[Unicode]
အခန်း(၁၁၀):ရုပ်ရှင်ရိုက်ကူးရေး ၁၃
ပြတင်းပေါက်အပြင်ဘက်တွင် လေပြင်းများ ဆက်လက်တိုက်ခတ်လာ၏။ဆယ်မိနစ်ခန့်အကြာတွင် လော့လီသည် ဝယ်လာသည့်အစားအသောက်အစုံအလင်ဖြင့် ပြန်ရောက်လာပြီး မိုးရေစက်တွေက သူ့အဝတ်အစားတွေမှ စီးကျလာသည်။
"ဘာလို့ ထီးမဝယ်လာရတာလဲ?" ဒိုင်အန်းက မေးသည်။
"လေထန်လွန်းတယ်၊ထီးတွေနဲ့ အဆင်မပြေဘူး" လော့လီသည် ထမင်းဘူးများကို စားပွဲပေါ်တင်လိုက်သည်။စိုနေသည့် အင်္ကျီကို ချွတ်ကာ ဆံပင်အခြောက်သုတ်ရန် ရေချိုးခန်းထဲသို့ ဝင်သွားသည်။
သူ့ရဲ့ကြေးညိုရောင်အသားရောင်က သူ့ရဲ့ကျန်းမာရေးကောင်းနေတာကို ဖော်ပြနေပြီး တောင့်တောင့်တင်းတင်းရှိနေတဲ့ကြွက်သားတွေနဲ့ လော့လီရဲ့ ပုံသဏ္ဌာန်ဟာ catwalk လျှောက်လမ်းပေါ်က အမျိုးသားမော်ဒယ်တစ်ယောက်နဲ့တူနေသည်။
သို့သော် ဒိုင်အန်းကတော့ဖြင့် သူ့ရဲ့အလှကို ချီးမွမ်းလိုစိတ်မရှိ၊စိတ်ဖိစီးနေဆဲဖြစ်သည်။
"ဘာလို့မစားသေးတာလဲ?" လော့လီသည် သူ့ဆံပင်ကို အခြောက်ခံပြီးနောက် ထွက်လာခဲ့သည်။ဒိုင်အန်းတစ်ယောက် သူ့ကုလားထိုင်ပေါ်တွင် မှိန်းနေသေးသည်ကို မြင်လိုက်ရသဖြင့် သူ့အတွက် ထမင်းဘူးများကို ဖွင့်ပေးလိုက်သည်။သူ့ရဲ့ဗလာကျင်းလျက်ရှိနေတဲ့အပေါ်ပိုင်းကို ဒီလိုပုံစံနဲ့ လှုပ်ရှားနေတာကို မြင်ရတာ ဆွဲဆောင်မှုရှိနေပြီး သူ့မှာ အကျည်းတန်တဲ့ ချုပ်ရိုးအစင်းကြောင်းတွေပါ ရှိနေသေးသည်။
အမာရွတ်ကိုကြည့်ရုံဖြင့် ဒိုင်အန်း၏ဦးရေပြားသည် တစ်ဆစ်ဆစ်ဖြစ်သွားပြီး သူ့ရင်ဘတ်ထံမှ ရုတ်တရတ်စူးရှသွားသလို ခံစားလိုက်ရသည်။
မသိရင် သူမှာ အမာရွတ်တွေ ရှိသွားသလိုပဲ!
"ဒါတွေက တိုက်ပွဲမှာ ရခဲ့တဲ့အမာရွတ်တွေ" လော့လီသည် သူ့ခေါင်းထိပ်ကို ညင်သာစွာ ပွတ်သပ်လိုက်သည်။ “မင်း စားသင့်ပြီ”
"ခင်ဗျားရဲ့နှလုံးသားကို ရောက်လုနီးနီးပဲ" ဒိုင်အန်းက မျက်ခုံးတွန့်ကာ။သူ ဘာလို့ ဒီလောက်တောင်မဆင်မခြင်လုပ်ရတာလဲ?
"မင်းနှလုံးသားကို နာကျင်သွားစေလို့လား?" လော့လီသည် အပျော်သဘောဖြင့် သူ့ကို ပြုံးပြလိုက်သည်။
ရင်နာတယ်ဆိုတဲ့စကားလုံးက အလွန်ပြင်းထန်သည့် စကားလုံးဖြစ်သည်။ဒိုင်အန်းသည် အစတွင် အံ့ဩသွားပြီး နောက်မှာတော့ဦးရေပြားများ ထုံကျင်သွားသည်အထိ ဒေါသထွက်သွားခဲ့သည်။ နောက်ဆုံးတွင် သူသည် ဂြိုလ်သားတစ်ယောက်ကို ကြည့်နေသလို လော့လီကို မော့ကြည့်လိုက်သည်။
"ခင်ဗျား ဘာပြောလိုက်တာလဲ!?"
“ဘာမှမဟုတ်ပါဘူး” လော့လီက သူ့ကို တူတစ်စုံ ပေးလိုက်သည်။
ဒိုင်အန်းက ဒေါသတကြီးနဲ့ “ကျွန်တော်နှလုံးသားက ခင်ဗျားအတွက် မနာကျင်ဘူး။အရမ်းကြီး ဖြစ်ပြမနေပါနဲ့!"
"ဒါက ဒီအတိုင်းပဲ ပြောလိုက်တာပါ၊အရမ်းကြီး စိတ်မလှုပ်ရှားနေပါနဲ့" လော့လီက မတုန်မလှုပ်အနေအထားဖြင့် ပြုံးပြလိုက်သည်။
ဒိုင်အန်းသည် ခေါက်ဆွဲတစ်ပွဲလုံးကို အရသာတောင်မခံနိုင်တော့ဘဲ စားလို့ပြီးသွားလေသည်။သေချာစဉ်းစားပြီးမှ သူက တည်တည်ငြိမ်ငြိမ်ဖြင့်ပြောလိုက်သည်။
“ကျွန်တော့်ဒဏ်ရာတွေကလည်း သက်သာသွားပြီ၊မနက်ဖြန် တောင်ပေါ်ကရုပ်ရှင်ရိုက်ကူးရေးဆီကနေ လူတစ်ယောက်ကို လွှတ်လိုက်ဖို့ ခေါ်လိုက်မယ်။ခင်ဗျားလည်း အလုပ်ပြန်ရမယ်!"
ရက်ရက်စက်စက်ပင်!
ဒါပေမယ့်လည်းSir Knife Scar မှအကြံပြုချက်ကို ချက်ချင်း ပယ်ချခဲ့သည်။
"ခင်ဗျား ကျွန်တော့်အလုပ်ကို ဝင်ရောက်စွက်ဖက်ခွင့်မရှိဘူး!" တော်ဝင်ကိုယ်လုပ်တော်လေးက ဒေါသတကြီးဖြင့်!
"မင်းရဲ့အလုပ်ကို ငါဝင်မစွက်ဖက်ပါဘူး၊မင်းအချိန်မရွေး ပြန်သွားနိုင်တယ်" လော့လီက တည်ငြိမ်စွာပြောသည်။ "ဒါပေမယ့် မင်းလည်း ငါ့အလုပ်ကို အနှောင့်အယှက်မပေးသင့်ဘူး"
"ဘာကိုဆိုလိုတာလဲ?" ဒိုင်အန်းက မေးသည်။
“ရုပ်ရှင်ကို ရင်းနှီးမြှုပ်နှံသူတစ်ယောက်အနေနဲ့ ရုပ်ရှင်ရိုက်ကူးရေးနေရာကို သွားကြည့်ခွင့်ရှိတယ်။” လော့လီသည်ကား အလွန်ပင် အတင်းအကြပ်နှင့်။ "ဒါကြောင့်မို့ ငါလည်း မင်းနဲ့ပြန်လိုက်မယ်"
ဒိုင်အန်းကို ထပ်ပြီး စိတ်ရှုပ်စေခဲ့ပြန်သည်။
လော့လီသည် ကြွယ်ဝပြီး စွမ်းအားကြီးမားကာ ဆွဲဆောင်မှုရှိရှိ ဖိအားပေးမှုတို့ဖြင့် ပြည့်နှက်နေသောကြောင့် ဒိုင်အန်းသည် ဒီဆွေးနွေးမှုတွင်မြင်သာထင်သာရှိသည့် တိုးတက်မှုတစ်စုံတစ်ရာ မရှိခဲ့ပေ။ဒိုင်အန်းသည် စိတ်ထဲမှာသာ ညည်းတွားနိုင်လေတော့သည်။
သူသည် တီဗီရီမုတ်ကို ကိုင်ကာ အမျိုးသားမော်ဒယ်လ်အသစ်များ ရေငုပ်ရှိုးပြသနေသည့် ချန်နယ်တစ်ခုတွင် ရည်ရွယ်ချက်ရှိရှိ ရပ်လိုက်သည်။
ဖန်သားပြင်သည် ဆွဲဆောင်မှုရှိသည့်ရေကူးဘောင်းဘီကိုသာ ၀တ်ဆင်ထားသည့် လူငယ်များနှင့် ပြည့်နေပြီး အသီးသီး၏အာရုံစူးစိုက်မှုကို ခံနေရသည်။လော့လီ၏အတွင်းထဲမှသားရဲသည် နိုးကြားလာပြီး တီဗီရှိုးမှ လူငယ်တစ်ဦး သို့မဟုတ် ထို့ထက်ပိုသော လူများအပေါ် ဆွဲဆောင်ခံသွားနိုင်စေရန် ဆန္ဒရှိပြီး တောင်ပေါ်က ဧကရာဇ်ငယ်လေးအပေါ် မက်မောနေသည်ကို ရပ်တန့်သွားစေချင်သည်။
လော့လီဆီ အခြားလူတစ်ယောက်ကို ထိုးထည့်လိုက်တာကအနည်းငယ် အကျင့်မကောင်းသည်ဟု ခံစားရသော်လည်း မတက်နိုင်။ထို့အပြင် တီဗီရှိုးအတွက် စေတနာ့ဝန်ထမ်းလုပ်နေသည့် လူငယ်များတွေကလည်း အကျိုးဆက်များကို ရင်ဆိုင်ရန် ပြင်ဆင်ထားသင့်သည်။မှောင်မိုက်နေသည့် ဖျော်ဖြေရေးလောကကရှိ လူတိုင်းက ဆုနိုလောက် နုံအပြီး ရိုးရှင်းသည့်စိတ်ထားမျိုးမရှိကြပေ။
လော့လီက တီဗီရှိုးကို လုံးဝစိတ်မဝင်စားသည့်အတွက် ဝမ်းနည်းစရာပင်။ဆယ်မိနစ်လောက်ကြာတော့ သူ အိပ်ပျော်သွား၏။
ဒါ အဓိပ္ပါယ်မရှိဘူး!ဒိုင်အန်းက သူ့ကော်လံကနေ ကိုင်လှုပ်ချင်နေသည်။လော့လီရဲ့ ယုတ်ညံ့တဲ့အဆင့်အရ ဒီပုံတွေကိုမြင်ပြီး သူ့မျက်လုံးတွေက အခုချိန်မှာ ဆာလောင်မွတ်သိပ်မှုတွေနဲ့ တောက်ပနေရမှာ မဟုတ်ဘူးလား။တီဗီပေါ်ခုန်တက်ပြီး စခရင်ကို လျက်လိုက်ရင်တောင် လုံးဝနားလည်နိုင်သေးတယ်။ဒီလိုအချိန်မျိုးမှာ သူဘယ်လိုများ အိပ်နိုင်ရတာလဲ!
လော့လီအိပ်ပျော်နေတာကိုမြင်တော့ တော်ဝင်ကိုယ်လုပ်တော်လေးက သက်ပြင်းရှည်ကြီးထုတ်လိုက်သည်။
တီဗီရှိုးက ငြီးငွေ့စရာကောင်းပြီး အိပ်ပျော်စေ၏။ဆယ်မိနစ်ခန့်ကြာပြီးနောက် ဒိုင်အန်းသည် ရီမုကို ချလိုက်ပြီး တိုးတိုးလေးဟောက်ရင်း အိပ်ပျော်သွားတော့သည်။သုံးနာရီပြည့်အောင် အိပ်လိုက်ရကာ။သူက အံဖွယ်အိမ်မက်တောင် မက်လိုက်သေး၏။ ဆုနိုလေးနဲ့အတူ တစ်နိုင်ငံလုံးအနှံ BBQ သွားစားကြလေတဲ့, အံ့သြစရာပါပဲ။သူ့မှာ ဒီလို မြင့်မားတဲ့ဆန္ဒတွေ ရှိနေတာပဲ!
သူ့ အကင်နောက်ဆုံးအကိုက်ကို မျိုချလိုက်ပြီးနောက် တော်ဝင်ကိုယ်လုပ်တော်လေးက ကျေနပ်စွာ နိုးထလာသည်။ထို့နောက် သူသည် လော့လီ၏ရင်ခွင်ထဲတွင် တင်းကျပ်စွာ ပွေ့ဖက်ထားခံရသည်ကို အံ့အားသင့်စွာဖြင့် တွေ့ရှိလိုက်ရသည်။သူ့မျက်နှာက လော့လီရဲ့ ဗလာကျင်းနေတဲ့ရင်ဘတ်ကို ဖိမိထားရုံတင်မကဘဲ ဂျူနီယာဒိုင်အန်းလေးလည်း အနည်းငယ် ကျဉ်တက်သွားရသည်။
ဒိုင်အန်းတစ်ယောက် စိတ်လွတ်သွား၏။ဤသည်မှာ ပထမဆုံးအကြိမ်မဟုတ်ပေ။နားမလည်နိုင်လောက်အောင်ပါပဲ!
ချက်ချင်း တွန်းထုတ်ပစ်ရမယ်!!!!!
"မင်း အစောကြီးနိုးနေတာလား?" လော့လီက အိပ်ချင်နေသေးသော မျက်လုံးများဖြင့် ပြောလိုက်သည်။သူသည် လှည့်ပြီး အိပ်ယာခင်းကိုပွေ့ဖက်ရင်း ဆက်အိပ်သည်။
"ဒီအချိန်ကို အစောကြီးလို့ပြောနေတာလား?" ဒိုင်အန်းက သူ့ဆီကို ခေါင်းအုံးဖြင့်ပစ်ပေါက်လိုက်ပြီး "ညစာစားချိန်ရောက်နေပြီ!"
ဆုနိုနဲ့ တွဲမိကတည်းက တော်ဝင်ကိုယ်လုပ်တော်လေး၏အချိန်တိုင်းတာမှုသည် "နံနက်စာစားချိန်"၊ "နေ့လည်စာ"၊ "ညစာစားချိန်မတိုင်ခင်နှစ်နာရီ" နှင့် "ညဥ့်နက်ပိုင်းစားချိန်" ကဲ့သို့ ဝေါဟာရများဖြစ်လာသည်။အားလုံးက အရမ်းရိုးရှင်းပါတယ်!
"ဗိုက်ဆာနေပြီလား?" လော့လီသည် မှောက်လျက်လဲလျောင်းရင်း မျက်လုံးများကို ဖွင့်လိုက်ပြီး ဒိုင်အန်း၏ဗိုက်ကို ပေါ့ပေါ့ပါးပါး ဆုပ်ကိုင်လိုက်သည်။
ဒေါသတကြီးဖြင့် ဒိုင်အန်းက သူ့ကို ခေါင်းအုံးနဲ့ ရိုက်ပြန်၏။
လော့လီသည် တိုက်ခိုက်ခြင်းကို ကြင်နာတရားကြီးစွာဖြင့် လက်ခံခဲ့သည်။
သူက စိတ်သဘောထားကြီးတာပဲ!
"မစားဘူး!" ဒိုင်အန်းက မာနအထိနာစွာဖြင့် တင်းခံပြီးပြောလိုက်သေးသည်။
"BBQ သွားစားရအောင်" လော့လီက ထထိုင်လိုက်သည်။ “မိုးစဲသွားပြီ၊အပြင်မှာ လေကောင်းလေသန့် သွားရှူရအောင်လေ”
"မသွားဘူး!" တော်ဝင်ကိုယ်လုပ်တော်လေးက ကိုယ်အလေးချိန်ချချင်တာကြောင့် ခေါင်းမာမာနဲ့ ပြောနေသည်။
"ဒီနေ့က ငါ့မွေးနေ့လေ။"
ဒိုင်အန်းက သူ့ကို သံသယနဲ့ကြည့်လိုက်၏။
"ခင်ဗျားရဲ့မွေးနေ့လား?"
"မယုံလို့လား?" လော့လီက သူ့ကို ညစ်ညမ်းသည့်အကြည့်ဖြင့်စူးစူးရဲရဲ ကြည့်နေသည်။
အမာရွတ်ရှိတဲ့လူက ဘာကြောင့် သူ့မွေးနေ့ပွဲကို ကျင်းပရတာလဲ?ငါတောင် ကိုယ့်မွေးနေ့ကို ကျင်းပတဲ့ အလေ့အကျင့် မရှိဘူး။တော်ဝင်ကိုယ်လုပ်တော်လေးသည် စိတ်ထဲမှာပင်ညည်းတွားလိုက်သည်။
"ဒါကြောင့် BBQ သွားစားရအောင်" လော့လီက သူ့ကို ဖိနပ်စီးဖို့ ကူညီပေးခဲ့သည်။
“...........”
တော်ဝင်ကိုယ်လုပ်တော်က တုံ့ဆိုင်းစွာ လိုက်သွားခဲ့သည်။လူတိုင်းက သူတို့၏မွေးနေ့တွင် အခွင့်ထူးအချို့နှင့် ထိုက်တန်ပါတယ်လေ။
ထို့နောက် သူ့ဆုံးဖြတ်ချက်ကို ချက်ခြင်းနောင်တရမိ၏။သူတို့နှစ်ယောက် BBQ စားသောက်ဆိုင်မှာ ထိုင်လိုက်တဲ့အခါမှာတော့ လော့လီက ရုတ်တရက် လေးနက်တဲ့လေသံနဲ့ ပြောလိုက်သည်။
"ငါ့မွေးနေ့အတွက် မင်း ဘာပေးမှာလဲ?"
ဒိုင်အန်းက လက်ဖက်ရည်သောက်ရင်း နင်သွားရသည်။ခင်ဗျားအတွက် ဘာမှ ယူလာတာမဟုတ်ဘူးလေ!တခြားသူတွေဆီက လက်ဆောင်ကို ဘယ်လိုလူမျိုးက အတင်းတောင်းဆိုမှာလဲ!
သို့သော် လော့လီ၏မျက်လုံးများသည် မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေခဲ့သည်။
“....ကျွန်တော့်မှာ အချိန်မရှိဘူးလေ၊ဘာမှ မပြင်ဆင်ထားရဘူး” ဒိုင်အန်းက ခေါင်းကိုက်လာရသည်။ "စားပြီးသွားရင် ခင်ဗျားလိုချင်တာကို လုပ်ပေးမယ်လေ။"
"ကတိနော်" လော့လီက မဆိုင်းမတွ ပြန်ဖြေလိုက်ပြီး "ဒါဆို ဒီနေ့ မင်းဘာလို့ သီချင်းမဆိုပေးမှာလဲ!"
"ကျွန်တော် သီချင်းမဆိုနိုင်ဘူး" ဒိုင်အန်းက ချက်ချင်း ငြင်းလိုက်သည်။
"ကိစ္စမရှိပါဘူး၊ စာသားတွေကြည့်ဆိုလိုက်လေ" လော့လီက ညှိလိုက်သည်။
"ဖတ်ရုံပဲလား?" ဒိုင်အန်းက မျက်နှာညှိုးသွားသည်။သူ့စိတ်ထဲတွင် “Happy birthday to you” ကို လေးကြိမ်ဆက်တိုက် ကြေငြာသူအသံကြီးဖြင့် သတင်းသမားတစ်ယောက်၏ပုံစံအတိုင်း ဖတ်နေမိသည်။ဘယ်လောက်တောင် တုံးအတဲ့ပုံကြီးလဲ!
ထို့ကြောင့် အောက်ငုံ့ကြည့်ကာ ပါးစပ်ထဲ အသားထည့်ရန်သာ အာရုံစိုက်လိုက်သည်။
“အနည်းဆုံးတော့ မင်း ငါ့ကို ပျော်ရွှင်ပါစေဆိုပြီး မွေးနေ့ဆုတောင်းပေးသင့်တယ်။” လော့လီက သက်ပြင်းချလိုက်သည်။
အဲ့လောက်ကြီး အရမ်းစိတ်ဓါတ်ကျနေစရာမလိုပါဘူး။ဒိုင်အန်းက သူ့ကို တိတ်တဆိတ် စိုက်ကြည့်ရင်း စိတ်မ၀င်စားသည့်ပုံစံဖြင့်။ "ပျော်ရွင်ဖွယ်ရာမွေးနေ့ ဖြစ်ပါစေ"
လော့လီက ထပ်တောင်းဆို၏။ "မင်း ဒီထက်ပိုပြီး ခံစားချက်တွေ ထည့်သင့်တယ်"
"အရမ်း လွန်မလာပါနဲ့!" တော်ဝင်ကိုယ်လုပ်တော်လေးသည် လော့လီ၏ပါးစပ်ထဲသို့ အမဲသားကိုထိုးထည့်လိုက်သည်။
Sir Knife Scar သည် အလွန်စိတ်အခြေအနေကောင်းနေပုံရသည်။
ပြီးခဲ့သောရက်အနည်းငယ်အတွင်း အတူရှိနေပြီးနောက်တွင် သူသည် အရာတစ်ခုကို ပို၍သေချာလာခဲ့သည်။
သူ... ပျောက်ဆုံးသွားသည့်ရတနာတစ်ပါးကို ရှာဖွေတွေ့ရှိခဲ့ပုံပင်။
BBQ သည် သူတို့နှစ်ဦးစလုံးကို ခံတွင်းတွေ့သွားစေသည်။တော်ဝင်ကိုယ်လုပ်တော်လေးက ဆန်အရက်ပုလင်းတစ်ဝက်ကို သောက်ပြီးနောက် နောက်ဆုံးတွင် စိတ်ပြေလျော့သွားကာ တစ်ဝက် စိတ်လျှော့ချပြီး မွေးနေ့သီချင်းတစ်ပုဒ်ကို သီဆိုပေးခဲ့သည်။လော့လီတစ်ယောက် ရယ်စပြုလာသောအခါတွင် ဆိုနေသည်ကို ရပ်သွားပြီး Sir Knife Scar ကို စီးကရက်ဘူးဖြင့် မညှာမတာ တိုက်ခိုက်(ပေါက်)ခဲ့သည်။
ကျေးဇူးကန်းတဲ့ အယုတ်တမာကောင်က အပြင်ကိုဆွဲထုတ်ခံရပြီး ဆယ်မိနစ်ပြည့်အောင် လုပ်ခံရဖို့ ထိုက်တန်တယ်!
ထမင်းစားပြီးနောက် ဒိုင်အန်းသည် ဝှီးချဲပေါ်တွင် ပြန်ထိုင်ကာ လော့လီသည် မြစ်ကမ်းစပ်သို့ လမ်းလျှောက်ထွက်ခဲ့သည်။သူတို့က ဝှီးချဲပေါ်တွင် ထိုင်နေသည့် သက်ကြီးရွယ်အိုဇနီးသည်ကို တွန်းပေးကာ လမ်းလျှောက်နေကြသည့် သက်ကြီးရွယ်အိုစုံတွဲကို ကျော်ဖြတ်လာခဲ့သည်။
“ကြည့်” လော့လီသည် နား,နားသို့ကပ်လိုက်သည်။ "ငါတို့က အဲဒီအချိန်မရောက်ခင် အတွေ့အကြုံကို အရင်ယူနေကြသလိုပဲနော်"
ဒိုင်အန်း၏လည်ပင်းက နီရဲလို့သွားသည်။ခင်ဗျားက ကျွန်တော်တို့ကို သာယာပျော်ရွှင်နေတဲ့ အိမ်ထောင်ရှင်စုံတွဲနဲ့ ဘာလို့ ခိုင်းနှိုင်းနေရတာလဲ!
"ငါရဲ့အရည်အချင်း သိပ်မဆိုးပါဘူးနော်?" လော့လီသည် မြစ်ကမ်းနားရှိ ကုလားထိုင်ပေါ်တွင် တစ်ယောက်နှင့်တစ်ယောက် ဘေးချင်းကပ်ထိုင်လျက် မေးလိုက်သည်။
ဒိုင်အန်းက ခဏလောက်တွေးပြီး "ကျွန်တော် ခင်ဗျားအပေါ်တင်နေတဲ့ အကြွေးလေးသိန်းကို ချေဖျက်ပေးရင် ဆယ်မှတ်ထပ်ပေးမယ်။"
"အခု အမှတ်ဘယ်လောက်ရနေပြီလဲ?" လော့လီက မေးလိုက်သည်။
“ငါးဆယ်။” လက်တွေ့ဘဝက ရက်စက်ပါတယ်!
"နောက်ဆယ်မှတ်ဆို ငါအောင်ပြီလား?" လော့လီသည် ဒိုင်အန်း၏နားရွက်ကို ကြမ်းတမ်းစွာ လိမ်လိုက်သည်။
ဒိုင်အန်းက နာကျင်စွာအော်ပြီး “ဆယ်မှတ်နုတ်ပြီ!”
"လေးသိန်း! လေးသိန်း! လေးသိန်းနော်!" လော့လီသည် သူ့နားဘေးတွင် ရေရွတ်လိုက်သည်။
ဒါက ဘာအဓိပ္ပာယ်လဲ!ဒိုင်အန်းသည် အနည်းငယ် စိတ်ရှုပ်သွားသလို တစ်ချိန်တည်းမှာပင် ရယ်ချင်လာကာ သူ့ကို တွန်းထုတ်လိုက်သည်။
လော့လီသည် ဒိုင်အန်း၏ဗိုက်ကို ညှစ်ထားလိုက်ပြန်၏။
'သူက ရယ်ရင်ကြည့်ကောင်းတာပဲ!'
ဒီလိုဘဝမျိုးက ရိုးရိုးသားသားပြောရရင် မဆိုးပါဘူး!
တစ်ကိုယ်ကောင်းဆန်စွာ မစ္စတာအမာရွတ်သည် ဒိုင်အန်း၏ဒဏ်ရာကို အလွန်နှေးကွေးစွာ ပြန်ကောင်းစေချင်ခဲ့သည်။
ပြန်ကောင်းဖို့ရာ နောက်ထပ် ရက်ပေါင်းသုံးဆယ် သို့မဟုတ် လေးဆယ်ကြာအောင် ဆက်သွားစေလိုသည်။ဒါပေမယ့် ဒါက မဖြစ်နိုင်ဘူးဆိုတာ သိသာပါသည်။မာဖီးယားဂိုဏ်းကတောင် တစ်စုံတစ်ယောက်ရဲ့ခြေကျင်းဝတ်ကို အတင်းဆွဲပြီး နောက်တစ်ကြိမ် ထပ်လိမ်လိုက်လို့မရပါဘူး။ရက်တွေကြာလာသည်နှင့်အမျှ တော်ဝင်ကိုယ်လုပ်တော်လေးသည် နောက်ဆုံးတွင် တစ်ဖန်ပြန်ခုန်လာနိုင်သည်။
သူတို့နှစ်ယောက်ဟာ အမှိုက်ဇာတ်လမ်းတွဲတွေကို ခဏခဏကြည့်ရင်း တစ်ယောက်ကိုတစ်ယောက် ရင်ဖွင့်၊ဆေးရုံမှာ ဆေးစစ်၊ လမ်းလျှောက်ထွက်၊အရသာရှိတဲ့ အစားအသောက်တွေစားပြီး မနက်ခင်းမှာ တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်ပြီး နိုးထလာကြတော့ သူတို့ကြားက အငွေ့အသက်တွေက နောက်ဆုံးတော့ ပမာဏနည်းနည်းပြောင်းသွားတော့သည်။
“လွန်ခဲ့တဲ့ ရက်အနည်းငယ်က ကျွန်တော့်ကို ဂရုစိုက်ပေးလို့ ကျေးဇူးတင်ပါတယ်” ဒိုင်အန်းက ရိုးရိုးသားသားပြောလိုက်သည်။
"ရပါတယ်" လော့လီက သူ့အိတ်ကို ပေးလိုက်သည်။ "ခရီးသွားရင် သတိထား"
အလုပ်မှာ တစ်ခုခုပေါ်လာခဲ့သောကြောင့် လော့လီက ရုံးကို အမြန်ပြန်ရမှာဆိုတော့ ဒိုင်အန်းတစ်ယောက်တည်း တောင်ပေါ်မှာရှိတဲ့ ရုပ်ကူးရေးနေရာကို တစ်ယောက်တည်း ဆက်သွားရမည်ဖြစ်သည်။
“....နိုနိုရဲ့ဇာတ်ကားပြီးသွားရင် ခင်ဗျားကို ညစာလိုက်ကျွေးပါ့မယ်” ဒိုင်အန်းက မဝံ့မရဲနဲ့ ပြောလိုက်သည်။
"မင်းပဲလား ဒါမှမဟုတ် နှစ်ယောက်လုံးလား?" လော့လီသည် ဒိုင်အန်းကို ရွှင်မြူးစွာ ကြည့်ရင်း ပါးစပ်ကို အနည်းငယ်ကွေးလိုက်သည်။
ဒိုင်အန်းက သူ့အကြည့်တွေကို ရှောင်လိုက်သည်။
"နောက်တာပါ။မင်းပြန်လာရင် ငါတို့နှစ်ယောက်ပဲ ဂျပန်စာ သွားစားရအောင်" လော့လီက သူ့ခေါင်းထိပ်ကို ညင်သာစွာပွတ်သပ်ပေးလိုက်သည်။ “ကဲ သွားတော့လေ”
ဒိုင်အန်းက ကားပေါ်တက်ပြီး ပြတင်းပေါက်ကနေ ခေါင်းထွက်လိုက်ပြီး လော့လီကို ဝှေ့ယမ်းပြလိုက်သည်။
Sir Knife Scar သည် လက်လေးချောင်းကို တင်းကြပ်စွာ ဆုပ်ကိုင်ထားသည်။
“ဟားဟားဟားဟားဟား....” ဒိုင်အန်းက ရယ်မောလိုက်သည်။
"လေးသိန်းကို ဘယ်တော့မှ ပြန်မပေးတော့ဘူး!"
လော့လီက ပြုံးပြီး ဒိုင်အန်းကို နူးညံ့သည့်အကြည့်တွေဖြင့် ကြည့်ကာ ဝှေ့ယမ်းလိုက်သည်။
လွန်းပျံယာဉ်ငယ်သည် တောင်ကြားလမ်းအတိုင်း လှည့်ပတ်သွားလာကာ နောက်ဆုံးတွင် ရွာဝင်ပေါက်တွင် ရပ်သွားသည်။
"ချစ်ရတဲ့ တော်ဝင်ကိုယ်လုပ်တော်လေး!" ဆုနိုသည် သူ့အခန်းထဲတွင် PSP ကစားနေပြီး ဒိုင်အန်းဝင်လာတာကိုမြင်တော့ အကျယ်ကြီး အော်ခေါ်နေသည်။
"ဘာလို့ မင်းမျက်နှာမှာ ခြင်ကိုက်ရာတွေ ရှိနေရတာလဲ?" ဒိုင်အန်းက ဆုနို၏မျက်နှာကို ထိတ်လန့်တုန်လှုပ်စွာဖြင့် စိုက်ကြည့်နေသည်။
“........”
ဆုနိုလေးသည် နီရဲနေသောမျက်နှာငယ်လေးဖြင့် အပြစ်ကင်းသော အမူအရာလေးကို လုပ်လိုက်သည်။
တကယ်တော့ သူက မနေ့ညက လမ်းလျှောက်ထွက်ပြီး လယ်ကွင်းထဲမှာ သူ့ရဲ့ချောမောခန့်ညားတဲ့လူကြီးနဲ့ မနေနိုင်တော့ဘဲ 'beep' လိုက်ကြတယ်လေ။ခြင်တွေကိုက်နေတာကိုတောင် သတိမထားမိလောက်အောင် ကောင်းခဲ့တာကိုး!
ဒီလိုမျိုး စိုးရိမ်စရာဖြစ်အောင် လုပ်တဲ့ကလေးပဲ!တော်ဝင်ကိုယ်လုပ်တော်လေးက ခြင်ဆေးပုလင်းကိုထုတ်ပြီး ဆေးထည့်ပေးလိုက်သည်။ဆုနိုက မျက်နှာကိုမော့ပေးထားပြီး မေးလိုက်သည်။ "မင်းတို့အိမ်က မိသားစုရော ဘာဖြစ်သွားသေးလဲ?"
“ဘာမှ အရေးမကြီးဘူး။” ဒိုင်အန်းသည် အစောလျင်ကတည်းက သူပြင်ဆင်ခဲ့သောဆင်ခြေကို ထပ်ခါတလဲလဲပြောနေလိုက်သည်၊ “ဦးလေးရဲ့သားက ကွာရှင်းပြတ်စဲသွားပြီ”
"ဘာလို့ အဲဒီကိစ္စက မင်းနဲ့ဆိုင်သွားရတာလဲ?" ဆုနိုလေးသည် အံ့သြသွားသည်။တော်ဝင်ကိုယ်လုပ်တော်လေးက အလုံးစုံချန်ပီယံပဲဖြစ်ရမည်။
"ဟုတ်တယ်၊ဒါပေမဲ့ အနည်းဆုံးတော့ မင်းမျက်နှာမှာ ခြင်ကိုက်ခံရတာထက်တော့ အရေးကြီးတယ်!" ဒိုင်အန်းက ဒီအခွင့်အရေးကိုယူကာ ပညာပေးလိုက်သည်။ “နာမည်ကြီးမော်ဒယ်တစ်ယောက်အနေနဲ့ မင်းမျက်နှာကိုဘယ်လိုတောင် ဂရုမစိုက်နိုင်ရတာလဲ?”
ဆုနိုက တိတ်ဆိတ်နေခဲ့သည်။
တော်ဝင်ကိုယ်လုပ်တော်လေးက ဒီထက်ပိုပြီး ပူညံပူညံလုပ်တော့မှာ သေချာနေပြီ!
"ပြီးပြီ။အခုထိုင်ပြီး ဆေးခြောက်အောင် စောင့်” ဒိုင်အန်းက သူ့ကို ကုလားထိုင်ပေါ်တွန်းချလိုက်သည်။
"မင်း ဘယ်သွားမလို့လဲ?" ဆုနိုက မေးလိုက်သည်။
"ဖုန်းဆက်မလို့" ဒိုင်အန်းသည် လှေခါးကနေတစ်
ဆင့် ခေါင်မိုးပေါ်သို့တက်ကာ Sir Knife Scar ၏ဆဲလ်ဖုန်းကို ခေါ်ဆိုလိုက်သည်။
"ရောက်ပြီလား?" လော့လီက ချက်ချင်းကိုင်လိုက်သည်။
"ရောက်ပြီ,ဒါနဲ့ ခင်ဗျားရော?" ဒိုင်အန်းက မေးသည်။
"လေဆိပ်ဟိုတယ်မှာပဲရှိသေးတယ်,မနက်ဖြန်မှ ပြန်ရောက်မှာ"
"အန္တရာယ်ကင်းတဲ့ ပျံသန်းမှုဖြစ်ပါစေ။" ဆုနိုတစ်ယောက် ခေါင်မိုးပေါ်ကို စိတ်ပါလက်ပါ တက်လာတာကို တွေ့လိုက်ရသောအခါ ဒိုင်အန်းရဲ့အသံဟာ ထိတ်လန့်စရာအပြည့် ဖြစ်သွားသည်။
"မနက်ဖြန် ည ၈ နာရီလောက်မှ အိမ်ပြန်ရောက်မယ်၊ ၉ နာရီမှာ မင်းငါ့ကို ဖုန်းဆက်ပြီး ဘေးကင်းစွာ ရောက်နေသလားလို့ မေးရမယ်နော်" လော့လီက လေးနက်သောလေသံဖြင့် ပြောသည်။
ဒိုင်အန်းက ရယ်ပြီး “ကောင်းပြီ”
ဆုနိုက သူ့ကို ကျဥ်းမြောင်းသောအကြည့်ဖြင့်ကြည့်နေ၏။
တော်ဝင်ကိုယ်လုပ်တော်တွင် သေးငယ်သောပြောင်းလဲမှုအရိပ်အမြွက်ကို သူတွေ့ရှိထားသောကြောင့်ပင်။
"ကျွန်တော် ဖုန်းချလိုက်တော့မယ်။" ဒိုင်အန်းသည် ဆုနိုတစ်ယောက် သူ့ကိုကြည့်နေသည့်ပုံစံကြောင့် ရင်တုန်သွားရသည်။
"တစ်ခုခုတော့ ဖြစ်နေပြီ!" ဒိုင်အန်းဖုန်းချပြီးတာနဲ့ ဆုနိုက လှေကားထစ်ကို ပြေးတက်လာပြီး ပါးပြင်တွေကို ဆွဲလိုက်သည်။
ဒိုင်အန်းက အသက်ပြင်းပြင်းရှူပြီး “ဘာကိုလဲ?”
"ဘယ်သူ့ကိုခေါ်နေတာလဲ?" ဆုနိုသည် ဒိုင်အန်း၏ ဖုန်းခေါ်ဆိုမှု မှတ်တမ်းကို ကြည့်လိုသောစိတ်ဖြင့် အတင်းဆွဲလုခဲ့သည်။
ဖုန်းခေါ်ဆိုသူမှတ်တမ်းတွင် "knife" ဟု ရိုးရိုးအမည်ပေးထား၏၊အလွန် အမိုက်စားပဲ!
".........."
ဆုနိုက ကောင်းချီးပေးလိုက်သည်။ "မင်းရဲ့ချစ်သူကောင်မလေးမှာ အတော်လေး ထူးဆန်းတဲ့နာမည်ပြောင်ရှိတာပဲ!" တော်ဝင်ကိုယ်လုပ်တော်လေးမှာ ထူးဆန်းတဲ့ အကြိုက်မျိုး ရှိနေတယ်!
“.........”
ဒိုင်အန်းက ဖုန်းမှတ်တမ်းကို သာမန်ကာလျှံကာ အမှတ်တမဲ့ သိမ်းဆည်းခဲ့ခြင်းကြောင့်သာ။ဒီရည်းစားကိစ္စက ဘယ်လိုလုပ်ပြီးပါလာရတာလဲ?
ဒိုင်အန်းက ဒေါသတကြီးနဲ့ “ဒါ ငါ့ရည်းစားလို့ ဘယ်သူပြောလို့လဲ?”
"မဟုတ်ဘူးလား?" ဆုနိုသည် ခဏမျှ အထိတ်တလန့်ဖြစ်သွားပြီး "ဒါဆို မင်းရဲ့ခံစားချက်တွေရဲ့ ပြင်းထန်မှုကို မင်းသဘောမပေါက်သေးဘူးပေါ့!"
"ဒါ လုံးဝအဓိပ္ပါယ်မရှိဘူး!" ဒိုင်အန်းသည် အနီရောင်ပြောင်းသွားတော့သည်။
ဆုနိုသည် သူ့မျက်နှာကို စာနာစိတ်ဖြင့် ပွတ်သပ်ကာ "ချစ်ရတဲ့ကိုယ်လုပ်တော်လေး မင်း အေးအေးဆေးဆေးတွေးဖို့လိုနေတယ်!"
"အဲ့ဒါက ငါ့ရည်းစားလို့ ဘာ့ကြောင်ထင်ခဲ့တာလဲ?" ဒိုင်အန်းက မူးဝေလာရသည်။
"မင်းမျက်လုံးထဲမှာ ဒီလောက်နူးညံ့နေတာလေ!"ဆုနိုက ထပ်ပြီး အတည်ပြုပြောခဲ့သည်။
"အဲဒါ အဓိပ္ပာယ်မရှိဘူး!" ဒိုင်အန်းကတော့ အခိုင်အမာပဲ။
"ဘာလို့ အဲ့လောက်ကြီး ပြင်းပြင်းထန်ထန် တုံ့ပြန်ရတာလဲကွာ?" ဆုနိုက စိတ်ရှုပ်သွားပြီး "ဂုဏ်ပြုပေးတာလေ!"
ဒါပေမယ့် ဆုရှောင်းနို ပြောလို့မပြီးခင်မှာ ဒိုင်အန်းက လှေခါးပေါ်ကို တက်နှင့်နေပြီ။
ထို့ကြောင့် ဆုနိုသည် သက်ပြင်းသာချနိုင်တော့သည်၊
တော်ဝင်ကိုယ်လုပ်တော်လေးက အရမ်းကို ရှက်တတ်တာပဲ!
"မင်း ဒိုင်အန်းကို ထပ်ပြီး အနိုင်ကျင့်နေတာလား?" အိုးရန်လုံက ပူးအာလက်ဖက်ရည်ခွက်ကိုသယ်လာရင်း လှေခါးကနေ တက်လာခဲ့သည်။
"ဒိုင်အန်းက တစ်ယောက်,ယောက်နဲ့ ချစ်နေပေမယ့် ဘယ်သူလဲဆိုတာတော့ မပြောဘူးလေ!" ဆုနိုက စောဒကတက်သည်။
"လူတွေကို ဒီလိုမျိုး အတင်းအကြပ်ဝန်ခံခိုင်းလို့ မရဘူး" အိုးရန်လုံက သူ့ကို လက်ဖက်ရည်ခွက်ကို ကမ်းပေးရင်း "ကိုယ်တို့လည်း အရင်စတွေ့တုန်းက မင်း ကိုယ်တို့အကြောင်းကို သိပ်ကြာကြာဖြစ်သွားတာတောင် မပြောပြဖြစ်ခဲ့ဘူးမလား"
အဲဒါ မတူဘူး!ဆုနိုက စိတ်ထဲကနေ ပြန်ပြောနေသည်။
သူရဲ့ဆက်ဆံရေးကို ကျွန်တော်ဝင်မစွက်ဖက်ဘူး!သူကြိုက်တဲ့သူနဲ့ တွဲလို့ရတယ်၊အသက်ကြီးတဲ့မိန်းမတောင် ပြဿနာမရှိဘူး။သူမ၏ပုခုံးပေါ်မှ ဂုဏ်ကျက်သရေရှိတဲ့ ဆံပင်အလိပ်တွေကို ဆွဲခါလာတာက ရင်ခုန်စရာ ကောင်းလွန်းတယ်ထင်ပ!
'ရည်းစား' ဟူသော စကားလုံးက တော်ဝင်ကိုယ်လုပ်တော်အား အတွင်းထဲကနေ တုန်လှုပ်သွားစေမှန်း ဆုနိုတစ်ယောက် နားမလည်နိုင်ခဲ့ပေ။
ဒိုင်အန်းသည် မြစ်ကမ်းစပ်ရှိ ကျောက်ဆောင်တစ်ခုပေါ်တွင် ထိုင်ကာ နောက်နာရီများစွာကြာအောင် မှိန်းနေခဲ့သည်။နေဝင်ရီတရောအချိန်၌ပင် ပြန်လည်ကောင်းမွန်လာခြင်းမရှိ,ပို၍ပင် စိတ်ရှုပ်ထွေးမှုများသာ ကြီးစိုးလာခဲ့သည်။သူ့ဦးနှောက်ထဲက တစ်ခုခု ခုန်ထွက်ချင်နေပေမယ့်လည်း တစ်ချိန်ထဲမှာပင် လုံးဝမတွေးရဲပေ။ နောက်ဆုံးတော့ သူ့ရင်တွေ နာကျင်လာရ၏။
ဘယ်လောက်စိတ်ပျက်စရာကောင်းလိုက်လဲ!
ဒိုင်အန်းသည် သစ်ပင်တစ်ပင်ကို မရိုးမရွကန်သွင်းသည့်အထိ ထူးထူးခြားခြား ကြောက်ရွံ့နေခဲ့သည်။
"ကျွန်တော် သူ့ကို သွားနှစ်သိမ့်ပေးရမလား?" ဆုနိုက ခပ်ဝေးဝေးမှာ ပုန်းနေပြီး သူ့ဘေးနားက ဒါရိုက်တာကို မေးလိုက်သည်။
"မင်း အဲဒါမျိုးတွေကို ရှောင်သင့်တယ်။" အိုးရန်လုံသည် ဆုနို၏ခေါင်းထိပ်ကို ညင်သာစွာ ပွတ်သပ်လိုက်သည်။
"သူကိုယ်တိုင် အဖြေရှာနိုင်ရင် ပိုကောင်းလိမ့်မယ်။"
"တော်ဝင်ကိုယ်လုပ်တော်လေးက အိမ်ထောင်သည်မိန်းမကို ချစ်မိနေပြီလို့ ထင်မိလား?" ဆုနိုက စိတ်ပူသွားသည်။
မစ္စတာဒါရိုက်တာက သူ့နှုတ်ခမ်းလေးကို ငုံ့ပြီးနမ်းလိုက်သည်။ "အဲလို မဟုတ်တဲ့စကားတွေ မပြောနဲ့လေ"
ဆုနိုလေးသည် သူတို့နှုတ်ခမ်းကြားရှိ စတော်ဘယ်ရီသီးအရသာလေး ရလိုက်သည်ကို ကျေနပ်နေမိသည်။
နောက်တစ်ခါ သူ့ကို mint အရသာသကြားလုံး ကျွေးသင့်တယ်။ဒါဆိုရင် ပြင်သစ်အနမ်း,နမ်းတဲ့အခါကျရင် ပိုလန်းဆန်းသွားစေလိမ့်မယ်!
ပြီးပြည့်စုံသောအကြောင်းပြချက်ဖြင့် တော်ဝင်ကိုယ်လုပ်တော်လေးသည် ထိုညတွင် အိပ်မပျော်ခြင်းကို ခံစားခဲ့ရသည်။ ညှဉ်းပန်းနှိပ်စက်ခံရသော ဝိညာဉ်တစ်ကောင်ကဲ့သို့ သူသည် အိပ်ရာပေါ်တွင် လှဲချလိုက်ပြီး နောက်တစ်နေ့တွင် မျက်လုံးအောက်တွင် မျက်ကွင်းများ ညိုသွားတော့သည်။
ချစ်ခြင်းမေတ္တာက လူကို မျက်တွင်းချောင်စေတာပဲလို့ အဝေးကနေပဲ ဆုနိုတစ်ယောက် ပူဆွေးပေးမိသည်။
ရိုက်ကူးရေးကတော့ဖြင့် အစီအစဉ်အတိုင်း ဆက်လက်ရိုက်ကူးနေပြီး နေမင်းကြီးသည် လျင်မြန်စွာ ဆားနယ်ထားသော ကြက်ဥအကာလိုမျိုးဖြစ်လာကာ အနောက်ဘက်သို့ ကျဆင်းသွားသည်။
သို့သော်လည်း ဒိုင်အန်းသည် ကတိအတိုင်း လော့လီကို မခေါ်ခဲ့ပေ။ဒါမှမဟုတ် ရည်ရွယ်ချက်ရှိရှိ မေ့သွားတယ်လို့ ပြောလို့ရပါတယ်။
သုံးရက်မြောက်သောနေ့ ထို့နောက် စတုတ္ထနေ့ တစ်ပတ်အကြာထိ သူသည် လော့လီကို မဆက်သွယ်သေးပေ။
သူသည် အနည်ထိုင်သွားသည်နှင့်အမျှ ကိစ္စများကို ပိုမိုရှင်းလင်းပြတ်သားစွာ ရှာဖွေနိုင်လိမ့်မည်ဟု သူထင်ခဲ့သည်။
သို့သော် သူရည်ရွယ်ထားသည့်အတိုင်း ဖြစ်မလာဘဲ သူ့အတွေးများက ပို၍ပင်ရှုပ်ထွေးလာသည်။
ဆယ်ရက်မြောက်နေ့ နံနက်,နေမတက်မီ ကြက်တွန်သံကြောင့် ဒိုင်အန်း နိုးလာသည်။ဒါကြောင့် သူလည်း ထပြီး မျက်နှာသစ်ကာ ရုပ်ရှင်အဖွဲ့သားတွေကို သွားကူညီပေးမည်ဟု သူတွေးလိုက်သည်။
လမ်းငယ်သည် မှောင်မဲနေပြီး မိုးရွာထားသဖြင့် အနည်းငယ် ရွှံ့ဗွက်ထနေ၏။ဒိုင်အန်းသည် သူလဲမကျစေရန် ဂရုတစိုက် လျှောက်သွားခဲ့သော်လည်း ထောင့်ကို လှည့်ကြည့်လိုက်သောအခါ တစ်စုံတစ်ယောက်သည် သူ့ပါးစပ်ကို အုပ်ကာ အရိပ်များဆီသို့ ဆွဲခေါ်သွားခဲ့သည်။
"Mmmff!" ဒိုင်အန်းသည် လိပ်ပြာလွင့်မတက် ကြောက်လန့်သွားခဲ့သည်။ဒီလို အေးချမ်းလှတဲ့ ရွာလေးမှာ ဘာကြောင့် ဓားပြတွေ ရှိနေတာလဲ?
“မင်း လုယက်ခံရပြီ” အနည်းငယ် ရင်းနှီးသော အသံတစ်ခုက ရယ်မောသံမျိုးဖြင့် နားရွက်ဘေးတွင် ကပ်ကာ တီးတိုးပြောလိုက်သည်။
ဒိုင်အန်း ခဏလောက် အေးခဲသွား၏။
"လေးသိန်းကို ဘယ်တော့ ပြန်ပေးမှာလဲ?" လော့လီက သူ့နား,နားကိုကပ်ထားလျက် မေးလိုက်သည်။
"Aaaahhhh!" ဒိုင်အန်း အသက်ရှုကြပ်မတက် သရဲတစ္ဆေမြင်လိုက်ရသလိုပဲ။
"မင်း ငါ့ကိုတွေ့တာမပျော်ရင်တောင် တုန်လှုပ်မနေသင့်ဘူးလေ" လော့လီသည် ကောက်ကျစ်စွာ အပျော်သဘောဖြင့် ရယ်မောလိုက်သည်။
"ဘာလို့...ခင်ဗျား ဒီကိုရောက်နေတာလဲ!" ဒိုင်အန်းသည် ရုပ်တုတစ်ခုကဲ့သို့ တောင့်တင်းနေဆဲဖြစ်သည်။
"ဘာလို့ထင်လဲ?" လော့လီသည် သူ့ထွက်ပေါက်ကို ပိတ်ဆို့လိုက်သည်။
"........"
တော်ဝင်ကိုယ်လုပ်တော်က အပြစ်ရှိတယ်လို့ ခံစားနေရ၏။
"ဘာဖြစ်တာလဲ?!" လော့လီသည် သူ့အနားသို့ တိုးလာကာ သူ့လေသံက တဝက်က ခြိမ်းခြောက်လျက် တဝက်က စမ်းသပ်လိုမှုဖြင့်။
"ဘာလို့ ဖုန်းတစ်ကောက အရမ်းအရေးကြီးနေရတာလဲ?" ဒိုင်အန်း အနည်းငယ် စိတ်မသက်မသာ ခံစားလိုက်ရသည်။
"ကြီးတယ်!" လော့လီက ခြိမ်းခြောက်နေဟန် ပြောလိုက်သည်။
"ခင်ဗျား ပြန်လာတာက... ဒါကြောင့်လား?" ဒိုင်အန်းက သူ့ကိုကြည့်လိုက်သည်။
"ဒါပေါ့!ဘာကြောင့်များ ဒီကိုမလာရမှာလဲ?" လော့လီက သူ့ပါးလေးကို ဖိညစ်လိုက်သည်။
ဒိုင်အန်းသည် အသက်ပြင်းပြင်းရှူကာ ခဏလောက်စိတ်ထိန်းလိုက်ပြီး နောက်တော့ အသံထွက်လာခဲ့သည်။ “နိုနိုလည်း ဒီမှာရှိနေတယ်”
သူက တိုးညင်းပြီးလျင်မြန်တဲ့ အသံနှုန်းထားနဲ့ ပြောလိုက်ပေမယ့် လော့လီကတော့ဖြင့် သူ့စကားသံကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။
"ဆုနို?" Sir Knife Scarက စိတ်ပျက်လက်ပျက်ရယ်မောလိုက်သည်။
"ခင်ဗျား သူ့ကိုကြိုက်တယ်မဟုတ်ဘူးလား?" ဒိုင်အန်းသည် ရင်ထဲတွင် အနည်းငယ်အောင့်သွားသလို ခံစားလိုက်ရပြီး သူ့လေသံက အနည်းငယ်တုန်လှုပ်သွားသည်။
လော့လီကတော့ တုံးလွန်းတဲ့သူခေါင်းကို ရိုက်ချင်နေမိသည်။
"ကျွန်တော် ရိုက်ကူးရေး သွားကြည့်ရဦးမယ်" လော့လီက စကားပြန်မပြောတာကိုမြင်တော့ ဒိုင်အန်းက နားမလည်နိုင်အောင် ကြေမွခံသွားရသလို၊ သူ့ကို လမ်းကနေတွန်းထုတ်ပစ်ချင်ခဲ့သည်။
ဒါပေမယ့် သူ ထွက်မသွားနိုင်ခဲ့ပေ!
ဒိုင်အန်းသည် ရှောင်မပြေးနိုင်ရုံတင်မကပဲ သူ့ကို နောက်ပြန်ဆွဲကာ နံရံနဲ့ဖိပြီး အတင်းအကြပ် တွန်းပိတ်ခံလိုက်ရသည်။ပြီးတော့!အတင်းအကြပ်!နှုတ်ခမ်းကို!နမ်းလိုက်တယ်!
အနမ်းကို ရုတ်တရတ်ကြီးပေးလိုက်တယ်ပေါ့!ဟုတ်လား?
လော့လီက အရမ်းကို တည့်တိုးဆန်လွန်းသည်။
မျှော်လင့်ထားသလိုပဲ တော်ဝင်ကိုယ်လုပ်တော်လေးက အဲဒီမှာပဲ လဲပြိုသွားတော့သည်၊
အခု ဘာတွေဖြစ်သွားတာလဲ!
"ဘာလို့ငိုနေတာလဲ?" စိတ်ရှုပ်စွာဖြင့် လော့လီက သူ့ကိုလွှတ်ပေးလိုက်သည်။
"ခင်ဗျား!ခင်ဗျား!ခင်ဗျား!" ဒိုင်အန်းက တုန်လှုပ်သွားသည်။
“စမ်းကြည့်ကြရအောင်” လော့လီက ဒိုင်အန်း၏လက်ကို ဆုပ်ကိုင်ထားသည်။
"ကျွန်တော်တို့?" ဒိုင်အန်းသည် ကမ္ဘာကြီးလှည့်ပတ်နေသလို ခံစားလိုက်ရသည်။
ဒါက ရုတ်တရက်ကြီး မထင်မှတ်ထားဘဲ!
အိပ်မက်မက်နေတာများလား!
“ဟုတ်တယ်....ကိုယ်တို့။” လော့လီ၏မျက်လုံးများက နောက်ပြောင်မနေတော့ဘဲ "နိုနိုက ကိုယ့်သူငယ်ချင်းကောင်းရဲ့ညီလေးပါ။သူက ချစ်စရာကောင်းပေမယ့် လူတိုင်းက သူ့ကို ဒီလိုပုံစံနဲ့သဘောကျဖို့ မလိုဘူးလေ"
ဒိုင်အန်းရဲ့ ဦးနှောက်ထဲက ဂီယာတွေက ရပ်တန့်သွားတော့သည်။
“ဘယ်တုန်းကလဲ....”
မေးခွန်းက အလွန်ရှုပ်ထွေးနေသော်လည်း လော့လီသည် သူ့ရဲ့ရည်ရွယ်ချက်ကိုဖြင့် တိကျစွာအဓိပ္ပါယ်ကောက်မိလိုက်သည်။
“လွန်ခဲ့တဲ့ငါးနာရီက"
ဒိုင်အန်းက မျက်မှောင်ကျုံ့လိုက်သည်။
'ငါးနာရီက?'
"အစကတော့ ကိုယ် မင်းဆီကိုလာလည်ချင်ရုံသက်သက်ပါ၊တခြားဘာမှ အများကြီးမစဉ်းစားထားဘူး" လော့လီက ဒိုင်အန်းရဲ့လက်ကို ဆုပ်ကိုင်လိုက်ပြီး "ဒါပေမယ့် တောင်ကြားကို ဖြတ်ပြီး ကားမောင်းလာတုန်းက မြေပြိုကျတာကို ကြုံတွေ့ခဲ့ရတယ်။သတိမထားမိဘဲ ကျောက်တုံးကြီးတစ်ခု ပြုတ်ကျလာပြီး လမ်းကိုဖြတ်တိုက်သွားတယ်”
"ဟင်?" ဒိုင်အန်း၏နှလုံးခုန်သံသည် မြင့်တက်သွားသည်။
"အင်း" လော့လီက ခြောက်ကပ်ကပ် ပြုံးပြလိုက်သည်။
"ကိုယ်သာ နည်းနည်းမြန်မြန်မောင်းမိလိုက်ရင် မင်း ကိုယ့်ကို ပြန်တွေ့ရတော့မှာမဟုတ်ဘူး။"
ဘဝဆိုတာ တိုတောင်းလွန်းပြီး တစ်ချို့အရာတွေက လိုက်ဖမ်းဖို့ မထိုက်တန်ပါဘူး။
ဒိုင်အန်းသည် ဘာပြောရမှန်းမသိသောကြောင့် အချိန်အများစုမှာ တိတ်ဆိတ်နေခဲ့သည်။
"မင်းလည်း ကိုယ့်ကိုမမုန်းတဲ့အတွက် ကြိုးစားကြည့်ရင် မင်းဆုံးရှုံးစရာဘာမှမရှိပါဘူး" လော့လီက ဒိုင်အန်းကို သူ့ရင်ဘတ်နားထိ ပွေ့ဖက်လိုက်သည်။
"မင်းမပျော်ရင် ထွက်သွားလိုက်မယ်"
ဒိုင်အန်းသည် တိတ်ဆိတ်နေသော်လည်း သူခေါင်းထဲတွင် တောင်ပေါ်ကနေ ကျောက်တုံးများ ပြုတ်ကျနေသည့် မြင်ကွင်းများဖြင့် ပြည့်နှက်နေသည်။အဲဒီနောက် လော့လီ၏ခါးကို ပိုပြီးနီးကပ်စွာ သိုင်းဖက်ထားလိုက်သည်။
အလွန် ရင်ခုန်စရာပါပဲ!
တစ်နာရီကြာပြီးနောက် ဒိုင်အန်းသည် ရုပ်ရှင်ရိုက်ကူးရေးလုပ်နေသည့် နေရာတွင် ဆုနိုကို တွေ့လိုက်ရသည်။
“ချစ်ရတဲ့ အိုက်ဖေး...မင်းဘယ်ကို ပြေးနေတာလဲ..ဟင်...မင်းပါးစပ်က ဘာဖြစ်သွားတာလဲ?” ဆုနိုက ပင့်သက်ရှိုက်လိုက်သည်။သူ့နှုတ်ခမ်းက အတော်လေးနီနေပြီး အနည်းငယ် ရောင်နေပုံရသည်။
ဒိုင်အန်းက တကယ်...တကယ့်ကို ထွက်ပြေးချင်နေပြီ!
"နေမကောင်းဘူးလား?" ဆုနိုသည် သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး ဒိုင်အန်းကို ထိလိုက်သည်။
"ဒီနေ့ မင်း ရိုက်ကူးရေးမရှိဘူးမဟုတ်လား?" ဒိုင်အန်းက မေးသည်။
“အွန်း...အင်းလေး”ဆုနိုက ခေါင်းညိတ်လိုက်သည်။ "ငါ ဒီကို ကြည့်ဖို့လာတာ"
ဒိုင်အန်းက အသက်ပြင်းပြင်းရှူပြီး “မင်းကို ပြောစရာရှိတယ်!"
"ဘာလဲ?" ဆုနိုက စပ်စုလိုက်သည်။
ဒိုင်အန်းက သူ့ကို တောထဲကို ဆွဲခေါ်သွား၏။
"ဘာဖြစ်နေတာလဲ?" ဆုနိုက တော်တော်လေးကို စိတ်လှုပ်ရှားနေပုံရ၏။ ကြီးကြီးမားမားကိစ္စရှိနေပုံရ တယ်!
"ငါ ချစ်နေမိပြီ!" ဒိုင်အန်းသည် ပြတ်သားစွာဖြင့်။ "ပြီးတော့ ငါ့မှာ ယောကျ်ားလေးရည်းစားရှိတယ်!" ဟိုတုန်းက ဆုနိုထက် သူက ပိုရိုးသား၏။
"ဝိုး!" ဆုနိုလေးသည် တုန်လှုပ်ခြောက်ခြားမှုကတစ်လှည့် အားတက်သရောဖြစ်မှုကတစ်လှည့် ဖြစ်နေသည်။
"ဒါပေမယ့် မင်းအမြဲတမ်း မိန်းမတွေကိုပဲ ကြိုက်တယ်လို့ပြောတယ်လေ!"
"အဲဒါက သူနဲ့မတွေ့ရသေးလို့" ဒိုင်အန်းက ရှက်သွေးဖြာလာသည်။
"ဟုတ်ပါပြီ!ဟုတ်ပါပြီ!ယောကျ်ားလေးရည်းစားဆိုလည်းအဆင်ပြေတယ်!" ဆုနိုက သူ့လက်ကို ဆုပ်ကိုင်လိုက်ပြီး "ငါ သူ့ကိုသိလား?"
“.....အင်း” ဒိုင်အန်းက ခေါင်းညိတ်လိုက်သည်။
"ငါ သူ့ကိုသိတယ်?" ဆုနိုက အရမ်းစိတ်ဝင်စားလာပြီး "သူ့နာမည်ဘယ်လိုခေါ်လဲ?"
ဒိုင်အန်းက နားမကြားဟန်ဆောင်လိုက်၏။
"ဒီလိုအချိန်မျိုးမှာ မစပါနဲ့လားကွာ!" ဆုနိုက သိချင်စိတ်ကြောင့် သေလုမတတ်။
"မင်း...သူ့ကို သိပ်မကြိုက်ဘူး" ဒိုင်အန်းသည် တုန်လှုပ်ချောက်ချားမှုအတွက် ပြင်ဆင်လိုသည်။
"ငါ သဘောမကျတဲ့သူတစ်ယောက်လား?" ဆုနိုက ခဏလောက်တွေးပြီး ဘယ်သူလဲဆိုတာ မခန့်မှန်းနိုင်သေးဘူး။ဒါကြောင့် သူက အရင်ဖွင့်ဟလိုက်ပါသည်။ “အရင်က သူ့ကို မကြိုက်ခဲ့ရင်လည်း ကိစ္စမရှိပါဘူး၊အခုစပြီး မင်းအတွက် သဘောကျပေးမှာပါ”
သူသည် အရွယ်ရောက်လာပြီဖြစ်သည့်အပြင် စာနာထောက်ထားတတ်သူလည်း ဖြစ်သည်။
"အတိအကျပြောရရင် မင်းသူ့ကို လုံးဝမကြိုက်ဘူးကွာ" ဒိုင်အန်းက ရဲဆေးပမာဏကို တိုးမြှင့်လိုက်သည်။ "မင်း သူ့ကို မကြိုက်ရုံတင်မကဘူး၊မင်း သူ့ကို အပြုသဘောနဲ့တောင် ရှုံ့ချတယ်!"
"ဟင်?" ဆုနိုက ခေတ္တခဏအေးခဲသွားပြီး "မင်း မင်းက... ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ!"
ဒိုင်အန်းက နီရဲလို့သွားသည်။
"မင်းဒီလိုလုပ်လို့မရဘူးလေ!" ဆုနိုသည် ဒိုင်အန်း၏လက်ကို မျက်ရည်စက်လက်ဖြင့် ဆုပ်ကိုင်လိုက်သည်။
"ကမ္ဘာပေါ်မှာ ယောက်ျားကောင်းတွေ အများကြီးရှိတယ်၊မင်း ဘာလို့ ချိုးကျီယန်ကို စွဲလန်းနေရတာလဲ?မင်း ဆေးမိထားတာလား!! မကြောက်ပါနဲ့၊ငါတို့ ဆေးရုံကို ချက်ချင်းသွားကြရအောင်"
"ဘယ်သူလဲ?" ဒိုင်အန်းသည် အာရုံခြောက်ခြားသွားသလို ခံစားသွားရသည်။
"လွန်ခဲ့တဲ့ရက်အနည်းငယ်က ငါ့ရဲ့လေ့လာတွေ့ရှိချက်တွေကို အခြေခံပြီး မင်းကို ငါပြောနိုင်တယ် ချိုးကျီယန် နဲ့ ရှောင်းယွီ ကြားမှာ တစ်ခုခုဖြစ်နေပြီ!"ဆုနိုက တတွတ်တွတ် ဆက်ပြောသည်။ "သူက မင်းကို လှည့်စားခဲ့တာလား?"
"ဒါ အဓိပ္ပါယ်မရှိတာတွေ၊ချိုးကျီယန်နဲ့ ဘယ်လိုလုပ်ပြီး ဖြစ်ရမှာလဲ?" ဒိုင်အန်း ရယ်ရမလား ငိုရမလားမသိ။
"သူမဟုတ်ဘူးလား?" ဆုနိုက သက်ပြင်းတစ်ချက်ချလိုက်သည်။ခုနက သူအရမ်းကြောက်သွားခဲ့တာ၊တော်ဝင်ကိုယ်လုပ်တော်လေးက မစ္စတာအေဘီအက်စ်ရဲ့ သွေးဆောင်မှုကို ခံရတယ်လို့တွေးရုံနဲ့ သူ့လက်ဖဝါးမှာ ချွေးတွေဖြင့် အေးစက်သွားခဲ့သည်။
“ဟုတ်တယ်” ဒိုင်အန်းက အတည်ပြုခဲ့သည်။
“ကောင်းပြီ” ဆုနိုသည် သူ့လက်ကို ဒိုင်အန်း၏ပခုံးပေါ်တွင် တင်ထားသည်။
“ဒီဗုံးကို ပစ်ချပြီးရင် ဘယ်သူမဆိုလက်ခံနိုင်ပါပြီ။ငါ့ကိုသာပြောလိုက်။"
"သေချာလား?" ဒိုင်အန်းက သတ္တိမရှိသေးပေ။
"ဒါပေါ့!" ဆုနိုက ကတိပေးလိုက်သည်။
ဒိုင်အန်းက သူ့ကို စိုးရွံ့စွာကြည့်နေသည်။
"လော့လီ"
"ဘယ်သူ?!!!!!!!!!!!" ဆုနို၏အော်ဟစ်သံသည် သူတို့၏ခေါင်းပေါ်သို့ မိုးခြိမ်းသံများကြောင့် နှစ်ခြမ်းအက်ကွဲသွားသကဲ့သို့ ကောင်းကင်နှင့်မြေကြီးကို တုန်လှုပ်စေခဲ့သည်။
“ငါပါ!” မစ္စတာအမာရွတ်သည် တောထဲကနေ ထွက်လာခဲ့သည်။
"ကျွန်တော်ဘာသာကြည့်လုပ်မယ်လို့ ကျွန်တော်တို့ သဘောတူထားတယ်လေ!" ဒိုင်အန်းက မကျေနပ်စွာဖြင့် ပြောသည်။
"ကိုယ်မှ မစောင့်နိုင်တော့တာ။" လော့လီသည် ဒိုင်အန်း၏ပခုံးကို လက်နှစ်ဖက်ဖြင့် ပွေ့ပတ်ထားပြီး ဆုနိုကို ရွှင်မြူးစွာ ပြုံးပြလိုက်သည်။
ဆုနိုလေးက သူ့မျက်လုံးတွေ မှောင်ပိတ်သွားသလို ခံစားလိုက်ရသည်။မူးဝေလာ၍ သစ်ပင်ကို မှီလိုက်ရသည်။အဲဒီနေ့က တနေကုန် သွားကိုက်ထား၍ မစားနိုင်မသောက်နိုင်ဖြစ်နေရတာကြောင့် သွေးတွင်းသကြားဓာတ်နည်းလို့ မူးမေ့လဲလုနီးပါးဖြစ်နေပြီ။ဒါကိုမှ ဒီစကားကြောင့် တုန်လှုပ်သွားရသေးတယ်။သူ လုံးဝ မခံနိုင်တော့ဘူး!
"နိုနို!" ဒိုင်အန်းသည် ကြောက်လန့်တကြားဖြစ်ကာ ခုန်ထွက်ပြီး သူ့ကို ချက်ချင်းဖမ်းလိုက်သည်။
“ဘယ်လို....များ” ဆုနိုက အလွန်အားအင်ချိနဲ့သွားသလို ခံစားလိုက်ရသည်။
“ဇာတ်လမ်းက နည်းနည်းရှည်တယ်” ဒိုင်အန်းက ရိုးရိုးသားသား ပြောသည်။
"မင်း သူ့ကို တကယ်မလွှတ်နိုင်ဘူးလား?" ဆုနိုသည် ဒိုင်အန်းအား ချစ်စရာလေးဖြင့် ဆွဲဆောင်လိုသော အမွေးပွတိရစ္ဆာန်လေး၏အပြစ်ကင်းစင်သော မျက်လုံးများဖြင့် ဒိုင်အန်းကို ကြည့်နေသည်။
"ဘယ်လိုမှမဖြစ်နိုင်ဘူး" ထိုစကားနှစ်လုံးကို လော့လီက ပြောလိုက်ခြင်းသာ။
"ခင်ဗျားဝင်ပြောလို့ရတယ်လို့ ပြောထားလို့လား?" ဆုရှောင်းနိုသည် မတ်တပ်ထရပ်ပြီး ခြိမ်းခြောက်သောမျက်လုံးများဖြင့် သူ့ကိုကြည့်ကာ "ခင်ဗျား သူ့ကို အတင်းအကြပ်လုပ်ထားတာလား?"
"ဘယ်ဟုတ်မလဲ!" ဒိုင်အန်းသည် အားကိုးရာမဲ့သလို ခံစားခဲ့ရသည်။
"ငါတို့ပြန်ရောက်ရင် ဒီအကြောင်းပြောမယ်!" ဆုနိုသည် တော်ဝင်ကိုယ်လုပ်တော်အား ရွာဆီသို့ ဆွဲခေါ်သွားသည်။
လော့လီသည် ဤတစ်ကြိမ်တွင် သူ့ကို မတားတော့ဘဲ နှစ်ယောက်သား တည်းခိုနေသောဝင်းကျဉ်းလေးဆီသို့ ပြန်လိုက်သွားခဲ့သည်။
အိုးရန်လုံက သူ့အခန်းထဲမှာ စာဖတ်နေ၏။သူတို့ သုံးယောက် အတူတူ လမ်းလျှောက်လာတာကို သူ နည်းနည်းအံ့သြသွားမိသည်။
သို့သော် ဆုနိုက ရှင်းပြရန် အချိန်မရှိ။ဆုနိုက ပြင်းထန်စွာ ကြေညာခဲ့သည်။
“ခင်ဗျားတို့ နှစ်ယောက် ထွက်သွား!” လော့လီသည် ဒိုင်အန်းကို ကြည့်လိုက်သည်။
“အင်း..” တော်ဝင်ကိုယ်လုပ်တော်လေးက ခေါင်းညိတ်ပြသည်။
"ကောင်းပြီ၊မင်း အချိန်ယူပါ။" လော့လီသည် လှည့်ကာထွက်သွားသည်။အိုးရန်လုံက အနည်းငယ် မျက်မှောင်ကြုတ်ထားသော်လည်း ဘာမှတော့ဝင်မပြောပေ။
အခန်းအတွင်းတွင် ကြားဝင်အစည်းဝေးကြီးတစ်ခု စတင်ခဲ့ပါသည်။
ဆုနိုလေးသည် ဇာတ်လမ်းတစ်ခုလုံးကို နားထောင်ပြီးနောက်တွင် တော်ဝင်ကိုယ်လုပ်တော်အား စိတ်ပျက်မိသည်ဟုဆိုကာ ပထမဆုံး ပြစ်တင်ရှုတ်ချခဲ့ပြီး၊ထို့နောက် သူကိုယ်တိုင် ဖန်တီးမှုများအပါအဝင် အရှက်ခွဲကာ လော့လီ၏ အပြစ်အနာအဆာအားလုံးကို ရှုထောင့်အမျိုးမျိုးမှ ထောက်ပြခဲ့သည်။ Sir Knife Scar သည် အင်အားမရှိဟုပင် ကောက်ချက်ချခဲ့သေးသည်။ ဘယ်လောက်တောင် ယုတ်မာလိုက်လဲ!
"ရေဆာနေပြီလား?" ဒိုင်အန်းသည် သူ့ကိုကြည့်ရုံဖြင့် အာခြောက်သွားသည်။
ဆုနိုသည် ရေအနည်းငယ်ငုံကာ မျှော်လင့်ချက်အပြည့်ဖြင့် ဒိုင်အန်းကိုကြည့်ပြီး
"ပြော... ညစ်ညမ်းဆိုးယုတ်ရက်စက်ကြမ်းကြုတ်ယုတ်မာတဲ့ မာဖီးယားကို လမ်းခွဲပစ်ရန် ဆန္ဒရှိပါသလား?"
ဒိုင်အန်းက တိုးတိုးလေးရေရွတ်သည်။ “ငါ ရှေ့ဆက်ကြည့်ချင်တယ်"
“မင်း ဘာဖြစ်လို့......” ဆုရှောင်းနိုသည် ကြေမွသွားသလို ခံစားလိုက်ရကာ ဒိုင်အန်းကို မည်သို့ပြောရမည်မှန်း မသိတော့ပေ။ထို့ကြောင့် သူသည် တော်ဝင်ကိုယ်လုပ်တော်အား အိမ်ခေါင်မိုးပေါ်သို့ ဆွဲခေါ်သွားလိုက်ပြန်သည်။
"သူတို့ဘာလုပ်နေတာလဲ?" လော့လီက စိတ်ဝင်စားသွားသည်။
အိုးရန်လုံက သူ့ကို တစ်ချက်ကြည့်လိုက်သည်။
"စိတ်မပူပါနဲ့ နိုနိုကို ငါတကယ်စိတ်မဝင်စားဘူး" လော့လီက အိမ်ခေါင်မိုးကို လှမ်းကြည့်ရင်း “သူ ငါ့ကို လွယ်လွယ်လေးလက်ခံပေးစေချင်တာပါ”
ဆုနိုသည် ကုလားထိုင်ပေါ်တွင် ရပ်လိုက်ပြီး ဟန်ဝေ၏နံပါတ်ကို နှိပ်လိုက်သည်။
"ဘာတွေထူးလို့လဲ?" မစ္စတာဟန်က ချက်ချင်းပြန်ဖြေလိုက်သည်။
"ဟေး..အစ်ကိုကြီး..ကျွန်တော့်ကိုပြောကြည့်။လော့လီက စက်ဆုပ်ရွံရှာဖွယ်ကောင်းတဲ့၊ကောက်ကျစ်တဲ့၊အောက်တန်းကျတဲ့၊ညံ့ဖျင်းတဲ့၊ရုန့်ရင်းကြမ်းတမ်းပြီး ညစ်ညမ်းတဲ့ လူဆိုးတစ်ယောက်လား?" ဆုနိုက စပီကာ ဖွင့်လိုက်သည်။
ဒိုင်အန်း:.........
"ဒီတစ်ခါရော ဘာတွေကစားနေပြန်တာလဲ?" ဟန်ဝေက မောပန်းနွမ်းနယ်နေသလို “အားလီက လူကောင်းတစ်ယောက်ပါ။ သူက တစ်ခါတလေတော့ စိတ်ပျက်စရာကောင်းနေနိုင်ပေမယ့် တကယ်က မင်းကို ဒုက္ခမပေးဘူးလို့ ဆိုလိုတာပဲလေ။သူ့ကို တစ်ချိန်လုံးလိုက်ပြီး အမြင်မကြည့်ဖြစ်မနေနဲ့"
ဆုနိုသည် ဖုန်းကို ပြတ်ပြတ်သားသားချလိုက်သည်။
ထို့နောက် တော်ဝင်ကိုယ်လုပ်တော်လေးအား လျစ်လျူရှုကာ "ငါ့အစ်ကိုကြီးက ဆေးမသောက်ရသေးဘူး"
"မင်း ငါ့အတွက် အကောင်းဆုံးဖြစ်စေချင်တာ ငါသိပါတယ်" ဒိုင်အန်းသည် ဆုနို၏ငယ်ထိပ်လေးကို ညင်သာစွာ ပွတ်သပ်လိုက်ရာ သူ့နှာခေါင်းကလည်း ခံစားချက်အနည်းငယ်ကြောင့် ရှုံ့ပွပွဖြစ်သွားရသည်။
“ငါ ဘာလုပ်နေလဲ သိတယ် စမ်းကြည့်ခွင့်ပြု,ဟုတ်ပြီလား?”
"ချစ်ရတဲ့တော်ဝင်ကိုယ်လုပ်တော်လေး!" ဆုနိုက ဒိုင်အန်းကို အရှုံးမပေးချင်သေး။သူက ပွေ့ဖက်လိုက်ပြီး "သူ့ကို တခြားတစ်ယောက်နဲ့ လဲလှယ်လိုက်လို့မရဘူးလား,နော်?သူက တကယ်ကို မကောင်းတဲ့လူပဲ!”
ဒိုင်အန်းက နှုတ်ဆိတ်နေခဲ့သည်။ဆုနို၏နှလုံးသားသည် နာကျင်စွာ တုန်လှုပ်သွားကာ “ဒါဆို မင်းအပေါ်ကို အခွင့်ကောင်းယူခွင့်မပေးနဲ့,ဟုတ်ပြီလား? သူမင်းကိုအနိုင်ကျင့်ဖို့ကြိုးစားရင် ငါ့ကိုချက်ချင်းပြောရမယ်!"
“ကောင်းပြီ။” ဒိုင်အန်းက သူ့နောက်ကျောကို ပုတ်လိုက်သည်။"ကျေးဇူးတင်ပါတယ်"
"သူနဲ့တစ်ယောက်ချင်း စကားစမြည်ပြောဖို့ လိုအပ်သေးလား?" ဆုနိုသည် သူ့ရဲ့တော်ဝင်ကိုယ်လုပ်တော်လေးအား အလွန်ကာကွယ်ပေးခဲ့သည်။
“တကယ် မလိုပါဘူး၊” ဒိုင်အန်းက ရယ်ရမလားငိုရမလားမသိတော့ဘူး။ “ယုံချင်မယုံချင်နေ၊ငါ ကလေးမဟုတ်တော့ဘူးလေ”
"မင်း သူနဲ့မအိပ်ဘူးလို့ ငါ့ကိုကတိပေး!" ဆုနိုသည် ဒိုင်အန်း၏လက်ကို ဆုပ်ကိုင်ထားသည်။
"ဒါက တကယ်အရေးကြီးတယ်!"
ဒိုင်အန်းသည် မှောင်မိုက်ပြီး ကြောင်တောင်တောင်နိုင်သော အခိုးအငွေ့များ သူ့ခေါင်းပေါ်သို့ ဖြတ်သွားသည်ကို ခံစားလိုက်ရသည်၊ "ကောင်းပြီ"
"ချစ်ရတဲ့တော်ဝင်ကိုယ်လုပ်တော်လေးရယ်!!!" ဆုနိုသည် ရှုံးနိမ့်မှုကိုဝန်မခံဘဲ ဒိုင်အန်းကိုလက်ဆွဲပြီး လွှတ်ပေးရန် ငြင်းဆန်ခဲ့သေးသည်။
အမာရွတ်နဲ့ကောင်သည် ကမ္ဘာပေါ်တွင် အမှန်တကယ် စက်ဆုပ်ရွံရှာဖွယ်အကောင်းဆုံး သတ္တဝါပင် ဖြစ်၏။
ဒိုင်အန်းကတော့ ဆုနိုတစ်ယောက် လော့လီနဲ့ မတွေ့စေချင်ပေမယ့်လည်း ရိုက်ကူးရေးရှိတဲ့တစ်နေ့မှာတော့ ဆုရှောင်းနိုက လော့လီကို ပြင်းပြင်းထန်ထန် သတိပေးဖို့ အခွင့်အရေးကို တွေ့ရှိခဲ့သည်။
ခင်ဗျား ကျွန်တော့်မန်နေဂျာကို သစ္စာဖောက်ရင် ဆိုးရွားတဲ့သေခြင်းမျိုးနဲ့ ရင်ဆိုင်ရမယ်!နာကျင်မှုကြောင့် သေဆုံးသွားရသည်အထိ အရိုက်ခံရလိမ့်မယ်။
အရမ်းရက်စက်လိုက်တာ!
Sir Knife Scar သည် ဤတစ်ကြိမ်တွင် သူ့ကို မစတော့ဘဲ ခေါင်းညိတ်ပြရုံသာ လုပ်ဖြစ်သည်။
လော့လီသည်ကား ရုတ်တရက် အသိတရား ကြီးထွားလာတာလည်းမဟုတ် သူ့ရဲပင်ကိုယ်စရိုက်ကို ပြောင်းလဲခဲ့ခြင်း မဟုတ်ပါ။ ဆုနိုလေးသည် ဒိုင်အန်း၏အချိန်ကို အလွန်အကျွံသိမ်းပိုက်ထားသောကြောင့် လော့လီတစ်ယောက်မကျေမနပ်ဖြစ်ခဲ့ရသောကြောင့်သာဖြစ်သည်—တစ်ဖန်လည်း လော့လီသည် ဒိုင်အန်းကို ပြန်ပေးဆွဲပြီး အိမ်သို့မခေါ်ဆောင်နိုင်ခဲ့သောကြောင့်လည်းပါသည်။
သူသည် အစကတည်းကပင် သတို့သမီး၏မိသားစုနှင့်ဆက်ဆံရေးကောင်းတစ်ခုကို တည်ဆောက်နိုင်ခဲ့၏။
ဇာတ်ကားရိုက်ကူးမှုက တစ်နှစ်ပတ်လုံး အချိန်ယူခဲ့ရပါသည်။ ထိုအချိန်တွင် ရုပ်ရှင်အဖွဲ့သားများ၏ခြေရာများသည် တစ်နိုင်ငံလုံးနီးပါး လွှမ်းခြုံထားခဲ့သည်။
ရုပ်ရှင်နှင့်ပတ်သက်သည့် သတင်းဖော်ပြမှုများမှလွဲ၍ မီဒီယာများသည် ဇနီးမောင်နှံများထံ လာရောက်လည်ပတ်ကြသည့်သတင်းကိုလည်း ရံဖန်ရံခါ တင်ဆက်ပေးတတ်ကြ၏။သူတို့ ဘယ်လောက်တောင် ချစ်မြတ်နိုးနေကြသလဲ?
ရုပ်ရှင်အကြိုမိတ်ဆက်ပွဲတွင် ဆုနိုလေးသည် ဖြူဖွေးနေသည့်ဝတ်စုံကို ၀တ်ထားသည်။စင်မြင့်အောက်တွင် ချစ်ရတဲ့တော်ဝင်ကိုယ်လုပ်တော်လေးနှင့် မျက်နှာအမာရွတ်နဲ့ကောင်တို့သည် ပုခုံးချင်းထိထိုင်နေကြသည်ကို မနာလိုစိတ်ဖြင့် ကြည့်ရှုခဲ့သည်။
သိုင်းဇာတ်လမ်းထဲက ခေါင်းဆောင်တစ်ယောက်လို သူ့မျက်နှာက ပုံမှန်မဟုတ်ဘဲ အေးစိမ့်လို့နေ၏။
ဒါကြောင့် ဆုနိုဟာ သူ့ရဲ့ပင်ကိုယ်စရိုက်ကို ပြောင်းလဲဖို့ ပြင်းပြင်းထန်ထန် အားထုတ်နေရပြီး ဇာတ်ကောင်စရိုက်က နက်ရှိုင်းလွန်းတာကြောင့် သူ့ကိုယ်သူ ရုန်းမထွက်နိုင်ဘဲ အကောင်းဆုံး ဇာတ်ဆောင်ဆုရှင်အဖြစ် ရပ်တည်နိုင်အောင် ကြိုးစားနေတယ်လို့ မီဒီယာအားလုံးက အရူးအမူးတင်ဆက်ခဲ့ကြပြန်သည်။
ဒီသတင်းကလည်း ခဏတာ ပြီးသွားပါပြီ။
သူ့ရဲ့ ပရိသတ်တွေကလည်း နိုနို ပြန်လည်ထွက်ပေါ်လာရင် အားပေးမယ်လို့ အွန်လိုင်းမှာ မှတ်ချက်တွေ ပေးခဲ့ကြသည်။ ဒီဇာတ်ကားက မျှော်လင့်ထားသလိုပဲ Box Office မှာ အကြီးကျယ်အောင်မြင်ခဲ့တဲ့ဇာတ်ကားပါပဲ။နှစ်စဉ်ကျင်းပမြဲဖြစ်သော ဆုပေးပွဲအခမ်းအနားတွင် ကျုံးလီဖုန်းပိုင်သည် အကောင်းဆုံးဒါရိုက်တာဆုကို အောင်မြင်စွာပြန်လည်ရယူနိုင်ခဲ့သည်။
မုချိုးသည် အလွန်ဂုဏ်ယူမိပြီး ဆုရှောင်းနိုသည်လည်း အရူးကဲ့သို့ လက်ခုပ်ထတီးသည်။စိတ်ရင်းမှန်ဖြင့် ပျော်ရွှင်စွာ ခံစားပေးခဲ့တာပဲလေ။
"အကောင်းဆုံးဇာတ်ဆောင်ဆုရမယ်လို့ မင်းထင်လား?" အိုးရန်လုံက သူ့နားထဲတွင် တိုးတိုးလေးကပ်ပြောသည်။
"ဒါက ကျွန်တော့်အတွက် လုံးဝအရေးမကြီးဘူး" ဆုနိုသည် အတော်လေး စိတ်အေးလက်အေးဖြင့် "အမည်စာရင်း တင်သွင်းခံရတာ ဝမ်းသာပါတယ်၊ဒါပေမယ့်လည်း လွဲချော်တယ်ဆိုတာကလည်း ပုံမှန်ပဲလေ။ဒီနှစ် မနိုင်ရင် နောက်နှစ် ထပ်ကြိုးစားမယ်။ ကျွန်တော့်ရဲ့ သရုပ်ဆောင်မှုစွမ်းရည်တွေ တိုးတက်လာဖို့ နေရာအများကြီးရှိပါတယ်။” နှိမ့်ချတတ်တဲ့ ဒီအရူးလေးက ချီးမွမ်းဖို့ထိုက်တန်တယ်!
"ဒီနှစ်ရဲ့ အကောင်းဆုံး ဇာတ်ပို့ဆုကတော့ ချိုးကျီယန်!" နောက်ထပ်နာမည်ကြီး တစ်ယောက်က နောက်ဆုကို ပေးအပ်လိုက်သည်။
စင်မြင့်အောက်မှ လက်ခုပ်သံများ ထွက်ပေါ်လာပြီး ဆုနိုသည် ဒါရိုက်တာအိုးရန်လုံဘက်ကို ချက်ချင်းလှည့်ကာ အဆိပ်များဖြင့်ပြည့်နှက်နေသောအသံဖြင့် "အကောင်းဆုံး ဇာတ်ဆောင်ဆုမရရင် ကိုယ့်ကိုယ်ကို သတ်သေပစ်မယ်!"
အိုးရန်လုံ:........
ချိုးကျီယန်၏တွဲဖက်သရုပ်ဆောင် သူငယ်ချင်းများထဲမှ တစ်ဦးက ဆုကိုတက်ယူပေးခဲ့သည်။ချိုးကျီယန်က ဖျားနာမှုကြောင့် ပျက်ကွက်ခဲ့သောကြောင့်ပင်။
ဘယ်လိုရောဂါမျိုးလဲဆိုရင်.......
"ဝိုး!ကြည့်!ဆုရပြီ!!" ထန်ရှောင်းယွီသည် အိမ်တွင် တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေသည်။
"ဒါဆို ကိုယ်ဆုရသွားပြီပေါ့" ချိုးကျီယန်က ပြုံးပြီး ထန်ရှောင်းယွီကို သူ့ပေါင်ပေါ်တင်ကာ "ကိုယ့်အတွက်ဆုကရော ဘာရမှာလဲ?"
"ညစာအတွက် အိမ်ချက်နံရိုးနဲ့မျစ်ချဉ်စွပ်ပြုတ်။" ထန်ရှောင်းယွီက သူ့ငယ်ထိပ်ကို ညင်သာစွာ ပွတ်သပ်လိုက်သည်။
ချိုးကျီယန်သည် ထန်ရှောင်းယွီကို ပွေ့ချီလိုက်ပြီး မတ်တပ်ရပ်လိုက်သည်။
"အဲ့အစား ပျော်ရအောင်။"
“ဟေး!” ထန်ရှောင်းယွီက ကန့်ကွက်လိုက်၏။
"နေ့ခင်းဘက်ပဲ ရှိသေးတယ်"
"နေ့ခင်းဘက် ဘာဖြစ်နေတာလဲ၊ နေ့ခင်းဘက်မှာပဲ ရှင်းရှင်းလင်းလင်း မြင်နေရတာလေ!" ချိုးကျီယန်က ထန်ရှောင်းယွီကို ကုတင်ပေါ်တင်ပြီး သူ့ခန္ဓာကိုယ်အပေါ်ကနေ ဖိလိုက်သည်။
"ကျွန်တော်တို့ မနေ့ညကပဲ လုပ်ခဲ့တာ!" ထန်ရှောင်းယွီက သူ့ကို ကန်ထုတ်လိုက်သည်။
"ဂရုမစိုက်ဘူး၊မတွေ့ရတာ တစ်နှစ်တောင်ရှိပြီ" ချိုးကျီယန်က သူ့နားရွက်လေးကို ကိုက်ပြီး "ဇနီးလေးခင်ဗျာ....ကာမစည်းစိမ်ကိုခံယူနိုင်ဖို့အတွက် တစ်ကြိမ်လောက်သာ ခွင့်တောင်းချင်ပါတယ်!"
ထန်ရှောင်းယွီက ငိုရမလား ရယ်ရမလားမသိတော့ပေ။ချိုးကျီရန်ရဲ့မျက်နှာပေါ်ကို ခေါင်းအုံးဖြင့် ဖိပစ်လိုက်သည်။
ဆုပေးပွဲအခမ်းအနားကို TV မှာ ဆက်လက်လွှင့်ခဲ့သည်။ပြီးဆုံးခါနီးတွင် မျှော်မှန်းထားသည့်အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုကို ပေးအပ်ရမည်ဖြစ်သည်။ဆုနိုသည် အလွန်စိတ်လှုပ်ရှားနေသော်လည်း မျက်နှာပြင်ပေါ်တွင်တော့ အေးဆေးတည်ငြိမ်စွာ သရုပ်ဆောင်ထားပြီး ပြောရရင်တော့ သူက ဆုနှင့်ထိုက်တန်ပါသည်ပေါ့။
"နောက်ပြီး တစ်နှစ်တာ အကောင်းဆုံးဇာတ်ဆောင်ဆုကို ပေးအပ်ပါတော့မယ်!!" တင်ဆက်သူသည် ခေတ္တရပ်ပြီး host အား ပြုံးပြကာ "ဘယ်သူဖြစ်နိုင်မလဲ ခန့်မှန်းကြည့်!"
"ဒါက ငါ မဖြစ်နိုင်ဘူးလား?ငါက အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆုအတွက်ပဲ အရည်အချင်းပြည့်မီတယ်"
ဒီလိုအချိန်မျိုးကို f*****k အဲ့ဒီလောက် အချိန်ဆွဲမနေနဲ့! ရပ်လိုက်တော့!ဆုနိုသည် စိတ်ထဲမှာတော့ ပွက်ပွက်ဆူနေပြီ။
အိုးရန်လုံသည် သူ့လက်ကို ဆုပ်ကိုင်ထားပြီး စိတ်တည်ငြိမ်စေရန် အချက်ပြလိုက်သည်။
သို့သော် host သည် တမင်တကာ ကျပန်းအကြောင်းအရာများကို အဆက်မပြတ်ပြောနေ၏။ဆုနို၏အာရုံကြောများက ပေါက်ကွဲထွက်သွားပြီး သူ့ခေါင်းပင် မူးဝေလာရသည်။
"ဆုနို" ဟူသောအမည်ကိုကြေငြာပြီးနောက် သူ့နားထဲတွင် ကျယ်လောင်သောစကားသံများ ထွက်ပေါ်လာပြီး ထိုင်ခုံပေါ်တွင် သုံးစက္ကန့်ကြာအောင် အေးခဲသွားခဲ့သည်။
အကောင်းဆုံးသရုပ်ဆောင်ဆုရှင်၏ချစ်စဖွယ်မှိန်းစက်နေသောအမူအရာသည် ကြီးမားသောဖန်သားပြင်ကြီးပေါ်တွင် တိကျသေချာစွာပြသထားသောကြောင့် ပရိသတ်များ အသည်းယားလာ၍ လေထဲ၌ လက်သီးများထိုးကာ သူ့နာမည်ကို ထပ်မံအော်ဟစ်ခဲ့ကြပြန်သည်။လူမှုမီဒီယာဝေဖန်ရေးဆရာများက ကောင်းကင်မှ ဆင်းသက်လာတဲ့ နိုနိုသည် ရံဖန်ရံခါ အလွန်ချစ်စရာကောင်းပြီး အပြစ်ကင်းသည်ဟု ဆိုကြသည်။
တန်းစီပြီး သူ့လက်ကို ထိချင်လာအောင် တအားလုပ်တယ်!
"ငါ သိနှင့်နေတယ်!" ဒိုင်အန်းသည် အတိုင်းအတာတစ်ခုအထိ စိတ်လှုပ်ရှားနေခဲ့သည်။
လော့လီက သူ့ဘေးမှာထိုင်နေပြီး သူတို့ပတ်ဝန်းကျင်က လှပတဲ့ အမျိုးသမီးနဲ့ အမျိုးသားတွေကို စကင်န်ဖတ်ပြီး ဒိုင်အန်းကို အခုချိန်ကစပြီး အနီးကပ်ကြည့်ဖို့ ဆုံးဖြတ်လိုက်၏။
"စင်ပေါ်တက်ဖို့အချိန်ရောက်ပြီ" အိုးရန်လုံက ဆုနိုကို တိုးတိုးလေးဖြင့် သတိပေးလိုက်သည်။
ဆုနိုသည် စင်မြင့်ပေါ်သို့ မူးဝေစွာလျှောက်သွားကာ တိမ်ကိုးထပ်ပေါ်တွင် လမ်းလျှောက်နေသကဲ့သို့ ခေါင်းငိုက်စိုက်ကျသွားသည်။
အနည်းဆုံးတော့ သူစောစောက ပြင်ဆင်ထားတဲ့ ကျေးဇူးတင်စကား မိန့်ခွန်းကို မမေ့သေးလို့သာ။ဒါက တော်ဝင်ကိုယ်လုပ်တော်လေးအတွက် စိတ်သက်သာရာရသွားသည့် နှစ်သိမ့်မှုတစ်ခုပါပဲ။
ကျန်သည့်ညနေခင်းတွင် ဆုနိုသည် သူ့မျက်နှာပေါ်မှ မထုံတက်သေးအမူအရာအတိုင်း ပြန်လုပ်လိုက်သော်လည်း သူ့မျက်လုံးထဲတွင် ရွှင်မြူးနေသည့် အရိပ်အယောင်တို့က ကျန်ရှိနေသေးရာ လူတိုင်း၏နှလုံးသားကို ခုန်ပေါက်သွားစေခဲ့သည်။ ဆိုရှယ်မီဒီယာများတွင် ၎င်းတို့သည် နိုနို၏အမာခံပရိသတ်ဖြစ်လိုကြောင်း ပြောဆိုနေကြပြီး မစ္စတာဒါရိုက်တာအပေါ် မနာလို၊ဝန်တိုမှုတွေနှင့် မုန်းတီးမှုများ ရှိသွားသည်ဟု ဆိုကြသည်။
အိုးရန်လုံသည် ဆုနို၏အမူအရာတွေကို ကြည့်ပြီး အနည်းငယ် စိုးရိမ်နေမိသည်။
ငါ့ရဲ့အရူးလေးက စိတ်လှုပ်ရှားလွန်းလို့ ပြိုလဲသွားတာလား?သူဘာလို့ မပြုံးရတာလဲ ?
ဆုပေးပွဲပြီးတာနဲ့ နှစ်ယောက်သား ကားပေါ်ပြန်တက်သွားကြသည်။ဒါပေမယ့် အိုးရန်လုံက ပါးစပ်မဖွင့်ခင် ဆုနိုသည် ဆုဖလားကို လက်တစ်ဖက်တည်းနဲ့ ကိုင်ထားလျက်ရှိနေကာ မစ္စတာဒါရိုက်တာကို တစ်ကိုယ်လုံးပတ်ရစ်ပတ်ထားလိုက်သည်။သူ ကိုက်လိုက်ပြီး ရယ်မောတစ်ဖြတ်,အရူးလို ကားပေါ်မှာ ခုန်ဆွခုန်ဆွဖြစ်နေသည်။
မစ္စတာဒါရိုက်တာက အခုမှ သက်ပြင်းတစ်ချက်ချရင်း "ကိုယ်က မင်း စိတ်လှုပ်ရှားတာကို မထိန်းချုပ်နိုင်တော့လို့ ဖြစ်နေတယ်ထင်ခဲ့တာ!"
"ဘယ်...ကျွန်တော်က ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာ!" ဆုနို သည် စိတ်အားထက်သန်စွာဖြင့် "ကျွန်တော် သရုပ်ဆောင်တာ အရမ်းကောင်းတာပဲမဟုတ်လား!"
“အင်း.... အကောင်းဆုံးမင်းသားပဲ” အိုးရန်လုံသည် သူ့နှာခေါင်းလေးကို ညစ်လိုက်ပြီး သူ့မျက်လုံးများက ရယ်မြူးစိတ်များဖြင့် ပြည့်နှက်နေသည်။
"ဆုရတော့ ဘယ်လိုခံစားရလဲ?"
"ကျွန်တော့်ခင်ပွန်းကို ကျေးဇူးတင်တယ်!" ဆုနိုသည် ဆုဖလားကို အိုးရန်လုံ၏ရင်ခွင်ထဲသို့ ရက်ရက်ရောရောပေးထားခဲ့သည်။
"ဒီမှာ....ဒါရိုက်တာကြီး ယူလိုက်လို့ရတယ်!"
"ကိုယ်က ဆုဖလားကို စိတ်မဝင်စားဘူး"
အိုးရန်လုံသည် ဆုနို၏နှုတ်ခမ်းကို စိတ်အားထက်သန်စွာ နမ်းလိုက်သည်။ "အကောင်းဆုံး ဇာတ်ဆောင်ဆုရှင်ကိုပဲ ပိုစိတ်ဝင်စားတယ်။"
“အင်း!” ဆုနိုသည် အိုးရန်လုံကို နမ်းရင်း လက်ထဲတွင်လည်း ဆုဖလားကို ကိုင်ထားရန်မမေ့ဘဲ လွှတ်ထားဖို့ကလည်း တွန့်ဆုတ်နေခဲ့သည်။
နှိုင်းယှဉ်ရမယ်ဆိုရင် မုချိုးနှင့် ဒါရိုက်တာကျုံးတို့သည် ဆုပေးပွဲမပြီးဆုံးမီက ထွက်ခွာသွားသောကြောင့် ဒါနဲ့ပတ်သတ်ပြီး ပိုမိုထိရောက်မှုရှိခဲ့သည်။သူတို့သည် ကားဖြင့် ကမန်းကတန်းပြန်ကာ ပြင်းပြင်းထန်ထန်လုပ်ဆောင်ချက်များဖြင့် အိမ်တွင် အခမ်းအနားများကို စတင်ခဲ့ကြသည်။
"ဟေ့ ခုထိ ဝိုင်သောက်တာ မပြီးသေးဘူး!" ကျုံးလီဖုန်းပိုင်သည် သူ့ကုတင်ပေါ်ရှိ ဝိုင်နီကိုကြည့်ပြီး အရမ်း..အရမ်းကိုသောက်ချင်နေသည်မှာ အမှန်ပင်။
“နောက်မှ သောက်တော့။” မုချိုးသည် ကျုံးလီဖုန်းပိုင်၏ရေချိုးဝတ်စုံကို စတင်ချွတ်လိုက်သည်။
“မရဘူး!” ကျုံးလီဖုန်းပိုင်က သူ့ကို ကန်ထုတ်လိုက်သည်။
မုချိုးက ဝိုင်နီကို ကိုင်လိုက်ပြီး ပါးစပ်ဖြင့် ငုံ့သောက်လိုက်ကာ ကျုံးလီဖုန်းပိုင်၏နှုတ်ခမ်းဖျားမှတဆင့် ဝိုင်ကိုတိုက်လိုက်သည်။
ဝိုင်ကို ဒီလိုသောက်လို့ မရဘူး!
ဒါရိုက်တာကျုံးက ဒေါသတကြီးနဲ့ စိတ်ထဲမှာတော့ ရုန်းကန်လိုက်၏။
လေပြေက ကန့်လန့်ကာတွေကို ဝေ့ဝဲတိုက်ခတ်သွားကာ ဝိုင်ရဲ့ရနံ့တွေက အခန်းထဲမှာ ပြည့်နှက်သွားစေ၏။
စားပွဲပေါ်၌ ဆုဖလားငယ်လေးတစ်ခုက မတ်မတ်ရှိနေလျက် မီးရောင်အောက်မှာ တောက်ပနေသည်။
ဒီကမ္ဘာကြီးက ကျယ်ပြန့်ကြီးမားလွန်းပါတယ်။ငါတို့တွေက မတူညီတဲ့လူတွေနဲ့ နေ့စဉ်တွေ့ဆုံနေကြရပြီး မတူညီတဲ့အရာများကို နေ့စဉ်နှင့်အမျှ ကြုံတွေ့နေရတာပဲလေ။
ဒါကြောင့် ကိုယ် သဘောကျကြိုက်နှစ်သက်တဲ့လူနဲ့တွေ့ရင် ကျေးဇူးပြုပြီးတော့ သူတို့နဲ့နေနိုင်အောင် ကြိုးစားကြည့်လိုက်ပါ။
o(n_n)o
【ပြီး】
T/N:နိုနိုလေးတို့ ဒီမှာတင် ပြီးသွားပါပြီ။
¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎
[Zawgyi]
အခန္း(၁၁၀):႐ုပ္႐ွင္႐ိုက္ကူးေရး ၁၃
ျပတင္းေပါက္အျပင္ဘက္တြင္ ေလျပင္းမ်ား ဆက္လက္တိုက္ခတ္လာ၏။ဆယ္မိနစ္ခန္႔အၾကာတြင္ ေလာ့လီသည္ ဝယ္လာသည့္အစားအေသာက္အစုံအလင္ျဖင့္ ျပန္ေရာက္လာၿပီး မိုးေရစက္ေတြက သူ႕အဝတ္အစားေတြမွ စီးက်လာသည္။
"ဘာလို႔ ထီးမဝယ္လာရတာလဲ?" ဒိုင္အန္းက ေမးသည္။
"ေလထန္လြန္းတယ္၊ထီးေတြနဲ႔ အဆင္မေျပဘူး" ေလာ့လီသည္ ထမင္းဘူးမ်ားကို စားပြဲေပၚတင္လိုက္သည္။စိုေနသည့္ အက်ႌကို ခြၽတ္ကာ ဆံပင္အေျခာက္သုတ္ရန္ ေရခ်ိဳးခန္းထဲသို႔ ဝင္သြားသည္။
သူ႕ရဲ႕ေၾကးညိဳေရာင္အသားေရာင္က သူ႕ရဲ႕က်န္းမာေရးေကာင္းေနတာကို ေဖာ္ျပေနၿပီး ေတာင့္ေတာင့္တင္းတင္း႐ွိေနတဲ့ႂကြက္သားေတြနဲ႔ ေလာ့လီရဲ႕ ပုံသဏၭာန္ဟာ catwalk ေလွ်ာက္လမ္းေပၚက အမ်ိဳးသားေမာ္ဒယ္တစ္ေယာက္နဲ႔တူေနသည္။
သို႔ေသာ္ ဒိုင္အန္းကေတာ့ျဖင့္ သူ႕ရဲ႕အလွကို ခ်ီးမြမ္းလိုစိတ္မ႐ွိ၊စိတ္ဖိစီးေနဆဲျဖစ္သည္။
"ဘာလို႔မစားေသးတာလဲ?" ေလာ့လီသည္ သူ႕ဆံပင္ကို အေျခာက္ခံၿပီးေနာက္ ထြက္လာခဲ့သည္။ဒိုင္အန္းတစ္ေယာက္ သူ႕ကုလားထိုင္ေပၚတြင္ မွိန္းေနေသးသည္ကို ျမင္လိုက္ရသျဖင့္ သူ႕အတြက္ ထမင္းဘူးမ်ားကို ဖြင့္ေပးလိုက္သည္။သူ႕ရဲ႕ဗလာက်င္းလ်က္႐ွိေနတဲ့အေပၚပိုင္းကို ဒီလိုပုံစံနဲ႔ လႈပ္႐ွားေနတာကို ျမင္ရတာ ဆြဲေဆာင္မႈ႐ွိေနၿပီး သူ႕မွာ အက်ည္းတန္တဲ့ ခ်ဳပ္႐ိုးအစင္းေၾကာင္းေတြပါ ႐ွိေနေသးသည္။
အမာ႐ြတ္ကိုၾကည့္႐ုံျဖင့္ ဒိုင္အန္း၏ဦးေရျပားသည္ တစ္ဆစ္ဆစ္ျဖစ္သြားၿပီး သူ႕ရင္ဘတ္ထံမွ ႐ုတ္တရတ္စူး႐ွသြားသလို ခံစားလိုက္ရသည္။
မသိရင္ သူမွာ အမာ႐ြတ္ေတြ ႐ွိသြားသလိုပဲ!
"ဒါေတြက တိုက္ပြဲမွာ ရခဲ့တဲ့အမာ႐ြတ္ေတြ" ေလာ့လီသည္ သူ႕ေခါင္းထိပ္ကို ညင္သာစြာ ပြတ္သပ္လိုက္သည္။ “မင္း စားသင့္ၿပီ”
"ခင္ဗ်ားရဲ႕ႏွလုံးသားကို ေရာက္လုနီးနီးပဲ" ဒိုင္အန္းက မ်က္ခုံးတြန္႔ကာ။သူ ဘာလို႔ ဒီေလာက္ေတာင္မဆင္မျခင္လုပ္ရတာလဲ?
"မင္းႏွလုံးသားကို နာက်င္သြားေစလို႔လား?" ေလာ့လီသည္ အေပ်ာ္သေဘာျဖင့္ သူ႕ကို ျပဳံးျပလိုက္သည္။
ရင္နာတယ္ဆိုတဲ့စကားလုံးက အလြန္ျပင္းထန္သည့္ စကားလုံးျဖစ္သည္။ဒိုင္အန္းသည္ အစတြင္ အံ့ဩသြားၿပီး ေနာက္မွာေတာ့ဦးေရျပားမ်ား ထုံက်င္သြားသည္အထိ ေဒါသထြက္သြားခဲ့သည္။ ေနာက္ဆုံးတြင္ သူသည္ ၿဂိဳလ္သားတစ္ေယာက္ကို ၾကည့္ေနသလို ေလာ့လီကို ေမာ့ၾကည့္လိုက္သည္။
"ခင္ဗ်ား ဘာေျပာလိုက္တာလဲ!?"
“ဘာမွမဟုတ္ပါဘူး” ေလာ့လီက သူ႕ကို တူတစ္စုံ ေပးလိုက္သည္။
ဒိုင္အန္းက ေဒါသတႀကီးနဲ႔ “ကြၽန္ေတာ္ႏွလုံးသားက ခင္ဗ်ားအတြက္ မနာက်င္ဘူး။အရမ္းႀကီး ျဖစ္ျပမေနပါနဲ႔!"
"ဒါက ဒီအတိုင္းပဲ ေျပာလိုက္တာပါ၊အရမ္းႀကီး စိတ္မလႈပ္႐ွားေနပါနဲ႔" ေလာ့လီက မတုန္မလႈပ္အေနအထားျဖင့္ ျပဳံးျပလိုက္သည္။
ဒိုင္အန္းသည္ ေခါက္ဆြဲတစ္ပြဲလုံးကို အရသာေတာင္မခံႏိုင္ေတာ့ဘဲ စားလို႔ၿပီးသြားေလသည္။ေသခ်ာစဥ္းစားၿပီးမွ သူက တည္တည္ၿငိမ္ၿငိမ္ျဖင့္ေျပာလိုက္သည္။
“ကြၽန္ေတာ္႕ဒဏ္ရာေတြကလည္း သက္သာသြားၿပီ၊မနက္ျဖန္ ေတာင္ေပၚက႐ုပ္႐ွင္႐ိုက္ကူးေရးဆီကေန လူတစ္ေယာက္ကို လႊတ္လိုက္ဖို႔ ေခၚလိုက္မယ္။ခင္ဗ်ားလည္း အလုပ္ျပန္ရမယ္!"
ရက္ရက္စက္စက္ပင္!
ဒါေပမယ့္လည္းSir Knife Scar မွအၾကံျပဳခ်က္ကို ခ်က္ခ်င္း ပယ္ခ်ခဲ့သည္။
"ခင္ဗ်ား ကြၽန္ေတာ္႕အလုပ္ကို ဝင္ေရာက္စြက္ဖက္ခြင့္မ႐ွိဘူး!" ေတာ္ဝင္ကိုယ္လုပ္ေတာ္ေလးက ေဒါသတႀကီးျဖင့္!
"မင္းရဲ႕အလုပ္ကို ငါဝင္မစြက္ဖက္ပါဘူး၊မင္းအခ်ိန္မေ႐ြး ျပန္သြားႏိုင္တယ္" ေလာ့လီက တည္ၿငိမ္စြာေျပာသည္။ "ဒါေပမယ့္ မင္းလည္း ငါ့အလုပ္ကို အေႏွာင့္အယွက္မေပးသင့္ဘူး"
"ဘာကိုဆိုလိုတာလဲ?" ဒိုင္အန္းက ေမးသည္။
“႐ုပ္႐ွင္ကို ရင္းႏွီးျမႇဳပ္ႏွံသူတစ္ေယာက္အေနနဲ႔ ႐ုပ္႐ွင္႐ိုက္ကူးေရးေနရာကို သြားၾကည့္ခြင့္႐ွိတယ္။” ေလာ့လီသည္ကား အလြန္ပင္ အတင္းအၾကပ္ႏွင့္။ "ဒါေၾကာင့္မို႔ ငါလည္း မင္းနဲ႔ျပန္လိုက္မယ္"
ဒိုင္အန္းကို ထပ္ၿပီး စိတ္႐ႈပ္ေစခဲ့ျပန္သည္။
ေလာ့လီသည္ ႂကြယ္ဝၿပီး စြမ္းအားႀကီးမားကာ ဆြဲေဆာင္မႈ႐ွိ႐ွိ ဖိအားေပးမႈတို႔ျဖင့္ ျပည့္ႏွက္ေနေသာေၾကာင့္ ဒိုင္အန္းသည္ ဒီေဆြးေႏြးမႈတြင္ျမင္သာထင္သာ႐ွိသည့္ တိုးတက္မႈတစ္စုံတစ္ရာ မ႐ွိခဲ့ေပ။ဒိုင္အန္းသည္ စိတ္ထဲမွာသာ ညည္းတြားႏိုင္ေလေတာ့သည္။
သူသည္ တီဗီရီမုတ္ကို ကိုင္ကာ အမ်ိဳးသားေမာ္ဒယ္လ္အသစ္မ်ား ေရငုပ္႐ိႈးျပသေနသည့္ ခ်န္နယ္တစ္ခုတြင္ ရည္႐ြယ္ခ်က္႐ွိ႐ွိ ရပ္လိုက္သည္။
ဖန္သားျပင္သည္ ဆြဲေဆာင္မႈ႐ွိသည့္ေရကူးေဘာင္းဘီကိုသာ ၀တ္ဆင္ထားသည့္ လူငယ္မ်ားႏွင့္ ျပည့္ေနၿပီး အသီးသီး၏အာ႐ုံစူးစိုက္မႈကို ခံေနရသည္။ေလာ့လီ၏အတြင္းထဲမွသားရဲသည္ ႏိုးၾကားလာၿပီး တီဗီ႐ိႈးမွ လူငယ္တစ္ဦး သို႔မဟုတ္ ထို႔ထက္ပိုေသာ လူမ်ားအေပၚ ဆြဲေဆာင္ခံသြားႏိုင္ေစရန္ ဆႏၵ႐ွိၿပီး ေတာင္ေပၚက ဧကရာဇ္ငယ္ေလးအေပၚ မက္ေမာေနသည္ကို ရပ္တန္႔သြားေစခ်င္သည္။
ေလာ့လီဆီ အျခားလူတစ္ေယာက္ကို ထိုးထည့္လိုက္တာကအနည္းငယ္ အက်င့္မေကာင္းသည္ဟု ခံစားရေသာ္လည္း မတက္ႏိုင္။ထို႔အျပင္ တီဗီ႐ိႈးအတြက္ ေစတနာ့ဝန္ထမ္းလုပ္ေနသည့္ လူငယ္မ်ားေတြကလည္း အက်ိဳးဆက္မ်ားကို ရင္ဆိုင္ရန္ ျပင္ဆင္ထားသင့္သည္။ေမွာင္မိုက္ေနသည့္ ေဖ်ာ္ေျဖေရးေလာကက႐ွိ လူတိုင္းက ဆုႏိုေလာက္ ႏုံအၿပီး ႐ိုး႐ွင္းသည့္စိတ္ထားမ်ိဳးမ႐ွိၾကေပ။
ေလာ့လီက တီဗီ႐ိႈးကို လုံးဝစိတ္မဝင္စားသည့္အတြက္ ဝမ္းနည္းစရာပင္။ဆယ္မိနစ္ေလာက္ၾကာေတာ့ သူ အိပ္ေပ်ာ္သြား၏။
ဒါ အဓိပၸါယ္မ႐ွိဘူး!ဒိုင္အန္းက သူ႕ေကာ္လံကေန ကိုင္လႈပ္ခ်င္ေနသည္။ေလာ့လီရဲ႕ ယုတ္ညံ့တဲ့အဆင့္အရ ဒီပုံေတြကိုျမင္ၿပီး သူ႕မ်က္လုံးေတြက အခုခ်ိန္မွာ ဆာေလာင္မြတ္သိပ္မႈေတြနဲ႔ ေတာက္ပေနရမွာ မဟုတ္ဘူးလား။တီဗီေပၚခုန္တက္ၿပီး စခရင္ကို လ်က္လိုက္ရင္ေတာင္ လုံးဝနားလည္ႏိုင္ေသးတယ္။ဒီလိုအခ်ိန္မ်ိဳးမွာ သူဘယ္လိုမ်ား အိပ္ႏိုင္ရတာလဲ!
ေလာ့လီအိပ္ေပ်ာ္ေနတာကိုျမင္ေတာ့ ေတာ္ဝင္ကိုယ္လုပ္ေတာ္ေလးက သက္ျပင္း႐ွည္ႀကီးထုတ္လိုက္သည္။
တီဗီ႐ိႈးက ၿငီးေငြ႕စရာေကာင္းၿပီး အိပ္ေပ်ာ္ေစ၏။ဆယ္မိနစ္ခန္႔ၾကာၿပီးေနာက္ ဒိုင္အန္းသည္ ရီမုကို ခ်လိုက္ၿပီး တိုးတိုးေလးေဟာက္ရင္း အိပ္ေပ်ာ္သြားေတာ့သည္။သုံးနာရီျပည့္ေအာင္ အိပ္လိုက္ရကာ။သူက အံဖြယ္အိမ္မက္ေတာင္ မက္လိုက္ေသး၏။ ဆုႏိုေလးနဲ႔အတူ တစ္ႏိုင္ငံလုံးအႏွံ BBQ သြားစားၾကေလတဲ့, အံ့ၾသစရာပါပဲ။သူ႕မွာ ဒီလို ျမင့္မားတဲ့ဆႏၵေတြ ႐ွိေနတာပဲ!
သူ႕ အကင္ေနာက္ဆုံးအကိုက္ကို မ်ိဳခ်လိုက္ၿပီးေနာက္ ေတာ္ဝင္ကိုယ္လုပ္ေတာ္ေလးက ေက်နပ္စြာ ႏိုးထလာသည္။ထို႔ေနာက္ သူသည္ ေလာ့လီ၏ရင္ခြင္ထဲတြင္ တင္းက်ပ္စြာ ေပြ႕ဖက္ထားခံရသည္ကို အံ့အားသင့္စြာျဖင့္ ေတြ႕႐ွိလိုက္ရသည္။သူ႕မ်က္ႏွာက ေလာ့လီရဲ႕ ဗလာက်င္းေနတဲ့ရင္ဘတ္ကို ဖိမိထား႐ုံတင္မကဘဲ ဂ်ဴနီယာဒိုင္အန္းေလးလည္း အနည္းငယ္ က်ဥ္တက္သြားရသည္။
ဒိုင္အန္းတစ္ေယာက္ စိတ္လြတ္သြား၏။ဤသည္မွာ ပထမဆုံးအႀကိမ္မဟုတ္ေပ။နားမလည္ႏိုင္ေလာက္ေအာင္ပါပဲ!
ခ်က္ခ်င္း တြန္းထုတ္ပစ္ရမယ္!!!!!
"မင္း အေစာႀကီးႏိုးေနတာလား?" ေလာ့လီက အိပ္ခ်င္ေနေသးေသာ မ်က္လုံးမ်ားျဖင့္ ေျပာလိုက္သည္။သူသည္ လွည့္ၿပီး အိပ္ယာခင္းကိုေပြ႕ဖက္ရင္း ဆက္အိပ္သည္။
"ဒီအခ်ိန္ကို အေစာႀကီးလို႔ေျပာေနတာလား?" ဒိုင္အန္းက သူ႕ဆီကို ေခါင္းအုံးျဖင့္ပစ္ေပါက္လိုက္ၿပီး "ညစာစားခ်ိန္ေရာက္ေနၿပီ!"
ဆုႏိုနဲ႔ တြဲမိကတည္းက ေတာ္ဝင္ကိုယ္လုပ္ေတာ္ေလး၏အခ်ိန္တိုင္းတာမႈသည္ "နံနက္စာစားခ်ိန္"၊ "ေန႔လည္စာ"၊ "ညစာစားခ်ိန္မတိုင္ခင္ႏွစ္နာရီ" ႏွင့္ "ညဥ့္နက္ပိုင္းစားခ်ိန္" ကဲ့သို႔ ေဝါဟာရမ်ားျဖစ္လာသည္။အားလုံးက အရမ္း႐ိုး႐ွင္းပါတယ္!
"ဗိုက္ဆာေနၿပီလား?" ေလာ့လီသည္ ေမွာက္လ်က္လဲေလ်ာင္းရင္း မ်က္လုံးမ်ားကို ဖြင့္လိုက္ၿပီး ဒိုင္အန္း၏ဗိုက္ကို ေပါ့ေပါ့ပါးပါး ဆုပ္ကိုင္လိုက္သည္။
ေဒါသတႀကီးျဖင့္ ဒိုင္အန္းက သူ႕ကို ေခါင္းအုံးနဲ႔ ႐ိုက္ျပန္၏။
ေလာ့လီသည္ တိုက္ခိုက္ျခင္းကို ၾကင္နာတရားႀကီးစြာျဖင့္ လက္ခံခဲ့သည္။
သူက စိတ္သေဘာထားႀကီးတာပဲ!
"မစားဘူး!" ဒိုင္အန္းက မာနအထိနာစြာျဖင့္ တင္းခံၿပီးေျပာလိုက္ေသးသည္။
"BBQ သြားစားရေအာင္" ေလာ့လီက ထထိုင္လိုက္သည္။ “မိုးစဲသြားၿပီ၊အျပင္မွာ ေလေကာင္းေလသန္႔ သြား႐ွဴရေအာင္ေလ”
"မသြားဘူး!" ေတာ္ဝင္ကိုယ္လုပ္ေတာ္ေလးက ကိုယ္အေလးခ်ိန္ခ်ခ်င္တာေၾကာင့္ ေခါင္းမာမာနဲ႔ ေျပာေနသည္။
"ဒီေန႔က ငါ့ေမြးေန႔ေလ။"
ဒိုင္အန္းက သူ႕ကို သံသယနဲ႔ၾကည့္လိုက္၏။
"ခင္ဗ်ားရဲ႕ေမြးေန႔လား?"
"မယုံလို႔လား?" ေလာ့လီက သူ႕ကို ညစ္ညမ္းသည့္အၾကည့္ျဖင့္စူးစူးရဲရဲ ၾကည့္ေနသည္။
အမာ႐ြတ္႐ွိတဲ့လူက ဘာေၾကာင့္ သူ႕ေမြးေန႔ပြဲကို က်င္းပရတာလဲ?ငါေတာင္ ကိုယ့္ေမြးေန႔ကို က်င္းပတဲ့ အေလ့အက်င့္ မ႐ွိဘူး။ေတာ္ဝင္ကိုယ္လုပ္ေတာ္ေလးသည္ စိတ္ထဲမွာပင္ညည္းတြားလိုက္သည္။
"ဒါေၾကာင့္ BBQ သြားစားရေအာင္" ေလာ့လီက သူ႕ကို ဖိနပ္စီးဖို႔ ကူညီေပးခဲ့သည္။
“...........”
ေတာ္ဝင္ကိုယ္လုပ္ေတာ္က တုံ႔ဆိုင္းစြာ လိုက္သြားခဲ့သည္။လူတိုင္းက သူတို႔၏ေမြးေန႔တြင္ အခြင့္ထူးအခ်ိဳ႕ႏွင့္ ထိုက္တန္ပါတယ္ေလ။
ထို႔ေနာက္ သူ႕ဆုံးျဖတ္ခ်က္ကို ခ်က္ျခင္းေနာင္တရမိ၏။သူတို႔ႏွစ္ေယာက္ BBQ စားေသာက္ဆိုင္မွာ ထိုင္လိုက္တဲ့အခါမွာေတာ့ ေလာ့လီက ႐ုတ္တရက္ ေလးနက္တဲ့ေလသံနဲ႔ ေျပာလိုက္သည္။
"ငါ့ေမြးေန႔အတြက္ မင္း ဘာေပးမွာလဲ?"
ဒိုင္အန္းက လက္ဖက္ရည္ေသာက္ရင္း နင္သြားရသည္။ခင္ဗ်ားအတြက္ ဘာမွ ယူလာတာမဟုတ္ဘူးေလ!တျခားသူေတြဆီက လက္ေဆာင္ကို ဘယ္လိုလူမ်ိဳးက အတင္းေတာင္းဆိုမွာလဲ!
သို႔ေသာ္ ေလာ့လီ၏မ်က္လုံးမ်ားသည္ ေမွ်ာ္လင့္ခ်က္မ်ားျဖင့္ ျပည့္ႏွက္ေနခဲ့သည္။
“....ကြၽန္ေတာ္႕မွာ အခ်ိန္မ႐ွိဘူးေလ၊ဘာမွ မျပင္ဆင္ထားရဘူး” ဒိုင္အန္းက ေခါင္းကိုက္လာရသည္။ "စားၿပီးသြားရင္ ခင္ဗ်ားလိုခ်င္တာကို လုပ္ေပးမယ္ေလ။"
"ကတိေနာ္" ေလာ့လီက မဆိုင္းမတြ ျပန္ေျဖလိုက္ၿပီး "ဒါဆို ဒီေန႔ မင္းဘာလို႔ သီခ်င္းမဆိုေပးမွာလဲ!"
"ကြၽန္ေတာ္ သီခ်င္းမဆိုႏိုင္ဘူး" ဒိုင္အန္းက ခ်က္ခ်င္း ျငင္းလိုက္သည္။
"ကိစၥမ႐ွိပါဘူး၊ စာသားေတြၾကည့္ဆိုလိုက္ေလ" ေလာ့လီက ညႇိလိုက္သည္။
"ဖတ္႐ုံပဲလား?" ဒိုင္အန္းက မ်က္ႏွာညိႇဳးသြားသည္။သူ႕စိတ္ထဲတြင္ “Happy birthday to you” ကို ေလးႀကိမ္ဆက္တိုက္ ေၾကျငာသူအသံႀကီးျဖင့္ သတင္းသမားတစ္ေယာက္၏ပုံစံအတိုင္း ဖတ္ေနမိသည္။ဘယ္ေလာက္ေတာင္ တုံးအတဲ့ပုံႀကီးလဲ!
ထို႔ေၾကာင့္ ေအာက္ငုံ႔ၾကည့္ကာ ပါးစပ္ထဲ အသားထည့္ရန္သာ အာ႐ုံစိုက္လိုက္သည္။
“အနည္းဆုံးေတာ့ မင္း ငါ့ကို ေပ်ာ္႐ႊင္ပါေစဆိုၿပီး ေမြးေန႔ဆုေတာင္းေပးသင့္တယ္။” ေလာ့လီက သက္ျပင္းခ်လိုက္သည္။
အဲ့ေလာက္ႀကီး အရမ္းစိတ္ဓါတ္က်ေနစရာမလိုပါဘူး။ဒိုင္အန္းက သူ႕ကို တိတ္တဆိတ္ စိုက္ၾကည့္ရင္း စိတ္မ၀င္စားသည့္ပုံစံျဖင့္။ "ေပ်ာ္႐ြင္ဖြယ္ရာေမြးေန႔ ျဖစ္ပါေစ"
ေလာ့လီက ထပ္ေတာင္းဆို၏။ "မင္း ဒီထက္ပိုၿပီး ခံစားခ်က္ေတြ ထည့္သင့္တယ္"
"အရမ္း လြန္မလာပါနဲ႔!" ေတာ္ဝင္ကိုယ္လုပ္ေတာ္ေလးသည္ ေလာ့လီ၏ပါးစပ္ထဲသို႔ အမဲသားကိုထိုးထည့္လိုက္သည္။
Sir Knife Scar သည္ အလြန္စိတ္အေျခအေနေကာင္းေနပုံရသည္။
ၿပီးခဲ့ေသာရက္အနည္းငယ္အတြင္း အတူ႐ွိေနၿပီးေနာက္တြင္ သူသည္ အရာတစ္ခုကို ပို၍ေသခ်ာလာခဲ့သည္။
သူ... ေပ်ာက္ဆုံးသြားသည့္ရတနာတစ္ပါးကို ႐ွာေဖြေတြ႕႐ွိခဲ့ပုံပင္။
BBQ သည္ သူတို႔ႏွစ္ဦးစလုံးကို ခံတြင္းေတြ႕သြားေစသည္။ေတာ္ဝင္ကိုယ္လုပ္ေတာ္ေလးက ဆန္အရက္ပုလင္းတစ္ဝက္ကို ေသာက္ၿပီးေနာက္ ေနာက္ဆုံးတြင္ စိတ္ေျပေလ်ာ့သြားကာ တစ္ဝက္ စိတ္ေလွ်ာ့ခ်ၿပီး ေမြးေန႔သီခ်င္းတစ္ပုဒ္ကို သီဆိုေပးခဲ့သည္။ေလာ့လီတစ္ေယာက္ ရယ္စျပဳလာေသာအခါတြင္ ဆိုေနသည္ကို ရပ္သြားၿပီး Sir Knife Scar ကို စီးကရက္ဘူးျဖင့္ မညႇာမတာ တိုက္ခိုက္(ေပါက္)ခဲ့သည္။
ေက်းဇူးကန္းတဲ့ အယုတ္တမာေကာင္က အျပင္ကိုဆြဲထုတ္ခံရၿပီး ဆယ္မိနစ္ျပည့္ေအာင္ လုပ္ခံရဖို႔ ထိုက္တန္တယ္!
ထမင္းစားၿပီးေနာက္ ဒိုင္အန္းသည္ ဝွီးခ်ဲေပၚတြင္ ျပန္ထိုင္ကာ ေလာ့လီသည္ ျမစ္ကမ္းစပ္သို႔ လမ္းေလွ်ာက္ထြက္ခဲ့သည္။သူတို႔က ဝွီးခ်ဲေပၚတြင္ ထိုင္ေနသည့္ သက္ႀကီး႐ြယ္အိုဇနီးသည္ကို တြန္းေပးကာ လမ္းေလွ်ာက္ေနၾကသည့္ သက္ႀကီး႐ြယ္အိုစုံတြဲကို ေက်ာ္ျဖတ္လာခဲ့သည္။
“ၾကည့္” ေလာ့လီသည္ နား,နားသို႔ကပ္လိုက္သည္။ "ငါတို႔က အဲဒီအခ်ိန္မေရာက္ခင္ အေတြ႕အၾကဳံကို အရင္ယူေနၾကသလိုပဲေနာ္"
ဒိုင္အန္း၏လည္ပင္းက နီရဲလို႔သြားသည္။ခင္ဗ်ားက ကြၽန္ေတာ္တို႔ကို သာယာေပ်ာ္႐ႊင္ေနတဲ့ အိမ္ေထာင္႐ွင္စုံတြဲနဲ႔ ဘာလို႔ ခိုင္းႏိႈင္းေနရတာလဲ!
"ငါရဲ႕အရည္အခ်င္း သိပ္မဆိုးပါဘူးေနာ္?" ေလာ့လီသည္ ျမစ္ကမ္းနား႐ွိ ကုလားထိုင္ေပၚတြင္ တစ္ေယာက္ႏွင့္တစ္ေယာက္ ေဘးခ်င္းကပ္ထိုင္လ်က္ ေမးလိုက္သည္။
ဒိုင္အန္းက ခဏေလာက္ေတြးၿပီး "ကြၽန္ေတာ္ ခင္ဗ်ားအေပၚတင္ေနတဲ့ အေႂကြးေလးသိန္းကို ေခ်ဖ်က္ေပးရင္ ဆယ္မွတ္ထပ္ေပးမယ္။"
"အခု အမွတ္ဘယ္ေလာက္ရေနၿပီလဲ?" ေလာ့လီက ေမးလိုက္သည္။
“ငါးဆယ္။” လက္ေတြ႕ဘဝက ရက္စက္ပါတယ္!
"ေနာက္ဆယ္မွတ္ဆို ငါေအာင္ၿပီလား?" ေလာ့လီသည္ ဒိုင္အန္း၏နား႐ြက္ကို ၾကမ္းတမ္းစြာ လိမ္လိုက္သည္။
ဒိုင္အန္းက နာက်င္စြာေအာ္ၿပီး “ဆယ္မွတ္ႏုတ္ၿပီ!”
"ေလးသိန္း! ေလးသိန္း! ေလးသိန္းေနာ္!" ေလာ့လီသည္ သူ႕နားေဘးတြင္ ေရ႐ြတ္လိုက္သည္။
ဒါက ဘာအဓိပၸာယ္လဲ!ဒိုင္အန္းသည္ အနည္းငယ္ စိတ္႐ႈပ္သြားသလို တစ္ခ်ိန္တည္းမွာပင္ ရယ္ခ်င္လာကာ သူ႕ကို တြန္းထုတ္လိုက္သည္။
ေလာ့လီသည္ ဒိုင္အန္း၏ဗိုက္ကို ညႇစ္ထားလိုက္ျပန္၏။
'သူက ရယ္ရင္ၾကည့္ေကာင္းတာပဲ!'
ဒီလိုဘဝမ်ိဳးက ႐ိုး႐ိုးသားသားေျပာရရင္ မဆိုးပါဘူး!
တစ္ကိုယ္ေကာင္းဆန္စြာ မစၥတာအမာ႐ြတ္သည္ ဒိုင္အန္း၏ဒဏ္ရာကို အလြန္ေႏွးေကြးစြာ ျပန္ေကာင္းေစခ်င္ခဲ့သည္။
ျပန္ေကာင္းဖို႔ရာ ေနာက္ထပ္ ရက္ေပါင္းသုံးဆယ္ သို႔မဟုတ္ ေလးဆယ္ၾကာေအာင္ ဆက္သြားေစလိုသည္။ဒါေပမယ့္ ဒါက မျဖစ္ႏိုင္ဘူးဆိုတာ သိသာပါသည္။မာဖီးယားဂိုဏ္းကေတာင္ တစ္စုံတစ္ေယာက္ရဲ႕ေျခက်င္းဝတ္ကို အတင္းဆြဲၿပီး ေနာက္တစ္ႀကိမ္ ထပ္လိမ္လိုက္လို႔မရပါဘူး။ရက္ေတြၾကာလာသည္ႏွင့္အမွ် ေတာ္ဝင္ကိုယ္လုပ္ေတာ္ေလးသည္ ေနာက္ဆုံးတြင္ တစ္ဖန္ျပန္ခုန္လာႏိုင္သည္။
သူတို႔ႏွစ္ေယာက္ဟာ အမိႈက္ဇာတ္လမ္းတြဲေတြကို ခဏခဏၾကည့္ရင္း တစ္ေယာက္ကိုတစ္ေယာက္ ရင္ဖြင့္၊ေဆး႐ုံမွာ ေဆးစစ္၊ လမ္းေလွ်ာက္ထြက္၊အရသာ႐ွိတဲ့ အစားအေသာက္ေတြစားၿပီး မနက္ခင္းမွာ တစ္ေယာက္ကိုတစ္ေယာက္ ေပြ႕ဖက္ၿပီး ႏိုးထလာၾကေတာ့ သူတို႔ၾကားက အေငြ႕အသက္ေတြက ေနာက္ဆုံးေတာ့ ပမာဏနည္းနည္းေျပာင္းသြားေတာ့သည္။
“လြန္ခဲ့တဲ့ ရက္အနည္းငယ္က ကြၽန္ေတာ့္ကို ဂ႐ုစိုက္ေပးလို႔ ေက်းဇူးတင္ပါတယ္” ဒိုင္အန္းက ႐ိုး႐ိုးသားသားေျပာလိုက္သည္။
"ရပါတယ္" ေလာ့လီက သူ႕အိတ္ကို ေပးလိုက္သည္။ "ခရီးသြားရင္ သတိထား"
အလုပ္မွာ တစ္ခုခုေပၚလာခဲ့ေသာေၾကာင့္ ေလာ့လီက ႐ုံးကို အျမန္ျပန္ရမွာဆိုေတာ့ ဒိုင္အန္းတစ္ေယာက္တည္း ေတာင္ေပၚမွာ႐ွိတဲ့ ႐ုပ္ကူးေရးေနရာကို တစ္ေယာက္တည္း ဆက္သြားရမည္ျဖစ္သည္။
“....ႏိုႏိုရဲ႕ဇာတ္ကားၿပီးသြားရင္ ခင္ဗ်ားကို ညစာလိုက္ေကြၽးပါ့မယ္” ဒိုင္အန္းက မဝံ့မရဲနဲ႔ ေျပာလိုက္သည္။
"မင္းပဲလား ဒါမွမဟုတ္ ႏွစ္ေယာက္လုံးလား?" ေလာ့လီသည္ ဒိုင္အန္းကို ႐ႊင္ျမဴးစြာ ၾကည့္ရင္း ပါးစပ္ကို အနည္းငယ္ေကြးလိုက္သည္။
ဒိုင္အန္းက သူ႕အၾကည့္ေတြကို ေ႐ွာင္လိုက္သည္။
"ေနာက္တာပါ။မင္းျပန္လာရင္ ငါတို႔ႏွစ္ေယာက္ပဲ ဂ်ပန္စာ သြားစားရေအာင္" ေလာ့လီက သူ႕ေခါင္းထိပ္ကို ညင္သာစြာပြတ္သပ္ေပးလိုက္သည္။ “ကဲ သြားေတာ့ေလ”
ဒိုင္အန္းက ကားေပၚတက္ၿပီး ျပတင္းေပါက္ကေန ေခါင္းထြက္လိုက္ၿပီး ေလာ့လီကို ေဝွ႔ယမ္းျပလိုက္သည္။
Sir Knife Scar သည္ လက္ေလးေခ်ာင္းကို တင္းၾကပ္စြာ ဆုပ္ကိုင္ထားသည္။
“ဟားဟားဟားဟားဟား....” ဒိုင္အန္းက ရယ္ေမာလိုက္သည္။
"ေလးသိန္းကို ဘယ္ေတာ့မွ ျပန္မေပးေတာ့ဘူး!"
ေလာ့လီက ျပဳံးၿပီး ဒိုင္အန္းကို ႏူးညံ့သည့္အၾကည့္ေတြျဖင့္ ၾကည့္ကာ ေဝွ႔ယမ္းလိုက္သည္။
လြန္းပ်ံယာဥ္ငယ္သည္ ေတာင္ၾကားလမ္းအတိုင္း လွည့္ပတ္သြားလာကာ ေနာက္ဆုံးတြင္ ႐ြာဝင္ေပါက္တြင္ ရပ္သြားသည္။
"ခ်စ္ရတဲ့ ေတာ္ဝင္ကိုယ္လုပ္ေတာ္ေလး!" ဆုႏိုသည္ သူ႕အခန္းထဲတြင္ PSP ကစားေနၿပီး ဒိုင္အန္းဝင္လာတာကိုျမင္ေတာ့ အက်ယ္ႀကီး ေအာ္ေခၚေနသည္။
"ဘာလို႔ မင္းမ်က္ႏွာမွာ ျခင္ကိုက္ရာေတြ ႐ွိေနရတာလဲ?" ဒိုင္အန္းက ဆုႏို၏မ်က္ႏွာကို ထိတ္လန္႔တုန္လႈပ္စြာျဖင့္ စိုက္ၾကည့္ေနသည္။
“........”
ဆုႏိုေလးသည္ နီရဲေနေသာမ်က္ႏွာငယ္ေလးျဖင့္ အျပစ္ကင္းေသာ အမူအရာေလးကို လုပ္လိုက္သည္။
တကယ္ေတာ့ သူက မေန႔ညက လမ္းေလွ်ာက္ထြက္ၿပီး လယ္ကြင္းထဲမွာ သူ႕ရဲ႕ေခ်ာေမာခန္႔ညားတဲ့လူႀကီးနဲ႔ မေနႏိုင္ေတာ့ဘဲ 'beep' လိုက္ၾကတယ္ေလ။ျခင္ေတြကိုက္ေနတာကိုေတာင္ သတိမထားမိေလာက္ေအာင္ ေကာင္းခဲ့တာကိုး!
ဒီလိုမ်ိဳး စိုးရိမ္စရာျဖစ္ေအာင္ လုပ္တဲ့ကေလးပဲ!ေတာ္ဝင္ကိုယ္လုပ္ေတာ္ေလးက ျခင္ေဆးပုလင္းကိုထုတ္ၿပီး ေဆးထည့္ေပးလိုက္သည္။ဆုႏိုက မ်က္ႏွာကိုေမာ့ေပးထားၿပီး ေမးလိုက္သည္။ "မင္းတို႔အိမ္က မိသားစုေရာ ဘာျဖစ္သြားေသးလဲ?"
“ဘာမွ အေရးမႀကီးဘူး။” ဒိုင္အန္းသည္ အေစာလ်င္ကတည္းက သူျပင္ဆင္ခဲ့ေသာဆင္ေျခကို ထပ္ခါတလဲလဲေျပာေနလိုက္သည္၊ “ဦးေလးရဲ႕သားက ကြာ႐ွင္းျပတ္စဲသြားၿပီ”
"ဘာလို႔ အဲဒီကိစၥက မင္းနဲ႔ဆိုင္သြားရတာလဲ?" ဆုႏိုေလးသည္ အံ့ၾသသြားသည္။ေတာ္ဝင္ကိုယ္လုပ္ေတာ္ေလးက အလုံးစုံခ်န္ပီယံပဲျဖစ္ရမည္။
"ဟုတ္တယ္၊ဒါေပမဲ့ အနည္းဆုံးေတာ့ မင္းမ်က္ႏွာမွာ ျခင္ကိုက္ခံရတာထက္ေတာ့ အေရးႀကီးတယ္!" ဒိုင္အန္းက ဒီအခြင့္အေရးကိုယူကာ ပညာေပးလိုက္သည္။ “နာမည္ႀကီးေမာ္ဒယ္တစ္ေယာက္အေနနဲ႔ မင္းမ်က္ႏွာကိုဘယ္လိုေတာင္ ဂ႐ုမစိုက္ႏိုင္ရတာလဲ?”
ဆုႏိုက တိတ္ဆိတ္ေနခဲ့သည္။
ေတာ္ဝင္ကိုယ္လုပ္ေတာ္ေလးက ဒီထက္ပိုၿပီး ပူညံပူညံလုပ္ေတာ့မွာ ေသခ်ာေနၿပီ!
"ၿပီးၿပီ။အခုထိုင္ၿပီး ေဆးေျခာက္ေအာင္ ေစာင့္” ဒိုင္အန္းက သူ႕ကို ကုလားထိုင္ေပၚတြန္းခ်လိုက္သည္။
"မင္း ဘယ္သြားမလို႔လဲ?" ဆုႏိုက ေမးလိုက္သည္။
"ဖုန္းဆက္မလို႔" ဒိုင္အန္းသည္ ေလွခါးကေနတစ္
ဆင့္ ေခါင္မိုးေပၚသို႔တက္ကာ Sir Knife Scar ၏ဆဲလ္ဖုန္းကို ေခၚဆိုလိုက္သည္။
"ေရာက္ၿပီလား?" ေလာ့လီက ခ်က္ခ်င္းကိုင္လိုက္သည္။
"ေရာက္ၿပီ,ဒါနဲ႔ ခင္ဗ်ားေရာ?" ဒိုင္အန္းက ေမးသည္။
"ေလဆိပ္ဟိုတယ္မွာပဲ႐ွိေသးတယ္,မနက္ျဖန္မွ ျပန္ေရာက္မွာ"
"အႏၲရာယ္ကင္းတဲ့ ပ်ံသန္းမႈျဖစ္ပါေစ။" ဆုႏိုတစ္ေယာက္ ေခါင္မိုးေပၚကို စိတ္ပါလက္ပါ တက္လာတာကို ေတြ႕လိုက္ရေသာအခါ ဒိုင္အန္းရဲ႕အသံဟာ ထိတ္လန္႔စရာအျပည့္ ျဖစ္သြားသည္။
"မနက္ျဖန္ ည ၈ နာရီေလာက္မွ အိမ္ျပန္ေရာက္မယ္၊ ၉ နာရီမွာ မင္းငါ့ကို ဖုန္းဆက္ၿပီး ေဘးကင္းစြာ ေရာက္ေနသလားလို႔ ေမးရမယ္ေနာ္" ေလာ့လီက ေလးနက္ေသာေလသံျဖင့္ ေျပာသည္။
ဒိုင္အန္းက ရယ္ၿပီး “ေကာင္းၿပီ”
ဆုႏိုက သူ႕ကို က်ဥ္းေျမာင္းေသာအၾကည့္ျဖင့္ၾကည့္ေန၏။
ေတာ္ဝင္ကိုယ္လုပ္ေတာ္တြင္ ေသးငယ္ေသာေျပာင္းလဲမႈအရိပ္အႁမြက္ကို သူေတြ႕႐ွိထားေသာေၾကာင့္ပင္။
"ကြၽန္ေတာ္ ဖုန္းခ်လိုက္ေတာ့မယ္။" ဒိုင္အန္းသည္ ဆုႏိုတစ္ေယာက္ သူ႕ကိုၾကည့္ေနသည့္ပုံစံေၾကာင့္ ရင္တုန္သြားရသည္။
"တစ္ခုခုေတာ့ ျဖစ္ေနၿပီ!" ဒိုင္အန္းဖုန္းခ်ၿပီးတာနဲ႔ ဆုႏိုက ေလွကားထစ္ကို ေျပးတက္လာၿပီး ပါးျပင္ေတြကို ဆြဲလိုက္သည္။
ဒိုင္အန္းက အသက္ျပင္းျပင္း႐ွဴၿပီး “ဘာကိုလဲ?”
"ဘယ္သူ႕ကိုေခၚေနတာလဲ?" ဆုႏိုသည္ ဒိုင္အန္း၏ ဖုန္းေခၚဆိုမႈ မွတ္တမ္းကို ၾကည့္လိုေသာစိတ္ျဖင့္ အတင္းဆြဲလုခဲ့သည္။
ဖုန္းေခၚဆိုသူမွတ္တမ္းတြင္ "knife" ဟု ႐ိုး႐ိုးအမည္ေပးထား၏၊အလြန္ အမိုက္စားပဲ!
".........."
ဆုႏိုက ေကာင္းခ်ီးေပးလိုက္သည္။ "မင္းရဲ႕ခ်စ္သူေကာင္မေလးမွာ အေတာ္ေလး ထူးဆန္းတဲ့နာမည္ေျပာင္႐ွိတာပဲ!" ေတာ္ဝင္ကိုယ္လုပ္ေတာ္ေလးမွာ ထူးဆန္းတဲ့ အႀကိဳက္မ်ိဳး ႐ွိေနတယ္!
“.........”
ဒိုင္အန္းက ဖုန္းမွတ္တမ္းကို သာမန္ကာလွ်ံကာ အမွတ္တမဲ့ သိမ္းဆည္းခဲ့ျခင္းေၾကာင့္သာ။ဒီရည္းစားကိစၥက ဘယ္လိုလုပ္ၿပီးပါလာရတာလဲ?
ဒိုင္အန္းက ေဒါသတႀကီးနဲ႔ “ဒါ ငါ့ရည္းစားလို႔ ဘယ္သူေျပာလို႔လဲ?”
"မဟုတ္ဘူးလား?" ဆုႏိုသည္ ခဏမွ် အထိတ္တလန္႔ျဖစ္သြားၿပီး "ဒါဆို မင္းရဲ႕ခံစားခ်က္ေတြရဲ႕ ျပင္းထန္မႈကို မင္းသေဘာမေပါက္ေသးဘူးေပါ့!"
"ဒါ လုံးဝအဓိပၸါယ္မ႐ွိဘူး!" ဒိုင္အန္းသည္ အနီေရာင္ေျပာင္းသြားေတာ့သည္။
ဆုႏိုသည္ သူ႕မ်က္ႏွာကို စာနာစိတ္ျဖင့္ ပြတ္သပ္ကာ "ခ်စ္ရတဲ့ကိုယ္လုပ္ေတာ္ေလး မင္း ေအးေအးေဆးေဆးေတြးဖို႔လိုေနတယ္!"
"အဲ့ဒါက ငါ့ရည္းစားလို႔ ဘာ့ေၾကာင္ထင္ခဲ့တာလဲ?" ဒိုင္အန္းက မူးေဝလာရသည္။
"မင္းမ်က္လုံးထဲမွာ ဒီေလာက္ႏူးညံ့ေနတာေလ!"ဆုႏိုက ထပ္ၿပီး အတည္ျပဳေျပာခဲ့သည္။
"အဲဒါ အဓိပၸာယ္မ႐ွိဘူး!" ဒိုင္အန္းကေတာ့ အခိုင္အမာပဲ။
"ဘာလို႔ အဲ့ေလာက္ႀကီး ျပင္းျပင္းထန္ထန္ တုံ႔ျပန္ရတာလဲကြာ?" ဆုႏိုက စိတ္႐ႈပ္သြားၿပီး "ဂုဏ္ျပဳေပးတာေလ!"
ဒါေပမယ့္ ဆုေ႐ွာင္းႏို ေျပာလို႔မၿပီးခင္မွာ ဒိုင္အန္းက ေလွခါးေပၚကို တက္ႏွင့္ေနၿပီ။
ထို႔ေၾကာင့္ ဆုႏိုသည္ သက္ျပင္းသာခ်ႏိုင္ေတာ့သည္၊
ေတာ္ဝင္ကိုယ္လုပ္ေတာ္ေလးက အရမ္းကို ႐ွက္တတ္တာပဲ!
"မင္း ဒိုင္အန္းကို ထပ္ၿပီး အႏိုင္က်င့္ေနတာလား?" အိုးရန္လုံက ပူးအာလက္ဖက္ရည္ခြက္ကိုသယ္လာရင္း ေလွခါးကေန တက္လာခဲ့သည္။
"ဒိုင္အန္းက တစ္ေယာက္,ေယာက္နဲ႔ ခ်စ္ေနေပမယ့္ ဘယ္သူလဲဆိုတာေတာ့ မေျပာဘူးေလ!" ဆုႏိုက ေစာဒကတက္သည္။
"လူေတြကို ဒီလိုမ်ိဳး အတင္းအၾကပ္ဝန္ခံခိုင္းလို႔ မရဘူး" အိုးရန္လုံက သူ႕ကို လက္ဖက္ရည္ခြက္ကို ကမ္းေပးရင္း "ကိုယ္တို႔လည္း အရင္စေတြ႕တုန္းက မင္း ကိုယ္တို႔အေၾကာင္းကို သိပ္ၾကာၾကာျဖစ္သြားတာေတာင္ မေျပာျပျဖစ္ခဲ့ဘူးမလား"
အဲဒါ မတူဘူး!ဆုႏိုက စိတ္ထဲကေန ျပန္ေျပာေနသည္။
သူရဲ႕ဆက္ဆံေရးကို ကြၽန္ေတာ္ဝင္မစြက္ဖက္ဘူး!သူႀကိဳက္တဲ့သူနဲ႔ တြဲလို႔ရတယ္၊အသက္ႀကီးတဲ့မိန္းမေတာင္ ျပႆနာမ႐ွိဘူး။သူမ၏ပုခုံးေပၚမွ ဂုဏ္က်က္သေရ႐ွိတဲ့ ဆံပင္အလိပ္ေတြကို ဆြဲခါလာတာက ရင္ခုန္စရာ ေကာင္းလြန္းတယ္ထင္ပ!
'ရည္းစား' ဟူေသာ စကားလုံးက ေတာ္ဝင္ကိုယ္လုပ္ေတာ္အား အတြင္းထဲကေန တုန္လႈပ္သြားေစမွန္း ဆုႏိုတစ္ေယာက္ နားမလည္ႏိုင္ခဲ့ေပ။
ဒိုင္အန္းသည္ ျမစ္ကမ္းစပ္႐ွိ ေက်ာက္ေဆာင္တစ္ခုေပၚတြင္ ထိုင္ကာ ေနာက္နာရီမ်ားစြာၾကာေအာင္ မွိန္းေနခဲ့သည္။ေနဝင္ရီတေရာအခ်ိန္၌ပင္ ျပန္လည္ေကာင္းမြန္လာျခင္းမ႐ွိ,ပို၍ပင္ စိတ္႐ႈပ္ေထြးမႈမ်ားသာ ႀကီးစိုးလာခဲ့သည္။သူ႕ဦးေႏွာက္ထဲက တစ္ခုခု ခုန္ထြက္ခ်င္ေနေပမယ့္လည္း တစ္ခ်ိန္ထဲမွာပင္ လုံးဝမေတြးရဲေပ။ ေနာက္ဆုံးေတာ့ သူ႕ရင္ေတြ နာက်င္လာရ၏။
ဘယ္ေလာက္စိတ္ပ်က္စရာေကာင္းလိုက္လဲ!
ဒိုင္အန္းသည္ သစ္ပင္တစ္ပင္ကို မ႐ိုးမ႐ြကန္သြင္းသည့္အထိ ထူးထူးျခားျခား ေၾကာက္႐ြံ႕ေနခဲ့သည္။
"ကြၽန္ေတာ္ သူ႕ကို သြားႏွစ္သိမ့္ေပးရမလား?" ဆုႏိုက ခပ္ေဝးေဝးမွာ ပုန္းေနၿပီး သူ႕ေဘးနားက ဒါ႐ိုက္တာကို ေမးလိုက္သည္။
"မင္း အဲဒါမ်ိဳးေတြကို ေ႐ွာင္သင့္တယ္။" အိုးရန္လုံသည္ ဆုႏို၏ေခါင္းထိပ္ကို ညင္သာစြာ ပြတ္သပ္လိုက္သည္။
"သူကိုယ္တိုင္ အေျဖ႐ွာႏိုင္ရင္ ပိုေကာင္းလိမ့္မယ္။"
"ေတာ္ဝင္ကိုယ္လုပ္ေတာ္ေလးက အိမ္ေထာင္သည္မိန္းမကို ခ်စ္မိေနၿပီလို႔ ထင္မိလား?" ဆုႏိုက စိတ္ပူသြားသည္။
မစၥတာဒါ႐ိုက္တာက သူ႕ႏႈတ္ခမ္းေလးကို ငုံ႔ၿပီးနမ္းလိုက္သည္။ "အဲလို မဟုတ္တဲ့စကားေတြ မေျပာနဲ႔ေလ"
ဆုႏိုေလးသည္ သူတို႔ႏႈတ္ခမ္းၾကား႐ွိ စေတာ္ဘယ္ရီသီးအရသာေလး ရလိုက္သည္ကို ေက်နပ္ေနမိသည္။
ေနာက္တစ္ခါ သူ႕ကို mint အရသာသၾကားလုံး ေကြၽးသင့္တယ္။ဒါဆိုရင္ ျပင္သစ္အနမ္း,နမ္းတဲ့အခါက်ရင္ ပိုလန္းဆန္းသြားေစလိမ့္မယ္!
ၿပီးျပည့္စုံေသာအေၾကာင္းျပခ်က္ျဖင့္ ေတာ္ဝင္ကိုယ္လုပ္ေတာ္ေလးသည္ ထိုညတြင္ အိပ္မေပ်ာ္ျခင္းကို ခံစားခဲ့ရသည္။ ညႇဥ္းပန္းႏွိပ္စက္ခံရေသာ ဝိညာဥ္တစ္ေကာင္ကဲ့သို႔ သူသည္ အိပ္ရာေပၚတြင္ လွဲခ်လိုက္ၿပီး ေနာက္တစ္ေန႔တြင္ မ်က္လုံးေအာက္တြင္ မ်က္ကြင္းမ်ား ညိဳသြားေတာ့သည္။
ခ်စ္ျခင္းေမတၱာက လူကို မ်က္တြင္းေခ်ာင္ေစတာပဲလို႔ အေဝးကေနပဲ ဆုႏိုတစ္ေယာက္ ပူေဆြးေပးမိသည္။
႐ိုက္ကူးေရးကေတာ့ျဖင့္ အစီအစဥ္အတိုင္း ဆက္လက္႐ိုက္ကူးေနၿပီး ေနမင္းႀကီးသည္ လ်င္ျမန္စြာ ဆားနယ္ထားေသာ ၾကက္ဥအကာလိုမ်ိဳးျဖစ္လာကာ အေနာက္ဘက္သို႔ က်ဆင္းသြားသည္။
သို႔ေသာ္လည္း ဒိုင္အန္းသည္ ကတိအတိုင္း ေလာ့လီကို မေခၚခဲ့ေပ။ဒါမွမဟုတ္ ရည္႐ြယ္ခ်က္႐ွိ႐ွိ ေမ့သြားတယ္လို႔ ေျပာလို႔ရပါတယ္။
သုံးရက္ေျမာက္ေသာေန႔ ထို႔ေနာက္ စတုတၳေန႔ တစ္ပတ္အၾကာထိ သူသည္ ေလာ့လီကို မဆက္သြယ္ေသးေပ။
သူသည္ အနည္ထိုင္သြားသည္ႏွင့္အမွ် ကိစၥမ်ားကို ပိုမို႐ွင္းလင္းျပတ္သားစြာ ႐ွာေဖြႏိုင္လိမ့္မည္ဟု သူထင္ခဲ့သည္။
သို႔ေသာ္ သူရည္႐ြယ္ထားသည့္အတိုင္း ျဖစ္မလာဘဲ သူ႕အေတြးမ်ားက ပို၍ပင္႐ႈပ္ေထြးလာသည္။
ဆယ္ရက္ေျမာက္ေန႔ နံနက္,ေနမတက္မီ ၾကက္တြန္သံေၾကာင့္ ဒိုင္အန္း ႏိုးလာသည္။ဒါေၾကာင့္ သူလည္း ထၿပီး မ်က္ႏွာသစ္ကာ ႐ုပ္႐ွင္အဖြဲ႕သားေတြကို သြားကူညီေပးမည္ဟု သူေတြးလိုက္သည္။
လမ္းငယ္သည္ ေမွာင္မဲေနၿပီး မိုး႐ြာထားသျဖင့္ အနည္းငယ္ ႐ႊံ႕ဗြက္ထေန၏။ဒိုင္အန္းသည္ သူလဲမက်ေစရန္ ဂ႐ုတစိုက္ ေလွ်ာက္သြားခဲ့ေသာ္လည္း ေထာင့္ကို လွည့္ၾကည့္လိုက္ေသာအခါ တစ္စုံတစ္ေယာက္သည္ သူ႕ပါးစပ္ကို အုပ္ကာ အရိပ္မ်ားဆီသို႔ ဆြဲေခၚသြားခဲ့သည္။
"Mmmff!" ဒိုင္အန္းသည္ လိပ္ျပာလြင့္မတက္ ေၾကာက္လန္႔သြားခဲ့သည္။ဒီလို ေအးခ်မ္းလွတဲ့ ႐ြာေလးမွာ ဘာေၾကာင့္ ဓားျပေတြ ႐ွိေနတာလဲ?
“မင္း လုယက္ခံရၿပီ” အနည္းငယ္ ရင္းႏွီးေသာ အသံတစ္ခုက ရယ္ေမာသံမ်ိဳးျဖင့္ နား႐ြက္ေဘးတြင္ ကပ္ကာ တီးတိုးေျပာလိုက္သည္။
ဒိုင္အန္း ခဏေလာက္ ေအးခဲသြား၏။
"ေလးသိန္းကို ဘယ္ေတာ့ ျပန္ေပးမွာလဲ?" ေလာ့လီက သူ႕နား,နားကိုကပ္ထားလ်က္ ေမးလိုက္သည္။
"Aaaahhhh!" ဒိုင္အန္း အသက္႐ႈၾကပ္မတက္ သရဲတေစၧျမင္လိုက္ရသလိုပဲ။
"မင္း ငါ့ကိုေတြ႕တာမေပ်ာ္ရင္ေတာင္ တုန္လႈပ္မေနသင့္ဘူးေလ" ေလာ့လီသည္ ေကာက္က်စ္စြာ အေပ်ာ္သေဘာျဖင့္ ရယ္ေမာလိုက္သည္။
"ဘာလို႔...ခင္ဗ်ား ဒီကိုေရာက္ေနတာလဲ!" ဒိုင္အန္းသည္ ႐ုပ္တုတစ္ခုကဲ့သို႔ ေတာင့္တင္းေနဆဲျဖစ္သည္။
"ဘာလို႔ထင္လဲ?" ေလာ့လီသည္ သူ႕ထြက္ေပါက္ကို ပိတ္ဆို႔လိုက္သည္။
"........"
ေတာ္ဝင္ကိုယ္လုပ္ေတာ္က အျပစ္႐ွိတယ္လို႔ ခံစားေနရ၏။
"ဘာျဖစ္တာလဲ?!" ေလာ့လီသည္ သူ႕အနားသို႔ တိုးလာကာ သူ႕ေလသံက တဝက္က ၿခိမ္းေျခာက္လ်က္ တဝက္က စမ္းသပ္လိုမႈျဖင့္။
"ဘာလို႔ ဖုန္းတစ္ေကာက အရမ္းအေရးႀကီးေနရတာလဲ?" ဒိုင္အန္း အနည္းငယ္ စိတ္မသက္မသာ ခံစားလိုက္ရသည္။
"ႀကီးတယ္!" ေလာ့လီက ၿခိမ္းေျခာက္ေနဟန္ ေျပာလိုက္သည္။
"ခင္ဗ်ား ျပန္လာတာက... ဒါေၾကာင့္လား?" ဒိုင္အန္းက သူ႕ကိုၾကည့္လိုက္သည္။
"ဒါေပါ့!ဘာေၾကာင့္မ်ား ဒီကိုမလာရမွာလဲ?" ေလာ့လီက သူ႕ပါးေလးကို ဖိညစ္လိုက္သည္။
ဒိုင္အန္းသည္ အသက္ျပင္းျပင္း႐ွဴကာ ခဏေလာက္စိတ္ထိန္းလိုက္ၿပီး ေနာက္ေတာ့ အသံထြက္လာခဲ့သည္။ “ႏိုႏိုလည္း ဒီမွာ႐ွိေနတယ္”
သူက တိုးညင္းၿပီးလ်င္ျမန္တဲ့ အသံႏႈန္းထားနဲ႔ ေျပာလိုက္ေပမယ့္ ေလာ့လီကေတာ့ျဖင့္ သူ႕စကားသံကို ႐ွင္း႐ွင္းလင္းလင္း ၾကားလိုက္ရသည္။
"ဆုႏို?" Sir Knife Scarက စိတ္ပ်က္လက္ပ်က္ရယ္ေမာလိုက္သည္။
"ခင္ဗ်ား သူ႕ကိုႀကိဳက္တယ္မဟုတ္ဘူးလား?" ဒိုင္အန္းသည္ ရင္ထဲတြင္ အနည္းငယ္ေအာင့္သြားသလို ခံစားလိုက္ရၿပီး သူ႕ေလသံက အနည္းငယ္တုန္လႈပ္သြားသည္။
ေလာ့လီကေတာ့ တုံးလြန္းတဲ့သူေခါင္းကို ႐ိုက္ခ်င္ေနမိသည္။
"ကြၽန္ေတာ္ ႐ိုက္ကူးေရး သြားၾကည့္ရဦးမယ္" ေလာ့လီက စကားျပန္မေျပာတာကိုျမင္ေတာ့ ဒိုင္အန္းက နားမလည္ႏိုင္ေအာင္ ေၾကမြခံသြားရသလို၊ သူ႕ကို လမ္းကေနတြန္းထုတ္ပစ္ခ်င္ခဲ့သည္။
ဒါေပမယ့္ သူ ထြက္မသြားႏိုင္ခဲ့ေပ!
ဒိုင္အန္းသည္ ေ႐ွာင္မေျပးႏိုင္႐ုံတင္မကပဲ သူ႕ကို ေနာက္ျပန္ဆြဲကာ နံရံနဲ႔ဖိၿပီး အတင္းအၾကပ္ တြန္းပိတ္ခံလိုက္ရသည္။ၿပီးေတာ့!အတင္းအၾကပ္!ႏႈတ္ခမ္းကို!နမ္းလိုက္တယ္!
အနမ္းကို ႐ုတ္တရတ္ႀကီးေပးလိုက္တယ္ေပါ့!ဟုတ္လား?
ေလာ့လီက အရမ္းကို တည့္တိုးဆန္လြန္းသည္။
ေမွ်ာ္လင့္ထားသလိုပဲ ေတာ္ဝင္ကိုယ္လုပ္ေတာ္ေလးက အဲဒီမွာပဲ လဲၿပိဳသြားေတာ့သည္၊
အခု ဘာေတြျဖစ္သြားတာလဲ!
"ဘာလို႔ငိုေနတာလဲ?" စိတ္႐ႈပ္စြာျဖင့္ ေလာ့လီက သူ႕ကိုလႊတ္ေပးလိုက္သည္။
"ခင္ဗ်ား!ခင္ဗ်ား!ခင္ဗ်ား!" ဒိုင္အန္းက တုန္လႈပ္သြားသည္။
“စမ္းၾကည့္ၾကရေအာင္” ေလာ့လီက ဒိုင္အန္း၏လက္ကို ဆုပ္ကိုင္ထားသည္။
"ကြၽန္ေတာ္တို႔?" ဒိုင္အန္းသည္ ကမ႓ာႀကီးလွည့္ပတ္ေနသလို ခံစားလိုက္ရသည္။
ဒါက ႐ုတ္တရက္ႀကီး မထင္မွတ္ထားဘဲ!
အိပ္မက္မက္ေနတာမ်ားလား!
“ဟုတ္တယ္....ကိုယ္တို႔။” ေလာ့လီ၏မ်က္လုံးမ်ားက ေနာက္ေျပာင္မေနေတာ့ဘဲ "ႏိုႏိုက ကိုယ့္သူငယ္ခ်င္းေကာင္းရဲ႕ညီေလးပါ။သူက ခ်စ္စရာေကာင္းေပမယ့္ လူတိုင္းက သူ႕ကို ဒီလိုပုံစံနဲ႔သေဘာက်ဖို႔ မလိုဘူးေလ"
ဒိုင္အန္းရဲ႕ ဦးေႏွာက္ထဲက ဂီယာေတြက ရပ္တန္႔သြားေတာ့သည္။
“ဘယ္တုန္းကလဲ....”
ေမးခြန္းက အလြန္႐ႈပ္ေထြးေနေသာ္လည္း ေလာ့လီသည္ သူ႕ရဲ႕ရည္႐ြယ္ခ်က္ကိုျဖင့္ တိက်စြာအဓိပၸါယ္ေကာက္မိလိုက္သည္။
“လြန္ခဲ့တဲ့ငါးနာရီက"
ဒိုင္အန္းက မ်က္ေမွာင္က်ံဳ႕လိုက္သည္။
'ငါးနာရီက?'
"အစကေတာ့ ကိုယ္ မင္းဆီကိုလာလည္ခ်င္႐ုံသက္သက္ပါ၊တျခားဘာမွ အမ်ားႀကီးမစဥ္းစားထားဘူး" ေလာ့လီက ဒိုင္အန္းရဲ႕လက္ကို ဆုပ္ကိုင္လိုက္ၿပီး "ဒါေပမယ့္ ေတာင္ၾကားကို ျဖတ္ၿပီး ကားေမာင္းလာတုန္းက ေျမၿပိဳက်တာကို ၾကဳံေတြ႕ခဲ့ရတယ္။သတိမထားမိဘဲ ေက်ာက္တုံးႀကီးတစ္ခု ျပဳတ္က်လာၿပီး လမ္းကိုျဖတ္တိုက္သြားတယ္”
"ဟင္?" ဒိုင္အန္း၏ႏွလုံးခုန္သံသည္ ျမင့္တက္သြားသည္။
"အင္း" ေလာ့လီက ေျခာက္ကပ္ကပ္ ျပဳံးျပလိုက္သည္။
"ကိုယ္သာ နည္းနည္းျမန္ျမန္ေမာင္းမိလိုက္ရင္ မင္း ကိုယ့္ကို ျပန္ေတြ႕ရေတာ့မွာမဟုတ္ဘူး။"
ဘဝဆိုတာ တိုေတာင္းလြန္းၿပီး တစ္ခ်ိဳ႕အရာေတြက လိုက္ဖမ္းဖို႔ မထိုက္တန္ပါဘူး။
ဒိုင္အန္းသည္ ဘာေျပာရမွန္းမသိေသာေၾကာင့္ အခ်ိန္အမ်ားစုမွာ တိတ္ဆိတ္ေနခဲ့သည္။
"မင္းလည္း ကိုယ့္ကိုမမုန္းတဲ့အတြက္ ႀကိဳးစားၾကည့္ရင္ မင္းဆုံး႐ႈံးစရာဘာမွမ႐ွိပါဘူး" ေလာ့လီက ဒိုင္အန္းကို သူ႕ရင္ဘတ္နားထိ ေပြ႕ဖက္လိုက္သည္။
"မင္းမေပ်ာ္ရင္ ထြက္သြားလိုက္မယ္"
ဒိုင္အန္းသည္ တိတ္ဆိတ္ေနေသာ္လည္း သူေခါင္းထဲတြင္ ေတာင္ေပၚကေန ေက်ာက္တုံးမ်ား ျပဳတ္က်ေနသည့္ ျမင္ကြင္းမ်ားျဖင့္ ျပည့္ႏွက္ေနသည္။အဲဒီေနာက္ ေလာ့လီ၏ခါးကို ပိုၿပီးနီးကပ္စြာ သိုင္းဖက္ထားလိုက္သည္။
အလြန္ ရင္ခုန္စရာပါပဲ!
တစ္နာရီၾကာၿပီးေနာက္ ဒိုင္အန္းသည္ ႐ုပ္႐ွင္႐ိုက္ကူးေရးလုပ္ေနသည့္ ေနရာတြင္ ဆုႏိုကို ေတြ႕လိုက္ရသည္။
“ခ်စ္ရတဲ့ အိုက္ေဖး...မင္းဘယ္ကို ေျပးေနတာလဲ..ဟင္...မင္းပါးစပ္က ဘာျဖစ္သြားတာလဲ?” ဆုႏိုက ပင့္သက္႐ိႈက္လိုက္သည္။သူ႕ႏႈတ္ခမ္းက အေတာ္ေလးနီေနၿပီး အနည္းငယ္ ေရာင္ေနပုံရသည္။
ဒိုင္အန္းက တကယ္...တကယ့္ကို ထြက္ေျပးခ်င္ေနၿပီ!
"ေနမေကာင္းဘူးလား?" ဆုႏိုသည္ သူ႕လက္ကို ဆန္႔ထုတ္လိုက္ၿပီး ဒိုင္အန္းကို ထိလိုက္သည္။
"ဒီေန႔ မင္း ႐ိုက္ကူးေရးမ႐ွိဘူးမဟုတ္လား?" ဒိုင္အန္းက ေမးသည္။
“အြန္း...အင္းေလး”ဆုႏိုက ေခါင္းညိတ္လိုက္သည္။ "ငါ ဒီကို ၾကည့္ဖို႔လာတာ"
ဒိုင္အန္းက အသက္ျပင္းျပင္း႐ွဴၿပီး “မင္းကို ေျပာစရာ႐ွိတယ္!"
"ဘာလဲ?" ဆုႏိုက စပ္စုလိုက္သည္။
ဒိုင္အန္းက သူ႕ကို ေတာထဲကို ဆြဲေခၚသြား၏။
"ဘာျဖစ္ေနတာလဲ?" ဆုႏိုက ေတာ္ေတာ္ေလးကို စိတ္လႈပ္႐ွားေနပုံရ၏။ ႀကီးႀကီးမားမားကိစၥ႐ွိေနပုံရ တယ္!
"ငါ ခ်စ္ေနမိၿပီ!" ဒိုင္အန္းသည္ ျပတ္သားစြာျဖင့္။ "ၿပီးေတာ့ ငါ့မွာ ေယာက်္ားေလးရည္းစား႐ွိတယ္!" ဟိုတုန္းက ဆုႏိုထက္ သူက ပို႐ိုးသား၏။
"ဝိုး!" ဆုႏိုေလးသည္ တုန္လႈပ္ေျခာက္ျခားမႈကတစ္လွည့္ အားတက္သေရာျဖစ္မႈကတစ္လွည့္ ျဖစ္ေနသည္။
"ဒါေပမယ့္ မင္းအၿမဲတမ္း မိန္းမေတြကိုပဲ ႀကိဳက္တယ္လို႔ေျပာတယ္ေလ!"
"အဲဒါက သူနဲ႔မေတြ႕ရေသးလို႔" ဒိုင္အန္းက ႐ွက္ေသြးျဖာလာသည္။
"ဟုတ္ပါၿပီ!ဟုတ္ပါၿပီ!ေယာက်္ားေလးရည္းစားဆိုလည္းအဆင္ေျပတယ္!" ဆုႏိုက သူ႕လက္ကို ဆုပ္ကိုင္လိုက္ၿပီး "ငါ သူ႕ကိုသိလား?"
“.....အင္း” ဒိုင္အန္းက ေခါင္းညိတ္လိုက္သည္။
"ငါ သူ႕ကိုသိတယ္?" ဆုႏိုက အရမ္းစိတ္ဝင္စားလာၿပီး "သူ႕နာမည္ဘယ္လိုေခၚလဲ?"
ဒိုင္အန္းက နားမၾကားဟန္ေဆာင္လိုက္၏။
"ဒီလိုအခ်ိန္မ်ိဳးမွာ မစပါနဲ႔လားကြာ!" ဆုႏိုက သိခ်င္စိတ္ေၾကာင့္ ေသလုမတတ္။
"မင္း...သူ႕ကို သိပ္မႀကိဳက္ဘူး" ဒိုင္အန္းသည္ တုန္လႈပ္ေခ်ာက္ခ်ားမႈအတြက္ ျပင္ဆင္လိုသည္။
"ငါ သေဘာမက်တဲ့သူတစ္ေယာက္လား?" ဆုႏိုက ခဏေလာက္ေတြးၿပီး ဘယ္သူလဲဆိုတာ မခန္႔မွန္းႏိုင္ေသးဘူး။ဒါေၾကာင့္ သူက အရင္ဖြင့္ဟလိုက္ပါသည္။ “အရင္က သူ႕ကို မႀကိဳက္ခဲ့ရင္လည္း ကိစၥမ႐ွိပါဘူး၊အခုစၿပီး မင္းအတြက္ သေဘာက်ေပးမွာပါ”
သူသည္ အ႐ြယ္ေရာက္လာၿပီျဖစ္သည့္အျပင္ စာနာေထာက္ထားတတ္သူလည္း ျဖစ္သည္။
"အတိအက်ေျပာရရင္ မင္းသူ႕ကို လုံးဝမႀကိဳက္ဘူးကြာ" ဒိုင္အန္းက ရဲေဆးပမာဏကို တိုးျမႇင့္လိုက္သည္။ "မင္း သူ႕ကို မႀကိဳက္႐ုံတင္မကဘူး၊မင္း သူ႕ကို အျပဳသေဘာနဲ႔ေတာင္ ႐ႈံ႕ခ်တယ္!"
"ဟင္?" ဆုႏိုက ေခတၱခဏေအးခဲသြားၿပီး "မင္း မင္းက... ဘယ္လိုလုပ္ၿပီး ျဖစ္ႏိုင္မွာလဲ!"
ဒိုင္အန္းက နီရဲလို႔သြားသည္။
"မင္းဒီလိုလုပ္လို႔မရဘူးေလ!" ဆုႏိုသည္ ဒိုင္အန္း၏လက္ကို မ်က္ရည္စက္လက္ျဖင့္ ဆုပ္ကိုင္လိုက္သည္။
"ကမ႓ာေပၚမွာ ေယာက်္ားေကာင္းေတြ အမ်ားႀကီး႐ွိတယ္၊မင္း ဘာလို႔ ခ်ိဳးက်ီယန္ကို စြဲလန္းေနရတာလဲ?မင္း ေဆးမိထားတာလား!! မေၾကာက္ပါနဲ႔၊ငါတို႔ ေဆး႐ုံကို ခ်က္ခ်င္းသြားၾကရေအာင္"
"ဘယ္သူလဲ?" ဒိုင္အန္းသည္ အာ႐ုံေျခာက္ျခားသြားသလို ခံစားသြားရသည္။
"လြန္ခဲ့တဲ့ရက္အနည္းငယ္က ငါ့ရဲ႕ေလ့လာေတြ႕႐ွိခ်က္ေတြကို အေျခခံၿပီး မင္းကို ငါေျပာႏိုင္တယ္ ခ်ိဳးက်ီယန္ နဲ႔ ေ႐ွာင္းယြီ ၾကားမွာ တစ္ခုခုျဖစ္ေနၿပီ!"ဆုႏိုက တတြတ္တြတ္ ဆက္ေျပာသည္။ "သူက မင္းကို လွည့္စားခဲ့တာလား?"
"ဒါ အဓိပၸါယ္မ႐ွိတာေတြ၊ခ်ိဳးက်ီယန္နဲ႔ ဘယ္လိုလုပ္ၿပီး ျဖစ္ရမွာလဲ?" ဒိုင္အန္း ရယ္ရမလား ငိုရမလားမသိ။
"သူမဟုတ္ဘူးလား?" ဆုႏိုက သက္ျပင္းတစ္ခ်က္ခ်လိုက္သည္။ခုနက သူအရမ္းေၾကာက္သြားခဲ့တာ၊ေတာ္ဝင္ကိုယ္လုပ္ေတာ္ေလးက မစၥတာေအဘီအက္စ္ရဲ႕ ေသြးေဆာင္မႈကို ခံရတယ္လို႔ေတြး႐ုံနဲ႔ သူ႕လက္ဖဝါးမွာ ေခြၽးေတြျဖင့္ ေအးစက္သြားခဲ့သည္။
“ဟုတ္တယ္” ဒိုင္အန္းက အတည္ျပဳခဲ့သည္။
“ေကာင္းၿပီ” ဆုႏိုသည္ သူ႕လက္ကို ဒိုင္အန္း၏ပခုံးေပၚတြင္ တင္ထားသည္။
“ဒီဗုံးကို ပစ္ခ်ၿပီးရင္ ဘယ္သူမဆိုလက္ခံႏိုင္ပါၿပီ။ငါ့ကိုသာေျပာလိုက္။"
"ေသခ်ာလား?" ဒိုင္အန္းက သတၱိမ႐ွိေသးေပ။
"ဒါေပါ့!" ဆုႏိုက ကတိေပးလိုက္သည္။
ဒိုင္အန္းက သူ႕ကို စိုး႐ြံ႕စြာၾကည့္ေနသည္။
"ေလာ့လီ"
"ဘယ္သူ?!!!!!!!!!!!" ဆုႏို၏ေအာ္ဟစ္သံသည္ သူတို႔၏ေခါင္းေပၚသို႔ မိုးၿခိမ္းသံမ်ားေၾကာင့္ ႏွစ္ျခမ္းအက္ကြဲသြားသကဲ့သို႔ ေကာင္းကင္ႏွင့္ေျမႀကီးကို တုန္လႈပ္ေစခဲ့သည္။
“ငါပါ!” မစၥတာအမာ႐ြတ္သည္ ေတာထဲကေန ထြက္လာခဲ့သည္။
"ကြၽန္ေတာ္ဘာသာၾကည့္လုပ္မယ္လို႔ ကြၽန္ေတာ္တို႔ သေဘာတူထားတယ္ေလ!" ဒိုင္အန္းက မေက်နပ္စြာျဖင့္ ေျပာသည္။
"ကိုယ္မွ မေစာင့္ႏိုင္ေတာ့တာ။" ေလာ့လီသည္ ဒိုင္အန္း၏ပခုံးကို လက္ႏွစ္ဖက္ျဖင့္ ေပြ႕ပတ္ထားၿပီး ဆုႏိုကို ႐ႊင္ျမဴးစြာ ျပဳံးျပလိုက္သည္။
ဆုႏိုေလးက သူ႕မ်က္လုံးေတြ ေမွာင္ပိတ္သြားသလို ခံစားလိုက္ရသည္။မူးေဝလာ၍ သစ္ပင္ကို မွီလိုက္ရသည္။အဲဒီေန႔က တေနကုန္ သြားကိုက္ထား၍ မစားႏိုင္မေသာက္ႏိုင္ျဖစ္ေနရတာေၾကာင့္ ေသြးတြင္းသၾကားဓာတ္နည္းလို႔ မူးေမ့လဲလုနီးပါးျဖစ္ေနၿပီ။ဒါကိုမွ ဒီစကားေၾကာင့္ တုန္လႈပ္သြားရေသးတယ္။သူ လုံးဝ မခံႏိုင္ေတာ့ဘူး!
"ႏိုႏို!" ဒိုင္အန္းသည္ ေၾကာက္လန္႔တၾကားျဖစ္ကာ ခုန္ထြက္ၿပီး သူ႕ကို ခ်က္ခ်င္းဖမ္းလိုက္သည္။
“ဘယ္လို....မ်ား” ဆုႏိုက အလြန္အားအင္ခ်ိနဲ႔သြားသလို ခံစားလိုက္ရသည္။
“ဇာတ္လမ္းက နည္းနည္း႐ွည္တယ္” ဒိုင္အန္းက ႐ိုး႐ိုးသားသား ေျပာသည္။
"မင္း သူ႕ကို တကယ္မလႊတ္ႏိုင္ဘူးလား?" ဆုႏိုသည္ ဒိုင္အန္းအား ခ်စ္စရာေလးျဖင့္ ဆြဲေဆာင္လိုေသာ အေမြးပြတိရစၧာန္ေလး၏အျပစ္ကင္းစင္ေသာ မ်က္လုံးမ်ားျဖင့္ ဒိုင္အန္းကို ၾကည့္ေနသည္။
"ဘယ္လိုမွမျဖစ္ႏိုင္ဘူး" ထိုစကားႏွစ္လုံးကို ေလာ့လီက ေျပာလိုက္ျခင္းသာ။
"ခင္ဗ်ားဝင္ေျပာလို႔ရတယ္လို႔ ေျပာထားလို႔လား?" ဆုေ႐ွာင္းႏိုသည္ မတ္တပ္ထရပ္ၿပီး ၿခိမ္းေျခာက္ေသာမ်က္လုံးမ်ားျဖင့္ သူ႕ကိုၾကည့္ကာ "ခင္ဗ်ား သူ႕ကို အတင္းအၾကပ္လုပ္ထားတာလား?"
"ဘယ္ဟုတ္မလဲ!" ဒိုင္အန္းသည္ အားကိုးရာမဲ့သလို ခံစားခဲ့ရသည္။
"ငါတို႔ျပန္ေရာက္ရင္ ဒီအေၾကာင္းေျပာမယ္!" ဆုႏိုသည္ ေတာ္ဝင္ကိုယ္လုပ္ေတာ္အား ႐ြာဆီသို႔ ဆြဲေခၚသြားသည္။
ေလာ့လီသည္ ဤတစ္ႀကိမ္တြင္ သူ႕ကို မတားေတာ့ဘဲ ႏွစ္ေယာက္သား တည္းခိုေနေသာဝင္းက်ဥ္းေလးဆီသို႔ ျပန္လိုက္သြားခဲ့သည္။
အိုးရန္လုံက သူ႕အခန္းထဲမွာ စာဖတ္ေန၏။သူတို႔ သုံးေယာက္ အတူတူ လမ္းေလွ်ာက္လာတာကို သူ နည္းနည္းအံ့ၾသသြားမိသည္။
သို႔ေသာ္ ဆုႏိုက ႐ွင္းျပရန္ အခ်ိန္မ႐ွိ။ဆုႏိုက ျပင္းထန္စြာ ေၾကညာခဲ့သည္။
“ခင္ဗ်ားတို႔ ႏွစ္ေယာက္ ထြက္သြား!” ေလာ့လီသည္ ဒိုင္အန္းကို ၾကည့္လိုက္သည္။
“အင္း..” ေတာ္ဝင္ကိုယ္လုပ္ေတာ္ေလးက ေခါင္းညိတ္ျပသည္။
"ေကာင္းၿပီ၊မင္း အခ်ိန္ယူပါ။" ေလာ့လီသည္ လွည့္ကာထြက္သြားသည္။အိုးရန္လုံက အနည္းငယ္ မ်က္ေမွာင္ၾကဳတ္ထားေသာ္လည္း ဘာမွေတာ့ဝင္မေျပာေပ။
အခန္းအတြင္းတြင္ ၾကားဝင္အစည္းေဝးႀကီးတစ္ခု စတင္ခဲ့ပါသည္။
ဆုႏိုေလးသည္ ဇာတ္လမ္းတစ္ခုလုံးကို နားေထာင္ၿပီးေနာက္တြင္ ေတာ္ဝင္ကိုယ္လုပ္ေတာ္အား စိတ္ပ်က္မိသည္ဟုဆိုကာ ပထမဆုံး ျပစ္တင္႐ႈတ္ခ်ခဲ့ၿပီး၊ထို႔ေနာက္ သူကိုယ္တိုင္ ဖန္တီးမႈမ်ားအပါအဝင္ အ႐ွက္ခြဲကာ ေလာ့လီ၏ အျပစ္အနာအဆာအားလုံးကို ႐ႈေထာင့္အမ်ိဳးမ်ိဳးမွ ေထာက္ျပခဲ့သည္။ Sir Knife Scar သည္ အင္အားမ႐ွိဟုပင္ ေကာက္ခ်က္ခ်ခဲ့ေသးသည္။ ဘယ္ေလာက္ေတာင္ ယုတ္မာလိုက္လဲ!
"ေရဆာေနၿပီလား?" ဒိုင္အန္းသည္ သူ႕ကိုၾကည့္႐ုံျဖင့္ အာေျခာက္သြားသည္။
ဆုႏိုသည္ ေရအနည္းငယ္ငုံ႔ကာ ေမွ်ာ္လင့္ခ်က္အျပည့္ျဖင့္ ဒိုင္အန္းကိုၾကည့္ၿပီး
"ေျပာ... ညစ္ညမ္းဆိုးယုတ္ရက္စက္ၾကမ္းၾကဳတ္ယုတ္မာတဲ့ မာဖီးယားကို လမ္းခြဲပစ္ရန္ ဆႏၵ႐ွိပါသလား?"
ဒိုင္အန္းက တိုးတိုးေလးေရ႐ြတ္သည္။ “ငါ ေ႐ွ႕ဆက္ၾကည့္ခ်င္တယ္"
“မင္း ဘာျဖစ္လို႔......” ဆုေ႐ွာင္းႏိုသည္ ေၾကမြသြားသလို ခံစားလိုက္ရကာ ဒိုင္အန္းကို မည္သို႔ေျပာရမည္မွန္း မသိေတာ့ေပ။ထို႔ေၾကာင့္ သူသည္ ေတာ္ဝင္ကိုယ္လုပ္ေတာ္အား အိမ္ေခါင္မိုးေပၚသို႔ ဆြဲေခၚသြားလိုက္ျပန္သည္။
"သူတို႔ဘာလုပ္ေနတာလဲ?" ေလာ့လီက စိတ္ဝင္စားသြားသည္။
အိုးရန္လုံက သူ႕ကို တစ္ခ်က္ၾကည့္လိုက္သည္။
"စိတ္မပူပါနဲ႔ ႏိုႏိုကို ငါတကယ္စိတ္မဝင္စားဘူး" ေလာ့လီက အိမ္ေခါင္မိုးကို လွမ္းၾကည့္ရင္း “သူ ငါ့ကို လြယ္လြယ္ေလးလက္ခံေပးေစခ်င္တာပါ”
ဆုႏိုသည္ ကုလားထိုင္ေပၚတြင္ ရပ္လိုက္ၿပီး ဟန္ေဝ၏နံပါတ္ကို ႏွိပ္လိုက္သည္။
"ဘာေတြထူးလို႔လဲ?" မစၥတာဟန္က ခ်က္ခ်င္းျပန္ေျဖလိုက္သည္။
"ေဟး..အစ္ကိုႀကီး..ကြၽန္ေတာ္႕ကိုေျပာၾကည့္။ေလာ့လီက စက္ဆုပ္႐ြံ႐ွာဖြယ္ေကာင္းတဲ့၊ေကာက္က်စ္တဲ့၊ေအာက္တန္းက်တဲ့၊ညံ့ဖ်င္းတဲ့၊႐ုန္႔ရင္းၾကမ္းတမ္းၿပီး ညစ္ညမ္းတဲ့ လူဆိုးတစ္ေယာက္လား?" ဆုႏိုက စပီကာ ဖြင့္လိုက္သည္။
ဒိုင္အန္း:.........
"ဒီတစ္ခါေရာ ဘာေတြကစားေနျပန္တာလဲ?" ဟန္ေဝက ေမာပန္းႏြမ္းနယ္ေနသလို “အားလီက လူေကာင္းတစ္ေယာက္ပါ။ သူက တစ္ခါတေလေတာ့ စိတ္ပ်က္စရာေကာင္းေနႏိုင္ေပမယ့္ တကယ္က မင္းကို ဒုကၡမေပးဘူးလို႔ ဆိုလိုတာပဲေလ။သူ႕ကို တစ္ခ်ိန္လုံးလိုက္ၿပီး အျမင္မၾကည့္ျဖစ္မေနနဲ႔"
ဆုႏိုသည္ ဖုန္းကို ျပတ္ျပတ္သားသားခ်လိုက္သည္။
ထို႔ေနာက္ ေတာ္ဝင္ကိုယ္လုပ္ေတာ္ေလးအား လ်စ္လ်ဴ႐ႈကာ "ငါ့အစ္ကိုႀကီးက ေဆးမေသာက္ရေသးဘူး"
"မင္း ငါ့အတြက္ အေကာင္းဆုံးျဖစ္ေစခ်င္တာ ငါသိပါတယ္" ဒိုင္အန္းသည္ ဆုႏို၏ငယ္ထိပ္ေလးကို ညင္သာစြာ ပြတ္သပ္လိုက္ရာ သူ႕ႏွာေခါင္းကလည္း ခံစားခ်က္အနည္းငယ္ေၾကာင့္ ႐ႈံ႕ပြပြျဖစ္သြားရသည္။
“ငါ ဘာလုပ္ေနလဲ သိတယ္ စမ္းၾကည့္ခြင့္ျပဳ,ဟုတ္ၿပီလား?”
"ခ်စ္ရတဲ့ေတာ္ဝင္ကိုယ္လုပ္ေတာ္ေလး!" ဆုႏိုက ဒိုင္အန္းကို အ႐ႈံးမေပးခ်င္ေသး။သူက ေပြ႕ဖက္လိုက္ၿပီး "သူ႕ကို တျခားတစ္ေယာက္နဲ႔ လဲလွယ္လိုက္လို႔မရဘူးလား,ေနာ္?သူက တကယ္ကို မေကာင္းတဲ့လူပဲ!”
ဒိုင္အန္းက ႏႈတ္ဆိတ္ေနခဲ့သည္။ဆုႏို၏ႏွလုံးသားသည္ နာက်င္စြာ တုန္လႈပ္သြားကာ “ဒါဆို မင္းအေပၚကို အခြင့္ေကာင္းယူခြင့္မေပးနဲ႔,ဟုတ္ၿပီလား? သူမင္းကိုအႏိုင္က်င့္ဖို႔ႀကိဳးစားရင္ ငါ့ကိုခ်က္ခ်င္းေျပာရမယ္!"
“ေကာင္းၿပီ။” ဒိုင္အန္းက သူ႕ေနာက္ေက်ာကို ပုတ္လိုက္သည္။"ေက်းဇူးတင္ပါတယ္"
"သူနဲ႔တစ္ေယာက္ခ်င္း စကားစျမည္ေျပာဖို႔ လိုအပ္ေသးလား?" ဆုႏိုသည္ သူ႕ရဲ႕ေတာ္ဝင္ကိုယ္လုပ္ေတာ္ေလးအား အလြန္ကာကြယ္ေပးခဲ့သည္။
“တကယ္ မလိုပါဘူး၊” ဒိုင္အန္းက ရယ္ရမလားငိုရမလားမသိေတာ့ဘူး။ “ယုံခ်င္မယုံခ်င္ေန၊ငါ ကေလးမဟုတ္ေတာ့ဘူးေလ”
"မင္း သူနဲ႔မအိပ္ဘူးလို႔ ငါ့ကိုကတိေပး!" ဆုႏိုသည္ ဒိုင္အန္း၏လက္ကို ဆုပ္ကိုင္ထားသည္။
"ဒါက တကယ္အေရးႀကီးတယ္!"
ဒိုင္အန္းသည္ ေမွာင္မိုက္ၿပီး ေၾကာင္ေတာင္ေတာင္ႏိုင္ေသာ အခိုးအေငြ႕မ်ား သူ႕ေခါင္းေပၚသို႔ ျဖတ္သြားသည္ကို ခံစားလိုက္ရသည္၊ "ေကာင္းၿပီ"
"ခ်စ္ရတဲ့ေတာ္ဝင္ကိုယ္လုပ္ေတာ္ေလးရယ္!!!" ဆုႏိုသည္ ႐ႈံးနိမ့္မႈကိုဝန္မခံဘဲ ဒိုင္အန္းကိုလက္ဆြဲၿပီး လႊတ္ေပးရန္ ျငင္းဆန္ခဲ့ေသးသည္။
အမာ႐ြတ္နဲ႔ေကာင္သည္ ကမ႓ာေပၚတြင္ အမွန္တကယ္ စက္ဆုပ္႐ြံ႐ွာဖြယ္အေကာင္းဆုံး သတၱဝါပင္ ျဖစ္၏။
ဒိုင္အန္းကေတာ့ ဆုႏိုတစ္ေယာက္ ေလာ့လီနဲ႔ မေတြ႕ေစခ်င္ေပမယ့္လည္း ႐ိုက္ကူးေရး႐ွိတဲ့တစ္ေန႔မွာေတာ့ ဆုေ႐ွာင္းႏိုက ေလာ့လီကို ျပင္းျပင္းထန္ထန္ သတိေပးဖို႔ အခြင့္အေရးကို ေတြ႕႐ွိခဲ့သည္။
ခင္ဗ်ား ကြၽန္ေတာ္႕မန္ေနဂ်ာကို သစၥာေဖာက္ရင္ ဆိုး႐ြားတဲ့ေသျခင္းမ်ိဳးနဲ႔ ရင္ဆိုင္ရမယ္!နာက်င္မႈေၾကာင့္ ေသဆုံးသြားရသည္အထိ အ႐ိုက္ခံရလိမ့္မယ္။
အရမ္းရက္စက္လိုက္တာ!
Sir Knife Scar သည္ ဤတစ္ႀကိမ္တြင္ သူ႕ကို မစေတာ့ဘဲ ေခါင္းညိတ္ျပ႐ုံသာ လုပ္ျဖစ္သည္။
ေလာ့လီသည္ကား ႐ုတ္တရက္ အသိတရား ႀကီးထြားလာတာလည္းမဟုတ္ သူ႕ရဲပင္ကိုယ္စ႐ိုက္ကို ေျပာင္းလဲခဲ့ျခင္း မဟုတ္ပါ။ ဆုႏိုေလးသည္ ဒိုင္အန္း၏အခ်ိန္ကို အလြန္အကြၽံသိမ္းပိုက္ထားေသာေၾကာင့္ ေလာ့လီတစ္ေယာက္မေက်မနပ္ျဖစ္ခဲ့ရေသာေၾကာင့္သာျဖစ္သည္—တစ္ဖန္လည္း ေလာ့လီသည္ ဒိုင္အန္းကို ျပန္ေပးဆြဲၿပီး အိမ္သို႔မေခၚေဆာင္ႏိုင္ခဲ့ေသာေၾကာင့္လည္းပါသည္။
သူသည္ အစကတည္းကပင္ သတို႔သမီး၏မိသားစုႏွင့္ဆက္ဆံေရးေကာင္းတစ္ခုကို တည္ေဆာက္ႏိုင္ခဲ့၏။
ဇာတ္ကား႐ိုက္ကူးမႈက တစ္ႏွစ္ပတ္လုံး အခ်ိန္ယူခဲ့ရပါသည္။ ထိုအခ်ိန္တြင္ ႐ုပ္႐ွင္အဖြဲ႕သားမ်ား၏ေျခရာမ်ားသည္ တစ္ႏိုင္ငံလုံးနီးပါး လႊမ္းျခဳံထားခဲ့သည္။
႐ုပ္႐ွင္ႏွင့္ပတ္သက္သည့္ သတင္းေဖာ္ျပမႈမ်ားမွလြဲ၍ မီဒီယာမ်ားသည္ ဇနီးေမာင္ႏွံမ်ားထံ လာေရာက္လည္ပတ္ၾကသည့္သတင္းကိုလည္း ရံဖန္ရံခါ တင္ဆက္ေပးတတ္ၾက၏။သူတို႔ ဘယ္ေလာက္ေတာင္ ခ်စ္ျမတ္ႏိုးေနၾကသလဲ?
႐ုပ္႐ွင္အႀကိဳမိတ္ဆက္ပြဲတြင္ ဆုႏိုေလးသည္ ျဖဴေဖြးေနသည့္ဝတ္စုံကို ၀တ္ထားသည္။စင္ျမင့္ေအာက္တြင္ ခ်စ္ရတဲ့ေတာ္ဝင္ကိုယ္လုပ္ေတာ္ေလးႏွင့္ မ်က္ႏွာအမာ႐ြတ္နဲ႔ေကာင္တို႔သည္ ပုခုံးခ်င္းထိထိုင္ေနၾကသည္ကို မနာလိုစိတ္ျဖင့္ ၾကည့္႐ႈခဲ့သည္။
သိုင္းဇာတ္လမ္းထဲက ေခါင္းေဆာင္တစ္ေယာက္လို သူ႕မ်က္ႏွာက ပုံမွန္မဟုတ္ဘဲ ေအးစိမ့္လို႔ေန၏။
ဒါေၾကာင့္ ဆုႏိုဟာ သူ႕ရဲ႕ပင္ကိုယ္စ႐ိုက္ကို ေျပာင္းလဲဖို႔ ျပင္းျပင္းထန္ထန္ အားထုတ္ေနရၿပီး ဇာတ္ေကာင္စ႐ိုက္က နက္႐ိႈင္းလြန္းတာေၾကာင့္ သူ႕ကိုယ္သူ ႐ုန္းမထြက္ႏိုင္ဘဲ အေကာင္းဆုံး ဇာတ္ေဆာင္ဆု႐ွင္အျဖစ္ ရပ္တည္ႏိုင္ေအာင္ ႀကိဳးစားေနတယ္လို႔ မီဒီယာအားလုံးက အ႐ူးအမူးတင္ဆက္ခဲ့ၾကျပန္သည္။
ဒီသတင္းကလည္း ခဏတာ ၿပီးသြားပါၿပီ။
သူ႕ရဲ႕ ပရိသတ္ေတြကလည္း ႏိုႏို ျပန္လည္ထြက္ေပၚလာရင္ အားေပးမယ္လို႔ အြန္လိုင္းမွာ မွတ္ခ်က္ေတြ ေပးခဲ့ၾကသည္။ ဒီဇာတ္ကားက ေမွ်ာ္လင့္ထားသလိုပဲ Box Office မွာ အႀကီးက်ယ္ေအာင္ျမင္ခဲ့တဲ့ဇာတ္ကားပါပဲ။ႏွစ္စဥ္က်င္းပၿမဲျဖစ္ေသာ ဆုေပးပြဲအခမ္းအနားတြင္ က်ံဳးလီဖုန္းပိုင္သည္ အေကာင္းဆုံးဒါ႐ိုက္တာဆုကို ေအာင္ျမင္စြာျပန္လည္ရယူႏိုင္ခဲ့သည္။
မုခ်ိဳးသည္ အလြန္ဂုဏ္ယူမိၿပီး ဆုေ႐ွာင္းႏိုသည္လည္း အ႐ူးကဲ့သို႔ လက္ခုပ္ထတီးသည္။စိတ္ရင္းမွန္ျဖင့္ ေပ်ာ္႐ႊင္စြာ ခံစားေပးခဲ့တာပဲေလ။
"အေကာင္းဆုံးဇာတ္ေဆာင္ဆုရမယ္လို႔ မင္းထင္လား?" အိုးရန္လုံက သူ႕နားထဲတြင္ တိုးတိုးေလးကပ္ေျပာသည္။
"ဒါက ကြၽန္ေတာ္႕အတြက္ လုံးဝအေရးမႀကီးဘူး" ဆုႏိုသည္ အေတာ္ေလး စိတ္ေအးလက္ေအးျဖင့္ "အမည္စာရင္း တင္သြင္းခံရတာ ဝမ္းသာပါတယ္၊ဒါေပမယ့္လည္း လြဲေခ်ာ္တယ္ဆိုတာကလည္း ပုံမွန္ပဲေလ။ဒီႏွစ္ မႏိုင္ရင္ ေနာက္ႏွစ္ ထပ္ႀကိဳးစားမယ္။ ကြၽန္ေတာ့္ရဲ႕ သ႐ုပ္ေဆာင္မႈစြမ္းရည္ေတြ တိုးတက္လာဖို႔ ေနရာအမ်ားႀကီး႐ွိပါတယ္။” ႏွိမ့္ခ်တတ္တဲ့ ဒီအ႐ူးေလးက ခ်ီးမြမ္းဖို႔ထိုက္တန္တယ္!
"ဒီႏွစ္ရဲ႕ အေကာင္းဆုံး ဇာတ္ပို႔ဆုကေတာ့ ခ်ိဳးက်ီယန္!" ေနာက္ထပ္နာမည္ႀကီး တစ္ေယာက္က ေနာက္ဆုကို ေပးအပ္လိုက္သည္။
စင္ျမင့္ေအာက္မွ လက္ခုပ္သံမ်ား ထြက္ေပၚလာၿပီး ဆုႏိုသည္ ဒါ႐ိုက္တာအိုးရန္လုံဘက္ကို ခ်က္ခ်င္းလွည့္ကာ အဆိပ္မ်ားျဖင့္ျပည့္ႏွက္ေနေသာအသံျဖင့္ "အေကာင္းဆုံး ဇာတ္ေဆာင္ဆုမရရင္ ကိုယ့္ကိုယ္ကို သတ္ေသပစ္မယ္!"
အိုးရန္လုံ:........
ခ်ိဳးက်ီယန္၏တြဲဖက္သ႐ုပ္ေဆာင္ သူငယ္ခ်င္းမ်ားထဲမွ တစ္ဦးက ဆုကိုတက္ယူေပးခဲ့သည္။ခ်ိဳးက်ီယန္က ဖ်ားနာမႈေၾကာင့္ ပ်က္ကြက္ခဲ့ေသာေၾကာင့္ပင္။
ဘယ္လိုေရာဂါမ်ိဳးလဲဆိုရင္.......
"ဝိုး!ၾကည့္!ဆုရၿပီ!!" ထန္ေ႐ွာင္းယြီသည္ အိမ္တြင္ တိုက္႐ိုက္ထုတ္လႊင့္မႈကို ၾကည့္ေနသည္။
"ဒါဆို ကိုယ္ဆုရသြားၿပီေပါ့" ခ်ိဳးက်ီယန္က ျပဳံးၿပီး ထန္ေ႐ွာင္းယြီကို သူ႕ေပါင္ေပၚတင္ကာ "ကိုယ့္အတြက္ဆုကေရာ ဘာရမွာလဲ?"
"ညစာအတြက္ အိမ္ခ်က္နံ႐ိုးနဲ႔မ်စ္ခ်ဥ္စြပ္ျပဳတ္။" ထန္ေ႐ွာင္းယြီက သူ႕ငယ္ထိပ္ကို ညင္သာစြာ ပြတ္သပ္လိုက္သည္။
ခ်ိဳးက်ီယန္သည္ ထန္ေ႐ွာင္းယြီကို ေပြ႕ခ်ီလိုက္ၿပီး မတ္တပ္ရပ္လိုက္သည္။
"အဲ့အစား ေပ်ာ္ရေအာင္။"
“ေဟး!” ထန္ေ႐ွာင္းယြီက ကန္႔ကြက္လိုက္၏။
"ေန႔ခင္းဘက္ပဲ ႐ွိေသးတယ္"
"ေန႔ခင္းဘက္ ဘာျဖစ္ေနတာလဲ၊ ေန႔ခင္းဘက္မွာပဲ ႐ွင္း႐ွင္းလင္းလင္း ျမင္ေနရတာေလ!" ခ်ိဳးက်ီယန္က ထန္ေ႐ွာင္းယြီကို ကုတင္ေပၚတင္ၿပီး သူ႕ခႏၶာကိုယ္အေပၚကေန ဖိလိုက္သည္။
"ကြၽန္ေတာ္တို႔ မေန႔ညကပဲ လုပ္ခဲ့တာ!" ထန္ေ႐ွာင္းယြီက သူ႕ကို ကန္ထုတ္လိုက္သည္။
"ဂ႐ုမစိုက္ဘူး၊မေတြ႕ရတာ တစ္ႏွစ္ေတာင္႐ွိၿပီ" ခ်ိဳးက်ီယန္က သူ႕နား႐ြက္ေလးကို ကိုက္ၿပီး "ဇနီးေလးခင္ဗ်ာ....ကာမစည္းစိမ္ကိုခံယူႏိုင္ဖို႔အတြက္ တစ္ႀကိမ္ေလာက္သာ ခြင့္ေတာင္းခ်င္ပါတယ္!"
ထန္ေ႐ွာင္းယြီက ငိုရမလား ရယ္ရမလားမသိေတာ့ေပ။ခ်ိဳးက်ီရန္ရဲ႕မ်က္ႏွာေပၚကို ေခါင္းအုံးျဖင့္ ဖိပစ္လိုက္သည္။
ဆုေပးပြဲအခမ္းအနားကို TV မွာ ဆက္လက္လႊင့္ခဲ့သည္။ၿပီးဆုံးခါနီးတြင္ ေမွ်ာ္မွန္းထားသည့္အေကာင္းဆုံးအမ်ိဳးသားဇာတ္ေဆာင္ဆုကို ေပးအပ္ရမည္ျဖစ္သည္။ဆုႏိုသည္ အလြန္စိတ္လႈပ္႐ွားေနေသာ္လည္း မ်က္ႏွာျပင္ေပၚတြင္ေတာ့ ေအးေဆးတည္ၿငိမ္စြာ သ႐ုပ္ေဆာင္ထားၿပီး ေျပာရရင္ေတာ့ သူက ဆုႏွင့္ထိုက္တန္ပါသည္ေပါ့။
"ေနာက္ၿပီး တစ္ႏွစ္တာ အေကာင္းဆုံးဇာတ္ေဆာင္ဆုကို ေပးအပ္ပါေတာ့မယ္!!" တင္ဆက္သူသည္ ေခတၱရပ္ၿပီး host အား ျပဳံးျပကာ "ဘယ္သူျဖစ္ႏိုင္မလဲ ခန္႔မွန္းၾကည့္!"
"ဒါက ငါ မျဖစ္ႏိုင္ဘူးလား?ငါက အေကာင္းဆုံး အမ်ိဳးသမီး ဇာတ္ပို႔ဆုအတြက္ပဲ အရည္အခ်င္းျပည့္မီတယ္"
ဒီလိုအခ်ိန္မ်ိဳးကို f*****k အဲ့ဒီေလာက္ အခ်ိန္ဆြဲမေနနဲ႔! ရပ္လိုက္ေတာ့!ဆုႏိုသည္ စိတ္ထဲမွာေတာ့ ပြက္ပြက္ဆူေနၿပီ။
အိုးရန္လုံသည္ သူ႕လက္ကို ဆုပ္ကိုင္ထားၿပီး စိတ္တည္ၿငိမ္ေစရန္ အခ်က္ျပလိုက္သည္။
သို႔ေသာ္ host သည္ တမင္တကာ က်ပန္းအေၾကာင္းအရာမ်ားကို အဆက္မျပတ္ေျပာေန၏။ဆုႏို၏အာ႐ုံေၾကာမ်ားက ေပါက္ကြဲထြက္သြားၿပီး သူ႕ေခါင္းပင္ မူးေဝလာရသည္။
"ဆုႏို" ဟူေသာအမည္ကိုေၾကျငာၿပီးေနာက္ သူ႕နားထဲတြင္ က်ယ္ေလာင္ေသာစကားသံမ်ား ထြက္ေပၚလာၿပီး ထိုင္ခုံေပၚတြင္ သုံးစကၠန္႔ၾကာေအာင္ ေအးခဲသြားခဲ့သည္။
အေကာင္းဆုံးသ႐ုပ္ေဆာင္ဆု႐ွင္၏ခ်စ္စဖြယ္မွိန္းစက္ေနေသာအမူအရာသည္ ႀကီးမားေသာဖန္သားျပင္ႀကီးေပၚတြင္ တိက်ေသခ်ာစြာျပသထားေသာေၾကာင့္ ပရိသတ္မ်ား အသည္းယားလာ၍ ေလထဲ၌ လက္သီးမ်ားထိုးကာ သူ႕နာမည္ကို ထပ္မံေအာ္ဟစ္ခဲ့ၾကျပန္သည္။လူမႈမီဒီယာေဝဖန္ေရးဆရာမ်ားက ေကာင္းကင္မွ ဆင္းသက္လာတဲ့ ႏိုႏိုသည္ ရံဖန္ရံခါ အလြန္ခ်စ္စရာေကာင္းၿပီး အျပစ္ကင္းသည္ဟု ဆိုၾကသည္။
တန္းစီၿပီး သူ႕လက္ကို ထိခ်င္လာေအာင္ တအားလုပ္တယ္!
"ငါ သိႏွင့္ေနတယ္!" ဒိုင္အန္းသည္ အတိုင္းအတာတစ္ခုအထိ စိတ္လႈပ္႐ွားေနခဲ့သည္။
ေလာ့လီက သူ႕ေဘးမွာထိုင္ေနၿပီး သူတို႔ပတ္ဝန္းက်င္က လွပတဲ့ အမ်ိဳးသမီးနဲ႔ အမ်ိဳးသားေတြကို စကင္န္ဖတ္ၿပီး ဒိုင္အန္းကို အခုခ်ိန္ကစၿပီး အနီးကပ္ၾကည့္ဖို႔ ဆုံးျဖတ္လိုက္၏။
"စင္ေပၚတက္ဖို႔အခ်ိန္ေရာက္ၿပီ" အိုးရန္လုံက ဆုႏိုကို တိုးတိုးေလးျဖင့္ သတိေပးလိုက္သည္။
ဆုႏိုသည္ စင္ျမင့္ေပၚသို႔ မူးေဝစြာေလွ်ာက္သြားကာ တိမ္ကိုးထပ္ေပၚတြင္ လမ္းေလွ်ာက္ေနသကဲ့သို႔ ေခါင္းငိုက္စိုက္က်သြားသည္။
အနည္းဆုံးေတာ့ သူေစာေစာက ျပင္ဆင္ထားတဲ့ ေက်းဇူးတင္စကား မိန္႔ခြန္းကို မေမ့ေသးလို႔သာ။ဒါက ေတာ္ဝင္ကိုယ္လုပ္ေတာ္ေလးအတြက္ စိတ္သက္သာရာရသြားသည့္ ႏွစ္သိမ့္မႈတစ္ခုပါပဲ။
က်န္သည့္ညေနခင္းတြင္ ဆုႏိုသည္ သူ႕မ်က္ႏွာေပၚမွ မထုံတက္ေသးအမူအရာအတိုင္း ျပန္လုပ္လိုက္ေသာ္လည္း သူ႕မ်က္လုံးထဲတြင္ ႐ႊင္ျမဴးေနသည့္ အရိပ္အေယာင္တို႔က က်န္႐ွိေနေသးရာ လူတိုင္း၏ႏွလုံးသားကို ခုန္ေပါက္သြားေစခဲ့သည္။ ဆို႐ွယ္မီဒီယာမ်ားတြင္ ၎တို႔သည္ ႏိုႏို၏အမာခံပရိသတ္ျဖစ္လိုေၾကာင္း ေျပာဆိုေနၾကၿပီး မစၥတာဒါ႐ိုက္တာအေပၚ မနာလို၊ဝန္တိုမႈေတြႏွင့္ မုန္းတီးမႈမ်ား ႐ွိသြားသည္ဟု ဆိုၾကသည္။
အိုးရန္လုံသည္ ဆုႏို၏အမူအရာေတြကို ၾကည့္ၿပီး အနည္းငယ္ စိုးရိမ္ေနမိသည္။
ငါ့ရဲ႕အ႐ူးေလးက စိတ္လႈပ္႐ွားလြန္းလို႔ ၿပိဳလဲသြားတာလား?သူဘာလို႔ မျပဳံးရတာလဲ ?
ဆုေပးပြဲၿပီးတာနဲ႔ ႏွစ္ေယာက္သား ကားေပၚျပန္တက္သြားၾကသည္။ဒါေပမယ့္ အိုးရန္လုံက ပါးစပ္မဖြင့္ခင္ ဆုႏိုသည္ ဆုဖလားကို လက္တစ္ဖက္တည္းနဲ႔ ကိုင္ထားလ်က္႐ွိေနကာ မစၥတာဒါ႐ိုက္တာကို တစ္ကိုယ္လုံးပတ္ရစ္ပတ္ထားလိုက္သည္။သူ ကိုက္လိုက္ၿပီး ရယ္ေမာတစ္ျဖတ္,အ႐ူးလို ကားေပၚမွာ ခုန္ဆြခုန္ဆြျဖစ္ေနသည္။
မစၥတာဒါ႐ိုက္တာက အခုမွ သက္ျပင္းတစ္ခ်က္ခ်ရင္း "ကိုယ္က မင္း စိတ္လႈပ္႐ွားတာကို မထိန္းခ်ဳပ္ႏိုင္ေတာ့လို႔ ျဖစ္ေနတယ္ထင္ခဲ့တာ!"
"ဘယ္...ကြၽန္ေတာ္က ရည္႐ြယ္ခ်က္႐ွိ႐ွိ လုပ္ခဲ့တာ!" ဆုႏို သည္ စိတ္အားထက္သန္စြာျဖင့္ "ကြၽန္ေတာ္ သ႐ုပ္ေဆာင္တာ အရမ္းေကာင္းတာပဲမဟုတ္လား!"
“အင္း.... အေကာင္းဆုံးမင္းသားပဲ” အိုးရန္လုံသည္ သူ႕ႏွာေခါင္းေလးကို ညစ္လိုက္ၿပီး သူ႕မ်က္လုံးမ်ားက ရယ္ျမဴးစိတ္မ်ားျဖင့္ ျပည့္ႏွက္ေနသည္။
"ဆုရေတာ့ ဘယ္လိုခံစားရလဲ?"
"ကြၽန္ေတာ္႕ခင္ပြန္းကို ေက်းဇူးတင္တယ္!" ဆုႏိုသည္ ဆုဖလားကို အိုးရန္လုံ၏ရင္ခြင္ထဲသို႔ ရက္ရက္ေရာေရာေပးထားခဲ့သည္။
"ဒီမွာ....ဒါ႐ိုက္တာႀကီး ယူလိုက္လို႔ရတယ္!"
"ကိုယ္က ဆုဖလားကို စိတ္မဝင္စားဘူး"
အိုးရန္လုံသည္ ဆုႏို၏ႏႈတ္ခမ္းကို စိတ္အားထက္သန္စြာ နမ္းလိုက္သည္။ "အေကာင္းဆုံး ဇာတ္ေဆာင္ဆု႐ွင္ကိုပဲ ပိုစိတ္ဝင္စားတယ္။"
“အင္း!” ဆုႏိုသည္ အိုးရန္လုံကို နမ္းရင္း လက္ထဲတြင္လည္း ဆုဖလားကို ကိုင္ထားရန္မေမ့ဘဲ လႊတ္ထားဖို႔ကလည္း တြန္႔ဆုတ္ေနခဲ့သည္။
ႏိႈင္းယွဥ္ရမယ္ဆိုရင္ မုခ်ိဳးႏွင့္ ဒါ႐ိုက္တာက်ံဳးတို႔သည္ ဆုေပးပြဲမၿပီးဆုံးမီက ထြက္ခြာသြားေသာေၾကာင့္ ဒါနဲ႔ပတ္သတ္ၿပီး ပိုမိုထိေရာက္မႈ႐ွိခဲ့သည္။သူတို႔သည္ ကားျဖင့္ ကမန္းကတန္းျပန္ကာ ျပင္းျပင္းထန္ထန္လုပ္ေဆာင္ခ်က္မ်ားျဖင့္ အိမ္တြင္ အခမ္းအနားမ်ားကို စတင္ခဲ့ၾကသည္။
"ေဟ့ ခုထိ ဝိုင္ေသာက္တာ မၿပီးေသးဘူး!" က်ံဳးလီဖုန္းပိုင္သည္ သူ႕ကုတင္ေပၚ႐ွိ ဝိုင္နီကိုၾကည့္ၿပီး အရမ္း..အရမ္းကိုေသာက္ခ်င္ေနသည္မွာ အမွန္ပင္။
“ေနာက္မွ ေသာက္ေတာ့။” မုခ်ိဳးသည္ က်ံဳးလီဖုန္းပိုင္၏ေရခ်ိဳးဝတ္စုံကို စတင္ခြၽတ္လိုက္သည္။
“မရဘူး!” က်ံဳးလီဖုန္းပိုင္က သူ႕ကို ကန္ထုတ္လိုက္သည္။
မုခ်ိဳးက ဝိုင္နီကို ကိုင္လိုက္ၿပီး ပါးစပ္ျဖင့္ ငုံ႔ေသာက္လိုက္ကာ က်ံဳးလီဖုန္းပိုင္၏ႏႈတ္ခမ္းဖ်ားမွတဆင့္ ဝိုင္ကိုတိုက္လိုက္သည္။
ဝိုင္ကို ဒီလိုေသာက္လို႔ မရဘူး!
ဒါ႐ိုက္တာက်ံဳးက ေဒါသတႀကီးနဲ႔ စိတ္ထဲမွာေတာ့ ႐ုန္းကန္လိုက္၏။
ေလေျပက ကန္႔လန္႔ကာေတြကို ေဝ့ဝဲတိုက္ခတ္သြားကာ ဝိုင္ရဲ႕ရနံ႔ေတြက အခန္းထဲမွာ ျပည့္ႏွက္သြားေစ၏။
စားပြဲေပၚ၌ ဆုဖလားငယ္ေလးတစ္ခုက မတ္မတ္႐ွိေနလ်က္ မီးေရာင္ေအာက္မွာ ေတာက္ပေနသည္။
ဒီကမ႓ာႀကီးက က်ယ္ျပန္႔ႀကီးမားလြန္းပါတယ္။ငါတို႔ေတြက မတူညီတဲ့လူေတြနဲ႔ ေန႔စဥ္ေတြ႕ဆုံေနၾကရၿပီး မတူညီတဲ့အရာမ်ားကို ေန႔စဥ္ႏွင့္အမွ် ၾကဳံေတြ႕ေနရတာပဲေလ။
ဒါေၾကာင့္ ကိုယ္ သေဘာက်ႀကိဳက္ႏွစ္သက္တဲ့လူနဲ႔ေတြ႕ရင္ ေက်းဇူးျပဳၿပီးေတာ့ သူတို႔နဲ႔ေနႏိုင္ေအာင္ ႀကိဳးစားၾကည့္လိုက္ပါ။
o(n_n)o
【ၿပီး】
T/N:ႏိုႏိုေလးတို႔ ဒီမွာတင္ ၿပီးသြားပါၿပီ။