Unicode
ကိုရီးယားနှင့် အနောက်တိုင်းအစားစာများ တွဲလျက်ရောင်းချသော Restaurant ဆိုင်ထဲ၌ အဝါရောင်ဂါဝန်ရှည်ဝတ်ဆင်ထားသော မိန်းကလေးတယောက် ငြိမ်သက်စွာထိုင်နေလျက်ရှိသည်။ အညိုရောင် ဆံနွယ်ခွေများနှင့် ဖြူဝင်းသောအသားရေကို ပိုင်ဆိုင်ထားသော ထိုမိန်းကလေးမှာ ချောသည်ဆိုတာထက် တည်ငြိမ်အေးဆေးသော မျက်နှာပိုင်ရှင်မျိုးဖြစ်သည်။ ထိုအေးဆေးလှပသော မျက်နှာလေးနှင့် ဆန့်ကျင်လျက် စိတ်လှုပ်ရှားနေဟန်တူသည့် လက်နှစ်ဖက်ကတော့ အချင်းချင်းမကြာခဏပွတ်သပ်လျက်။
ချိန်းဆိုထားသော အချိန်သို့ ရောက်ရှိချိန်မှာတော့ သူမ မျှော်လင့်နေသည့်သူမှာ ရောက်ရှိလာခဲ့ပြီဖြစ်သည်။ ခန့်ငြားထည်ဝါသော အသွင်အပြင်၊ ချောမောပြေပြစ်သော ရုပ်ရည်နှင့် ထိုယောကျာ်းသည် လူအများကြားထဲတွင် ထင်းခနဲ သတိပြုနိုင်လောက်သည်အထိ ဆွဲဆောင်အားကြီးလွန်းလှသည်။
မျက်နှာချင်းဆိုင်က ခုံမှာ ဝင်ထိုင်လိုက်သည်အထိ ငေးမောကောင်းနေသော သူမကို သူကမေးလာသည်။
" ကိုယ်နောက်ကျသွားလား "
" ဟင့်အင်း ကျွန်မက စောရောက်နေတာပါ "
" အင်း ကိုယ်လဲစောထွက်လာမလို့ပဲ .. အလုပ်တွေက လက်စ မသတ်နိုင်ဖြစ်နေလို့ "
" ရပါတယ် ... "
သူမကြိုတင်မှာထားသော စားစရာများက အချိန်ကိုက်ပင် ရောက်ရှိလာခဲ့သည်။
ပင်လယ်စာသုပ်၊ ဝက်ချိုချဉ် နှင့် ကင်ချီဟင်းရည်တို့ကို ကြည့်လိုက်တာနဲ့ သူ့အကြိုက်တွေချည်း ရွေးမှာပေးထားတယ်ဆိုတာ သိသာလှသည်။
" ဒီဆိုင်က ပင်လယ်စာမှာ နာမည်ကြီးပဲ အရမ်းလတ်ဆတ်တယ် "
" အင်း မင်းလည်းများများစားလေ .. ဒီရက်ပိုင်းပိန်သွားသလိုပဲ "
ပိန်သွားတာကို သတိထားမိတယ်လို့ တွေးမိလိုက်တော့ သူမရင်ထဲ လှိုင်းလေးတခုလှုပ်ခတ်သွားသည်။ အိမ်ထောင်သက် နှစ် နှစ်ကျော်အတွင်း သူ့ရဲ့ ဂရုစိုက်မှုတွေ ကုန်သွားပြီထင်ခဲ့တာ ..
မနက်စောစောကုမ္ပဏီကိုသွား၊ ရုံးဆင်းချိန်ပုံမှန်မရှိဘဲ နောက်ကျမှ ပြန်လာတတ်သော မိမိခင်ပွန်းဖြစ်သူကြောင့် တအိမ်ထဲနေလျက် ဝေးနေသလိုခံစားခဲ့ရသည်။
ဒီနေ့တော့ သူမမွေးနေ့ကို အကြောင်းပြကာ ညစာအတွက် အချိန်ပေးဖို့ ခက်ခက်ခဲခဲတောင်းဆိုလိုက်ရသည်။ လက်ထပ်ကာစနှင့်မတူဘဲ တဖြည်းဖြည်းဂရုစိုက်မှုတွေ လျော့ကျလာခဲ့သော ယောကျာ်းဖြစ်သူအား သူမအပြစ်မမြင်မိပါ။ အိမ်ထောင်ဦးစီးတယောက်ဖြစ်တာကြောင့် သူမအတွက် အချိန်မပေးနိုင်ကာ အလုပ်များနေခြင်းဖြစ်သည်ဟု ဖြေသိမ့်နိုင်ခဲ့ပါသည်။
" Happy birthday ပါ ဟယ်အင်း ... "
တလက်လက်တောက်ပနေသော ကြယ်ပုံစံ ဆွဲသီးလေးနှင့် ငွေရောင်ဆွဲကြိုးလေးက သူမအာရုံကို ဖမ်းစားနိုင်လေသည်။
" သဘောကျရဲ့လား "
" အင်း အရမ်းကြိုက်တယ် ... ကျေးဇူးပါ ယောက်ျား "
" ကိုယ်ဝတ်ပေးမယ်လေ "
သူမအနားထလာတဲ့ သူ့ကို အသာပြုံးပြရင်း ဝဲကျနေသော ဆံပင်များကို ဘေးတဖက်သို့ သိမ်းဖယ်ပေးလိုက်သည်။ ထို့နောက်မှာတော့ ကျော့ရှင်းသော လည်တိုင်ထက်တွင် တောက်ပနေသော ဆွဲကြိုးလေးက လှပစွာနေရာယူလျက်။
နီးကပ်လျက်ရှိသော သူ့အား အပျော်တို့နှင့်အတူ အနမ်းတပွင့်ပေးရန် သူမကြိုးစားချိန်မှာတော့ ရုတ်တရက်ထမြည်လာသော ဖုန်းကြောင့် ရှက်ရှက်နှင့် ခေါင်းသာငုံ့ထားလိုက်မိတော့သည်။
" ဆောရီးး ကိုယ်ဖုန်းခဏသွားပြောအုံးမယ်နော် "
" ရပါတယ် "
ဖုန်းနှင့်အတူ ခပ်ဝေးဝေးကို လျှောက်သွားတဲ့ ယောကျာ်းဖြစ်သူရဲ့ ကျောပြင်ကိုငေးရင်း လည်ပင်းထက်က ဆွဲကြိုးလေးကို ငုံကြည့်ပြီး သူမထပ်ပြုံးမိပြန်သည်။
" ဟဲလို "
" ကို .. ဘာလုပ်နေတာလဲ ဖုန်းခေါ်တာကို အကြာကြီးနေမှကိုင်တယ် "
" ဆောရီး ဘေဘီ.. ကိုယ်အလုပ်ရှုပ်နေလို့ "
" မညာနဲ့နော် ကုမ္ပဏီမှာ မဟုတ်ဘူးမလား "
" အင်း ကိုယ် ဒီနေ့စောဆင်းတာ "
" ဘာလဲ ... အလုပ်စောစောဆင်းပြီး မိန်းမနား ကပ်နေတာလား ... "
" အဲ့လိုမဟုတ်ပါဘူးကွာ "
" ထားပါတော့ ... ဒီည ဘေဘီ့ဆီမလာတော့ဘူးပေါ့ "
" အင်း ဒီနေ့က ဟယ်အင်းမွေးနေ့လေ "
" ဒါဆိုလဲ ပြီးတာပါပဲ ... ဖုန်းချလိုက်တော့မယ် "
" စိတ်ကောက်သွားတာလား "
" မကောက်ပါဘူး ကို့အတွက်က ကို့မိန်းမက ပိုပြီးအရေးကြီးမှာပေါ့ "
" အဲ့လိုတွေ စကားနာမထိုးစမ်းပါနဲ့ ဘေဘီရာ .. ကိုယ်ဘယ်သူ့ကိုပိုချစ်တယ် ဘေဘီအသိဆုံး "
" အင်းပါ ဘေဘီသိပါတယ် "
" ဒါဆို ကိုယ်ဖုန်းချလိုက်တော့မယ် ချစ်တယ်နော် ဘေဘီ "
" အင်း ဘိုင့်ဘိုင့် .. "
ဒါယောင်း နဲ့ဖုန်းပြောပြီးတော့ ဟယ်အင်းရှိရာ စားပွဲဝိုင်းဆီသို့ ပြန်လာခဲ့လိုက်သည်။
ဘာကိုမှ မသိသော သူ့ဇနီးမှာတော့ အရင်လို အပြုံးနှင့်သာဆီးကြိုလျက်။
ဟယ်အင်းလို အဘက်ဘက်ကပြည့်စုံသော မိန်းကလေးမျိုးကို အိမ်ထောင်ဘက်အဖြစ်လက်မလွှတ်နိုင်သော်လည်း စွဲမက်မူးယစ်ဖွယ်ကောင်းသော ဒါယောင်းရဲ့ အလှတွေကနေ သူရုန်းမထွက်နိုင်ခဲ့။
ဘယ်လိုပဲဖြစ်နေပါစေ မိမိအိမ်ထောင်ဘက်အပေါ်ဖောက်ပြန်မိခဲ့တာတော့ ငြင်းဆိုမရ။ သို့သိတိုင် နောက်ပြန်ဆုတ်ဖို့စိတ်ကူး သူ့ဆီမှာ မရှိပါ။
.........
မနက်ခင်းစောစော ဟယ်အင်းလာနှိုးတော့ သူအိပ်ရာကထသည်။ ထို့နောက် ရေချိုးပြီးထွက်လာတော့ သူ့အတွက် ဝတ်စုံတစုံကို အသင့်ပြင်ပေးထားတဲ့သူမ၊ မနက်စာမှာလည်း သူမနိုးခင်တည်းက အသင့်ဖြစ်လို့နေပြီ။
" ညနေစောမှာလား .. ဖေဖေတို့က အိမ်မှာ ညစာလာစားဖို့ခေါ်နေတယ် "
ဟယ်အင်းရဲ့ အဖေက မကြာခဏ ထမင်းအတူစားဖို့ ခေါ်တတ်သည်။ ယောက္ခမဖြစ်သူအား အလုံးစုံ ငြင်းဆန်နိုင်စွမ်းမရှိတဲ့ သူ့အတွက်တော့ နာခံရုံမျှသာ တတ်နိုင်သည်။ သို့သော် မနေ့ကလည်း ဟယ်အင်းမွေးနေ့ဖြစ်တာကြောင့် ဒါယောင်းဆီသို့ မသွားဖြစ်။ ယနေ့လည်း မသွားဖြစ်လျှင် ကလေးဆိုး ဆိုးတတ်သော ဒါယောင်းမှာ သေချာပေါက် စိတ်ကောက်ပေတော့မည်။
" ကိုယ်ဒီနေ့ နောက်ကျမယ်ထင်တယ် .. ယောက္ခမကြီးကို နောက်နေ့မှ ချိန်းလိုက်လို့ မရဘူးလား "
" ဖေဖေက အရင်နေ့တည်းက ခေါ်နေတာ ... ရှင်လည်းမအားတာနဲ့ ကျွန်မငြင်းထားတာ "
လေသံအေးအေးနှင့် ပြောပေ့မဲ့လည်း အလိုမကျမှုလေးတော့ အနည်းငယ်ပါဝင်နေသည့် သူမအသံ ..
" ခုလုပ်ရမဲ့ စာချုပ် အပြီးသတ်သွားရင် ကိုယ်တကယ်အားပါပြီ ... ခဏလေးပဲစောင့်ပေးလေနော် ... ယောက္ခမကြီးက မင်းပြောရင်ရပါတယ် "
" အင်းပါ .. ဒါမဲ့ အရမ်းကြီးမကြာစေနဲ့နော် ဖေဖေ စိတ်ဆိုးရင် ပြောရခက်တာ သိတယ်မလား "
" စိတ်ချပါ .. ဒါဆို ကိုယ်သွားတော့မယ်နော် မိန်းမ "
ဟယ်အင်းရဲ့ ပါးနုနုလေးအား အနမ်းပေးပြီးနောက် အိမ်ထဲမှ ထွက်ခဲ့တော့သည်။
" ဆရာ .. ကုမ္ပဏီပဲ တန်းသွားမှာလား မမလေးဒါယောင်းဆီ ဝင်အုံးမှာလား "
သူ့အကြောင်းအားလုံးသိထားသော ဒါရိုင်ဘာပတ်က လှမ်းမေးသည်။
" ကုမ္ပဏီပဲသွားမယ် ဒါယောင်းက နိုးမှာမဟုတ်သေးဘူး "
" ဟုတ် "
................
နေ့လည်ခင်းအားသွားတော့ ဟယ်အင်းတယောက် ဖေဖေ့အိမ်သို့ထွက်ခဲ့သည်။ သူမတယောက်တည်းလာတာမို့ ဖေဖေကတော့ သိပ်ကျေနပ်မည် မထင်ပါ။ မတတ်နိုင် ... တယောက်မှ မလာတာထက်စာလျှင်တော့ တော်သေးသည်။
" ဖေဖေ ... သမီးလာတယ် "
ခြံဝန်းကျယ်ထဲမှာရှိသော စားပွဲလေးမှာ လက်ဖက်ရည်ကြမ်းသောက်ရင်း အနားယူနေတဲ့ ဖေဖေက မျက်လုံးတွေအသာဖွင့်ပြီး လှမ်းကြည့်သည်။
" ဘယ်လိုဖြစ်လို့ တယောက်တည်းရောက်လာတာလဲ "
" ဖေဖေကလဲ သမီးကိုတွေ့တာတောင် မကျေမနပ်နဲ့ "
" ပြောပါအုံး ဂျုံးဂုက ဘာလို့လိုက်မလာတာတဲ့လဲ "
" သူက ကုမ္ပဏီမှာဒီရက်ပိုင်း အလုပ်ရှုပ်နေတာ ဖေဖေရဲ့ ...အဲ့ကြောင့်ပါ ဖေဖေ့ကိုလဲ သတိရကြောင်း အလုပ်တွေအားသွားရင် လာတွေ့ပါ့မယ်ဆိုပြီး ပြောခိုင်းလိုက်တယ် "
" ဘာတွေအလုပ်ရှုပ်နေတာလဲ .. ကုမ္ပဏီမှာ ခုတလော ပုံမှန်ပဲမဟုတ်ဘူးလား "
" စာချုပ်ကိစ္စတဲ့ သမီးလဲ သေချာတော့မသိဘူး "
" ဟုတ်လား ... ဘာတွေ အခက်အခဲရှိနေတာများလဲ ... အဆင်မပြေတာရှိရင် ဘာလို့ ဖေဖေ့ကို လာမတွေ့ရတာလဲ ... "
" ကုမ္ပဏီကိစ္စတွေကို ဂျုံးဂုနဲ့ပဲလွှဲထားလိုက်ပါ ... ဖေဖေက ကိုယ့်ကျန်းမာရေး ကိုယ် ဂရုစိုက် "
" အင်းပါ .... ဂျုံးဂုက တော်ပါတယ် ဒါပေ့မဲ့ ဖေဖေကူညီနိုင်တာရှိမလားလို့ "
ပြောပြီးတာနဲ့ ဖေဖေက သူ့လက်ထောက် ဟွန်းဆူဆီဖုန်းလှမ်းဆက်သည်။
ဂျုံးဂုက လက်ရှိ ကုမ္ပဏီမှာ ဒါရိုက်တာဆိုပေ့မဲ့ ထိုရာထူးကို ဖေဖေက ပေးထားခဲ့တာဖြစ်သည်။ J Group ရဲ့ နဂိုမူလတည်ထောင်သူမှာ ဟယ်အင်းရဲ့ ဖေဖေ ဂျောင်ဆိုမင်း ဖြစ်သည်။
မိတဆိုးသမီးလေး ဟယ်အင်းကို သိပ်ချစ်တာကြောင့် ဟယ်အင်းရဲ့ ချစ်သူ ဂျုံးဂုနှင့် လက်ထပ်ပေးပြီးနောက် ကုမ္ပဏီမှာ ဝင်လေ့လာစေကာ နေရာတခုပေးခဲ့သည်။ သို့နှင့် သာမန်ဘွဲ့ရကျောင်းသားလေး ဂျုံးဂုမှာ ချက်ချင်းမိုးကျရွှေကိုယ် ဖြစ်လာတော့သည်။
ဂျုံးဂုကို လက်လွှဲပေးထားသောလည်း အလုံးစုံ အာဏာလွှဲအပ်လိုက်တာမျိုးတော့မဟုတ်။ ကုမ္ပဏီ၏ ကိစ္စအဝဝကို စောင့်ကြည့်ကာ ကြီးကျယ်သောကိစ္စများတွင်တော့ CEO ဂျောင်ဆိုမင်းရဲ့ ဆုံးဖြတ်ချက်ကသာ အတည်ဖြစ်လေသည်။
" ဂျုံးဂု အိမ်ပြန်နောက်ကျမယ်ဆိုလဲ ဒီမှာပဲ ညစာ စားသွားလေ "
" ဟုတ် "
" ဒါနဲ့ .. သမီးတို့လဲ အိမ်ထောင်သက် နှစ်နှစ်ကျော်လာပြီပဲ .. ကလေးယူဖို့ မစဉ်းစားကျသေးဘူးလား "
" အာ.. ဖေဖေကလဲ "
" နှစ်ယောက်လုံး သုံးဆယ်နားကပ်နေပြီလေ .. အချိန်တွေဆွဲမနေနဲ့တော့ ကြားလား "
" ဟုတ် "
...........
ညနေပိုင်း အလုပ်စောစောဆင်းပြီးတာနဲ့ ဒါယောင်းရဲ့ တိုက်ခန်းဆီသို့ လာခဲ့လိုက်သည်။
သူရောက်သွားချိန်မှာတော့ ဒါယောင်းက ရေချိုးပြီးကာစ ဖြစ်ဟန်တူသည်။ မခြောက်တခြောက်ဆံပင်လေးများနှင့် မွှေးပျံ့ဆဲ ဆပ်ပြာနံ့ သင်းသင်းလေးများက နှာခေါင်းထဲ တိုးဝင်ပျံ့နှံ့လျက်။
" ဆံပင်တွေခြောက်အောင်သုတ်လေ ဘေဘီရဲ့ "
" ခဏနေ ခြောက်သွားလိမ့်မယ် "
" ဒီကောင်မလေးကတော့လေ ... လာ ကိုယ် လေမှုတ်ပေးမယ် "
" ရတယ် ကိုယ့်ဘာသာ မှုတ်မယ် "
" ဟောဗျာ ... ဘာတွေ အလိုမကျဖြစ်နေတာတုန်း "
" ရှင့်မိန်းမက ဒီနေ့မလိုတော့လို့ ရောက်လာတာလား "
" ဟာကွာ ဘေဘီကလည်း ကိုယ်မနေ့က ရှင်းပြထားရဲ့သားနဲ့ ... စိတ်မဆိုးပါနဲ့ကွာ ဘေဘီစိတ်ဆိုးရင် ကိုယ်မနေတတ်ဘူး "
" တော်ပါ အပိုတွေ "
" ကဲဒါဆိုလဲ စိတ်ဆိုးနေတဲ့ ဘေဘီလေးကို ချော့ရတော့မှာပေါ့ ... "
ဒါယောင်းရဲ့ ခေါင်းလေးကိုထိန်းကာ နှုတ်ခမ်းချင်းထိကပ်ရင်း နူးညံ့သောအနမ်းမှသည် ကြမ်းတမ်းပြင်းရှသော အနမ်းဆီသို့ ...
ထို့နောက် နှစ်ဦးသား အိပ်ရာထက်တွင် လုံးထွေးရင်း အချစ်တို့ကို ခပ်ပြင်းပြင်းပုံဖော်ခဲ့ကြသည်။
" ကို ဒီနေ့ည ဒီမှာဘဲ အိပ်လိုက်ပါလား "
" အိပ်ချင်တာပေါ့ ဒါပေ့မဲ့ ကိုယ်မပြန်ရင် ဟယ်အင်းကိုဘယ်လိုလုပ်မလဲ "
" ကို့မိန်းမကိုစိတ်ပူနေတာလား "
" မဟုတ်ဘူးလေ ... သံသယမဖြစ်အောင်နေတာက ကိုရော ဘေဘီရောအတွက် ပိုမကောင်းဘူးလား ... "
" ဒီတညပဲလေ ... ဘေဘီမှာ ကို ပြန်သွားတိုင်း အမြဲအထီးကျန်နေခဲ့ရတာ "
အလှအပနဲ့ သိမ်းသွင်းတော့ သူရုန်းမထွက်နိုင်။
သို့နှင့် ဟယ်အင်းဆီသို့ အလုပ်ကိစ္စအကြောင်းပြကာ ပြန်မလာဖြစ်ကြောင်း ဖုန်းဆက်လိုက်ရတော့သည်။
⭐⭐⭐⭐⭐⭐⭐⭐⭐
Zawgyi
ကိုရီးယားႏွင့္ အေနာက္တိုင္းအစားစာမ်ား တြဲလ်က္ေရာင္းခ်ေသာ Restaurant ဆိုင္ထဲ၌ အဝါေရာင္ဂါဝန္ရွည္ဝတ္ဆင္ထားေသာ မိန္းကေလးတေယာက္ ၿငိမ္သက္စြာထိုင္ေနလ်က္ရွိသည္။ အညိဳေရာင္ ဆံႏြယ္ေခြမ်ားႏွင့္ ျဖဴဝင္းေသာအသားေရကို ပိုင္ဆိုင္ထားေသာ ထိုမိန္းကေလးမွာ ေခ်ာသည္ဆိုတာထက္ တည္ၿငိမ္ေအးေဆးေသာ မ်က္ႏွာပိုင္ရွင္မ်ိဳးျဖစ္သည္။ ထိုေအးေဆးလွပေသာ မ်က္ႏွာေလးႏွင့္ ဆန႔္က်င္လ်က္ စိတ္လႈပ္ရွားေနဟန္တူသည့္ လက္ႏွစ္ဖက္ကေတာ့ အခ်င္းခ်င္းမၾကာခဏပြတ္သပ္လ်က္။
ခ်ိန္းဆိုထားေသာ အခ်ိန္သို႔ ေရာက္ရွိခ်ိန္မွာေတာ့ သူမ ေမွ်ာ္လင့္ေနသည့္သူမွာ ေရာက္ရွိလာခဲ့ၿပီျဖစ္သည္။ ခန႔္ျငားထည္ဝါေသာ အသြင္အျပင္၊ ေခ်ာေမာေျပျပစ္ေသာ ႐ုပ္ရည္ႏွင့္ ထိုေယာက်ာ္းသည္ လူအမ်ားၾကားထဲတြင္ ထင္းခနဲ သတိျပဳႏိုင္ေလာက္သည္အထိ ဆြဲေဆာင္အားႀကီးလြန္းလွသည္။
မ်က္ႏွာခ်င္းဆိုင္က ခုံမွာ ဝင္ထိုင္လိုက္သည္အထိ ေငးေမာေကာင္းေနေသာ သူမကို သူကေမးလာသည္။
" ကိုယ္ေနာက္က်သြားလား "
" ဟင့္အင္း ကြၽန္မက ေစာေရာက္ေနတာပါ "
" အင္း ကိုယ္လဲေစာထြက္လာမလို႔ပဲ .. အလုပ္ေတြက လက္စ မသတ္ႏိုင္ျဖစ္ေနလို႔ "
" ရပါတယ္ ... "
သူမႀကိဳတင္မွာထားေသာ စားစရာမ်ားက အခ်ိန္ကိုက္ပင္ ေရာက္ရွိလာခဲ့သည္။
ပင္လယ္စာသုပ္၊ ဝက္ခ်ိဳခ်ဥ္ ႏွင့္ ကင္ခ်ီဟင္းရည္တို႔ကို ၾကည့္လိုက္တာနဲ႔ သူ႔အႀကိဳက္ေတြခ်ည္း ေ႐ြးမွာေပးထားတယ္ဆိုတာ သိသာလွသည္။
" ဒီဆိုင္က ပင္လယ္စာမွာ နာမည္ႀကီးပဲ အရမ္းလတ္ဆတ္တယ္ "
" အင္း မင္းလည္းမ်ားမ်ားစားေလ .. ဒီရက္ပိုင္းပိန္သြားသလိုပဲ "
ပိန္သြားတာကို သတိထားမိတယ္လို႔ ေတြးမိလိုက္ေတာ့ သူမရင္ထဲ လႈိင္းေလးတခုလႈပ္ခတ္သြားသည္။ အိမ္ေထာင္သက္ ႏွစ္ ႏွစ္ေက်ာ္အတြင္း သူ႔ရဲ႕ ဂ႐ုစိုက္မႈေတြ ကုန္သြားၿပီထင္ခဲ့တာ ..
မနက္ေစာေစာကုမၸဏီကိုသြား၊ ႐ုံးဆင္းခ်ိန္ပုံမွန္မရွိဘဲ ေနာက္က်မွ ျပန္လာတတ္ေသာ မိမိခင္ပြန္းျဖစ္သူေၾကာင့္ တအိမ္ထဲေနလ်က္ ေဝးေနသလိုခံစားခဲ့ရသည္။
ဒီေန႔ေတာ့ သူမေမြးေန႔ကို အေၾကာင္းျပကာ ညစာအတြက္ အခ်ိန္ေပးဖို႔ ခက္ခက္ခဲခဲေတာင္းဆိုလိုက္ရသည္။ လက္ထပ္ကာစႏွင့္မတူဘဲ တျဖည္းျဖည္းဂ႐ုစိုက္မႈေတြ ေလ်ာ့က်လာခဲ့ေသာ ေယာက်ာ္းျဖစ္သူအား သူမအျပစ္မျမင္မိပါ။ အိမ္ေထာင္ဦးစီးတေယာက္ျဖစ္တာေၾကာင့္ သူမအတြက္ အခ်ိန္မေပးႏိုင္ကာ အလုပ္မ်ားေနျခင္းျဖစ္သည္ဟု ေျဖသိမ့္ႏိုင္ခဲ့ပါသည္။
" Happy birthday ပါ ဟယ္အင္း ... "
တလက္လက္ေတာက္ပေနေသာ ၾကယ္ပုံစံ ဆြဲသီးေလးႏွင့္ ေငြေရာင္ဆြဲႀကိဳးေလးက သူမအာ႐ုံကို ဖမ္းစားႏိုင္ေလသည္။
" သေဘာက်ရဲ႕လား "
" အင္း အရမ္းႀကိဳက္တယ္ ... ေက်းဇူးပါ ေယာက္်ား "
" ကိုယ္ဝတ္ေပးမယ္ေလ "
သူမအနားထလာတဲ့ သူ႔ကို အသာၿပဳံးျပရင္း ဝဲက်ေနေသာ ဆံပင္မ်ားကို ေဘးတဖက္သို႔ သိမ္းဖယ္ေပးလိုက္သည္။ ထို႔ေနာက္မွာေတာ့ ေက်ာ့ရွင္းေသာ လည္တိုင္ထက္တြင္ ေတာက္ပေနေသာ ဆြဲႀကိဳးေလးက လွပစြာေနရာယူလ်က္။
နီးကပ္လ်က္ရွိေသာ သူ႔အား အေပ်ာ္တို႔ႏွင့္အတူ အနမ္းတပြင့္ေပးရန္ သူမႀကိဳးစားခ်ိန္မွာေတာ့ ႐ုတ္တရက္ထျမည္လာေသာ ဖုန္းေၾကာင့္ ရွက္ရွက္ႏွင့္ ေခါင္းသာငုံ႔ထားလိုက္မိေတာ့သည္။
" ေဆာရီးး ကိုယ္ဖုန္းခဏသြားေျပာအုံးမယ္ေနာ္ "
" ရပါတယ္ "
ဖုန္းႏွင့္အတူ ခပ္ေဝးေဝးကို ေလွ်ာက္သြားတဲ့ ေယာက်ာ္းျဖစ္သူရဲ႕ ေက်ာျပင္ကိုေငးရင္း လည္ပင္းထက္က ဆြဲႀကိဳးေလးကို ငုံၾကည့္ၿပီး သူမထပ္ၿပဳံးမိျပန္သည္။
" ဟဲလို "
" ကို .. ဘာလုပ္ေနတာလဲ ဖုန္းေခၚတာကို အၾကာႀကီးေနမွကိုင္တယ္ "
" ေဆာရီး ေဘဘီ.. ကိုယ္အလုပ္ရႈပ္ေနလို႔ "
" မညာနဲ႔ေနာ္ ကုမၸဏီမွာ မဟုတ္ဘူးမလား "
" အင္း ကိုယ္ ဒီေန႔ေစာဆင္းတာ "
" ဘာလဲ ... အလုပ္ေစာေစာဆင္းၿပီး မိန္းမနား ကပ္ေနတာလား ... "
" အဲ့လိုမဟုတ္ပါဘူးကြာ "
" ထားပါေတာ့ ... ဒီည ေဘဘီ့ဆီမလာေတာ့ဘူးေပါ့ "
" အင္း ဒီေန႔က ဟယ္အင္းေမြးေန႔ေလ "
" ဒါဆိုလဲ ၿပီးတာပါပဲ ... ဖုန္းခ်လိုက္ေတာ့မယ္ "
" စိတ္ေကာက္သြားတာလား "
" မေကာက္ပါဘူး ကို႔အတြက္က ကို႔မိန္းမက ပိုၿပီးအေရးႀကီးမွာေပါ့ "
" အဲ့လိုေတြ စကားနာမထိုးစမ္းပါနဲ႔ ေဘဘီရာ .. ကိုယ္ဘယ္သူ႔ကိုပိုခ်စ္တယ္ ေဘဘီအသိဆုံး "
" အင္းပါ ေဘဘီသိပါတယ္ "
" ဒါဆို ကိုယ္ဖုန္းခ်လိုက္ေတာ့မယ္ ခ်စ္တယ္ေနာ္ ေဘဘီ "
" အင္း ဘိုင့္ဘိုင့္ .. "
ဒါေယာင္း နဲ႔ဖုန္းေျပာၿပီးေတာ့ ဟယ္အင္းရွိရာ စားပြဲဝိုင္းဆီသို႔ ျပန္လာခဲ့လိုက္သည္။
ဘာကိုမွ မသိေသာ သူ႔ဇနီးမွာေတာ့ အရင္လို အၿပဳံးႏွင့္သာဆီးႀကိဳလ်က္။
ဟယ္အင္းလို အဘက္ဘက္ကျပည့္စုံေသာ မိန္းကေလးမ်ိဳးကို အိမ္ေထာင္ဘက္အျဖစ္လက္မလႊတ္ႏိုင္ေသာ္လည္း စြဲမက္မူးယစ္ဖြယ္ေကာင္းေသာ ဒါေယာင္းရဲ႕ အလွေတြကေန သူ႐ုန္းမထြက္ႏိုင္ခဲ့။
ဘယ္လိုပဲျဖစ္ေနပါေစ မိမိအိမ္ေထာင္ဘက္အေပၚေဖာက္ျပန္မိခဲ့တာေတာ့ ျငင္းဆိုမရ။ သို႔သိတိုင္ ေနာက္ျပန္ဆုတ္ဖို႔စိတ္ကူး သူ႔ဆီမွာ မရွိပါ။
.........
မနက္ခင္းေစာေစာ ဟယ္အင္းလာႏႈိးေတာ့ သူအိပ္ရာကထသည္။ ထို႔ေနာက္ ေရခ်ိဳးၿပီးထြက္လာေတာ့ သူ႔အတြက္ ဝတ္စုံတစုံကို အသင့္ျပင္ေပးထားတဲ့သူမ၊ မနက္စာမွာလည္း သူမႏိုးခင္တည္းက အသင့္ျဖစ္လို႔ေနၿပီ။
" ညေနေစာမွာလား .. ေဖေဖတို႔က အိမ္မွာ ညစာလာစားဖို႔ေခၚေနတယ္ "
ဟယ္အင္းရဲ႕ အေဖက မၾကာခဏ ထမင္းအတူစားဖို႔ ေခၚတတ္သည္။ ေယာကၡမျဖစ္သူအား အလုံးစုံ ျငင္းဆန္ႏိုင္စြမ္းမရွိတဲ့ သူ႔အတြက္ေတာ့ နာခံ႐ုံမွ်သာ တတ္ႏိုင္သည္။ သို႔ေသာ္ မေန႔ကလည္း ဟယ္အင္းေမြးေန႔ျဖစ္တာေၾကာင့္ ဒါေယာင္းဆီသို႔ မသြားျဖစ္။ ယေန႔လည္း မသြားျဖစ္လွ်င္ ကေလးဆိုး ဆိုးတတ္ေသာ ဒါေယာင္းမွာ ေသခ်ာေပါက္ စိတ္ေကာက္ေပေတာ့မည္။
" ကိုယ္ဒီေန႔ ေနာက္က်မယ္ထင္တယ္ .. ေယာကၡမႀကီးကို ေနာက္ေန႔မွ ခ်ိန္းလိုက္လို႔ မရဘူးလား "
" ေဖေဖက အရင္ေန႔တည္းက ေခၚေနတာ ... ရွင္လည္းမအားတာနဲ႔ ကြၽန္မျငင္းထားတာ "
ေလသံေအးေအးႏွင့္ ေျပာေပ့မဲ့လည္း အလိုမက်မႈေလးေတာ့ အနည္းငယ္ပါဝင္ေနသည့္ သူမအသံ ..
" ခုလုပ္ရမဲ့ စာခ်ဳပ္ အၿပီးသတ္သြားရင္ ကိုယ္တကယ္အားပါၿပီ ... ခဏေလးပဲေစာင့္ေပးေလေနာ္ ... ေယာကၡမႀကီးက မင္းေျပာရင္ရပါတယ္ "
" အင္းပါ .. ဒါမဲ့ အရမ္းႀကီးမၾကာေစနဲ႔ေနာ္ ေဖေဖ စိတ္ဆိုးရင္ ေျပာရခက္တာ သိတယ္မလား "
" စိတ္ခ်ပါ .. ဒါဆို ကိုယ္သြားေတာ့မယ္ေနာ္ မိန္းမ "
ဟယ္အင္းရဲ႕ ပါးႏုႏုေလးအား အနမ္းေပးၿပီးေနာက္ အိမ္ထဲမွ ထြက္ခဲ့ေတာ့သည္။
" ဆရာ .. ကုမၸဏီပဲ တန္းသြားမွာလား မမေလးဒါေယာင္းဆီ ဝင္အုံးမွာလား "
သူ႔အေၾကာင္းအားလုံးသိထားေသာ ဒါ႐ိုင္ဘာပတ္က လွမ္းေမးသည္။
" ကုမၸဏီပဲသြားမယ္ ဒါေယာင္းက ႏိုးမွာမဟုတ္ေသးဘူး "
" ဟုတ္ "
................
ေန႔လည္ခင္းအားသြားေတာ့ ဟယ္အင္းတေယာက္ ေဖေဖ့အိမ္သို႔ထြက္ခဲ့သည္။ သူမတေယာက္တည္းလာတာမို႔ ေဖေဖကေတာ့ သိပ္ေက်နပ္မည္ မထင္ပါ။ မတတ္ႏိုင္ ... တေယာက္မွ မလာတာထက္စာလွ်င္ေတာ့ ေတာ္ေသးသည္။
" ေဖေဖ ... သမီးလာတယ္ "
ၿခံဝန္းက်ယ္ထဲမွာရွိေသာ စားပြဲေလးမွာ လက္ဖက္ရည္ၾကမ္းေသာက္ရင္း အနားယူေနတဲ့ ေဖေဖက မ်က္လုံးေတြအသာဖြင့္ၿပီး လွမ္းၾကည့္သည္။
" ဘယ္လိုျဖစ္လို႔ တေယာက္တည္းေရာက္လာတာလဲ "
" ေဖေဖကလဲ သမီးကိုေတြ႕တာေတာင္ မေက်မနပ္နဲ႔ "
" ေျပာပါအုံး ဂ်ဳံးဂုက ဘာလို႔လိုက္မလာတာတဲ့လဲ "
" သူက ကုမၸဏီမွာဒီရက္ပိုင္း အလုပ္ရႈပ္ေနတာ ေဖေဖရဲ႕ ...အဲ့ေၾကာင့္ပါ ေဖေဖ့ကိုလဲ သတိရေၾကာင္း အလုပ္ေတြအားသြားရင္ လာေတြ႕ပါ့မယ္ဆိုၿပီး ေျပာခိုင္းလိုက္တယ္ "
" ဘာေတြအလုပ္ရႈပ္ေနတာလဲ .. ကုမၸဏီမွာ ခုတေလာ ပုံမွန္ပဲမဟုတ္ဘူးလား "
" စာခ်ဳပ္ကိစၥတဲ့ သမီးလဲ ေသခ်ာေတာ့မသိဘူး "
" ဟုတ္လား ... ဘာေတြ အခက္အခဲရွိေနတာမ်ားလဲ ... အဆင္မေျပတာရွိရင္ ဘာလို႔ ေဖေဖ့ကို လာမေတြ႕ရတာလဲ ... "
" ကုမၸဏီကိစၥေတြကို ဂ်ဳံးဂုနဲ႔ပဲလႊဲထားလိုက္ပါ ... ေဖေဖက ကိုယ့္က်န္းမာေရး ကိုယ္ ဂ႐ုစိုက္ "
" အင္းပါ .... ဂ်ဳံးဂုက ေတာ္ပါတယ္ ဒါေပ့မဲ့ ေဖေဖကူညီႏိုင္တာရွိမလားလို႔ "
ေျပာၿပီးတာနဲ႔ ေဖေဖက သူ႔လက္ေထာက္ ဟြန္းဆူဆီဖုန္းလွမ္းဆက္သည္။
ဂ်ဳံးဂုက လက္ရွိ ကုမၸဏီမွာ ဒါ႐ိုက္တာဆိုေပ့မဲ့ ထိုရာထူးကို ေဖေဖက ေပးထားခဲ့တာျဖစ္သည္။ J Group ရဲ႕ နဂိုမူလတည္ေထာင္သူမွာ ဟယ္အင္းရဲ႕ ေဖေဖ ေဂ်ာင္ဆိုမင္း ျဖစ္သည္။
မိတဆိုးသမီးေလး ဟယ္အင္းကို သိပ္ခ်စ္တာေၾကာင့္ ဟယ္အင္းရဲ႕ ခ်စ္သူ ဂ်ဳံးဂုႏွင့္ လက္ထပ္ေပးၿပီးေနာက္ ကုမၸဏီမွာ ဝင္ေလ့လာေစကာ ေနရာတခုေပးခဲ့သည္။ သို႔ႏွင့္ သာမန္ဘြဲ႕ရေက်ာင္းသားေလး ဂ်ဳံးဂုမွာ ခ်က္ခ်င္းမိုးက်ေ႐ႊကိုယ္ ျဖစ္လာေတာ့သည္။
ဂ်ဳံးဂုကို လက္လႊဲေပးထားေသာလည္း အလုံးစုံ အာဏာလႊဲအပ္လိုက္တာမ်ိဳးေတာ့မဟုတ္။ ကုမၸဏီ၏ ကိစၥအဝဝကို ေစာင့္ၾကည့္ကာ ႀကီးက်ယ္ေသာကိစၥမ်ားတြင္ေတာ့ CEO ေဂ်ာင္ဆိုမင္းရဲ႕ ဆုံးျဖတ္ခ်က္ကသာ အတည္ျဖစ္ေလသည္။
" ဂ်ဳံးဂု အိမ္ျပန္ေနာက္က်မယ္ဆိုလဲ ဒီမွာပဲ ညစာ စားသြားေလ "
" ဟုတ္ "
" ဒါနဲ႔ .. သမီးတို႔လဲ အိမ္ေထာင္သက္ ႏွစ္ႏွစ္ေက်ာ္လာၿပီပဲ .. ကေလးယူဖို႔ မစဥ္းစားက်ေသးဘူးလား "
" အာ.. ေဖေဖကလဲ "
" ႏွစ္ေယာက္လုံး သုံးဆယ္နားကပ္ေနၿပီေလ .. အခ်ိန္ေတြဆြဲမေနနဲ႔ေတာ့ ၾကားလား "
" ဟုတ္ "
...........
ညေနပိုင္း အလုပ္ေစာေစာဆင္းၿပီးတာနဲ႔ ဒါေယာင္းရဲ႕ တိုက္ခန္းဆီသို႔ လာခဲ့လိုက္သည္။
သူေရာက္သြားခ်ိန္မွာေတာ့ ဒါေယာင္းက ေရခ်ိဳးၿပီးကာစ ျဖစ္ဟန္တူသည္။ မေျခာက္တေျခာက္ဆံပင္ေလးမ်ားႏွင့္ ေမႊးပ်ံ႕ဆဲ ဆပ္ျပာနံ႔ သင္းသင္းေလးမ်ားက ႏွာေခါင္းထဲ တိုးဝင္ပ်ံ႕ႏွံ႔လ်က္။
" ဆံပင္ေတြေျခာက္ေအာင္သုတ္ေလ ေဘဘီရဲ႕ "
" ခဏေန ေျခာက္သြားလိမ့္မယ္ "
" ဒီေကာင္မေလးကေတာ့ေလ ... လာ ကိုယ္ ေလမႈတ္ေပးမယ္ "
" ရတယ္ ကိုယ့္ဘာသာ မႈတ္မယ္ "
" ေဟာဗ်ာ ... ဘာေတြ အလိုမက်ျဖစ္ေနတာတုန္း "
" ရွင့္မိန္းမက ဒီေန႔မလိုေတာ့လို႔ ေရာက္လာတာလား "
" ဟာကြာ ေဘဘီကလည္း ကိုယ္မေန႔က ရွင္းျပထားရဲ႕သားနဲ႔ ... စိတ္မဆိုးပါနဲ႔ကြာ ေဘဘီစိတ္ဆိုးရင္ ကိုယ္မေနတတ္ဘူး "
" ေတာ္ပါ အပိုေတြ "
" ကဲဒါဆိုလဲ စိတ္ဆိုးေနတဲ့ ေဘဘီေလးကို ေခ်ာ့ရေတာ့မွာေပါ့ ... "
ဒါေယာင္းရဲ႕ ေခါင္းေလးကိုထိန္းကာ ႏႈတ္ခမ္းခ်င္းထိကပ္ရင္း ႏူးညံ့ေသာအနမ္းမွသည္ ၾကမ္းတမ္းျပင္းရွေသာ အနမ္းဆီသို႔ ...
ထို႔ေနာက္ ႏွစ္ဦးသား အိပ္ရာထက္တြင္ လုံးေထြးရင္း အခ်စ္တို႔ကို ခပ္ျပင္းျပင္းပုံေဖာ္ခဲ့ၾကသည္။
" ကို ဒီေန႔ည ဒီမွာဘဲ အိပ္လိုက္ပါလား "
" အိပ္ခ်င္တာေပါ့ ဒါေပ့မဲ့ ကိုယ္မျပန္ရင္ ဟယ္အင္းကိုဘယ္လိုလုပ္မလဲ "
" ကို႔မိန္းမကိုစိတ္ပူေနတာလား "
" မဟုတ္ဘူးေလ ... သံသယမျဖစ္ေအာင္ေနတာက ကိုေရာ ေဘဘီေရာအတြက္ ပိုမေကာင္းဘူးလား ... "
" ဒီတညပဲေလ ... ေဘဘီမွာ ကို ျပန္သြားတိုင္း အၿမဲအထီးက်န္ေနခဲ့ရတာ "
အလွအပနဲ႔ သိမ္းသြင္းေတာ့ သူ႐ုန္းမထြက္ႏိုင္။
သို႔ႏွင့္ ဟယ္အင္းဆီသို႔ အလုပ္ကိစၥအေၾကာင္းျပကာ ျပန္မလာျဖစ္ေၾကာင္း ဖုန္းဆက္လိုက္ရေတာ့သည္။