After We Broke Up [ COMPLEDED...

By Misaki_CB

42.9K 6.1K 770

In the end I'll always come running back to you, not because I'm weak but because I'm fell in love with you. ... More

[1]
[3]
[4]
[5]
[6]
[7]
[8]
[9]
[10]
[11]
[12]
[13]
[14]
[ Ending ]
[ Extra ]

[2]

2.5K 429 67
By Misaki_CB

( Unicode )

" သူဌေးကတော့ ငါ့ကိုခေါင်းလာစားနေပြီ "

အိမ်အရောက်မှာ ဘူးထဲကအထုတ်တွေအား လုံးကို စားပွဲပေါ်သွန်ချပြီး ဘတ်ခ်ဟျွန်းစစ် ဆေးကြည့်မိသည်။ သူဌေးပြောသလိုဆိုဒ်စုံပါရုံသာမက အရောင်အသွေးရော၊ အနံ့အ သက်ပါကွဲပြားခြားနားတဲ့ ခံစားမှုကိုရရှိ၏။

" ဒါက စတော်ဘယ်ရီနံ့၊ ဒါကလိမ္မော် "

အထုတ်လေးတွေကိုင်ပြီး အသေးစိတ်စူးစမ်းလေ့လာနေတုန်းမှာ အိမ်တံခါးဖွင့်ကာဝင်လာတဲ့သူကြောင့် ဘတ်ခ်ဟျွန်းအလန့်တကြားအ နောက်သို့လှည့်ကြည့်မိသည်။

" ချန်းယောလ် "

မှုန်ကုတ်ကုတ်ဖြင့်အိမ်ထဲသို့ ခြေသံဒုန်းဆိုင်းနင်းကာဝင်လာသော ချန်းယောလ်ကိုကြည့် ရင်းဘတ်ခ်ဟျွန်းအောက်နှုတ်ခမ်းကိုဖိကိုက်လိုက်သည်။ လျှို့ဝှက်နံပါတ်ပြောင်းဖို့မေ့နေခဲ့တာ၊ အခုတော့ချန်းယောလ်က ဘတ်ခ်ဟျွန်းရှိနေတဲ့နေရာကို အလွယ်လေးဝင်လာခဲ့ပါရောလား။

" ထွက်သွား "

" မသွားချင်ဘူး "

နှင်ထုတ်သော်လည်း ဘတ်ခ်ဟျွန်းကိုအဖက် မလုပ်ဘဲ သူဝတ်လာတဲ့ သားရည်ဂျာကင်အင်္ကျီကိုဇိမ်ပြေနပြေချွတ်နေရင်း ဘတ်ခ် ဟျွန်းစားပွဲပေါ်တင်ထားတဲ့ အထုတ်တွေကိုလှမ်းကြည့်နေ၏။

" အဲ့လောက်အများကြီးဝယ်ပြီး ဘယ်သူနဲ့အတူနေဖို့စဥ်းစားနေတာလဲ "

တဖြည်းဖြည်းနှင့် ဘတ်ခ်ဟျွန်းအနားရောက် လာပြီး မှင်သေသေဖြင့်ကြည့်ကာ ဘတ်ခ် ဟျွန်းဒေါသမထွက်ထွက်အောင် ခနဲ့၏။

" ချန်းယောလ်၊ ငါစကားအကောင်းပြောနေတုန်း မင်းထွက်သွားလိုက်တာ ပိုကောင်းမယ်ထင်တယ်နော် "

" မသွားဘူး၊ ဒီမှာအိပ်မှာ "

" ဘာ .. ဘယ်လို၊ ဘာပြောလိုက်တယ် "

" သြော် .. မကြားဘူးလား။ ဒီမှာအိပ်မှာလို့ "

သူဝတ်ထားတဲ့ ဂျင်းဘောင်းဘီအိတ်ကပ်ထဲ လက်စုံနှိုက်ကာ ချန်းယောလ်က အသံကျယ် ကျယ်ဖြင့် စကားပြန်ပြောတဲ့အခါမှာတော့ ဘတ်ခ်ဟျွန်း၏ သည်းခံနိုင်စွမ်းတွေတဖြည်း ဖြည်းလျော့ကျလာရသည်။

" ပတ်ခ်ချန်းယောလ်၊ အခုချက်ချင်းထွက်သွားမှာလား၊ မသွားဘူးလား "

လေသံတင်းမာလာသည့်အပေါ် ချန်းယောလ် က မထီမဲ့မြင်ပြုရင်း ဘတ်ခ်ဟျွန်းဖက်လှည့်လာသည်။ မျက်နှာထားကအစ ဘယ်ကောင်မှ ဂရုမစိုက်ဘူးဆိုသည့်ပုံစံဖြင့် တလောက လုံးကို မီးလောင်တိုက်သွင်းမည့်ရုပ်။ ကျက် သရေမရှိလိုက်လေခြင်း။

" မ .. သွား .. ဘူး "

ချန်းယောလ်က သူ့ထက်ခေါင်းတလုံးစာနီး ပါးနိမ့်တဲ့ ဘတ်ခ်ဟျွန်းနှင့်ညီတူညီမျှဖြစ်သွားအောင် ခန္ဓာကိုယ်ကိုငုံ့ကိုင်းပြီးပြော၏။

တမင်တကာပဲ ဘတ်ခ်ဟျွန်းကိုဒေါသထွက် အောင်လုပ်မယ်လို့ ကြံရွယ်ထားလေသလား အောက်မေ့ရလောက်အောင် ချန်းယောလ်၏ အပြုအမူတွေက မသက်ဆိုင်တော့တဲ့လူတစ်ယောက်အပေါ် ရဲတင်းလွန်းသလို သူ့မျက်နှာ ကြီးကို ကုတ်ဖဲ့ပစ်ချင်လောက်သည်အထိရွံရှာစရာကောင်းသည်။

" မင်းမသွားရင် ငါသွားမယ် "

လက်သီးကိုကျစ်နေအောင်ဆုတ်ပြီး အံကို တင်းတင်းကြိတ်ထားတာကြောင့် ဘတ်ခ် ဟျွန်းနဖူးပြင်ပြေပြေလေးမှာ သွေးကြောတို့က ပြတ်သားထင်ရှားစွာထောင်းထ,နေ၏။

" အိုခေ အိုခေ .. အဲ့လောက်ကြီးထိ Serious ဖြစ်ပြနေဖို့လိုလို့လား "

" Serious ဖြစ်တယ်ဟုတ်လား။ မင်းလုပ်ရပ်မင်းပြန်ကြည့်ဦး ပတ်ခ်ချန်းယောလ် "

ချန်းယောလ်က ရိထေးထေးအပြုံးဖြင့်လက် နှစ်ဖက်ကိုမြှောက်ကာ။

" ကျွန်တော် ဘာလုပ်နေလို့လဲ "

တွဲနေစဥ်ကာလပတ်လုံး ချန်းယောလ်၏ထို ရိထေးထေးအပြုံးဟာ ကြည့်ကောင်းတယ်လို့ ဘတ်ခ်ဟျွန်းသတ်မှတ်ခဲ့မိပေမဲ့ ယခုလို လမ်းခွဲပြတ်စဲပြီးနောက်မှာတော့ ထိုအပြုံးဟာ ငရဲတမျှပူလောင်လွန်းလှသည်။

" ငါတို့ လမ်းခွဲပြီးသားဆိုတာရော မင်းခေါင်းထဲ ထည့်ထားရဲ့လား "

" ထည့်ထားပါတယ်၊ ခု ခင်ဗျားကိုဘာလုပ်နေလို့လဲ .. ခင်ဗျားခန္ဓာကိုယ်ကိုတချက်လေးတောင် မထိရသေးဘူးနော်။ အိမ်လာတာကလည်းစကားပြောချင်လို့ .. ခင်ဗျားကသာတ ခြားအတွေးတွေဝင်နေတာ "

ဘတ်ခ်ဟျွန်း စိတ်အပျက်ဆုံးကတော့ ဟော့ ဒီလို ဂဂျိုးဂဂျောင်းသိပ်လုပ်ပြတတ်တဲ့ချန်းယောလ်ရဲ့ မြင်ပျင်းကတ်စရာကောင်းလွန်းတဲ့အကျင့်တခုပဲ။ ရည်းစားဟောင်းဆိုတာသူ့လက်ခုတ်ထဲကရေလိုပဲ လိုအပ်သလိုဖန်တီးယူလို့ရတယ်ဆိုတဲ့စိတ်နဲ့ မာန်တက်ပြနေတာ။

" ငါ့ဒေါသတွေဒီထက်ပိုပြီးမထွက်လာခင်ဒီကနေ မင်းထွက်သွားလိုက်တာ ပိုကောင်းမယ်နော် ပတ်ခ်ချန်းယောလ်၊ ငါစိတ်သိပ်ရှည်တာမဟုတ်ဘူး "

" သိပါတယ်ဗျာ၊ ခင်ဗျားကြီး စိတ်မရှည်မှန်း ကျွန်တော် အသိဆုံးပါ။ နမ်းလို့အားပါသွားတာနဲ့ ခင်ဗျားပါးစပ်ကညည်းသံတွေထွက်လာပြီး နေရခက်လာတာလေ ဟုတ်တယ်မလား၊ ပြီးတော့ ဘာတဲ့ ချန်းယောလ်ငါ့ကိုတခုခုလုပ်ပေးတဲ့ ဟား "

ချန်းယောလ်၏ အရှက်မရှိပြောထွက်ရက်တဲ့ စကားတွေကြောင့် ဘတ်ခ်ဟျွန်း၏မျက်နှာ ပြင်တစ်ခုလုံးဒေါသကြောင့်နီဆွေးလာပြီး လည်ပင်းကြောတွေပါအပြိုင်းပြိုင်းထလာတဲ့အထိကို အံကြိတ်ရင်းအသက်ရူသံတွေပြင်းထန်လာရသည်။

" အမှန်တရားတွေပြောနေတာကို ဘာဒေါသ ထွက်ပြစရာလိုလို့လဲ ခင်ဗျားရာ၊ အဲ့တုန်းကသဘောကျခဲ့တာပဲ မဟုတ်လား "

-ခွပ်။

အမှတ်မထင်ဝင်လာသော လက်သီးတချက် ကြောင့် ချန်းယောလ်မျက်နှာကမ္ဘာ့အပြင်ဖက်ရောက်သွားသလို လည်ထွက်သွားရ၏။

" ငါ့ကိုမစော်ကားနဲ့ ချန်းယောလ်၊ ငါဒီထက်ပိုပြီး သည်းမခံနိုင်တော့ဘူး "

သွေးပူနေတာမို့ နောက်တစ်ကြိမ်ထိုးနိုင်ဖို့ဆိုလည်း ဘတ်ခ်ဟျွန်းဝန်မလေး။

" ခင်ဗျားအရင် ကျွန်တော့်ကိုကိုယ်ထိလက် ရောက်စော်ကားတာနော်၊ ကောင်းပြီလေ "

" ပတ်ခ်ချန်းယောလ် "

ခန္ဓာကိုယ်ချင်းယှဥ်ရင် ဘတ်ခ်ဟျွန်းဟာသေ ချာပေါက် ချန်းယောလ်ဆီမှာရူံးနိမ့်ရမယ်ဆို တဲ့အားနည်းချက်ကို ကိုင်တုတ်သွားတဲ့ချန်း ယောလ်က ဘတ်ခ်ဟျွန်းခန္ဓာကိုယ်ကိုနောက် သို့တွန်းသွားပြီး နံရံမှာကပ်စေကာ လက်နှစ် ဖက်ကိုပါ ရုန်း၍မရအောင် အပီချုပ်ထား၏။

" ခင်ဗျားက အမြဲတမ်းလက်ပါရတာကြိုက်နေတာပဲနော် .. စတွဲကတည်းက "

" မင်းသာ အေးဆေးထွက်သွားရင်လက်ပါစ ရာအကြောင်းကိုမရှိဘူး "

" အစကတော့ စကားပြောပြီးပြန်မယ်လုပ်ထားတာ၊ အခုတော့မရတော့ဘူး။ ခင်ဗျားက ကျွန်တော့်ကို လက်ပါတယ်ဆိုတော့ .. "

ချန်းယောလ်က သူ၏လက်တဖက်ဖြင့်ဘတ်ခ်ဟျွန်းလက်နှစ်ဖက်လုံးကိုချုပ်ကာနံရံမှာကပ်ထားပြီး ကျန်လက်တစ်ဖက်ဖြင့်ဘတ်ခ်ဟျွန်းပါးကိုဆွဲညစ်ကာ စူထွက်လာသောနှုတ် ခမ်းကို အတင်းအကြပ်နမ်းဖို့ပြင်သည်။

" အွန်း .. ဖယ်စမ်း .. ငါ့ကိုမထိနဲ့ "

ခေါင်းခါပြီးအတင်းရုန်းနေတဲ့ ဘတ်ခ်ဟျွန်း ကြောင့် ချန်းယောလ်၏နှုတ်ခမ်းစစ်ဆင်ရေး က အရာမဝင်ခဲ့သလို ချန်းယောလ်အလစ်မှာ ခေါင်းချင်းတိုက်ခံရမည့်အကွက်တွေကိုပါ ချန်းယောလ်ကြိုမြင်လာခဲ့ရသည်။

" ရုန်းလေ၊ ကြိုက်သလောက်ရုန်း၊ ခင်ဗျားကို ကယ်မဲ့သူ ဘယ်သူမှရှိမှာမဟုတ်ဘူး "

" နှစ်လလောက် အသေကောင်လိုပျောက်သွားပြီးအခုမှ ငါ့အနားပြန်ရောက်လာတာ ဘာသဘောလဲ ချန်းယောလ်၊ မင်းကိုငါစိတ် ပျက်တယ် သိလား၊ အရမ်းမုန်းတယ် "

" ဘာ .. မုန်းတယ် ဟုတ်လား "

" အွန်း ... "

စကားတစ်ခွန်းအဆုံးမှာ ဘတ်ခ်ဟျွန်းသူ၏ အတင်းအဓမ္မဆန်တဲ့အနမ်းတွေအောက်မှာ ရုန်းခွင့်မသာဘဲ ပိတ်မိသွားခဲ့ရသည်။

အောက်နှုတ်ခမ်းကို သည်းကြီးမည်းကြီးဖိ ကိုက်နေပြီး ဘတ်ခ်ဟျွန်းအာခံတွင်းထဲနယ်ချဲ့နေတဲ့ ချန်းယောလ်၏ကြမ်းတမ်းလှတဲ့ လုပ်ရပ်တွေဟာ အင်မတန်မှအော်ဂလီဆန် လွန်းလှသည်။

ဘယ်လိုပဲချစ်သူရည်းစားတွေဖြစ်ခဲ့ပါစေ၊ ခုလို အလိုမတူဘဲအတင်းအကြပ်စေခိုင်းခံရတာကြီးကို တရားဥပဒေအရအရေးယူလို့ရတယ်ဆိုတာ မသိတာလား။ ဒါမှမဟုတ် အဲ့ဥ ပဒေကိုပဲ အရေးမစိုက်တာက သူ့ဖခင်ဟာ တရားလွှတ်တော်ရှေ့နေဖြစ်လို့လား။

တမိသားစုလုံး ဆွေကြီး၊မျိုးကြီးပညာတတ် ထဲကဖြစ်နေပြီး၊ ချန်းယောလ်ကိုယ်တိုင်ကလည်း ဆေးကျောင်းသားဖြစ်နေခဲ့ပြီးဒီလိုဥာဏ်ရည်နိမ့်တဲ့လုပ်ရပ်တွေကို ကျူးလွန်နေတာကြီးက ဘယ်လိုမှမအပ်စက်တဲ့အရာဆိုတာ မတွေးခေါ်တတ်တာပဲလား။

" အာ့ .. အွန်း "

သွေးစို့လုမတတ်ဖိကပ်နမ်းနေရင်းကနေလွှတ်ပေးလိုက်တဲ့အခါမှာတော့ ဘတ်ခ်ဟျွန်း ကြမ်းပြင်မှာပုံလျက်သားလေးထိုင်ကျသွားခဲ့ရသည်။

အော်ဟစ်ရုန်းရတဲ့ဒဏ်ကြောင့် ချန်းယောလ် ကိုပင် ရန်တွေ့နိုင်ခြင်းမရှိတော့ဘဲ အသက်ကိုအလုအယက်ရူနေရသည်။

" မုန်းတယ်ပြောလို့ အပြစ်ပေးတာ "

မသက်ဆိုင်တော့တဲ့ သူတစ်ယောက်ကိုမုန်း တယ်လို့ပြောမိတာ အပြစ်ဖြစ်သွားတယ်တဲ့လား။

ပျော့ခွေနေတဲ့ ဘတ်ခ်ဟျွန်းကိုယ်လေးကိုပွေ့ယူပြီး သူ့ခြေလှမ်းတွေက အိပ်ခန်းဆီကိုဦးတည်နေသည်။ ဘတ်ခ်ဟျွန်းမရုန်းတော့ဘဲ မျက်လုံးမှိတ်ကာ သူခေါ်တဲ့အတိုင်းငြိမ်ငြိမ်လေးလိုက်ပါလာသည်။

ရုန်းလို့ရမှာမဟုတ်ဘူးဆိုတာသလို ချန်း ယောလ်ကို ဒေါသနဲ့တုံ့ပြန်လို့မရဘူးဆိုတာကိုပါ ဘတ်ခ်ဟျွန်းနားလည်သဘောပေါက်ခဲ့သင့်တာ။ အိပ်ရာထက်မှာ ဘတ်ခ်ဟျွန်းကို ညင်ညင်သာသာချပေးပြီး ချန်းယောလ်က ဘတ်ခ်ဟျွန်းကိုယ်ပေါ်အုပ်မိုးကာ လည်ပင်းသားကို ခပ်ဖွဖွနမ်းသည်။

အတ္တကြီးပြီး တစ်ကိုယ်ကောင်းဆန်တဲ့ချန်းယောလ်ဟာ သူလိုရာကိုသာစိတ်တိုင်းကျပြု မူနေတုန်းပဲ။

" ခင်ဗျား .. ခင်ဗျား ငိုနေတယ် "

ဘတ်ခ်ဟျွန်း၏မျက်ဝန်းထောင့်ကနေ ခေါင်း အုံးထက် စီးကျနေတဲ့မျက်ရည်စီးကြောင်း တွေကြည့်ပြီး ချန်းယောလ်လွန်သွားပြီဆိုတာ သိလိုက်သည်။ ချက်ချင်းဆိုသလို ဘတ်ခ် ဟျွန်းကိုယ်ပေါ်ကနေဖယ်ပြီး ဘတ်ခ်ဟျွန်း ကိုယ်လေးကိုဆွဲထူလိုက်သည်။

" ဘာလို့ ရှေ့မဆက်တော့တာလဲ၊ မင်းလိုချင်တာ ငါ့ခန္ဓာကိုယ်မဟုတ်ဘူးလား .. ယူလေ ဘာလုပ်နေတာလဲ .. ယူသွား .. မင်းစိတ် တိုင်းကျ ခြယ်လှယ်သွား "

ရိူက်သံဖြင့် ဘတ်ခ်ဟျွန်းက သူ့ကိုယ်ပေါ်က အဝတ်တွေကိုကြယ်သီးတွေဆွဲဖြုတ်နေတာ ကြောင့် ချန်းယောလ်အမြန်တားလိုက်ရ၏။

" တော်ပါတော့ ခင်ဗျားရာ "

ချန်းယောလ်၏ စိတ်လိုက်မာန်ပါပြီးတဖက် သားပေါ် ရိုင်းပြခဲ့မှု​က ချစ်ရတဲ့သူကို အထင် လွဲသွားစေခဲ့မိပြီ။

" ထွက်သွား .. ထွက်သွားလို့ "

-ဖုန်း။ဖုန်း။

အော်ရင်းချန်းယောလ်ရင်ဘတ်ကို တဖုန်းဖုန်းမြည်အောင် ရိုက်နှက်နေသည်။ နာပေမဲ့ အမှားလုပ်မိထားတဲ့သူက ချန်းယောလ်မို့ မတားမိပေမဲ့ ထိုမတားတာကိုအခွင့်ကောင်းယူပြီး ဘတ်ခ်ဟျွန်းကလည်း သူ့စိတ်ထဲတေးမှတ်ထားသမျှတွေနှင့်အတူ ချန်းယောလ်ရင် ဘတ်ကို စိတ်ရှိလက်ရှိရိုက်နှက်နေသည်။

" နာတယ် ခင်ဗျားရဲ့ "

နည်းနည်းလွန်တယ်ထင်တော့မှ ဘတ်ခ်ဟျွန်းလက်နှစ်ဖက်ကိုချုပ်ကိုင်ရင်း ခေါင်းအုံးပေါ် ပြန်လှဲချလိုက်ပြီး ပုလဲကြည်ရောင်မျက်ရည်လဲ့နေသော ခပ်စိုစိုမျက်ဝန်းလေးအားစိုက်ကြည့်ရင်း နှာခေါင်းထိပ်လေးကိုခပ်ဖွဖွလေး ထိတွေ့လိုက်သည်။

" ဒီနေ့ကစပြီး ခင်ဗျားကိုအရင်လိုပြန်လိုက်ပြမယ် "

ဘတ်ခ်ဟျွန်းငိုနေရင်းပင် ရယ်လိုက်မိသည်။ ဟာသတွေ​​ပြောပြီး နောက်ဆုံးမျက်ရည်ချူသွားတာလည်း ချန်းယောလ်ပဲ။ ဒရမ်မာခင်းပြီး မဖြစ်နိုင်တော့ဘူးဆိုပြီးထားသွားခဲ့တာလည်း ချန်းယောလ်ပဲ။

အို .. ဘာတဲ့။

ဘတ်ခ်ဟျွန်းကို အရင်လိုပြန်လိုက်မယ်တဲ့။

လိုက်လေ၊ ဆယ်ခါပြန်လိုက်တာတောင်ဘတ်ခ်ဟျွန်းရဲ့ နွေးထွေးကြင်နာတဲ့အချစ်တွေမရစေရဘူး။ လူကိုအနာပေးလိုက်၊ ဆေးကျွေးလိုက်နဲ့ တတ်လည်းတတ်နိုင်ပါပေ့။

မေတ္တာမှာ အသွားအပြန်ရှိသလို ဝဋ်ဆိုတာ လည်း အတုံ့အလှည့်ရှိလေတယ်။ ခံစားဖူးမှသိမဲ့သူကို အရိူက်ထိသွားအောင် ပညာပြရုံကလွဲ ဘတ်ခ်ဟျွန်းခေါင်းထဲဘာမှမရှိ။အရာ ရာကို နှလုံးသားထက် ဦးနှောက်နဲ့ပဲစဥ်းစား ဆုံးဖြတ်တော့မည်။

TBC __________________

[ A:N | ကြည့်ကောင်းတဲ့ စီးရီး၊ ဇာတ်လမ်း လေးတွေပြောပြပေးပါလား။ ဆကိခုတလော စိတ်လေနေတာ ... တခုခုထဲအာရုံနှစ်ချင်လို့ ]

( Zawgyi )

" သူေဌးကေတာ့ ငါ့ကိုေခါင္းလာစားေနၿပီ "

အိမ္အေရာက္မွာ ဘူးထဲကအထုတ္ေတြအား လံုးကို စားပြဲေပၚသြန္ခ်ၿပီး ဘတ္ခ္ဟြၽန္းစစ္ ေဆးၾကည့္မိသည္။ သူေဌးေျပာသလိုဆိုဒ္စံုပါရံုသာမက အေရာင္အေသြးေရာ၊ အနံ႔အ သက္ပါကြဲျပားျခားနားတဲ့ ခံစားမႈကိုရရိွ၏။

" ဒါက စေတာ္ဘယ္ရီနံ႔၊ ဒါကလိမၼော္ "

အထုတ္ေလးေတြကိုင္ၿပီး အေသးစိတ္စူးစမ္းေလ့လာေနတုန္းမွာ အိမ္တံခါးဖြင့္ကာဝင္လာတဲ့သူေၾကာင့္ ဘတ္ခ္ဟြၽန္းအလန္႔တၾကားအ ေနာက္သို႔လွည့္ၾကည့္မိသည္။

" ခ်န္းေယာလ္ "

မႈန္ကုတ္ကုတ္ျဖင့္အိမ္ထဲသို႔ ေျခသံဒုန္းဆိုင္းနင္းကာဝင္လာေသာ ခ်န္းေယာလ္ကိုၾကည့္ ရင္းဘတ္ခ္ဟြၽန္းေအာက္ႏႈတ္ခမ္းကိုဖိကိုက္လိုက္သည္။ လ်ိႈ႔ဝွက္နံပါတ္ေျပာင္းဖို႔ေမ့ေနခဲ့တာ၊ အခုေတာ့ခ်န္းေယာလ္က ဘတ္ခ္ဟြၽန္းရိွေနတဲ့ေနရာကို အလြယ္ေလးဝင္လာခဲ့ပါေရာလား။

" ထြက္သြား "

" မသြားခ်င္ဘူး "

ႏွင္ထုတ္ေသာ္လည္း ဘတ္ခ္ဟြၽန္းကိုအဖက္ မလုပ္ဘဲ သူဝတ္လာတဲ့ သားရည္ဂ်ာကင္အက်ႌကိုဇိမ္ေျပနေျပခြၽတ္ေနရင္း ဘတ္ခ္ ဟြၽန္းစားပြဲေပၚတင္ထားတဲ့ အထုတ္ေတြကိုလွမ္းၾကည့္ေန၏။

" အဲ့ေလာက္အမ်ားႀကီးဝယ္ၿပီး ဘယ္သူနဲ႔အတူေနဖို႔စဥ္းစားေနတာလဲ "

တျဖည္းျဖည္းႏွင့္ ဘတ္ခ္ဟြၽန္းအနားေရာက္ လာၿပီး မွင္ေသေသျဖင့္ၾကည့္ကာ ဘတ္ခ္ ဟြၽန္းေဒါသမထြက္ထြက္ေအာင္ ခနဲ႔၏။

" ခ်န္းေယာလ္၊ ငါစကားအေကာင္းေျပာေနတုန္း မင္းထြက္သြားလိုက္တာ ပိုေကာင္းမယ္ထင္တယ္ေနာ္ "

" မသြားဘူး၊ ဒီမွာအိပ္မွာ "

" ဘာ .. ဘယ္လို၊ ဘာေျပာလိုက္တယ္ "

" ေၾသာ္ .. မၾကားဘူးလား။ ဒီမွာအိပ္မွာလို႔ "

သူဝတ္ထားတဲ့ ဂ်င္းေဘာင္းဘီအိတ္ကပ္ထဲ လက္စံုႏိႈက္ကာ ခ်န္းေယာလ္က အသံက်ယ္ က်ယ္ျဖင့္ စကားျပန္ေျပာတဲ့အခါမွာေတာ့ ဘတ္ခ္ဟြၽန္း၏ သည္းခံႏိုင္စြမ္းေတြတျဖည္း ျဖည္းေလ်ာ့က်လာရသည္။

" ပတ္ခ္ခ်န္းေယာလ္၊ အခုခ်က္ခ်င္းထြက္သြားမွာလား၊ မသြားဘူးလား "

ေလသံတင္းမာလာသည့္အေပၚ ခ်န္းေယာလ္ က မထီမဲ့ျမင္ျပဳရင္း ဘတ္ခ္ဟြၽန္းဖက္လွည့္လာသည္။ မ်က္ႏွာထားကအစ ဘယ္ေကာင္မွ ဂရုမစိုက္ဘူးဆိုသည့္ပံုစံျဖင့္ တေလာက လံုးကို မီးေလာင္တိုက္သြင္းမည့္ရုပ္။ က်က္ သေရမရိွလိုက္ေလျခင္း။

" မ .. သြား .. ဘူး "

ခ်န္းေယာလ္က သူ႔ထက္ေခါင္းတလံုးစာနီး ပါးနိမ့္တဲ့ ဘတ္ခ္ဟြၽန္းႏွင့္ညီတူညီမ်ျွဖစ္သြားေအာင္ ခႏၶာကိုယ္ကိုငံု႔ကိုင္းၿပီးေျပာ၏။

တမင္တကာပဲ ဘတ္ခ္ဟြၽန္းကိုေဒါသထြက္ ေအာင္လုပ္မယ္လို႔ ႀကံရြယ္ထားေလသလား ေအာက္ေမ့ရေလာက္ေအာင္ ခ်န္းေယာလ္၏ အျပဳအမူေတြက မသက္ဆိုင္ေတာ့တဲ့လူတစ္ေယာက္အေပၚ ရဲတင္းလြန္းသလို သူ႔မ်က္ႏွာ ႀကီးကို ကုတ္ဖဲ့ပစ္ခ်င္ေလာက္သည္အထိရြံရွာစရာေကာင္းသည္။

" မင္းမသြားရင္ ငါသြားမယ္ "

လက္သီးကိုက်စ္ေနေအာင္ဆုတ္ၿပီး အံကို တင္းတင္းႀကိတ္ထားတာေၾကာင့္ ဘတ္ခ္ ဟြၽန္းနဖူးျပင္ေျပျပေလးမွာ ေသြးေၾကာတို႔က ျပတ္သားထင္ရွားစြာေထာင္းထ,ေန၏။

" အိုေခ အိုေခ .. အဲ့ေလာက္ႀကီးထိ Serious ျဖစ္ျပေနဖို႔လိုလို႔လား "

" Serious ျဖစ္တယ္ဟုတ္လား။ မင္းလုပ္ရပ္မင္းျပန္ၾကည့္ၪီး ပတ္ခ္ခ်န္းေယာလ္ "

ခ်န္းေယာလ္က ရိေထးေထးအၿပံဳးျဖင့္လက္ ႏွစ္ဖက္ကိုေျမႇာက္ကာ။

" ကြၽန္ေတာ္ ဘာလုပ္ေနလို႔လဲ "

တြဲေနစဥ္ကာလပတ္လံုး ခ်န္းေယာလ္၏ထို ရိေထးေထးအၿပံဳးဟာ ၾကည့္ေကာင္းတယ္လို႔ ဘတ္ခ္ဟြၽန္းသတ္မွတ္ခဲ့မိေပမဲ့ ယခုလို လမ္းခြဲျပတ္စဲၿပီးေနာက္မွာေတာ့ ထိုအၿပံဳးဟာ ငရဲတမ်ွပူေလာင္လြန္းလွသည္။

" ငါတို႔ လမ္းခြဲၿပီးသားဆိုတာေရာ မင္းေခါင္းထဲ ထည့္ထားရဲ့လား "

" ထည့္ထားပါတယ္၊ ခု ခင္ဗ်ားကိုဘာလုပ္ေနလို႔လဲ .. ခင္ဗ်ားခႏၶာကိုယ္ကိုတခ်က္ေလးေတာင္ မထိရေသးဘူးေနာ္။ အိမ္လာတာကလည္းစကားေျပာခ်င္လို႔ .. ခင္ဗ်ားကသာတ ျခားအေတြးေတြဝင္ေနတာ "

ဘတ္ခ္ဟြၽန္း စိတ္အပ်က္ဆံုးကေတာ့ ေဟာ့ ဒီလို ဂဂ်ိဳးဂေဂ်ာင္းသိပ္လုပ္ျပတတ္တဲ့ခ်န္းေယာလ္ရဲ့ ျမင္ပ်င္းကတ္စရာေကာင္းလြန္းတဲ့အက်င့္တခုပဲ။ ရည္းစားေဟာင္းဆိုတာသူ႔လက္ခုတ္ထဲကေရလိုပဲ လိုအပ္သလိုဖန္တီးယူလို႔ရတယ္ဆိုတဲ့စိတ္နဲ႔ မာန္တက္ျပေနတာ။

" ငါ့ေဒါသေတြဒီထက္ပိုၿပီးမထြက္လာခင္ဒီကေန မင္းထြက္သြားလိုက္တာ ပိုေကာင္းမယ္ေနာ္ ပတ္ခ္ခ်န္းေယာလ္၊ ငါစိတ္သိပ္ရွည္တာမဟုတ္ဘူး "

" သိပါတယ္ဗ်ာ၊ ခင္ဗ်ားႀကီး စိတ္မရွည္မွန္း ကြၽန္ေတာ္ အသိဆံုးပါ။ နမ္းလို႔အားပါသြားတာနဲ႔ ခင္ဗ်ားပါးစပ္ကညည္းသံေတြထြက္လာၿပီး ေနရခက္လာတာေလ ဟုတ္တယ္မလား၊ ၿပီးေတာ့ ဘာတဲ့ ခ်န္းေယာလ္ငါ့ကိုတခုခုလုပ္ေပးတဲ့ ဟား "

ခ်န္းေယာလ္၏ အရွက္မရိွေျပာထြက္ရက္တဲ့ စကားေတြေၾကာင့္ ဘတ္ခ္ဟြၽန္း၏မ်က္ႏွာ ျပင္တစ္ခုလံုးေဒါသေၾကာင့္နီေဆြးလာၿပီး လည္ပင္းေၾကာေတြပါအၿပိဳင္းၿပိဳင္းထလာတဲ့အထိကို အံႀကိတ္ရင္းအသက္ရူသံေတျြပင္းထန္လာရသည္။

" အမွန္တရားေတြေျပာေနတာကို ဘာေဒါသ ထြက္ျပစရာလိုလို႔လဲ ခင္ဗ်ားရာ၊ အဲ့တုန္းကသေဘာက်ခဲ့တာပဲ မဟုတ္လား "

-ခြပ္။

အမွတ္မထင္ဝင္လာေသာ လက္သီးတခ်က္ ေၾကာင့္ ခ်န္းေယာလ္မ်က္ႏွာကမ႓ာ့အျပင္ဖက္ေရာက္သြားသလို လည္ထြက္သြားရ၏။

" ငါ့ကိုမေစာ္ကားနဲ႔ ခ်န္းေယာလ္၊ ငါဒီထက္ပိုၿပီး သည္းမခံႏိုင္ေတာ့ဘူး "

ေသြးပူေနတာမို႔ ေနာက္တစ္ႀကိမ္ထိုးႏိုင္ဖို႔ဆိုလည္း ဘတ္ခ္ဟြၽန္းဝန္မေလး။

" ခင္ဗ်ားအရင္ ကြၽန္ေတာ့္ကိုကိုယ္ထိလက္ ေရာက္ေစာ္ကားတာေနာ္၊ ေကာင္းၿပီေလ "

" ပတ္ခ္ခ်န္းေယာလ္ "

ခႏၶာကိုယ္ခ်င္းယွဥ္ရင္ ဘတ္ခ္ဟြၽန္းဟာေသ ခ်ာေပါက္ ခ်န္းေယာလ္ဆီမွာရူံးနိမ့္ရမယ္ဆို တဲ့အားနည္းခ်က္ကို ကိုင္တုတ္သြားတဲ့ခ်န္း ေယာလ္က ဘတ္ခ္ဟြၽန္းခႏၶာကိုယ္ကိုေနာက္ သို႔တြန္းသြားၿပီး နံရံမွာကပ္ေစကာ လက္ႏွစ္ ဖက္ကိုပါ ရုန္း၍မရေအာင္ အပီခ်ဳပ္ထား၏။

" ခင္ဗ်ားက အၿမဲတမ္းလက္ပါရတာႀကိဳက္ေနတာပဲေနာ္ .. စတြဲကတည္းက "

" မင္းသာ ေအးေဆးထြက္သြားရင္လက္ပါစ ရာအေၾကာင္းကိုမရိွဘူး "

" အစကေတာ့ စကားေျပာၿပီးျပန္မယ္လုပ္ထားတာ၊ အခုေတာ့မရေတာ့ဘူး။ ခင္ဗ်ားက ကြၽန္ေတာ့္ကို လက္ပါတယ္ဆိုေတာ့ .. "

ခ်န္းေယာလ္က သူ၏လက္တဖက္ျဖင့္ဘတ္ခ္ဟြၽန္းလက္ႏွစ္ဖက္လံုးကိုခ်ဳပ္ကာနံရံမွာကပ္ထားၿပီး က်န္လက္တစ္ဖက္ျဖင့္ဘတ္ခ္ဟြၽန္းပါးကိုဆြဲညစ္ကာ စူထြက္လာေသာႏႈတ္ ခမ္းကို အတင္းအၾကပ္နမ္းဖို႔ျပင္သည္။

" အြန္း .. ဖယ္စမ္း .. ငါ့ကိုမထိနဲ႔ "

ေခါင္းခါၿပီးအတင္းရုန္းေနတဲ့ ဘတ္ခ္ဟြၽန္း ေၾကာင့္ ခ်န္းေယာလ္၏ႏႈတ္ခမ္းစစ္ဆင္ေရး က အရာမဝင္ခဲ့သလို ခ်န္းေယာလ္အလစ္မွာ ေခါင္းခ်င္းတိုက္ခံရမည့္အကြက္ေတြကိုပါ ခ်န္းေယာလ္ႀကိဳျမင္လာခဲ့ရသည္။

" ရုန္းေလ၊ ႀကိဳက္သေလာက္ရုန္း၊ ခင္ဗ်ားကို ကယ္မဲ့သူ ဘယ္သူမွရိွမွာမဟုတ္ဘူး "

" ႏွစ္လေလာက္ အေသေကာင္လိုေပ်ာက္သြားၿပီးအခုမွ ငါ့အနားျပန္ေရာက္လာတာ ဘာသေဘာလဲ ခ်န္းေယာလ္၊ မင္းကိုငါစိတ္ ပ်က္တယ္ သိလား၊ အရမ္းမုန္းတယ္ "

" ဘာ .. မုန္းတယ္ ဟုတ္လား "

" အြန္း ... "

စကားတစ္ခြန္းအဆံုးမွာ ဘတ္ခ္ဟြၽန္းသူ၏ အတင္းအဓမၼဆန္တဲ့အနမ္းေတြေအာက္မွာ ရုန္းခြင့္မသာဘဲ ပိတ္မိသြားခဲ့ရသည္။

ေအာက္ႏႈတ္ခမ္းကို သည္းႀကီးမည္းႀကီးဖိ ကိုက္ေနၿပီး ဘတ္ခ္ဟြၽန္းအာခံတြင္းထဲနယ္ခ်ဲ့ေနတဲ့ ခ်န္းေယာလ္၏ၾကမ္းတမ္းလွတဲ့ လုပ္ရပ္ေတြဟာ အင္မတန္မွေအာ္ဂလီဆန္ လြန္းလွသည္။

ဘယ္လိုပဲခ်စ္သူရည္းစားေတျြဖစ္ခဲ့ပါေစ၊ ခုလို အလိုမတူဘဲအတင္းအၾကပ္ေစခိုင္းခံရတာႀကီးကို တရားဥပေဒအရအေရးယူလို႔ရတယ္ဆိုတာ မသိတာလား။ ဒါမွမဟုတ္ အဲ့ဥ ပေဒကိုပဲ အေရးမစိုက္တာက သူ႔ဖခင္ဟာ တရားလႊတ္ေတာ္ေရ႔ွေနျဖစ္လို႔လား။

တမိသားစုလံုး ေဆြႀကီး၊မ်ိဳးႀကီးပညာတတ္ ထဲကျဖစ္ေနၿပီး၊ ခ်န္းေယာလ္ကိုယ္တိုင္ကလည္း ေဆးေက်ာင္းသားျဖစ္ေနခဲ့ၿပီးဒီလိုဥာဏ္ရည္နိမ့္တဲ့လုပ္ရပ္ေတြကို က်ူးလြန္ေနတာႀကီးက ဘယ္လိုမွမအပ္စက္တဲ့အရာဆိုတာ မေတြးေခၚတတ္တာပဲလား။

" အာ့ .. အြန္း "

ေသြးစို႔လုမတတ္ဖိကပ္နမ္းေနရင္းကေနလႊတ္ေပးလိုက္တဲ့အခါမွာေတာ့ ဘတ္ခ္ဟြၽန္း ၾကမ္းျပင္မွာပံုလ်က္သားေလးထိုင္က်သြားခဲ့ရသည္။

ေအာ္ဟစ္ရုန္းရတဲ့ဒဏ္ေၾကာင့္ ခ်န္းေယာလ္ ကိုပင္ ရန္ေတြ့ႏိုင္ျခင္းမရိွေတာ့ဘဲ အသက္ကိုအလုအယက္ရူေနရသည္။

" မုန္းတယ္ေျပာလို႔ အျပစ္ေပးတာ "

မသက္ဆိုင္ေတာ့တဲ့ သူတစ္ေယာက္ကိုမုန္း တယ္လို႔ေျပာမိတာ အျပစ္ျဖစ္သြားတယ္တဲ့လား။

ေပ်ာ့ေခြေနတဲ့ ဘတ္ခ္ဟြၽန္းကိုယ္ေလးကိုေပြ့ယူၿပီး သူ႔ေျခလွမ္းေတြက အိပ္ခန္းဆီကိုၪီးတည္ေနသည္။ ဘတ္ခ္ဟြၽန္းမရုန္းေတာ့ဘဲ မ်က္လံုးမိွတ္ကာ သူေခၚတဲ့အတိုင္းၿငိမ္ၿငိမ္ေလးလိုက္ပါလာသည္။

ရုန္းလို႔ရမွာမဟုတ္ဘူးဆိုတာသလို ခ်န္း ေယာလ္ကို ေဒါသနဲ႔တံု႔ျပန္လို႔မရဘူးဆိုတာကိုပါ ဘတ္ခ္ဟြၽန္းနားလည္သေဘာေပါက္ခဲ့သင့္တာ။ အိပ္ရာထက္မွာ ဘတ္ခ္ဟြၽန္းကို ညင္ညင္သာသာခ်ေပးၿပီး ခ်န္းေယာလ္က ဘတ္ခ္ဟြၽန္းကိုယ္ေပၚအုပ္မိုးကာ လည္ပင္းသားကို ခပ္ဖြဖြနမ္းသည္။

အတၲႀကီးၿပီး တစ္ကိုယ္ေကာင္းဆန္တဲ့ခ်န္းေယာလ္ဟာ သူလိုရာကိုသာစိတ္တိုင္းက်ျပဳ မူေနတုန္းပဲ။

" ခင္ဗ်ား .. ခင္ဗ်ား ငိုေနတယ္ "

ဘတ္ခ္ဟြၽန္း၏မ်က္ဝန္းေထာင့္ကေန ေခါင္း အံုးထက္ စီးက်ေနတဲ့မ်က္ရည္စီးေၾကာင္း ေတြၾကည့္ၿပီး ခ်န္းေယာလ္လြန္သြားၿပီဆိုတာ သိလိုက္သည္။ ခ်က္ခ်င္းဆိုသလို ဘတ္ခ္ ဟြၽန္းကိုယ္ေပၚကေနဖယ္ၿပီး ဘတ္ခ္ဟြၽန္း ကိုယ္ေလးကိုဆြဲထူလိုက္သည္။

" ဘာလို႔ ေရ႔ွမဆက္ေတာ့တာလဲ၊ မင္းလိုခ်င္တာ ငါ့ခႏၶာကိုယ္မဟုတ္ဘူးလား .. ယူေလ ဘာလုပ္ေနတာလဲ .. ယူသြား .. မင္းစိတ္ တိုင္းက် ျခယ္လွယ္သြား "

ရိူက္သံျဖင့္ ဘတ္ခ္ဟြၽန္းက သူ႔ကိုယ္ေပၚက အဝတ္ေတြကိုၾကယ္သီးေတြဆြဲျဖဳတ္ေနတာ ေၾကာင့္ ခ်န္းေယာလ္အျမန္တားလိုက္ရ၏။

" ေတာ္ပါေတာ့ ခင္ဗ်ားရာ "

ခ်န္းေယာလ္၏ စိတ္လိုက္မာန္ပါၿပီးတဖက္ သားေပၚ ရိုင္းျပခဲ့မႈ​က ခ်စ္ရတဲ့သူကို အထင္ လြဲသြားေစခဲ့မိၿပီ။

" ထြက္သြား .. ထြက္သြားလို႔ "

-ဖုန္း။ဖုန္း။

ေအာ္ရင္းခ်န္းေယာလ္ရင္ဘတ္ကို တဖုန္းဖုန္းျမည္ေအာင္ ရိုက္ႏွက္ေနသည္။ နာေပမဲ့ အမွားလုပ္မိထားတဲ့သူက ခ်န္းေယာလ္မို႔ မတားမိေပမဲ့ ထိုမတားတာကိုအခြင့္ေကာင္းယူၿပီး ဘတ္ခ္ဟြၽန္းကလည္း သူ႔စိတ္ထဲေတးမွတ္ထားသမ်ွေတြႏွင့္အတူ ခ်န္းေယာလ္ရင္ ဘတ္ကို စိတ္ရိွလက္ရိွရိုက္ႏွက္ေနသည္။

" နာတယ္ ခင္ဗ်ားရဲ့ "

နည္းနည္းလြန္တယ္ထင္ေတာ့မွ ဘတ္ခ္ဟြၽန္းလက္ႏွစ္ဖက္ကိုခ်ဳပ္ကိုင္ရင္း ေခါင္းအံုးေပၚ ျပန္လွဲခ်လိုက္ၿပီး ပုလဲၾကည္ေရာင္မ်က္ရည္လဲ့ေနေသာ ခပ္စိုစိုမ်က္ဝန္းေလးအားစိုက္ၾကည့္ရင္း ႏွာေခါင္းထိပ္ေလးကိုခပ္ဖြဖြေလး ထိေတြ့လိုက္သည္။

" ဒီေန့ကစၿပီး ခင္ဗ်ားကိုအရင္လိုျပန္လိုက္ျပမယ္ "

ဘတ္ခ္ဟြၽန္းငိုေနရင္းပင္ ရယ္လိုက္မိသည္။ ဟာသေတြ​​ေျပာၿပီး ေနာက္ဆံုးမ်က္ရည္ခ်ူသြားတာလည္း ခ်န္းေယာလ္ပဲ။ ဒရမ္မာခင္းၿပီး မျဖစ္ႏိုင္ေတာ့ဘူးဆိုၿပီးထားသြားခဲ့တာလည္း ခ်န္းေယာလ္ပဲ။

အို .. ဘာတဲ့။

ဘတ္ခ္ဟြၽန္းကို အရင္လိုျပန္လိုက္မယ္တဲ့။

လိုက္ေလ၊ ဆယ္ခါျပန္လိုက္တာေတာင္ဘတ္ခ္ဟြၽန္းရဲ့ ေနြးေထြးၾကင္နာတဲ့အခ်စ္ေတြမရေစရဘူး။ လူကိုအနာေပးလိုက္၊ ေဆးေကြၽးလိုက္နဲ႔ တတ္လည္းတတ္ႏိုင္ပါေပ့။

ေမတၲာမွာ အသြားအျပန္ရိွသလို ဝဋ္ဆိုတာ လည္း အတံု႔အလွည့္ရိွေလတယ္။ ခံစားဖူးမွသိမဲ့သူကို အရိူက္ထိသြားေအာင္ ပညာျပရံုကလြဲ ဘတ္ခ္ဟြၽန္းေခါင္းထဲဘာမွမရိွ။အရာ ရာကို ႏွလံုးသားထက္ ၪီးေနွာက္နဲ႔ပဲစဥ္းစား ဆံုးျဖတ္ေတာ့မည္။

TBC __________________

[ A:N | ၾကည့္ေကာင္းတဲ့ စီးရီး၊ ဇာတ္လမ္း ေလးေတြေျပာျပေပးပါလား။ ဆကိခုတေလာ စိတ္ေလေနတာ ... တခုခုထဲအာရံုႏွစ္ခ်င္လို႔ ]

Continue Reading

You'll Also Like

172K 17.2K 22
မင္​းကမုန္​းတယ္​လို႔တဖြဖြ​ေျပာ​ေနရင္​​ေတာင္​ ငါအဆင္​​ေျပပါတယ္​ BaekHyunee .. CV by Asuna Park ❤
589K 36.8K 73
« បងសន្យា បងមិនឲអ្នកណាមកធ្វើអ្វីមកលើអូនបានឡើយ អូនគឺជារបស់បងជាប្រពន្ធរបស់បងម្នាក់គត់ Kim Taehyung » « មិនថាអ្នកណានោះទេឲតែហ៊ានប៉ះពាល់ប្រពន្ធកូនយើងសូម្ប...
259K 25.5K 42
'' Byun Baekhyun !! '' '' Nae...'' '' ဒီလို ႏုနယ္တဲ့ လက္ကေလးေတြက ခုခ်ိန္မွာ စာအုပ္ကိုင္ေနသင့္တာလား ။ သူမ်ားနဲ႕ရန္ျဖစ္ျပီး ေသြးထြက္သံယို ျဖစ္ေနသင့္တာ...
47.9K 7.2K 20
a 25 years old boy falls in love with a married man. It is a novel about how to approach a loved one despite the disagreements of the community. Pari...