[Unicode]
အခန်း(၁၀၉):ရုပ်ရှင်ရိုက်ကူးရေး ၁၂
ဆီးပြဿနာသည် တော်ဝင်ကိုယ်လုပ်တော်လေးအား ထိတ်လန့်သွားစေသည်။ဟိုတယ်ခန်းတွင် သူသည် လော့လီ၏လက်ပ်တော့အား သိမ်းယူခဲ့သည်။လော့လီကတော့ဖြင့် ကုမ္ပဏီက တောင်လိုပုံနေသော အလုပ်တွေကိုဖိအားပေးလုပ်ခိုင်းခံရကာ အောက်ထပ်က အင်တာနက်ကဖေးတွင် စီးကရက်မီးခိုးငွေ့များတလူလူဖြင့် သနားစရာကောင်းလောက်အောင် ပြည်နှင်ဒဏ်ခံခဲ့ရသည်။
ဒိုင်အန်းသည် Baidu ရှိ search barကိုဖွင့်ပြီး 'ငါ ဆီးသွားရတာ အဆင်မပြေဘူး' လို့ ရိုက်ရှာလိုက်သည်။ အနည်းငယ်သနားစရာကောင်းသည်ဟု သူထင်မိတာကြောင့် 'ဆီးပြဿနာများကို ကိုင်တွယ်ဖြေရှင်းနည်း' သို့ ပြောင်းလိုက်ပြီး ရှာဖွေသည့်ခလုတ်ကို မဝံ့မရဲ နှိပ်လိုက်သည်။
ရဲရင့်သည့်ကမ္ဘာသစ်ဆီသို့ သူ့ရှေ့တွင် တံခါးပေါက်ပွင့်လာသည်။
စာမျက်နှာထက်မှ ထောင်နှင့်ချီသော သက်ဆိုင်ရာ ရှာဖွေမှုရလဒ်များ ထွက်ပေါ်လာ၏။
အကောင့်တုများအောက်တွင် အမျိုးသားအများအပြားသည် သူတို့၏ဆီးအကြိမ်ရေ၊ဆီးမြန်ခြင်းနှင့် ဆီးတုံ့ဆိုင်းခြင်းပြဿနာများကို ဝန်ခံခဲ့ကြသည်။
ဘယ်လောက်တောင် စိတ်ပျက်စရာကောင်းလိုက်လဲ!
ဒိုင်အန်းသည် ရှာဖွေမှုရလဒ်တစ်ခုပေါ်တွင် ကျပန်းနှိပ်လိုက်သည်။ ပို့စ်တင်သူသည် ဆီးသွားတိုင်း ညှဉ်းပန်းနှိပ်စက်ခံရသလိုမျိုးဖြစ်ပြီး ဆီးမထွက်လာတဲ့အခါ အလွန်စိတ်ပူပန်ခဲ့ရကြောင်း ရေးတင်ထားသည်။ရုပ်ပိုင်းဆိုင်ရာ နာကျင်ရုံသာမက စိတ်ပိုင်းဆိုင်ရာကိုပါ ထိခိုက်စေခဲ့၏။
ဒါအမှန်ပဲ! တော်ဝင်ကိုယ်လုပ်တော်က ခေါင်းညိတ်သဘောတူသည်။
ထို့နောက် ပို့စ်အောက်တွင် ချက်ချင်းဆိုသလိုပင် ဆရာဝန်ပရိုဖိုင်ဓာတ်ပုံပါသော "ကျွမ်းကျင်သူ"က cmt ပေးထားသည်;ကျွန်တော့်ရဲ့ကျယ်ပြန့်တဲ့အတွေ့အကြုံအရ ပို့စ်တင်သူရဲ့ ပြဿနာက အလွန်အကျွံတစ်ကိုယ်ရည်အာသာဖြေခြင်းကြောင့်ပဲ။
ဖာ့ခ်.....တော်ဝင်ကိုယ်လုပ်တော်လေးသည် ဒေါသတကြီးဖြင့် ပိုမိုကျွမ်းကျင်ပုံပေါက်သည့် ပိုမိုတရားဝင်သောဝဘ်ဆိုက်တစ်ခုဆီသို့ ပြောင်းလိုက်သည်။ဒါပေမယ့် သူဘယ်လောက်ထိ ရှာဖွေမှုတွေလုပ်ခဲ့ပါစေ။သူ့ရဲ့စိုးရိမ်ပူပန်မှုက လုံးဝမလျော့ခဲ့ပေ။ဘာလို့လဲဆိုတော့ ဆီးကျိတ်ပြဿနာတွေကြောင့် ဖြစ်ရမယ်လို့ အများက ရေးတင်ထားကြလို့ပါပဲ။ဒါက ကြေကွဲစရာ။
မနေ့ညက ငါ အရမ်းများထိတ်လန့်သွားလို့များလား?ဒိုင်အန်းက သူ့ကိုယ်သူ နှစ်သိမ့်ဖို့ ကြိုးစားလိုက်သည်။သူသည် ဆုနို၏အနှစ်သက်ဆုံး အမှိုက်ပုံးအွန်လိုင်းဆွေးနွေးခန်းလေးကို ဖွင့်လိုက်ပြီး အကောင့်တုကို အသုံးပြုကာ ဝင်ရောက်ခဲ့သည်။
အကောင့်တုရှိရခြင်းအကြောင်းအရင်းနှင့် ပတ်သက်၍ အားလပ်ချိန်များတွင် ဆုနိုသည် သူ့၏ပိုမိုအားထက်သန်သော ပရိသတ်အချို့၏ဟန်ဆောင်ပန်ရေပြောဆိုမှုကို နှစ်သက်ပြီး "ဆုနိုက ရဲစွမ်းသတ္တိ
အပြည့်နဲ့သူရဲကောင်း သို့မဟုတ် ရဲရင့်သည့်ရဲသားတစ်ဦးအဖြစ် သရုပ်ဆောင်ဖို့ရာ မည်သည့်ဇာတ်ရုပ်က ပိုသင့်တော်ပါသလား,မင်းတို့ ဘယ်လိုထင်ကြလဲ?" ကဲ့သို့သော အကြောင်းအရာမျိုးကို အရှက်မရှိ ပို့စ်တင်ခဲ့သည်။ဒီလိုအချိန်မျိုးမှာ ပရော်ဖက်ရှင်နယ်ဆန်တဲ့ မန်နေဂျာကောင်းတစ်ယောက်အနေနဲ့ အကောင့်တုကို ချက်ချင်းသုံးပြီး ဆွေးနွေးမှုထဲကို ချက်ချင်းဝင်ရောက်ရပါမယ်။သူသည် ရဲနှင့်သူရဲကောင်း ဇာတ်ရုပ်နှစ်ခုကြား လွန်ဆွဲမှုကို ညွှန်ကြားရမည်ဖြစ်ပြီး "ဆုနိုက ဘယ်လိုလုပ်ပြီး ဒီလိုဇာတ်ရုပ်နဲ့ သရုပ်ဆောင်လို့ရမှာလဲ!အပျော်ယောက်ျားလေးဇာတ်ရုပ်နဲ့ပဲ ပိုသင့်တာပေါ့" ကဲ့သို့သော မှတ်ချက်များနှင့် ဝေးဝေးရှောင်နေရမည် ဖြစ်သည်။ဒီ cmt များက ဆုနို၏ ခံစားချက်ကို ထိခိုက်စေတယ်လေ။
ထို့ကြောင့် နာမည်ကြီး ကျော်ကြားသူများကို စီမံခန့်ခွဲရတယ်ဆိုတဲ့အလုပ်က အလွန်ခက်ခဲသည့်အသက်မွေးဝမ်းကျောင်းတစ်ခုဟု ပြောရမည်မှာ မှန်၏။
ဒိုင်အန်းက တစ်ချက် စဥ်းစားကြည့်ပြီးနောက်ဆုံးမှာ ပို့စ်ကို တင်လိုက်သည်။
ဆီးလမ်းကြောင်းပြဿနာသည် အစောတလျင်ကပင် hot ဖြစ်နေသည့် အကြောင်းအရာတစ်ခုဖြစ်နေပြီဖြစ်တာမို့ ယင်းပို့စ်သည် ချက်ခြင်းပင် ထိပ်ဖြစ်သွားခဲ့သည်။ကောင်မလေးတစ်ယောက်တင်လိုက်တာမို့ ပိုတောင်နာမည်ကြီးလာသေး၏။
ဒါအမှန်ပါပဲ!တော်ဝင်ကိုယ်လုပ်တော်လေးသည် အမျိုးသမီးအကောင့်ကို အသုံးပြု၍ ဝင်ရောက်ထားမိကြောင်း သတိမပြုမိခဲ့လို့ပါ။အကောင့်ကို "ငါက မီနီစကတ်ကွက်လေးတွေကို ချစ်တယ်!" လို့ အမည်ပေးထားပြီး လန်းဆန်းတက်ကြွတဲ့ မိန်းကလေးရဲ့ ငယ်ရွယ်နုပျိုတဲ့ခံစားချက်ကို ပေးစွမ်းထားသည်။
သူ့ရဲ့နောင်တရစရာအမှားကို နောက်ဆုံးသိလိုက်ချိန်မှာတော့ ပိုစ်အောက်တွင် တုံ့ပြန်မှုများစွာကို လက်ခံရရှိပြီးဖြစ်သည်။ယနေ့ခေတ် မိန်းကလေးများက ထိုသို့သော သီးသန့်အကြောင်းအရာများနှင့်ပတ်သက်သည့် မေးခွန်းများကို လူသိရှင်ကြား သတ္တိရှိရှိ ပို့စ်တင်ရဲကြပြီး အကျင့်သိက္ခာမရှိကြကြောင်း လူတိုင်းက မီးမောင်းထိုးပြောဆိုကြသည်။
ထို့ကြောင့် မစ္စတာဒိုင်အန်းသည် ပို့စ်ကို ဖျက်ပစ်ဖို့ရာ ကြိုးစားခဲ့သော်လည်း adminက ရက်စက်စွာ ငြင်းပယ်ခဲ့လေသည်။အကြောင်းပြချက်ကတော့ မှတ်ချက်ကဏ္ဍမှာ အမုန်းစကားမရှိရင် hot ဖြစ်နေတဲ့ ပို့စ်တွေကိုဖျက်လို့မရပေ။
ဒိုင်အန်းက အံ့အားသင့်သွားသည်။သုံးမိနစ်မျှသာ တိုတောင်းသော အချိန်အတွင်းမှာပဲ သူ့ပို့စ်က ခေတ်စားနေတဲ့ အကြောင်းအရာတစ်ခု ဖြစ်သွားရောလား?ဒါက ဘယ်လိုတောင် ရယ်စရာကောင်းတဲ့ မြန်နှုန်းမျိုးလဲ!cmtတွေက ပိုလို့တောင် ရယ်စရာကောင်းနေသေးတယ်!အပေါ်က မှတ်ချက်အနည်းငယ်ဆိုရင် 'ရေချိုးခန်းအပြင်ဘက်မှာ ရုပ်ရည်ချောမောတဲ့ ကောင်လေးတစ်ယောက် ရပ်နေသလား'လို့တောင် ရင်သပ်ရှုမော တပြောပြောနဲ့ မေးကြထားသေး။
လော့လီကို တန်းခနဲတွေးမိလိုက်သောကြောင့် ဒိုင်အန်းသည် ခဏတာ တောင့်တင်းသွားတော့သည်။ဒါနဲ့ပဲ မာနကိုမျိုချလိုက်ပြီး ပြန်ရေးလိုက်၏။
'အပြင်မှာ ရုပ်ရည်ချောမောတဲ့ ကောင်လေးမရှိဘူး၊အမာရွတ်နဲ့ လူတစ်ယောက်တော့ ရှိတယ်,အဲဒါကိုရော ထည့်တွက်လား?'
ထိုအခါ လူတိုင်းက ပြန်ရေးကြပြန်၏။
'ပို့စ်တင်သူက ထူးဆန်းတဲ့ ယောက်ျားအကြိုက်ရှိနေတာပဲ၊ဒါပေမယ့်လည်း အမာရွတ်ရှိတဲ့ အမျိုးသားတွေကလည်း ဆွဲဆောင်မှု ရှိကြတယ်၊မင်း သူ့ကို ဘယ်လောက်ကြာကြာ ချစ်မိသွားခဲ့တာလဲ?"
ဒိုင်အန်းက အသက်ပြင်းပြင်းရှူရင်း
'ငါ သူ့ကို ဘာလို့ကြိုက်ရမှာလဲ?'
မှတ်ချက်ပေးသူများအားလုံးက ရယ်ကြတော့သည်။ ရှက်မနေသင့်ဘဲ မိန်းကလေးအများစုမှာ သူတို့နှစ်သက်သော ယောက်ျားလေးတွေက ရေချိုးခန်းအပြင်ဘက်တွင် မတ်တပ်ရပ်ပါက အလားတူပြဿနာမျိုး ရှိနိုင်မည်ကြောင်း၊မင်း သူ့ကို အောင်အောင်မြင်မြင် အနိုင်ရယူပြီးတာနဲ့ လက္ခဏာတွေက တဖြည်းဖြည်း ပျောက်ကွယ်သွားလိမ့်မယ် ဖြစ်ကြောင်းပေါ့!
ဒီလိုဆွေးနွေးမှုဖိုရမ်မျိုးက လူကူးမျဉ်းကြားများတွင် ကပ်ထားသည့် ပိုစတာကြော်ငြာများထက်ပင် ယုံကြည်စိတ်ချရမှုနည်းနေတာပဲ။ဘယ်သူက ကြိုက်နေတာလဲ!ဒိုင်အန်းက ဒေါသတကြီး
ဖြင့်။
"ငါ သူ့ကို လုံးဝ မကြိုက်ဘူး!"
လူတိုင်းက ထပ်ပြီး ရယ်မောကြပြီး
<မင်းအမှန်တကယ်လိုချင်တာကို ငြင်းပယ်တဲ့အခါကျရင် မင်းက အရမ်းချစ်စရာကောင်းတာပဲ။အပြစ်ကင်းစင်တဲ့ မီနီစကတ်အကွက်လေးဝတ်တတ်တဲ့ ကောင်မလေးက အမှန်တကယ် ရှက်တတ်ပြီး ချစ်စရာကောင်းတဲ့ မိန်းကလေးပဲ ဖြစ်ရမယ်။အမာရွတ်ရှိတဲ့ကောင်လေးကို မင်းတကယ်မချစ်ရင် ငါနဲ့ဘာလို့မဒိတ်တာလဲ။မင်းအရပ်ဘယ်လောက်မြင့်လဲ?ဘရာစီယာနဲ့အတွင်းခံ အရွယ်အစားကရော။ကိုယ်အလေးချိန်က ဘယ်လောက်ရှိလဲ?>
'WTF ဒါက......!' ဒိုင်အန်းက လေရှူထုတ်လိုက်ပြီး အနီရောင် ကြက်ခြေခတ်လေးကို ပြတ်ပြတ်သားသား နှိပ်လိုက်တယ်။
ဒီအမှိုက်ဆွေးနွေးပွဲဖိုရမ်ကြောင့် ငါ့စိတ်လေးကို အပျက်ဆီးခံမှာ မဟုတ်ဘူး။
ဟုတ်ပါတယ်!browser history ကိုလည်း ဖျက်ပစ်ရမယ်။
သူ့အကြောင်းတွေကို ဝှက်ထားတဲ့နေရာမှာတော့ ဒိုင်အန်းက ဆုနိုထက် အနည်းငယ်သာလွန်တယ်လို့ ပြောရမယ်။
မိနစ်အနည်းငယ်ကြာပြီးနောက် လော့လီက တံခါးကိုဖွင့်လိုက်သည်။
"နေ့လည်စာစားချိန်ရောက်ပြီ။"
ဒိုင်အန်းသည် ချက်ချင်းပင် နှာခေါင်းကို ရှုံ့လိုက်ပြီး "ဘာလို့ စီးကရက်မီးခိုးနံ့ ရနေတာလဲ?"
"ငါ ဆေးလိပ်လုံးဝမသောက်ထားဘူးနော်" လော့လီက အပြစ်ကင်းစွာ ပခုံးတွန့်လိုက်ပြီး "အင်တာနက်ကဖေးမှာသာ စီးကရက်မီးခိုးတွေနဲ့ ပြည့်နေတယ်၊ငါဘာမှ မတတ်နိုင်ဘူးလေ"
ဒိုင်အန်း ကုတင်ပေါ်မှ ဖြည်းညှင်းစွာ ဆင်းလိုက်သည်။လော့လီက သူ့လက်ပ်တော့ကို ရက်ရက်ရောရော ငှားထားသောကြောင့် တစ်ဒိုင်အန်းကတော့ မီးခိုးငွေ့ကို သည်းညည်းခံရန် ဆုံးဖြတ်ခဲ့သည်။
"မင်း ဘာစားချင်လဲ?" လော့လီက သူ့ကို ဖိနပ်စီးဖို့ ကူညီပေးခဲ့သည်။
"ခေါက်ဆွဲ" ဒိုင်အန်းက ချက်ချင်းကို စိတ်ပြေဖို့လွယ်ပါ၏။ "အရှေ့ဂိတ်နားကဆိုင် ကောင်းတယ်"
"သွားကြရအောင် " လော့လီက သူ့ကို ကူတွဲပေးခဲ့သည်။
"ကျေးဇူးတင်ပါတယ်" ဒိုင်အန်းက ယဉ်ကျေးစွာပြောလိုက်သည်။တခါတရံ အနည်းငယ် စိတ်ဆိုးတတ်ပေမယ့်လည်း ယေဘူယျအားဖြင့် သူ့ရဲ့အမူအကျင့်ကောင်းကို မမေ့တတ်ပေ။
"ရပါတယ်။" မစ္စတာအမာရွတ်က ရွှင်မြူးစွာပြုံးပြလိုက်သည်။ "ဝန်ဆောင်ခတစ်ခုကို တစ်သောင်းနှစ်ထောင်ဖြစ်ပြီး လျှော့စျေးနဲ့ဆိုရင် ထောင့်ခြောက်ရာနဲ့ ညီမျှတယ်။"
ဒိုင်အန်းက နှုတ်ဆိတ်သွားတော့၏။ခေါက်ဆွဲဆိုင်က သိပ်မကြီးပေမယ့် ခေါက်ဆွဲပြုတ်က အရသာရှိတဲ့အပြင် ဆော့စ်ကိုလည်း ကပ်စေးမနဲထားပေ။ဒိုင်အန်းသည် ဝက်အသည်းကြော် ခေါက်ဆွဲပြုတ်ကိုမှာထားသော်လည်း လော့လီ၏ပုဇွန်ခေါက်ဆွဲပြုတ်ကို အငမ်းမရကြည့်ကာ အရသာပိုရှိနိုင်သည်ဟု တွေးလိုက်မိသည်။ဒါပေမယ့် ဟင်းနှစ်ပွဲ မှာတာ ဖြုန်းတီးတာပဲလေ။
"လဲချင်လို့လား?" လော့လီက မေးသည်။
"ရလား?" တော်ဝင်ကိုယ်လုပ်တော်လေးက စိတ်အားထက်သန်နေ၏။
"ဘယ်ရမလဲ!" လော့လီက ဟင်းရည်ကိုပါးစပ်အပြည့် ထည့်သောက်လိုက်ပြီး "မေးရုံပဲ မေးတာလေ"
ဒိုင်အန်းခဗျာ ငိုင်သွားရတော့သည်။မစ္စတာအမာရွတ်လိုမျိုး လူမျိုးအတွက် ဘာမျှော်လင့်ချက်မျှ မထားသင့်ဘူး!
ထမင်းစားပြီး တစ်ဝက်လောက်မှာတော့ လော့လီက ဖုန်းပြောဖို့ထွက်သွားသည်။မစ္စတာမန်နေဂျာသည် သူ့ပန်းကန်ထဲက ပုစွန်တစ်ကောင်ကို ကလေးဆန်စွာခိုးယူသွားခဲ့သည်။
"ချစ်ရတဲ့တော်ဝင်ကိုယ်လုပ်တော်လေး!" ဆုနိုက ဖုန်းထဲကနေ အော်ပြောလိုက်သည်။
"ရိုက်ကူးရေးမသွားဘူးလား" ဒိုင်အန်းက အနည်းငယ်ဝေခွံမရဖြစ်သွားသည်။
"ငါတို့ စားနေကြတာ။အိမ်မှာ ဘယ်လိုနေသေးလဲ?"
"စိုးရိမ်စရာမရှိပါဘူး။" ဒိုင်အန်းက လော့လီဆီမှ ပုစွန်များကို ဆက်ခိုးယူနေပြီး ဆက်လက်၍ "မင်းပြောတာ မှန်တယ်သိလား!လော့လီက အရမ်းစိတ်ပျက်ဖို့ကောင်းတယ်"
"သူ့အကြောင်းကြီးကိုပြောပြီး အရသာရှိတဲ့အစားအစာတွေကို မဖျက်စီးနဲ့!" ဆုနိုက ရွံရှာစိတ်ဖြင့်။ "သူ ငါ့အကြောင်း ထပ်မေးပြန်ပြီလား?" ဆုနိုက လေးနက်စွာ ထပ်မေးလိုက်၏။
"အဲဒီလို မဟုတ်ပါဘူး" ဒိုင်အန်း၏ဘောများက တင်းကျပ်လာသည်။
"ဒါဆို မင်းက သူ့အကြောင်းကို ဘာလို့စကားဝိုင်းထဲခေါ်လာရတာလဲ?"
"စိတ်ထွက်ပေါက်ရှာရုံ သက်သက်ပါ" ဒိုင်အန်းသည် နောက်ဆုံးပုဇွန်ကို ပါးစပ်ထဲသို့ ထည့်လိုက်သည်။
"မှန်တယ်၊သူက အရမ်းစိတ်ပျက်စရာကောင်းတာပဲ!" ဆုရှောင်းနိုက လေးနက်စွာ သဘောတူသည်။ "သူက မိန်းမလို ၀တ်စားရတာကို ကြိုက်တဲ့သူဖြစ်နိုင်တယ်။အမျိုးသမီးအတွင်းခံ အနီရောင်ကို ၀တ်ရတာကြိုက်လိမ့်မယ်!"
တော်ဝင်ကိုယ်လုပ်တော်က သူ့ကိုယ်ပိုင် Fuwa အတွင်းခံအနီရောင်ကို ချက်ချင်းစဉ်းစားမိပြီး အကြောင်းအရာကို တည်ငြိမ်စွာ ပြန်ပြောင်းလိုက်သည်။
"Sir,မင်း သွားစားသင့်ပြီ"
"ကောင်းပြီ ငါဖုန်းချတော့မယ်။အားရင် ငါဖုန်းဆက်လိုက်မယ်" ဆုရှောင်းနိုလေးကလည်း မြန်မြန်စားချင်နေပြီ။ဒါပေမယ့် လည်း ဖုန်းချရမယ်ဆိုတာက သူချစ်ရတဲ့တော်ဝင်ကိုယ်လုပ်တော်လေးနဲ့ အစားအသောက်ကို ရွေးရမယ်ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။ လွယ်ကူတဲ့ရွေးချယ်မှုမဟုတ်ခဲ့ဘူး။
ဖုန်းချပြီးနောက် ဒိုင်အန်းသည် သူ့ခေါက်ဆွဲကိုဆက်စားနေသည်။ဒါပေမယ့် လော့လီ ပြန်ရောက်လာပြီးနောက် အလွတ်ပန်းကန်ထဲကို ကြည့်ရင်း ရယ်နေသည်မှာ ဗိုက်အောင့်လုနီးပါးပင် ဖြစ်သွား၏။
ဒိုင်အန်းက အေးအေးဆေးဆေးပင် ကြို့ထိုးလိုက်သေးသည်။
ထို့နောက် ထိုနေ့လည်ပိုင်းတွင် ဒါရိုက်တာလော့၏လက်ထောက်သည် သူပြန်လာမည့်ရက်ကို နောက်တစ်ကြိမ် ဖျက်ပစ်သည့် လူမဆန်သော စာတိုတစ်စောင်ကို လက်ခံရရှိခဲ့ပြန်သည်။
စိတ်ဆင်းရဲသွားရတဲ့လက်ထောက်လေးသည် အမျိုးမျိုးသော လက်ထောက်ဒါရိုက်တာများကို မျက်ရည်စက်လက်ဖြင့်သာ ရှာဖွေရတော့သည်။
ဟိုတယ်က ကန့်လန့်ကာများကို ဆွဲကာ အလင်းရောင်ကိုပိတ်ဆို့ထားလိုက်၏။ဒိုင်အန်းက အိပ်ယာခင်းကို ပွေ့ဖက်ကာ နေ့ခင်းနေ့လယ် အိပ်မောကျနေချိန်တွင် လော့လီသည် သူ့ဘေးနားတွင် အင်တာနက်သုံးနေသည်။
တော်ဝင်ကိုယ်လုပ်တော်လေးက သူ့ရှာဖွေမှုမှတ်တမ်းကို ညဏ်ပညာရှိဆန်စွာ ဖျက်လိုက်သော်လည်း မစ္စတာအမာရွတ်သည် မြေအောက်မာဖီးယားဂိုဏ်းဝင်တစ်ဦးဖြစ်ကြောင်း မည်သို့သိရှိနိုင်ပါ့မလဲ?သူ့လက်ပ်တော့က သာမန်လက်ပ်တော့မဟုတ်ပေ။
ထို့ကြောင့် သူ့ရဲ့ဆီးပြဿနာများကို အွန်လိုင်းဝေဖန်သုံးသပ်သူများထံမှ cmt များ အားလုံးအပါအဝင် လော့လီရှေ့မှာ ဗလာကျင်းစွာလွတ်လွတ်လပ်လပ် ထုတ်ဖော်ပြသခဲ့လိုက်ရသည်။ ဒါနဲ့ပဲ လော့လီတစ်ယောက် နောက်ထပ် သုံးမိနစ်လောက် ရယ်မောလိုက်ရပြန်၏။
သူက သတိရှိနေခဲ့လို့သာ,မဟုတ်ရင် ဒိုင်အန်းကို တောင်ပေါ်ကနေခေါ်လာကတည်းက သူ ရယ်နေတာရပ်တော့မည်မဟုတ်ပေ။
"ခင်ဗျား ကိုယ့်အိပ်ရာပေါ်မှာ ဘာလို့မရယ်ရတာလဲ!" တော်ဝင်ကိုယ်လုပ်တော်လေးသည် အိပ်ယာလှုပ်သဖြင့် နိုးလာသည်။
လော့လီက လေစချွန်လိုက်၏။
"........"
ဒိုင်အန်းက သူ့ကို အံ့သြတဲ့အကြည့်နဲ့ "ခင်ဗျား စိတ်အခြေအနေကောင်းနေပုံရတယ်"
လော့လီက ပြုံးပြီး "မင်းထင်တယ်ပေါ့"
အရူးတွေတောင် သူပျော်နေတယ်လို့ ပြောနိုင်တယ်!
ဒိုင်အန်းသည် ကုတင်ပေါ်မှ တွားဆင်းကာ ရေချိုးခန်းထဲသို့ ဝင်သွားသည်။လေချွန်သံကြောင့် ဆီးသွားချင်မိသွားတယ်!
သူ့ဘောင်းဘီဇစ်ကို ဆွဲချလိုက်ပြီး ဆီးမထွက်ခင်မှာပင် လော့လီက ရေချိုးခန်းတံခါးအပြင်ဘက်ကနေ ရုတ်တရက် ပြောလိုက်သည်။ "မင်း ဒီညအတွက် ဘာစားချင်လဲ?"
"ကျွန်တော်ရေအိမ်သုံးနေချိန်မှာ ဒါကိုဆွေးနွေးမှရမှာလား?"
"ကောင်းပြီ မင်းထွက်လာဖို့ ငါစောင့်နေမယ်" လော့လီက တံခါးကိုမှီပြီး လေဆက်ချွန်နေ၏။
ဟိုတယ်ရေချိုးခန်းတွင် အသံလုံစနစ်က ညံ့ဖျင်းပြီး သော့တောင်မပါရှိပေ။ဒီလိုနဲ့ နောက်တစ်ကြိမ် ဒိုင်အန်းဂျူနီယာလေးက ပြန်လဲကျပြီး ဆီးသွားဖို့ အခက်အခဲ ကြုံခဲ့ရပြန်သည်။
နောက်ထပ်သုံးမိနစ်ကြာပြီးနောက် ဒိုင်အန်းသည် ဖြူဖတ်ဖြူရော်ဖြင့် ထွက်လာကာ ဒူးကောက်ကွေးကကွေးကျသွားသည်။
လော့လီ၏အမြန်တုံ့ပြန်မှုဖြင့် သူ့ကိုဖမ်းမိလိုက်လို့သာ။
ညစ်ညမ်းသောအချစ်ဝတ္ထုများမှ ဇာတ်အိမ်တည်ထားသည့် ဇာတ်သိမ်းခန်းများကဲ့သို့ပင် "မိန်းကလေးသည် ဇာတ်လိုက်အမျိုးသား၏ရင်ခွင်ထဲသို့ တည့်တည့်ပြုတ်ကျသည်" ဆိုတာမျိုးပေါ့၊အရမ်းချစ်စရာကောင်းတာပဲ!
"နေမကောင်းဘူးလား?" လော့လီက သိသိကြီးနဲ့ မေးလိုက်ပြီး အိပ်ယာပေါ်ပြန်တက်ဖို့ ကူညီပေးလိုက်၏။
"ဘာမှမဖြစ်ပါဘူး။" တော်ဝင်ကိုယ်လုပ်တော်လေးခဗျာမှာတော့ စိတ်ဓာတ်ကျသွားသည်။သူနောက်ဆုံးအကြိမ် ဆီးသွားတုန်းက ကြောက်စိတ်ကြောင့်ဖြစ်ရင် ဒီတစ်ခါကရော ဘာအကြောင်းကြောင့်လဲ?
ဒါပေမယ့် ငါတကယ်ကို တစ်ကိုယ်ရည်အာသာဖြေတာမျိုးတွေ မလုပ်ခဲ့ပါဘူး!ငါ့ရဲ့ဆီးကျိတ်မှာပဲ အမှန်တကယ် တစ်ခုခုများမှားယွင်းနေတာလား!
"ညစာ ဘာစားချင်လဲ?" လော့လီသည် သူ့ဗိုက်လေးကို ညင်သာစွာ ညစ်လိုက်သည်။
"ဗိုက်မဆာဘူး။ခင်ဗျားဘာသာ သွားစားလိုက်တော့။" ဒိုင်အန်းသည် အစာစားချင်စိတ် ပျောက်ဆုံးသွား၏။
"ဘာဖြစ်လို့လဲ?" လော့လီက တကယ့်ကို သောက်ကျင့်မကောင်းတဲ့ ကောင်ပါပဲ။
ငါ့မှာ ထုတ်ပြောလို့မရနိုင်တဲ့ ရောဂါရှိနေလို့ပေါ့။တော်ဝင်ကိုယ်လုပ်တော်လေးကိုကြည့်ရတာ စိတ်ဓာတ်ကျနေပုံရသည်။
"ကောင်းပြီ၊ မင်းဒီမှာနေလိုက်" လော့လီက သူ့လက်ပ်တော့ကို ပေးလိုက်သည်။ "အင်တာနက်သုံးနေလိုက်လေ။အင်တာနက်ကဖေးမှာ မှာပြီးတာနဲ့ မင်းအတွက် ယူလာပေးမယ်"
"အင်း" ဒိုင်အန်းက သူပြောနေသည်များကို ကြားလိုစိတ်မရှိပေ။
လော့လီသည် မျှော်လင့်ချက်ရောင်ခြည်လေးဖြင့် ထွက်သွားပြီးနောက် ဒိုင်အန်းသည် ဆီးလမ်းကြောင်းဆိုင်ရာ ပြဿနာများအတွက် အင်တာနက်တွင် ရှာဖွေခဲ့ပြန်သည်။နောက်တော့ သူ ဆီးသွားချင်သလို ခံစားလာရ၏။
သူသည် ညှဉ်းပန်းနှိပ်စက်ခံရတော့မည်အတွက် သူ့ကိုယ်သူ ပြင်ဆင်ထားသော်လည်း အံ့သြစရာကောင်းသည်မှာ သူသည် ယခုတစ်ကြိမ်တွင် မည်သည့်ဒုက္ခမှ မခံစားရပေ။သူအရမ်း ကောင်းသွား၏။
ဖြစ်နိုင်ချေရှိသော ဆီးကျိတ်ပြဿနာများမှ မှောင်မိုက်သည့်အခိုးအငွေ့များသည် ချက်ချင်းပျောက်ကွယ်သွားတော့သည်။
ဒိုင်အန်းသည် အစပိုင်းတွင် ပီတိဖြစ်ခဲ့သော်လည်း နောက်ပိုင်းတွင် ထပ်မံစဉ်းစားပြီးနောက် အံ့သြသွားခဲ့သည်။
မစ္စတာအမာရွတ် အနားမှာရှိနေရင်သာ ပြဿနာပေါ်လာတာ ဘာကြောင့်လဲ?
ဒါက ဘယ်လို အဓိပ္ပါယ်မဲ့တဲ့ အကြောင်းပြချက်ကြီးလဲ!
ကောင်းကင်သည် ရုတ်တရက် မှောင်မိုက်သွားပြီး ပြတင်းပေါက်အပြင်ဘက်က မိုးခြိမ်းသံတွေသည် တော်ဝင်ကိုယ်လုပ်တော်လေး၏ခံစားချက်နှင့် ကိုက်ညီစွာ ဖြစ်တည်နေသည်။
"ဒီည ခေါက်ဆွဲကြော်စားချင်လား?" လော့လီက ဖုန်းနဲ့လှမ်းမေးလိုက်၏။
"ရတယ်" ဒိုင်အန်းက ချက်ခြင်းဖုန်းချချင်ပြီ။
"မိနစ်နှစ်ဆယ်အတွင်း ငါပြန်လာမယ်။အမဲရိုးအရသာ ဒါမှမဟုတ် ငါးဆုပ်အရသာ?"
ဒါပေမယ့် တော်ဝင်ကိုယ်လုပ်တော်လေးက ဖုန်းချနှင့်ပြီးသား။
သူ့ဘဝတွင် ပထမဆုံးအကြိမ်အဖြစ် အမူအကျင့်ကောင်းများ ပျောက်ဆုံးသွားခဲ့ခြင်းပင်။
ဒါပေမယ့် သူ ဘာလုပ်နိုင်မှာလဲ!
သူ မူးနောက်သွားရတယ်!
¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎
[Zawgyi]
အခန္း(၁၀၉):႐ုပ္႐ွင္႐ိုက္ကူးေရး ၁၂
ဆီးျပႆနာသည္ ေတာ္ဝင္ကိုယ္လုပ္ေတာ္ေလးအား ထိတ္လန္႔သြားေစသည္။ဟိုတယ္ခန္းတြင္ သူသည္ ေလာ့လီ၏လက္ပ္ေတာ့အား သိမ္းယူခဲ့သည္။ေလာ့လီကေတာ့ျဖင့္ ကုမၸဏီက ေတာင္လိုပုံေနေသာ အလုပ္ေတြကိုဖိအားေပးလုပ္ခိုင္းခံရကာ ေအာက္ထပ္က အင္တာနက္ကေဖးတြင္ စီးကရက္မီးခိုးေငြ႕မ်ားတလူလူျဖင့္ သနားစရာေကာင္းေလာက္ေအာင္ ျပည္ႏွင္ဒဏ္ခံခဲ့ရသည္။
ဒိုင္အန္းသည္ Baidu ႐ွိ search barကိုဖြင့္ၿပီး 'ငါ ဆီးသြားရတာ အဆင္မေျပဘူး' လို႔ ႐ိုက္႐ွာလိုက္သည္။ အနည္းငယ္သနားစရာေကာင္းသည္ဟု သူထင္မိတာေၾကာင့္ 'ဆီးျပႆနာမ်ားကို ကိုင္တြယ္ေျဖ႐ွင္းနည္း' သို႔ ေျပာင္းလိုက္ၿပီး ႐ွာေဖြသည့္ခလုတ္ကို မဝံ့မရဲ ႏွိပ္လိုက္သည္။
ရဲရင့္သည့္ကမ႓ာသစ္ဆီသို႔ သူ႕ေ႐ွ႕တြင္ တံခါးေပါက္ပြင့္လာသည္။
စာမ်က္ႏွာထက္မွ ေထာင္ႏွင့္ခ်ီေသာ သက္ဆိုင္ရာ ႐ွာေဖြမႈရလဒ္မ်ား ထြက္ေပၚလာ၏။
အေကာင့္တုမ်ားေအာက္တြင္ အမ်ိဳးသားအမ်ားအျပားသည္ သူတို႔၏ဆီးအႀကိမ္ေရ၊ဆီးျမန္ျခင္းႏွင့္ ဆီးတုံ႔ဆိုင္းျခင္းျပႆနာမ်ားကို ဝန္ခံခဲ့ၾကသည္။
ဘယ္ေလာက္ေတာင္ စိတ္ပ်က္စရာေကာင္းလိုက္လဲ!
ဒိုင္အန္းသည္ ႐ွာေဖြမႈရလဒ္တစ္ခုေပၚတြင္ က်ပန္းႏွိပ္လိုက္သည္။ ပို႔စ္တင္သူသည္ ဆီးသြားတိုင္း ညႇဥ္းပန္းႏွိပ္စက္ခံရသလိုမ်ိဳးျဖစ္ၿပီး ဆီးမထြက္လာတဲ့အခါ အလြန္စိတ္ပူပန္ခဲ့ရေၾကာင္း ေရးတင္ထားသည္။႐ုပ္ပိုင္းဆိုင္ရာ နာက်င္႐ုံသာမက စိတ္ပိုင္းဆိုင္ရာကိုပါ ထိခိုက္ေစခဲ့၏။
ဒါအမွန္ပဲ! ေတာ္ဝင္ကိုယ္လုပ္ေတာ္က ေခါင္းညိတ္သေဘာတူသည္။
ထို႔ေနာက္ ပို႔စ္ေအာက္တြင္ ခ်က္ခ်င္းဆိုသလိုပင္ ဆရာဝန္ပ႐ိုဖိုင္ဓာတ္ပုံပါေသာ "ကြၽမ္းက်င္သူ"က cmt ေပးထားသည္;ကြၽန္ေတာ္႕ရဲ႕က်ယ္ျပန္႔တဲ့အေတြ႕အၾကဳံအရ ပို႔စ္တင္သူရဲ႕ ျပႆနာက အလြန္အကြၽံတစ္ကိုယ္ရည္အာသာေျဖျခင္းေၾကာင့္ပဲ။
ဖာ့ခ္.....ေတာ္ဝင္ကိုယ္လုပ္ေတာ္ေလးသည္ ေဒါသတႀကီးျဖင့္ ပိုမိုကြၽမ္းက်င္ပုံေပါက္သည့္ ပိုမိုတရားဝင္ေသာဝဘ္ဆိုက္တစ္ခုဆီသို႔ ေျပာင္းလိုက္သည္။ဒါေပမယ့္ သူဘယ္ေလာက္ထိ ႐ွာေဖြမႈေတြလုပ္ခဲ့ပါေစ။သူ႕ရဲ႕စိုးရိမ္ပူပန္မႈက လုံးဝမေလ်ာ့ခဲ့ေပ။ဘာလို႔လဲဆိုေတာ့ ဆီးက်ိတ္ျပႆနာေတြေၾကာင့္ ျဖစ္ရမယ္လို႔ အမ်ားက ေရးတင္ထားၾကလို႔ပါပဲ။ဒါက ေၾကကြဲစရာ။
မေန႔ညက ငါ အရမ္းမ်ားထိတ္လန္႔သြားလို႔မ်ားလား?ဒိုင္အန္းက သူ႕ကိုယ္သူ ႏွစ္သိမ့္ဖို႔ ႀကိဳးစားလိုက္သည္။သူသည္ ဆုႏို၏အႏွစ္သက္ဆုံး အမိႈက္ပုံးအြန္လိုင္းေဆြးေႏြးခန္းေလးကို ဖြင့္လိုက္ၿပီး အေကာင့္တုကို အသုံးျပဳကာ ဝင္ေရာက္ခဲ့သည္။
အေကာင့္တု႐ွိရျခင္းအေၾကာင္းအရင္းႏွင့္ ပတ္သက္၍ အားလပ္ခ်ိန္မ်ားတြင္ ဆုႏိုသည္ သူ႕၏ပိုမိုအားထက္သန္ေသာ ပရိသတ္အခ်ိဳ႕၏ဟန္ေဆာင္ပန္ေရေျပာဆိုမႈကို ႏွစ္သက္ၿပီး "ဆုႏိုက ရဲစြမ္းသတၱိ
အျပည့္နဲ႔သူရဲေကာင္း သို႔မဟုတ္ ရဲရင့္သည့္ရဲသားတစ္ဦးအျဖစ္ သ႐ုပ္ေဆာင္ဖို႔ရာ မည္သည့္ဇာတ္႐ုပ္က ပိုသင့္ေတာ္ပါသလား,မင္းတို႔ ဘယ္လိုထင္ၾကလဲ?" ကဲ့သို႔ေသာ အေၾကာင္းအရာမ်ိဳးကို အ႐ွက္မ႐ွိ ပို႔စ္တင္ခဲ့သည္။ဒီလိုအခ်ိန္မ်ိဳးမွာ ပေရာ္ဖက္႐ွင္နယ္ဆန္တဲ့ မန္ေနဂ်ာေကာင္းတစ္ေယာက္အေနနဲ႔ အေကာင့္တုကို ခ်က္ခ်င္းသုံးၿပီး ေဆြးေႏြးမႈထဲကို ခ်က္ခ်င္းဝင္ေရာက္ရပါမယ္။သူသည္ ရဲႏွင့္သူရဲေကာင္း ဇာတ္႐ုပ္ႏွစ္ခုၾကား လြန္ဆြဲမႈကို ၫႊန္ၾကားရမည္ျဖစ္ၿပီး "ဆုႏိုက ဘယ္လိုလုပ္ၿပီး ဒီလိုဇာတ္႐ုပ္နဲ႔ သ႐ုပ္ေဆာင္လို႔ရမွာလဲ!အေပ်ာ္ေယာက်္ားေလးဇာတ္႐ုပ္နဲ႔ပဲ ပိုသင့္တာေပါ့" ကဲ့သို႔ေသာ မွတ္ခ်က္မ်ားႏွင့္ ေဝးေဝးေ႐ွာင္ေနရမည္ ျဖစ္သည္။ဒီ cmt မ်ားက ဆုႏို၏ ခံစားခ်က္ကို ထိခိုက္ေစတယ္ေလ။
ထို႔ေၾကာင့္ နာမည္ႀကီး ေက်ာ္ၾကားသူမ်ားကို စီမံခန္႔ခြဲရတယ္ဆိုတဲ့အလုပ္က အလြန္ခက္ခဲသည့္အသက္ေမြးဝမ္းေက်ာင္းတစ္ခုဟု ေျပာရမည္မွာ မွန္၏။
ဒိုင္အန္းက တစ္ခ်က္ စဥ္းစားၾကည့္ၿပီးေနာက္ဆုံးမွာ ပို႔စ္ကို တင္လိုက္သည္။
ဆီးလမ္းေၾကာင္းျပႆနာသည္ အေစာတလ်င္ကပင္ hot ျဖစ္ေနသည့္ အေၾကာင္းအရာတစ္ခုျဖစ္ေနၿပီျဖစ္တာမို႔ ယင္းပို႔စ္သည္ ခ်က္ျခင္းပင္ ထိပ္ျဖစ္သြားခဲ့သည္။ေကာင္မေလးတစ္ေယာက္တင္လိုက္တာမို႔ ပိုေတာင္နာမည္ႀကီးလာေသး၏။
ဒါအမွန္ပါပဲ!ေတာ္ဝင္ကိုယ္လုပ္ေတာ္ေလးသည္ အမ်ိဳးသမီးအေကာင့္ကို အသုံးျပဳ၍ ဝင္ေရာက္ထားမိေၾကာင္း သတိမျပဳမိခဲ့လို႔ပါ။အေကာင့္ကို "ငါက မီနီစကတ္ကြက္ေလးေတြကို ခ်စ္တယ္!" လို႔ အမည္ေပးထားၿပီး လန္းဆန္းတက္ႂကြတဲ့ မိန္းကေလးရဲ႕ ငယ္႐ြယ္ႏုပ်ိဳတဲ့ခံစားခ်က္ကို ေပးစြမ္းထားသည္။
သူ႕ရဲ႕ေနာင္တရစရာအမွားကို ေနာက္ဆုံးသိလိုက္ခ်ိန္မွာေတာ့ ပိုစ္ေအာက္တြင္ တုံ႔ျပန္မႈမ်ားစြာကို လက္ခံရ႐ွိၿပီးျဖစ္သည္။ယေန႔ေခတ္ မိန္းကေလးမ်ားက ထိုသို႔ေသာ သီးသန္႔အေၾကာင္းအရာမ်ားႏွင့္ပတ္သက္သည့္ ေမးခြန္းမ်ားကို လူသိ႐ွင္ၾကား သတၱိ႐ွိ႐ွိ ပို႔စ္တင္ရဲၾကၿပီး အက်င့္သိကၡာမ႐ွိၾကေၾကာင္း လူတိုင္းက မီးေမာင္းထိုးေျပာဆိုၾကသည္။
ထို႔ေၾကာင့္ မစၥတာဒိုင္အန္းသည္ ပို႔စ္ကို ဖ်က္ပစ္ဖို႔ရာ ႀကိဳးစားခဲ့ေသာ္လည္း adminက ရက္စက္စြာ ျငင္းပယ္ခဲ့ေလသည္။အေၾကာင္းျပခ်က္ကေတာ့ မွတ္ခ်က္က႑မွာ အမုန္းစကားမ႐ွိရင္ hot ျဖစ္ေနတဲ့ ပို႔စ္ေတြကိုဖ်က္လို႔မရေပ။
ဒိုင္အန္းက အံ့အားသင့္သြားသည္။သုံးမိနစ္မွ်သာ တိုေတာင္းေသာ အခ်ိန္အတြင္းမွာပဲ သူ႕ပို႔စ္က ေခတ္စားေနတဲ့ အေၾကာင္းအရာတစ္ခု ျဖစ္သြားေရာလား?ဒါက ဘယ္လိုေတာင္ ရယ္စရာေကာင္းတဲ့ ျမန္ႏႈန္းမ်ိဳးလဲ!cmtေတြက ပိုလို႔ေတာင္ ရယ္စရာေကာင္းေနေသးတယ္!အေပၚက မွတ္ခ်က္အနည္းငယ္ဆိုရင္ 'ေရခ်ိဳးခန္းအျပင္ဘက္မွာ ႐ုပ္ရည္ေခ်ာေမာတဲ့ ေကာင္ေလးတစ္ေယာက္ ရပ္ေနသလား'လို႔ေတာင္ ရင္သပ္႐ႈေမာ တေျပာေျပာနဲ႔ ေမးၾကထားေသး။
ေလာ့လီကို တန္းခနဲေတြးမိလိုက္ေသာေၾကာင့္ ဒိုင္အန္းသည္ ခဏတာ ေတာင့္တင္းသြားေတာ့သည္။ဒါနဲ႔ပဲ မာနကိုမ်ိဳခ်လိုက္ၿပီး ျပန္ေရးလိုက္၏။
'အျပင္မွာ ႐ုပ္ရည္ေခ်ာေမာတဲ့ ေကာင္ေလးမ႐ွိဘူး၊အမာ႐ြတ္နဲ႔ လူတစ္ေယာက္ေတာ့ ႐ွိတယ္,အဲဒါကိုေရာ ထည့္တြက္လား?'
ထိုအခါ လူတိုင္းက ျပန္ေရးၾကျပန္၏။
'ပို႔စ္တင္သူက ထူးဆန္းတဲ့ ေယာက်္ားအႀကိဳက္႐ွိေနတာပဲ၊ဒါေပမယ့္လည္း အမာ႐ြတ္႐ွိတဲ့ အမ်ိဳးသားေတြကလည္း ဆြဲေဆာင္မႈ ႐ွိၾကတယ္၊မင္း သူ႕ကို ဘယ္ေလာက္ၾကာၾကာ ခ်စ္မိသြားခဲ့တာလဲ?"
ဒိုင္အန္းက အသက္ျပင္းျပင္း႐ွဴရင္း
'ငါ သူ႕ကို ဘာလို႔ႀကိဳက္ရမွာလဲ?'
မွတ္ခ်က္ေပးသူမ်ားအားလုံးက ရယ္ၾကေတာ့သည္။ ႐ွက္မေနသင့္ဘဲ မိန္းကေလးအမ်ားစုမွာ သူတို႔ႏွစ္သက္ေသာ ေယာက်္ားေလးေတြက ေရခ်ိဳးခန္းအျပင္ဘက္တြင္ မတ္တပ္ရပ္ပါက အလားတူျပႆနာမ်ိဳး ႐ွိႏိုင္မည္ေၾကာင္း၊မင္း သူ႕ကို ေအာင္ေအာင္ျမင္ျမင္ အႏိုင္ရယူၿပီးတာနဲ႔ လကၡဏာေတြက တျဖည္းျဖည္း ေပ်ာက္ကြယ္သြားလိမ့္မယ္ ျဖစ္ေၾကာင္းေပါ့!
ဒီလိုေဆြးေႏြးမႈဖိုရမ္မ်ိဳးက လူကူးမ်ဥ္းၾကားမ်ားတြင္ ကပ္ထားသည့္ ပိုစတာေၾကာ္ျငာမ်ားထက္ပင္ ယုံၾကည္စိတ္ခ်ရမႈနည္းေနတာပဲ။ဘယ္သူက ႀကိဳက္ေနတာလဲ!ဒိုင္အန္းက ေဒါသတႀကီး
ျဖင့္။
"ငါ သူ႕ကို လုံးဝ မႀကိဳက္ဘူး!"
လူတိုင္းက ထပ္ၿပီး ရယ္ေမာၾကၿပီး
<မင္းအမွန္တကယ္လိုခ်င္တာကို ျငင္းပယ္တဲ့အခါက်ရင္ မင္းက အရမ္းခ်စ္စရာေကာင္းတာပဲ။အျပစ္ကင္းစင္တဲ့ မီနီစကတ္အကြက္ေလးဝတ္တတ္တဲ့ ေကာင္မေလးက အမွန္တကယ္ ႐ွက္တတ္ၿပီး ခ်စ္စရာေကာင္းတဲ့ မိန္းကေလးပဲ ျဖစ္ရမယ္။အမာ႐ြတ္႐ွိတဲ့ေကာင္ေလးကို မင္းတကယ္မခ်စ္ရင္ ငါနဲ႔ဘာလို႔မဒိတ္တာလဲ။မင္းအရပ္ဘယ္ေလာက္ျမင့္လဲ?ဘရာစီယာနဲ႔အတြင္းခံ အ႐ြယ္အစားကေရာ။ကိုယ္အေလးခ်ိန္က ဘယ္ေလာက္႐ွိလဲ?>
'WTF ဒါက......!' ဒိုင္အန္းက ေလ႐ွဴထုတ္လိုက္ၿပီး အနီေရာင္ ၾကက္ေျခခတ္ေလးကို ျပတ္ျပတ္သားသား ႏွိပ္လိုက္တယ္။
ဒီအမိႈက္ေဆြးေႏြးပြဲဖိုရမ္ေၾကာင့္ ငါ့စိတ္ေလးကို အပ်က္ဆီးခံမွာ မဟုတ္ဘူး။
ဟုတ္ပါတယ္!browser history ကိုလည္း ဖ်က္ပစ္ရမယ္။
သူ႕အေၾကာင္းေတြကို ဝွက္ထားတဲ့ေနရာမွာေတာ့ ဒိုင္အန္းက ဆုႏိုထက္ အနည္းငယ္သာလြန္တယ္လို႔ ေျပာရမယ္။
မိနစ္အနည္းငယ္ၾကာၿပီးေနာက္ ေလာ့လီက တံခါးကိုဖြင့္လိုက္သည္။
"ေန႔လည္စာစားခ်ိန္ေရာက္ၿပီ။"
ဒိုင္အန္းသည္ ခ်က္ခ်င္းပင္ ႏွာေခါင္းကို ႐ႈံ႕လိုက္ၿပီး "ဘာလို႔ စီးကရက္မီးခိုးနံ႔ ရေနတာလဲ?"
"ငါ ေဆးလိပ္လုံးဝမေသာက္ထားဘူးေနာ္" ေလာ့လီက အျပစ္ကင္းစြာ ပခုံးတြန္႔လိုက္ၿပီး "အင္တာနက္ကေဖးမွာသာ စီးကရက္မီးခိုးေတြနဲ႔ ျပည့္ေနတယ္၊ငါဘာမွ မတတ္ႏိုင္ဘူးေလ"
ဒိုင္အန္း ကုတင္ေပၚမွ ျဖည္းညႇင္းစြာ ဆင္းလိုက္သည္။ေလာ့လီက သူ႕လက္ပ္ေတာ့ကို ရက္ရက္ေရာေရာ ငွားထားေသာေၾကာင့္ တစ္ဒိုင္အန္းကေတာ့ မီးခိုးေငြ႕ကို သည္းညည္းခံရန္ ဆုံးျဖတ္ခဲ့သည္။
"မင္း ဘာစားခ်င္လဲ?" ေလာ့လီက သူ႕ကို ဖိနပ္စီးဖို႔ ကူညီေပးခဲ့သည္။
"ေခါက္ဆြဲ" ဒိုင္အန္းက ခ်က္ခ်င္းကို စိတ္ေျပဖို႔လြယ္ပါ၏။ "အေ႐ွ႕ဂိတ္နားကဆိုင္ ေကာင္းတယ္"
"သြားၾကရေအာင္ " ေလာ့လီက သူ႕ကို ကူတြဲေပးခဲ့သည္။
"ေက်းဇူးတင္ပါတယ္" ဒိုင္အန္းက ယဥ္ေက်းစြာေျပာလိုက္သည္။တခါတရံ အနည္းငယ္ စိတ္ဆိုးတတ္ေပမယ့္လည္း ေယဘူယ်အားျဖင့္ သူ႕ရဲ႕အမူအက်င့္ေကာင္းကို မေမ့တတ္ေပ။
"ရပါတယ္။" မစၥတာအမာ႐ြတ္က ႐ႊင္ျမဴးစြာျပဳံးျပလိုက္သည္။ "ဝန္ေဆာင္ခတစ္ခုကို တစ္ေသာင္းႏွစ္ေထာင္ျဖစ္ၿပီး ေလွ်ာ့ေစ်းနဲ႔ဆိုရင္ ေထာင့္ေျခာက္ရာနဲ႔ ညီမွ်တယ္။"
ဒိုင္အန္းက ႏႈတ္ဆိတ္သြားေတာ့၏။ေခါက္ဆြဲဆိုင္က သိပ္မႀကီးေပမယ့္ ေခါက္ဆြဲျပဳတ္က အရသာ႐ွိတဲ့အျပင္ ေဆာ့စ္ကိုလည္း ကပ္ေစးမနဲထားေပ။ဒိုင္အန္းသည္ ဝက္အသည္းေၾကာ္ ေခါက္ဆြဲျပဳတ္ကိုမွာထားေသာ္လည္း ေလာ့လီ၏ပုဇြန္ေခါက္ဆြဲျပဳတ္ကို အငမ္းမရၾကည့္ကာ အရသာပို႐ွိႏိုင္သည္ဟု ေတြးလိုက္မိသည္။ဒါေပမယ့္ ဟင္းႏွစ္ပြဲ မွာတာ ျဖဳန္းတီးတာပဲေလ။
"လဲခ်င္လို႔လား?" ေလာ့လီက ေမးသည္။
"ရလား?" ေတာ္ဝင္ကိုယ္လုပ္ေတာ္ေလးက စိတ္အားထက္သန္ေန၏။
"ဘယ္ရမလဲ!" ေလာ့လီက ဟင္းရည္ကိုပါးစပ္အျပည့္ ထည့္ေသာက္လိုက္ၿပီး "ေမး႐ုံပဲ ေမးတာေလ"
ဒိုင္အန္းခဗ်ာ ငိုင္သြားရေတာ့သည္။မစၥတာအမာ႐ြတ္လိုမ်ိဳး လူမ်ိဳးအတြက္ ဘာေမွ်ာ္လင့္ခ်က္မွ် မထားသင့္ဘူး!
ထမင္းစားၿပီး တစ္ဝက္ေလာက္မွာေတာ့ ေလာ့လီက ဖုန္းေျပာဖို႔ထြက္သြားသည္။မစၥတာမန္ေနဂ်ာသည္ သူ႕ပန္းကန္ထဲက ပုစြန္တစ္ေကာင္ကို ကေလးဆန္စြာခိုးယူသြားခဲ့သည္။
"ခ်စ္ရတဲ့ေတာ္ဝင္ကိုယ္လုပ္ေတာ္ေလး!" ဆုႏိုက ဖုန္းထဲကေန ေအာ္ေျပာလိုက္သည္။
"႐ိုက္ကူးေရးမသြားဘူးလား" ဒိုင္အန္းက အနည္းငယ္ေဝခြံမရျဖစ္သြားသည္။
"ငါတို႔ စားေနၾကတာ။အိမ္မွာ ဘယ္လိုေနေသးလဲ?"
"စိုးရိမ္စရာမ႐ွိပါဘူး။" ဒိုင္အန္းက ေလာ့လီဆီမွ ပုစြန္မ်ားကို ဆက္ခိုးယူေနၿပီး ဆက္လက္၍ "မင္းေျပာတာ မွန္တယ္သိလား!ေလာ့လီက အရမ္းစိတ္ပ်က္ဖို႔ေကာင္းတယ္"
"သူ႕အေၾကာင္းႀကီးကိုေျပာၿပီး အရသာ႐ွိတဲ့အစားအစာေတြကို မဖ်က္စီးနဲ႔!" ဆုႏိုက ႐ြံ႐ွာစိတ္ျဖင့္။ "သူ ငါ့အေၾကာင္း ထပ္ေမးျပန္ၿပီလား?" ဆုႏိုက ေလးနက္စြာ ထပ္ေမးလိုက္၏။
"အဲဒီလို မဟုတ္ပါဘူး" ဒိုင္အန္း၏ေဘာမ်ားက တင္းက်ပ္လာသည္။
"ဒါဆို မင္းက သူ႕အေၾကာင္းကို ဘာလို႔စကားဝိုင္းထဲေခၚလာရတာလဲ?"
"စိတ္ထြက္ေပါက္႐ွာ႐ုံ သက္သက္ပါ" ဒိုင္အန္းသည္ ေနာက္ဆုံးပုဇြန္ကို ပါးစပ္ထဲသို႔ ထည့္လိုက္သည္။
"မွန္တယ္၊သူက အရမ္းစိတ္ပ်က္စရာေကာင္းတာပဲ!" ဆုေ႐ွာင္းႏိုက ေလးနက္စြာ သေဘာတူသည္။ "သူက မိန္းမလို ၀တ္စားရတာကို ႀကိဳက္တဲ့သူျဖစ္ႏိုင္တယ္။အမ်ိဳးသမီးအတြင္းခံ အနီေရာင္ကို ၀တ္ရတာႀကိဳက္လိမ့္မယ္!"
ေတာ္ဝင္ကိုယ္လုပ္ေတာ္က သူ႕ကိုယ္ပိုင္ Fuwa အတြင္းခံအနီေရာင္ကို ခ်က္ခ်င္းစဥ္းစားမိၿပီး အေၾကာင္းအရာကို တည္ၿငိမ္စြာ ျပန္ေျပာင္းလိုက္သည္။
"Sir,မင္း သြားစားသင့္ၿပီ"
"ေကာင္းၿပီ ငါဖုန္းခ်ေတာ့မယ္။အားရင္ ငါဖုန္းဆက္လိုက္မယ္" ဆုေ႐ွာင္းႏိုေလးကလည္း ျမန္ျမန္စားခ်င္ေနၿပီ။ဒါေပမယ့္ လည္း ဖုန္းခ်ရမယ္ဆိုတာက သူခ်စ္ရတဲ့ေတာ္ဝင္ကိုယ္လုပ္ေတာ္ေလးနဲ႔ အစားအေသာက္ကို ေ႐ြးရမယ္ဆိုတဲ့ အဓိပၸာယ္ပါပဲ။ လြယ္ကူတဲ့ေ႐ြးခ်ယ္မႈမဟုတ္ခဲ့ဘူး။
ဖုန္းခ်ၿပီးေနာက္ ဒိုင္အန္းသည္ သူ႕ေခါက္ဆြဲကိုဆက္စားေနသည္။ဒါေပမယ့္ ေလာ့လီ ျပန္ေရာက္လာၿပီးေနာက္ အလြတ္ပန္းကန္ထဲကို ၾကည့္ရင္း ရယ္ေနသည္မွာ ဗိုက္ေအာင့္လုနီးပါးပင္ ျဖစ္သြား၏။
ဒိုင္အန္းက ေအးေအးေဆးေဆးပင္ ႀကိဳ႕ထိုးလိုက္ေသးသည္။
ထို႔ေနာက္ ထိုေန႔လည္ပိုင္းတြင္ ဒါ႐ိုက္တာေလာ့၏လက္ေထာက္သည္ သူျပန္လာမည့္ရက္ကို ေနာက္တစ္ႀကိမ္ ဖ်က္ပစ္သည့္ လူမဆန္ေသာ စာတိုတစ္ေစာင္ကို လက္ခံရ႐ွိခဲ့ျပန္သည္။
စိတ္ဆင္းရဲသြားရတဲ့လက္ေထာက္ေလးသည္ အမ်ိဳးမ်ိဳးေသာ လက္ေထာက္ဒါ႐ိုက္တာမ်ားကို မ်က္ရည္စက္လက္ျဖင့္သာ ႐ွာေဖြရေတာ့သည္။
ဟိုတယ္က ကန္႔လန္႔ကာမ်ားကို ဆြဲကာ အလင္းေရာင္ကိုပိတ္ဆို႔ထားလိုက္၏။ဒိုင္အန္းက အိပ္ယာခင္းကို ေပြ႕ဖက္ကာ ေန႔ခင္းေန႔လယ္ အိပ္ေမာက်ေနခ်ိန္တြင္ ေလာ့လီသည္ သူ႕ေဘးနားတြင္ အင္တာနက္သုံးေနသည္။
ေတာ္ဝင္ကိုယ္လုပ္ေတာ္ေလးက သူ႕႐ွာေဖြမႈမွတ္တမ္းကို ညဏ္ပညာ႐ွိဆန္စြာ ဖ်က္လိုက္ေသာ္လည္း မစၥတာအမာ႐ြတ္သည္ ေျမေအာက္မာဖီးယားဂိုဏ္းဝင္တစ္ဦးျဖစ္ေၾကာင္း မည္သို႔သိ႐ွိႏိုင္ပါ့မလဲ?သူ႕လက္ပ္ေတာ့က သာမန္လက္ပ္ေတာ့မဟုတ္ေပ။
ထို႔ေၾကာင့္ သူ႕ရဲ႕ဆီးျပႆနာမ်ားကို အြန္လိုင္းေဝဖန္သုံးသပ္သူမ်ားထံမွ cmt မ်ား အားလုံးအပါအဝင္ ေလာ့လီေ႐ွ႕မွာ ဗလာက်င္းစြာလြတ္လြတ္လပ္လပ္ ထုတ္ေဖာ္ျပသခဲ့လိုက္ရသည္။ ဒါနဲ႔ပဲ ေလာ့လီတစ္ေယာက္ ေနာက္ထပ္ သုံးမိနစ္ေလာက္ ရယ္ေမာလိုက္ရျပန္၏။
သူက သတိ႐ွိေနခဲ့လို႔သာ,မဟုတ္ရင္ ဒိုင္အန္းကို ေတာင္ေပၚကေနေခၚလာကတည္းက သူ ရယ္ေနတာရပ္ေတာ့မည္မဟုတ္ေပ။
"ခင္ဗ်ား ကိုယ့္အိပ္ရာေပၚမွာ ဘာလို႔မရယ္ရတာလဲ!" ေတာ္ဝင္ကိုယ္လုပ္ေတာ္ေလးသည္ အိပ္ယာလႈပ္သျဖင့္ ႏိုးလာသည္။
ေလာ့လီက ေလစခြၽန္လိုက္၏။
"........"
ဒိုင္အန္းက သူ႕ကို အံ့ၾသတဲ့အၾကည့္နဲ႔ "ခင္ဗ်ား စိတ္အေျခအေနေကာင္းေနပုံရတယ္"
ေလာ့လီက ျပဳံးၿပီး "မင္းထင္တယ္ေပါ့"
အ႐ူးေတြေတာင္ သူေပ်ာ္ေနတယ္လို႔ ေျပာႏိုင္တယ္!
ဒိုင္အန္းသည္ ကုတင္ေပၚမွ တြားဆင္းကာ ေရခ်ိဳးခန္းထဲသို႔ ဝင္သြားသည္။ေလခြၽန္သံေၾကာင့္ ဆီးသြားခ်င္မိသြားတယ္!
သူ႕ေဘာင္းဘီဇစ္ကို ဆြဲခ်လိုက္ၿပီး ဆီးမထြက္ခင္မွာပင္ ေလာ့လီက ေရခ်ိဳးခန္းတံခါးအျပင္ဘက္ကေန ႐ုတ္တရက္ ေျပာလိုက္သည္။ "မင္း ဒီညအတြက္ ဘာစားခ်င္လဲ?"
"ကြၽန္ေတာ္ေရအိမ္သုံးေနခ်ိန္မွာ ဒါကိုေဆြးေႏြးမွရမွာလား?"
"ေကာင္းၿပီ မင္းထြက္လာဖို႔ ငါေစာင့္ေနမယ္" ေလာ့လီက တံခါးကိုမွီၿပီး ေလဆက္ခြၽန္ေန၏။
ဟိုတယ္ေရခ်ိဳးခန္းတြင္ အသံလုံစနစ္က ညံ့ဖ်င္းၿပီး ေသာ့ေတာင္မပါ႐ွိေပ။ဒီလိုနဲ႔ ေနာက္တစ္ႀကိမ္ ဒိုင္အန္းဂ်ဴနီယာေလးက ျပန္လဲက်ၿပီး ဆီးသြားဖို႔ အခက္အခဲ ၾကဳံခဲ့ရျပန္သည္။
ေနာက္ထပ္သုံးမိနစ္ၾကာၿပီးေနာက္ ဒိုင္အန္းသည္ ျဖဴဖတ္ျဖဴေရာ္ျဖင့္ ထြက္လာကာ ဒူးေကာက္ေကြးကေကြးက်သြားသည္။
ေလာ့လီ၏အျမန္တုံ႔ျပန္မႈျဖင့္ သူ႕ကိုဖမ္းမိလိုက္လို႔သာ။
ညစ္ညမ္းေသာအခ်စ္ဝတၳဳမ်ားမွ ဇာတ္အိမ္တည္ထားသည့္ ဇာတ္သိမ္းခန္းမ်ားကဲ့သို႔ပင္ "မိန္းကေလးသည္ ဇာတ္လိုက္အမ်ိဳးသား၏ရင္ခြင္ထဲသို႔ တည့္တည့္ျပဳတ္က်သည္" ဆိုတာမ်ိဳးေပါ့၊အရမ္းခ်စ္စရာေကာင္းတာပဲ!
"ေနမေကာင္းဘူးလား?" ေလာ့လီက သိသိႀကီးနဲ႔ ေမးလိုက္ၿပီး အိပ္ယာေပၚျပန္တက္ဖို႔ ကူညီေပးလိုက္၏။
"ဘာမွမျဖစ္ပါဘူး။" ေတာ္ဝင္ကိုယ္လုပ္ေတာ္ေလးခဗ်ာမွာေတာ့ စိတ္ဓာတ္က်သြားသည္။သူေနာက္ဆုံးအႀကိမ္ ဆီးသြားတုန္းက ေၾကာက္စိတ္ေၾကာင့္ျဖစ္ရင္ ဒီတစ္ခါကေရာ ဘာအေၾကာင္းေၾကာင့္လဲ?
ဒါေပမယ့္ ငါတကယ္ကို တစ္ကိုယ္ရည္အာသာေျဖတာမ်ိဳးေတြ မလုပ္ခဲ့ပါဘူး!ငါ့ရဲ႕ဆီးက်ိတ္မွာပဲ အမွန္တကယ္ တစ္ခုခုမ်ားမွားယြင္းေနတာလား!
"ညစာ ဘာစားခ်င္လဲ?" ေလာ့လီသည္ သူ႕ဗိုက္ေလးကို ညင္သာစြာ ညစ္လိုက္သည္။
"ဗိုက္မဆာဘူး။ခင္ဗ်ားဘာသာ သြားစားလိုက္ေတာ့။" ဒိုင္အန္းသည္ အစာစားခ်င္စိတ္ ေပ်ာက္ဆုံးသြား၏။
"ဘာျဖစ္လို႔လဲ?" ေလာ့လီက တကယ့္ကို ေသာက္က်င့္မေကာင္းတဲ့ ေကာင္ပါပဲ။
ငါ့မွာ ထုတ္ေျပာလို႔မရႏိုင္တဲ့ ေရာဂါ႐ွိေနလို႔ေပါ့။ေတာ္ဝင္ကိုယ္လုပ္ေတာ္ေလးကိုၾကည့္ရတာ စိတ္ဓာတ္က်ေနပုံရသည္။
"ေကာင္းၿပီ၊ မင္းဒီမွာေနလိုက္" ေလာ့လီက သူ႕လက္ပ္ေတာ့ကို ေပးလိုက္သည္။ "အင္တာနက္သုံးေနလိုက္ေလ။အင္တာနက္ကေဖးမွာ မွာၿပီးတာနဲ႔ မင္းအတြက္ ယူလာေပးမယ္"
"အင္း" ဒိုင္အန္းက သူေျပာေနသည္မ်ားကို ၾကားလိုစိတ္မ႐ွိေပ။
ေလာ့လီသည္ ေမွ်ာ္လင့္ခ်က္ေရာင္ျခည္ေလးျဖင့္ ထြက္သြားၿပီးေနာက္ ဒိုင္အန္းသည္ ဆီးလမ္းေၾကာင္းဆိုင္ရာ ျပႆနာမ်ားအတြက္ အင္တာနက္တြင္ ႐ွာေဖြခဲ့ျပန္သည္။ေနာက္ေတာ့ သူ ဆီးသြားခ်င္သလို ခံစားလာရ၏။
သူသည္ ညႇဥ္းပန္းႏွိပ္စက္ခံရေတာ့မည္အတြက္ သူ႕ကိုယ္သူ ျပင္ဆင္ထားေသာ္လည္း အံ့ၾသစရာေကာင္းသည္မွာ သူသည္ ယခုတစ္ႀကိမ္တြင္ မည္သည့္ဒုကၡမွ မခံစားရေပ။သူအရမ္း ေကာင္းသြား၏။
ျဖစ္ႏိုင္ေခ်႐ွိေသာ ဆီးက်ိတ္ျပႆနာမ်ားမွ ေမွာင္မိုက္သည့္အခိုးအေငြ႕မ်ားသည္ ခ်က္ခ်င္းေပ်ာက္ကြယ္သြားေတာ့သည္။
ဒိုင္အန္းသည္ အစပိုင္းတြင္ ပီတိျဖစ္ခဲ့ေသာ္လည္း ေနာက္ပိုင္းတြင္ ထပ္မံစဥ္းစားၿပီးေနာက္ အံ့ၾသသြားခဲ့သည္။
မစၥတာအမာ႐ြတ္ အနားမွာ႐ွိေနရင္သာ ျပႆနာေပၚလာတာ ဘာေၾကာင့္လဲ?
ဒါက ဘယ္လို အဓိပၸါယ္မဲ့တဲ့ အေၾကာင္းျပခ်က္ႀကီးလဲ!
ေကာင္းကင္သည္ ႐ုတ္တရက္ ေမွာင္မိုက္သြားၿပီး ျပတင္းေပါက္အျပင္ဘက္က မိုးၿခိမ္းသံေတြသည္ ေတာ္ဝင္ကိုယ္လုပ္ေတာ္ေလး၏ခံစားခ်က္ႏွင့္ ကိုက္ညီစြာ ျဖစ္တည္ေနသည္။
"ဒီည ေခါက္ဆြဲေၾကာ္စားခ်င္လား?" ေလာ့လီက ဖုန္းနဲ႔လွမ္းေမးလိုက္၏။
"ရတယ္" ဒိုင္အန္းက ခ်က္ျခင္းဖုန္းခ်ခ်င္ၿပီ။
"မိနစ္ႏွစ္ဆယ္အတြင္း ငါျပန္လာမယ္။အမဲ႐ိုးအရသာ ဒါမွမဟုတ္ ငါးဆုပ္အရသာ?"
ဒါေပမယ့္ ေတာ္ဝင္ကိုယ္လုပ္ေတာ္ေလးက ဖုန္းခ်ႏွင့္ၿပီးသား။
သူ႕ဘဝတြင္ ပထမဆုံးအႀကိမ္အျဖစ္ အမူအက်င့္ေကာင္းမ်ား ေပ်ာက္ဆုံးသြားခဲ့ျခင္းပင္။
ဒါေပမယ့္ သူ ဘာလုပ္ႏိုင္မွာလဲ!
သူ မူးေနာက္သြားရတယ္!