『Unicode』
ကျောက်တောင်တက်လေ့ကျင့်ရေးခန်းတွင် ချင်ဝေ့ဟော်က မြေပြင်တွင် ခြေချင်းလိမ်ထိုင်နေပြီး ဖုန်းကို ငုံ့ကြည့်နေခဲ့သည်။ ဖုန်းပေါ်တွင် အန်းနင် သူ့ကို replyပြန်ထားသော စာကြောင်းတစ်ခုရှိနေသည်။
≪ငါသေချာပေါက်ကို တနင်္ဂနွေနေ့ကျ လာခဲ့မှာပါ!≫
အန်းနင်က သူကတိတည်ထားသလိုမျိူးနဲ့ ဘာလို့သူ့ကို သီးခြား replyပြန်လာခဲ့မှန်း သူ နားမလည်ပါချေ။ messageကို ဘယ်လိုreplyပြန်လိုက်ရမလဲဆိုတာကိုလဲ သူမသိနေခဲ့။
ရပြီ ဟုတ်ပြီလား? မင်းမလာရင်တောင် အဆင်ပြေတယ်? တကယ်တော့ မင်း လာလာ ၊ မလာလာ တကယ်စိတ်ထဲမထားဘူး?
သူဘယ်လိုပဲ replyပါစေ ထူးဆန်းနေသည့် ပုံပေါ်နေသောကြောင့် သူ replyမလုပ်ဖြစ်တော့ပေ။ ဘာပဲဖြစ်ဖြစ်,ထိပ်ဆုံးကျောင်းသားလေးက စာကြည့်တိုက်လဲသွားနိုင်သလို ကျောက်တောင်တက်လေ့ကျင့်ရေးခန်းကိုလဲ သွားနိုင်တာပဲလေ ; ဒါက အလားတူနည်းလမ်းပါဘဲ။
ပုံရိပ်တစ်ခုက သူ့ရှေ့ကိုလျှောက်လာပြီး သူ့ကို လာပိတ်သည်။ ၎င်းမှာ ကျောက်တောင်တက်လေ့ကျင့်ရေးခန်းရဲ့ ဘောစ့်ယွီပင်။သူက ချင်ဝေ့ဟော်ကို ငုံ့ကြည့်ပြိးမှ မျက်ခုံးတွေပင့်သွားကာ ပြောလိုက်သည်။
"အခုမင်းမှာ သူငယ်ချင်းတွေရှိပြီပေါ့? WeChat groupတောင် ရှိနေပြီ?"
ချင်ဝေ့ဟော်က ဖုန်းကို ချလိုက်ပြီး ခေါင်းမော့ကာ မျက်မှောင်ကြုတ်သည်,"ဒါက ဘာကိုဆိုလိုချင်တာလဲ?"
သူ့အမူအရာမှာ စိတ်မပါလေဟန်ဖြင့် နောက်ကိုမှီထားကာ ပျင်းရိစွာထိုင်နေသော်လည်း သူမျက်မှောင်ကြုတ်လိုက်သောအခါခြိမ်းခြောက်ပြီး ဂရုမစိုက်သလို ခံစားလိုက်ရသည်။
ယွီရမ် နှုတ်ခမ်းများ ကွေးတက်သွားရ၏,"ဘာလို့ အဲ့လောက် အထိမခံဖြစ်နေရတာလဲ?"
ချင်ဝေ့ဟော်က သူ့ဖုန်းကို sweatpantရဲ့ အိတ်ထောင်ထဲကို ထည့်လိုက်ပြီး ပြောသည်။
"ကျောက်တောင်တက်တဲ့ သူငယ်ချင်းတွေအများကြီးကို သိတယ်"
"လုပ်စမ်းပါကွ!" ယွီရမ်က သရော်သည်, "မင်းက ငါတို့အသိုင်းအဝိုင်းထဲမှာ တစ်ယောက်တည်းပဲကို. "
ထို့နောက် သူ တိတ်တိတ်လေး ပြက်ရယ်ပြုလိုက်သေးသည်,
"မင်းက ကြိုးတစ်ချောင်းတောင်မသုံးတာကို, ကျောက်တောင်တက်မဲ့ သူငယ်ချင်းတွေရှိတယ်ဆိုတာက ဘယ်လိုတောင် သောက်ရေးမပါတာကြီးတုန်း..."
ကျောက်တောင်တက်တဲ့gymက အလွန်ကြီးမားပြီး အရှည်ဆုံး လူလုပ် ကျောက်နံရံမှာ ၁၅မီတာနီးနီးမြင့်သည်။ သို့သော်လည်း သူတို့အများစုမှာ ၃မီတာနဲ့၅မီတာမြင့်တဲ့ bouldering နံရံများဖြစ်သည်။ ထိုအချိန်က နောက်ကျတဲ့ညအချိန်တွင် လေ့ကျင့်ပြီးအချိန်ကောင်းတွေနဲ့ ပျော်ရွှင်နေကြတဲ့ လူများစွာရှိနေသေးသည်။
ponytailရှည်လေးနဲ့ ကောင်မလေးတစ်ယောက်က နံရံအနိမ့်တစ်ခုတွင် Bouldering* လေ့ကျင့်ရေးဆင်းနေခဲ့သည်။ နံရံပေါ်မှကျောက်တုံးအကိုင်*များသည် လက်သင်များ အဆင်ပြေစေရန် တင်းကျပ်နေအောင် ချိတ်တွယ်ထားသည်။
မိန်းကလေးက အမြင့်ကြီး မတက်သော်လည်း လှုပ်ရှားမှုတွေကတော့ ကို့ရိုးကားယားနိုင်နေသည်ကို ပြသနေခဲ့သည်။ တစ်ချက်ကြည့်ရုံမျှဖြင့် သူမဟာ လူသစ်ဖြစ်ကြောင်းပြောနိုင်လေသည်။
သူ ဖုန်းမကြည့်ခင်က သူမဟာ Boulderingနံရံအဝါကို ဖက်တွယ်လျက်ရှိနေတာကို ချင်ဝေ့ဟော်မြင်လိုက်ရသော်လည်း အခုထိတိုင်သူမက အဲ့ဒီနေရာမှာသာရှိနေဆဲ ဖြစ်သည်။
【*TN: Bouldering သည် indoor အဖြစ်အများဆုံး တောင်တက်ခြင်း ဖြစ်ပါတယ်။ ကြိုးများ အသုံးမပြုဘဲ ကျောက်တုံးငယ်များသို့မဟုတ် ကျောက်နံရံအတုများမှာ တက်တဲ့ Free Climbing ပုံစံဖြစ်ပါတယ်။ ယေဘုယျအားဖြင့် နံရံက မမြင့်ဘဲ ပြုတ်ကျတဲ့အခါကာကွယ်ဖို့ မြေပြင်မှာ ဖျာတွေ ရှိပါတယ်။ လက်ကိုင်တွေကတော့ တက်တဲ့သူတွေါ လှမ်းဖို့ သို့မဟုတ် လှမ်းရန် နံရံတွင် ချိတ်တွယ်ထားတ ရောင်စုံပုံစံ လက်ကိုင်တွေပါ။】
သူမရဲ့ အပေါ်ညာဘက်တွင် အတော်လေး ခက်ခဲပြီး အနည်းငယ်လဲ လှမ်းဝေးသည့် လက်ကိုင်ရှိနေပြိး၎င်းမှာ ဒီနံရံတွင် အကြီးမားဆုံး အခရာအဖြစ် သတ်မှတ်ခံထားသင့်တဲ့ လက်ကိုင်အဟ* ပင်ဖြစ်လေသည်။
【*TN: လက်ကိုင်အဟ*တွေက လက်တစ်ခုလုံးသုံးရတဲ့ အရာမျိူးတွေပါ။ .】
ကျောက်နံရံ*
ထိုနေရာကို ကျော်ဖြတ်ဖို့ရန် ခက်ခဲသွားသလို ဖြစ်သွားပြီဟု ချင်ဝေ့ဟော် သူ့ဘာသူ တွေးကြည့်လိုက်မိသည်။ သူက ဘာအကြံမှလဲ မပေးပါဘဲ ဒီတိုင်း ဗလာကျင်းစွာပင် ကြည့်နေခဲ့၏။
ကောင်မလေးမှာ အော်နေပြီဖြစ်သည်, "နည်းပြ! ငါအပေါ်ကို ဘယ်လိုတတ်ရတော့မလဲ? အဲ့ဒီကိုတောင် မရောက်နိုင်တော့ဘူး!"
ယွီရမ်က သူမကို ပြောလာသည်: "အော်မနေနဲ့, သူက နင့်ကို ကြည့်တောင်ကြည့်မနေဘူး သူ့ဖုန်းနဲ့ဆော့နေတာ"
Ponytailနဲ့ မိန်းကလေးမှာ ထန်ဇစ်ဖြစ်ပြီး ယွီရမ်ရဲ့ တူမပင်။ သူမဦးလေးပြောတာကိုကြားလိုက်ရသောအခါ သူမပို၍ပင် စိုးရိမ်လာရသည်။
"ချင်ဝေ့ဟော်, နင် ဘာလို့ ငါ့ကိုကြည့်မနေရတာလဲ? ငါနင့်ကို လစာပေးမထားဘူးလား?!"
ချင်ဝေ့ဟော်က ခြေထောက်ကိုကွေးလိုက်ပြီး လက်မောင်းကို အေးအေးလူလူပင် တင်လိုက်ကာ သူမကို ကြည့်ရင်းပြောလိုက်သည်။
"ငါက မင်းလေ့ကျင့်နေတာကို မိနစ်တိုင်း စက္ကန့်တိုင်း လိုက်ကြည့်မနေနိုင်ဘူး "
ထန်ဇစ်မှာ တက်တဲ့နံရံပေါ်တွင် လဲလျောင်းနေကာ သူမရဲ့ လှုပ်ရှားမှုတွေကလဲ အနည်းငယ် တုန်ယင်နေရသည်။
သူမ သူ့ကို နောက်ပြန်မကြည့်ရဲသော်လည်း ကွန်ပလိန်းတက်နိုင်ရုံသာရှိသည်။
"အဲ့ဒါသာ နင့်ရဲ့ကြည့်ကောင်တဲ့ရုပ်ရည်နဲ့ အရည်အချင်းတွေကြောင့်သာ မဟုတ်ရင် ဒီ မိန်းမအိုကြီး*က နင့်ကို ဒီပိုက်ဆံတွေတောင် ပေးမှာမဟုတ်ဘူး"
【*TN: မိန်းမအိုကြီးလို့ သုံးလိုက်တာက သူမကိုယ်သူမ အထက်စီးဆန်တဲ့ပုံစံပေါက်အောင်လို့ပါတဲ့။】
အဆုံးမှာတော့ သူမကသာ သူ့ကို အကူအညီတောင်းရခေသည်။
"အား, ဘယ်လိုလုပ်ပြီး ငါ အပေါ်ရောက်နိုင်မလဲ? ငါသာ ခုန်ပြီး ဆွဲလိုက်ရင်တောင် ဖမ်းပြီးဆုပ်နိုင်လိမ့်မယ်လို့ မထင်ဘူး!"
ချင်ဝေ့ဟော်က ပြောသည်,"မင်းရဲ့ လက်တွေကိုပဲ အမြဲတမ်းသုံးမနေနဲ့, ခြေထောက်ရောသုံး။ ကရာတေးကန်ချက်တွေလို ကြိုးစားကြည့်! မင်းညာဘက်က လက်ကိုင်ကို ကန်လိုက်သင့်တယ်၊ ဒါမှ အဲ့ဒီ လက်ကိုင်အဟကို ဆွဲလိုက်နိုင်မှာ! ."
ထန်ဇစ်က ညာဘက်ကို ကြည့်လိုက်ပြီး မျက်လုံးလှန်ချမိလိုက်တော့၏။
"နင်က မျက်ကန်းလား?ငါ့မှာ နင့်လိုခြေထောက်တွေမရှိဘူးဟဲ့! အဲ့ဒီအမြင့်လောက်နဲ့ အကွာအဝေးကို ဘယ်လိုလုပ်ပြီးငါကရောက်နိုင်မှာလဲ!"
ချင်ဝေ့ဟော်က သူမကို မထူးခြားစွာပဲ ကြည့်ကာပြောပြန်သည်, "မင်း အဲ့ဒီရောက်ဖို့ Dynoလုပ်လို့ရတယ်! ."
'【dyno' ဆိုသည်မှာ တောင်တက်သမားများက နောက်အကိုင်တစ်ခုသို့ရောက်ရန် အရှိန်ကိုအသုံးပြုသည့် dynamic movementကို ပြုလုပ်တာဖြစ်ပါတယ်။dyno ပုံကထည့်မရဘူးㅠㅠ】
ထန်ဇစ်က ညာအပေါ်ဘက်ရှိ ဆုံချက်ပွိုင့်*နှစ်ခုကို ကြည့်လိုက်သည်။ ဒါသာ ပြန့်ပြူးနေတဲ့ မြေပြင်ဆိုပါက ကလေးတစ်ယောက်တောင် ခုန်တက်နိုင်ပေသည်။ သို့သော် မတ်စောက်တဲ့ ကျောက်နံရံဆိုပါလျှင် ကွဲပြားသွားပြီဖြစ်သည်။ ချင်ဝေ့ဟော်က သူမကိုသွက်လက်စွာ လှုပ်ရှားစေလိုသဖြင့် ခြေချောင်း ချရန် နေရာအလုံအလောက်ရှိသည့် အောက်ခြေဆုံမှတ်ကို လှမ်းတက်ကာ တစ်ချိန်တည်းမှာပဲ အပေါ်က လက်ကိုင်အဟ ကို ဆုပ်ကိုင်လိုက်သည်။ လက်ကိုင်အဟ လို့ ခေါ်တဲ့နေရာက လက်ချောင်းတွေနဲ့ဆုပ်ကိုင်နိုင်တဲ့ နေရာတောင် မဟုတ်ပါချေ။ ချောမွေ့နေတဲ့ နံရံပေါ်ရှိ အဖုအထစ်တစ်ခုမျှသာဖြစ်သည်။
ဒီတက်တာသာ ပြီးမြောက်နိုင်ခဲ့ရင် သူမဟာ ချောမောပြီး မိုက်နေမှာ သေချာပါသည်။သို့သော်လည်း သူမဟာ အတွေ့အကြုံမရှိသေးသူတစ်ယောက်ပင်။
သူမ တုံ့ဆိုင်းသွားရသည်,"ငါ ပြုတ်ကျသွားရင် ဘယ်လိုလုပ်မှာလဲ?"
"ဒါက ငါးမီတာအောက်မှာပါပဲ!မင်း ပြုတ်ကျရင်လဲ ပြုတ်ကျလို့ပေါ့."
ထိုသို့ကြားလိုက်ရသောအခါ ထန်ဇစ်ပေါက်ကွဲသွားရသည်,
"အဲ့ဒါက နင်လူတွေကို ပြောသင့်တဲ့စကားလား?!"
ဒီပုဂ္ဂိုလ်က မိန်းကလေးတွေကို ထည့်တွက်တာမျိူး တစ်စက်လေးလောက်တောင် ရှိမနေဘူးလား?!
ချင်ဝေ့ဟော်က ပြောသည်, "မင်းက ခုထိအင်အားတွေပြည့်နေတုန်းပဲ။ Dynoလုပ်ဖို့ အားတွေများနေတယ် "
ထန်ဇစ် Boulderingနံရံပေါ်ကို မှီချလိုက်ပြီး စိတ်လျှော့ကာပြောလိုက်သည်,"ငါပြုတ်ကျသွားရင်, ငါကို တစ်နပ်စာဝယ်ကျွေး"
"မင်း dynoလုပ်နိုင်မယ်ဆိုရင် ငါမင်းကို ကျွေးမယ် ",ချင်ဝေ့ဟော်က ပြောသည်။
ထန်ဇစ် သရော်လိုက်မိသည်,"ဟား! နင်က ငါမခုန်နိုင်တာသိလို့ ပြောနေတာပဲ။ မရဘူး! ငါပြုတ်ကျရင် နင်ဝယ်ကျွေးရမယ်!"
ချင်ဝေ့ဟော်က နံရံမှာချိတ်နေတဲ့ သူမနောက်ကျောကိုသာကြည့်နေပြီး အချိန်အကြာကြီး ဘာမှမပြောလာတော့ပေ။
ထန်ဇစ်က လည်ပင်းလှည့်လိုက်ပြီး အော်ဟစ်လာခဲ့သည်,
"ရလား မရဘူးလား, မြန်မြန်ဆုံးဖြတ်လေ!နင် ယောက်ျားမဟုတ်ဘူးလား?"
"ရတယ်, မင်း ဖျာပေါ်ပြုတ်ကျသွားရင် ငါမင်းကိုဝယ်ကျွေးမယ် "
ထန်ဇစ်က သူမရဲ့ကြိုးပမ်းမှု အောင်မြင်သွားသည်ကြောင့် အလွန်ပျော်ရွှင်သွာ၏,"နင့်ဟာနင် ပြောတာနော်!"
ယွီရမ်က ဘေးဘက်မှာရပ်နေတာဖြစ်ပြီး နည်းနည်းမှကို မကြည့်ချင်တော့ပေ။သူ တွေးမိသည်,
မင်းက ချင်ဝေ့ဟော်ကိုကျ မိန်းမတွေကိုထည့်မတွက်ပြလို့ အပြစ်တင်နေတယ်, ဒါပေမယ့် မင်းရဲ့ လူချောလေးတွေအပေါ် တက်မက်မှုနဲ့ ဆန္ဒတွေကို ကြည့်ပါဦးလား! ဘယ်မှာများ မင်းက မိန်းမပီသနေတဲ့ အင်္ဂါရပ်တွေ ပိုင်ဆိုင်နေလို့လဲ?
ယွီရမ်သည် ထန်ဇစ်ကပြုတ်ကျသွားအောင် အကောင်းဆုံးကြိုးစားလိမ့်မည်ဟု သေချာပေါက် ယုံကြည်ခဲ့မိသည်။ သူက ထန်ဇစ်သူမရဲ့ ဆွဲငင်ချက်ဗဟိုကို ဖြေလျှော့လိုက်ပြီး dynoလုပ်ဖို့ ပြင်နေတာကို ကြည့်နေမိ၏။ သူတွေးလိုက်သည်,
မင်း အရမ်းမကြိုးစားသင့်ပဲ အချိန်တွေကိုပဲ စုထားသင့်တာ!
သို့သော် သူမမျှော်လင့်ခဲ့သည်က ထန်ဇစ်တကယ်ကြီး ခုန်နိုင်လိမ့်မည်ကိုပင်။ သူမဟာ စိတ်ပိုင်းဆိုင်ရာအရ ပြုတ်ကျသွားဖို့ပြင်ဆင်ခဲ့လို့ဖြစ်ပေမည်,သူမရဲ့ လှုပ်ရှားမှူတွေမှာ အရမ်းကို အေးဆေးနေခဲ့၏။ နောက်ဆုံးအခိုက်အတန့်လေးတွင် သူမ လွတ်ထွက်သွားလုနီးပါးဖြစ်သွားပေမယ့် လက်တွေက အလိုအလျောက်ပင် မြဲမြံစွာ ဆုပ်ကိုင်ထားခဲ့နိုင်သည်။ လှုပ်ရှားချက်မှာအနည်းငယ်ရယ်စရာကောင်ဒနေသော်လည်း ဒါက လက်သစ်ကျောက်တောင်တက်သူတစ်ယောက်အတွက်မူ အထင်ကြီးလောက်တဲ့ စွမ်းဆောင်မှုတစ်ခုပင်။
ထန်ဇစ်ရဲ့ dyno အပြီးတွင် သူမ အလွန်ကိုပျော်ရွှင်နေခဲ့သည်။ ချင်ဝေ့ဟော် သူမကို လိုက်ကျွေးသည်ထက်ပင်ပို၍ ပျော်နေသကဲ့သို့ပင်။ ယွိရမ်လဲ သက်ပြင်းတစ်ချက်ချလိုက်ပြီး ပြုံးလိုက်မိသည်။
"ကြည့်ရတာ မင်းလဲ သူ့ကို အဲ့လောက်မစားချင်ဘူးထင်တယ်"
"အိုး, ငါသူ့ကို မရနိုင်တာတော့ ဝမ်းနည်းစရာပဲ..."
ထန်ဇစ်ကလဲ သက်ပြင်းချလျက် Bouldering နံရံကနေ ပြန်ဆင်းလာခဲ့သည်။
တကယ်တော့ ဒါက ဆုံးရှူံးမှုဟု ယွီရမ်တွေးလိုက်မိသည်။
အဘယ်ကြောင့်ဆိုသော် ထန်ဇစ်က dynoလုပ်ဖို့ ဆုံးဖြတ်လိုက်တဲ့အချိန်မှာပဲ ချင်ဝေ့ဟော်က ထရပ်လိုက်ပြီး သူမကို ကာကွယ်ဖို့အောက်ကို လျှောက်သွားခဲ့သည်။ သူမသာ တကယ် ပြုတ်ကျခဲ့ပါက ချင်ဝေ့ဟော်က သေချာပေါက် ဖမ်းထားပေးမည်ဖြစ်သည်။
သူမကို ကျွေးဖို့ မလိုအောင်လို့ လာဖမ်းပေးထားတာဖြစ်ပေမယ့်ပေါ့...*
【*TN: ယွီရမ်ဆိုလိုချင်တာက ချင်ဝေ့ဟော်က လှည့်ဖြားတတ်တယ်လို့ပြောချင်တာပါ။ သူက အထူးတလယ်ကို သူမ ဖျာပေါ်ပြုတ်ကျရမယ်လို့ပြောခဲ့ပါတယ်။ ဒါကြောင့် သူသာ သူမကို ဖမ်းလိုက်ရင် ဖျာပေါ်မကျတာမို့ ဝယ်ကျွေးဖို့ မလိုတော့ပါဘူး🤣】
ထန်ဇစ်က နံရံကနေဆင်းလာပြီး သူမရှေ့မှာရှိတဲ့ ချင်ဝေ့ဟော်ကို အနည်းငယ် လက်လွတ်လိုက်ရသလိုဖြင့် ကြည့်လိုက်မိသည်။သူမက လက်မောင်းတွေကို ပွတ်လိုက်ပြီး ညည်းတွားသည်။
"တခြားနည်းပြတွေဆို သူတို့ကျောင်းသားတွေကို ဘယ်လိုလမ်းကြောင်းယူရမလဲ ပြောပေးတယ်။ နင့်လို နည်းပြကတော့ ပိုက်ဆံတွေပဲ လွယ်လွယ်ယူနေတာ..."
"ဒါက ငါ့ဆရာသင်ပေးတဲ့အတိုင်းပဲ" ချင်ဝေ့ဟော်က ပြောသည်။
"အဲ့ဒါဆို နင့်ဆရာကလဲ ၈၀%လောက်ရိုက်စားပဲ." ထန်ဇစ်က ထုံးစံအတိုင်း မှတ်ချက်ပေးလိုက်၏။
ချင်ဝေ့ဟော် မျက်လုံးများ မြင့်တက်သွားပြီး သူမကို စိုက်ကြည့်လိုက်ကာ အသံနိမ့်နိမ့်ဖြင့် မေးလာသည်,"ဘာရယ်?"
ထန်ဇစ်ကသူ့ရဲ့ စူးရှနေတဲ့ အကြည့်များကို လက်ခံလိုက်ရသောအခါ ပါးနပ်စွာပင် ပါးစပ်ပိတ်ထားလိုက်ရသည်။
ယွိရမ်ကတော့ ဘေးမှပြောလာသည်,
"ဒါက ကောင်းတာပါဘဲ! သူက ကလေးတွေကို ဈေးနှုန်းတူတူနဲ့ပဲ သင်ပေးတာ။ မင်းကို သင်ရတာက ကလေးတွေကို သင်ရတာထက်ပိုပြီး အချိန်ကုန်တယ်။ ပြီးတော့ မင်းလဲ ချောတဲ့ကောင်လေးကို လိုက်လို့တောင်ရတယ်လေ."
ထန်ဇစ်က ချက်ချင်း ဒေါသတွေနဲ့ သူ့ဦးလေးဆီ လှည့်သွားသည်,"ပါးစပ်ပိတ်ထား! ဘယ်လိုလုပ်ပြီး ဒီ မိန်းမအိုက သူ့ကို လိုက်ရမှာလဲ! ပြီးတော့ ဦးလေးကသာ ငါ့ကို ဒါသင်ဖို့ အရူးလုပ်ခဲ့တာမလား! ဘယ်လိုလုပ်ပြီးများ ငါ့မှာ စိတ်မချရတဲ့ ဦးလေးမျိူးရှိနေရတာလဲ! တူမအရင်းရဲ့ ပိုက်ဆံတွေကို အပြင်လူအတွက် လိမ်ပေးတယ်။ အမေနဲ့ ငါက ဦးလေးကို အရေးယူမယ်!"
ယွီရမ်က အပြစ်ကင်းနေဆဲပင်,"ဒါက ငါနဲ့ ဘာဆိုင်နေလို့လဲ?မင်းက သူ့ပုံမြင်ပြီး ငါ့ကို သူနဲ့ မိတ်ဆက်ပေးခိုင်းတာပဲလေ !"
"ငါက သူနဲ့ မိတ်ပဲဆက်ခိုင်းစေချင်တာ! ငါ့ဆီကပိုက်ဆံယူသွားဖို့ မဟုတ်ဘူး! "
ယွီရမ်က အပျော်အပျက်ဟန်ဖြင့်ပြုံးသည်,
"ဒါက ဘာလို့လဲဆိုတော့ နင့်ကိုယ်နင် ရှင်းအောင် မဖော်ပြခဲ့လို့ပေါ့ ငါ့တူမရာ~"
"ဘာကိုများရှင်းရှင်းလင်းလင်းဖော်ပြနေရဦးမှာလဲ? ငါ လူချောလေးရဲ့ပုံကိုမြင်တော့ သူနဲ့ မိတ်ဆက်ခိုင်းချင်ခဲ့တယ်။ အဲ့တာက ငါအဲ့လူချောရဲ့ တပည့်ဖြစ်ပြီး သူ့ကို ပိုက်ဆံပေးရမယ်လို့ မဆိုလိုနေဘူး။ ဦးလေးက အကြီးတွေ ပြုမးသင့်သလိုမျိူးမှ မပြုမူခဲ့တာ! ဦးလေးက ဆွံ့အချင်ယောင်ဆောင်နေတဲ့လူညစ်ကြီး! ဦးလေးအစ်မကို အရေးယူဖို့ ပြောပစ်မယ် !"
ချင်ဝေ့ဟော်က Bouldering ဖျာနံဘေးရှိ ထိုင်ခုံပေါ်တွင် နောက်ကျောမှီ၍ ထိုင်နေခဲ့သည်။သူက ဦးလေးနဲ့ တူမဖြစ်သူတို့ ရန်ဖြစ်နေတာကို ကြည့်နေမိ၏။ သူတို့တွေက မြစ်ထဲက ဘဲများသဖွယ် ဆူညံနေကြသည်ဟုလဲ ခံစားနေရသည်။ ဆူညံမှုက သူ့ရဲ့ သည်းခံနိုင်တဲ့levelကို ကျော်လွန်သွားတဲ့အခါမှာတော့ သူက ထိုင်ခုံပေါ်က Headphoneကို ကောက်ယူလိုက်ပြိး တပ်ထားလိုက်တော့သည်။
ထို့နောက် ထန်ဇစ်က သူ့သူငယ်ချင်းထံမှ ဖုန်းရသဖြင့် အဝတ်လဲကာ ထွက်ခွာသွားတော့မည်ဖြစ်သည်။ သူမ ထွက်မသွားခင်မှာပဲမေးလိုက်သေးသည်။
"ဟေး, အချောလေးချင်,ငါနဲ့ ဓာတ်ပုံရိုက်ပေးနိုင်မလား?"
ချင်ဝေ့ဟော်က အနီနဲ့အနက်ရောင် Headphone ကို တပ်ဆင်ထားပြီး ခေါင်းငုံ့ထားကာမျက်လုံးတွေကိုလည်း မှိတ်ထားလေသည်။သေချာပေါက်ကို သူမပြောလိုက်တာကို သူကြားလိမ့်မည်မဟုတ်။ ထန်ဇစ် သူ့ဆီလမ်းလျှောက်သွားလိုက်သောအခါ ချင်ဝေ့ဟော်က ခေါင်းငုံ့ထားလျက် လက်တွေကို ရင်ဘတ်မှာထား,ထားသည်။ သူ့ခေါင်းကငုံ့ထားသောကြောင့် သူ့မျက်နှာရဲ့ ကောက်ကြောင်းများမှ လူသတ်နိုင်လောက်အောင်ပင် ကြည့်ကောင်းနေခဲ့ပြီး နှာခေါင်းကလဲ ပန်းပုတစ်ခုပမာ တည်ကြည်နေသည်။ သူ့လက်မောင်းတွေကို ကန့်လန့်ဖြတ်ထားသည့်အပြင် ခပ်လျော့လျော့ အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသောကြောင့် တောင့်တင်းနေသည့် တီရှပ်က ပုခုံးနဲ့ ရင်အုပ်တို့တွင် တင်းကျပ်စွာရှိနေရာ မလှုပ်ရှားသည့် တောင်တန်းကဲ့သို့ ဖိအားမျိူးကို ပေးစွမ်းနေခဲ့သည်။
ထန်ဇစ်က သူ့Headphoneကို ချွတ်လိုက်ချင်သော်လည်း အနည်းငယ်တော့ ကြောက်နေမိသည်။ ထို့ကြောင့် သူမက သူ့ပုခုံးကိုသာလက်ချောင်းများဖြင့် ပုတ်လိုက်မိသည်။ ချင်ဝေ့ဟော်က ပုတ်ခံလိုက်ရသောကြောင့် ခေါင်းထောင်လာခဲ့သည်။ သူ့လက်များမှာမူမူလအနေအထားတွင်သာရှိနေပြီး သူမကို မျက်လုံးများဖြင့်သာ မေးလာသည်,
ဘာကူညီရမလဲ?
ဟုတ်သည်, ထို"ဘာကူညီရမလဲ?"ဟူသော စကားလုံးလေးလုံးပင်။ ဒီပုဂ္ဂိုလ်ရဲ့ မျက်လုံးများမှာ သူတို့တွေစ,တွေ့ကတည်းက မယုံကြည်နိုင်စရာကောင်းအောင် အထက်စီးဆန်နေသည့် အမူအရာမျိူး ပေါ်လွင်နေသည်ဟု သူမသဘောပေါက်ခဲ့ရသည်။ သူမခဏလောက်စဉ်းစားလိုက်ရပြီ ဘာလုပ်ချင်နေလဲဆိုတာကို အမှတ်ရမိသွားသည်။
သူမက ခပ်ယဲ့ယဲ့ အပြုံးဖြင့် သူ့ဘေးမှာထိုင်လိုက်ပြီး ပြောလိုက်သည်, "ဓာတ်ပုံအတူတူရိုက်ရအောင်,အချောလေး"
ချင်ဝေ့ဟော်က သူ့ဘေးကို ဖုန်းကိုင်ထားလျက် ရည်ရွယ်ချက်မှာ သိသာနေတဲ့သူမကို အလေးအနက်ပင် ကြည့်နေခဲ့သည်။ အစောပိုင်းက သူမ သူ့ကို အတော်လေးအော်ဟစ်ခဲ့တာဖြစ်ပြီး အခုကျ သူနဲ့ ဓာတ်ပုံရိုက်ချင်နေတာကို သူ အလွန်ခေါင်းရှုပ်နေရသည်။
"မင်းပေးတဲ့ ပိုက်ဆံက ဓာတ်ပုံကြေးရောပါခဲ့လို့လား"
ထန်ဇစ်မှာ မျက်လုံးပြူးသွားရပြီး သူ့ကိုဆဲတော့၏,
"နင့်မေလူး!!နင်က တကယ့်ကို ပိုက်ဆံရဲ့ ကျေးကျွန်ပါလား!"
ချင်ဝေ့ဟော်မှာ မိန်းကလေးသည် သူ့မျက်နှာပေါ်ကို တံတွေးထွေးနေသည်ဟု ခံစားရသည်။ ဒါက အနည်းငယ် လွန်ကဲနေသလိုပုံပေါ်နေပေမယ့် မလိုအပ်တဲ့ ကြမ်းတမ်းမှုမျိူးတော့မဟုတ်ပါချေ။ အဓိကအချက်မှာ ဘယ်လိုပဲဖြစ်ဖြစ် ထန်ဇစ်ဟာ မိန်းကလေးတစ်ယောက်နဲ့ တူမနေခြင်းပင်။
သူမက သူ မဆူနိုင်အောင် တစ်ခါတလေ သူ့ကို ပြင်းပြင်းထန်ထန်ဆဲတတ်သေးသည်။ ၎င်းမှာ သူမအား ဆက်ဆံပေးနိုင်သည့် တစ်ခုတည်းသောနည်းလမ်းဖြစ်ပြီး ဆုံးရှုံးမှုတစ်စုံတစ်ရာမရှိဟု ဝန်လေးစွာယူဆနိုင်သည်။
ယခုမူ ထန်ဇစ်က သူ့ဘေးတွင်ထိုင်နေခဲ့သည်။ တကယ်တမ်းတွင်တော့ သူ့ပုခုံးမှ သူ့မရဲ့ခေါင်းကပ်နေသည့် ဒီအသေးစားလေးကသူအား တစ်စုံတစ်ယောက်ကို အမှတ်ရသွားစေသည်။ သူလက်မောင်းကိုအောက်ချလိုက်ပြီး ခြေထောက်ခွေနေတာကိုလဲ ဖြေလိုက်သည်။ သူ့Headphoneကို ဆွဲချလိုက်ပြီး လည်ပင်းမှာ ချိတ်လိုက်ကာ ပြောလိုက်၏။
"အဲ့ဒါဆိုလဲ ရိုက်."
ထန်ဇစ်က ချက်ချင်း ပြန်ပြုံးသွားပြီး ဖုန်းကို မြှောက်လိုက်သည်။ ချင်ဝေ့ဟော်က သူမနဲ့ အနည်းငယ် နီးကပ်စွာထိုင်နေပြီးကင်မရာကို အမူအရာကင်းမဲ့လျက် ကြည့်နေခဲ့သည်။ ထန်ဇစ်က အချိန်အတော်ကြာ ကောင်းတဲ့ angleကို ရှာဖွေဖို့ကြိုးစားလိုက်၏။ angleတိုင်းတွင် ဘယ်angleမဆို ချင်ဝေ့ဟော်က သူမထက်ပိုကြည့်ကောင်းနေသည်ဟု မခံစားပဲမနေနိုင်ခဲ့ချေ။
တကယ် မုန်းစရာကောင်းတာပဲ!!
ချင်ဝေ့ဟော်က မျက်မှောင်ကြုတ်လျက် တိုက်တွန်းလာခဲ့သည်။
"မြန်မြန်"
ထန်ဇစ်ကသူ့ကို မျက်စိစွေကြည့်လိုက်ပြီးမှ အင်တင်တင်ဖြင့် ခလုတ်ကို ဖ်ိလ်ိုက်ရသည်။
ဓာတ်ပုံရိုက်ပြီးသောအခါ ချင်ဝေ့ဟော်က missionတစ်ခုပြီးသွားသည့်နှယ် ဘေးဘက်ကို ပြန်ရောက်သွားသည်။ ထန်ဇစ်က သူခေါင်းငုံ့၍ ဖုန်းက သီချင်းဖွင့်နေတာကို ကြည့်ရင်း ပြောလိုက်မိသည်။
"ငါ momentမှာ တင်လိုက်မယ်နော်"
ခေါင်းငုံ့ထားတဲ့ ချင်ဝေ့ဟော်က ခေါင်းညိတ်သည်။
ထန်ဇစ် အံဩသွားသည်,"မင်း စိတ်မရှိဘူးလား?"
ချင်ဝေ့ဟော်က ခေါင်းမမော့လာဘဲ ပြောသည်,
"ငါမှ မင်းရဲ့ Firends' Circleထဲမှာမရှိတာ"
စကားဆုံးသည်နှင့် သူက ခြေထောက်ကို ပြန်ကန့်လန်ဖြတ်ထိုင်လိုက်၍ Headphone ကို ပြန်ဆွဲယူလိုက်ရင်း နောက်ကို မှီလိုက်ပြီးလက်မောင်းတွေကိုခေါက်လိုက်ကာ မျက်လုံးပိတ်သွားတော့သည်။
ထန်ဇစ် တံခါးကို မသွားခင်မှာပဲ သူမက ခေါင်းလှည့်လိုက်ပြီး ချင်ဝေ့ဟော်ကို ဒေါသတွေနဲ့ လက်ညှိုးထိုးကာ ပြောလိုက်သည်,
"ချင်ဝေ့ဟော်! နင် ဘယ်တော့မှ ကောင်မလေးရဖို့ မတန်ဘူး! "
ယွီရမ် သူမကို စိတ်ဆိုးသွားရသည်။
"သူက ဘယ်လိုလုပ်ပြီး တစ်ယောက်တောင် မရှာနိုင်ရမှာလဲ! သူက တစ်ယောက်တောင်ရှာချင်ရဲ့လားဆိုတာက ပြဿနာဟ! "
ထန်ဇစ်က ခါးသက်စွာပြောလိုက်သည်,"ဒါက သေချာပေါက်တော့ မမှန်ပါဘူး။ ငါ့အထင် သူတစ်ယောက်ထဲပဲ သေရလိမ့်မယ် ထင်တယ်!"
ထန်ဇစ်ရဲ့ အသံကစူးရှပြီး ထက်မြနေတာကြောင့် ချင်ဝေ့ဟော်လည်းပဲ အလုံးစုံ ကြားလိုက်ရပါသည်။
တစ်ယောက်ထဲ သေမယ်?
သူ သူ့ဘာသာသူ တွေးလိုက်မိသည်။
အရမ်းကောင်းတယ်၊ အရမ်းမိုက်တယ် ပြီးတော့ သူနဲ့လည်း အရမ်းကို ကိုက်ညီတယ်!
Zawgyi
ယွိရမ် နှုတ်ခမ်းများ ကွေးတက်သွားရ၏,"ဘာလို့ အဲ့လောက် အထိမခံဖြစ်နေရတာလဲ?"
【*TN: လက်ကိုင်အဟ*တွေက လက်တစ်ခုလုံးသုံးရတဲ့ အရာမျိုးတွေပါ။ .】
ယွိရမ်က သူမကို ပြောလာသည်: "အော်မနေနဲ့, သူက နင့်ကို ကြည့်တောင်ကြည့်မနေဘူး သူ့ဖုန်းနဲ့ဆော့နေတာ"
ဒီပုဂ္ဂိုလ်က မိန်းကလေးတွေကို ထည့်တွက်တာမျိုး တစ်စက်လေးလောက်တောင် ရှိမနေဘူးလား?!
ယွိရမ်က ဘေးဘက်မှာရပ်နေတာဖြစ်ပြီး နည်းနည်းမှကို မကြည့်ချင်တော့ပေ။သူ တွေးမိသည်,
ယွိရမ်က အပြစ်ကင်းနေဆဲပင်,"ဒါက ငါနဲ့ ဘာဆိုင်နေလို့လဲ?မင်းက သူ့ပုံမြင်ပြီး ငါ့ကို သူနဲ့ မိတ်ဆက်ပေးခိုင်းတာပဲလေ !"
ယွိရမ်က အပျော်အပျက်ဟန်ဖြင့်ပြုံးသည်,
ဘာကူညီရမလဲ?
"အဲ့ဒါဆိုလဲ ရိုက်."
"မြန်မြန်"
ထန်ဇစ်ကသူ့ကို မျက်စိစွေကြည့်လိုက်ပြီးမှ အင်တင်တင်ဖြင့် ခလုတ်ကို ဖိလိုက်ရသည်။
တစ်ယောက်ထဲ သေမယ်?