ကမၻာႀကီး၏ အခ်စ္ ဆြဲအား ( ကမ...

By koeekhoon

91.3K 9.5K 869

အျခားသူေတြအတြက္ ကမၻာႀကီးက လံုးလား ျပားလား မသိေပမဲ့ ေဘဘီ့ကမၻာႀကီးက လံုးတယ္ဗ်။ ငါတို႔ ကမၻာႀကီးက အလံုး။ ကမၻာႀကီ... More

Introduction
1
2
3
4
5
6
7
8
9
10
11
12
14
15
16
17
18
19
❕19.5 ❕
20
21
22
23
24
25
26
❗26.5❗
27
28
Final
တစ္ႏွစ္ျပည့္ အခ်ပ္ပို ( တစ်နှစ်ပြည့် အခ်ပ္ပို )
Extra - 1
Extra - 2

13

2.4K 331 28
By koeekhoon

                             အပိုင္း ( ၁၃ )

အဏၰဝါျပည့္စံု ရန္ျဖစ္လို႔ဆိုတဲ့စကားေၾကာင့္ ကမၻာ ကားေသာ့ကို ဆြဲၿပီး အိမ္ရာ ကားပါကင္မွာ ထိုးထားသည့္ကားကို ကမန္းကတန္း ေမာင္းထြက္လာခဲ့သည္။ လမ္းမွာလည္း မီးပြိဳင့္ေတြကို ျဖတ္ေမာင္းေနမိတာလည္း မသိေတာ့။ ပံုမွန္အျမန္ႏႈန္းထက္ ပိုေမာင္းေနသည္ဆိုေပမဲ့ သူ႔စိတ္ထဲမွာ ေႏွးေနသလိုပင္။

ကမၻာ ေဘဘီနဲ႔ ရန္ျဖစ္သည့္ေကာင္ေတြ၏ ေ-ာက္ခြက္ကို ျဖတ္႐ိုက္ခ်င္စိတ္က တဖြားဖြား။ ကားစီယာတိုင္ ကိုင္ထားသည့္ လက္ေတြက တင္းတင္းၾကပ္ၾကပ္။ အေၾကာစိမ္းေတြက ေထာင္ေနၿပီး ေမး႐ိုးႀကီးေတြက ထင္းထြက္ေနသည္။

ကမၻာ ေဘဘီ ရန္ျဖစ္သည့္ Clubကို ေရာက္တယ္ဆို ကားကို Clubေ႐ွ႕ဝင္ေပါက္မွာ ပိတ္ရပ္ၿပီး ဝင္ေပါက္ဆီကို ေျပးလာခဲ့သည္။

ဝင္ေပါက္ေ႐ွ႕က Security Guardေတြက တားေနသည္ေၾကာင့္ ကမၻာ ေဘးက ေတြ႔ရာကို ေကာက္ကိုင္ၿပီး ႐ိုက္ဖို႔ရြယ္ေတာ့ ဝင္လာကတည္းက သူ႔ကို လန္႔ေနၾကသည့္ သူေတြက တစ္ခါတည္း ေဘးသို႔ ႐ွဲသြားၾကသည္။

ကမၻာ ဝုန္းဒိုင္းၾကဲၿပီး Clubထဲကို ဝင္သြားတယ္ဆို အပ်က္အစီးမ်ားၾကားမွာ ထိုးႀကိတ္သတ္ေနၾကသည္။

ကမၻာ ေဘးမွာ က်ေနသည့္ ေဘ့စ္ေဘာလ္တုတ္တံကို ေကာက္ယူၿပီး ေဘးမွာ လဲက်ေနသည့္ စားပြဲကို ဒုန္းခနဲ ႐ိုက္ခ်လိုက္ေတာ့ ထိုးႀကိတ္သတ္ေနၾကသည့္သူေတြ၏ အၾကည့္မ်ားက သူ႔ဆီမွာ....။

သူ႔မ်က္လံုးက ေဘဘီ့ကို လွည့္ပတ္႐ွာေနေပမဲ့ မေတြ႔။ ကမၻာ့စိတ္က စိုးရိမ္ေဒါသေတြနဲ႔ ႐ႈပ္ေထြးေနသည္။ ဘာကိုမွ မစဥ္းစားႏိုင္ဘဲ ကမၻာ၏ ဦးေႏွာက္က zero။

" ဟာကြာ!!! "

ဒုန္း! ခလြမ္း! ဘုန္း! ဝုန္း!

ကမၻာ ေဘးမွာ လဲက်ေနသည့္ ခံုေတြ စားပြဲေတြကို ေဘ့စ္ေဘာလ္တုတ္တံနဲ႔ ႐ိုက္ၿပီး ကန္ေၾကာက္ေနသည္။

Clubအတြင္းမွာ ထိုးႀကိတ္သတ္ေနၾကသည့္သူေတြသည္လည္း ႐ုတ္တရက္ ေရာက္လာၿပီး ဝုန္းဒိုင္းၾကဲေနသည္အတြက္ ျပဴးေၾကာင္ ၾကည့္ေနၾကသည္။

" အဏၰဝါျပည့္စံု!! "

ဒုန္း! ခလြမ္း! ဘုန္း! ဘုန္း!

ကမၻာ ေဘဘီ၏နာမည္ကို ေခၚၿပီး တုတ္တံနဲ႔ လက္ျပန္ ႐ိုက္ခ်ၿပီး လဲက်ေနသည့္ ခံုေပၚ ေျခတစ္ဖက္ တင္ကာ မိုက္တဲ့ေကာင္ ထြက္ခဲ့ဆိုတဲ့ အမူအရာမ်ိဳးနဲ႔ မ်က္ႏွာက ေမာ္ခ်ီေနသည္။

" ေဟ့! ကမၻာ!!! ငါ ဒီမွာ!!!!! "

ေဘဘီလံုး ရန္ပြဲ အစက......

မိန္းကေလး ထြက္သြားေတာ့ ျဖဴျဖဴေသးေသးေကာင္ေလး တစ္ေယာက္ ေရာက္လာၿပီး သူ႔ပခံုးကို ပြတ္သပ္ကာ ပြတ္သီးပြတ္သပ္ လုပ္ေနသည္။

သူ႔ဘဲႀကီး ေရာက္လာၿပီး ရန္ပြဲက စျဖစ္သည္။ အစကတည္းက ရန္စ႐ွိသည့္ေကာင္ေတြက ထိုဘဲႀကီးကို သူ႔ဘက္ကေန ဝိုင္းသမေပးသည္။

ဘယ္က ဘယ္လို သတင္းက ကမၻာ့ဆီ ေရာက္သြားလဲ မသိ။ ေအာက္မွာ တဒုန္းဒုန္း တဝုန္းဝုန္း ျဖစ္ေနသည္ကို ထိုးႀကိတ္ေနၾကသည္ပင္ ထင္ေပမဲ့ ကြၽန္ေတာ္ ကမၻာ ေရာက္လာတာ နာမည္ ေခၚမွ သိတယ္။

အဟက္! ကမၻာဆိုတဲ့ အာ့လိုပဲ.....

ကမၻာ ေဘဘီလံုး၏ အသံေၾကာင့္ ေလွကားလက္ရန္းကို ေက်ာ္ခြကာ Clubအေပၚထပ္ကို ေလ အလ်င္နဲ႔ တက္သြားသည္မွာ လ်ွက္တျပတ္အတြင္း....။

ကမၻာ ေဘဘီ၏ အနားကို ေရာက္တယ္ဆို ေဘဘီ့တစ္ကိုယ္လံုးကို စစ္ေဆးၿပီး ပခံုးကို ဆုတ္ကိုင္လိုက္ေတာ့ အာ့ဟု ေအာ္လိုက္ေသာ ေဘဘီလံုး၏ အသံေၾကာင့္ မ်က္ဝန္းတို႔က စူးရဲေနသည္။

" ေျပာ! ဘယ္ကာင္ လုပ္တာလဲ "

" ဖယ္ပါကြာ ရန္ျဖစ္ေနတာကိုး...."

ေဘဘီလံုး သူ႔ပခံုးကို ဆုတ္ကိုင္ထားသည့္ ကမၻာ၏လက္ကို ပုတ္ခ်ၿပီး ရန္ဆက္ျဖစ္ဖို႔ လွည့္လိုက္ေပမဲ့ ကမၻာက ေဘးနားက စားပြဲကို ဒုန္းခနဲ ကန္ခ်လိုက္သည္။

" ဘယ္ေ-ြးကာင္ ငါ့ေဘဘီကို လုပ္တာလဲ!! "

ကမၻာ၏အသံက clubအတြင္း ဟိန္းထြက္သြားသည္။ ထိုခါမွ ႏွစ္ဖက္စလံုး အံုးအံုးႂကြႂကြ ျဖစ္လာၾကသည္။

" အားကိုး႐ွိလို႔ မိုက္ေနတာ ခြပ္ "

ေဘဘီလံုး၏ မ်က္ႏွာကို ခြပ္ခနဲ ထိုးခ်လိုက္သည့္ ဘဲႀကီး၏ အားက ေဘဘီလံုး၏ ႏႈတ္ခမ္းေထာင့္ ေပါက္ျပဲသြားၿပီး ဟန္ခ်က္ပ်က္သြားသည္။

ကမၻာ ထိူလူႀကီးကို ေျပးကာ ရင္ဝကို ေဆာင့္ကန္ၿပီး အေပၚစီးကေန ခြကာ ထိုးေနသည္။ သူ တစ္ျပန္ ကိုယ္ တစ္ျပန္ ထိုးႀကိတ္ေနၾကသည္။

ေဘဘီလံုး ကမၻာ့အေပၚကေန ထိုးေနသည့္ ထိုလူႀကီးကို ေနာက္ကေန ေဆာင့္ကန္ခ်လိုက္သည္။ ေဘးတိုက္ ကန္လိုက္သည့္အ႐ွိန္ေၾကာင့္ ေဘးကို လဲက်သြားသည္။

ေဘဘီလံုး ေဘးက ေဘ့စ္ေဘာလ္တုတ္တံကို ေကာက္ကိုင္ၿပီး လြဲ႐ိုက္ပစ္သည္။

" ေနာက္ခါ ငါ ပိုင္တဲ့လူကို ထိဖို႔ မႀကိဳးစားနဲ႔ "

~~~~~~~~~~~~~~~~~~~~~~~~~~

Clubမွာ ရန္ပြဲသိမ္းေတာ့ clubအတြင္းပိုင္း တစ္ခုလံုး ရစရာ မ႐ွိေအာင္ ပ်က္စီးေနသည္။ ေဘဘီလံုး မ်က္ခြက္ပိတ္ထိုးခံရသည့္ ကမၻာကို ေဘးမွာ ထိုင္ခိုင္းၿပီး ကားကို ကြန္ဒိုကို ေမာင္းခဲ့သည္။

ျပႆ     နာ ဒယ္ဒီ ႐ွင္းလိမ့္မယ္....

ဒုန္း! တီ! တီ! တီ! ဝူး!

ကမၻာ ကားစီယာတိုင္ကို လက္သီးနဲ႔ ဒုန္းခနဲ ထုခ်လိုက္ေတာ့ ေနာက္ကားေတြဆီက ဟြန္းသံေတြ စီရီကာ ထြက္လာၿပီး ေက်ာ္တက္သြားၾကသည္။

" က်စ္ ဘာလို႔ လိုက္လာတာလဲ "

စိတ္မ႐ွည္သည့္ေလသံႏွင့္ ေမးေတာ့ ကားမွန္မွ တစ္ဆင့္ အျပင္ဘက္ကို ေငးေနသည့္ ကမၻာက လွည့္ၾကည့္လာသည္။

" စိတ္ပူလို႔ "

" ဘယ္ေကာင္က စိတ္ပူခိုင္းလို႔ ပူေနတာလဲ! "

ေအးစက္စက္ မ်က္ႏွာထားနဲ႔ စကားသံ ထြက္လာေတာ့ ကားကို တည့္တည့္ေမာင္းေနသည့္ ေဘဘီလံုးက ခနဲသည္။

ကမၻာ့ကို စိတ္ဆိုးၿပီး ထြက္သြားသည့္ ေဘဘီ ျပန္မလာေတာ့ စိတ္ပူသည္။

" ငါ့စိတ္နဲ႔ ငါ့ကိုယ္ စိတ္ပူတယ္ဆိုေပမဲ့ ေဘဘီ ခႏၶာ တစ္ခုလံုး ထိခိုက္႐ွနာဆိုတာ ငါ လံုးဝ မျမင္ခ်င္ဆံုး အရာပဲ "

ကမၻာ ေဘဘီ့ကို ခ်စ္သည္။ ညီအစ္ကိုလို သူငယ္ခ်င္းလို မဟုတ္။ ခ်စ္သူတစ္ေယာက္လို ခ်စ္သည္။ ဒီအမွန္တရားက အခုမွ မဟုတ္။ လြန္ခဲ့တဲ့ ၁၀ႏွစ္ေက်ာ္ကတည္းက ျဖစ္တည္လာသည့္ အမွန္တရား။

လိင္တူ လိင္ကြြဲဆိုတာ ပတ္ညက္ခ်က္ တစ္ခု။ လူအခြင့္အေရးဆိုၿပီး ေအာ္ေႂကြးေနသည့္ လူေတြက လူ,လူခ်င္း ခ်စ္တာကို နားလည္ေပးႏိုင္ပါ့မလား???

" ငါ့ ခႏၶာနဲ႔ငါ၊ ငါ့ကိုယ္ငါ ပိုင္တယ္ "

ေဘဘီလံုး၏အသံက ဩ႐ွ႐ွ။ ရန္ပြဲမွာတုန္းက ငါ ပိုင္တဲ့လူလို႔ ေျပာထားတာ သူ မဟုတ္သည့္အတိုင္း။

စကားသံတို႔က တိတ္ဆိတ္သြားေပမဲ့ ရင္ထဲမွာေတာ့ ဗေလာင္ဆူေနၾကသည္။

ငယ္ကတည္းက သံေယာဇဥ္က အခ်စ္အျဖစ္ ေျပာင္းလဲသြားတာလားဆိုရင္ မဟုတ္ဘူးလို႔ ျငင္းလို႔ေတာ့ မရဘူးေပါ့။ အေနနီးလို႔ ခ်စ္တာလားဆိုရင္ သူတို႔ႏွစ္ေယာက္ ႐ွစ္ႏွစ္ေက်ာ္ေလာက္ ေဝးကြာၿပီး အခုမွ ျပန္ေတြ႔တာပဲ။

ငယ္ သံေယာဇဥ္က သူတို႔အခ်စ္ေတြကို ပိုခိုင္ျမဲေစတဲ့ ႀကိဳးတစ္ေခ်ာင္း။ သံေယာဇဥ္ဆိုတာ ျဖတ္ရခက္တယ္။ အခ်စ္ကမွ ကံတရား၏ မ်က္လွည့္ဆန္ဆန္ျပကြက္ၾကားမွာ အမုန္း၊ အၿငိဳးေတြ ပါဝင္တတ္၊ ေျပာင္းလဲတတ္ေသးသည္။

အခ်စ္ဆိုတာ တကယ္႐ွိလား မ႐ွိလား မသိေပမဲ့ ေဘဘီ့ကို ခ်စ္ေနရတာနဲ႔ကို သူ႔ကမၻာက ျပည့္စံုေနၿပီ။

ကားက အေဆာက္အဦး၏ ကားပါကင္တြင္ ထိုးရပ္သြားသည္ႏွင့္တစ္ၿပိဳင္နက္ ႐ိုး႐ိုးေလွကားကေနပဲ တက္ခဲ့ၾကသည္။

" ဝုတ္ ဝုတ္ ဝုတ္ "

" ဂိန္ ကိန္ ဂီ "

တံခါးဖြင့္ၿပီး ဝင္လိုက္တာနဲ႔ မီယာ၏ ေဟာင္သံက ထြက္လာေတာ့ ေဘဘီလံုး မဲမဲျမင္ရာ အခုခ်ိန္မွာ သတ္ခ်င္ခ်ိန္ ျဖစ္ေနေတာ့ သူ႔ေျခေထာက္ၾကား ပြတ္သီးပြတ္သပ္ လာလုပ္သည့္မီယာကို ကန္ထုတ္ပစ္လိုက္သည္။

" ေျမာင္ ေျမာင္ ေျမာင္ "

ေဘဘီလံုး၏ ေဒါသတႀကီး ကန္လိုက္တာေၾကာင့္ ႐ွားပါးကပါ တေျမာင္ေျမာင္ ေအာ္ၿပီး ေထာင့္ကပ္သြားသည္။

ကမၻာ ေဘဘီ့ကို အထူးအဆန္းလုပ္ၿပီး ေျပာမေနေတာ့ဘဲ ေထာင့္က ႐ွားပါးကို ေပြ႔ယူၿပီး အိပ္ရာထဲကို သြားထားသည္။

မီယာက တအီအီ ေအာ္ကာ ေနေပမဲ့ ေနရာက မထ။ ကမၻာ မီယာကိုပါ ပြတ္သပ္ၿပီး ႏွိပ္နွယ္ေပးကာ သူ႔ေနရာမွာ ထားလိုက္သည္။

ဒုန္း!

ေဘဘီ ေခြးနဲ႔ေၾကာင္ကို တယုတယ လုပ္ေနသည့္ေကာင္က သူ႔ကိုက် မေခ်ာ့။

ကမၻာ အခန္းထဲကို ဝင္တယ္ဆို ေဘဘီ့ကို မေတြ႔။ ေရခ်ိဳးခန္းတံခါးနား ကပ္ၿပီး နားေထာင္ေတာ့ တဝုန္းဝုန္း တဒိုင္းဒိုင္းအသံေတြေၾကာင့္ ကမၻာ သက္ျပင္းသာ ခ်လိုက္သည္။

ဘယ္တုန္းက ဒီလိုေတြ ေျပာင္းလဲသြားတာလဲ ေဘဘီရာ.....
ငါ ဒီတိုင္းေလးပဲ မင္း ထိခိုက္မွာကို မလိုခ်င္တာ.....

ကမၻာ မွန္ေ႐ွ႕ သြားရပ္လိုက္ေတာ့ သူ႔မ်က္ႏွာက ေပါက္ျပဲ ဖူးေယာင္ေနသည္။ သူ႔လက္ဆစ္ေနရာေတြမွာလည္း နီရဲကာ ပြန္းေနသည္။

အာ့!

ကမၻာ ေပါက္ျပဲေနသည့္ႏႈတ္ခမ္းေနရာကို လက္ညိဳးနဲ႔ ဖြဖြ ပြတ္ဆြဲလိုက္ေတာ့ စပ္ျဖန္းျဖန္း။

" -ီးမလို႔ နာေနတာ သြားကိုင္ေနတာလား "

ေနာက္ကေန ေဘဘီ့အသံေၾကာင့္ ကမၻာ လွည့္ၾကည့္လိုက္သည္။ ဘယ္ခ်ိန္ကတည္းက ေရာက္ေနသည္လည္း မသိ။

" ခ်ိဳးၿပီးၿပီလား ငါ ခ်ိဳးလိုက္အံုးမယ္ "

ကမၻာ ေျပာၿပီး ေရခ်ိဳးခန္းထဲကို ဝင္သြားသည္။ ေဘဘီ ေဆးေသတၱာကို ယူၿပီး ေမြ႔ရာေပၚမွာ တက္ထိုင္ေနသည္။

" လာခဲ့ "

ေရခ်ိဳးၿပီး Bathrobeတစ္ထည္သာ ဝတ္ထားသည့္ ကမၻာ့ကို ေခၚလိုက္ေတာ့ ေခါင္းကို မသုတ္ဘဲ ေရစက္လက္နဲ႔ တက္လာသည္။

" ေခါင္းငံု႔ "

ကမၻာ ေဘဘီ့ေ႐ွ႕ တင္ပ်ဥ္ေခြ ထိုင္ကာ ေခါင္းငံု႔ေပးလိုက္ေတာ့ တဘတ္တစ္ထည္က သူ႔ေခါင္းေပၚ ေရာက္လာၿပီး လက္ေတြက ညင္ညင္သာသာ ေျပးလႊားေနသည္။

ေဘဘီလံုး လက္ေတြကို ဖြဖြဆုတ္ထားသည့္ ကမၻာ၏ လက္ဆစ္ေတြကို ၾကည့္မိေတာ့ နီရဲကာ ေရခ်ိဳးထားေသာေၾကာင့္ ႏူးေနသည္။

ကမၻာ့ခႏၶာကိုယ္မွာ ထိခိုက္႐ွနာေတြ ျမင္ရတာ သူ႔ႏွလံုးသားကို အပ္နဲ႔ထိုးေနသလိုပင္.....။ သူ တစ္ေယာက္တည္း မျမင္ရက္သလို ေျပာေနတာ....။

အခ်စ္ေတြဆိုတာ သူနဲ႔အတူ ေမြးကတည္းက ေပါက္ဖြားလာတာ။ ဖူးစာေရးနကၡတ္နဲ႔ ေမြးလာတာလို႔ မမယ္ ေျပာသလို။

ေခါင္းေပၚက လက္က ရပ္တန္႔သြားေတာ့ ကမၻာ ေမာ့ၾကည့္မိေတာ့ သူ႔လက္ကို ၾကည့္ေနသည့္မ်က္လံုးေတြက ေဆြးရိပ္ေတြ ထင္.....။

" ေဘဘီ "

" ငါ ဘယ္ခ်ိန္ကတည္းကဆိုတာ မသိေပမဲ့ မင္းကို ငါလဲ အထိခိုက္မခံႏိုင္ဘူး "

ကမၻာက တိုးတိုးေလး ေခၚေတာ့ ေဘဘီလံုး၏ႏႈတ္က ထြက္က်လာသည့္ စကားလံုးေတြက တုန္တုန္ရီရီ။

ကမၻာ ေဘဘီ၏ အခုလို ျဖစ္ေနပံုကို တစ္ခါမွ မေတြ႔ဖူးတာေၾကာင့္ သူ႔ရင္ထဲ အင္အားႀကီး လိႈင္းတစ္လံုး ျဖတ္႐ိုက္ခတ္သြားသည္။

" အာ ေဘဘီ "

႐ုတ္တရက္ မ်က္ရည္ေတြ ပါးျပင္ေပၚကို တလိမ့္လိမ့္ စီးဆင္းက်လာေတာ့ ကမၻာ ေျခမကိုင္မိ လက္မကိုင္မိ ေမ်ာက္သစ္ကိုင္း လြတ္သလိုပင္.....။

" မငိုနဲ႔ေလ ငါ ဘာမွ မျဖစ္ဘူးေလ "

ေဘဘီက မေက်နပ္ရင္ ငယ္ငယ္က အာျဗဲႀကီးနဲ႔ ငိုတတ္ေပမဲ့ အခုက အသံတိတ္ငိုေနသည္။

ငယ္ငယ္က မုန္႔ေကြၽးရင္ အငိုတိတ္ေပမဲ့ အခုက မုန္႔ေကြၽးလည္း အငိုတိတ္မွာ မဟုတ္ဘူး။

" မငိုနဲ႔ကြာ မင္း ငိုေတာ့ ငါ့ႏွလံုးသားေလးကလည္း ငိုေနၿပီ "

ဒါ သြယ္ဝိႈက္ ရည္းစားစကားစကား ေျပာေနတာလား။ မဟုတ္ေလာက္ပါဘူး၊၊

" မင္း! "

" အင္း ငါ ေဘဘီ့ကို ခ်စ္တယ္ အထိခိုက္မခံႏိုင္ေလာက္ေအာင္ ခ်စ္တယ္။ ေဘဘီက ငါ ဘယ္ေတာ့မွ မရပ္တန္႔ခ်င္တဲ့ သံသရာေလး။ ငါ့ကမၻာက အဏၰဝါျပည့္စံုဆိုတဲ့ ရပ္ဝန္းမွာပဲ ဗဟိုျပဳၿပီး လည္ပတ္ေနတာ "

ကမၻာ၏ အခ်စ္အတိျဖင့္ အပ္ႏွင္းေသာ စကားတို႔က သူ႔ႏွလံုးသားထက္မွာ ေက်ာက္နဲ႔ထြင္းသလို မွတ္တမ္းတင္ေနသည္။

ဘယ္သူက စ,ခ်စ္မိလဲဆိုတာ မသိေပမဲ့ ဖြင့္ေျပာတာက.....

" ေဘဘီ လက္မခံႏိုင္ဘူးဆိုရင္လည္း ငါ့ကို ျငင္းပါ။ ငါက ဒီတိုင္းေလးပဲ ဒီတိုင္းေလးပဲ ခ်စ္တာမလို႔ပါ "

ေဘဘီလံုးက သူ႔ကို ေငးၾကည့္ရင္း မ်က္လံုးထဲမွာ အေရာင္မ်ိဳးစံု ျဖတ္ေျပးေနေတာ့ ကမၻာ ေဘဘီ၏မ်က္ႏွာကို မဝံ့မရဲ ၾကည့္ကာ ေျပာသည္။ ေနာက္ဆံုး အဖ်ားခတ္ တုန္ရီသြားေတာ့ သူ႔ႏွလံုးသားကို ဖ်စ္ညႇစ္လိုက္သလိုပင္။

" ငယ္ "

ကမၻာ ေဘဘီ၏လုပ္ရပ္ေၾကာင့္ ဆြံအသြားသည္။ ေဘဘီက အခု ဘာလုပ္လိုက္တာလဲ။ ဟင့္အင္း မဟုတ္ဘူးမလား။ သူ ထင္ေယာင္ထင္မွား ျဖစ္ေနတာမလား။

အေၾကာင္းမွာ ေဘဘီလံုး တုန္ရီေနသည့္ ကမၻာ၏ ႏႈတ္ခမ္းဖ်ားေလးကို ထိကပ္တယ္ဆိုရံုမွ နမ္း႐ိႈက္လိုက္သည္။

ခ်ိဳတယ္။ အီတယ္။ ႏူးညံ့တယ္။

ခဏေလးဆိုမွ ခဏေလးပဲ။ ၾကာခ်ိန္က တစ္စကၠန္႔ေၾကာင့္ ျပည့္ပါ့မလား မသိေပမဲ့ ရင္ထဲမွာ ဝုန္းဒိုင္းၾကဲေနသည္။

ရန္ျဖစ္ရင္ေတာင္ ဒီေလာက္ ေၾကာက္လန္႔တုန္ရီေနမွာ မဟုတ္ေပမဲ့ တစ္စကၠန္႔ေတာင္ မၾကာလိုက္တဲ့ အခ်ိန္က သူတို႔ရင္ေတြထဲ တလွပ္လွပ္။

ဟူး....

ႏွစ္ေယာက္လံုး ရင္ထဲမွာ သက္ျပင္း႐ွည္ႀကီးေတြ ခ်မိသည္။ တစ္ေယာက္မ်က္ႏွာ တစ္ေယာက္ စိုက္ၾကည့္မိသည္။ တစ္ေယာက္နဲ႔တစ္ေယာက္ နားမလည္တဲ့မ်က္ဝန္းေတြက ခ်စ္ရည္လဲ့ေနသည္။

" ခ်စ္တယ္ "

စကားလံုးေလးက ႏွစ္လံုးတည္း။ တစ္လံုးသမားလံုး အခု ႏွစ္လံုးတည္းနဲ႔ သူ႔အခ်စ္ကို ဖြင့္ျပသည္။

" ငါ ငယ့္ကို ခ်စ္လိုက္တာ "

တစ္လံုးသမား၏ ရင္ထဲက အခ်စ္တို႔က ျပည့္သိပ္ၾကပ္တင္းလြန္းရာကေန အံထြက္က်လာသည္။

တစ္ေယာက္နဲ႔တစ္ေယာက္ အၾကည့္က နားလည္မႈ ျမတ္ႏိုးျခင္း အျပည့္။ ခ်စ္မိၿပီဆိုကတည္းက ပိုင္ဆိုင္ခ်င္စိတ္က ဒြန္တြဲလာၿပီးသား။

ကမၻာ ေဘဘီလံုး၏ ငယ္ဆိုတဲ့ နာမ္စား အေခၚအေဝၚေၾကာင့္ ပါးျပင္တစ္ေလ်ွာက္ အနီေရာင္လိႈင္း ျဖတ္ေျပးသြားသည္။

အခု သူတို႔ ကမၻာႀကီး လံုးသြားၿပီ....

~~~~~~~~~~~~~~~~~~~~~~~~

ႏွစ္ေယာက္သား တစ္ေယာက္နဲ႔တစ္ေယာက္နဲ႔ ေက်ာေပးကာ အိပ္​ေနၾကေပမဲ့ အိပ္မေပ်ာ္။ နံနက္ ႏွစ္နာရီ ႐ွိၿပီ။ အခုထိ အိပ္မေပ်ာ္...။

ရင္ခုန္သံေတြ ဝုန္းဒိုင္းၾကဲေနၿပီး အိပ္မေပ်ာ္။

ေဘဘီလံုး လွည့္ၾကည့္ေတာ့ တလႈပ္လႈပ္ ေနာက္ေက်ာေလး။ ေဘဘီလံုး လက္ညိဳးနဲ႔ ဖြဖြေလး တို႔ေတာ့ တုန္တက္သြသည့္ ေနာက္ေက်ာျပင္ေလးက အသည္းယားဖြယ္။

" ဒီဘက္လွည့္ "

ေဘဘီလံုး ေျပာေတာ့ မွိတ္ထားသည့္မ်က္လံုးတို႔ႏွင့္ လွည့္လာသည့္စိုင္းကမၻာငယ္....။

" မအိပ္ေသးတာ မ်က္လံုးႀကီး မွိတ္မထားနဲ႔ ငယ္ "

ေဘဘီလံုး ေျပာေတာ့ ကမၻာ၏ မ်က္ခြံေလးေတြက တလႈပ္လႈပ္ လႈပ္လာၿပီး ပြင့္လာသည္။

" -ီးမို႔ တစ္ငယ္တည္း ငယ္ေနတာလား "

ကမၻာက ဆဲရင္း ေျခေထာက္နဲ႔ လွမ္းကန္ေတာ့ ေဘဘီလံုးက လက္ေတြ ေျခေထာက္ေတြကို ဆြဲခ်ဳပ္ထားသည္။

" ငယ္မလို႔ ငယ္လို႔ ေခၚတာ ဘာျဖစ္လဲ "

" ဖယ္ကြာ အာ့လို မေခၚစမ္းနဲ႔ မေနတတ္ဘူး "

ကမၻာ ႐ုန္းကန္ၿပီး ထြက္ေတာ့ ေဘဘီလံုးက တဟားဟား ေအာ္ရယ္သည္။

အခုလို အေျခအေနကို ႏွစ္ေယာက္လံုး ေပါ့ေပါ့ပါးပါးသာ ျဖတ္သန္းခ်င္တယ္။ ဒါဟာ ခံစားခ်က္ေတြ မေလးနက္လို႔ မဟုတ္ဘဲ။ တစ္ေယာက္နဲ႔တစ္ေယာက္ ႏွစ္ႏွစ္ဆယ္နီးပါး သူငယ္ခ်င္းသံေယာဇဥ္ဆိုတဲ့စည္းကို ျဖတ္ၿပီး ခ်စ္ျခင္းနယ္နိမိတ္ကို အခုမွ ေျခခ်မိၾကလို႔.....။

" ေနာက္ခါ ရန္မျဖစ္နဲ႔ေတာ့ "

တစ္ေယာက္နဲ႔တစ္ေယာက္ စိုက္ၾကည့္ရင္း ပထမဆံုး ထြက္က်လာသည့္ စကားက ေနာက္ခါ ရန္မျဖစ္နဲ႔ေတာ့တဲ့။

ဒါဟာ ျမတ္ႏိုးရေသာ လူသား၏ ခႏၶာမွာ ျခစ္ရာ ႐ွရာေတာင္ မျမင္ေစခ်င္လို႔သာ။

" ဟြန္း ဘာလဲ ငါ ရန္ျဖစ္ရင္ ငါ့ဘက္က ဝင္မပါခ်င္လို႔လား "

ေဘဘီလံုးက ႏွာမႈတ္ကာ ေျပာေတာ့ ကမၻာက ေဘဘီလံုး၏ ဆံပင္ေတြၾကား လက္ထိုးဖြကာ ပြတ္သပ္သည္။

" ငါ့ေဘဘီ ခႏၶာမွာ ထိခိုက္႐ွနာဆိုတာ ငါ မျမင္ခ်င္ဆံုး အရာပဲ "

" ဟ့ ရန္ျဖစ္တိုင္း ဒဏ္ရာရမလား။ ငါ ဒဏ္ရာ မရဘဲ အႏိုင္ရတဲ့ရန္ပြဲေတြ မင္း မေတြ႔ဖူးဘူးလား "

" က်စ္! မဟုတ္ဘူးေလ ေဘဘီရာ "

" ငါ့ကို မင္းထက္ အငယ္လို ဆက္ဆံမေနနဲ႔ ေကာင္ေလး။ ငါက  မင္းထက္ ေျခာက္နာရီ ႀကီးတယ္ "

ကမၻာ အငယ္တစ္ေယာက္ကို ေခ်ာ့ေျပာသလို ေျပာေတာ့ ေဘဘီလံုးက တစ္ရက္တည္း တစ္ေန႔တည္း ေမြးတာခ်င္း အတူတူကို ေျခာက္နာရီ ႀကီးေၾကာင္း ေျပာသည္။

" ေဘဘီ ငါ့ထက္ ေျခာက္နာရီတည္း ႀကီးတာကို အခြင့္အေရး မယူစမ္းနဲ႔! ငါက လြဲၿပီး ေဘဘီ ဆိုးလိုက္တာလို႔ ေျပာတာ မခံႏိုင္ဘူး၊ ငါ ဆိုးခ်င္ဆိုးမယ္၊ လုပ္ခ်င္တာ လုပ္မယ္၊ ေဘဘီ့ကိုေတာ့ ဆိုးတယ္လို႔ အေျပာမခံႏိုင္ဘူး "

" မင္း အာ့တာ မတရားတာပဲ။ မင္းက် တီနန္းမူတို႔စကား နားမေထာင္ဘဲ ဆိုးေနျပီး ငါက် မဆိုးရဘူးတဲ့ ဒါေတာ္ေတာ္တရားတဲ့ေလာဂ်စ္ႀကီးပဲ "

ေဘဘီ၏ ႏႈတ္ခမ္းက မေက်နပ္ခ်က္ေၾကာင့္ စူေနသည္။ ကမၻာ ထိုႏႈတ္ခမ္းေလးကို ဆြဲဆိတ္ေတာ့....

" မင္းလင္ ႏႈတ္ခမ္းမလို႔ ဆြဲဆိတ္ေနတာလား "

" မဟုတ္ဘူးလား။ အခုပဲ ငါတို႔က ခ်စ္သူေတြ ျဖစ္သြားၿပီေလ "

" မရဘူး မင္းကို ငါ အေျဖျပန္ေပးလိုက္ေပးမဲ့ ေစာင့္ၾကည့္အံုးမွာ။ ငါ့စကား နားေထာင္ရင္ ေထာင္ေပါ့ကြာ။ မေထာင္တဲ့တစ္ေန႔ ငါနဲ႔အျပတ္ပဲ "

ထိုစကားကို ေဘဘီက ဘာမွမဟုတ္သလို ျပန္ေျပာလိုက္ေပမဲ့ ကမၻာ၏မ်က္ႏွာက ညိဳးက်သြားသည္။ သူ ေဘဘီ့စကားဆို တစ္ခြန္းကႏွစ္ခြန္း ေျပာစရာ မလိုေအာင္ နားေထာင္ခဲ့သည္။

" စိတ္မပူနဲ႔ အာ့အတြက္ေတာ့ ငါဆိုတဲ့ စိုင္းကမၻာငယ္က ေလးႏွစ္သားအရြယ္ကတည္းက ေဘဘီလံုးဆိုတဲ့ ကေလးေလးရဲ႕မ်က္ႏွာကိုပဲ ၾကည့္ၿပီး ေနခဲ့တာမလို႔ "

ကမၻာက ေဘဘီလံုးကို သူ႔ရင္ခြင္ထဲ ဆြဲဖက္၍ ေျပာသည္။ ေဘဘီလံုး ကမၻာ၏ ေမးကို သူ႔လက္ညိဳးေလးနဲ႔ ဖြဖြတို႔ထိ ကစားကာ မယံုသကၤာ မ်က္ဝန္းေလးေတြနဲ႔ ၾကည့္သည္။

" ငါ ငယ္ငယ္ကတည္းက အေပါင္းအသင္း မ႐ွိဘူး။ ဒါ ငါကိုယ္တိုင္ကိုက သူတို႔နဲ႔ ေပါင္းရမွာ မေပါင္းခ်င္ဘူး။ ဒါေပမဲ့ ဆရာမအု မူႀကိဳကို ေရာက္ေတာ့ ခ်ရာမအုဆိုၿပီး မပီကလာ ပီကလာနဲ႔ ေခၚၿပီး မုန္႔ေတြကို ေပပြေနေအာင္ စားၿပီး ဘာေမးေမး ဘာေျပာေျပာ တစ္လံုးတည္းသာ ေျပာတဲ့ ကေလးေလးကိုေတာ့ ငါ ျမင္ျမင္ခ်င္း အသည္းယားသြားတယ္။ ငါေၾကာင့္ မုန္႔က်သြားလို႔ ငိုေတာ့လည္း ငါ စိတ္မေကာင္းဘူး။ ငါ တစ္ခါမွ ဘယ္သူ႔ေပၚကိုမွ မၾကည့္ဖူးေပမဲ့။ ေဘဘီ့ကိုေတာင္ ငါ အေသးစိတ္ေလးက အစ လိုက္ၾကည့္ေနခဲ့တာ။ ေနာက္ေန႔ ငါ့ေၾကာင့္ မုန္႔က်သြားလို႔ အိမ္ကေန တစ္ခါမွ မုန္႔ဘူးမယူဘူးတဲ့ ငါက ေဒၚႀကီးကို မုန္႔ဘူးထည့္ေပးဖို႔ ေျပာခဲ့တယ္။ ဦးေလးအံ့ကိုလဲ မုန္႔ဆိုင္လိုက္ပို႔ခိုင္းၿပီး ငါ မႀကိဳက္တဲ့ ခ်ိဳခ်ဥ္ေတြနဲ႔ေခ်ာကလက္ေတြကို ေက်ာပိုးအိတ္နဲ႔ အျပည့္ ဝယ္ခဲ့တယ္။ ငါ မုန္႔ဘူးေတြ၊ အျပည့္နဲ႔ လာေပမဲ့ ေဘဘီက မလာခဲ့ဘူး။ ဆရာမအုကို ေမးၿပီး ငါ ေဘဘီ့အိမ္ကို လိုက္လာရတာ။ ငါ တစ္ခါမွ မေရာက္ဖူးတဲ့ေနရာဆိုေပမဲ့ ငါ မေၾကာက္ဘူး။ ဒါေပမဲ့ ေဘဘီ့ကို ေတြ႔လိုက္ရတဲ့အခ်ိန္မွာေတာ့ ငါနဲ႔ ေဘဘီက သူငယ္ခ်င္း လုပ္ပါ့မလားဆိုၿပီး ေၾကာက္ခဲ့တယ္ "

" အာ့ေၾကာင့္ ငါ ငိုတိုင္း မင္း လြယ္အိတ္ထဲက ခ်ိဳခ်ဥ္ေတြ၊ေခ်ာကလက္ေတြနဲ႔ ေခ်ာ့တာေပါ့ ဟုတ္လား "

" အဟား ဟုတ္တယ္၊ အာ့ေၾကာင့္ ငါက အျမဲေဆာင္ထားတာ "

" လူဆိုးေကာင္ "

အင္း။ ဟုတ္တယ္....
သူက လူဆိုးေကာင္.....

~~~~~~~~~~~~~~~~~~~~~~~~

#koee
#3.1.2022 / Monday / 17:18

စာမလာ၊ သတင္း မပါးနဲ႔ မင္းက ေလႏွင္ရာ လြင့္တဲ့ ရြက္ေလွေလးလား...

Next step...
ေျခတစ္လွမ္း လွမ္းလိုက္ၿပီ.....

____________________________________

                             အပိုင်း ( ၁၃ )

အဏ္ဏဝါပြည့်စုံ ရန်ဖြစ်လို့ဆိုတဲ့စကားကြောင့် ကမ္ဘာ ကားသော့ကို ဆွဲပြီး အိမ်ရာ ကားပါကင်မှာ ထိုးထားသည့်ကားကို ကမန်းကတန်း မောင်းထွက်လာခဲ့သည်။ လမ်းမှာလည်း မီးပွိုင့်တွေကို ဖြတ်မောင်းနေမိတာလည်း မသိတော့။ ပုံမှန်အမြန်နှုန်းထက် ပိုမောင်းနေသည်ဆိုပေမဲ့ သူ့စိတ်ထဲမှာ နှေးနေသလိုပင်။

ကမ္ဘာ ဘေဘီနဲ့ ရန်ဖြစ်သည့်ကောင်တွေ၏ ေ-ာက်ခွက်ကို ဖြတ်ရိုက်ချင်စိတ်က တဖွားဖွား။ ကားစီယာတိုင် ကိုင်ထားသည့် လက်တွေက တင်းတင်းကြပ်ကြပ်။ အကြောစိမ်းတွေက ထောင်နေပြီး မေးရိုးကြီးတွေက ထင်းထွက်နေသည်။

ကမ္ဘာ ဘေဘီ ရန်ဖြစ်သည့် Clubကို ရောက်တယ်ဆို ကားကို Clubရှေ့ဝင်ပေါက်မှာ ပိတ်ရပ်ပြီး ဝင်ပေါက်ဆီကို ပြေးလာခဲ့သည်။

ဝင်ပေါက်ရှေ့က Security Guardတွေက တားနေသည်ကြောင့် ကမ္ဘာ ဘေးက တွေ့ရာကို ကောက်ကိုင်ပြီး ရိုက်ဖို့ရွယ်တော့ ဝင်လာကတည်းက သူ့ကို လန့်နေကြသည့် သူတွေက တစ်ခါတည်း ဘေးသို့ ရှဲသွားကြသည်။

ကမ္ဘာ ဝုန်းဒိုင်းကြဲပြီး Clubထဲကို ဝင်သွားတယ်ဆို အပျက်အစီးများကြားမှာ ထိုးကြိတ်သတ်နေကြသည်။

ကမ္ဘာ ဘေးမှာ ကျနေသည့် ဘေ့စ်ဘောလ်တုတ်တံကို ကောက်ယူပြီး ဘေးမှာ လဲကျနေသည့် စားပွဲကို ဒုန်းခနဲ ရိုက်ချလိုက်တော့ ထိုးကြိတ်သတ်နေကြသည့်သူတွေ၏ အကြည့်များက သူ့ဆီမှာ....။

သူ့မျက်လုံးက ဘေဘီ့ကို လှည့်ပတ်ရှာနေပေမဲ့ မတွေ့။ ကမ္ဘာ့စိတ်က စိုးရိမ်ဒေါသတွေနဲ့ ရှုပ်ထွေးနေသည်။ ဘာကိုမှ မစဉ်းစားနိုင်ဘဲ ကမ္ဘာ၏ ဦးနှောက်က zero။

" ဟာကွာ!!! "

ဒုန်း! ခလွမ်း! ဘုန်း! ဝုန်း!

ကမ္ဘာ ဘေးမှာ လဲကျနေသည့် ခုံတွေ စားပွဲတွေကို ဘေ့စ်ဘောလ်တုတ်တံနဲ့ ရိုက်ပြီး ကန်ကြောက်နေသည်။

Clubအတွင်းမှာ ထိုးကြိတ်သတ်နေကြသည့်သူတွေသည်လည်း ရုတ်တရက် ရောက်လာပြီး ဝုန်းဒိုင်းကြဲနေသည်အတွက် ပြူးကြောင် ကြည့်နေကြသည်။

" အဏ္ဏဝါပြည့်စုံ!! "

ဒုန်း! ခလွမ်း! ဘုန်း! ဘုန်း!

ကမ္ဘာ ဘေဘီ၏နာမည်ကို ခေါ်ပြီး တုတ်တံနဲ့ လက်ပြန် ရိုက်ချပြီး လဲကျနေသည့် ခုံပေါ် ခြေတစ်ဖက် တင်ကာ မိုက်တဲ့ကောင် ထွက်ခဲ့ဆိုတဲ့ အမူအရာမျိုးနဲ့ မျက်နှာက မော်ချီနေသည်။

" ဟေ့! ကမ္ဘာ!!! ငါ ဒီမှာ!!!!! "

ဘေဘီလုံး ရန်ပွဲ အစက......

မိန်းကလေး ထွက်သွားတော့ ဖြူဖြူသေးသေးကောင်လေး တစ်ယောက် ရောက်လာပြီး သူ့ပခုံးကို ပွတ်သပ်ကာ ပွတ်သီးပွတ်သပ် လုပ်နေသည်။

သူ့ဘဲကြီး ရောက်လာပြီး ရန်ပွဲက စဖြစ်သည်။ အစကတည်းက ရန်စရှိသည့်ကောင်တွေက ထိုဘဲကြီးကို သူ့ဘက်ကနေ ဝိုင်းသမပေးသည်။

ဘယ်က ဘယ်လို သတင်းက ကမ္ဘာ့ဆီ ရောက်သွားလဲ မသိ။ အောက်မှာ တဒုန်းဒုန်း တဝုန်းဝုန်း ဖြစ်နေသည်ကို ထိုးကြိတ်နေကြသည်ပင် ထင်ပေမဲ့ ကျွန်တော် ကမ္ဘာ ရောက်လာတာ နာမည် ခေါ်မှ သိတယ်။

အဟက်! ကမ္ဘာဆိုတဲ့ အာ့လိုပဲ.....

ကမ္ဘာ ဘေဘီလုံး၏ အသံကြောင့် လှေကားလက်ရန်းကို ကျော်ခွကာ Clubအပေါ်ထပ်ကို လေ အလျင်နဲ့ တက်သွားသည်မှာ လျှက်တပြတ်အတွင်း....။

ကမ္ဘာ ဘေဘီ၏ အနားကို ရောက်တယ်ဆို ဘေဘီ့တစ်ကိုယ်လုံးကို စစ်ဆေးပြီး ပခုံးကို ဆုတ်ကိုင်လိုက်တော့ အာ့ဟု အော်လိုက်သော ဘေဘီလုံး၏ အသံကြောင့် မျက်ဝန်းတို့က စူးရဲနေသည်။

" ပြော! ဘယ်ကာင် လုပ်တာလဲ "

" ဖယ်ပါကွာ ရန်ဖြစ်နေတာကိုး...."

ဘေဘီလုံး သူ့ပခုံးကို ဆုတ်ကိုင်ထားသည့် ကမ္ဘာ၏လက်ကို ပုတ်ချပြီး ရန်ဆက်ဖြစ်ဖို့ လှည့်လိုက်ပေမဲ့ ကမ္ဘာက ဘေးနားက စားပွဲကို ဒုန်းခနဲ ကန်ချလိုက်သည်။

" ဘယ်ေ-ွးကာင် ငါ့ဘေဘီကို လုပ်တာလဲ!! "

ကမ္ဘာ၏အသံက clubအတွင်း ဟိန်းထွက်သွားသည်။ ထိုခါမှ နှစ်ဖက်စလုံး အုံးအုံးကြွကြွ ဖြစ်လာကြသည်။

" အားကိုးရှိလို့ မိုက်နေတာ ခွပ် "

ဘေဘီလုံး၏ မျက်နှာကို ခွပ်ခနဲ ထိုးချလိုက်သည့် ဘဲကြီး၏ အားက ဘေဘီလုံး၏ နှုတ်ခမ်းထောင့် ပေါက်ပြဲသွားပြီး ဟန်ချက်ပျက်သွားသည်။

ကမ္ဘာ ထိူလူကြီးကို ပြေးကာ ရင်ဝကို ဆောင့်ကန်ပြီး အပေါ်စီးကနေ ခွကာ ထိုးနေသည်။ သူ တစ်ပြန် ကိုယ် တစ်ပြန် ထိုးကြိတ်နေကြသည်။

ဘေဘီလုံး ကမ္ဘာ့အပေါ်ကနေ ထိုးနေသည့် ထိုလူကြီးကို နောက်ကနေ ဆောင့်ကန်ချလိုက်သည်။ ဘေးတိုက် ကန်လိုက်သည့်အရှိန်ကြောင့် ဘေးကို လဲကျသွားသည်။

ဘေဘီလုံး ဘေးက ဘေ့စ်ဘောလ်တုတ်တံကို ကောက်ကိုင်ပြီး လွဲရိုက်ပစ်သည်။

" နောက်ခါ ငါ ပိုင်တဲ့လူကို ထိဖို့ မကြိုးစားနဲ့ "

~~~~~~~~~~~~~~~~~~~~~~~~~~

Clubမှာ ရန်ပွဲသိမ်းတော့ clubအတွင်းပိုင်း တစ်ခုလုံး ရစရာ မရှိအောင် ပျက်စီးနေသည်။ ဘေဘီလုံး မျက်ခွက်ပိတ်ထိုးခံရသည့် ကမ္ဘာကို ဘေးမှာ ထိုင်ခိုင်းပြီး ကားကို ကွန်ဒိုကို မောင်းခဲ့သည်။

ပြဿ     နာ ဒယ်ဒီ ရှင်းလိမ့်မယ်....

ဒုန်း! တီ! တီ! တီ! ဝူး!

ကမ္ဘာ ကားစီယာတိုင်ကို လက်သီးနဲ့ ဒုန်းခနဲ ထုချလိုက်တော့ နောက်ကားတွေဆီက ဟွန်းသံတွေ စီရီကာ ထွက်လာပြီး ကျော်တက်သွားကြသည်။

" ကျစ် ဘာလို့ လိုက်လာတာလဲ "

စိတ်မရှည်သည့်လေသံနှင့် မေးတော့ ကားမှန်မှ တစ်ဆင့် အပြင်ဘက်ကို ငေးနေသည့် ကမ္ဘာက လှည့်ကြည့်လာသည်။

" စိတ်ပူလို့ "

" ဘယ်ကောင်က စိတ်ပူခိုင်းလို့ ပူနေတာလဲ! "

အေးစက်စက် မျက်နှာထားနဲ့ စကားသံ ထွက်လာတော့ ကားကို တည့်တည့်မောင်းနေသည့် ဘေဘီလုံးက ခနဲသည်။

ကမ္ဘာ့ကို စိတ်ဆိုးပြီး ထွက်သွားသည့် ဘေဘီ ပြန်မလာတော့ စိတ်ပူသည်။

" ငါ့စိတ်နဲ့ ငါ့ကိုယ် စိတ်ပူတယ်ဆိုပေမဲ့ ဘေဘီ ခန္ဓာ တစ်ခုလုံး ထိခိုက်ရှနာဆိုတာ ငါ လုံးဝ မမြင်ချင်ဆုံး အရာပဲ "

ကမ္ဘာ ဘေဘီ့ကို ချစ်သည်။ ညီအစ်ကိုလို သူငယ်ချင်းလို မဟုတ်။ ချစ်သူတစ်ယောက်လို ချစ်သည်။ ဒီအမှန်တရားက အခုမှ မဟုတ်။ လွန်ခဲ့တဲ့ ၁၀နှစ်ကျော်ကတည်းက ဖြစ်တည်လာသည့် အမှန်တရား။

လိင်တူ လိင်ကွဲဆိုတာ ပတ်ညက်ချက် တစ်ခု။ လူအခွင့်အရေးဆိုပြီး အော်ကြွေးနေသည့် လူတွေက လူ,လူချင်း ချစ်တာကို နားလည်ပေးနိုင်ပါ့မလား???

" ငါ့ ခန္ဓာနဲ့ငါ၊ ငါ့ကိုယ်ငါ ပိုင်တယ် "

ဘေဘီလုံး၏အသံက ဩရှရှ။ ရန်ပွဲမှာတုန်းက ငါ ပိုင်တဲ့လူလို့ ပြောထားတာ သူ မဟုတ်သည့်အတိုင်း။

စကားသံတို့က တိတ်ဆိတ်သွားပေမဲ့ ရင်ထဲမှာတော့ ဗလောင်ဆူနေကြသည်။

ငယ်ကတည်းက သံယောဇဉ်က အချစ်အဖြစ် ပြောင်းလဲသွားတာလားဆိုရင် မဟုတ်ဘူးလို့ ငြင်းလို့တော့ မရဘူးပေါ့။ အနေနီးလို့ ချစ်တာလားဆိုရင် သူတို့နှစ်ယောက် ရှစ်နှစ်ကျော်လောက် ဝေးကွာပြီး အခုမှ ပြန်တွေ့တာပဲ။

ငယ် သံယောဇဉ်က သူတို့အချစ်တွေကို ပိုခိုင်မြဲစေတဲ့ ကြိုးတစ်ချောင်း။ သံယောဇဉ်ဆိုတာ ဖြတ်ရခက်တယ်။ အချစ်ကမှ ကံတရား၏ မျက်လှည့်ဆန်ဆန်ပြကွက်ကြားမှာ အမုန်း၊ အငြိုးတွေ ပါဝင်တတ်၊ ပြောင်းလဲတတ်သေးသည်။

အချစ်ဆိုတာ တကယ်ရှိလား မရှိလား မသိပေမဲ့ ဘေဘီ့ကို ချစ်နေရတာနဲ့ကို သူ့ကမ္ဘာက ပြည့်စုံနေပြီ။

ကားက အဆောက်အဦး၏ ကားပါကင်တွင် ထိုးရပ်သွားသည်နှင့်တစ်ပြိုင်နက် ရိုးရိုးလှေကားကနေပဲ တက်ခဲ့ကြသည်။

" ဝုတ် ဝုတ် ဝုတ် "

" ဂိန် ကိန် ဂီ "

တံခါးဖွင့်ပြီး ဝင်လိုက်တာနဲ့ မီယာ၏ ဟောင်သံက ထွက်လာတော့ ဘေဘီလုံး မဲမဲမြင်ရာ အခုချိန်မှာ သတ်ချင်ချိန် ဖြစ်နေတော့ သူ့ခြေထောက်ကြား ပွတ်သီးပွတ်သပ် လာလုပ်သည့်မီယာကို ကန်ထုတ်ပစ်လိုက်သည်။

" မြောင် မြောင် မြောင် "

ဘေဘီလုံး၏ ဒေါသတကြီး ကန်လိုက်တာကြောင့် ရှားပါးကပါ တမြောင်မြောင် အော်ပြီး ထောင့်ကပ်သွားသည်။

ကမ္ဘာ ဘေဘီ့ကို အထူးအဆန်းလုပ်ပြီး ပြောမနေတော့ဘဲ ထောင့်က ရှားပါးကို ပွေ့ယူပြီး အိပ်ရာထဲကို သွားထားသည်။

မီယာက တအီအီ အော်ကာ နေပေမဲ့ နေရာက မထ။ ကမ္ဘာ မီယာကိုပါ ပွတ်သပ်ပြီး နှိပ်နှယ်ပေးကာ သူ့နေရာမှာ ထားလိုက်သည်။

ဒုန်း!

ဘေဘီ ခွေးနဲ့ကြောင်ကို တယုတယ လုပ်နေသည့်ကောင်က သူ့ကိုကျ မချော့။

ကမ္ဘာ အခန်းထဲကို ဝင်တယ်ဆို ဘေဘီ့ကို မတွေ့။ ရေချိုးခန်းတံခါးနား ကပ်ပြီး နားထောင်တော့ တဝုန်းဝုန်း တဒိုင်းဒိုင်းအသံတွေကြောင့် ကမ္ဘာ သက်ပြင်းသာ ချလိုက်သည်။

ဘယ်တုန်းက ဒီလိုတွေ ပြောင်းလဲသွားတာလဲ ဘေဘီရာ.....
ငါ ဒီတိုင်းလေးပဲ မင်း ထိခိုက်မှာကို မလိုချင်တာ.....

ကမ္ဘာ မှန်ရှေ့ သွားရပ်လိုက်တော့ သူ့မျက်နှာက ပေါက်ပြဲ ဖူးယောင်နေသည်။ သူ့လက်ဆစ်နေရာတွေမှာလည်း နီရဲကာ ပွန်းနေသည်။

အာ့!

ကမ္ဘာ ပေါက်ပြဲနေသည့်နှုတ်ခမ်းနေရာကို လက်ညိုးနဲ့ ဖွဖွ ပွတ်ဆွဲလိုက်တော့ စပ်ဖြန်းဖြန်း။

" -ီးမလို့ နာနေတာ သွားကိုင်နေတာလား "

နောက်ကနေ ဘေဘီ့အသံကြောင့် ကမ္ဘာ လှည့်ကြည့်လိုက်သည်။ ဘယ်ချိန်ကတည်းက ရောက်နေသည်လည်း မသိ။

" ချိုးပြီးပြီလား ငါ ချိုးလိုက်အုံးမယ် "

ကမ္ဘာ ပြောပြီး ရေချိုးခန်းထဲကို ဝင်သွားသည်။ ဘေဘီ ဆေးသေတ္တာကို ယူပြီး မွေ့ရာပေါ်မှာ တက်ထိုင်နေသည်။

" လာခဲ့ "

ရေချိုးပြီး Bathrobeတစ်ထည်သာ ဝတ်ထားသည့် ကမ္ဘာ့ကို ခေါ်လိုက်တော့ ခေါင်းကို မသုတ်ဘဲ ရေစက်လက်နဲ့ တက်လာသည်။

" ခေါင်းငုံ့ "

ကမ္ဘာ ဘေဘီ့ရှေ့ တင်ပျဉ်ခွေ ထိုင်ကာ ခေါင်းငုံ့ပေးလိုက်တော့ တဘတ်တစ်ထည်က သူ့ခေါင်းပေါ် ရောက်လာပြီး လက်တွေက ညင်ညင်သာသာ ပြေးလွှားနေသည်။

ဘေဘီလုံး လက်တွေကို ဖွဖွဆုတ်ထားသည့် ကမ္ဘာ၏ လက်ဆစ်တွေကို ကြည့်မိတော့ နီရဲကာ ရေချိုးထားသောကြောင့် နူးနေသည်။

ကမ္ဘာ့ခန္ဓာကိုယ်မှာ ထိခိုက်ရှနာတွေ မြင်ရတာ သူ့နှလုံးသားကို အပ်နဲ့ထိုးနေသလိုပင်.....။ သူ တစ်ယောက်တည်း မမြင်ရက်သလို ပြောနေတာ....။

အချစ်တွေဆိုတာ သူနဲ့အတူ မွေးကတည်းက ပေါက်ဖွားလာတာ။ ဖူးစာရေးနက္ခတ်နဲ့ မွေးလာတာလို့ မမယ် ပြောသလို။

ခေါင်းပေါ်က လက်က ရပ်တန့်သွားတော့ ကမ္ဘာ မော့ကြည့်မိတော့ သူ့လက်ကို ကြည့်နေသည့်မျက်လုံးတွေက ဆွေးရိပ်တွေ ထင်.....။

" ဘေဘီ "

" ငါ ဘယ်ချိန်ကတည်းကဆိုတာ မသိပေမဲ့ မင်းကို ငါလဲ အထိခိုက်မခံနိုင်ဘူး "

ကမ္ဘာက တိုးတိုးလေး ခေါ်တော့ ဘေဘီလုံး၏နှုတ်က ထွက်ကျလာသည့် စကားလုံးတွေက တုန်တုန်ရီရီ။

ကမ္ဘာ ဘေဘီ၏ အခုလို ဖြစ်နေပုံကို တစ်ခါမှ မတွေ့ဖူးတာကြောင့် သူ့ရင်ထဲ အင်အားကြီး လှိုင်းတစ်လုံး ဖြတ်ရိုက်ခတ်သွားသည်။

" အာ ဘေဘီ "

ရုတ်တရက် မျက်ရည်တွေ ပါးပြင်ပေါ်ကို တလိမ့်လိမ့် စီးဆင်းကျလာတော့ ကမ္ဘာ ခြေမကိုင်မိ လက်မကိုင်မိ မျောက်သစ်ကိုင်း လွတ်သလိုပင်.....။

" မငိုနဲ့လေ ငါ ဘာမှ မဖြစ်ဘူးလေ "

ဘေဘီက မကျေနပ်ရင် ငယ်ငယ်က အာဗြဲကြီးနဲ့ ငိုတတ်ပေမဲ့ အခုက အသံတိတ်ငိုနေသည်။

ငယ်ငယ်က မုန့်ကျွေးရင် အငိုတိတ်ပေမဲ့ အခုက မုန့်ကျွေးလည်း အငိုတိတ်မှာ မဟုတ်ဘူး။

" မငိုနဲ့ကွာ မင်း ငိုတော့ ငါ့နှလုံးသားလေးကလည်း ငိုနေပြီ "

ဒါ သွယ်ဝှိုက် ရည်းစားစကားစကား ပြောနေတာလား။ မဟုတ်လောက်ပါဘူး၊၊

" မင်း! "

" အင်း ငါ ဘေဘီ့ကို ချစ်တယ် အထိခိုက်မခံနိုင်လောက်အောင် ချစ်တယ်။ ဘေဘီက ငါ ဘယ်တော့မှ မရပ်တန့်ချင်တဲ့ သံသရာလေး။ ငါ့ကမ္ဘာက အဏ္ဏဝါပြည့်စုံဆိုတဲ့ ရပ်ဝန်းမှာပဲ ဗဟိုပြုပြီး လည်ပတ်နေတာ "

ကမ္ဘာ၏ အချစ်အတိဖြင့် အပ်နှင်းသော စကားတို့က သူ့နှလုံးသားထက်မှာ ကျောက်နဲ့ထွင်းသလို မှတ်တမ်းတင်နေသည်။

ဘယ်သူက စ,ချစ်မိလဲဆိုတာ မသိပေမဲ့ ဖွင့်ပြောတာက.....

" ဘေဘီ လက်မခံနိုင်ဘူးဆိုရင်လည်း ငါ့ကို ငြင်းပါ။ ငါက ဒီတိုင်းလေးပဲ ဒီတိုင်းလေးပဲ ချစ်တာမလို့ပါ "

ဘေဘီလုံးက သူ့ကို ငေးကြည့်ရင်း မျက်လုံးထဲမှာ အရောင်မျိုးစုံ ဖြတ်ပြေးနေတော့ ကမ္ဘာ ဘေဘီ၏မျက်နှာကို မဝံ့မရဲ ကြည့်ကာ ပြောသည်။ နောက်ဆုံး အဖျားခတ် တုန်ရီသွားတော့ သူ့နှလုံးသားကို ဖျစ်ညှစ်လိုက်သလိုပင်။

" ငယ် "

ကမ္ဘာ ဘေဘီ၏လုပ်ရပ်ကြောင့် ဆွံအသွားသည်။ ဘေဘီက အခု ဘာလုပ်လိုက်တာလဲ။ ဟင့်အင်း မဟုတ်ဘူးမလား။ သူ ထင်ယောင်ထင်မှား ဖြစ်နေတာမလား။

အကြောင်းမှာ ဘေဘီလုံး တုန်ရီနေသည့် ကမ္ဘာ၏ နှုတ်ခမ်းဖျားလေးကို ထိကပ်တယ်ဆိုရုံမှ နမ်းရှိုက်လိုက်သည်။

ချိုတယ်။ အီတယ်။ နူးညံ့တယ်။

ခဏလေးဆိုမှ ခဏလေးပဲ။ ကြာချိန်က တစ်စက္ကန့်ကြောင့် ပြည့်ပါ့မလား မသိပေမဲ့ ရင်ထဲမှာ ဝုန်းဒိုင်းကြဲနေသည်။

ရန်ဖြစ်ရင်တောင် ဒီလောက် ကြောက်လန့်တုန်ရီနေမှာ မဟုတ်ပေမဲ့ တစ်စက္ကန့်တောင် မကြာလိုက်တဲ့ အချိန်က သူတို့ရင်တွေထဲ တလှပ်လှပ်။

ဟူး....

နှစ်ယောက်လုံး ရင်ထဲမှာ သက်ပြင်းရှည်ကြီးတွေ ချမိသည်။ တစ်ယောက်မျက်နှာ တစ်ယောက် စိုက်ကြည့်မိသည်။ တစ်ယောက်နဲ့တစ်ယောက် နားမလည်တဲ့မျက်ဝန်းတွေက ချစ်ရည်လဲ့နေသည်။

" ချစ်တယ် "

စကားလုံးလေးက နှစ်လုံးတည်း။ တစ်လုံးသမားလုံး အခု နှစ်လုံးတည်းနဲ့ သူ့အချစ်ကို ဖွင့်ပြသည်။

" ငါ ငယ့်ကို ချစ်လိုက်တာ "

တစ်လုံးသမား၏ ရင်ထဲက အချစ်တို့က ပြည့်သိပ်ကြပ်တင်းလွန်းရာကနေ အံထွက်ကျလာသည်။

တစ်ယောက်နဲ့တစ်ယောက် အကြည့်က နားလည်မှု မြတ်နိုးခြင်း အပြည့်။ ချစ်မိပြီဆိုကတည်းက ပိုင်ဆိုင်ချင်စိတ်က ဒွန်တွဲလာပြီးသား။

ကမ္ဘာ ဘေဘီလုံး၏ ငယ်ဆိုတဲ့ နာမ်စား အခေါ်အဝေါ်ကြောင့် ပါးပြင်တစ်လျှောက် အနီရောင်လှိုင်း ဖြတ်ပြေးသွားသည်။

အခု သူတို့ ကမ္ဘာကြီး လုံးသွားပြီ....

~~~~~~~~~~~~~~~~~~~~~~~~

နှစ်ယောက်သား တစ်ယောက်နဲ့တစ်ယောက်နဲ့ ကျောပေးကာ အိပ်နေကြပေမဲ့ အိပ်မပျော်။ နံနက် နှစ်နာရီ ရှိပြီ။ အခုထိ အိပ်မပျော်...။

ရင်ခုန်သံတွေ ဝုန်းဒိုင်းကြဲနေပြီး အိပ်မပျော်။

ဘေဘီလုံး လှည့်ကြည့်တော့ တလှုပ်လှုပ် နောက်ကျောလေး။ ဘေဘီလုံး လက်ညိုးနဲ့ ဖွဖွလေး တို့တော့ တုန်တက်သွသည့် နောက်ကျောပြင်လေးက အသည်းယားဖွယ်။

" ဒီဘက်လှည့် "

ဘေဘီလုံး ပြောတော့ မှိတ်ထားသည့်မျက်လုံးတို့နှင့် လှည့်လာသည့်စိုင်းကမ္ဘာငယ်....။

" မအိပ်သေးတာ မျက်လုံးကြီး မှိတ်မထားနဲ့ ငယ် "

ဘေဘီလုံး ပြောတော့ ကမ္ဘာ၏ မျက်ခွံလေးတွေက တလှုပ်လှုပ် လှုပ်လာပြီး ပွင့်လာသည်။

" -ီးမို့ တစ်ငယ်တည်း ငယ်နေတာလား "

ကမ္ဘာက ဆဲရင်း ခြေထောက်နဲ့ လှမ်းကန်တော့ ဘေဘီလုံးက လက်တွေ ခြေထောက်တွေကို ဆွဲချုပ်ထားသည်။

" ငယ်မလို့ ငယ်လို့ ခေါ်တာ ဘာဖြစ်လဲ "

" ဖယ်ကွာ အာ့လို မခေါ်စမ်းနဲ့ မနေတတ်ဘူး "

ကမ္ဘာ ရုန်းကန်ပြီး ထွက်တော့ ဘေဘီလုံးက တဟားဟား အော်ရယ်သည်။

အခုလို အခြေအနေကို နှစ်ယောက်လုံး ပေါ့ပေါ့ပါးပါးသာ ဖြတ်သန်းချင်တယ်။ ဒါဟာ ခံစားချက်တွေ မလေးနက်လို့ မဟုတ်ဘဲ။ တစ်ယောက်နဲ့တစ်ယောက် နှစ်နှစ်ဆယ်နီးပါး သူငယ်ချင်းသံယောဇဉ်ဆိုတဲ့စည်းကို ဖြတ်ပြီး ချစ်ခြင်းနယ်နိမိတ်ကို အခုမှ ခြေချမိကြလို့.....။

" နောက်ခါ ရန်မဖြစ်နဲ့တော့ "

တစ်ယောက်နဲ့တစ်ယောက် စိုက်ကြည့်ရင်း ပထမဆုံး ထွက်ကျလာသည့် စကားက နောက်ခါ ရန်မဖြစ်နဲ့တော့တဲ့။

ဒါဟာ မြတ်နိုးရသော လူသား၏ ခန္ဓာမှာ ခြစ်ရာ ရှရာတောင် မမြင်စေချင်လို့သာ။

" ဟွန်း ဘာလဲ ငါ ရန်ဖြစ်ရင် ငါ့ဘက်က ဝင်မပါချင်လို့လား "

ဘေဘီလုံးက နှာမှုတ်ကာ ပြောတော့ ကမ္ဘာက ဘေဘီလုံး၏ ဆံပင်တွေကြား လက်ထိုးဖွကာ ပွတ်သပ်သည်။

" ငါ့ဘေဘီ ခန္ဓာမှာ ထိခိုက်ရှနာဆိုတာ ငါ မမြင်ချင်ဆုံး အရာပဲ "

" ဟ့ ရန်ဖြစ်တိုင်း ဒဏ်ရာရမလား။ ငါ ဒဏ်ရာ မရဘဲ အနိုင်ရတဲ့ရန်ပွဲတွေ မင်း မတွေ့ဖူးဘူးလား "

" ကျစ်! မဟုတ်ဘူးလေ ဘေဘီရာ "

" ငါ့ကို မင်းထက် အငယ်လို ဆက်ဆံမနေနဲ့ ကောင်လေး။ ငါက  မင်းထက် ခြောက်နာရီ ကြီးတယ် "

ကမ္ဘာ အငယ်တစ်ယောက်ကို ချော့ပြောသလို ပြောတော့ ဘေဘီလုံးက တစ်ရက်တည်း တစ်နေ့တည်း မွေးတာချင်း အတူတူကို ခြောက်နာရီ ကြီးကြောင်း ပြောသည်။

" ဘေဘီ ငါ့ထက် ခြောက်နာရီတည်း ကြီးတာကို အခွင့်အရေး မယူစမ်းနဲ့! ငါက လွဲပြီး ဘေဘီ ဆိုးလိုက်တာလို့ ပြောတာ မခံနိုင်ဘူး၊ ငါ ဆိုးချင်ဆိုးမယ်၊ လုပ်ချင်တာ လုပ်မယ်၊ ဘေဘီ့ကိုတော့ ဆိုးတယ်လို့ အပြောမခံနိုင်ဘူး "

" မင်း အာ့တာ မတရားတာပဲ။ မင်းကျ တီနန်းမူတို့စကား နားမထောင်ဘဲ ဆိုးနေပြီး ငါကျ မဆိုးရဘူးတဲ့ ဒါတော်တော်တရားတဲ့လောဂျစ်ကြီးပဲ "

ဘေဘီ၏ နှုတ်ခမ်းက မကျေနပ်ချက်ကြောင့် စူနေသည်။ ကမ္ဘာ ထိုနှုတ်ခမ်းလေးကို ဆွဲဆိတ်တော့....

" မင်းလင် နှုတ်ခမ်းမလို့ ဆွဲဆိတ်နေတာလား "

" မဟုတ်ဘူးလား။ အခုပဲ ငါတို့က ချစ်သူတွေ ဖြစ်သွားပြီလေ "

" မရဘူး မင်းကို ငါ အဖြေပြန်ပေးလိုက်ပေးမဲ့ စောင့်ကြည့်အုံးမှာ။ ငါ့စကား နားထောင်ရင် ထောင်ပေါ့ကွာ။ မထောင်တဲ့တစ်နေ့ ငါနဲ့အပြတ်ပဲ "

ထိုစကားကို ဘေဘီက ဘာမှမဟုတ်သလို ပြန်ပြောလိုက်ပေမဲ့ ကမ္ဘာ၏မျက်နှာက ညိုးကျသွားသည်။ သူ ဘေဘီ့စကားဆို တစ်ခွန်းကနှစ်ခွန်း ပြောစရာ မလိုအောင် နားထောင်ခဲ့သည်။

" စိတ်မပူနဲ့ အာ့အတွက်တော့ ငါဆိုတဲ့ စိုင်းကမ္ဘာငယ်က လေးနှစ်သားအရွယ်ကတည်းက ဘေဘီလုံးဆိုတဲ့ ကလေးလေးရဲ့မျက်နှာကိုပဲ ကြည့်ပြီး နေခဲ့တာမလို့ "

ကမ္ဘာက ဘေဘီလုံးကို သူ့ရင်ခွင်ထဲ ဆွဲဖက်၍ ပြောသည်။ ဘေဘီလုံး ကမ္ဘာ၏ မေးကို သူ့လက်ညိုးလေးနဲ့ ဖွဖွတို့ထိ ကစားကာ မယုံသင်္ကာ မျက်ဝန်းလေးတွေနဲ့ ကြည့်သည်။

" ငါ ငယ်ငယ်ကတည်းက အပေါင်းအသင်း မရှိဘူး။ ဒါ ငါကိုယ်တိုင်ကိုက သူတို့နဲ့ ပေါင်းရမှာ မပေါင်းချင်ဘူး။ ဒါပေမဲ့ ဆရာမအု မူကြိုကို ရောက်တော့ ချရာမအုဆိုပြီး မပီကလာ ပီကလာနဲ့ ခေါ်ပြီး မုန့်တွေကို ပေပွနေအောင် စားပြီး ဘာမေးမေး ဘာပြောပြော တစ်လုံးတည်းသာ ပြောတဲ့ ကလေးလေးကိုတော့ ငါ မြင်မြင်ချင်း အသည်းယားသွားတယ်။ ငါကြောင့် မုန့်ကျသွားလို့ ငိုတော့လည်း ငါ စိတ်မကောင်းဘူး။ ငါ တစ်ခါမှ ဘယ်သူ့ပေါ်ကိုမှ မကြည့်ဖူးပေမဲ့။ ဘေဘီ့ကိုတောင် ငါ အသေးစိတ်လေးက အစ လိုက်ကြည့်နေခဲ့တာ။ နောက်နေ့ ငါ့ကြောင့် မုန့်ကျသွားလို့ အိမ်ကနေ တစ်ခါမှ မုန့်ဘူးမယူဘူးတဲ့ ငါက ဒေါ်ကြီးကို မုန့်ဘူးထည့်ပေးဖို့ ပြောခဲ့တယ်။ ဦးလေးအံ့ကိုလဲ မုန့်ဆိုင်လိုက်ပို့ခိုင်းပြီး ငါ မကြိုက်တဲ့ ချိုချဉ်တွေနဲ့ချောကလက်တွေကို ကျောပိုးအိတ်နဲ့ အပြည့် ဝယ်ခဲ့တယ်။ ငါ မုန့်ဘူးတွေ၊ အပြည့်နဲ့ လာပေမဲ့ ဘေဘီက မလာခဲ့ဘူး။ ဆရာမအုကို မေးပြီး ငါ ဘေဘီ့အိမ်ကို လိုက်လာရတာ။ ငါ တစ်ခါမှ မရောက်ဖူးတဲ့နေရာဆိုပေမဲ့ ငါ မကြောက်ဘူး။ ဒါပေမဲ့ ဘေဘီ့ကို တွေ့လိုက်ရတဲ့အချိန်မှာတော့ ငါနဲ့ ဘေဘီက သူငယ်ချင်း လုပ်ပါ့မလားဆိုပြီး ကြောက်ခဲ့တယ် "

" အာ့ကြောင့် ငါ ငိုတိုင်း မင်း လွယ်အိတ်ထဲက ချိုချဉ်တွေ၊ချောကလက်တွေနဲ့ ချော့တာပေါ့ ဟုတ်လား "

" အဟား ဟုတ်တယ်၊ အာ့ကြောင့် ငါက အမြဲဆောင်ထားတာ "

" လူဆိုးကောင် "

အင်း။ ဟုတ်တယ်....
သူက လူဆိုးကောင်.....

~~~~~~~~~~~~~~~~~~~~~~~~

#koee
#3.1.2022 / Monday / 17:18

စာမလာ၊ သတင်း မပါးနဲ့ မင်းက လေနှင်ရာ လွင့်တဲ့ ရွက်လှေလေးလား...

Next step...
ခြေတစ်လှမ်း လှမ်းလိုက်ပြီ.....

Continue Reading

You'll Also Like

203K 9.4K 97
ပုပ္ပားမြေမှ စကားဝါ ပင်လုံးညှာ ရွှေရောင်ဝင်းလေတော့ ကြူသင်းစွာ မွှေးရနံ့ရယ်(ကွယ်) နှလုံးသားအထိ...စွဲ။ တစ်စုံတစ်ယောက်က ပုပ္ပားတောင်ကလပ်အမြင့်ကိုမေးခဲ့...
400K 15.3K 43
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
75.9K 3.7K 33
ဘဝမှာ တစ်ကြိမ်တစ်ခါသာဖြစ်ပေါ်လာတဲ့ ကိုယ့်ရဲ့ချစ်ခြင်းတွေကို မင်းလေးဆီမှာ အယူခံဝင်မယ် ကိုယ့်အသက်ရေ ....🤎 𝖲𝗍𝖺𝗋𝗍𝗂𝗇𝗀 𝖣𝖺𝗍𝖾 - 22.2.2022 ♡︎ 𝖤�...
72K 3.8K 41
Title - နှောင်ကြိုးဖြင့် တွယ်ငြိရာ (ေႏွာင္ႀကိဳးျဖင့္ တြယ္ၿငိရာ) Type - Own Creation , Myanmar BL သူ့ရဲ့ အကောင်းမွန်ဆုံးသော အသက်အရွယ်မှာ ဆို...