Peculiarly System [Completed ]

MaLaKaoYa

854K 90.3K 2.7K

Start date ... September 17 .2021 End date .....July 30.2023 System ဆိုတာ စိတ်ကူးယဉ်ကမ္ဘာတဲ့ သူကပြောတယ် ငါ့... Еще

Start With System
Arc(1.1) Parin
Arc(1.2)
Arc(1.3)
Arc(1.4)
Arc(1.5)
Arc(1.6)
Arc(1.7)
Arc(1.8)
Arc(1.9)End
Arc(2.1) Zhang Xu Guang
Arc(2.2)
Arc(2.3)
Arc(2.4)
Arc(2.5)
Arc(2.6)
Arc(2.7)
Arc(2.8)End
Arc(3.1)Jason
Arc(3.2)
Arc(3.3)
Arc(3.4)
Arc(3.5)
Arc(3.6)
Arc(3.7)
Arc(3.8)
Arc(3.9)
Arc(3.10)
Arc(3.11)
Arc(3.12)
Arc(3.13)End
Arc(4.1) Jon San
Arc(4.2)
Arc(4.3)
Arc(4.4)
Arc(4.5)
Arc(4.6)
Arc(4.7)
Arc(4.8)
Arc(4.9)
Arc(4.10)End
Arc(5.1) Zhou Wei Feng
Arc(5.2)
Arc(5.3)
Arc(5.4)
Arc(5.5)
Arc(5.6)
Arc(5.7)
Arc(5.8)
Arc(5.9)
Arc(5.10)
Arc(5.11)
Arc(5.12)End
Arc(6.1) LuYuYuan
Arc(6.2)
Arc(6.3)
Arc(6.4)
Arc(6.5)
Arc(6.6)
Arc(6.7)
Arc(6.8)
Arc(6.9)
Arc(6.10)
Arc(6.11)
Arc(6.12)End
Arc(7.1)KiKo
Arc(7.2)
Arc(7.3)
Arc(7.4)
Arc(7.5)
Arc(7.6)
Arc(7.7)
Arc(7.8)
Arc(7.9)
Arc(7.10)
Arc(7.11)End
Arc(8.1)Adam
Arc(8.2)
Arc(8.3)
Arc(8.5)
Arc(8.6)
Arc(8.7)
Arc(8.8)
Arc(8.9)
Arc(8.10)
Arc(8.11)End
Arc(9.1)Aqua
Arc(9.2)
Arc(9.3)
Arc(9.4)
Arc(9.5)
Arc(9.6)
Arc(9.7)
Arc(9.8)
Arc(9.9)
Arc(9.10)
Arc(9.11)
Arc(9.12)
Arc(9.13)End
Arc(10.1)XiaoZhan
Arc(10.2)
Arc(10.3)
Arc(10.4)
Arc(10.5)
Arc(10.6)
Arc(10.7)
Arc(10.8)
Arc(10.9)
Arc(10.10)
Arc(10.11)
Arc(10.12)End
Arc(11.1) Saw Minn Latt
Arc(11.2)
Arc(11.3)
Arc(11.4)
Arc(11.5)
Arc(11.6)
Arc(11.7)
Arc(11.8)
Arc(11.9)End
Arc(12.1) Ben
Arc(12.2)
Arc(12.3)
Arc(12.4)
Arc(12.5)
Arc(12.6)
Arc(12.7)
Arc(12.8)
Arc(12.9)
Arc(12.10)
Arc(12.11)End
Arc(13.1) Cristan Gabriel
Arc(13.2)
Arc (13.3)
Arc(13.4)
Arc(13.5)
Arc(13.6)
Arc(13.7)
Arc(13.8)
Arc(13.9)
Arc(13.10)
Arc(13.11)
Arc(13.12)End
Real Life (1)
Real Life (1)End
Real Life (2)
Real Life Ending Up (Truly End)

Arc(8.4)

3.9K 517 4
MaLaKaoYa


Luna Villa ကပြန်လာကတည်းက Adam နဲ့ Maple က တိတ်ဆိတ်ကာ အတွေးများနေကြသည်။

Kitty ပြောပြချက်အရ Luna Villa မှာတုန်းက သရဲမက သူနဲ့မေပယ်လ်အနားမှာ တစ်ချိန်လုံး ရှိနေခဲ့တာတဲ့ ။

နောက်ပြီး သရဲမရှာနေတဲ့ သူမရဲ့သူဋ္ဌေးနဲ့ သူဋ္ဌေးကတော်လောင်းက မေပယ်လ်နဲ့ ဂျိုးဇက်ပ် ဆိုတာပဲ ။

ပြီးတော့ လူသတ်လက်ကလည်း သူဝင်ထားတဲ့ ပိုင်ရှင် အဒမ်ပဲ ။

အဒမ်ကို အကူအညီတောင်းထားတဲ့ သူမရဲ့ တောင်းဆိုချက်က ဘာလဲဆိုတာ သူအခုထိစဉ်းစားမရသေး ။

ဒီအတိုင်းဆိုရင် သူက ဂျိုးဇက်ပ်နဲ့ မေပယ်လ်ကို သတ်ပေးရမှာလား ။

' Kitty ငါ Luna Villa ကို တစ်ယောက်တည်းပဲ သွားသင့်သလား သရဲမအယ်လာနဲ့ဆွေးနွေးဖို့ '

' အင်း သရဲမက ထူးဆန်းတယ်ဗျ သူမက ကျွန်တော့်ကို မြင်ရတယ် '

' သရဲမက မင်းကိုဘာတွေပြောသေးလဲ သူနဲ့ပတ်သတ်ပြီး မင်းဘာသိနိုင်မလဲ စုံစမ်းကြည့်ပါလား System ရဲ့အကူအညီနဲ့ '

' အင်း ကျွန်တော် စုံစမ်းကြည့်မယ် '

Kitty ထွက်သွားတဲ့အချိန်မှာ အဒမ်က မေပယ်လ်ကို ကြည့်လိုက်တယ် ။ သူမပုံစံက တွေတွေကြီးဖြစ်နေတာ သိပ်ထူးဆန်းမနေဘူးလား..။

" Maple ဘာဖြစ်နေတာလဲ ''

" ဟင့်အင်း ငါပြန်တော့မယ် ''

" အော် အေးအေး..''

မေပယ်လ်က ပြန်သွားပေမယ့် ထူးဆန်းနေတာကြီးကိုအခုထိ သူခံစားနေမိသေးတယ်။

" Ella? "

အဒမ်က တစ်ခုခုကို သတိရသွားသလိုဖြင့် မေပယ်လ်နောက်ကို ပြေးလိုက်သွားတော့သည်။

ထူးဆန်းနေတာ သူခံစားရတာမဟုတ်ဘူး မေပယ်လ်က တကယ်ထူးဆန်းနေတာ..။

လမ်းလျှောက်ပြီးသွားတဲ့မေပယ်လ်နောက်ကို ပြေးလိုက်လာတဲ့ သူက မှီတာမထူးဆန်းဘူး မလား ။

လှည့်ကြည့်လာတဲ့ မေပယ်လ်ရဲ့အပြုံးက ထူးဆန်းသောပါပဲ။

" အယ်လာ...အယ်လာမလား..''

" ဟင်းဟင်း... ကောင်လေးမင်းသိပ်တော်တာပဲ..ဟုတ်တယ် ငါက အယ်လာပဲ ''

အက်ရှရှရယ်သံနဲ့ ဆိုလာတဲ့ သူမရဲ့စကားသံက ဆောင်းလေညှင်းထက်ပိုပြီး အေးစက်ကာ ကြက်သီးထစရာ ကောင်းသည်။

" ဘာလို့ မေပယ်လ်ရဲ့ကိုယ်ထဲဝင်နေတာလဲ ''

" အို့..မဟုတ်ရပါဘူး ကောင်လေးရဲ့ မင်းသူငယ်ချင်းမလေးက Luna မှာကျန်နေခဲ့ပြီလေ..ငါက မင်းသူငယ်ချင်းကိုယ်ထဲဝင်နေတာမဟုတ်ဘူး..အဟင်း...''

" ဒါဆို.. ''

"ဟုတ်တယ်..''

"Maple ကိုဘာလို့ ဖမ်းထားတာလဲပြောပါ သူက မစ္စအယ်လာနဲ့ ဘာတွေရန်ငြိုးရှိနေလို့လဲ ''

" အဲ့တာတွေက မင်းနဲ့မဆိုင်ဘူး မင်းလုပ်ရမှာက ငါနဲ့ မစ္စတာဂျိုးဇက်နဲ့ နီးစပ်ဖို့အတွက်ကူညီပေးဖို့ပဲ.. ပြီးရင် ငါ့ဘာသာငါလှုပ်ရှားမယ် ''

သူမကိုကြောက်ရွံ့ဟန်တစ်ချက်မပြဘဲ အေးတိအေးစက်နဲ့စကားဆိုနိုင်တဲ့ ဒီကောင်လေးက ဘာများလဲ ။ လို့ အယ်လာက စဉ်းစားနေမိသည်။

" ဘာလို့ အဲ့လို လုပ်ချင်ရတာလဲ ''

မေးလာတဲ့ ကောင်လေးစကားကြောင့် အယ်လာက ပြုံးလိုက်သည် ။ တစ်ခြမ်းတည်းလှနေတဲ့သူမမျက်နှာလေးက အဒမ်ကိုမလန့်စေဘူးဆိုတာသူမ မယုံဘူး။

" သူတို့နှစ်ဦးကို မပေါင်းစေချင်လို့ ''

" ဒါက ခင်ဗျားရဲ့ မျက်နှာလား..မဆိုးပါဘူး လှသားပဲ..အဟမ်း.. သူတို့က တကယ်လို့ ခင်ဗျားထင်သလို မဖြစ်ရင်ရော..''

" ဘာကိုဆိုလိုတာလဲ ''

" သူတို့နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် မချစ်ဘဲ တစ်ခြားသူနဲ့ဆိုရင်ချစ်ကြိုက်သွားမယ် ပေါင်းဖက်သွားမယ်ဆိုရင်ရော ''

".........''

" အဲ့လိုမျိုး ဖြစ်လာရင်ရော ခင်ဗျားက လိုက်သတ်မှာလား..''

Ella ကတိတ်ဆိတ်သွားသည်။ သူမအနေနဲ့ တစ်ခါမှ အဲ့လိုမျိုးတွေ မတွေးဖူးဘူး ။
ပြီးတော့ အရင်ဘဝတွေလည်းပုံမှန်ပဲ Alexander နဲ့ Jisel က ချစ်သူတွေဖြစ်ခဲ့ကြတာမို့ ။

" ငါ စဉ်းစားလိုက်အုန်းမယ် ကောင်လေး ဘာပဲဖြစ်ဖြစ် မင်းငါ့ကို ကူညီမယ် လို့ ကတိပေးထားတာမမေ့နဲ့ ''

"ဘယ်တုန်းက??..အဟမ်း.. အင်း ကျွန်တော်မမေ့ဘူး...''

ရှောင်းကျန့်က ဆိုလိုက်ပြီး သူ့ရဲ့အိမ်လေးဆီမျက်နှာပြန်မူလိုက်တယ်။

အဒမ်ကို မေတ္တာပို့သဖို့လည်းမမေ့နေခဲ့ဘူး။

အရူးကောင်... သရဲမကို ကူညီချင်လို့.. ကတိပေးတယ် သရဲမကိုမြင်တော့ ဒင်းကသေရော...။

ငါက သူ့အစား မျက်နှာတစ်ခြမ်းမဲတူးနေတဲ့တစ်ခြမ်းထိပ်ပြောင်အလှလေးနဲ့ အတူတူ မစ်ရှစ်လုပ်ရတော့မယ် ။ သေချင်းဆိုးလေး အဒမ်..။

ရှောင်းကျန့်က ဆဲရေးလိုက်ပြီး ဖြေးဖြေးချင်းလျှောက်ကာ အိမ်ပြန်ခဲ့သည်။

................

Joseph လည်း Luna Villa ကပြန်လာကတည်းက စဉ်းစားခန်းဝင်နေတာဖြစ်သည်။

ကောင်လေးနဲ့ကောင်မလေးရဲ့ အင်ကျီပေါ်က သွေးစက်တွေက ထူးဆန်းမနေဘူးလား။
Luna အနီးမရောက်ခင်က သူမြင်နေရတဲ့ အဝေးမြင်ကွင်းအရ Luna က မီးတွေမှိတ်လိုက်ဖွင့်လိုက်လုပ်နေတာ ။ ပြီးတော့ ​ကြောက်စရာကောင်းနေတယ်။

ကောင်လေးနဲ့ကောင်မလေးကို စတွေ့တော့ကောင်မလေးကသွက်လက်ချက်ချာတဲ့အပြင် မျက်နှာက ပြုံးပြုံးလေး ။ အောက်ထပ်ရောက်ပြီး ဧည့်ခန်းမှာ ထိုင်နေကြတဲ့ အချိန်မှာ သူမရဲ့ ပုံစံက ပြောင်းလဲသွားတာ။

ကောင်လေးကို နောက်တစ်ခါမလာဖို့ သူပြောနေတုန်းမို့ ကောင်မလေးကို သတိမထားမိတာ ။

ကောင်လေး အန္တရာယ် ရှိနေပြီ လား။

Joseph က ညတွင်းချင်းပင် ကားထုတ်ကာ Adam ဆိုတဲ့ကောင်လေးရဲ့ ပြောကြားချက်နေရပ်လိပ်စာအတိုင်း ထွက်လာခဲ့လိုက်သည်။

ကောင်လေးက အိမ်ထဲမှာ မရှိတာကြောင့် အချိန်တစ်ခုကြာတဲ့အထိ သူရပ်ပြီး စောင့်နေတုန်းမှာ ကြားလိုက်တဲ့ အသံလေးက..။

ရှောင်းကျန့်အိမ်ရှေ့ရောက်တဲ့အချိန်မှာ ကားတစ်စီး ရပ်ထားတဲ့ အတွက်အထူးတဆန်းဖြစ်နေသည်။ ထို့နောက် အိမ်ရှေ့မှာရပ်ကာ သူ့ကို လက်ပြနေတဲ့လူကြောင့် ဘယ်သူဘယ်ဝါမှန်းသိလိုက်ရတာကြောင့် နူတ်ဆက်လိုက်သည် ။

"Mr Joseph? "

" Adam ''

" ဘယ်လိုလုပ်အိမ်ရှေ့ရောက်နေတာလဲ ဒီအချိန်ကြီးကို ''

" Maple ရော ''

" ပြန်သွားပြီ ခုလေးတင်သူ့ကိုလိုက်ပို့ပေးပြီး ပြန်လာတာ ''

" အော်... ကိုယ့်ကို အိမ်ထဲဝင်ဖို့မဖိတ်ခေါ်တော့ဘူးလား..''

" အာ..ဟုတ်သားပဲ..ကြွပါ ''

.
.

" ကိုယ်သတိပေးစရာရှိလို့ပါ ''

" အော်.. ဘာကိစ္စအတွက်များလဲ မစ္စတာ ''

ဧည့်ခန်းမှာ နေရာပေးပြီး ကော်ဖီတစ်ခွက်ချပေးတော့ Joseph က စကားစလာတာမို့ ရှောင်းကျန့်က မေးလိုက်သည်။

" Maple! !''

"Maple? ဘာလို့လဲ သူမက ကျွန်တော်နဲ့ ငယ်ငယ်ကတည်းက ပေါင်းလာတဲ့ သူငယ်ချင်းတွေ ''

" အခု Maple က မင်းသိတဲ့ Maple မဟုတ်ဘူး ''

" ဘာကိုဆိုလိုတာလဲ မစ္စတာ ''

" အင်း သူမက မကောင်းဆိုးဝါးကပ်ငြိနေတယ် ''

" အိုး..''

အဒမ်ရဲ့အံ့သြသွားတဲ့ပုံစံကြောင့် Joseph က ပြုံးရယ်လိုက်သည်။

ဒီကောင်လေးက သိပ်ကိုချစ်ဖို့ကောင်းတာပဲ ။

" ဟုတ်တယ် အဲ့တာကြောင့် ကိုယ်မင်းကို သတိပေးချင်တယ်ကွာ အတတ်နိုင်ဆုံး သူမနဲ့ ဝေးဝေးမှာနေပါ ''

" ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ သူမက ''

" ဒီကိစ္စကို မင်းလက်မခံနိုင်ဘူးဆိုတာကိုယ်နားလည်ပါတယ် ''

"......''

" မင်းရဲ့ချစ်သူ...အဟမ်း..''

" ဟို..သူမက ကျွန်တော်နဲ့သူငယ်ချင်းပါ ဘာမှ ချစ်သူမဟုတ်ပါဘူး Luna Villa မှာပြောခဲ့တာက မစ္စတာကိုကြောက်လို့ပါ ''

" အာ..ဟုတ်လား ''

ချက်ချင်းလေသံပြောင်းသွားတဲ့ ဇာတ်လိုက်ကို အဒမ်က နှာခေါင်းရှုံ့လိုက်မိပေမယ့် ငြိမ်ပြီး ဆက်ပြောလာမည့်စကားကို နားထောင်နေလိုက်သည်။

" ကိုယ်တို့ ဒီကိစ္စကို ဖြေရှင်းဖို့အတွက် အချိန်လိုတယ် နောက်ပြီး အဲ့ဒီ Villa ရဲ့ရာဇဝင်ကိုလည်း အထောက်အထားခိုင်ခိုင်လုံလုံနဲ့ အကြောင်းစုံ သိရှိဖို့စုံစမ်းရမယ်''

" ဟို..မစ္စတာကို ကျွန်တော် ပြောပြချင်ပါတယ် မစ္စတာယုံကြည်မလားမပြောတတ်ပေမယ့်..''

" ဘာများလဲ အဒမ်''

" Luna villa ရဲ့ ဇစ်မြစ်အကြောင်းပါ ကြားဖူးတာလေး တွေ ပြောကြည့်ချင်တယ်''

" ကိုယ်နားထောင်ပေးမယ် ပြောကြည့်ပါလား ''

ခဏလေးအတွင်းမှာပဲ ဇာတ်လိုက်နဲ့ Adam တို့ဟာ သိပ်ရင်းနှီးသွားခဲ့ကြတယ် ။ ထိုအချိန်မှာ ရောက်လာတဲ့ Kitty က ကိုယ်ပျောက်နေလျက်နဲ့ နှာခေါင်းရှုံ့မိသွားတယ်။

"သေချာပါတယ်။ ဒီပြစ်ဒဏ်လောကမစ်ရှင်က အစ်ကိုရိပေါ်ကြောင့် အလွယ်တကာ့အလွယ်ဆုံးဖြစ်သွားလိမ့်မယ်။ အစ်ကိုရှောင်းကတော့ ပင်ပန်းစရာမလိုတော့ဘူး။

သရဲဆိုသည်မှာလည်း..သူရှရမယ့်အရေးကိုကြိုမသိလေသလား..။

အဟင်း..စိတ်တောင်မကောင်းဘူး ။''

Kitty က ကြိတ်ရယ်ရင်း တီးတိုးရေရွတ်လိုက်မိတယ်။ ဇာတ်လိုက်ပြန်သွားပြီး ရှောင်းကျန့်အိပ်ပျော်သွားတဲ့အချိန်မှာ ဗဟိုဋ္ဌာနက ပြောထားတဲ့အတိုင်း မှတ်ဉာဏ် တစ်ပိုင်းတစ်စထည့်သွင်းပေးဖို့ စီစဉ်ထားလိုက်သည်။

" အစ်ကိုရှောင်း အိပ်မက်ထဲမှာ ကျွန်တော်နဲ့သတ်ကြရအောင်..အဟီး..''

Kitty တစ်ယောက်တည်း သဘောကျကာ တွေးနေတုန်း တစ်စုံတစ်ခု၏ ဆွဲငင်မှုကို ခံစားလိုက်ရသည်။

#########

Zawgyi

Luna Villa ကျပန္လာကတည္းက Adam နဲ႕ Maple က တိတ္ဆိတ္ကာ အေတြးမ်ားေနၾကသည္။

Kitty ေျပာျပခ်က္အရ Luna Villa မွာတုန္းက သရဲမက သူနဲ႕ေမပယ္လ္အနားမွာ တစ္ခ်ိန္လုံး ရွိေနခဲ့တာတဲ့ ။

ေနာက္ၿပီး သရဲမရွာေနတဲ့ သူမရဲ႕သူ႒ေးနဲ႕ သူ႒ေးကေတာ္ေလာင္းက ေမပယ္လ္နဲ႕ ဂ်ိဳးဇက္ပ္ ဆိုတာပဲ ။

ၿပီးေတာ့ လူသတ္လက္ကလည္း သူဝင္ထားတဲ့ ပိုင္ရွင္ အဒမ္ပဲ ။

အဒမ္ကို အကူအညီေတာင္းထားတဲ့ သူမရဲ႕ ေတာင္းဆိုခ်က္က ဘာလဲဆိုတာ သူအခုထိစဥ္းစားမရေသး ။

ဒီအတိုင္းဆိုရင္ သူက ဂ်ိဳးဇက္ပ္နဲ႕ ေမပယ္လ္ကို သတ္ေပးရမွာလား ။

' Kitty ငါ Luna Villa ကို တစ္ေယာက္တည္းပဲ သြားသင့္သလား သရဲမအယ္လာနဲ႕ေဆြးႏြေးဖို႔ '

' အင္း သရဲမက ထူးဆန္းတယ္ဗ် သူမက ကြၽန္ေတာ့္ကို ျမင္ရတယ္ '

' သရဲမက မင္းကိုဘာေတြေျပာေသးလဲ သူနဲ႕ပတ္သတ္ၿပီး မင္းဘာသိနိုင္မလဲ စုံစမ္းၾကည့္ပါလား System ရဲ႕အကူအညီနဲ႕ '

' အင္း ကြၽန္ေတာ္ စုံစမ္းၾကည့္မယ္ '

Kitty ထြက္သြားတဲ့အခ်ိန္မွာ အဒမ္က ေမပယ္လ္ကို ၾကည့္လိုက္တယ္ ။ သူမပုံစံက ေတြေတြႀကီးျဖစ္ေနတာ သိပ္ထူးဆန္းမေနဘူးလား..။

" Maple ဘာျဖစ္ေနတာလဲ ''

" ဟင့္အင္း ငါျပန္ေတာ့မယ္ ''

" ေအာ္ ေအးေအး..''

ေမပယ္လ္က ျပန္သြားေပမယ့္ ထူးဆန္းေနတာႀကီးကိုအခုထိ သူခံစားေနမိေသးတယ္။

" Ella? "

အဒမ္က တစ္ခုခုကို သတိရသြားသလိုျဖင့္ ေမပယ္လ္ေနာက္ကို ေျပးလိုက္သြားေတာ့သည္။

ထူးဆန္းေနတာ သူခံစားရတာမဟုတ္ဘူး ေမပယ္လ္က တကယ္ထူးဆန္းေနတာ..။

လမ္းေလွ်ာက္ၿပီးသြားတဲ့ေမပယ္လ္ေနာက္ကို ေျပးလိုက္လာတဲ့ သူက မွီတာမထူးဆန္းဘူး မလား ။

လွည့္ၾကည့္လာတဲ့ ေမပယ္လ္ရဲ႕အၿပဳံးက ထူးဆန္းေသာပါပဲ။

" အယ္လာ...အယ္လာမလား..''

" ဟင္းဟင္း... ေကာင္ေလးမင္းသိပ္ေတာ္တာပဲ..ဟုတ္တယ္ ငါက အယ္လာပဲ ''

အက္ရွရွရယ္သံနဲ႕ ဆိုလာတဲ့ သူမရဲ႕စကားသံက ေဆာင္းေလညွင္းထက္ပိုၿပီး ေအးစက္ကာ ၾကက္သီးထစရာ ေကာင္းသည္။

" ဘာလို႔ ေမပယ္လ္ရဲ႕ကိုယ္ထဲဝင္ေနတာလဲ ''

" အို႔..မဟုတ္ရပါဘူး ေကာင္ေလးရဲ႕ မင္းသူငယ္ခ်င္းမေလးက Luna မွာက်န္ေနခဲ့ၿပီေလ..ငါက မင္းသူငယ္ခ်င္းကိုယ္ထဲဝင္ေနတာမဟုတ္ဘူး..အဟင္း...''

" ဒါဆို.. ''

"ဟုတ္တယ္..''

"Maple ကိုဘာလို႔ ဖမ္းထားတာလဲေျပာပါ သူက မစၥအယ္လာနဲ႕ ဘာေတြရန္ၿငိဳးရွိေနလို႔လဲ ''

" အဲ့တာေတြက မင္းနဲ႕မဆိုင္ဘူး မင္းလုပ္ရမွာက ငါနဲ႕ မစၥတာဂ်ိဳးဇက္နဲ႕ နီးစပ္ဖို႔အတြက္ကူညီေပးဖို႔ပဲ.. ၿပီးရင္ ငါ့ဘာသာငါလႈပ္ရွားမယ္ ''

သူမကိုေၾကာက္႐ြံ႕ဟန္တစ္ခ်က္မျပဘဲ ေအးတိေအးစက္နဲ႕စကားဆိုနိုင္တဲ့ ဒီေကာင္ေလးက ဘာမ်ားလဲ ။ လို႔ အယ္လာက စဥ္းစားေနမိသည္။

" ဘာလို႔ အဲ့လို လုပ္ခ်င္ရတာလဲ ''

ေမးလာတဲ့ ေကာင္ေလးစကားေၾကာင့္ အယ္လာက ၿပဳံးလိုက္သည္ ။ တစ္ျခမ္းတည္းလွေနတဲ့သူမမ်က္ႏွာေလးက အဒမ္ကိုမလန့္ေစဘူးဆိုတာသူမ မယုံဘူး။

" သူတို႔ႏွစ္ဦးကို မေပါင္းေစခ်င္လို႔ ''

" ဒါက ခင္ဗ်ားရဲ႕ မ်က္ႏွာလား..မဆိုးပါဘူး လွသားပဲ..အဟမ္း.. သူတို႔က တကယ္လို႔ ခင္ဗ်ားထင္သလို မျဖစ္ရင္ေရာ..''

" ဘာကိုဆိုလိုတာလဲ ''

" သူတို႔ႏွစ္ေယာက္က တစ္ေယာက္နဲ႕တစ္ေယာက္ မခ်စ္ဘဲ တစ္ျခားသူနဲ႕ဆိုရင္ခ်စ္ႀကိဳက္သြားမယ္ ေပါင္းဖက္သြားမယ္ဆိုရင္ေရာ ''

".........''

" အဲ့လိုမ်ိဳး ျဖစ္လာရင္ေရာ ခင္ဗ်ားက လိုက္သတ္မွာလား..''

Ella ကတိတ္ဆိတ္သြားသည္။ သူမအေနနဲ႕ တစ္ခါမွ အဲ့လိုမ်ိဳးေတြ မေတြးဖူးဘူး ။
ၿပီးေတာ့ အရင္ဘဝေတြလည္းပုံမွန္ပဲ Alexander နဲ႕ Jisel က ခ်စ္သူေတြျဖစ္ခဲ့ၾကတာမို႔ ။

" ငါ စဥ္းစားလိုက္အုန္းမယ္ ေကာင္ေလး ဘာပဲျဖစ္ျဖစ္ မင္းငါ့ကို ကူညီမယ္ လို႔ ကတိေပးထားတာမေမ့နဲ႕ ''

"ဘယ္တုန္းက??..အဟမ္း.. အင္း ကြၽန္ေတာ္မေမ့ဘူး...''

ေရွာင္းက်န့္က ဆိုလိုက္ၿပီး သူ႕ရဲ႕အိမ္ေလးဆီမ်က္ႏွာျပန္မူလိုက္တယ္။

အဒမ္ကို ေမတၱာပို႔သဖို႔လည္းမေမ့ေနခဲ့ဘူး။

အ႐ူးေကာင္... သရဲမကို ကူညီခ်င္လို႔.. ကတိေပးတယ္ သရဲမကိုျမင္ေတာ့ ဒင္းကေသေရာ...။

ငါက သူ႕အစား မ်က္ႏွာတစ္ျခမ္းမဲတူးေနတဲ့တစ္ျခမ္းထိပ္ေျပာင္အလွေလးနဲ႕ အတူတူ မစ္ရွစ္လုပ္ရေတာ့မယ္ ။ ေသခ်င္းဆိုးေလး အဒမ္..။

ေရွာင္းက်န့္က ဆဲေရးလိုက္ၿပီး ေျဖးေျဖးခ်င္းေလွ်ာက္ကာ အိမ္ျပန္ခဲ့သည္။

................

Joseph လည္း Luna Villa ကျပန္လာကတည္းက စဥ္းစားခန္းဝင္ေနတာျဖစ္သည္။

ေကာင္ေလးနဲ႕ေကာင္မေလးရဲ႕ အင္က်ီေပၚက ေသြးစက္ေတြက ထူးဆန္းမေနဘူးလား။
Luna အနီးမေရာက္ခင္က သူျမင္ေနရတဲ့ အေဝးျမင္ကြင္းအရ Luna က မီးေတြမွိတ္လိုက္ဖြင့္လိုက္လုပ္ေနတာ ။ ၿပီးေတာ့ ​ေၾကာက္စရာေကာင္းေနတယ္။

ေကာင္ေလးနဲ႕ေကာင္မေလးကို စေတြ႕ေတာ့ေကာင္မေလးကသြက္လက္ခ်က္ခ်ာတဲ့အျပင္ မ်က္ႏွာက ၿပဳံးၿပဳံးေလး ။ ေအာက္ထပ္ေရာက္ၿပီး ဧည့္ခန္းမွာ ထိုင္ေနၾကတဲ့ အခ်ိန္မွာ သူမရဲ႕ ပုံစံက ေျပာင္းလဲသြားတာ။

ေကာင္ေလးကို ေနာက္တစ္ခါမလာဖို႔ သူေျပာေနတုန္းမို႔ ေကာင္မေလးကို သတိမထားမိတာ ။

ေကာင္ေလး အႏၱရာယ္ ရွိေနၿပီ လား။

Joseph က ညတြင္းခ်င္းပင္ ကားထုတ္ကာ Adam ဆိုတဲ့ေကာင္ေလးရဲ႕ ေျပာၾကားခ်က္ေနရပ္လိပ္စာအတိုင္း ထြက္လာခဲ့လိုက္သည္။

ေကာင္ေလးက အိမ္ထဲမွာ မရွိတာေၾကာင့္ အခ်ိန္တစ္ခုၾကာတဲ့အထိ သူရပ္ၿပီး ေစာင့္ေနတုန္းမွာ ၾကားလိုက္တဲ့ အသံေလးက..။

ေရွာင္းက်န့္အိမ္ေရွ႕ေရာက္တဲ့အခ်ိန္မွာ ကားတစ္စီး ရပ္ထားတဲ့ အတြက္အထူးတဆန္းျဖစ္ေနသည္။ ထို႔ေနာက္ အိမ္ေရွ႕မွာရပ္ကာ သူ႕ကို လက္ျပေနတဲ့လူေၾကာင့္ ဘယ္သူဘယ္ဝါမွန္းသိလိုက္ရတာေၾကာင့္ ႏူတ္ဆက္လိုက္သည္ ။

"Mr Joseph? "

" Adam ''

" ဘယ္လိုလုပ္အိမ္ေရွ႕ေရာက္ေနတာလဲ ဒီအခ်ိန္ႀကီးကို ''

" Maple ေရာ ''

" ျပန္သြားၿပီ ခုေလးတင္သူ႕ကိုလိုက္ပို႔ေပးၿပီး ျပန္လာတာ ''

" ေအာ္... ကိုယ့္ကို အိမ္ထဲဝင္ဖို႔မဖိတ္ေခၚေတာ့ဘူးလား..''

" အာ..ဟုတ္သားပဲ..ႂကြပါ ''

.
.

" ကိုယ္သတိေပးစရာရွိလို႔ပါ ''

" ေအာ္.. ဘာကိစၥအတြက္မ်ားလဲ မစၥတာ ''

ဧည့္ခန္းမွာ ေနရာေပးၿပီး ေကာ္ဖီတစ္ခြက္ခ်ေပးေတာ့ Joseph က စကားစလာတာမို႔ ေရွာင္းက်န့္က ေမးလိုက္သည္။

" Maple! !''

"Maple? ဘာလို႔လဲ သူမက ကြၽန္ေတာ္နဲ႕ ငယ္ငယ္ကတည္းက ေပါင္းလာတဲ့ သူငယ္ခ်င္းေတြ ''

" အခု Maple က မင္းသိတဲ့ Maple မဟုတ္ဘူး ''

" ဘာကိုဆိုလိုတာလဲ မစၥတာ ''

" အင္း သူမက မေကာင္းဆိုးဝါးကပ္ၿငိေနတယ္ ''

" အိုး..''

အဒမ္ရဲ႕အံ့ၾသသြားတဲ့ပုံစံေၾကာင့္ Joseph က ၿပဳံးရယ္လိုက္သည္။

ဒီေကာင္ေလးက သိပ္ကိုခ်စ္ဖို႔ေကာင္းတာပဲ ။

" ဟုတ္တယ္ အဲ့တာေၾကာင့္ ကိုယ္မင္းကို သတိေပးခ်င္တယ္ကြာ အတတ္နိုင္ဆုံး သူမနဲ႕ ေဝးေဝးမွာေနပါ ''

" ဒါက ဘယ္လိုျဖစ္နိုင္မွာလဲ သူမက ''

" ဒီကိစၥကို မင္းလက္မခံနိုင္ဘူးဆိုတာကိုယ္နားလည္ပါတယ္ ''

"......''

" မင္းရဲ႕ခ်စ္သူ...အဟမ္း..''

" ဟို..သူမက ကြၽန္ေတာ္နဲ႕သူငယ္ခ်င္းပါ ဘာမွ ခ်စ္သူမဟုတ္ပါဘူး Luna Villa မွာေျပာခဲ့တာက မစၥတာကိုေၾကာက္လို႔ပါ ''

" အာ..ဟုတ္လား ''

ခ်က္ခ်င္းေလသံေျပာင္းသြားတဲ့ ဇာတ္လိုက္ကို အဒမ္က ႏွာေခါင္းရႈံ႕လိုက္မိေပမယ့္ ၿငိမ္ၿပီး ဆက္ေျပာလာမည့္စကားကို နားေထာင္ေနလိုက္သည္။

" ကိုယ္တို႔ ဒီကိစၥကို ေျဖရွင္းဖို႔အတြက္ အခ်ိန္လိုတယ္ ေနာက္ၿပီး အဲ့ဒီ Villa ရဲ႕ရာဇဝင္ကိုလည္း အေထာက္အထားခိုင္ခိုင္လုံလုံနဲ႕ အေၾကာင္းစုံ သိရွိဖို႔စုံစမ္းရမယ္''

" ဟို..မစၥတာကို ကြၽန္ေတာ္ ေျပာျပခ်င္ပါတယ္ မစၥတာယုံၾကည္မလားမေျပာတတ္ေပမယ့္..''

" ဘာမ်ားလဲ အဒမ္''

" Luna villa ရဲ႕ ဇစ္ျမစ္အေၾကာင္းပါ ၾကားဖူးတာေလး ေတြ ေျပာၾကည့္ခ်င္တယ္''

" ကိုယ္နားေထာင္ေပးမယ္ ေျပာၾကည့္ပါလား ''

ခဏေလးအတြင္းမွာပဲ ဇာတ္လိုက္နဲ႕ Adam တို႔ဟာ သိပ္ရင္းႏွီးသြားခဲ့ၾကတယ္ ။ ထိုအခ်ိန္မွာ ေရာက္လာတဲ့ Kitty က ကိုယ္ေပ်ာက္ေနလ်က္နဲ႕ ႏွာေခါင္းရႈံ႕မိသြားတယ္။

"ေသခ်ာပါတယ္။ ဒီျပစ္ဒဏ္ေလာကမစ္ရွင္က အစ္ကိုရိေပၚေၾကာင့္ အလြယ္တကာ့အလြယ္ဆုံးျဖစ္သြားလိမ့္မယ္။ အစ္ကိုေရွာင္းကေတာ့ ပင္ပန္းစရာမလိုေတာ့ဘူး။

သရဲဆိုသည္မွာလည္း..သူရွရမယ့္အေရးကိုႀကိဳမသိေလသလား..။

အဟင္း..စိတ္ေတာင္မေကာင္းဘူး ။''

Kitty က ႀကိတ္ရယ္ရင္း တီးတိုးေရ႐ြတ္လိုက္မိတယ္။ ဇာတ္လိုက္ျပန္သြားၿပီး ေရွာင္းက်န့္အိပ္ေပ်ာ္သြားတဲ့အခ်ိန္မွာ ဗဟို႒ာနက ေျပာထားတဲ့အတိုင္း မွတ္ဉာဏ္ တစ္ပိုင္းတစ္စထည့္သြင္းေပးဖို႔ စီစဥ္ထားလိုက္သည္။

" အစ္ကိုေရွာင္း အိပ္မက္ထဲမွာ ကြၽန္ေတာ္နဲ႕သတ္ၾကရေအာင္..အဟီး..''

Kitty တစ္ေယာက္တည္း သေဘာက်ကာ ေတြးေနတုန္း တစ္စုံတစ္ခု၏ ဆြဲငင္မႈကို ခံစားလိုက္ရသည္။

#########

Продолжить чтение

Вам также понравится

The Challenge of Love (OC) Eaint Shin Sitt

Любовные романы

364K 14.2K 42
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
My DuDuDin ♡ A_H_S_U

Любовные романы

4.7M 525K 58
{Both Zg&Uni} အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚 Start - { 11,8,2020 } End - { 25,11,2020 } အေသမခြီးရေတာင္ တစ္ခ်က္ေတာ့ျပဳံးမိဖို႔...
Hello,my bunny! Green

Короткий рассказ

31.5K 4.5K 21
🎈Happy birthday to Ge Ge🎈 🎐2020.10.5🎐 အကိုနဲ့ မွေးလတူ ပုစွန်ကွေးလေး Ji အတွက်..✨🎁✨
1.1M 58.1K 48
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...