[Unicode]
အခန်း(၁၀၇):ရုပ်ရှင်ရိုက်ကူးရေး ၁၀
ဒိုင်အန်း၏ဖြူဖပ်ဖြူရော်ဖြစ်နေသည့်မျက်နှာကို ကြည့်ရင်း လော့လီသည် သိသိသာသာပင် စိတ်အခြေအနေကောင်းလာသည်။
မှန်တယ်!သူက ဗီလိန်ဆိုတာ အသေချာပဲ!
"တော်ဝင်ကိုယ်လုပ်တော်လေး!" ဆုနိုသည် ဒိုင်အန်း ပြန်သွားသည့်သတင်းကြားတော့ ဖုန်းခေါ်ဖို့ရာ အိမ်ခေါင်မိုးပေါ်ကို ချက်ချင်းတက်သွားတော့သည်။ "အိမ်ကို ချက်ချင်းပြန်ရလောက်အောင် ဘာဖြစ်လို့လဲ?"
“တကယ်တော့ ဘာမှမဟုတ်ပါဘူး။ငါ့ဦးလေးရဲ့မိသားစုမှာ ငါဖြေရှင်းပေးရမယ့် ပြဿနာတချို့ ကြုံနေရတယ်” ဒိုင်အန်းက လိမ်ညာခဲ့သည်။ "ရုပ်ရှင်ရိုက်ကူးရေးကိုပဲ အာရုံစိုက်,တတ်နိုင်သလောက် မြန်မြန် ပြန်လာမှာပါ"
"မင်းတစ်ခုခုလိုအပ်ရင် ငါ့ကိုခေါ်လိုက်နော်"ဆုနိုက စိတ်အေးသွားသည်။ "အလောမကြီးနဲ့,မင်းမိသားစုကိုသာ အရင်ဂရုစိုက်လိုက်"
"အင်းပါ" ဒိုင်အန်း၏နှလုံးသားသည် တုန်လှုပ်သွားသည်။နိုနိုက အရွယ်ရောက်လာပြီပဲ!စာနာတတ်တဲ့စိတ်ထားလေးလည်းရလာပြီ!ဒိုင်အန်းက သူ့ကို ပြင်းပြင်းထန်ထန် ကာကွယ်ပေးဖို့လိုတယ်လို့ ခံစားလိုက်ရသည်။
ထို့ပြင် လော့လီသည် မနက်ဖြန်ရိုက်ကူးရေးကို သွားကြည့်လိုကြောင်း သာမန်ကာလျှံကာ ပြောလာသောအခါ ဒိုင်အန်းက ၎င်းကို အပြင်းအထန် ကန့်ကွက်ခဲ့သည်။
"ဘာလို့လဲ?" လော့လီက မေး၏။
"ဘာလို့လဲဆိုတော့ ခင်ဗျား နိုနိုကိုစိတ်ဆိုးအောင် လုပ်မှာစိုးလို့" အကုန်လုံးလည်း ပွင့်ပွင့်လင်းလင်း သိနေပြီဖြစ်တာကြောင့် ဒိုင်အန်းသည်လည်း ဝေ့ဝှိက်ကာပြောမနေတော့ရန် ဆုံးဖြတ်ခဲ့သည်။
လော့လီက ပြုံးလိုက်ပြီး "မင်း ဘာလို့ ဒီလောက်တုံးရတာလဲ?"
“ပင်လယ်ထဲမှာ ငါးတွေအများကြီးရှိပါတယ်,ဘာလို့များ တခြားတစ်ယောက်ကို ချစ်ဖို့ မကြိုးစားတာလဲ?" ဒိုင်အန်းက စိတ်ရှည်စွာ တိုက်တွန်းခဲ့သည်။
"အဲ့ဒီတော့ ဘယ်သူများလဲ?" လော့လီက သူ့ကို စေ့စေ့ကြည့်နေသည်။
"ချိုးကျီယန်!" ဒိုင်အန်းသည်ကား တကယ့်ကို လူယုတ်မာစင်စစ်ပင်။
"ဘယ်သူလဲ?"
"ချိုးကျီယန်!!" ဒိုင်အန်းက ထပ်ပြောလိုက်သည်။ "သူက ချောတယ်၊ အရပ်ရှည်တယ်၊ သူ့ abs ကို မြင်ဖူးလား။ခင်ဗျားတို့က တစ်ယောက်အတွက်တစ်ယောက် ဖန်တီးထားကြတာပဲ!"
အလိမ်အညာတွေရဲ့သခင်ပဲ။
“ဒါပေမယ့် ငါက သူ့ပုံစံကိုမကြိုက်ဘူး” လော့လီက ညည်းညူသည်။
"ဘာလို့ လက်လျှော့လိုက်တာလဲ?" ဒိုင်အန်းက စိတ်အားထက်သန်စွာပြောခဲ့သည်။ "ကမ္ဘာသစ်တစ်ခုလုံးကို တံခါးဖွင့်ပြီး abs အတွက် တန်ဖိုးထားမှုအသစ်တစ်ခုကို ရှာဖွေတွေ့ရှိနိုင်မှာပါ!"
ထိုသို့သော ကဗျာဆန်ဆန်ဘာသာစကားသည် အလွန်စိတ်လှုပ်ရှားဖွယ်ကောင်းတယ်မလား!
ဒိုင်အန်း၏မျက်လုံးများသည် မျှော်လင့်ချက်အပြည့်နှင့်။ ဒါကိုမြင်တော့ လော့လီသည် စိတ်ထဲမှာ ရယ်ရလွန်းလို့ သေလုနီးပါးဖြစ်သွားပေမယ့်လည်း ရုပ်ရှင်သရုပ်ဆောင်တစ်ယောက်လို သူ့အမူအရာက တည်ငြိမ်နေခဲ့ပါသည်။
"ခင်ဗျား ငိုတော့မှာတော့ မဟုတ်ဘူးလား?" ဒိုင်အန်းသည် သူ့အမူအရာကြောင့်ထိတ်လန့်သွားပြီး နောက်ပြန်ဆုတ်ရန် ဆုံးဖြတ်ခဲ့သည်။ "ချိုးကျီယန်ကို မကြိုက်ရင်လည်း နိုနိုနဲ့တူတဲ့ ချောမောတဲ့ယောက်ျားတွေ အများကြီးရှိပါသေးတယ်။ခင်ဗျား ဘဝရဲ့အချစ်စစ်ကို တွေ့ပါလိမ့်မယ်!"
လော့လီသည် ဆုနိုတစ်ယောက် ဒိုင်အန်းကို မန်နေဂျာအဖြစ် ဘာကြောင့် လိုချင်သလဲဆိုတာကို စတင်နားလည်လာပြီ။
"ဒီည ဆေးရုံခန်းထဲမှာ ဘာလို့မနေရတာလဲ?" ဒိုင်အန်းက အကြံပြုသည်။ "ဆေးရုံက ဆင်းပြီးရင် ကောင်းကောင်းလေး မိတ်ဆက်ပေးမယ်" ဒိုင်အန်းသည် သူကိုယ်တိုင် အောင်သွယ်ပေးရန် ဆုံးဖြတ်ခဲ့သည်။
"မင်းက ငါ့ကို ဒီမှာနေစေချင်တာလား?" လော့လီက ပြုံးလိုက်သည်။
"ဒါပေါ့။ဒါက ဇိမ်ခံဆေးရုံပဲလေ၊ရေချိုးခန်းနဲ့ ကုတင်နောက်တစ်လုံးပါရှိသေးတယ်။" လော့လီအား ရုပ်ရှင်ရိုက်ကူးရေးနေရာကို မရောက်သွားစေရန် ထိန်းထားဖို့ကို ဒိုင်အန်းတစ်ယောက် အရမ်းကြိုးစားခဲ့တာကိုသာ ဆုနို သိခဲ့မယ်ဆိုရင် သူအရမ်းစိတ်လှုပ်ရှားသွားလိမ့်မယ်။
“ကောင်းပြီ။” လော့လီက မတ်တပ်ရပ်လိုက်သည်။ "စူပါမားကတ်မပိတ်ခင် စီးကရက်တစ်လိပ်သွားဝယ်လိုက်ဦးမယ်"
"အိုခေ..." ဒိုင်အန်းသည် သူ အခန်းထဲမှ ထွက်သွားသည်ကို ကြည့်ပြီး သက်ပြင်းချလိုက်သည်။
နေ့တိုင်း သူ့ကို နိုနိုနဲ့ ခပ်ဝေးဝေးမှာ ထားနိုင်တော့မယ်။
တောင်ပေါ်မှ လှိမ့်ကျသွားသည်မှာ ကြောက်မက်ဖွယ်ကောင်းသော်လည်း ဒိုင်အန်းသည် ပြင်းထန်စွာမနာနေပေ,ခြေကျင်းဝတ်နာနေရုံလောက်ပင်။ဒိုင်အန်းသည် သူ့ကိုယ်သူ ရေချိုးခန်းထဲသို့ တရွတ်တိုက်သွားပြီး မြန်မြန်ရေချိုးကာ အိပ်ချင်မိသည်။
ဒါပေမယ့် သူရေချိုးပြီး တစ်ဝက်လောက်မှာပင် လော့လီက ပြန်ရောက်လာ၏။
ဘယ်လောက်ကံကောင်းလိုက်လဲ!
လော့လီသည် ကုတင်ဗလာကိုမြင်လိုက်ရသဖြင့် ထိတ်လန့်သွားသည်။ရေချိုးခန်းထဲက ရေစီးသံကိုကြားတော့မှ ပြုံးပြီး ရေချိုးခန်းတံခါးကို အေးအေးဆေးဆေး ဖွင့်လိုက်၏။
အရှက်မရှိ ရဲတင်းမှုကြီးပဲ!
"အား!!!!" တစ်စုံတစ်ယောက် ရေချိုးခန်းထဲသို့ ဝင်လာသောအခါ ဒိုင်အန်းက အော်ဟစ်လိုက်မိသည်။
“……” လော့လီက အံ့အားသင့်သွားကာ အပြစ်ကင်းသော မျက်လုံးများဖြင့် သူ့ကို ကြည့်လိုက်သည်။
"ဘာ... ဒီမှာ ဘာလုပ်နေတာလဲ!"ဒိုင်အန်းက ဒေါသထွက်သွားသည်။
"ရေချိုးခန်းသုံးမလို့လေ" လော့လီက ဆက်လက်၍ "မင်းဒီမှာရှိနေတာ ငါမသိခဲ့ဘူး"
"ထွက်သွား!"
ဒိုင်အန်းသည် သူ့ပတ်ပတ်လည်ကိုမျက်နှာသုတ်ပုဝါတစ်ထည်ဖြင့် ပတ်လိုက်ရန် အသည်းအသန်ကြိုးစားခဲ့သည်။သူ့ရဲ့ဝဝကစ်ကစ်ဗိုက်လေးသည် ဖွင့်ဟပြခံနေရသည်--- အစားကြူးမှုအဆက်မပြတ်ရှိနေခြင်းကြောင့်ပင်။
လော့လီသည် အလုံအလောက်မြင်ပြီးသည်နှင့် ရိုးသားစွာတောင်းပန်ပြီး သူထွက်သွားသည့်နောက် တံခါးကို တည်ငြိမ်စွာပြန်ပိတ်လိုက်သည်။
ဒါက ဘယ်လိုလူလဲ? နိုနို သူ့ကို မကြိုက်တာမဆန်းပါဘူး။တစ္ဆေလို နေရာမျိုးစုံကနေ ထွက်လာတယ်!
"သွားမတိုက်နဲ့ဦး၊သစ်သီးနဲ့ ဆန်ပြုတ်ဝယ်ခဲ့တယ်" လော့လီသည် ရေချိုးခန်းအပြင်ဘက်မှ လှမ်းအော်လိုက်သည်။
"အိုခေ။အား!!!!" ရေချိုးခန်းထဲမှ ကျယ်လောင်သော အော်သံတစ်ခု ထွက်ပေါ်လာသည်။
"ဘာဖြစ်လို့လဲ?" လော့လီသည် ထိတ်လန့်တကြီးဖြင့် အမြန်ပြေးသွားခဲ့သည်။
ဒိုင်အန်းသည် ပုလင်းငယ်များပတ်လည်ဝိုင်းနေကာ ကံဆိုးသူမောင်ရှင်တစ်ယောက်လို ရေချိုးခန်းသုံးခြေသုတ်အဝတ်ပေါ်တွင် ထိုင်လျက်သား ဖြစ်နေသည်။
"မင်း ချော်လဲကျသွားတာလား?" လော့လီက ရယ်ချင်နေသည်။
ဒိုင်အန်း၏အောက်ပိုင်းကတော့ ပြင်းထန်စွာ နာကျင်နေပြီ။သူ မတ်တပ်ရပ်ချင်သော်လည်း မရပ်နိုင်သောကြောင့် လော့လီကို မျက်ရည်များဝဲကာ ကြည့်နေရသည်။
ရေချိုးဂျယ်ပုလင်းကို ကောက်ကိုင်လိုက်တာလေးကို ဘယ်သူကများ ချော်လဲကျမှာလဲ? ရှက်စရာကောင်းစရာပဲ!
"မင်းအရိုးတွေ မကျိုးခဲ့ဘူးလို့ မျှော်လင့်ပါတယ်။" လော့လီသည် သူ့ဘေးတွင် ထိုင်ချလိုက်ပြီး သူ့ခါးကို ညှစ်လိုက်ကာ "ဒီနေရာ နာနေတာလား?"
"အဲလောက် မပြင်းထန်ပါဘူး။" ဒိုင်အန်းက အားအင်ချိနဲ့စွာဖြင့် “ကျွန်တော့်ကို အိပ်ရာထဲသာ ပို့ပေးပါ”
လော့လီက ဒိုင်အန်းကို မတ်တတ်ရပ်လို့ရအောင် ကူညီပေးခဲ့၏။မျက်နှာသုတ်ပုဝါတစ်ထည်ကို ကိုင်လိုက်ပြီး ဒိုင်အန်းကို ခြောက်အောင်သုတ်လိုက်ပေးလိုက်ကာ ခါးကနေ ကောက်မလိုက်သည်။
ဒိုင်အန်း: “……”
“မင်းဆီမှာ ဗိုက်ပူပူလေးရှိနေတာပဲ။” လော့လီက သူ့ကို ပေါ့ပေါ့ပါးပါး စိုက်ကြည့်လိုက်သည်။
"မကြည့်သင့်တဲ့နေရာတွေကို လိုက်မကြည့်နေနဲ့!" ဒိုင်အန်းသည် ဒိုင်အန်းဂျူနီယာလေးကို လျင်မြန်စွာ ဖုံးကွယ်ကာ လော့လီကို ဒေါသတကြီး လှမ်းကြည့်သည်။
နှာဘူးကောင်ပဲ!
သူ့နားတွေ နီရဲနေတာကိုမြင်တော့ မစ္စတာအမာရွတ်က တကယ်ရယ်ချင်သွား၏။
"ဆရာဝန်ခေါ်ပေးရမလား?" လော့လီက ဒိုင်အန်းကို ဆေးရုံကုတင်ပေါ်ချပေးလိုက်ရင်း ခပ်တည်တည်နဲ့ မေးလိုက်သည်။
“မလိုတော့ပါဘူး,ကျေးဇူးတင်ပါတယ်” ဒိုင်အန်းသည် စောင်တစ်ထည်ကိုအမြဲဆွဲခြုံကာ ရှက်ရွံ့နေဆဲဖြစ်သည်။
ဒါက အရမ်းရှက်စရာကောင်းတယ်!
"မင်းကို ဆေးရုံဝတ်စုံအသစ်တစ်ထည်သွားယူပေးမယ်။" လော့လီက တံခါးဆီသို့ လျှောက်သွားသည်။ဒိုင်အန်း၏ ဆေးရုံဝတ်စုံဟောင်းသည် အစောပိုင်းက ရေချိုးခန်းကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားပြီ ဖြစ်သည်။
“ခဏ!” ဒိုင်အန်းက သူ့ကိုတားလိုက်သည်။
"ဘာလဲ?"
"... ကျေးဇူးပြုပြီး အတွင်းခံတစ်ထည်လောက် ဝယ်လာခဲ့ပေးပါနော်" တော်ဝင်ကိုယ်လုပ်တော်လေးက သေချင်နေပြီ။ သူ့အတွင်းခံဘောင်းဘီက စောစောကတည်းကပင် ဆေးရုံကြမ်းပြင်ပေါ် ပြုတ်ကျခဲ့ပြီးသည်မို့ မဝတ်ချင်တော့ပေ။ဒါပေမယ့် သူကိုယ်လုံးတီးလည်း မနေနိုင်တာကြောင့် မစ္စတာအမာရွတ်ကို ကူညီပေးဖို့ နှိမ့်ချစွာ တောင်းဆိုခဲ့ရသည်။
"ခွီး....." လော့လီက တစ်ခစ်ခစ် ရယ်မောလိုက်သည်။
"ဘာရယ်တာလဲ!" ဒိုင်အန်းက ဒေါသထွက်သွားသည်။ မလှုပ်နိုင်လို့သာ မဟုတ်ရင် ဒီလိုမျိုးဝယ်ဖို့ ဘယ်တော့မှ တောင်းဆိုမှာမဟုတ်ဘူး!
"ကောင်းပြီလေ အတွင်းခံဝယ်လာခဲ့လိုက်ပါမယ်" လော့လီက သူ့ကိုယ်သူ ပြန်တည်ငြိမ်အောင်နေလိုက်ပြီး "ကျန်တာရှိသေးလား?"
"မရှိတော့ပါဘူး,ကျေးဇူးတင်ပါတယ်,ကျသင့်ငွေကို မနက်ဖြန်ကျရင် ပြန်ပေးပါ့မယ်" ဒိုင်အန်းက တည်ငြိမ်စွာပြော၏။ဖာ့ခ်တစ်သီတစ်တန်းကြီးကတော့ သူ့ရဲ့စိတ်ထဲမှာ တန်းစီနေသည်။
"ချစ်ရတဲ့ တော်ဝင်ကိုယ်လုပ်တော်လေးရေ!" လော့လီထွက်သွားပြီး သိပ်မကြာခင်မှာပဲ ဆုနိုက ဖုန်းဆက်ပြန်ပြီ။ "မင်းအိမ်ပြန်ရောက်ပြီလား။ အခြေအနေဘယ်လိုလဲ?"
“ဘာမှမထူးခြားပါဘူး။ဒီနေ့ ရိုက်ကူးရေးရော ဘယ်လိုလဲ? ပြီးသွားပြီလား"
"မိုးမလင်းခင် နောက်ထပ်ရိုက်ကွင်းတစ်ခုရှိသေးတယ် ငါမင်းကို အနားယူချိန်မှာ ခေါ်နေတာ။" ဆုရှောင်းနိုက ထိုင်ခုံပေါ်တွင်ရပ်လိုက်သည်။ "ငါ မင်းကို ကူညီနိုင်တာတစ်ခုခုရှိရင် ငါ့ကိုသာပြော!"
တော်ဝင်ကိုယ်လုပ်တော်လေးကို စောင့်ရှောက်ရမယ်!
"အင်း...ကျေးဇူးပဲ" ဒိုင်အန်းသည်နွေးထွေးမှုကို ခံစားလိုက်ရသည်။ "ငါ့အတွက် စိတ်မပူပါနဲ့၊ရိုက်ကူးရေးကိုပဲ အာရုံစိုက်" နိုနိုက အလွန်ကြင်နာတတ်ပြီး အပြစ်ကင်းတယ်၊ဒါရိုက်တာအိုးရန်လုံက သူ့အတွက်ကံကောင်းလွန်းပါတယ်!
လော့လီသည် မိနစ်အနည်းငယ်အကြာတွင် ပြန်လာခဲ့သည်။အနီရောင်တောက်တောက် ပလတ်စတစ်အိတ်ထဲမှ ဘူးတစ်ဘူးကို ထုတ်ယူလိုက်သည်။ "မင်းရဲ့ အတွင်းခံဘောင်းဘီ။"
ဒိုင်အန်းက လေကိုရှူရှိုက်ရင်း "အမျိုးသမီးအတွင်းခံလား?"
ဘာလို့များ ဒီလောက် ဆက်ဆီကျကျထုပ်ပိုးရတာလဲ?ပြီးတော့လည်း XXXL plus size!
"ခွီး!" လော့လီက နောက်ထပ် ရယ်မောလိုက်ပြန်သည်။
"မရယ်နဲ့!" ဒိုင်အန်းသည် ခေါင်းအုံးဖြင့် ပစ်ပေါက်လိုက်သည်။ အတွင်းခံဘောင်းဘီဝယ်တာလေးလို ရိုးရှင်းတဲ့ကိစ္စတစ်ခုကို ဖျက်လိုဖျက်စီးလုပ်နေရလောက်အောင် သူ့မှာ ဦးနှောက်အကျိတ်ရှိနေတာပဲဖြစ်ရမယ်။
"မဟုတ်တရုတ်တွေ တွေးမနေနဲ့" လော့လီသည် ဒိုင်အန်း၏ကုတင်ပေါ်မှ အတွင်းခံဘောင်းဘီဘူးရဲ့အဖုံးပေါ်တွင် ကြွက်သားတောင့်တင်းသော အမျိုးသားမော်ဒယ်ပုံကို ပြလိုက်သည်။
ဒါ ယောက်ျားလေးအတွင်းခံပဲ၊ဒါပေမယ့် ဒိုင်အန်းကတော့ စိတ်မသက်မသာ ဖြစ်နေတုန်းပါပဲ။ကြေးဝါရောင် အထုပ်ရှစ်ထုပ်(abs)ပါသည့် အမျိုးသားမော်ဒယ်သည် ပေါက်ကွဲတော့မည့်ပုံပေါက်သည့် အနီရောင်တြိဂံအတွင်းခံကို ၀တ်ဆင်ထားသည်။ပုံတစ်ပုံတည်းကပင် ဒိုင်အန်းရဲ့ဘောတွေကို နာကျင်စေလောက်အောင် လုံလောက်၏။
"အင်း....နည်းနည်းတော့ ကြည့်ရဆိုးနေတယ်၊ဒါပေမယ့် ဘာမှမရှိတာထက် ပိုကောင်းပါတယ်။" လော့လီက သူ့ကိုနှစ်သိမ့်ပေးလိုက်သည်။ “အောက်ထပ်က စူပါမားကတ်က တကယ့်ကို အသေးစားလေးပဲလေ,ဒါက သူတို့မှာ ရှိတဲ့တစ်ခုတည်းသော အမျိုးအစားပဲ။”
"........."
ဒါက ဘယ်လိုတောင် ရက်စက်တဲ့ ကံကြမ္မာလဲ? တော်ဝင်ကိုယ်လုပ်တော်လေးက သက်ပြင်းချလိုက်သည်။သူ့ကံကြမ္မာကို လက်ခံပြီး အထုပ်ကိုဖွင့်ကာ စောင်အောက်မှာပဲ ဝတ်လိုက်သည်။
"သောက်ဦးမလား?" လော့လီက သူ့ကို သစ်သီးဖျော်ရည်တစ်ပုလင်း ပေးလိုက်၏။
“မသောက်တော့ဘူး,ကျေးဇူးတင်ပါတယ်,ကျွန်တော် ပင်ပန်းနေလို့ အိပ်ချင်နေပြီ”
လော့လီသည် သူ့ခေါင်းအုံးကို သပ်သပ်ရပ်ရပ်ပြန်ပြင်ပေးပြီး ကုတင်ဘေးကခုံပေါ်တွင် ရေနွေးတစ်ခွက်ကို ဂရုတစိုက်ထားပေးလိုက်ကာ မတ်တပ်ရပ်လိုက်သည်။
တကယ်တော့ မစ္စတာအမာရွတ်က သိပ်မဆိုးပါဘူး။ဒိုင်အန်းသည် စောင်ကို တင်းကြပ်စွာ ပွေ့ဖက်လိုက်ပြီး လော့လီနှင့် လိုက်ဖက်သည့် အနုပညာရှင်အချို့နဲ့ မိတ်ဆက်ပေးရန် စဉ်းစားခဲ့သည်။
"ဆုနိုက မင်းကိုဘယ်လိုခေါ်လဲ?" ညပြတင်းပေါက်မှ ကြယ်များ၏အလင်းရောင်များက ဖြာကျနေလျက် လော့လီသည် ဘေးကကုတင်၏ခေါင်းရင်းတိုင်ကိုမှီကာ သူ့အား မေးလိုက်သည်။
"ငါ မင်းကို မစ္စတာဒိုင်လို့တော့ မခေါ်နိုင်ဘူး"
“.......” သူက ငါ့ကို ချစ်ရတဲ့တော်ဝင်ကိုယ်လုပ်တော်လေးလို့ ခေါ်လေ့ရှိပေမယ့် အဲဒါက ခင်ဗျားခေါ်နိုင်တဲ့ နာမည်မဟုတ်ဘူး!
“အဆင်ပြေပါတယ်၊ကျွန်တော့်ကို မစ္စတာဒိုင်လို့ ခေါ်လို့ရတယ်” ဒိုင်အန်းက ပြတ်ပြတ်သားသားပြောလိုက်သည်။
"ဒါဆို သူက ငါ့ကိုဘယ်လိုခေါ်လဲ?" ဘာမှကောင်းနိုင်ချေမရှိဘူးဆိုတာ သူသိပေမဲ့လည်း မစ္စတာအမာရွတ်က မသိချင်ယောင်ဆောင်မေးလိုက်သေးသည်။
ဒိုင်အန်းက ပိုလို့တောင် သနားစရာကောင်းနေပုံပေါက်နေသည်။ အကျင့်ပျက်-နှာဘူး-အရှက်မရှိ-ရိုင်းစိုင်း-လူယုတ်မာ-
အမာရွတ်နဲ့ကောင်၊ ဒီလိုမျိုးကို ကျယ်ကျယ်ပြောလို့ရနိုင်ပါ့မလား။ သူစိတ်ဆိုးသွားရင် ဘယ်လိုလုပ်မလဲ၊ငါ့ကို ဆေးရုံမှာထားခဲ့ပြီး နိုနိုနဲ့ ရန်သွားဖြစ်ရင် ဘယ်လိုလုပ်မလဲ။ငါ ဒီလိုအဖြစ်မခံနိုင်ဘူး!
"သူက ဒါရိုက်တာလော့လို့ခေါ်တယ်" ဒိုင်အန်းသည် အလိမ်ပါးပါးလေးသုံးကာ ပြောလိုက်သည်။
"တကယ်ဟုတ်လို့လား?" လော့လီက မယုံကြည်နိုင်စွာ မေးလိုက်သည်။
"ဒါပေါ့။သူက ခင်ဗျားကို ဘယ်လိုခေါ်ရဦးမှာလဲ?" ဒိုင်အန်းသည် သူ့ကိုယ်သူ စောင်ခေါင်းမြီးခြုံလိုက်၏။ “ကောင်းသောညပါ”
သူသာ ဒီလို ဆက်သွားနေမယ်ဆိုရင် သေချာပေါက် သိသွားလိမ့်မယ်!
လော့လီသည် မျက်ခုံးပင့်လိုက်သော်လည်း စစ်ဆေးမေးမြန်းမှုတွေကိုဖြင့် ဆက်မလုပ်တော့ပေ။
သာယာသောညတစ်ညကို ဖြတ်သန်းခဲ့ရသည်။
နောက်တစ်နေ့တွင် လော့လီသည် အစောကြီး နိုးလာသည်။ သူမျက်လုံးဖွင့်လိုက်သည်နှင့် ဒိုင်အန်းဆိုသူသည် ဟောက်သံတိုးတိုးလေးနှင့်အတူ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေပြီး သူ့စောင်ကို ပွေ့ဖက်ထားသည်ကို မြင်လိုက်ရသည်။ သူဝတ်ထားသည့် တစ်ခုတည်းသောအရာမှာ Fuwa လိုဂိုနှင့် “ကြိုဆိုပါတယ်” ဟူသော စာလုံးကို ရိုက်နှိပ်ထားသည့် ရယ်စရာကောင်းသော ခပ်ပွပွအနီရောင်အတွင်းခံသာဖြစ်သည်။
ဒီလို ရယ်စရာကောင်းနေပုံကြီးက!
မစ္စတာအမာရွတ်သည် ဓာတ်ပုံခိုးရိုက်လိုက်၏။
"အိပ်ရာထတော့" ဓာတ်ပုံရိုက်ပြီးနောက် လော့လီသည် ဒိုင်အန်း၏ကုတင်ဘေးတွင်ထိုင်ကာ အော်နှိုးလိုက်သည်။
“အင်း။” ဒိုင်အန်းက သူ့မျက်လုံးများကို ဖြည်းဖြည်းချင်း ပွတ်လိုက်ပြီး သူ့ရှေ့တွင် သုံးစက္ကန့်မျှ ထီးထီးကြီး စိုက်ကြည့်နေသည်။
"မစ္စတာအိပ်ငိုက်..." လော့လီက သူ့ကို ဆွဲထူလိုက်သည်။
"မောနင်း။" ဒိုင်အန်းသည် သူ့ဗိုက်သားကို အပြည့်အ၀ ဆန့်ထုတ်ကာ အကြောဆန့်လိုက်သည်။
"ဘာလို့ ခါးတဝိုက်ကပဲ ထွားနေတာလဲ?" လော့လီက နားမလည်နိုင်ဖြစ်ရသည်။
"ဒီအကြောင်းကို မပြောချင်ဘူး!" ဒိုင်အန်းသည် ဒေါသတကြီးဖြင့် သူ့အနားရှိ အ၀တ်အစားများကိုဆွဲယူကာ ဝတ်လိုက်သည်။
တစ်စုံတစ်ယောက်ရဲ့ဗိုက်ကို တစ်ချိန်လုံး စိုက်ကြည့်နေတတ်တာ ဘယ်လိုပေါကြောင်ကြောင်ကောင်မျိုးလဲ!
"ငါနဲ့ gym အတူတူကစားချင်လား?" လော့လီက အားတက်သရော မေးလိုက်၏။
"ကျေးဇူးတင်ပါတယ်၊ဒါပေမယ့် မလိုဘူး!" ဒိုင်အန်းက ပြတ်ပြတ်သားသား ငြင်းဆိုခဲ့သည်။မျက်နှာသစ်ချင်ပေမယ့် မတ်တပ်ထရပ်ပြီးတာနဲ့ ခြေကျင်းဝတ်က နာကျင်သွား၏။ထို့ကြောင့် အော်မိကာ လဲကျသွားသည်။ကံကောင်းစွာပဲ လော့လီက သူ့ကို ဖမ်းမိလိုက်သည်။ "အဆင်ပြေရဲ့လား"
"ခြေချင်းဝတ်နာတယ်" တော်ဝင်ကိုယ်လုပ်တော်လေးက အသက်ပြင်းပြင်းရှူလိုက်သည်။
မနေ့ကတော့ သက်သာပါတယ်။ဒီနေ့မှ ဘာလို့ပိုနာလာရတာလဲ!
ဒါ နားမလည်နိုင်စရာပဲ!
¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎
[Zawgyi]
အခန္း(၁၀၇):႐ုပ္႐ွင္႐ိုက္ကူးေရး ၁၀
ဒိုင္အန္း၏ျဖဴဖပ္ျဖဴေရာ္ျဖစ္ေနသည့္မ်က္ႏွာကို ၾကည့္ရင္း ေလာ့လီသည္ သိသိသာသာပင္ စိတ္အေျခအေနေကာင္းလာသည္။
မွန္တယ္!သူက ဗီလိန္ဆိုတာ အေသခ်ာပဲ!
"ေတာ္ဝင္ကိုယ္လုပ္ေတာ္ေလး!" ဆုႏိုသည္ ဒိုင္အန္း ျပန္သြားသည့္သတင္းၾကားေတာ့ ဖုန္းေခၚဖို႔ရာ အိမ္ေခါင္မိုးေပၚကို ခ်က္ခ်င္းတက္သြားေတာ့သည္။ "အိမ္ကို ခ်က္ခ်င္းျပန္ရေလာက္ေအာင္ ဘာျဖစ္လို႔လဲ?"
“တကယ္ေတာ့ ဘာမွမဟုတ္ပါဘူး။ငါ့ဦးေလးရဲ႕မိသားစုမွာ ငါေျဖ႐ွင္းေပးရမယ့္ ျပႆနာတခ်ိဳ႕ ၾကဳံေနရတယ္” ဒိုင္အန္းက လိမ္ညာခဲ့သည္။ "႐ုပ္႐ွင္႐ိုက္ကူးေရးကိုပဲ အာ႐ုံစိုက္,တတ္ႏိုင္သေလာက္ ျမန္ျမန္ ျပန္လာမွာပါ"
"မင္းတစ္ခုခုလိုအပ္ရင္ ငါ့ကိုေခၚလိုက္ေနာ္"ဆုႏိုက စိတ္ေအးသြားသည္။ "အေလာမႀကီးနဲ႔,မင္းမိသားစုကိုသာ အရင္ဂ႐ုစိုက္လိုက္"
"အင္းပါ" ဒိုင္အန္း၏ႏွလုံးသားသည္ တုန္လႈပ္သြားသည္။ႏိုႏိုက အ႐ြယ္ေရာက္လာၿပီပဲ!စာနာတတ္တဲ့စိတ္ထားေလးလည္းရလာၿပီ!ဒိုင္အန္းက သူ႕ကို ျပင္းျပင္းထန္ထန္ ကာကြယ္ေပးဖို႔လိုတယ္လို႔ ခံစားလိုက္ရသည္။
ထို႔ျပင္ ေလာ့လီသည္ မနက္ျဖန္႐ိုက္ကူးေရးကို သြားၾကည့္လိုေၾကာင္း သာမန္ကာလွ်ံကာ ေျပာလာေသာအခါ ဒိုင္အန္းက ၎ကို အျပင္းအထန္ ကန္႔ကြက္ခဲ့သည္။
"ဘာလို႔လဲ?" ေလာ့လီက ေမး၏။
"ဘာလို႔လဲဆိုေတာ့ ခင္ဗ်ား ႏိုႏိုကိုစိတ္ဆိုးေအာင္ လုပ္မွာစိုးလို႔" အကုန္လုံးလည္း ပြင့္ပြင့္လင္းလင္း သိေနၿပီျဖစ္တာေၾကာင့္ ဒိုင္အန္းသည္လည္း ေဝ့ဝွိက္ကာေျပာမေနေတာ့ရန္ ဆုံးျဖတ္ခဲ့သည္။
ေလာ့လီက ျပဳံးလိုက္ၿပီး "မင္း ဘာလို႔ ဒီေလာက္တုံးရတာလဲ?"
“ပင္လယ္ထဲမွာ ငါးေတြအမ်ားႀကီး႐ွိပါတယ္,ဘာလို႔မ်ား တျခားတစ္ေယာက္ကို ခ်စ္ဖို႔ မႀကိဳးစားတာလဲ?" ဒိုင္အန္းက စိတ္႐ွည္စြာ တိုက္တြန္းခဲ့သည္။
"အဲ့ဒီေတာ့ ဘယ္သူမ်ားလဲ?" ေလာ့လီက သူ႕ကို ေစ့ေစ့ၾကည့္ေနသည္။
"ခ်ိဳးက်ီယန္!" ဒိုင္အန္းသည္ကား တကယ့္ကို လူယုတ္မာစင္စစ္ပင္။
"ဘယ္သူလဲ?"
"ခ်ိဳးက်ီယန္!!" ဒိုင္အန္းက ထပ္ေျပာလိုက္သည္။ "သူက ေခ်ာတယ္၊ အရပ္႐ွည္တယ္၊ သူ႕ abs ကို ျမင္ဖူးလား။ခင္ဗ်ားတို႔က တစ္ေယာက္အတြက္တစ္ေယာက္ ဖန္တီးထားၾကတာပဲ!"
အလိမ္အညာေတြရဲ႕သခင္ပဲ။
“ဒါေပမယ့္ ငါက သူ႕ပုံစံကိုမႀကိဳက္ဘူး” ေလာ့လီက ညည္းညဴသည္။
"ဘာလို႔ လက္ေလွ်ာ့လိုက္တာလဲ?" ဒိုင္အန္းက စိတ္အားထက္သန္စြာေျပာခဲ့သည္။ "ကမ႓ာသစ္တစ္ခုလုံးကို တံခါးဖြင့္ၿပီး abs အတြက္ တန္ဖိုးထားမႈအသစ္တစ္ခုကို ႐ွာေဖြေတြ႕႐ွိႏိုင္မွာပါ!"
ထိုသို႔ေသာ ကဗ်ာဆန္ဆန္ဘာသာစကားသည္ အလြန္စိတ္လႈပ္႐ွားဖြယ္ေကာင္းတယ္မလား!
ဒိုင္အန္း၏မ်က္လုံးမ်ားသည္ ေမွ်ာ္လင့္ခ်က္အျပည့္ႏွင့္။ ဒါကိုျမင္ေတာ့ ေလာ့လီသည္ စိတ္ထဲမွာ ရယ္ရလြန္းလို႔ ေသလုနီးပါးျဖစ္သြားေပမယ့္လည္း ႐ုပ္႐ွင္သ႐ုပ္ေဆာင္တစ္ေယာက္လို သူ႕အမူအရာက တည္ၿငိမ္ေနခဲ့ပါသည္။
"ခင္ဗ်ား ငိုေတာ့မွာေတာ့ မဟုတ္ဘူးလား?" ဒိုင္အန္းသည္ သူ႕အမူအရာေၾကာင့္ထိတ္လန္႔သြားၿပီး ေနာက္ျပန္ဆုတ္ရန္ ဆုံးျဖတ္ခဲ့သည္။ "ခ်ိဳးက်ီယန္ကို မႀကိဳက္ရင္လည္း ႏိုႏိုနဲ႔တူတဲ့ ေခ်ာေမာတဲ့ေယာက်္ားေတြ အမ်ားႀကီး႐ွိပါေသးတယ္။ခင္ဗ်ား ဘဝရဲ႕အခ်စ္စစ္ကို ေတြ႕ပါလိမ့္မယ္!"
ေလာ့လီသည္ ဆုႏိုတစ္ေယာက္ ဒိုင္အန္းကို မန္ေနဂ်ာအျဖစ္ ဘာေၾကာင့္ လိုခ်င္သလဲဆိုတာကို စတင္နားလည္လာၿပီ။
"ဒီည ေဆး႐ုံခန္းထဲမွာ ဘာလို႔မေနရတာလဲ?" ဒိုင္အန္းက အၾကံျပဳသည္။ "ေဆး႐ုံက ဆင္းၿပီးရင္ ေကာင္းေကာင္းေလး မိတ္ဆက္ေပးမယ္" ဒိုင္အန္းသည္ သူကိုယ္တိုင္ ေအာင္သြယ္ေပးရန္ ဆုံးျဖတ္ခဲ့သည္။
"မင္းက ငါ့ကို ဒီမွာေနေစခ်င္တာလား?" ေလာ့လီက ျပဳံးလိုက္သည္။
"ဒါေပါ့။ဒါက ဇိမ္ခံေဆး႐ုံပဲေလ၊ေရခ်ိဳးခန္းနဲ႔ ကုတင္ေနာက္တစ္လုံးပါ႐ွိေသးတယ္။" ေလာ့လီအား ႐ုပ္႐ွင္႐ိုက္ကူးေရးေနရာကို မေရာက္သြားေစရန္ ထိန္းထားဖို႔ကို ဒိုင္အန္းတစ္ေယာက္ အရမ္းႀကိဳးစားခဲ့တာကိုသာ ဆုႏို သိခဲ့မယ္ဆိုရင္ သူအရမ္းစိတ္လႈပ္႐ွားသြားလိမ့္မယ္။
“ေကာင္းၿပီ။” ေလာ့လီက မတ္တပ္ရပ္လိုက္သည္။ "စူပါမားကတ္မပိတ္ခင္ စီးကရက္တစ္လိပ္သြားဝယ္လိုက္ဦးမယ္"
"အိုေခ..." ဒိုင္အန္းသည္ သူ အခန္းထဲမွ ထြက္သြားသည္ကို ၾကည့္ၿပီး သက္ျပင္းခ်လိုက္သည္။
ေန႔တိုင္း သူ႕ကို ႏိုႏိုနဲ႔ ခပ္ေဝးေဝးမွာ ထားႏိုင္ေတာ့မယ္။
ေတာင္ေပၚမွ လွိမ့္က်သြားသည္မွာ ေၾကာက္မက္ဖြယ္ေကာင္းေသာ္လည္း ဒိုင္အန္းသည္ ျပင္းထန္စြာမနာေနေပ,ေျခက်င္းဝတ္နာေန႐ုံေလာက္ပင္။ဒိုင္အန္းသည္ သူ႕ကိုယ္သူ ေရခ်ိဳးခန္းထဲသို႔ တ႐ြတ္တိုက္သြားၿပီး ျမန္ျမန္ေရခ်ိဳးကာ အိပ္ခ်င္မိသည္။
ဒါေပမယ့္ သူေရခ်ိဳးၿပီး တစ္ဝက္ေလာက္မွာပင္ ေလာ့လီက ျပန္ေရာက္လာ၏။
ဘယ္ေလာက္ကံေကာင္းလိုက္လဲ!
ေလာ့လီသည္ ကုတင္ဗလာကိုျမင္လိုက္ရသျဖင့္ ထိတ္လန္႔သြားသည္။ေရခ်ိဳးခန္းထဲက ေရစီးသံကိုၾကားေတာ့မွ ျပဳံးၿပီး ေရခ်ိဳးခန္းတံခါးကို ေအးေအးေဆးေဆး ဖြင့္လိုက္၏။
အ႐ွက္မ႐ွိ ရဲတင္းမႈႀကီးပဲ!
"အား!!!!" တစ္စုံတစ္ေယာက္ ေရခ်ိဳးခန္းထဲသို႔ ဝင္လာေသာအခါ ဒိုင္အန္းက ေအာ္ဟစ္လိုက္မိသည္။
“……” ေလာ့လီက အံ့အားသင့္သြားကာ အျပစ္ကင္းေသာ မ်က္လုံးမ်ားျဖင့္ သူ႕ကို ၾကည့္လိုက္သည္။
"ဘာ... ဒီမွာ ဘာလုပ္ေနတာလဲ!"ဒိုင္အန္းက ေဒါသထြက္သြားသည္။
"ေရခ်ိဳးခန္းသုံးမလို႔ေလ" ေလာ့လီက ဆက္လက္၍ "မင္းဒီမွာ႐ွိေနတာ ငါမသိခဲ့ဘူး"
"ထြက္သြား!"
ဒိုင္အန္းသည္ သူ႕ပတ္ပတ္လည္ကိုမ်က္ႏွာသုတ္ပုဝါတစ္ထည္ျဖင့္ ပတ္လိုက္ရန္ အသည္းအသန္ႀကိဳးစားခဲ့သည္။သူ႕ရဲ႕ဝဝကစ္ကစ္ဗိုက္ေလးသည္ ဖြင့္ဟျပခံေနရသည္--- အစားၾကဴးမႈအဆက္မျပတ္႐ွိေနျခင္းေၾကာင့္ပင္။
ေလာ့လီသည္ အလုံအေလာက္ျမင္ၿပီးသည္ႏွင့္ ႐ိုးသားစြာေတာင္းပန္ၿပီး သူထြက္သြားသည့္ေနာက္ တံခါးကို တည္ၿငိမ္စြာျပန္ပိတ္လိုက္သည္။
ဒါက ဘယ္လိုလူလဲ? ႏိုႏို သူ႕ကို မႀကိဳက္တာမဆန္းပါဘူး။တေစၧလို ေနရာမ်ိဳးစုံကေန ထြက္လာတယ္!
"သြားမတိုက္နဲ႔ဦး၊သစ္သီးနဲ႔ ဆန္ျပဳတ္ဝယ္ခဲ့တယ္" ေလာ့လီသည္ ေရခ်ိဳးခန္းအျပင္ဘက္မွ လွမ္းေအာ္လိုက္သည္။
"အိုေခ။အား!!!!" ေရခ်ိဳးခန္းထဲမွ က်ယ္ေလာင္ေသာ ေအာ္သံတစ္ခု ထြက္ေပၚလာသည္။
"ဘာျဖစ္လို႔လဲ?" ေလာ့လီသည္ ထိတ္လန္႔တႀကီးျဖင့္ အျမန္ေျပးသြားခဲ့သည္။
ဒိုင္အန္းသည္ ပုလင္းငယ္မ်ားပတ္လည္ဝိုင္းေနကာ ကံဆိုးသူေမာင္႐ွင္တစ္ေယာက္လို ေရခ်ိဳးခန္းသုံးေျခသုတ္အဝတ္ေပၚတြင္ ထိုင္လ်က္သား ျဖစ္ေနသည္။
"မင္း ေခ်ာ္လဲက်သြားတာလား?" ေလာ့လီက ရယ္ခ်င္ေနသည္။
ဒိုင္အန္း၏ေအာက္ပိုင္းကေတာ့ ျပင္းထန္စြာ နာက်င္ေနၿပီ။သူ မတ္တပ္ရပ္ခ်င္ေသာ္လည္း မရပ္ႏိုင္ေသာေၾကာင့္ ေလာ့လီကို မ်က္ရည္မ်ားဝဲကာ ၾကည့္ေနရသည္။
ေရခ်ိဳးဂ်ယ္ပုလင္းကို ေကာက္ကိုင္လိုက္တာေလးကို ဘယ္သူကမ်ား ေခ်ာ္လဲက်မွာလဲ? ႐ွက္စရာေကာင္းစရာပဲ!
"မင္းအ႐ိုးေတြ မက်ိဳးခဲ့ဘူးလို႔ ေမွ်ာ္လင့္ပါတယ္။" ေလာ့လီသည္ သူ႕ေဘးတြင္ ထိုင္ခ်လိုက္ၿပီး သူ႕ခါးကို ညႇစ္လိုက္ကာ "ဒီေနရာ နာေနတာလား?"
"အဲေလာက္ မျပင္းထန္ပါဘူး။" ဒိုင္အန္းက အားအင္ခ်ိနဲ႔စြာျဖင့္ “ကြၽန္ေတာ္႕ကို အိပ္ရာထဲသာ ပို႔ေပးပါ”
ေလာ့လီက ဒိုင္အန္းကို မတ္တတ္ရပ္လို႔ရေအာင္ ကူညီေပးခဲ့၏။မ်က္ႏွာသုတ္ပုဝါတစ္ထည္ကို ကိုင္လိုက္ၿပီး ဒိုင္အန္းကို ေျခာက္ေအာင္သုတ္လိုက္ေပးလိုက္ကာ ခါးကေန ေကာက္မလိုက္သည္။
ဒိုင္အန္း: “……”
“မင္းဆီမွာ ဗိုက္ပူပူေလး႐ွိေနတာပဲ။” ေလာ့လီက သူ႕ကို ေပါ့ေပါ့ပါးပါး စိုက္ၾကည့္လိုက္သည္။
"မၾကည့္သင့္တဲ့ေနရာေတြကို လိုက္မၾကည့္ေနနဲ႔!" ဒိုင္အန္းသည္ ဒိုင္အန္းဂ်ဴနီယာေလးကို လ်င္ျမန္စြာ ဖုံးကြယ္ကာ ေလာ့လီကို ေဒါသတႀကီး လွမ္းၾကည့္သည္။
ႏွာဘူးေကာင္ပဲ!
သူ႕နားေတြ နီရဲေနတာကိုျမင္ေတာ့ မစၥတာအမာ႐ြတ္က တကယ္ရယ္ခ်င္သြား၏။
"ဆရာဝန္ေခၚေပးရမလား?" ေလာ့လီက ဒိုင္အန္းကို ေဆး႐ုံကုတင္ေပၚခ်ေပးလိုက္ရင္း ခပ္တည္တည္နဲ႔ ေမးလိုက္သည္။
“မလိုေတာ့ပါဘူး,ေက်းဇူးတင္ပါတယ္” ဒိုင္အန္းသည္ ေစာင္တစ္ထည္ကိုအၿမဲဆြဲျခဳံကာ ႐ွက္႐ြံ႕ေနဆဲျဖစ္သည္။
ဒါက အရမ္း႐ွက္စရာေကာင္းတယ္!
"မင္းကို ေဆး႐ုံဝတ္စုံအသစ္တစ္ထည္သြားယူေပးမယ္။" ေလာ့လီက တံခါးဆီသို႔ ေလွ်ာက္သြားသည္။ဒိုင္အန္း၏ ေဆး႐ုံဝတ္စုံေဟာင္းသည္ အေစာပိုင္းက ေရခ်ိဳးခန္းၾကမ္းျပင္ေပၚသို႔ ျပဳတ္က်သြားၿပီ ျဖစ္သည္။
“ခဏ!” ဒိုင္အန္းက သူ႕ကိုတားလိုက္သည္။
"ဘာလဲ?"
"... ေက်းဇူးျပဳၿပီး အတြင္းခံတစ္ထည္ေလာက္ ဝယ္လာခဲ့ေပးပါေနာ္" ေတာ္ဝင္ကိုယ္လုပ္ေတာ္ေလးက ေသခ်င္ေနၿပီ။ သူ႕အတြင္းခံေဘာင္းဘီက ေစာေစာကတည္းကပင္ ေဆး႐ုံၾကမ္းျပင္ေပၚ ျပဳတ္က်ခဲ့ၿပီးသည္မို႔ မဝတ္ခ်င္ေတာ့ေပ။ဒါေပမယ့္ သူကိုယ္လုံးတီးလည္း မေနႏိုင္တာေၾကာင့္ မစၥတာအမာ႐ြတ္ကို ကူညီေပးဖို႔ ႏွိမ့္ခ်စြာ ေတာင္းဆိုခဲ့ရသည္။
"ခြီး....." ေလာ့လီက တစ္ခစ္ခစ္ ရယ္ေမာလိုက္သည္။
"ဘာရယ္တာလဲ!" ဒိုင္အန္းက ေဒါသထြက္သြားသည္။ မလႈပ္ႏိုင္လို႔သာ မဟုတ္ရင္ ဒီလိုမ်ိဳးဝယ္ဖို႔ ဘယ္ေတာ့မွ ေတာင္းဆိုမွာမဟုတ္ဘူး!
"ေကာင္းၿပီေလ အတြင္းခံဝယ္လာခဲ့လိုက္ပါမယ္" ေလာ့လီက သူ႕ကိုယ္သူ ျပန္တည္ၿငိမ္ေအာင္ေနလိုက္ၿပီး "က်န္တာ႐ွိေသးလား?"
"မ႐ွိေတာ့ပါဘူး,ေက်းဇူးတင္ပါတယ္,က်သင့္ေငြကို မနက္ျဖန္က်ရင္ ျပန္ေပးပါ့မယ္" ဒိုင္အန္းက တည္ၿငိမ္စြာေျပာ၏။ဖာ့ခ္တစ္သီတစ္တန္းႀကီးကေတာ့ သူ႕ရဲ႕စိတ္ထဲမွာ တန္းစီေနသည္။
"ခ်စ္ရတဲ့ ေတာ္ဝင္ကိုယ္လုပ္ေတာ္ေလးေရ!" ေလာ့လီထြက္သြားၿပီး သိပ္မၾကာခင္မွာပဲ ဆုႏိုက ဖုန္းဆက္ျပန္ၿပီ။ "မင္းအိမ္ျပန္ေရာက္ၿပီလား။ အေျခအေနဘယ္လိုလဲ?"
“ဘာမွမထူးျခားပါဘူး။ဒီေန႔ ႐ိုက္ကူးေရးေရာ ဘယ္လိုလဲ? ၿပီးသြားၿပီလား"
"မိုးမလင္းခင္ ေနာက္ထပ္႐ိုက္ကြင္းတစ္ခု႐ွိေသးတယ္ ငါမင္းကို အနားယူခ်ိန္မွာ ေခၚေနတာ။" ဆုေ႐ွာင္းႏိုက ထိုင္ခုံေပၚတြင္ရပ္လိုက္သည္။ "ငါ မင္းကို ကူညီႏိုင္တာတစ္ခုခု႐ွိရင္ ငါ့ကိုသာေျပာ!"
ေတာ္ဝင္ကိုယ္လုပ္ေတာ္ေလးကို ေစာင့္ေ႐ွာက္ရမယ္!
"အင္း...ေက်းဇူးပဲ" ဒိုင္အန္းသည္ေႏြးေထြးမႈကို ခံစားလိုက္ရသည္။ "ငါ့အတြက္ စိတ္မပူပါနဲ႔၊႐ိုက္ကူးေရးကိုပဲ အာ႐ုံစိုက္" ႏိုႏိုက အလြန္ၾကင္နာတတ္ၿပီး အျပစ္ကင္းတယ္၊ဒါ႐ိုက္တာအိုးရန္လုံက သူ႕အတြက္ကံေကာင္းလြန္းပါတယ္!
ေလာ့လီသည္ မိနစ္အနည္းငယ္အၾကာတြင္ ျပန္လာခဲ့သည္။အနီေရာင္ေတာက္ေတာက္ ပလတ္စတစ္အိတ္ထဲမွ ဘူးတစ္ဘူးကို ထုတ္ယူလိုက္သည္။ "မင္းရဲ႕ အတြင္းခံေဘာင္းဘီ။"
ဒိုင္အန္းက ေလကို႐ွဴ႐ိႈက္ရင္း "အမ်ိဳးသမီးအတြင္းခံလား?"
ဘာလို႔မ်ား ဒီေလာက္ ဆက္ဆီက်က်ထုပ္ပိုးရတာလဲ?ၿပီးေတာ့လည္း XXXL plus size!
"ခြီး!" ေလာ့လီက ေနာက္ထပ္ ရယ္ေမာလိုက္ျပန္သည္။
"မရယ္နဲ႔!" ဒိုင္အန္းသည္ ေခါင္းအုံးျဖင့္ ပစ္ေပါက္လိုက္သည္။ အတြင္းခံေဘာင္းဘီဝယ္တာေလးလို ႐ိုး႐ွင္းတဲ့ကိစၥတစ္ခုကို ဖ်က္လိုဖ်က္စီးလုပ္ေနရေလာက္ေအာင္ သူ႕မွာ ဦးေႏွာက္အက်ိတ္႐ွိေနတာပဲျဖစ္ရမယ္။
"မဟုတ္တ႐ုတ္ေတြ ေတြးမေနနဲ႔" ေလာ့လီသည္ ဒိုင္အန္း၏ကုတင္ေပၚမွ အတြင္းခံေဘာင္းဘီဘူးရဲ႕အဖုံးေပၚတြင္ ႂကြက္သားေတာင့္တင္းေသာ အမ်ိဳးသားေမာ္ဒယ္ပုံကို ျပလိုက္သည္။
ဒါ ေယာက်္ားေလးအတြင္းခံပဲ၊ဒါေပမယ့္ ဒိုင္အန္းကေတာ့ စိတ္မသက္မသာ ျဖစ္ေနတုန္းပါပဲ။ေၾကးဝါေရာင္ အထုပ္႐ွစ္ထုပ္(abs)ပါသည့္ အမ်ိဳးသားေမာ္ဒယ္သည္ ေပါက္ကြဲေတာ့မည့္ပုံေပါက္သည့္ အနီေရာင္ႀတိဂံအတြင္းခံကို ၀တ္ဆင္ထားသည္။ပုံတစ္ပုံတည္းကပင္ ဒိုင္အန္းရဲ႕ေဘာေတြကို နာက်င္ေစေလာက္ေအာင္ လုံေလာက္၏။
"အင္း....နည္းနည္းေတာ့ ၾကည့္ရဆိုးေနတယ္၊ဒါေပမယ့္ ဘာမွမ႐ွိတာထက္ ပိုေကာင္းပါတယ္။" ေလာ့လီက သူ႕ကိုႏွစ္သိမ့္ေပးလိုက္သည္။ “ေအာက္ထပ္က စူပါမားကတ္က တကယ့္ကို အေသးစားေလးပဲေလ,ဒါက သူတို႔မွာ ႐ွိတဲ့တစ္ခုတည္းေသာ အမ်ိဳးအစားပဲ။”
"........."
ဒါက ဘယ္လိုေတာင္ ရက္စက္တဲ့ ကံၾကမၼာလဲ? ေတာ္ဝင္ကိုယ္လုပ္ေတာ္ေလးက သက္ျပင္းခ်လိုက္သည္။သူ႕ကံၾကမၼာကို လက္ခံၿပီး အထုပ္ကိုဖြင့္ကာ ေစာင္ေအာက္မွာပဲ ဝတ္လိုက္သည္။
"ေသာက္ဦးမလား?" ေလာ့လီက သူ႕ကို သစ္သီးေဖ်ာ္ရည္တစ္ပုလင္း ေပးလိုက္၏။
“မေသာက္ေတာ့ဘူး,ေက်းဇူးတင္ပါတယ္,ကြၽန္ေတာ္ ပင္ပန္းေနလို႔ အိပ္ခ်င္ေနၿပီ”
ေလာ့လီသည္ သူ႕ေခါင္းအုံးကို သပ္သပ္ရပ္ရပ္ျပန္ျပင္ေပးၿပီး ကုတင္ေဘးကခုံေပၚတြင္ ေရေႏြးတစ္ခြက္ကို ဂ႐ုတစိုက္ထားေပးလိုက္ကာ မတ္တပ္ရပ္လိုက္သည္။
တကယ္ေတာ့ မစၥတာအမာ႐ြတ္က သိပ္မဆိုးပါဘူး။ဒိုင္အန္းသည္ ေစာင္ကို တင္းၾကပ္စြာ ေပြ႕ဖက္လိုက္ၿပီး ေလာ့လီႏွင့္ လိုက္ဖက္သည့္ အႏုပညာ႐ွင္အခ်ိဳ႕နဲ႔ မိတ္ဆက္ေပးရန္ စဥ္းစားခဲ့သည္။
"ဆုႏိုက မင္းကိုဘယ္လိုေခၚလဲ?" ညျပတင္းေပါက္မွ ၾကယ္မ်ား၏အလင္းေရာင္မ်ားက ျဖာက်ေနလ်က္ ေလာ့လီသည္ ေဘးကကုတင္၏ေခါင္းရင္းတိုင္ကိုမွီကာ သူ႕အား ေမးလိုက္သည္။
"ငါ မင္းကို မစၥတာဒိုင္လို႔ေတာ့ မေခၚႏိုင္ဘူး"
“.......” သူက ငါ့ကို ခ်စ္ရတဲ့ေတာ္ဝင္ကိုယ္လုပ္ေတာ္ေလးလို႔ ေခၚေလ့႐ွိေပမယ့္ အဲဒါက ခင္ဗ်ားေခၚႏိုင္တဲ့ နာမည္မဟုတ္ဘူး!
“အဆင္ေျပပါတယ္၊ကြၽန္ေတာ္႕ကို မစၥတာဒိုင္လို႔ ေခၚလို႔ရတယ္” ဒိုင္အန္းက ျပတ္ျပတ္သားသားေျပာလိုက္သည္။
"ဒါဆို သူက ငါ့ကိုဘယ္လိုေခၚလဲ?" ဘာမွေကာင္းႏိုင္ေခ်မ႐ွိဘူးဆိုတာ သူသိေပမဲ့လည္း မစၥတာအမာ႐ြတ္က မသိခ်င္ေယာင္ေဆာင္ေမးလိုက္ေသးသည္။
ဒိုင္အန္းက ပိုလို႔ေတာင္ သနားစရာေကာင္းေနပုံေပါက္ေနသည္။ အက်င့္ပ်က္-ႏွာဘူး-အ႐ွက္မ႐ွိ-႐ိုင္းစိုင္း-လူယုတ္မာ-
အမာ႐ြတ္နဲ႔ေကာင္၊ ဒီလိုမ်ိဳးကို က်ယ္က်ယ္ေျပာလို႔ရႏိုင္ပါ့မလား။ သူစိတ္ဆိုးသြားရင္ ဘယ္လိုလုပ္မလဲ၊ငါ့ကို ေဆး႐ုံမွာထားခဲ့ၿပီး ႏိုႏိုနဲ႔ ရန္သြားျဖစ္ရင္ ဘယ္လိုလုပ္မလဲ။ငါ ဒီလိုအျဖစ္မခံႏိုင္ဘူး!
"သူက ဒါ႐ိုက္တာေလာ့လို႔ေခၚတယ္" ဒိုင္အန္းသည္ အလိမ္ပါးပါးေလးသုံးကာ ေျပာလိုက္သည္။
"တကယ္ဟုတ္လို႔လား?" ေလာ့လီက မယုံၾကည္ႏိုင္စြာ ေမးလိုက္သည္။
"ဒါေပါ့။သူက ခင္ဗ်ားကို ဘယ္လိုေခၚရဦးမွာလဲ?" ဒိုင္အန္းသည္ သူ႕ကိုယ္သူ ေစာင္ေခါင္းၿမီးျခဳံလိုက္၏။ “ေကာင္းေသာညပါ”
သူသာ ဒီလို ဆက္သြားေနမယ္ဆိုရင္ ေသခ်ာေပါက္ သိသြားလိမ့္မယ္!
ေလာ့လီသည္ မ်က္ခုံးပင့္လိုက္ေသာ္လည္း စစ္ေဆးေမးျမန္းမႈေတြကိုျဖင့္ ဆက္မလုပ္ေတာ့ေပ။
သာယာေသာညတစ္ညကို ျဖတ္သန္းခဲ့ရသည္။
ေနာက္တစ္ေန႔တြင္ ေလာ့လီသည္ အေစာႀကီး ႏိုးလာသည္။ သူမ်က္လုံးဖြင့္လိုက္သည္ႏွင့္ ဒိုင္အန္းဆိုသူသည္ ေဟာက္သံတိုးတိုးေလးႏွင့္အတူ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္ေနၿပီး သူ႕ေစာင္ကို ေပြ႕ဖက္ထားသည္ကို ျမင္လိုက္ရသည္။ သူဝတ္ထားသည့္ တစ္ခုတည္းေသာအရာမွာ Fuwa လိုဂိုႏွင့္ “ႀကိဳဆိုပါတယ္” ဟူေသာ စာလုံးကို ႐ိုက္ႏွိပ္ထားသည့္ ရယ္စရာေကာင္းေသာ ခပ္ပြပြအနီေရာင္အတြင္းခံသာျဖစ္သည္။
ဒီလို ရယ္စရာေကာင္းေနပုံႀကီးက!
မစၥတာအမာ႐ြတ္သည္ ဓာတ္ပုံခိုး႐ိုက္လိုက္၏။
"အိပ္ရာထေတာ့" ဓာတ္ပုံ႐ိုက္ၿပီးေနာက္ ေလာ့လီသည္ ဒိုင္အန္း၏ကုတင္ေဘးတြင္ထိုင္ကာ ေအာ္ႏိႈးလိုက္သည္။
“အင္း။” ဒိုင္အန္းက သူ႕မ်က္လုံးမ်ားကို ျဖည္းျဖည္းခ်င္း ပြတ္လိုက္ၿပီး သူ႕ေ႐ွ႕တြင္ သုံးစကၠန္႔မွ် ထီးထီးႀကီး စိုက္ၾကည့္ေနသည္။
"မစၥတာအိပ္ငိုက္..." ေလာ့လီက သူ႕ကို ဆြဲထူလိုက္သည္။
"ေမာနင္း။" ဒိုင္အန္းသည္ သူ႕ဗိုက္သားကို အျပည့္အ၀ ဆန္႔ထုတ္ကာ အေၾကာဆန္႔လိုက္သည္။
"ဘာလို႔ ခါးတဝိုက္ကပဲ ထြားေနတာလဲ?" ေလာ့လီက နားမလည္ႏိုင္ျဖစ္ရသည္။
"ဒီအေၾကာင္းကို မေျပာခ်င္ဘူး!" ဒိုင္အန္းသည္ ေဒါသတႀကီးျဖင့္ သူ႕အနား႐ွိ အ၀တ္အစားမ်ားကိုဆြဲယူကာ ဝတ္လိုက္သည္။
တစ္စုံတစ္ေယာက္ရဲ႕ဗိုက္ကို တစ္ခ်ိန္လုံး စိုက္ၾကည့္ေနတတ္တာ ဘယ္လိုေပါေၾကာင္ေၾကာင္ေကာင္မ်ိဳးလဲ!
"ငါနဲ႔ gym အတူတူကစားခ်င္လား?" ေလာ့လီက အားတက္သေရာ ေမးလိုက္၏။
"ေက်းဇူးတင္ပါတယ္၊ဒါေပမယ့္ မလိုဘူး!" ဒိုင္အန္းက ျပတ္ျပတ္သားသား ျငင္းဆိုခဲ့သည္။မ်က္ႏွာသစ္ခ်င္ေပမယ့္ မတ္တပ္ထရပ္ၿပီးတာနဲ႔ ေျခက်င္းဝတ္က နာက်င္သြား၏။ထို႔ေၾကာင့္ ေအာ္မိကာ လဲက်သြားသည္။ကံေကာင္းစြာပဲ ေလာ့လီက သူ႕ကို ဖမ္းမိလိုက္သည္။ "အဆင္ေျပရဲ႕လား"
"ေျခခ်င္းဝတ္နာတယ္" ေတာ္ဝင္ကိုယ္လုပ္ေတာ္ေလးက အသက္ျပင္းျပင္း႐ွဴလိုက္သည္။
မေန႔ကေတာ့ သက္သာပါတယ္။ဒီေန႔မွ ဘာလို႔ပိုနာလာရတာလဲ!
ဒါ နားမလည္ႏိုင္စရာပဲ!