ်က္ႏွာသုတ္ပဝါကို စမ္းတဝါးဝါး ရွာ​လို႔ေနသည္။

အဲ့ေတာ့လည္း ဒီကမေနႏိုင္တဲ့ ေလညႇင္းကပဲ လက္ထဲက ပန္းကန္ကိုခ်ၿပီး ဗီ႐ိုဖြင့္ ရွာေပးရေတာ့သည္။

"ရွာမေနနဲ႔..ငါထားတဲ့ေနရာ မင္းသိမွာမဟုတ္ဘူး..ဖယ္..ကုတင္ေပၚမွာ သြားထိုင္ေန..ငါယူလာခဲ့မယ္"

"ေရာ့..ဒါငါမသုံးရေသးတဲ့ သဘက္အသစ္..မင္းစိတ္သန္႔သန္႔သုံးလို႔ရတယ္"

"ေမာင္မရြံတတ္ပါဘူး အေသးေလးရဲ႕"

"အပိုမေျပာနဲ႔..ျမန္ျမန္သုတ္..အဲ့ဒါနဲ႔ အေအးထပ္မိၿပီး ဖ်ားဦးမယ္"

"ၿပီးရင္ ဆန္ျပဳတ္ေသာက္လိုက္ဦး..ေ​ဩာ္..ငါလုပ္ထားတာမဟုတ္ဘူးေနာ္..ႀကီးလုံး လုပ္ေပးတါ.."

"ဟုတ္ပါၿပီ..ေမာင္လည္း အေသးေလးလုပ္လာတာလားလို႔လည္း မေမးမိပါဘူး"

"မဟုတ္ဘူး..တမင္သက္သက္ ကိုယ့္ကိုကိုယ္ အထင္ေတြဇြတ္ႀကီးေနမွာစိုးလို႔.."

"လာ..ဒီမွာ ေသခ်ာထိုင္ေနာ္..ပန္းကန္ ေပါင္ေပၚ ျပဳတ္က်မယ္..အခုမွ က်က္ကာစဆိုေတာ့ ပူပူေလာေလာႀကီး"

စကၡ ခိုးၿပဳံးလိုက္သည္၊ အေသးေလးက တကယ့္ကေလးေပါက္စေလးလိုပဲ၊ ဘာအေရာင္မွမဆိုးခံရေသးတဲ့ အျဖဴထည္ ပိတ္ကားခ်ပ္ေလး။အခုလည္းၾကည့္ေလ မလိမ္တတ္ပဲနဲ႔ သူခ်က္ထားတယ္ဆိုတာ သိသြားမွာစိုးလို႔ ျဖစ္ေနတာ အင္မတန္အသည္းယားစဖြယ္။

"အ!"

"ကဲ..ငါေျပာတယ္မလား..နည္းနည္းပါးပါး မႈတ္ၿပီး စားေလ..အပူေလာေလာႀကီး စားမွေတာ့ပူၿပီေပါ႔..ဟင္း"

"......"

ဆူလိုက္ေတာ့ မ်က္ႏွာငယ္ေလးျဖစ္သြားေတာ့လည္း ေလညႇင္းမွာ ရင္ထဲမေကာင္း။ငါ႔ႏွယ္ ေနမေကာင္းတဲ့သူကို သြားေအာ္ေနမိျပန္ၿပီ ေလညႇင္းသြဲ႕ေရ။

"ကဲပါ..တလက္စတည္း ငါပဲ အေအးခံၿပီး ခြံေကြၽးလိုက္ေတာ့မယ္..ေပး"

လက္ထဲက ဇြန္းကိုယူၿပီး ေသခ်ာအေအးခံၿပီး ကုန္သည္အထိ စိတ္ရွည္လက္ရွည္ ခြံ႕ေပးလါသူ။
ျဖစ္ႏိုင္ရင္ အေသးေလးနဲ႔ ဒီလိုႏွစ္ေယာက္တည္း အတူရွိေနခ်ိန္ေလးကို ရပ္လို္ရရင္ရပ္တန္႔ကာထားလိုက္ခ်င္သည္။

"ကုန္ၿပီ..ခဏေနရင္ ေဆးတစ္ခြက္ထပ္ေသာက္ရမယ္..အဖ်ားက က်သြားၿပီဆိုေတာ့ ေဆးမထိုးေပးေတာ့ဘူး.."

"အင္း..ေမာင္လည္း ေနလို႔ေတာ္ေတာ္ေကာင္းသြားပါၿပီ..ေက်းဇူးတင္တယ္ေနာ္..ေမာင့္အေသးေလး"

"မလိုပါဘူး..ငါ႔ကိုယ္ငါ ငါအျပစ္ရွိသလို ခံစားရလို႔ အခုလို ဂ႐ုစိုက္ေပးတါ..အျခားဘာအ​ေၾကာင္းမွမရွိဘူး"

ေမာင့္ကို စိတ္ပူလို႔ ၾကင္နာယုယမႈေတြ ေပးေနတာလို႔ေရာ ယုံၾကည္လို႔မရဘူးလား အေသးေလးရယ္။

"ငါတစ္ခုေမးမယ္..ေသခ်ာစဥ္းစားၿပီးေျဖ.."

"....."

"မင္း မ်က္စိျပန္ျမင္ခ်င္လား"

"အင္း..ေမာင့္ဘဝမွာပထမဆုံး မက္ေမာမိတဲ့ ကေလးရဲ႕ ပုံရိပ္ေလးကို  တစ္ႀကိမ္တစ္ခါေလာက္ ပဲ​ြဖ​စ္ျဖစ္ ထပ္ျမင္ေတြ႕ခြင့္ရခ်င္တယ္..ဒါေပမယ့္..မျဖစ္ႏိုင္.."

"ရၿပီ..ဒီေလာက္ဆို ရၿပီ..ငါသိခ်င္တာဒါပဲ"

ေမာင့္အျမင္အာ႐ုံေတြ ျပန္ေကာင္းလာမွာကို စိတ္ပူေနသလား ေမာင့္အသက္။စိတ္ခ်ပါ
မရဏဂိုဏ္းက အျပစ္ေပးခံရသူက ဘယ္ေတာ့မွ အေကာင္းပကတိျပန္မျဖစ္ႏိုင္ဘူးေလ။

"နားေတာ့..ငါ ဦးစံနဲ႔ ေဂဟါေတြဘက္ ခဏသြားဦးမယ္..စားခ်င္တာ မွာခ်င္တာရွိရင္ ဖုန္းလွမ္းဆက္လိုက္"

ဦးစံလည္း သူဖြင့္ထားတဲ့ ေဂဟါေတြဘက္ မေရာက္ျဖစ္တာ ၾကာၿပီျဖစ္တာေၾကာင့္ ေလညႇင္းနဲ႔သြားဖို႔ အစီစဥ္ဆြဲထားသည္။ကေလးေတြရဲ႕ က်န္းမာေရးစစ္ေဆးေပးတါတို႔ လိုအပ္တာေတြ ဝယ္ျခမ္းစိစစ္ေပးတါတို႔လည္း လုပ္ရင္းေပါ႔။

ထထြက္ မည္ျပဳေတာ့ လက္ကိုလွမ္းဆြဲသူေၾကာင့္
ေျခလွမ္းေတြရပ္တန္႔ၿပီး ေနာက္လွည့္ၾကည့္လိုက္ေတာ့..

"ကားကို ဂ႐ုစိုက္ ေမာင္းေနာ္ အေသးေလး..ေမာင္မပါတဲ့ လမ္းခရီးေတြကို စိတ္ပူလို႔"

"အင္း.."

စကားကို အရင္လိုခက္ထန္မႈမရွိဘဲ စိုးရိမ္စိတ္
ျပည့္ႏွက္ေနတဲ့ ေလသံနဲ႔ ခပ္ေအးေအးေျပာေနသူေၾကာင့္ ရင္ထဲေႏြးကနဲျဖစ္သြားမိတာေတာ့အမွန္။

"ဦးစံ..သားတို႔ ဘယ္အခ်ိန္ေလာက္သြားၾကမလဲ"

"တို႔တူဝရီးေတြ မနက္စာစားၿပီးတာနဲ႔ သြားၾကမယ္ေလ..ေဂဟါအကုန္လုံးကို သြားမွာဆိုေတာ့ နည္းနည္းေစာေစာသြားမွ အဆင္ေျပမွာ"

ထို႔ေနာက္ မနက္စာစားၿပီးတာနဲ႔ မိႏြယ္နဲ႔ႀကီးလုံးကို လူဆိုးေကာင္ကို ေန႔လည္ေဆးတိုက္ဖို႔ အသိေပးၿပီးတာနဲ႔ ေလညႇင္းကားေလးနဲ႔ပဲ ထြက္လာခဲ့လိုက္သည္။

မနက္ကိုးနာရီမွာ ေမတၱာမြန္  ေဂဟါကိုေရာက္ၿပီးေနာက္ က်န္းမာေရးစစ္ေဆးမႈေတြ လုပ္ၿပီး ဦးစံက ေဂဟါအတြင္း လိုအပ္ခ်က္ေတြ အေဆာက္အုံတိုးခ်ဲ႕ဖို့္ေတြ အေသးစိတ္ၫႊန္ၾကားရင္းနဲ႔ ေန႔လည္ေရာက္လို႔သြားသည္။

"ေစတနာမြန္ နဲ႔ ဂ႐ုဏာမြန္ ဆီသြားရဦးမွာဆိုေတာ့ လမ္းက ျမန္မာထမင္းဆိုင္ေကာင္းေကာင္းတစ္ခုမွာ ကားရပ္လိုက္..သား..အစာလြန္သြားရင္ မေကာင္းဘူး"

"ဟုတ္..ဦးစံ"

နာရီၾကည့္ေတာ့ ေန႔လည္ ဆယ္ႏွစ္နာရီေက်ာ္ၿပီမို႔
စားေသာက္ဆိုင္တစ္ခုမွာ ကားရပ္ၿပီးတာနဲ႔ မိႏြယ္ဆီ ဖုန္းဆက္ဖို႔ျပင္လိုက္သည္။

ဦးစံကေတာ့ မီႏူးၾကည့္ၿပီး ဟင္းပြဲေတြ မွာဖို႔လုပ္ေနသည္။

"ဟယ္လို..ဆရာ"

"ေအး..မိႏြယ္..စကၡကို ေန႔လည္ေဆးတိုက္ၿပီးၿပီလား"

"မတိုက္ရေသးဘူး ဆရာ..ကိုေလးစကၡေပါ႔ ေန႔လည္စာ ဆန္ျပဳတ္ေႏြးၿပီး အခန္းထဲပို႔ေပးတါ မဆာေသးဘူး ဆိုလို႔..မိႏြယ္ ေဆးထားခဲ့ၿပီး ျပန္ထြက္လာတာ"

"က်စ္!.ဆယ့္ႏွစ္ေက်ာ္ေနၿပီကို သူက ဘာကိုမဆာေသးတာလဲ..ငါမရွိတာနဲ႔ ေနခ်င္သလိုေနေနေတာ့တာပဲ..ဟင္း"

"အင္း..ရၿပီ မိႏြယ္..ဆရာ သူ့ကို ဖုန္းဆက္ၿပီးေျပာလိုက္ေတာ့မယ္.."

"ဟုတ္ကဲ့ ဆရာ"

"ေ​ဩာ္..ဒါနဲ႔ ဆန္ျပဳတ္ပန္းကန္ကို အသစ္လဲေပးလိုက္ေနာ္..ႏြားႏို႔နဲ႔ဆိုေတာ့ ေအးရင္ညႇီမွာစိုးလို႔..ၿပီးေတာ့ အသီးစားမယ္ဆိုလည္း လွီးေပးလိုက္ေနာ္..မိႏြယ္"

"အင္းအင္း...ဟုတ္ၿပီ"

ဖုန္းကိုခ်ၿပီး လူဆိုးေကာင္ကို တခါတည္းဖုန္းေခၚလိုက္သည္။

"ဟယ္လို..အေသးေလး"

"အခ်ိန္ကိုၾကည့္...ဘယ္ႏွစ္နာရီရွိေနၿပီလဲ ေမွာ္စကၡ..အစာစားၿပီး ေဆးေသာက္ဖို႔ ငါေျပာခဲ့တယ္မလား..အခုခ်က္ခ်င္း ဆန္ျပဳတ္ေသာက္..ၿပီးရင္ မိႏြယ္ထားခဲ့တဲ့ေဆးကိုေသာက္ရမယ္..သက္သာေနလည္း ေဆးပတ္လည္ေအာင္ေသာက္ရမယ္..ငါေျပာတာၾကားလား"

"ဟုတ္ပါၿပီ..ေမာင္အခု ေသာက္လိုက္ပါ႔မယ္..အေသးေလး အခုျပန္လာေနၿပီလား"

"ငါဆက္သြားရဦးမွာ..ညေနေလာက္ေတာ့ ေရာက္မယ္ထင္တယ္...တကယ္လို႔မိုးခ်ဳပ္လည္း
ငါ႔ကိုထမင္းစားေစာင့္မေနနဲ႔..."

"အင္း..ေမာင္နားလည္ပါၿပီ.."

"တီ"

ဖုန္းခ်ၿပီး အေရွ႕ကိုၾကည့္လိုက္ေတာ့ ထမင္းစားေစာင့္ေနတဲ့ ဦးစံရဲ႕ ခပ္ၿပဳံးၿပဳံး ျဖစ္ေနတဲ့ မ်က္ႏွာနဲ႔ ထိပ္တိုက္တိုးသည္။ဦးစံအၾကည့္ကို ရိပ္မိတာေၾကာင့္ ေလညႇင္းခမ်ာ ရွက္ကိုးရွက္ကန္းနဲ႔ ပန္းကန္ထဲက ခရင္းနဲ႔ဇြန္းကို ေကာက္ကိုင္ၿပီး..

"အဟမ္း..စားၾကမယ္ေလ..ဦးစံ..ဟင္းေတြက စုံသားပဲ..တို႔စရာေလးေတြလည္း ေကာင္းမယ့္ပုံပဲေနာ္..အဟီး"

"ငါ႔တူက ေမာင္စကၡကို ဂ႐ုစိုက္သားပဲ..ေကာင္းတယ္ ေကာင္းတယ္..ဦးစံလည္း သားတို႔ႏွစ္ေယာက္ အဲ့လိုအဆင္ေျပေနတာပဲ ျမင္ခ်င္တာ.."

"မဟုတ္ပါဘူး..ဦးစံရာ..သား..သားက.."

"မရွက္ပါနဲ႔ ငါ႔တူရာ..ဟား..ဟား...ဦးစံနားလည္တယ္..ဟုတ္ၿပီလား..ကဲကဲ စားၾကတာေပါ႔"

ေလညႇင္း လိမ္လို႔မရတဲ့အထဲမွာ ဦးစံက ထိပ္ဆုံးက။ငယ္ငယ္ကတည္းက လက္ပြန္းတတီးေနခဲ့သူမို႔ ေလညႇင္းနဲ႔ပက္သက္ၿပီး အရာရာ နားလည္ေပး
တတ္တဲ့ ဦးစံပါေပ။ဒါေၾကာင့္လည္း ေဖေဖမရွိတဲ့ေနာက္ပိုင္း ဦးစံအေပၚ အေဖလိုဦးေလးလိုတမ်ိဳး သူငယ္ခ်င္းလိုတဖုံ ခ်စ္ခဲ့ရသည္မဟုတ္ပါလား။


#Thanks for reading

Syringa

TBC

**************************************

Continue Reading

You'll Also Like

1.1M 89.4K 126
credit to original author Shui Qian Cheng. This story belongs to Rosy0513 . I am just a translator. This cover photo is not belong to me.
2.9K 156 5
ရည်ညွှန်းဖွဲ့သီ သူ့ထံဆီ ( ရည္ၫႊန္းဖြဲ႕သီ သူ႕ထံဆီ)
297K 10.8K 59
မောင်တစ်ယောက်တည်းသာပိုင်ဆိုင်ချင်တယ်လို့ ပြောခဲ့တဲ့မောင်ကိုယ်တိုင်က တခြားတစ်ယောက်ရဲ့အပိုင်ဖြစ်နေတဲ့အခါ ညမွှေးပန်းတွေဟာ ငိုတတ်သလားမောင် ... ဟင့်အင်း...
231K 22.7K 73
ဇာတ်လိုက်က အရင်ဘဝတုန်းက အပယ်ခံလေးဖြစ်ပြီးတော့ ရုပ်သေးဘုရင် အဖြစ် ဖိအားပေးခံခဲ့ရတယ်။ ပြီးတော့ တော်ဝင်နန်းတော်ကနေ ဝိုင်းပြီးတော့ အနိုင်ကျင့်ခဲ့တဲ့ စစ်သ...