စေလိုရာစေ(Completed)

Af Syringa99

386K 18.9K 411

ဘဝတစ်ခုလုံး ပုံအပ်ခဲ့ပြီးပြီမို့.. သူစေလိုရာစေ.. နေဖို့အဆင်သင့်... Main Character-မှော်စက္ခ❤ လေညှင်းသွဲ့ Star... Mere

Ep(1)
Ep(2)
Ep(3)
Ep(4)
Ep(5)
Ep(6)
Ep(7)
Ep (8)
Ep (9)
Ep(10)
Ep(11)
Ep(12)
Ep(13)
Ep(14)
Ep(15)
Ep(16)
Ep(17)
Ep(18)
Ep(19)
Ep(20)
Ep (21)
Ep(22)
Ep(23)
Ep(24)
Ep(25)
Ep(26)
Ep(27)
Ep(28)
Ep(29)
Ep(30)
Ep(31)
Ep(32)
Ep(33)
Ep(34)
Ep(35)
Ep(36)
EP(37)
Ep (38)
Ep(40)
Ep(41)
Ep(42)
Ep(43)
Ep(44)
Ep(45)
Ep(46)
Ep(47)
Ep(48)
Ep(49)
Ep(50)
Ep(51)
Ep(52)
Ep(53)
Ep(54)
Ep(55)
*Final
ကျေးဇူးတင်လွှာ
Extra

Ep(39)

5.2K 278 16
Af Syringa99


စေလိုရာစေ...

(Unicode)

"အဟား..ဟင်းတွေက စုံလှချည်လားဟေ့..ကြည့်ရတာ ဦးစံကြောင့် အပင်ပန်းခံပြီး ချက်ထားကြတာထင်တယ်.."

ကနုတ်ပန်းကို အနုစိတ်လှပ​သေသပ်အောင် ထွင်းထားတဲ့ ကျွန်းစားပွဲဝိုင်းအလယ်မှာ မြန်မာဟင်းအစုံအလင်။အရံဟင်း လေးငါးခွက်လည်းပါသလို မြန်မာ့ရိုးရာ ငပိ တို့စရာအစုံကလည်း မပါမဖြစ်။

အားလုံး ခုံမှာ ဝိုင်းထိုင်လိုက်တော့ အနေထားက ဦးစံဘေးနားမှာ လေညှင်း ၊သူ့အနားမှာတော့ လူဆိုးကောင် ပြီးတော့ ကြီးလုံးနဲ့ ကိုထွန်း။မိနွယ်ကတော့ လိုအပ်တာတွေ ထည့်ပေးဖို့ သူတို့ပြီးမှ စားမည်ဆိုသောကြောင့် သူတို့ငါးယောက်အရင်စားဖို့ ပြင်လိုက်သည်။

"မိနွယ်..မြီးရှည်ကို အရည်လေး နွေးပြီး ယူခဲ့လိုက်တော့..သေချာကိုင်နော်..အပူလောင်နေမယ်"

"ဟုတ်..ကိုလေးစက္ခ"

ခဏနေတော့ မြေပန်းကန်လုံးခပ်ကြီးကြီးကို အဖုံးအုပ်ထားပြီး စားပွဲအလယ်တွင် ချကာ အဖုံးဖွင့်လိုက်တော့ စားချင်စဖွယ် အငွေ့တထောင်းထောင်းထနေသည့် မြေအိုးမြီးရှည်က
စားပွဲမှာထိုင်နေသူအားလုံးကို ဆွဲဆောင်နေသည်။မုန်ညှင်းစိမ်း ပဲပင်ပေါက် အသားလုံးတို့က နီရဲရဲ အရည်တွင် ပနံသင့်စွာ ​နေရာယူ ထားသောကြောင့် အမြင်နဲ့တင် အရသာပြီးပြည့်စုံလောက်ပေသည်။

ွဦးစံက ပထမဆုံး ပန်းကန်လုံးသေးဖြင့်
အရင်ထည့်၍ မြည်းကြည့်လိုက်ပြီး..

"ဟာ..ကောင်းတယ်ဟေ့..မောင်စက္ခက ဒါတွေလည်း လုပ်တတ်တာပဲလား..သား..လေညှင်း စားကြည့်ပါဦးကွ..တကယ် အရသာက လျှာလည်လောက်တယ်.."

စားနေတာ တဝက်ကျိုးသည်အထိ လက်နဲ့မထိ
သည့် တူဖြစ်သူကြောင့် ထည့်စားဖို့ ​ပြောရသည်။မဟုတ်ရင် ဟိုကလေးက အမြင်အာရုံမရှိတော့ သူ့ချစ်သူထံက အကဲဖြတ် ပြောလာမယ့် အသံကိုပဲ နားစွင့်နေတာ သားလေညှင်းမှအပ ကျန်တဲ့သူအားလုံး ရိပ်မိသည်။

"ဘယ်လိုနေလဲ..အသေးလေး..မောင်မချက်တတ်ချက်တတ်နဲ့ ချက်ထားတာ အဆင်ပြေရဲ့လား..ပြောပါဦး..မောင့်ကို"

မသိချင်ယောင်ဆောင်ပြီး အခြားဟင်းတွေနဲ့ စားနေတာကို သူချက်ထားတာ ဘယ်လိုနေလဲ လာမေးနေတော့ ဒေါသထွက်ပြီး ကိုင်ထားတဲ့ ဇွန်းနဲ့ခရင်းကို အသံမြည်အောင် ပစ်ချလိုက်ပစ်လိုက်သည်။

"ငါမစားချင်ဘူးလို့ပြောနေတယ်မလား မင်းဘယ်လိုဖြစ်နေတာလဲ..ပြီးတော့ မင်းကို ဘယ်သူမှလည်း မချက်ခိုင်းဘူး..ကိုယ့်ဘာသာ နေတတ်သလိုသာနေ..တစ်ခုခုဖြစ်မှ ငါက ကြားထဲက ဆေးထပ်ကုပေးနေရမယ်..မင်းအတွက် ငါအဲ့လောက်အားမနေဘူး"

စားနေရင်း တန်းလန်း ဇွန်းခရင်းကိုင်ထားသည့်
စက္ခလက်တွေ ရပ်တန့်လို့သွားပြီး မျက်နှာချောချောပေါ်က အပြုံးတွေ တမဟုတ်ချင်း ပျောက်ကွယ်လို့သွားသည်။

ဟုတ်သားပဲ သူကိုယ်က မနေနိုင်မထိုင်နိုင် နေရာတကာ ဝင်ပါနေမိတာ။ဘာပဲဖြစ်ဖြစ်ပါ တနေကုန် အပင်ပန်းခံပြီး ချက်ထားတာမို့ တဇွန်းတလေလောက်တော့ စားစေချင်သည့် စေတနာလေးက ပါနေတော့ ပျက်ယွင်းနေသည့် မျက်နှာကို အားယူပြုံးလိုက်ပြီး....

"တစ်ဇွန်းလောက်ပဲ ဖြစ်ဖြစ်..နည်းနည်းလောက် မြည်းကြည့်ပေးပါလား..အသေးလေး.ဟင်..မစားချင်ဘူးဆိုရင်တောင်...မောင့်စေတနာကို အသိမှတ်ပြုတဲ့ အနေနဲ့ပဲ ဖြစ်ဖြစ်.."

ပန်းကန်လုံးအသေးလေးထဲ အနည်းငယ်ခပ်ထည့်၍ အသေးလေးအရှေ့ အရောက်ပို့ပေးဖို့ ပြင်လိုက်သည်။

"ချွင်!!"

"ခွမ်း!!"

ကြွေုပြားခင်းနဲ့ ဇွန်းထိခတ်သွားသည့်အသံ။လေညှင်းသွဲ့က ပန်းကန်လုံးကို ပုတ်ချလိုက်သလို ဖြစ်သွားတော့
ပူပူလောလော ဟင်းရည်ထည့်ထားသည့် ပန်းကန်လုံးသေးလေးက စက္ခရဲ့ ပေါင်ပေါ်မှတဆင့် အကြောစိမ်းတို့ယှက်သန်းနေသော
ခြေဖမိုးပေါ်တည့်တည့် ကျရောက်လို့သွားသည်။

"ငါမစားချင်ဘူးလို့ပြောနေတယ်မလား..ကျစ်!"

ွဦးစံအပါဝင် ကျန်တဲ့သူအားလုံး လေညှင်းသွဲ့လုပ်လိုက်တဲ့ အပြူမူကြောင့် အံ့ဩသွားသည့်အပြင် ဇွန်းခရင်းသံတွေ ရပ်တန့်လို့သွားသည်။

"ဟယ်..သားငယ်လေးရယ်..ဘယ်လိုများလုပ်လိုက်တာလဲကွယ်.."

ကြီးလုံးက စိုးရိမ်စိတ်နဲ့ ဝင်ပြောသည်။

"သား..လေညှင်း..စိတ်ကိုထိန်းပါကွယ်..ဘာမဟုတ်တဲ့ ကိစ္စလေးနဲ့.."

"မဟုတ်ဘူး ဦးစံ..သားတမင် ပြသနာရှာနေတာမဟုတ်ဘူး..သူက သားအမေနေရာ အစားထိုးလို့ရတယ်ထင်ပြီး လုပ်ချင်ရာလုပ်နေတာ..ပြောလေ..သားမှားလား..သူ့ဘာသာ ဘယ်လောက်အားထုတ်ပြီး ချက်ထားပါစေ..အမေ့လက်ရာကိုတော့ ဘယ်တော့မှ မီမှာမဟုတ်ဘူး..ဘာလို့လဲသိလား.ဒီအတိုင်းကြည့်ရင် သာမန်ဟင်းတစ်ခွက်ပေမယ့်...သားဘယ်တော့ပြန်မရနိုင်တဲ့ အမေ့မေတ္တာတွေပါ ထည့်ချက်ထားတဲ့ ဟင်းဖြစ်နေလို..အင့်"

"မောင်အဲ့ဒါတွေ ထည့်မတွေးလိုက်မိဘူး..ကလေးစားစေချင်တဲ့ စိတ်တစ်ခုတည်းနဲ့ မောင် နောက်ထပ်တခါ အမှားလုပ်မိသွားတယ်..တောင်းပန်ပါတယ် မောင်နောက်ဆို မစဥ်းစားမဆင်ခြင်ပဲ မင်းစိတ်အနှောင့်ယှက်ဖြစ်စေမယ့် ကိစ္စဘာမှမလုပ်တော့ပါဘူးလို့
မောင်ကတိပေးပါတယ်"

ပြသနာ အစဆုံး နိဂုံးချုပ်ကြည့်ရင်တော့ နှစ်ယောက်ကြား အနည်းငယ်နားလည်မှု လွဲသွားသည်။စက္ခ မိနွယ်ဆီက တဆင့်ပြန်ကြားတာက အသေးလေးက မြေအိုးမြီးရှည်စားချင်သည်ဟူသော ဆန္ဒလေးတစ်ခုသာ။အခုလို အသေးလေးအမေကိူ သတိရသွားအောင် တမင်ရည်ရွယ်ပြီး လုပ်ခဲ့ခြင်းမဟုတ်တာတော့ စက္ခကျိန်ဆိုရဲပါသည်။

"ဒုန်း!"

ခုံကိုတွန်းပြီး ထမင်းဝိုင်းက ထလိုက်ကာ..

"မင်းကလေ ကိုယ်လုပ်ချင်တာ လုပ်ပြီးသွားရင် တောင်းပန်ပါတယ်..နောက်မဖြစ်စေရပါဘူး..အဲ့ဒီစကားတွေနဲ့ပဲ ငါ့ဘဝကို အပိုင်သိမ်းခဲ့တာ!!..မင်းက တောင်းပန်တာ တစ်ခုတည်းနဲ့ ပြီးသွားပေမယ့်..တကယ်တမ်း ခံစားရတာက ငါကိုယ်တိုင်ပဲ..ဆိုတာရော..
မင်းသိရဲ့လား..ဟက်..သိမယ်လည်းမထင်ပါဘူးမင်းက ဘယ်တုန်းကမှ ငါ့ခံစားချက်ကို ထည့်တွက်ခဲ့တဲ့ကောင်မှ မဟုတ်တာ..ငါပြောတယ်မှန်တယ်မလား!!"

"သား..လေညှင်းသွဲ့..တော်သင့်ပြီလေကွယ်..တစ်ဖက်သားကို အနိုင်ယူလို့ရတိုင်း..အခုလို လွန်လွန်ကျူးကျူး ပြောဖို့မလိုဘူးလို့ ဦးစံထင်တယ်"

"ရပါတယ်..ဦးစံ..အသေးလေး စိတ်ပြေသွားမယ်ဆို ကျွန်တော့် ကို ကြိုက်သလို ပြောလို့ရတယ်..ဒါမှမဟုတ် ထုရိုက်ပြီး အပြစ်ပေးချင်သေးတယ်ဆိုလည်း ကျွန်တော့်ဘက်က အဆင်သင့်ပါပဲ"

ခက်တယ် ဒီကလေးတွေနဲ့တော့။တစ်ယောက်ကလည်း ဆိုးလို့ရမှန်းသိတော့ ဘာမဟုတ်တဲ့ကိစ္စလေးနဲ့ ပုံကြီးချဲ့လို့နေပြီး တစ်ယောက်ကလည်း သား လေညှင်းကို အရာရာ အနိုင်ယူခွင့်ပြုထားပြီး နေရာတကာ အရှုံးပေးဖို့ ပြင်ထားပုံရသည်။

"နောက်ဆုတ်နေ အသေးလေး..ပန်းကန်ကွဲစတွေ ရှကုန်လိ်မ့်မယ်"

ထမင်းဝိုင်းက အရင်ထွက်သွားဖို့ ပြင်နေသူလေးကို ကြမ်းပြင်က ပန်းကန်ကွဲစတွေ ရှသွားမှာ စိုးသည့်စိတ်ကြောင့် ခုံကနေထ၍ အကွဲစတွေကို ရှင်းဖို့ပြင်လိုက်သည်။

တကယ်တမ်း အကွဲစကို ကောက်လိုက်လို့ ရှသွားတာက စက္ခကိုယ်တိုင်သာ။လက်က သွေးထွက်နေသည်ကို စိတ်မဝင်စားအား သူ့ရှေ့က မြတ်နိုးသူလေး ထိခိုက်သွားမည်ကိုသာ စိုးရိမ်နေသူပါပေ။

"ငါ မင်းကို တခါထဲပြောထားမယ်..မှော်စက္ခ!!
မင်း ငါ့အပေါ်  လုပ်ခဲ့တာတွေကို မေ့ချင်ယောင်​ဆောင်ပြီး..အခုမှ မေတ္တာရှင်ကြီးလို ဟန်ဆောင်မနေစမ်းပါနဲ့..ဒါမင်းပုံစံမဟုတ်ဘူးလေ..ဟက်..ဟက်..လုပ်ပါဦး..ငါ့ကို ဟိုအရင်ကလို အနိုင်ယူတာတွေ..အော်ငေါက်တာတွေ ထပ်လုပ်ဦးလေ!"

"ကဲ..ကဲ..တော်သင့်ပြီ ငါ့တူရာ..ဖြစ်သွားတဲ့ ကိစ္စက မောင်စက္ခလည်း ရည်ရွယ်ပြီး လုပ်ခဲ့တာမှမဟုတ်တာပဲ သားရယ်..အမှားဆိုလည်း စေတနာအမှားပေါ့..မဟုတ်ဘူးလား..ကဲ..လာပါ..ဦးစံနဲ့ အေးဆေးစကားပြောရအောင် လာ"

ဒေါသဖြစ်ရင် စိတ်ကြီးတတ်တဲ့ တူ​ြဖစ်သူအကြောင်းသိတာမို့ အပေါ်ထပ်ကို အသာဆွဲခေါ်သွားမိသည်။ဒါဘာမှမဟုတ်ဘူး အသေးဖွဲကိစ္စလေး တစ်ခုပါပဲ။တစ်ခုပဲ ဘေးကနေ သေချာနားဝင်အောင် တည့်မတ်ပေးမယ့်သူပဲ လိုနေတာ။အဲ့တော့ ခုချိန်ကစ ဒီကလေးနှစ်ယောက်ကြားက မကျေလည်နိုင်တဲ့ အစိုင်အခဲတွေကို အနည်းငယ်စီ ရှင်းထုတ်ရလိမ့်မည်ဟု ဦးစံသာ ဆုံးဖြတ်ထားသည်။

"ကိုလေး စက္ခ..ဖယ်နေပါ..မိနွယ်ရှင်းလိုက်မယ်..သွား..​အပူလောင်ထားတာက တော်တော်ဆိုးနေပြီရယ်..ခဏနေရင် ကိုကြီးမိုးစက်ကိုခေါ်ပြီး ဆေးခန်းသွားပြလိုက်ပါလား..နော်"

မိနွယ် ကမန်းကတန်း အကွဲစတွေနဲ့ ညစ်ပတ်သွားတဲ့ ကြွေပြားခင်းကို ရှင်းရင်း ​ပြောလိုက်တော့
ကိုလေးစက္ခက ဘာမှမပြော စားလက်စကိုထားခဲ့ပြီးအားလုံးနဲ့ဝေးရါကို ကျောခိုင်းထွက်သွားသည်။

ခြေထောက်က အပူလောင်နာထက် ရင်ဘတ်ထဲက ပိုပြီး တဆစ်ဆစ်နာနေတာ ဘာကြောင့်များလဲ ကလေးရယ်။တကယ်ဆို မင်းဆီက အသိမှတ်ပြုမှုလေး တစ်ခုလောက်ရမလားလို့ မျှော် မှန်းပြီး လုပ်မိလုပ်ရာ လုပ်လိုက်မိတာ အခုလို ကလေးစိတ်ထိခိုက်သွားစေဖို့ မောင်တကယ်
မရည်ရွယ်ပါဘူးကွာ။

ကိုလေးစက္ခကို မိနွယ်ဖြင့် သနားလို့မဆုံးဘူး။သူ့ခမျာ ဆရာ့ဆီက အမုန်းတွေ အနည်းငယ်လျော့မလားလို့  လုပ်မိပါတယ်။အခုဟာက မေတ္တာမရတဲ့အပြင် စိတ်ဒဏ်ရာတောင် အစပျိုးသွားလောက်ပေသည်။ခက်တယ် ဆရာ့ဒဏ်ကို ကိုလေးစက္ခ ရေရှည်ခံနိုင်ပါ့မလားနော်။

"ထိုင်..ငါ့တူ့..အခုကစပြီး ဦးစံပြောတာ သေချာနားထောင်..ဟုတ်ပြီလား"

အခန်းထဲရောက်ပြီး စိတ်ငြိမ်သွားလောက်ပြီ ထင်တဲ့အချိန်လောက်မှ သေချာနားဝင်အောင်ပြောဖို့ စိတ်ကူးထားသည်။

"သား သိလား..လူတစ်ယောက်က..သာမန်ထက် အမုန်းတွေ အာဃာတတွေ အတိုင်းထက်အလွန် များလာရင်..တဖက်က မုန်းခံရတဲ့သူလည်း နာကျင်ရသလို..ကာယကံရှင် ကိုယ်တိုင်လည်း ပူလောင်သောကရောက်ရတယ် ငါ့တူရဲ့..
အဲ့တော့ သားစဥ်းစားကြည့်ပါ အစောက ဖြစ်သွားခဲ့တာနဲ့ပက်သက်ပြီး..မောင်စက္ခက သားအပေါ် ခွင့်မလွှတ်နိုင်လောက်တဲ့ အပြစ်တွေ ကျူးလွန်ခဲ့တာမှန်ပေမယ့်
သားရယ်..တကယ်ဆို သားကို တကယ် နှစ်နှစ်ကာကာနဲ့ ချစ်မြတ်နိုးသွားခဲ့လို့သာ ဒီလိုအမှားတွေ လုပ်မိသွားခဲ့တာ မဟုတ်ဘူးလား..လူတစ်ယောက်က သူချစ်တဲ့သူကို ပိုင်ဆိုင်ချင်လို့ ဖြစ်သွားတဲ့ အမှားပဲလေ..ဖြစ်နိုင်ရင် သားသူ့ကို ဖြည်းဖြည်းချင်း အချိန်ယူပြီး ခွင့်လွှတ်ပေးဖို့
စဥ်းစားပေးကြည့်ပါလား"

"....."

"ဘယ်ချစ်ခြင်းမှ အပြစ်ရယ်လို့ မရှိပါဘူး.သားရယ်..အမုန်းတရားထက် ချစ်ခြင်း​မေတ္တာ အစစ်အမှန်ကို သားခံစားမိတဲ့တနေ့ ပျော်ရွင်လာရလိမ့်မယ်..တ​ေန့တော..့ဒီထပ်ပိုပြီး မောင်စက္ခရဲ့စိတ်ရင်းစေတနာအမှန်ကို သားမြင်တွေ့နိုင်လိမ့်မယ်လို့ ဦးစံ​ေတာ့ယုံကြည်တယ် ငါ့တူ..အဲ့တော့ သားရဲ့စိတ်တံခါးကို သူ့အတွက် နည်းနည်းချင်းဖွင့်ပေးကြည့်ပါ ..
အခုချက်ချင်း သူ့အပြစ်တွေမျက်ကွယ်ပြုပြီး..ခွင့်လွှတ်ခိုင်းတာတော့ မဟုတ်ဘူးနော်..အချိန်လေးနည်းနည်းယူပြီး မောင်စက္ခကို အနီးကပ် ဖြည်းဖြည်းချင်း လေ့လာကြည့်ဖို့ ဦးစံပြောတာ..အဲ့ဒီကျမှ သားဘက်က အရင်လိုပဲ ခံစားရတယ်..ခွင့်မလွှတ်နိုင်ဘူးဆိုမှ ဖြစ်သင့်တာလုပ်ပါလို့ ဦးစံအကြံပေးချင်တယ်.."

ဆံပင်ခပ်အုပ်အုပ်လေးကို အသာပွတ်ပေးရင်း ပြောတော့ မျက်လုံးဝိုင်းဝိုင်းလေးတွေက ဦးစံသာ ပြောသည်ကို အလေးအနက်ထားစဥ်းစားနေမှန်း ထပ်ဟပ်နေသည်။

"ဟုတ်..သားနားလည်ပါပြီ ဦးစံ..သားအချိန်ယူပြီး
စဥ်းစားကြည့်ပါ့မယ် ခုနက သားဒေါသထွက်နေမိတော့ ဦးစံအပေါ်ရိုင်းပြသလို ဖြစ်သွားရင် သားတောင်းပန်ပါတယ်..."

အရင်က လူဆိုးကောင်ကို သူ့အနားမှာထားတာက လေညှင်း နှိပ်စက်သမျှ အရွဲ့တိုက်သမျှဒဏ်ကို တမြေ့မြေ့ခံစားပြီး သူ့အသိစိတ်နဲ့သူ အဝေးကို ထွက်သွားစေဖို့ ရည်ရွယ်ချက်တစ်ခုတည်းသာ။ဒါပေမယ့် အချိန်ကြာလာသည်နှင့်အမျှ မှော်စက္ခရဲ့ အလျော့ပေး အနစ်နာခံမှုတွေ ကြင်နာယုယမှုတွေရဲ့ကြား လက်စားချေခြင်တဲ့ လေညှင်းရဲ့ စိတ်တွေက တဖြည်းဖြည်းနူးညံ့လာတာ ကိုယ့်ကိုကိုယ် သတိထားမိတယ်။

သူ့ကိုမြင်ရင် အမေ့ကိုသတိရလို့ အရာရာ အရွဲ့တိုက်ပြီး အထိနာစေမယ့် စကားလုံးတွေ ရွေးချယ်ပြောခဲ့ပေမယ့် တကယ်တမ်း အထိနာသူက လေညှင်းကိုယ်တိုင်ပါပဲ။ပြောချင်ရာပြောပြီးရင် တစိမ့်စိမ့်ပြန်တွေးပြီး သနားလာတဲ့စိတ်က  အငြိုးအတေးတွေကို အနိုင်ယူသွားတတ်တာ အကြိမ်ရေမနည်းတော့။

အရမ်းမုန်းနေတဲ့သူကို ချစ်မိသွားတတ်လား လေညှင်းမသိ။သေချာတာတစ်ခုကတော့ လေညှင်း သူ့အပေါ် စိတ်နည်းနည်းယိုင်နေမိပြီ ဆိုတာပဲ။မချစ်သင့်တဲ့ သူကိုမှ မေတ္တာထားမိနေလို့ သားကိုခွင့်လွှတ်ပါ မေမေ။

ခဏနေတော့ ဦးစံ အခန်းကိုပြန်သွားတော့ လေညှင်း တွေးရင်းငေးရင်းနဲ့ မှေးကနဲအိပ်ပျော်သွားလေသည်။တစ်ရေးနိုးလာပြီး နာရီကြည့်တော့ ညနှစ်နာရီ။ထမင်းအနည်းငယ်ပဲ စားထားတော့ ဗိုက်ကဆန္ဒပြလာလေပြီ။Freezerထဲ အရင်ရက်က ဝယ်ထည့်ထားတဲ့ cheese cakeနဲ့ ပဲနို့ဘူးလေးကို သတိရသွားတော့ အောက်ထပ်ဆင်းလာလိုက်သည်။

မီဖိုခန်းထဲဝင်ပြီး freezerထဲက စားချင်တာယူပြီးတာနဲ့ အပေါ်တန်းတက်ဖို့ ပြင်ထားသည်။ကြီးလုံးတို့ နိုးသွားမှာစိုးတာကြောင့် မီးမဖွင့်ဘဲ ဖုန်းမီးရောင်လေးပဲ အားပြုထားရတော့  ခြံထဲက နီယွန်မီးသီးလေးတွေရဲ့ အလင်းရောင်တစွန်းတစသာရှိတဲ့ အောက်ထပ်အကျယ်ကြီးမှာ လေညှင်းတစ်ယောက်တည်းဆိုတဲ့ အသိက ခြောက်ခြားစေသည်။

ထို့ကြောင့် ကိတ်မုန့်ပန်းကန်နဲ့ တစ်ဖက်က ပဲနို့ဘူးကို ကိုင်ပြီးတာနဲ့ အပေါ်တက်ဖို့ ဧည့်ခန်းဘေးက အဖြတ် နားထဲ ငြီးသံသဲ့သဲ့ ကြားလိုက်တာကြောင့် ကျောပါမက တစ်ကိုယ်လုံးပါ ကြက်သီးတွေထလာသည်။

ဒီအချိန်ကြီး ငြီးသံကြားရတယ်ဆိုတော့....။

လေညှင်းသွဲ့ရေ မင်းတော့ သရဲနဲ့ပက်ပင်းတိုးပြီဟေ့ အားးးးး။

"အင်း..အသေး..လေး..မောင့်ကိုမထား..ခဲ့ပါနဲ့..မှားသွားပါ..တယ်..မောင်မှားသွားတာ..မ..လုပ်..."

သေချာ နားထောင်ကြည့်မှ မှော်စက္ခရဲ့ အသံမှန်း ရိပ်မိသွားတော့ ​ကြောက်စိတ်က တမဟုတ်ချင်း ပျောက်ကွယ်လို့သွားသည်။

အသံလာရာ ဧည့်ခန်းဘက်ကို သွားကြည့်လိုက်တော့ ဆိုဖာနှစ်ခုကို ဆက်ပြီး အိပ်နေတဲ့ လူဆိုးကောင်။သူ့အရပ် ကလန်ကလားကိုမှ အားမနာ ဆိုဖာပေါ် အပြည့်နေရာယူထားသည့်အပြင် အရပ်ရှည်လွန်းတာကြောင့် ခြေဖမိုးက အစွန်းထွက်လျက်ရှိသည်။

"စက္ခ..ထဦး..မှော်စက္ခ..ဟေ့လူ.."

လေညှင်း လှုပ်နိုးလိုက်တော့ အိပ်မက်ဆိုးမက်နေသူက မျက်လုံးဖွင့်ကြည့်လာပြီး လေညှင်းအနားရောက်နေတာ သိတာနဲ့..

"အင့်!"

"မောင့်ကို ပစ်မထားခဲ့ပါနဲ့..အသေးလေးရယ်..မောင်မှားသွားပါတယ်.."

အိပ်မက်ယောင်နေသူလို တောင်စဥ်ရေမရ စကားတွေ ဆက်တိုက်ပြောနေပြီး တဆက်တည်းဆိုသလို ရုတ်တရတ်ထထိုင်လာကာ သူ့ရဲ့
ရင်ခွင်ကျယ်ကြီးထဲ ခေါင်းလုံးလုံးလေးကို အတင်းဆွဲသွင်းပြီး လေညှင်း ကိုယ်လေးကို မလွတ်တမ်းဖက်တွယ်လာတဲ့ မှော်စက္ခ။တဖက်လူဆီမှ အပူငွေ့နွေးနွေးကို ရင်ဘတ်နဲ့ထိကပ်ထားတဲ့ လေညှင်းရဲ့ ပါးပြင်လေးထံသို့ ကူးစက်လာတာကြောင့် လေညှင်း သိလိုက်ပြီ။

လူဆိုးကောင် အနာရှိန်ကြောင့် ဖျားနေပြီ...။


#Thanks for reading

Syringa

************************************

ေစလိုရာေစ...

(Zawgyi)

"အဟား..ဟင္းေတြက စုံလွခ်ည္လားေဟ့..ၾကည့္ရတာ ဦးစံေၾကာင့္ အပင္ပန္းခံၿပီး ခ်က္ထားၾကတာထင္တယ္.."

ကႏုတ္ပန္းကို အႏုစိတ္လွပ​ေသသပ္ေအာင္ ထြင္းထားတဲ့ ကြၽန္းစားပြဲဝိုင္းအလယ္မွာ ျမန္မာဟင္းအစုံအလင္။အရံဟင္း ေလးငါးခြက္လည္းပါသလို ျမန္မာ့႐ိုးရာ ငပိ တို႔စရာအစုံကလည္း မပါမျဖစ္။

အားလုံး ခုံမွာ ဝိုင္းထိုင္လိုက္ေတာ့ အေနထားက ဦးစံေဘးနားမွာ ေလညႇင္း ၊သူ့အနားမွာေတာ့ လူဆိုးေကာင္ ၿပီးေတာ့ ႀကီးလုံးနဲ႔ ကိုထြန္း။မိႏြယ္ကေတာ့ လိုအပ္တာေတြ ထည့္ေပးဖို႔ သူတို႔ၿပီးမွ စားမည္ဆိုေသာေၾကာင့္ သူတို႔ငါးေယာက္အရင္စားဖို႔ ျပင္လိုက္သည္။

"မိႏြယ္..ၿမီးရွည္ကို အရည္ေလး ေႏြးၿပီး ယူခဲ့လိုက္ေတာ့..ေသခ်ာကိုင္ေနာ္..အပူေလာင္ေနမယ္"

"ဟုတ္..ကိုေလးစကၡ"

ခဏေနေတာ့ ေျမပန္းကန္လုံးခပ္ႀကီးႀကီးကို အဖုံးအုပ္ထားၿပီး စားပြဲအလယ္တြင္ ခ်ကာ အဖုံးဖြင့္လိုက္ေတာ့ စားခ်င္စဖြယ္ အေငြ႕တေထာင္းေထာင္းထေနသည့္ ေျမအိုးၿမီးရွည္က
စားပြဲမွာထိုင္ေနသူအားလုံးကို ဆြဲေဆာင္ေနသည္။မုန္ညႇင္းစိမ္း ပဲပင္ေပါက္ အသားလုံးတို႔က နီရဲရဲ အရည္တြင္ ပနံသင့္စြာ ​ေနရာယူ ထားေသာေၾကာင့္ အျမင္နဲ႔တင္ အရသာၿပီးျပည့္စုံေလာက္ေပသည္။

ွဦးစံက ပထမဆုံး ပန္းကန္လုံးေသးျဖင့္
အရင္ထည့္၍ ျမည္းၾကည့္လိုက္ၿပီး..

"ဟာ..ေကာင္းတယ္ေဟ့..ေမာင္စကၡက ဒါေတြလည္း လုပ္တတ္တာပဲလား..သား..ေလညႇင္း စားၾကည့္ပါဦးကြ..တကယ္ အရသာက လွ်ာလည္ေလာက္တယ္.."

စားေနတာ တဝက္က်ိဳးသည္အထိ လက္နဲ႔မထိ
သည့္ တူျဖစ္သူေၾကာင့္ ထည့္စားဖို႔ ​ေျပာရသည္။မဟုတ္ရင္ ဟိုကေလးက အျမင္အာ႐ုံမရွိေတာ့ သူ့ခ်စ္သူထံက အကဲျဖတ္ ေျပာလာမယ့္ အသံကိုပဲ နားစြင့္ေနတာ သားေလညႇင္းမွအပ က်န္တဲ့သူအားလုံး ရိပ္မိသည္။

"ဘယ္လိုေနလဲ..အေသးေလး..ေမာင္မခ်က္တတ္ခ်က္တတ္နဲ႔ ခ်က္ထားတာ အဆင္ေျပရဲ႕လား..ေျပာပါဦး..ေမာင့္ကို"

မသိခ်င္ေယာင္ေဆာင္ၿပီး အျခားဟင္းေတြနဲ႔ စားေနတာကို သူခ်က္ထားတာ ဘယ္လိုေနလဲ လာေမးေနေတာ့ ေဒါသထြက္ၿပီး ကိုင္ထားတဲ့ ဇြန္းနဲ႔ခရင္းကို အသံျမည္ေအာင္ ပစ္ခ်လိုက္ပစ္လိုက္သည္။

"ငါမစားခ်င္ဘူးလို႔ေျပာေနတယ္မလား မင္းဘယ္လိုျဖစ္ေနတာလဲ..ၿပီးေတာ့ မင္းကို ဘယ္သူမွလည္း မခ်က္ခိုင္းဘူး..ကိုယ့္ဘာသာ ေနတတ္သလိုသာေန..တစ္ခုခုျဖစ္မွ ငါက ၾကားထဲက ေဆးထပ္ကုေပးေနရမယ္..မင္းအတြက္ ငါအဲ့ေလာက္အားမေနဘူး"

စားေနရင္း တန္းလန္း ဇြန္းခရင္းကိုင္ထားသည့္
စကၡလက္ေတြ ရပ္တန္႔လို႔သြားၿပီး မ်က္ႏွာေခ်ာေခ်ာေပၚက အၿပဳံးေတြ တမဟုတ္ခ်င္း ေပ်ာက္ကြယ္လို႔သြားသည္။

ဟုတ္သားပဲ သူကိုယ္က မေနႏိုင္မထိုင္ႏိုင္ ေနရာတကာ ဝင္ပါေနမိတာ။ဘာပဲျဖစ္ျဖစ္ပါ တေနကုန္ အပင္ပန္းခံၿပီး ခ်က္ထားတာမို႔ တဇြန္းတေလေလာက္ေတာ့ စားေစခ်င္သည့္ ေစတနာေလးက ပါေနေတာ့ ပ်က္ယြင္းေနသည့္ မ်က္ႏွာကို အားယူၿပဳံးလိုက္ၿပီး....

"တစ္ဇြန္းေလာက္ပဲ ျဖစ္ျဖစ္..နည္းနည္းေလာက္ ျမည္းၾကည့္ေပးပါလား..အေသးေလး.ဟင္..မစားခ်င္ဘူးဆိုရင္ေတာင္...ေမာင့္ေစတနာကို အသိမွတ္ျပဳတဲ့ အေနနဲ႔ပဲ ျဖစ္ျဖစ္.."

ပန္းကန္လုံးအေသးေလးထဲ အနည္းငယ္ခပ္ထည့္၍ အေသးေလးအေရွ႕ အေရာက္ပို႔ေပးဖို႔ ျပင္လိုက္သည္။

"ခြၽင္!!"

"ခြမ္း!!"

ေႂကြဳျပားခင္းနဲ႔ ဇြန္းထိခတ္သြားသည့္အသံ။ေလညႇင္းသြဲ႕က ပန္းကန္လုံးကို ပုတ္ခ်လိုက္သလို ျဖစ္သြားေတာ့
ပူပူေလာေလာ ဟင္းရည္ထည့္ထားသည့္ ပန္းကန္လုံးေသးေလးက စကၡရဲ႕ ေပါင္ေပၚမွတဆင့္ အေၾကာစိမ္းတို႔ယွက္သန္းေနေသာ
ေျခဖမိုးေပၚတည့္တည့္ က်ေရာက္လို႔သြားသည္။

"ငါမစားခ်င္ဘူးလို႔ေျပာေနတယ္မလား..က်စ္!"

ွဦးစံအပါဝင္ က်န္တဲ့သူအားလုံး ေလညႇင္းသြဲ႕လုပ္လိုက္တဲ့ အျပဴမူေၾကာင့္ အံ့ဩသြားသည့္အျပင္ ဇြန္းခရင္းသံေတြ ရပ္တန္႔လို႔သြားသည္။

"ဟယ္..သားငယ္ေလးရယ္..ဘယ္လိုမ်ားလုပ္လိုက္တာလဲကြယ္.."

ႀကီးလုံးက စိုးရိမ္စိတ္နဲ႔ ဝင္ေျပာသည္။

"သား..ေလညႇင္း..စိတ္ကိုထိန္းပါကြယ္..ဘာမဟုတ္တဲ့ ကိစၥေလးနဲ႔.."

"မဟုတ္ဘူး ဦးစံ..သားတမင္ ျပသနာရွာေနတာမဟုတ္ဘူး..သူက သားအေမေနရာ အစားထိုးလို႔ရတယ္ထင္ၿပီး လုပ္ခ်င္ရာလုပ္ေနတာ..ေျပာေလ..သားမွားလား..သူ့ဘာသာ ဘယ္ေလာက္အားထုတ္ၿပီး ခ်က္ထားပါေစ..အေမ့လက္ရာကိုေတာ့ ဘယ္ေတာ့မွ မီမွာမဟုတ္ဘူး..ဘာလို႔လဲသိလား.ဒီအတိုင္းၾကည့္ရင္ သာမန္ဟင္းတစ္ခြက္ေပမယ့္...သားဘယ္ေတာ့ျပန္မရႏိုင္တဲ့ အေမ့ေမတၱာေတြပါ ထည့္ခ်က္ထားတဲ့ ဟင္းျဖစ္ေနလို..အင့္"

"ေမာင္အဲ့ဒါေတြ ထည့္မေတြးလိုက္မိဘူး..ကေလးစားေစခ်င္တဲ့ စိတ္တစ္ခုတည္းနဲ႔ ေမာင္ ေနာက္ထပ္တခါ အမွားလုပ္မိသြားတယ္..ေတာင္းပန္ပါတယ္ ေမာင္ေနာက္ဆို မစဥ္းစားမဆင္ျခင္ပဲ မင္းစိတ္အေႏွာင့္ယွက္ျဖစ္ေစမယ့္ ကိစၥဘာမွမလုပ္ေတာ့ပါဘူးလို႔
ေမာင္ကတိေပးပါတယ္"

ျပသနာ အစဆုံး နိဂုံးခ်ဳပ္ၾကည့္ရင္ေတာ့ ႏွစ္ေယာက္ၾကား အနည္းငယ္နားလည္မႈ လြဲသြားသည္။စကၡ မိႏြယ္ဆီက တဆင့္ျပန္ၾကားတာက အေသးေလးက ေျမအိုးၿမီးရွည္စားခ်င္သည္ဟူေသာ ဆႏၵေလးတစ္ခုသာ။အခုလို အေသးေလးအေမကိူ သတိရသြားေအာင္ တမင္ရည္ရြယ္ၿပီး လုပ္ခဲ့ျခင္းမဟုတ္တာေတာ့ စကၡက်ိန္ဆိုရဲပါသည္။

"ဒုန္း!"

ခုံကိုတြန္းၿပီး ထမင္းဝိုင္းက ထလိုက္ကာ..

"မင္းကေလ ကိုယ္လုပ္ခ်င္တာ လုပ္ၿပီးသြားရင္ ေတာင္းပန္ပါတယ္..ေနာက္မျဖစ္ေစရပါဘူး..အဲ့ဒီစကားေတြနဲ႔ပဲ ငါ႔ဘဝကို အပိုင္သိမ္းခဲ့တာ!!..မင္းက ေတာင္းပန္တာ တစ္ခုတည္းနဲ႔ ၿပီးသြားေပမယ့္..တကယ္တမ္း ခံစားရတာက ငါကိုယ္တိုင္ပဲ..ဆိုတာေရာ..
မင္းသိရဲ႕လား..ဟက္..သိမယ္လည္းမထင္ပါဘူးမင္းက ဘယ္တုန္းကမွ ငါ႔ခံစားခ်က္ကို ထည့္တြက္ခဲ့တဲ့ေကာင္မွ မဟုတ္တာ..ငါေျပာတယ္မွန္တယ္မလား!!"

"သား..ေလညႇင္းသြဲ႕..ေတာ္သင့္ၿပီေလကြယ္..တစ္ဖက္သားကို အႏိုင္ယူလို႔ရတိုင္း..အခုလို လြန္လြန္က်ဴးက်ဴး ေျပာဖို႔မလိုဘူးလို႔ ဦးစံထင္တယ္"

"ရပါတယ္..ဦးစံ..အေသးေလး စိတ္ေျပသြားမယ္ဆို ကြၽန္ေတာ့္ ကို ႀကိဳက္သလို ေျပာလို႔ရတယ္..ဒါမွမဟုတ္ ထု႐ိုက္ၿပီး အျပစ္ေပးခ်င္ေသးတယ္ဆိုလည္း ကြၽန္ေတာ့္ဘက္က အဆင္သင့္ပါပဲ"

ခက္တယ္ ဒီကေလးေတြနဲ႔ေတာ့။တစ္ေယာက္ကလည္း ဆိုးလို႔ရမွန္းသိေတာ့ ဘာမဟုတ္တဲ့ကိစၥေလးနဲ႔ ပုံႀကီးခ်ဲ႕လို႔ေနၿပီး တစ္ေယာက္ကလည္း သား ေလညႇင္းကို အရာရာ အႏိုင္ယူခြင့္ျပဳထားၿပီး ေနရာတကာ အရႈံးေပးဖို႔ ျပင္ထားပုံရသည္။

"ေနာက္ဆုတ္ေန အေသးေလး..ပန္းကန္ကြဲစေတြ ရွကုန္လိ္မ့္မယ္"

ထမင္းဝိုင္းက အရင္ထြက္သြားဖို႔ ျပင္ေနသူေလးကို ၾကမ္းျပင္က ပန္းကန္ကြဲစေတြ ရွသြားမွာ စိုးသည့္စိတ္ေၾကာင့္ ခုံကေနထ၍ အကြဲစေတြကို ရွင္းဖို႔ျပင္လိုက္သည္။

တကယ္တမ္း အကြဲစကို ေကာက္လိုက္လို႔ ရွသြားတာက စကၡကိုယ္တိုင္သာ။လက္က ေသြးထြက္ေနသည္ကို စိတ္မဝင္စားအား သူ့ေရွ႕က ျမတ္ႏိုးသူေလး ထိခိုက္သြားမည္ကိုသာ စိုးရိမ္ေနသူပါေပ။

"ငါ မင္းကို တခါထဲေျပာထားမယ္..ေမွာ္စကၡ!!
မင္း ငါ႔အေပၚ  လုပ္ခဲ့တာေတြကို ေမ့ခ်င္ေယာင္​ေဆာင္ၿပီး..အခုမွ ေမတၱာရွင္ႀကီးလို ဟန္ေဆာင္မေနစမ္းပါနဲ႔..ဒါမင္းပုံစံမဟုတ္ဘူးေလ..ဟက္..ဟက္..လုပ္ပါဦး..ငါ႔ကို ဟိုအရင္ကလို အႏိုင္ယူတာေတြ..ေအာ္ေငါက္တာေတြ ထပ္လုပ္ဦးေလ!"

"ကဲ..ကဲ..ေတာ္သင့္ၿပီ ငါ႔တူရာ..ျဖစ္သြားတဲ့ ကိစၥက ေမာင္စကၡလည္း ရည္ရြယ္ၿပီး လုပ္ခဲ့တာမွမဟုတ္တာပဲ သားရယ္..အမွားဆိုလည္း ေစတနာအမွားေပါ႔..မဟုတ္ဘူးလား..ကဲ..လာပါ..ဦးစံနဲ႔ ေအးေဆးစကားေျပာရေအာင္ လာ"

ေဒါသျဖစ္ရင္ စိတ္ႀကီးတတ္တဲ့ တူ​ြဖစ္သူအေၾကာင္းသိတာမို႔ အေပၚထပ္ကို အသာဆြဲေခၚသြားမိသည္။ဒါဘာမွမဟုတ္ဘူး အေသးဖြဲကိစၥေလး တစ္ခုပါပဲ။တစ္ခုပဲ ေဘးကေန ေသခ်ာနားဝင္ေအာင္ တည့္မတ္ေပးမယ့္သူပဲ လိုေနတာ။အဲ့ေတာ့ ခုခ်ိန္ကစ ဒီကေလးႏွစ္ေယာက္ၾကားက မေက်လည္ႏိုင္တဲ့ အစိုင္အခဲေတြကို အနည္းငယ္စီ ရွင္းထုတ္ရလိမ့္မည္ဟု ဦးစံသာ ဆုံးျဖတ္ထားသည္။

"ကိုေလး စကၡ..ဖယ္ေနပါ..မိႏြယ္ရွင္းလိုက္မယ္..သြား..​အပူေလာင္ထားတာက ေတာ္ေတာ္ဆိုးေနၿပီရယ္..ခဏေနရင္ ကိုႀကီးမိုးစက္ကိုေခၚၿပီး ေဆးခန္းသြားျပလိုက္ပါလား..ေနာ္"

မိႏြယ္ ကမန္းကတန္း အကြဲစေတြနဲ႔ ညစ္ပတ္သြားတဲ့ ေႂကြျပားခင္းကို ရွင္းရင္း ​ေျပာလိုက္ေတာ့
ကိုေလးစကၡက ဘာမွမေျပာ စားလက္စကိုထားခဲ့ၿပီးအားလုံးနဲ႔ေဝးရါကို ေက်ာခိုင္းထြက္သြားသည္။

ေျခေထာက္က အပူေလာင္နာထက္ ရင္ဘတ္ထဲက ပိုၿပီး တဆစ္ဆစ္နာေနတာ ဘာေၾကာင့္မ်ားလဲ ကေလးရယ္။တကယ္ဆို မင္းဆီက အသိမွတ္ျပဳမႈေလး တစ္ခုေလာက္ရမလားလို႔ ေမွ်ာ္ မွန္းၿပီး လုပ္မိလုပ္ရာ လုပ္လိုက္မိတာ အခုလို ကေလးစိတ္ထိခိုက္သြားေစဖို႔ ေမာင္တကယ္
မရည္ရြယ္ပါဘူးကြာ။

ကိုေလးစကၡကို မိႏြယ္ျဖင့္ သနားလို႔မဆုံးဘူး။သူ့ခမ်ာ ဆရာ့ဆီက အမုန္းေတြ အနည္းငယ္ေလ်ာ့မလားလို႔  လုပ္မိပါတယ္။အခုဟာက ေမတၱာမရတဲ့အျပင္ စိတ္ဒဏ္ရာေတာင္ အစပ်ိဳးသြားေလာက္ေပသည္။ခက္တယ္ ဆရာ့ဒဏ္ကို ကိုေလးစကၡ ေရရွည္ခံႏိုင္ပါ႔မလားေနာ္။

"ထိုင္..ငါ႔တူ့..အခုကစၿပီး ဦးစံေျပာတာ ေသခ်ာနားေထာင္..ဟုတ္ၿပီလား"

အခန္းထဲေရာက္ၿပီး စိတ္ၿငိမ္သြားေလာက္ၿပီ ထင္တဲ့အခ်ိန္ေလာက္မွ ေသခ်ာနားဝင္ေအာင္ေျပာဖို႔ စိတ္ကူးထားသည္။

"သား သိလား..လူတစ္ေယာက္က..သာမန္ထက္ အမုန္းေတြ အာဃာတေတြ အတိုင္းထက္အလြန္ မ်ားလာရင္..တဖက္က မုန္းခံရတဲ့သူလည္း နာက်င္ရသလို..ကာယကံရွင္ ကိုယ္တိုင္လည္း ပူေလာင္ေသာကေရာက္ရတယ္ ငါ႔တူရဲ႕..
အဲ့ေတာ့ သားစဥ္းစားၾကည့္ပါ အေစာက ျဖစ္သြားခဲ့တာနဲ႔ပက္သက္ၿပီး..ေမာင္စကၡက သားအေပၚ ခြင့္မလႊတ္ႏိုင္ေလာက္တဲ့ အျပစ္ေတြ က်ဴးလြန္ခဲ့တာမွန္ေပမယ့္
သားရယ္..တကယ္ဆို သားကို တကယ္ ႏွစ္ႏွစ္ကာကာနဲ႔ ခ်စ္ျမတ္ႏိုးသြားခဲ့လို႔သာ ဒီလိုအမွားေတြ လုပ္မိသြားခဲ့တာ မဟုတ္ဘူးလား..လူတစ္ေယာက္က သူခ်စ္တဲ့သူကို ပိုင္ဆိုင္ခ်င္လို႔ ျဖစ္သြားတဲ့ အမွားပဲေလ..ျဖစ္ႏိုင္ရင္ သားသူ့ကို ျဖည္းျဖည္းခ်င္း အခ်ိန္ယူၿပီး ခြင့္လႊတ္ေပးဖို႔
စဥ္းစားေပးၾကည့္ပါလား"

"....."

"ဘယ္ခ်စ္ျခင္းမွ အျပစ္ရယ္လို႔ မရွိပါဘူး.သားရယ္..အမုန္းတရားထက္ ခ်စ္ျခင္း​ေမတၱာ အစစ္အမွန္ကို သားခံစားမိတဲ့တေန႔ ေပ်ာ္ရြင္လာရလိမ့္မယ္..ေတ​န႔ေတာ..့ဒီထပ္ပိုၿပီး ေမာင္စကၡရဲ႕စိတ္ရင္းေစတနာအမွန္ကို သားျမင္ေတြ႕ႏိုင္လိမ့္မယ္လို႔ ဦးေစံ​တာ့ယုံၾကည္တယ္ ငါ႔တူ..အဲ့ေတာ့ သားရဲ႕စိတ္တံခါးကို သူ့အတြက္ နည္းနည္းခ်င္းဖြင့္ေပးၾကည့္ပါ ..
အခုခ်က္ခ်င္း သူ့အျပစ္ေတြမ်က္ကြယ္ျပဳၿပီး..ခြင့္လႊတ္ခိုင္းတာေတာ့ မဟုတ္ဘူးေနာ္..အခ်ိန္ေလးနည္းနည္းယူၿပီး ေမာင္စကၡကို အနီးကပ္ ျဖည္းျဖည္းခ်င္း ေလ့လာၾကည့္ဖို႔ ဦးစံေျပာတာ..အဲ့ဒီက်မွ သားဘက္က အရင္လိုပဲ ခံစားရတယ္..ခြင့္မလႊတ္ႏိုင္ဘူးဆိုမွ ျဖစ္သင့္တာလုပ္ပါလို႔ ဦးစံအႀကံေပးခ်င္တယ္.."

ဆံပင္ခပ္အုပ္အုပ္ေလးကို အသာပြတ္ေပးရင္း ေျပာေတာ့ မ်က္လုံးဝိုင္းဝိုင္းေလးေတြက ဦးစံသာ ေျပာသည္ကို အေလးအနက္ထားစဥ္းစားေနမွန္း ထပ္ဟပ္ေနသည္။

"ဟုတ္..သားနားလည္ပါၿပီ ဦးစံ..သားအခ်ိန္ယူၿပီး
စဥ္းစားၾကည့္ပါ႔မယ္ ခုနက သားေဒါသထြက္ေနမိေတာ့ ဦးစံအေပၚ႐ိုင္းျပသလို ျဖစ္သြားရင္ သားေတာင္းပန္ပါတယ္..."

အရင္က လူဆိုးေကာင္ကို သူ့အနားမွာထားတာက ေလညႇင္း ႏွိပ္စက္သမွ် အရြဲ႕တိုက္သမွ်ဒဏ္ကို တေျမ့ေျမ့ခံစားၿပီး သူ့အသိစိတ္နဲ႔သူ အေဝးကို ထြက္သြားေစဖို႔ ရည္ရြယ္ခ်က္တစ္ခုတည္းသာ။ဒါေပမယ့္ အခ်ိန္ၾကာလာသည္ႏွင့္အမွ် ေမွာ္စကၡရဲ႕ အေလ်ာ့ေပး အနစ္နာခံမႈေတြ ၾကင္နာယုယမႈေတြရဲ႕ၾကား လက္စားေခ်ျခင္တဲ့ ေလညႇင္းရဲ႕ စိတ္ေတြက တျဖည္းျဖည္းႏူးညံ့လာတာ ကိုယ့္ကိုကိုယ္ သတိထားမိတယ္။

သူ့ကိုျမင္ရင္ အေမ့ကိုသတိရလို႔ အရာရာ အရြဲ႕တိုက္ၿပီး အထိနာေစမယ့္ စကားလုံးေတြ ေရြးခ်ယ္ေျပာခဲ့ေပမယ့္ တကယ္တမ္း အထိနာသူက ေလညႇင္းကိုယ္တိုင္ပါပဲ။ေျပာခ်င္ရာေျပာၿပီးရင္ တစိမ့္စိမ့္ျပန္ေတြးၿပီး သနားလာတဲ့စိတ္က  အၿငိဳးအေတးေတြကို အႏိုင္ယူသြားတတ္တာ အႀကိမ္ေရမနည္းေတာ့။

အရမ္းမုန္းေနတဲ့သူကို ခ်စ္မိသြားတတ္လား ေလညႇင္းမသိ။ေသခ်ာတာတစ္ခုကေတာ့ ေလညႇင္း သူ့အေပၚ စိတ္နည္းနည္းယိုင္ေနမိၿပီ ဆိုတာပဲ။မခ်စ္သင့္တဲ့ သူကိုမွ ေမတၱာထားမိေနလို႔ သားကိုခြင့္လႊတ္ပါ ေမေမ။

ခဏေနေတာ့ ဦးစံ အခန္းကိုျပန္သြားေတာ့ ေလညႇင္း ေတြးရင္းေငးရင္းနဲ႔ ေမွးကနဲအိပ္ေပ်ာ္သြားေလသည္။တစ္ေရးႏိုးလာၿပီး နာရီၾကည့္ေတာ့ ညႏွစ္နာရီ။ထမင္းအနည္းငယ္ပဲ စားထားေတာ့ ဗိုက္ကဆႏၵျပလာေလၿပီ။Freezerထဲ အရင္ရက္က ဝယ္ထည့္ထားတဲ့ cheese cakeနဲ႔ ပဲႏို႔ဘူးေလးကို သတိရသြားေတာ့ ေအာက္ထပ္ဆင္းလာလိုက္သည္။

မီဖိုခန္းထဲဝင္ၿပီး freezerထဲက စားခ်င္တာယူၿပီးတာနဲ႔ အေပၚတန္းတက္ဖို႔ ျပင္ထားသည္။ႀကီးလုံးတို႔ ႏိုးသြားမွာစိုးတာေၾကာင့္ မီးမဖြင့္ဘဲ ဖုန္းမီးေရာင္ေလးပဲ အားျပဳထားရေတာ့  ၿခံထဲက နီယြန္မီးသီးေလးေတြရဲ႕ အလင္းေရာင္တစြန္းတစသာရွိတဲ့ ေအာက္ထပ္အက်ယ္ႀကီးမွာ ေလညႇင္းတစ္ေယာက္တည္းဆိုတဲ့ အသိက ေျခာက္ျခားေစသည္။

ထို႔ေၾကာင့္ ကိတ္မုန္႔ပန္းကန္နဲ႔ တစ္ဖက္က ပဲႏို႔ဘူးကို ကိုင္ၿပီးတာနဲ႔ အေပၚတက္ဖို႔ ဧည့္ခန္းေဘးက အျဖတ္ နားထဲ ၿငီးသံသဲ့သဲ့ ၾကားလိုက္တာေၾကာင့္ ေက်ာပါမက တစ္ကိုယ္လုံးပါ ၾကက္သီးေတြထလာသည္။

ဒီအခ်ိန္ႀကီး ၿငီးသံၾကားရတယ္ဆိုေတာ့....။

ေလညႇင္းသြဲ႕ေရ မင္းေတာ့ သရဲနဲ႔ပက္ပင္းတိုးၿပီေဟ့ အားးးးး။

"အင္း..အေသး..ေလး..ေမာင့္ကိုမထား..ခဲ့ပါနဲ႔..မွားသြားပါ..တယ္..ေမာင္မွားသြားတာ..မ..လုပ္..."

ေသခ်ာ နားေထာင္ၾကည့္မွ ေမွာ္စကၡရဲ႕ အသံမွန္း ရိပ္မိသြားေတာ့ ​ေၾကာက္စိတ္က တမဟုတ္ခ်င္း ေပ်ာက္ကြယ္လို႔သြားသည္။

အသံလာရာ ဧည့္ခန္းဘက္ကို သြားၾကည့္လိုက္ေတာ့ ဆိုဖာႏွစ္ခုကို ဆက္ၿပီး အိပ္ေနတဲ့ လူဆိုးေကာင္။သူ့အရပ္ ကလန္ကလားကိုမွ အားမနာ ဆိုဖာေပၚ အျပည့္ေနရာယူထားသည့္အျပင္ အရပ္ရွည္လြန္းတာေၾကာင့္ ေျခဖမိုးက အစြန္းထြက္လ်က္ရွိသည္။

"စကၡ..ထဦး..ေမွာ္စကၡ..ေဟ့လူ.."

ေလညႇင္း လႈပ္ႏိုးလိုက္ေတာ့ အိပ္မက္ဆိုးမက္ေနသူက မ်က္လုံးဖြင့္ၾကည့္လာၿပီး ေလညႇင္းအနားေရာက္ေနတာ သိတာနဲ႔..

"အင့္!"

"ေမာင့္ကို ပစ္မထားခဲ့ပါနဲ႔..အေသးေလးရယ္..ေမာင္မွားသြားပါတယ္.."

အိပ္မက္ေယာင္ေနသူလို ေတာင္စဥ္ေရမရ စကားေတြ ဆက္တိုက္ေျပာေနၿပီး တဆက္တည္းဆိုသလို ႐ုတ္တရတ္ထထိုင္လာကာ သူ့ရဲ႕
ရင္ခြင္က်ယ္ႀကီးထဲ ေခါင္းလုံးလုံးေလးကို အတင္းဆြဲသြင္းၿပီး ေလညႇင္း ကိုယ္ေလးကို မလြတ္တမ္းဖက္တြယ္လာတဲ့ ေမွာ္စကၡ။တဖက္လူဆီမွ အပူေငြ႕ေႏြးေႏြးကို ရင္ဘတ္နဲ႔ထိကပ္ထားတဲ့ ေလညႇင္းရဲ႕ ပါးျပင္ေလးထံသို႔ ကူးစက္လာတာေၾကာင့္ ေလညႇင္း သိလိုက္ၿပီ။

လူဆိုးေကာင္ အနာရွိန္ေၾကာင့္ ဖ်ားေနၿပီ...။


#Thanks for reading

Syringa

************************************




Fortsæt med at læse

You'll Also Like

279K 16.4K 72
မင်းအာဏာမောင်၏နှလုံးသားထဲတွင် ရှင်းခနောင်ဟူသည့်ကောင်လေးတစ်ယောက်သာ ခိုအောင်းခွင့်ရှိလေသည်။ မင္းအာဏာေမာင္၏ႏွလုံးသားထဲတြင္ ရွင္းခေနာင္ဟူသည့္ေကာင္ေလးတစ္ေ...
8.8K 169 1
(18++ Warning ) လောကမှာ ချစ်တာနဲ့ ပေါင်းဖက်ရခြင်းတွေ ထပ်တူကျဖို့... ဘာတွေပေးဆပ်ရမလဲ ‌ေလာကမွာ ခ်စ္တာနဲ႔ ေပါင္းဖက္ရျခင္းေတြ ထပ္တူက်ဖို႔... ဘာေတြေပးဆပ္ရ...
233K 22.8K 73
ဇာတ်လိုက်က အရင်ဘဝတုန်းက အပယ်ခံလေးဖြစ်ပြီးတော့ ရုပ်သေးဘုရင် အဖြစ် ဖိအားပေးခံခဲ့ရတယ်။ ပြီးတော့ တော်ဝင်နန်းတော်ကနေ ဝိုင်းပြီးတော့ အနိုင်ကျင့်ခဲ့တဲ့ စစ်သ...
253K 9.2K 39
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...