Unicode
အခန်း(၂၀) - ကန်စွန်းဥပန်ကိတ်
စာရေးသူ - NanFangLiZhi Southern Lychee 南方荔枝
ဘာသာပြန်ဆိုသူ - Snowtowel
ရွာသူ/သားတွေ ဘယ်တွေပဲပြောပြော လင်းချင်းဟယ်နှင့် သူမသား သုံးယောက်ကတော့ အိပ်မက်လှလှတွေ မက်နေကြပြီ။
နောက်တစ်နေ့ မနက်စောစောတွင် လင်းချင်းဟယ်သည် အဝတ်အစားများ လျှော်ဖွတ်ပြီးနောက် ပြန်လာကာ ဂျုံယာဂုကို ချက်ပြုတ်လိုက်သည်။
အခု သူမ သူတို့ကို သုံးရက်ကြာတိုင်း ရေချိုးပေးပေမယ့် ခြေထောက်တွေကိုတော့ နေ့တိုင်း ဆေးကြောစေသည်။
သူမသည် ညီအစ်ကို သုံးယောက်အတွက် ဆားနယ်ထားသော ဝက်ဝမ်းဗိုက်သားကို ကြော်လိုက်သည်။ ဆားနယ်ထားသော ဝက်ဝမ်းဗိုက်သားကို နောက်ထပ် ဟင်းခတ်အမွှေးအကြိုင် ထပ်ထည့်စရာမလိုတော့ဘူး။ ဆီထဲ ဒီတိုင်းကြော်လိုက်ရုံနဲ့ အနံ့က အရမ်းမွှေးကြိုင်လာသည်။
အိုးထဲကျန်သည့်ဆီဖြင့် ညီအစ်ကို တစ်ယောက်စီအတွက် ကြက်ဥ တစ်လုံးစီ အနှစ်မကွဲ မကျက်တကျက် ကြော်လိုက်သည်။
မနက်စာက ရိုးရှင်းပေမယ့် ညီအစ်ကို သုံးယောက်လုံး စိတ်ကျေနပ် အားရကြသည်။
“ အမေ….. အမေက ဘယ်လို နေထိုင်ရမယ်ဆိုတာ မသိဘူးလို့ အပြင်လူတွေက ပြောနေကြတယ် “ ကျိုးလောင်တက မကျက်တကျက် ကြက်ဥကြော်ကို ဝါးရင်း မစဉ်းစားဘဲ ပြောလိုက်သည်။
အပြင်မှာ ဆော့ကစားနေစဉ် ထိုအကြောင်းကို သူ ကြားခဲ့သည်။
သူလည်း ကြားကြောင်း ဖော်ပြသည့်အနေဖြင့် လောင်အာ့လည်း ခေါင်းညိမ့်ပြသည်ကို လင်းချင်းဟယ် မြင်လိုက်သည်။ သူမက မျက်ခုံးပင့်လိုက်ပြီး “ အမေက ဘယ်လို နေထိုင်ရမလဲ မသိဘူးလို့ မင်းတို့ကော ထင်နေတာလား “
“ မထင်ပါဘူး “ ကျိုးလောင်တက ပြန်ဖြေသည်။
“ အမေ…. ဒါက ဘဝကို ဘယ်လိုနေထိုင်ရမယ် ဆိုတာပဲ “ ကျိုးလောင်အာ့ကလည်း ပြန်ဖြေသည်။
“ အရသာရှိတယ် “ အငမ်းမရစားနေသော လောင်စန်းက ဆက်ပြောသည်။
“ သူတို့ပြောချင်တာကို ပြောပါစေ။ မင်းတို့အမေ… ငါက သူတို့ပိုက်ဆံကို သုံးနေတာ မဟုတ်ဘူး။ ငါ့ယောကျာ်းက ငါ့အတွက် ပိုက်ဆံရှာနေတာ ငါက ဘာလို့ မသုံးရမှာလဲ။ ပြီးတော့ ငါ့မှာ ပြုစုပျိုးထောင်ရမယ့် သား သုံးယောက် ရှိသေးတယ်။ ငါ မင်းတို့ကို ဖြူဖွေးပြီး ထွားကြိုင်းအောင် ပြုစုပျိုးထောင်ဖို့ မလိုဘူးလား။ ငါ ပိုက်ဆံမသုံးရင် မင်းတို့လို အစားကြီးတဲ့ ကလေးတွေကို ပြုစုစောင့်ရှောက်ဖို့ ငါ ဘယ်လိုလုပ်ရမှာလဲ “ လင်းချင်းဟယ်က ပြောသည်။
ကျိုးလောင်တက သွားပေါ်အောင် ပြုံးရယ်လိုက်ပြီး ကျိုးလောင်အာ့က ရှက်ရွံ့စွာ ရယ်လိုက်သည်။ ကျိုးလောင်စန်းကတော့ သူ့အမေ သူ့ကို ခွံ့ကျွေးရန် ပါးစပ်ကျယ်ကျယ်ဟကာ စောင့်နေသည်။
“ မြန်မြန်စား....။ စားပြီးရင် ပြောင်းဖူးတွေ အမျိုးအစားခွဲနေတဲ့ မင်းအဘွားဆီ လိုက်သွားလိုက်။ နေ့လည်ခင်းရောက်ရင် အိမ်မှာ လာစားဖို့ မင်းအဘွားကို ခေါ်လာခဲ့ " လင်းချင်းဟယ်က အမိန့်ပေးလိုက်သည်။
“ အဘွားဆီက တစ်ခုခု လိုတာ ရှိလို့လား အမေ “ ကျိုးလောင်တက မေးသည်။
“ အင်း ရှိတယ် “ လင်းချင်းဟယ်က ပြန်ဖြေသည်။
“ ဒါဆို ကောင်းပြီလေ “ ကျိုးလောင်တက သဘောတူလိုက်သည်။
မနက်စာ စားပြီးတာနဲ့ ဆော့ရန် ပြင်လိုက်သည်။ လင်းချင်းဟယ်က လောင်စန်းကို ကျွေးမွေးပြီး သူမ ကိုယ်တိုင် စားနေစဉ် သူ့ကို တံခါးပေါက်ဝမှာ လောင်အာ့နဲ့အတူ ကစားခွင့်ပေးပြုလိုက်သည်။ ပြီးသွားတော့ တူတွေနှင့် ပန်းကန်တွေကို ဆေးကြောလိုက်ပြီး အခန်းကို သန့်ရှင်းရေး စလုပ်သည်။
မူလပိုင်ရှင်အပေါ် သူမ၏ မကျေနပ်ချက်မှာ လုပ်နိုင်စွမ်း လွန်ကဲပြီး လက်တွေ့ဆန်လွန်းခြင်း ဖြစ်သည်။ အခြားသော စရိုက် လက္ခဏာများအတွက်တော့ လင်းချင်းဟယ် သဘောကျ ထောက်ခံဆဲ ဖြစ်သည်။
ဥပမာအားဖြင့် မူလပိုင်ရှင်သည် သူမအိမ်ကို သန့်ရှင်းသပ်ရပ်အောင် ထားပြီး အရာအားလုံးကို စနစ်တကျ စီစဉ်ဖွဲ့စည်းထားသည်။ နေရာလွှဲနေတာ တစ်ခုမှ မရှိဘူး။
လင်းချင်းဟယ်က ထိုအချက်ကို သဘောကျ ကျေနပ်သည်။
အိမ်ကို သန့်ရှင်းရေးလုပ်ပြီးနောက် လင်းချင်းဟယ်သည် မူလပိုင်ရှင်၏ အဝတ်အစားများကို ထုတ်ယူကာ နေရောင်အောက်တွင် ချိတ်ဆွဲထားလိုက်သည်။
မူလပိုင်ရှင်၏ အဝတ်အစားများသည် အလွန်ကောင်းမွန်သည်။ ဗီရိုထဲတွင် အစုံလိုက်တွေ အများကြီး ရှိပြီး အကုန်လုံးက အခြေအနေ ကောင်းသည်။ ဖာထေးထားခြင်း မရှိပေ။
ယင်းကိစ္စနှင့် ပတ်သက်ပြီး မူလပိုင်ရှင်က မကျေနပ်သေးပေ။
လင်းချင်းဟယ်၏ စကားအရ မနှစ်က အဝတ်အစားတွေက ဒီနှစ် သူမနဲ့ ဘယ်လိုလုပ် လိုက်ဖက်နိုင်မှာလဲ။
ဒါကြောင့် ဒီနှစ်မှာလည်း မူလပိုင်ရှင်က အဝတ်အစားအသစ်တွေ ချုပ်လုပ်ချင်ခဲ့သည်။ သားသုံးယောက် အတွက်ကတော့ ဘာပဲဖြစ်ဖြစ် ချုပ်လုပ်လိုက်သည်။
တကယ်တော့ မူလပိုင်ရှင်တွင် အဝတ်အစား အများကြီး ရှိပေမယ့် သူမယောင်းမကို ပေးရန် သူမအမေရဲ့အိမ်ဆီ ပြန်ယူသွားသည်။ အခြေခံအားဖြင့် တစ်စုံ သို့မဟုတ် နှစ်စုံ ပြန်ပို့သည်။
ဒါပေမယ့် ထိုကဲ့သို့ ပြုလုပ်တာတောင်မှ သူမ၏ဗီရိုထဲတွင် အဝတ်အစား များစွာ ရှိနေသေးသည်။ ထိုအထဲမှာ သုံးစုံက နွေရာသီဝတ် ဖြစ်သည်။ တစ်ထည်က သူမအပေါ်မှာ ဝတ်ထားပြီး တစ်ထည်က အပြင်မှာ ဗီရိုထဲရှိ တစ်ထည်က ဆောင်းဦးအတွက် ဖြစ်သည်။ ဆောင်းဦးအဝတ်အစားက သုံးစုံ ချည်ဂွမ်းသား နှစ်စုံ ရှိသည်။ တစ်စုံက လွန်ခဲ့တဲ့နှစ်နှစ်က ဖြစ်ပြီး တစ်စုံက မနှစ်က ဖြစ်သည်။
မနှစ်က ဝတ်စုံကို သူမမိသားစုဆီ ပို့ပေးချင်သောကြောင့် ဒီနှစ်မှာ သူမ နောက်ထပ် အဝတ်အစား အသစ်တစ်စုံ ပြုလုပ်ချင်ခဲ့သည်။
အစများနှင့် ချည်ထည်များကို သူမအမေရဲ့ မိသားစုအတွက် အထူးတလည် ဝယ်ယူရရှိခဲ့သည်။
ဒါကို ပြောရင် လင်းတို့မိသားစုက ဒီမိန်းကလေးကို ပြုစုပျိုးထောင်ခဲ့သည့်အတွက် အရှုံးမရှိပါဘူး။
ဒါပေမယ့် အခုမူကား? ဝမ်းနည်းပါတယ် သူမက ဒီမှာ ရှိနေပြီ။ သူမသားတွေကိုပဲ အရင်ဆုံး အာရုံစိုက်ရမယ် တခြားသူတွေအတွက်တော့ သူမမှာ စောင့်ရှောက်နိုင်စွမ်း မရှိဘူး။ အခု သူမ သုံးစွဲနေတဲ့ငွေက ကျိုးချင်းပိုင် ခက်ခက်ခဲခဲ ရှာထားသော ဝင်ငွေများပင် ဖြစ်သည်။
ထိုအဝတ်အစားတွေ အားလုံးကို နေရောင်ပြရန် ထုတ်ယူလာပြီးနောက် သူမသားတွေရဲ့ အဝတ်တွေကို နေရောင်ပြ လှန်းလိုက်သည်။ သားသုံးယောက်တွင် အဝတ်အစား အများကြီး မရှိဘူး။
ဆောင်းဦးအဝတ်အစား တစ်စုံက အခု သူတို့ ဝတ်ထားပြီး နောက်တစ်စုံက လျှော်ထားသည်။ အဲဒါပါပဲ။
ပြီးခဲ့တဲ့ဆောင်းရာသီမှာ ကျိုးလောင်တ ဝတ်ခဲ့သည့် ဝတ်စုံတစ်စုံလည်း ဗီရိုထဲတွင် ရှိသည်။ လောင်အာ့နှင့် လောင်စန်းအတွက်တော့ သူတို့မှာ မရှိဘူး။ သူတို့ညီအစ်ကို နှစ်ယောက်သည် ပြီးခဲ့သည့် ဆောင်းရာသီတွင် အုတ်ကုတင်ပေါ်မှာပဲ အချိန်ကုန်ဆုံးခဲ့ရသည်။ ထိုကဲ့သို့ ဖြစ်ခဲ့သော်လည်း အလေးမထား ဂရုမစိုက်ဆဲ ဖြစ်သည်။
သို့သော် ထင်း မရှိခြင်းကြောင့် အုတ်ကုတင် နှစ်ခုကို အပူပေးရန် မဖြစ်နိုင်ဘူး။ နောက်ဆုံးမှာတော့ သူမသည် သူတို့ကို သူမရဲ့အုတ်ကုတင်ဆီ လာခွင့်ပြုလိုက်ရသည်။ ပြီးတော့ အုတ်ကုတင်ကို စွတ်စိုစေသောကြောင့် မူလပိုင်ရှင်က သူတို့ကို တစ်ကြိမ်ထက်မက ရိုက်နှက်ခဲ့သည်။
ဒီနှစ်တော့ အဲလို ဖြစ်လာမှာမဟုတ်ဘူး။ ညီအစ်ကို တစ်ယောက်ချင်းစီက ဝတ်စုံတစ်စုံစီ ရရှိမှာ ဖြစ်သော်လည်း အတွင်းဝတ် အနွေးထည်နှင့် ဘောင်းဘီရှည်တွေ တစ်ထည် သို့မဟုတ် နှစ်ထည် ထပ်မံပြင်ဆင်ဖို့ လိုအပ်သေးသည်။ ပြီးတော့ နွေရာသီဝတ်ကောပဲ။ ၎င်းတို့သည် မမှတ်မိနိုင်လောက်အောင် အပိုင်းပိုင်း အစစ ဖြစ်သွားပြီ။ သူမသည် ၎င်းတို့ကို ဆက်ဝတ်ခွင့်ပေးရန် မစီစဉ်ထားသောကြောင့် တစ်ခါတည်းပဲ ချက်ချင်း အသစ် ချုပ်လိုက်တော့မည်။
ထို့အပြင် မှောင်ခိုဈေးကွက်၌ အရည်အသွေးကောင်းသော ချည်ထည်တစ်လိပ်သည် အခုအချိန်တွင် သုံးပြား ဖြစ်သည်။ ပြီးတော့ အကြောင်းပြချက်က ကူပွန်လက်မှတ်တွေ မလိုဘူး။ သူမအတွက်ကတော့ အဲဒါက ဈေးသက်သာတယ်လို့ ထင်ရသည်။
ချည်ထည်တစ်လိပ်သည် အထည်အစုံများစွာ ပြုလုပ်ရန် လုံလောက်သည်။
လင်းချင်းဟယ်သည် မနက်ဖြန် မှောင်ခိုဈေးသွားရန် စီစဉ်ထားသည်။
အိမ်မှုကိစ္စများ ပြီးသွားသောအခါ သူမသည် တံခါးဝအနီးတွင် သဲတွေ ဆော့ကစားနေသော လောင်အာ့ နှင့် လောင်စန်းကို ကြည့်လိုက်သည်။ ပြင်ဆင်မှုများ စတင်ပြုလုပ်ရန် သူမက အိမ်ထဲ ပြန်ဝင်သွားလိုက်သည်။
နယ်မြေထဲက ဘောပင်နှင့် စာရွက်ကို ထုတ်ယူပြီး မနက်ဖြန် ဘာဝယ်မယ်ဆိုတာ မှတ်စုချရေးလိုက်သည်။
ပုစွန်အရေခွံ၊ ဇီးချိုသီး၊ ကျောက်မီးသွေး၊ ကျောက်မီးသွေးမီးဖို၊ ခြေဆေးဇလုံ နှင့် ဇလုံ။ ပြီးတော့ သောက်သုံးရေအတွက် ကြွေထည်နှစ်ခုလည်း ဝယ်ရမယ်။ လောလောဆယ် အိမ်မှာ တစ်ခုရှိတယ်။ အဟောင်းကို သွားတိုက်ဖို့ သုံးလိုက်ပြီး ရေသောက်ဖို့ အသစ်နှစ်ခု ဝယ်လာရမယ်။
သာမိုဓာတ်ဗူး ဝယ်ရန် မလိုအပ်ဘူး။ ကျိုးချင်းပိုင်က တစ်လုံး ပြန်ယူလာခဲ့တယ်။ အဲဒါက သုံးရတာ အရမ်း အဆင်ပြေတယ်။ တစ်လုံးတည်းသာ ရှိသောကြောင့် မူလပိုင်ရှင်က သူမ၏မိခင်မိသားစုဆီ ပေးရန် ဝန်လေးနေခဲ့သည်။ ဒီတစ်ခုကို ဒီမှာ ချန်ထားလို့ ဘုရားသခင်ကို ကျေးဇူးတင်ရမယ်။ ၎င်းက ဆောင်းရာသီအတွက် လုံလောက်မှု မရှိသော်လည်း အသုံးပြုရုံလောက်တော့ လုံလောက်ပါသေးသည်။ ထိုအရာကို ဝယ်ယူရန် အရမ်းခက်ခဲသောကြောင့် နောက်တစ်ခု ဝယ်ယူရန် မစီစဉ်ထားဘူး။
ပြီးတော့ မုယောမှုန့်နဲ့ ရောထားသောနို့မှုန့် ရှိတယ်။ ညီအစ်ကို သုံးယောက် သောက်ဖို့ မုယောမှုန့်နဲ့ ရောထားသော နို့မှုန့်တစ်ဗူး ဝယ်ရန် စီစဉ်ထားသည်။ ဟုတ်သားပဲ…. ယုန်ဖြူတံဆိပ် သကြားလုံးကောပဲ။
ယုန်ဖြူတံဆိပ် သကြားလုံးသည် ဤခေတ်တွင် နာမည်ဆိုးဖြင့် ကျော်ကြားသော ပစ္စည်းဖြစ်သည်။ အနည်းနှင့် အများတော့ ၎င်းသည် နို့တစ်ခွက်နှင့် ညီမျှသည်။
ဒါပေမယ့် ဈေးနှုန်းက ပိုဈေးကြီးပုံပေါ်ပေမယ့် ဒါက အရေးမကြီးဘူး။ သူမ မှတ်မိတာ မှန်ကန်တယ်ဆိုရင် ဒီတစ်ကြိမ် ဗီလိန်တို့၏အဖေ ပြန်လာတဲ့အခါ ငွေအမြောက်အများ သူနဲ့အတူ ယူပြန်လာလိမ့်မယ်။ ဒါကြောင့် သိပ်ပြီး ဂရုစိုက်စရာ မလိုဘူး။
အဲဒါအပြင် မှိုတွေလည်း ဝယ်ရမယ်။
မြို့၏ ဝယ်လိုအားနှင့် ရောင်းလိုအား သမဝါယမအဖွဲ့တွင် မှို မတွေ့ရဘဲ စားသုံးနိုင်သော မှိုခြောက် နှင့် ပင်လယ်ရေမှော်ခြောက် ကျင်းတစ်ဝက်ခန့်သာ ရှိသည်။ နှစ်မျိုးစလုံးကို ခရိုင်မြို့မှာ ပိုဝယ်ရန် စီစဉ်ထားသည်။ ဆောင်းရာသီတွင် အဆီဓာတ် အာသာပြင်းပြခြင်းကို စိတ်ကျေနပ် ဖြည့်ဆည်းပေးနိုင်သည့် အစားအစာ များစွာမရှိပေ။
ပြီးတော့ ရွှေဖရုံသီးတွေကို တွေ့ရင် သူမ ပို ဝယ်ရမယ်။
ပစ္စည်းအများစုကို ရေးချပြီးနောက် သူမ နောက်တစ်ခေါက် ပြန်စစ်ဆေးလိုက်သည်။ ပြတ်လပ်မှုကို ခံစားရသောအခါတွင် သူမသည် ထပ်လောင်းထပ်ဖြည့်လိုက်သည်။
ဒီတစ်ခါ ဈေးဝယ်ထွက်ပြီးနောက် ယခုနှစ်တွင် ခရိုင်မြို့သို့သွားရန် သူမမှာ အစီအစဉ် မရှိတော့ဘူး။ အရမ်းဝေးလွန်းတာကြောင့် အတွေးနဲ့တင် သူမ အလွန် ကြောက်နေပြီ။
ဒီတစ်ကြိမ်ကတော့ ဘယ်လိုမှ မတတ်နိုင်ဘူး။ ဆောင်းရာသီကို ကျော်ဖြတ်ရန်အတွက် ဝယ်စရာ ပစ္စည်းတွေ အများကြီး ရှိနေသည်။ တစ်ကြိမ်ပြီးရင် ရပ်လိုက်မယ်။
လင်းချင်းဟယ်သည် သူမ၏ စိတ်ပိုင်းဆိုင်ရာ တည်ဆောက်မှု ပြီးဆုံးသွားခဲ့ပြီး ထိုအချိန်တွင် ရှစ်နာရီ ထိုးရုံသာ ရှိသေးသည်။ အချိန်ကုန်လွန်သွားအောင် သူမ ဘာဆက်လုပ်သင့်လဲ။
ကျိုးအိမ်ကို သွားလည်ရမလား။ အဝတ်အစားနဲ့ ပတ်သက်ပြီး တတိယမရီးရဲ့ အခြေအနေ တိုးတက်မှုကို သွားစစ်ဆေးရမလား။
ထားလိုက်ပါတော့။ သူမ မသွားတာ ကောင်းတယ် ပြီးတော့ တခြားသူတွေကို မခြောက်လန့်ချင်ဘူး။ သူမ ( တတိယမရီး ) ကောင်းကောင်း မလုပ်နိုင်ရင် သူမ ( လင်းချင်ဟယ် ) ပေးထားတဲ့အထည်ကို ပျက်စီးစေနိုင်သည်။
သူမစိတ်ထဲ ပြန်ပြောင်း တွေးကြည့်ပြီးနောက် ဘာမှ လုပ်စရာ မရှိတော့ဘူး။ သူမ ပန်းကန်လုံးတစ်လုံးကို ဆွဲယူကာ သကြားခဲထည့်ပြီး ပွက်ပွက်ဆူနေသော ရေနွေးကို လောင်းထည့်လိုက်သည်။ ပြီးတော့ ဒီသကြားရည် ပန်းကန်သေးသေးလေးကို ဒီတိုင်း အအေးခံထားလိုက်သည်။
ကန်စွန်းဥကို ထုတ်ယူပြီး အခွံနွှာလိုက်သည်။ ပြီးတော့ အမြှောင်းလေးတွေ လှီးလိုက်သည်။ စုစုပေါင်း ကန်စွန်းဥနှစ်လုံးကို လှီးလိုက်သည်။ ကန်စွန်းဥက နောက်ဆုံးထွက် ခြံထွက်ပစ္စည်း ဖြစ်နေဆဲဖြစ်သည်။
သူမသည် ကန်စွန်းဥများကို ဇလုံအကြီးထဲတွင် ထည့်ပြီး ဂျုံမှုန့် ထည့်လိုက်သည်။ သကြားရည် အေးသွားတာ မြင်တော့ ဇလုံထဲ တစ်ဝက်နီးပါးလာက် လောင်းထည့်လိုက်သည်။
လင်းချင်းဟယ်သည် အမှန်တကယ်ပင် အနည်းငယ် ငိုချင်စိတ်ပေါက်သွားသည်။ သူမသာ စောစောသိရင် သကြားခဲတွေပဲ မဝယ်လာပါဘူး။ သကြားဖြူတွေလည်း ဝယ်လာမှာပေါ့။ ထားလိုက်ပါတော့လေ။ ခရိုင်မြို့မှာ တစ်ချက် ရှာကြည့်တာပေါ့။
ကန်စွန်းဥကို ဂျုံမှုန့်နဲ့ အုပ်ပြီး ဒယ်အိုးထဲ ကြော်လိုက်သည်။ လင်းချင်းဟယ်သည် ဆီ သုံးရန် တွန့်ဆုတ်မနေဘူး။ ဘာပဲဖြစ်ဖြစ် သူမသားသုံးယောက်အတွက် သရေစာ လုပ်ပေးတာ အရမ်းရှားလွန်းသည်။
ကန်စွန်းဥကြော်သည် အရမ်းမွှေးကြိုင်ပြီး မကြာခင်မှာပဲ မွှေးရနံ့သည် ပျံ့နှံ့သွားကာ တံခါးဝ၌ ဆော့ကစားနေသော လောင်အာ့ နှင့် လောင်စန်းသည် အနံ့ရသွားသည်။
“ အမေ…. ဘာတွေ လုပ်နေတာလဲ “ လောင်အာ့က သူ့တံတွေးကို မျိုချလိုက်သည်။
“ ကန်စွန်းဥပန်ကိတ်…။ သွား… မင်းအကို အနီးနားမှာ ရှိလား သွားရှာလိုက်။ ရှိရင် ပြန်လာစားဖို့ ပြောလိုက်။ မရှိရင်လည်း နေပါစေ “ လင်းချင်းဟယ်က ဖြေသည်။
**********************************
Zawgyi
အခန္း(၂၀) - ကန္စြန္းဥပန္ကိတ္
စာေရးသူ - NanFangLiZhi Southern Lychee 南方荔枝
ဘာသာျပန္ဆိုသူ - Snowtowel
႐ြာသူ/သားေတြ ဘယ္ေတြပဲေျပာေျပာ လင္းခ်င္းဟယ္ႏွင့္ သူမသား သုံးေယာက္ကေတာ့ အိပ္မက္လွလွေတြ မက္ေနၾကၿပီ။
ေနာက္တစ္ေန႔ မနက္ေစာေစာတြင္ လင္းခ်င္းဟယ္သည္ အဝတ္အစားမ်ား ေလွ်ာ္ဖြတ္ၿပီးေနာက္ ျပန္လာကာ ဂ်ံဳယာဂုကို ခ်က္ျပဳတ္လိုက္သည္။
အခု သူမ သူတို႔ကို သုံးရက္ၾကာတိုင္း ေရခ်ိဳးေပးေပမယ့္ ေျခေထာက္ေတြကိုေတာ့ ေန႔တိုင္း ေဆးေၾကာေစသည္။
သူမသည္ ညီအစ္ကို သုံးေယာက္အတြက္ ဆားနယ္ထားေသာ ဝက္ဝမ္းဗိုက္သားကို ေၾကာ္လိုက္သည္။ ဆားနယ္ထားေသာ ဝက္ဝမ္းဗိုက္သားကို ေနာက္ထပ္ ဟင္းခတ္အေမႊးအႀကိဳင္ ထပ္ထည့္စရာမလိုေတာ့ဘူး။ ဆီထဲ ဒီတိုင္းေၾကာ္လိုက္႐ုံနဲ႔ အနံ႔က အရမ္းေမႊးႀကိဳင္လာသည္။
အိုးထဲက်န္သည့္ဆီျဖင့္ ညီအစ္ကို တစ္ေယာက္စီအတြက္ ၾကက္ဥ တစ္လုံးစီ အႏွစ္မကြဲ မက်က္တက်က္ ေၾကာ္လိုက္သည္။
မနက္စာက ႐ိုး႐ွင္းေပမယ့္ ညီအစ္ကို သုံးေယာက္လုံး စိတ္ေက်နပ္ အားရၾကသည္။
“ အေမ….. အေမက ဘယ္လို ေနထိုင္ရမယ္ဆိုတာ မသိဘူးလို႔ အျပင္လူေတြက ေျပာေနၾကတယ္ “ က်ိဳးေလာင္တက မက်က္တက်က္ ၾကက္ဥေၾကာ္ကို ဝါးရင္း မစဥ္းစားဘဲ ေျပာလိုက္သည္။
အျပင္မွာ ေဆာ့ကစားေနစဥ္ ထိုအေၾကာင္းကို သူ ၾကားခဲ့သည္။
သူလည္း ၾကားေၾကာင္း ေဖာ္ျပသည့္အေနျဖင့္ ေလာင္အာ့လည္း ေခါင္းညိမ့္ျပသည္ကို လင္းခ်င္းဟယ္ ျမင္လိုက္သည္။ သူမက မ်က္ခုံးပင့္လိုက္ၿပီး “ အေမက ဘယ္လို ေနထိုင္ရမလဲ မသိဘူးလို႔ မင္းတို႔ေကာ ထင္ေနတာလား “
“ မထင္ပါဘူး “ က်ိဳးေလာင္တက ျပန္ေျဖသည္။
“ အေမ…. ဒါက ဘဝကို ဘယ္လိုေနထိုင္ရမယ္ ဆိုတာပဲ “ က်ိဳးေလာင္အာ့ကလည္း ျပန္ေျဖသည္။
“ အရသာ႐ွိတယ္ “ အငမ္းမရစားေနေသာ ေလာင္စန္းက ဆက္ေျပာသည္။
“ သူတို႔ေျပာခ်င္တာကို ေျပာပါေစ။ မင္းတို႔အေမ… ငါက သူတို႔ပိုက္ဆံကို သုံးေနတာ မဟုတ္ဘူး။ ငါ့ေယာက်ာ္းက ငါ့အတြက္ ပိုက္ဆံ႐ွာေနတာ ငါက ဘာလို႔ မသုံးရမွာလဲ။ ၿပီးေတာ့ ငါ့မွာ ျပဳစုပ်ိဳးေထာင္ရမယ့္ သား သုံးေယာက္ ႐ွိေသးတယ္။ ငါ မင္းတို႔ကို ျဖဴေဖြးၿပီး ထြားႀကိဳင္းေအာင္ ျပဳစုပ်ိဳးေထာင္ဖို႔ မလိုဘူးလား။ ငါ ပိုက္ဆံမသုံးရင္ မင္းတို႔လို အစားႀကီးတဲ့ ကေလးေတြကို ျပဳစုေစာင့္ေ႐ွာက္ဖို႔ ငါ ဘယ္လိုလုပ္ရမွာလဲ “ လင္းခ်င္းဟယ္က ေျပာသည္။
က်ိဳးေလာင္တက သြားေပၚေအာင္ ျပဳံးရယ္လိုက္ၿပီး က်ိဳးေလာင္အာ့က ႐ွက္႐ြံ႕စြာ ရယ္လိုက္သည္။ က်ိဳးေလာင္စန္းကေတာ့ သူ႕အေမ သူ႕ကို ခြံ႕ေကြၽးရန္ ပါးစပ္က်ယ္က်ယ္ဟကာ ေစာင့္ေနသည္။
“ " ျမန္ျမန္စား....။ စားၿပီးရင္ ေျပာင္းဖူးေတြ အမ်ိဳးအစားခြဲေနတဲ့ မင္းအဘြားဆီ လိုက္သြားလိုက္။ ေန႔လည္ခင္းေရာက္ရင္ အိမ္မွာ လာစားဖို႔ မင္းအဘြားကို ေခၚလာခဲ့ " လင္းခ်င္းဟယ္က အမိန္႔ေပးလိုက္သည္။
“ အဘြားဆီက တစ္ခုခု လိုတာ ႐ွိလို႔လား အေမ “ က်ိဳးေလာင္တက ေမးသည္။
“ အင္း ႐ွိတယ္ “ လင္းခ်င္းဟယ္က ျပန္ေျဖသည္။
“ ဒါဆို ေကာင္းၿပီေလ “ က်ိဳးေလာင္တက သေဘာတူလိုက္သည္။
မနက္စာ စားၿပီးတာနဲ႔ ေဆာ့ရန္ ျပင္လိုက္သည္။ လင္းခ်င္းဟယ္က ေလာင္စန္းကို ေကြၽးေမြးၿပီး သူမ ကိုယ္တိုင္ စားေနစဥ္ သူ႕ကို တံခါးေပါက္ဝမွာ ေလာင္အာ့နဲ႔အတူ ကစားခြင့္ေပးျပဳလိုက္သည္။ ၿပီးသြားေတာ့ တူေတြႏွင့္ ပန္းကန္ေတြကို ေဆးေၾကာလိုက္ၿပီး အခန္းကို သန္႔႐ွင္းေရး စလုပ္သည္။
မူလပိုင္႐ွင္အေပၚ သူမ၏ မေက်နပ္ခ်က္မွာ လုပ္ႏိုင္စြမ္း လြန္ကဲၿပီး လက္ေတြ႕ဆန္လြန္းျခင္း ျဖစ္သည္။ အျခားေသာ စ႐ိုက္ လကၡဏာမ်ားအတြက္ေတာ့ လင္းခ်င္းဟယ္ သေဘာက် ေထာက္ခံဆဲ ျဖစ္သည္။
ဥပမာအားျဖင့္ မူလပိုင္႐ွင္သည္ သူမအိမ္ကို သန္႔႐ွင္းသပ္ရပ္ေအာင္ ထားၿပီး အရာအားလုံးကို စနစ္တက် စီစဥ္ဖြဲ႕စည္းထားသည္။ ေနရာလႊဲေနတာ တစ္ခုမွ မ႐ွိဘူး။
လင္းခ်င္းဟယ္က ထိုအခ်က္ကို သေဘာက် ေက်နပ္သည္။
အိမ္ကို သန္႔႐ွင္းေရးလုပ္ၿပီးေနာက္ လင္းခ်င္းဟယ္သည္ မူလပိုင္႐ွင္၏ အဝတ္အစားမ်ားကို ထုတ္ယူကာ ေနေရာင္ေအာက္တြင္ ခ်ိတ္ဆြဲထားလိုက္သည္။
မူလပိုင္႐ွင္၏ အဝတ္အစားမ်ားသည္ အလြန္ေကာင္းမြန္သည္။ ဗီ႐ိုထဲတြင္ အစုံလိုက္ေတြ အမ်ားႀကီး ႐ွိၿပီး အကုန္လုံးက အေျခအေန ေကာင္းသည္။ ဖာေထးထားျခင္း မ႐ွိေပ။
ယင္းကိစၥႏွင့္ ပတ္သက္ၿပီး မူလပိုင္႐ွင္က မေက်နပ္ေသးေပ။
လင္းခ်င္းဟယ္၏ စကားအရ မႏွစ္က အဝတ္အစားေတြက ဒီႏွစ္ သူမနဲ႔ ဘယ္လိုလုပ္ လိုက္ဖက္ႏိုင္မွာလဲ။
ဒါေၾကာင့္ ဒီႏွစ္မွာလည္း မူလပိုင္႐ွင္က အဝတ္အစားအသစ္ေတြ ခ်ဳပ္လုပ္ခ်င္ခဲ့သည္။ သားသုံးေယာက္ အတြက္ကေတာ့ ဘာပဲျဖစ္ျဖစ္ ခ်ဳပ္လုပ္လိုက္သည္။
တကယ္ေတာ့ မူလပိုင္႐ွင္တြင္ အဝတ္အစား အမ်ားႀကီး ႐ွိေပမယ့္ သူမေယာင္းမကို ေပးရန္ သူမအေမရဲ႕အိမ္ဆီ ျပန္ယူသြားသည္။ အေျခခံအားျဖင့္ တစ္စုံ သို႔မဟုတ္ ႏွစ္စုံ ျပန္ပို႔သည္။
ဒါေပမယ့္ ထိုကဲ့သို႔ ျပဳလုပ္တာေတာင္မွ သူမ၏ဗီ႐ိုထဲတြင္ အဝတ္အစား မ်ားစြာ ႐ွိေနေသးသည္။ ထိုအထဲမွာ သုံးစုံက ေႏြရာသီဝတ္ ျဖစ္သည္။ တစ္ထည္က သူမအေပၚမွာ ဝတ္ထားၿပီး တစ္ထည္က အျပင္မွာ ဗီ႐ိုထဲ႐ွိ တစ္ထည္က ေဆာင္းဦးအတြက္ ျဖစ္သည္။ ေဆာင္းဦးအဝတ္အစားက သုံးစုံ ခ်ည္ဂြမ္းသား ႏွစ္စုံ ႐ွိသည္။ တစ္စုံက လြန္ခဲ့တဲ့ႏွစ္ႏွစ္က ျဖစ္ၿပီး တစ္စုံက မႏွစ္က ျဖစ္သည္။
မႏွစ္က ဝတ္စုံကို သူမမိသားစုဆီ ပို႔ေပးခ်င္ေသာေၾကာင့္ ဒီႏွစ္မွာ သူမ ေနာက္ထပ္ အဝတ္အစား အသစ္တစ္စုံ ျပဳလုပ္ခ်င္ခဲ့သည္။
အစမ်ားႏွင့္ ခ်ည္ထည္မ်ားကို သူမအေမရဲ႕ မိသားစုအတြက္ အထူးတလည္ ဝယ္ယူရ႐ွိခဲ့သည္။
ဒါကို ေျပာရင္ လင္းတို႔မိသားစုက ဒီမိန္းကေလးကို ျပဳစုပ်ိဳးေထာင္ခဲ့သည့္အတြက္ အ႐ႈံးမ႐ွိပါဘူး။
ဒါေပမယ့္ အခုမူကား? ဝမ္းနည္းပါတယ္ သူမက ဒီမွာ ႐ွိေနၿပီ။ သူမသားေတြကိုပဲ အရင္ဆုံး အာ႐ုံစိုက္ရမယ္ တျခားသူေတြအတြက္ေတာ့ သူမမွာ ေစာင့္ေ႐ွာက္ႏိုင္စြမ္း မ႐ွိဘူး။ အခု သူမ သုံးစြဲေနတဲ့ေငြက က်ိဳးခ်င္းပိုင္ ခက္ခက္ခဲခဲ ႐ွာထားေသာ ဝင္ေငြမ်ားပင္ ျဖစ္သည္။
ထိုအဝတ္အစားေတြ အားလုံးကို ေနေရာင္ျပရန္ ထုတ္ယူလာၿပီးေနာက္ သူမသားေတြရဲ႕ အဝတ္ေတြကို ေနေရာင္ျပ လွန္းလိုက္သည္။ သားသုံးေယာက္တြင္ အဝတ္အစား အမ်ားႀကီး မ႐ွိဘူး။
ေဆာင္းဦးအဝတ္အစား တစ္စုံက အခု သူတို႔ ဝတ္ထားၿပီး ေနာက္တစ္စုံက ေလွ်ာ္ထားသည္။ အဲဒါပါပဲ။
ၿပီးခဲ့တဲ့ေဆာင္းရာသီမွာ က်ိဳးေလာင္တ ဝတ္ခဲ့သည့္ ဝတ္စုံတစ္စုံလည္း ဗီ႐ိုထဲတြင္ ႐ွိသည္။ ေလာင္အာ့ႏွင့္ ေလာင္စန္းအတြက္ေတာ့ သူတို႔မွာ မ႐ွိဘူး။ သူတို႔ညီအစ္ကို ႏွစ္ေယာက္သည္ ၿပီးခဲ့သည့္ ေဆာင္းရာသီတြင္ အုတ္ကုတင္ေပၚမွာပဲ အခ်ိန္ကုန္ဆုံးခဲ့ရသည္။ ထိုကဲ့သို႔ ျဖစ္ခဲ့ေသာ္လည္း အေလးမထား ဂ႐ုမစိုက္ဆဲ ျဖစ္သည္။
သို႔ေသာ္ ထင္း မ႐ွိျခင္းေၾကာင့္ အုတ္ကုတင္ ႏွစ္ခုကို အပူေပးရန္ မျဖစ္ႏိုင္ဘူး။ ေနာက္ဆုံးမွာေတာ့ သူမသည္ သူတို႔ကို သူမရဲ႕အုတ္ကုတင္ဆီ လာခြင့္ျပဳလိုက္ရသည္။ ၿပီးေတာ့ အုတ္ကုတင္ကို စြတ္စိုေစေသာေၾကာင့္ မူလပိုင္႐ွင္က သူတို႔ကို တစ္ႀကိမ္ထက္မက ႐ိုက္ႏွက္ခဲ့သည္။
ဒီႏွစ္ေတာ့ အဲလို ျဖစ္လာမွာမဟုတ္ဘူး။ ညီအစ္ကို တစ္ေယာက္ခ်င္းစီက ဝတ္စုံတစ္စုံစီ ရ႐ွိမွာ ျဖစ္ေသာ္လည္း အတြင္းဝတ္ အေႏြးထည္ႏွင့္ ေဘာင္းဘီ႐ွည္ေတြ တစ္ထည္ သို႔မဟုတ္ ႏွစ္ထည္ ထပ္မံျပင္ဆင္ဖို႔ လိုအပ္ေသးသည္။ ၿပီးေတာ့ ေႏြရာသီဝတ္ေကာပဲ။ ၎တို႔သည္ မမွတ္မိႏိုင္ေလာက္ေအာင္ အပိုင္းပိုင္း အစစ ျဖစ္သြားၿပီ။ သူမသည္ ၎တို႔ကို ဆက္ဝတ္ခြင့္ေပးရန္ မစီစဥ္ထားေသာေၾကာင့္ တစ္ခါတည္းပဲ ခ်က္ခ်င္း အသစ္ ခ်ဳပ္လိုက္ေတာ့မည္။
ထို႔အျပင္ ေမွာင္ခိုေဈးကြက္၌ အရည္အေသြးေကာင္းေသာ ခ်ည္ထည္တစ္လိပ္သည္ အခုအခ်ိန္တြင္ သုံးျပား ျဖစ္သည္။ ၿပီးေတာ့ အေၾကာင္းျပခ်က္က ကူပြန္လက္မွတ္ေတြ မလိုဘူး။ သူမအတြက္ကေတာ့ အဲဒါက ေဈးသက္သာတယ္လို႔ ထင္ရသည္။
ခ်ည္ထည္တစ္လိပ္သည္ အထည္အစုံမ်ားစြာ ျပဳလုပ္ရန္ လုံေလာက္သည္။
လင္းခ်င္းဟယ္သည္ မနက္ျဖန္ ေမွာင္ခိုေဈးသြားရန္ စီစဥ္ထားသည္။
အိမ္မႈကိစၥမ်ား ၿပီးသြားေသာအခါ သူမသည္ တံခါးဝအနီးတြင္ သဲေတြ ေဆာ့ကစားေနေသာ ေလာင္အာ့ ႏွင့္ ေလာင္စန္းကို ၾကည့္လိုက္သည္။ ျပင္ဆင္မႈမ်ား စတင္ျပဳလုပ္ရန္ သူမက အိမ္ထဲ ျပန္ဝင္သြားလိုက္သည္။
နယ္ေျမထဲက ေဘာပင္ႏွင့္ စာ႐ြက္ကို ထုတ္ယူၿပီး မနက္ျဖန္ ဘာဝယ္မယ္ဆိုတာ မွတ္စုခ်ေရးလိုက္သည္။
ပုစြန္အေရခြံ၊ ဇီးခ်ိဳသီး၊ ေက်ာက္မီးေသြး၊ ေက်ာက္မီးေသြးမီးဖို၊ ေျခေဆးဇလုံ ႏွင့္ ဇလုံ။ ၿပီးေတာ့ ေသာက္သုံးေရအတြက္ ေႂကြထည္ႏွစ္ခုလည္း ဝယ္ရမယ္။ ေလာေလာဆယ္ အိမ္မွာ တစ္ခု႐ွိတယ္။ အေဟာင္းကို သြားတိုက္ဖို႔ သုံးလိုက္ၿပီး ေရေသာက္ဖို႔ အသစ္ႏွစ္ခု ဝယ္လာရမယ္။
သာမိုဓာတ္ဗူး ဝယ္ရန္ မလိုအပ္ဘူး။ က်ိဳးခ်င္းပိုင္က တစ္လုံး ျပန္ယူလာခဲ့တယ္။ အဲဒါက သုံးရတာ အရမ္း အဆင္ေျပတယ္။ တစ္လုံးတည္းသာ ႐ွိေသာေၾကာင့္ မူလပိုင္႐ွင္က သူမ၏မိခင္မိသားစုဆီ ေပးရန္ ဝန္ေလးေနခဲ့သည္။ ဒီတစ္ခုကို ဒီမွာ ခ်န္ထားလို႔ ဘုရားသခင္ကို ေက်းဇူးတင္ရမယ္။ ၎က ေဆာင္းရာသီအတြက္ လုံေလာက္မႈ မ႐ွိေသာ္လည္း အသုံးျပဳ႐ုံေလာက္ေတာ့ လုံေလာက္ပါေသးသည္။ ထိုအရာကို ဝယ္ယူရန္ အရမ္းခက္ခဲေသာေၾကာင့္ ေနာက္တစ္ခု ဝယ္ယူရန္ မစီစဥ္ထားဘူး။
ၿပီးေတာ့ မုေယာမႈန္႔နဲ႔ ေရာထားေသာႏို႔မႈန္႔ ႐ွိတယ္။ ညီအစ္ကို သုံးေယာက္ ေသာက္ဖို႔ မုေယာမႈန္႔နဲ႔ ေရာထားေသာ ႏို႔မႈန္႔တစ္ဗူး ဝယ္ရန္ စီစဥ္ထားသည္။ ဟုတ္သားပဲ…. ယုန္ျဖဴတံဆိပ္ သၾကားလုံးေကာပဲ။
ယုန္ျဖဴတံဆိပ္ သၾကားလုံးသည္ ဤေခတ္တြင္ နာမည္ဆိုးျဖင့္ ေက်ာ္ၾကားေသာ ပစၥည္းျဖစ္သည္။ အနည္းႏွင့္ အမ်ားေတာ့ ၎သည္ ႏို႔တစ္ခြက္ႏွင့္ ညီမွ်သည္။
ဒါေပမယ့္ ေဈးႏႈန္းက ပိုေဈးႀကီးပုံေပၚေပမယ့္ ဒါက အေရးမႀကီးဘူး။ သူမ မွတ္မိတာ မွန္ကန္တယ္ဆိုရင္ ဒီတစ္ႀကိမ္ ဗီလိန္တို႔၏အေဖ ျပန္လာတဲ့အခါ ေငြအေျမာက္အမ်ား သူနဲ႔အတူ ယူျပန္လာလိမ့္မယ္။ ဒါေၾကာင့္ သိပ္ၿပီး ဂ႐ုစိုက္စရာ မလိုဘူး။
အဲဒါအျပင္ မိႈေတြလည္း ဝယ္ရမယ္။
ၿမိဳ႕၏ ဝယ္လိုအားႏွင့္ ေရာင္းလိုအား သမဝါယမအဖြဲ႕တြင္ မိႈ မေတြ႕ရဘဲ စားသုံးႏိုင္ေသာ မိႈေျခာက္ ႏွင့္ ပင္လယ္ေရေမွာ္ေျခာက္ က်င္းတစ္ဝက္ခန္႔သာ ႐ွိသည္။ ႏွစ္မ်ိဳးစလုံးကို ခ႐ိုင္ၿမိဳ႕မွာ ပိုဝယ္ရန္ စီစဥ္ထားသည္။ ေဆာင္းရာသီတြင္ အဆီဓာတ္ အာသာျပင္းျပျခင္းကို စိတ္ေက်နပ္ ျဖည့္ဆည္းေပးႏိုင္သည့္ အစားအစာ မ်ားစြာမ႐ွိေပ။
ၿပီးေတာ့ ေ႐ႊဖ႐ုံသီးေတြကို ေတြ႕ရင္ သူမ ပို ဝယ္ရမယ္။
ပစၥည္းအမ်ားစုကို ေရးခ်ၿပီးေနာက္ သူမ ေနာက္တစ္ေခါက္ ျပန္စစ္ေဆးလိုက္သည္။ ျပတ္လပ္မႈကို ခံစားရေသာအခါတြင္ သူမသည္ ထပ္ေလာင္းထပ္ျဖည့္လိုက္သည္။
ဒီတစ္ခါ ေဈးဝယ္ထြက္ၿပီးေနာက္ ယခုႏွစ္တြင္ ခ႐ိုင္ၿမိဳ႕သို႔သြားရန္ သူမမွာ အစီအစဥ္ မ႐ွိေတာ့ဘူး။ အရမ္းေဝးလြန္းတာေၾကာင့္ အေတြးနဲ႔တင္ သူမ အလြန္ ေၾကာက္ေနၿပီ။
ဒီတစ္ႀကိမ္ကေတာ့ ဘယ္လိုမွ မတတ္ႏိုင္ဘူး။ ေဆာင္းရာသီကို ေက်ာ္ျဖတ္ရန္အတြက္ ဝယ္စရာ ပစၥည္းေတြ အမ်ားႀကီး ႐ွိေနသည္။ တစ္ႀကိမ္ၿပီးရင္ ရပ္လိုက္မယ္။
လင္းခ်င္းဟယ္သည္ သူမ၏ စိတ္ပိုင္းဆိုင္ရာ တည္ေဆာက္မႈ ၿပီးဆုံးသြားခဲ့ၿပီး ထိုအခ်ိန္တြင္ ႐ွစ္နာရီ ထိုး႐ုံသာ ႐ွိေသးသည္။ အခ်ိန္ကုန္လြန္သြားေအာင္ သူမ ဘာဆက္လုပ္သင့္လဲ။
က်ိဳးအိမ္ကို သြားလည္ရမလား။ အဝတ္အစားနဲ႔ ပတ္သက္ၿပီး တတိယမရီးရဲ႕ အေျခအေန တိုးတက္မႈကို သြားစစ္ေဆးရမလား။
ထားလိုက္ပါေတာ့။ သူမ မသြားတာ ေကာင္းတယ္ ၿပီးေတာ့ တျခားသူေတြကို မေျခာက္လန္႔ခ်င္ဘူး။ သူမ ( တတိယမရီး ) ေကာင္းေကာင္း မလုပ္ႏိုင္ရင္ သူမ ( လင္းခ်င္ဟယ္ ) ေပးထားတဲ့အထည္ကို ပ်က္စီးေစႏိုင္သည္။
သူမစိတ္ထဲ ျပန္ေျပာင္း ေတြးၾကည့္ၿပီးေနာက္ ဘာမွ လုပ္စရာ မ႐ွိေတာ့ဘူး။ သူမ ပန္းကန္လုံးတစ္လုံးကို ဆြဲယူကာ သၾကားခဲထည့္ၿပီး ပြက္ပြက္ဆူေနေသာ ေရေႏြးကို ေလာင္းထည့္လိုက္သည္။ ၿပီးေတာ့ ဒီသၾကားရည္ ပန္းကန္ေသးေသးေလးကို ဒီတိုင္း အေအးခံထားလိုက္သည္။
ကန္စြန္းဥကို ထုတ္ယူၿပီး အခြံႏႊာလိုက္သည္။ ၿပီးေတာ့ အေျမႇာင္းေလးေတြ လွီးလိုက္သည္။ စုစုေပါင္း ကန္စြန္းဥႏွစ္လုံးကို လွီးလိုက္သည္။ ကန္စြန္းဥက ေနာက္ဆုံးထြက္ ျခံထြက္ပစၥည္း ျဖစ္ေနဆဲျဖစ္သည္။
သူမသည္ ကန္စြန္းဥမ်ားကို ဇလုံအႀကီးထဲတြင္ ထည့္ၿပီး ဂ်ံဳမႈန္႔ ထည့္လိုက္သည္။ သၾကားရည္ ေအးသြားတာ ျမင္ေတာ့ ဇလုံထဲ တစ္ဝက္နီးပါးလာက္ ေလာင္းထည့္လိုက္သည္။
လင္းခ်င္းဟယ္သည္ အမွန္တကယ္ပင္ အနည္းငယ္ ငိုခ်င္စိတ္ေပါက္သြားသည္။ သူမသာ ေစာေစာသိရင္ သၾကားခဲေတြပဲ မဝယ္လာပါဘူး။ သၾကားျဖဴေတြလည္း ဝယ္လာမွာေပါ့။ ထားလိုက္ပါေတာ့ေလ။ ခ႐ိုင္ၿမိဳ႕မွာ တစ္ခ်က္ ႐ွာၾကည့္တာေပါ့။
ကန္စြန္းဥကို ဂ်ံဳမႈန္႔နဲ႔ အုပ္ၿပီး ဒယ္အိုးထဲ ေၾကာ္လိုက္သည္။ လင္းခ်င္းဟယ္သည္ ဆီ သုံးရန္ တြန္႔ဆုတ္မေနဘူး။ ဘာပဲျဖစ္ျဖစ္ သူမသားသုံးေယာက္အတြက္ သေရစာ လုပ္ေပးတာ အရမ္း႐ွားလြန္းသည္။
ကန္စြန္းဥေၾကာ္သည္ အရမ္းေမႊးႀကိဳင္ၿပီး မၾကာခင္မွာပဲ ေမႊးရနံ႔သည္ ပ်ံ႕ႏွံ႔သြားကာ တံခါးဝ၌ ေဆာ့ကစားေနေသာ ေလာင္အာ့ ႏွင့္ ေလာင္စန္းသည္ အနံ႔ရသြားသည္။
“ အေမ…. ဘာေတြ လုပ္ေနတာလဲ “ ေလာင္အာ့က သူ႕တံေတြးကို မ်ိဳခ်လိုက္သည္။
“ ကန္စြန္းဥပန္ကိတ္…။ သြား… မင္းအကို အနီးနားမွာ ႐ွိလား သြား႐ွာလိုက္။ ႐ွိရင္ ျပန္လာစားဖို႔ ေျပာလိုက္။ မ႐ွိရင္လည္း ေနပါေစ “ လင္းခ်င္းဟယ္က ေျဖသည္။