[Unicode]
အခန်း(၁၀၈):ရုပ်ရှင်ရိုက်ကူးရေး ၁၁
"မနေ့က ရေချိုးခန်းထဲမှာ လဲကျသွားတုန်းက မင်းခြေကျင်းဝတ်လည်သွားတာ ဖြစ်နိုင်တယ်။" လော့လီက ဒိုင်အန်းကို ကုတင်ပေါ်ပြန်ထိုင်စေပြီး "ငါ ဆရာဝန်သွားခေါ်လိုက်မယ်။"
ငါဘာလို့ ကံဆိုးရတာလဲ!
တော်ဝင်ကိုယ်လုပ်တော်လေးက မျက်ရည်တောင် တပေါက်ပေါက်ကျချင်လာသည်။
ဒါပေမယ့် စစ်ဆေးပြီးနောက် လော့လီနဲ့ သူ့ကို လမ်းတစ်ဖက်က ဟိုတယ်ခန်းထဲကို အတင်းအကြပ် ရွှေ့ခိုင်းစေလိုက်တာပဲ။
ဆေးရုံကုတင်အရေအတွက်က ကန့်သတ်ထားသောကြောင့် ဒိုင်အန်း၏အသေးစားဒဏ်ရာအတွက် အထူးကောင်းမွန်သည့် ဆေးရုံအခန်းကြီးတစ်ခုလုံးကို သိမ်းပိုက်ထားခြင်းအား လက်မခံပေ။ဒါပေမယ့်လည်း ပုံမှန်ဆေးရုံအခန်းတွေက အဆင်မပြေတဲ့အတွက် လော့လီက ဆေးရုံတစ်ဖက်,လမ်းဘေးမှာရှိတဲ့ ဟိုတယ်အခန်းကို ကြိုတင်စာရင်းသွင်းဖို့ ဆုံးဖြတ်လိုက်တာကြောင့် နောက်ထပ်စစ်ဆေးမှုများအတွက် အလွယ်တကူ ဆေးရုံသို့ပြန်သွားပြလို့ လွယ်စေသည်။
"အောက်ထပ်က ဘဏ်ကိုပို့ပေးနိုင်မလား?ကျွန်တော် ပြန်ပေးမယ်။”
"လေးသိန်းနော်?" လော့လီက အဓိကအချက်ကို ပြောလိုက်သည်။
ဒိုင်အန်း:......
“အခုလောလောဆယ် ပိုက်ဆံမရှိသေးရင်လည်း စိတ်ပူစရာမလိုပါဘူး။တစ်နှစ်ကို နှစ်သောင်းနှုန်းနဲ့ နောက်အနှစ်နှစ်ဆယ် ပြန်ဆပ်နိုင်တယ်" လော့လီက သူ့ကို နှစ်သိမ့်ဖို့ ကြိုးစားလိုက်၏။ "ငါ မင်းကို အတိုးမယူပါဘူး။"
"ကောင်းသောညပါ!" ဒိုင်အန်းသည် စောင်ကိုကိုင်ကာ ခေါင်းထိခြုံလိုက်သည်။
လော့လီသည် ဒိုင်အန်း၏ ဗိုက်ကိုလက်ညှိုးဖြင့် ထိုးလိုက်သည်။ သူ့ဘေးနားမှာ ရပ်နေရင်း လော့လီတစ်ယောက် ရွှင်လန်းနေခဲ့သည်။
"ရပ်လိုက်!!" တော်ဝင်ကိုယ်လုပ်တော်လေးက ဒေါသမီးတွေတောက်လောင်ရပြီ။သူဘာလို့ ဒီလောက်တောင်စိတ်ရှုပ်စရာကောင်းနေရတာလဲ!
“ည ၈ နာရီသာသာပဲရှိသေးတယ်၊စောစောအိပ်ဖို့ဆိုတာ ဘာအကြောင်းမှမရှိဘူး” လော့လီသည် သူ့ဘေးတွင် လှဲလျောင်းပြီး TV ဖွင့်လိုက်သည်။ "မင်းမှာ နာမည်ကြီးသမားတွေရဲ့အတင်းအဖျင်းသတင်းတွေ မရှိဘူးလား?"
အရွယ်ရောက်ပြီးသူတစ်ယောက်က လူပြိန်းကြိုက်အတင်းအဖျင်းသတင်းတွေကို ဘာလို့များ ဒီလောက်တောင် စိတ်ဝင်စားနေရတာလဲ!ဒိုင်အန်းက ခေါင်းယမ်းလိုက်သည်။ "ကျွန်တော့်မှာ ပြောစရာဘာမှမရှိဘူး"
"မင်း ငါ့ကိုဘာလို့များ မကျေမနပ်တွေဖြစ်နေရတာလဲ?" လော့လီသည် သူ့နဖူးကို ပုတ်လိုက်သည်။ "မင်း ဘယ်လိုပဲကြည့်ကြည့် ငါက မင်းအသက်ကိုကယ်ခဲ့တာနော်!"
"ကျေးဇူးပြုပြီး ဒီလိုမပြောပါနဲ့!" ဒိုင်အန်းက သူ့ကို ဒေါသတကြီး လှမ်းကြည့်သည်။
"ငါတို့နှစ်ယောက်လုံး အရမ်းအားနေတာမလား?မနက်ဖြန် ငါနဲ့ ရုပ်ရှင်သွားကြည့်ချင်လား?" လော့လီသည် မိနစ်အနည်းငယ်ကြာပြီးနောက် အားပါးတရ ပြောလိုက်သည်။
"အလုပ်ပြန်လုပ်ဖို့ စဉ်းစားပြီးပြီလား?" ဒိုင်အန်းက သူ့ကိုစိတ်အားထက်သန်စွာ ပြန်ကြည့်သည်။
"ငါ အလုပ်ပြန်လုပ်ဖို့ အရမ်းပျင်းတယ်။ပြန်သွားရမှာထက် သေချင်မိတယ်!" လော့လီက ဇွတ်အတင်းငြင်းသည်။ "
"........"
ခင်ဗျားရဲ့ကုမ္ပဏီက အခုထိ ဘာလို့များဒေဝါလီမခံရသေးတာလဲ!
တော်ဝင်ကိုယ်လုပ်တော်လေးက စိတ်ထဲတွင် ဒေါသတပွက်ပွက်ဆူလာရသည်။
အပြင်မှာ မိုးတွေ သည်းထန်စွာ ရွာချလာ၏။နှစ်ယောက်သား ကုတင်ပေါ်တွင်မှီပြီး ဟိုတယ်ခန်းထဲက တီဗီလေးကို ကြည့်နေကြသည်။
တကယ်လုပ်စရာ ဘာမှ မရှိတော့ဘူးပဲ!
"ကျွန်တော် ရေချိုးခန်းသွားလိုက်ဦးမယ်။" ဒိုင်အန်းက သူစားနေတဲ့ နေကြာစေ့တွေကို လော့လီဆီကို ပေးလိုက်သည်။
"မင်းအကူအညီလိုသေးလား?"
လိုစရာ ဘာအကြောင်းမှ မရှိဘူး! ဒိုင်အန်းသည် ရေချိုးခန်းဆီသို့ ထော့နဲ့နဲ့လျှောက်သွားသည်။
ကြော်ငြာတစ်ခု ပေါ်လာသောကြောင့် လော့လီသည် ချန်နယ်တစ်ခုကို ပြောင်းခဲ့သည်။ခေတ်စားနေသည့် B အဆင့် ဒရမ်မာတစ်ခု ပေါ်လာ၏။
“အရှင်မင်းကြီး....ဗိုလ်ချုပ်ကြီးက အိမ်ရှေ့စံမင်းသားကို ပြန်ပေးဆွဲပြီး ထီးနန်းကို သိမ်းပိုက်ပါတော့မယ်။” မိန်းမစိုးလေးသည် ဖန်သားပြင်ပေါ်သို့ ပေါ်လာခဲ့သည်။
"ဟွတ်!" လော့လီသည် တစ်ဆို့လုနီးပါး ဖြစ်သွားသည်။သူက တီဗီဖန်သားပြင်ကို မိနစ်ဝက်ပြည့်အောင် စိုက်ကြည့်နေ၏။ဇာတ်ရုပ်က ဘယ်လိုပဲကြည့်ကြည့် ရင်းနှီးနေပုံပါပဲ။
"ဘာကြည့်နေတာလဲ?" ဒိုင်အန်း ရေချိုးခန်းထဲက ထွက်လာတာနဲ့ စပ်စပ်စုစု မေးလိုက်သည်။ တီဗွီဖန်သားပြင်ကို ကြည့်ပြီးနောက် တစ်ကိုယ်လုံး အေးခဲသွားတော့သည်။
"ဒါ မင်းလား?" လော့လီကား မကြင်နာ,ရက်စက်စွာ ရယ်မောလိုက်သည်။
ဒိုင်အန်းသည် ဒေါသတကြီးဖြင့် သူ့ဆီက ရီမုကိုယူကာ ပိတ်လိုက်သည်။
"မင်း ကောင်းကောင်းသရုပ်ဆောင်ခဲ့တာပဲ!" လော့လီက အားတက်သရော ပြောနေသည်။
"ပါးစပ်ပိတ်ထား!" ဒိုင်အန်းသည် ခေါင်းမှ ခြေဖျားအထိ နီရဲသွားသည်။ချိန်းထားတဲ့ သူငယ်ချင်းတစ်ယောက်ဆီ သွားလည်ပေမယ့် အဲဒီနေ့မှာ ကိစ္စအချို့က လွဲချော်သွားတဲ့အတွက် စေတနာ့ဝန်ထမ်း လုပ်ခဲ့ရ၏။ထိုအခန်းသည် စက္ကန့်နှစ်ဆယ်အောက်သာ ကြာပြီး ထိုအကြောင်းကို ဆုနိုပင် မသိချေ။
"မင်း ပါတဲ့ တခြားအခန်းတွေရှိသေးလား?" လော့လီက စိတ်အားထက်သန်စွာ မေးလိုက်သည်။
"ကျွန်တော် ဒီအကြောင်းကို ထပ်မပြောချင်တော့ဘူး!" ဒိုင်အန်းက သူ့မျက်နှာကို ခေါင်းအုံးနဲ့ ဖုံးထားလိုက်၏။
လော့လီက ပြင်းထန်စွာ ရယ်မောရသည်ကြောင့် ဗိုက်ပင်နာသွားရသည်။
နှစ်နာရီကြာပြီးနောက် ဒိုင်အန်းသည် စောင်အောက်ထဲတွင် အိပ်ပျော်သွားခဲ့သည်။လော့လီသည် ဒီလအတွက် အချိန်ဇယားကို ရှင်းလင်းပေးထားရန် သူ့လက်ထောက်ထံ စာပို့ခဲ့သည်။
သူ့လက်ထောက်ခဗျာ ချက်ချင်းပင် မျက်ရည်ကျသွားရရှာသည်။ဒါရိုက်တာလော့က လာမည့်အပတ်တွင်အစည်းအဝေးကို တက်ရောက်ရမည်ဖြစ်သည်။
ဒါပေမယ့် ပရော်ဖက်ရှင်နယ်မပီသစွာ လော့လီက သူ့လက်ထောက်ကို ဖျားနေတယ်လို့ ပြောခဲ့၏။
သူ့လက်ထောက်က ဒီအကြောင်းပြချက်ကို သူ နောက်ဆုံးအကြိမ်ကသုံးခဲ့ပြီးပြီဆိုတာကို ဝမ်းနည်းစွာသတိပေးခဲ့သည်။
လော့လီက "ဘာလို့ ထပ်မဖျားနိုင်ရတာလဲ?" လို့ အရှက်မဲ့စွာ ပြန်ဖြေခဲ့သည်။
ဒါက သူ့လက်ထောက်၏ခေါင်းကို နှစ်ခြမ်းကွဲစေခဲ့တာပဲ။
နောက်တစ်နေ့မနက်မှာ နေရောင်ခြည်က လှပစွာ ဖြာကျလျက်ရှိနေသည်။ဒိုင်အန်းသည် အတွင်းခံဘောင်းဘီလေးတစ်ထည်ဖြင့် လော့လီ၏ရင်ဘတ်ပေါ်၌ အိပ်ပျော်နေပြီး သူ့ရဲ့ဝိုင်းစက်နေသော ပါးပြင်များက စွဲမက်စွာ ညှစ်ထားချင်စရာဖြစ်နေသည်။
“ထချိန်ရောက်ပြီ။” လော့လီက သူ့နောက်ကျောကို ညင်သာစွာ ပုတ်လိုက်သည်။
“အင်း” ဒိုင်အန်းသည် မျက်လုံးများကို ပွတ်သပ်ကာ ချက်ချင်း ထထိုင်လိုက်သည်။
လော့လီက ပြုံးလိုက်၏။သူက ထပ်နှိုးစရာ မလိုဘူးပဲ!
"အား!" ဒိုင်အန်းသည် နောက်ဆုံးတွင်တော့ အပြည့်အဝနိုးထလာတော့သည်။ “ခင်ဗျားဘာလို့ ကျွန်တော့်အိပ်ရာပေါ်ရောက်နေရတာလဲ။” ဟိုတယ်အခန်းထဲမှာ ကုတင်နှစ်လုံးရှိနေတာလေ!
"ငါ တီဗီကြည့်ရင်း နောက်ကျမှ အိပ်ပျော်သွားတာဖြစ်မယ်" လော့လီက တည်ငြိမ်စွာပြန်ဖြေသည်။
ဒိုင်အန်းသည် သူ့အဝတ်အစားများကို အလောတကြီး လိုက်ရှာနေသည်။
"ရုပ်ရှင်သွားကြည့်ရအောင်" လော့လီက သူ့ခါးကို လက်ညှိုးဖြင့်ထိုးလိုက်ပြန်သည်။
“မသွားဘူး” ဒိုင်အန်းက ငြင်းသည်။
"မြို့ထဲမှာ လူကြိုက်များတဲ့ကား ရုံတင်နေတယ်!"
"အဖြေက နိုးပဲ!" ဒိုင်အန်းသည် ရေချိုးခန်းဆီသို့ ဖြည်းညှင်းစွာ ရွေ့သွားသည်။ "ဟိုတယ်ခန်းထဲမှာ တီဗီကြည့်ရတာ ပိုကြိုက်တယ်"
"ဒါဆို ငါ တောင်ပေါ်မှာ ရုပ်ရှင်ရိုက်ကူးရေးလုပ်နေတာကို သွားကြည့်တော့မယ်" လော့လီက သူ့ကို အထိတ်တလန့်လုပ်ပြန်သည်။
“မရဘူး,မသွားနဲ့!”
“ဒါပေမယ့် ဘယ်သူကမှ ငါနဲ့ ရုပ်ရှင်လိုက်ကြည့်ပေးမှာ မဟုတ်ဘူးလေ” လော့လီက အေးအေးဆေးဆေးသာပြောနေသည်။
ဒီလိုမျိုး ကလိမ်ကကျစ် အမြတ်ထုတ်သမားက တကယ့်ကို မကောင်းဆိုးဝါးပဲ!
တော်ဝင်ကိုယ်လုပ်တော်လေးခင်ဗျာ စိတ်ဓာတ်ကျသွားရသည်။
သူတို့ဟာ မြို့လယ်ခေါင်လို့ ယူဆရတဲ့အရပ်မှာရှိပေမယ့်လည်း မြို့လေးကသိပ်ပြီး မကြီးကျယ်နေပေ၊ရုပ်ရှင်ရုံက သေးငယ့်သည့်အပြင် ယို့ယွင်းပျက်စီးနေသေးသည်။
"ဒီလိုနေရာမျိုးမှာ 3D ရုပ်ရှင်ကားတွေကို မကြည့်ချင်ဘူး!"
ဒိုင်အန်းသည် ဝှီးချဲကုလားထိုင်ပေါ် ထိုင်လျက်သားဆန္ဒပြခဲ့သည်။ မျက်နှာပြင်ကြီးကြီးတစ်ခုပေါ်မှာသာ special effects တွေနဲ့ ပြလိမ့်မယ်!
"ဒါဆို တခြားရုပ်ရှင်ကို ကြည့်ရအောင်" လော့လီသည် အသေးစိတ်အချက်အလက်တွေကို ကြည့်ရှုခဲ့သည်။ "တောင်ပေါ်က သရဲ" ဆိုရင်ရော ဘယ်လိုလဲ?"
အိုး! ဒိုင်အန်းက ချက်ခြင်း ငြင်းဆိုခဲ့ပြန်သည်။
"3D ရုပ်ရှင်ကားကို ကြည့်ကြရအောင်။"
"ကြောက်တတ်တာလား?" လော့လီက ပြုံးလိုက်သည်။
"ဘယ်ဟုတ်မလဲ!" ဒိုင်အန်း ဒေါသထွက်သွားရ၏။
"ဒါဆို ဒီဟာကိုပဲ ကြည့်ရအောင်။" လော့လီသည် လက်မှတ်များအတွက် ပေးချေခဲ့သည်။
ဒိုင်အန်း: ……
သူတို့က ဝင်ပေါက်မှာဝှီးချဲကို သိမ်းလိုက်ပြီး လော့လီက ဒိုင်အန်းကို ရုပ်ရှင်ရုံထိုင်ခုံမှာ ထိုင်နိုင်ဖို့ ကူညီပေးလိုက်သည်။
အခြားရုပ်ရှင်ကြည့်သူများအားလုံးက အံ့ဩသွားကြသည်။ ဒီဇာတ်ကားက ဘယ်လောက်တောင်များကောင်းနေလို့ ဒီလူက ကြည့်ဖို့ တလမ်းလုံး ထော့နဲ့ ထော့နဲ့,နဲ့တောင် လျှောက်လာရတာလဲ!
"အား!!!!" ရုပ်ရှင်သည် အော်ဟစ်သံများဖြင့် စတင်ခဲ့သည်။ တော်ဝင်ကိုယ်လုပ်တော်လေးက တစက်စက်တုန်နေပြီ။
"ကြောက်နေပြီလား?" လော့လီက တိုးတိုးလေးပြောသည်။
"ကြောက်စရာလား!" ဒိုင်အန်းက ခေါင်းမာမာနဲ့ပြောနေသေး၏။
“ဟမ်...” မစ္စတာအမာရွတ်သည် သူ့လေသံအရ ရက်ရက်စက်စက် ညှဉ်းပန်းနှိပ်စက်တော့မည့်အသံအတိုင်းပဲ။
ရုပ်ရှင်သည် သွေးထွက်သံယိုအခန်းများဖြင့် ပေါပေါပဲပဲ ဆက်လက်ပြသခဲ့သည်။အလွန်ကြောက်စရာကောင်းတဲ့ ထိတ်လန့်စရာ မြင်ကွင်းတွေသာမကဘဲ ထူးထူးခြားခြား ကြောက်စရာကောင်းတဲ့ အော်ဟစ်သံတွေလည်း ရှိခဲ့သည်။ဒိုင်အန်းက သူ့တစ်ကိုယ်လုံး ပြိုကျသွားသလို ခံစားနေရ၏။
ရုပ်ရှင်က နှစ်နာရီကြာသွားတယ်။သရဲဇာတ်ကားတစ်ကား ဘာကြောင့် ဒီလောက်ရှည်ဖို့ လိုနေတာလဲ!
ကြေကွဲပြီး ငိုချင်လာပြီ!
နောက်ဆုံး မီးတွေလင်းလာတော့မှ ဒိုင်အန်းက ရာသီလေးရာသီကို ဖြတ်ကျော်သွားသလို ခံစားလိုက်ရသည်။သူ့နောက်ကျောက ပူပြီး အေးနေသေး၏၊ဒါက သူ့ရဲ့ရက်စက်လွန်းတဲ့ ကံကြမ္မာပဲ!
"မင်းဘာလို့အရမ်းဖြူဖျော့နေရတာလဲ?" လော့လီက အနားကပ်လာပြီး မေးလိုက်သည်။
"ကျွန်တော်က အနုပညာနှလုံးသားနဲ့ ကြည့်ပြီး ရုပ်ရှင်ထဲမှာ နှစ်မြှုပ်ထားလို့ပါ" ဒိုင်အန်းက ပင်ပန်းနွမ်းနယ်စွာ ပြောလိုက်သည်။
လော့လီကား ပြင်းထန်စွာ ရယ်မောပြန်ရင်း ဗိုက်ပင်နာသွားသည်။ "ငါတို့ ပြန်ကြမလား?"
"တစ်ချက်လောက် လမ်းလျှောက်ကြည့်ရအောင်။" ဒိုင်အန်းက မူးမေ့လဲတော့မလို ခံစားနေရသည်။ဒီလို ကြောက်စရာကောင်းတဲ့ ဇာတ်ကားကို ကြည့်ပြီးရင် သူ့ရဲ့ ခွန်အားကို ချက်ချင်း ပြန်လည်ရရှိဖို့ လိုတယ်!
လော့လီသည် ဝှီးချဲကို ပန်းခြံဆီသို့ တွန်းဝင်လာခဲ့ကာ ထိုမှသာ နေပူဆာကောင်းကောင်း လှုံလို့ရမယ်ဖြစ်သည်။ပြီးနောက် ကလေးဆန်ဆန် လိမ္မော်အရသာဆိုဒါကိုပင် ဝယ်ခဲ့သေးသည်။
ဒိုင်အန်း၏အသားအရေသည် နေရောင်ကြောင့် ပူနွေးလာကာ သက်တောင့်သက်သာနှင့်စိတ်လက်ပေါ့ပါးခဲ့ရသည်။
သူ့မျက်လုံးတွေကိုမှိတ်ထားလိုက်ပြီး ရုပ်ရှင်အကြောင်းတောင် ခဏမေ့သွား၏။
ဒါပေမယ့် ခဏလောက်သာ!
ဟိုတယ်ခန်းထဲပြန်ရောက်တာနဲ့ လော့လီက သူ့ကို ဝှီးချဲပေါ်ကနေ ကုတင်ပေါ်တင်လိုက်၏။
"ငါ စီးကရက်ဝယ်ဖို့ အောက်ထပ်ဆင်းလိုက်ဦးမယ်"
“ဆေးလိပ်သောက်တာက ကျန်းမာရေးအတွက် မကောင်းဘူး” တော်ဝင်ကိုယ်လုပ်တော်လေးက တားလိုက်သည်။ "အဲဒီအစား နေကြာစေ့ကိုစားကြရင် ဘယ်လိုလဲ?"
"တစ်ဖွာလောက်ဆေးလိပ်သောက်တာ ရပါတယ်ကွာ"
လော့လီက သူ့ကို တမင်တကာ လှောင်ပြောင် ရယ်မောလိုက်သည်။
“မရဘူး!ကျွန်တော်က ဆေးလိပ်နံ့ကို မခံနိုင်ဘူး!” ဒိုင်အန်းက ပြတ်သား၏။
"ဒါဆို လသာဆောင်မှာပဲ ဆေးလိပ်သွားသောက်မယ်" လော့လီက ထွက်သွားခဲ့သည်။
"ခင်ဗျားက လသာဆောင်ကလေထုကို ညစ်ညမ်းစေတာပဲ!" ဒိုင်အန်းက သူ့လက်ကို ဆုပ်ကိုင်လိုက်သည်။
"ကောင်းပါပြီ။ဒါဆို ငါ အသင့်စားစရာတွေကိုဝယ်လိုက်ဦးမယ်" လော့လီက မတရားခံရသည့်ဟန်။
"အသင့်စားစရာတွေက ဝစေလိမ့်မယ်!ဘာလို့ ကျွန်တော်တို့ စောစော မအိပ်ကြမှာလဲ?” " ဒိုင်အန်းက သူ့ကို ချန်ထားရစ်ခဲ့ဖို့ ငြင်းဆန်နေပြီး စိတ်အားထက်သန်စွာ ပြောခဲ့သည်။
သူ့ရဲ့သနားစရာကောင်းတဲ့အမူအရာကိုကြည့်ရင်း မစ္စတာအမာရွတ်သည် ဝမ်းသာအားရဖြစ်မှုက အလုံးလိုက်အရင်းလိုက်ဝင်လာခဲ့သည်။
ကမ္ဘာပေါ်မှာ ဒီလို အပျင်းပြေလူသားတွေရှိနေမယ်လို့ သူ မထင်ထားခဲ့ဘူး။
တော်ဝင်ကိုယ်လုပ်တော်လေးသည် ညဉ့်သန်းခေါင်တွင် အိပ်နေရာမှ လန့်နိုးလာသည်။သူ ဆီးသွားဖို့လိုနေပြီ။
သူထထိုင်ပြီး သူ့ဘေးကလူကို စိုက်ကြည့်နေ၏။
ပြတင်းပေါက်မှ လရောင်က ဖြာကျနေလျက်။လော့လီက အိပ်ပျော်နေပြီး သူ့အမူအရာက ပုံမှန်ထက်ပိုနူးညံ့နေပုံရသည်။
တော်ဝင်ကိုယ်လုပ်တော်လေးသည် သူ့ဘေးနားရှိ လူချောလေးအပေါ် ချစ်ခင်တွယ်တာမှုက ရုတ်ချည်းဆိုသလိုပင် မြင့်တက်လာကာ။သူ့ရှေ့တွင် အသစ်စက်စက် ကမ္ဘာကြီးတစ်ခုဆီသို့ တံခါးပေါက်ပွင့်သွားသလိုပင်။
ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ!!
တကယ်သေးပေါက်ချင်နေပြီမို့ သူ့မှာ မစ္စတာအမာရွတ်ကို အသေးစိတ်လေ့လာဖို့ အချိန်မရှိဘူး။
ဘယ်လောက်ပဲ ကြောက်စရာကောင်းနေပါစေ၊ဒါက ရုပ်ရှင်ကားတစ်ခုပဲလေ။ဒိုင်အန်းက သူ့ကိုယ်သူ နှစ်သိမ့်ဖို့ ကြိုးစားလိုက်၏။ဖိနပ်တစ်ရံကို စီးလိုက်ပြီး အိပ်ရာပေါ်ကနေ ဖြည်းဖြည်းချင်းဆင်းလာဖို့ ကြိုးစားလိုက်သည်။
သာမာန်ဆိုရင် မျက်လုံးမှိတ်ပြီး ရေချိုးခန်းထဲ ပြေးဝင်သွားလိမ့်မည်။ဒါပေမယ့် ဒီအချိန်မှာတော့ မတူတော့ဘူး။ဒဏ်ရာရနေတဲ့ ခြေကျင်းဝတ်ကြောင့် မြန်မြန်မလှုပ်ရှားနိုင်တော့ဘူး။
ဒါ တကယ့်ကို သနားစရာပါပဲ!
ဒိုင်အန်းသည် သူအိပ်ရာဘေးက မီးကိုဖွင့်လိုက်ပြီး လော့လီ အလိုအလျောက်နိုးလာမယ်လို့ မျှော်လင့်နေမိသည်။
ဒါပေမယ့် ဒါကမဖြစ်နိုင်ပါဘူး!
ထို့ကြောင့် သူသည် ရေချိုးခန်းဘက်သို့ တုန်တုန်ယင်ယင်ဖြင့် လျှောက်သွားခဲ့သည်။အလင်းရောင်ဖျော့ဖျော့က နေ့ခင်းဘက်တုန်းကကြည့်တဲ့ သွေးသံရဲရဲရုပ်ရှင်ထဲက ပုံရိပ်တွေကိုသွားသတိရစေသည်။တော်ဝင်ကိုယ်လုပ်တော်လေးက သူ့ဘောင်းဘီထဲကို သေးပေါက်ချမိတော့မလို ခံစားသွားရ၏။
“မင်း...ဘယ်ကို...သွားနေ..တာလဲ?” သူ့နောက်ကနေ မတည်မငြိမ်အသံနဲ့ မေးလိုက်သည်က တကယ့်ကို ကြောက်စရာကြီးပဲ။
"အား!!!!"
"အဆင်ပြေရဲ့လား?" လော့လီက သူ့ကို အလျင်အမြန် ထိန်းလိုက်သည်။
"အခု.. အခု!" တော်ဝင်ကိုယ်လုပ်တော်လေးက စကားထစ်နေသည်။
"အခုပဲ ရေချိုးခန်းထဲဝင်ဖို့ အကူအညီလိုသေးလားလို့ မေးချင်တာပါ" လော့လီက သူ့ကို အပြစ်ကင်းစွာ ကြည့်နေသည်။
"ပြီးလည်း ပြီးရော မင်းထအော်တော့တာပဲ!"
"ဒါဆို ခင်ဗျားအသံက ဘာလို့ပြောင်းသွားတာလဲ?" တော်ဝင်ကိုယ်လုပ်တော်သည် ထိတ်လန့်ဆဲပင်။စောစောက အသံသည် မြေအောက်ထဲကနေ ထွက်လာပုံရသည်။
“ငါတော့ အဲလို မထင်ပါဘူး"
¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎
[Zawgyi]
အခန္း(၁၀၈):႐ုပ္႐ွင္႐ိုက္ကူးေရး ၁၁
"မေန႔က ေရခ်ိဳးခန္းထဲမွာ လဲက်သြားတုန္းက မင္းေျခက်င္းဝတ္လည္သြားတာ ျဖစ္ႏိုင္တယ္။" ေလာ့လီက ဒိုင္အန္းကို ကုတင္ေပၚျပန္ထိုင္ေစၿပီး "ငါ ဆရာဝန္သြားေခၚလိုက္မယ္။"
ငါဘာလို႔ ကံဆိုးရတာလဲ!
ေတာ္ဝင္ကိုယ္လုပ္ေတာ္ေလးက မ်က္ရည္ေတာင္ တေပါက္ေပါက္က်ခ်င္လာသည္။
ဒါေပမယ့္ စစ္ေဆးၿပီးေနာက္ ေလာ့လီနဲ႔ သူ႕ကို လမ္းတစ္ဖက္က ဟိုတယ္ခန္းထဲကို အတင္းအၾကပ္ ေ႐ႊ႕ခိုင္းေစလိုက္တာပဲ။
ေဆး႐ုံကုတင္အေရအတြက္က ကန္႔သတ္ထားေသာေၾကာင့္ ဒိုင္အန္း၏အေသးစားဒဏ္ရာအတြက္ အထူးေကာင္းမြန္သည့္ ေဆး႐ုံအခန္းႀကီးတစ္ခုလုံးကို သိမ္းပိုက္ထားျခင္းအား လက္မခံေပ။ဒါေပမယ့္လည္း ပုံမွန္ေဆး႐ုံအခန္းေတြက အဆင္မေျပတဲ့အတြက္ ေလာ့လီက ေဆး႐ုံတစ္ဖက္,လမ္းေဘးမွာ႐ွိတဲ့ ဟိုတယ္အခန္းကို ႀကိဳတင္စာရင္းသြင္းဖို႔ ဆုံးျဖတ္လိုက္တာေၾကာင့္ ေနာက္ထပ္စစ္ေဆးမႈမ်ားအတြက္ အလြယ္တကူ ေဆး႐ုံသို႔ျပန္သြားျပလို႔ လြယ္ေစသည္။
"ေအာက္ထပ္က ဘဏ္ကိုပို႔ေပးႏိုင္မလား?ကြၽန္ေတာ္ ျပန္ေပးမယ္။”
"ေလးသိန္းေနာ္?" ေလာ့လီက အဓိကအခ်က္ကို ေျပာလိုက္သည္။
ဒိုင္အန္း:......
“အခုေလာေလာဆယ္ ပိုက္ဆံမ႐ွိေသးရင္လည္း စိတ္ပူစရာမလိုပါဘူး။တစ္ႏွစ္ကို ႏွစ္ေသာင္းႏႈန္းနဲ႔ ေနာက္အႏွစ္ႏွစ္ဆယ္ ျပန္ဆပ္ႏိုင္တယ္" ေလာ့လီက သူ႕ကို ႏွစ္သိမ့္ဖို႔ ႀကိဳးစားလိုက္၏။ "ငါ မင္းကို အတိုးမယူပါဘူး။"
"ေကာင္းေသာညပါ!" ဒိုင္အန္းသည္ ေစာင္ကိုကိုင္ကာ ေခါင္းထိျခဳံလိုက္သည္။
ေလာ့လီသည္ ဒိုင္အန္း၏ ဗိုက္ကိုလက္ညိႇဳးျဖင့္ ထိုးလိုက္သည္။ သူ႕ေဘးနားမွာ ရပ္ေနရင္း ေလာ့လီတစ္ေယာက္ ႐ႊင္လန္းေနခဲ့သည္။
"ရပ္လိုက္!!" ေတာ္ဝင္ကိုယ္လုပ္ေတာ္ေလးက ေဒါသမီးေတြေတာက္ေလာင္ရၿပီ။သူဘာလို႔ ဒီေလာက္ေတာင္စိတ္႐ႈပ္စရာေကာင္းေနရတာလဲ!
“ည ၈ နာရီသာသာပဲ႐ွိေသးတယ္၊ေစာေစာအိပ္ဖို႔ဆိုတာ ဘာအေၾကာင္းမွမ႐ွိဘူး” ေလာ့လီသည္ သူ႕ေဘးတြင္ လွဲေလ်ာင္းၿပီး TV ဖြင့္လိုက္သည္။ "မင္းမွာ နာမည္ႀကီးသမားေတြရဲ႕အတင္းအဖ်င္းသတင္းေတြ မ႐ွိဘူးလား?"
အ႐ြယ္ေရာက္ၿပီးသူတစ္ေယာက္က လူၿပိန္းႀကိဳက္အတင္းအဖ်င္းသတင္းေတြကို ဘာလို႔မ်ား ဒီေလာက္ေတာင္ စိတ္ဝင္စားေနရတာလဲ!ဒိုင္အန္းက ေခါင္းယမ္းလိုက္သည္။ "ကြၽန္ေတာ္႕မွာ ေျပာစရာဘာမွမ႐ွိဘူး"
"မင္း ငါ့ကိုဘာလို႔မ်ား မေက်မနပ္ေတြျဖစ္ေနရတာလဲ?" ေလာ့လီသည္ သူ႕နဖူးကို ပုတ္လိုက္သည္။ "မင္း ဘယ္လိုပဲၾကည့္ၾကည့္ ငါက မင္းအသက္ကိုကယ္ခဲ့တာေနာ္!"
"ေက်းဇူးျပဳၿပီး ဒီလိုမေျပာပါနဲ႔!" ဒိုင္အန္းက သူ႕ကို ေဒါသတႀကီး လွမ္းၾကည့္သည္။
"ငါတို႔ႏွစ္ေယာက္လုံး အရမ္းအားေနတာမလား?မနက္ျဖန္ ငါနဲ႔ ႐ုပ္႐ွင္သြားၾကည့္ခ်င္လား?" ေလာ့လီသည္ မိနစ္အနည္းငယ္ၾကာၿပီးေနာက္ အားပါးတရ ေျပာလိုက္သည္။
"အလုပ္ျပန္လုပ္ဖို႔ စဥ္းစားၿပီးၿပီလား?" ဒိုင္အန္းက သူ႕ကိုစိတ္အားထက္သန္စြာ ျပန္ၾကည့္သည္။
"ငါ အလုပ္ျပန္လုပ္ဖို႔ အရမ္းပ်င္းတယ္။ျပန္သြားရမွာထက္ ေသခ်င္မိတယ္!" ေလာ့လီက ဇြတ္အတင္းျငင္းသည္။ "
"........"
ခင္ဗ်ားရဲ႕ကုမၸဏီက အခုထိ ဘာလို႔မ်ားေဒဝါလီမခံရေသးတာလဲ!
ေတာ္ဝင္ကိုယ္လုပ္ေတာ္ေလးက စိတ္ထဲတြင္ ေဒါသတပြက္ပြက္ဆူလာရသည္။
အျပင္မွာ မိုးေတြ သည္းထန္စြာ ႐ြာခ်လာ၏။ႏွစ္ေယာက္သား ကုတင္ေပၚတြင္မွီၿပီး ဟိုတယ္ခန္းထဲက တီဗီေလးကို ၾကည့္ေနၾကသည္။
တကယ္လုပ္စရာ ဘာမွ မ႐ွိေတာ့ဘူးပဲ!
"ကြၽန္ေတာ္ ေရခ်ိဳးခန္းသြားလိုက္ဦးမယ္။" ဒိုင္အန္းက သူစားေနတဲ့ ေနၾကာေစ့ေတြကို ေလာ့လီဆီကို ေပးလိုက္သည္။
"မင္းအကူအညီလိုေသးလား?"
လိုစရာ ဘာအေၾကာင္းမွ မ႐ွိဘူး! ဒိုင္အန္းသည္ ေရခ်ိဳးခန္းဆီသို႔ ေထာ့နဲ႔နဲ႔ေလွ်ာက္သြားသည္။
ေၾကာ္ျငာတစ္ခု ေပၚလာေသာေၾကာင့္ ေလာ့လီသည္ ခ်န္နယ္တစ္ခုကို ေျပာင္းခဲ့သည္။ေခတ္စားေနသည့္ B အဆင့္ ဒရမ္မာတစ္ခု ေပၚလာ၏။
“အ႐ွင္မင္းႀကီး....ဗိုလ္ခ်ဳပ္ႀကီးက အိမ္ေ႐ွ႕စံမင္းသားကို ျပန္ေပးဆြဲၿပီး ထီးနန္းကို သိမ္းပိုက္ပါေတာ့မယ္။” မိန္းမစိုးေလးသည္ ဖန္သားျပင္ေပၚသို႔ ေပၚလာခဲ့သည္။
"ဟြတ္!" ေလာ့လီသည္ တစ္ဆို႔လုနီးပါး ျဖစ္သြားသည္။သူက တီဗီဖန္သားျပင္ကို မိနစ္ဝက္ျပည့္ေအာင္ စိုက္ၾကည့္ေန၏။ဇာတ္႐ုပ္က ဘယ္လိုပဲၾကည့္ၾကည့္ ရင္းႏွီးေနပုံပါပဲ။
"ဘာၾကည့္ေနတာလဲ?" ဒိုင္အန္း ေရခ်ိဳးခန္းထဲက ထြက္လာတာနဲ႔ စပ္စပ္စုစု ေမးလိုက္သည္။ တီဗြီဖန္သားျပင္ကို ၾကည့္ၿပီးေနာက္ တစ္ကိုယ္လုံး ေအးခဲသြားေတာ့သည္။
"ဒါ မင္းလား?" ေလာ့လီကား မၾကင္နာ,ရက္စက္စြာ ရယ္ေမာလိုက္သည္။
ဒိုင္အန္းသည္ ေဒါသတႀကီးျဖင့္ သူ႕ဆီက ရီမုကိုယူကာ ပိတ္လိုက္သည္။
"မင္း ေကာင္းေကာင္းသ႐ုပ္ေဆာင္ခဲ့တာပဲ!" ေလာ့လီက အားတက္သေရာ ေျပာေနသည္။
"ပါးစပ္ပိတ္ထား!" ဒိုင္အန္းသည္ ေခါင္းမွ ေျခဖ်ားအထိ နီရဲသြားသည္။ခ်ိန္းထားတဲ့ သူငယ္ခ်င္းတစ္ေယာက္ဆီ သြားလည္ေပမယ့္ အဲဒီေန႔မွာ ကိစၥအခ်ိဳ႕က လြဲေခ်ာ္သြားတဲ့အတြက္ ေစတနာ့ဝန္ထမ္း လုပ္ခဲ့ရ၏။ထိုအခန္းသည္ စကၠန္႔ႏွစ္ဆယ္ေအာက္သာ ၾကာၿပီး ထိုအေၾကာင္းကို ဆုႏိုပင္ မသိေခ်။
"မင္း ပါတဲ့ တျခားအခန္းေတြ႐ွိေသးလား?" ေလာ့လီက စိတ္အားထက္သန္စြာ ေမးလိုက္သည္။
"ကြၽန္ေတာ္ ဒီအေၾကာင္းကို ထပ္မေျပာခ်င္ေတာ့ဘူး!" ဒိုင္အန္းက သူ႕မ်က္ႏွာကို ေခါင္းအုံးနဲ႔ ဖုံးထားလိုက္၏။
ေလာ့လီက ျပင္းထန္စြာ ရယ္ေမာရသည္ေၾကာင့္ ဗိုက္ပင္နာသြားရသည္။
ႏွစ္နာရီၾကာၿပီးေနာက္ ဒိုင္အန္းသည္ ေစာင္ေအာက္ထဲတြင္ အိပ္ေပ်ာ္သြားခဲ့သည္။ေလာ့လီသည္ ဒီလအတြက္ အခ်ိန္ဇယားကို ႐ွင္းလင္းေပးထားရန္ သူ႕လက္ေထာက္ထံ စာပို႔ခဲ့သည္။
သူ႕လက္ေထာက္ခဗ်ာ ခ်က္ခ်င္းပင္ မ်က္ရည္က်သြားရ႐ွာသည္။ဒါ႐ိုက္တာေလာ့က လာမည့္အပတ္တြင္အစည္းအေဝးကို တက္ေရာက္ရမည္ျဖစ္သည္။
ဒါေပမယ့္ ပေရာ္ဖက္႐ွင္နယ္မပီသစြာ ေလာ့လီက သူ႕လက္ေထာက္ကို ဖ်ားေနတယ္လို႔ ေျပာခဲ့၏။
သူ႕လက္ေထာက္က ဒီအေၾကာင္းျပခ်က္ကို သူ ေနာက္ဆုံးအႀကိမ္ကသုံးခဲ့ၿပီးၿပီဆိုတာကို ဝမ္းနည္းစြာသတိေပးခဲ့သည္။
ေလာ့လီက "ဘာလို႔ ထပ္မဖ်ားႏိုင္ရတာလဲ?" လို႔ အ႐ွက္မဲ့စြာ ျပန္ေျဖခဲ့သည္။
ဒါက သူ႕လက္ေထာက္၏ေခါင္းကို ႏွစ္ျခမ္းကြဲေစခဲ့တာပဲ။
ေနာက္တစ္ေန႔မနက္မွာ ေနေရာင္ျခည္က လွပစြာ ျဖာက်လ်က္႐ွိေနသည္။ဒိုင္အန္းသည္ အတြင္းခံေဘာင္းဘီေလးတစ္ထည္ျဖင့္ ေလာ့လီ၏ရင္ဘတ္ေပၚ၌ အိပ္ေပ်ာ္ေနၿပီး သူ႕ရဲ႕ဝိုင္းစက္ေနေသာ ပါးျပင္မ်ားက စြဲမက္စြာ ညႇစ္ထားခ်င္စရာျဖစ္ေနသည္။
“ထခ်ိန္ေရာက္ၿပီ။” ေလာ့လီက သူ႕ေနာက္ေက်ာကို ညင္သာစြာ ပုတ္လိုက္သည္။
“အင္း” ဒိုင္အန္းသည္ မ်က္လုံးမ်ားကို ပြတ္သပ္ကာ ခ်က္ခ်င္း ထထိုင္လိုက္သည္။
ေလာ့လီက ျပဳံးလိုက္၏။သူက ထပ္ႏိႈးစရာ မလိုဘူးပဲ!
"အား!" ဒိုင္အန္းသည္ ေနာက္ဆုံးတြင္ေတာ့ အျပည့္အဝႏိုးထလာေတာ့သည္။ “ခင္ဗ်ားဘာလို႔ ကြၽန္ေတာ္႕အိပ္ရာေပၚေရာက္ေနရတာလဲ။” ဟိုတယ္အခန္းထဲမွာ ကုတင္ႏွစ္လုံး႐ွိေနတာေလ!
"ငါ တီဗီၾကည့္ရင္း ေနာက္က်မွ အိပ္ေပ်ာ္သြားတာျဖစ္မယ္" ေလာ့လီက တည္ၿငိမ္စြာျပန္ေျဖသည္။
ဒိုင္အန္းသည္ သူ႕အဝတ္အစားမ်ားကို အေလာတႀကီး လိုက္႐ွာေနသည္။
"႐ုပ္႐ွင္သြားၾကည့္ရေအာင္" ေလာ့လီက သူ႕ခါးကို လက္ညိႇဳးျဖင့္ထိုးလိုက္ျပန္သည္။
“မသြားဘူး” ဒိုင္အန္းက ျငင္းသည္။
"ၿမိဳ႕ထဲမွာ လူႀကိဳက္မ်ားတဲ့ကား ႐ုံတင္ေနတယ္!"
"အေျဖက ႏိုးပဲ!" ဒိုင္အန္းသည္ ေရခ်ိဳးခန္းဆီသို႔ ျဖည္းညႇင္းစြာ ေ႐ြ႕သြားသည္။ "ဟိုတယ္ခန္းထဲမွာ တီဗီၾကည့္ရတာ ပိုႀကိဳက္တယ္"
"ဒါဆို ငါ ေတာင္ေပၚမွာ ႐ုပ္႐ွင္႐ိုက္ကူးေရးလုပ္ေနတာကို သြားၾကည့္ေတာ့မယ္" ေလာ့လီက သူ႕ကို အထိတ္တလန္႔လုပ္ျပန္သည္။
“မရဘူး,မသြားနဲ႔!”
“ဒါေပမယ့္ ဘယ္သူကမွ ငါနဲ႔ ႐ုပ္႐ွင္လိုက္ၾကည့္ေပးမွာ မဟုတ္ဘူးေလ” ေလာ့လီက ေအးေအးေဆးေဆးသာေျပာေနသည္။
ဒီလိုမ်ိဳး ကလိမ္ကက်စ္ အျမတ္ထုတ္သမားက တကယ့္ကို မေကာင္းဆိုးဝါးပဲ!
ေတာ္ဝင္ကိုယ္လုပ္ေတာ္ေလးခင္ဗ်ာ စိတ္ဓာတ္က်သြားရသည္။
သူတို႔ဟာ ၿမိဳ႕လယ္ေခါင္လို႔ ယူဆရတဲ့အရပ္မွာ႐ွိေပမယ့္လည္း ၿမိဳ႕ေလးကသိပ္ၿပီး မႀကီးက်ယ္ေနေပ၊႐ုပ္႐ွင္႐ုံက ေသးငယ့္သည့္အျပင္ ယို႔ယြင္းပ်က္စီးေနေသးသည္။
"ဒီလိုေနရာမ်ိဳးမွာ 3D ႐ုပ္႐ွင္ကားေတြကို မၾကည့္ခ်င္ဘူး!"
ဒိုင္အန္းသည္ ဝွီးခ်ဲကုလားထိုင္ေပၚ ထိုင္လ်က္သားဆႏၵျပခဲ့သည္။ မ်က္ႏွာျပင္ႀကီးႀကီးတစ္ခုေပၚမွာသာ special effects ေတြနဲ႔ ျပလိမ့္မယ္!
"ဒါဆို တျခား႐ုပ္႐ွင္ကို ၾကည့္ရေအာင္" ေလာ့လီသည္ အေသးစိတ္အခ်က္အလက္ေတြကို ၾကည့္႐ႈခဲ့သည္။ "ေတာင္ေပၚက သရဲ" ဆိုရင္ေရာ ဘယ္လိုလဲ?"
အိုး! ဒိုင္အန္းက ခ်က္ျခင္း ျငင္းဆိုခဲ့ျပန္သည္။
"3D ႐ုပ္႐ွင္ကားကို ၾကည့္ၾကရေအာင္။"
"ေၾကာက္တတ္တာလား?" ေလာ့လီက ျပဳံးလိုက္သည္။
"ဘယ္ဟုတ္မလဲ!" ဒိုင္အန္း ေဒါသထြက္သြားရ၏။
"ဒါဆို ဒီဟာကိုပဲ ၾကည့္ရေအာင္။" ေလာ့လီသည္ လက္မွတ္မ်ားအတြက္ ေပးေခ်ခဲ့သည္။
ဒိုင္အန္း: ……
သူတို႔က ဝင္ေပါက္မွာဝွီးခ်ဲကို သိမ္းလိုက္ၿပီး ေလာ့လီက ဒိုင္အန္းကို ႐ုပ္႐ွင္႐ုံထိုင္ခုံမွာ ထိုင္ႏိုင္ဖို႔ ကူညီေပးလိုက္သည္။
အျခား႐ုပ္႐ွင္ၾကည့္သူမ်ားအားလုံးက အံ့ဩသြားၾကသည္။ ဒီဇာတ္ကားက ဘယ္ေလာက္ေတာင္မ်ားေကာင္းေနလို႔ ဒီလူက ၾကည့္ဖို႔ တလမ္းလုံး ေထာ့နဲ႔ ေထာ့နဲ႔,နဲ႔ေတာင္ ေလွ်ာက္လာရတာလဲ!
"အား!!!!" ႐ုပ္႐ွင္သည္ ေအာ္ဟစ္သံမ်ားျဖင့္ စတင္ခဲ့သည္။ ေတာ္ဝင္ကိုယ္လုပ္ေတာ္ေလးက တစက္စက္တုန္ေနၿပီ။
"ေၾကာက္ေနၿပီလား?" ေလာ့လီက တိုးတိုးေလးေျပာသည္။
"ေၾကာက္စရာလား!" ဒိုင္အန္းက ေခါင္းမာမာနဲ႔ေျပာေနေသး၏။
“ဟမ္...” မစၥတာအမာ႐ြတ္သည္ သူ႕ေလသံအရ ရက္ရက္စက္စက္ ညႇဥ္းပန္းႏွိပ္စက္ေတာ့မည့္အသံအတိုင္းပဲ။
႐ုပ္႐ွင္သည္ ေသြးထြက္သံယိုအခန္းမ်ားျဖင့္ ေပါေပါပဲပဲ ဆက္လက္ျပသခဲ့သည္။အလြန္ေၾကာက္စရာေကာင္းတဲ့ ထိတ္လန္႔စရာ ျမင္ကြင္းေတြသာမကဘဲ ထူးထူးျခားျခား ေၾကာက္စရာေကာင္းတဲ့ ေအာ္ဟစ္သံေတြလည္း ႐ွိခဲ့သည္။ဒိုင္အန္းက သူ႕တစ္ကိုယ္လုံး ၿပိဳက်သြားသလို ခံစားေနရ၏။
႐ုပ္႐ွင္က ႏွစ္နာရီၾကာသြားတယ္။သရဲဇာတ္ကားတစ္ကား ဘာေၾကာင့္ ဒီေလာက္႐ွည္ဖို႔ လိုေနတာလဲ!
ေၾကကြဲၿပီး ငိုခ်င္လာၿပီ!
ေနာက္ဆုံး မီးေတြလင္းလာေတာ့မွ ဒိုင္အန္းက ရာသီေလးရာသီကို ျဖတ္ေက်ာ္သြားသလို ခံစားလိုက္ရသည္။သူ႕ေနာက္ေက်ာက ပူၿပီး ေအးေနေသး၏၊ဒါက သူ႕ရဲ႕ရက္စက္လြန္းတဲ့ ကံၾကမၼာပဲ!
"မင္းဘာလို႔အရမ္းျဖဴေဖ်ာ့ေနရတာလဲ?" ေလာ့လီက အနားကပ္လာၿပီး ေမးလိုက္သည္။
"ကြၽန္ေတာ္က အႏုပညာႏွလုံးသားနဲ႔ ၾကည့္ၿပီး ႐ုပ္႐ွင္ထဲမွာ ႏွစ္ျမႇဳပ္ထားလို႔ပါ" ဒိုင္အန္းက ပင္ပန္းႏြမ္းနယ္စြာ ေျပာလိုက္သည္။
ေလာ့လီကား ျပင္းထန္စြာ ရယ္ေမာျပန္ရင္း ဗိုက္ပင္နာသြားသည္။ "ငါတို႔ ျပန္ၾကမလား?"
"တစ္ခ်က္ေလာက္ လမ္းေလွ်ာက္ၾကည့္ရေအာင္။" ဒိုင္အန္းက မူးေမ့လဲေတာ့မလို ခံစားေနရသည္။ဒီလို ေၾကာက္စရာေကာင္းတဲ့ ဇာတ္ကားကို ၾကည့္ၿပီးရင္ သူ႕ရဲ႕ ခြန္အားကို ခ်က္ခ်င္း ျပန္လည္ရ႐ွိဖို႔ လိုတယ္!
ေလာ့လီသည္ ဝွီးခ်ဲကို ပန္းျခံဆီသို႔ တြန္းဝင္လာခဲ့ကာ ထိုမွသာ ေနပူဆာေကာင္းေကာင္း လႈံလို႔ရမယ္ျဖစ္သည္။ၿပီးေနာက္ ကေလးဆန္ဆန္ လိေမၼာ္အရသာဆိုဒါကိုပင္ ဝယ္ခဲ့ေသးသည္။
ဒိုင္အန္း၏အသားအေရသည္ ေနေရာင္ေၾကာင့္ ပူေႏြးလာကာ သက္ေတာင့္သက္သာႏွင့္စိတ္လက္ေပါ့ပါးခဲ့ရသည္။
သူ႕မ်က္လုံးေတြကိုမွိတ္ထားလိုက္ၿပီး ႐ုပ္႐ွင္အေၾကာင္းေတာင္ ခဏေမ့သြား၏။
ဒါေပမယ့္ ခဏေလာက္သာ!
ဟိုတယ္ခန္းထဲျပန္ေရာက္တာနဲ႔ ေလာ့လီက သူ႕ကို ဝွီးခ်ဲေပၚကေန ကုတင္ေပၚတင္လိုက္၏။
"ငါ စီးကရက္ဝယ္ဖို႔ ေအာက္ထပ္ဆင္းလိုက္ဦးမယ္"
“ေဆးလိပ္ေသာက္တာက က်န္းမာေရးအတြက္ မေကာင္းဘူး” ေတာ္ဝင္ကိုယ္လုပ္ေတာ္ေလးက တားလိုက္သည္။ "အဲဒီအစား ေနၾကာေစ့ကိုစားၾကရင္ ဘယ္လိုလဲ?"
"တစ္ဖြာေလာက္ေဆးလိပ္ေသာက္တာ ရပါတယ္ကြာ"
ေလာ့လီက သူ႕ကို တမင္တကာ ေလွာင္ေျပာင္ ရယ္ေမာလိုက္သည္။
“မရဘူး!ကြၽန္ေတာ္က ေဆးလိပ္နံ႔ကို မခံႏိုင္ဘူး!” ဒိုင္အန္းက ျပတ္သား၏။
"ဒါဆို လသာေဆာင္မွာပဲ ေဆးလိပ္သြားေသာက္မယ္" ေလာ့လီက ထြက္သြားခဲ့သည္။
"ခင္ဗ်ားက လသာေဆာင္ကေလထုကို ညစ္ညမ္းေစတာပဲ!" ဒိုင္အန္းက သူ႕လက္ကို ဆုပ္ကိုင္လိုက္သည္။
"ေကာင္းပါၿပီ။ဒါဆို ငါ အသင့္စားစရာေတြကိုဝယ္လိုက္ဦးမယ္" ေလာ့လီက မတရားခံရသည့္ဟန္။
"အသင့္စားစရာေတြက ဝေစလိမ့္မယ္!ဘာလို႔ ကြၽန္ေတာ္တို႔ ေစာေစာ မအိပ္ၾကမွာလဲ?” " ဒိုင္အန္းက သူ႕ကို ခ်န္ထားရစ္ခဲ့ဖို႔ ျငင္းဆန္ေနၿပီး စိတ္အားထက္သန္စြာ ေျပာခဲ့သည္။
သူ႕ရဲ႕သနားစရာေကာင္းတဲ့အမူအရာကိုၾကည့္ရင္း မစၥတာအမာ႐ြတ္သည္ ဝမ္းသာအားရျဖစ္မႈက အလုံးလိုက္အရင္းလိုက္ဝင္လာခဲ့သည္။
ကမ႓ာေပၚမွာ ဒီလို အပ်င္းေျပလူသားေတြ႐ွိေနမယ္လို႔ သူ မထင္ထားခဲ့ဘူး။
ေတာ္ဝင္ကိုယ္လုပ္ေတာ္ေလးသည္ ညဥ့္သန္းေခါင္တြင္ အိပ္ေနရာမွ လန္႔ႏိုးလာသည္။သူ ဆီးသြားဖို႔လိုေနၿပီ။
သူထထိုင္ၿပီး သူ႕ေဘးကလူကို စိုက္ၾကည့္ေန၏။
ျပတင္းေပါက္မွ လေရာင္က ျဖာက်ေနလ်က္။ေလာ့လီက အိပ္ေပ်ာ္ေနၿပီး သူ႕အမူအရာက ပုံမွန္ထက္ပိုႏူးညံ့ေနပုံရသည္။
ေတာ္ဝင္ကိုယ္လုပ္ေတာ္ေလးသည္ သူ႕ေဘးနား႐ွိ လူေခ်ာေလးအေပၚ ခ်စ္ခင္တြယ္တာမႈက ႐ုတ္ခ်ည္းဆိုသလိုပင္ ျမင့္တက္လာကာ။သူ႕ေ႐ွ႕တြင္ အသစ္စက္စက္ ကမ႓ာႀကီးတစ္ခုဆီသို႔ တံခါးေပါက္ပြင့္သြားသလိုပင္။
ဒါ ဘယ္လိုလုပ္ျဖစ္ႏိုင္မွာလဲ!!
တကယ္ေသးေပါက္ခ်င္ေနၿပီမို႔ သူ႕မွာ မစၥတာအမာ႐ြတ္ကို အေသးစိတ္ေလ့လာဖို႔ အခ်ိန္မ႐ွိဘူး။
ဘယ္ေလာက္ပဲ ေၾကာက္စရာေကာင္းေနပါေစ၊ဒါက ႐ုပ္႐ွင္ကားတစ္ခုပဲေလ။ဒိုင္အန္းက သူ႕ကိုယ္သူ ႏွစ္သိမ့္ဖို႔ ႀကိဳးစားလိုက္၏။ဖိနပ္တစ္ရံကို စီးလိုက္ၿပီး အိပ္ရာေပၚကေန ျဖည္းျဖည္းခ်င္းဆင္းလာဖို႔ ႀကိဳးစားလိုက္သည္။
သာမာန္ဆိုရင္ မ်က္လုံးမွိတ္ၿပီး ေရခ်ိဳးခန္းထဲ ေျပးဝင္သြားလိမ့္မည္။ဒါေပမယ့္ ဒီအခ်ိန္မွာေတာ့ မတူေတာ့ဘူး။ဒဏ္ရာရေနတဲ့ ေျခက်င္းဝတ္ေၾကာင့္ ျမန္ျမန္မလႈပ္႐ွားႏိုင္ေတာ့ဘူး။
ဒါ တကယ့္ကို သနားစရာပါပဲ!
ဒိုင္အန္းသည္ သူအိပ္ရာေဘးက မီးကိုဖြင့္လိုက္ၿပီး ေလာ့လီ အလိုအေလ်ာက္ႏိုးလာမယ္လို႔ ေမွ်ာ္လင့္ေနမိသည္။
ဒါေပမယ့္ ဒါကမျဖစ္ႏိုင္ပါဘူး!
ထို႔ေၾကာင့္ သူသည္ ေရခ်ိဳးခန္းဘက္သို႔ တုန္တုန္ယင္ယင္ျဖင့္ ေလွ်ာက္သြားခဲ့သည္။အလင္းေရာင္ေဖ်ာ့ေဖ်ာ့က ေန႔ခင္းဘက္တုန္းကၾကည့္တဲ့ ေသြးသံရဲရဲ႐ုပ္႐ွင္ထဲက ပုံရိပ္ေတြကိုသြားသတိရေစသည္။ေတာ္ဝင္ကိုယ္လုပ္ေတာ္ေလးက သူ႕ေဘာင္းဘီထဲကို ေသးေပါက္ခ်မိေတာ့မလို ခံစားသြားရ၏။
“မင္း...ဘယ္ကို...သြားေန..တာလဲ?” သူ႕ေနာက္ကေန မတည္မၿငိမ္အသံနဲ႔ ေမးလိုက္သည္က တကယ့္ကို ေၾကာက္စရာႀကီးပဲ။
"အား!!!!"
"အဆင္ေျပရဲ႕လား?" ေလာ့လီက သူ႕ကို အလ်င္အျမန္ ထိန္းလိုက္သည္။
"အခု.. အခု!" ေတာ္ဝင္ကိုယ္လုပ္ေတာ္ေလးက စကားထစ္ေနသည္။
"အခုပဲ ေရခ်ိဳးခန္းထဲဝင္ဖို႔ အကူအညီလိုေသးလားလို႔ ေမးခ်င္တာပါ" ေလာ့လီက သူ႕ကို အျပစ္ကင္းစြာ ၾကည့္ေနသည္။
"ၿပီးလည္း ၿပီးေရာ မင္းထေအာ္ေတာ့တာပဲ!"
"ဒါဆို ခင္ဗ်ားအသံက ဘာလို႔ေျပာင္းသြားတာလဲ?" ေတာ္ဝင္ကိုယ္လုပ္ေတာ္သည္ ထိတ္လန္႔ဆဲပင္။ေစာေစာက အသံသည္ ေျမေအာက္ထဲကေန ထြက္လာပုံရသည္။
“ငါေတာ့ အဲလို မထင္ပါဘူး"