လီမွန်ရောင်လျှပ်စီး || ဘာသာပြ...

By Rhmjrs_58

183K 31.9K 556

柠檬闪电 by "Dr.Solo" ||Burmese Translation|| Shounen Ai, School Life, Slife-of-life, Sports 65 Chapters ( Comple... More

『Description』
Characters' Introduction with Manhua
Chapter 《1》
Chapter《2》
Chapter《3》
Chapter 《4》
Chapter 《5》
Chapter 《6》
Chapter 《7》
Chapter《8》
Chapter《9》
Chapter《10》
Chapter《11》
Chapter《12》
Chapter《14》
Chapter《15》
Chapter 《16》
Chapter《17》
Chapter《18》
Chapter《19》
Chapter《20》
Chapter 《21》
Chapter《22》
Chapter《23》
Chapter 《24》
Chapter 《25》
Chapter《26》
Chapter《27》
Chapter 《28》
Chapter《29》
Chapter 《30》
Chapter 《31》
Chapter 《32》
Chapter 《33》
Chapter 《34》
Chapter《35》
Chapter《36》
Chapter《37》
Chapter 《38》
Chapter 《39》
Chapter 《40》
Chapter《41》
Chapter 《42》
Chapter 《43》
Chapter 《44》
Chapter 《45》
Chapter《46》
Chapter 《47》
Chapter 《48》
Chapter 《49》
Chapter《50》
Chapter 《51》
Chapter《52》
Chapter《53》
Chapter《54》
Chapter《55》
Chapter《56》
Chapter《57》
Chapter《58》
Chapter《59》
Chapter《60》
Chapter《61》
Chapter《62》
Chapter《63》
Chapter《64》
Chapter《65》Final

Chapter《13》

2.4K 519 5
By Rhmjrs_58

『Unicode』



ချောင်းကြည့်တဲ့ အဖြစ်အပျက်ပြီးနောက် တစ်လနီးပါးကြာသောအခါ ဒီ့အတွက် အွန်လိုင်းပေါ်မှာ လှုပ်လှုပ်ရှားရှားဖြစ်တာလဲလျော့ကျသွားသည်။ အန်းနင်က ဒါဟာ အသုံးမဝင်တဲ့ ကြိုးပမ်းမှုတစ်ခုဖြစ်သွားသလားလို့တောင် စတင်သိချင်လာတဲ့အချိန်မှာပဲတစ်နေမှာ ရှောင်ပေါင်ရဲ့ WeChatကို ရုတ်တရက်လက်ခံရရှိခဲ့သည်။ ထိုအချိန်က သူ စာကြည့်တိုက်မှာ စာလေ့လာနေခဲ့တာဖြစ်သည်။

သူ Voice Messageကို နှိပ်လိုက်သည့်အခါ ရှောင်ပေါင်ရဲ့ စိတ်လှုပ်ရှားနေတဲ့အသံကို ကြားလိုက်ရသည်။

"ကော, သူ့ကိုမိပြီ!!"

အသံက ရုတ်တရက်ကြီး ထွက်လာတာကြောင့် အရှေ့နဲ့ အနောက်စားပွဲက လူတွေကပါ အန်းနင်ကို ကြည့်လာခဲ့ကြသည်။ အန်းနင်သည်လည်း စိတ်လှုပ်ရှားသွားရပြီး ပထမဆုံးအကြိမ်အဖြစ် သူ့ရဲ့ ကိုယ်ပိုင်စာကြည့်တာကို ရပ်ပစ်လိုက်သည်။ သူ ပစ္စည်းတွေကို ထုတ်ပိုးလိုက်ပြီး မြန်မြန်ပင် အိပ်ဆောင်ကို ပြန်လာခဲ့သည်။

သောကြာနေ့ဖြစ်သောကြောင့် နေ့လည်အတန်းတွေမရှိပေ။ လျန်ရှန်းဟန်က ဂိမ်းဆော့ဖို့ ထွက်သွားခဲ့​၏။ တပ်ဆင်ပြီးနောက်တွင်ရှောင်ပေါင်ကသာ အမြဲလိုလို ကွန်ပြူတာဖွင့်ပြီး ကင်မရာမှ ရိုက်ခဲ့သမျှ ဗွီဒီယိုတွေကို ကြည့်တတ်သည်။

ဗွီဒီယိုတွေသိမ်းဖို့အတွက် သူက များပြားလှတဲ့ hard driveတွေကိုတောင် ဝယ်ခဲ့သည်။ ဒီရက်တွေမှာတော့ သူကနေ့ရောညပါစောင့်ကြပ်ကြည့်ရှူ့ခဲ့ပြီး နောက်ဆုံးမှာတော့ ဒီလူကို ဖမ်းမိခဲ့လေပြီ။ အန်းနင်လဲ မြန်မြန် ပြန်လာပြီး သူနဲ့အတူ ဗွီဒီယိုကြည့်လိုက်သည်။ ၎င်းမှာ ချင်ဝေ့ဟော် ပုံပို့ပေးခဲ့တဲ့ ခပ်ပုပုညိုညို ကောင်ပင်။ မြင်ကွင်းထဲတွင် သူက မိန်းကလေးသန့်စင်ခန်းထဲမဝင်ခင် သူ့ဖုန်းရဲ့ ကင်မရာကိုပါ ဖွင့်လိုက်သေးသည်။ ဒါက ခိုင်မာလှသည့် သက်သောအထောက်အထားပင်။ နှစ်ယောက်သား ချင်ဝေ့ဟော်နဲ့လျန်ရှန်းဟန်ကို WeChat Messageတွေ ပို့လိုက်ကြရာ ချင်ဝေ့ဟော်က replyမပြန်လာပေမယ့် လျန်ရှန်းဟန်ကတော့ Voice messageဖြင့် ပြန်ဖြေလာသည်။

"ကောင်းလိုက်တာ! အဲ့ကောင်ကို ကိုင်ကြစို့!"

ရှောင်ပေါင်က လျန်ရှန်းဟန်ကိုမေးလိုက်သည်,"ဘယ်လို ကိုင်ရမှာလဲ?"

"မင်းခုထိမေးနေတုန်းပဲလား, သေချာပေါက်ငါတို့ရဲစခန်းသွားရမှာပေါ့!" လျန်ရှန်းဟန်က ဖြေသည်, "ဒီငနဲက အကျင့်ပါနေတဲ့ချောင်းကြည့်တဲ့ကောင် ဖြစ်နေပြီလေကွာ! အရင်ကလဲ ကျောင်းက ဒါအတွက် အကြီးကြီး ကိုင်တွယ်ခဲ့ဖူးတာပဲ။ ဒါပေမယ့် သူကခုထိ ပြစ်မှုတွေကို ကျူးလွန်ရဲနေတုန်း! သူ့မှာနောင်တရနေတဲ့ပုံစံမျိူးမရှိတာ မင်းပြောလို့ရတယ်။ ထပ်ပြောရရင် သူက ဖုန်းကင်မရာတောင် ဖွင့်လိုက်သေးတာလေ! အရင်ကလဲ တစ်ခုခု ခိုးရိုက်ပြီး အင်တာနက်ပေါ်တင်မလားဆိုတာ ဘယ်သူသိလို့လဲ..."

အန်းနင်နဲ့ ရှောင်ပေါင်မှာ ပြတ်သားတဲ့ဆုံးဖြတ်ချက်တွေချလိုက်ကြသည်။ သူတို့က ဗွီဒီယိုကို ကော်ပီယူလိုက်ပြီး ကျောင်းရဲ့ရဲစခန်းကို ယူသွားခဲ့ကြသည်။ သူတို့ ရဲစခန်းကိုရောက်တဲ့အချိန်မှာတော့ လျန်ရှန်းဟန်ကလဲ ရောက်နေခဲ့ပြီဖြစ်သည်။ သုံးယောက်သား ဖြစ်ရပ်ကို တင်ပြလိုက်ကြပြီး စာရွက်စာတမ်းအလုပ်တွေလဲ ပြီးစီးခဲ့ကြသည်။ ရဲစခန်းကထွက်လာကြသောအခါ ၅နာရီပင် ရှိပြီဖြစ်သည်။ရှောင်ပေါင်ကတော့ မုဒ်တွေကောင်းပြီးပြောလာခဲ့သည်။

"သွားစို့! ဒီညီငယ်လေးက မင်းတို့ကို အကြီးကြီး ထရိပေးမယ်!"

လျန်ရှန်းဟန်က နောက်နေ့မှသွားရန်ပြောလိုက်​၏,အဘယ့်ကြောင့်ဆိုသော် သူက အွန်လိုင်းသူငယ်ချင်းတစ်ယောက်နဲ့ ညစာစားဖို့ချိန်းထားပြီးသားဖြစ်နေလို့ပင်။ အန်းနင်ကလဲ စာကြည့်တိုက်တွင် ဖတ်မပြီးခဲ့သေးသော စာအုပ်များအတွက် စိတ်ပူနေပြန်သည်။ရှောင်ပေါင်မှာ စိတ်ပျက်ပျက်နဲ့သာ လက်လျှော့လိုက်ရတော့​၏။

ညစာစားချိန်မှာတော့ အန်းနင်က ထုံးစံအတိုင်း သူ့ဗိုက်လေးကို ဖြည့်ရန် ကန်တင်းကို သွားခဲ့သည်။ အစားစားနေစဉ်မှာပဲသူ့WeChatကမြည်လာခဲ့​၏။ ချင်ဝေ့ဟော်ကသူ့ messageကို replyပြန်ထားတာပင်။

≪ပြစ်မှုအတွက် သတင်းပို့လိုက်သေးလား?≫

အန်းနင်က Voice buttonကို ကိုင်ထားရင်း ပါးစပ်ဖွင့်ပြောလိုက်သည်။

≪သတင်းပို့ပြီးပြီ!≫

သူ့ရဲ့ပါးစပ်တစ်ဝက်နဲ့ အပြည့် အစားအစာများ မျိုမချရသေးသည့်အတွက် "သတင်းပို့ပြီးပြီ"ဟူသော အသံမှာ လုံးထွေးနေကာအနည်းငယ်လဲ ရယ်ချင့်စဖွယ်ကောင်းနေ​၏။ သူက အစားတွေကို မျိုချလိုက်ပြိမှ ပိုပြီးရှင်းရှင်းလင်းလင်းပြောပြလိုက်သည်။

"ကျောင်းရဲ့ရဲစခန်းကိုသွားပြီးတော့ အဖြစ်အပျက်ကို သတင်းပို့လိုက်တာ!"

တစ်ခဏမျှကြာသောအခါ ချင်ဝေ့ဟော်က ပထမဆုံးအကြိမ် Voice messageပို့ပေးလာခဲ့သည်။ အန်းနင် အံဩသွားရပြီး ချင်ဝေ့ဟော် ပြောသည်ကို ကြားရန်နှိပ်ကြည့်လိုက်သည်။

≪မင်းသတင်းပို့ပေးလိုက်တာ ကောင်းတာပဲ≫

ဒါက အထင်မှားနေတာများလား? ဒါပေမယ့် "သတင်းပို့"ဆိုတဲ့အသံက ထူးခြားနေ​ခဲ့သည်။

ဘယ်လိုလုပ်ပြီး သူအခုပြောလိုက်တဲ့ လေသံမျိူးကြီးနဲ့ နည်းနည်းလေး ဆင်နေရတာလဲ?

-

သူတို့သည် ဖြစ်ရပ်က ဒီလိုပဲ အစီအစဉ်ကျသွားပြီဟု တွေးခဲ့ကြသော်လည်း နောက်တစ်နေ့တွင် အကြံပေးအရာရှိက သူတို့သုံးယောက်ကို ခေါ်တွေ့လိမ်မည်လို့တော့ မမျှော်လင့်ထားခဲ့ပါချေ။ သုံးယောက်သားမှာ ရုံးခန်းထဲတွင် ကြံရာမရစွာဖြင့် အကြံပေးရဲ့ဖျောင်းဖျခြင်းကို နာရီဝက်လောက်ခံလိုက်ကြရသည်။ သုံးယောက်စလုံး အကြံပေးက ဘာကိုပြောချင်နေသလဲဆိုတာကိုတော်တော်များများ နားလည်ကြပါသည်။ အကယ်၍များ ရှေ့လျှောက်မှာ ဒီလိုအခြေအနေမျိူးကြုံကြိုက်လာပါက သူတို့အကြံပေးအရာရှိကို အရင်ပြောကြဖို့နဲ့ ရဲကို သတင်းပို့တာက နောက်ဆုံးခိုကိုးရာအဖြစ် ထားလိုက်ဖို့ပင်။

ရှောင်ပေါင်က စိတ်ပျက်သွားပြီး အကြံပေးရဲ့ ရုံးခန်းကနေထွက်လာသောအခါ ပြောလိုက်သည်,"ကြည့်ရတာ ဒါကို ဖုံးတော့မယ်ပုံပဲ..."

အန်းနင်က သူ့ကို နှစ်သိမ့်ပေးလိုက်သည်, "သေချာပေါက်တော့ မဟုတ်သေးပါဘူး။ စောင့်ပြီးကြည့်ကြတာပေါ့."

ရက်ပေါင်းများစွာစောင့်ခဲ့ကြသော်လည်း ကျောင်းက ချောင်းတဲ့လူနဲ့ ကိစ္စအကြောင်း ဘာကိုမှ အသိပေးခြင်းမရှိခဲ့ပေ။မည်သို့ဆိုစေ ဒီကိစ္စက ကျောင်းထဲတွင် ပျံ့နှံ့နေဆဲပင်ဖြစ်သည်။ အရင်က ကျောင်းဖိုရမ်မှာ ပိုစ့်တင်ခဲ့တဲ့ မိန်းကလေးက အရင်က သံသယရှိခဲ့သူကို တောင်းပန်ကြောင်း ပိုစ့်တစ်ခုတင်လာခဲ့သည်။ ကျောင်းက ဆူဆူညံညံတွေ မလုပ်လိုသည့်တိုင် ထိုကောင်လေးကတော့ရဲစခန်းခေါ်ကာ မေးမြန်းခံနေရဆဲပင် ဖြစ်သည်။ ဒီသတင်းက အားလုံးကို သိရှိသွားစေရန် ပျံ့နှံ့လာခဲ့သည်။

ပြောကြသည်မှာ ကောင်လေးသည် ဆင်းရဲသောကျောင်းသားဖြစ်နေခဲ့ပြီး သူ့ရဲ့ ဘဏ္ဍာရေးအထောက်အပံ့ကလဲ ပယ်ချခံရကာကျောင်းသားချေးငွေအက်ပလီကေးရှင်းကလဲ ပယ်ချခံထားသူဖြစ်သည်။ အန်းနင်မှာ သူ့ရဲ့ကိုယ်ပိုင်စိတ်အခြေအနေ ခဏတာမျှရှုပ်ထွေးသွားရလိမ့်မည်ဟု ဘယ်တုန်းကမှ မတွေးခဲ့မိပါချေ။

ကံကောင်းစွာနဲ့ ရှောင်ပေါင်ကတော့ ဒီတစ်ခါမှာ လုံးဝကို သံသယစာရင်းထဲက လွတ်မြောက်သွားသောကြောင့် သူ သက်ပြင်းချနိုင်လိုက်သည်။ ရှောင်ပေါင်က ဒီအတွက်အထူးကျေးဇူးတင်ဖို့ ရောက်လာခဲ့တာပင်။ သူက အန်းနင်အတွက် သူ့မွေးရပ်မြေက ဒေသတွင်းအထူးထုတ်ကုန်များပင် သယ်လာခဲ့သေးသည်။ အန်းနင်မှာ သူ့ရဲ့ အလေးအနက်ထားနေမှုကြီးကြောင့် အနည်းငယ်ပင် နေရခက်သွားရသည်။

"တကယ်တော့,ငါ ဘာမှ များများစားစားမလုပ်ခဲ့ရပါဘူး."

ရှောင်ပေါင် ခေါင်းယမ်းလိုက်သည်,"မဟုတ်ဘူး မဟုတ်ဘူး! မင်းကသာ အများကြီးလုပ်ခဲ့တာ။ မင်းက ငါ့ဘေးမှာရှိနေပေးတဲ့တစ်ယောက်တည်းသောသူဖြစ်ပြီး ငါ့ကို သံသယမရှိခဲ့တဲ့ တစ်ယောက်တည်းသောသူပဲ ! ကျေးဇူးအများကြီးတင်ပါတယ် အန်းနင်ကော!"

အန်းနင် အကြံအိုက်သွားရသည်။ သူက နည်းပညာအားဖြင့် ဘာမှ သိပ်မလုပ်လိုက်သည့်တိုင် တစ်ဖက်လူအတွက်တော့ အကူအညီကြီး ဖြစ်နေခဲ့သည်။သူ ခေါင်းညိတ်ပြီး ပြောလိုက်​၏,"မပြောပါနဲ့တော့"

"တကယ်တော့, ကျွန်တော် တွေးကြည့်ပြီးပြီ" ရှောင်ပေါင်က ပြောသည်,"တကယ်လို့ ကျွန်တော်သာ အဲ့လူကို မဖမ်းနိူင်ခဲ့ရင်, ကျွန်တော့် လှေထဲမှာပဲ ကျွန်တော် မြှုပ်သွားတော့မှာ*, ဒါပေမယ့် အဲ့ဒါ..."

သူက ခေါင်းငုံ့ချလိုက်ပြီး အသံပါ တိုးလိုက်သည်။

【* TN: ဒီနေရာမှာ သုံးတဲ့ Idiom ကတော့ "အိုးတွေကို ဖောက်ပြီး လှေတွေကို နစ်ဖို့" ဆိုတာမျိူးပါ။။ နောက်ကြောင်းပြန်မလှည့်တော့ဘဲ၊ သို့ နောက်ပြန်လှည့်လို့မရတဲ့ အရာတစ်ခုကို လုပ်တာကို ဆိုလိုတာပါ။.】

အန်းနင် သူ့ကိုကြည့်လိုက်မိပြီး သူဆိုလိုတာကိုသိပ်တော့ နားမလည်ခဲ့ချေ။ ထို့ကြောင့် သူ့လက်ကိုမြှောက်လိုက်ကာ ကျောကို ခပ်ဖွဖွပုတ်ပေးလိုက်သည်။

ရှောင်ပေါင်က ခေါင်းပြန်မော့လာရာ သူ့မျက်လုံးများမှာ အနည်းငယ်စိုစွတ်နေခဲ့သည်။

"အဲ့ဒါကြောင့် ကျေးဇူးအများကြီးတင်ပါတယ်..."

"ကောင်းပြီ," အန်းနင်က အပြုံးလေးဖြင့်ပြောလိုက်သည်, "မင်းငါ့ကို အကြိမ်ပေါင်းများစွာကျေးဇူးတင်ပြီးပြီပဲ။ ငါတို့အားလုံးဥပဒေသင်နေတော့ သေချာပေါက် မင်းကိုမှားမကြည့်နိုင်ဘူးလေ."

ရှောင်ပေါင်က သူ့နှုတ်ခမ်းကို ကိုက်လိုက်ပြီး ရုတ်တရက်သူ့ကို ဖက်လာခဲ့သည်,"ကော,မင်းက အရမ်းကြင်နာတတ်တာပဲ! ငါ မင်းဆီက သင်ချင်တယ်!"

အန်းနင်မှာ လက်ကို အားသုံးမြှောက်လိုက်ပြီး ရှောင်ပေါင်ရဲ့ ပုခုံးပေါ်သို့ လက်မောင်းကိုတင်လိုက်ပြီး ပြောလိုက်​၏,

"မဟုတ်ရင်လဲ အတန်းမလစ်တာကနေ စပြီးသင်ကြမလား..."

ရှောင်ပေါင်: "......"

-

ဒီဖြစ်ရပ်ပြီးနောက် အန်းနင်နဲ့ ဘေးခန်းကနှစ်ယောက်မှာ ပိုပြီးနက်ရှိုင်းစွာ ခင်မင်ရင်းနှီးလာခဲ့ကြသည်။ ရှောင်ပေါင်က WeChat Groupပင် ဖွင့်လိုက်သေးသည်။ အန်းနင်နဲ့ လျန်ရှန်းဟန်ကို ဂရုထဲ ဆွဲသွင်းရုံမျှမကပါဘဲ ချင်ဝေ့ဟော်ကိုပါ ဂရုထဲထည့်ဖို့ အန်းနင်ကို တိုက်တွန်းလိုက်သေးသည်။ အန်းနင်ကတော့ ဒါက မသင့်လျော်သလိုခံစားရ​၏။ တခြားသူတွေကို သာ သူ့က်ိုaddခိုင်းရင် သူကစကားတစ်ခွန်းမှ မပြောပါဘဲ addပေးလိုက်မည်ဖြစ်သည်။ သို့သော် တားကဒ်က ချင်ဝေ့ဟော် ဖြစ်နေခဲ့သည်လေ။

သူအမြဲတမ်း တွေးမိသည်,တစ်ကိုယ်တည်းဝံပုလွေလို နေတတ်တဲ့ ချင်ဝေ့ဟော်အတွက်မူ WeChat Groupမှာလိုမျိူး ရှိသင့်သည့်ပုံစံမဟုတ်ပါချေ။ အထူးသဖြင့် ရှောင်ပေါင်က Groupထဲကို messageများ အမြဲတမ်းပို့နေတတ်သောကြောင့် ချင်ဝေ့ဟော် စိတ်ရှုပ်တယ်လို့ ခံစားရလိမ့်မည် မဟုတ်ပါလား?

ရှောင်ပေါင်က သူ့ကို ကောင်းမြတ်လှတဲ့ အလုပ်လေးတစ်ခုပေးခဲ့ပေသည်။ အဘယ့်ကြောင့်ဆိုသော် သူတစ်ယောက်တည်း၌သာချင်ဝေ့ဟော်ရဲ့ WeChat account ရှိသူ ဖြစ်နေလို့ပင်။ သို့သော် ချင်ဝေ့ဟော်ရဲ့ WeChat Accountကို addခဲ့ရခြင်းမှာ ချင်ဝေ့ဟော်ကသူ့ကို မျက်မှန်အတွက် လျော်ကြေးပေးလို၍ ဖြစ်သည်။ ထိုအချိန်က ချင်ဝေ့ဟော်မှာ "WeChatမှာ ငါ့ကို အပ်ပေး"လို့ ပြောလိုက်သည့်အတွက် သူ လန့်ဖျတ်သွားခဲ့ရသည်။ သို့သော်လည်း သူအဲ့လို ငေါက်ဆတ်ဆတ်ပြောခဲ့ပြီးနောက် သူ့ဆီကို ယွမ်၂၀၀၀လွှဲပေးလာခဲ့သည်။ မျက်မှန်သာ မကျိူးခဲ့ပါလျှင် ချင်ဝေ့ဟော်ကလဲ သူ့ကို addခဲ့မည်မဟုတ်ပေ။

ပိတ်ရက်တွင် ရှောင်ပေါင်က သူ့ကို Groupထဲမှာပင် မေးမြန်းလာခဲ့သည်။ အန်းနင်က သူမေ့နေလို့ဆိုပြီး ရွှေ့ဆိုင်းနေပေမယ့် ဒီလိုမျိူးပဲ မေ့နေလို့ မဖြစ်ဘူးလေ။

တနင်္လာနေ့၌ နောက်ဆုံးမှာတော့ ချင်ဝေ့ဟော်က မေဂျာတန်းကို လာတတ်ခဲ့သည်။ အန်းနင်က ရှောင်ပေါင် ချင်ဝေ့ဟော်ကို သူ့ဘာသာသူ သွားပြောလိုက်ဖို့မျှော်လင့်မိသော်လည်း ရှောင်ပေါင်က အတန်းလစ်ပြီး အိပ်ဆောင်မှာအိပ်နေလိမ့်မည်လို့တော့ မထင်မိခဲ့ချေ။ ပထမဆုံး ဥပဒေသိပ္ပံတန်းအပြီးတွင် အန်းနင်မှာ ခေါင်းကိုက်မှုများဖြင့် သူ့ခေါင်းကို လှည့်ကြည့်မိလိုက်သည်။ ချင်ဝေ့ဟော်မှာ နောက်ဆုံးတန်းတွင် အေးအေးလူလူ မှီထားရင်းထိုင်နေဆဲပင်။ သူက ခေါင်းကို ငုံ့ထားပြီး ဖုန်းပွတ်နေခဲ့သည်။

ရုတ်တရက် သူ့ခေါင်းကိုမော့လာသောအခါ အန်းနင်မှာ မလုံမလဲစိတ်ဖြင့် ချက်ချင်းပင် ခေါင်းပြန်လှည့်လိုက်သည်။သူက ပြတင်းအပြင်ဘက်က ရှု့ခင်းကို ကြည့်နေသယောင်ဟန်ဆောင်လိုက်​၏။

သူ ခေါင်းပြန်မော့လိုက်တဲ့အချိန်မှာတော့ ချင်ဝေ့ဟော်က ထရပ်လိုက်ပြီဖြစ်ကာ သူခုံကို ဖြတ်၍ မင်းလမ်းမကြီးဆီမှ ထွက်လာခဲ့ပြီဖြစ်သည်။ အန်းနီခမျာ စိုးရိမ်တကြီးနဲ့ ချင်ဝေ့ဟော် သူ့ရှေ့က ဖြတ်သွားပြိ မျက်စိတစ်မှိတ်အတွင်း စာသင်ခန်းထဲက ထွက်သွားသည်ကို ကြည့်နေခဲ့မိသည်။

မေ့လိုက်ပါတော့, WeChatကနေပြောတာပိုကောင်းမယ်!

အန်းနင်မှာ ဒီဝန်လေးနေရမှုကြီးကို မရှင်းထုတ်နိုင်မှန်း သဘောပေါက်သွားရပြီး ဒီစာလုံးမည်းကြီးနဲ့တောင်းဆိုချက်ကို လူကိုယ်တိုင်အစား WeChatကနေပြောလိုက်တာကသာ ပိုကောင်းလိမ့်မည်။ ချင်ဝေ့ဟော်လည်း ငြင်းတဲ့အခါမှာ ပိုပြီးသက်တောင့်သက်သာ ဖြစ်သွားမှာဖြစ်သည်။

ထိုနေ့က အတန်းပြီးတော့ သူ ချင်ဝေ့ဟော်ကို WeChat Messageမှ အလွန့်အလွန်ယဉ်ကျေးသမှုနဲ့ ရေးသားထားသော စာကြောင်းလေးတစ်ကြောင်း ပို့ပေးလိုက်သည်။

≪ချင်ဝေ့ဟော်, ရှောင်ပေါင်က WeChatဂရုတစ်ခု ဖွဲ့ထားတာ၊ မင်းဝင်ချင်သေးလား? အဲ့ဒါက ငါတို့သုံးယောက်တင်ပါဘဲ(မင်းလာရင် လေးယောက်ပေါ့) ။ တကယ်လို့ မင်းဂရုဝင်ရတာမကြိုက်ဘူးဆိုရင်လဲ ငါဘာမှမပြောခဲ့သလို အောက်မေ့လိုက်နော်။ ငါ့ကိုပြန်ပြောစရာမလိုဘူး၊ အဲ့အတွက် စိတ်မပူပါနဲ့ !≫

ချင်ဝေ့ဟော်က သူ့ကို ညနေခင်းထိတိုင်အောင် စာမပြန်ခဲ့ပေ။ ထို့ကြောင့် သူ့အဖြေကဘာလဲဆိုတာ သူ သဘောပေါက်ခဲ့ရသည်။

နောက်တစ်နေ့ သူ လေ့ကျင့်ရေးအတန်းတွင် ရှောင်ပေါင်က သူ့ကို ထပ်မေးလာပြန်​၏။ အန်းနင် ဘာပြောရမည်ကို စဉ်းစားနေချိန်မှာပဲ လေ့ကျင့်ရေးဆရာက သူတို့ကို တန်းစီခိုင်းလိုက်သဖြင့် ရှောင်ပေါင်လဲ ထိုကိစ္စကို မေ့သွားခဲ့ပြန်သည်။ ထိုနေ့လည်ခင်းတွင်အန်းနင်က self-studyအတွက် စာကြည့်တိုက်ကို သွားခဲ့သည်။

သူထိုင်လိုက်သည်နှင့် တပြိုင်နက် သူ့WeChatကမြည်လာခဲ့သည်။ သူဖုန်းကို ဖွင့်ကြည့်လိုက်သောအခါ မမျှော်လင့်စွာနဲ့ဘဲ ၂၄နာရီတိုင်တိုင် သတင်းမကြားခဲ့ရတဲ့ ချင်ဝေ့ဟော်က ဂရုကို ဝင်လာခဲ့တာပင် ဖြစ်သည်။ ရင်းနှီးနေတဲ့ ဆိုင်ကယ်အနက်ကြီးနဲ့ ပရိုဖိုင်းကိုသူ စိုက်ကြည့်နေမိရင်း ဒီအတွက် စိတ်မညစ်နိုင်တော့ပေ။

ရှောင်ပေါင်က ဂရုထဲတွင် ရေးသားလာခဲ့သည်။

≪ဟော့်ကော,မင်းများလား? ≫

ထို့ကြောင့် အန်းနင်သူ့ကို replyကူပြန်ပေးလိုက်သည်။

≪အဲ့ဒါသူပဲ≫

ရှောင်ပေါင်က ချက်ချင်းပင် emoticon အတန်းလိုက်ကြီးကို ပို့လာခဲ့​၏။

≪ကြိုဆိုပါတယ်! အေတက္ကသိုလ်ရဲ့ ကျောင်းမြက်လေး!!≫

လျန်ရှန်းဟန်ကလဲ ဝင်လာခဲ့သည်,

≪လခွမ်း! ဒီဂရုရဲ့ ဆွဲဆောင်နိုင်စွမ်းတွေကတော့ ဇယားကွက်ကိုတောင် လွန်နေပြီ!≫

ထို့နောက်မှာတော့ ၎င်းဟာ ရှောင်ပေါင်ရဲ့ တစ်ဦးတည်းပိုင် အချိန်များ ပြန်ဖြစ်သွားပြန်သည်။

မျိုးစုံသော အီမိုဂျီတွေနဲ့ သတင်းတိုများက အဆုံးမရှိအောင် ပေါ်ထွက်နေခဲ့သည်။ အန်းနင်ခမျာ အင်တင်တင်နဲ့ ပြုံးလိုက်ရပြီး သူ့ခေါင်းကို ယမ်းလိုက်မိသည်။ သူက WeChatကို ပိတ်လိုက်ပြီး သူ့စာအုပ်တွေဆီမှာပဲ ထပ်မံမြှုပ်နှံ့လိုက်ပြန်သည်။

သို့သော်လည်း သူတကယ်ပင် ချင်ဝေ့ဟော်က ရိုးရိုးတန်းတန်းပင် ဂရုကို ဝင်လာလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။ သူအများကြီး တွေးလိုက်မိပုံပေါ်သည်။ သူ ဘာကြောင့်လဲ မသိပေမယ့် ချင်ဝေ့ဟော်နှင့်ပတ်သတ်သည့်အရာတွေဆိုလျှင် အတွေးလွန်ဖို့ သူ့အတွက်အလွယ်လေးဖြစ်နေခဲ့သည်။

ည၁၀နာရီတွင်တော့ သူ အိပ်ဆောင် အခန်းကို ပြန်လာခဲ့ပြီး WeChatကို ဖွင့်လိုက်သည်။ ၆နာရီတုန်းက ချင်ဝေ့ဟော် သူကို WeChat message တစ်စောင်ပို့ထားကြောင်း သူတွေ့လိုက်ရသည်။သို့သော် အကြောင်းအရင်းတချို့ကြောင့် သူက မတ်ဆေ့ကို ပြန်ဖျက်ထား​၏။ အဲ့ဒါက ဘာလဲဆိုတာကို သူမမြင်လိုက်ရတာကြောင့် ရုတ်တရက်ကြီး အနည်းငယ်တော့ သိချင်သွားရသည်။

တခြားတစ်ဖက်မှာတော့ ဂရုထဲက messageများမှာ များပြားလွန်းနေသဖြင့် ပေါက်ကွဲလုနီးနီးပင်။

ဒီလောက်အများကြီး သူတို့ ဘာတွေများပြောခဲ့ကြလို့လဲ?

ရှောင်ပေါင် တစ်ယောက်တည်းဆိုလျှင်တော့ ဒီလောက်များများပို့ရန် မဖြစ်နိုင်ပါချေ။ သူ့ခေါင်းကို သိချင်ဇောနဲ့ ယိမ်းကြည့်လိုက်ရာ ၇:၃၀တုန်းက ချင်ဝေ့ဟော် ပို့ထားတာကို တွေ့လိုက်ရသည်။

≪တနင်္ဂနွေနေ့ မနက်ကျ Black Horse ကျောက်တောင်တက်စခန်း မှာ ကျောက်တောင်တက်မဲ့ လှုပ်ရှားမှု ရှိလိမ့်မယ်။ တကယ်လို့မင်းတို့လာချင်တယ်ဆိုရင် ဒီကျောက်တောင်တက်တဲ့gymကို သွားပြီး အဲ့ဒီက ဘောစ့်ကို အတူခေါ်လာခွင့်ပေးလိုက်။ ≫

ထိုနောက်မှာတော့ ရှောင်ပေါင်က ကျီရှီရဲ့ 'စိတ်လှုပ်ရှားနေတဲ့အခိုက်အတန့်' GIFတွေပို့ပေးပြီး မေးလာခဲ့သည်။

≪ကော,မနက်ခင်း ဘယ်အချိန်လဲ?≫

လျန်ရှန်းဟန်က Dark Horse ကျောက်တောင်တက်စခန်းကိုရှာကြည့်ပြီး Location ပို့လာကာ မေးသည်။

≪ဒီမှာလား?≫

ချင်ဝေ့ဟော်က ဖြေ​၏,

≪ဟုတ်တယ်။ ဖြစ်နိူင်မယ်ဆိုရင် စောစောလေးဖြစ်ဖို့ ကြိုးစားပေး။ မဟုတ်ရင် မင်းတို့ ငါနားနေတာပဲ ကြည့်ရလိမ့်မယ်။ ≫

ရှောင်ပေါင်က သက်တန့်အီးပေါက်နေတဲ့ GIFကိုပို့သည်။

≪ကော,မင်းနားနေခဲ့ရင်တောင် မင်းက ချောနေတာ!≫

အန်းနင်မှာ လျန်ရှန်းဟန်က သူ့ကိုဂရုထဲတွင် @ခေါ်ထားပြီး တနင်္ဂနွေနေ့မနက် အချိန်ရလားမေးထားသည်ကို တွေ့လိုက်ရသော်လည်း ထိုအချိန်က သူ WeChatကို အသံပိတ်ထားခဲ့သောကြောင့် မမြင်လိုက်ရပေ။

ရှောင်ပေါင်က ဂရုထဲမှာပြောထား​၏,

≪အန်းနင်ကောက စာလုပ်နေရင် WeChat မသုံးဘူး..≫

ချင်ဝေ့ဟော် :≪သူက အဲ့လောက်လေးနက်တယ်လား?≫

လျန်ရှန်းဟန် : ≪မစ္စတာလူချောလေး,မင်းရှက်သလိုလို မခံစားရဘူးလား?!≫

ရှောင်ပေါင် : ≪ငါတော့ သူရှက်နေမယ်လို့ မထင်ပါဘူး≫

ထိုသို့ပြီးနောက် ချင်ဝေ့ဟော်က ဂရုထဲတွင်ဘာကိုမှပြောမထားတော့ပေ။ အန်းနင်သိချင်သွားသည်,ဒါက ချင်ဝေ့ဟော် ပြန်သိမ်းသွားတဲ့ message ဖြစ်နိုင်မလား? သူ မြန်မြန်ပင် ချင်ဝေ့ဟော်ဆီသို့ သီးခြား message ပို့လိုက်မိ​၏။

≪ငါသေချာပေါက်ကို တနင်္ဂနွေနေ့ကျ လာခဲ့မှာပါ!≫

ချင်ဝေ့ဟော်က replyပြန်မလာခဲ့ပေ။ ချင်ဝေ့ဟော် ပရိုဖိုင်းပုံရဲ့တိတ်ဆိတ်နေမှုကြီးက အလွန်ကို သည်းမခံချင်စရာပင်။ အန်းနင်တစ်နာရီကျော်အောင် စောင့်နေခဲ့သည်။ သူက မီးတွေဖျက်သွားချိန်ထိတောင် စောင့်နေခဲ့သော်လည်း ချင်ဝေ့ဟော်ကတော့ သူ့ကိုဘယ်တော့မှ replyမလာခဲ့ပေ။

ကံဆိုးချက်, သူ ဖုန်းကို ချလိုက်ပြီိးနောက် ရှေ့လျှောက်တွင်တော့ ဘယ်တော့မှ WeChat ကို အသံမပိတ်ထားသင့်တော့ဘူးဟု တွေးလိုက်မိတော့သည်။.


Zawgyi


ေခ်ာင္းၾကည့္တဲ့ အျဖစ္အပ်က္ၿပီးေနာက္ တစ္လနီးပါးၾကာေသာအခါ ဒီ့အတြက္ အြန္လိုင္းေပၚမွာ လွုပ္လွုပ္ရွားရွားျဖစ္တာလဲ ေလ်ာ့က်သြားသည္။ အန္းနင္က ဒါဟာ အသုံးမဝင္တဲ့ ႀကိဳးပမ္းမွုတစ္ခုျဖစ္သြားသလားလို႔ေတာင္ စတင္သိခ်င္လာတဲ့အခ်ိန္မွာပဲ တစ္ေနမွာ ေရွာင္ေပါင္ရဲ့ WeChatကို ႐ုတ္တရက္လက္ခံရရွိခဲ့သည္။ ထိုအခ်ိန္က သူ စာၾကည့္တိုက္မွာ စာေလ့လာေနခဲ့တာျဖစ္သည္။

သူ Voice Messageကို ႏွိပ္လိုက္သည့္အခါ ေရွာင္ေပါင္ရဲ့ စိတ္လွုပ္ရွားေနတဲ့အသံကို ၾကားလိုက္ရသည္။

"ေကာ, သူ႔ကိုမိၿပီ!!" 

အသံက ႐ုတ္တရက္ႀကီး ထြက္လာတာေၾကာင့္ အေရွ႕နဲ႔ အေနာက္စားပြဲက လူေတြကပါ အန္းနင္ကို ၾကည့္လာခဲ့ၾကသည္။ အန္းနင္သည္လည္း စိတ္လွုပ္ရွားသြားရၿပီး ပထမဆုံးအႀကိမ္အျဖစ္ သူ႔ရဲ့ ကိုယ္ပိုင္စာၾကည့္တာကို ရပ္ပစ္လိုက္သည္။ သူ ပစၥည္းေတြကို ထုတ္ပိုးလိုက္ၿပီး ျမန္ျမန္ပင္ အိပ္ေဆာင္ကို ျပန္လာခဲ့သည္။

ေသာၾကာေန႔ျဖစ္ေသာေၾကာင့္ ေန႔လည္အတန္းေတြမရွိေပ။ လ်န္ရွန္းဟန္က ဂိမ္းေဆာ့ဖို႔ ထြက္သြားခဲ့​၏။ တပ္ဆင္ၿပီးေနာက္တြင္ ေရွာင္ေပါင္ကသာ အျမဲလိုလို ကြန္ျပဴတာဖြင့္ၿပီး ကင္မရာမွ ရိုက္ခဲ့သမၽွ ဗြီဒီယိုေတြကို ၾကည့္တတ္သည္။

ဗြီဒီယိုေတြသိမ္းဖို႔အတြက္ သူက မ်ားျပားလွတဲ့ hard driveေတြကိုေတာင္ ဝယ္ခဲ့သည္။ ဒီရက္ေတြမွာေတာ့ သူကေန႔ေရာညပါ ေစာင့္ၾကပ္ၾကည့္ရွူ႔ခဲ့ၿပီး ေနာက္ဆုံးမွာေတာ့ ဒီလူကို ဖမ္းမိခဲ့ေလၿပီ။ အန္းနင္လဲ ျမန္ျမန္ ျပန္လာၿပီး သူနဲ႔အတူ ဗြီဒီယိုၾကည့္လိုက္သည္။ ၎မွာ ခ်င္ေဝ့ေဟာ္ ပုံပို႔ေပးခဲ့တဲ့ ခပ္ပုပုညိဳညိဳ ေကာင္ပင္။ ျမင္ကြင္းထဲတြင္ သူက မိန္းကေလးသန႔္စင္ခန္းထဲမဝင္ခင္ သူ႔ဖုန္းရဲ့ ကင္မရာကိုပါ ဖြင့္လိုက္ေသးသည္။ ဒါက ခိုင္မာလွသည့္ သက္ေသာအေထာက္အထားပင္။ ႏွစ္ေယာက္သား ခ်င္ေဝ့ေဟာ္နဲ႔ လ်န္ရွန္းဟန္ကို WeChat Messageေတြ ပို႔လိုက္ၾကရာ ခ်င္ေဝ့ေဟာ္က replyမျပန္လာေပမယ့္ လ်န္ရွန္းဟန္ကေတာ့ Voice messageျဖင့္ ျပန္ေျဖလာသည္။

"ေကာင္းလိုက္တာ! အဲ့ေကာင္ကို ကိုင္ၾကစို႔!"

ေရွာင္ေပါင္က လ်န္ရွန္းဟန္ကိုေမးလိုက္သည္,"ဘယ္လို ကိုင္ရမွာလဲ?"

"မင္းခုထိေမးေနတုန္းပဲလား, ေသခ်ာေပါက္ငါတို႔ရဲစခန္းသြားရမွာေပါ့!" လ်န္ရွန္းဟန္က ေျဖသည္, "ဒီငနဲက အက်င့္ပါေနတဲ့ေခ်ာင္းၾကည့္တဲ့ေကာင္ ျဖစ္ေနၿပီေလကြာ! အရင္ကလဲ ေက်ာင္းက ဒါအတြက္ အႀကီးႀကီး ကိုင္တြယ္ခဲ့ဖူးတာပဲ။ ဒါေပမယ့္ သူကခုထိ ျပစ္မွုေတြကို က်ဴးလြန္ရဲေနတုန္း! သူ႔မွာေနာင္တရေနတဲ့ပုံစံမ်ိဴးမရွိတာ မင္းေျပာလို႔ရတယ္။ ထပ္ေျပာရရင္ သူက ဖုန္းကင္မရာေတာင္ ဖြင့္လိုက္ေသးတာေလ! အရင္ကလဲ တစ္ခုခု ခိုးရိုက္ၿပီး အင္တာနက္ေပၚတင္မလားဆိုတာ ဘယ္သူသိလို႔လဲ..." 

အန္းနင္နဲ႔ ေရွာင္ေပါင္မွာ ျပတ္သားတဲ့ဆုံးျဖတ္ခ်က္ေတြခ်လိုက္ၾကသည္။ သူတို႔က ဗြီဒီယိုကို ေကာ္ပီယူလိုက္ၿပီး ေက်ာင္းရဲ့ ရဲစခန္းကို ယူသြားခဲ့ၾကသည္။ သူတို႔ ရဲစခန္းကိုေရာက္တဲ့အခ်ိန္မွာေတာ့ လ်န္ရွန္းဟန္ကလဲ ေရာက္ေနခဲ့ၿပီျဖစ္သည္။ သုံးေယာက္သား ျဖစ္ရပ္ကို တင္ျပလိုက္ၾကၿပီး စာရြက္စာတမ္းအလုပ္ေတြလဲ ၿပီးစီးခဲ့ၾကသည္။ ရဲစခန္းကထြက္လာၾကေသာအခါ ၅နာရီပင္ ရွိၿပီျဖစ္သည္။ေရွာင္ေပါင္ကေတာ့ မုဒ္ေတြေကာင္းၿပီးေျပာလာခဲ့သည္။

"သြားစို႔! ဒီညီငယ္ေလးက မင္းတို႔ကို အႀကီးႀကီး ထရိေပးမယ္!"

လ်န္ရွန္းဟန္က ေနာက္ေန႔မွသြားရန္ေျပာလိုက္​၏,အဘယ့္ေၾကာင့္ဆိုေသာ္ သူက အြန္လိုင္းသူငယ္ခ်င္းတစ္ေယာက္နဲ႔ ညစာစားဖို႔ ခ်ိန္းထားၿပီးသားျဖစ္ေနလို႔ပင္။ အန္းနင္ကလဲ စာၾကည့္တိုက္တြင္ ဖတ္မၿပီးခဲ့ေသးေသာ စာအုပ္မ်ားအတြက္ စိတ္ပူေနျပန္သည္။ ေရွာင္ေပါင္မွာ စိတ္ပ်က္ပ်က္နဲ႔သာ လက္ေလၽွာ့လိုက္ရေတာ့​၏။

ညစာစားခ်ိန္မွာေတာ့ အန္းနင္က ထုံးစံအတိုင္း သူ႔ဗိုက္ေလးကို ျဖည့္ရန္ ကန္တင္းကို သြားခဲ့သည္။ အစားစားေနစဥ္မွာပဲ သူ႔WeChatကျမည္လာခဲ့​၏။ ခ်င္ေဝ့ေဟာ္ကသူ႔ messageကို replyျပန္ထားတာပင္။

≪ျပစ္မွုအတြက္ သတင္းပို႔လိုက္ေသးလား?≫

အန္းနင္က Voice buttonကို ကိုင္ထားရင္း ပါးစပ္ဖြင့္ေျပာလိုက္သည္။

≪သတင္းပို႔ၿပီးၿပီ!≫

သူ႔ရဲ့ပါးစပ္တစ္ဝက္နဲ႔ အျပည့္ အစားအစာမ်ား မ်ိဳမခ်ရေသးသည့္အတြက္ "သတင္းပို႔ၿပီးၿပီ"ဟူေသာ အသံမွာ လုံးေထြးေနကာ အနည္းငယ္လဲ ရယ္ခ်င့္စဖြယ္ေကာင္းေန​၏။ သူက အစားေတြကို မ်ိဳခ်လိုက္ၿပိမွ ပိုၿပီးရွင္းရွင္းလင္းလင္းေျပာျပလိုက္သည္။

"ေက်ာင္းရဲ့ရဲစခန္းကိုသြားၿပီးေတာ့ အျဖစ္အပ်က္ကို သတင္းပို႔လိုက္တာ!"

တစ္ခဏမၽွၾကာေသာအခါ ခ်င္ေဝ့ေဟာ္က ပထမဆုံးအႀကိမ္ Voice messageပို႔ေပးလာခဲ့သည္။ အန္းနင္ အံဩသြားရၿပီး ခ်င္ေဝ့ေဟာ္ ေျပာသည္ကို ၾကားရန္ႏွိပ္ၾကည့္လိုက္သည္။

≪မင္းသတင္းပို႔ေပးလိုက္တာ ေကာင္းတာပဲ≫

ဒါက အထင္မွားေနတာမ်ားလား? ဒါေပမယ့္ "သတင္းပို႔"ဆိုတဲ့အသံက ထူးျခားေန​ခဲ့သည္။

ဘယ္လိုလုပ္ၿပီး သူအခုေျပာလိုက္တဲ့ ေလသံမ်ိဴးႀကီးနဲ႔ နည္းနည္းေလး ဆင္ေနရတာလဲ?

-

သူတို႔သည္ ျဖစ္ရပ္က ဒီလိုပဲ အစီအစဥ္က်သြားၿပီဟု ေတြးခဲ့ၾကေသာ္လည္း ေနာက္တစ္ေန႔တြင္ အႀကံေပးအရာရွိက သူတို႔သုံးေယာက္ကို ေခၚေတြ႕လိမ္မည္လို႔ေတာ့ မေမၽွာ္လင့္ထားခဲ့ပါေခ်။ သုံးေယာက္သားမွာ ႐ုံးခန္းထဲတြင္ ႀကံရာမရစြာျဖင့္ အႀကံေပးရဲ့ ေဖ်ာင္းဖ်ျခင္းကို နာရီဝက္ေလာက္ခံလိုက္ၾကရသည္။ သုံးေယာက္စလုံး အႀကံေပးက ဘာကိုေျပာခ်င္ေနသလဲဆိုတာကို ေတာ္ေတာ္မ်ားမ်ား နားလည္ၾကပါသည္။ အကယ္၍မ်ား ေရွ႕ေလၽွာက္မွာ ဒီလိုအေျခအေနမ်ိဴးၾကဳံႀကိဳက္လာပါက သူတို႔ အႀကံေပးအရာရွိကို အရင္ေျပာၾကဖို႔နဲ႔ ရဲကို သတင္းပို႔တာက ေနာက္ဆုံးခိုကိုးရာအျဖစ္ ထားလိုက္ဖို႔ပင္။

ေရွာင္ေပါင္က စိတ္ပ်က္သြားၿပီး အႀကံေပးရဲ့ ႐ုံးခန္းကေနထြက္လာေသာအခါ ေျပာလိုက္သည္,"ၾကည့္ရတာ ဒါကို ဖုံးေတာ့မယ္ပုံပဲ..."

အန္းနင္က သူ႔ကို ႏွစ္သိမ့္ေပးလိုက္သည္, "ေသခ်ာေပါက္ေတာ့ မဟုတ္ေသးပါဘူး။ ေစာင့္ၿပီးၾကည့္ၾကတာေပါ့." 

ရက္ေပါင္းမ်ားစြာေစာင့္ခဲ့ၾကေသာ္လည္း ေက်ာင္းက ေခ်ာင္းတဲ့လူနဲ႔ ကိစၥအေၾကာင္း ဘာကိုမွ အသိေပးျခင္းမရွိခဲ့ေပ။မည္သို႔ဆိုေစ ဒီကိစၥက ေက်ာင္းထဲတြင္ ပ်ံ႕ႏွံ့ေနဆဲပင္ျဖစ္သည္။ အရင္က ေက်ာင္းဖိုရမ္မွာ ပိုစ့္တင္ခဲ့တဲ့ မိန္းကေလးက အရင္က သံသယရွိခဲ့သူကို ေတာင္းပန္ေၾကာင္း ပိုစ့္တစ္ခုတင္လာခဲ့သည္။ ေက်ာင္းက ဆူဆူညံညံေတြ မလုပ္လိုသည့္တိုင္ ထိုေကာင္ေလးကေတာ့ ရဲစခန္းေခၚကာ ေမးျမန္းခံေနရဆဲပင္ ျဖစ္သည္။ ဒီသတင္းက အားလုံးကို သိရွိသြားေစရန္ ပ်ံ႕ႏွံ့လာခဲ့သည္။

ေျပာၾကသည္မွာ ေကာင္ေလးသည္ ဆင္းရဲေသာေက်ာင္းသားျဖစ္ေနခဲ့ၿပီး သူ႔ရဲ့ ဘ႑ာေရးအေထာက္အပံ့ကလဲ ပယ္ခ်ခံရကာ ေက်ာင္းသားေခ်းေငြအက္ပလီေကးရွင္းကလဲ ပယ္ခ်ခံထားသူျဖစ္သည္။ အန္းနင္မွာ သူ႔ရဲ့ကိုယ္ပိုင္စိတ္အေျခအေန ခဏတာမၽွ ရွုပ္ေထြးသြားရလိမ့္မည္ဟု ဘယ္တုန္းကမွ မေတြးခဲ့မိပါေခ်။

ကံေကာင္းစြာနဲ႔ ေရွာင္ေပါင္ကေတာ့ ဒီတစ္ခါမွာ လုံးဝကို သံသယစာရင္းထဲက လြတ္ေျမာက္သြားေသာေၾကာင့္ သူ သက္ျပင္းခ်နိုင္လိုက္သည္။ ေရွာင္ေပါင္က ဒီအတြက္အထူးေက်းဇူးတင္ဖို႔ ေရာက္လာခဲ့တာပင္။ သူက အန္းနင္အတြက္ သူ႔ေမြးရပ္ေျမက ေဒသတြင္းအထူးထုတ္ကုန္မ်ားပင္ သယ္လာခဲ့ေသးသည္။ အန္းနင္မွာ သူ႔ရဲ့ အေလးအနက္ထားေနမွုႀကီးေၾကာင့္ အနည္းငယ္ပင္ ေနရခက္သြားရသည္။

"တကယ္ေတာ့,ငါ ဘာမွ မ်ားမ်ားစားစားမလုပ္ခဲ့ရပါဘူး."

ေရွာင္ေပါင္ ေခါင္းယမ္းလိုက္သည္,"မဟုတ္ဘူး မဟုတ္ဘူး! မင္းကသာ အမ်ားႀကီးလုပ္ခဲ့တာ။ မင္းက ငါ့ေဘးမွာရွိေနေပးတဲ့ တစ္ေယာက္တည္းေသာသူျဖစ္ၿပီး ငါ့ကို သံသယမရွိခဲ့တဲ့ တစ္ေယာက္တည္းေသာသူပဲ ! ေက်းဇူးအမ်ားႀကီးတင္ပါတယ္ အန္းနင္ေကာ!" 

အန္းနင္ အႀကံအိုက္သြားရသည္။ သူက နည္းပညာအားျဖင့္ ဘာမွ သိပ္မလုပ္လိုက္သည့္တိုင္ တစ္ဖက္လူအတြက္ေတာ့ အကူအညီႀကီး ျဖစ္ေနခဲ့သည္။သူ ေခါင္းညိတ္ၿပီး ေျပာလိုက္​၏,"မေျပာပါနဲ႔ေတာ့"

"တကယ္ေတာ့, ကၽြန္ေတာ္ ေတြးၾကည့္ၿပီးၿပီ" ေရွာင္ေပါင္က ေျပာသည္,"တကယ္လို႔ ကၽြန္ေတာ္သာ အဲ့လူကို မဖမ္းနိူင္ခဲ့ရင္, ကၽြန္ေတာ့္ ေလွထဲမွာပဲ ကၽြန္ေတာ္ ျမႇုပ္သြားေတာ့မွာ*, ဒါေပမယ့္ အဲ့ဒါ..."

သူက ေခါင္းငုံ႔ခ်လိုက္ၿပီး အသံပါ တိုးလိုက္သည္။

【* TN: ဒီေနရာမွာ သုံးတဲ့ Idiom ကေတာ့ "အိုးေတြကို ေဖာက္ၿပီး ေလွေတြကို နစ္ဖို႔" ဆိုတာမ်ိဴးပါ။။ ေနာက္ေၾကာင္းျပန္မလွည့္ေတာ့ဘဲ၊ သို႔ ေနာက္ျပန္လွည့္လို႔မရတဲ့ အရာတစ္ခုကို လုပ္တာကို ဆိုလိုတာပါ။.】

အန္းနင္ သူ႔ကိုၾကည့္လိုက္မိၿပီး သူဆိုလိုတာကိုသိပ္ေတာ့ နားမလည္ခဲ့ေခ်။ ထို႔ေၾကာင့္ သူ႔လက္ကိုေျမႇာက္လိုက္ကာ ေက်ာကို ခပ္ဖြဖြပုတ္ေပးလိုက္သည္။

ေရွာင္ေပါင္က ေခါင္းျပန္ေမာ့လာရာ သူ႔မ်က္လုံးမ်ားမွာ အနည္းငယ္စိုစြတ္ေနခဲ့သည္။

"အဲ့ဒါေၾကာင့္ ေက်းဇူးအမ်ားႀကီးတင္ပါတယ္..."

"ေကာင္းၿပီ," အန္းနင္က အျပဳံးေလးျဖင့္ေျပာလိုက္သည္, "မင္းငါ့ကို အႀကိမ္ေပါင္းမ်ားစြာေက်းဇူးတင္ၿပီးၿပီပဲ။ ငါတို႔အားလုံး ဥပေဒသင္ေနေတာ့ ေသခ်ာေပါက္ မင္းကိုမွားမၾကည့္နိုင္ဘူးေလ."

ေရွာင္ေပါင္က သူ႔ႏွုတ္ခမ္းကို ကိုက္လိုက္ၿပီး ႐ုတ္တရက္သူ႔ကို ဖက္လာခဲ့သည္,"ေကာ,မင္းက အရမ္းၾကင္နာတတ္တာပဲ! ငါ မင္းဆီက သင္ခ်င္တယ္!" 

အန္းနင္မွာ လက္ကို အားသုံးေျမႇာက္လိုက္ၿပီး ေရွာင္ေပါင္ရဲ့ ပုခုံးေပၚသို႔ လက္ေမာင္းကိုတင္လိုက္ၿပီး ေျပာလိုက္​၏,

"မဟုတ္ရင္လဲ အတန္းမလစ္တာကေန စၿပီးသင္ၾကမလား..."

ေရွာင္ေပါင္: "......"

-

ဒီျဖစ္ရပ္ၿပီးေနာက္ အန္းနင္နဲ႔ ေဘးခန္းကႏွစ္ေယာက္မွာ ပိုၿပီးနက္ရွိုင္းစြာ ခင္မင္ရင္းႏွီးလာခဲ့ၾကသည္။ ေရွာင္ေပါင္က WeChat Groupပင္ ဖြင့္လိုက္ေသးသည္။ အန္းနင္နဲ႔ လ်န္ရွန္းဟန္ကို ဂ႐ုထဲ ဆြဲသြင္း႐ုံမၽွမကပါဘဲ ခ်င္ေဝ့ေဟာ္ကိုပါ ဂ႐ုထဲထည့္ဖို႔ အန္းနင္ကို တိုက္တြန္းလိုက္ေသးသည္။ အန္းနင္ကေတာ့ ဒါက မသင့္ေလ်ာ္သလိုခံစားရ​၏။ တျခားသူေတြကို သာ သူ႔က္ိုaddခိုင္းရင္ သူက စကားတစ္ခြန္းမွ မေျပာပါဘဲ addေပးလိုက္မည္ျဖစ္သည္။ သို႔ေသာ္ တားကဒ္က ခ်င္ေဝ့ေဟာ္ ျဖစ္ေနခဲ့သည္ေလ။

သူအျမဲတမ္း ေတြးမိသည္,တစ္ကိုယ္တည္းဝံပုေလြလို ေနတတ္တဲ့ ခ်င္ေဝ့ေဟာ္အတြက္မူ WeChat Groupမွာလိုမ်ိဴး ရွိသင့္သည့္ ပုံစံမဟုတ္ပါေခ်။ အထူးသျဖင့္ ေရွာင္ေပါင္က Groupထဲကို messageမ်ား အျမဲတမ္းပို႔ေနတတ္ေသာေၾကာင့္ ခ်င္ေဝ့ေဟာ္ စိတ္ရွုပ္တယ္လို႔ ခံစားရလိမ့္မည္ မဟုတ္ပါလား?

ေရွာင္ေပါင္က သူ႔ကို ေကာင္းျမတ္လွတဲ့ အလုပ္ေလးတစ္ခုေပးခဲ့ေပသည္။ အဘယ့္ေၾကာင့္ဆိုေသာ္ သူတစ္ေယာက္တည္း၌သာ ခ်င္ေဝ့ေဟာ္ရဲ့ WeChat account ရွိသူ ျဖစ္ေနလို႔ပင္။ သို႔ေသာ္ ခ်င္ေဝ့ေဟာ္ရဲ့ WeChat Accountကို addခဲ့ရျခင္းမွာ ခ်င္ေဝ့ေဟာ္က သူ႔ကို မ်က္မွန္အတြက္ ေလ်ာ္ေၾကးေပးလို၍ ျဖစ္သည္။ ထိုအခ်ိန္က ခ်င္ေဝ့ေဟာ္မွာ "WeChatမွာ ငါ့ကို အပ္ေပး"လို႔ ေျပာလိုက္သည့္အတြက္ သူ လန႔္ဖ်တ္သြားခဲ့ရသည္။ သို႔ေသာ္လည္း သူအဲ့လို ေငါက္ဆတ္ဆတ္ေျပာခဲ့ၿပီးေနာက္ သူ႔ဆီကို ယြမ္၂၀၀၀လႊဲေပးလာခဲ့သည္။ မ်က္မွန္သာ မက်ိဴးခဲ့ပါလၽွင္ ခ်င္ေဝ့ေဟာ္ကလဲ သူ႔ကို addခဲ့မည္မဟုတ္ေပ။

ပိတ္ရက္တြင္ ေရွာင္ေပါင္က သူ႔ကို Groupထဲမွာပင္ ေမးျမန္းလာခဲ့သည္။ အန္းနင္က သူေမ့ေနလို႔ဆိုၿပီး ေရႊ႕ဆိုင္းေနေပမယ့္ ဒီလိုမ်ိဴးပဲ ေမ့ေနလို႔ မျဖစ္ဘူးေလ။

တနလၤာေန႔၌ ေနာက္ဆုံးမွာေတာ့ ခ်င္ေဝ့ေဟာ္က ေမဂ်ာတန္းကို လာတတ္ခဲ့သည္။ အန္းနင္က ေရွာင္ေပါင္ ခ်င္ေဝ့ေဟာ္ကို သူ႔ဘာသာသူ သြားေျပာလိုက္ဖို႔ေမၽွာ္လင့္မိေသာ္လည္း ေရွာင္ေပါင္က အတန္းလစ္ၿပီး အိပ္ေဆာင္မွာအိပ္ေနလိမ့္မည္လို႔ေတာ့ မထင္မိခဲ့ေခ်။ ပထမဆုံး ဥပေဒသိပၸံတန္းအၿပီးတြင္ အန္းနင္မွာ ေခါင္းကိုက္မွုမ်ားျဖင့္ သူ႔ေခါင္းကို လွည့္ၾကည့္မိလိုက္သည္။ ခ်င္ေဝ့ေဟာ္မွာ ေနာက္ဆုံးတန္းတြင္ ေအးေအးလူလူ မွီထားရင္းထိုင္ေနဆဲပင္။ သူက ေခါင္းကို ငုံ႔ထားၿပီး ဖုန္းပြတ္ေနခဲ့သည္။

႐ုတ္တရက္ သူ႔ေခါင္းကိုေမာ့လာေသာအခါ အန္းနင္မွာ မလုံမလဲစိတ္ျဖင့္ ခ်က္ခ်င္းပင္ ေခါင္းျပန္လွည့္လိုက္သည္။သူက ျပတင္းအျပင္ဘက္က ရွု႔ခင္းကို ၾကည့္ေနသေယာင္ဟန္ေဆာင္လိုက္​၏။

သူ ေခါင္းျပန္ေမာ့လိုက္တဲ့အခ်ိန္မွာေတာ့ ခ်င္ေဝ့ေဟာ္က ထရပ္လိုက္ၿပီျဖစ္ကာ သူခုံကို ျဖတ္၍ မင္းလမ္းမႀကီးဆီမွ ထြက္လာခဲ့ၿပီျဖစ္သည္။ အန္းနီခမ်ာ စိုးရိမ္တႀကီးနဲ႔ ခ်င္ေဝ့ေဟာ္ သူ႔ေရွ႕က ျဖတ္သြားၿပိ မ်က္စိတစ္မွိတ္အတြင္း စာသင္ခန္းထဲက ထြက္သြားသည္ကို ၾကည့္ေနခဲ့မိသည္။

ေမ့လိုက္ပါေတာ့, WeChatကေနေျပာတာပိုေကာင္းမယ္!

အန္းနင္မွာ ဒီဝန္ေလးေနရမွုႀကီးကို မရွင္းထုတ္နိုင္မွန္း သေဘာေပါက္သြားရၿပီး ဒီစာလုံးမည္းႀကီးနဲ႔ေတာင္းဆိုခ်က္ကို လူကိုယ္တိုင္အစား WeChatကေနေျပာလိုက္တာကသာ ပိုေကာင္းလိမ့္မည္။ ခ်င္ေဝ့ေဟာ္လည္း ျငင္းတဲ့အခါမွာ ပိုၿပီးသက္ေတာင့္သက္သာ ျဖစ္သြားမွာျဖစ္သည္။

ထိုေန႔က အတန္းၿပီးေတာ့ သူ ခ်င္ေဝ့ေဟာ္ကို WeChat Messageမွ အလြန႔္အလြန္ယဥ္ေက်းသမွုနဲ႔ ေရးသားထားေသာ စာေၾကာင္းေလးတစ္ေၾကာင္း ပို႔ေပးလိုက္သည္။

≪ခ်င္ေဝ့ေဟာ္, ေရွာင္ေပါင္က WeChatဂ႐ုတစ္ခု ဖြဲ႕ထားတာ၊ မင္းဝင္ခ်င္ေသးလား? အဲ့ဒါက ငါတို႔သုံးေယာက္တင္ပါဘဲ(မင္းလာရင္ ေလးေယာက္ေပါ့) ။ တကယ္လို႔ မင္းဂ႐ုဝင္ရတာမႀကိဳက္ဘူးဆိုရင္လဲ ငါဘာမွမေျပာခဲ့သလို ေအာက္ေမ့လိုက္ေနာ္။ ငါ့ကို ျပန္ေျပာစရာမလိုဘူး၊ အဲ့အတြက္ စိတ္မပူပါနဲ႔ !≫

ခ်င္ေဝ့ေဟာ္က သူ႔ကို ညေနခင္းထိတိုင္ေအာင္ စာမျပန္ခဲ့ေပ။ ထို႔ေၾကာင့္ သူ႔အေျဖကဘာလဲဆိုတာ သူ သေဘာေပါက္ခဲ့ရသည္။

ေနာက္တစ္ေန႔ သူ ေလ့က်င့္ေရးအတန္းတြင္ ေရွာင္ေပါင္က သူ႔ကို ထပ္ေမးလာျပန္​၏။ အန္းနင္ ဘာေျပာရမည္ကို စဥ္းစားေနခ်ိန္မွာပဲ ေလ့က်င့္ေရးဆရာက သူတို႔ကို တန္းစီခိုင္းလိုက္သျဖင့္ ေရွာင္ေပါင္လဲ ထိုကိစၥကို ေမ့သြားခဲ့ျပန္သည္။ ထိုေန႔လည္ခင္းတြင္ အန္းနင္က self-studyအတြက္ စာၾကည့္တိုက္ကို သြားခဲ့သည္။

သူထိုင္လိုက္သည္ႏွင့္ တၿပိဳင္နက္ သူ႔WeChatကျမည္လာခဲ့သည္။ သူဖုန္းကို ဖြင့္ၾကည့္လိုက္ေသာအခါ မေမၽွာ္လင့္စြာနဲ႔ဘဲ ၂၄နာရီတိုင္တိုင္ သတင္းမၾကားခဲ့ရတဲ့ ခ်င္ေဝ့ေဟာ္က ဂ႐ုကို ဝင္လာခဲ့တာပင္ ျဖစ္သည္။ ရင္းႏွီးေနတဲ့ ဆိုင္ကယ္အနက္ႀကီးနဲ႔ ပရိုဖိုင္းကို သူ စိုက္ၾကည့္ေနမိရင္း ဒီအတြက္ စိတ္မညစ္နိုင္ေတာ့ေပ။

ေရွာင္ေပါင္က ဂ႐ုထဲတြင္ ေရးသားလာခဲ့သည္။

≪ေဟာ့္ေကာ,မင္းမ်ားလား? ≫

ထို႔ေၾကာင့္ အန္းနင္သူ႔ကို replyကူျပန္ေပးလိုက္သည္။

≪အဲ့ဒါသူပဲ≫

ေရွာင္ေပါင္က ခ်က္ခ်င္းပင္ emoticon အတန္းလိုက္ႀကီးကို ပို႔လာခဲ့​၏။

≪ႀကိဳဆိုပါတယ္! ေအတကၠသိုလ္ရဲ့ ေက်ာင္းျမက္ေလး!!≫

လ်န္ရွန္းဟန္ကလဲ ဝင္လာခဲ့သည္,

≪လခြမ္း! ဒီဂ႐ုရဲ့ ဆြဲေဆာင္နိုင္စြမ္းေတြကေတာ့ ဇယားကြက္ကိုေတာင္ လြန္ေနၿပီ!≫

ထို႔ေနာက္မွာေတာ့ ၎ဟာ ေရွာင္ေပါင္ရဲ့ တစ္ဦးတည္းပိုင္ အခ်ိန္မ်ား ျပန္ျဖစ္သြားျပန္သည္။

မ်ိဳးစုံေသာ အီမိုဂ်ီေတြနဲ႔ သတင္းတိုမ်ားက အဆုံးမရွိေအာင္ ေပၚထြက္ေနခဲ့သည္။ အန္းနင္ခမ်ာ အင္တင္တင္နဲ႔ ျပဳံးလိုက္ရၿပီး သူ႔ေခါင္းကို ယမ္းလိုက္မိသည္။ သူက WeChatကို ပိတ္လိုက္ၿပီး သူ႔စာအုပ္ေတြဆီမွာပဲ ထပ္မံျမႇုပ္ႏွံ့လိုက္ျပန္သည္။

သို႔ေသာ္လည္း သူတကယ္ပင္ ခ်င္ေဝ့ေဟာ္က ရိုးရိုးတန္းတန္းပင္ ဂ႐ုကို ဝင္လာလိမ့္မည္ဟု မေမၽွာ္လင့္ခဲ့ေပ။ သူအမ်ားႀကီး ေတြးလိုက္မိပုံေပၚသည္။ သူ ဘာေၾကာင့္လဲ မသိေပမယ့္ ခ်င္ေဝ့ေဟာ္ႏွင့္ပတ္သတ္သည့္အရာေတြဆိုလၽွင္ အေတြးလြန္ဖို႔ သူ႔အတြက္ အလြယ္ေလးျဖစ္ေနခဲ့သည္။

ည၁၀နာရီတြင္ေတာ့ သူ အိပ္ေဆာင္ အခန္းကို ျပန္လာခဲ့ၿပီး WeChatကို ဖြင့္လိုက္သည္။ ၆နာရီတုန္းက ခ်င္ေဝ့ေဟာ္ သူကို WeChat message တစ္ေစာင္ပို႔ထားေၾကာင္း သူေတြ႕လိုက္ရသည္။သို႔ေသာ္ အေၾကာင္းအရင္းတခ်ိဳ႕ေၾကာင့္ သူက မတ္ေဆ့ကို ျပန္ဖ်က္ထား​၏။ အဲ့ဒါက ဘာလဲဆိုတာကို သူမျမင္လိုက္ရတာေၾကာင့္ ႐ုတ္တရက္ႀကီး အနည္းငယ္ေတာ့ သိခ်င္သြားရသည္။

တျခားတစ္ဖက္မွာေတာ့ ဂ႐ုထဲက messageမ်ားမွာ မ်ားျပားလြန္းေနသျဖင့္ ေပါက္ကြဲလုနီးနီးပင္။

ဒီေလာက္အမ်ားႀကီး သူတို႔ ဘာေတြမ်ားေျပာခဲ့ၾကလို႔လဲ?

ေရွာင္ေပါင္ တစ္ေယာက္တည္းဆိုလၽွင္ေတာ့ ဒီေလာက္မ်ားမ်ားပို႔ရန္ မျဖစ္နိုင္ပါေခ်။ သူ႔ေခါင္းကို သိခ်င္ေဇာနဲ႔ ယိမ္းၾကည့္လိုက္ရာ ၇:၃၀တုန္းက ခ်င္ေဝ့ေဟာ္ ပို႔ထားတာကို ေတြ႕လိုက္ရသည္။

≪တနဂၤေႏြေန႔ မနက္က် Black Horse ေက်ာက္ေတာင္တက္စခန္း မွာ ေက်ာက္ေတာင္တက္မဲ့ လွုပ္ရွားမွု ရွိလိမ့္မယ္။ တကယ္လို႔ မင္းတို႔လာခ်င္တယ္ဆိုရင္ ဒီေက်ာက္ေတာင္တက္တဲ့gymကို သြားၿပီး အဲ့ဒီက ေဘာစ့္ကို အတူေခၚလာခြင့္ေပးလိုက္။ ≫

ထိုေနာက္မွာေတာ့ ေရွာင္ေပါင္က က်ီရွီရဲ့ 'စိတ္လွုပ္ရွားေနတဲ့အခိုက္အတန႔္' GIFေတြပို႔ေပးၿပီး ေမးလာခဲ့သည္။

≪ေကာ,မနက္ခင္း ဘယ္အခ်ိန္လဲ?≫

လ်န္ရွန္းဟန္က Dark Horse ေက်ာက္ေတာင္တက္စခန္းကိုရွာၾကည့္ၿပီး Location ပို႔လာကာ ေမးသည္။

≪ဒီမွာလား?≫

ခ်င္ေဝ့ေဟာ္က ေျဖ​၏,

≪ဟုတ္တယ္။ ျဖစ္နိူင္မယ္ဆိုရင္ ေစာေစာေလးျဖစ္ဖို႔ ႀကိဳးစားေပး။ မဟုတ္ရင္ မင္းတို႔ ငါနားေနတာပဲ ၾကည့္ရလိမ့္မယ္။ ≫

ေရွာင္ေပါင္က သက္တန႔္အီးေပါက္ေနတဲ့ GIFကိုပို႔သည္။

≪ေကာ,မင္းနားေနခဲ့ရင္ေတာင္ မင္းက ေခ်ာေနတာ!≫

အန္းနင္မွာ လ်န္ရွန္းဟန္က သူ႔ကိုဂ႐ုထဲတြင္ @ေခၚထားၿပီး တနဂၤေႏြေန႔မနက္ အခ်ိန္ရလားေမးထားသည္ကို ေတြ႕လိုက္ရေသာ္လည္း ထိုအခ်ိန္က သူ WeChatကို အသံပိတ္ထားခဲ့ေသာေၾကာင့္ မျမင္လိုက္ရေပ။

ေရွာင္ေပါင္က ဂ႐ုထဲမွာေျပာထား​၏,

≪အန္းနင္ေကာက စာလုပ္ေနရင္ WeChat မသုံးဘူး..≫

ခ်င္ေဝ့ေဟာ္ :≪သူက အဲ့ေလာက္ေလးနက္တယ္လား?≫

လ်န္ရွန္းဟန္ : ≪မစၥတာလူေခ်ာေလး,မင္းရွက္သလိုလို မခံစားရဘူးလား?!≫

ေရွာင္ေပါင္ : ≪ငါေတာ့ သူရွက္ေနမယ္လို႔ မထင္ပါဘူး≫

ထိုသို႔ၿပီးေနာက္ ခ်င္ေဝ့ေဟာ္က ဂ႐ုထဲတြင္ဘာကိုမွေျပာမထားေတာ့ေပ။ အန္းနင္သိခ်င္သြားသည္,ဒါက ခ်င္ေဝ့ေဟာ္ ျပန္သိမ္းသြားတဲ့ message ျဖစ္နိုင္မလား? သူ ျမန္ျမန္ပင္ ခ်င္ေဝ့ေဟာ္ဆီသို႔ သီးျခား message ပို႔လိုက္မိ​၏။

≪ငါေသခ်ာေပါက္ကို တနဂၤေႏြေန႔က် လာခဲ့မွာပါ!≫

ခ်င္ေဝ့ေဟာ္က replyျပန္မလာခဲ့ေပ။ ခ်င္ေဝ့ေဟာ္ ပရိုဖိုင္းပုံရဲ့တိတ္ဆိတ္ေနမွုႀကီးက အလြန္ကို သည္းမခံခ်င္စရာပင္။ အန္းနင္ တစ္နာရီေက်ာ္ေအာင္ ေစာင့္ေနခဲ့သည္။ သူက မီးေတြဖ်က္သြားခ်ိန္ထိေတာင္ ေစာင့္ေနခဲ့ေသာ္လည္း ခ်င္ေဝ့ေဟာ္ကေတာ့ သူ႔ကို ဘယ္ေတာ့မွ replyမလာခဲ့ေပ။

ကံဆိုးခ်က္, သူ ဖုန္းကို ခ်လိုက္ၿပီိးေနာက္ ေရွ႕ေလၽွာက္တြင္ေတာ့ ဘယ္ေတာ့မွ WeChat ကို အသံမပိတ္ထားသင့္ေတာ့ဘူးဟု ေတြးလိုက္မိေတာ့သည္။.

Continue Reading

You'll Also Like

607K 58.9K 87
ရုန်းမထွက်ချင်မိတဲ့ မျက်ဝန်းသေတွေ၊ လှုပ်ရုံမျှပြောသည့် နီဆွေးဆွေးနှုတ်ခမ်းလေးနှင့်အတူ ထွက်ပေါ်လာသော နွေးထွေးနူးညံ့သံ။ မမလွမ်းကို တွယ်တာမိတဲ့ခဏတာမှာ ဖ...
13.4K 678 9
Type : Web novel Eng Title: Mr. Yuan is Always Unhappy Original Title: 袁先生总是不开心 Author: 徐徐图之 Original Publisher: jjwxc Source (s): Chrysanthemum Gard...
232K 22.7K 73
ဇာတ်လိုက်က အရင်ဘဝတုန်းက အပယ်ခံလေးဖြစ်ပြီးတော့ ရုပ်သေးဘုရင် အဖြစ် ဖိအားပေးခံခဲ့ရတယ်။ ပြီးတော့ တော်ဝင်နန်းတော်ကနေ ဝိုင်းပြီးတော့ အနိုင်ကျင့်ခဲ့တဲ့ စစ်သ...