၁၉၆၀ ခုနှစ်များဆီသို့ (မြန်မာ...

By Miracle_Phyu97

850K 106K 1K

English Name: Back to the Sixties: Farm, Get Wealthy & Raise the Cubs Associated Names:重回六零:种田发家养崽崽 Chinese A... More

Description
Chapter-1
Chapter-2
Chapter-3
Chapter-4
Chapter-5
Chapter-6
Chapter-7
Chapter-8
Chapter-9
Chapter-10
Chapter-11
Chapter-12
Chapter-13
Chapter-14
Chapter-15
Chapter-17
Chapter-18
Chapter-19
Chapter-20
Chapter-21
Chapter-22
Chapter-23
Chapter-24
Chapter-25
Chapter-26
Chapter-27
Chapter-28
Chapter-29
Chapter-30
Chapter-31
Chapter-32
Chapter-33
Chapter-34
Chapter-35
Chapter-36
Chapter-37
Chapter-38
Chapter-39
Chapter-40
Chapter-41
Chapter-42
Chapter-43
Chapter-44
Chapter-45
Chapter-46
Chapter-47
Chapter-48
Chapter-49
Chapter-50
Chapter-51
Chapter-52
Chapter-53
Chapter-54
Chapter-55
Chapter-56
Chapter-57
Chapter-58
Chapter-59
Chapter-60
Chapter-61
Chapter-62
Chapter-63
Chapter-64
Chapter-65
Chapter-66
Chapter-67
Chapter-68
Chapter-69
Chapter-70
Chapter-71
Chapter-72
Chapter-73
Chapter-74
Chapter-75
Chapter-76
Chapter-77
Chapter-78
Chapter-79
Chapter-80
Chapter-81
Chapter-82
Chapter-83
Chapter-84
Chapter-85
Chapter-86
Chapter-87
Chapter-88
Chapter-89
Chapter-90
Chapter-91
Chapter-92
Chapter-93
Chapter-94
Chapter-95
Chapter-96
Chapter-97
Chapter-98
Chapter-99
Chapter-100
Chapter-101
Chapter-102
Chapter-103
Chapter-104
Chapter-105
Chapter-106
Chapter-107
Chapter-108
Chapter-109
Chapter-110
Chapter-111
Chapter-112
Chapter-113
Chapter-114
Chapter-115
Chapter-116
Chapter-117
Chapter-118
Chapter-119
Chapter-120
Chapter-121
Chapter-122
Chapter-123
Chapter-124
Chapter-125
Chapter-126
Chapter-127
Chapter-128
Chapter-129
Chapter-130
Chapter-131
Chapter-132
Chapter-133
Chapter-134
Chapter-135
Chapter-136
Chapter-137
Chapter-138
Chapter-139
Chapter-140
Chapter-141
Chapter-142
Chapter-143
Chapter-144
Chapter-145
Chapter-146
Chapter-147
Chapter-148
Chapter-149
Chapter-150
Chapter-151
Chapter-152
Chapter-153
Chapter-154
Chapter-155
Chapter-156
Chapter-157
Chapter-158
Chapter-159
Chapter-160
Chapter-161
Chapter-162
Chapter-163
Chapter-164
Chapter-165
Chapter-166
Chapter-167
Chapter-168
Chapter-169
Chapter-170
Chapter-171
Chapter-172
Chapter-173
Chapter-174
Chapter-175
Chapter-176
Chapter-177
Chapter-178
Chapter-179
Chapter-180
Chapter-181
Chapter-182
Chapter-183
Chapter-184
Chapter-185
Chapter-186
Chapter-187
Chapter-188
Chapter-189
Chapter-190
Chapter-191
Chapter-192
Chapter-193
Chapter-194
Chapter-195
Chapter-196
Chapter-197
Chapter-198
Chapter-199

Chapter-16

5.2K 687 10
By Miracle_Phyu97

Unicode

အခန်း(၁၆) –  အသက်ရှင်ရန် အစားလျှော့စားခြင်း
စာရေးသူ - NanFangLiZhi Southern Lychee 南方荔枝
ဘာသာပြန်ဆိုသူ - Snowtowel

အခု အိမ်မှာ မီးဖိုတစ်ခုပဲ ရှိသည်။ ရေနွေးတည်တာ၊ ထမင်းချက်တာနှင့် ဟင်းချက်တာ အားလုံးကို ထိုတစ်နေရာမှာပဲ လုပ်ရသည်။ တကယ်လို့ နောက်ထပ် ကျောက်မီးသွေး မီးဖိုတစ်ခု ရှိလာရင် ပိုပြီး အဆင်ပြေ ချောမွေ့လာလိမ့်မည်။ 

ဒါပေမယ့် ကျောက်မီးသွေး မီးဖိုက လွယ်လွယ်ကူကူ မရနိုင်တာ သိသာသည်။ 

ပိုအရေးကြီးတာက ကျောက်မီးသွေး မီးဖိုအပြင် ကျောက်မီးသွေးလက်မှတ်လည်း လိုအပ်သေးသည်။ ထိုအရာတွေက မြို့ထဲရှိ အစွမ်းအစရှိ ပါရမီထူးတဲ့လူတွေဆီမှာပဲ ရှိပြီး ကျေးလက်ဒေသမှာ တစ်ခုမှမရှိဘူး။ 

တကယ်လို့ သူမ ထိုအရာတွေကို လိုချင်ရင် ကောင်စီခရိုင်မြို့ကြီးဆီသွားပြီး လှည့်ပတ်ကြည့်ရမည်။ 

မီးဖိုအပြင် မြေအိုးတစ်ချို့လည်း လိုသေးသည်။ ဒါပေမယ့် အဲဒါကို သူမ ဖြည်းဖြည်းချင်း လုပ်လို့ရသည်။ ကျိုးချင်းပိုင် ပြန်ရောက်လာရင် နေထိုင်မှု အလေ့အကျင့် အခြေအနေကို သူမ မြှင့်တင်သင့်သည်။ 

ထိုအကြောင်းကို သဘောပေါက် နားလည်သိလိုက်တာကြောင့် သူမသည် ခြင်းတောင်းကို အဝတ်ဖြင့် ဖုံးလိုက်သည်။ သူမ ဘာဝယ်လာသည့်နှင့် ပတ်သက်ပြီး ဘယ်သူမှ မသိနိုင်တော့ပေ။ 

အခု ကိုယ်ပိုင်နယ်မြေမှ ဘယ်အရာမဆို သူမ ဆွဲထုတ်ယူနိုင်ပြီ။ 

သူမ ရွာကို ပြန်ရောက်ချိန်တွင် ကိုယ်ပိုင်နယ်မြေမှ ဝက်သားတစ်ချို့ ထုတ်ယူလိုက်သည်။ အဆီများအသားကိုတော့ မထုတ်ယူလိုက်ဘူး။ အဲဒါကို ထုတ်ယူရင် ထင်းကနဲ မြင်သာထင်ရှားလို့ အဆီအဖြစ် ပြုလုပ်ရမယ်။ ရွာက အသား ခွဲဝေတဲ့အချိန်အထိ စောင့်တာ အကောင်းဆုံးပဲ။ 

နံရိုးများ၊ အသားနှင့် ကြက်ဥများ စသည့် တခြားအရာများလည်း ရှိသေးသည်။ တိုတိုပြောရရင် ခြင်းတောင်းပြည့်နေသလို သူမ လုပ်ရမည်။ ဒါပေမယ့် အားလုံးကို အဝတ်နှင့် ဖုံးထားတာကြောင့် သူမ ဘာဝယ်ခဲ့တယ်ဆိုတာ မသိနိုင်ဘူး။ 

သူမ မနက်စောစောထွက်လာပေမယ့် လမ်းက တော်တော်ရှည်ကြာသောကြောင့် အသွား၊အပြန်ဖြင့် ပြန်ရောက်ချိန်တွင် ကိုးနာရီခွဲပြီးနေပြီ ဖြစ်ပြီး ဆယ်နာရီ ထိုးခါနီးနေပြီ။ 

သူမသည် သူမသားသုံးယောက်ကို အရင် သွားမခေါ်ပေ။ ကျိုးအမေက သူတို့ကို သေချာ ဂရုစိုက် ကြည့်ရှုလိမ့်မည်။ သူမသည် ကြက်ဥခြင်းထဲ ကြက်ဥများ ဖြည့်လိုက်ပြီး စည်ပိုင်းထဲ ဆန်နှင့် ဂျုံကို နောက်ထပ် ထပ်ထည့်လိုက်သည်။ ပြီးနောက် အသားတွေကို စတင် အမျိုးအစားခွဲသည်။ 

ကြီးမားသော ဝက်ဝမ်းဗိုက်သား နှစ်ပိုင်းကို ဆားနယ်သည်။ အဆီနည်းအသားများကို ကလေးသုံးယောက်အတွက် အသားဆန်ပြုတ် လုပ်ရန် စီစဥ်လိုက်သည်။ 

သူတို့တွေက သူမချက်သော အသားဆန်ပြုတ်ကို နှစ်သက်ပြီး အဲဒါကို စားရတာ အားရကျေနပ်ကြသည်။ ထိုအကြောင်းက သူမကို စိတ်ကျေနပ်စေသည်။ 

နံရိုးတွေကို သူမကိုယ်တိုင် ခုတ်ထစ်လိုက်သည်။ အကြီးဆုံးအရိုးများကိုတော့ စစ်မှန်သော သဘောထားကို ပြသသည့်အနေဖြင့် ကျိုးအမေဆီ နောက်မှ ပို့ပေးရမယ်။ 

အိမ်က အိမ်မှုဝေယျာဝစ္စအားလုံး ပြီးသွားချိန်တွင် လင်းချင်းဟယ် အချိန်ကို ကြည့်လိုက်သည်။ စောနေသေးတာကြောင့် နောက်ဖေးရှိ ဟင်းသီးဟင်းရွက်အခင်းဆီ သွားလိုက်သည်။ အချိန်အတော်ကြာအောင် အပင်များကို ပြုစုပြီးနောက် တစ်စုံတစ်ယောက်၏ အော်သံကို သူမ ကြားလိုက်သည်။ 

သူမ တံခါးဖွင့်ပြီး စစ်ဆေးကြည့်လိုက်သည်။ ထင်းခြောက်နှစ်စည်း သယ်လာသော ကျိုးတုန်းပဲ။

" မြန်လိုက်တာ... နောက်နှစ်ရက်နေ့မှ သွားမယ် ထင်နေတာ " လင်းချင်းဟယ် စကားပြောရင်း တံခါးကို ကျယ်ကျယ်ဖွင့်ပေးလိုက်ပြီး အထဲဝင်ခွင့်ပြုလိုက်သည်။ 

" ဂျုံ၊ပြောင်း အခွံခွာဖို့အတွက် ကျွန်တော့်ညီမလေးနှင့် တခြားသူတွေ လုပ်ပါစေ။ ကျွန်တော် လုပ်စရာမလိုပါဘူး " ကျိုးတုန်း က ရှင်းပြသည်။ 

သူ့ကို ဆောင်းရာသီ ဂျုံစိုက်ချိန်မှာပဲ လိုအပ်လိမ့်မည် ပြီးတော့ အဲဒါက စတောင်မစသေးဘူး။ 

ထင်းနှစ်စည်းသည် မသေးပေ။ ဒီလိုထင်းနှစ်စည်းက သုံးပြား ( တပြား = ဆယ်ဆင့် ) ရနိုင်သည်။ လင်းချင်းဟယ်သည် မဆိုင်းမတွ ချက်ချင်း သုံးပြားကို အိတ်ကပ်ထဲမှ ထုတ်ကာ ငွေရှင်းလိုက်သည်။ ပြီးတော့ ပြောသည်။ " အိမ်မှာ အများကြီး လိုအပ်နေသေးတယ် " 

သူမက မူလပိုင်ရှင်ထက် ထင်းပိုသုံးသဖြင့် ထင်း များများလိုခြင်း ဖြစ်သည်။ ပြီးတော့ အောက်တိုဘာလကုန်ရင် ကျိုးချင်းပိုင်လည်း ပြန်လာတော့မယ်။ သူမှာ ဒဏ်ရာတွေလည်း ရှိသေးတယ်။ သူမဒေါသကို ထွက်ပေါက်ရှာရန်အလို့ငှာ မူလပိုင်ရှင် လုပ်သကဲ့လို အပြင်ထွက်ထင်းရှာရန် သူ့ကို သူမ အတင်းမတိုက်တွန်းရဲဘူး။ 

မှန်တယ် ဝတ္ထုထဲတွင် မူလပိုင်ရှင်က ထိုအတိုင်း လုပ်ခဲ့သည်။ ပြီးတော့ ထိုအကြောင်းကြောင့် ဗီလိန်တို့၏အဖေက အဆုံးမရှိသော နာကျင်မှုသံသရာဖြစ်တဲ့ ကာလရှည်ကြာ နာမကျန်းမှု တစ်ခု ရလာခဲ့သည်။ သူ အသက်ငါးဆယ်အရွယ် ရောက်ချိန်တွင် သူ့ခန္ဓာကိုယ်က ပိုပြီးတောင် ဆိုးလာသေးသည်။ 

" ဒေါ်လေး... စိတ်ချပါ။ နှင်းမကျခင် ထင်းကောက်ဖို့ ကျွန်တော် တောင်ပေါ်သွားနိုင်ပါတယ်။ စားစရာ ခွဲဝေပြီးရင် ညီမလေးလည်း ကျွန်တော်နဲ့အတူ သွားနိုင်ပြီ။ ကျွန်တော်တို့ ထင်းကို လှည်းနဲ့ သယ်လာမှာ။ အဲဒါဆို ပိုပြီး သယ်လာနိုင်ပြီ " ကျိုးတုန်းက သူမကို ကတိပေးသည်။ 

တခြားသူတွေက လင်းအဒေါ်ကို မကြိုက်ကြဘူး။ သို့သော် မူလပိုင်ရှင်က သူတို့ကို အလုပ်ပေးလိုသော ဆန္ဒရှိသောကြောင့် သူနှင့် သူ့ညီမကတော့ ဒီဒေါ်လေးနှင့်ပတ်သက်ပြီး အလွန် ကောင်းမွန်သော သဘာထားရှိသည်။ 

အလုပ်ရှိရင် သူတို့အတွက် စားရန် စားစရာရှိမယ်။ 

ဆောင်းရာသီမှာ သူတို့ အချိန်အတော်ကြာ အလုပ်အမှတ်များ မရရှိနိုင်သောကြောင့် အစားကို ချွေချွေသာသာ လျော့စားပြီး သူတို့ နေထိုင်ရမည်ဖြစ်သည်။ အရင်တုန်းကတော့ မလွယ်ကူပေမယ့် အခုတော့ မူလပိုင်ရှင်ကို ကူညီပြီး မူလပိုင်ရှင်က ပိုက်ဆံပေးသောကြောင့် သူတို့မောင်နှမ ဆောင်းရာသီမှာ ၂၀ - ၃၀ ရာခိုင်နှုန်းလောက် ပြည့်ဝအောင် စားနိုင်လာသည်။ မဟုတ်ရင် သူတိုတွေ နေ့တိုင်း ဆယ်ရာခိုင်နှုန်းလောက်သာ စားနိုင်ပြီး ရေသောက်ကာ ဗိုက်ဆာဆာနှင့် အသက်ဆက် ရှင်သန်ရန် သူတို့ တောင့်ခံရမည်။ 

" မနက်က ချက်ထားတဲ့ ကြက်ဥတွေ ရှိတယ်။ ငါ အများကြီး ချက်ထားလို့ မင်းစားရအောင် နှစ်လုံး ယူသွားဦး " လင်းချင်းဟယ် အိမ်ထဲဝင်ကာ ကြက်ဥနှစ်လုံး ယူပြီး သူ့ကို ကမ်းပေးသည်။ 

" မလိုပါဘူး ဒေါ်လေး... ထင်းကောက်မသွားခင် မနက်ကတည်းက ကျွန်တော် စားပြီးပါပြီ " ကျိုးတုန်း အလျင်အမြန် ငြင်းဆန်လိုက်ပြီး " ဒေါ်လေး... ကျွန်တော် အရင် ပြန်တော့မယ်။ နေ့လည်ကို တစ်ခေါက်ပြန်သွားပြီး ညနေခင်းမှာ ဒေါ်လေးဆီ လာပို့ပေးပါ့မယ် " 

အဲဒါပြီးတာနဲ့ သူက အလောတကြီး ပြန်သွားသည်။ 

လင်းချင်းဟယ်သည် ခဏကြာ ရပ်နေပေမယ့် ဘာမှမပြောလိုက်ပေ။ ဒီအချိန်မှာ ကြက်ဥတွေက အမှန်တကယ့်ကို တော်တော် စျေးကြီးသည်။ စောစောက သူမနှင့်အတူ ကျိုးတုန်းကို ခေါ်ကာ ကောင်စီခရိုင်မြို့ဆီ လှည်းဖြင့် ခရီးထွက်ရန် ပြောဖို့ အခွင့်အလမ်းရှာချင်ရုံတာ ဖြစ်သည်။ ထိုအချိန်ကျရင် မျက်နှာသစ်ဇလုံနှင့် ခြေဆေးဇလုံစသည့် ဇလုံအားလုံးကို သယ်ကာ ပြန်လာနိုင်သည်။ အဲဒါကြောင့် သူမ ကြက်ဥတွေ ပေးတာဖြစ်ပေမယ့် ကျိုးတုန်းရဲ့ တုံ့ပြန်မှုကို ကြည့်ရတာ လက်ခံရဲပုံမပေါ်ဘူး။ 

သူမနှင့်အတူ သူ ကောင်စီခရိုင်မြို့ဆီ သွားမယ့်အချိန်ကိုပဲ သူမ စောင့်ရတော့မယ်။ ပြီးရင် သူတို့မောင်နှမကို တစ်ခုခု ချီးမြှင့်ရမယ်။ 

ကျိုးတုန်းပြောသွားသည့် နေ့လည်ခင်းခရီးအတွက်ဆိုရင် အဲဒါက ဖြစ်နိုင်သည်။ 

ဒီနေရာကနေ တောင်ပေါ်ထင်းသွားရှာရသည့် အကွာအဝေးက နီးတာတော့မဟုတ်ပေ။ ကျိုးတုန်း၏ခြေလှမ်းတွေအရဆိုရင် အနည်းဆုံး သုံးနာရီ ကြာလိမ့်မည်။ ဒီအချိန်မှာ ထင်းနှစ်စည်း သယ်ပြန်လာနိုင်ရန် မှောင်ရီပျိုးနေဆဲ မနက်စောစောကတည်းက သူ သွားတာပဲဖြစ်ရမယ်။ 

ဒါပေမယ့် ကျိုးတုန်း တစ်ယောက်တည်း မဟုတ်တာ သူမ သိသည်။ သူက ရွာထဲရှိ ၁၇ နှစ်၊ ၁၈ နှစ်အရွယ် ကောင်လေးတွေ အများကြီးနဲ့ အတူတူ သွားတာဖြစ်လို့ ဘာမှစိုးရိမ်စရာမရှိပေ။ 

ဒီအချိန်မှာ ဆောင်းရာသီအတွက် လူတိုင်း ထင်းတွေ စုဆောင်းကြသည်။ ကျိုးတုန်း စုဆောင်းတဲ့ထင်းတွေကို သူမဆီ ရောင်းသည်။ ရွာထဲရှိတခြားသူတွေက မြို့မှာ သွားရောင်းသည်။ ယေဘုယျအားဖြင့် ရောင်းကုန်တာတူပေမယ့် ကျိုးတုန်းအတွက်တော့ ပိုပြီးလွယ်ကူသည်။ 

ဒါကြောင့် ကျိုးတုန်း အခု ထမင်းစားရန် ပြန်လာနိုင်ပြီး နောက်ထပ် ပြန်ထွက်ကာ မမှောင်ခင် ပြန်လာနိုင်သည်။ 

ကျေးလက်တောရွာ ကိုယ်တိုင်စိုက်ပျိုးရေး လုပ်တဲ့လူတွေ အနေဖြင့် ထင်း မရှားပါးကြဘူး။ ကောက်ရိုးတွေကို အများအပြား ပေးဝေပေမယ့် သူမမိသားစုအတွက် ဝေစုမရှိဘူး။ သူမ သေချာပြင်ဆင်ထားရင် သူတို့တွေ ဆောင်းတွင်းမှာ ရှင်သန်နေထိုင်နိုင်သည်။ 

လင်းချင်းဟယ်သည် ထိုအကြောင်းကို ကောင်းကောင်း နားလည် သဘောပေါက်ထားသည်။ ပြီးတော့ ကျိုးတုန်းကလည်း ဒီအခွင့်အရေးကို သိသိသာသာ တန်ဖိုးထားတာကြောင့် သူ ကြိုးကြိုးစားစား အလုပ်လုပ်နေသည်။ 

ဆောင်းရာသီတွင် ခါးပတ်ကို တင်းတင်းဝတ်ကာ အစားလျော့စားပြီး အသက်ရှင် နေထိုင်ရတာထက် ကျိုးတုန်းကတော့ အခုချိန်မှာ ထင်းများများ ရှာရန်အတွက်ပဲ ဆန္ဒရှိသည်။ 

လင်းချင်ဟယ်သည် ကလေးအလုပ်သမား ငှားရမ်းခြင်းအပေါ် လိပ်ပြာမသန့်သလို သိပ်မခံစားရပေ။ ဒါကြောင့် သူမသည် ပိုပြီး လွယ်လွယ်ကူကူ စေခိုင်းခဲ့သည်။ မူလပိုင်ရှင်၏ နည်းလမ်းအတိုင်း တသွေမသိမ်းပဲ။ 

ထင်းနှစ်စည်းကို အိမ်နောက်ဖေးရှိ ထင်းတဲဆီ သယ်သွားလိုက်သည်။ ထိုထင်းတဲကို ကျိုးချင်းပိုင် ပြန်လာတုန်းက ဆောက်လုပ်ခဲ့သည်။ မိုး၊ နှင်းတို့ထိပြီး အစိုဓာတ်ကြောင့် ထင်းများ ပျက်စီးခြင်းမှ ကာကွယ်ရန် ၎င်းကို ထင်းများစုဆောင်းရန်အတွက် အဓိကထား အသုံးပြုသည်။ 

ပြီးနောက် သူမသည် ဟင်းသီးဟင်းရွက်အပင်များကို ရေဆက်လောင်းကာ သပ်သပ်ရပ်ရပ် ပြုပြင်ရှင်းလင်းပြီး နေ့လည်စာအတွက် သခွားသီးများကို ခူးလိုက်သည်။ 

သခွားသီးနှင့် အသားကြော် တစ်ပန်းကန်က အမေနဲ့သားတွေအတွက် လုံလောက်သည်။ မနက်တုန်းက ဆန်ပြုတ်ထဲ ထည့်ပြုတ်ထားသည့် ကြက်ဥအနည်းငယ်လည်း ကျန်သေးသည်။ မနက်က ဆန်ပြုတ် အများကြီး ကျန်နေသေးသည်။ သူမ တမင်တကာ များများချက်ထားတာကြောင့် ပြန်နွေးပြီး စားနိုင်သည်။ 

အဖြူရောင်ဘန်းမုန့် နှစ်ခု ထုတ်ယူလိုက်ပြီးနောက် အဲဒါကိုလည်း နေ့လည်စာအဖြစ် မှတ်ယူလို့ရသည်။

ညနေခင်းအတွက် လင်းချင်းဟယ် အကြံတစ်ခု ရှိထားပြီးပြီ။ ညစာအတွက် အစာသွပ်မုန့်လုံးတွေ လုပ်မယ်။ နေ့လည်စာ စားပြီးရင် သူမ ဂျုံမုန့်ညက် လုပ်ရမယ်။ 

ဆယ့်တစ်နာရီတွင် ကျိုးလောင်တ ပြန်လာသည်။ သူ့အမေ ပြန်ရောက်ပြီလား ဆိုတာ လာကြည့်ခြင်း ဖြစ်သည်။ တစ်ချက်ကြည့်လိုက်တာနဲ့ သူမ ပြန်ရောက်နေတာ တွေ့လိုက်ရသည်။ 

" သားအဘွားနဲ့ တခြားသူတွေ အသင်းအဖွဲ့မှာ ဂျုံ၊ပြောင်း ခွာနေတုန်းလား " လင်းချင်းဟယ် မေးလိုက်သည်။ 

" အင်း " ကျိုးလောင်တ ခေါင်းငြိမ့်ပြပြီး မီးဖိုကို ကြည့်ကာ " အမေ... ဒီနေ့ အမေ ဘာပစ္စည်းကောင်းတွေ ဝယ်ပြန်လာတာလဲ။ အဖြူရောင် ဘန်းမုန့်အကြီးကြီး ပါလား " 

" ပါတယ်။ သွား... ညီလေးတွေကို သွားခေါ်လာခဲ့။ ဒါပေမယ့် အပြင်က ဘယ်သူမှ မသိစေနဲ့ မဟုတ်ရင် ဘာမှစားရမှာမဟုတ်ဘူး " လင်းချင်းဟယ် အမိန့်ပေးလိုက်သည်။ 

" အပြင်မှာ အသားအကြောင်း မပြောရဘူးလား " ကျိုးလောင်တ မနေနိုင်ဘဲ မေးလိုက်သည်။ 

ဒါပေမယ့် သူ သူ့သူငယ်ချင်းတွေနဲ့ အဲအကြောင်း ရောက်တတ်ရာရာ စကားစမြည် ပြောပြီးသွားပြီ။ သူတို့တွေ သူ့ကို တော်တော် မနာလိုနေကြတာ။ 

" ဒီမတိုင်ခင် ပြောခဲ့တာဆိုရင် ထားလိုက်တော့။ ဒါပေမယ့် အနာဂါတ်မှာ အဲအကြောင်း မပြောရဘူးနော်။ ခပ်လျှိုလျှို နေရမယ် နားလည်လား " လင်းချင်းဟယ် ပြောလိုက်သည်။ 

" ခပ်လျှိုလျှို ဆိုတာ ဘာလဲ " ကျိုးလောင်တ မေးခွန်းထုတ်လိုက်သည်။ 

" ကြွားချင်ရင် ကြွားပါကွာ...။ မင်းရဲ့ညီတွေကို မြန်မြန်ပြန်ခေါ်လာပြီး နေ့လည်စာ စားဖို့ ပြင်တော့ " လင်းချင်းဟယ် စေလွှတ်လိုက်သည်။ 

" အခု သွားလိုက်မယ် " ကျိုးလောင်တ ချက်ချင်း ပြန်ဖြေသည်။ 

**********************************

Zawgyi

အခန္း(၁၆) –  အသက္႐ွင္ရန္ အစားေလွ်ာ့စားျခင္း
စာေရးသူ - NanFangLiZhi Southern Lychee 南方荔枝
ဘာသာျပန္ဆိုသူ - Snowtowel

အခု အိမ္မွာ မီးဖိုတစ္ခုပဲ ႐ွိသည္။ ေရေႏြးတည္တာ၊ ထမင္းခ်က္တာႏွင့္ ဟင္းခ်က္တာ အားလုံးကို ထိုတစ္ေနရာမွာပဲ လုပ္ရသည္။ တကယ္လို႔ ေနာက္ထပ္ ေက်ာက္မီးေသြး မီးဖိုတစ္ခု ႐ွိလာရင္ ပိုၿပီး အဆင္ေျပ ေခ်ာေမြ႕လာလိမ့္မည္။ 

ဒါေပမယ့္ ေက်ာက္မီးေသြး မီးဖိုက လြယ္လြယ္ကူကူ မရႏိုင္တာ သိသာသည္။ 

ပိုအေရးႀကီးတာက ေက်ာက္မီးေသြး မီးဖိုအျပင္ ေက်ာက္မီးေသြးလက္မွတ္လည္း လိုအပ္ေသးသည္။ ထိုအရာေတြက ၿမိဳ႕ထဲ႐ွိ အစြမ္းအစ႐ွိ ပါရမီထူးတဲ့လူေတြဆီမွာပဲ ႐ွိၿပီး ေက်းလက္ေဒသမွာ တစ္ခုမွမ႐ွိဘူး။ 

တကယ္လို႔ သူမ ထိုအရာေတြကို လိုခ်င္ရင္ ေကာင္စီခ႐ိုင္ၿမိဳ႕ႀကီးဆီသြားၿပီး လွည့္ပတ္ၾကည့္ရမည္။ 

မီးဖိုအျပင္ ေျမအိုးတစ္ခ်ိဳ႕လည္း လိုေသးသည္။ ဒါေပမယ့္ အဲဒါကို သူမ ျဖည္းျဖည္းခ်င္း လုပ္လို႔ရသည္။ က်ိဳးခ်င္းပိုင္ ျပန္ေရာက္လာရင္ ေနထိုင္မႈ အေလ့အက်င့္ အေျခအေနကို သူမ ျမႇင့္တင္သင့္သည္။ 

ထိုအေၾကာင္းကို သေဘာေပါက္ နားလည္သိလိုက္တာေၾကာင့္ သူမသည္ ျခင္းေတာင္းကို အဝတ္ျဖင့္ ဖုံးလိုက္သည္။ သူမ ဘာဝယ္လာသည့္ႏွင့္ ပတ္သက္ၿပီး ဘယ္သူမွ မသိႏိုင္ေတာ့ေပ။ 

အခု ကိုယ္ပိုင္နယ္ေျမမွ ဘယ္အရာမဆို သူမ ဆြဲထုတ္ယူႏိုင္ၿပီ။ 

သူမ ႐ြာကို ျပန္ေရာက္ခ်ိန္တြင္ ကိုယ္ပိုင္နယ္ေျမမွ ဝက္သားတစ္ခ်ိဳ႕ ထုတ္ယူလိုက္သည္။ အဆီမ်ားအသားကိုေတာ့ မထုတ္ယူလိုက္ဘူး။ အဲဒါကို ထုတ္ယူရင္ ထင္းကနဲ ျမင္သာထင္႐ွားလို႔ အဆီအျဖစ္ ျပဳလုပ္ရမယ္။ ႐ြာက အသား ခြဲေဝတဲ့အခ်ိန္အထိ ေစာင့္တာ အေကာင္းဆုံးပဲ။ 

နံ႐ိုးမ်ား၊ အသားႏွင့္ ၾကက္ဥမ်ား စသည့္ တျခားအရာမ်ားလည္း ႐ွိေသးသည္။ တိုတိုေျပာရရင္ ျခင္းေတာင္းျပည့္ေနသလို သူမ လုပ္ရမည္။ ဒါေပမယ့္ အားလုံးကို အဝတ္ႏွင့္ ဖုံးထားတာေၾကာင့္ သူမ ဘာဝယ္ခဲ့တယ္ဆိုတာ မသိႏိုင္ဘူး။ 

သူမ မနက္ေစာေစာထြက္လာေပမယ့္ လမ္းက ေတာ္ေတာ္႐ွည္ၾကာေသာေၾကာင့္ အသြား၊အျပန္ျဖင့္ ျပန္ေရာက္ခ်ိန္တြင္ ကိုးနာရီခြဲၿပီးေနၿပီ ျဖစ္ၿပီး ဆယ္နာရီ ထိုးခါနီးေနၿပီ။ 

သူမသည္ သူမသားသုံးေယာက္ကို အရင္ သြားမေခၚေပ။ က်ိဳးအေမက သူတို႔ကို ေသခ်ာ ဂ႐ုစိုက္ ၾကည့္႐ႈလိမ့္မည္။ သူမသည္ ၾကက္ဥျခင္းထဲ ၾကက္ဥမ်ား ျဖည့္လိုက္ၿပီး စည္ပိုင္းထဲ ဆန္ႏွင့္ ဂ်ံဳကို ေနာက္ထပ္ ထပ္ထည့္လိုက္သည္။ ၿပီးေနာက္ အသားေတြကို စတင္ အမ်ိဳးအစားခြဲသည္။ 

ႀကီးမားေသာ ဝက္ဝမ္းဗိုက္သား ႏွစ္ပိုင္းကို ဆားနယ္သည္။ အဆီနည္းအသားမ်ားကို ကေလးသုံးေယာက္အတြက္ အသားဆန္ျပဳတ္ လုပ္ရန္ စီစဥ္လိုက္သည္။ 

သူတို႔ေတြက သူမခ်က္ေသာ အသားဆန္ျပဳတ္ကို ႏွစ္သက္ၿပီး အဲဒါကို စားရတာ အားရေက်နပ္ၾကသည္။ ထိုအေၾကာင္းက သူမကို စိတ္ေက်နပ္ေစသည္။ 

နံ႐ိုးေတြကို သူမကိုယ္တိုင္ ခုတ္ထစ္လိုက္သည္။ အႀကီးဆုံးအ႐ိုးမ်ားကိုေတာ့ စစ္မွန္ေသာ သေဘာထားကို ျပသသည့္အေနျဖင့္ က်ိဳးအေမဆီ ေနာက္မွ ပို႔ေပးရမယ္။ 

အိမ္က အိမ္မႈေဝယ်ာဝစၥအားလုံး ၿပီးသြားခ်ိန္တြင္ လင္းခ်င္းဟယ္ အခ်ိန္ကို ၾကည့္လိုက္သည္။ ေစာေနေသးတာေၾကာင့္ ေနာက္ေဖး႐ွိ ဟင္းသီးဟင္း႐ြက္အခင္းဆီ သြားလိုက္သည္။ အခ်ိန္အေတာ္ၾကာေအာင္ အပင္မ်ားကို ျပဳစုၿပီးေနာက္ တစ္စုံတစ္ေယာက္၏ ေအာ္သံကို သူမ ၾကားလိုက္သည္။ 

သူမ တံခါးဖြင့္ၿပီး စစ္ေဆးၾကည့္လိုက္သည္။ ထင္းေျခာက္ႏွစ္စည္း သယ္လာေသာ က်ိဳးတုန္းပဲ။

" ျမန္လိုက္တာ... ေနာက္ႏွစ္ရက္ေန႔မွ သြားမယ္ ထင္ေနတာ " လင္းခ်င္းဟယ္ စကားေျပာရင္း တံခါးကို က်ယ္က်ယ္ဖြင့္ေပးလိုက္ၿပီး အထဲဝင္ခြင့္ျပဳလိုက္သည္။ 

" ဂ်ံဳ၊ေျပာင္း အခြံခြာဖို႔အတြက္ ကြၽန္ေတာ္႕ညီမေလးႏွင့္ တျခားသူေတြ လုပ္ပါေစ။ ကြၽန္ေတာ္ လုပ္စရာမလိုပါဘူး " က်ိဳးတုန္း က ႐ွင္းျပသည္။ 

သူ႕ကို ေဆာင္းရာသီ ဂ်ံဳစိုက္ခ်ိန္မွာပဲ လိုအပ္လိမ့္မည္ ၿပီးေတာ့ အဲဒါက စေတာင္မစေသးဘူး။ 

ထင္းႏွစ္စည္းသည္ မေသးေပ။ ဒီလိုထင္းႏွစ္စည္းက သုံးျပား ( တျပား = ဆယ္ဆင့္ ) ရႏိုင္သည္။ လင္းခ်င္းဟယ္သည္ မဆိုင္းမတြ ခ်က္ခ်င္း သုံးျပားကို အိတ္ကပ္ထဲမွ ထုတ္ကာ ေငြ႐ွင္းလိုက္သည္။ ၿပီးေတာ့ ေျပာသည္။ " အိမ္မွာ အမ်ားႀကီး လိုအပ္ေနေသးတယ္ " 

သူမက မူလပိုင္႐ွင္ထက္ ထင္းပိုသုံးသျဖင့္ ထင္း မ်ားမ်ားလိုျခင္း ျဖစ္သည္။ ၿပီးေတာ့ ေအာက္တိုဘာလကုန္ရင္ က်ိဳးခ်င္းပိုင္လည္း ျပန္လာေတာ့မယ္။ သူမွာ ဒဏ္ရာေတြလည္း ႐ွိေသးတယ္။ သူမေဒါသကို ထြက္ေပါက္႐ွာရန္အလို႔ငွာ မူလပိုင္႐ွင္ လုပ္သကဲ့လို အျပင္ထြက္ထင္း႐ွာရန္ သူ႕ကို သူမ အတင္းမတိုက္တြန္းရဲဘူး။ 

မွန္တယ္ ဝတၳဳထဲတြင္ မူလပိုင္႐ွင္က ထိုအတိုင္း လုပ္ခဲ့သည္။ ၿပီးေတာ့ ထိုအေၾကာင္းေၾကာင့္ ဗီလိန္တို႔၏အေဖက အဆုံးမ႐ွိေသာ နာက်င္မႈသံသရာျဖစ္တဲ့ ကာလ႐ွည္ၾကာ နာမက်န္းမႈ တစ္ခု ရလာခဲ့သည္။ သူ အသက္ငါးဆယ္အ႐ြယ္ ေရာက္ခ်ိန္တြင္ သူ႕ခႏၶာကိုယ္က ပိုၿပီးေတာင္ ဆိုးလာေသးသည္။ 

" ေဒၚေလး... စိတ္ခ်ပါ။ ႏွင္းမက်ခင္ ထင္းေကာက္ဖို႔ ကြၽန္ေတာ္ ေတာင္ေပၚသြားႏိုင္ပါတယ္။ စားစရာ ခြဲေဝၿပီးရင္ ညီမေလးလည္း ကြၽန္ေတာ္နဲ႔အတူ သြားႏိုင္ၿပီ။ ကြၽန္ေတာ္တို႔ ထင္းကို လွည္းနဲ႔ သယ္လာမွာ။ အဲဒါဆို ပိုၿပီး သယ္လာႏိုင္ၿပီ " က်ိဳးတုန္းက သူမကို ကတိေပးသည္။ 

တျခားသူေတြက လင္းအေဒၚကို မႀကိဳက္ၾကဘူး။ သို႔ေသာ္ မူလပိုင္႐ွင္က သူတို႔ကို အလုပ္ေပးလိုေသာ ဆႏၵ႐ွိေသာေၾကာင့္ သူႏွင့္ သူ႕ညီမကေတာ့ ဒီေဒၚေလးႏွင့္ပတ္သက္ၿပီး အလြန္ ေကာင္းမြန္ေသာ သဘာထား႐ွိသည္။ 

အလုပ္႐ွိရင္ သူတို႔အတြက္ စားရန္ စားစရာ႐ွိမယ္။ 

ေဆာင္းရာသီမွာ သူတို႔ အခ်ိန္အေတာ္ၾကာ အလုပ္အမွတ္မ်ား မရ႐ွိႏိုင္ေသာေၾကာင့္ အစားကို ေခြၽေခြၽသာသာ ေလ်ာ့စားၿပီး သူတို႔ ေနထိုင္ရမည္ျဖစ္သည္။ အရင္တုန္းကေတာ့ မလြယ္ကူေပမယ့္ အခုေတာ့ မူလပိုင္႐ွင္ကို ကူညီၿပီး မူလပိုင္႐ွင္က ပိုက္ဆံေပးေသာေၾကာင့္ သူတို႔ေမာင္ႏွမ ေဆာင္းရာသီမွာ ၂၀ - ၃၀ ရာခိုင္ႏႈန္းေလာက္ ျပည့္ဝေအာင္ စားႏိုင္လာသည္။ မဟုတ္ရင္ သူတိုေတြ ေန႔တိုင္း ဆယ္ရာခိုင္ႏႈန္းေလာက္သာ စားႏိုင္ၿပီး ေရေသာက္ကာ ဗိုက္ဆာဆာႏွင့္ အသက္ဆက္ ႐ွင္သန္ရန္ သူတို႔ ေတာင့္ခံရမည္။ 

" မနက္က ခ်က္ထားတဲ့ ၾကက္ဥေတြ ႐ွိတယ္။ ငါ အမ်ားႀကီး ခ်က္ထားလို႔ မင္းစားရေအာင္ ႏွစ္လုံး ယူသြားဦး " လင္းခ်င္းဟယ္ အိမ္ထဲဝင္ကာ ၾကက္ဥႏွစ္လုံး ယူၿပီး သူ႕ကို ကမ္းေပးသည္။ 

" မလိုပါဘူး ေဒၚေလး... ထင္းေကာက္မသြားခင္ မနက္ကတည္းက ကြၽန္ေတာ္ စားၿပီးပါၿပီ " က်ိဳးတုန္း အလ်င္အျမန္ ျငင္းဆန္လိုက္ၿပီး " ေဒၚေလး... ကြၽန္ေတာ္ အရင္ ျပန္ေတာ့မယ္။ ေန႔လည္ကို တစ္ေခါက္ျပန္သြားၿပီး ညေနခင္းမွာ ေဒၚေလးဆီ လာပို႔ေပးပါ့မယ္ " 

အဲဒါၿပီးတာနဲ႔ သူက အေလာတႀကီး ျပန္သြားသည္။ 

လင္းခ်င္းဟယ္သည္ ခဏၾကာ ရပ္ေနေပမယ့္ ဘာမွမေျပာလိုက္ေပ။ ဒီအခ်ိန္မွာ ၾကက္ဥေတြက အမွန္တကယ့္ကို ေတာ္ေတာ္ ေစ်းႀကီးသည္။ ေစာေစာက သူမႏွင့္အတူ က်ိဳးတုန္းကို ေခၚကာ ေကာင္စီခ႐ိုင္ၿမိဳ႕ဆီ လွည္းျဖင့္ ခရီးထြက္ရန္ ေျပာဖို႔ အခြင့္အလမ္း႐ွာခ်င္႐ုံတာ ျဖစ္သည္။ ထိုအခ်ိန္က်ရင္ မ်က္ႏွာသစ္ဇလုံႏွင့္ ေျခေဆးဇလုံစသည့္ ဇလုံအားလုံးကို သယ္ကာ ျပန္လာႏိုင္သည္။ အဲဒါေၾကာင့္ သူမ ၾကက္ဥေတြ ေပးတာျဖစ္ေပမယ့္ က်ိဳးတုန္းရဲ႕ တုံ႔ျပန္မႈကို ၾကည့္ရတာ လက္ခံရဲပုံမေပၚဘူး။ 

သူမႏွင့္အတူ သူ ေကာင္စီခ႐ိုင္ၿမိဳ႕ဆီ သြားမယ့္အခ်ိန္ကိုပဲ သူမ ေစာင့္ရေတာ့မယ္။ ၿပီးရင္ သူတို႔ေမာင္ႏွမကို တစ္ခုခု ခ်ီးျမႇင့္ရမယ္။ 

က်ိဳးတုန္းေျပာသြားသည့္ ေန႔လည္ခင္းခရီးအတြက္ဆိုရင္ အဲဒါက ျဖစ္ႏိုင္သည္။ 

ဒီေနရာကေန ေတာင္ေပၚထင္းသြား႐ွာရသည့္ အကြာအေဝးက နီးတာေတာ့မဟုတ္ေပ။ က်ိဳးတုန္း၏ေျခလွမ္းေတြအရဆိုရင္ အနည္းဆုံး သုံးနာရီ ၾကာလိမ့္မည္။ ဒီအခ်ိန္မွာ ထင္းႏွစ္စည္း သယ္ျပန္လာႏိုင္ရန္ ေမွာင္ရီပ်ိဳးေနဆဲ မနက္ေစာေစာကတည္းက သူ သြားတာပဲျဖစ္ရမယ္။ 

ဒါေပမယ့္ က်ိဳးတုန္း တစ္ေယာက္တည္း မဟုတ္တာ သူမ သိသည္။ သူက ႐ြာထဲ႐ွိ ၁၇ ႏွစ္၊ ၁၈ ႏွစ္အ႐ြယ္ ေကာင္ေလးေတြ အမ်ားႀကီးနဲ႔ အတူတူ သြားတာျဖစ္လို႔ ဘာမွစိုးရိမ္စရာမ႐ွိေပ။ 

ဒီအခ်ိန္မွာ ေဆာင္းရာသီအတြက္ လူတိုင္း ထင္းေတြ စုေဆာင္းၾကသည္။ က်ိဳးတုန္း စုေဆာင္းတဲ့ထင္းေတြကို သူမဆီ ေရာင္းသည္။ ႐ြာထဲ႐ွိတျခားသူေတြက ၿမိဳ႕မွာ သြားေရာင္းသည္။ ေယဘုယ်အားျဖင့္ ေရာင္းကုန္တာတူေပမယ့္ က်ိဳးတုန္းအတြက္ေတာ့ ပိုၿပီးလြယ္ကူသည္။ 

ဒါေၾကာင့္ က်ိဳးတုန္း အခု ထမင္းစားရန္ ျပန္လာႏိုင္ၿပီး ေနာက္ထပ္ ျပန္ထြက္ကာ မေမွာင္ခင္ ျပန္လာႏိုင္သည္။ 

ေက်းလက္ေတာ႐ြာ ကိုယ္တိုင္စိုက္ပ်ိဳးေရး လုပ္တဲ့လူေတြ အေနျဖင့္ ထင္း မ႐ွားပါးၾကဘူး။ ေကာက္႐ိုးေတြကို အမ်ားအျပား ေပးေဝေပမယ့္ သူမမိသားစုအတြက္ ေဝစုမ႐ွိဘူး။ သူမ ေသခ်ာျပင္ဆင္ထားရင္ သူတို႔ေတြ ေဆာင္းတြင္းမွာ ႐ွင္သန္ေနထိုင္ႏိုင္သည္။ 

လင္းခ်င္းဟယ္သည္ ထိုအေၾကာင္းကို ေကာင္းေကာင္း နားလည္ သေဘာေပါက္ထားသည္။ ၿပီးေတာ့ က်ိဳးတုန္းကလည္း ဒီအခြင့္အေရးကို သိသိသာသာ တန္ဖိုးထားတာေၾကာင့္ သူ ႀကိဳးႀကိဳးစားစား အလုပ္လုပ္ေနသည္။ 

ေဆာင္းရာသီတြင္ ခါးပတ္ကို တင္းတင္းဝတ္ကာ အစားေလ်ာ့စားၿပီး အသက္႐ွင္ ေနထိုင္ရတာထက္ က်ိဳးတုန္းကေတာ့ အခုခ်ိန္မွာ ထင္းမ်ားမ်ား ႐ွာရန္အတြက္ပဲ ဆႏၵ႐ွိသည္။ 

လင္းခ်င္ဟယ္သည္ ကေလးအလုပ္သမား ငွားရမ္းျခင္းအေပၚ လိပ္ျပာမသန္႔သလို သိပ္မခံစားရေပ။ ဒါေၾကာင့္ သူမသည္ ပိုၿပီး လြယ္လြယ္ကူကူ ေစခိုင္းခဲ့သည္။ မူလပိုင္႐ွင္၏ နည္းလမ္းအတိုင္း တေသြမသိမ္းပဲ။ 

ထင္းႏွစ္စည္းကို အိမ္ေနာက္ေဖး႐ွိ ထင္းတဲဆီ သယ္သြားလိုက္သည္။ ထိုထင္းတဲကို က်ိဳးခ်င္းပိုင္ ျပန္လာတုန္းက ေဆာက္လုပ္ခဲ့သည္။ မိုး၊ ႏွင္းတို႔ထိၿပီး အစိုဓာတ္ေၾကာင့္ ထင္းမ်ား ပ်က္စီးျခင္းမွ ကာကြယ္ရန္ ၎ကို ထင္းမ်ားစုေဆာင္းရန္အတြက္ အဓိကထား အသုံးျပဳသည္။ 

ၿပီးေနာက္ သူမသည္ ဟင္းသီးဟင္း႐ြက္အပင္မ်ားကို ေရဆက္ေလာင္းကာ သပ္သပ္ရပ္ရပ္ ျပဳျပင္႐ွင္းလင္းၿပီး ေန႔လည္စာအတြက္ သခြားသီးမ်ားကို ခူးလိုက္သည္။ 

သခြားသီးႏွင့္ အသားေၾကာ္ တစ္ပန္းကန္က အေမနဲ႔သားေတြအတြက္ လုံေလာက္သည္။ မနက္တုန္းက ဆန္ျပဳတ္ထဲ ထည့္ျပဳတ္ထားသည့္ ၾကက္ဥအနည္းငယ္လည္း က်န္ေသးသည္။ မနက္က ဆန္ျပဳတ္ အမ်ားႀကီး က်န္ေနေသးသည္။ သူမ တမင္တကာ မ်ားမ်ားခ်က္ထားတာေၾကာင့္ ျပန္ေႏြးၿပီး စားႏိုင္သည္။ 

အျဖဴေရာင္ဘန္းမုန္႔ ႏွစ္ခု ထုတ္ယူလိုက္ၿပီးေနာက္ အဲဒါကိုလည္း ေန႔လည္စာအျဖစ္ မွတ္ယူလို႔ရသည္။

ညေနခင္းအတြက္ လင္းခ်င္းဟယ္ အၾကံတစ္ခု ႐ွိထားၿပီးၿပီ။ ညစာအတြက္ အစာသြပ္မုန္႔လုံးေတြ လုပ္မယ္။ ေန႔လည္စာ စားၿပီးရင္ သူမ ဂ်ံဳမုန္႔ညက္ လုပ္ရမယ္။ 

ဆယ့္တစ္နာရီတြင္ က်ိဳးေလာင္တ ျပန္လာသည္။ သူ႕အေမ ျပန္ေရာက္ၿပီလား ဆိုတာ လာၾကည့္ျခင္း ျဖစ္သည္။ တစ္ခ်က္ၾကည့္လိုက္တာနဲ႔ သူမ ျပန္ေရာက္ေနတာ ေတြ႕လိုက္ရသည္။ 

" သားအဘြားနဲ႔ တျခားသူေတြ အသင္းအဖြဲ႕မွာ ဂ်ံဳ၊ေျပာင္း ခြာေနတုန္းလား " လင္းခ်င္းဟယ္ ေမးလိုက္သည္။ 

" အင္း " က်ိဳးေလာင္တ ေခါင္းၿငိမ့္ျပၿပီး မီးဖိုကို ၾကည့္ကာ " အေမ... ဒီေန႔ အေမ ဘာပစၥည္းေကာင္းေတြ ဝယ္ျပန္လာတာလဲ။ အျဖဴေရာင္ ဘန္းမုန္႔အႀကီးႀကီး ပါလား " 

" ပါတယ္။ သြား... ညီေလးေတြကို သြားေခၚလာခဲ့။ ဒါေပမယ့္ အျပင္က ဘယ္သူမွ မသိေစနဲ႔ မဟုတ္ရင္ ဘာမွစားရမွာမဟုတ္ဘူး " လင္းခ်င္းဟယ္ အမိန္႔ေပးလိုက္သည္။ 

" အျပင္မွာ အသားအေၾကာင္း မေျပာရဘူးလား " က်ိဳးေလာင္တ မေနႏိုင္ဘဲ ေမးလိုက္သည္။ 

ဒါေပမယ့္ သူ သူ႕သူငယ္ခ်င္းေတြနဲ႔ အဲအေၾကာင္း ေရာက္တတ္ရာရာ စကားစျမည္ ေျပာၿပီးသြားၿပီ။ သူတို႔ေတြ သူ႕ကို ေတာ္ေတာ္ မနာလိုေနၾကတာ။ 

" ဒီမတိုင္ခင္ ေျပာခဲ့တာဆိုရင္ ထားလိုက္ေတာ့။ ဒါေပမယ့္ အနာဂါတ္မွာ အဲအေၾကာင္း မေျပာရဘူးေနာ္။ ခပ္လွ်ိဳလွ်ိဳ ေနရမယ္ နားလည္လား " လင္းခ်င္းဟယ္ ေျပာလိုက္သည္။ 

" ခပ္လွ်ိဳလွ်ိဳ ဆိုတာ ဘာလဲ " က်ိဳးေလာင္တ ေမးခြန္းထုတ္လိုက္သည္။ 

" ႂကြားခ်င္ရင္ ႂကြားပါကြာ...။ မင္းရဲ႕ညီေတြကို ျမန္ျမန္ျပန္ေခၚလာၿပီး ေန႔လည္စာ စားဖို႔ ျပင္ေတာ့ " လင္းခ်င္းဟယ္ ေစလႊတ္လိုက္သည္။ 

" အခု သြားလိုက္မယ္ " က်ိဳးေလာင္တ ခ်က္ခ်င္း ျပန္ေျဖသည္။ 

Continue Reading

You'll Also Like

290K 5.1K 47
ဒီဇာတ်လမ်းထဲက " စွဲမက်သျှင် " ဆိုတဲ့နာမည်ကို သာသာ crd ပေးပါတယ်နော် " မင်းညှို့သျှင် " နာမည်နဲ့ လိုက်ဖက်မှုရှိအောင် ထည့်ထားတာမို့လို့ပါရှင့် ဒီ fic လ...
924K 10.2K 100
ထိုနေ့ည က မှားသွားတယ့် အမှားတစ်ခုက ကျွန်မဘဝ တစ်ခုလုံးနဲ့ ပတ်သက်မိသွားလိမ့်မယ်လို့ မထင်ခဲ့မိဘူး....... ပြီးတော့ ပတ်သတ်မိသွားတယ့်သူက ဘာလို့ သူဖြစ်န...
1.5M 68.7K 37
adult story(18+) သင့်သခင်×ရုပ်သေး 9.1.2023...
375K 37K 114
ဘာသာပြန်သူ - စွဲညို့အသင်း ရိုရိုချိုချိုနဲ့ မခါးတာလေး ဖတ်ချင်ရင် လာနော်