နူးညံ့တဲ့ အမိန့်တော် ( နူးညံ့...

By Khant_Thon_Hlaing

367K 23.2K 1.5K

Military Service ပြီးဆုံးပြီး စစ်ပွဲတွေ ရပ်တန့်သွားခဲ့ရင် လှပတဲ့ နွေဦးတစ်ခုမှာ နတ်ဘုရား တွေကိုတိုင်တည်ပြီး... More

intro
part - 1
part - 2
Part - 3
part - 4
Part - 5
Part _ 6
Part - 7
Part - 8
Part - 9
Part - 10
Part - 11
Part - 12
Part - 13
Part - 14
Part - 15
Part - 16
Part - 17
Part - 18
Part - 19
Part - 20
Part - 21
Part - 22
Part - 23
Part - 24
Part - 25
Part - 26
Part - 27
Part - 29
Part - 30
Part - 31
Part - 32
Part - 33
Part - 34
Part - 35
Part - 36
Part - 37
Part - 38
Some Facts of my fiction
Part - 39
Part - 40
Part - 41
Part - 42
Part - 43
Part - 44
Part - 45
Part - 46
Part - 47
Part - 48
Part - 49
Part - 50
Part - 51
Part - 52
Part - 53
Part - 54
Part - 55
Part - 56
Part - 57
Part - 58
Part - 59
Part -60
Part - 61(Unicode )
Part - 61 Zawgyi
Part - 62
Part - 63
Part - 64
Final
ရှင်းလင်းချက်နှင့် ကျေးဇူးတင်လွှာ
Extra 1
Extra 2
Khant with Charles &Dream
Extra - 3
Special ending
Special ending

Part - 28

3.9K 342 8
By Khant_Thon_Hlaing

( UNI )

Bar တစ်ခု တစ်နည်းအားဖြင့် Dream တို့ ထိုင်နေကြ Bar ဆိုင် တစ်ဆိုင်
Dream မသောက်ဖြစ်သည်မှာ ကြာပြီဖြစ်ကာ လမင်း အခေါ်တော်ရှိ၍ ခရီးမထွက်မှီညတွင် သူတို့ သုံးယောက် Bar သို့ရောက်ချလာခြင်းဖြစ်သည်။
စင်ပေါ်မှ Live music အား နားထောင်ရင်း Dream ဖုန်းမှ တောင်ခနဲ message သံ ထွက်လာသည်။
Message သံမှာ သူ သီးသန့် ထားသည့် နံပါတ်ထဲမှ ဖြစ်၍ Dream ဖွင့်ကြည့်လိုက်သည်။
ပို့လာသူမှာ Pole ဖြစ်ကြောင်း သူသိနေကာ စာမှာ အတည်ပြုဟန် မေးခွန်း တစ်ခုပင်။

Pole - မင်း Bar ရောက်နေတာလာ

ထိုစာကြောင့် Dream ပတ်ဝန်းကျင် အား အမြန် လှည့်ပတ်ကြည့်လိုက်မိသည်။သို့သော် Poleနှင့် တူတာ မတွေ့။ထို့ကြောင့် Dream ပြန်မေးလိုက်သည်။

Dream - မင်း ဘယ်လိုသိလဲ

Pole - မင်း smoking area ကို ထွက်ခဲ့

Pole ထံမှ ထိုစာ ရသည်နှင့် Dream ဖုန်းပိတ်ကာ ဝိုင်းမှ ထလာသည်။
Dream ဝိုင်းမှ ထလာသောကြောင့် လမင်းက သူ့အား ကြည့်ကာ မေးလာသည်။

"မင်း ဘယ်သွားမလို့လဲ "

"ဆေးလိပ် ထွက်သောက် မလို့ "
Dream အဖြေကြောင့် သူရိန်က ကြားထဲမှ ဝင်သတိပေးလာသည်။

"မင်း အခုမှ ဆေးရုံ ဆင်းခါစနော် သောက်မယ်ဆို ရိုးရိုး စီးကရက် ဘဲသောက် "

"အေးပါကွာ ငါသွားပြီ "
သူတို့အား ကျောခိုင်းထွက်သွားသော Dream ကျောပြင်အား ကြည့်ကာ သူရိန်နှင့် လမင်းမှာ ခေါင်း တစ်ခါခါနှင့်။

Dream Smoking area ရောက်ချိန်တွင် လူရှင်းနေကာ ချထားပေးသော ခုံတွင် လူ တစ်ယောက် ဆေးလိပ်ထိုင်သောက်နေသည်။ ထိုသူကတော့ အခြားသူ မဟုတ် Dream အခေါ် Pole ဆိုသူ ဖြစ်သည်။
Dream မအီမသာ ရုပ်ဖြစ်နေသော Pole နား ဝင်ထိုင်ကာ မေးလာသည်။

"မင်းရုပ်ကြီးက ဘာဖြစ်လာတာလဲ "

"ထုံးစံ အတိုင်း ဒယ်ဒီနဲ့ စကားများလာတာ ဘဲပေါ့ "
Pole က ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလာသည်။
Dream သူ့ဘေးမှ pole၏ ရှုးဖိနပ်မှ မြေကြီးပျော့ အချို့ ကပ်နေသည်အား တွေ့၍ မျက်မှောင်ကြုတ်ကာ Poleအား မေးလာသည်။

"မင်း ရန်ဖြစ်လာတာလား "
Dream သူ့ဖိနပ်အား ကြည့်နေရင်း မေးနေသောကြောင့် Poleပြုံးလိုက်မိသည်။

"မျက်ကပ်မှန်ကြောင့်ဘဲလား တော့မသိပေမဲ့ မင်းရဲ့ အမြင်အာရုံက အတော်ကောင်းလာတယ် "

"ကျစ်..မေးတာသာ ဖြေစမ်းပါ "
Dream စကားကြောင့် Pole ဆေးလိပ်ငွေ့များအား ပျင်းရိစွာ မှုတ်ထုတ်ရင်း ပြန်ဖြေလာသည်။

"ရပ်ကွက် လမ်းကြားမှာ ကောင်လေး တစ်ချို့နဲ့ အပျင်းပြေ ကစားလာရုံလေးပါ "

Poleအဖြေကြောင့် Dream နှာခေါင်းရှုံ့လိုက်သော်လည်း ဘာမှ တော့ ပြန်မပြောလာ။
Pole၏ အပျင်းပြေ ကစားခြင်းမှာ Baseball တုတ်တံတစ်ကားကားနှင့် သူတီးကိုယ်တီး ဆော်ကြခြင်းမှန်း Dream သိသည်။
ကြည့်ရသည်မှာ သူ့ဘေးမှကောင်သည်လည်း အတော်ထိလာဟန်ရှိပေမဲ့ မျက်နှာ တစ်ချက်မှပင် မပျက်ဘဲ အေးဆေးစွာဆေးလိပ် ထိုင်သောက်နေသောကြောင့် Dream မပူတော့။
Pole ဘယ်လောက်ဒူပေနာပေ ခံလဲ သူသိသည်။

"မင်း ခရီးထွက် မလို့ဆို "
Poleက အရှေ့ဘက် သို့ ခပ်တွေတွေ ကြည့်ရင်း Dreamအားမေးလာသည်။

"အေး ချောင်းသာကို မနက်ဖြန် နေ့လည် ထွက်မှာ
မင်း လိုက်ဦးမလား "

"မပြောတတ်သေးဘူး မင်းဘဲ ကောင်းကောင်း ပျော်ခဲ့ပါ ငါက မင်းလို မဟုတ် ဘူး အလုပ်နဲ့ အကိုင်နဲ့ "

အကောင်းပြောနေရင်း ထဖောက်ကာ သူ့အား ဖဲ့လာသော Poleကြောင့် Dreamဆဲချင်သည်မှာ ပါးစပ်များပင် ယားလာသည်။
Poleက ဘေးမှ ချထားသော စီးကရက် ဘူးအား Dreamထံကမ်းပေးလာသော် Dreamက အလိုက်တသိ ပင် စီးကရက် တစ်လိပ် ထုတ်ကာ မီးညှိလိုက်၏။
ထို့နောက် နီဆွေးဆွေး နှုတ်ခမ်း များက စီးကရက်အား တစ်ချက်ဖွာရှိုက်ကာ ဆေးလိပ်ငွေ့များအား ဖြည်းညှင်းစွာ မှုတ်ထုတ်လိုက်သည်။

ပြီးနောက် ရှေ့တူရှု့သို့ ငေးကြည့်ရင်း သူ့ဘေးမှ Poleအား ပြောလာသည်။

"ငါ လူတစ်ယောက်အကြောင်းစုံစမ်းချင်လို့ မင်းမှာ ယုံကြည်ရတဲ့ လူရှိလား "

Dreamစကားကြောင့် Pole မျက်မှောင်ကြုတ် ကာ သိလိုစိတ်နှင့် မေးလာသည်။

"မင်းက ဘယ်သူ့ကို စုံစမ်းမလို့လဲ "

Dream သူ၏ဖုန်းထဲမှ ပုံ တစ်ချို့ အား Poleထံ ပို့ပေးလိုက်သည်။
သူ့ထံ ဝင်လာသော ဓာတ်ပုံ များအား ကြည့်ကာ Poleမှာ Dreamအားနားမလည်သလို မေးလိုက်သည်။

"သူက မင်းစီနီယာ မလား "
Dream အသာ ခေါင်းငြိတ်ပြရင်း ဆေးလိပ်ငွေ့များမှုတ်ထုတ်ခြင်းနှင့်အတူ သက်ပြင်းပါ ချလိုက်သည်။

"ဟုတ်တယ် တစ်ချို့ ကိစ္စတွေကို အတည်ပြုစရာ လိုနေလို့"

"မင်း သေချာ လို့လား သူ့အကြောင်းသိချင်တာ"
Dreamအား သေချာအောင် Poleထပ်မေးလိုက်သည်။

"အင်း...လွန်ခဲ့တဲ့ နှစ်နှစ်ကစပြီး ခုချိန်ထိ သူ့ရဲ့ လှုပ်ရှား မှု တွေကို သိချင်တယ် "

Dream စကားကြောင့် Poleက သူ့ပုခုံးအား ခပ်ဖွဖွ ပုတ်ရင်း ပြောလာသည်။

"မင်းစုံစမ်းလည်း မထူးဘူး ဘာမှ တွေ့မှာ မဟုတ်ဘူး "

Pole စကားကြောင့် Dreamသူ့ဘက် အမြန်ခေါင်းလှည့်လာကာ မေးခွန်းပါသည့် အကြည့်ဖြင့် ကြည့်လာသည်။
ထိုအခါ Poleက ပြောသင့် မပြောသင့် ချင့်ချိန်ရင်း နောက်ဆုံး သက်ပြင်း ခပ်ဖွဖွ ချကာ ပြောလာသည်။

"တကယ်တော့ လွန်ခဲ့တဲ့ တစ်လ လုံးလုံး သူ့နောက်ကို ငါ့အဖေ လူတွေ လိုက်နေခဲ့တာ "

Pole စကားကြောင့် Dream အံ့သြဟန်ဖြစ်သွားကာ စိတ်လှုပ်ရှားစွာဖြင့် အမြန်မေးလာသည်။

"ဘာလို့လဲ ဘာလို့ မင်းအဖေက သူ့နောက်ကို လိုက်နေရတာလဲ "

"တကယ်တော့ ငါကိုယ်တိုင်ပါ သူ့နောက် လိုက်ခဲ့တာ "
Poleစကားကြောင့် Dream ပိုအံ့သြသွားကာ ဘာမှ မေးမလာတော့ဘဲ Poleဆက်ပြောမည့် စကားကိုသာ စောင့်နေလိုက်သည်။

"မင်းမှတ်မိသေးလား ငါ မင်းကို ပြောခဲ့တဲ့ Gods အဖွဲ့အကြောင်းလေ "

Gods ဆိုသည့် နာမည်ကြောင့် Dream တစ်ယောက် နှလုံးခုန် မြန်လာကာ လက်ဖျားများ အေးစက်လာသည်။
စိတ်လှုပ်ရှားမှုအား ဖုံးကွယ်ရန် လက်ထဲမှ စီးကရက်အား တစ်ချက် ဖွာရှိုက်လိုက်သည်။

"သူက Gods အဖွဲ့က ဖွဲ့ထားတဲ့ Alpha ဆိုတဲ့ ကြေးစားအဖွဲ့ရဲ့ ခေါင်းဆောင်Wolfနဲ့ အရမ်းတူလွန်းတယ် "

Poleစကားကြောင့် ရှေ့သို့ ကြည့်နေသောDream မျက်ဝန်းများက မတည်မငြိမ်ဖြစ်လာသော်လည်း Poleနှင့် ဘေးချင်းယှဥ် ထိုင်နေသောကြောင့် Poleမှာ သတိမထားမိလိုက်။

"အဲ့တော့ အဲ့Alpha ဆိုတဲ့ အဖွဲ့ရဲ့ ခေါင်းဆောင်ကို မင်းမြင်ဖူးတယ်ပေါ့ "

Dream အမေးကြောင့် Poleတစ်ချက် လှောင်ရယ်လိုက်သည်။
"ဟက်...ငါသာ သူ့မျက်နှာကို မြင်ဖူးရင် မင်းစီနီယာဖြစ်တဲ့ ချားလစ်ဝိန်း အကြောင်း အပင်ပန်းခံပြီး လိုက်စုံစမ်းဦးမယ်လို့ ထင်နေတာလား
အဲ့ Alphaဆိုတဲ့ အဖွဲ့က ဘယ်တော့မှ public မထွက်ဘူး
ဖြစ်နိူင်တာက သူ့တို့လည်း ငါ့လို သာမန် ဘဝမှာ မျက်နှာ နှစ်ခုနဲ့နေထိုင်ကြလောက်တယ်"

Pole စကားကြောင့် Dreamမှာ ပို၍ပင် သူ၏ သံသယများ သေချာလာသလို ခံစားလိုက်ရသည်။ထိုသို့ သေချာ မှု့နှင့် အတူ စိုးရိမ်မှု များက အလုံးအရင်းနှင့် ဝင်လာကာ သူ့စိတ်ဝိညာဥ် တစ်ခုလုံးမှာ အနက်ရှိုင်းဆုံးသမုဒ္ဒရာ အောက် နှစ်မြုပ်သွားသလို အေးစက်မှု အလုံးစုံ အား ခံစားလိုက်ရ၏။

!မဖြစ်နိူင် ပါဘူး ကိုချားက အဲ့လိုလူ ဆိုတာ ဘယ်နေရာက ကြည့်ကြည့်ဖြစ်နိူင် တာ!

ထို့နောက် အနည်းငယ် တုန်ရီချင်သော သူ့အသံအား ထိန်းကာ Poleအား မေးလိုက်သည်။
"မင်းသူ့ကို စုံစမ်း တာ ဘာတွေ့သေးလဲ "

Pole ဆေးလိပ်ငွေ့များ မှုတ်ထုတ်ရင်း ခေါင်းခါလာသည်။
"ဘာမှ မတွေ့ဘူး အကုန် ပုံမှန်ဘဲ ကျောင်းဆောင်မှာ မနေရင် သူ့တိုက်ခန်းမှာ နေတယ် ကျောင်းနဲ့ သင်တန်းသွားတယ် ပြီးတော့ ထူးထူးဆန်းဆန်း လွန်ခဲ့တဲ့ နှစ်နှစ်ကစ အခုထိ အပတ်တိုင်း ငါတို့ကျောင်းနား Cafeဆိုင်မှာ အမြဲထိုင်တယ် "

Pole စကားအား Dream အံ့သြ ဟန်မပြ။ ချားလစ်အပတ်တိုင်း သူတို့ကျောင်းနားက cafeတွင် လာထိုင်နေကြ ဖြစ်မှန်း သူသိနေပြီး ဖြစ်သောကြောင့် ပင်။

"ငါသိတယ် သူ အပတ်တိုင်း ငါတို့ကျောင်းနား ကcafeမှာ လာထိုင်နေကြဆိုတာ ဒါပေမဲ့ ဒီလောက် အဝေးကြီး ကို ဘာလို့ တကူးတက လာထိုင်မှန်း ငါ စဥ်းစား လို့ ကို မရဘူး "

Dream စိတ်ရှုပ်ဟန် ပြောလာသောကြောင့် Pole ခပ်တိုးတိုး ရယ်လိုက်သည်။

"ဟက်..မင်း မသိဘူး ငါတော့ သိတယ် ပြီးတော့ မင်းနဲ့ ပတ်သက်တဲ့ ကိစ္စတစ်ခုလည်း ငါသိထားတယ် "
Pole စကားကြောင့် Dream မှာ Poleဘက်သို့ သိချင်စိတ်ဖြင့် အမြန်လှည့်ကြည့်လာသည်။
Dream ၏ သိချင်စိတ်အပြည့်ပါသည့် မျက်ဝန်း တောက်တောက်ကြောင့် Poleပြုံးကာ အပေးအယူ ဆန်သော စကားအား ဆိုလာသည်။

"မင်းပိုင်တဲ့ မြိတ်ဘက်က ပုလဲ လုပ်ငန်းမှာ ငါ့ကို ရှယ်ယာဝင်ခွင့်ပေး "

Poleစကားကြောင့် Dream နားမလည်သလို မျက်မှောင်ကြုတ်ကာ မေးလာသည်။

"မင်းက စီးပွားရေး လုပ်မလို့လား ဒါမှမဟုတ် မင်းအဖေ အတွက်လား မင်းအဖေ အတွက်ဆိုရင်တော့ Noနော် ငါ့အမေက ခွင့်ပြုမှာ မဟုတ်သလို ငါလည်း ခွင့်မပြုဘူး မင်းဆီက မသိရရင်လည်းနေပါစေတော့ ငါကိုယ်တိုင်  ဘဲ စုံစမ်းတော့မယ်"

သူ့အဖေအတွက် ဖြစ်မည် စိုး၍ အမြန်ငြင်းချက် ထုတ်လာသောDream ကြောင့် Poleမှာ အော်ရယ်မိမတတ်ပင် ။

"ရမလားလို့ ပြောကြည့်တာကို အတင်းကို ငြင်းတော့တာဘဲ ဟွန့်.."

Poleက မကျေမနပ် ပြောလာကာ နောက်ဆုံးတွင်လည်း Dreamအား သူသိထားသည့် ကိစ္စတစ်ချို့အား ဖောက်သည် ချလာသည်။

"တကယ်က Dreamရ အဲ့အစ်ကို အပတ်တိုင်း cafeဆိုင်မှာ သွားထိုင်တာက ငါတို့ကျောင်းက ကောင်လေး တစ်ယောက်ကို လာကြည့်တာတဲ့
ကောင်မလေး မဟုတ်ဘူးနော် ကောင်လေး ကို ပြီးတော့ နှစ်နှစ်လုံးလုံး ဘဲ"

Pole စကားကြောင့် Dreamမှာ စိတ်လှုပ်ရှားလာကာ Poleအား အမြန်ပြန်မေးလာသည်။

"မင်းကို ဘယ်သူပြောလဲ သူကောင်လေး တစ်ယောက်ကို လာစောင့်နေတာလို့ "

"ငါ မရူပါ ကို အစ်အောင့်မေးလာတာ ဒါပေမဲ့ နှမြောစရာက အဲ့ကောင်လေး ဘယ်သူမှန်း မရူပါ လည်း မသိတာဘဲ ပြီးတော့ မင်းနဲ့ပတ်သက်တာ ရှိသေးတယ် မင်းသိပြီးပြီလားတော့ မသိဘူး
မင်း လွန်ခဲ့တဲ့နှစ်နှစ် ကားတိုက်ခံရတုန်းက ဆေးရုံ ပို့ပေးခဲ့တာ သူဘဲ"

"ဘာ..ငါ့ကို ဆေးရုံ ပို့ခဲ့တာ သူဟုတ်လား "
Dream အလန့်တကြား Poleအား မေးလာသောကြောင့် Poleမှာ Dreamအား မယုံသလို ကြည့်ကာ ပြောလာသည်။

"မင်း မသိဘူးလို့တော့ ငါ့ကို လာမပြောနဲ့နော် "
Dream မှာ Poleအား ကြည့်ရင်း ခေါင်းအသာ ခါပြလာသောကြောင့် Poleမှာ Dreamအား စိတ်ကုန်သလို အကြည့်ဖြင့်ကြည့်ကာ ပြောလာသည်။

"မင်းက ကိုယ့်ကို ကယ်ခဲ့တဲ့ လူကိုတောင် မသိတဲ့ သောက်ရူးကောင်ဘဲ "
ထိုစဥ်က သူ့ကို ကယ်ခဲ့သည့် လူက ချားလစ်ဝိန်း တဲ့လား။
သူ့ကို ဆေးရုံ ပို့ပေးကာ အရေးပေါ် သွေးလှူ ခဲ့သည့်သူက ချားလစ်ဝိန်း တဲ့လေ။
ရင်မှ တစ်သိပ့်သိပ်ကြည်နူးရခြင်းနှင့် အတူ ကံကြမ္မာ ဆိုသည့်အရာကိုလည်း အံ့ဩ မိလာသည်။
သူတို့က အဲ့ဒီ အချိန်တည်းက တွေ့ဆုံ ခဲ့ကြသည်လား။
သူ ဘာလို့ များ ထိုလူသားကို စောပြီး မရှာခဲ့မိတာပါလိမ့်။
ဒါဆို ချားလစ်ဝိန်း အစဥ် လာစောင့်နေတတ်သူက သူများလား။
ထို အတွေးလေးသည်ပင် သူ့အားပျော်ရွှင်ကြည်နူးမှုကို ခံစားလာရစေသည်။
တကယ်လို့ ချားလစ်ဝိန်း က Gods အဖွဲ့ဝင် ဖြစ်နေရင်ရော ဘာအရေးလဲ။
သူချစ်တာ ချားလစ်ဝိန်း ကိုသာ။ ထိုလူ၏ ဖြစ်တည်မှု လေးကိုသာ။
ထိုလူရဲ့ အလုပ် ထိုလူရဲ့ နောက်ကြောင်းရာဇဝင်အား သူဂရုစိုက်နေမည် မဟုတ်။

သို့ပေသိ သူ့မှာ တွေးစရာ လေးတွေ များပြားနေသေးသည်ကလည်း အမှန်ပင်။
Gods ဆိုတာ လက်နက်မှောင်ခို လုပ်ငန်းကို သူ့အဖေနှင့် အပြိုင် လုပ်နေသည့် အဖွဲ့။
ဦးဇေယျာမင်းသစ် အကြောင်းစုံစမ်းချင်လို့ ဦးဇေယျာမင်းသစ်ရဲ့ သား ဖြစ်တဲ့ သူ့ကို ရည်ရွယ်ချက် ရှိရှိ ချည်းကပ်လာတယ် ဆိုရင်ရော မဖြစ်နိူင်တာ မဟုတ် ဖြစ်နိူင်ချေ များစွာ ရှိသည်။

သို့သော်လည်း ချားလစ်ဝိန်း ဟာ Gods အဖွဲ့ဝင် ဖြစ်နိူင်ချေ နည်းလွန်းကာ Gods လို နိူင်ငံတကာ ကြေးစား အဖွဲ့ကလည်း သူ့အဖေကို စာရင်းထဲ ထည့်နိူင်ချေ နည်းလွန်းသည်။
သူကိုယ်တိုင် ကဘဲ အတွေးလွန် နေတာလည်း ဖြစ်နိူင်သည်။

! တိုက်ဆိုင် သွားတာဘဲ နေမှာပါ ဟုတ်တယ် ငါအတွေးလွန်နေတာ !

Dream ဆေးလိပ်အား တစ်ချက် ဖွာရှိုက်လိုက်ကာ Poleအား မေးလိုက်သည်။

"တကယ်လို့ ချားလစ်ဝိန်း သာ Gods အဖွဲ့ဝင်ဆို မင်းဘာလုပ်မှာလဲ "

Dream အမေးကြောင့် Poleက Dream ဘက် စိတ်ဝင်တစား လှည့်ကာ ပြန်မေးလာသည်။

"မင်းသိနေတာ ရှိနေတာလား "

Pole အမေးအား Dream မသိကြောင်း အသာ ခေါင်းခါ ပြလိုက်သည်။အကယ်စင်စစ်တွင် တစ်ချို့ ကိစ္စအား သူသိနေသော်လည်း သူဖွင့်ပြောမည် မဟုတ်။
ဥပမာ ချားလစ်ဝိန်း ထံတွင် Gods sign tattoo ရှိနေတာမျိုးပင်။
Pole၏ ရည်ရွယ်ချက်အား မသိမချင်း သူချားလစ်ဝိန်းနှင့် ပတ်သက်၍ တစ်ခွန်းမှ ဟမည်မဟုတ်။

Dream ခေါင်းခါ ပြလိုက်သောကြောင့် Poleမှာ အနည်းငယ် စိတ်ဓာတ်ကျသွားသော်လည်း တစ်ခဏသာ ။ထို့နောက် သူ့အတွေးအား ပြောလာသည်။

"တကယ်တော့ သူတို့ နှစ်ယောက်ပုံစံက ဆင်လို့ စုံစမ်းမိရုံဘဲ ရှိတာပါ ဒါပေမဲ့ ဘာမှ မတွေ့ဘူး
ပြီးတော့ ချားလစ်ဝိန်း ဆိုတာ social ကောင်းပြီး အမြဲတက်ကြွနေတဲ့သူလေ အဲ့လို လူက ပိုပြီး မဖြစ်နိူင် ဘူးမလား တစ်ခြားစီဘဲလေ "

"...."
Dreamမှာ ဘာမှ မတုံ့ပြန် လာသောကြောင့် Poleက ဆက်ပြောလာသည်။

"ပြီးတော့ သူသာ Wolfဆိုရင်တောင် ငါက ဘာလုပ်နိူင်မှာလဲ
Gods ဆိုတာ တရားဝင် တည်ရှိနေတဲ့ အင်အားကြီး နိူင်ငံတကာ ကြေးစားအဖွဲ့ လေ
လက်ရှိ မြန်မာပြည်မှာ ရှိနေတဲ့ Gods အဖွဲ့ဆိုတာ သူတို့ဌာနချုပ်ရဲ့ အဖွဲ့ခွဲလေး ဆိုပေမဲ့ ငါက သူတို့ကို သွားထိရအောင် အဲ့လောက်မရူးသေးဘူး "

Pole စကားကြောင့် Dream မှာ ရယ်ရမလို ငိုရမလို။
ဟုတ်သားဘဲ Gods ဆိုတာ နိူင်ငံတကာ ကြေးစားအဖွဲ့ ဘဲ ဘယ်သူက သူတို့အဖွဲ့ကို သွားထိရဲမှာ တဲ့လဲ။

<<<<<< >>>>>>
ညနေခင်းချိန် ချောင်းသာ ကမ်းခြေသို့ ရောက်လာကြသော သူတို့ အဖွဲ့သည် ထူးခန့် ငှားထားသည့် ခပ်ကြီးကြီးဘန်ဂလို ရှေ့ ရပ်ကာ အခန်းခွဲနေကြသည်။

"ဘန်ဂလိုက အခန်း 4ခန်း ရှိတယ် သူရိန် မင်းက မင်းသူငယ်ချင်းနဲ့ ညာဘက်ထောင့်က အခန်းယူလိုက်"

သူရိန် ထူးခန့် ကမ်းပေးလာသော သော့အားလှမ်းယူလိုက်သည်။
သူငယ်ချင်း ဆိုသူမှာ လမင်းသာ ဖြစ်ကာ သူတို့နှင့် တစ်ကျောင်းတည်း မဟုတ်သော်လည်း သူရိန်တို့နှင့် အတူ ကပ်ပါလာခြင်းဖြစ်သည်။

"မင်းခန့် နဲ့ မျိုးကို မင်းတို့က သူတို့ ဘေးက အခန်းကိုယူ "

"ငါ မင်းနဲ့ တစ်ခန်းယူမယ် ထူးခန့်
မင်းခန့်က ဇေယျာနဲ့ နေပါစေ "

မျိုးကိုမှာ သော့အား လှမ်းယူလိုက်ကာ ဘယ်သူ့ကိုမှ စကားမပြောဘဲ ဘန်ဂလိုထဲသာ ဝင်သွားတော့သည်။

မျိုးကိုမှာ ပျော်ပျော်နေတတ်သူ ဖြစ်ကာ အဖွဲ့၏ happy virus လေး ဖြစ်သော်လည်း ယခုတွင်တော့ တစ်လမ်းလုံး ငြိမ်လာသည့် အပြင် ယခုတွင် ထူးခန့် အခွင့်ရေး ဖန်ပေးသည်ကိုပင် မယူဘဲ ထူးခန့်နှင့် တစ်ခန်းနေမည် ဆိုသောကြောင့် အနည်းငယ်တော့ ထူးဆန်းနေသည်။
မင်းခန့်ဘက် သူတို့ ကြည့်တော့ မင်းခန့်မှာ ဘန်ဂလိုထဲ ဝင်သွားသော မျိုးကိုကျောပြင်အား မျက်နှာငယ်နှင့် လှမ်းကြည့်နေသည်။

ထို့ကြောင့် တစ်ဖွဲ့လုံး နားမလည် စွာ ထူးခန့်အား မေးခွန်းပါသည့် အကြည့်ဖြင့်ကြည့်လိုက်သော်လည်း
ထူးခန့်မှာလည်း မသိသောကြောင့် အမူအရာနှင့် မသိကြောင်း ပြန်ပြောလာသည်။

ထို့နောက် သူရိန်နှင့် လမင်းမှာ တစ်ခန်း၊ မျိုးကိုနှင့် ထူးခန့်မှာ တစ်ခန်း ၊ မင်းခန့်နှင့် ဇေယျာမှာ တစ်ခန်း ဖြစ်ကာ Dream နှင့် ချားလစ်မှာ တစ်ခန်း ဟူ၍ နေရာ ကျသွားကြသည်။

ညနေခင်းချိန် ရောက်လာကြသောကြောင့် ပင်ပန်းသော်လည်း ရှားရှားပါးပါး နေဝင်ချိန်လေး ခံစားရန် ထိုးအိပ်ဖို့ တွေးထားကြသော အတွေးများ ပျောက်သွားကာ ရေမိုးချိုးပြီးသည်နှင့် တစ်ဖွဲ့လုံး ကမ်းခြေသို့ ထွက်လာခဲ့သည်။

ပင်လယ်ကြီးထဲ ဝင်လုလု ဖြစ်နေသည့် အနီရောင် နေမင်းကြီးကြောင့် ကောင်းကင်တစ်ခွင် တိမ်ညိုတိမ်လိပ်များသည်လည်း အနီရောင်သန်းလာကာ
ရေပြင်ကျယ်ကြီးမှာ လည်း အနီရောင် သန်းနေပြန်သည်။
တစ်သွဲသွဲ့ တိုက်ခတ်နေသော လေညှင်းနှင့် အတူ
ကမ်းခြေဘက် အရှိန်နှင့် တက်လာသော လှိုင်းလုံးကြီးသည် ကမ်းခြေအရောက်တွင် အရှိန်နည်းလာကာ ဝေါ ဆိုသည့် အသံနှင့် အတူ သူလာရာ အရပ်ဆီသို့ ပြန်လည် ထွက်ခွာ သွားပြန်သည်။

ချားလစ် မှိုင်းညို့နေသော တိမ်လိပ်များ၊ အနီရောင် နေမင်းကြီးအား ကြည့်နေရင်း ဘေးနားမှ
သူမြတ်နိူး ရပါသော အမျိုးသား လေးအား လည်ပြန် ကြည့်မိသည့် တစ်ခဏ တွင်တော့ သူမပိုင်သေးသည့် ထိုအမျိုးသားလေးသည် အနီရောင် နေမင်း၏ ရောင်ပြန်ဟပ်မှုကြောင့် ပြည့်စုံလွန်းသော ထိုမျက်နှာသည် ပို၍ပင် ဂန္တဝင် ဆန်လာသည်။

ဤအခိုက်တန့်တွင် ထိုအမျိုးသားလေး၏ မျက်နှာနုနုအား ဖြတ်တိုက်ကာနမ်းရှိုက်သွားသော လေညင်း များကိုပင် သူမနာလို ဖြစ်မိသည်။
စင်းကျနေသော မျက်တောင်ရှည် လေးတွေ
အနောက်တိုင်း ဆန်ဆန် နှာတံချွန်ချွန်လေး
သူ ကျရှုံး ခဲ့ရသည့် အနီရောင် မျက်ဝန်းလေး
လေအဝေ့မှာ လူးလွန့်ကခုန်နေသည့် ခပ်တိုတို အနက်ရောင်ဆံပင်လေးများ

ထိုလူသား၏ အလုံးစုံ သော ဖြစ်တည်မှု အား သူနှစ်ခြိုက်ရသလို
ထို လူသားလေးကိုလည်း သူရင်နှင့်အမျှ မြတ်နိူးလွန်းရပါသည်။
ဤ ကမ္ဘာပေါ်တွင် အမြတ်နိူးရဆုံး လူသားလို့ ဆိုလျှင်
မင်းအိပ်မက်သစ် ဆိုသည့် ထိုအမျိုးသားလေးကိုသာ သူလက်ညိုး ထိုးပြလိမ့်မည် ဖြစ်သည်။

မင်းအိပ်မက်သစ် ဆိုတာ ချားလစ်ဝိန်းအတွက် ရှင်သန်ခြင်းနှင့် သေဆုံးခြင်းကြား ကူးလွန့် ရုန်းကန်စေည့် အကြောင်းပြချက်လေးပင် ဖြစ်သည်။

Dream ခပ်ပြင်းပြင်းတိုက်ခတ်လာသော ပင်လယ်နံ့သင်းနေသည့် လေများအား မျက်လုံးမှိတ်ကာ ရှုရှိုက်လိုက်သည်။
ထို့နောက် ညင်သာစွာ ပြုံးကာ ခပ်တိုးတိုး လေး ရေရွတ်လာသည်။

"ဟင်း...ပင်လယ် နံ့လေး "

ထို ရနံ့လေး သည် မွန်းကြပ်လှသော ရန်ကုန်မြို့ထဲ နေထိုင်ရသော သူ့အဖို့ စိတ်အလုံးစုံအား ကြည်လင်သွားစေသည်။
Dream သူ့ဘေးနားမှ လူသားအား လှည့်ကြည့်မိတော့ ထိုလူသားဟာနေမင်း ရှိရာအရပ်သို့ မျက်နှာ မူထားလေရက်။
ဆံနွယ်ရှည်များဟာ လေအဝေ့မှာ လူးလွန့်ကခုန်နေကာ အချို့မှာလည်း ထိုလူသား၏ မျက်နှာထက် လာရောက်ကပ်ညှိ နမ်းရှုပ်နေပြန်သည်။

ခန့်ညားကာချောမောသော မျက်နှာထက် ကပ်ညှိနေသည့် ဆံနွယ် အချို့အား
ရှည်သွယ်သွယ်လက်ချောင်းများဖြင့် နားသယ်ဘက်သို့ သပ်တင်ရင်း သူ့ဘက်လှည့်ကာ ပါးချိုင့်များ ပေါ်သည်အထိ ပြုံးပြလာသည်။

ညနေ ဆည်းဆာ ချိန်တွင် မြင်တွေ့ရသည့်ထိုအပြုံး၊
ထိုလူသားအား သူချစ်မိနေကြောင်း သိလိုက်ရသည့် အချိန်တုန်းကလည်း ထိုလူသားဟာ နေဝင်ဆည်းဆာအောက် သူ့အား ဤကဲ့သို့ပြုံးပြနေခဲ့သည်။

ပထမဆုံး အကြိမ်က သူ့နှလုံးသားဟာ ထိုလူသားထံ ဒူးထောက်ကျရှုံးသွားခဲ့ရသလို
ယခု ဒုတိယ အကြိမ်တွင်တော့လည်း သူ့စိတ်ဝိညာဥ် တစ်ခုလုံးဟာ ထိုလူသားထံ ထပ်မံ ကျရှုံးသွားကြောင်း သူခံစားသိလိုက်ရသည်။

ခက်တော့ ခက်နေပါပြီ ရုန်းလေး နစ်လေ ပါဘဲ လားဗျာ

ချားလစ် သူ့အား ငေးကြည့်နေသော Dreamအား အသာပြုံးပြရင်း ခေါ်လိုက်သည်။

"ညီ "
တုံ့ပြန်လာခြင်း မရှိ။ ကြောင်ကာ သူ့အား ငေးကြည့်နေဆဲ။

"ညီ "
ဒုတိယ အကြိမ်ထိ တုံ့ပြန်လာခြင်း မရှိသောကြောင့် ချားလစ် ခပ်သဲ့သဲ့ ရယ်လိုက်ရင်း သူ့အား ကြောင်ကာ ကြည့်နေသော Dreamနဖူးအား ခပ်ဖွဖွ တောက်လိုက်သည်။

နဖူး အတောက် ခံလိုက်ရသည့် အခါမှ Dream တစ်ယောက် အသိစိတ် ဝင်လာသလို အသိစိတ် လွတ်သွားမိခြင်း အားလည်း အနည်းငယ် ရှက်သလို ခံစားလိုက်ရကာ နေရောင်အောက်မှ မျက်နှာနုနု လေးမှာလည်း အနီရောင် သန်းသွားသည်။
သူ့အမြင်ထဲ အလွန်ပင် ချစ်ဖို့ ကောင်းနေသော Dreamကြောင့် ချားလစ် ပြုံးလိုက်မိသလို Dream အား အနည်းငယ် စချင်လာသည်။

"ကိုယ့်က အရမ်း ချောမောပြီး ခန့်ညားနေတယ် ထင်တယ်
မင်းလေးကတောင် အသိစိတ် လွတ်တဲ့ထိ ငေးကြည့် ရတယ် ဆိုတော့လေ "

ချားလစ်မှာ ပြုံးစစ နှင့် ပြောလာသောကြောင့် Dream တစ်ယောက် ရှက်ရှက်နှင့် အမြန် ငြင်းချက် ထုတ်လာသည်။

"လျှောက်ပြောနေတယ် ကျွန်တော် က ကိုချားကို ငေးနေတာ မဟုတ်ဘူး တစ်ခုခုကို တွေးနေလို့ အသိစိတ် လွတ်သွားတာ "

Dream စကားအား ချားလစ် မယုံသလို လုပ်ကာ ပြန်မေးလာသည်။
"ဟုတ်လို့လား ကိုယ့်ကို ငေးတာ မဟုတ်ဘူးပေါ့"

"မဟုတ်ဘူး "

"ကိုယ်ကတော့ မင်းလေး ကိုယ့်ကို ငေးကြည့်နေတာဘဲ မြင်တယ် ညီလို့ခေါ်နေတာတောင် မကြားတဲ့ အထိလေ "

သူ့အား ဆက်စနေသော ချားလစ်ကြောင့် Dream မှာ ရှက်ကာ အမြင်မကြည်ချင်တော့

"ကျစ်...တော်တော့ဗျာ မစနဲ့တော့ ပြန်တော့မယ် "

ထိုသို့ ပြောပြီးသည်နှင့် ဘန်ဂလို ရှိရာ ဘက်သို့ အမြန်ပြေးလျှောက်သွားသော အဖြူရောင် ကျောပြင်အား ကြည့်ကာ ချားလစ် အပြုံးတို့က ပုံမှန်ထက် ပိုတောက်ပနေခဲ့လေသည်။

နေဝင်ဆည်းဆာကြောင့်လား ခရီး နီးလို့ဘဲလားတော့ မသိ
တစ်ယောက်မှ ပင်ပန်းသည် ဟူ၍ မခံစား ရဘဲ ညဘက်တွင်လည်း BBQနှင့် ယမကာ အချို့နှင့် တစ်ဖွဲ့လုံး ဘန်ဂလို ဝရံတာတွင် ဝိုင်းထိုင်ကာ ဝိုင်းစရန် ပြင်နေကြပြီ ဖြစ်သည်။

ထိုသို့ ပြင်နေချိန်တွင် ထူးခန့်နှင့် ချားလစ်မှာ လူအလစ်တွင် မျိုးကိုအား အခန်းထဲ အတင်းဆွဲခေါ်သွားတော့သည်။

"မင်းတို့ ဘာလုပ်နေကြတာလဲ လွှတ်စမ်းပါ "
ကုတင်ပေါ် ထိုင်ရက် ပြုတ်ကျသွားသော မျိုးကိုအား ထူးခန့်နှင့်ချားလစ်က မတ်တပ်ရပ်ကာ တရားခံ စစ်သလို အကြည့်နှင့် ကြည့်နေကြသည်။

"ဘာလဲဟ မင်းတို့ အကြည့်ကြီးက "

"ပြော မင်းနဲ့ မင်းခန့် ဘာဖြစ်ထားတာလဲ "
ထူးခန့် အမေးကြောင့် မျိုးကို မှာ သူတို့အား မျက်ခုံးပင့်ကြည့်ရင်း အေးဆေးဖြေလာသည်။

"ဘာဖြစ်ရမှာလဲ ဘာမှ မဖြစ်ဘူး "
မျိုးကို စကားအား ချားလစ်ရော ထူးခန့်ပါ မယုံ

"မင်းစကားကို ငါတို့ ယုံမယ် ထင်နေလား
မင်းက မင်းခန့်ကို ခပ်တန်းတန်း ဆက်ဆံပြီး မသိမသာတောင် ရှောင်နေသေးတယ်
မင်းခန့်ကျတော့လည်း မင်းကို မျက်နှာငယ်လေးနဲ့ ကြည့်ကြည့် နေတာ
အဲ့ဒါတောင် ဘာမှ ဖြစ်မထား ဘူး ဟုတ်လား
မင်း ချီးစား ပြောတောင် မယုံဘူး ဟေ့ကောင် "

ထူးခန့်၏ အချက်လက်ကျသော စကားကြောင့် မျိုးကိုမှာ စိတ်ရှုပ်သလို သူ့ ဆံပင်အား ဖွလိုက်သည်။ ထို့နောက် သက်ပြင်းချရင်း ဇာတ်ကြောင်းအား ပြောပြလာသည်။

"တကယ်တော့ ဘာမှ ကြီးကြီးမားမား ရယ်လို့ မဟုတ်ပါဘူး ဟိုနေ့က သူ ငါ့ကို လိမ်သွားတဲ့ ကိစ္စကြောင့် နည်းနည်း စိတ်မကောင်းဖြစ်သွားလို့ "

မျိုးကို စကားကြောင့် ထိုကိစ္စအား မသိသေးသော ထူးခန့်နှင့် ချားလစ်က မျိုးကိုအား မျက်မှောင်ကြုတ် ကြည့် လာသည်။
သူတို့ ပုံစံကြောင့် မျိုးကိုမှာ နှုတ်ခမ်းမဲ့ ကာ ထိုနေ့က အဖြစ်အား ပြောပြလိုက်ရသည်။

မျိုးကို ပြောအပြီးတွင် ငြိမ်နားထောင်နေသော ထူးခန့် နှင့် ချားလစ်က မင်းခန့်အား အပြစ်တင်သလို ဆိုလာသည်။

"မင်း ပြောတဲ့ အတိုင်းဆို မင်းခန့် က လွန်တာပေါ့
ကောင်မလေး ကို သွားတွေ့မယ် ဆိုရင်လည်း သွားတွေ့မဲ့ အကြောင်း ဒီတိုင်း ပြောပါလား
ငါတို့က သူ့ကို တားမဲ့ သူတွေလည်း မဟုတ်ဘဲနဲ့
ခုက မင်းကိုတင် မကဘူး ငါတို့ ကိုပါ လိမ်သွားတာဟ "
ချားလစ် စကားအဆုံး ထူးခန့်က မျိုးကိုအား အလေးအနက် ကြည့်ကာ မေးလာသည်။

"အဲ့တော့ မင်းက မင်းခန့်ကို လက်လျော့တော့မှာလား "
ထူးခန့် အမေးကြောင့် မျိုးကိုမှာ ခပ်သာသာ သက်ပြင်းချလာသည်။

"အစကတော့ လက်လျော့မလို့ဘဲ ဒါပေမဲ့ သူ့မျက်နှာလေး မြင်လိုက်ရင် လက်လျော့မယ် ဆိုတဲ့ အတွေးက ဘယ်လိုမှ မဖြစ်နိူင်မှန်း ပိုသေချာလာတယ် "

"လက်မလျော့ နိူင်တဲ့ နောက် တော့ ဘာလို့ ရှောင်နေသေးလဲ ငါဖန်ပေးတဲ့ ခွင်ကိုတောင် မယူတဲ့ အထိလေ"

ထူးခန့်၏ အပြစ်တင်စကားကြောင့် မျိုးကိုမှာ ထူးခန့်အား တုံးရန်ကော ဆိုသည့် အကြည့်ဖြင့် ကြည့်လာသည်။

"မင်း ဖန်ပေးတဲ့ ခွင်ကို လက်လျော့ လိုက်တာက
ငါ့မှာ တစ်ခြား နည်းလမ်း ရှိလို့ "

ထိုအခါ ကြားမှ နားထောင်နေသော ချားလစ်က မျိုးကို၏ ဆိုလိုရင်းအား သဘောပေါက်သွားကာ ပြုံးရင်း ပြောလာသည်။
"ငါသိပြီ မင်း နည်းလမ်း က ဗျူဟာ ပြောင်းတာ မလား "

ချားလစ် စကားကြောင့် မျိုးကို လက်ဖြောင့် တစ်ချက်တီးကာ ပြုံးရင်း ခေါင်းငြိတ် ထောက်ခံလာသည်။

"မှန်တယ် ဗျူဟာ ပြောင်းလိုက်တာ "

"အဲ့တော့ မင်းရဲ့ ဆိုလိုရင်းက အရင်က မင်းဘဲ မင်းခန့်နောက် အမြဲလိုက်ခဲ့ရတာကို ခုဖြစ်တဲ့ ကိစ္စကို အခွင့်ကောင်း ယူပြီး မင်းခန့်ကို သူ့စိတ်သူ နားလည်စေချင်တဲ့ သဘောပေါ့ "

ထူးခန့်က တွေးဆဆ ပြောလာသောကြောင့် မျိုးကို ခေါင်းငြိတ် ပြလာသည်။

"ငါ ဘယ်လိုတွေးတွေး သူလည်း ငါ့အပေါ် စိတ်ရှိနေတယ်ဆိုတာ ငါခံစားနေရတယ်
သူ့စိတ်သူ နားမလည် သေးတာလို့ဘဲ ငါထင်တယ်
အဲ့ဒါကြောင့် သူ့စိတ်သူ နားလည်သွားအောင် ခဏပစ်ထားမလို့
နောက်မှ မျိုးကိုကိုဦး မရှိရင် မဖြစ်ဘူး ဆိုတာမျိုး သဘောပေါက် သွားစေချင်တယ် "

"ဟေးဟေး ဒါတော့ များတယ် မင်းကိုယ်မင်း အရမ်း အထင်ကြီးလွန်းသွားပြီ
မင်းမရှိရင် မဖြစ်ဘူး ဆိုတာကြီးတော့ နည်းနည်းများလွန်းတယ်"

မျိုးကို စကားအား ချားလစ်က မထောက်ခံသလို ဝင်ပြောသည်။
"ဟီး မင်းကလည်း စကား အဖြစ်ပြောတာပါ "

ထိုစဥ် အခန်းတံခါး ခေါက်သံနှင့် အတူ ဇေယျာက တံခါးဖွင့်ကာ သူတို့အား အသိပေးလာသည်။

"အစ်ကိုတို့ အပြင်မှာ အဆင်သင့် ဖြစ်နေပြီ
အကုန် အစ်ကိုတို့ကို စောင့်နေတာ "

"အင်း လာခဲ့မယ် "
ချားလစ် ပြန်ဖြေကာ အခန်းထဲမှ ထွက်ရန် ပြင်လိုက်သည်။
ထို့နောက် မထွက်ခင် မျိုးကိုအား အားပေးဟန် လှမ်းပြောလာသည်။

"good luck သားကြီး "တဲ့လေ

ညချမ်းအချိန်တွင် ဘန်ဂလို ဝရံတာတွင် သောက်ရင်း အကင်စားရင်းနှင့် စကား လက်စုံ ကျနေကြသည်။

လက်ထဲမှ ဝီစကီ ခွက်အား မော့ရင်း မျိုးကိုက Dream အား ကြည့်ကာ သူသိချင်သည့် ကိစ္စအား မေးလာသည်။

"Dream မင်းက ကပြားလား "

မျိုးကို အမေးကြောင့် အကင်စားနေသော Dreamက ပြုံးလိုက်သလို သူရိန်နှင့် လမင်းကပါ ပြုံးလိုက်ကြသည်။
ထို့နောက် Dream က မျိုးကို အမေးအား မဖြေဘဲ ပြန်မေးလာသည်။

"ဘာလဲ ကျွန်တော်က အနောက်တိုင်းသား ပုံပေါက်နေလို့လား "

"အေး မင်းပုံစံက အနောက်တိုင်းက ကောင်လေးတွေနဲ့ အတော်ဆင်တာ အထူးသဖြင့် အဲ့နှာတံ ချွန်ချွန်ဘဲ "
မျိုးကို စကားအား Dream ရယ်ရင်း ပြန်ဖြေလာသည်။

"ကျွန်တော် က ကပြားတော့ ကပြားဘဲ ဗျ ဒါပေမဲ့ အနောက်တိုင်း တော့ မစပ် ဘူး ကျွန်တော့်အဖေက ဗမာ အမေက တရုတ် "

Dream အဖြေအား နားထောင်နေသော ထူးခန့်က မကျေနပ်သေးသလို ထပ်ကာ ဝင်ပြောလာသည်။

"တကယ် မင်းက အနောက် တိုင်းသားတွေနဲ့ အတော် ဆင်တာ "

"တကယ်က အစ်ကိုတို့ဘဲ ထင်တာမဟုတ်ဘူး
လူအတော် များများလည်း အဲ့လိုဘဲ ထင်ကြတာ "

လမင်းစကား ကြောင့် အကုန် Dreamအား သေချာပြန် ကြည့်လိုက်ကြသည်။
ထိုရုပ်မျိုးက ထင်လည်း ထင်ချင်စရာပေ။
Dreamကတော့ ဝီစကီ သောက်ရင်း ပေါ့ပေါ့ပါးပါး သာ ရယ်ရင်း ပြောလာသည်။

"ဖြစ်နိူင်တာက အနောက်တိုင်း သား ဝင်စားတာဘဲ နေမှာ "
Dream၏ နောက်နေဟန်ရှိသော အဖြေကြောင့် အကုန် ပြုံးစိစိ ဖြစ်ကုန်သည်။

ထိုနောက် ငြိမ်နားထောင်နေသော ဇေယျာက ပါးစပ်ဟ လာသည်။

"ကျွန်တော်လည်း ကိုချားကို မေးစရာရှိတယ် "
ဇေယျာ စကားကြောင့် Dream နားတွင် အကင် ထိုင်စားနေသော ချားလစ်က ခေါင်းမော့လာသည်။
"ဘာမေး မလို့လဲ မင်းက"

"ကိုချား နာမည်က ချားလစ်ဝိန်းနော် "

"အေးလေ "

"အဲ့ ချားလစ်ဝိန်း အဓိပ္ပါယ်က ခုနစ်စင်ကြယ် လားဗျ "
ဇေယျာ အမေးကြောင့် Dream ရော ကျန်လူများပါ ချားလစ်အား လှမ်းကြည့် လိုက်သည်။
ဟုတ်သည် ။သူတို့ အမြဲတမ်း ချားလစ် နာမည်အဓိပ္ပာယ်အား ခုနစ်စင်ကြယ် ဟု သာ ထင်နေခဲ့ကြသည်။

သူ့ထံ ရောက်နေသောအကြည့်များကြောင့် ချားလစ် ပြုံးလိုက်ကာ ပြန်ဖြေလာသည်။

"တကယ်တော့ အဲ့လို အဓိပ္ပာယ် သတ်မှတ်လို့လည်း ရပါတယ်
ဒါပေမဲ့ တကယ့် အမှန်က ခုနစ်စင်ကြယ် မဟုတ် ဘူး
Charles ဆိုတာက သမ္မာကျမ်းစာထဲမှာ Strong and manly လို့ အဓိပ္ပါယ်ရတဲ့ Charles ကို ယူထားတာ "

ချားလစ်က ပြုံးရင်း ပြန်ဖြေ လာသည့်အခါ နားထောင်နေသူ များမှာ သူတို့ အထင်နှင့် တစ်လွဲ ဖြစ်နေသော်လည်း လက်ခံ သလို ခေါင်းတစ်ငြိတ်ငြိတ်နှင့်။
Dream က ထိုအဖြေအား သဘောမကျသလို ချားလစ်နား ကပ်ကာ ခပ်တိုးတိုး မေးလာသည်။

"ကိုချား တကယ်ကြီး ကိုချားနာမည်က အဲ့ဒီ အဓိပ္ပါယ်လား "
Dreamအမေးကြောင့် ချားလစ်ပြုံးကာ Dreamအမေးအား နှစ်ကိုယ်ကြား ပြန်ဖြေလာသည်။

"တကယ်လို့ ညီက ကိုယ့်နာမည်ကို ကြယ်စင်လေးလို့ သတ်မှတ် ထားရင် ကိုယ်ကလည်း ညီ့အတွက် သီးသန့်ထွန်းလင်းပေးမဲ့ ကြယ် လေး ဖြစ်ပေးနိူင်ပါတယ်"

ချားလစ် စကားကြောင့် Dream တစ်ယောက် ရှက်သွား သည် လားမသိ မီးရောင်အောက်မှ မျက်နှာလေးမှာ ပန်းရောင် သန်းလာသည်။
ချားလစ် ပန်းရောင် သန်းနေသော Dream မျက်နှာအား ပြုံးကြည့်ရင်း ဘေးနားမှ ချထားသော ဖုန်းက အသံမြည်လာသည်။
ပေါ်လာသော နံပါတ်ကြောင့် ချားလစ် ဖုန်းကိုင်ကာ ထိုင်နေသောလူများအား အသိပေး သလို ပြောလာသည်။

"ဖုန်းပြောလိုက်ဦးမယ် "
ချားလစ် ဝရံတာမှ ထွက်လာကာ အခန်းထဲ ဝင်လာပြီးနောက် ဖုန်းကိုင်လိုက် သည်။
ဖုန်း ကိုင်ကိုင်ချင်း တစ်ဖက်မှ Kham အသံအား ကြားလိုက်ရသည်။

"ငါတို့ ရောက်ပြီ အခု မင်းတို့ ဘန်ဂလို နဲ့ ကပ်ရက် ဘန်ဂလိုမှာဘဲ "

"ပစ္စည်း အစုံ ပါလား "
ချားလစ် အမေးကြောင့် Khamက Adamအား တစ်ခုခု လှမ်းမေးသံအား ဖုန်းထဲမှ တစ်ဆင့် ချားလစ်ကြားလိုက်ရသည်။ထို့နောက် Khamက လေးလေးနက်နက် ပြန်ဖြေလာသည်။

"အကုန်စုံတယ် မင်း ပြောထားတဲ့ ပစ္စည်းတွေ အကုန် ယူလာတယ် လက်နက်လည်း အပိုထည့်လာတယ် "

"ကောင်းတယ် အစီအစဥ် အသေးစိတ်ကို meeting လုပ်မှ ပြောမယ် မနက်2နာရီ ငါမင်းတို့ဆီ ကူးလာခဲ့မယ်
Adam ကို အဆင်သင့် ပြင်ထားခိုင်း "

ချားလစ် ဖုန်းပြောနေရင်း အခန်းဘက် ပြန်လာသံများ ကြားရ၍ Khamအား ပြောလာသည်။

"ဒါဘဲ မနက် 2နာရီမှာ တွေ့မယ် "
ချားလစ် ဖုန်းချ ပြီးသည်နှင့်် Dreamမှာ တံခါး ဖွင့်ဝင်လာကာ ချားလစ် အား မေးလာသည်။

"ဘယ်သူဆက်တာလဲ ကိုချား"
Dream အမေးအား ချားလစ် ပြုံးရင်း တည်ငြိမ်စွာ ပြန်ဖြေလာသည်။

"အသိ တစ်ယောက်ပါ
အိပ်တော့မှာလား ညီ "

"ဟုတ် နည်းနည်း ပန်းနေလို့ "
"အဲ့ဒါဆို ခြေလက်ဆေးပြီး အိပ်တော့လေ "

"ဟုတ် "

Dream မှာ ချားလစ်နှင့် တစ်ခန်းတည်း အိပ်ရမည် ဖြစ်၍ ရင်ခုန်နေသော်လည်း အမူရာ မပျက်
သူ၏ တစ်ယောက်အိပ် ခုတင်တွင် ဝင်လဲရင်း အိပ်ပျော်အောင် ကြိုးစား လိုက်သည်။
ထို့နောက် ခြေလက်ဆေးပြီး၍ အိပ်ယာဘက်သို့ ပြန်လာသော ခြေသံအား ကြားလိုက်ရသောကြောင့် မျက်လုံးများ မှိတ်ကာ အိပ်ချင် ယောင်ဆောင် လိုက်သည်။

"Good night ကိုယ့်အရုပ်လေး "

နဖူးမှ ခံစား လိုက်ရသည့် ခပ်နွေးနွေး အထိတွေ့လေး တစ်ခု။
နားနားကပ်ကာ ပြောလာသော စကားကြောင့် အာငွေ့နွေးနွေးလေးက သူ့ထံ ရိုက်ခတ်လာကာ ပို၍ ရင်တုန်ပန်းတုံ ဖြစ်လာသော်လည်း ဆက်အိပ်ချင်ယောင်ဆောင် နေလိုက်သည်။
ရင်ထဲတွင်တော့ မြင်းအကောင် နှစ်ဆယ် ခုန်ပေါက်ပြေးနေသလို နှလုံးသား က ဒုန်းဆိုင်းခုန်နေလေရက်။

! ကိုယ့် အရုပ်လေးတဲ့ ဒီလူကြီး ငါ့ကို နှလုံး ရောဂါ ရအောင် ရည်ရွယ် ချက် ရှိရှိ လုပ်နေသလားဘဲ
အိ...ငါတော့ ဆေးမှီအောင် ချားလစ်ဝိန်း ဆီမှာ ကျရှုံးနေပြီဘဲ !

မျက်လုံး အတင်းမှိတ်ကာ အိပ်ချင်ယောင်ဆောင်နေသော Dreamအား ကြည့်ကာ ချားလစ် ပြုံးလိုက်မိသည်။
သို့သော် အိပ်ချင် ယောင်ဆောင်နေသည်ကို မဖော်တော့ဘဲ သူသည်လည်း တစ်ဖက် ကုတင် သို့ ဝင်လှဲလိုက်သည်။
သို့သော် သူအိပ်ဖြစ်မည် မထင်သလို အိပ်မည်လည်း မဟုတ်။

ည 2နာရီ ချိန်တွင်တော့ လူတစ်ယောက် တစ်ဖက် ဘန်ဂလိုသို့ ကူးသွားသည်အား မည်သူမှပင် သတိမထားမိလိုက်။

#Khant #

အမိုးကို စိတ်ပူပေးကြတဲ့ သူတွေ ကျေးဇူးပါဗျ
အမိုးက သက်သာပါတယ်
Omicron က မြန်မာပြည်ထဲ ဝင်လာပြီ ဖြစ်လို့ အားလုံး ဂရုစိုက်ကြပါ
တော်လှန်ရေးကာလမှာလည်း အားလုံး စိတ်ရောကိုယ်ပါ ပင်ပန်းနေကြပေမဲ့ အားတင်းထားကြပါ
မကြာခင် နိူင်ကို နိူင်ပြီး စစ်အာဏာရှင်တွေ ကို တိုက်ထုတ်နိူင်တော့မှာပါ.

AN-(ခင်များတို့ မရှင်းကြမှာ စိုးလို့
Gods ဆိုတာ ကမ္ဘာ့အကြီးစား ကြေးစား အဖွဲ့ဆိုတာ အရင်ကလည်း ဖော်ပြပြီးသားပါ
မြန်မာပြည်မှာ ရှိနေတာက အဖွဲ့ခွဲလေးပါ
အဲ့လို အဖွဲ့ခွဲက ကမ္ဘာအနှံ့ရှိနေပါတယ် ဌာန ချုပ်က လန်ဒန်မှာ အခြေစိုက်တယ်လို့ သတ်မှတ်ပေးပါ သူတို့က တရားဝင် တည်ရှိနေတဲ့ ကြေးစား စစ်တပ်ပါဘဲ
သူတို့က အာဏာပိုင်ဘက်က ငှားရင် ကြေးစားလူသတ်ပေးသလို Bodyguard လည်း လုပ်ကြပါတယ်
Wolf တို့ စလုပ်ရှားတဲ့ အခန်းမှာ VIPကို ကာကွယ်တာ ပါပါတယ် အဲ့အခန်းမှာBodyguard လုပ်ပေးတာပါ သူလူသတ်တယ် ဆိုတာက လုပ်ကြံမဲ့သူတွေကို ရှင်းပေးတာပါ
အရေးကြီး တာဝန်တွေ ရှိလာရင် ဌာနချုပ်က အဖွဲ့သားတွေကို လှမ်းခေါ်ပါတယ်
ပြီးတော့ တာဝန်ထမ်းဆောင်ရပါတယ်
ဥပမာ သူပုန်တွေ တာလီဘန်တွေကို နှိမ်နှင်းရာမှာအာဏာပိုင် ဘက်ကငှားပြီး ကြေးစား စစ်တပ်တွေက တာဝန်ထမ်းဆောင်ရတာပါ

ဒါပေမဲ့ ဘာလို့ သူတို့ကို မြေအောက် လောက သားလို့ ကျွန်တော် သုံးနှုန်းတာလဲ ဆိုတော့ လက်နက်မှောင်ခို လည်း လုပ်လို့ပါ
ပြီးတော့ mafia လို့ သုံးနှုန်းတာ...
အဲ့ဒါက မြန်မာပြည်မှာ ရှိတဲ့ Gods အဖွဲ့က ဌာနရယ်လို့ အတိအကျ နေရာ မရှိဘဲ လျို့ဝှက်စွာ တည်ရှိနေလို့ပါ
ဒီလို plot ပုံစံမျိုး ရေးကြတာ သိပ်မတွေ့မိလို့ မသိသေးတဲ့သူတွေ သိအောင် ရှင်းပြတာပါ ok??? )
အမြန် ရေးလိုက်ရလို့ ဖတ်ရ အဆင်မပြေဖြစ်နေရင် သွေ့ပုချိ
နောက်အပိုင်းမှာ Alpha အဖွဲ့ ကြမ်းပါတော့မယ်
ရှင်းပြတာနဲ့ ပတ်သက်ပြီး နားမလည်တာရှိရင် မေးနိူင်ပါတယ်
ပြီးတော့ အပိုင်းတွေကို ဖြစ်နိူင်ရင် ကျော်မဖတ်ကြပါနဲ့ ဒီအပိုင်းမှာလည်း hintပါလာပြီ ဖြစ်လို့ပါ

( Zawgyi )

Bar တစ္ခု တစ္နည္းအားျဖင့္ Dream တို႔ ထိုင္ေနၾက Bar ဆိုင္ တစ္ဆိုင္
Dream မေသာက္ျဖစ္သည္မွာ ၾကာၿပီျဖစ္ကာ လမင္း အေခၚေတာ္ရွိ၍ ခရီးမထြက္မွီညတြင္ သူတို႔ သုံးေယာက္ Bar သို႔ေရာက္ခ်လာျခင္းျဖစ္သည္။
စင္ေပၚမွ Live music အား နားေထာင္ရင္း Dream ဖုန္းမွ ေတာင္ခနဲ message သံ ထြက္လာသည္။
Message သံမွာ သူ သီးသန႔္ ထားသည့္ နံပါတ္ထဲမွ ျဖစ္၍ Dream ဖြင့္ၾကည့္လိုက္သည္။
ပို႔လာသူမွာ Pole ျဖစ္ေၾကာင္း သူသိေနကာ စာမွာ အတည္ျပဳဟန္ ေမးခြန္း တစ္ခုပင္။

Pole - မင္း Bar ေရာက္ေနတာလား

ထိုစာေၾကာင့္ Dream ပတ္ဝန္းက်င္ အား အျမန္ လွည့္ပတ္ၾကည့္လိုက္မိသည္။သို႔ေသာ္ Poleႏွင့္ တူတာ မေတြ႕။ထို႔ေၾကာင့္ Dream ျပန္ေမးလိုက္သည္။

Dream - မင္း ဘယ္လိုသိလဲ

Pole - မင္း smoking area ကို ထြက္ခဲ့

Pole ထံမွ ထိုစာ ရသည္ႏွင့္ Dream ဖုန္းပိတ္ကာ ဝိုင္းမွ ထလာသည္။
Dream ဝိုင္းမွ ထလာေသာေၾကာင့္ လမင္းက သူ႕အား ၾကည့္ကာ ေမးလာသည္။

"မင္း ဘယ္သြားမလို႔လဲ "

"ေဆးလိပ္ ထြက္ေသာက္ မလို႔ "
Dream အေျဖေၾကာင့္ သူရိန္က ၾကားထဲမွ ဝင္သတိေပးလာသည္။

"မင္း အခုမွ ေဆး႐ုံ ဆင္းခါစေနာ္ ေသာက္မယ္ဆို ရိုးရိုး စီးကရက္ ဘဲေသာက္ "

"ေအးပါကြာ ငါသြားၿပီ "
သူတို႔အား ေက်ာခိုင္းထြက္သြားေသာ Dream ေက်ာျပင္အား ၾကည့္ကာ သူရိန္ႏွင့္ လမင္းမွာ ေခါင္း တစ္ခါခါႏွင့္။

Dream Smoking area ေရာက္ခ်ိန္တြင္ လူရွင္းေနကာ ခ်ထားေပးေသာ ခုံတြင္ လူ တစ္ေယာက္ ေဆးလိပ္ထိုင္ေသာက္ေနသည္။ ထိုသူကေတာ့ အျခားသူ မဟုတ္ Dream အေခၚ Pole ဆိုသူ ျဖစ္သည္။
Dream မအီမသာ ႐ုပ္ျဖစ္ေနေသာ Pole နား ဝင္ထိုင္ကာ ေမးလာသည္။

"မင္း႐ုပ္ႀကီးက ဘာျဖစ္လာတာလဲ "

"ထုံးစံ အတိုင္း ဒယ္ဒီနဲ႕ စကားမ်ားလာတာ ဘဲေပါ့ "
Pole က ေပါ့ေပါ့ပါးပါးပင္ ျပန္ေျဖလာသည္။
Dream သူ႕ေဘးမွ pole၏ ရႈးဖိနပ္မွ ေျမႀကီးေပ်ာ့ အခ်ိဳ႕ ကပ္ေနသည္အား ေတြ႕၍ မ်က္ေမွာင္ၾကဳတ္ကာ Poleအား ေမးလာသည္။

"မင္း ရန္ျဖစ္လာတာလား "
Dream သူ႕ဖိနပ္အား ၾကည့္ေနရင္း ေမးေနေသာေၾကာင့္ Poleၿပဳံးလိုက္မိသည္။

"မ်က္ကပ္မွန္ေၾကာင့္ဘဲလား ေတာ့မသိေပမဲ့ မင္းရဲ႕ အျမင္အာ႐ုံက အေတာ္ေကာင္းလာတယ္ "

"က်စ္..ေမးတာသာ ေျဖစမ္းပါ "
Dream စကားေၾကာင့္ Pole ေဆးလိပ္ေငြ႕မ်ားအား ပ်င္းရိစြာ မႈတ္ထုတ္ရင္း ျပန္ေျဖလာသည္။

"ရပ္ကြက္ လမ္းၾကားမွာ ေကာင္ေလး တစ္ခ်ိဳ႕နဲ႕ အပ်င္းေျပ ကစားလာ႐ုံေလးပါ "

Poleအေျဖေၾကာင့္ Dream ႏွာေခါင္းရႈံ႕လိုက္ေသာ္လည္း ဘာမွ ေတာ့ ျပန္မေျပာလာ။
Pole၏ အပ်င္းေျပ ကစားျခင္းမွာ Baseball တုတ္တံတစ္ကားကားႏွင့္ သူတီးကိုယ္တီး ေဆာ္ၾကျခင္းမွန္း Dream သိသည္။
ၾကည့္ရသည္မွာ သူ႕ေဘးမွေကာင္သည္လည္း အေတာ္ထိလာဟန္ရွိေပမဲ့ မ်က္ႏွာ တစ္ခ်က္မွပင္ မပ်က္ဘဲ ေအးေဆးစြာေဆးလိပ္ ထိုင္ေသာက္ေနေသာေၾကာင့္ Dream မပူေတာ့။
Pole ဘယ္ေလာက္ဒူေပနာေပ ခံလဲ သူသိသည္။

"မင္း ခရီးထြက္ မလို႔ဆို "
Poleက အေရွ႕ဘက္ သို႔ ခပ္ေတြေတြ ၾကည့္ရင္း Dreamအားေမးလာသည္။

"ေအး ေခ်ာင္းသာကို မနက္ျဖန္ ေန႕လည္ ထြက္မွာ
မင္း လိုက္ဦးမလား "

"မေျပာတတ္ေသးဘူး မင္းဘဲ ေကာင္းေကာင္း ေပ်ာ္ခဲ့ပါ ငါက မင္းလို မဟုတ္ ဘူး အလုပ္နဲ႕ အကိုင္နဲ႕ "

အေကာင္းေျပာေနရင္း ထေဖာက္ကာ သူ႕အား ဖဲ့လာေသာ Poleေၾကာင့္ Dreamဆဲခ်င္သည္မွာ ပါးစပ္မ်ားပင္ ယားလို႔။
Poleက ေဘးမွ ခ်ထားေသာ စီးကရက္ ဘူးအား Dreamထံကမ္းေပးလာေသာ္ Dreamက အလိုက္တသိ ပင္ စီးကရက္ တစ္လိပ္ ထုတ္ကာ မီးညွိလိုက္သည္။
ထို႔ေနာက္ နီေဆြးေဆြး ႏႈတ္ခမ္း မ်ားက စီးကရက္အား တစ္ခ်က္ဖြာရွိုက္ကာ ေဆးလိပ္ေငြ႕မ်ားအား ျဖည္းညွင္းစြာ မႈတ္ထုတ္လိုက္သည္။

ထို႔ေနာက္ ေရွ႕တူရႈ႕သို႔ ေငးၾကည့္ရင္း သူ႕ေဘးမွ Poleအား ေျပာလာသည္။

"ငါ လူတစ္ေယာက္အေၾကာင္းစုံစမ္းခ်င္လို႔ မင္းမွာ ယုံၾကည္ရတဲ့ လူရွိလား "

Dreamစကားေၾကာင့္ Pole မ်က္ေမွာင္ၾကဳတ္ ကာ သိလိုစိတ္ႏွင့္ ေမးလာသည္။

"မင္းက ဘယ္သူ႕ကို စုံစမ္းမလို႔လဲ "

Dream သူ႕ဖုန္းထဲမွ ပုံ တစ္ခ်ိဳ႕ အား Poleထံ ပို႔ေပးလိုက္သည္။
သူ႕ထံ ဝင္လာေသာ ဓာတ္ပုံ မ်ားအား ၾကည့္ကာ Poleမွာ Dreamအားနားမလည္သလို ေမးလိုက္သည္။

"သူက မင္းစီနီယာ မလား "
Dream အသာ ေခါင္းၿငိတ္ျပရင္း ေဆးလိပ္ေငြ႕မ်ားမႈတ္ထုတ္ျခင္းႏွင့္အတူ သက္ျပင္းပါ ခ်လိဳက္သည္။

"ဟုတ္တယ္ တစ္ခ်ိဳ႕ ကိစၥေတြကို အတည္ျပဳစရာ လိုေနလို႔"

"မင္း ေသခ်ာ လို႔လား သူ႕အေၾကာင္းသိခ်င္တာ"
Dreamအား ေသခ်ာေအာင္ Poleထပ္ေမးလိုက္သည္။

"အင္း...လြန္ခဲ့တဲ့ ႏွစ္ႏွစ္ကစၿပီး ခုခ်ိန္ထိ သူ႕ရဲ႕ လႈပ္ရွား မႈ ေတြကို သိခ်င္တယ္ "

Dream စကားေၾကာင့္ Poleက သူ႕ပုခုံးအား ခပ္ဖြဖြ ပုတ္ရင္း ေျပာလာသည္။

"မင္းစုံစမ္းလည္း မထူးဘူး ဘာမွ ေတြ႕မွာ မဟုတ္ဘူး "

Pole စကားေၾကာင့္ Dreamသူ႕ဘက္ အျမန္ေခါင္းလွည့္လာကာ ေမးခြန္းပါသည့္ အၾကည့္ျဖင့္ ၾကည့္လာသည္။
ထိုအခါ Poleက ေျပာသင့္ မေျပာသင့္ ခ်င့္ခ်ိန္ရင္း ေနာက္ဆုံး သက္ျပင္း ခပ္ဖြဖြ ခ်ကာ ဟလာသည္။

"တကယ္ေတာ့ လြန္ခဲ့တဲ့ တစ္လ လုံးလုံး သူ႕ေနာက္ကို ငါ့အေဖ လူေတြ လိုက္ေနခဲ့တာ "

Pole စကားေၾကာင့္ Dream အံ့ၾသဟန္ျဖစ္သြားကာ စိတ္လႈပ္ရွားစြာျဖင့္ အျမန္ေမးလာသည္။

"ဘာလို႔လဲ ဘာလို႔ မင္းအေဖက သူ႕ေနာက္ကို လိုက္ေနရတာလဲ "

"တကယ္ေတာ့ ငါကိုယ္တိုင္ပါ သူ႕ေနာက္ လိုက္ခဲ့တာ "
Poleစကားေၾကာင့္ Dream ပိုအံ့ၾသသြားကာ ဘာမွ ေမးမလာေတာ့ဘဲ Poleဆက္ေျပာမည့္ စကားကိုသာ ေစာင့္ေနလိုက္သည္။

"မင္းမွတ္မိေသးလား ငါ မင္းကို ေျပာခဲ့တဲ့ Gods အဖြဲ႕အေၾကာင္းေလ "

Gods ဆိုသည့္ နာမည္ေၾကာင့္ Dream တစ္ေယာက္ ႏွလုံးခုန္ ျမန္လာကာ လက္ဖ်ားမ်ား ေအးစက္လာသည္။
စိတ္လႈပ္ရွားမႈအား ဖုံးကြယ္ရန္ လက္ထဲမွ စီးကရက္အား တစ္ခ်က္ ဖြာရွိုက္လိုက္သည္။

"သူက Gods အဖြဲ႕က ဖြဲ႕ထားတဲ့ Alpha ဆိုတဲ့ ေၾကးစားအဖြဲ႕ရဲ႕ ေခါင္းေဆာင္Wolfနဲ႕ အရမ္းတူလြန္းတယ္ "

Poleစကားေၾကာင့္ ေရွ႕သို႔ ၾကည့္ေနေသာDream မ်က္ဝန္းမ်ားက မတည္မၿငိမ္ျဖစ္လာေသာ္လည္း Poleႏွင့္ ေဘးခ်င္းယွဥ္ ထိုင္ေနေသာေၾကာင့္ Poleမွာ သတိမထားမိလိုက္။

"အဲ့ေတာ့ အဲ့Alpha ဆိုတဲ့ အဖြဲ႕ရဲ႕ ေခါင္းေဆာင္ကို မင္းျမင္ဖူးတယ္ေပါ့ "

Dream အေမးေၾကာင့္ Poleတစ္ခ်က္ ေလွာင္ရယ္လိုက္သည္။
"ဟက္...ငါသာ သူ႕မ်က္ႏွာကို ျမင္ဖူးရင္ မင္းစီနီယာျဖစ္တဲ့ ခ်ားလစ္ဝိန္း အေၾကာင္း အပင္ပန္းခံၿပီး လိုက္စုံစမ္းဦးမယ္လို႔ ထင္ေနတာလား
အဲ့ Alphaဆိုတဲ့ အဖြဲ႕က ဘယ္ေတာ့မွ public မထြက္ဘူး
ျဖစ္နိူင္တာက သူ႕တို႔လည္း ငါ့လို သာမန္ ဘဝမွာ မ်က္ႏွာ တစ္ခုနဲ႕ေနထိုင္ၾကေလာက္တယ္"

Pole စကားေၾကာင့္ Dreamမွာ ပို၍ပင္ သူ၏ သံသယမ်ား ေသခ်ာလာသလို ခံစားလိုက္ရသည္။ထိုသို႔ ေသခ်ာ မႈ႕ႏွင့္ အတူ စိုးရိမ္မႈ မ်ားက အလုံးအရင္းႏွင့္ ဝင္လာကာ သူ႕စိတ္ဝိညာဥ္ တစ္ခုလုံးမွာ အနက္ရွိုင္းဆုံးသမုဒၵရာ ေအာက္ ႏွစ္ျမဳပ္သြားသလို ေအးစက္မႈ အလုံးစုံ အား ခံစားလိုက္ရသည္။

!မျစ္နိူင္ ပါဘူး ကိုခ်ားက အဲ့လိုလူ ဆိုတာယ္ေရာက ၾကည့္ၾကည့္ မျစ္နိူင္ တာ!

ထို႔ေနာက္ အနည္းငယ္ တုန္ရီခ်င္ေသာ သူ႕အသံအား ထိန္းကာ Poleအား ေမးလိုက္သည္။
"မင္းသူ႕ကို စုံစမ္း တာ ဘာေတြ႕ေသးလဲ "

Pole ေဆးလိပ္ေငြ႕မ်ား မႈတ္ထုတ္ရင္း ေခါင္းခါလာသည္။
"ဘာမွ မေတြ႕ဘူး အကုန္ ပုံမွန္ဘဲ ေက်ာင္းေဆာင္မွာ မေနရင္ သူ႕တိုက္ခန္းမွာ ေနတယ္ ေက်ာင္းနဲ႕ သင္တန္းသြားတယ္ ၿပီးေတာ့ ထူးထူးဆန္းဆန္း လြန္ခဲ့တဲ့ ႏွစ္ႏွစ္ကစ အခုထိ အပတ္တိုင္း ငါတို႔ေက်ာင္းနား Cafeဆိုင္မွာ အၿမဲထိုင္တယ္ "

Pole စကားအား Dream အံ့ၾသ ဟန္မျပ။ ခ်ားလစ္အပတ္တိုင္း သူတို႔ေက်ာင္းနားက cafeတြင္ လာထိုင္ေနၾက ျဖစ္မွန္း သူသိေနၿပီး ျဖစ္ေသာေၾကာင့္ ပင္။

"ငါသိတယ္ သူ အပတ္တိုင္း ငါတို႔ေက်ာင္းနား ကcafeမွာ လာထိုင္ေနၾကဆိုတာ ဒါေပမဲ့ ဒီေလာက္ အေဝးႀကီး ကို ဘာလို႔ တကူးတက လာထိုင္မွန္း ငါ စဥ္းစား လို႔ ကို မရဘူး "

Dream စိတ္ရႈပ္ဟန္ ေျပာလာေသာေၾကာင့္ Pole ခပ္တိုးတိုး ရယ္လိုက္သည္။

"ဟက္..မင္း မသိဘူး ငါေတာ့ သိတယ္ ၿပီးေတာ့ မင္းနဲ႕ ပတ္သက္တဲ့ ကိစၥတစ္ခုလည္း ငါသိထားတယ္ "
Pole စကားေၾကာင့္ Dream မွာ Poleဘက္သို႔ သိခ်င္စိတ္ျဖင့္ အျမန္လွည့္ၾကည့္လာသည္။
Dream ၏ သိခ်င္စိတ္အျပည့္ပါသည့္ မ်က္ဝန္း ေတာက္ေတာက္ေၾကာင့္ Poleၿပဳံးကာ အေပးအယူ ဆန္ေသာ စကားအား ဆိုလာသည္။

"မင္းပိုင္တဲ့ ၿမိတ္ဘက္က ပုလဲ လုပ္ငန္းမွာ ငါ့ကို ရွယ္ယာဝင္ခြင့္ေပး "

Poleစကားေၾကာင့္ Dream နားမလည္သလို မ်က္ေမွာင္ၾကဳတ္ကာ ေမးလာသည္။

"မင္းက စီးပြားေရး လုပ္မလို႔လား ဒါမွမဟုတ္ မင္းအေဖ အတြက္လား မင္းအေဖ အတြက္ဆိုရင္ေတာ့ Noေနာ္ ငါ့အေမက ခြင့္ျပဳမွာ မဟုတ္သလို ငါလည္း ခြင့္မျပဳဘူး မင္းဆီက မသိရရင္လည္းေနပါေစေတာ့ ငါ့ဖာငါ ဘဲ စုံစမ္းေတာ့မယ္"

သူ႕အေဖအတြက္ ျဖစ္မည္ စိုး၍ အျမန္ျငင္းခ်က္ ထုတ္လာေသာDream ေၾကာင့္ Poleမွာ ေအာ္ရယ္မိမတတ္ ။

"ရမလားလို႔ ေျပာၾကည့္တာကို အတင္းကို ျငင္းေတာ့တာဘဲ ဟြန့္.."

Poleက မေက်မနပ္ ေျပာလာကာ ေနာက္ဆုံးတြင္လည္း Dreamအား သူသိထားသည့္ ကိစၥတစ္ခ်ိဳ႕အား ေဖာက္သည္ ခ်လာသည္။

"တကယ္က Dreamရ အဲ့အစ္ကို အပတ္တိုင္း cafeဆိုင္မွာ သြားထိုင္တာက ငါတို႔ေက်ာင္းက ေကာင္ေလး တစ္ေယာက္ကို လာၾကည့္တာတဲ့
ေကာင္မေလး မဟုတ္ဘူးေနာ္ ေကာင္ေလး ကို
ၿပီးေတာ့ ႏွစ္ႏွစ္လုံးလုံး ဘဲ"

Pole စကားေၾကာင့္ Dreamမွာ စိတ္လႈပ္ရွားလာကာ Poleအား အျမန္ျပန္ေမးလာသည္။

"မင္းကို ဘယ္သူေျပာလဲ သူေကာင္ေလး တစ္ေယာက္ကို လာေစာင့္ေနတာလို႔ "

"ငါ မ႐ူပါ ကို အစ္ေအာင့္ေမးလာတာ ဒါေပမဲ့ ႏွေျမာစရာက အဲ့ေကာင္ေလး ဘယ္သူမွန္း မ႐ူပါ လည္း မသိတာဘဲ ၿပီးေတာ့ မင္းနဲ႕ပတ္သက္တာ ရွိေသးတယ္ မင္းသိၿပီးၿပီလားေတာ့ မသိဘူး
မင္း လြန္ခဲ့တဲ့ႏွစ္ႏွစ္ ကားတိုက္ခံရတုန္းက ေဆး႐ုံ ပို႔ေပးခဲ့တာ သူဘဲ"

"ဘာ..ငါ့ကို ေဆး႐ုံ ပို႔ခဲ့တာ သူဟုတ္လား "
Dream အလန့္တၾကား Poleအား ေမးလာေသာေၾကာင့္ Poleမွာ Dreamအား မယုံသလို ၾကည့္ကာ ေျပာလာသည္။

"မင္း မသိဘူးလို႔ေတာ့ ငါ့ကို လာမေျပာနဲ႕ေနာ္ "
Dream မွာ Poleအား ၾကည့္ရင္း ေခါင္းအသာ ခါျပလာေသာေၾကာင့္ Poleမွာ Dreamအား စိတ္ကုန္သလို အၾကည့္ျဖင့္ၾကည့္ကာ ေျပာလာသည္။

"မင္းက ကိုယ့္ကို ကယ္ခဲ့တဲ့ လူကိုေတာင္ မသိတဲ့ ေသာက္႐ူးေကာင္ဘဲ "

အဲ့တုန္းက သူ႕ကို ကယ္ခဲ့သည့္ လူက ခ်ားလစ္ဝိန္း တဲ့လား
သူ႕ကို ေဆး႐ုံ ပို႔ေပးကာ အေရးေပၚ ေသြးလႉ ခဲ့သည့္သူက ခ်ားလစ္ဝိန္း တဲ့ေလ
ရင္မွ တစ္သိပ့္သိပ္ၾကည္ႏူးရျခင္းႏွင့္ အတူ ကံၾကမၼာ ဆိုသည့္အရာကိုလည္း အံ့ဩ မိလာသည္။
သူတို႔က အဲ့ဒီ အခ်ိန္တည္းက ေတြ႕ဆုံ ခဲ့ၾကသည္လား။
သူ ဘာလို႔ မ်ား ထိုလူသားကို ေစာၿပီး မရွာခဲ့မိတာပါလိမ့္။
ဒါဆို ခ်ားလစ္ဝိန္း အစဥ္ လာေစာင့္ေနတတ္သူက သူမ်ားလား
ထို အေတြးေလးသည္ပင္ သူ႕အားေပ်ာ္႐ႊင္ၾကည္ႏူးမႈကို ခံစားလာရေစသည္။
တကယ္လို႔ ခ်ားလစ္ဝိန္း က Gods အဖြဲ႕ဝင္ ျဖစ္ေနရင္ေရာ ဘာအေရးလဲ
သူခ်စ္တာ ခ်ားလစ္ဝိန္း ကိုသာ ထိုလူ၏ ျဖစ္တည္မႈ ေလးကိုသာ။
ထိုလူရဲ႕ အလုပ္ ထိုလူရဲ႕ ေနာက္ေၾကာင္းရာဇဝင္အား သူဂ႐ုစိုက္ေနမည္ မဟုတ္။

သို႔ေပသိ သူ႕မွာ ေတြးစရာ ေလးေတြ မ်ားျပားေနေသးသည္ကလည္း အမွန္ပင္။
Gods ဆိုတာ လက္နက္ေမွာင္ခို လုပ္ငန္းကို သူ႕အေဖႏွင့္ အၿပိဳင္ လုပ္ေနသည့္ အဖြဲ႕။
ဦးေဇယ်ာမင္းသစ္ အေၾကာင္းစုံစမ္းခ်င္လို႔ ဦးေဇယ်ာမင္းသစ္ရဲ႕ သား ျဖစ္တဲ့ သူ႕ကို ရည္႐ြယ္ခ်က္ ရွိရွိ ခ်ည္းကပ္လာတယ္ ဆိုရင္ေရာ
မျဖစ္နိူင္တာ မဟုတ္ ျဖစ္နိူင္ေခ် မ်ားစြာ ရွိသည္။

သို႔ေသာ္လည္း ခ်ားလစ္ဝိန္း ဟာ Gods အဖြဲ႕ဝင္ ျဖစ္နိူင္ေခ် နည္းလြန္းကာ Gods လို နိူင္ငံတကာ ေၾကးစား အဖြဲ႕ကလည္း သူ႕အေဖလို လူကို စာရင္းထဲ ထည့္နိူင္ေခ် နည္းလြန္းသည္။
သူကိုယ္တိုင္ ကဘဲ အေတြးလြန္ ေနတာလည္း ျဖစ္နိူင္သည္။

! တိုက္ဆိုင္ သြားတာဘဲ ေနမွာပါ ဟုတ္ယ္ ငါအေတြးလြန္ေတာ !

Dream ေဆးလိပ္အား တစ္ခ်က္ ဖြာရွိုက္လိုက္ကာ Poleအား ေမးလိုက္သည္။

"တကယ္လို႔ ခ်ားလစ္ဝိန္း သာ Gods အဖြဲ႕ဝင္ဆို မင္းဘာလုပ္မွာလဲ "

Dream အေမးေၾကာင့္ Poleက Dream ဘက္ စိတ္ဝင္တစား လွည့္ကာ ျပန္ေမးလာသည္။

"မင္းသိေနတာ ရွိေနတာလား "

Pole အေမးအား Dream မသိေၾကာင္း အသာ ေခါင္းခါ ျပလိုက္သည္။
တကယ္ေတာ့ တစ္ခ်ိဳ႕ ကိစၥအား သူသိေနေသာ္လည္း သူဖြင့္ေျပာမည္ မဟုတ္
ဥပမာ ခ်ားလစ္ဝိန္း ထံတြင္ Gods sign tattoo ရွိေနတာမ်ိဳးေပါ့
Pole၏ ရည္႐ြယ္ခ်က္အား မသိမခ်င္း သူခ်ားလစ္ဝိန္းႏွင့္ ပတ္သက္၍ တစ္ခြန္းမွ ဟမည္မျဖစ္။

Dream ေခါင္းခါ ျပလိုက္ေသာေၾကာင့္ Poleမွာ အနည္းငယ္ စိတ္ဓာတ္က်သြားေသာ္လည္း တစ္ခဏသာ ။ထို႔ေနာက္ သူ႕အေတြးအား ေျပာလာသည္။

"တကယ္ေတာ့ သူတို႔ ႏွစ္ေယာက္ပုံစံက ဆင္လို႔ စုံစမ္းမိ႐ုံဘဲ ရွိတာပါ ဒါေပမဲ့ ဘာမွ မေတြ႕ဘူး
ၿပီးေတာ့ ခ်ားလစ္ဝိန္း ဆိုတာ social ေကာင္းၿပီး အၿမဲတက္ႂကြေနတဲ့သူေလ အဲ့လို လူက ပိုၿပီး မျဖစ္နိူင္ ဘူးမလား တစ္ျခားစီဘဲေလ "

"...."
Dreamမွာ ဘာမွ မတုံ႕ျပန္ လာေသာေၾကာင့္ Poleက ဆက္ေျပာလာသည္။

"ၿပီးေတာ့ သူသာ Wolfဆိုရင္ေတာင္ ငါက ဘာလုပ္နိူင္မွာလဲ
Gods ဆိုတာ တရားဝင္ တည္ရွိေနတဲ့ အင္အားႀကီး နိူင္ငံတကာ ေၾကးစားအဖြဲ႕ ေလ
လက္ရွိ ျမန္မာျပည္မွာ ရွိေနတဲ့ Gods အဖြဲ႕ဆိုတာ သူတို႔ဌာနခ်ဳပ္ရဲ႕ အဖြဲ႕ခြဲေလး ဆိုေပမဲ့ ငါက သူတို႔ကို သြားထိရေအာင္ အဲ့ေလာက္မ႐ူးေသးဘူး "

Pole စကားေၾကာင့္ Dream မွာ ရယ္ရမလို ငိုရမလို။
ဟုတ္သားဘဲ Gods ဆိုတာ နိူင္ငံတကာ ေၾကးစားအဖြဲ႕ ဘဲ ဘယ္သူက သူတို႔အဖြဲ႕ကို သြားထိရဲမွာ တဲ့လဲ။
သူ႕အေဖ လို လူကိုလည္း စာရင္းထဲ ထည့္မည္ မဟုတ္။

<<<<<< >>>>>>
ညေနခင္းခ်ိန္ ေခ်ာင္းသာ ကမ္းေျခသို႔ ေရာက္လာၾကေသာ သူတို႔ အဖြဲ႕သည္ ထူးခန့္ ငွားထားသည့္ ခပ္ႀကီးႀကီးဘန္ဂလို ေရွ႕ ရပ္ကာ အခန္းခြဲေနၾကသည္။

"ဘန္ဂလိုက အခန္း 4ခန္း ရွိတယ္ သူရိန္ မင္းက မင္းသူငယ္ခ်င္းနဲ႕ ညာဘက္ေထာင့္က အခန္းယူလိုက္"

သူရိန္ ထူးခန့္ ကမ္းေပးလာေသာ ေသာ့အားလွမ္းယူလိုက္သည္။
သူငယ္ခ်င္း ဆိုသူမွာ လမင္းသာ ျဖစ္ကာ သူတို႔ႏွင့္ တစ္ေက်ာင္းတည္း မဟုတ္ေသာ္လည္း သူရိန္တို႔ႏွင့္ အတူ ကပ္ပါလာျခင္းျဖစ္သည္။

"မင္းခန့္ နဲ႕ မ်ိဳးကို မင္းတို႔က သူတို႔ ေဘးက အခန္းကိုယူ "

"ငါ မင္းနဲ႕ တစ္ခန္းယူမယ္ ထူးခန့္
မင္းခန့္က ေဇယ်ာနဲ႕ ေနပါေစ "

မ်ိဳးကိုမွာ ေသာ့အား လွမ္းယူလိုက္ကာ ဘယ္သူ႕ကိုမွ စကားမေျပာဘဲ ဘန္ဂလိုထဲသာ ဝင္သြားေတာ့သည္။

မ်ိဳးကိုမွာ ေပ်ာ္ေပ်ာ္ေနတတ္သူ ျဖစ္ကာ အဖြဲ႕၏ happy virus ေလး ျဖစ္ေသာ္လည္း ယခုတြင္ေတာ့ တစ္လမ္းလုံး ၿငိမ္လာသည့္ အျပင္ ယခုတြင္ ထူးခန့္ အခြင့္ေရး ဖန္ေပးသည္ကိုပင္ မယူဘဲ ထူးခန့္ႏွင့္ တစ္ခန္းေနမည္ ဆိုေသာေၾကာင့္ အနည္းငယ္ေတာ့ ထူးဆန္းေနသည္။
မင္းခန့္ဘက္ သူတို႔ ၾကည့္ေတာ့ မင္းခန့္မွာ ဘန္ဂလိုထဲ ဝင္သြားေသာ မ်ိဳးကိုေက်ာျပင္အား မ်က္ႏွာငယ္ႏွင့္ လွမ္းၾကည့္ေနသည္။

ထို႔ေၾကာင့္ တစ္ဖြဲ႕လုံး နားမလည္ စြာ ထူးခန့္အား ေမးခြန္းပါသည့္ အၾကည့္ျဖင့္ၾကည့္လိုက္ေသာ္လည္း
ထူးခန့္မွာလည္း မသိေသာေၾကာင့္ အမူအရာႏွင့္ မသိေၾကာင္း ျပန္ေျပာလာသည္။

ထို႔ေနာက္ သူရိန္ႏွင့္ လမင္းမွာ တစ္ခန္း၊ မ်ိဳးကိုႏွင့္ ထူးခန့္မွာ တစ္ခန္း ၊ မင္းခန့္ႏွင့္ ေဇယ်ာမွာ တစ္ခန္း ျဖစ္ကာ Dream ႏွင့္ ခ်ားလစ္မွာ တစ္ခန္း ဟူ၍ ေနရာ က်သြားၾကသည္။

ညေနခင္းခ်ိန္ ေရာက္လာၾကေသာေၾကာင့္ ပင္ပန္းေသာ္လည္း ရွားရွားပါးပါး ေနဝင္ခ်ိန္ေလး ခံစားရန္ ထိုးအိပ္ဖို႔ ေတြးထားၾကေသာ အေတြးမ်ား ေပ်ာက္သြားကာ ေရမိုးခ်ိဳးၿပီးသည္ႏွင့္ တစ္ဖြဲ႕လုံး ကမ္းေျခသို႔ ထြက္လာခဲ့သည္။

ပင္လယ္ႀကီးထဲ ဝင္လုလု ျဖစ္ေနသည့္ အနီေရာင္ ေနမင္းႀကီးေၾကာင့္ ေကာင္းကင္တစ္ခြင္ တိမ္ညိုတိမ္လိပ္မ်ားသည္လည္း အနီေရာင္သန္းလာကာ
ေရျပင္က်ယ္ႀကီးမွာ လည္း အနီေရာင္ သန္းေနျပန္သည္။
တစ္သြဲသြဲ႕ တိုက္ခတ္ေနေသာ ေလညွင္းႏွင့္ အတူ
ကမ္းေျခဘက္ အရွိန္ႏွင့္ တက္လာေသာ လွိုင္းလုံးႀကီးသည္ ကမ္းေျခအေရာက္တြင္ အရွိန္နည္းလာကာ ေဝါ ဆိုသည့္ အသံႏွင့္ အတူ သူလာရာ အရပ္ဆီသို႔ ျပန္လည္ ထြက္ခြာ သြားျပန္သည္။

ခ်ားလစ္ မွိုင္းညို႔ေနေသာ တိမ္လိပ္မ်ား၊ အနီေရာင္ ေနမင္းႀကီးအား ၾကည့္ေနရင္း ေဘးနားမွ
သူျမတ္နိူး ရပါေသာ အမ်ိဳးသား ေလးအား လည္ျပန္ ၾကည့္မိသည့္ တစ္ခဏ တြင္ေတာ့ သူမပိုင္ေသးသည့္ ထိုအမ်ိဳးသားေလးသည္ အနီေရာင္ ေနမင္း၏ ေရာင္ျပန္ဟပ္မႈေၾကာင့္ ျပည့္စုံလြန္းေသာ ထိုမ်က္ႏွာသည္ ပို၍ပင္ ဂႏၱဝင္ ဆန္လာသည္။

ဤအခိုက္တန့္တြင္ ထိုအမ်ိဳးသားေလး၏ မ်က္ႏွာႏုႏုအား ျဖတ္တိုက္ကာနမ္းရွိုက္သြားေသာ ေလညွင္း မ်ားကိုပင္ သူမနာလို ျဖစ္မိသည္။
စင္းက်ေနေသာ မ်က္ေတာင္ရွည္ ေလးေတြ
အေနာက္တိုင္း ဆန္ဆန္ ႏွာတံခြၽန္ခြၽန္ေလး
သူ က်ရႈံး ခဲ့ရသည့္ အနီေရာင္ မ်က္ဝန္းေလး
ေလအေဝ့မွာ လူးလြန့္ကခုန္ေနသည့္ ခပ္တိုတို အနက္ေရာင္ဆံပင္ေလးမ်ား

ထိုလူသား၏ အလုံးစုံ ေသာ ျဖစ္တည္မႈ အား သူႏွစ္ၿခိဳက္ရသလို
ထို လူသားေလးအားလည္း သူရင္ႏွင့္အမွ် ျမတ္နိူးလြန္းရပါသည္။
ဤ ကမၻာေပၚတြင္ အျမတ္နိူးရဆုံး လူသားလို႔ ဆိုလွ်င္
မင္းအိပ္မက္သစ္ ဆိုသည့္ ထိုအမ်ိဳးသားေလးကိုသာ သူလက္ညိုး ထိုးျပလိမ့္မည္ ျဖစ္သည္။

မင္းအိပ္မက္သစ္ ဆိုတာ ခ်ားလစ္ဝိန္းအတြက္ ရွင္သန္ျခင္းႏွင့္ ေသဆုံးျခင္းၾကား ကူးလြန့္ ႐ုန္းကန္ေစသည့္ အေၾကာင္းျပခ်က္ေလးပင္ ျဖစ္သည္။

Dream ခပ္ျပင္းျပင္းတိုက္ခတ္လာေသာ ပင္လယ္နံ႕သင္းေနသည့္ ေလမ်ားအား မ်က္လုံးမွိတ္ကာ ရႈရွိုက္လိုက္သည္။
ထို႔ေနာက္ ညင္သာစြာ ၿပဳံးကာ ခပ္တိုးတိုး ေလး ေရ႐ြတ္လာသည္။

"ဟင္း...ပင္လယ္ နံ႕ေလး "

ထို ရနံ႕ေလး သည္ မြန္းၾကပ္လွေသာ ရန္ကုန္ၿမိဳ႕ထဲ ေနထိုင္ရေသာ သူ႕အဖို႔ စိတ္အလုံးစုံအား ၾကည္လင္သြားေစသည္။
Dream သူ႕ေဘးနားမွ လူသားအား လွည့္ၾကည့္မိေတာ့ ထိုလူသားဟာေနမင္း ရွိရာအရပ္သို႔ မ်က္ႏွာ မူထားေလရက္။
ဆံႏြယ္ရွည္မ်ားဟာ ေလအေဝ့မွာ လူးလြန့္ကခုန္ေနကာ အခ်ိဳ႕မွာလည္း ထိုလူသား၏ မ်က္ႏွာထက္ လာေရာက္ကပ္ညွိ နမ္းရႈပ္ေနျပန္သည္။

ခန့္ညားကာေခ်ာေမာေသာ မ်က္ႏွာထက္ ကပ္ညွိေနသည့္ ဆံႏြယ္ အခ်ိဳ႕အား
ရွည္သြယ္သြယ္လက္ေခ်ာင္းမ်ားျဖင့္ နားသယ္ဘက္သို႔ သပ္တင္ရင္း သူ႕ဘက္လွည့္ကာ ပါးခ်ိဳင့္မ်ား ေပၚသည္အထိ ၿပဳံးျပလာသည္။

ညေန ဆည္းဆာ ခ်ိန္တြင္ ျမင္ေတြ႕ရသည့္ထိုအၿပဳံး
ထိုလူသားအား သူခ်စ္မိေနေၾကာင္း သိလိုက္ရသည့္ အခ်ိန္တုန္းကလည္း ထိုလူသားဟာ ေနဝင္ဆည္းဆာေအာက္ သူ႕အား ဤကဲ့သို႔ၿပဳံးျပေနခဲ့သည္။

ပထမဆုံး အႀကိမ္က သူ႕ႏွလုံးသားဟာ ထိုလူသားထံ ဒူးေထာက္က်ရႈံးသြားခဲ့ရသလို
ယခု ဒုတိယ အႀကိမ္တြင္ေတာ့လည္း သူ႕စိတ္ဝိညာဥ္ တစ္ခုလုံးဟာ ထိုလူသားထံ ထပ္မံ က်ရႈံးသြားေၾကာင္း သူခံစားသိလိုက္ရသည္။

ခက္ေတာ့ ခက္ေနပါၿပီ ႐ုန္းေလး နစ္ေလ ပါဘဲ လားဗ်ာ

ခ်ားလစ္ သူ႕အား ေငးၾကည့္ေနေသာ Dreamအား အသာၿပဳံးျပရင္း ေခၚလိုက္သည္။

"ညီ "
တုံ႕ျပန္လာျခင္း မရွိ။ ေၾကာင္ကာ သူ႕အား ေငးၾကည့္ေနဆဲ။

"ညီ "
ဒုတိယ အႀကိမ္ထိ တုံ႕ျပန္လာျခင္း မရွိေသာေၾကာင့္ ခ်ားလစ္ ခပ္သဲ့သဲ့ ရယ္လိုက္ရင္း သူ႕အား ေၾကာင္ကာ ၾကည့္ေနေသာ Dreamနဖူးအား ခပ္ဖြဖြ ေတာက္လိုက္သည္။

နဖူး အေတာက္ ခံလိုက္ရသည့္ အခါမွ Dream တစ္ေယာက္ အသိစိတ္ ဝင္လာသလို အသိစိတ္ လြတ္သြားမိျခင္း အားလည္း အနည္းငယ္ ရွက္သလို ခံစားလိုက္ရကာ ေနေရာင္ေအာက္မွ မ်က္ႏွာႏုႏု ေလးမွာလည္း အနီေရာင္ သန္းသြားသည္။
သူ႕အျမင္ထဲ အလြန္ပင္ ခ်စ္ဖို႔ ေကာင္းေနေသာ Dreamေၾကာင့္ ခ်ားလစ္ ၿပဳံးလိုက္မိသလို Dream အား အနည္းငယ္ စခ်င္လာသည္။

"ကိုယ့္က အရမ္း ေခ်ာေမာၿပီး ခန့္ညားေနတယ္ ထင္တယ္
မင္းေလးကေတာင္ အသိစိတ္ လြတ္တဲ့ထိ ေငးၾကည့္ ရတယ္ ဆိုေတာ့ေလ "

ခ်ားလစ္မွာ ၿပဳံးစစ ႏွင့္ ေျပာလာေသာေၾကာင့္
Dream တစ္ေယာက္ ရွက္ရွက္ႏွင့္ အျမန္ ျငင္းခ်က္ ထုတ္လာသည္။

"ေလွ်ာက္ေျပာေနတယ္ ကြၽန္ေတာ္ က ကိုခ်ားကို ေငးေနတာ မဟုတ္ဘူး တစ္ခုခုကို ေတြးေနလို႔ အသိစိတ္ လြတ္သြားတာ "

Dream စကားအား ခ်ားလစ္ မယုံသလို လုပ္ကာ ျပန္ေမးလာသည္။
"ဟုတ္လို႔လား ကိုယ့္ကို ေငးတာ မဟုတ္ဘူးေပါ့"

"မဟုတ္ဘူး "

"ကိုယ္ကေတာ့ မင္းေလး ကိုယ့္ကို ေငးၾကည့္ေနတာဘဲ ျမင္တယ္ ညီလို႔ေခၚေနတာေတာင္ မၾကားတဲ့ အထိေလ "

သူ႕အား ဆက္စေနေသာ ခ်ားလစ္ေၾကာင့္ Dream မွာ ရွက္ကာ အျမင္မၾကည္ခ်င္ေတာ့

"က်စ္...ေတာ္ေတာ့ဗ်ာ မစနဲ႕ေတာ့ ျပန္ေတာ့မယ္ "

ထိုသို႔ ေျပာၿပီးသည္ႏွင့္ ဘန္ဂလို ရွိရာ ဘက္သို႔ အျမန္ေျပးေလွ်ာက္သြားေသာ အျဖဴေရာင္ ေက်ာျပင္အား ၾကည့္ကာ ခ်ားလစ္ အၿပဳံးတို႔က ပုံမွန္ထက္ ပိုေတာက္ပေနလ်က္။

ေနဝင္ဆည္းဆာေၾကာင့္လား ခရီး နီးလို႔ဘဲလားေတာ့ မသိ
တစ္ေယာက္မွ ပင္ပန္းသည္ ဟူ၍ မခံစား ရဘဲ ညဘက္တြင္လည္း BBQႏွင့္ ယမကာ အခ်ိဳ႕ႏွင့္ တစ္ဖြဲ႕လုံး ဘန္ဂလို ဝရံတာတြင္ ဝိုင္းထိုင္ကာ ဝိုင္းစရန္ ျပင္ေနၾကၿပီ ျဖစ္သည္။

ထိုသို႔ ျပင္ေနခ်ိန္တြင္ ထူးခန့္ႏွင့္ ခ်ားလစ္မွာ လူအလစ္တြင္ မ်ိဳးကိုအား အခန္းထဲ အတင္းဆြဲေခၚသြားေတာ့သည္။

"မင္းတို႔ ဘာလုပ္ေနၾကတာလဲ လႊတ္စမ္းပါ "
ကုတင္ေပၚ ထိုင္ရက္ ျပဳတ္က်သြားေသာ မ်ိဳးကိုအား ထူးခန့္ႏွင့္ခ်ားလစ္က မတ္တပ္ရပ္ကာ တရားခံ စစ္သလို အၾကည့္ႏွင့္ ၾကည့္ေနၾကသည္။

"ဘာလဲဟ မင္းတို႔ အၾကည့္ႀကီးက "

"ေျပာ မင္းနဲ႕ မင္းခန့္ ဘာျဖစ္ထားတာလဲ "
ထူးခန့္ အေမးေၾကာင့္ မ်ိဳးကို မွာ သူတို႔အား မ်က္ခုံးပင့္ၾကည့္ရင္း ေအးေဆးေျဖလာသည္။

"ဘာျဖစ္ရမွာလဲ ဘာမွ မျဖစ္ဘူး "
မ်ိဳးကို စကားအား ခ်ားလစ္ေရာ ထူးခန့္ပါ မယုံ

"မင္းစကားကို ငါတို႔ ယုံမယ္ ထင္ေနလား
မင္းက မင္းခန့္ကို ခပ္တန္းတန္း ဆက္ဆံၿပီး မသိမသာေတာင္ ေရွာင္ေနေသးတယ္
မင္းခန့္က်ေတာ့လည္း မင္းကို မ်က္ႏွာငယ္ေလးနဲ႕ ၾကည့္ၾကည့္ ေနတာ
အဲ့ဒါေတာင္ ဘာမွ ျဖစ္မထား ဘူး ဟုတ္လား
မင္း ခ်ီးစား ေျပာေတာင္ မယုံဘူး ေဟ့ေကာင္ "

ထူးခန့္၏ အခ်က္လက္က်ေသာ စကားေၾကာင့္ မ်ိဳးကိုမွာ စိတ္ရႈပ္သလို သူ႕ ဆံပင္အား ဖြလိုက္သည္။ ထို႔ေနာက္ သက္ျပင္းခ်ရင္း ဇာတ္ေၾကာင္းအား ေျပာျပလာသည္။

"တကယ္ေတာ့ ဘာမွ ႀကီးႀကီးမားမား ရယ္လို႔ မဟုတ္ပါဘူး ဟိုေန႕က သူ ငါ့ကို လိမ္သြားတဲ့ ကိစၥေၾကာင့္ နည္းနည္း စိတ္မေကာင္းျဖစ္သြားလို႔ "

မ်ိဳးကို စကားေၾကာင့္ ထိုကိစၥအား မသိေသးေသာ ထူးခန့္ႏွင့္ ခ်ားလစ္က မ်ိဳးကိုအား မ်က္ေမွာင္ၾကဳတ္ ၾကည့္ လာသည္။
သူတို႔ ပုံစံေၾကာင့္ မ်ိဳးကိုမွာ ႏႈတ္ခမ္းမဲ့ ကာ ထိုေန႕က အျဖစ္အား ေျပာျပလိုက္ရသည္။

မ်ိဳးကို ေျပာအၿပီးတြင္ ၿငိမ္နားေထာင္ေနေသာ ထူးခန့္ ႏွင့္ ခ်ားလစ္က မင္းခန့္အား အျပစ္တင္သလို ဆိုလာသည္။

"မင္း ေျပာတဲ့ အတိုင္းဆို မင္းခန့္ က လြန္တာေပါ့
ေကာင္မေလး ကို သြားေတြ႕မယ္ ဆိုရင္လည္း သြားေတြ႕မဲ့ အေၾကာင္း ဒီတိုင္း ေျပာပါလား
ငါတို႔က သူ႕ကို တားမဲ့ သူေတြလည္း မဟုတ္ဘဲနဲ႕
ခုက မင္းကိုတင္ မကဘူး ငါတို႔ ကိုပါ လိမ္သြားတာဟ "
ခ်ားလစ္ စကားအဆုံး ထူးခန့္က မ်ိဳးကိုအား အေလးအနက္ ၾကည့္ကာ ေမးလာသည္။

"အဲ့ေတာ့ မင္းက မင္းခန့္ကို လက္ေလ်ာ့ေတာ့မွာလား "
ထူးခန့္ အေမးေၾကာင့္ မ်ိဳးကိုမွာ ခပ္သာသာ သက္ျပင္းခ်လာသည္။

"အစကေတာ့ လက္ေလ်ာ့မလို႔ဘဲ ဒါေပမဲ့ သူ႕မ်က္ႏွာေလး ျမင္လိုက္ရင္ လက္ေလ်ာ့မယ္ ဆိုတဲ့ အေတြးက ဘယ္လိုမွ မျဖစ္နိူင္မွန္း ပိုေသခ်ာလာတယ္ "

"လက္မေလ်ာ့ နိူင္တဲ့ ေနာက္ ေတာ့ ဘာလို႔ ေရွာင္ေနေသးလဲ ငါဖန္ေပးတဲ့ ခြင္ကိုေတာင္ မယူတဲ့ အထိေလ"

ထူးခန့္၏ အျပစ္တင္စကားေၾကာင့္ မ်ိဳးကိုမွာ ထူးခန့္အား တုံးရန္ေကာ ဆိုသည့္ အၾကည့္ျဖင့္ ၾကည့္လာသည္။

"မင္း ဖန္ေပးတဲ့ ခြင္ကို လက္ေလ်ာ့ လိုက္တာက
ငါ့မွာ တစ္ျခား နည္းလမ္း ရွိလို႔ "

ထိုအခါ ၾကားမွ နားေထာင္ေနေသာ ခ်ားလစ္က မ်ိဳးကို၏ ဆိုလိုရင္းအား သေဘာေပါက္သြားကာ ၿပဳံးရင္း ေျပာလာသည္။
"ငါသိၿပီ မင္း နည္းလမ္း က ဗ်ဴဟာ ေျပာင္းတာ မလား "

ခ်ားလစ္ စကားေၾကာင့္ မ်ိဳးကို လက္ေျဖာင့္ တစ္ခ်က္တီးကာ ၿပဳံးရင္း ေခါင္းၿငိတ္ ေထာက္ခံလာသည္။

"မွန္တယ္ ဗ်ဴဟာ ေျပာင္းလိုက္တာ "

"အဲ့ေတာ့ မင္းရဲ႕ ဆိုလိုရင္းက အရင္က မင္းဘဲ မင္းခန့္ေနာက္ အၿမဲလိုက္ခဲ့ရတာကို ခုျဖစ္တဲ့ ကိစၥကို အခြင့္ေကာင္း ယူၿပီး မင္းခန့္ကို သူ႕စိတ္သူ နားလည္ေစခ်င္တဲ့ သေဘာေပါ့ "

ထူးခန့္က ေတြးဆဆ ေျပာလာေသာေၾကာင့္ မ်ိဳးကို ေခါင္းၿငိတ္ ျပလာသည္။

"ငါ ဘယ္လိုေတြးေတြး သူလည္း ငါ့အေပၚ စိတ္ရွိေနတယ္ဆိုတာ ငါခံစားေနရတယ္
သူ႕စိတ္သူ နားမလည္ ေသးတာလို႔ဘဲ ငါထင္တယ္
အဲ့ဒါေၾကာင့္ သူ႕စိတ္သူ နားလည္သြားေအာင္ ခဏပစ္ထားမလို႔
ေနာက္မွ မ်ိဳးကိုကိုဦး မရွိရင္ မျဖစ္ဘူး ဆိုတာမ်ိဳး သေဘာေပါက္ သြားေစခ်င္တယ္ "

"ေဟးေဟး ဒါေတာ့ မ်ားတယ္ မင္းကိုယ္မင္း အရမ္း အထင္ႀကီးလြန္းသြားၿပီ
မင္းမရွိရင္ မျဖစ္ဘူး ဆိုတာႀကီးေတာ့ နည္းနည္းမ်ားလြန္းတယ္"

မ်ိဳးကို စကားအား ခ်ားလစ္က မေထာက္ခံသလို ဝင္ေျပာသည္။
"ဟီး မင္းကလည္း စကား အျဖစ္ေျပာတာပါ "

ထိုစဥ္ အခန္းတံခါး ေခါက္သံႏွင့္ အတူ ေဇယ်ာက တံခါးဖြင့္ကာ သူတို႔အား အသိေပးလာသည္။

"အစ္ကိုတို႔ အျပင္မွာ အဆင္သင့္ ျဖစ္ေနၿပီ
အကုန္ အစ္ကိုတို႔ကို ေစာင့္ေနတာ "

"အင္း လာခဲ့မယ္ "
ခ်ားလစ္ ျပန္ေျဖကာ အခန္းထဲမွ ထြက္ရန္ ျပင္လိုက္သည္။
ထို႔ေနာက္ မထြက္ခင္ မ်ိဳးကိုအား အားေပးဟန္ လွမ္းေျပာလာသည္။

"good luck သားႀကီး "တဲ့ေလ

ညခ်မ္းအခ်ိန္တြင္ ဘန္ဂလို ဝရံတာတြင္ ေသာက္ရင္း အကင္စားရင္းႏွင့္ စကား လက္စုံ က်ေနၾကသည္။

လက္ထဲမွ ဝီစကီ ခြက္အား ေမာ့ရင္း မ်ိဳးကိုက Dream အား ၾကည့္ကာ သူသိခ်င္သည့္ ကိစၥအား ေမးလာသည္။

"Dream မင္းက ကျပားလား "

မ်ိဳးကို အေမးေၾကာင့္ အကင္စားေနေသာ Dreamက ၿပဳံးလိုက္သလို သူရိန္ႏွင့္ လမင္းကပါ ၿပဳံးလိုက္ၾကသည္။
ထို႔ေနာက္ Dream က မ်ိဳးကို အေမးအား မေျဖဘဲ ျပန္ေမးလာသည္။

"ဘာလဲ ကြၽန္ေတာ္က အေနာက္တိုင္းသား ပုံေပါက္ေနလို႔လား "

"ေအး မင္းပုံစံက အေနာက္တိုင္းက ေကာင္ေလးေတြနဲ႕ အေတာ္ဆင္တာ အထူးသျဖင့္ အဲ့ႏွာတံ ခြၽန္ခြၽန္ဘဲ "
မ်ိဳးကို စကားအား Dream ရယ္ရင္း ျပန္ေျဖလာသည္။

"ကြၽန္ေတာ္ က ကျပားေတာ့ ကျပားဘဲ ဗ် ဒါေပမဲ့ အေနာက္တိုင္း ေတာ့ မစပ္ ဘူး ကြၽန္ေတာ့္အေဖက ဗမာ အေမက တ႐ုတ္ "

Dream အေျဖအား နားေထာင္ေနေသာ ထူးခန့္က မေက်နပ္ေသးသလို ထပ္ကာ ဝင္ေျပာလာသည္။

"တကယ္ မင္းက အေနာက္ တိုင္းသားေတြနဲ႕ အေတာ္ ဆင္တာ "

"တကယ္က အစ္ကိုတို႔ဘဲ ထင္တာမဟုတ္ဘူး
လူအေတာ္ မ်ားမ်ားလည္း အဲ့လိုဘဲ ထင္ၾကတာ "

လမင္းစကား ေၾကာင့္ အကုန္ Dreamအား ေသခ်ာျပန္ ၾကည့္လိုက္ၾကသည္။
ထို႐ုပ္မ်ိဳးက ထင္လည္း ထင္ခ်င္စရာေပ။
Dreamကေတာ့ ဝီစကီ ေသာက္ရင္း ေပါ့ေပါ့ပါးပါး သာ ရယ္ရင္း ေျပာလာသည္။

"ျဖစ္နိူင္တာက အေနာက္တိုင္း သား ဝင္စားတာဘဲ ေနမွာ "
Dream၏ ေနာက္ေနဟန္ရွိေသာ အေျဖေၾကာင့္ အကုန္ ၿပဳံးစိစိ ျဖစ္ကုန္သည္။

ထိုေနာက္ ၿငိမ္နားေထာင္ေနေသာ ေဇယ်ာက ပါးစပ္ဟ လာသည္။

"ကြၽန္ေတာ္လည္း ကိုခ်ားကို ေမးစရာရွိတယ္ "
ေဇယ်ာ စကားေၾကာင့္ Dream နားတြင္ အကင္ ထိုင္စားေနေသာ ခ်ားလစ္က ေခါင္းေမာ့လာသည္။
"ဘာေမး မလို႔လဲ မင္းက"

"ကိုခ်ား နာမည္က ခ်ားလစ္ဝိန္းေနာ္ "

"ေအးေလ "

"အဲ့ ခ်ားလစ္ဝိန္း အဓိပ္ပါယ္က ခုနစ္စင္ၾကယ္ လားဗ် "
ေဇယ်ာ အေမးေၾကာင့္ Dream ေရာ က်န္လူမ်ားပါ ခ်ားလစ္အား လွမ္းၾကည့္ လိုက္သည္။
ဟုတ္သည္ ။သူတို႔ အၿမဲတမ္း ခ်ားလစ္ နာမည္အဓိပၸာယ္အား ခုနစ္စင္ၾကယ္ ဟု သာ ထင္ေနခဲ့ၾကသည္ကိုး

သူ႕ထံ ေရာက္ေနေသာအၾကည့္မ်ားေၾကာင့္ ခ်ားလစ္ ၿပဳံးလိုက္ကာ ျပန္ေျဖလာသည္။

"တကယ္ေတာ့ အဲ့လို အဓိပၸာယ္ သတ္မွတ္လို႔လည္း ရပါတယ္
ဒါေပမဲ့ တကယ့္ အမွန္က ခုနစ္စင္ၾကယ္ မဟုတ္ ဘူး
Charles ဆိုတာက သမၼာက်မ္းစာထဲမွာ Strong and manly လို႔ အဓိပ္ပါယ္ရတဲ့ Charles ကို ယူထားတာ "

ခ်ားလစ္က ၿပဳံးရင္း ျပန္ေျဖ လာသည့္အခါ နားေထာင္ေနသူ မ်ားမွာ သူတို႔ အထင္ႏွင့္ တစ္လြဲ ျဖစ္ေနေသာ္လည္း လက္ခံ သလို ေခါင္းတစ္ၿငိတ္ၿငိတ္ႏွင့္။
Dream က ထိုအေျဖအား သေဘာမက်သလို ခ်ားလစ္နား ကပ္ကာ ခပ္တိုးတိုး ေမးလာသည္။

"ကိုခ်ား တကယ္ႀကီး ကိုခ်ားနာမည္က အဲ့ဒီ အဓိပ္ပါယ္လား "
Dreamအေမးေၾကာင့္ ခ်ားလစ္ၿပဳံးကာ Dreamအေမးအား ႏွစ္ကိုယ္ၾကား ျပန္ေျဖလာသည္။

"တကယ္လို႔ ညီက ကိုယ့္နာမည္ကို ၾကယ္စင္ေလးလို႔ သတ္မွတ္ ထားရင္ ကိုယ္ကလည္း ညီ့အတြက္ သီးသန့္ထြန္းလင္းေပးမဲ့ ၾကယ္ ေလး ျဖစ္ေပးနိူင္ပါတယ္"

ခ်ားလစ္ စကားေၾကာင့္ Dream တစ္ေယာက္ ရွက္သြား သည္ လားမသိ မီးေရာင္ေအာက္မွ မ်က္ႏွာေလးမွာ ပန္းေရာင္ သန္းလာသည္။
ခ်ားလစ္ ပန္းေရာင္ သန္းေနေသာ Dream မ်က္ႏွာအား ၿပဳံးၾကည့္ရင္း ေဘးနားမွ ခ်ထားေသာ ဖုန္းက အသံျမည္လာသည္။
ေပၚလာေသာ နံပါတ္ေၾကာင့္ ခ်ားလစ္ ဖုန္းကိုင္ကာ ထိုင္ေနေသာလူမ်ားအား အသိေပး သလို ေျပာလာသည္။

"ဖုန္းေျပာလိုက္ဦးမယ္ "
ခ်ားလစ္ ဝရံတာမွ ထြက္လာကာ အခန္းထဲ ဝင္လာၿပီးေနာက္ ဖုန္းကိုင္လိုက္ သည္။
ဖုန္း ကိုင္ကိုင္ခ်င္း တစ္ဖက္မွ Kham အသံအား ၾကားလိုက္ရသည္။

"ငါတို႔ ေရာက္ၿပီ အခု မင္းတို႔ ဘန္ဂလို နဲ႕ ကပ္ရက္ ဘန္ဂလိုမွာဘဲ "

"ပစၥည္း အစုံ ပါလား "
ခ်ားလစ္ အေမးေၾကာင့္ Khamက Adamအား တစ္ခုခု လွမ္းေမးသံအား ဖုန္းထဲမွ တစ္ဆင့္ ခ်ားလစ္ၾကားလိုက္ရသည္။ထို႔ေနာက္ Khamက ေလးေလးနက္နက္ ျပန္ေျဖလာသည္။

"အကုန္စုံတယ္ မင္း ေျပာထားတဲ့ ပစၥည္းေတြ အကုန္ ယူလာတယ္ လက္နက္လည္း အပိုထည့္လာတယ္ "

"ေကာင္းတယ္ အစီအစဥ္ အေသးစိတ္ကို meeting လုပ္မွ ေျပာမယ္ မနက္2နာရီ ငါမင္းတို႔ဆီ ကူးလာခဲ့မယ္
Adam ကို အဆင္သင့္ ျပင္ထားခိုင္း "

ခ်ားလစ္ ဖုန္းေျပာေနရင္း အခန္းဘက္ ျပန္လာသံမ်ား ၾကားရ၍ Khamအား ေျပာလာသည္။

"ဒါဘဲ မနက္ 2နာရီမွာ ေတြ႕မယ္ "
ခ်ားလစ္ ဖုန္းခ် ၿပီးသည္ႏွင့္္ Dreamမွာ တံခါး ဖြင့္ဝင္လာကာ ခ်ားလစ္ အား ေမးလာသည္။

"ဘယ္သူဆက္တာလဲ ကိုခ်ား"
Dream အေမးအား ခ်ားလစ္ ၿပဳံးရင္း တည္ၿငိမ္စြာ ျပန္ေျဖလာသည္။

"အသိ တစ္ေယာက္ပါ
အိပ္ေတာ့မွာလား ညီ "

"ဟုတ္ နည္းနည္း ပန္းေနလို႔ "
"အဲ့ဒါဆို ေျခလက္ေဆးၿပီး အိပ္ေတာ့ေလ "

"ဟုတ္ "

Dream မွာ ခ်ားလစ္ႏွင့္ တစ္ခန္းတည္း အိပ္ရမည္ ျဖစ္၍ ရင္ခုန္ေနေသာ္လည္း အမူရာ မပ်က္
သူ၏ တစ္ေယာက္အိပ္ ခုတင္တြင္ ဝင္လဲရင္း အိပ္ေပ်ာ္ေအာင္ ႀကိဳးစား လိုက္သည္။
ထို႔ေနာက္ ေျခလက္ေဆးၿပီး၍ အိပ္ယာဘက္သို႔ ျပန္လာေသာ ေျခသံအား ၾကားလိုက္ရေသာေၾကာင့္ မ်က္လုံးမ်ား မွိတ္ကာ အိပ္ခ်င္ ေယာင္ေဆာင္ လိုက္သည္။

"Good night ကိုယ့္အ႐ုပ္ေလး "

နဖူးမွ ခံစား လိုက္ရသည့္ ခပ္ေႏြးေႏြး အထိေတြ႕ေလး တစ္ခု။
နားနားကပ္ကာ ေျပာလာေသာ စကားေၾကာင့္ အာေငြ႕ေႏြးေႏြးေလးက သူ႕ထံ ရိုက္ခတ္လာကာ ပို၍ ရင္တုန္ပန္းတုံ ျဖစ္လာေသာ္လည္း ဆက္အိပ္ခ်င္ေယာင္ေဆာင္ ေနလိုက္သည္။
ရင္ထဲတြင္ေတာ့ ျမင္းအေကာင္ ႏွစ္ဆယ္ ခုန္ေပါက္ေျပးေနသလို ႏွလုံးသား က ဒုန္းဆိုင္းခုန္ေနေလရက္။

! ကိုယ့္ အ႐ုပ္ေလးတဲ့ ဒီလူႀကီး ငါ့ကို ႏွလုံး ေရာဂါ ရေအာင္ ရည္႐ြယ္ ခ်က္ ရွိရွိ လုပ္ေနသလားဘဲ
အိ...ငါေတာ့ ေဆးမမွီေအာင္ ခ်ားလစ္ဝိန္း ဆီမွာ က်ရႈံးေနၿပီဘဲ !

မ်က္လုံး အတင္းမွိတ္ကာ အိပ္ခ်င္ေယာင္ေဆာင္ေနေသာ Dreamအား ၾကည့္ကာ ခ်ားလစ္ ၿပဳံးလိုက္မိသည္။
သို႔ေသာ္ အိပ္ခ်င္ ေယာင္ေဆာင္ေနသည္ကို မေဖာ္ေတာ့ဘဲ သူသည္လည္း တစ္ဖက္ ကုတင္ သို႔ ဝင္လွဲလိုက္သည္။
သို႔ေသာ္ သူအိပ္ျဖစ္မည္ မထင္သလို အိပ္မည္လည္း မဟုတ္။

ည 2နာရီ ခ်ိန္တြင္ေတာ့ လူတစ္ေယာက္ တစ္ဖက္ ဘန္ဂလိုသို႔ ကူးသြားသည္အား မည္သူမွပင္ သတိမထားမိလိုက္။

#Khant #

အမိုးကို စိတ္ပူေပးၾကတဲ့ သူေတြ ေက်းဇူးပါဗ်
အမိုးက သက္သာပါတယ္
Omicron က ျမန္မာျပည္ထဲ ဝင္လာၿပီ ျဖစ္လို႔ အားလုံး ဂ႐ုစိုက္ၾကပါ
ေတာ္လွန္ေရးကာလမွာလည္း အားလုံး စိတ္ေရာကိုယ္ပါ ပင္ပန္းေနၾကေပမဲ့ အားတင္းထားၾကပါ
မၾကာခင္ နိူင္ကို နိူင္ၿပီး စစ္အာဏာရွင္ေတြ ကို တိုက္ထုတ္နိူင္ေတာ့မွာပါ.

AN-(ခင္မ်ားတို႔ မရွင္းၾကမွာ စိုးလို႔
Gods ဆိုတာ ကမၻာ့အႀကီးစား ေၾကးစား အဖြဲ႕ဆိုတာ အရင္ကလည္း ေဖာ္ျပၿပီးသားပါ
ျမန္မာျပည္မွာ ရွိေနတာက အဖြဲ႕ခြဲေလးပါ
အဲ့လို အဖြဲ႕ခြဲက ကမၻာအႏွံ႕ရွိေနပါတယ္ ဌာန ခ်ဳပ္က လန္ဒန္မွာ အေျခစိုက္တယ္လို႔ သတ္မွတ္ေပးပါ သူတို႔က တရားဝင္ တည္ရွိေနတဲ့ ေၾကးစား စစ္တပ္ပါဘဲ
သူတို႔က အာဏာပိုင္ဘက္က ငွားရင္ ေၾကးစားလူသတ္ေပးသလို Bodyguard လည္း လုပ္ၾကပါတယ္
Wolf တို႔ စလုပ္ရွားတဲ့ အခန္းမွာ VIPကို ကာကြယ္တာ ပါပါတယ္ အဲ့အခန္းမွာBodyguard လုပ္ေပးတာပါ သူလူသတ္တယ္ ဆိုတာက လုပ္ႀကံမဲ့သူေတြကို ရွင္းေပးတာပါ
အေရးႀကီး တာဝန္ေတြ ရွိလာရင္ ဌာနခ်ဳပ္က အဖြဲ႕သားေတြကို လွမ္းေခၚပါတယ္
ၿပီးေတာ့ တာဝန္ထမ္းေဆာင္ရပါတယ္
ဥပမာ သူပုန္ေတြ တာလီဘန္ေတြကို ႏွိမ္ႏွင္းရာမွာအာဏာပိုင္ ဘက္ကငွားၿပီး ေၾကးစား စစ္တပ္ေတြက တာဝန္ထမ္းေဆာင္ရတာပါ

ဒါေပမဲ့ ဘာလို႔ သူတို႔ကို ေျမေအာက္ ေလာက သားလို႔ ကြၽန္ေတာ္ သုံးႏႈန္းတာလဲ ဆိုေတာ့ လက္နက္ေမွာင္ခို လည္း လုပ္လို႔ပါ
ၿပီးေတာ့ mafia လို႔ သုံးႏႈန္းတာ...
အဲ့ဒါက ျမန္မာျပည္မွာ ရွိတဲ့ Gods အဖြဲ႕က ဌာနရယ္လို႔ အတိအက် ေနရာ မရွိဘဲ လ်ိဳ႕ဝွက္စြာ တည္ရွိေနလို႔ပါ
ဒီလို plot ပုံစံမ်ိဳး ေရးၾကတာ သိပ္မေတြ႕မိလို႔ မသိေသးတဲ့သူေတြ သိေအာင္ ရွင္းျပတာပါ ok??? )
အျမန္ ေရးလိုက္ရလို႔ ဖတ္ရ အဆင္မေျပျဖစ္ေနရင္ ေသြ႕ပုခ်ိ
ေနာက္အပိုင္းမွာ Alpha အဖြဲ႕ ၾကမ္းပါေတာ့မယ္
ရွင္းျပတာနဲ႕ ပတ္သက္ၿပီး နားမလည္တာရွိရင္ ေမးနိူင္ပါတယ္
ၿပီးေတာ့ အပိုင္းေတြကို ျဖစ္နိူင္ရင္ ေက်ာ္မဖတ္ၾကပါနဲ႕ ဒီအပိုင္းမွာလည္း hintပါလာၿပီ ျဖစ္လို႔ပါ

Continue Reading

You'll Also Like

293K 9.4K 67
ကို့ကို 'မောင်' လို့ တစ်ခေါက်လောက်ခေါ်ကြည့်ကြည့်ပါလား မင်းလေးရယ်
274K 16.2K 44
""ငါကမင်းရဲ့ ရင်ခွင်‌လေးမဟုတ်ဘူး မင်းရဲ့အတွင်းရေးမှူး"" ""သိတယ်လေ မောင့်ရဲ့အတွင်းရေးမှူးဆိုတာ.... မောင့်နှလုံးသားကလဲမောင့်ရင်ခွင်အတွင်းထဲမှာပဲရှိတာ အ...
336K 24.8K 89
ဆက္ကဘုံလျှန် (Sakka Bxon Hlxan) နေးလက်ျာ (Nayy Lattyar) (own creation) Starting Date ••• 24/9/2021 Ending Date •••
11.7K 700 51
1984 ဝန်းကျင် တောင်ပေါ်အထက်တန်းကျောင်းလေးမှာပေါက်ဖွားလာတဲ့အချစ်တစ်ခုတက္ကသိုလ်ကျောင်းသားအရွယ်1988ထဲရောက်လာတဲ့အခါနိုင်ငံရေးရှုပ်ထွေးမှုတွေကြားသူတို့အချ...