Z&U
ဇာမဏီသိုက်ဆိုတဲ့ နာမည်ကောင်းကို ချက်ကြီးဖြစ်အောင် ဖျတ်ဆီးနိုင်တဲ့ အမေဟာသိပ်တော် သလို ဇာမဏီသိုက်လို ယောက်ျားကောင်းကို မီးဖိုချောင်ထဲ အတင်းထိုးသွင်းနဲ့နေရာမှာလည်း အမေဟာသိပ်တော်သည်။
"မချက်ဘူး အမေချက်! ဘယ့်နှယ့်ဗျာ ယောက်ျားလေးကို ဟင်းချက်ခိုင်းရတယ်လို့ တစ်နေ့တစ်လေ မီးဖိုချောင်ထဲမဝင်ပါရစေနဲ့လား"
"မပြောဘူး အမေ့ကို လုပ်ခြင်တာသာလုပ် တကယ်ပဲ"
ဟင်းချက်ရတာကလည်း တစ်လုပ် အဲ့ဟာလေးရှာရတာလည်းတစ်လုပ်နဲ့ ဇာမဏီ့မှာ ဟင်းလည်းမချက်ခြင် စားလည်းမစားခြင်တော့ပေ။
"ဟုတ်အမေ ဟုတ်"
"မေ့ငှါက်သိုက်! "
"အမလေး! ကလုတ်တုတ်! တတ်ကလုတ်!"
နှုတ်ခမ်းကိုဆူပြီး ငှက်သိုက်က ခြေကိုစောင့်သည်။ ဦးသိန်းဈာန်ကိုပြောတာမှ မဟုတ်တာ ဟိုငပျင်းသိန်းဈာန်ကို ပြောတာလေ။
"ဘာ! ငါ့နာမည်က ဘာချက်မှမကြီးဘူး ဇာမဏီသိုက်ဟ ဇာမဏီသိုက် တစ်သိုက်ပဲရှိတဲ့ ဇာမဏီသိုက် လျှာမရှည်နဲ့ငှက်သိုက် ငါသိန်းဈာန်ဆိုသိန်းဈာန်လိုက် အဲ့အကောင်နာမည်မှာ သိန်းဈာန်ပါနေတာကိုက မှားတာ"
"ဟွန့်!"
"ကိုကြီးချက် ၅၀ ထဲလား "
"မဆလာတစ်ထုပ် ၅၀ ကိုနင်ကဘယ်လောက်လိုခြင်နေလို့လဲ သွားမြန်မြန် လျှာမရှည်နဲ့ သွားဆိုသွား လမ်းမှာလည်း ဟိုဝင်ဒီထွက် လုပ်မနေနဲ့ "
လေးစားလျက်
မယ်ရွှေဇွန်
Z&U
"ချက်ကြီး ငါထမင်းချက်ပြီးပြီ နင်ဟင်းချက်တော့!"
ဇာမဏီသိုက္ဆိုတဲ့ နာမည်ကောင်းကို ချက်ကြီးဖြစ်အောင် ဖျတ်ဆီးနိုင်တဲ့ အမေဟာသိပ်တော် သလို ဇာမဏီသိုက္လို ယောက်ျားကောင်းကို မီးဖိုချောင်ထဲ အတင်းထိုးသွင်းနဲ့နေရာမှာလည်း အမေဟာသိပ်တော်သည်။
"မခ်က္ဘူး အမေချက်! ဘယ့်နှယ့်ဗျာ ယောက်ျားလေးကို ဟင်းချက်ခိုင်းရတယ်လို့ တစ်နေ့တစ်လေ မီးဖိုချောင်ထဲမဝင်ပါရစေနဲ့လား"
"အောင်မယ် မချက်ခြင်မစားနဲ့ဟေ့ ငါချက်တဲ့ ထမင်းလည်းမစားနဲ့ ကိုယ့်ပါကို ချက်စားကြ"
အမေကရစ်ပြီ ထမင်းမစားလို့ အိမ်ရှေ့ကမြက်တွေ ကုန်းကိုက်ရမှာလား။ ပြန်ပြောခြင်သော်ငြား ပြောရင်လည်း နောက်ဆက်တွဲတွေ ထြက္လာမွာစိုးကာ မီးဖိုခန်းထဲဝင်လိုက်လေသည်။
နေ့တိုင်း ညတိုင်း ဟင်းတွေကိုဇာမဏီပဲချက်ရတော့ သူငယ်ချင်းတွေကနေ ချက်ကြီး ချက်ကြီးနဲ့ စခေါ်ရင်း အိမ်နာမည်ကချက်ကြီး ဖြစ်တော့တာပဲ။ တစ်ရပ်ကွက်လုံး ဇာမဏီသိုက်ဘယ်မှာလည်းမေးရင် တစ်ယောက်မှ မသိကြဘူး။
"မပြောဘူး အမေ့က်ို လုပ်ခြင်တာသာလုပ် တကယ်ပဲ"
ဒေါသထွက်နေတဲ့ အမေကအိမ်ရှေ့မှာ စက်ထိုင်ချုပ်နေပြီမို့ ဇာမဏီလည်း သက်ပြင်းသာခြနေ လေသည်။ ရုံးဖွင့်ရက်လည်း ထမင်းချိုင့်ထည့်ဖို့နဲ့ အိမ်ဖို့ တစ်ခါတည်းချက်ရသည်။ အမေကထမင်းပဲ ချက်သည်။ ဟင်းမချက် ဟင်းမချက်ဆို ဟင်းရွက်ဟင်းသီး အသားငါး အကုန်ထိတောင်မကြည့်ပေ။
အကုန်ဇာမဏီ့လက် ဇာမဏီခြေ။ ဇာမဏီသာ အိမ်ထောင်ရှင်မကြီးနဲ့ တူနေလေသည်။ ဇာမဏီ့မွာ ဘယ်တုန်းကမှလည်း စာဖိုမှူးဖြစ်ဖို့ ဆုမတောင်းခဲ့ ဖူးပါခြေ။
အမဲသားကိုချက်၊ ပုဇွန်ခြောက်ကို သုပ်ပြီး ဟင်းချိုချက်ဖို့ပြင်ရ စဉ်ရသည်။ အားလုံးပြင်ဆင်ပြီးမှ အမဲသားထဲထည့်ဖို့ မဆလာကမရှိခြေ။ အိမ်ရှေ့မှာတစ်ဂျောင်းဂျောင်း တစ်ဂျုံးဂျုံးနဲ့ စက်ချုပ်နေတဲ့ အမေ့ကိုမခိုင်းရဲ။ ငှက်သိုက်မကိုသာ ရှာရလေသည်။
"မေ့ငှက်သိုက်ရေ! မေ့ငှက်သိုက်! နင်ဘယ်မှာလည်း လာခဲ့ငါ့ကို မဆလာဝယ်ပေးစမ်း"
အပေါ်ထပ်ကောအောက်ထပ်ကော ဗြဲသလန်းဆင်အောင် ရှာပြီးသည်ထိ မေ့ငှက်သိုက်က အိမ်ထဲမှာမရှိခြေ။ ဇာမဏီလောက် အော်တာလည်းဇာမဏီပဲ ဒါတောင်ပြန်ထူးသံမကြားရ ဒီဟာမေလး နားပင်းနေလားမသိ။
ဟင်းချက်ရတာကလည်း တစ်လုပ် အဲ့ဟာလေးရှာရတာလည်းတစ်လုပ်နဲ့ ဇာမဏီ့မွာ ဟင်းလည်းမချက်ခြင် စားလည်းမစားခြင်တော့ပေ။
"ချက်ကြီးရဲ့ နင့်ညီမက အိမ်ရှေ့မှာ ရေလောင်းနေတယ် အိမ်ထဲစွတ်အော်မနေနဲ့"
"ဟုတ်အမေ ဟုတ်"
လက္ထံပိုက္ဆံ ၅၀ ကိုဆုပ်ကိုင်ကာ အိမ်ရှေ့ထွက်လာမိသည်။ ဒီကောင်မလေး ဘယ်လင်မျှော်နေမှန်းမသိ။
"ကိုကိုကျွန်တော့်ကို ချာတိတ်လို့မခေါ်နဲ့
နာမည်ရှိတယ် မကြိုက်ဖူးသိရဲ့လား ဟာ့ ဟာ့ ဟာ့ ဟာ့
ကိုကိုနဲ့ကျွန်တော် အရပ်ခြင်းတိုင်းကြည့် မလား ငယ်ပါသေးတယ် ဒါလေးလား ဟာ့ ဟာ့ ဟာ့ ဟာ့"
"မေ့ငှါက်သိုက်! "
"အမေလး! ကလုတ်တုတ်! တတ်ကလုတ်!"
ဇာမဏီနဲ့ စူးရှလွန်းတဲ့အော်သံကြောင့် မေ့ငှက်သိုက်မှာ ပါးစပ်ထဲတွေ့ကရာတွေယောင်နေလေသည်။ ဒါကိုလည်း ဇာမဏီသဘောမတွေ့လှပေ။ ဗုဒေ္ဓါ ဓမေ္မာ မယောင်ဘူး ပါးစပ်ကမိန်းကလေး ဖြစ်ပြီးစည်းမရှိ ကမ်းမရှိ ထွက်ခြင်တိုင်းထွက်နေတာ။
အခုလည်းကြည့် ရေလောင်းသလို ပေါင်းနှုတ်သလို ပန်းခူးသလိုနဲ့ ဟိုဘက်အိမ်က သိန်းဈာန်ကို မ သံပေးနေတာ။ ဒင်းတော့လား မသိရင်ခက်မယ်။ ရပ်ကွတ်ထဲ ယောက်ျားလေးတွေ ဒင်းကိုကြိုက်ရတယ်မရှိဘူး ဒင်းကပဲလိုက်ကြိုက်နေတာ။ မေ့ငှက်သိုက် အစ်ကိုဖြစ်ရတာ တကယ်မျက်နှာပူလို့ မဆုံးဘူး။
"ဘာကလုတ်တုတ်လဲ နင်သိန်းဈာန်ကို ချောင်းနေတာမဟုတ်လား ဟမ်!"
"အာ ကိုကြီးချက်ကလည်း အသက် ၅၀ လောက်ရှိတဲ့ အဖိုးကြီးကို မေ့ကချောင်းစရာလား တိုးတိုးတိတ်တိတ်ပြောပါ လူများတွေကြားရင်ရှက်စရာကြီး"
နှုတ်ခမ်းကိုဆူပြီး ငွက္သိုက္က ခြေကိုစောင့်သည်။ ဦးသိန်းဈာန်ကိုပြောတာမှ မဟုတ္တာ ဟိုငပျင်းသိန်းဈာန်ကို ပြောတာလေ။
"နင့်မှာအရှက်ရှိတာပဲ ငါကျေးဇူးတင်နေရပြီ နင်ကြည့်နေကြည့်နေနော် ရပ်ကွက်ထဲက ကောင်တွေပဲလိုက်ချောင်း မနေနဲ့"
"အယ် မေ့ကမချောင်းပါဘူးနော် မေ့က ကြိုက်ရတဲ့သူဆိုလို့ ကိုကိုဧကရာဇ်ပဲရှိတယ်"
လာပြန်ပြီဒီသိန်းဈာန် ဟိုနေရာလည်း သိန်းဈာန် ဒီနေရာလည်းသိန်းဈာန် တော်တော်ဖြစ်နေကြတယ်။ အဲ့ဒီ့မဲမဲသဲသဲကို ဘာတွေကြိုက်နေကြလည်း မသိကြဘူး ခက်ပါ့ မိန်းမသားထုကြီးက။
"ဘာ! အဲ့သိန်းဈာန်ကို နင်ကကြိုက်တယ် ဒီလောက်မဲတူးနေတာကိုများ မကြိုက်နဲ့ ငါ့သူငယ်ချင်းတွေက စောက်ပျင်းတွေ သိန်းဈာန်ကပိုစိုးတယ်"
"သိန်းဈာန်မဟုတ်ပါဘူးဆို ဧကရာဇ်လို့ ဧကရာဇ်လို့ ကိုကြီးချက်ရဲ့ ဧကရာဇ်ပါဆိုနေ ဘယ်ကသိန်းဈာန်လဲ"
"နင့်အကောင်နာမည်က ဧကရာဇ်သိန်းဈာန်လေ သိန်းဈာန်မို့ သိန်းဈာန်ခေါ်တာဘာဖြစ်လဲ!"
ဇာမဏီနဲ့ငှက်သိုက်မှာ ဧကရာဇ်နဲ့ သိန်းဈာန်အား သူအော်ကိုအော် အော်နေကြလေသည်။
"သိန်းဈာန်မဟုတ်ဘူး ဧကရာဇ် ဧကရာဇ် ဧကရာဇ် ကိုကြီးချက်ရဲ့ ကိုကြီးချက်က သူများနာမည်လိုက်ဖျတ် နေလို့ ကိုကြီးချက်နာမည်လည်း ချက်ကြီးဖြစ်နေတာ အံ့ပါ့"
"ဘာ! ငါ့နာမည်က ဘာချက်မှမကြီးဘူး ဇာမဏီသိုက်ဟ ဇာမဏီသိုက် တစ်သိုက်ပဲရှိတဲ့ ဇာမဏီသိုက် လျှာမရှည်နဲ့ငှက်သိုက် ငါသိန်းဈာန်ဆိုသိန်းဈာန်လိုက် အဲ့အကောင်နာမည်မှာ သိန်းဈာန်ပါနေတာကိုက မွားတာ"
မေ့က နှုတ်ခမ်းကိုဘဲဆူဆူပြီး ပန်းပင်တွေကို စောင့်အောင့်လောင်းသည်။ ဒင်းကိုမြင်ရတွေ့ရတာ ဇာမဏီ့မျက်လုံးထဲ ဘယ်နေရာမှအပိုးမကျိုး။ မိန်းကလေးဖြစ်ပြီး မချက်တတ်မပြုတ်တတ် ဘာလုပ်တတ်လဲဆို ရေပဲလောင်းတတ်တယ်။ ဘာလုပ်စားမလဲဆိုရင် ဥယျာဉ်ထဲမာလီလုပ်စားရမယ်။
"ဟွန့်!"
"ဟွန့် မနေနဲ့ မဆလာသွားဝယ် ငါဟင်းချက်ရဦးမယ် ရော့ ရော့"
မေ့လက်ထဲ ပိုက္ဆံ ၅၀ ထိုးထည့်ခဲ့ကာ မီးဖိုခန်းထဲ အမြန်ပြေးဝင်ရလေသည်။ တည်ထားတဲ့အိုးတွေ တူးနေမှ အတူးနဲ့နှစ်ပါးသွားကနေရမယ်။ တကယ့်ကို စိတ္ကုန္စရာပဲ။
"ကိုကြီးချက် ၅၀ ထဲလား "
"မဆလာတစ်ထုပ် ၅၀ ကိုနင်ကဘယ်လောက်လိုခြင်နေလို့လဲ သွားမြန်မြန် လျှာမရှည်နဲ့ သြားဆိုသြား လမ်းမှာလည်း ဟိုဝင်ဒီထွက် လုပ်မနေနဲ့ "
မေ့ငှက်သိုက်ကလေ တော်တော်လျှာရှည်တာ ဝယ်ဆိုဝယ်ပေါ့ ဖွတ်မေး ပဒတ်မေးနဲ့ ကိုယ်တိုင်လုပ်နိုင်လားဆိုတော့ မလုပ်နိုင်။ တကယ့်ကို ပြဿဒါးမလေး။ ဒီလိုနဲ့ ဇာမဏီလည်း စိတ်တိုပြီး ငရဲကိုအော်တိုမစ်တစ် လျှောဗရားသားမှာပဲ။
စောက်သိန်းဈာန်လည်း ကြည့်လို့က်ိုမရဘူး။ နေ့တိုင်းဧကရာဇ် ဧကရာဇ်နဲ့ သိန်းဈာန်က သိန်းဈာန်ပေါ့။
လေးစားလျက်
မယ်ရွှေဇွန်