နူးညံ့တဲ့ အမိန့်တော် ( နူးညံ့...

By Khant_Thon_Hlaing

371K 23.3K 1.5K

Military Service ပြီးဆုံးပြီး စစ်ပွဲတွေ ရပ်တန့်သွားခဲ့ရင် လှပတဲ့ နွေဦးတစ်ခုမှာ နတ်ဘုရား တွေကိုတိုင်တည်ပြီး... More

intro
part - 1
part - 2
Part - 3
part - 4
Part - 5
Part _ 6
Part - 7
Part - 8
Part - 9
Part - 10
Part - 11
Part - 12
Part - 13
Part - 14
Part - 15
Part - 16
Part - 17
Part - 18
Part - 19
Part - 20
Part - 21
Part - 22
Part - 23
Part - 24
Part - 25
Part - 27
Part - 28
Part - 29
Part - 30
Part - 31
Part - 32
Part - 33
Part - 34
Part - 35
Part - 36
Part - 37
Part - 38
Some Facts of my fiction
Part - 39
Part - 40
Part - 41
Part - 42
Part - 43
Part - 44
Part - 45
Part - 46
Part - 47
Part - 48
Part - 49
Part - 50
Part - 51
Part - 52
Part - 53
Part - 54
Part - 55
Part - 56
Part - 57
Part - 58
Part - 59
Part -60
Part - 61(Unicode )
Part - 61 Zawgyi
Part - 62
Part - 63
Part - 64
Final
ရှင်းလင်းချက်နှင့် ကျေးဇူးတင်လွှာ
Extra 1
Extra 2
Khant with Charles &Dream
Extra - 3
Special ending
Special ending
Art gift

Part - 26

4.4K 339 12
By Khant_Thon_Hlaing

(Unicode)

လွန်ခဲ့သော နှစ်နှစ်

ညနေခင်း ချိန် လူရှင်းနေသော လမ်းမကြီး
တစ်နည်းအားဖြင့် ထိုလမ်းမကြီးသည် AYA private schoolရှေ့မှ လမ်းမကြီး ဖြစ်သည်။
သီးသန့် ဆန်သည့် ပတ်ဝန်းကျင် ဖြစ်၍လား မသိကားအချို့သာ ဖြတ်သန်း သွားလာနေကာ လမ်းဘေးတွင် လမ်းလျှောက်နေကြသူ အချို့နှင့် ဟိုဟိုဒီဒီသွားရန် စက်ဘီးစီးသွားကြသော လူအချို့မှလွဲ လမ်းမ တစ်ခုလုံးမှာ အနည်းငယ် တိတ်ဆိတ်နေသည်။

ထို လမ်းဘေး လမ်းလျှောက်နေသူ များထဲတွင် ချားလစ်လည်း အပါဝင် ဖြစ်ကာ သူ၏ ဘေးတွင်တော့ William က ပါလာသည်။
သူတို့ မလှမ်း မကမ်းမှ ကျောင်း တံခါး ကြီးအား လမ်းလျှောက်ရင်း လှမ်းကြည့်လိုက်မိသည်။

"မင်း အပတ်တိုင်း ဒီအချိန်ဆို မင်းကျောင်းကနေ ဒီအထိ ပြေးလာတာရတာ မပင်ပန်း ဘူးလား "
William အမေးကြောင့် ချားလစ် မျက်နှာ တွင် အပြုံးပန်းများ ဖြစ်တည်လာသည်။

"တကယ်တော့ မပင်ပန်းဘူးလို့ ပြောရင် ညာရာ ကျတာပေါ့
ပင်ပန်းပေမဲ့ သူ့မျက်နှာလေး မြင်လိုက်ရတာနဲ့ ရင်တစ်ခုလုံး အေးချမ်းသွားပြီး အမောပြေသွားတော့တာဘဲ သူက ကျွန်တော့် အတွက် အမောပြေဆေး လေ"
ချားလစ် ရယ်ရွမ်းသွေးရင်း ပြောလာသောကြောင့် Williamတစ်ယောက် မျက်ဖြူလန်ပြကာ ရွံရှာသလို အော့အန်ပြလိုက်သည်။
ဖြစ်နေသော William ပုံကြောင့် ချားလစ် အသာ ခေါင်းခါရင်း ရယ်လိုက်မိသည်။

"အစ်ကိုက ချစ်မှ မချစ်ဖူးဘဲ ဒီလို ခံစားချက်မျိုးကို ဘယ်နားလည် နိူင်မလဲ "
ချားလစ် စကားကြောင့် William တစ်ယောက် သူ့အား ပြောလာသည်။

"မင်းကတော့ ဆေးမမှီတော့ဘူး "

Willaim တစ်ယောက် ချားလစ်နှင့် စကားပြောနေရင်း လမ်းဘေး ရပ်ထားသော ကားတစီးအား လှမ်းမြင်လိုက်၍ သူမျက်မှောင်ကြုတ်မိသွားသည်။
ချားလစ်လည်း William လှမ်းကြည့်ရာ နေရာအား လှမ်းကြည့် သော်လည်း ကားတစ်စီးမှ လွဲ၍ ဘာမှ မတွေ့ ။
"အစ်ကို့ အသိ ကားလား "
သူ့စကားအား William ခေါင်းခါပြကာ ပြန်ဖြေလာသည်။

"မဟုတ်ဘူး"
William မှာ ထိုကားအား အကြည့် မလွဲဖြစ်နေ၍ ချားလစ် ထပ်မေးလိုက်သည်။

"ဘာဖြစ်လို့လဲ "

" အဲ့ကားနံပါတ်တွေက တရားမဝင် တင်ပို့လာတဲ့ ကားတွေမှာဘဲ ရှိတယ် ဘယ်လိုလုပ် မြို့ထဲ ရောက်နေတာလဲ စဉ်းစားနေတာ "

William စကားကြောင့် ချားလစ် မျက်ခုံးပင့်လိုက်မိသည်။
William အား သူကယ်ခဲ့ဖူးကာ ထိုအချိန်မှစ အဆက်သွယ် ပုံမှန် ရှိခဲ့၍ William လုပ်ကိုင်သည့် အလုပ်အား သူ အနည်းနှင့် အများတော့ သိသည်။ထို့ကြောင့် ထိုကားမှာ တရားမဝင် ကား ဖြစ်မှန်း William သိနေသည်မှာ မဆန်း။

"အစ်ကို့ ကားရော "

William ရှေ့နားမှ cafe ဆိုင်အား လက်ညိုးထိုးပြလိုက်သည်။

"အဲ့cafe ဆိုင် ရှေ့မှာ ရပ်ထားခဲ့တယ်"
ထို့နောက် Williamသည် ဖူဆယ်ကွင်းရှေ့ လမ်းမဘေး တွင် လမ်းလျှောက်နေသော ကောင်လေး တစ်ယောက်အား ညွှန်ပြရင်း ပြောလာသည်။

"ဟိုမှာ မင်းရဲ့ အမောပြေလေး "
William ၏ စနောက် စကားကြောင့် ချားလစ် တစ်ယောက် ရှက်ရှက်နှင့် ခေါင်းကုတ်ကာ ရယ်လိုက်မိသည်။
တစ်ဖွဲ့လုံး ပါမလာဘဲ တစ်ယောက်တည်း အပြင်ထွက်လာသော ကောင်လေးသည် ကြည့်ရသည်မှာ အဆောင်မှ လိုအပ်သော ပစ္စည်းအချို့ ထွက်ဝယ်ဟန် တူသည်။

ထိုစဉ် သူတို့ ဖြတ်ကျော် ခဲ့သော William ပြောသည့် တရားမဝင် ကားသည် အရှိန်နှင့် သူတို့အား ဖြတ်ကျော် သွားကာ အထိန်းအကွပ် မဲ့စွာ ရှေ့သို့ မောင်းနှင်သွားလေသည်။
William နှင့် ချားလစ် လျင်မြန်စွာ ထိုကား၏ ဦးတည်ရာအား မှန်းမိသည့် တစ်ခဏ နှစ်ယောက်လုံး၏ မျက်ဝန်းများ ပြူးကျယ်သွားကာ အသံကျယ်ကြီးနှင့် လှမ်းအော်မိလိုက်ကြသည်။
"ကား... "

ထိုနေရာသို့ အလျင်အမြန် ပြေးလိုက်သော်လည်း သူတို့ထက် မြန်နေသော ကားမှာ ဦးတည်ရာ မပြောင်း။
ဒုန်းခနဲ အသံကျယ်ကြီးနှင့် အတူ Uniform ဝတ်ထားသည့်ခန္ဓာကိုယ်လေး တစ်ခုသည် လေပေါ် မြှောက်တက်သွားသည်။

"ညီ.."

ချားလစ်နှင့် William လဲကျသွားသော ခန္ဓာကိုယ် ဆီ အမြန်ပြေးသွားလိုက်သည်။
Dream အား တိုက်သွားသော ကားမှာ တစ်ခဏသာ ရပ်ကာ လျင်မြန်စွာ မောင်းပြေးသွားတော့သည်။

ချားလစ် သွေးအိုင်ထဲ လဲနေသော Dream ခန္ဓာကိုယ်အား လျင်မြန်စွာ ပြေးထူလိုက်သည်။
ခန္ဓာကိုယ်အား ပွေ့ဖက်လိုက်တော့ ဦးခေါင်းမှ စီးကျနေသော သွေးများ သည်သူ့လက်ဖဝါးများနှင့် အင်္ကျီများအား တစ်ခဏချင်းအတွင်းနီရဲသွားစေသည်။

William စိတ်လွတ်နေပြီ ဖြစ်သော ချားလစ်အား လျစ်လျူရှု့ကာ သူ့ကားဖြင့် တိုက်ပြေးသွားသော ကားနောက်သို့ လျင်မြန်စွာ လိုက်တော့သည်။
မိနစ်ပိုင်းလောက်ဆိုလျှင် ပတ်ဝန်းကျင်ကချားလစ်အား လာကူညီကြမှာ သူသိနေသောကြောင့်ပင်။

ချားလစ် စိုးရိမ်မှု့ကြောင့် တုန်ရီနေသော လက်များအား ထိန်းရင်း သူ့ ကလေးလေးအား ပွေ့ဖက်ထားမိသည်။
မျက်ဝန်းထက်မှ မျက်ရည်များသည် အတားအဆီး မရှိ စီးကျလာကာ အကူညီ အော်တောင်းရအောင်လည်း စို့နှင့်မှု့ကြောင့် အသံများပင် သူ မထွက်နိူင်တော့။
သိုင်းဖက်ထားသော ကောင်လေးအား ငိုသံနှင့် ခပ်တိုးတိုး တောင်းဆို နေသည်။

"ညီ အိပ်မသွား နဲ့နော် ကိုယ်ပြောတာ ကြားလား "

"လုံးဝ အိပ်မသွား နဲ့လို့ ..ညီ မင်း အိပ်သွားလို့ မရဘူးနော် "

"ခဏလေးဘဲ ခဏလေးဘဲ တောင့်ခံထားပေးပါ ကိုယ့်အချစ်ရယ် တောင်းပန်ပါတယ်
မင်း မရှိရင် မဖြစ်လို့ပါ "
ရင်ခွင်ထဲမှ ကောင်လေး ကြားနိူင်မည် မဟုတ်သော တောင်းဆိုသံများအား သူ တရစပ် တောင်းဆို နေမိသည်။

မိနစ်ပိုင်းအကြာတွင် cafe ဆိုင်ထဲမှ မရူပါ ပါမက အနီးနားမှ လူများပါ ဝိုင်းလာကြကာ လူနာတင်ယာဉ် ခေါ်လိုက်ကြသည်။

လူနာတင်ယာဉ် ရောက်သည်နှင့် ချားလစ် ကားနှင့် အတူ လိုက်သွားလိုက်သည်။
မိသားစု ဝင်များအား ဆက်သွယ်ရန် ချားလစ် မရူပါ အား အကူညီတောင်းကာ ဆေးရုံ သို့ လိုက်လာခဲ့ရန် ပြောခဲ့ရသည်။

ချားလစ် အသက် လုနေရသော သူ့ကလေး လက်အား ဆုပ်ကိုင်ထားရင်း ဆာလံကျမ်း အခန်းကြီး 91အား ထပ်ခါထပ်ခါ ရွတ်မိနေသလို ဘုရားသခင် ထံတွင်လည်း ဘယ်နှစ်ကြိမ် ထိများ ဆုတောင်းနေမိလဲပင် သူမရေတွက် နိူင်တော့။
မျက်ဝန်းများမှာလည်း ငိုနေမိ၍ နီရဲလာကာ ခေါင်းများပင် ကိုက်လာသော်လည်း သူ့စိတ်သည်တော့ သူ့ခန္ဓာကိုယ် နာကျင်မှုများအား သတိထားမိခြင်း မရှိတော့။

အရေးပေါ်ကား ထဲတွင်လည်း အောက်စီဂျင် ပေးကာ အရေးပေါ် အသက်ကယ်နည်းမှလွဲ လက်နက်ပစ္စည်း မစုံသောကြောင့် သူတို့ အကုန် ဆေးရုံသို့ မြန်မြန် ရောက်အောင် သာ ဆုတောင်းနေရသည်။
ချားလစ် ထိုကလေးအား အဆုံးရှုံး မခံနိူင်။
ထိုကလေးသည် သူ့အသက် သူ့ဘဝ ကြီး ဆိုတာ သူ့ကိုယ်သူ ကောင်းကောင်းနားလည် ထားသည်။
ဘယ်လို လုပ်များ ဒီကောင်လေးကို လက်လွှတ်နိူင်ပါ့မလဲ။

အဝေးကနေ ငေးကြည့် နေခဲ့ရတာတောင် သူ့အဖို့ အရမ်းနာကျင် စရာ ကောင်းနေပြီကို ဘာလို့များ ဒီလို ထိခိုက် နာကျင်ရတာမျိုး ဖြစ်ရတာလဲ
ထိုကလေး နေရာအစား သူကိုသာ ဝင်တိုက်လိုက်ရင် ထို ကလေး အစား သူသာ နာကျင်ပေးခွင့် ရခဲ့ရင် အကောင်းသား။

သူပင် မထိရက် မကိုင်ရက် ဖြစ်နေသော ကလေး ကို မည်သူကများ ရည်ရွယ်ချက် ရှိရှိ ကားနဲ့ တိုက်ရက်ရသည်လဲ
သူတန်ဖိုး ထားလွန်းရတဲ့ ဒီကလေးကို မှ။

ဆေးရုံ ရောက်သည်နှင့် Operation ခန်းထဲ တန်းဝင်ရသော သူချစ်ရသည့်ကောင်လေးသည် တကယ်ကိုပင် သေမင်းနှင့် စစ်ခင်းနေရသည့် အခြေနေ ဖြစ်နေသည်။
ဆေးရုံကားကို မည်သူ ခေါ်ပေးလိုက်မှန်း မသိလာခေါ်သော ကားမှာ Private ဆေးရုံမှ လူနာတင်ယာဥ် ဖြစ်ကာ လက်ရှိ သူရောက်နေသော ဆေးရုံမှာလည်း private ဆေးရုံ တစ်ခုပင်။
ချားလစ် သူ၏ သွေးများပေနေသော အဝတ်စား များနှင့် Operation ခန်းရှေ့ ရပ်နေရင်း ကောင်ငယ်လေး၏ မိသားစုများ ရောက်မည့်အချိန်ကိုလည်း စောင့်နေမိသည်။

ထို့နောက် အခင်းနေရာတွင် ပြေးထွက်သွားသော William အား အကျိုးအကြောင်းမေးရန် သတိရလာ၍ တစ်ခြားနေရာ သို့ ထွက်လာခဲ့သည်။
သူ သွေးလှူဌာန သို့ အရောက်တွင် အထဲမှ nurse မအုပ်ကြီး၏ ဆူပူသံ အချို့အား ကြားလိုက်ရသည်။

"AB သွေးအရေးပေါ်လိုနေတာ ဘာလို့ ဒီအချိန်မှ တစ်လုံးမှတောင် မရှိရတော့တာလဲ "

"တောင်းပန်ပါတယ် မစစ်ထားမိတဲ့ ကျွန်မတို့ အမှားပါ"
အငယ် nurse မလေးက တောင်းပန်လာသည်။

"ဆရာမ ရောက်လာတဲ့ ကောင်လေးက ဆေးရုံအုပ်ရဲ့ တူဆို ဆရာမ "

ငယ်ငယ်ရွယ်ရွယ် nurseမလေးက စပ်စုလိုက်သည်။
"အေး ဟုတ်တယ် မင်းအိပ်မက်သစ်တဲ့ ကောင်လေးက ကားတိုက်ခံရတာ အခြေနေ အတော်ဆိုးတယ် "

မင်းအိပ်မက်သစ် ဆိုသည့် နာမည်ကြောင့် နားထောင်နေသူ ချားလစ်တစ်ယောက် ရုတ်တရက် နှလုံးများ ဆောင့်ခုန်သွားသည်။

"သွေးဘဏ်ကို အကူညီတောင်းကြည့်ရင်ရော"
nurse တစ်ယောက်အကြံပေး လာသည်။

"လမ်းခရီး ကြာချိန်နဲ့ဆို မမှီတော့ဘူး "

"လူနာစောင့်တွေဆီက အကူညီတောင်းကြည့်ရမလား"

"မထူးတော့ဘူး အရေးပေါ် ဖြစ်နေတဲ့ နောက်တော့ အဲ့လိုဘဲ လုပ်ရမှာဘဲ အသံလွှင့်ဌာနမှာ သွားကြေညာလိုက် သွား"
nurse အုပ်ကြီးက nurse မလေးအား ထိုသို့ ညွှန်ကြားလာသည်။

AB သွေး အရေးပေါ် လိုအပ်နေကာ လိုနေသူမှာလည်း သူ့ကလေး ဖြစ်နေသောကြောင့် ချားလစ် တံခါး ပင် မခေါက်နိူင်ဘဲ အခန်းတံခါး ဖွင့်ဝင်လိုက်သည်။တံခါးဖွင့်သံကြောင့် သူ့ထံ လှည့်ကြည့်လာသော အကြည့်များအား လျစ်လျူရှုရင်း ပြောလိုက်သည်။

"ကျွန်တော်က ABသွေးပါ အဲ့ဒီကောင်လေးအတွက် လိုအပ်နေတဲ့သွေး ကျွန်တော့်ဆီက ယူပါ"

သွေးလှူ ထားသည်မှာ လေးလ ပြည့်ဖို့ ရက် လိုသေးသည်ကိုတော့ ထည့်မပြောဖြစ်လိုက်။

သူ့စကားကြောင့် မှုံကုတ်နေသော nurse များ၏ မျက်နှာများရွှင်လာကာ သူ့အား ခုတင်ပေါ် အမြန်လဲခိုင်းရင်း သွေးမထုတ်မှီ သွေးစစ် ခြင်းများကို လုပ်နေလိုက်သည်။

သူ့လက်သွေးကြောအား အပ်နှင့်ထိုးရင်း nurseအုပ်ကြီးမှာ ပေနေသော သူ့အဝတ်များအား ကြည့်ရင်း မေးလိုက်သည်။

"အဲ့ကောင်လေးကို ခေါ်လာတာ မင်းမလား"
ချားလစ် အသာ ခေါင်းငြိတ်ပြလိုက်သည်။

စိုးရိမ်စိတ်ကြောင့် လက်များမှာ အေးစက်နေကာ
နှလုံး ခုန်နှုန်းလည်း အနည်းငယ်မြန်သောကြောင့် nurse က သူ့အားဖြေသိပ့်သလို ပြောလိုက်သည်။
"စိတ်မလှုပ်ရှားနဲ့ သူအဆင်ပြေမှာပါ"

သူ့ခန္ဓာကိုယ်မှ တစ်ဆင့် ပိုက်ထဲ ၊ထိုမှ သွေးပုလင်းဆီမှနေ သူ့ကလေး၏ ခန္ဓာကိုယ်ထဲ စီးဝင်သွားမည့် သူပိုင်သောသွေးများ

"သူ အသက်ရှင်နိူင်ဖို့ ရာခိုင်နှုန်း များတယ်မလား"

ချားလစ် ရုတ်တရက် အမေးကြောင့် Nurse အုပ်ကြီးမှာ ကြောင်သွားသော်လည်း နောက် ချားလစ် စကား အဓိပ္ပါယ်အား နားလည် သွား၍ ခေါင်းငြိတ်ပြလာသည်။

"ဆရာဝန်တွေ အတတ်နိူင်ဆုံး ကယ်တင်နိူင်မှာပါ
မင်းသိပ်ပြီး စိတ်မပူနဲ့ သွေးထုတ်ပြီးရင်း ဒီမှာ ခဏ လဲနေလိုက် လှုပ်လှုပ်ရှားရှား လုံးဝ မလုပ်နဲ့"

ချားလစ် ခေါင်းငြိတ်ပြလိုက်သည်။

'သွေးစက်တိုင်းမှာ ကိုယ့်ချစ်ခြင်းမေတ္တာတွေ အပြည့်ပါတယ်ညီ
မင်းခန္ဓာကိုယ်ထဲ စီးဝင်သွားတဲ့အခါ ဒီသွေးပိုင်ရှင်ဟာ မင်းကို ရူးရူးမူးမူး ချစ်နေမိပါကြောင်း မင်းခံစားမိရင် သိပ်ကောင်းပါ'

သွေးထုတ်ပြီး နောက်အနားယူချိန် အိပ်ပျော်မသွားအောင် ချားလစ် အတင်းထိန်းသော်လည်း စိတ်ရောကိုယ်ပါ ပင်ပန်းနေပြီ ဖြစ်သော သူ့မှာ ထိုခုတင်ပေါ်တွင်သာ အိပ်ပျော်သွားတော့သည်။

သူ အိပ်နေစဥ် အတွင်း လူနာ၏ မိခင် ဖြစ်သူ သူ့အားကျေးဇူး တင်စကား ပြောရန် လာရောက် တွေ့ဆုံ ခဲ့သည်ကိုတော့ အိပ်ပျော်သွားသော ချားလစ် တစ်ယောက် မသိလိုက်။
ထိုလူနာ မိခင်သည်လည်း အိပ်မောကျနေသော ချားလစ်အား မနိူးရက်၍ အခန်းထဲမှ တိတ်တဆိတ်ပြန်လည် ထွက်ခွာသွားတော့သည်။

<<<<<< >>>>>>

မြေအောက်ခန်း တစ်ခု တစ်နည်းအားဖြင့် Gods အဖွဲ့၏ မြေအောက်ခန်းများစွာ ထဲမှ နှိပ်စက်ညင်းပန်းရန် သီးသန့်ပြုလုပ်ထားသည့် မြေအောက်ခန်း တစ်ခု ဖြစ်သည်။
ထို အခန်းထဲသို့ ချားလစ် တစ်ခေါက်မှ မရောက်ခဲ့ဖူးသော်လည်း ယနေ့တွင်တော့ သူရောက်လာခဲ့သည်။

ထိုအထဲတွင် လက်နှစ်ဖက်အား ချိန်းများနှင့် သော့ခတ်ခံထားရကာ တွဲလဲ ဆွဲခံထားရသော လူတစ်ယောက်၊တစ်နည်းအားဖြင့် Dreamအား ကားဖြင့် ရည်ရွယ်ချက် ရှိရှိတိုက်သွားသော လူ

ထိုလူမှာ နည်းမျိုးစုံနှင့် အနှိပ်စက် ခံထားရကာ
ခန္ဓာကိုယ် တစ်ခုလုံးမှာလည်း ရစရာ နေရာပင် မရှိ။အပေါ်ပိုင်း အဝတ်စား ကင်းမဲ့နေကာ ထိုကင်းမဲ့နေသော အပေါ်ပိုင်းတွင်လည်း ကြာပွတ်ရာများ အပြည့်ပင်။

William အခန်းထဲ ဆင်းလာသော ချားလစ်အား လှမ်းကြည့်ကာ မေးလာသည်။

"မင်းရောက်လာ ပြီးလာ"
ချားလစ် ခေါင်းအသာ ငြိတ်ပြလိုက်သည်။

"ဒီကောင် တော်တော် နှုတ်လုံတယ် တစ်ခွန်းမှ မဟဘူး နှိပ်စက်နည်း တွေလည်း အတော် စုံနေပြီ
ကျာပွတ်နဲ့ ရိုက်မေးတာ အစာငတ်ထားတာ ဓားနဲ့ အသားကိုမွှန်းတာ
ခြေလက်တွေ ကိုလည်း ရိုက်ချိုးထားတယ် ပြီးတော့ ရေစက်အောက်မှာလည်း သူ့ကိုချည်ဖမ်းထားခဲ့ပေမဲ့ တစ်ခွန်းမှ မဟလာဘူး "

AN- ( ရေစက်ဆိုတာ ဇာတ်ကားတွေထဲက တစ်စက်ချင်းကျတာလေ အဲ့ဒါက စစချင်းတော့ နာတာမျိုး မသိသာပေမဲ့ ကြာလေ ဦးရေဖျားက လုံးဝအထိမခံနိူင် ကိုက်ခဲ နာကျင်လာတာ အဲ့ဒါကတော့ ညဥ်းပန်းနည်း တစ်မျိုးပေါ့ )

William စကားကြာင့် ထိုအဖမ်းခံထားရသော လူက ခေါင်းငိုက်စိုက်ကျနေရင်း မော့လာကာ တစ်ချက် လှောင် ရယ်လိုက်သည်။
"ဟက်.."

သူ့ရယ်သံကြောင့် စိတ်မရှည် ဖြစ်နေသောWilliam တစ်ယောက် ထိုလူမျက်ခွက်အား အားပါပါနှင့် ထပ်မံ ဆွဲထိုးလိုက်သော် အားပြတ်နေပြီ ဖြစ်သော ထိုလူမှာ ခေါင်းငိုက်စိုက်သွားပြန်သည်။

"သူ ဘယ်သူလဲ စုံစမ်းလို့ ရပြီလား "

ချားလစ် သူ့ရှေ့မှ ခေါင်းငိုက်စိုက်ကျနေပြီ ဖြစ်သော လူအား အကြည့်မလွှဲဘဲ Williamအား မေးလိုက်သည်။

"တောင်းပန်ပါတယ် ခုထိမသိရသေးဘူး နိူင်ငံသား ဖြစ်ကြောင်း အသိမှတ်ပြုထားတဲ့ မှတ်ပုံတင်တောင် မရှိတဲ့ လူ ထင်တယ်"

မြေအောက်ဂိုဏ်းများတွင် ထိုသို့သော ရှိမှန်းတောင် မသိရသည့် လူ များစွာ ရှိနေ၍ ဤလူ အကြောင်း စုံစမ်းရခက်သည်မှာ မထူးဆန်း။

"သူ့ကို ဂိုဏ်း တစ်ခုခု က အဖွဲ့ဝင်လို့ အစ်ကို ထင်လား "

"သူ့ရဲ့ ဒီလို ပုံစံကတင် အရမ်းသိသာနေပြီလေ
ဒါပေမဲ့ ဘယ်ဂိုဏ်းကလဲ ငါမခန့်မှန်းနိူင်ဘူး
သိသာတဲ့ အမှတ်သား ဘာမှ မရှိဘူး ဖြစ်နေတယ်
ပြီးတော့ ကြည့်ရတာ သူ့ကို ခိုင်းတဲ့ သူက သတင်းပေါက်ကြားမှာ စိုးလို့ သာမာန်လူကို မငှားဘဲ သူ့အသေခံ တပ်သားကို သုံးတာနေမယ်
သူတို့အစီစဥ်ထဲ ငါဝင်ပါသွားတာတော့ သူတို့ကံဆိုးသွားတာဘဲ"

ချားလစ် ဘာမှ မပြောသောကြောင့် William က ဆက်ပြောလာသည်။

"တကယ်တော့ ကားကို စတွေ့တည်းက ငါ သိသင့်တာပါ "

"ဒါ အစ်ကို့ အမှား မဟုတ်ဘူး "

ချားလစ် ထိုသို့ ပြောရင်း လက်နက်များ ဓားများ အစီအရီ တင်ထားသည့် ခုံဘက်သို့လျှောက်သွားလိုက်သည်။
ထို့နောက် ထို့ထဲမှ ဘရိတ်ဓား တစ်ခုအား ယူလိုက်သော် William သူ့အား အလျင်အမြန် မေးလာသည်။

"မင်းဘာလုပ်မလို့လဲ "

"အစ်ကို ပြောတဲ့ ပါးစပ် လုံတဲ့ သူနဲ့ ကစားကြည့်မလို့လေ "
ချားလစ်၏ ထီမထင် ပုံစံကြောင့် William အလျင်အမြန် လှမ်းတားလိုက်သည်။

"မင်း အဲ့ဒါ ချထားလိုက် ငါရအောင် စစ်မေးပေးမယ် မင်း လျှောက်မလုပ်နဲ့ "

ဖြူဖြူစင်စင် ကောင်လေး တစ်ယောက်၏ လက်များ သွေးစွန်းသွားတာမျိုး William မလိုချင်။
ထို့ပြင်် ချားလစ်မှာ သူ၏အသက်သခင် ဖြစ်သည့်အပြင် သူ၏ညီကဲ့သို့ ချစ်ခင်ရတဲ့သူ ဖြစ်သည်။
ချားလစ်၏ ထူးချွန်သော ပုံစံကြောင့် သူ့လောကထဲ ဆွဲခေါ်ချင်တာတောင် ဖြူဖြူစင်စင် ကလေးကို အရောင်မဆိုးချင်၍ ခေါ်ခဲ့တာ မဟုတ်။

William စကားကြောင့် ချားလစ် လှောင်ရယ်လိုက်သည်။
"ဟက် အစ်ကိုက ကျွန်တော် ဘယ်နေရာမှာ ကြီးပြင်းလာခဲ့လဲ မေ့နေပုံဘဲ "

"မင်း... "

"အစ်ကိုသိလား ကျွန်တော်က စစ်ပွဲတွေ ကြားထဲ လည်း အသက်လုပြေးရင်း ရှင်သန်ခဲ့ရဖူးတယ်
လူတွေအမြင်မှာ ကျွန်တော်က ရိုးသား ပြီးအပြစ်မဲ့တယ် လို့ ထင်နေကြပေမဲ့
ကိုယ့်အသက်ရှင်ရေး သေနတ် ကိုင်ပြီး လူသတ်ခဲ့ရတဲ့ အချိန်တောင် ရှိခဲ့ဖူးတယ်
ကျွန်တော့်ရှေ့မှာတင် ခြေပြန်လက်ပြတ် ဖြစ်သွားတဲ့ သူတွေ ရုပ်ပျက်ဆင်းပျက် သေသွားရတဲ့ သူတွေကို မြင်ခဲ့ရတာ
အပြစ်မရှိတဲ့ ရွာသားတွေကိုသတ် တစ်ရွာလုံး မီးရှို့ပြီး မိန်းကလေးတွေကိုတော့ ဆံပင်ကနေ ဆွဲ
တောထဲခေါ်သွားပြီး မုဒိမ်းကျင့်ခဲ့တာတွေကို အကုန်မြင်ခဲ့ရတဲ့သူ ဒီလိုနှိပ်စက်တာလောက်လေးနဲ့တော့ ကျွန်တော့်လက်က နဂိုတည်းက သွေးစွန်းခဲ့ပြီးသားလေ ကျွန်တော် လုပ်ချင်ရင် ဘယ်လောက်ထိ ဆိုးဆိုးဝါးဝါး လုပ်ပစ်နိူင်လဲ ဆိုတာ အစ်ကို သိပါတယ် "

ချားလစ် ၏ ရှည်လျားသော စကား အဆုံး Williamဘာမှ ထပ်မပြောတော့။
ချားလစ် ပြောသည်မှာလည်း မှန်နေသောကြောင့် သူလုပ်ချင်သလိုသာ လုပ်ခွင့်ပေးထားလိုက်သည်။

Williamသည်လည်း ထိန်းချုပ်နယ်မြေတွင် ခဏတာ သွားနေဖူး၍ ချားလစ် ပြောသည့် စကား၏ အဓိပ္ပါယ်နှင့် ခံစားချက်များအား သူနားလည်သည်။

သူ့အဖို့ ထိုကိစ္စများတွင် ဘယ်သူမှားလဲ ဘယ်သူမှန်လဲ မသိသော်လည်း သူသွားနေထိုင်ခဲ့သည့် ခဏတာအတောတွင်းမှာပင် လေယျာဥ်နှင့် လာကာ ဗုံးကြဲသည်ကိုလည်း သူကြုံဖူးသလို အချိန်မရွေး ဖြစ်လာတတ်သည့် တိုက်ပွဲအကြောင်းလည်း သူသိသည်။
ထိုသို့ ကြိုတင်ခန့်မှန်းမရသော တိုက်ပွဲတွင် ရှင်သန်ဖို့အတွက် ချားလစ်ဝိန်း အနေနှင့် ငယ်ငယ်ရွယ်ရွယ် သေနတ်ကိုင်ရခြင်းအား သူအပြစ်မတင်နိူင်။

အရင်တည်းက ဘယ်သူမှားလဲ ဆိုတော့ ချားလစ်ဝိန်းအား ထို ထိန်းချုပ်နယ်မြေတွင် ခေါ်နေကာ ကိုယ်ခံပညာများနှင့် စစ်ဗျူဟာများအား သင်ကြားစေခဲ့သည့် ချားလစ်အဖိုး၏ အမှားဟုသာ သူမြင်သည်။

ချားလစ် ဘရိတ်ဓား သေးသေးလေးယူကာ အဖမ်းခံ ထားရသည့် လူရှေ့ ရပ်ရင်း ထိုလူအား မဲ့ပြုံးပြုံးပြကာ ဆိုလာသည်။

"ဟက်.... မပြောချင်ဘူးပေါ့ ကိစ္စမရှိဘူး မင်းကို မသေမရှင် ဘဝ ရအောင်ငါလုပ်ပေးမယ်"

ချားလစ် ထိုလူရှေ့ ထိုင်ချ လိုက်ကာ ထိုလူ၏ ခြေထောက်အား ကြည့်ကာ ရက်စက်သည့်အပြုံးနှင့် ပြောလာသည်။

"ဒီခြေထောက်တွေက ညီ့ကို တိုက်ပစ်ဖို့ အတွက် လီဗာ နှင်းခဲ့တဲ့ ခြေထောက်တွေပေါ့
ဟက်..သူတို့က အပြစ်ရှိတယ် "

ချားလစ် ထိုသို့ ပြောပြီးသည်နှင့် ထိုလူ၏ ခြေချောင်းလေးများအား ဘရိတ်ဓား နှင့် အေးဆေးစွာ မွှန်းနေတော့သည်။

" အား.....တော်ပါတော့.. အား "
နာကျင်သော သူ့လုပ်ရပ်ကြောင့် ထိုလူ၏ အော်ဟစ်သံများ ရပ်ရန် တောင်းဆိုသံများကို
လျစ်လျူရှုကာ သူ လုပ်စရာ ရှိသည်အား စိတ်ပြေနပြေ ဆက်လုပ်နေသည်။

ခြေချောင်း တစ်ချောင်းချင်းစီမှနေ ခြေဖဝါး
ထောက်ရပ်လို့ မရအောင် ခြေဖဝါးအား ရှရာပေါင်းများစွာဖြင့် ဖြည်းဖြည်းမွှန်းရင်း ထိုလူ၏ အော်ဟစ်သံအား အရသာ ခံ နားထောင် နေလိုက်သည်။
ချားလစ် ကြည့်ရသည်မှာ မူလချားလစ်နှင့်ပင် မတူတော့ဘဲ စိတ္တဇ ကောင် တစ်ကောင်နှင့်ပင် တူနေလေသည်။

ထို့နောက် ခြေထောက်မှသည် အဝတ်မပါသည့် ရင်ဘတ်သို့ တက်ကာ ကြောက်စရာကောင်းသည့် မဲ့ပြုံးတစ်ချက် ထပ်ပြုံးလိုက်ပြန်သည်။

"ဒီနှလုံး နေရာ ..ဖောက်ထုတ်လိုက်ရင်များ ဘယ်လို မြင်ကွင်းမျိုး ဖြစ်လိမ့်မလဲနော်
နီနီ ရဲရဲ နဲ့ အရမ်းလှနေမှာဘဲ"

ချားလစ် လက်တစ်ဖက်မှ ဓားတို နှင့် ထိုနှလုံးနေရာအား အပေါ်ယံ တေ့ထားလိုက်ကာ ထိုလူ့မျက်နှာအား ခံစားချက် မဲ့စွာ ကြည့်ရင်း ပြောလာပြန်သည်။

" ဒီနှလုံးက ညီ့ကို တိုက်ပစ်ဖို့ မင်းရဲ့ ဦးနှောက်ကို
စေညွှန်ခဲ့တယ် ကျစ်...ဘယ်လို လုပ်မလဲ မင်းပြောကြည့် သူကလည်း အပြစ်ရှိတယ် မလား "

ထိုသို့ ပြောပြီးသည်နှင့် နှလုံးထိ မရောက်အောင် ဓားတိုနှင့် ထိန်းကာ သူ ထိုးစိုက်လိုက်တော့ ထိုလူက အသံကျယ်ကြီးနှင့် အော်ဟစ်လာသည်။

"အား..."

အော်ဟစ်သံအား လျစ်လျူရှု့ရင်း ချားလစ် ထိုလူ ရင်ဘတ်မှ စီးကျလာသော သွေးများအား လက်ညိုးနှင့် အနည်းငယ် ခံယူလိုက်သည်။
သူ့လက်မှ ပေနေသော ထိုသွေးများအား ကြည့်ရင်း ချားလစ် မှာ အမူယာပြောင်းသွားပြန်ကာ မျက်နှာ တစ်ခု လုံး ပြိုတော့မည့် မိုးလို ဖြစ်လာကာ စို့နှစ်စွာ ပြောလာသည်။

"မင်းသိလား မင်းညီ့ ကို တိုက်ခဲ့တုန်းကလည်း ညီ့ရဲ့ နီနီရဲရဲ သွေးတွေက လမ်းမထက် ဖြာကျနေခဲ့တာ "
ထို့နောက် ထို ပြိုတော့မည့် မျက်နှာဟာ ရုတ်တရက် ခက်ထန်လာကာ ထိုလူအား ဒေါကြီးမောကြီးနှင့် ပြောလာသည်။

"ညီမှာ ဘာအပြစ်ရှိလို့ မင်းလိုဘာမှ တန်ဖိုး မရှိတဲ့ ကောင်က သတ်ရဲ တာလဲ ဟမ် လူ့ တိရိစ္ဆာန်ကောင် "

ကျယ်လောင်သော ဖြန်းခနဲ မြည်သံနှင့် အတူ ချားလစ် ထိုလူ့သွေးပေနေသော လက်ဖြင့် ထိုလူ့မျက်နှာအား ချားလစ် ပြင်းထန်စွာ ရိုက်ချ လိုက်သည်။

"မင်းရဲ့ ညစ်ပတ်ပြီး ယုတ်ညံံ့တဲ့ သွေးတွေက တကယ်ကို ရွံစရာဘဲ "

ထို့နောက် ချားလစ် ၏ အကြည့်များသည် ချိန်းဖြင့် တန်းလန်း ဆွဲခံထားရသည့် လက်များထံသို့ အကြည့် ရောက်သွားပြန်သည်။

"ဒီလက်လေးတွေ ဒီလက်တွေက ညီ့တို့ တိုက်ပစ်ဖို့ စတီယာတိုင် ထိန်းခဲ့တဲ့ လက်တွေဘဲ
ဟက်...သူတို့က ပို အပြစ်ရှိတာဘဲ ငါပြောတာ မှန်တယ်မလား "

ထို့သို့ သူ့ကိုယ်သူ ပြောနေဟန်ဖြစ်သော်လည်း အခန်းထဲမှ လူအကုန်ကြားနေရကာ ချားလစ် ဘာများ ဆက်လုပ်မလဲ သူတို့ စောင့်ကြည့်လိုက်သည်။
ခဏ အကြာတွင် အဖမ်းဆီး ခံထားရသည့် လူ၏ အော်ဟစ်သံကြောင့် ချားလစ် လုပ်ရပ်အား စောင့်ကြည့်နေသည့် လူများ၏ မျက်နှာများမှာ အဖမ်းခံထားရသည့် လူအား စာနာသနားမိဟန်ဖြင့် အနည်းငယ် တွန့်သွားကြသည်။

"အား...ရပ်လိုက်...နာတယ်.. အား.... "

ထိုလူ၏ လက်သည်းခွံတစ်ခုအား ကိရိယာဖြင့် အစိမ်းလိုက် ဖြည်းဖြည်းချင်း ဆွဲခွာ ကာ ထို့လူ့မျက်နှာအား သူပိုင်သည့် အညိုရောင်မျက်ဝန်းဖြင့် အေးစက်စက် စိုက်ကြည့်ရင်း မေးလာသည်။

"ပြော ညီ့ကို ဒီလို လုပ်ဖို့ မင်းကို ဘယ်သူ လွှတ်လိုက်တာလဲ "

သူ့အမေးကြောင့် အဖမ်းခံထားရသည့် လူက လက်ကျန် အားနှင့် ချားလစ်အား ကြည့်ကာ လှောင်ရယ်လိုက်ရင်း ချားလစ် မျက်နှာအား တံထွေးဖြင့် ထွေးလိုက်သည်။
ထိုလူ့ အပြုမူကြောင့် ခက်ထန်နေသော ချားလစ်မျက်နှာထက် မဲ့ပြုံး တစ်ခုဖြစ်တည်လာကာလှောင်ရယ်လိုက်သည်။

"ဟက်...အားတွေ ရှိနေ သေးတာဘဲ နည်းနည်း သက်ညှာမိသွားပြီ ထင်တယ် "

မျက်နှာ ထက်ပေသွားသော တံထွေးအား ပုဝါဖြင့် အေးဆေးစွာ သုတ်နေရင်း ရုတ်တရက် အားအပြည့်ဖြင့် ထိုလူ၏ ဝမ်းဗိုက်အား နှစ်ချက်ဆက်တိုက် ထိုးလိုက်သည်။
တိုက်ခိုက်ရေး သမားများ ကဲ့သို့ သန်မာကာ အားပါလွန်းသော ချားလစ်၏ လက်သီးချက်ကြောင့် နေ့တိုင်း အနှိပ့်စက် ခံထား ရသော ထိုလူမှာ ရပ်နိူင်ခြင်း မရှိတော့ ။
ကြည့်ရသည်မှာ အသိစိတ်များ ကင်းမဲ့သွားသလိုပင်။
ခြေခွေသွားသော်လည်း လက်နှစ်ဖက်မှ ချိန်းနှင့် တွဲဆွဲထား၍ အလုံးစုံ လဲကျခြင်း ရှိမလာ။

သူ့ရှေ့မှ မျက်လုံးများ မှိတ်သွားသောထိုလူအား တစ်ချက် ကြည့်ကာ ချားလစ် အနီးနားမှ ရေပုံး ရှာကြည့်လိုက်သည်။
ရေပုံး တွေ့သည်နှင့် ရေကန် ထဲမှ ရေအား ခပ်ယူလိုက်ကာ ထိုလူ မျက်နှာ တည့်တည့် ပက်လိုက်သည်။
ရေကြောင့် အသိစိတ် ပြန်ကပ်လာသော ထိုအဖမ်း ခံထားရသည့်လူက ဖလူး ဖလူး နှင့် ဖြစ်ကာ ခေါင်းအနည်းငယ် ပြန်မော့လာသည်။

ထိုလူမှာ သတိပြန်ကပ် လာသောကြောင့် ချားလစ် ထပ်ပြီး နှိပ်စက်ကာ စစ်မေးမည် အလုပ် မနေနိူင်တော့သည့် William က ဝင်တား လိုက်သည်။

"တော်တော့ ချားလစ် မင်းဆက်လုပ်ရင် သူသေသွား လိမ့်မယ် သူ့ကို ဖမ်းထားတာ Gods ကမှန်း သူသိနေတဲ့ နောက်တော့ သူ့ဂိုဏ်း ဒုက္ခရောက်အောင် သူလုံးဝ ပါးစပ် ဟမှာ မဟုတ်ဘူး "

သူ့အား တားလာသော William အား အေးစက်ကာ သတ်ဖြတ်ချင်စိတ် များလွန်းသည့် အကြည့်စူးစူးဖြင့် တစ်ချက် ကြည့်ကာ ဆေးစက်စွာ ပြောလာသည်။

"အစ်ကို သိလား ညီက အခု အရေးပေါ် ခန်းမှာ 4ရက်တိတိ သေမလား ရှင်မလား မသိသေးတဲ့ အခြေနေမှာ အသက်လုနေရတုန်းဘဲ
ညီ့ကို တိုက်သွားတဲ့ ဒီ လူယုတ်မာ က မသေသင့်ဘူးလား ညီ့ကို နာကျင်အောင် လုပ်တဲ့ သူ မှန်သမျှ ညီနာကျင်ရတာထက် အဆပေါင်းများစွာ ပိုနာကျင်သင့်တယ် "

ချားလစ် ၏ ပြတ်သားသော စကားကြောင့် ဝင်တားသော William တစ်ယောက် ပါးစပ်ပိတ်လိုက်သည်။
သူတောင် မဆီမဆိုင် Dream အား တိုက်သွားသည့် ဤအကောင်ကို နူတ်နူတ်စင်းပစ် ချင်တာကိုDreamအား အရူးအမူး ချစ်နေသည့် ချားလစ် ဆိုရင်တော့ ဤ သူတောင်းစားအား ဘယ်လောက်ထိများ သတ်ချင်သည်လဲ သူပင် မခန့် မှန်းနိူင်။

ထို့နောက် သံပူများ ထည့်ထားသော မီးဖိုဘက်သို့ ချားလစ် လျှောက်သွားလိုက်သည်။
မီးဖို ထဲမှ Gods ဟု ရိုက်နှိပ်ထားသည့် သံပူတုတ်များစွာ ထဲမှ တစ်ခုအား ယူလိုက်ကာ အဖမ်းခံထားရသည့် ထိုလူဘက် ပြန်လျှောက်လာသည်။

ထိုလူက ချားလစ် လက်ထဲမှ သံပူတုတ်အား မြင်သည့်အခါ မျက်ဝန်းများ ပြူးကျယ်လာသည်။
သူ့အမူအရာ အား မြင်လိုက်သော ချားလစ် တစ်ယောက် အေးစက်သော မဲ့ပြုံး ပြုံးရင်း ပြောလာသည်။

"မင်းကို နောက်ဆုံး အခွင့်ရေးပေးမယ် မင်းကို ဘယ်သူ ခိုင်းတာလဲ "
ထိုလူက ချားလစ်အား ကြည့်ကာ မဲ့ပြုံး ပြုံးလိုက်ရင်း ပြန်ဖြေလာသည်။

"မင်း ငါ့ကို သတ်ချင် သတ်လိုက် မင်းသိချင်တဲ့ အကြောင်းအရာ ကိုတော့ ငါ့ပါးစပ်ကနေ တစ်ခွန်းမှ ဟမှာ မဟုတ်ဘူး "

ထိုလူ၏ စိတ်အနှောင့်ယှက် ဖြစ်စရာ အပြုံးကြောင့် ချားလစ် ထိုလူ့ ခေါင်းနောက်ဘက် ဆံပင်အား ဆွဲကာ ခေါင်းမော့ စေလိုက်ရင်း သံပူတုတ်ကိုင်ထားသည့် လက်သည်တော့ ထိုလူ၏ ရင်ဘတ်အား ဖိကပ်လိုက်သည်။

ပူလောင်ကာ နာကျင် လွန်းသောကြောင့် ထိုလူမှာ အရှင်လတ်လတ် ငရဲ ကျနေရသကဲ့သို့ ခံစားရကာ အော်ဟစ်လိုက်သည်။

"အား..."

ချားလစ် နာကျင်လွန်းကာ ရှုံမဲ့ရင်း မျက်ရည်များ ထွက်နေသော ထိုလူ့မျက်နှာအား အရသာ ခံ ကြည့်ရင်း ထိုလူ့ ပါးစပ်တွင်းသို့ မတော်တဆအကြည့်ရောက်မိသွားသည်။
သွားပေါ်မှ မြင်လိုက်ရသည့် ခပ်မည်းမည်း အရိုးခေါင်း ပုံစံကြောင့် ချားလစ် မျက်မှောင်ကြုတ်လိုက်ကာ နောက်မှ လူများအား အခန်းမီးများအား ဖွင့်ချ ရန် ခိုင်းလိုက်သည်။

အမှောင်ထဲ နေရသည်မှာ ကြာ၍ထင် အဖမ်းခံထား ရသည့် ထိုလူက အလင်းကြောင့် မျက်လုံးများ စူးသွားကာ မျက်လုံး အား စုံမှိတ်လိုက်သည်။

ချားလစ် မီးပွင့် လာသည်နှင့် ထိုလူ့ ပါးစပ်အား အလစ်နှင့် ဆွဲဖြဲလိုက်ကာ သွားမှ ထိုမည်းမည်း ပုံသဏ္ဍာန်အား အတည်ပြုလိုက်သည်။
အံသွား ဘက်အခြမ်းတွင် အရိုးခေါင်း ပုံသဏ္ဍာန် တက်တူး တစ်ခု ကို ချားလစ်မုင်တွေ့လိုက်ရသည်။
ချားလစ်၏ ရုတ်တရက် အပြုမူကြောင့် ထိုလူ အငိုက်မိသွားကာ မျက်နှာ တစ်ခုလုံးသည်လည်း ကြောက်ရွံ မှု ကြောင့်လား မသိ ဖြူစုတ်လာသည်။

ထိုလူ၏ ဖြစ်နေသော ပုံစံကြောင့် ထိုတက်တူးမှာ တစ်ခုခု ဘဲဆိုတာ ချားလစ် သဘောပေါက်သွားသည်။
ထို့ကြောင့် မဲ့ပြုံးများ ပန်ဆင်ရင်း William ဘက် လှည့်ကာ မေးလိုက်သည်။

"သွားမှာ အရိုးခေါင်း ပုံသဏ္ဍာန် တက်တူး တစ်ခု ရှိတယ် ဘယ်ဂိုဏ်း ကလို့ အစ်ကိုထင်လဲ "

ချားလစ် အမေးကြောင့် William တစ်ယောက် ခေတ္တစဥ်းစားကာ ပြန်ဖြေလာသည်။

"အရိုးခေါင်းပုံ တက်တူး... "
William တစ်ချက် လှောင်ရယ် လိုက်သည်။

"ဟက်...ငရဲ ဂိုဏ်း က ဦးရာဇာ ရဲ့ နောက်လိုက်ခွေးဘဲ "

William စကားအား ချားလစ် နားမလည် ၍ သူ့အား မျက်မှောင်ကြုတ် ကြည့်လိုက်သော အခါ William က ရှင်းပြ လာသည်။

"သူ့နာမည် အပြည့်အစုံက ဦးရာဇာဓိရာဇ်
အဲ့လူရဲ့ တရားဝင်အလုပ်ကတော့ ကားတင်ပို့တာ ပြီးတော့ ဟိုတယ်နဲ့ ခရီးသွား လုပ်ငန်း ဘဲ ဒါပေမဲ့ ထိပ်တန်းအဆင့်တော့ မဟုတ်ဘူး
မင်းသိလား သူ့ရဲ့တရားမဝင် အလုပ်ကတော့ ငွေပိုရတယ်
မှုးယစ်ဆေးဝါး ၊တရားမဝင်ကား တင်သွင်းတာနဲ့ တရား မဝင် လောင်းကစား ဝိုင်းတွေ ထောင်တာ ဘဲ
မကာအိုမှာ သူပိုင်တဲ့ ကာစီနိူ လောင်းကစားရုံ ရှိတယ် တရားဝင်လို့ ပြောပေမဲ့ တရားလည်း မဝင်ဘူး
ဘာလို့လဲ ဆိုတော့ အထဲမှာ တရားဝင် ခွင့်ပြုမထားတဲ့ ကိစ္စတွေလည်း လုပ်နေလို့ဘဲ "

William ရဲ့ ရှင်းပြသံ အဆုံး ချားလစ် မဲ့ပြုံး ပြုံးကာ ပြောလာသည်။
"တရားမဝင် ကားက မြို့ထဲ ရောက်လာတာ မဆန်းတော့ဘူး "

"နေဦး ဦးရာဇာက မင်းကောင်လေးကို ဘာလို့ သတ်ချင်ရတာလဲ "
William နားမလည်သလို ချားလစ်အား မေးလာသည်။

"ကျွန်တော် လည်း မသိဘူး ညီနဲ့ မတည့်နဲ့ ကောင်လေးတွေထဲက တစ်ယောက်ရဲ့ အဖေများ ဖြစ်နိူင်လား "

"ဖြစ်နိူင်ချေ ရှိတယ် ဒါပေမဲ့ သူ့သားနဲ့ မတည့်ရုံနဲ့ ဦးရာဇာ လို လူက လှုပ်ရှားမှာ မဟုတ်ဘူး.ဖြစ်နိူင်ချေ တစ်ခုဘဲ ရှိတယ် "

William စကားကြောင့် အား ချားလစ် သူ့အား အမေးပါသည့် အကြည့်ဖြင့် ကြည့်လာသည်။

"မင်းအိပ်မက်သစ် က ဦးရာဇာရဲ့ ကိစ္စတွေကို သိထားလို့ ဒီဖြစ်နိူင်ချ သာ မှန်ရင် သူတို့ ဒီတစ်ခေါက် မင်းကောင်လေးကို သတ်ဖို့ ကြိုးစားတာ မအောင်မြင်ရင်တောင် နောက်အခေါက်တွေ ဆို တာ ကျိန်းသေ ရှိလာလိမ့်မယ်
ပြီးတော့ စကား စပ်မိလို့ ပြောရဦးမယ်
မင်းကောင်လေး ရဲ့ အဖေကလည်း ရိုးရှင်း တဲ့ လူတစ်ယောက် မဟုတ်ဘူး
ဒီကိစ္စကလည်း မင်းကောင်လေးရဲ့ အဖေမပါရင်တောင် သူနဲ့ တစ်နည်းနည်းတော့ ပတ်သက်နေလောက်တယ်
မင်း အဲ့ကောင်လေးနဲ့ ပတ်သက်မယ်ဆိုရင် သတိထားဖို့ တော့လိုမယ် "

William ၏ နောက်ဆုံး စကားအား ချားလစ် မယုံသလို ပြန်ပြောလာသည်။

"မဖြစ်နိူင်တာ သူ့အဖေက ပါချုပ်ကြီးကို ပြီးတော့ ညီက သူ့သားလေ "

"ငါတို့လောက က မြွေမြွေချင်း ခြေမြင်ကြတယ်
လူတိုင်းက မင်းထင်သလောက် မရိုးရှင်းဘူး
ပြီးတော့ ငါခုနက ပြောတာ သူနဲ့ တစ်နည်းနည်းနဲ့ ပတ်သက်နေလောက်တယ်လို့ဘဲ ပြောတာ သူ့သားကို သူ နှုတ်ပိတ် ခိုင်းတာမပါဘူး
အဲ့ဒါ ထားလိုက်ပါ ဟိုလူကို မင်းဘယ်လို လုပ်ချင်လဲ "

William အဖမ်းချုပ် ခံထားရသည့် ငရဲဂိုဏ်းမှ လူအား မှေးထိုး ပြလိုက်သည်။
ထိုအခါ ချားလစ် မဲ့ပြုံးပြုံးလိုက်ရင်း သူ့လက်များက Williamနောက်မှ လက်နက် တင်ထားသော ခုံဆီသို့ ရွေ့လျားသွားသည်။
ထို့နောက် ထိုလူအား မဲ့ပြုံး ပြုံးပြရင်း လက်ထဲမှ သေနတ်နှင့် ချိန်ထားလိုက်သည်။

ချားလစ်၏ အပြုမူကြောင့် William တစ်ယောက် လန့်ကာ အမြန်တားလာသည်။

"ချားလစ် မင်းဘာလုပ် တာလဲ ချလိုက်စမ်း အဲ့သေနတ်ကို
ဒီကောင်ကို ရှင်းချင်ရင် ငါလုပ်လိုက်မယ် မင်း လက်ကို သွေးစွန်း ခံစရာ မလိုဘူး "

"ဟက်.. ညီ့ကို နာကျင်အောင် လုပ်တဲ့သူကို ကျွန်တော့် လက်နဲ့ဘဲ အဆုံးသတ်ရလိမ့်မယ်
အစ်ကို ခုနက ဒီကောင်ကို ဘယ်လို လုပ်ချင်လဲ မေးတယ်
သေချာတာကတော့ ကျိန်းသေပေါက် ငရဲ ကို ကျွန်တော် ကိုယ်တိုင် အရောက် ပို့မှာ "

ချားလစ် စကား ဆုံးသည်နှင့် ဒိုင်းခနဲ မြည်သံနှင့် အတူ ထိုလူသည်အသက်မဲ့ကာ တွဲလောင်း ဖြစ်သွားသည်။
William သူ့ရှေ့တင် အသတ်ခံလိုက် ရသော ထိုလူအား ကြည့်ကာ ချားလစ်၏ လက်ဖြောင့်စကေးအား သြချမိသွားသည်။
တကယ်ကို ဓားနှင့် ထိုးသွားသည့် ဒဏ်ရာတည့်တည့် နှလုံးနေရာသို့ ဖောက်ဝင်သွားသည်။

ချားလစ်၏ စိတ္တဇ ဆန်လွန်းသော အပြုမူကြောင့် Williamသူ့အား ဒေါသတကြီး အော်လာသည်။

"မင်းက စိတ္တဇ ကောင်လား ဘာလို့ လူတစ်ယောက် အတွက်နဲ့ ဒီလောက် ရူးရတာလဲ "

William စကားကြောင့် ချားလစ်၏ စိတ္တဇ ဆန်လွန်းသော အကြည့်များက အနည်းငယ် ပျော့ပြောင်းလာကာ William စကားအား စိတ်ဓာတ်ကျဝန် အသံဖြင့် အဖြေပြန်ပေးလာသည်။

"ဟုတ်တယ် ကျွန်တော်က စိတ္တဇ ကောင်
အဲ့ဒီ စိတ္တဇ ကောင်ကလေ မင်းအိပ်မက်သစ် ဆိုတဲ့ ကောင်လေးကိုတော့ သိပ်ချစ်သလို သိပ်လည်း ကာကွယ်ပေးချင်တာ"

ချားလစ်၏ ဖွင့်ဟ ပြောလာသော စကားကြောင့် William ဘာမှ မတတ်နိူင်သလို သက်ပြင်း ချလိုက်မိသည်။
ချားလစ်သည်တော့ William ၏ သက်ပြင်း ချသံအား လျစ်လျူရှုရင်း ဆက် ပြောလာသည်။

"အဲ့ကောင် အလောင်းကို သူ့ဂိုဏ်း ပြန်ပို့လိုက်
ပြီးတော့ သူ့ဂိုဏ်းကိုပါ စကားပါးပေး
မင်းအိပ်မက်သစ် ကို ထိရင် Gods နဲ့ ညှိမယ်လို့ "

ချားလစ် စကားကြောင့် စိတ်လျော့လိုက်ပြီ ဖြစ်သော Williamတစ်ယောက် အလန့်တကြား ထဆဲ မိသည်။

"Fuck ချားလစ်ဝိန်း မင်းတကယ် ငါတို့အဖွဲ့ထဲ ဝင်မလို့လား "

William အမေးကြောင့် ချားလစ် သူ့အား စိတ်ရှုပ်သလို ကြည့်ကာ ပြောလာသည်။

"ဘာလဲ မရဘူးလား အစတည်းက ခေါ်ချင်နေတာ မသိဘူး ထင်နေတာလား "

"Fuck မင်း ဘယ်လို သိနေတာလဲ "
William အမေးအား ချားလစ် ပြန်မဖြေ။
ထို့ကြောင့် William က သူသိချင်သည်အား မေးလာသည်။

"မင်းကောင်လေးတောင် မဟုတ်တဲ့ ကလေးတစ်ယောက်အတွက်နဲ့ မင်းဒီလောကထဲ ဝင်လာတာတန်လို့လား? "

William အမေးကြောင့် ချားလစ် သူ့အား မဲ့ပြုံးတစ်ချက်နှင့်အတူ ပြန်ဖြေလာသည်။

"ကျွန်တော် ပျော်လို့ ငွေလိုလို့ ဒီလမ်းကို လျှောက်မှာ မဟုတ်ဘူး
ညီ့ကို ကာကွယ်ပေးဖို့ ကျွန်တော် ဒီလမ်းကို မတွန့်မဆုတ် ရွေးတာ
သူ့ကို ကာကွယ်ပေးလို့ ရနိူင်သမျှ ဘာဘဲ လုပ်ရလုပ်ရ ကျွန်တော့်အတွက် အမြဲတန်တယ် "

ဟုတ်သည်။ပညတ်ချက် ဆယ်ပါးအား ချိုးဖောက်မိတဲ့နောက် တော့ ကယ်တင်ခြင်း ခံရခြင်း မခံရခြင်းကို သူဂရုမစိုက်နိူင်တော့။
သူအသက်ရှင်စဥ် အချိန်လေးမှာတော့ သူချစ်တဲ့ လူတွေကို ကာကွယ်ပေးနိူင်အောင်ဘဲ ကြိုးစားတော့မည်။

'ကိုယ် နောင်တ မရဘူး ညီ
ကိုယ့်ရွေးချယ်မှုဟာ မင်းဖြစ်နေသ၍ မင်းအဆင်ပြေကြောင်း မြင်နေရသမင်းကို ကာကွယ် ပေးနိူင်သ၍ ဒီလက်တွေမှာ သွေးဘယ်လောက် စွန်းနေပါစေ ကိုယ်နောင်တမရဘူး
အကြောင်းပြချက် ကတော့ ရှင်းရှင်းလေးပါ မင်းက ကိုယ့်အသက် ဖြစ်နေလို့ပေါ့ ကိုယ့်အချစ်ရယ် '

#Khant#

ချားလစ်ကလေ ခင်များတို့ ထင်နေတာထက် Dream ကို ပိုချစ်ပါတယ်
သူ့အချစ်ကလေ စကားလုံးတွေနဲ့ ဖွဲ့နွဲ့ပြောဆိုတာမျိုး မဟုတ်ဘဲ သူ့နည်း သူ့ဟန်နဲ့ လက်တွေ့အပြုမူကနေ တစ်ဆင့် ချစ်ပြတာပါ
ဘယ်လို ပြောရမလဲ သူဘယ်လောက်ချစ်ကြောင်း Dreamမသိလည်း အဆင်ပြေသလို သိအောင်လည်း ဖွင့်ပြောတတ်တဲ့သူ မဟုတ်ဘူး
သူ့အပြုမူလေးတွေ သူ့ဂရုစိုက်မှု လေးတွေကို ဖတ်ပြီးဘဲ သူ့အချစ်ကို သိနိူင်တာ
သူ့အချစ်က အရမ်း နူးညံ့တယ်လို့ ကိုယ်တော့ ထင်တယ်

ဒီအပိုင်းမှာ ပါတာတွေက ပညာရေး ဝန်ထမ်းတွေနဲ့ ဘာသာရေးကို စော်ကားလိုစိတ်မရှိဘဲ fic သဘောအရလို့ သတ်မှတ်ပေးကြပါဗျ
ပညတ်တော် ဆယ်ပါး မှာ လူ့အသက်သတ် ပါပါတယ် အဲ့တော့ ချားလစ် ပြောချင်တဲ့ သဘောတရားကို သဘောပေါက်တယ်ဟုတ်

( Zawgyi )

လြန္ခဲ့ေသာ ႏွစ္ႏွစ္

ညေနခင္း ခ်ိန္ လူရွင္းေနေသာ လမ္းမႀကီး
တစ္နည္းအားျဖင့္ ထိုလမ္းမႀကီးသည္ AYA private schoolေရွ႕မွ လမ္းမႀကီး ျဖစ္သည္။
သီးသန႔္ ဆန္သည့္ ပတ္ဝန္းက်င္ ျဖစ္၍လား မသိကားအခ်ိဳ႕သာ ျဖတ္သန္း သြားလာေနကာ လမ္းေဘးတြင္ လမ္းေလွ်ာက္ေနၾကသူ အခ်ိဳ႕ႏွင့္ ဟိုဟိုဒီဒီသြားရန္ စက္ဘီးစီးသြားၾကေသာ လူအခ်ိဳ႕မွလြဲ လမ္းမ တစ္ခုလုံးမွာ အနည္းငယ္ တိတ္ဆိတ္ေနသည္။

ထို လမ္းေဘး လမ္းေလွ်ာက္ေနသူ မ်ားထဲတြင္ ခ်ားလစ္လည္း အပါဝင္ ျဖစ္ကာ သူ၏ ေဘးတြင္ေတာ့ William က ပါလာသည္။
သူတို႔ မလွမ္း မကမ္းမွ ေက်ာင္း တံခါး ႀကီးအား လမ္းေလွ်ာက္ရင္း လွမ္းၾကည့္လိုက္မိသည္။

"မင္း အပတ္တိုင္း ဒီအခ်ိန္ဆို မင္းေက်ာင္းကေန ဒီအထိ ေျပးလာတာရတာ မပင္ပန္း ဘူးလား "
William အေမးေၾကာင့္ ခ်ားလစ္ မ်က္ႏွာ တြင္ အၿပဳံးပန္းမ်ား ျဖစ္တည္လာသည္။

"တကယ္ေတာ့ မပင္ပန္းဘူးလို႔ ေျပာရင္ ညာရာ က်တာေပါ့
ပင္ပန္းေပမဲ့ သူ႕မ်က္ႏွာေလး ျမင္လိုက္ရတာနဲ႕ ရင္တစ္ခုလုံး ေအးခ်မ္းသြားၿပီး အေမာေျပသြားေတာ့တာဘဲ သူက ကြၽန္ေတာ့္ အတြက္ အေမာေျပေဆး ေလ"
ခ်ားလစ္ ရယ္႐ြမ္းေသြးရင္း ေျပာလာေသာေၾကာင့္ Williamတစ္ေယာက္ မ်က္ျဖဴလန္ျပကာ ႐ြံရွာသလို ေအာ့အန္ျပလိုက္သည္။
ျဖစ္ေနေသာ William ပုံေၾကာင့္ ခ်ားလစ္ အသာ ေခါင္းခါရင္း ရယ္လိုက္မိသည္။

"အစ္ကိုက ခ်စ္မွ မခ်စ္ဖူးဘဲ ဒီလို ခံစားခ်က္မ်ိဳးကို ဘယ္နားလည္ နိူင္မလဲ "
ခ်ားလစ္ စကားေၾကာင့္ William တစ္ေယာက္ သူ႕အား ေျပာလာသည္။

"မင္းကေတာ့ ေဆးမမွီေတာ့ဘူး "

Willaim တစ္ေယာက္ ခ်ားလစ္ႏွင့္ စကားေျပာေနရင္း လမ္းေဘး ရပ္ထားေသာ ကားတစီးအား လွမ္းျမင္လိုက္၍ သူမ်က္ေမွာင္ၾကဳတ္မိသြားသည္။
ခ်ားလစ္လည္း William လွမ္းၾကည့္ရာ ေနရာအား လွမ္းၾကည့္ ေသာ္လည္း ကားတစ္စီးမွ လြဲ၍ ဘာမွ မေတြ႕ ။
"အစ္ကို႔ အသိ ကားလား "
သူ႕စကားအား William ေခါင္းခါျပကာ ျပန္ေျဖလာသည္။

"မဟုတ္ဘူး"
William မွာ ထိုကားအား အၾကည့္ မလြဲျဖစ္ေန၍ ခ်ားလစ္ ထပ္ေမးလိုက္သည္။

"ဘာျဖစ္လို႔လဲ "

" အဲ့ကားနံပါတ္ေတြက တရားမဝင္ တင္ပို႔လာတဲ့ ကားေတြမွာဘဲ ရွိတယ္ ဘယ္လိုလုပ္ ၿမိဳ႕ထဲ ေရာက္ေနတာလဲ စဥ္းစားေနတာ "

William စကားေၾကာင့္ ခ်ားလစ္ မ်က္ခုံးပင့္လိုက္မိသည္။
William အား သူကယ္ခဲ့ဖူးကာ ထိုအခ်ိန္မွစ အဆက္သြယ္ ပုံမွန္ ရွိခဲ့၍ William လုပ္ကိုင္သည့္ အလုပ္အား သူ အနည္းႏွင့္ အမ်ားေတာ့ သိသည္။ထို႔ေၾကာင့္ ထိုကားမွာ တရားမဝင္ ကား ျဖစ္မွန္း William သိေနသည္မွာ မဆန္း။

"အစ္ကို႔ ကားေရာ "

William ေရွ႕နားမွ cafe ဆိုင္အား လက္ညိုးထိုးျပလိုက္သည္။

"အဲ့cafe ဆိုင္ ေရွ႕မွာ ရပ္ထားခဲ့တယ္"
ထို႔ေနာက္ Williamသည္ ဖူဆယ္ကြင္းေရွ႕ လမ္းမေဘး တြင္ လမ္းေလွ်ာက္ေနေသာ ေကာင္ေလး တစ္ေယာက္အား ၫႊန္ျပရင္း ေျပာလာသည္။

"ဟိုမွာ မင္းရဲ႕ အေမာေျပေလး "
William ၏ စေနာက္ စကားေၾကာင့္ ခ်ားလစ္ တစ္ေယာက္ ရွက္ရွက္ႏွင့္ ေခါင္းကုတ္ကာ ရယ္လိုက္မိသည္။
တစ္ဖြဲ႕လုံး ပါမလာဘဲ တစ္ေယာက္တည္း အျပင္ထြက္လာေသာ ေကာင္ေလးသည္ ၾကည့္ရသည္မွာ အေဆာင္မွ လိုအပ္ေသာ ပစၥည္းအခ်ိဳ႕ ထြက္ဝယ္ဟန္ တူသည္။

ထိုစဥ္ သူတို႔ ျဖတ္ေက်ာ္ ခဲ့ေသာ William ေျပာသည့္ တရားမဝင္ ကားသည္ အရွိန္ႏွင့္ သူတို႔အား ျဖတ္ေက်ာ္ သြားကာ အထိန္းအကြပ္ မဲ့စြာ ေရွ႕သို႔ ေမာင္းႏွင္သြားေလသည္။
William ႏွင့္ ခ်ားလစ္ လ်င္ျမန္စြာ ထိုကား၏ ဦးတည္ရာအား မွန္းမိသည့္ တစ္ခဏ ႏွစ္ေယာက္လုံး၏ မ်က္ဝန္းမ်ား ျပဴးက်ယ္သြားကာ အသံက်ယ္ႀကီးႏွင့္ လွမ္းေအာ္မိလိုက္ၾကသည္။
"ကား... "

ထိုေနရာသို႔ အလ်င္အျမန္ ေျပးလိုက္ေသာ္လည္း သူတို႔ထက္ ျမန္ေနေသာ ကားမွာ ဦးတည္ရာ မေျပာင္း။
ဒုန္းခနဲ အသံက်ယ္ႀကီးႏွင့္ အတူ Uniform ဝတ္ထားသည့္ခႏၶာကိုယ္ေလး တစ္ခုသည္ ေလေပၚေျမႇာက္တက္သြားသည္။

"ညီ.."

ခ်ားလစ္ႏွင့္ William လဲက်သြားေသာ ခႏၶာကိုယ္ ဆီ အျမန္ေျပးသြားလိုက္သည္။
Dream အား တိုက္သြားေသာ ကားမွာ တစ္ခဏသာ ရပ္ကာ လ်င္ျမန္စြာ ေမာင္းေျပးသြားေတာ့သည္။

ခ်ားလစ္ ေသြးအိုင္ထဲ လဲေနေသာ Dream ခႏၶာကိုယ္အား လ်င္ျမန္စြာ ေျပးထူလိုက္သည္။
ခႏၶာကိုယ္အား ေပြ႕ဖက္လိုက္ေတာ့ ဦးေခါင္းမွ စီးက်ေနေသာ ေသြးမ်ား သည္သူ႕လက္ဖဝါးမ်ားႏွင့္ အကၤ်ီမ်ားအား တစ္ခဏခ်င္းအတြင္းနီရဲသြားေစသည္။

William စိတ္လြတ္ေနၿပီ ျဖစ္ေသာ ခ်ားလစ္အား လ်စ္လ်ဴရႈ႕ကာ သူ႕ကားျဖင့္ တိုက္ေျပးသြားေသာ ကားေနာက္သို႔ လ်င္ျမန္စြာ လိုက္ေတာ့သည္။
မိနစ္ပိုင္းေလာက္ဆိုလွ်င္ ပတ္ဝန္းက်င္ကခ်ားလစ္အား လာကူညီၾကမွာ သူသိေနေသာေၾကာင့္ပင္။

ခ်ားလစ္ စိုးရိမ္မႈ႕ေၾကာင့္ တုန္ရီေနေသာ လက္မ်ားအား ထိန္းရင္း သူ႕ ကေလးေလးအား ေပြ႕ဖက္ထားမိသည္။
မ်က္ဝန္းထက္မွ မ်က္ရည္မ်ားသည္ အတားအဆီး မရွိ စီးက်လာကာ အကူညီ ေအာ္ေတာင္းရေအာင္လည္း စို႔ႏွင့္မႈ႕ေၾကာင့္ အသံမ်ားပင္ သူ မထြက္နိူင္ေတာ့။
သိုင္းဖက္ထားေသာ ေကာင္ေလးအား ငိုသံႏွင့္ ခပ္တိုးတိုး ေတာင္းဆို ေနသည္။

"ညီ အိပ္မသြား နဲ႕ေနာ္ ကိုယ္ေျပာတာ ၾကားလား "

"လုံးဝ အိပ္မသြား နဲ႕လို႔ ..ညီ မင္း အိပ္သြားလို႔ မရဘူးေနာ္ "

"ခဏေလးဘဲ ခဏေလးဘဲ ေတာင့္ခံထားေပးပါ ကိုယ့္အခ်စ္ရယ္ ေတာင္းပန္ပါတယ္ မင္း မရွိရင္ မျဖစ္လို႔ပါ "
ရင္ခြင္ထဲမွ ေကာင္ေလး ၾကားနိူင္မည္ မဟုတ္ေသာ ေတာင္းဆိုသံမ်ားအား သူ တရစပ္ ေတာင္းဆို ေနမိသည္။

မိနစ္ပိုင္းအၾကာတြင္ cafe ဆိုင္ထဲမွ မ႐ူပါ ပါမက အနီးနားမွ လူမ်ားပါ ဝိုင္းလာၾကကာ လူနာတင္ယာဥ္ ေခၚလိုက္ၾကသည္။

လူနာတင္ယာဥ္ ေရာက္သည္ႏွင့္ ခ်ားလစ္ ကားႏွင့္ အတူ လိုက္သြားလိုက္သည္။
မိသားစု ဝင္မ်ားအား ဆက္သြယ္ရန္ ခ်ားလစ္ မ႐ူပါ အား အကူညီေတာင္းကာ ေဆး႐ုံ သို႔ လိုက္လာခဲ့ရန္ ေျပာခဲ့ရသည္။

ခ်ားလစ္ အသက္ လုေနရေသာ သူ႕ကေလး လက္အား ဆုပ္ကိုင္ထားရင္း ဆာလံက်မ္း အခန္းႀကီး 91အား ထပ္ခါထပ္ခါ ႐ြတ္မိေနသလို ဘုရားသခင္ ထံတြင္လည္း ဘယ္ႏွစ္ႀကိမ္ ထိမ်ား ဆုေတာင္းေနမိလဲပင္ သူမေရတြက္ နိူင္ေတာ့။
မ်က္ဝန္းမ်ားမွာလည္း ငိုေနမိ၍ နီရဲလာကာ ေခါင္းမ်ားပင္ ကိုက္လာေသာ္လည္း သူ႕စိတ္သည္ေတာ့ သူ႕ခႏၶာကိုယ္ နာက်င္မႈမ်ားအား သတိထားမိျခင္း မရွိေတာ့။

အေရးေပၚကား ထဲတြင္လည္း ေအာက္စီဂ်င္ ေပးကာ အေရးေပၚ အသက္ကယ္နည္းမွလြဲ လက္နက္ပစၥည္း မစုံေသာေၾကာင့္ သူတို႔ အကုန္ ေဆး႐ုံသို႔ ျမန္ျမန္ ေရာက္ေအာင္ သာ ဆုေတာင္းေနရသည္။
ခ်ားလစ္ ထိုကေလးအား အဆုံးရႈံး မခံနိူင္။
ထိုကေလးသည္ သူ႕အသက္ သူ႕ဘဝ ႀကီး ဆိုတာ သူ႕ကိုယ္သူ ေကာင္းေကာင္းနားလည္ ထားသည္။
ဘယ္လို လုပ္မ်ား ဒီေကာင္ေလးကို လက္လႊတ္နိူင္ပါ့မလဲ။

အေဝးကေန ေငးၾကည့္ ေနခဲ့ရတာေတာင္ သူ႕အဖို႔ အရမ္းနာက်င္ စရာ ေကာင္းေနၿပီကို ဘာလို႔မ်ား ဒီလို ထိခိုက္ နာက်င္ရတာမ်ိဳး ျဖစ္ရတာလဲ
ထိုကေလး ေနရာအစား သူကိုသာ ဝင္တိုက္လိုက္ရင္ ထို ကေလး အစား သူသာ နာက်င္ေပးခြင့္ ရခဲ့ရင္ အေကာင္းသား။

သူပင္ မထိရက္ မကိုင္ရက္ ျဖစ္ေနေသာ ကေလး ကို မည္သူကမ်ား ရည္႐ြယ္ခ်က္ ရွိရွိ ကားနဲ႕ တိုက္ရက္ရသည္လဲ
သူတန္ဖိုး ထားလြန္းရတဲ့ ဒီကေလးကို မွ။

ေဆး႐ုံ ေရာက္သည္ႏွင့္ Operation ခန္းထဲ တန္းဝင္ရေသာ သူခ်စ္ရသည့္ေကာင္ေလးသည္ တကယ္ကိုပင္ ေသမင္းႏွင့္ စစ္ခင္းေနရသည့္ အေျခေန ျဖစ္ေနသည္။
ေဆး႐ုံကားကို မည္သူ ေခၚေပးလိုက္မွန္း မသိလာေခၚေသာ ကားမွာ Private ေဆး႐ုံမွ လူနာတင္ယာဥ္ ျဖစ္ကာ လက္ရွိ သူေရာက္ေနေသာ ေဆး႐ုံမွာလည္း private ေဆး႐ုံ တစ္ခုပင္။
ခ်ားလစ္ သူ၏ ေသြးမ်ားေပေနေသာ အဝတ္စား မ်ားႏွင့္ Operation ခန္းေရွ႕ ရပ္ေနရင္း ေကာင္ငယ္ေလး၏ မိသားစုမ်ား ေရာက္မည့္အခ်ိန္ကိုလည္း ေစာင့္ေနမိသည္။

ထို႔ေနာက္ အခင္းေနရာတြင္ ေျပးထြက္သြားေသာ William အား အက်ိဳးအေၾကာင္းေမးရန္ သတိရလာ၍ တစ္ျခားေနရာ သို႔ ထြက္လာခဲ့သည္။
သူ ေသြးလႉဌာန သို႔ အေရာက္တြင္ အထဲမွ nurse မအုပ္ႀကီး၏ ဆူပူသံ အခ်ိဳ႕အား ၾကားလိုက္ရသည္။

"AB ေသြးအေရးေပၚလိုေနတာ ဘာလို႔ ဒီအခ်ိန္မွ တစ္လုံးမွေတာင္ မရွိရေတာ့တာလဲ "

"ေတာင္းပန္ပါတယ္ မစစ္ထားမိတဲ့ ကြၽန္မတို႔ အမွားပါ"
အငယ္ nurse မေလးက ေတာင္းပန္လာသည္။

"ဆရာမ ေရာက္လာတဲ့ ေကာင္ေလးက ေဆး႐ုံအုပ္ရဲ႕ တူဆို ဆရာမ "

ငယ္ငယ္႐ြယ္႐ြယ္ nurseမေလးက စပ္စုလိုက္သည္။
"ေအး ဟုတ္တယ္ မင္းအိပ္မက္သစ္တဲ့ ေကာင္ေလးက ကားတိုက္ခံရတာ အေျခေန အေတာ္ဆိုးတယ္ "

မင္းအိပ္မက္သစ္ ဆိုသည့္ နာမည္ေၾကာင့္ နားေထာင္ေနသူ ခ်ားလစ္တစ္ေယာက္ ႐ုတ္တရက္ ႏွလုံးမ်ား ေဆာင့္ခုန္သြားသည္။

"ေသြးဘဏ္ကို အကူညီေတာင္းၾကည့္ရင္ေရာ"
nurse တစ္ေယာက္အႀကံေပး လာသည္။

"လမ္းခရီး ၾကာခ်ိန္နဲ႕ဆို မမွီေတာ့ဘူး "

"လူနာေစာင့္ေတြဆီက အကူညီေတာင္းၾကည့္ရမလား"

"မထူးေတာ့ဘူး အေရးေပၚ ျဖစ္ေနတဲ့ ေနာက္ေတာ့ အဲ့လိုဘဲ လုပ္ရမွာဘဲ အသံလႊင့္ဌာနမွာ သြားေၾကညာလိုက္ သြား"
nurse အုပ္ႀကီးက nurse မေလးအား ထိုသို႔ ၫႊန္ၾကားလာသည္။

AB ေသြး အေရးေပၚ လိုအပ္ေနကာ လိုေနသူမွာလည္း သူ႕ကေလး ျဖစ္ေနေသာေၾကာင့္ ခ်ားလစ္ တံခါး ပင္ မေခါက္နိူင္ဘဲ အခန္းတံခါး ဖြင့္ဝင္လိုက္သည္။တံခါးဖြင့္သံေၾကာင့္ သူ႕ထံ လွည့္ၾကည့္လာေသာ အၾကည့္မ်ားအား လ်စ္လ်ဴရႈရင္း ေျပာလိုက္သည္။

"ကြၽန္ေတာ္က ABေသြးပါ အဲ့ဒီေကာင္ေလးအတြက္ လိုအပ္ေနတဲ့ေသြး ကြၽန္ေတာ့္ဆီက ယူပါ"

ေသြးလႉ ထားသည္မွာ ေလးလ ျပည့္ဖို႔ ရက္ လိုေသးသည္ကိုေတာ့ ထည့္မေျပာျဖစ္လိုက္။

သူ႕စကားေၾကာင့္ မႈံကုတ္ေနေသာ nurse မ်ား၏ မ်က္ႏွာမ်ား႐ႊင္လာကာ သူ႕အား ခုတင္ေပၚ အျမန္လဲခိုင္းရင္း ေသြးမထုတ္မွီ ေသြးစစ္ ျခင္းမ်ားကို လုပ္ေနလိုက္သည္။

သူ႕လက္ေသြးေၾကာအား အပ္ႏွင့္ထိုးရင္း nurseအုပ္ႀကီးမွာ ေပေနေသာ သူ႕အဝတ္မ်ားအား ၾကည့္ရင္း ေမးလိုက္သည္။

"အဲ့ေကာင္ေလးကို ေခၚလာတာ မင္းမလား"
ခ်ားလစ္ အသာ ေခါင္းၿငိတ္ျပလိုက္သည္။

စိုးရိမ္စိတ္ေၾကာင့္ လက္မ်ားမွာ ေအးစက္ေနကာ
ႏွလုံး ခုန္ႏႈန္းလည္း အနည္းငယ္ျမန္ေသာေၾကာင့္ nurse က သူ႕အားေျဖသိပ့္သလို ေျပာလိုက္သည္။
"စိတ္မလႈပ္ရွားနဲ႕ သူအဆင္ေျပမွာပါ"

သူ႕ခႏၶာကိုယ္မွ တစ္ဆင့္ ပိုက္ထဲ ၊ထိုမွ ေသြးပုလင္းဆီမွေန သူ႕ကေလး၏ ခႏၶာကိုယ္ထဲ စီးဝင္သြားမည့္ သူပိုင္ေသာေသြးမ်ား

"သူ အသက္ရွင္နိူင္ဖို႔ ရာခိုင္ႏႈန္း မ်ားတယ္မလား"

ခ်ားလစ္ ႐ုတ္တရက္ အေမးေၾကာင့္ Nurse အုပ္ႀကီးမွာ ေၾကာင္သြားေသာ္လည္း ေနာက္ ခ်ားလစ္ စကား အဓိပ္ပါယ္အား နားလည္ သြား၍ ေခါင္းၿငိတ္ျပလာသည္။

"ဆရာဝန္ေတြ အတတ္နိူင္ဆုံး ကယ္တင္နိူင္မွာပါ
မင္းသိပ္ၿပီး စိတ္မပူနဲ႕ ေသြးထုတ္ၿပီးရင္း ဒီမွာ ခဏ လဲေနလိုက္ လႈပ္လႈပ္ရွားရွား လုံးဝ မလုပ္နဲ႕"

ခ်ားလစ္ ေခါင္းၿငိတ္ျပလိုက္သည္။

'ေသြးစက္တိုင္းမွာ ကိုယ့္ခ်စ္ျခင္းေမတၱာေတြ အျပည့္ပါတယ္ညီ
မင္းခႏၶာကိုယ္ထဲ စီးဝင္သြားတဲ့အခါ ဒီေသြးပိုင္ရွင္ဟာ မင္းကို ႐ူး႐ူးမူးမူး ခ်စ္ေနမိပါေၾကာင္း မင္းခံစားမိရင္ သိပ္ေကာင္းပါစ '

ေသြးထုတ္ၿပီး ေနာက္အနားယူခ်ိန္ အိပ္ေပ်ာ္မသြားေအာင္ ခ်ားလစ္ အတင္းထိန္းေသာ္လည္း စိတ္ေရာကိုယ္ပါ ပင္ပန္းေနၿပီ ျဖစ္ေသာ သူ႕မွာ ထိုခုတင္ေပၚတြင္သာ အိပ္ေပ်ာ္သြားေတာ့သည္။

သူ အိပ္ေနစဥ္ အတြင္း လူနာ၏ မိခင္ ျဖစ္သူ သူ႕အားေက်းဇူး တင္စကား ေျပာရန္ လာေရာက္ ေတြ႕ဆုံ ခဲ့သည္ကိုေတာ့ အိပ္ေပ်ာ္သြားေသာ ခ်ားလစ္ တစ္ေယာက္ မသိလိုက္။
ထိုလူနာ မိခင္သည္လည္း အိပ္ေမာက်ေနေသာ ခ်ားလစ္အား မနိူးရက္၍ အခန္းထဲမွ တိတ္တဆိတ္ျပန္လည္ ထြက္ခြာသြားေတာ့သည္။

<<<<<< >>>>>>

ေျမေအာက္ခန္း တစ္ခု တစ္နည္းအားျဖင့္ Gods အဖြဲ႕၏ ေျမေအာက္ခန္းမ်ားစြာ ထဲမွ ႏွိပ္စက္ညင္းပန္းရန္ သီးသန့္ျပဳလုပ္ထားသည့္ ေျမေအာက္ခန္း တစ္ခု ျဖစ္သည္။
ထို အခန္းထဲသို႔ ခ်ားလစ္ တစ္ေခါက္မွ မေရာက္ခဲ့ဖူးေသာ္လည္း ယေန႕တြင္ေတာ့ သူေရာက္လာခဲ့သည္။

ထိုအထဲတြင္ လက္ႏွစ္ဖက္အား ခ်ိန္းမ်ားႏွင့္ ေသာ့ခတ္ခံထားရကာ တြဲလဲ ဆြဲခံထားရေသာ လူတစ္ေယာက္၊တစ္နည္းအားျဖင့္ Dreamအား ကားျဖင့္ ရည္႐ြယ္ခ်က္ ရွိရွိတိုက္သြားေသာ လူ

ထိုလူမွာ နည္းမ်ိဳးစုံႏွင့္ အႏွိပ္စက္ ခံထားရကာ
ခႏၶာကိုယ္ တစ္ခုလုံးမွာလည္း ရစရာ ေနရာပင္ မရွိ။အေပၚပိုင္း အဝတ္စား ကင္းမဲ့ေနကာ ထိုကင္းမဲ့ေနေသာ အေပၚပိုင္းတြင္လည္း ၾကာပြတ္ရာမ်ား အျပည့္ပင္။

William အခန္းထဲ ဆင္းလာေသာ ခ်ားလစ္အား လွမ္းၾကည့္ကာ ေမးလာသည္။

"မင္းေရာက္လာ ၿပီးလာ"
ခ်ားလစ္ ေခါင္းအသာ ၿငိတ္ျပလိုက္သည္။

"ဒီေကာင္ ေတာ္ေတာ္ ႏႈတ္လုံတယ္ တစ္ခြန္းမွ မဟဘူး ႏွိပ္စက္နည္း ေတြလည္း အေတာ္ စုံေနၿပီ
က်ာပြတ္နဲ႕ ရိုက္ေမးတာ အစာငတ္ထားတာ ဓားနဲ႕ အသားကိုမႊန္းတာ
ေျခလက္ေတြ ကိုလည္း ရိုက္ခ်ိဳးထားတယ္ ၿပီးေတာ့ ေရစက္ေအာက္မွာလည္း သူ႕ကိုခ်ည္ဖမ္းထားခဲ့ေပမဲ့ တစ္ခြန္းမွ မဟလာဘူး "

AN- ( ေရစက္ဆိုတာ ဇာတ္ကားေတြထဲက တစ္စက္ခ်င္းက်တာေလ အဲ့ဒါက စစခ်င္းေတာ့ နာတာမ်ိဳး မသိသာေပမဲ့ ၾကာေလ ဦးေရဖ်ားက လုံးဝအထိမခံနိူင္ ကိုက္ခဲ နာက်င္လာတာ အဲ့ဒါကေတာ့ ညဥ္းပန္းနည္း တစ္မ်ိဳးေပါ့ )

William စကားၾကာင့္ ထိုအဖမ္းခံထားရေသာ လူက ေခါင္းငိုက္စိုက္က်ေနရင္း ေမာ့လာကာ တစ္ခ်က္ ေလွာင္ ရယ္လိုက္သည္။
"ဟက္.."

သူ႕ရယ္သံေၾကာင့္ စိတ္မရွည္ ျဖစ္ေနေသာWilliam တစ္ေယာက္ ထိုလူမ်က္ခြက္အား အားပါပါႏွင့္ ထပ္မံ ဆြဲထိုးလိုက္ေသာ္ အားျပတ္ေနၿပီ ျဖစ္ေသာ ထိုလူမွာ ေခါင္းငိုက္စိုက္သြားျပန္သည္။

"သူ ဘယ္သူလဲ စုံစမ္းလို႔ ရၿပီလား "

ခ်ားလစ္ သူ႕ေရွ႕မွ ေခါင္းငိုက္စိုက္က်ေနၿပီ ျဖစ္ေသာ လူအား အၾကည့္မလႊဲဘဲ Williamအား ေမးလိုက္သည္။

"ေတာင္းပန္ပါတယ္ ခုထိမသိရေသးဘူး နိူင္ငံသား ျဖစ္ေၾကာင္း အသိမွတ္ျပဳထားတဲ့ မွတ္ပုံတင္ေတာင္ မရွိတဲ့ လူ ထင္တယ္"

ေျမေအာက္ဂိုဏ္းမ်ားတြင္ ထိုသို႔ေသာ ရွိမွန္းေတာင္ မသိရသည့္ လူ မ်ားစြာ ရွိေန၍ ဤလူ အေၾကာင္း စုံစမ္းရခက္သည္မွာ မထူးဆန္း။

"သူ႕ကို ဂိုဏ္း တစ္ခုခု က အဖြဲ႕ဝင္လို႔ အစ္ကို ထင္လား "

"သူ႕ရဲ႕ ဒီလို ပုံစံကတင္ အရမ္းသိသာေနၿပီေလ
ဒါေပမဲ့ ဘယ္ဂိုဏ္းကလဲ ငါမခန့္မွန္းနိူင္ဘူး
သိသာတဲ့ အမွတ္သား ဘာမွ မရွိဘူး ျဖစ္ေနတယ္
ၿပီးေတာ့ ၾကည့္ရတာ သူ႕ကို ခိုင္းတဲ့ သူက သတင္းေပါက္ၾကားမွာ စိုးလို႔ သာမာန္လူကို မငွားဘဲ သူ႕အေသခံ တပ္သားကို သုံးတာေနမယ္
သူတို႔အစီစဥ္ထဲ ငါဝင္ပါသြားတာေတာ့ သူတို႔ကံဆိုးသြားတာဘဲ"

ခ်ားလစ္ ဘာမွ မေျပာေသာေၾကာင့္ William က ဆက္ေျပာလာသည္။

"တကယ္ေတာ့ ကားကို စေတြ႕တည္းက ငါ သိသင့္တာပါ "

"ဒါ အစ္ကို႔ အမွား မဟုတ္ဘူး "

ခ်ားလစ္ ထိုသို႔ ေျပာရင္း လက္နက္မ်ား ဓားမ်ား အစီအရီ တင္ထားသည့္ ခုံဘက္သို႔ေလွ်ာက္သြားလိုက္သည္။
ထို႔ေနာက္ ထို႔ထဲမွ ဘရိတ္ဓား တစ္ခုအား ယူလိုက္ေသာ္ William သူ႕အား အလ်င္အျမန္ ေမးလာသည္။

"မင္းဘာလုပ္မလို႔လဲ "

"အစ္ကို ေျပာတဲ့ ပါးစပ္ လုံတဲ့ သူနဲ႕ ကစားၾကည့္မလို႔ေလ "
ခ်ားလစ္၏ ထီမထင္ ပုံစံေၾကာင့္ William အလ်င္အျမန္ လွမ္းတားလိုက္သည္။

"မင္း အဲ့ဒါ ခ်ထားလိုက္ ငါရေအာင္ စစ္ေမးေပးမယ္ မင္း ေလွ်ာက္မလုပ္နဲ႕ "

ျဖဴျဖဴစင္စင္ ေကာင္ေလး တစ္ေယာက္၏ လက္မ်ား ေသြးစြန္းသြားတာမ်ိဳး William မလိုခ်င္။
ထို႔ျပင္္ ခ်ားလစ္မွာ သူ၏အသက္သခင္ ျဖစ္သည့္အျပင္ သူ၏ညီကဲ့သို႔ ခ်စ္ခင္ရတဲ့သူ ျဖစ္သည္။
ခ်ားလစ္၏ ထူးခြၽန္ေသာ ပုံစံေၾကာင့္ သူ႕ေလာကထဲ ဆြဲေခၚခ်င္တာေတာင္ ျဖဴျဖဴစင္စင္ ကေလးကို အေရာင္မဆိုးခ်င္၍ ေခၚခဲ့တာ မဟုတ္။

William စကားေၾကာင့္ ခ်ားလစ္ ေလွာင္ရယ္လိုက္သည္။
"ဟက္ အစ္ကိုက ကြၽန္ေတာ္ ဘယ္ေနရာမွာ ႀကီးျပင္းလာခဲ့လဲ ေမ့ေနပုံဘဲ "

"မင္း... "

"အစ္ကိုသိလား ကြၽန္ေတာ္က စစ္ပြဲေတြ ၾကားထဲ လည္း အသက္လုေျပးရင္း ရွင္သန္ခဲ့ရဖူးတယ္
လူေတြအျမင္မွာ ကြၽန္ေတာ္က ရိုးသား ၿပီးအျပစ္မဲ့တယ္ လို႔ ထင္ေနၾကေပမဲ့
ကိုယ့္အသက္ရွင္ေရး ေသနတ္ ကိုင္ၿပီး လူသတ္ခဲ့ရတဲ့ အခ်ိန္ေတာင္ ရွိခဲ့ဖူးတယ္
ကြၽန္ေတာ့္ေရွ႕မွာတင္ ေျချပန္လက္ျပတ္ ျဖစ္သြားတဲ့ သူေတြ ႐ုပ္ပ်က္ဆင္းပ်က္ ေသသြားရတဲ့ သူေတြကို ျမင္ခဲ့ရတာ
အျပစ္မရွိတဲ့ ႐ြာသားေတြကိုသတ္ တစ္႐ြာလုံး မီးရွို႔ၿပီး မိန္းကေလးေတြကိုေတာ့ ဆံပင္ကေန ဆြဲ
ေတာထဲေခၚသြားၿပီး မုဒိမ္းက်င့္ခဲ့တာေတြကို အကုန္ျမင္ခဲ့ရတဲ့သူ ဒီလိုႏွိပ္စက္တာေလာက္ေလးနဲ႕ေတာ့ ကြၽန္ေတာ့္လက္က နဂိုတည္းက ေသြးစြန္းခဲ့ၿပီးသားေလ ကြၽန္ေတာ္ လုပ္ခ်င္ရင္ ဘယ္ေလာက္ထိ ဆိုးဆိုးဝါးဝါး လုပ္ပစ္နိူင္လဲ ဆိုတာ အစ္ကို သိပါတယ္ "

ခ်ားလစ္ ၏ ရွည္လ်ားေသာ စကား အဆုံး Williamဘာမွ ထပ္မေျပာေတာ့။
ခ်ားလစ္ ေျပာသည္မွာလည္း မွန္ေနေသာေၾကာင့္ သူလုပ္ခ်င္သလိုသာ လုပ္ခြင့္ေပးထားလိုက္သည္။

Williamသည္လည္း ထိန္းခ်ဳပ္နယ္ေျမတြင္ ခဏတာ သြားေနဖူး၍ ခ်ားလစ္ ေျပာသည့္ စကား၏ အဓိပ္ပါယ္နှင့္ခံစားခ်က္မ်ားအား သူနားလည္သည္။

သူ႕အဖို႔ ထိုကိစၥမ်ားတြင္ ဘယ္သူမွားလဲ ဘယ္သူမွန္လဲ မသိေသာ္လည္း သူသြားေနထိုင္ခဲ့သည့္ ခဏတာအေတာတြင္းမွာပင္ ေလယ်ာဥ္ႏွင့္ လာကာ ဗုံးႀကဲသည္ကိုလည္း သူႀကဳံဖူးသလို အခ်ိန္မေ႐ြး ျဖစ္လာတတ္သည့္ တိုက္ပြဲအေၾကာင္းလည္း သူသိသည္။
ထိုသို႔ ႀကိဳတင္ခန့္မွန္းမရေသာ တိုက္ပြဲတြင္ ရွင္သန္ဖို႔အတြက္ ခ်ားလစ္ဝိန္း အေနႏွင့္ ငယ္ငယ္႐ြယ္႐ြယ္ ေသနတ္ကိုင္ရျခင္းအား သူအျပစ္မတင္နိူင္။

အရင္တည္းက ဘယ္သူမွားလဲ ဆိုေတာ့ ခ်ားလစ္ဝိန္းအား ထို ထိန္းခ်ဳပ္နယ္ေျမတြင္ ေခၚေနကာ ကိုယ္ခံပညာမ်ားႏွင့္ စစ္ဗ်ဴဟာမ်ားအား သင္ၾကားေစခဲ့သည့္ ခ်ားလစ္အဖိုး၏ အမွားဟုသာ သူျမင္သည္။

ခ်ားလစ္ ဘရိတ္ဓား ေသးေသးေလးယူကာ အဖမ္းခံ ထားရသည့္ လူေရွ႕ ရပ္ရင္း ထိုလူအား မဲ့ၿပဳံးၿပဳံးျပကာ ဆိုလာသည္။

"ဟက္.... မေျပာခ်င္ဘူးေပါ့ ကိစၥမရွိဘူး မင္းကို မေသမရွင္ ဘဝ ရေအာင္ငါလုပ္ေပးမယ္"

ခ်ားလစ္ ထိုလူေရွ႕ ထိုင္ခ် လိုက္ကာ ထိုလူ၏ ေျခေထာက္အား ၾကည့္ကာ ရက္စက္သည့္အၿပဳံးႏွင့္ ေျပာလာသည္။

"ဒီေျခေထာက္ေတြက ညီ့ကို တိုက္ပစ္ဖို႔ အတြက္ လီဗာ ႏွင္းခဲ့တဲ့ ေျခေထာက္ေတြေပါ့
ဟက္..သူတို႔က အျပစ္ရွိတယ္ "

ခ်ားလစ္ ထိုသို႔ ေျပာၿပီးသည္ႏွင့္ ထိုလူ၏ ေျခေခ်ာင္းေလးမ်ားအား ဘရိတ္ဓား ႏွင့္ ေအးေဆးစြာ မႊန္းေနေတာ့သည္။

" အား.....ေတာ္ပါေတာ့.. အား "
နာက်င္ေသာ သူ႕လုပ္ရပ္ေၾကာင့္ ထိုလူ၏ ေအာ္ဟစ္သံမ်ား ရပ္ရန္ ေတာင္းဆိုသံမ်ားကို
လ်စ္လ်ဴရႈကာ သူ လုပ္စရာ ရွိသည္အား စိတ္ေျပနေျပ ဆက္လုပ္ေနသည္။

ေျခေခ်ာင္း တစ္ေခ်ာင္းခ်င္းစီမွေန ေျခဖဝါး
ေထာက္ရပ္လို႔ မရေအာင္ ေျခဖဝါးအား ရွရာေပါင္းမ်ားစြာျဖင့္ ျဖည္းျဖည္းမႊန္းရင္း ထိုလူ၏ ေအာ္ဟစ္သံအား အရသာ ခံ နားေထာင္ ေနလိုက္သည္။
ခ်ားလစ္ ၾကည့္ရသည္မွာ မူလခ်ားလစ္ႏွင့္ပင္ မတူေတာ့ဘဲ စိတၱဇ ေကာင္ တစ္ေကာင္ႏွင့္ပင္ တူေနေလသည္။

ထို႔ေနာက္ ေျခေထာက္မွသည္ အဝတ္မပါသည့္ ရင္ဘတ္သို႔ တက္ကာ ေၾကာက္စရာေကာင္းသည့္ မဲ့ၿပဳံးတစ္ခ်က္ ထပ္ၿပဳံးလိုက္ျပန္သည္။

"ဒီႏွလုံး ေနရာ ..ေဖာက္ထုတ္လိုက္ရင္မ်ား ဘယ္လို ျမင္ကြင္းမ်ိဳး ျဖစ္လိမ့္မလဲေနာ္
နီနီ ရဲရဲ နဲ႕ အရမ္းလွေနမွာဘဲ"

ခ်ားလစ္ လက္တစ္ဖက္မွ ဓားတို ႏွင့္ ထိုႏွလုံးေနရာအား အေပၚယံ ေတ့ထားလိုက္ကာ ထိုလူ႕မ်က္ႏွာအား ခံစားခ်က္ မဲ့စြာ ၾကည့္ရင္း ေျပာလာျပန္သည္။

" ဒီႏွလုံးက ညီ့ကို တိုက္ပစ္ဖို႔ မင္းရဲ႕ ဦးေႏွာက္ကို
ေစၫႊန္ခဲ့တယ္ က်စ္...ဘယ္လို လုပ္မလဲ မင္းေျပာၾကည့္ သူကလည္း အျပစ္ရွိတယ္ မလား "

ထိုသို႔ ေျပာၿပီးသည္ႏွင့္ ႏွလုံးထိ မေရာက္ေအာင္ ဓားတိုႏွင့္ ထိန္းကာ သူ ထိုးစိုက္လိုက္ေတာ့ ထိုလူက အသံက်ယ္ႀကီးႏွင့္ ေအာ္ဟစ္လာသည္။

"အား..."

ေအာ္ဟစ္သံအား လ်စ္လ်ဴရႈ႕ရင္း ခ်ားလစ္ ထိုလူ ရင္ဘတ္မွ စီးက်လာေသာ ေသြးမ်ားအား လက္ညိုးႏွင့္ အနည္းငယ္ ခံယူလိုက္သည္။
သူ႕လက္မွ ေပေနေသာ ထိုေသြးမ်ားအား ၾကည့္ရင္း ခ်ားလစ္ မွာ အမူယာေျပာင္းသြားျပန္ကာ မ်က္ႏွာ တစ္ခု လုံး ၿပိဳေတာ့မည့္ မိုးလို ျဖစ္လာကာ စို႔ႏွစ္စြာ ေျပာလာသည္။

"မင္းသိလား မင္းညီ့ ကို တိုက္ခဲ့တုန္းကလည္း ညီ့ရဲ႕ နီနီရဲရဲ ေသြးေတြက လမ္းမထက္ ျဖာက်ေနခဲ့တာ "
ထို႔ေနာက္ ထို ၿပိဳေတာ့မည့္ မ်က္ႏွာဟာ ႐ုတ္တရက္ ခက္ထန္လာကာ ထိုလူအား ေဒါႀကီးေမာႀကီးႏွင့္ ေျပာလာသည္။

"ညီမွာ ဘာအျပစ္ရွိလို႔ မင္းလိုဘာမွ တန္ဖိုး မရွိတဲ့ ေကာင္က သတ္ရဲ တာလဲ ဟမ္ လူ႕ တိရိစ္ဆာန္ေကာင္ "

က်ယ္ေလာင္ေသာ ျဖန္းခနဲ ျမည္သံႏွင့္ အတူ ခ်ားလစ္ ထိုလူ႕ေသြးေပေနေသာ လက္ျဖင့္ ထိုလူ႕မ်က္ႏွာအား ခ်ားလစ္ ျပင္းထန္စြာ ရိုက္ခ် လိုက္သည္။

"မင္းရဲ႕ ညစ္ပတ္ၿပီး ယုတ္ညံံ့တဲ့ ေသြးေတြက တကယ္ကို ႐ြံစရာဘဲ "

ထို႔ေနာက္ ခ်ားလစ္ ၏ အၾကည့္မ်ားသည္ ခ်ိန္းျဖင့္ တန္းလန္း ဆြဲခံထားရသည့္ လက္မ်ားထံသို႔ အၾကည့္ ေရာက္သြားျပန္သည္။

"ဒီလက္ေလးေတြ ဒီလက္ေတြက ညီ့တို႔ တိုက္ပစ္ဖို႔ စတီယာတိုင္ ထိန္းခဲ့တဲ့ လက္ေတြဘဲ
ဟက္...သူတို႔က ပို အျပစ္ရွိတာဘဲ ငါေျပာတာ မွန္တယ္မလား "

ထို႔သို႔ သူ႕ကိုယ္သူ ေျပာေနဟန္ျဖစ္ေသာ္လည္း အခန္းထဲမွ လူအကုန္ၾကားေနရကာ ခ်ားလစ္ ဘာမ်ား ဆက္လုပ္မလဲ သူတို႔ ေစာင့္ၾကည့္လိုက္သည္။
ခဏ အၾကာတြင္ အဖမ္းဆီး ခံထားရသည့္ လူ၏ ေအာ္ဟစ္သံေၾကာင့္ ခ်ားလစ္ လုပ္ရပ္အား ေစာင့္ၾကည့္ေနသည့္ လူမ်ား၏ မ်က္ႏွာမ်ားမွာ အဖမ္းခံထားရသည့္ လူအား စာနာသနားမိဟန္ျဖင့္ အနည္းငယ္ တြန့္သြားၾကသည္။

"အား...ရပ္လိုက္...နာတယ္.. အား.... "

ထိုလူ၏ လက္သည္းခြံတစ္ခုအား ကိရိယာျဖင့္ အစိမ္းလိုက္ ျဖည္းျဖည္းခ်င္း ဆြဲခြာ ကာ ထို႔လူ႕မ်က္ႏွာအား သူပိုင္သည့္ အညိုေရာင္မ်က္ဝန္းျဖင့္ ေအးစက္စက္ စိုက္ၾကည့္ရင္း ေမးလာသည္။

"ေျပာ ညီ့ကို ဒီလို လုပ္ဖို႔ မင္းကို ဘယ္သူ လႊတ္လိုက္တာလဲ "

သူ႕အေမးေၾကာင့္ အဖမ္းခံထားရသည့္ လူက လက္က်န္ အားႏွင့္ ခ်ားလစ္အား ၾကည့္ကာ ေလွာင္ရယ္လိုက္ရင္း ခ်ားလစ္ မ်က္ႏွာအား တံေထြးျဖင့္ ေထြးလိုက္သည္။
ထိုလူ႕ အျပဳမူေၾကာင့္ ခက္ထန္ေနေသာ ခ်ားလစ္မ်က္ႏွာထက္ မဲ့ၿပဳံး တစ္ခုျဖစ္တည္လာကာေလွာင္ရယ္လိုက္သည္။

"ဟက္...အားေတြ ရွိေန ေသးတာဘဲ နည္းနည္း သက္ညွာမိသြားၿပီ ထင္တယ္ "

မ်က္ႏွာ ထက္ေပသြားေသာ တံေထြးအား ပုဝါျဖင့္ ေအးေဆးစြာ သုတ္ေနရင္း ႐ုတ္တရက္ အားအျပည့္ျဖင့္ ထိုလူ၏ ဝမ္းဗိုက္အား ႏွစ္ခ်က္ဆက္တိုက္ ထိုးလိုက္သည္။
တိုက္ခိုက္ေရး သမားမ်ား ကဲ့သို႔ သန္မာကာ အားပါလြန္းေသာ ခ်ားလစ္၏ လက္သီးခ်က္ေၾကာင့္ ေန႕တိုင္း အႏွိပ့္စက္ ခံထား ရေသာ ထိုလူမွာ ရပ္နိူင္ျခင္း မရွိေတာ့ ။
ၾကည့္ရသည္မွာ အသိစိတ္မ်ား ကင္းမဲ့သြားသလိုပင္။
ေျခေခြသြားေသာ္လည္း လက္ႏွစ္ဖက္မွ ခ်ိန္းႏွင့္ တြဲဆြဲထား၍ အလုံးစုံ လဲက်ျခင္း ရွိမလာ။

သူ႕ေရွ႕မွ မ်က္လုံးမ်ား မွိတ္သြားေသာထိုလူအား တစ္ခ်က္ ၾကည့္ကာ ခ်ားလစ္ အနီးနားမွ ေရပုံး ရွာၾကည့္လိုက္သည္။
ေရပုံး ေတြ႕သည္ႏွင့္ ေရကန္ ထဲမွ ေရအား ခပ္ယူလိုက္ကာ ထိုလူ မ်က္ႏွာ တည့္တည့္ ပက္လိုက္သည္။
ေရေၾကာင့္ အသိစိတ္ ျပန္ကပ္လာေသာ ထိုအဖမ္း ခံထားရသည့္လူက ဖလူး ဖလူး ႏွင့္ ျဖစ္ကာ ေခါင္းအနည္းငယ္ ျပန္ေမာ့လာသည္။

ထိုလူမွာ သတိျပန္ကပ္ လာေသာေၾကာင့္ ခ်ားလစ္ ထပ္ၿပီး ႏွိပ္စက္ကာ စစ္ေမးမည္ အလုပ္ မေနနိူင္ေတာ့သည့္ William က ဝင္တား လိုက္သည္။

"ေတာ္ေတာ့ ခ်ားလစ္ မင္းဆက္လုပ္ရင္ သူေသသြား လိမ့္မယ္ သူ႕ကို ဖမ္းထားတာ Gods ကမွန္း သူသိေနတဲ့ ေနာက္ေတာ့ သူ႕ဂိုဏ္း ဒုကၡေရာက္ေအာင္ သူလုံးဝ ပါးစပ္ ဟမွာ မဟုတ္ဘူး "

သူ႕အား တားလာေသာ William အား ေအးစက္ကာ သတ္ျဖတ္ခ်င္စိတ္ မ်ားလြန္းသည့္ အၾကည့္စူးစူးျဖင့္ တစ္ခ်က္ ၾကည့္ကာ ေဆးစက္စြာ ေျပာလာသည္။

"အစ္ကို သိလား ညီက အခု အေရးေပၚ ခန္းမွာ 4ရက္တိတိ ေသမလား ရွင္မလား မသိေသးတဲ့ အေျခေနမွာ အသက္လုေနရတုန္းဘဲ
ညီ့ကို တိုက္သြားတဲ့ ဒီ လူယုတ္မာ က မေသသင့္ဘူးလား ညီ့ကို နာက်င္ေအာင္ လုပ္တဲ့ သူ မွန္သမွ် ညီနာက်င္ရတာထက္ အဆေပါင္းမ်ားစြာ ပိုနာက်င္သင့္တယ္ "

ခ်ားလစ္ ၏ ျပတ္သားေသာ စကားေၾကာင့္ ဝင္တားေသာ William တစ္ေယာက္ ပါးစပ္ပိတ္လိုက္သည္။
သူေတာင္ မဆီမဆိုင္ Dream အား တိုက္သြားသည့္ ဤအေကာင္ကို ႏူတ္ႏူတ္စင္းပစ္ ခ်င္တာကိုDreamအား အ႐ူးအမူး ခ်စ္ေနသည့္ ခ်ားလစ္ ဆိုရင္ေတာ့ ဤ သူေတာင္းစားအား ဘယ္ေလာက္ထိမ်ား သတ္ခ်င္သည္လဲ သူပင္ မခန့္ မွန္းနိူင္။

ထို႔ေနာက္ သံပူမ်ား ထည့္ထားေသာ မီးဖိုဘက္သို႔ ခ်ားလစ္ ေလွ်ာက္သြားလိုက္သည္။
မီးဖို ထဲမွ Gods ဟု ရိုက္ႏွိပ္ထားသည့္ သံပူတုတ္မ်ားစြာ ထဲမွ တစ္ခုအား ယူလိုက္ကာ အဖမ္းခံထားရသည့္ ထိုလူဘက္ ျပန္ေလွ်ာက္လာသည္။

ထိုလူက ခ်ားလစ္ လက္ထဲမွ သံပူတုတ္အား ျမင္သည့္အခါ မ်က္ဝန္းမ်ား ျပဴးက်ယ္လာသည္။
သူ႕အမူအရာ အား ျမင္လိုက္ေသာ ခ်ားလစ္ တစ္ေယာက္ ေအးစက္ေသာ မဲ့ၿပဳံး ၿပဳံးရင္း ေျပာလာသည္။

"မင္းကို ေနာက္ဆုံး အခြင့္ေရးေပးမယ္ မင္းကို ဘယ္သူ ခိုင္းတာလဲ "
ထိုလူက ခ်ားလစ္အား ၾကည့္ကာ မဲ့ၿပဳံး ၿပဳံးလိုက္ရင္း ျပန္ေျဖလာသည္။

"မင္း ငါ့ကို သတ္ခ်င္ သတ္လိုက္ မင္းသိခ်င္တဲ့ အေၾကာင္းအရာ ကိုေတာ့ ငါ့ပါးစပ္ကေန တစ္ခြန္းမွ ဟမွာ မဟုတ္ဘူး "

ထိုလူ၏ စိတ္အႏွောင့္ယွက္ ျဖစ္စရာ အၿပဳံးေၾကာင့္ ခ်ားလစ္ ထိုလူ႕ ေခါင္းေနာက္ဘက္ ဆံပင္အား ဆြဲကာ ေခါင္းေမာ့ ေစလိုက္ရင္း သံပူတုတ္ကိုင္ထားသည့္ လက္သည္ေတာ့ ထိုလူ၏ ရင္ဘတ္အား ဖိကပ္လိုက္သည္။

ပူေလာင္ကာ နာက်င္ လြန္းေသာေၾကာင့္ ထိုလူမွာ အရွင္လတ္လတ္ ငရဲ က်ေနရသကဲ့သို႔ ခံစားရကာ ေအာ္ဟစ္လိုက္သည္။

"အား..."

ခ်ားလစ္ နာက်င္လြန္းကာ ရႈံမဲ့ရင္း မ်က္ရည္မ်ား ထြက္ေနေသာ ထိုလူ႕မ်က္ႏွာအား အရသာ ခံ ၾကည့္ရင္း ထိုလူ႕ ပါးစပ္တြင္းသို႔ မေတာ္တဆအၾကည့္ေရာက္မိသြားသည္။
သြားေပၚမွ ျမင္လိုက္ရသည့္ ခပ္မည္းမည္း အရိုးေခါင္း ပုံစံေၾကာင့္ ခ်ားလစ္ မ်က္ေမွာင္ၾကဳတ္လိုက္ကာ ေနာက္မွ လူမ်ားအား အခန္းမီးမ်ားအား ဖြင့္ခ် ရန္ ခိုင္းလိုက္သည္။

အေမွာင္ထဲ ေနရသည္မွာ ၾကာ၍ထင္ အဖမ္းခံထား ရသည့္ ထိုလူက အလင္းေၾကာင့္ မ်က္လုံးမ်ား စူးသြားကာ မ်က္လုံး အား စုံမွိတ္လိုက္သည္။

ခ်ားလစ္ မီးပြင့္ လာသည္ႏွင့္ ထိုလူ႕ ပါးစပ္အား အလစ္ႏွင့္ ဆြဲၿဖဲလိုက္ကာ သြားမွ ထိုမည္းမည္း ပုံသ႑ာန္အား အတည္ျပဳလိုက္သည္။
အံသြား ဘက္အျခမ္းတြင္ အရိုးေခါင္း ပုံသ႑ာန္ တက္တူး တစ္ခု ကို ခ်ားလစ္မုင္ေတြ႕လိုက္ရသည္။
ခ်ားလစ္၏ ႐ုတ္တရက္ အျပဳမူေၾကာင့္ ထိုလူ အငိုက္မိသြားကာ မ်က္ႏွာ တစ္ခုလုံးသည္လည္း ေၾကာက္႐ြံ မႈ ေၾကာင့္လား မသိ ျဖဴစုတ္လာသည္။

ထိုလူ၏ ျဖစ္ေနေသာ ပုံစံေၾကာင့္ ထိုတက္တူးမွာ တစ္ခုခု ဘဲဆိုတာ ခ်ားလစ္ သေဘာေပါက္သြားသည္။
ထို႔ေၾကာင့္ မဲ့ၿပဳံးမ်ား ပန္ဆင္ရင္း William ဘက္ လွည့္ကာ ေမးလိုက္သည္။

"သြားမွာ အရိုးေခါင္း ပုံသ႑ာန္ တက္တူး တစ္ခု ရွိတယ္ ဘယ္ဂိုဏ္း ကလို႔ အစ္ကိုထင္လဲ "

ခ်ားလစ္ အေမးေၾကာင့္ William တစ္ေယာက္ ေခတၱစဥ္းစားကာ ျပန္ေျဖလာသည္။

"အရိုးေခါင္းပုံ တက္တူး... "
William တစ္ခ်က္ ေလွာင္ရယ္ လိုက္သည္။

"ဟက္...ငရဲ ဂိုဏ္း က ဦးရာဇာ ရဲ႕ ေနာက္လိုက္ေခြးဘဲ "

William စကားအား ခ်ားလစ္ နားမလည္ ၍ သူ႕အား မ်က္ေမွာင္ၾကဳတ္ ၾကည့္လိုက္ေသာ အခါ William က ရွင္းျပ လာသည္။

"သူ႕နာမည္ အျပည့္အစုံက ဦးရာဇာဓိရာဇ္
အဲ့လူရဲ႕ တရားဝင္အလုပ္ကေတာ့ ကားတင္ပို႔တာ ၿပီးေတာ့ ဟိုတယ္နဲ႕ ခရီးသြား လုပ္ငန္း ဘဲ ဒါေပမဲ့ ထိပ္တန္းအဆင့္ေတာ့ မဟုတ္ဘူး
မင္းသိလား သူ႕ရဲ႕တရားမဝင္ အလုပ္ကေတာ့ ေငြပိုရတယ္
မႈးယစ္ေဆးဝါး ၊တရားမဝင္ကား တင္သြင္းတာနဲ႕ တရား မဝင္ ေလာင္းကစား ဝိုင္းေတြ ေထာင္တာ ဘဲ
မကာအိုမွာ သူပိုင္တဲ့ ကာစီနိူ ေလာင္းကစား႐ုံ ရွိတယ္ တရားဝင္လို႔ ေျပာေပမဲ့ တရားလည္း မဝင္ဘူး
ဘာလို႔လဲ ဆိုေတာ့ အထဲမွာ တရားဝင္ ခြင့္ျပဳမထားတဲ့ ကိစၥေတြလည္း လုပ္ေနလို႔ဘဲ "

William ရဲ႕ ရွင္းျပသံ အဆုံး ခ်ားလစ္ မဲ့ၿပဳံး ၿပဳံးကာ ေျပာလာသည္။
"တရားမဝင္ ကားက ၿမိဳ႕ထဲ ေရာက္လာတာ မဆန္းေတာ့ဘူး "

"ေနဦး ဦးရာဇာက မင္းေကာင္ေလးကို ဘာလို႔ သတ္ခ်င္ရတာလဲ "
William နားမလည္သလို ခ်ားလစ္အား ေမးလာသည္။

"ကြၽန္ေတာ္ လည္း မသိဘူး ညီနဲ႕ မတည့္နဲ႕ ေကာင္ေလးေတြထဲက တစ္ေယာက္ရဲ႕ အေဖမ်ား ျဖစ္နိူင္လား "

"ျဖစ္နိူင္ေခ် ရွိတယ္ ဒါေပမဲ့ သူ႕သားနဲ႕ မတည့္႐ုံနဲ႕ ဦးရာဇာ လို လူက လႈပ္ရွားမွာ မဟုတ္ဘူး.ျဖစ္နိူင္ေခ် တစ္ခုဘဲ ရွိတယ္ "

William စကားေၾကာင့္ အား ခ်ားလစ္ သူ႕အား အေမးပါသည့္ အၾကည့္ျဖင့္ ၾကည့္လာသည္။

"မင္းအိပ္မက္သစ္ က ဦးရာဇာရဲ႕ ကိစၥေတြကို သိထားလို႔ ဒီျဖစ္နိူင္ခ် သာ မွန္ရင္ သူတို႔ ဒီတစ္ေခါက္ မင္းေကာင္ေလးကို သတ္ဖို႔ ႀကိဳးစားတာ မေအာင္ျမင္ရင္ေတာင္ ေနာက္အေခါက္ေတြ ဆို တာ က်ိန္းေသ ရွိလာလိမ့္မယ္
ၿပီးေတာ့ စကား စပ္မိလို႔ ေျပာရဦးမယ္
မင္းေကာင္ေလး ရဲ႕ အေဖကလည္း ရိုးရွင္း တဲ့ လူတစ္ေယာက္ မဟုတ္ဘူး
ဒီကိစၥကလည္း မင္းေကာင္ေလးရဲ႕ အေဖမပါရင္ေတာင္ သူနဲ႕ တစ္နည္းနည္းေတာ့ ပတ္သက္ေနေလာက္တယ္
မင္း အဲ့ေကာင္ေလးနဲ႕ ပတ္သက္မယ္ဆိုရင္ သတိထားဖို႔ ေတာ့လိုမယ္ "

William ၏ ေနာက္ဆုံး စကားအား ခ်ားလစ္ မယုံသလို ျပန္ေျပာလာသည္။

"မျဖစ္နိူင္တာ သူ႕အေဖက ပါခ်ဳပ္ႀကီးကို ၿပီးေတာ့ ညီက သူ႕သားေလ "

"ငါတို႔ေလာက က ေႁမြေႁမြခ်င္း ေျချမင္ၾကတယ္
လူတိုင္းက မင္းထင္သေလာက္ မရိုးရွင္းဘူး
ၿပီးေတာ့ ငါခုနက ေျပာတာ သူနဲ႕ တစ္နည္းနည္းနဲ႕ ပတ္သက္ေနေလာက္တယ္လို႔ဘဲ ေျပာတာ သူ႕သားကို သူ ႏႈတ္ပိတ္ ခိုင္းတာမပါဘူး
အဲ့ဒါ ထားလိုက္ပါ ဟိုလူကို မင္းဘယ္လို လုပ္ခ်င္လဲ "

William အဖမ္းခ်ဳပ္ ခံထားရသည့္ ငရဲဂိုဏ္းမွ လူအား ေမွးထိုး ျပလိုက္သည္။
ထိုအခါ ခ်ားလစ္ မဲ့ၿပဳံးၿပဳံးလိုက္ရင္း သူ႕လက္မ်ားက Williamေနာက္မွ လက္နက္ တင္ထားေသာ ခုံဆီသို႔ ေ႐ြ႕လ်ားသြားသည္။
ထို႔ေနာက္ ထိုလူအား မဲ့ၿပဳံး ၿပဳံးျပရင္း လက္ထဲမွ ေသနတ္ႏွင့္ ခ်ိန္ထားလိုက္သည္။

ခ်ားလစ္၏ အျပဳမူေၾကာင့္ William တစ္ေယာက္ လန့္ကာ အျမန္တားလာသည္။

"ခ်ားလစ္ မင္းဘာလုပ္ တာလဲ ခ်လိဳက္စမ္း အဲ့ေသနတ္ကို
ဒီေကာင္ကို ရွင္းခ်င္ရင္ ငါလုပ္လိုက္မယ္ မင္း လက္ကို ေသြးစြန္း ခံစရာ မလိုဘူး "

"ဟက္.. ညီ့ကို နာက်င္ေအာင္ လုပ္တဲ့သူကို ကြၽန္ေတာ့္ လက္နဲ႕ဘဲ အဆုံးသတ္ရလိမ့္မယ္
အစ္ကို ခုနက ဒီေကာင္ကို ဘယ္လို လုပ္ခ်င္လဲ ေမးတယ္
ေသခ်ာတာကေတာ့ က်ိန္းေသေပါက္ ငရဲ ကို ကြၽန္ေတာ္ ကိုယ္တိုင္ အေရာက္ ပို႔မွာ "

ခ်ားလစ္ စကား ဆုံးသည္ႏွင့္ ဒိုင္းခနဲ ျမည္သံႏွင့္ အတူ ထိုလူသည္အသက္မဲ့ကာ တြဲေလာင္း ျဖစ္သြားသည္။
William သူ႕ေရွ႕တင္ အသတ္ခံလိုက္ ရေသာ ထိုလူအား ၾကည့္ကာ ခ်ားလစ္၏ လက္ေျဖာင့္စေကးအား ၾသခ်မိသြားသည္။
တကယ္ကို ဓားႏွင့္ ထိုးသြားသည့္ ဒဏ္ရာတည့္တည့္ ႏွလုံးေနရာသို႔ ေဖာက္ဝင္သြားသည္။

ခ်ားလစ္၏ စိတၱဇ ဆန္လြန္းေသာ အျပဳမူေၾကာင့္ Williamသူ႕အား ေဒါသတႀကီး ေအာ္လာသည္။

"မင္းက စိတၱဇ ေကာင္လား ဘာလို႔ လူတစ္ေယာက္ အတြက္နဲ႕ ဒီေလာက္ ႐ူးရတာလဲ "

William စကားေၾကာင့္ ခ်ားလစ္၏ စိတၱဇ ဆန္လြန္းေသာ အၾကည့္မ်ားက အနည္းငယ္ ေပ်ာ့ေျပာင္းလာကာ William စကားအား စိတ္ဓာတ္က်ဝန္ အသံျဖင့္ အေျဖျပန္ေပးလာသည္။

"ဟုတ္တယ္ ကြၽန္ေတာ္က စိတၱဇ ေကာင္
အဲ့ဒီ စိတၱဇ ေကာင္ကေလ မင္းအိပ္မက္သစ္ ဆိုတဲ့ ေကာင္ေလးကိုေတာ့ သိပ္ခ်စ္သလို သိပ္လည္း ကာကြယ္ေပးခ်င္တာ"

ခ်ားလစ္၏ ဖြင့္ဟ ေျပာလာေသာ စကားေၾကာင့္ William ဘာမွ မတတ္နိူင္သလို သက္ျပင္း ခ်လိဳက္မိသည္။
ခ်ားလစ္သည္ေတာ့ William ၏ သက္ျပင္း ခ်သံအား လ်စ္လ်ဴရႈရင္း ဆက္ ေျပာလာသည္။

"အဲ့ေကာင္ အေလာင္းကို သူ႕ဂိုဏ္း ျပန္ပို႔လိုက္
ၿပီးေတာ့ သူ႕ဂိုဏ္းကိုပါ စကားပါးေပး
မင္းအိပ္မက္သစ္ ကို ထိရင္ Gods နဲ႕ ညွိမယ္လို႔ "

ခ်ားလစ္ စကားေၾကာင့္ စိတ္ေလ်ာ့လိုက္ၿပီ ျဖစ္ေသာ Williamတစ္ေယာက္ အလန့္တၾကား ထဆဲ မိသည္။

"Fuck ခ်ားလစ္ဝိန္း မင္းတကယ္ ငါတို႔အဖြဲ႕ထဲ ဝင္မလို႔လား "

William အေမးေၾကာင့္ ခ်ားလစ္ သူ႕အား စိတ္ရႈပ္သလို ၾကည့္ကာ ေျပာလာသည္။

"ဘာလဲ မရဘူးလား အစတည္းက ေခၚခ်င္ေနတာ မသိဘူး ထင္ေနတာလား "

"Fuck မင္း ဘယ္လို သိေနတာလဲ "
William အေမးအား ခ်ားလစ္ ျပန္မေျဖ။
ထို႔ေၾကာင့္ William က သူသိခ်င္သည္အား ေမးလာသည္။

"မင္းေကာင္ေလးေတာင္ မဟုတ္တဲ့ ကေလးတစ္ေယာက္အတြက္နဲ႕ မင္းဒီေလာကထဲ ဝင္လာတာတန္လို႔လား? "

William အေမးေၾကာင့္ ခ်ားလစ္ သူ႕အား မဲ့ၿပဳံးတစ္ခ်က္ႏွင့္အတူ ျပန္ေျဖလာသည္။

"ကြၽန္ေတာ္ ေပ်ာ္လို႔ ေငြလိုလို႔ ဒီလမ္းကို ေလွ်ာက္မွာ မဟုတ္ဘူး
ညီ့ကို ကာကြယ္ေပးဖို႔ ကြၽန္ေတာ္ ဒီလမ္းကို မတြန့္မဆုတ္ ေ႐ြးတာ
သူ႕ကို ကာကြယ္ေပးလို႔ ရနိူင္သမွ် ဘာဘဲ လုပ္ရလုပ္ရ ကြၽန္ေတာ့္အတြက္ အၿမဲတန္တယ္ "

ဟုတ္သည္။ပညတ္ခ်က္ ဆယ္ပါးအား ခ်ိဳးေဖာက္မိတဲ့ေနာက္ ေတာ့ ကယ္တင္ျခင္း ခံရျခင္း မခံရျခင္းကို သူဂ႐ုမစိုက္နိူင္ေတာ့။
သူအသက္ရွင္စဥ္ အခ်ိန္ေလးမွာေတာ့ သူခ်စ္တဲ့ လူေတြကို ကာကြယ္ေပးနိူင္ေအာင္ဘဲ ႀကိဳးစားေတာ့မည္။

'ကိုယ္ ေနာင္တ မရဘူး ညီ
ကိုယ့္ေ႐ြးခ်ယ္မႈဟာ မင္းျဖစ္ေနသ၍ မင္းအဆင္ေျပေၾကာင္း ျမင္ေနရသ၍ မင္းကို ကာကြယ္ ေပးနိူင္သ၍ ဒီလက္ေတြမွာ ေသြးဘယ္ေလာက္ စြန္းေနပါေစ ကိုယ္ေနာင္တမရဘူး
အေၾကာင္းျပခ်က္ ကေတာ့ ရွင္းရွင္းေလးပါ မင္းက ကိုယ့္အသက္ ျဖစ္ေနလို႔ေပါ့ ကိုယ့္အခ်စ္ရယ္ '

#Khant#

ခ်ားလစ္ကေလ ခင္မ်ားတို႔ ထင္ေနတာထက္ Dream ကို ပိုခ်စ္ပါတယ္
သူ႕အခ်စ္ကေလ စကားလုံးေတြနဲ႕ ဖြဲ႕ႏြဲ႕ေျပာဆိုတာမ်ိဳး မဟုတ္ဘဲ သူ႕နည္း သူ႕ဟန္နဲ႕ လက္ေတြ႕အျပဳမူကေန တစ္ဆင့္ ခ်စ္ျပတာပါ
ဘယ္လို ေျပာရမလဲ သူဘယ္ေလာက္ခ်စ္ေၾကာင္း Dreamမသိလည္း အဆင္ေျပသလို သိေအာင္လည္း ဖြင့္ေျပာတတ္တဲ့သူ မဟုတ္ဘူး
သူ႕အျပဳမူေလးေတြ သူ႕ဂ႐ုစိုက္မႈ ေလးေတြကို ဖတ္ၿပီးဘဲ သူ႕အခ်စ္ကို သိနိူင္တာ
သူ႕အခ်စ္က အရမ္း ႏူးညံ့တယ္လို႔ ကိုယ္ေတာ့ ထင္တယ္

ဒီအပိုင္းမွာ ပါတာေတြက ပညာေရး ဝန္ထမ္းေတြနဲ႕ ဘာသာေရးကို ေစာ္ကားလိုစိတ္မရွိဘဲ fic သေဘာအရလို႔ သတ္မွတ္ေပးၾကပါဗ်
ပညတ္ေတာ္ ဆယ္ပါး မွာ လူ႕အသက္မသတ္ရ ပါပါတယ္ အဲ့ေတာ့ ခ်ားလစ္ ေျပာခ်င္တဲ့ သေဘာတရားကို သေဘာေပါက္တယ္ဟုတ္

Continue Reading

You'll Also Like

2.4M 152K 97
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...
274K 22.7K 40
အမြွှာ ညီနောင် သုံးယောက်ရဲ့ တွေ့ကြံလာရမယ့် ချစ်ခြင်းတွေ အချိုအခါးအလွမ်း တွေနဲ့ ဆုံတွေ့ရတဲ့ ဖူးစာရှင်လေးတွေ။ July-10ရက်,2020တွင် Wattpat မှာ စတင်ရေးသ...
1.7M 70K 79
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
293K 7.3K 75
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်