Unicode//
ပျားသကာသို့ချိုလှသောချစ်ခြင်း နှင့်
Chapter (6)
For zawgyi users, please scroll down the page😘😘.
သူပါ ကျွန်တော့်ကို လိုက်ပို့ သော ထိုကားပေါ်တွင် အတူတူ လိုက်ပါ လာလိမ့်မည်ဟု မထင်မိခဲ့........................။
ကားနောက်ခန်း ကျွန်တော့် ဘေးနေရာသို့ ထိုမင်းစစ်သည်ဦး ဆိုသည့် လူ လာထိုင်လိုက်စဉ် စိုးထိတ်စိတ်ကြောင့် တစ်ကိုယ်လုံး တောင့်တင်း သွားကာ မသိမသာ တစ်ဖက်ခြမ်းသို့ အသာရွေ့ သွားလိုက်မိသည်..........................။
အပြင်ဘက် သို့ ကြည့် နေရာမှ မျက်လုံးကို ထောင့်ကပ်ရင်း မသိမသာ စွေစောင်းကြည့် မိတော့ ဘေး တစ်စောင်း မြင် နေရသည့် မျက်နှာကျကပင် တော်တော် ခန့်နေတာ ဖြစ်သည်......................။
ခေါင်းအစ ခြေအဆုံး တန်ဖိုးကြီး Brand တွေချည်း ...................။
ရုပ်ရှည်ကလည်း တော်တော်လန်းတဲ့ဘဲ...............။
အသက်လည်း သိပ်မကြီးသေး.....................။
ငယ်ငယ်ရွယ်ရွယ်နဲ့ ဘာကြောင့် များ မာဖီးယား ခေါင်းဆောင်ဖြစ်နေရမှန်းမသိ..............။
နှမျောစရာ.......................။
အခုချိန်၌ အကဲခတ်ကြည့်လိုက်တော့လည်း တကယ့် လူကောင်း လူရည်မွန်တစ်ဦးလိုလို ဘာလိုလိုအချိုးပေါက်နှင့်.........................။
ခေါင်းငုံ့ပြီး i-pad တစ်လုံး နှင့် တစ်ယောက်တည်း အလုပ်တွေရှုပ် ၊ အကဲဖြတ် နေသလို စိတ်ဝင်တစား ငုံ့ကြည့် ရင်း မျက်မှောင်ကျုံ့ ထားလေသည်.........................။
ဘာတွေ ကို ကြည့်ပြီး မျက်မှောင် ကြုတ်နေမှန်းမသိ.....................။
သူ့ အနက်ရောင်လုပ်ငန်း တွေများလား.................။
သိချင်မိပေမယ့် စေ့စေ့မကြည့် ရဲ.....................။
တော်ကြာ စပ်စုချင်အုံး ကဲကွာ ကဲကွာ ဆိုပြီး ဖူးရှီး ဒိုင်းညှောင့် ပစ်လိုက်ရင် ဘယ့်နှယ့် လုပ်မတုံး......................။
မာဖီးယား နှင့်အတူတူ ကားတစ်စီးတည်း လိုက်ပါရသည့် ဒုက္ခက မသေး......................။
အေးစိမ့်နေအောင်အဲယားကွန်း ဖွင့်ထားသည့် ကားထဲတွင် ထိုင်နေရင်း ဇောချွေးပျံ နေရသည့် အဖြစ်..............................။
ကြောက်လန့်ရင်း ၊ ထိတ်ပျာရင်း ကျောင်းသို့ ဘယ်လို ရောက်လာမှန်းပင်မသိလိုက်.....................။
အဝေးမှ လှမ်းမြင် နေရသည့် ကျောင်းမုခ်ဝကြီးကပင် ကျွန်တော့်ကို ဆင်းရဲဒုက္ခ မှ လွတ်မြောက်အောင်ကယ် တင်မည့် ကယ်တင်ရှင်ကြီးလိုလို.......................။
ကျောင်းဝင်းထဲသို့ကားကွေ့ကာ ဝင်လိုက်ချိန်တွင် ထိုလူ့ကို ပြောလိုက်သည်.......................။
"ကျွန်တော့်ကို ဒီနား မှာ ချ ပေး ခဲ့ ရင် ရပါပြီ ခင်ဗျ......................။"
"အိုကေလေ .............။
မင်း ကျောင်းဆင်းမည့် အချိန် ကျရင် ဖုန်း ဆက်လိုက်......................။
လာကြို ဖို့ လူ လွတ် ပေး လိုက်မယ်.....................။"
"မ မ ဟုတ်တာ အဲ့လောက်အလုပ်ရှုပ် ခံ စရာ မ မလိုပါဘူး..................။
ကျွန်တော့်ဘာသာ ကျွန်တော် ပြန် လိုက်လို့ ရပါတယ်.......................။"
"ကိုယ်က လာကြို ချင်တယ် ဆိုရင်ရော..................။"
လာပြန်ပြီ ဒီ ငြင်းရဲ ငြင်းကြည့် ဆိုသည့်အကြည့်....................။
မုန်းလိုက်တာနော် မုန်းလိုက်တာ......................။
"အဟဲ ရပါတယ် ရပါတယ် လာကြိုလို့ ရပါတယ်................။
အစ်ကိုကြီး လာကြိုလို့ရပါတယ် ခင်ဗျ...................။"
"အိုး ဘေဘီက ကိုယ့်ကို အဲ့လောက်တောင် လာကြို နေစေချင်တာလားကွာ.....................။"
ဘောကို လာကြို နေစေချင်တာ မအေဘေးရေ.......................။
ထိုလူက သွားတက်ကလေး ပေါ်လွင်သွားအောင် လှစ်ခနဲ ပြုံး လိုက်ရင်း ပြောလာသည်....................။
" ကိုယ်က အဲ့ဒီ အချိန်ကျ ရင် အရေးကြီး လုပ်စရာ အလုပ်ကိစ္စ ရှိနေလို့ ကိုယ် ကိုယ်တိုင် တော့ လာမကြိုနိုင်တော့ဘူးကွာ .......................။
အိုခေ လေ ဒါဆို ကိုယ်သွားပြီ ကလေး......................။"
အမလေး ကျေးဇူးကမ္ဘာ မြန်မြန်သာကြွပါတော့.......................။
ထိုလူက ကျွန်တော့်ကို တစ်ချက် စိုက်ကြည့်ကာ ကျွန်တော့်နှာခေါင်းသို့ သူ့ လက်ဖြင့် ဖွဖွ လေး တောက်ထည့်လိုက်ရင်း ထွက်ခွာ သွားလေတော့သည်.......................။
နည်းနည်း နာသွားသော နှာခေါင်းကိုမကျေမနပ်ဖြင့် လှမ်းပွတ်ရင်း ကျွန်တော် ထိုကား လှည့်ထွက် သွားရာသို့ ကြည့်နေမိသည်........................။
ဟူး အခုမှ ရင်ထဲကအပူလုံးကြီး ကျတော့သည်.....................။
ဒီပုံစံနဲ့ ရှေ့ဆက်ရရင်တော့မဖြစ်သေးပါဘူး....................။
မာဖီးယားဆီက ကျဉ်ဆန်ကြောင့်မသေခင် နှလုံးရောဂါနဲ့ အရင် မသာပေါ် သွားလိမ့်မယ်....................။
တစ်ခုခုတော့ကြံ မှပါလေ.....................။
ကျွန်တော် အတန်းထဲသို့ ဝင်ထိုင်လိုက်ချိန်တွင် ငနိုင်က ကျွန်တော့်ကို မေးလာသည်................။
"လိ့ ဟေ့ကောင် မသေသေးဘူးမလား.................။
ငါဖုန်းဆက်လည်း မကိုင်ဘူး................။
အဆောင်မှာလည်း မရှိဘူး.................။
မအေဘေး မင်းဘယ်တွေလျှောက်လှိမ့်နေတာလဲကွ.................။
လိ့ ငါ့မှာတော့ စိတ်ပူ လိုက်ရတာကွာ ငါ လိုး...............။
မင်းဘယ်လိုနေသေးလဲ..............။
သက်သာလား....................။
ဆေးခန်းသွားပြထားတာ ဘယ်လို အခြေနေရှိလဲ....................။"
" မဆိုးပါဘူး.................... ။
သက်သာပါတယ်ကွာ.............။
ဒီအတိုင်းပုံမှန်လေထိုး လေအောင့်ဖြစ်တာပါပဲ..........။"
ဒီကောင့် ကို အမှန်တိုင်းပြောဖို့ကတော့မဖြစ်နိုင်............။
ဗိုက်ကြီးလို့ပါဆိုတဲ့ အကြောင်း ငနိုင်သာ သိသွားကြည့်ပါလား........................။
အင်မတန်လုံတဲ့ ပါးစပ်ပိုင်ရှင် အာချောင်ကောင် ငနိုင့်ကျေးဇူးကြောင့် ထိုသတင်း ဖေကြီးတို့နားထဲ ရောက်သွားဖို့ ၂၄ နာရီပင် ကျော်မည်မဟုတ်.........................။
နောက်ပြီး မာဖီးယား နှင့်ပတ်သတ် နေသည့် ထိုကိစ္စ တွင် ကိုယ်တိုင် တောင်မလွတ်နိုင် ဖြစ်နေရတာ ငနိုင့်ကိုပါ အဆစ်ထပ်ပေါင်းကာ ဆွဲ မသွင်းချင်တော့........................။
ထို့ကြောင့် လိမ်ညာလိုက်သည်.......................။
"အေးကောင်းတာပေါ့....................။
ငါပြောသားပဲ မင်းအလတ်ကြီး ရှိပါသေးတယ်
ရေဝေးရောက်ဖို့ အဝေးကြီး လိုပါသေးတယ်လို့..........................။"
"လိ့ ပဲ ငနိုင်ရာ............။"
တစ်သက်လုံးက အလိမ်ညာစကားတွေကို တော်ရုံ မပြောဖူးသည့် ကျွန်တော် ငနိုင့်ကိုမင်သေသေဖြင့်ညာနေရတာ သိပ်တော့မလွယ်............။
"စည်သူကော................။"
အကျင့်ပါနေသည့် စကားတို့က ယောင်ယမ်းထွက်သွားမိပြီးမှ သတိရသွားမိသည်...................။
ရည်းစားရပြီးတည်းက ဒီကောင် က တစ်ချိန်လုံး သူ့ကောင်မလေးနဲ့ ပဲ လျှောက်လည်နေပတ်နေတာလေ.....................။
အခုလည်း တစ်နေရာရာကို သူ့ဆော်နဲ့ လျှောက်လိမ့်နေတာ နေမှာပေါ့......................။
"အလကားကောင်ပါကွာ..................။
ရည်းစားရသွားတော့ ဘော်ဒါတွေကိုတောင် ပလစ်သွားတာ.....................။
အခုလည်း သူ့ကောင်မလေးနဲ့ တစ်နေရာရာ လျှောက်လှိမ့်နေမှာပေါ့...................။"
"အင်း ဟုတ်မှာပေါ့...............။"
"ဒါနဲ့ မင်းတကယ်အဆင်ပြေပါတယ်နော်.......................။"
"ဘာလဲ ...................။"
"စည်သူ လေ ...................။
မင်း သူနဲ့ ဆက်တွေ့ နေရမှာ အဆင်ပြေရဲ့လား.........................။"
ဟမလေးလေး ငနိုင်ရာ တွေးတတ်ပါပေ့ကွာ......................။
"အဆင်ကတော့ ပြေတာမှ အပြေကို လွန်နေလို့ကိုခက်နေတာဟေ့...........။"
ခပ်ရွဲ့ရွဲ့ သာဖြေမိသည်.....................။
ဒီအကြောင်းတွေး နေရင်ကို ရင်နာရလွန်းလို့ ဆက်ချစ်နေဖို့ နေနေသာသာစည်သူ့ကို လည်ပင်းပါညှစ်သတ် ချင် နေမိသည့်အကြောင်းကိုတော့ငနိုင့်ကို မပြောပြ ဖြစ်တော့ပါဘူး........................။
ဒီကောင့် ကြောင့် ကျွန်တော်က ဗိုက်ကြီးပြီး မာဖီးယား လက်ခုပ်ထဲက ရေ ဖြစ်သွား ရတဲ့အကြောင်းတွေးမိတိုင်း တကယ် သောက်သည်း ပေါက် လွန်းလို့ ဒီကောင့်ကို ဆက်မချစ်နိုင်တော့ဘူး.....................။
တကယ်ပါပဲ ဗျာ...................။
အသည်းကွဲတာ ကုစားဖို့ အရက်သောက် ဘာညာ ဆိုတာ ဂျင်းစကားတွေပါ ဖရုတို့ ......................။
ယုံစားမိလို့ ချောက်ထဲကျသွားတဲ့ ကျွန်တော့် အဖြစ်ကိုပဲကြည့်........................။
အခုတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ ကလေးအဖေဖြစ်ပြီ......................။
ကိုယ့်အကြောင်းကိုယ် တွေးမိရင် ကိုရင်တွေ ဘာတွေ နာတယ်ဗျာ....................။
ကျွန်တော်ရင် နာနာနဲ့ပဲ ရှေ့က စာရှင်းပြနေတဲ့ ဆရာမကို ကြည့်နေလိုက်သည်......................။
အတန်းချိန် ပြီး သွား ချိန် တွင် ကျွန်တော့် ကျောပေါ်သို့ ဗြန်းခနဲ ရိုက်ချက်နှင့်အတူ ထွက်ပေါ်လာသည်က ကျွန်တော့်သူငယ်ချင်းမ နှင်းအိ၏အာဗြဲသံကြီး.............။
"ဟဲ့ ဖြိုးကြီး ပျောက်ချက်သားကောင်းနေလိုက်တာဟယ်....................။
အခုမှ တစ်ရေးနိုး အိပ်မက်မက်ပြီး တော့ ရောက်လာသလားမှတ်ရတယ်...................။"
"ငါသုံးလေးရက်လောက်ပဲ ကျောင်းမလာဖြစ်ရုံပါဟ..................။"
"ကဲထားပါ....................။
ငါနင့် မေးချင်တာက နင် စောနက ကျောင်းလာတုန်း စီးလာတဲ့ ကားက တကယ့် အမိုက်စား ကားအကောင်းစားကြီး ............။
နင် ပြောစမ်း အခုတလော နင် ဘာတွေ လုပ်နေတာလဲ................။
ငါ့မှန်မှန်ဖြေ.................။"
ထင်သားပဲ....................။
ဒီဝါးခြမ်းပြား မ က ကျွန်တော့်ကို စိုးရိမ် စိတ်ပူ လို့မဟုတ်ဘူးဆိုတာ...................။
သူ့ရဲ့ အမိ ဝမ်းထဲ ကနေ ပါလာတဲ့ စပ်စု တတ်တဲ့ သန္ဓေ ကြီးကြောင့် မနေနိုင် မထိုင်နိုင်တော့တာ.....................။
တစ်ရက် တစ်ရက် မစပ်စု ရရင် အတင်း မတုပ် မရရင်ကို စားမဝင် အိပ်မပျော် ဘူး ဆိုတဲ့ လူစားမျိုးက သီးသန့် ကို ရှိတာဗျ.....................။
ကျွန်တော့် ရှေ့က ဝါးခြမ်းပြား မပဲ ကြည့်....................။
ကျွန်တော်စီးလာမိတဲ့ ကားအကောင်းစားဆိုတာကြီးကို စိတ်ဝင်စားပြီး စပ်စုချင်လို့..................။
ကိုယ်နဲ့ ဆိုင် ဆိုင် မဆိုင် ဆိုင် ကိုယ့်ထမင်းကိုယ်စားပြီးမနေနိုင် မထိုင်နိုင် သူများကိစ္စ လိုက်စပ်စု အတင်းတုပ်နေရမှ စားဝင်အိပ်ပျော်တာမျိုး.....................။
"ငါ့ အသိ ကားလေ...................။
လမ်းကြုံလို့ လိုက်ပို့တာ....................။"
"အော် အဲ့လိုလား ဟီးဟီး.................။
တော်တော်တော့ ချမ်းသားမဲ့ပုံကြီးနော်.......................။"
ချမ်းသာနေမှာပေါ့ သူ့ ငွေမည်း တွေနဲ့......................။
"နောက်ပြီး ငါတွေ့ လိုက်ပါတယ် ဖြိုးကြီးရာ နင်နဲ့ စကား ပြော နေတဲ့ ဘဲကြီး က အဆင်ကြီး နော်......................။
အဲ့လို အဆင်ဘဲကြီး နဲ့ အတူတူ အနီးကပ် ခွင့်ရတဲ့ နင့် ကို အား တွေ ကျလိုက်တာဟယ်.......................။"
"အေး...................။"
တိုတိုတုတ်တုတ် ဖြေလိုက်သည်...................။
အဖြစ်မှန်ကို နင် သိ ရင် အားကျ နိုင်အုံး မလား ဝါးခြမ်း ပြား မရာ.......................။
သိချင်တာ သိလိုက်ရတော့ စိတ်ကျေနပ်ပြီး တဟီးဟီးဖြင့် ရယ်မောနေသည့် ကျွန်တော်တို့ နောက်တန်းက နှင်းအိကို စိတ်ကုန် စွာ ကြည့်မိသည်............။
ရှေ့ခုံဘက်သို့ ပြန် လှည့်မည်အပြုတွင် အခန်းထဲသို့ ကသုတ်ကရက် ပြေး ဝင်လာပြီး နှင်းအိထံ သို့ အထုပ်တစ် ထုပ်ပစ်ပေးရင်း လောကြီး သုတ်ပြာ ဖြင့် ပြန် ထွက်ပြေး သွားသည့် သက်လျာ.....................။
"ရော့ရော့ နှင်းအိ နင်မှာထားတာ ငါ သွားပြီ....................။"
မသိရင် နောက်တစ်စက္ကန့် မှာ ကမ္ဘာ ပျက် တော့မှာလိုလို ဘာလိုလို အချိုးမျိုးဖြင့်........................။
"ဟဲ့ ပျာကလပ်စိန်မ က နင့်ကို ဘာပေးသွားတာလဲ........................။"
မနေနိုင်၍ ဝင်မေးမိသည်...................။
"အော် အဟိ နင်တို့ ယောကျ်ား လေး တွေ စိတ် ဝင်စား မယ့်ဟာ တော့မဟုတ်ပါဘူး......................။
ဒါလေ ဒါလေ.....................။"
ကျွန်တော်နားမလည် သည့် လက်ဟန် အမူရာ တွေ ပြရင်း သက်လျာ ပေးသွားသည့် အထုပ်ကလေးကို ဖြည် ပြ လာသည်........................။
စာအုပ်တစ်အုပ်....................။
ကာဗာ ဖိုတို တွင် ယောကျ်ား နှစ်ယောက် ရှိသည်.....................။
ကျာပွတ် ကိုင်ထားသည့် တစ်ယောက်က ကြမ်းကြမ်း ရမ်းရမ်း master ဒီဇိုင်းနဲ့..........................။
နောက်တစ်ယောက်ကကြိုးတုပ် ကာ မျက်လုံး တွေ စည်း နှောင် ခံ ထား ရပြီး ကြမ်းပြင်ပေါ် ဒူး ထောက် ကာ မျက်နှာ ကအပေါ်သို့ မော့ထားလေသည်......................။
ကြိုးတုပ် ခံ ထား ရသည့် တစ်ယောက် ၏ မလုံ့ တလုံ့ အဝတ်စား အောက်မှ ပေါ် လွင် နေသည့် ဖြူဖြူ ဖွေးဖွေး အသားရည် နှင့် သွယ် လျလျ ပေါင်တံ ရှည် တို့တွင် နီရဲရဲ ကျာပွတ်ရာလေး တွေက ဆေးခြယ်ထားသလို.........................။
ခေါင်းစဉ်က မာဖီးယား ရဲ့ သက်ရှိ အရုပ်ကလေး တဲ့........................။
"အားးးးးးး ဟဲ့ရေ ကာ ဗာ ဖိုတို နှင့်တင်ကြွေ နေပါပြီဟယ် အားးးးးးးးး....................။"
သည်းသည်းလှုပ်လှုပ် ဖျတ်ဖျတ်ခါ နေသည့် နှင်းအိ.....................။
ငလူး အနာ ပေါ် ဆားလာ သိပ် နေကြတာလားဟ.........................။
************************************************************************************************************
ညနေ အတန်းပြီး၍ ကျောင်းဆင်းချိန်တွင် ငနိုင်ကတော့ ကျွန်တော့် ထက်အရင် အတန်းလစ်ပြေးသွားခဲ့တာမို့ခါတိုင်း နေ့ရက်တွေလိုပင် ကျွန်တော်တစ်ယောက်တည်း ကားမှတ်တိုင်ဆီသို့ လျှောက်လှမ်းလာမိသည်.....................။
ဘေးနားသို့ ဝှီးခနဲ ထိုးရပ်လိုက်သည့်ကားတစ်စီး၏ အရှိန်ကြောင့် လူက လန့်ဖြတ်ကာ ပြုတ်ကျမတတ်..................။
မြေနိုးကား...................။
ဘယ်လိုတွေတောင်မောင်းနေတာလဲကွ..........။
စိတ်ဆိုးဆိုးဖြင့် ပြန်ရန်တွေ့ရန်အပြု ကားပေါ်မှ ဝတ်စုံ ပြည့်ဝတ်ဆင်ကာ မျက်မှန်အနက်တွေ တပ်ဆင်ထားသည့် လူတစ်ယောက်ဆင်းလာပြီး ကျွန်တော့်ကို ဦးညွတ်လိုက်ရင်း ဆိုလာသည်.................။
"ဘော့စ် ရဲ့ အမိန့်အရ သခင်လေးကို လာကြိုတာပါခင်ဗျ.......................။
လန့်အောင်လုပ်မိသလိုဖြစ်သွားရင် တောင်းပန်ပါတယ်ခင်ဗျ......................။"
ဒီအပြုမှု ၊ ဒီဝတ်စုံ ၊ ဒီ ဒီဇိုင်းနှင့်လူတွေ.....................။
ကျွန်တော်သဘောပေါက်လိုက်ပြီ..............။
ဟိုမာဖီးယား ရဲ့ လက်အောက်ငယ်သား.....................။
ကျွန်တော် ဖွင့်ပေးလာသော ကားတံခါးမှ တစ်ဆင့် ကားပေါ်သို့ တွန့် လိမ် ရှုံ့ တွ နေသော မျက်နှာ ဖြင့် ဝင်ထိုင်လိုက်သည်............။
နာရီဝက်အကြာတွင်တော့ မနက်ကရောက်ခဲ့သော ခြံဝန်းသို့ ရောက်ရှိသွားတော့သည်.................။
ထိုလူ့တပည့်က ကျွန်တော့်ကို ရိုရို သေသေပင် ကားတံခါး ဖွင့် ပေး လာလေသည်.....................။
ကျွန်တော် ကားပေါ်မှ ဆင်းလိုက်သည်.....................။
ကျွန်တော်အိမ်ထဲ သို့ ခြေ ချ လိုက်သည် နှင့် အသက် နှစ်ဆယ်ကျော် အရွယ် ခန့် ရှိ မိန်းကလေး တစ်ဦးနှင့် အသက်ငါးဆယ်ကျော်အရွယ်ရှိ အဒေါ်ကြီး တစ်ဦး တို့ မှ ကြိုဆို နှုတ်ဆက်လာလေသည်........................။
သူတို့ နှစ်ဦး ၏ နာမည်က မိထက်နှင့် ဒေါ်စိန်တဲ့....................။
ရင်းနှီးဖော်ရွေ ဟန်ရှိသော မိထက်ကြောင့် နည်းနည်းတော့ စိတ်သက်သာရာရမိသည်.....................။
ကျွန်တော့် အတွက် ပြင်ဆင်ပေးထားသော အခန်းဆိုသည့် နေရာသို့ ကျွန်တော့်ကို မိထက်ကလိုက်ပြပေးခဲ့သည်.......... ............။
ကြီးမားကျယ်ပြန့်သည့် အိမ်တွင်း ဒီဇိုင်း................။
ခေတ်မှီပရိဘောဂတို့ ၊ မီးပန်းတို့ ဖြင့်ခေတ်မှီဆန်းသစ် ကာ ခမ်းနားလှသည့်အပြင်ဆင် တို့ဖြင့် သပ်ရပ်လှပလွန်းသည်....................။
မနက်က ထိတ်လန့် ကြောက်ရွံ့ နေခဲ့ ရသည်မို့ သေချာ တောင် သတိမပြုမိခဲ့...................... .......။
ဒုတိယထပ်မှ အခန်း တစ်ခန်း ရှေ့ သို့ အရောက်တွင် မိထက်က ဆိုလာသည်.........................။
"ဒီအခန်း မှာ နေရမှာပါ....................။
ကတော်လေး ရဲ့ ပစ္စည်း တွေ အားလုံး ကို မိထက် သေချာ နေရာ ချ ပေး ထားပါတယ်ရှင့်....................။"
မိထက်က ပြောရင်း ထွက် ခွာ သွား လေတော့သည်.........................။
ကျွန်တော် အခန်း တံခါးကို တွန်းဖွင့် ရင်း အတွင်းသို့ ဝင်ရောက်လိုက်သည်.......................။
ဝါး လက်ရှိကျွန်တော် နေနေသည့် အဆောင်ခန်း ဆယ်ခန်းပေါင်းစာလောက်ရှိသည့် အခန်းကြီးက ကျွန်တော့်အိပ်ခန်းတဲ့လေ.......................။
တကယ်ကို လောကကြီး က လူချမ်းသာတွေအတွက်ပဲဗျာ...................။
ကျွန်တော့် အဆောင်ကနေ ပြောင်းရွေ့ယူလာတဲ့ အထုပ်ပိုးတွေကိုလည်းသေချာ နေရာချပေးထားကြသည်.............။
ကိုယ်ပိုင်ရေချိုးခန်း ၊ အိမ်သာ ၊ ကုတင် ၊ စာကြည့်စားပွဲ ၊ စာကြည့်မီးအိမ် စသဖြင့် ဘာမှ ပြောစရာမရှိသည့် ကြီးမားသည့်အခန်းကျယ်တစ်ခန်း....................။
King size ရေမြုပ် မွေ့ရာကြီးက ကျွန်တော့်ကိုဆွဲ ဆောင်သွားသည်မို့ ကုတင်ထက် ပြေးတက်ရင်း ခုန်ပေါက်ကြည့် သည်....................။
ပျော်ရွှင် စွာ လူး လှိမ့်ကြည့်သည်.........................။
နောက်မှ မပေါ့ပါး တော့သည့် ကိုယ့်ကိုယ်ခန္ဓာကိုယ်ကို သတိရသွားကာ ကိုယ်ရှိန်သပ်လိုက်ရသည်........................... ။
ကုတင်ပေါ် မှ ခုန်ဆင်းလိုက်ပြီး ဒီလိုအခန်း ရသည့်အတွက် ပျော်ရွှင်စွာ လက်ခုပ်တီးလိုက်မိသည်........................။
နေ့အလား လင်းထိန် နေသည့် အခန်းက မှောင် ကျ သွားသည်.........................။
သရဲခြောက်ခံ ထိပြီ ဟု လန့် မအော်မိခင် ပါးစပ်ကို အမြန်လှမ်း ပိတ်လိုက်ရင်း တစ်စုံ တစ်ခု ကို တွေး မိလိုက်သောကြောင့် အမှောင်ထဲ တွင် ရပ်ရင်း လက်နှစ်ဖက်ကို ပြန် ထပ်လိုက်ကာ လက်ခုပ် ပြန်တီးလိုက်သည်............................။
အမှောင်အတိ ဖုံးလွှမ်း နေသော အခန်းကျယ်က ပြန်လင်း ထိန်လာလေသည်......................။
yesss!
လက်သီး ဆုပ်ကာ ကြွေးကြော် လိုက်ရင်း လက်ခုပ် ပြန်တီးသည်.......................။
မှောင်ကျသွားသည်.....................။
တဖန်လက်ခုပ်ပြန်တီးသည်......................။
ပြန်လင်းလာသည်.........................။
အခန်း အတွင်း ရှိ မီး များသည် ပြန်လင်းလိုက် ပြန်မှောင်လိုက်ဖြင့် မှိတ်တုတ် မှိတ်တုတ် ဖြစ်နေတော့သည်.........................။
ထိုကဲ့သို့ ရှစ်ခါ ကိုးခါ ခန့် ပြု လုပ်အပြီး တွင်တော့ ဒါက နည်းနည်း ရိုးသွားပြီမို့ စိတ်မဝင်စားချင်တော့ပေ..........................။
ဒီဇိုင်း ဆန်းသစ်ကာ လူ တစ်ရပ်ကျော်အောင် မြင့် သော ခမ်းညား လှသည့် ကျွန်း ဗီဒို ကြီး ထဲက ကျွန်တော့် အကျီ ၤတွေ ကို ကြည့် ချင်မိသည်မို့ ထိုနား သွားကြည့်လိုက်သည်.......................။
ဗီဒိုတံခါး ပွင့် သွား ချိန် တွင် အတွင်း ရှိ ဗီဒို တစ်ဖက်ခြမ်း မှ အဝတ်အစား များက ကျွန်တော့်ကို ဒွိ ဟ ဖြစ်စေသည်.......................။
suit တွေ ..................။
အံဆွဲ ကို ဆွဲ ဖွင့်ကြည့် လိုက်တော့ စီရရီ ထည့်ထားသည့် နက်ခတိုင် တွေ။
နောက်ထပ် အံဆွဲ တစ်ခုကို အလောတကြီး ဆွဲ ကြည့်လိုက်တော့ အံဆွဲ နှင့်အပြည့် brand ပေါင်းစုံ မှ နာရီ တွေ..................။
ထိုဝတ်စုံ ၊ အကျီ ၤ တွေ ၏ ဆိုဒ်တွေက ဝတ်နေကျ L ဆိုဒ် ထက် ကြီး သည် XL တွေ ........................။
ဒါတွေ က ဘယ်လို မှ ကျွန်တော့်ဟာ တွေ မဖြစ်နိုင်............................။
အခန်း ထဲ သို့ တဖန် ဝေ့ဝဲ ကြည့် မိတော့ အခန်း ထဲ ရှိ အရာအားလုံး သည် နှစ်ခု စီ ရှိနေသည်..........................။
အလိုလို သိစိတ်အရ ဒါတွေအားလုံးသည် ထိုလူ့ ပစ္စည်းတွေ မှန်း သိလိုက်သည်........................။
သူတို့ ဘာကြောင့် ကျွန်တော့် အခန်းနဲ့ ထိုလူ့ အခန်းကို အတူတူ တစ်ခန်းတည်း စီမံထားရတာလဲ .....................။
အမှား လုပ်မိကြတာများလား........................။
စိတ်ရှုပ်ထွေး စွာ ဖြင့် မေးမြန်း ကြည့်ရန် တံခါး နား မှ ဘဲလ်ကို နှိပ်လိုက်သည်.......................။
တစ်အောင့်အကြာတွင် မိထက် ရောက်ရှိလာလေသည်.......................။
"ဘာများ ခိုင်း ချင်တာ ရှိလို့လဲ ဟင်....................။"
"ဒါ........... ကျွန်တော် မေးချင်တာ ရှိလို့ပါ...................။
ဒါ..........ဒီ အခန်း က ကျွန်တော့် အခန်းဆိုတာ သေချာ လားဗျ........................။"
"ဟုတ်ပါတယ်ရှင့်......................။"
ကျွန်တော် ခေါင်း ခါရမ်း ရင်း ပြောလိုက်သည်....................။
"မဟုတ် သေးဘူး ထင်တယ်ဗျ...................။
ဘာကြောင့် ကျွန်တော့် အခန်း ထဲ မှာ ကျွန်တော့်ပစ္စည်း တွေ အပြင် တစ်ခြား တစ်ယောက် ဟာ တွေပါ အတူတူ ရှိ နေရတာလဲဗျ.......................။"
"အော် ဒါလား.................။"
မိထက်က အခန်း တွင်းသို့ ဝေ့ဝဲ ကြည့်ပြီး နောက် ခိုးခိုးခစ်ခစ် ရယ် လိုက်ရင်း ဆိုလာသည်....................။
"အစ်ကိုလေး က ကတော်လေး ပစ္စည်း တွေ အားလုံး ကို သူ့ အခန်း ထဲ မှာပဲ နေရာ ချ ပေးထား ဖို့ မှာ ထား ခဲ့တာမို့ပါရှင့်......................။"
"ဘာ!!!!"
*********************
Happy New Year ပါလို့ကြိုတင် နှုတ်ခွန်းဆက်သလိုက်ပါတယ်🥰။
နှစ်သစ်မှာ အားလုံး ဘေးအန္တရာယ် ကင်းကင်းနဲ့ ပျော်ရွှင် နိုင်ကြပါစေနော်😘။
ကျန်းကျန်းမာမာ ရှိကြပါစေ🥰😘။
(စာဖတ်သူတစ်ယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်😘😘။)
(31/12/2021)
(Written by Merrylay08)
************************************************************************************************************************************************
Zawgyi//
ပ်ားသကာသုိ႔ခ်ဳိလွေသာခ်စ္ျခင္း ႏွင့္
Chapter (6)
For zawgyi users, please scroll down the page😘😘.
သူပါ ကြၽန္ေတာ့္ကုိ လုိက္ပုိ႔ ေသာ ထုိကားေပၚတြင္ အတူတူ လုိက္ပါ လာလိမ့္မည္ဟု မထင္မိခဲ့........................။
ကားေနာက္ခန္း ကြၽန္ေတာ့္ ေဘးေနရာသုိ႔ ထုိမင္းစစ္သည္ဦး ဆုိသည့္ လူ လာထုိင္လုိက္စဥ္ စုိးထိတ္စိတ္ေၾကာင့္ တစ္ကုိယ္လုံး ေတာင့္တင္း သြားကာ မသိမသာ တစ္ဖက္ျခမ္းသုိ႔ အသာေ႐ြ႕ သြားလုိက္မိသည္..........................။
အျပင္ဘက္ သုိ႔ ၾကည့္ ေနရာမွ မ်က္လုံးကုိ ေထာင့္ကပ္ရင္း မသိမသာ ေစြေစာင္းၾကည့္ မိေတာ့ ေဘး တစ္ေစာင္း ျမင္ ေနရသည့္ မ်က္ႏွာက်ကပင္ ေတာ္ေတာ္ ခန္႔ေနတာ ျဖစ္သည္......................။
ေခါင္းအစ ေျခအဆုံး တန္ဖုိးျကီး Brand ေတြခ်ည္း ...................။
ရုပ္ရွည္ကလည္း ေတာ္ေတာ္လန္းတဲ့ဘဲ...............။
အသက္လည္း သိပ္မျကီးေသး.....................။
ငယ္ငယ္ရြယ္ရြယ္နဲ႔ ဘာေၾကာင့္ မ်ား မာဖီးယား ေခါင္းေဆာင္ျဖစ္ေနရမွန္းမသိ..............။
ႏွေမ်ာစရာ.......................။
အခုခ်ိန္၌ အကဲခတ္ၾကည့္လုိက္ေတာ့လည္း တကယ့္ လူေကာင္း လူရည္မြန္တစ္ဦးလုိလုိ ဘာလုိလုိအခ်ဳိးေပါက္ႏွင့္.........................။
ေခါင္းငုံ႔ၿပီး i-pad တစ္လုံး ႏွင့္ တစ္ေယာက္တည္း အလုပ္ေတြရႈပ္ ၊ အကဲျဖတ္ ေနသလုိ စိတ္ဝင္တစား ငုံ႔ၾကည့္ ရင္း မ်က္ေမွာင္က်ဳံ႕ ထားေလသည္.........................။
ဘာေတြ ကုိ ၾကည့္ၿပီး မ်က္ေမွာင္ ၾကဳတ္ေနမွန္းမသိ.....................။
သူ႔ အနက္ေရာင္လုပ္ငန္း ေတြမ်ားလား.................။
သိခ်င္မိေပမယ့္ ေစ့ေစ့မၾကည့္ ရဲ.....................။
ေတာ္ၾကာ စပ္စုခ်င္အုံး ကဲကြာ ကဲကြာ ဆုိၿပီး ဖူးရွီး ဒုိင္းေညႇာင့္ ပစ္လုိက္ရင္ ဘယ့္ႏွယ့္ လုပ္မတုံး......................။
မာဖီးယား ႏွင့္အတူတူ ကားတစ္စီးတည္း လုိက္ပါရသည့္ ဒုကၡက မေသး......................။
ေအးစိမ့္ေနေအာင္အဲယားကြန္း ဖြင့္ထားသည့္ ကားထဲတြင္ ထုိင္ေနရင္း ေဇာေခြၽးပ်ံ ေနရသည့္ အျဖစ္..............................။
ေၾကာက္လန္႔ရင္း ၊ ထိတ္ပ်ာရင္း ေက်ာင္းသုိ႔ ဘယ္လုိ ေရာက္လာမွန္းပင္မသိလုိက္.....................။
အေဝးမွ လွမ္းျမင္ ေနရသည့္ ေက်ာင္းမုခ္ဝႀကီးကပင္ ကြၽန္ေတာ့္ကုိ ဆင္းရဲဒုကၡ မွ လြတ္ေျမာက္ေအာင္ကယ္ တင္မည့္ ကယ္တင္ရွင္ႀကီးလုိလုိ.......................။
ေက်ာင္းဝင္းထဲသုိ႔ကားေကြ႕ကာ ဝင္လုိက္ခ်ိန္တြင္ ထုိလူ႔ကုိ ေျပာလုိက္သည္.......................။
"ကြၽန္ေတာ့္ကုိ ဒီနား မွာ ခ် ေပး ခဲ့ ရင္ ရပါၿပီ ခင္ဗ်......................။"
"အုိေကေလ .............။
မင္း ေက်ာင္းဆင္းမည့္ အခ်ိန္ က်ရင္ ဖုန္း ဆက္လုိက္......................။
လာၾကဳိ ဖုိ႔ လူ လြတ္ ေပး လုိက္မယ္.....................။"
"မ မ ဟုတ္တာ အဲ့ေလာက္အလုပ္ရႈပ္ ခံ စရာ မ မလုိပါဘူး..................။
ကြၽန္ေတာ့္ဘာသာ ကြၽန္ေတာ္ ျပန္ လုိက္လုိ႔ ရပါတယ္.......................။"
"ကုိယ္က လာၾကဳိ ခ်င္တယ္ ဆုိရင္ေရာ..................။"
လာျပန္ၿပီ ဒီ ျငင္းရဲ ျငင္းၾကည့္ ဆုိသည့္အၾကည့္....................။
မုန္းလုိက္တာေနာ္ မုန္းလုိက္တာ......................။
"အဟဲ ရပါတယ္ ရပါတယ္ လာၾကဳိလုိ႔ ရပါတယ္................။
အစ္ကုိႀကီး လာၾကဳိလုိ႔ရပါတယ္ ခင္ဗ်...................။"
"အုိး ေဘဘီက ကုိယ့္ကုိ အဲ့ေလာက္ေတာင္ လာၾကဳိ ေနေစခ်င္တာလားကြာ.....................။"
ေဘာကုိ လာၾကဳိ ေနေစခ်င္တာ မေအေဘးေရ.......................။
ထုိလူက သြားတက္ကေလး ေပၚလြင္သြားေအာင္ လွစ္ခနဲ ျပဳံး လုိက္ရင္း ေျပာလာသည္....................။
" ကုိယ္က အဲ့ဒီ အခ်ိန္က် ရင္ အေရးႀကီး လုပ္စရာ အလုပ္ကိစၥ ရွိေနလုိ႔ ကုိယ္ ကုိယ္တုိင္ ေတာ့ လာမၾကဳိႏုိင္ေတာ့ဘူးကြာ .......................။
အုိေခ ေလ ဒါဆုိ ကုိယ္သြားၿပီ ကေလး......................။"
အမေလး ေက်းဇူးကမာၻ ျမန္ျမန္သာႂကြပါေတာ့.......................။
ထုိလူက ကြၽန္ေတာ့္ကုိ တစ္ခ်က္ စုိက္ၾကည့္ကာ ကြၽန္ေတာ့္ႏွာေခါင္းသုိ႔ သူ႔ လက္ျဖင့္ ဖြဖြ ေလး ေတာက္ထည့္လုိက္ရင္း ထြက္ခြာ သြားေလေတာ့သည္.......................။
နည္းနည္း နာသြားေသာ ႏွာေခါင္းကုိမေက်မနပ္ျဖင့္ လွမ္းပြတ္ရင္း ကြၽန္ေတာ္ ထုိကား လွည့္ထြက္ သြားရာသုိ႔ ၾကည့္ေနမိသည္........................။
ဟူး အခုမွ ရင္ထဲကအပူလုံးႀကီး က်ေတာ့သည္.....................။
ဒီပုံစံနဲ႔ ေရွ႕ဆက္ရရင္ေတာ့မျဖစ္ေသးပါဘူး....................။
မာဖီးယားဆီက က်ဥ္ဆန္ေၾကာင့္မေသခင္ ႏွလုံးေရာဂါနဲ႔ အရင္ မသာေပၚ သြားလိမ့္မယ္....................။
တစ္ခုခုေတာ့ႀကံ မွပါေလ.....................။
ကြ်န္ေတာ္ အတန္းထဲသုိ႕ ဝင္ထုိင္လုိက္ခ်ိန္တြင္ ငနုိင္က ကြ်န္ေတာ့္ကို ေမးလာသည္................။
"လိ့ ေဟ့ေကာင္ မေသေသးဘူးမလား.................။
ငါဖုန္းဆက္လည္း မကုိင္ဘူး................။
အေဆာင္မွာလည္း မရွိဘူး.................။
မေအေဘး မင္းဘယ္ေတြေလ်ွာက္လွိမ့္ေနတာလဲကြ.................။
လိ့ ငါ့မွာေတာ့ စိတ္ပူ လုိက္ရတာကြာ ငါ လုိး...............။
မင္းဘယ္လုိေနေသးလဲ..............။
သက္သာလား....................။
ေဆးခန္းသြားျပထားတာ ဘယ္လုိ အေျခေနရွိလဲ....................။"
" မဆုိးပါဘူး.................... ။
သက္သာပါတယ္ကြာ.............။
ဒီအတိုင္းပုံမွန္ေလထုိး ေလေအာင့္ျဖစ္တာပါပဲ..........။"
ဒီေကာင့္ ကုိ အမွန္တုိင္းေျပာဖုိ႔ကေတာ့မျဖစ္ႏုိင္............။
ဗုိက္ႀကီးလုိ႔ပါဆုိတဲ့ အေၾကာင္း ငႏုိင္သာ သိသြားၾကည့္ပါလား........................။
အင္မတန္လုံတဲ့ ပါးစပ္ပုိင္ရွင္ အာေခ်ာင္ေကာင္ ငႏုိင့္ေက်းဇူးေၾကာင့္ ထုိသတင္း ေဖႀကီးတုိ႔နားထဲ ေရာက္သြားဖုိ႔ ၂၄ နာရီပင္ ေက်ာ္မည္မဟုတ္.........................။
ေနာက္ၿပီး မာဖီးယား ႏွင့္ပတ္သတ္ ေနသည့္ ထုိကိစၥ တြင္ ကုိယ္တုိင္ ေတာင္မလြတ္ႏုိင္ ျဖစ္ေနရတာ ငႏုိင့္ကုိပါ အဆစ္ထပ္ေပါင္းကာ ဆြဲ မသြင္းခ်င္ေတာ့........................။
ထုိ႔ေၾကာင့္ လိမ္ညာလုိက္သည္.......................။
"ေအးေကာင္းတာေပါ့....................။
ငါေျပာသားပဲ မင္းအလတ္ႀကီး ရွိပါေသးတယ္
ေရေဝးေရာက္ဖုိ႔ အေဝးႀကီး လုိပါေသးတယ္လုိ႔..........................။"
"လိ့ ပဲ ငႏုိင္ရာ............။"
တစ္သက္လုံးက အလိမ္ညာစကားေတြကုိ ေတာ္ရုံ မေျပာဖူးသည့္ ကြ်န္ေတာ္ ငနုိင့္ကုိမင္ေသေသျဖင့္ညာေနရတာ သိပ္ေတာ့မလြယ္............။
"စည္သူေကာ................။"
အက်င့္ပါေနသည့္ စကားတုိ႕က ေယာင္ယမ္းထြက္သြားမိျပီးမွ သတိရသြားမိသည္...................။
ရည္းစားရျပီးတည္းက ဒီေကာင္ က တစ္ခ်ိန္လုံး သူ႕ေကာင္မေလးနဲ႕ ပဲ ေလွ်ာက္လည္ေနပတ္ေနတာေလ.....................။
အခုလည္း တစ္ေနရာရာကုိ သူ႔ေဆာ္နဲ႔ ေလ်ွာက္လိမ့္ေနတာ ေနမွာေပါ့......................။
"အလကားေကာင္ပါကြာ..................။
ရည္းစားရသြားေတာ့ ေဘာ္ဒါေတြကုိေတာင္ ပလစ္သြားတာ.....................။
အခုလည္း သူ႕ေကာင္မေလးနဲ႕ တစ္ေနရာရာ ေလွ်ာက္လွိမ့္ေနမွာေပါ့...................။"
"အင္း ဟုတ္မွာေပါ့...............။"
"ဒါနဲ႕ မင္းတကယ္အဆင္ေျပပါတယ္ေနာ္.......................။"
"ဘာလဲ ...................။"
"စည္သူ ေလ ...................။
မင္း သူနဲ႔ ဆက္ေတြ႕ ေနရမွာ အဆင္ေျပရဲ႕လား.........................။"
ဟမေလးေလး ငႏုိင္ရာ ေတြးတတ္ပါေပ့ကြာ......................။
"အဆင္ကေတာ့ ေျပတာမွ အေျပကုိ လြန္ေနလုိ႔ကုိခက္ေနတာေဟ့...........။"
ခပ္႐ြဲ႕ရြဲ႕ သာေျဖမိသည္.....................။
ဒီအေၾကာင္းေတြး ေနရင္ကုိ ရင္နာရလြန္းလုိ႔ ဆက္ခ်စ္ေနဖုိ႔ ေနေနသာသာစည္သူ႔ကုိ လည္ပင္းပါညွစ္သတ္ ခ်င္ ေနမိသည့္အေၾကာင္းကုိေတာ့ငႏုိင့္ကုိ မေျပာျပ ျဖစ္ေတာ့ပါဘူး........................။
ဒီေကာင့္ ေျကာင့္ ကြၽန္ေတာ္က ဗုိက္ႀကီးၿပီး မာဖီးယား လက္ခုပ္ထဲက ေရ ျဖစ္သြား ရတဲ့အေျကာင္းေတြးမိတုိင္း တကယ္ ေသာက္သည္း ေပါက္ လြန္းလုိ႕ ဒီေကာင့္ကုိ ဆက္မခ်စ္နုိင္ေတာ့ဘူး.....................။
တကယ္ပါပဲ ဗ်ာ...................။
အသည္းကြဲတာ ကုစားဖုိ႕ အရက္ေသာက္ ဘာညာ ဆုိတာ ဂ်င္းစကားေတြပါ ဖရုတုိ႔ ......................။
ယံုစားမိလုိ႕ ေခ်ာက္ထဲက်သြားတဲ့ ကြ်န္ေတာ့္ အျဖစ္ကုိပဲျကည့္........................။
အခုေတာ့ ငယ္ငယ္ရြယ္ရြယ္နဲ႕ ကေလးအေဖျဖစ္ျပီ......................။
ကိုယ့္အေျကာင္းကုိယ္ ေတြးမိရင္ ကုိရင္ေတြ ဘာေတြ နာတယ္ဗ်ာ....................။
ကြ်န္ေတာ္ရင္ နာနာနဲ႕ပဲ ေရွ့က စာရွင္းျပေနတဲ့ ဆရာမကုိ ျကည့္ေနလုိက္သည္......................။
အတန္းခ်ိန္ ၿပီး သြား ခ်ိန္ တြင္ ကြ်န္ေတာ့္ ေက်ာေပၚသုိ႕ ျဗန္းခနဲ ရုိက္ခ်က္နွင့္အတူ ထြက္ေပၚလာသည္က ကြ်န္ေတာ့္သူငယ္ခ်င္းမ ႏွင္းအိ၏အာျဗဲသံျကီး.............။
"ဟဲ့ ျဖဳိးႀကီး ေပ်ာက္ခ်က္သားေကာင္းေနလုိက္တာဟယ္....................။
အခုမွ တစ္ေရးနုိး အိပ္မက္မက္ျပီး ေတာ့ ေရာက္လာသလားမွတ္ရတယ္...................။"
"ငါသုံးေလးရက္ေလာက္ပဲ ေက်ာင္းမလာျဖစ္ရုံပါဟ..................။"
"ကဲထားပါ....................။
ငါနင့္ ေမးခ်င္တာက နင္ ေစာနက ေက်ာင္းလာတုန္း စီးလာတဲ့ ကားက တကယ့္ အမုိက္စား ကားအေကာင္းစားျကီး ............။
နင္ ေျပာစမ္း အခုတေလာ နင္ ဘာေတြ လုပ္ေနတာလဲ................။
ငါ့မွန္မွန္ေျဖ.................။"
ထင္သားပဲ....................။
ဒီဝါးျခမ္းျပား မ က ကြၽန္ေတာ့္ကုိ စုိးရိမ္ စိတ္ပူ လုိ႔မဟုတ္ဘူးဆုိတာ...................။
သူ႔ရဲ႕ အမိ ဝမ္းထဲ ကေန ပါလာတဲ့ စပ္စု တတ္တဲ့ သေႏၶ ႀကီးေၾကာင့္ မေနႏုိင္ မထုိင္ႏုိင္ေတာ့တာ.....................။
တစ္ရက္ တစ္ရက္ မစပ္စု ရရင္ အတင္း မတုပ္ မရရင္ကုိ စားမဝင္ အိပ္မေပ်ာ္ ဘူး ဆုိတဲ့ လူစားမ်ဳိးက သီးသန္႔ ကုိ ရွိတာဗ်.....................။
ကြၽန္ေတာ့္ ေရွ႕က ဝါးျခမ္းျပား မပဲ ၾကည့္....................။
ကြ်န္ေတာ္စီးလာမိတဲ့ ကားအေကာင္းစားဆုိတာႀကီးကုိ စိတ္ဝင္စားျပီး စပ္စုခ်င္လုိ႕..................။
ကုိယ္နဲ႕ ဆုိင္ ဆုိင္ မဆုိင္ ဆုိင္ ကုိယ့္ထမင္းကုိယ္စားျပီးမေနနုိင္ မထုိင္နုိင္ သူမ်ားကိစၥ လုိက္စပ္စု အတင္းတုပ္ေနရမွ စားဝင္အိပ္ေပ်ာ္တာမ်ဳိး.....................။
"ငါ့ အသိ ကားေလ...................။
လမ္းျကုံလုိ႕ လုိက္ပုိ႕တာ....................။"
"ေအာ္ အဲ့လုိလား ဟိီးဟီး.................။
ေတာ္ေတာ္ေတာ့ ခ်မ္းသားမဲ့ပုံႀကီးေနာ္.......................။"
ခ်မ္းသာေနမွာေပါ့ သူ႔ ေငြမည္း ေတြနဲ႔......................။
"ေနာက္ၿပီး ငါေတြ႕ လုိက္ပါတယ္ ျဖဳိးႀကီးရာ နင္နဲ႔ စကား ေျပာ ေနတဲ့ ဘဲႀကီး က အဆင္ႀကီး ေနာ္......................။
အဲ့လုိ အဆင္ဘဲႀကီး နဲ႔ အတူတူ အနီးကပ္ ခြင့္ရတဲ့ နင့္ ကုိ အား ေတြ က်လုိက္တာဟယ္.......................။"
"ေအး...................။"
တုိတုိတုတ္တုတ္ ေျဖလုိက္သည္...................။
အျဖစ္မွန္ကုိ နင္ သိ ရင္ အားက် ႏုိင္အုံး မလား ဝါးျခမ္း ျပား မရာ.......................။
သိခ်င္တာ သိလုိက္ရေတာ့ စိတ္ေက်နပ္ျပီး တဟီးဟီးျဖင့္ ရယ္ေမာေနသည့္ ကြ်န္ေတာ္တုိ႕ ေနာက္တန္းက ႏွင္းအိကုိ စိတ္ကုန္ စြာ ၾကည့္မိသည္............။
ေရွ႕ခုံဘက္သုိ႔ ျပန္ လွည့္မည္အျပဳတြင္ အခန္းထဲသုိ႔ ကသုတ္ကရက္ ေျပး ဝင္လာၿပီး ႏွင္းအိထံ သုိ႔ အထုပ္တစ္ ထုပ္ပစ္ေပးရင္း ေလာႀကီး သုတ္ျပာ ျဖင့္ ျပန္ ထြက္ေျပး သြားသည့္ သက္လ်ာ.....................။
"ေရာ႕ေရာ႕ ႏွင္းအိ နင္မွာထားတာ ငါ သြားၿပီ....................။"
မသိရင္ ေနာက္တစ္စကၠန္႔ မွာ ကမာၻ ပ်က္ ေတာ့မွာလုိလုိ ဘာလုိလုိ အခ်ဳိးမ်ဳိးျဖင့္........................။
"ဟဲ့ ပ်ာကလပ္စိန္မ က နင့္ကုိ ဘာေပးသြားတာလဲ........................။"
မေနႏုိင္၍ ဝင္ေမးမိသည္...................။
"ေအာ္ အဟိ နင္တုိ႔ ေယာက်္ား ေလး ေတြ စိတ္ ဝင္စား မယ့္ဟာ ေတာ့မဟုတ္ပါဘူး......................။
ဒါေလ ဒါေလ.....................။"
ကြၽန္ေတာ္နားမလည္ သည့္ လက္ဟန္ အမူရာ ေတြ ျပရင္း သက္လ်ာ ေပးသြားသည့္ အထုပ္ကေလးကုိ ျဖည္ ျပ လာသည္........................။
စာအုပ္တစ္အုပ္....................။
ကာဗာ ဖုိတုိ တြင္ ေယာက်္ား ႏွစ္ေယာက္ ရွိသည္.....................။
က်ာပြတ္ ကုိင္ထားသည့္ တစ္ေယာက္က ၾကမ္းၾကမ္း ရမ္းရမ္း master ဒီဇုိင္းနဲ႔..........................။
ေနာက္တစ္ေယာက္ကၾကဳိးတုပ္ ကာ မ်က္လုံး ေတြ စည္း ေႏွာင္ ခံ ထား ရၿပီး ၾကမ္းျပင္ေပၚ ဒူး ေထာက္ ကာ မ်က္ႏွာ ကအေပၚသုိ႔ ေမာ့ထားေလသည္......................။
ၾကဳိးတုပ္ ခံ ထား ရသည့္ တစ္ေယာက္ ၏ မလုံ႔ တလုံ႔ အဝတ္စား ေအာက္မွ ေပၚ လြင္ ေနသည့္ ျဖဴျဖဴ ေဖြးေဖြး အသားရည္ ႏွင့္ သြယ္ လ်လ် ေပါင္တံ ရွည္ တုိ႔တြင္ နီရဲရဲ က်ာပြတ္ရာေလး ေတြက ေဆးျခယ္ထားသလုိ.........................။
ေခါင္းစဥ္က မာဖီးယား ရဲ႕ သက္ရွိ အရုပ္ကေလး တဲ့........................။
"အားးးးးးး ဟဲ့ေရ ကာ ဗာ ဖုိတုိ ႏွင့္တင္ေႂကြ ေနပါၿပီဟယ္ အားးးးးးးးး....................။"
သည္းသည္းလႈပ္လႈပ္ ဖ်တ္ဖ်တ္ခါ ေနသည့္ ႏွင္းအိ.....................။
ငလူး အနာ ေပၚ ဆားလာ သိပ္ ေနၾကတာလားဟ.........................။
************************************************************************************************************
ညေန အတန္းၿပီး၍ ေက်ာင္းဆင္းခ်ိန္တြင္ ငနုိင္ကေတာ့ ကြ်န္ေတာ့္ ထက္အရင္ အတန္းလစ္ေျပးသြားခဲ့တာမုိ႕ခါတုိင္း ေန႔ရက္ေတြလုိပင္ ကြ်န္ေတာ္တစ္ေယာက္တည္း ကားမွတ္တုိင္ဆီသုိ႕ ေလွ်ာက္လွမ္းလာမိသည္.....................။
ေဘးနားသုိ႕ ဝွီးခနဲ ထုိးရပ္လုိက္သည့္ကားတစ္စီး၏ အရွိန္ေျကာင့္ လူက လန္႕ျဖတ္ကာ ျပဳတ္က်မတတ္..................။
ေျမနုိးကား...................။
ဘယ္လုိေတြေတာင္ေမာင္းေနတာလဲကြ..........။
စိတ္ဆုိးဆုိးျဖင့္ ျပန္ရန္ေတြ႕ရန္အျပဳ ကားေပၚမွ ဝတ္စုံ ျပည့္ဝတ္ဆင္ကာ မ်က္မွန္အနက္ေတြ တပ္ဆင္ထားသည့္ လူတစ္ေယာက္ဆင္းလာျပီး ကြ်န္ေတာ့္ကို ဦးညြတ္လုိက္ရင္း ဆုိလာသည္.................။
"ေဘာ့စ္ ရဲ႕ အမိန္႕အရ သခင္ေလးကို လာျကုိတာပါခင္ဗ်.......................။
လန္႕ေအာင္လုပ္မိသလုိျဖစ္သြားရင္ ေတာင္းပန္ပါတယ္ခင္ဗ်......................။"
ဒီအျပဳမႈ ၊ ဒီဝတ္စုံ ၊ ဒီ ဒီဇုိင္းနွင့္လူေတြ.....................။
ကြ်န္ေတာ္သေဘာေပါက္လုိက္ျပီ..............။
ဟုိမာဖီးယား ရဲ႕ လက္ေအာက္ငယ္သား.....................။
ကြ်န္ေတာ္ ဖြင့္ေပးလာေသာ ကားတံခါးမွ တစ္ဆင့္ ကားေပၚသုိ႔ တြန္႔ လိမ္ ရႈံ႕ တြ ေနေသာ မ်က္ႏွာ ျဖင့္ ဝင္ထုိင္လုိက္သည္............။
နာရီဝက္အျကာတြင္ေတာ့ မနက္ကေရာက္ခဲ့ေသာ ျခံဝန္းသုိ႕ ေရာက္ရွိသြားေတာ့သည္.................။
ထုိလူ႔တပည့္က ကြၽန္ေတာ့္ကုိ ရုိရုိ ေသေသပင္ ကားတံခါး ဖြင့္ ေပး လာေလသည္.....................။
ကြၽန္ေတာ္ ကားေပၚမွ ဆင္းလုိက္သည္.....................။
ကြၽန္ေတာ္အိမ္ထဲ သုိ႔ ေျခ ခ် လုိက္သည္ ႏွင့္ အသက္ ႏွစ္ဆယ္ေက်ာ္ အ႐ြယ္ ခန္႔ ရွိ မိန္းကေလး တစ္ဦးႏွင့္ အသက္ငါးဆယ္ေက်ာ္အရြယ္ရွိ အေဒၚႀကီး တစ္ဦး တုိ႔ မွ ၾကဳိဆုိ နႈတ္ဆက္လာေလသည္........................။
သူတုိ႔ ႏွစ္ဦး ၏ နာမည္က မိထက္ႏွင့္ ေဒၚစိန္တဲ့....................။
ရင္းႏွီးေဖာ္ေ႐ြ ဟန္ရွိေသာ မိထက္ေၾကာင့္ နည္းနည္းေတာ့ စိတ္သက္သာရာရမိသည္.....................။
ကြ်န္ေတာ့္ အတြက္ ျပင္ဆင္ေပးထားေသာ အခန္းဆုိသည့္ ေနရာသုိ႕ ကြ်န္ေတာ့္ကုိ မိထက္ကလုိက္ျပေပးခဲ့သည္.......... ............။
ျကီးမားက်ယ္ျပန္႕သည့္ အိမ္တြင္း ဒီဇုိင္း................။
ေခတ္မွီပရိေဘာဂတုိ႕ ၊ မီးပန္းတုိ႕ ျဖင့္ေခတ္မွီဆန္းသစ္ ကာ ခမ္းနားလွသည့္အျပင္ဆင္ တုိ႕ျဖင့္ သပ္ရပ္လွပလြန္းသည္....................။
မနက္က ထိတ္လန္႔ ေၾကာက္႐ြ႕ံ ေနခဲ့ ရသည္မုိ႔ ေသခ်ာ ေတာင္ သတိမျပဳမိခဲ့...................... .......။
ဒုတိယထပ္မွ အခန္း တစ္ခန္း ေရွ႕ သုိ႔ အေရာက္တြင္ မိထက္က ဆုိလာသည္.........................။
"ဒီအခန္း မွာ ေနရမွာပါ....................။
ကေတာ္ေလး ရဲ႕ ပစၥည္း ေတြ အားလုံး ကုိ မိထက္ ေသခ်ာ ေနရာ ခ် ေပး ထားပါတယ္ရွင့္....................။"
မိထက္က ေျပာရင္း ထြက္ ခြာ သြား ေလေတာ့သည္.........................။
ကြၽန္ေတာ္ အခန္း တံခါးကုိ တြန္းဖြင့္ ရင္း အတြင္းသုိ႔ ဝင္ေရာက္လုိက္သည္.......................။
ဝါး လက္ရွိကြ်န္ေတာ္ ေနေနသည့္ အေဆာင္ခန္း ဆယ္ခန္းေပါင္းစာေလာက္ရွိသည့္ အခန္းျကီးက ကြ်န္ေတာ့္အိပ္ခန္းတဲ့ေလ.......................။
တကယ္ကို ေလာကျကီး က လူခ်မ္းသာေတြအတြက္ပဲဗ်ာ...................။
ကြ်န္ေတာ့္ အေဆာင္ကေန ေျပာင္းေရြ႕ယူလာတဲ့ အထုပ္ပုိးေတြကုိလည္းေသခ်ာ ေနရာခ်ေပးထားျကသည္.............။
ကုိယ္ပုိင္ေရခ်ဳိးခန္း ၊ အိမ္သာ ၊ ကုတင္ ၊ စာျကည့္စားပြဲ ၊ စာျကည့္မီးအိမ္ စသျဖင့္ ဘာမွ ေျပာစရာမရွိသည့္ ႀကီးမားသည့္အခန္းက်ယ္တစ္ခန္း....................။
King size ေရျမဳပ္ ေမြ့ရာႀကီးက ကြၽန္ေတာ့္ကုိဆြဲ ေဆာင္သြားသည္မုိ႔ ကုတင္ထက္ ေျပးတက္ရင္း ခုန္ေပါက္ၾကည့္ သည္....................။
ေပ်ာ္ရႊင္ စြာ လူး လွိမ့္ၾကည့္သည္.........................။
ေနာက္မွ မေပါ့ပါး ေတာ့သည့္ ကုိယ့္ကုိယ္ခႏၶာကုိယ္ကုိ သတိရသြားကာ ကုိယ္ရွိန္သပ္လုိက္ရသည္........................... ။
ကုတင္ေပၚ မွ ခုန္ဆင္းလုိက္ၿပီး ဒီလုိအခန္း ရသည့္အတြက္ ေပ်ာ္ရႊင္စြာ လက္ခုပ္တီးလုိက္မိသည္........................။
ေန႔အလား လင္းထိန္ ေနသည့္ အခန္းက ေမွာင္ က် သြားသည္.........................။
သရဲေျခာက္ခံ ထိၿပီ ဟု လန္႔ မေအာ္မိခင္ ပါးစပ္ကုိ အျမန္လွမ္း ပိတ္လုိက္ရင္း တစ္စုံ တစ္ခု ကုိ ေတြး မိလုိက္ေသာေၾကာင့္ အေမွာင္ထဲ တြင္ ရပ္ရင္း လက္ႏွစ္ဖက္ကုိ ျပန္ ထပ္လုိက္ကာ လက္ခုပ္ ျပန္တီးလုိက္သည္............................။
အေမွာင္အတိ ဖုံးလႊမ္း ေနေသာ အခန္းက်ယ္က ျပန္လင္း ထိန္လာေလသည္......................။
yesss!
လက္သီး ဆုပ္ကာ ေႂကြးေၾကာ္ လုိက္ရင္း လက္ခုပ္ ျပန္တီးသည္.......................။
ေမွာင္က်သြားသည္.....................။
တဖန္လက္ခုပ္ျပန္တီးသည္......................။
ျပန္လင္းလာသည္.........................။
အခန္း အတြင္း ရွိ မီး မ်ားသည္ ျပန္လင္းလုိက္ ျပန္ေမွာင္လုိက္ျဖင့္ မွိတ္တုတ္ မွိတ္တုတ္ ျဖစ္ေနေတာ့သည္.........................။
ထုိကဲ့သုိ႔ ရွစ္ခါ ကုိးခါ ခန္႔ ျပဳ လုပ္အၿပီး တြင္ေတာ့ ဒါက နည္းနည္း ရုိးသြားၿပီမုိ႔ စိတ္မဝင္စားခ်င္ေတာ့ေပ..........................။
ဒီဇုိင္း ဆန္းသစ္ကာ လူ တစ္ရပ္ေက်ာ္ေအာင္ ျမင့္ ေသာ ခမ္းညား လွသည့္ ကြၽန္း ဗီဒုိ ႀကီး ထဲက ကြၽန္ေတာ့္ အက်ီ ၤေတြ ကုိ ၾကည့္ ခ်င္မိသည္မုိ႔ ထုိနား သြားၾကည့္လုိက္သည္.......................။
ဗီဒုိတံခါး ပြင့္ သြား ခ်ိန္ တြင္ အတြင္း ရွိ ဗီဒုိ တစ္ဖက္ျခမ္း မွ အဝတ္အစား မ်ားက ကြၽန္ေတာ့္ကုိ ဒိြ ဟ ျဖစ္ေစသည္.......................။
suit ေတြ ..................။
အံဆြဲ ကုိ ဆြဲ ဖြင့္ၾကည့္ လုိက္ေတာ့ စီရရီ ထည့္ထားသည့္ နက္ခတုိင္ ေတြ။
ေနာက္ထပ္ အံဆြဲ တစ္ခုကုိ အေလာတႀကီး ဆြဲ ၾကည့္လုိက္ေတာ့ အံဆြဲ ႏွင့္အျပည့္ brand ေပါင္းစုံ မွ နာရီ ေတြ..................။
ထုိဝတ္စုံ ၊ အက်ီ ၤ ေတြ ၏ ဆုိဒ္ေတြက ဝတ္ေနက် L ဆုိဒ္ ထက္ ႀကီး သည္ XL ေတြ ........................။
ဒါေတြ က ဘယ္လုိ မွ ကြၽန္ေတာ့္ဟာ ေတြ မျဖစ္ႏုိင္............................။
အခန္း ထဲ သုိ႔ တဖန္ ေဝ့ဝဲ ၾကည့္ မိေတာ့ အခန္း ထဲ ရွိ အရာအားလုံး သည္ ႏွစ္ခု စီ ရွိေနသည္..........................။
အလုိလုိ သိစိတ္အရ ဒါေတြအားလုံးသည္ ထုိလူ႔ ပစၥည္းေတြ မွန္း သိလုိက္သည္........................။
သူတုိ႔ ဘာေၾကာင့္ ကြၽန္ေတာ့္ အခန္းနဲ႔ ထုိလူ႔ အခန္းကုိ အတူတူ တစ္ခန္းတည္း စီမံထားရတာလဲ .....................။
အမွား လုပ္မိၾကတာမ်ားလား........................။
စိတ္ရႈပ္ေထြး စြာ ျဖင့္ ေမးျမန္း ၾကည့္ရန္ တံခါး နား မွ ဘဲလ္ကုိ ႏွိပ္လုိက္သည္.......................။
တစ္ေအာင့္အၾကာတြင္ မိထက္ ေရာက္ရွိလာေလသည္.......................။
"ဘာမ်ား ခုိင္း ခ်င္တာ ရွိလုိ႔လဲ ဟင္....................။"
"ဒါ........... ကြၽန္ေတာ္ ေမးခ်င္တာ ရွိလုိ႔ပါ...................။
ဒါ..........ဒီ အခန္း က ကြၽန္ေတာ့္ အခန္းဆုိတာ ေသခ်ာ လားဗ်........................။"
"ဟုတ္ပါတယ္ရွင့္......................။"
ကြၽန္ေတာ္ ေခါင္း ခါရမ္း ရင္း ေျပာလုိက္သည္....................။
"မဟုတ္ ေသးဘူး ထင္တယ္ဗ်...................။
ဘာေၾကာင့္ ကြၽန္ေတာ့္ အခန္း ထဲ မွာ ကြၽန္ေတာ့္ပစၥည္း ေတြ အျပင္ တစ္ျခား တစ္ေယာက္ ဟာ ေတြပါ အတူတူ ရွိ ေနရတာလဲဗ်.......................။"
"ေအာ္ ဒါလား.................။"
မိထက္က အခန္း တြင္းသုိ႔ ေဝ့ဝဲ ၾကည့္ၿပီး ေနာက္ ခုိးခုိးခစ္ခစ္ ရယ္ လုိက္ရင္း ဆုိလာသည္....................။
"အစ္ကုိေလး က ကေတာ္ေလး ပစၥည္း ေတြ အားလုံး ကုိ သူ႔ အခန္း ထဲ မွာပဲ ေနရာ ခ် ေပးထား ဖုိ႔ မွာ ထား ခဲ့တာမုိ႔ပါရွင့္......................။"
"ဘာ!!!!"
*********************
Happy New Year ပါလုိ႔ၾကဳိတင္ နႈတ္ခြန္းဆက္သလုိက္ပါတယ္🥰။
ႏွစ္သစ္မွာ အားလုံး ေဘးအႏၲရာယ္ ကင္းကင္းနဲ႔ ေပ်ာ္ရႊင္ ႏုိင္ၾကပါေစေနာ္😘။
က်န္းက်န္းမာမာ ရွိၾကပါေစ🥰😘။
(စာဖတ္သူတစ္ေယာက္ခ်င္းစီတုိင္းကုိေက်းဇူးတင္ပါတယ္😘😘။)
(31/12/2021)
(Written by Merrylay08)
************************************************************************************************************************************************