တစ်နေရာလိုက်ခဲ့ဆိုပြီး Jungkook ခေါ်လာမယ့်နေရာက ဒီနေရာဖြစ်နေမယ်လို့ Jimin လုံး၀တွေးမထားခဲ့ပါ။ ခုတော့ Jeon အိမ်တော်ရှိရာ ခြံ၀န်းရှေ့မှာ ေြခစုံရပ်လို့ Jimin စိတ်တွေ အင်မတန်လှုပ်ရှားနေရပါသည်။ နှလုံးခုန်နှုန်းတွေ တဒိုင်းဒိုင်းနဲ့ လက်ဖျားတွေ အေးစက်လာ၏။ ခြံတံခါးကျယ်ကြီးကို မျက်တောင်မခတ်တမ်းစိုက်ကြည့်နေရင်း စိတ်ငြိမ်အောင်လုပ်ဖို့ နည်းလမ်းရှာမတွေ့သလိုဖြစ်နေရ၏။
လက်သီးဆုပ်ထားတဲ့ Jimin ရဲ့ အေးစက်စက်လက်တစ်ဖက်ထဲ တိုး၀င်လာတဲ့ အနွေးဓာတ်လေးတစ်ခု။ Jungkook ရဲ့ လက်ဟာ အေးနေတယ်ဆိုပေမဲ့ Jimin ရဲ့ လက်ထက်စာရင်တော့ နွေးပါသေးသည်။
'အရမ်း စိတ်မလှုပ်ရှားနဲ့။ ကျွန်တော်ရှိတယ်'
Jimin ခေါင်းကို ညိတ်ကာ အသက်ရှူနှုန်းတွေကို ထိန်းညှိလိုက်သည်။
Jungkook ရဲ့လက်ကို တွဲဖို့ ဆုံးဖြတ်ခဲ့ပြီးကတည်းက ဒီလိုအခြေအနေတွေကို တစ်နေ့နေ့မှာ ရင်ဆိုင်ရလိမ့်မယ်ဆိုတာ နားလည်ခဲ့ပြီးသား။ ဘာမှပြင်ဆင်ခွင့်မရခဲ့ဘဲ ရုတ်တရက်ဖြစ်ပေါ်လာတဲ့ အခြေအနေကြောင့်သာ Jimin စိတ်လှုပ်ရှားနေရခြင်းပါ။
ခြံထဲလှမ်း၀င်လာပြီးမှ Jimin စိတ်ထဲ၀င်ရောက်လာတဲ့အတွေးတွေက တောင်စဉ်ရေမရတော့။ Jeon မိသားစုက သူနဲ့ Jungkook ကို သဘောမတူပါဘူးဆိုရင်ရော။ သူတို့နှစ်ယောက်ကို ခွဲဖို့ကြိုးစားကြမှာလား။ Jeon မိသားစုဟာ ယောကျာ်းလေးနှစ်ယောက် အချင်းချင်း သဘောကျခြင်းကို လက်မခံနိုင်ဘူးဆိုရင်ရော။ စသဖြင့် အနှုတ်လက္ခဏာပါတဲ့ အတွေးတွေက Jimin ကို ကြီးစိုးလာနေသည်။
'ကျွန်တော် ယောင်္ကျားလေးတွေကို သဘောကျတတ်တဲ့အကြောင်း သိကြတယ်'
အိမ်တံခါးဆီလျှောက်လှမ်းနေတဲ့ Jimin ရဲ့ ခြေလှမ်းတွေ တုန့်ခနဲ။ အံ့ဩစွာနဲ့ Jungkook ကို မော့ကြည့်လိုက်မိသည်။
Jungkook မျက်နှာက ပြုံးစစနဲ့ ကြည်ကြည်လင်လင်။ Jimin စိုးရိမ်နေရသောအတွေးတွေကို သူကတော့ဖြင့် လုံး၀ဂရုစိုက်စရာမလိုသလိုမျိုးနဲ့။
'Hyung ထွက်သွားတော့ ကျွန်တော့်ဖြစ်တည်မှုကို မိသားစုတွေဆီ ၀န်ခံဖြစ်ခဲ့တယ်။ အဖေနဲ့ အစ်ကိုက ဘာမှမပြောပေမဲ့ အမေက အရမ်းစိတ်ဆိုးပြီး တစ်လလောက် စကားမပြောဘူး။
Jimin မျက်လုံးတွေဝိုင်းလျက် မှင်သက်နေဆဲ။ Jimin ရဲ့ မျက်လုံးတွေကို စိုက်ကြည့်ရင်း Jungkook ပြုံးမိသည်။
'အမေက ချွေးမအရမ်းလိုချင်တာ။ အိမ်ထောင်မှုနိုင်နင်းပြီး အားလပ်ချိန်မှာ သူ(မ)နဲ့ အတူ အချိန်ဖြုန်းပေမဲ့ ချွေးမကောင်းလေးတစ်ယောက်ပေါ့။ ညီအစ်ကိုနှစ်ယောက်ဆိုတော့ ချွေးမနှစ်ယောက်ဆိုပြီး အရမ်းမျှော်လင့်နေခဲ့တာ။
ဒါပေမဲ့ အမေက မသေချာတဲ့ အနာဂတ်က ချွေးမတွေထက် ကျွန်တော့်ကို ပိုချစ်တယ်လေ'
နောက်ဆုံးစကားကို ပြောပြီး ပြုံးလိုက်တဲ့ Jungkook ရဲ့ ပုံစံက နှစ်လိုဖွယ်အပြည့်။ ချစ်စရာကောင်းလွန်းလို့ ပေါ်လာတဲ့ ပါးချိုင့်ရေးရေးလေးကို Jimin စိတ်လွတ်ကိုယ်လွတ် နမ်းရှိုက်မိတော့မတတ်ပါပဲ။
အခု သူတို့ ခြံတံခါးနဲ့အိမ်တံခါးကို ဆက်သွယ်ထားတဲ့ လမ်းသွယ်လေးရဲ့ အလယ်မှာ ရပ်နေကြတာဖြစ်သည်။
သူ့ကို ငေးကြည့်နေတဲ့ Jimin ကြောင့် လက်ဖဝါးထဲက အေးစက်စက်လက်ကလေးကို Jungkook ဖျစ်ညှစ်လိုက်သည်။
'ဘာမှစိုးရိမ်စရာမရှိဘူး။ ကျွန်တော့်လက်ကိုသာ တွဲထား'
Jungkook ရဲ့ စကားကို ကြားရမှ Jimin အနည်းငယ် စိတ်ငြိမ်သွားသလို ခံစားလိုက်ရသည်။ ထို့နောက် အိမ်ကြီးဆီ လှမ်းကြည့်ရင်း Jimin ခေါင်းညိတ်မိလိုက်ပါသည်။ ဒါပေမဲ့လည်း ကုမ္ပဏီရဲ့ ဉက္ကဌကြီး တစ်ဖြစ်လဲ Jungkook ရဲ့ အဖေဖြစ်သူ ယောက္ခမကြီးကို မျက်နှာချင်းဆိုင်တွေ့ဖို့ရာ ရှိန်နေဆဲပဲ။
ဒါပေမဲ့ သူတစ်ပါး မိသားစုရဲ့ အဖိုးတန်သားငယ်လေးကို လိုချင်နေမိမှတော့ ဒီလောက်ကတော့ သတ္တိရှိမှပေါ့လေ။ impression မကျသွားစေရအောင် နမော်နမဲ့တွေ မလုပ်မိစေဖို့ ဆုတောင်းရင်း Jungkook ရဲ့ လက်ကို မလွတ်တမ်း ဆွဲကိုင်ကာ Jeonမိသားစုရဲ့ အိမ်ကြီးအတွင်း လှမ်း၀င်မိတော့သည်။
----
ဒုန်း!
အရှိန်တစ်ခုနဲ့ ပိတ်ကျသွားတဲ့ တံခါးချပ်နောက်မှာ Jimin ရဲ့ ကျောပြင်ဟာ နံရံတစ်ခုနဲ့ ဖိကပ်ခြင်းခံလိုက်ရ၏။ ခါးတစ်ဝိုက် သန်မာတဲ့ လက်တစ်ခုနဲ့ တွယ်ဖက်ခြင်းခံထားရသလို ပါးပြင်တစ်ဖက်ဟာလည်း လက်ဖဝါးနွေးနွေးနဲ့ အုပ်ကိုင်ခြင်းကို ခံထားရသည်။ နှုတ်ခမ်းလွှာတွေပါမကျန် သိမ်းပိုက်ခြင်းခံနေရသည်က Jimin နေထိုင်ရာ ကွန်ဒိုကို ပြန်ရောက်နေခြင်းဖြစ်၍သာ။
Jeon အိမ်မှာ အချိန်သုံးနာရီမျှ ကုန်ဆုံးပြီးနောက် ပြန်လာဖြစ်ကြသည်။ ကွန်ဒိုခန်းထဲပြန်ရောက်ရောက်ချင်း ဖိနပ်ပင်မချွတ်အားသေး။ Jungkook က သူ့တစ်ကိုယ်လုံးကို သိမ်းကျုံးဖက်ပြီး နံရံဆီတွန်းပို့ကာ နက်ရှိုင်းသောအနမ်းတွေကို ဖန်တီးလာသည်။
အမှောင်ကျနေသော တိုက်ခန်းအတွင်း နှုတ်ခမ်းချင်းပွတ်တိုက်ရာက ထွက်ပေါ်လာတဲ့ အသံလေးတွေက ပလုံစီလို့။
အိမ်တံခါးပေါက်၀မှာတင် နမ်းရှိုက်နေမိကြတာ အချိန်အတော်ကြာသည်အထိ။
အသက်မရှူလို့မရတော့တဲ့ အချိန်ကျမှသာ Jungkook က အနမ်းတွေကို ရပ်ပေးပြီး နှုတ်ခမ်းတွေကို ဆုတ်ခွာသွားသည်။
မောဟိုက်နေတဲ့ ရင်ဘတ်အစုံနဲ့ နီးကပ်နေတဲ့ မျက်နှာနှစ်ခုကြားက အသက်ရှူနှုန်းတွေဟာ ယှက်တွယ်ဖလှယ်နေကြလျက်။
Jimin က Jungkook ရဲ့ ပုခုံးစွန်းမှာ နဖူးလေး မှီတင်လိုက်သည်။
တဖြည်းဖြည်း တည်ငြိမ်လာသော အသက်ရှူနှုန်းတွေကြား Jimin ရဲ့ မျက်နှာမှာ ပြုံးရိပ်ထင်လာသည်။
ဒီလောက်ဆို Jeon မိသားစုနဲ့ ညစာစားပွဲမှာ အခြေအနေဘယ်လိုရှိခဲ့သလဲဆိုတာ ရိပ်မိနိုင်လောက်ပြီထင်၏။
စိတ်ထဲမှာ ဖြစ်တည်နေသော ကြည်နူးမှုနဲ့အတူ Jungkook ကို Jimin မော့ကြည့်မိပြန်တော့ ပြန်လည်စိုက်ကြည့်လာတဲ့ မျက်လုံးဝိုင်းတွေက မီးရောင်အောက်မှာ ရီဝေလို့။ နှုတ်ခမ်းတွေ ထပ်မံထိစပ်ပြီး ဒုတိယမြောက်အနမ်းကို မဖန်တီးရသေးခင်မှာပဲ ဖုန်းသံတစ်ခု ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ ကိုယ့်အာရုံနဲ့ကိုယ်မို့ နှစ်ယောက်သား ပုခုံးတွေပင် တုန်တက်သွားရ၏။
Jimin ရဲ့ ဖုန်းကို မိခင်က ခေါ်ဆိုနေခြင်းဖြစ်သည်။
Jimin ဖုန်းကို ပြန်ဖြေရင်း Jungkook ရဲ့ လက်ထဲက အသာရုန်းထွက်ကာ ဧည့်ခန်းထဲကို လျှောက်လာခဲ့သည်။
တစ်နေ့လုံး ပွက်လောရိုက်နေခဲ့တဲ့ သတင်းတွေကို တခြားမြို့နယ်က Jimin ရဲ့ မိဘတွေလည်း ကြားပြီးလောက်ရောပေါ့။ အလုပ်ချိန်ဖြစ်နေလို့သာ မဆက်သွယ်လာပေမဲ့ သူတို့လည်း စိုးရိမ်နေကြမှာပဲ။
ဖုန်းကတစ်ဆင့်ပြောနေရတာဖြစ်သော်လည်း Jimin က ဆိုဖာခုံပေါ်မှာ ခါးလေးမတ်ကာ ထိုင်ေနမိသည်။
'ဟုတ်ကဲ့ မေ'
'...'
'တောင်းပန်ပါတယ်'
'...'
ဖုန်းပြောနေသူရဲ့ ဘေးမှာ ထိုင်နေပေမဲ့ တစ်ဖက်က စကားသံတွေကိုတော့ Jungkook သေချာမကြားရ။ တောင်းပန်စကားသံခပ်သိမ်သိမ်ကြောင့် ပေါင်ပေါ်တင်ထားတဲ့ လက်ဖျားထိပ်ကလေးတွေကို ဆုပ်ကိုင် အားပေးမိသည်။
'ကျွန်တော်တို့ နှစ်ကုန် အားလပ်ရက်ကျရင် လာခဲ့ပါမယ်'
'...'
'ဟုတ်ကဲ့ ခေါ်ခဲ့မယ်'
ထိုစကားနဲ့အတူ ကိုယ့်ဘက်ကို လှည့်ကြည့်လာတဲ့ Jimin ကို Jungkook မျက်ခုံးပင့်ပြလိုက်သည်။
ဖုန်းပြောခြင်းပြီးဆုံးသွားတော့ Jimin က သက်ပြင်းရှည်တစ်ခုချသည်။
'ဘာတဲ့လဲ'
'မင်းကို အိမ်ခေါ်လာခဲ့ပါတဲ့'
'အင်း သွားကြမယ်လေ။ ယောက္ခမကြီးကို ဂါရ၀ပြုရမှာပေါ့'
'Jungkook'
'အင်း'
Jimin မျက်နှာကို ရှေ့တိုးကာ Jungkook ရဲ့ နှုတ်ခမ်းတွေကို နမ်းလိုက်သည်။ ထိကပ်ရုံသာ နမ်းပြီး နောက်ကိုပြန်ခွာသည်။
'ကျေးဇူးတင်ပါတယ်'
'အင်း ကျေးဇူးတင်ရင် ထပ်နမ်းဦး'
ကြောင်အမ်းသွားတဲ့ Jimin ရဲ့ မျက်နှာလေးမှာ အပြုံးတွေ မပီပြင်လိုက်တော့။
ပြန်လည်ပွင့်ဖူးလာတဲ့ အနမ်းပန်းတွေဟာ ဧည့်ခန်းထဲမှာ ဝေဆာကုန်ကြတော့၏။ ဘာကြောင့်ကျေးဇူးတင်ရသလဲဆိုတာကို ဖြေရှင်းခွင့်မရှိလိုက်ပေမဲ့ နောက်တစ်ကြိမ်မက ထပ်ပြောလို့ရနိုင်တဲ့ ရှင်းပြလို့ရနိုင်တဲ့ အချိန်တွေ အများကြီးရှိသေးသည့်အတွက် အနမ်းတွေထဲမှာသာ စီးမြောလိုက်ပါနေလိုက်တော့သည်။
----
'ဘယ်လို'
Jimin မေးလိုက်ခြင်းဟာ မကြားလိုက်၍လည်း မဟုတ်သလို နားမလည်၍လည်းမဟုတ်။ အံ့ဩမှုကြောင့် အာမေဋိတ်ပြုမိလိုက်ခြင်း ဖြစ်သည်။
Jimin ကို ညပိုင်း သတင်းအစီအစဉ်မှာ လူအစားထိုး နေရာ ပြန်မပေးဘူးတဲ့လေ။ အဲ့အတွက် STAR A ကပြုလုပ်တဲ့ နှစ်လကြာေလ့ကျင့်ေရးသင်တန်းမှာ နည်းပြအဖြစ် တာ၀န်ယူပေးပါတဲ့။ နေ့ခင်း သတင်းအစီအစဉ်အတွက်က သူခွင့်ယူချိန်မှာ တာ၀န်ယူပေးခဲ့တဲ့ ဂျူနီယာလေးတစ်ယောက်ကို ဆက်လက်တာ၀န်ယူခိုင်းလိုက်ပါ့မယ်တဲ့။
သူတို့ စိတ်ကြိုက်စီမံခန့်ခွဲသွားပြီးမှ အဆင်ပြေရဲ့လား မေးနေတဲ့ သူတွေကို Jimin က အဆင်မပြေကြောင်း ပြန်ဖြေလို့ ရပါတော့မလား။ သူတို့လိုချင်နေတဲ့ အဖြေက၊ မဟုတ်ေသးဘူး Jimin ဖြေကိုဖြေရမှာက ခေါင်းညိတ်လက်ခံမှု တစ်ခုတည်းသာ ဖြစ်နေခဲ့သည်မလား။
Producer ကြီးကို Jimin မယုံကြည်နိုင်ခြင်းများစွာဖြင့် ကြည့်မိတော့ PD nim က နေရခက်နေဟန် Jimin နဲ့ မျက်လုံးချင်းမဆုံအောင် ရှောင်လွှဲနေသည်။ Producer ကြီးမှ မဟုတ် အစည်းအဝေးခန်းထဲမှာ ရှိတဲ့ တာ၀န်ခံတွေကအစ ရှိတဲ့ လူငါးယောက်မှာ လေးယောက်က Jimin ကို မကြည့်ကြတာဖြစ်သည်။ တစ်ယောက်သော သူကလွဲလို့ပေါ့။
Choi Li Han ဆိုတဲ့ မိန်းကလေးကတော့ သူများတွေနဲ့မတူဘဲ Jimin ကို စူးစူးစိုက်စိုက်ကြည့်နေတာဖြစ်သည်။ ဘာတတ်နိုင်သေးလဲဆိုတဲ့အကြည့်နဲ့ နှုတ်ခမ်းလှလှထက်က အပြုံးက အောင်နိုင်သူသဖွယ်။ ထိုအကြည့်တွေအောက်မှာ ဒီအခြေအနေတွေအားလုံးရဲ့ တရားခံဟာ သူ(မ) ဆိုတာကို Jimin နားလည်လိုက်ရချိန် Jimin မျက်တောင်ခတ်သွားသည်။
ဒါဟာ ပြစ်ပယ်ခံရခြင်းပဲ။ ကင်မရာရှေ့မှာ တာ၀န်ထမ်းဆောင်ရတဲ့ တိုင်းက ကင်မရာနောက် ပို့ခံရမှာ အကြောက်ရွံ့ဆုံးပဲ မဟုတ်လား။
Jimin လက်သီးနှစ်ဖက်ကို တင်းကြပ်နေအောင် ဆုပ်မိသွား၏။ ခံပြင်းစိတ်တစ်ခုက ရင်ထဲတိုး၀င်လာသည်။
တကယ်တော့ နည်းပြဆိုတဲ့အလုပ်ကလည်း လူတိုင်းလုပ်နိုင်တဲ့အရာမဟုတ်။ ကိုယ်တိုင်က အရည်အချင်းပြည့်၀နေမှ၊ သူများထက်ပိုတော်ပြီး အတွေ့အကြုံတွေပြည့်၀နေမှ နည်းလမ်းပြပေးလို့ရတာမလား။ မိမိရဲ့အရည်အချင်းနဲ့ ပတ်သက်ပြီး မိမိကိုယ်ကို ယုံကြည်မှုရှိပြီးသားပင်။
သို့သော် မတရားမှုကို အပြည့်အ၀ခံစားနေရသည်။ တကယ်ဆို မိမိဘက်က ကျူးလွန်ထားတဲ့ အပြစ်တစ်ခုမှ မရှိ။ ပိတ်ရက်မရှိ အလုပ်လုပ်လာတုန်းကတော့ ဘယ်သူမှ အရေးတယူမရှိ။ ခွင့်တစ်ပတ်ယူမိလိုက်မှ ရာထူးချချင်နေကြတဲ့ သူတွေက သိပ်ကို ရယ်စရာကောင်းမနေဘူးလား။
လက်မခံလို့မရတော့ဘူးလို့ တွက်ထားပြီးတဲ့ သူ တစ်ယောက်ချင်းစီရဲ့ မျက်နှာကို သေချာလိုက်ကြည့်ပြီး Jimin နှုတ်ခမ်းထောင့်စွန်းလေးတစ်ဖက်ကော့တက်သွားသည်။
'ကျွန်တော် လက်မခံနိုင်ပါဘူး'
ကြည်လင်ပြတ်သားသော Jimin ရဲ့ အသံက အစည်းအဝေးခန်းမတစ်ခုလုံးကို ပြန့်နှံ့သွားသည်။ အကုန်လုံးက မျက်လုံးပြူး မျက်ဆံပြူးနဲ့ လှည့်ကြည့်လာကြသည်။ ဘာလုပ်လုပ်ခေါင်းညိတ်မယ်လို့ ထင်မှတ်ထားရအောင် Park Jimin ဆိုတဲ့သူကို ဘာများထင်နေကြတာလဲ။
Choi Li Han ဆိုတဲ့ စီနီယာအမျိုးသမီးပင် အပြုံးတွေမရှိတော့။
'နည်းပြအလုပ်က ကျွန်တော်နဲ့ မကိုက်ဘူးလို့ထင်တယ်။ တကယ်ဆို ကျွန်တော်ထက် အတွေ့အကြုံများပြီး အရည်အချင်းရှိတဲ့ သူတွေကမှ နည်းပြဖြစ်သင့်တယ်မလား။ ဉပမာ စီနီယာ Choi Li Han တို့လိုပေါ့'
တမင်ကို ရည်ညွှန်းပြောဆိုလိုက်သည့်နောက် စီနီယာအမျိုးသမီး၏ မျက်ခုံးတန်းတွေ တွန့်ကျိုးသွားသည်ကို အရသာခံကြည့်နေလိုက်သည်။
'Live အတွက်က ကျွန်တော် Broadcasting Teamနဲ့ ပြန်လည်ညှိနှိုင်းကြည့်ပါဦးမယ်။ မနက်ခင်းအစီအစဉ်ပိုင်းမှာရော လူအပြောင်းအလဲရှိမယ်လို့ပြောတယ်။ Schedule တွေ ဒီလကုန် စပြောင်းမယ် ထင်ပါရဲ့။ ကျွန်တော့်အတွက် အခုလို တကူးတက စဉ်းစားပြီး စီစဉ်ပေးထားတာ PD nim တို့ကို ကျေးဇူးတင်ပါတယ်။ ကျွန်တော် BC Team နဲ့ အစည်းအဝေးသွားစရာရှိလို့ ခွင့်ပြုပါဦး'
ပြောစရာရှိပြောပြီးသည်နှင့် Jimin ထိုအခန်းထဲက အရင်ဆုံး ထွက်လာခဲ့သည်။ မိမိက အငယ်ဆုံးဖြစ်နေသော်လည်း စီနီယာတွေက စီနီယာလို မပြုမူတော့ ကိုယ့်ဘက်ကလည်း လေးစားမှုထားနေစရာမလိုဘူးထင်၏။
အပျက်ပျက်အယွင်းယွင်းဖြစ်ကျန်ခဲ့သော စီနီယာအမျိုးသမီး၏ မျက်နှာကို ပြန်မြင်ယောင်မိတော့ Jimin နှုတ်ခမ်းထက် အပြုံးတစ်ခု ချိတ်ဆွဲသွားသည်။
လူပေါင်းဆယ်ချီရှိတဲ့ Broadcasting Team နဲ့ News & Information Team မှာ ကိုယ့်ဘက်ပါအောင် ဆွဲဆောင်နိုင်တာ လေးယောက်တည်းရှိတာတဲ့လား။ သနားဖို့ကောင်းနေတာ မဟုတ်ဘူးလား။
လူအစားထိုး အချိန်စာရင်းမပေးတဲ့ နေ့ကတည်းက တာ၀န်ရှိသူေတွကို Jimin ကိုယ်တိုင်သွားမေးပြီးသား။ ထင်ထားသလို တာ၀န်ပျက်ကွက်မှုကြောင့်လည်း မဟုတ်သလို Dating သတင်းထွက်ထားလို့လည်း မဟုတ်။ တစ်နေ့တာအတွက် တာ၀န်ကျသူစာရင်းက လူအပြောင်းအလဲရှိလို့ တရား၀င်အချိန်ဇယား မထုတ်ပေးသေးခြင်းသာ။
ဒီအကြောင်းအရာကို Jimin မသိသေးဘူးအထင်နဲ့ Choi Li Han က စိတ်ကြိုက် ခြယ်လှယ်ချင်နေပုံရသည်။
တကယ်လို့ Jimin သာ သူ(မ) ရဲ့ အစီအစဉ်အတိုင်း ခေါင်းငြိမ့်လိုက်ပါက သူ(မ) က တစ်ဖက်ကို Jimin ရဲ့ တောင်းဆိုချက်ပါဆိုပြီး ကြားလူလုပ်လိမ့်မည်။ သူ(မ) အပြစ်လွတ်အောင် ထောက်ခံပေးမယ့်သူက PD nim နဲ့ တာ၀န်ခံ သုံးယောက်ပေါ့လေ။
ခုတော့ သူ(မ) စီစဉ်ထားသမျှ အကုန် သဲထဲရေသွန်ဖြစ်သွားခဲ့ပြီမို့ စိတ်ထဲ တနုံ့နုံ့ ခံစားနေရသည်။ သူ(မ)ရဲ့ စိတ်အခြေအနေကို ခံစားမိတဲ့ သူတွေက ရှောင်ထွက်သွားကြပြီမို့ အစည်းအဝေးခန်းထဲ တစ်ယောက်တည်းကျန်နေခဲ့၏။
လက်သီးကို ကျစ်နေအောင်ဆုပ်ထားကာ မျက်နှာတစ်ခုလုံးကလည်း မသာမယာဖြစ်နေသည်။
ထိုအချိန် စားပွဲပေါ်က ဖုန်းက တုန်ခါလာသည်။ စိတ်မကြည်နေသည်မို့ ေခါ်ဆိုသူကို ကြည့်မနေဘဲ ကောက်ကိုင်လိုက်သည်။
'ဟဲလို'
'ဟဲလို Li Han'
'ဘယ်သူလဲ'
'....'
တစ်ဖက်လူရဲ့ အဖြေကြောင့် Li Han မတ်တပ်ထရပ်မိသွားသည်။ ကြားလိုက်ရသော အသံတစ်ခုသည် သူ(မ) ခေါင်းထဲ၌ မိုင်းဗုံးတစ်လုံးလို ကျယ်လောင်စွာ ပေါက်ကွဲမြည်ဟီးသွားသည်။ စိတ်လှုပ်ရှားစွာ မတ်တပ်ထရပ်လိုက်မိပေမဲ့ ချက်ချင်းပင် ဒူးတွေ ခွေညွတ်ကျချင်လာသည်။
နောက်ဆုံးအနေနဲ့ တွေ့ချင်ပါတယ်ဆိုတဲ့ တစ်ဖက်လူရဲ့ တောင်းဆိုသံတိုးရှရှ။ လျစ်လျူရှုဖို့ရာ အင်မတန်ခက်ခဲလှပါ၏။
ဟင့်အင်း။ မဟုတ်ဘူး။ ဂရုစိုက်စရာမလိုဘူး။
သူ(မ) ခေါင်းကို ခပ်ကြမ်းကြမ်းခါယမ်းပစ်ကာ အသက်ရှူနှုန်းတွေကို ငြိမ်အောင်ကြိုးစားနေမိ၏။
ဟုတ်ပါသည်။ ထိုသူက သူ(မ) နဲ့ ဘာမှမဆိုင်တော့ပါ။ သွားတွေ့စရာလည်း မလို။
ထို့နောက် Li Han သည် ကိုယ်နေဟန်ထားကို ပြင်ကာ အစည်းအဝေးခန်းထဲက ထွက်လာခဲ့တော့သည်။
-----
နှစ်ယောက်အတူ အေးချမ်းစွာ နေ့လည်စာ စားရခြင်းရဲ့ အရသာကို နှစ်သက်သဘောကျနေသူက နေ့လည်စာစားချိန်တိုင်း Jimin ကို သူ့ ရုံးခန်းကျယ်ကြီးထဲကိုသာ ခေါ်လာတတ်သည်။
Jungkook ရဲ့ ရုံးခန်း မှန်နံရံကြီးဆီက မြင်ရတဲ့ မြင်ကွင်းကို Jimin သဘောကျနေ၏။ နေ့လည်စာ စားပြီးရင် မှန်နံရံကြီးနားမှာ ရပ်ပြီး ငေးနေကျဖြစ်သည်။ အခုလည်း Jimin မြို့ပြမြင်ကွင်းကို ငေးနေမိစဉ် Jungkook က နောက်ကနေ ခါးကို သိုင်းဖက်လာသည်။ တောင့်တင်းနေတဲ့ ရင်အုပ်ကျယ်ကြီးထဲ Jimin သက်သောင့်သက်သာပင် မှီတွယ်ထားလိုက်သည်။
'အာ ပြောဖို့ မေ့နေတာ'
Jimin က ပြောလေဆိုတဲ့ သဘောနဲ့ တစ်ချက်မော့ကြည့်လာပေးသည်။
'သတင်းအစီအစဉ်ပိုင်းက On-cam မဇာ လူသစ်တွေကိုပါ နေရာပေးဖို့ တိုင်ပင်ဖြစ်ကြတာ။ လူအပြောင်းအလဲလုပ်မှာဆိုတော့ schedule အသစ်ပြန်ဆွဲကြဖို့ အစည်းအဝေးမှာ confirm လိုက်တယ်။ အဲ့တာ schedule အသစ် မထွက်မချင်း Hyung ကို တာ၀န်ချိန်မပေးနဲ့ဦးလို့ ပြောထားတယ်'
Jimin အံ့ဩစွာနဲ့ Jungkook ကို မော့ကြည့်မိလိုက်သည်။ Jungkook ကိုယ်တိုင်ပြောထားတယ်ဆိုတာ ခုမှသိရခြင်းမို့။
'ဒဏ်ရာနဲ့ ကျွန်တော် စိတ်မချလို့။ ကြားထဲ ဟိုဟာဒီဟာလုပ်ရင်း ရသလောက်လေး အနားယူထား။ schedule အသစ်စရင် Hyung ဒဏ်ရာလည်း စိတ်မပူရလောက်တော့ဘူး'
Jimin ဒီလူကို ဘယ်လိုလုပ် မချစ်ဘဲ နေနိုင်ရမှာလဲ။ အမြဲကိုယ့်အတွက် စဉ်းစားပေးပြီး ဦးစားပေးနေတာကို မကြိုက်တဲ့သူ ရှိပါ့မလား။ ထိုကဲ့သို့ အလိုလိုက်နေသူက ကိုယ်ချစ်ရတဲ့သူလည်း ဖြစ်နေတော့ စိတ်ချမ်းသာ ကြည်နူးစရာတွေချည်းပဲလေ။
သူ့ရင်ခွင်ထဲ မှီတွယ်ထားတာမို့ ချောမောခန့်ညားတဲ့ မျက်နှာကို ဘေးတစောင်းမြင်နေရသည်။ အသက် ၂၆ နှစ်အရွယ်ဖြစ်သော်လည်း အမွှေးအမျှင်နည်းပါးသော မျက်နှာက ပြောင်ရှင်းနေ၏။
နှစ်တွေအများကြီး ခွဲခွာခဲ့ရပြီးမှ ပြန်လည်တွေ့ဆုံခဲ့ရတဲ့ အချစ်ဦးဟာ သူ့ဘ၀ရဲ့ ကံကောင်းခြင်းတစ်ခုပါပဲ။
'Jungkook'
'အင်း ကျွန်တော် ရှိတယ်'
'ချစ်တယ်'
ဖျတ်ခနဲ လှည့်ကြည့်လာတဲ့ Jungkook က မထင်မှတ်ထားဟန်နဲ့။ မျက်လုံးဝိုင်းလေးတွေက ကြည်တောက်လို့။ ဟက်ခနဲရယ်ပြီးမှ Jimin ရဲ့ နားထင်နားကို သူ့နဖူးစောင်းနဲ့ အသာတွန်းတိုက်လာခဲ့သည်။
'ကျွန်တော်လည်း Hyung ကို ချစ်တယ်'
'အင်း အဲ့တာဆို ရေခဲမုန့်၀ယ်ကျွေး'
'ဟားဟား ဘာဆိုင်လဲ'
Jungkook က ခဏတော့ ရယ်မောနေပြီးမှ အသံတိတ်သွားကာ Jimin ကို ရင်ခွင်ထဲကထုတ်ပြီး ပုခုံးတွေကနေ ဆွဲလှည့်ကာ မျက်နှာချင်းဆိုင်စေသည်။
'Hyung ဘာပြောလိုက်တာ'
'ချစ်ရင် ရေခဲမုန့်၀ယ်ကျွေးလို့လေ'
'စားချင်လို့လား'
'အင်း ရေခဲမုန့် ချိုချိုမွှေးမွှေးအေးအေးလေး စားချင်နေတာ'
'တကယ်လား'
'တကယ်ပေါ့။ ကိုယ် ရေခဲမုန့် မစားဖြစ်တာတောင် နှစ်ချီနေပြီ။ ခုမှ ပထမဆုံး-'
ပြောရင်းနဲ့မှ Jimin လည်း သတိထားမိသွားပုံပေါ်၏။ Jungkook ကို မော့ကြည့်လာသည်။
ပထမဆုံးပဲ။ နှစ်ချီနေခဲ့ပြီးမှ အစားအစာတစ်ခုကို လိုလားတောင့်တမိတာ ဒါပထမဆုံးပဲ။ ပြီးတော့ ထိုအရာကလည်း ရေခဲမုန့်တဲ့။ အစားအစာတစ်ခုကို တောင့်တနေမိတဲ့ Jimin ရဲ့ စိတ်ထဲမှာ လွန်ဆွဲမှုတွေ၊ တွေဝေမှုတွေရှိမနေခဲ့။ ချိုအီပြီး မွှေးနေမယ့် ရေခဲမုန့်အေးအေးလေးရဲ့ အရသာကို အမှန်တကယ်ပင် တောင့်တနေခဲ့ပါသည်။
'ကျွန်တော် ၀ယ်ပေးမယ်။ Hyung စားချင်တာ မှန်သမျှ အကုန် ဝယ်ပေးမယ်။ ဘာအရသာစားချင်လဲ'
'အင်း.....စတော်ဘယ်ရီ'
'ဟုတ်ပြီ။ ကျွန်တော် ခုပဲ ဖုန်းဆက်မှာလိုက်မယ်'
ဖုန်းချထားရာေနရာကို ပြေးသွားတာများ လစ်ခနဲ။ ရေခဲမုန့်စားချင်သူက Jimin ဆိုပေမဲ့ ၀ယ်ကျွေးမယ့်သူဖြစ်တဲ့ Jungkook က ပိုလို့ အရမ်းတက်ကြွနေခဲ့ပါသည်။
ပြောသားပဲ။ Jungkook က သူ့ရဲ့ ကံကောင်းခြင်းလေးပါလို့။
*******
N: ဒီနေ့ အင်္ဂါနေ့ဆိုတာကို မေ့နေတာ><
နောက်နှစ်ပိုင်းလောက်ဆို ပြီးပါတော့မယ်။
Zawgyi
တစ္ေနရာလိုက္ခဲ့ဆိုၿပီး Jungkook ေခၚလာမယ့္ေနရာက ဒီေနရာျဖစ္ေနမယ္လို႔ Jimin လုံး၀ေတြးမထားခဲ့ပါ။ ခုေတာ့ Jeon အိမ္ေတာ္႐ွိရာ ျခံ၀န္းေ႐ွ႕မွာ ေျခစုံရပ္လို႔ Jimin စိတ္ေတြ အင္မတန္လႈပ္႐ွားေနရပါသည္။ ႏွလုံးခုန္ႏႈန္းေတြ တဒိုင္းဒိုင္းနဲ႔ လက္ဖ်ားေတြ ေအးစက္လာ၏။ ျခံတံခါးက်ယ္ႀကီးကို မ်က္ေတာင္မခတ္တမ္းစိုက္ၾကည့္ေနရင္း စိတ္ၿငိမ္ေအာင္လုပ္ဖို႔ နည္းလမ္း႐ွာမေတြ႕သလိုျဖစ္ေနရ၏။
လက္သီးဆုပ္ထားတဲ့ Jimin ရဲ႕ ေအးစက္စက္လက္တစ္ဖက္ထဲ တိုး၀င္လာတဲ့ အေႏြးဓာတ္ေလးတစ္ခု။ Jungkook ရဲ႕ လက္ဟာ ေအးေနတယ္ဆိုေပမဲ့ Jimin ရဲ႕ လက္ထက္စာရင္ေတာ့ ေႏြးပါေသးသည္။
'အရမ္း စိတ္မလႈပ္႐ွားနဲ႔။ ကြၽန္ေတာ္႐ွိတယ္'
Jimin ေခါင္းကို ညိတ္ကာ အသက္႐ွဴႏႈန္းေတြကို ထိန္းညႇိလိုက္သည္။
Jungkook ရဲ႕လက္ကို တြဲဖို႔ ဆုံးျဖတ္ခဲ့ၿပီးကတည္းက ဒီလိုအေျခအေနေတြကို တစ္ေန႔ေန႔မွာ ရင္ဆိုင္ရလိမ့္မယ္ဆိုတာ နားလည္ခဲ့ၿပီးသား။ ဘာမွျပင္ဆင္ခြင့္မရခဲ့ဘဲ ႐ုတ္တရက္ျဖစ္ေပၚလာတဲ့ အေျခအေနေၾကာင့္သာ Jimin စိတ္လႈပ္႐ွားေနရျခင္းပါ။
ျခံထဲလွမ္း၀င္လာၿပီးမွ Jimin စိတ္ထဲ၀င္ေရာက္လာတဲ့အေတြးေတြက ေတာင္စဥ္ေရမရေတာ့။ Jeon မိသားစုက သူနဲ႔ Jungkook ကို သေဘာမတူပါဘူးဆိုရင္ေရာ။ သူတို႔ႏွစ္ေယာက္ကို ခြဲဖို႔ႀကိဳးစားၾကမွာလား။ Jeon မိသားစုဟာ ေယာက်ာ္းေလးႏွစ္ေယာက္ အခ်င္းခ်င္း သေဘာက်ျခင္းကို လက္မခံႏိုင္ဘူးဆိုရင္ေရာ။ စသျဖင့္ အႏႈတ္လကၡဏာပါတဲ့ အေတြးေတြက Jimin ကို ႀကီးစိုးလာေနသည္။
'ကြၽန္ေတာ္ ေယာက်ၤားေလးေတြကို သေဘာက်တတ္တဲ့အေၾကာင္း သိၾကတယ္'
အိမ္တံခါးဆီေလွ်ာက္လွမ္းေနတဲ့ Jimin ရဲ႕ ေျခလွမ္းေတြ တုန္႔ခနဲ။ အံ့ဩစြာနဲ႔ Jungkook ကို ေမာ့ၾကည့္လိုက္မိသည္။
Jungkook မ်က္ႏွာက ျပဳံးစစနဲ႔ ၾကည္ၾကည္လင္လင္။ Jimin စိုးရိမ္ေနရေသာအေတြးေတြကို သူကေတာ့ျဖင့္ လုံး၀ဂ႐ုစိုက္စရာမလိုသလိုမ်ိဳးနဲ႔။
'Hyung ထြက္သြားေတာ့ ကြၽန္ေတာ့္ျဖစ္တည္မႈကို မိသားစုေတြဆီ ၀န္ခံျဖစ္ခဲ့တယ္။ အေဖနဲ႔ အစ္ကိုက ဘာမွမေျပာေပမဲ့ အေမက အရမ္းစိတ္ဆိုးၿပီး တစ္လေလာက္ စကားမေျပာဘူး။
Jimin မ်က္လုံးေတြဝိုင္းလ်က္ မွင္သက္ေနဆဲ။ Jimin ရဲ႕ မ်က္လုံးေတြကို စိုက္ၾကည့္ရင္း Jungkook ျပဳံးမိသည္။
'အေမက ေခြၽးမအရမ္းလိုခ်င္တာ။ အိမ္ေထာင္မႈႏိုင္နင္းၿပီး အားလပ္ခ်ိန္မွာ သူ(မ)နဲ႔ အတူ အခ်ိန္ျဖဳန္းေပမဲ့ ေခြၽးမေကာင္းေလးတစ္ေယာက္ေပါ့။ ညီအစ္ကိုႏွစ္ေယာက္ဆိုေတာ့ ေခြၽးမႏွစ္ေယာက္ဆိုၿပီး အရမ္းေမွ်ာ္လင့္ေနခဲ့တာ။
ဒါေပမဲ့ အေမက မေသခ်ာတဲ့ အနာဂတ္က ေခြၽးမေတြထက္ ကြၽန္ေတာ့္ကို ပိုခ်စ္တယ္ေလ'
ေနာက္ဆုံးစကားကို ေျပာၿပီး ျပဳံးလိုက္တဲ့ Jungkook ရဲ႕ ပုံစံက ႏွစ္လိုဖြယ္အျပည့္။ ခ်စ္စရာေကာင္းလြန္းလို႔ ေပၚလာတဲ့ ပါးခ်ိဳင့္ေရးေရးေလးကို Jimin စိတ္လြတ္ကိုယ္လြတ္ နမ္း႐ိႈက္မိေတာ့မတတ္ပါပဲ။
အခု သူတို႔ ျခံတံခါးနဲ႔အိမ္တံခါးကို ဆက္သြယ္ထားတဲ့ လမ္းသြယ္ေလးရဲ႕ အလယ္မွာ ရပ္ေနၾကတာျဖစ္သည္။
သူ႕ကို ေငးၾကည့္ေနတဲ့ Jimin ေၾကာင့္ လက္ဖဝါးထဲက ေအးစက္စက္လက္ကေလးကို Jungkook ဖ်စ္ညႇစ္လိုက္သည္။
'ဘာမွစိုးရိမ္စရာမ႐ွိဘူး။ ကြၽန္ေတာ့္လက္ကိုသာ တြဲထား'
Jungkook ရဲ႕ စကားကို ၾကားရမွ Jimin အနည္းငယ္ စိတ္ၿငိမ္သြားသလို ခံစားလိုက္ရသည္။ ထို႔ေနာက္ အိမ္ႀကီးဆီ လွမ္းၾကည့္ရင္း Jimin ေခါင္းညိတ္မိလိုက္ပါသည္။ ဒါေပမဲ့လည္း ကုမၸဏီရဲ႕ ဉကၠဌႀကီး တစ္ျဖစ္လဲ Jungkook ရဲ႕ အေဖျဖစ္သူ ေယာကၡမႀကီးကို မ်က္ႏွာခ်င္းဆိုင္ေတြ႕ဖို႔ရာ ႐ွိန္ေနဆဲပဲ။
ဒါေပမဲ့ သူတစ္ပါး မိသားစုရဲ႕ အဖိုးတန္သားငယ္ေလးကို လိုခ်င္ေနမိမွေတာ့ ဒီေလာက္ကေတာ့ သတၱိ႐ွိမွေပါ့ေလ။ impression မက်သြားေစရေအာင္ နေမာ္နမဲ့ေတြ မလုပ္မိေစဖို႔ ဆုေတာင္းရင္း Jungkook ရဲ႕ လက္ကို မလြတ္တမ္း ဆြဲကိုင္ကာ Jeonမိသားစုရဲ႕ အိမ္ႀကီးအတြင္း လွမ္း၀င္မိေတာ့သည္။
----
ဒုန္း!
အ႐ွိန္တစ္ခုနဲ႔ ပိတ္က်သြားတဲ့ တံခါးခ်ပ္ေနာက္မွာ Jimin ရဲ႕ ေက်ာျပင္ဟာ နံရံတစ္ခုနဲ႔ ဖိကပ္ျခင္းခံလိုက္ရ၏။ ခါးတစ္ဝိုက္ သန္မာတဲ့ လက္တစ္ခုနဲ႔ တြယ္ဖက္ျခင္းခံထားရသလို ပါးျပင္တစ္ဖက္ဟာလည္း လက္ဖဝါးေႏြးေႏြးနဲ႔ အုပ္ကိုင္ျခင္းကို ခံထားရသည္။ ႏႈတ္ခမ္းလႊာေတြပါမက်န္ သိမ္းပိုက္ျခင္းခံေနရသည္က Jimin ေနထိုင္ရာ ကြန္ဒိုကို ျပန္ေရာက္ေနျခင္းျဖစ္၍သာ။
Jeon အိမ္မွာ အခ်ိန္သုံးနာရီမွ် ကုန္ဆုံးၿပီးေနာက္ ျပန္လာျဖစ္ၾကသည္။ ကြန္ဒိုခန္းထဲျပန္ေရာက္ေရာက္ခ်င္း ဖိနပ္ပင္မခြၽတ္အားေသး။ Jungkook က သူ႕တစ္ကိုယ္လုံးကို သိမ္းက်ံဳးဖက္ၿပီး နံရံဆီတြန္းပို႔ကာ နက္႐ိႈင္းေသာအနမ္းေတြကို ဖန္တီးလာသည္။
အေမွာင္က်ေနေသာ တိုက္ခန္းအတြင္း ႏႈတ္ခမ္းခ်င္းပြတ္တိုက္ရာက ထြက္ေပၚလာတဲ့ အသံေလးေတြက ပလုံစီလို႔။
အိမ္တံခါးေပါက္၀မွာတင္ နမ္း႐ိႈက္ေနမိၾကတာ အခ်ိန္အေတာ္ၾကာသည္အထိ။
အသက္မ႐ွဴလို႔မရေတာ့တဲ့ အခ်ိန္က်မွသာ Jungkook က အနမ္းေတြကို ရပ္ေပးၿပီး ႏႈတ္ခမ္းေတြကို ဆုတ္ခြာသြားသည္။
ေမာဟိုက္ေနတဲ့ ရင္ဘတ္အစုံနဲ႔ နီးကပ္ေနတဲ့ မ်က္ႏွာႏွစ္ခုၾကားက အသက္႐ွဴႏႈန္းေတြဟာ ယွက္တြယ္ဖလွယ္ေနၾကလ်က္။
Jimin က Jungkook ရဲ႕ ပုခုံးစြန္းမွာ နဖူးေလး မွီတင္လိုက္သည္။
တျဖည္းျဖည္း တည္ၿငိမ္လာေသာ အသက္႐ွဴႏႈန္းေတြၾကား Jimin ရဲ႕ မ်က္ႏွာမွာ ျပဳံးရိပ္ထင္လာသည္။
ဒီေလာက္ဆို Jeon မိသားစုနဲ႔ ညစာစားပြဲမွာ အေျခအေနဘယ္လို႐ွိခဲ့သလဲဆိုတာ ရိပ္မိႏိုင္ေလာက္ၿပီထင္၏။
စိတ္ထဲမွာ ျဖစ္တည္ေနေသာ ၾကည္ႏူးမႈနဲ႔အတူ Jungkook ကို Jimin ေမာ့ၾကည့္မိျပန္ေတာ့ ျပန္လည္စိုက္ၾကည့္လာတဲ့ မ်က္လုံးဝိုင္းေတြက မီးေရာင္ေအာက္မွာ ရီေဝလို႔။ ႏႈတ္ခမ္းေတြ ထပ္မံထိစပ္ၿပီး ဒုတိယေျမာက္အနမ္းကို မဖန္တီးရေသးခင္မွာပဲ ဖုန္းသံတစ္ခု က်ယ္ေလာင္စြာ ထြက္ေပၚလာသည္။ ကိုယ့္အာ႐ုံနဲ႔ကိုယ္မို႔ ႏွစ္ေယာက္သား ပုခုံးေတြပင္ တုန္တက္သြားရ၏။
Jimin ရဲ႕ ဖုန္းကို မိခင္က ေခၚဆိုေနျခင္းျဖစ္သည္။
Jimin ဖုန္းကို ျပန္ေျဖရင္း Jungkook ရဲ႕ လက္ထဲက အသာ႐ုန္းထြက္ကာ ဧည့္ခန္းထဲကို ေလွ်ာက္လာခဲ့သည္။
တစ္ေန႔လုံး ပြက္ေလာ႐ိုက္ေနခဲ့တဲ့ သတင္းေတြကို တျခားၿမိဳ႕နယ္က Jimin ရဲ႕ မိဘေတြလည္း ၾကားၿပီးေလာက္ေရာေပါ့။ အလုပ္ခ်ိန္ျဖစ္ေနလို႔သာ မဆက္သြယ္လာေပမဲ့ သူတို႔လည္း စိုးရိမ္ေနၾကမွာပဲ။
ဖုန္းကတစ္ဆင့္ေျပာေနရတာျဖစ္ေသာ္လည္း Jimin က ဆိုဖာခုံေပၚမွာ ခါးေလးမတ္ကာ ထိုင္ေနမိသည္။
'ဟုတ္ကဲ့ ေမ'
'...'
'ေတာင္းပန္ပါတယ္'
'...'
ဖုန္းေျပာေနသူရဲ႕ ေဘးမွာ ထိုင္ေနေပမဲ့ တစ္ဖက္က စကားသံေတြကိုေတာ့ Jungkook ေသခ်ာမၾကားရ။ ေတာင္းပန္စကားသံခပ္သိမ္သိမ္ေၾကာင့္ ေပါင္ေပၚတင္ထားတဲ့ လက္ဖ်ားထိပ္ကေလးေတြကို ဆုပ္ကိုင္ အားေပးမိသည္။
'ကြၽန္ေတာ္တို႔ ႏွစ္ကုန္ အားလပ္ရက္က်ရင္ လာခဲ့ပါမယ္'
'...'
'ဟုတ္ကဲ့ ေခၚခဲ့မယ္'
ထိုစကားနဲ႔အတူ ကိုယ့္ဘက္ကို လွည့္ၾကည့္လာတဲ့ Jimin ကို Jungkook မ်က္ခုံးပင့္ျပလိုက္သည္။
ဖုန္းေျပာျခင္းၿပီးဆုံးသြားေတာ့ Jimin က သက္ျပင္း႐ွည္တစ္ခုခ်သည္။
'ဘာတဲ့လဲ'
'မင္းကို အိမ္ေခၚလာခဲ့ပါတဲ့'
'အင္း သြားၾကမယ္ေလ။ ေယာကၡမႀကီးကို ဂါရ၀ျပဳရမွာေပါ့'
'Jungkook'
'အင္း'
Jimin မ်က္ႏွာကို ေ႐ွ႕တိုးကာ Jungkook ရဲ႕ ႏႈတ္ခမ္းေတြကို နမ္းလိုက္သည္။ ထိကပ္႐ုံသာ နမ္းၿပီး ေနာက္ကိုျပန္ခြာသည္။
'ေက်းဇူးတင္ပါတယ္'
'အင္း ေက်းဇူးတင္ရင္ ထပ္နမ္းဦး'
ေၾကာင္အမ္းသြားတဲ့ Jimin ရဲ႕ မ်က္ႏွာေလးမွာ အျပဳံးေတြ မပီျပင္လိုက္ေတာ့။
ျပန္လည္ပြင့္ဖူးလာတဲ့ အနမ္းပန္းေတြဟာ ဧည့္ခန္းထဲမွာ ေဝဆာကုန္ၾကေတာ့၏။ ဘာေၾကာင့္ေက်းဇူးတင္ရသလဲဆိုတာကို ေျဖ႐ွင္းခြင့္မ႐ွိလိုက္ေပမဲ့ ေနာက္တစ္ႀကိမ္မက ထပ္ေျပာလို႔ရႏိုင္တဲ့ ႐ွင္းျပလို႔ရႏိုင္တဲ့ အခ်ိန္ေတြ အမ်ားႀကီး႐ွိေသးသည့္အတြက္ အနမ္းေတြထဲမွာသာ စီးေျမာလိုက္ပါေနလိုက္ေတာ့သည္။
----
'ဘယ္လို'
Jimin ေမးလိုက္ျခင္းဟာ မၾကားလိုက္၍လည္း မဟုတ္သလို နားမလည္၍လည္းမဟုတ္။ အံ့ဩမႈေၾကာင့္ အာေမဋိတ္ျပဳမိလိုက္ျခင္း ျဖစ္သည္။
Jimin ကို ညပိုင္း သတင္းအစီအစဥ္မွာ လူအစားထိုး ေနရာ ျပန္မေပးဘူးတဲ့ေလ။ အဲ့အတြက္ STAR A ကျပဳလုပ္တဲ့ ႏွစ္လၾကာေလ့က်င့္ေရးသင္တန္းမွာ နည္းျပအျဖစ္ တာ၀န္ယူေပးပါတဲ့။ ေန႔ခင္း သတင္းအစီအစဥ္အတြက္က သူခြင့္ယူခ်ိန္မွာ တာ၀န္ယူေပးခဲ့တဲ့ ဂ်ဴနီယာေလးတစ္ေယာက္ကို ဆက္လက္တာ၀န္ယူခိုင္းလိုက္ပါ့မယ္တဲ့။
သူတို႔ စိတ္ႀကိဳက္စီမံခန္႔ခြဲသြားၿပီးမွ အဆင္ေျပရဲ႕လား ေမးေနတဲ့ သူေတြကို Jimin က အဆင္မေျပေၾကာင္း ျပန္ေျဖလို႔ ရပါေတာ့မလား။ သူတို႔လိုခ်င္ေနတဲ့ အေျဖက၊ မဟုတ္ေသးဘူး Jimin ေျဖကိုေျဖရမွာက ေခါင္းညိတ္လက္ခံမႈ တစ္ခုတည္းသာ ျဖစ္ေနခဲ့သည္မလား။
Producer ႀကီးကို Jimin မယုံၾကည္ႏိုင္ျခင္းမ်ားစြာျဖင့္ ၾကည့္မိေတာ့ PD nim က ေနရခက္ေနဟန္ Jimin နဲ႔ မ်က္လုံးခ်င္းမဆုံေအာင္ ေ႐ွာင္လႊဲေနသည္။ Producer ႀကီးမွ မဟုတ္ အစည္းအေဝးခန္းထဲမွာ ႐ွိတဲ့ တာ၀န္ခံေတြကအစ ႐ွိတဲ့ လူငါးေယာက္မွာ ေလးေယာက္က Jimin ကို မၾကည့္ၾကတာျဖစ္သည္။ တစ္ေယာက္ေသာ သူကလြဲလို႔ေပါ့။
Choi Li Han ဆိုတဲ့ မိန္းကေလးကေတာ့ သူမ်ားေတြနဲ႔မတူဘဲ Jimin ကို စူးစူးစိုက္စိုက္ၾကည့္ေနတာျဖစ္သည္။ ဘာတတ္ႏိုင္ေသးလဲဆိုတဲ့အၾကည့္နဲ႔ ႏႈတ္ခမ္းလွလွထက္က အျပဳံးက ေအာင္ႏိုင္သူသဖြယ္။ ထိုအၾကည့္ေတြေအာက္မွာ ဒီအေျခအေနေတြအားလုံးရဲ႕ တရားခံဟာ သူ(မ) ဆိုတာကို Jimin နားလည္လိုက္ရခ်ိန္ Jimin မ်က္ေတာင္ခတ္သြားသည္။
ဒါဟာ ျပစ္ပယ္ခံရျခင္းပဲ။ ကင္မရာေ႐ွ႕မွာ တာ၀န္ထမ္းေဆာင္ရတဲ့ တိုင္းက ကင္မရာေနာက္ ပို႔ခံရမွာ အေၾကာက္႐ြံ႕ဆုံးပဲ မဟုတ္လား။
Jimin လက္သီးႏွစ္ဖက္ကို တင္းၾကပ္ေနေအာင္ ဆုပ္မိသြား၏။ ခံျပင္းစိတ္တစ္ခုက ရင္ထဲတိုး၀င္လာသည္။
တကယ္ေတာ့ နည္းျပဆိုတဲ့အလုပ္ကလည္း လူတိုင္းလုပ္ႏိုင္တဲ့အရာမဟုတ္။ ကိုယ္တိုင္က အရည္အခ်င္းျပည့္၀ေနမွ၊ သူမ်ားထက္ပိုေတာ္ၿပီး အေတြ႕အၾကဳံေတြျပည့္၀ေနမွ နည္းလမ္းျပေပးလို႔ရတာမလား။ မိမိရဲ႕အရည္အခ်င္းနဲ႔ ပတ္သက္ၿပီး မိမိကိုယ္ကို ယုံၾကည္မႈ႐ွိၿပီးသားပင္။
သို႔ေသာ္ မတရားမႈကို အျပည့္အ၀ခံစားေနရသည္။ တကယ္ဆို မိမိဘက္က က်ဴးလြန္ထားတဲ့ အျပစ္တစ္ခုမွ မ႐ွိ။ ပိတ္ရက္မ႐ွိ အလုပ္လုပ္လာတုန္းကေတာ့ ဘယ္သူမွ အေရးတယူမ႐ွိ။ ခြင့္တစ္ပတ္ယူမိလိုက္မွ ရာထူးခ်ခ်င္ေနၾကတဲ့ သူေတြက သိပ္ကို ရယ္စရာေကာင္းမေနဘူးလား။
လက္မခံလို႔မရေတာ့ဘူးလို႔ တြက္ထားၿပီးတဲ့ သူ တစ္ေယာက္ခ်င္းစီရဲ႕ မ်က္ႏွာကို ေသခ်ာလိုက္ၾကည့္ၿပီး Jimin ႏႈတ္ခမ္းေထာင့္စြန္းေလးတစ္ဖက္ေကာ့တက္သြားသည္။
'ကြၽန္ေတာ္ လက္မခံႏိုင္ပါဘူး'
ၾကည္လင္ျပတ္သားေသာ Jimin ရဲ႕ အသံက အစည္းအေဝးခန္းမတစ္ခုလုံးကို ျပန္႔ႏွံ႔သြားသည္။ အကုန္လုံးက မ်က္လုံးျပဴး မ်က္ဆံျပဴးနဲ႔ လွည့္ၾကည့္လာၾကသည္။ ဘာလုပ္လုပ္ေခါင္းညိတ္မယ္လို႔ ထင္မွတ္ထားရေအာင္ Park Jimin ဆိုတဲ့သူကို ဘာမ်ားထင္ေနၾကတာလဲ။
Choi Li Han ဆိုတဲ့ စီနီယာအမ်ိဳးသမီးပင္ အျပဳံးေတြမ႐ွိေတာ့။
'နည္းျပအလုပ္က ကြၽန္ေတာ္နဲ႔ မကိုက္ဘူးလို႔ထင္တယ္။ တကယ္ဆို ကြၽန္ေတာ္ထက္ အေတြ႕အၾကဳံမ်ားၿပီး အရည္အခ်င္း႐ွိတဲ့ သူေတြကမွ နည္းျပျဖစ္သင့္တယ္မလား။ ဉပမာ စီနီယာ Choi Li Han တို႔လိုေပါ့'
တမင္ကို ရည္ၫႊန္းေျပာဆိုလိုက္သည့္ေနာက္ စီနီယာအမ်ိဳးသမီး၏ မ်က္ခုံးတန္းေတြ တြန္႔က်ိဳးသြားသည္ကို အရသာခံၾကည့္ေနလိုက္သည္။
'Live အတြက္က ကြၽန္ေတာ္ Broadcasting Teamနဲ႔ ျပန္လည္ညႇိႏိႈင္းၾကည့္ပါဦးမယ္။ မနက္ခင္းအစီအစဥ္ပိုင္းမွာေရာ လူအေျပာင္းအလဲ႐ွိမယ္လို႔ေျပာတယ္။ Schedule ေတြ ဒီလကုန္ စေျပာင္းမယ္ ထင္ပါရဲ႕။ ကြၽန္ေတာ့္အတြက္ အခုလို တကူးတက စဥ္းစားၿပီး စီစဥ္ေပးထားတာ PD nim တို႔ကို ေက်းဇူးတင္ပါတယ္။ ကြၽန္ေတာ္ BC Team နဲ႔ အစည္းအေဝးသြားစရာ႐ွိလို႔ ခြင့္ျပဳပါဦး'
ေျပာစရာ႐ွိေျပာၿပီးသည္ႏွင့္ Jimin ထိုအခန္းထဲက အရင္ဆုံး ထြက္လာခဲ့သည္။ မိမိက အငယ္ဆုံးျဖစ္ေနေသာ္လည္း စီနီယာေတြက စီနီယာလို မျပဳမူေတာ့ ကိုယ့္ဘက္ကလည္း ေလးစားမႈထားေနစရာမလိုဘူးထင္၏။
အပ်က္ပ်က္အယြင္းယြင္းျဖစ္က်န္ခဲ့ေသာ စီနီယာအမ်ိဳးသမီး၏ မ်က္ႏွာကို ျပန္ျမင္ေယာင္မိေတာ့ Jimin ႏႈတ္ခမ္းထက္ အျပဳံးတစ္ခု ခ်ိတ္ဆြဲသြားသည္။
လူေပါင္းဆယ္ခ်ီ႐ွိတဲ့ Broadcasting Team နဲ႔ News & Information Team မွာ ကိုယ့္ဘက္ပါေအာင္ ဆြဲေဆာင္ႏိုင္တာ ေလးေယာက္တည္း႐ွိတာတဲ့လား။ သနားဖို႔ေကာင္းေနတာ မဟုတ္ဘူးလား။
လူအစားထိုး အခ်ိန္စာရင္းမေပးတဲ့ ေန႔ကတည္းက တာ၀န္႐ွိသူေတြကို Jimin ကိုယ္တိုင္သြားေမးၿပီးသား။ ထင္ထားသလို တာ၀န္ပ်က္ကြက္မႈေၾကာင့္လည္း မဟုတ္သလို Dating သတင္းထြက္ထားလို႔လည္း မဟုတ္။ တစ္ေန႔တာအတြက္ တာ၀န္က်သူစာရင္းက လူအေျပာင္းအလဲ႐ွိလို႔ တရား၀င္အခ်ိန္ဇယား မထုတ္ေပးေသးျခင္းသာ။
ဒီအေၾကာင္းအရာကို Jimin မသိေသးဘူးအထင္နဲ႔ Choi Li Han က စိတ္ႀကိဳက္ ျခယ္လွယ္ခ်င္ေနပုံရသည္။
တကယ္လို႔ Jimin သာ သူ(မ) ရဲ႕ အစီအစဥ္အတိုင္း ေခါင္းၿငိမ့္လိုက္ပါက သူ(မ) က တစ္ဖက္ကို Jimin ရဲ႕ ေတာင္းဆိုခ်က္ပါဆိုၿပီး ၾကားလူလုပ္လိမ့္မည္။ သူ(မ) အျပစ္လြတ္ေအာင္ ေထာက္ခံေပးမယ့္သူက PD nim နဲ႔ တာ၀န္ခံ သုံးေယာက္ေပါ့ေလ။
ခုေတာ့ သူ(မ) စီစဥ္ထားသမွ် အကုန္ သဲထဲေရသြန္ျဖစ္သြားခဲ့ၿပီမို႔ စိတ္ထဲ တႏုံ႔ႏုံ႔ ခံစားေနရသည္။ သူ(မ)ရဲ႕ စိတ္အေျခအေနကို ခံစားမိတဲ့ သူေတြက ေ႐ွာင္ထြက္သြားၾကၿပီမို႔ အစည္းအေဝးခန္းထဲ တစ္ေယာက္တည္းက်န္ေနခဲ့၏။
လက္သီးကို က်စ္ေနေအာင္ဆုပ္ထားကာ မ်က္ႏွာတစ္ခုလုံးကလည္း မသာမယာျဖစ္ေနသည္။
ထိုအခ်ိန္ စားပြဲေပၚက ဖုန္းက တုန္ခါလာသည္။ စိတ္မၾကည္ေနသည္မို႔ ေခၚဆိုသူကို ၾကည့္မေနဘဲ ေကာက္ကိုင္လိုက္သည္။
'ဟဲလို'
'ဟဲလို Li Han'
'ဘယ္သူလဲ'
'....'
တစ္ဖက္လူရဲ႕ အေျဖေၾကာင့္ Li Han မတ္တပ္ထရပ္မိသြားသည္။ ၾကားလိုက္ရေသာ အသံတစ္ခုသည္ သူ(မ) ေခါင္းထဲ၌ မိုင္းဗုံးတစ္လုံးလို က်ယ္ေလာင္စြာ ေပါက္ကြဲျမည္ဟီးသြားသည္။ စိတ္လႈပ္႐ွားစြာ မတ္တပ္ထရပ္လိုက္မိေပမဲ့ ခ်က္ခ်င္းပင္ ဒူးေတြ ေခြၫြတ္က်ခ်င္လာသည္။
ေနာက္ဆုံးအေနနဲ႔ ေတြ႕ခ်င္ပါတယ္ဆိုတဲ့ တစ္ဖက္လူရဲ႕ ေတာင္းဆိုသံတိုး႐ွ႐ွ။ လ်စ္လ်ဴ႐ႈဖို႔ရာ အင္မတန္ခက္ခဲလွပါ၏။
ဟင့္အင္း။ မဟုတ္ဘူး။ ဂ႐ုစိုက္စရာမလိုဘူး။
သူ(မ) ေခါင္းကို ခပ္ၾကမ္းၾကမ္းခါယမ္းပစ္ကာ အသက္႐ွဴႏႈန္းေတြကို ၿငိမ္ေအာင္ႀကိဳးစားေနမိ၏။
ဟုတ္ပါသည္။ ထိုသူက သူ(မ) နဲ႔ ဘာမွမဆိုင္ေတာ့ပါ။ သြားေတြ႕စရာလည္း မလို။
ထို႔ေနာက္ Li Han သည္ ကိုယ္ေနဟန္ထားကို ျပင္ကာ အစည္းအေဝးခန္းထဲက ထြက္လာခဲ့ေတာ့သည္။
-----
ႏွစ္ေယာက္အတူ ေအးခ်မ္းစြာ ေန႔လည္စာ စားရျခင္းရဲ႕ အရသာကို ႏွစ္သက္သေဘာက်ေနသူက ေန႔လည္စာစားခ်ိန္တိုင္း Jimin ကို သူ႕ ႐ုံးခန္းက်ယ္ႀကီးထဲကိုသာ ေခၚလာတတ္သည္။
Jungkook ရဲ႕ ႐ုံးခန္း မွန္နံရံႀကီးဆီက ျမင္ရတဲ့ ျမင္ကြင္းကို Jimin သေဘာက်ေန၏။ ေန႔လည္စာ စားၿပီးရင္ မွန္နံရံႀကီးနားမွာ ရပ္ၿပီး ေငးေနက်ျဖစ္သည္။ အခုလည္း Jimin ၿမိဳ႕ျပျမင္ကြင္းကို ေငးေနမိစဥ္ Jungkook က ေနာက္ကေန ခါးကို သိုင္းဖက္လာသည္။ ေတာင့္တင္းေနတဲ့ ရင္အုပ္က်ယ္ႀကီးထဲ Jimin သက္ေသာင့္သက္သာပင္ မွီတြယ္ထားလိုက္သည္။
'အာ ေျပာဖို႔ ေမ့ေနတာ'
Jimin က ေျပာေလဆိုတဲ့ သေဘာနဲ႔ တစ္ခ်က္ေမာ့ၾကည့္လာေပးသည္။
'သတင္းအစီအစဥ္ပိုင္းက On-cam မဇာ လူသစ္ေတြကိုပါ ေနရာေပးဖို႔ တိုင္ပင္ျဖစ္ၾကတာ။ လူအေျပာင္းအလဲလုပ္မွာဆိုေတာ့ schedule အသစ္ျပန္ဆြဲၾကဖို႔ အစည္းအေဝးမွာ confirm လိုက္တယ္။ အဲ့တာ schedule အသစ္ မထြက္မခ်င္း Hyung ကို တာ၀န္ခ်ိန္မေပးနဲ႔ဦးလို႔ ေျပာထားတယ္'
Jimin အံ့ဩစြာနဲ႔ Jungkook ကို ေမာ့ၾကည့္မိလိုက္သည္။ Jungkook ကိုယ္တိုင္ေျပာထားတယ္ဆိုတာ ခုမွသိရျခင္းမို႔။
'ဒဏ္ရာနဲ႔ ကြၽန္ေတာ္ စိတ္မခ်လို႔။ ၾကားထဲ ဟိုဟာဒီဟာလုပ္ရင္း ရသေလာက္ေလး အနားယူထား။ schedule အသစ္စရင္ Hyung ဒဏ္ရာလည္း စိတ္မပူရေလာက္ေတာ့ဘူး'
Jimin ဒီလူကို ဘယ္လိုလုပ္ မခ်စ္ဘဲ ေနႏိုင္ရမွာလဲ။ အၿမဲကိုယ့္အတြက္ စဥ္းစားေပးၿပီး ဦးစားေပးေနတာကို မႀကိဳက္တဲ့သူ ႐ွိပါ့မလား။ ထိုကဲ့သို႔ အလိုလိုက္ေနသူက ကိုယ္ခ်စ္ရတဲ့သူလည္း ျဖစ္ေနေတာ့ စိတ္ခ်မ္းသာ ၾကည္ႏူးစရာေတြခ်ည္းပဲေလ။
သူ႕ရင္ခြင္ထဲ မွီတြယ္ထားတာမို႔ ေခ်ာေမာခန္႔ညားတဲ့ မ်က္ႏွာကို ေဘးတေစာင္းျမင္ေနရသည္။ အသက္ ၂၆ ႏွစ္အ႐ြယ္ျဖစ္ေသာ္လည္း အေမႊးအမွ်င္နည္းပါးေသာ မ်က္ႏွာက ေျပာင္႐ွင္းေန၏။
ႏွစ္ေတြအမ်ားႀကီး ခြဲခြာခဲ့ရၿပီးမွ ျပန္လည္ေတြ႕ဆုံခဲ့ရတဲ့ အခ်စ္ဦးဟာ သူ႕ဘ၀ရဲ႕ ကံေကာင္းျခင္းတစ္ခုပါပဲ။
'Jungkook'
'အင္း ကြၽန္ေတာ္ ႐ွိတယ္'
'ခ်စ္တယ္'
ဖ်တ္ခနဲ လွည့္ၾကည့္လာတဲ့ Jungkook က မထင္မွတ္ထားဟန္နဲ႔။ မ်က္လုံးဝိုင္းေလးေတြက ၾကည္ေတာက္လို႔။ ဟက္ခနဲရယ္ၿပီးမွ Jimin ရဲ႕ နားထင္နားကို သူ႕နဖူးေစာင္းနဲ႔ အသာတြန္းတိုက္လာခဲ့သည္။
'ကြၽန္ေတာ္လည္း Hyung ကို ခ်စ္တယ္'
'အင္း အဲ့တာဆို ေရခဲမုန္႔၀ယ္ေကြၽး'
'ဟားဟား ဘာဆိုင္လဲ'
Jungkook က ခဏေတာ့ ရယ္ေမာေနၿပီးမွ အသံတိတ္သြားကာ Jimin ကို ရင္ခြင္ထဲကထုတ္ၿပီး ပုခုံးေတြကေန ဆြဲလွည့္ကာ မ်က္ႏွာခ်င္းဆိုင္ေစသည္။
'Hyung ဘာေျပာလိုက္တာ'
'ခ်စ္ရင္ ေရခဲမုန္႔၀ယ္ေကြၽးလို႔ေလ'
'စားခ်င္လို႔လား'
'အင္း ေရခဲမုန္႔ ခ်ိဳခ်ိဳေမႊးေမႊးေအးေအးေလး စားခ်င္ေနတာ'
'တကယ္လား'
'တကယ္ေပါ့။ ကိုယ္ ေရခဲမုန္႔ မစားျဖစ္တာေတာင္ ႏွစ္ခ်ီေနၿပီ။ ခုမွ ပထမဆုံး-'
ေျပာရင္းနဲ႔မွ Jimin လည္း သတိထားမိသြားပုံေပၚ၏။ Jungkook ကို ေမာ့ၾကည့္လာသည္။
ပထမဆုံးပဲ။ ႏွစ္ခ်ီေနခဲ့ၿပီးမွ အစားအစာတစ္ခုကို လိုလားေတာင့္တမိတာ ဒါပထမဆုံးပဲ။ ၿပီးေတာ့ ထိုအရာကလည္း ေရခဲမုန္႔တဲ့။ အစားအစာတစ္ခုကို ေတာင့္တေနမိတဲ့ Jimin ရဲ႕ စိတ္ထဲမွာ လြန္ဆြဲမႈေတြ၊ ေတြေဝမႈေတြ႐ွိမေနခဲ့။ ခ်ိဳအီၿပီး ေမႊးေနမယ့္ ေရခဲမုန္႔ေအးေအးေလးရဲ႕ အရသာကို အမွန္တကယ္ပင္ ေတာင့္တေနခဲ့ပါသည္။
'ကြၽန္ေတာ္ ၀ယ္ေပးမယ္။ Hyung စားခ်င္တာ မွန္သမွ် အကုန္ ဝယ္ေပးမယ္။ ဘာအရသာစားခ်င္လဲ'
'အင္း.....စေတာ္ဘယ္ရီ'
'ဟုတ္ၿပီ။ ကြၽန္ေတာ္ ခုပဲ ဖုန္းဆက္မွာလိုက္မယ္'
ဖုန္းခ်ထားရာေနရာကို ေျပးသြားတာမ်ား လစ္ခနဲ။ ေရခဲမုန္႔စားခ်င္သူက Jimin ဆိုေပမဲ့ ၀ယ္ေကြၽးမယ့္သူျဖစ္တဲ့ Jungkook က ပိုလို႔ အရမ္းတက္ႂကြေနခဲ့ပါသည္။
ေျပာသားပဲ။ Jungkook က သူ႕ရဲ႕ ကံေကာင္းျခင္းေလးပါလို႔။
*******
N: ဒီေန႔ အဂၤါေန႔ဆိုတာကို ေမ့ေနတာ><
ေနာက္ႏွစ္ပိုင္းေလာက္ဆို ၿပီးပါေတာ့မယ္။