စေလိုရာစေ...
(Unicode)
လူယုတ်မာ!!မင်းဘာလုပ်တာလဲ!!"
ချိုမြိန်အိစက်တဲ့ နူတ်ခမ်းလေးရဲ့ အထိတွေ့ကို ခံစားမိနေတုန်း အားပြင်းပြင်းနဲ့ ဆောင့်တွန်းလာသူကြောင့် ဒူးထောက်ထိုင်နေရာကနေ အနောက်ကို ပစ်လဲလို့သွားသည်။
"မဟုတ်..မောင်ရှင်းပြ...."
"ဘာကို ရှင်းပြဦးမှာလဲ..မင်းကလေ နည်းနည်းလေး အရောဝင်တာနဲ့ အသားယူဖို့ ဘယ်အချိန်လစ်မလဲ အချိန်ပြည့်ချောင်းနေတဲ့ အခွင့်ရေးသမား!!
သွား!!ငါ့အခန်းထဲကနေ အခုချက်ချင်း ထွက်သွား! မင်းမျက်နှာမမြင်ချင်ဘူး!!"
ပြောလည်းပြော ဒေါသစိတ်နဲ့ တအိအိငိုချမိသည်။
"မငိုပါနဲ့..အသေးလေးရယ်..တိတ်ပါကွာ..မောင်မင်းအနားမကပ်နဲ့ဆို မလာတော့ပါဘူး..ဝေးဝေးကပဲ နေပေးပါ့မယ်..မောင့်ကို အသားယူတတ်တဲ့ အခွင့်ရေးသမားလို့တော့ မစွပ်စွဲလိုက်ပါနဲ့..မောင်မြတ်နိုးလွန်းလို့ ထိတွေ့ခဲ့ချင်ရုံလေးပါ..အသေးလေးရယ်..အဲ့ဒီအတွက် မောင်တောင်းပန်ပါတယ်"
အရင်လိုသာဆို ငိုနေသူလေးကို မရမကဖက်ပြီး ချော့မြူချင်ပေမယ့် အခုက မစွမ်းသာ။အမှောင်အတိကျနေတဲ့ အာရုံကို မျက်ကွယ်ပြုပြီး ဒူးထောက်တောင်းပန်မိသည်။
"ဟင့်...အင့်..မုန်း..တယ်..ဟင့်"
အသေးလေး ငိုရှိုက်သံတွေကို စက္ခ ဆက်လက်ပြီး နားထောင်နေဖို့ အင်အားမရှိတော့တာကြောင့်အခန်းထဲက ပြေးထွက်မိသည်။
ဓားထက်ထက်နဲ့ မဟုတ်ပဲ ချစ်ရသူရဲ့ မျက်ရည်စက်တွေကလည်း သူ့သွေးကြောတွေ တတိတိဖြတ်တောက်ခံရသလို သေစေနိုင်စွမ်းသည်။
ထိုနေ့ညက တံခါးခြေရင်းမှာမှီထိုင်ကာ အခန်းထဲက ငိုသံလေးတိတ်သွားသည်အထိ စောင့်နေရင်း အသိစိတ်လွတ်နေတဲ့သူတစ်ယောက်လို မျက်ရည်စီးကျနေတဲ့ ကောင်လေးရှိသလို တံခါးတဖက်တွင်လည်း သူ့လုပ်ရပ်ကြောင့် သနားစိတ် မုန်းတီးစိတ်တို့ကြား လွန်ဆွဲနေတဲ့ ကောင်ငယ်လေးလည်းရှိလေသည်။
-
-
-
"ဦးစံ..သားဒီမှာ"
"ဟား..ငါ့တူရာ..မတွေ့ရတာ ကြာလို့လားမသိပါဘူးကွာ..ငါ့တူ လေညှင်းသွဲ့က ပိုချောလာတယ်ဟေး"
ဒီနေ့က အားလပ်ရက်ဖြစ်တာရော ဦးစံလေဆိပ်ဆင်းတဲ့ရက်လာတိုက်ဆိုင်နေတော့ ကိုထွန်းနဲ့အတူ ဦးစံကို လာကြိုဖြစ်သည်။
"လာပါဦးကွာ..ဦးစံက ဟိုမှာ ဆွေမရှိမျိုးမရှိဆိူတော့ ငါ့တူကို လွမ်းနေတာကွ.."
ပြောလည်းပြော အရပ်ရှည်ရှည် ကိုယ်လုံး
ခပ်ပြည့်ပြည့်က လေညှင်းကိုယ်လေးကို ထွေးဖက်လာသည်။အမေဆုံးသွားကတည်းက ဦးစံသာ လေညှင်းရဲ့ တစ်ယောက်တည်းသော အားကိုးရာမို့ အခုလိုအနားပြန်ရောက်လာတော့ တင်းထားတဲ့စိတ်တွေ လွတ်ချမိသည်။
"ဟင့်..သားလည်း ဦးစံကိုလွမ်းနေတာ..ဦးစံအရမ်းရက်စက်တာပဲ..သားကိုအကြာကြီး ပစ်ထားရက်တယ်..အင့်"
"အဟား..ဟုတ်ပါပြီကွာ..ပထမတော့ ဦးစံဒီကို ခဏတဖြုတ်ပြန်လာတာ..အခုတော့ ဟိုက ဆေးရုံလည်း ဖွင့်ဖို်ပဲ ကျန်တော့တယ်ဆိူတော့...ဦးစံရဲ့လက်ထောက်နဲ့ပဲ ဒီက စီစဥ်ညွန်ုကြားဖို့ ဆုံးဖြတ်ထားတယ်..အဲ့တော့ ငါ့တူအနားမှာ ဦးစံက အရင်လို အမြဲနေပေးတော့မှာ..ဘာမှအားမငယ်နဲ့ ဟုတ်ပြီလား..ကြည့်ပါဦး..ငါ့တူလေးက အိမ်ထောင်ကျလို့ လူကြီးလေးတောင် ဖြစ်နေပြီ..အခုထိ ကလေးလေးလို ချွဲေနတုန်း"
မျက်ရည်တွေ ပွတ်သုတ်ပေးရင်း မေတ္တာငတ်နေတဲ့ကလေးကို နှစ်သိမ့်တော့ အရင်လို ပါးချိုင့်လေးပေါ်အောင် ရယ်ပြလာသည်။
"ဦးလေး..အိတ်တွေ ကျွန်တော်သယ်ခဲ့မယ်ဗျ"
"ေဩာ်..အေးအေး..ကျေးဇူးပါ ငါ့ညီရာ"
ကိုထွန်းက ခရီးဆောင်အိတ်ကို ဦးစံဆီက လက်လွဲယူလိုက်ပြီး တူဝရီးနှစ်ယောက်နောက်က လိုက်လာခဲ့သည်။
"ဦးစံ သားအိမ်မှာပဲ နေရမှာနော်..ကြာပါတယ်..အခုတစ်ခါတည်း အိမ်ကိုပဲမောင်းလိုက်တော့ ကိုထွန်း"
"ဟုတ်ကဲ့..အကိုလေး"
"ဦးစံလည်း သားနဲ့အတူနေဖို့ ပြန်လာတာပါကွာ..
စိတ်ချ..ငါ့တူက နှင်လွှတ်ရင်တောင် ဦးစံ အိမ်ကမခွာဘူး..ဟား..ဟား"
အကိုလေးရဲ့ ပျောက်ကွယ်နေတဲ့အပြုံးတွေ ဦးစံရောက်လာမှပဲ ပြန်တွေ့ရတော့တယ်။မဟုတ်ရင် တနေ့တနေ့ စက္ခကို အရွဲ့တိုက်တဲ့ အကိုလေးနဲ့ ဟိုကဘယ်လောက်ငြူစူနေပါစေ အကိုလေးဆိုးတာကို အနွံတာခံပြီး ဂရုစိုက်ကြင်နာတတ်တဲ့သူတို်နှစ်ယောက်ကြောင့် အိမ်အတွင်းရာသီဥတုက ဆောင်းရာသီထက် လေအေးတွေ တိုက်ခတ်လွန်းလို့ သူတို့မှာ ဘယ်သူ့ဘက်ပါရမှန်းမသိ။
အကိုလေးဘက်ကကြည့်ရင်လည်း မှန်နေသလို စက္ခဘက်ကလည်း သေချာစဥ်းစားကြည့်ရင်
ဖြစ်ပျက်ခဲ့သမျှ အရာတိုင်းက
အချစ်ဟူသော ခေါင်းစဥ်တစ်ခုတည်းကြောင့်
စုံလုံးကန်းခဲ့ခြင်းမဟုတ်ပါလားလေ။
အိမ်ရောက်တော့ ညနေစောင်း မှောင်ရီပျိုးစအချိန်မို့ အိမ်မကြီးနဲ့ ခြံပတ်လည်တွင် နီယွန်မီးရောင်စုံအလင်းရောင်က တောက်ပလို့နေသည်။
"လာ ဦးစံ..ခဏနားနားနေနေ နေဦး..ပြီးမှ အခန်းနေရာချရင်းနဲ့ လန်းသွားအောင် ကိုယ်လက်သန့်စင်လိုက်"
"အေးအေး..ဒါနဲ့ ဒေါ်လုံးတို့ကို သားပြန်ခေါ်ထားတာလား"
"ဟုတ်တယ်..ဦးစံ..ဒီအိမ်လေးမှာ အမေမရှိတော့ပေမယ့် အရင်လိုမိသားစုအငွေ့အသက်လေး ပြန်လိုချင်လို့ ကြီးလုံးတို့ကိူ ပြန်ခေါ်ထားလိုက်တာ.."
"ကောင်းပါတယ်..ဦးစံက သားတစ်ယောက်တည်းဖြစ်နေမှာကို စိုးရိမ်နေတာ..ဒေါ်လုံးတို့ရှိတယ်ဆိုတော့ စိတ်အေးရတာပေါ့.."
"အယ်..ဆရာက အရင်လိုတစ်ယောက်တည်းမှမဟုတ်တာ ဦးကြီးရဲ့..ကိုစက္ခရှိတယ်လေ..
ဟိဟိ"
ဦးစံနဲ့ ဧည့်ခန်းထဲဝင်လာကတည်းက အနားကကပ်ပါလာတဲ့ မိနွယ်။သူစိမ်းဆို လူမျိုးမရွေး ဖော်ရွေတတ်သူမို့ စကားဝိုင်းထဲ ဘယ်လိုဝင်ရမလဲ စဥ်းစားနေတာ အခုတော့ အကွက်တွေ့သွားပုံရသသည်။ပြောလည်းပြော သူ့ဟာသူသဘောကျနေတဲ့ မိနွယ်ပေ။
"ေဩာ်..ဟုတ်သား..ဟုတ်တာပေါ့..ငါ့တူက အရင်လိုလူလွတ်မှမဟုတ်တော့တာ..အင်းအင်း..ဒါနဲ့ ဦးစံရောက်ကတည်းက မောင်စက္ခကို မတွေ့ပါလား"
"ရှိတယ်..ဦးကြီးရေ..နေ့လည်ကတည်းက မမြင်မစမ်းနဲ့ မြေအိုးမီးရှည်ဆိုလား အင်း အဲ့ဒါချက်နေလေရဲ့...မလုပ်ပါနဲ့ ကိုလေးရယ် မိနွယ်နဲ့ ကြီးလုံး ချက်ပေးမယ် ဘေးကပြောပေးဆိုလည်းမရဘူး..အဲ့တော့လည်း ဒီကမနေတတ်တဲ့ မိနွယ်တို့က ကိုလေးပြောသမျှ ဝင်လုပ်ပေးရတာပေါ့..ဟူး..ပြောရတာမောလိုက်တာ.."
လေညှင်းသွဲ့ မျက်နှာ တစ်ချက်မဲ့သွားသည်။
သူစားချင်ခဲ့တာ ဘယ်တော့မှ ပြန်မရနိုင်တော့တဲ့ အမေ့လက်ရာ မြေအိုးမြီးရှည်ကို အခု မှော်စက္ခက ချက်နေတယ်တဲ့လား။အဟင်း အပြင်ဆိုင်ကတောင် ဝယ်မစားခဲ့တာ အမေ့ကို သေစေခဲ့တဲ့ လူယုတ်မာ လက်နဲ့ထိထားတာဆို ပိုတောင်ဆိုးသေးတယ်။
"အခုလောက်ဆို ပြီးသွားလောက်ပြီ..နေဦး..မိနွယ်သွားခေါ်ပေးမယ်"
မီနွယ်ပြောပုံကို ကြည့်ပြီး ဦးစံက သဘောတကျ ရယ်တော့သည်။
"ဟား..ဟား..ဒီကလေးမလေးက တကယ့်အသွက်လေးပါလားကွ..ငါ့တူရေ..အဟင်း..ဒါနဲ့ ငါ့တူတို့အိမ်ထောင်ရေးရော အဆင်ပြေရဲ့လား"
သူမေးလိုက်တော့ မျက်နှာပျက်သွားတဲ့ တူဖြစ်သူကြောင့် ဦးစံမသိမသာ သက်ပြင်းချမိသည်။
"ဒီလိုပါပဲ..ဦးစံ..အခုအခြေေနက သူ သားအပေါ်ပြုမူခဲ့တဲ့
လုပ်ရပ်တွေတွက် ပြန်ပေးဆပ်ခိုင်း တဲ့သဘောပဲ..အိမ်ထောင်တစ်ခုဆိုတာထက် သားမျက်နှာမြင်တိုင်း သူ့ကိုယ်သူအပြစ်သားတစ်ယောက်လို ခံစားရအောင် သားအနားမှာ ခေါ်ထားတာ ဒီလောက်ပဲ..ဦးစံ..သားသူ့ကို အခုချိန်ထိ ခွင့်လွတ်လို့မရသေးဘူး"
စက္ခ ဧည့်ခန်းဆီဦးတည်သွားနေတဲ့ ခြေလှမ်းတွေ ရပ်တန့်လို့သွားသည်။
ဟုတ်တာပေါ့ အသေးလေးပြောနေတာ အကုန်အမှန်တွေချည်းပဲ။မောင်ဟာ မင်းရဲ့ခွင့်လွှတ်မှုနဲ့ မထိုက်တန်တဲ့ ကောင်ပဲလေ။
ဒါပေမယ့် အသေးလေးအနားမှာ နေခွင့်လေးရနေတာလေးကိုက မောင့်အတွက် တန်ဖိုးမဖြတ်နိုင်တဲ့ ဆုလာဘ်တစ်ပါးပဲ။ဘယ်လိုပဲနေရပါစေ မင်းမျက်နှာလေးမြင်နေရရင် မောင်သေပျော်နေပြီမို့။
"ေဩာ်..ရောက်လာပြီလား..မောင်စက္ခ"
ဆိုဖာမှာ ဝင်မထိုင်ပဲ ခပ်ဝေးဝေးကရပ်နေသူကြောင့် ဦးစံသာ ဝင်ပြောရတော့သည်။ဒီကလေးနှစ်ယောက် ပြသနာဖြစ်ထားကြပြန်ပြီ ထင်တယ်။
"ထိုင်ပါဦး..မောင်စက္ခရဲ့..လာပါ.."
သူပြောတော့ ဝင်မထိုင်သေး။ဒီအိမ်မှာ ဘာတွေ ဖြစ်နေကြသလဲလေ။ဘေးမှာရပ်နေတဲ့ ဟိုကလေးမလေးကလည်း ခေါင်းကုတ်ခြေကုတ်နဲ့ နှှစ်ယောက်ကြား အားမလိုအားမရဖြစ်နေပုံရသည်။မဖြစ်ဘူး ဒီကလေးနှစ်ယောက်ကြား သူဝင်ပါမှဖြစ်တော့မယ်။
"သား လေညှင်း.."
"မင်း ဘာလုပ်နေတာလဲ..ဝင်မထိုင်သေးပဲနဲ့..လူကြီးက မော့ကြည့်နေရတာ ယဥ်ကျေးတဲ့ အပြုမူမဟုတ်ဘူး..မှော်စက္ခ..ငါ့ကို စကားများများပြောရအောင် မလုပ်နဲ့"
လေသံခပ်မာမာနဲ့ လေညှင်းဝင်ပြောတော့မှမျက်နှာချင်းဆိုင်က ခုံမှာ ဝင်ထိုင်သည်။
လေညှင်း သိသည် ဒါမနေ့ညက ဖြစ်သွားတဲ့ ကိစ္စကြောင့် လူဆိုးကောင်က သူ့စကားအတိုင်း လေညှင်းနဲ့ ခပ်ဝေးဝေးကနေရင်း ကတိတည်ပြနေတာ။မင်းအဲ့လိုလုပ်နေလည်း ငါအမြင်ကြည်သွားမယ်မထင်နဲ့ မေှာ်စက္ခ။
"သားမိတ်ဆက်ပေးမယ် ဦးစံ..ဒါငါ့အဖေဖက်က ဦးလေး..ဦးစံသာ..ဦးစံ သူက မှော်စက္ခ"
"ကျုပ်ကို ..စက္ခလို့ ခေါ်လို့ရပါတယ်.."
"ေဩာ်..ဟုတ်ပါပြီကွာ..ငါ့တူကြီးလည်း သားလေညှင်းခေါ်သလို ဦးစံလို့ပဲ ခေါ်ပေါ့.."
"........"
အင်းမလုပ်အဲမလုပ်နဲ့ မျက်နှာသေနဲ့ ငြိမ်နေတဲ့ ကောင်လေးကြောင့် ဦးစံသာ တမျိုးတော့ ဖြစ်သွားသည်။ဒီလို သွေးအေးတာက ဒီကလေးရဲ့ ပင်ကိုစရိုက်ထင်ပါရဲ့။
"မင်းအခန်းကို ခဏနေရင် ရှင်းထားလိုက်..
မှော်စက္ခ..ဦးစံ အဲ့မှာနေလိမ့်မယ်"
"ဒါဆို..မောင် မင်းအခန်းမှာ လာနေရမှာလား"
ခုနနဲ့မတူ မျက်နှာလေးဝင်းပပြီး နီညိုရောင် နူတ်ခမ်းပါးတွေ တွန့်ကွေးသွားသူကြောင့် ဦးစံသာ ပြုံးမိသွားသည်။ဒီကလေးက သူ့တူ လေညှင်းသွဲ့နဲ့မှ အသက်ဝင်တဲ့ အရုပ်တစ်ရုပ်လိုပါပဲလား။
။ပျော်ရွင်ခြင်း ဝမ်းနည်းခြင်းမှန်သမျှကို ဒီတစ်ဦးတစ်ယောက်တည်းစီမှာသာ ပုံအပ်ထားသလိုမျိုး။
"ခုနက ပြောလိုက်တဲ့အထဲမှာ ငါ့အခန်းမှာ လာနေပါလို့ ပြောမိလို့လား..မဖြစ်နိုင်တာတွေ စိတ်ကူးမယဥ်စမ်းပါနဲ့..ကိုယ်အဆင့်ကိုယ်..."
ဒေါသထွက်ထွက်နဲ့ စိတ်ထင်ရာပြောမိပြီးမှ ဦးစံမျက်နှာရိပ်မျက်နှာကဲပြကာမှ လေညှင်းစကားလွန်သွားမှန်းသိသည်။
ဟုတ်တယ် တခါတလေ လူဆိုးကောင်ကို စကားနဲ့ပဲ ဖြစ်ဖြစ် အနိုင်ပိုင်းချင်တယ်။အဲ့ဒါမှ သူ့လုပ်ခဲ့တဲ့လုပ်ရပ်တွေအတွက် နည်းနည်းစိတ်သက်သာရာရမှာ။
"အဟက်..ဟုတ်တာပေါ့..မောင်မေ့သွားတာ..ဆောရီး..ကိုယ့်အဆင့်ကိုယ်မသိပဲ ပြောမိသွားတယ်..ရပါတယ်..မောင် စာကြည့်ခန်းမှာ ပြောင်းနေပေးပါ့မယ်..ဒါဆို အသေးလေး ကျေနပ်တယ်မလား"
"....."
မိနွယ် ဘေးကနေ ရပ်ကြည့်နေရင်း ကိုလေးစက္ခကို သနားလာသည်။တကယ်ဆို ဖြစ်ခဲ့တာတွေက ကိုလေးစက္ခက ရည်ရွယ်ချက်မရှိပါပဲ ဆရာ့ကိုချစ်မိသွားခဲ့လို့ အမှားလုပ်မိတာမဟုတ်ဘူးလား။အခုလို ကိုလေးစက္ခ မျက်မမြင် ဒုက္ခိတတစ်ယောက် ဖြစ်သွားတဲ့အထိ သူ့အပြစ်တွေအတွက် ပေးဆပ်ခဲ့တာနဲ့တင် လုံလောက်နေပြီလို့ မိနွယ်ထင်တယ်။ဒါပေမယ့် ဆရာက ဘာလို့ ကိုလေးစက္ခအပေါ် အဲ့လောက်ထိ အငြိုးတေးကြီးနေသလဲလေ။
#Thanks for reading
Syringa
A/N:ongoing လိုက်ပေးတဲ့ ငယ်လေးတို့အားလုံးကို ကျေးဇူးတင်ပါတယ်နော်
*************************************
ိ
ေစလိုရာေစ...
(Zawgyi)
လူယုတ္မာ!!မင္းဘာလုပ္တာလဲ!!"
ခ်ိဳၿမိန္အိစက္တဲ့ ႏူတ္ခမ္းေလးရဲ႕ အထိေတြ႕ကို ခံစားမိေနတုန္း အားျပင္းျပင္းနဲ႔ ေဆာင့္တြန္းလာသူေၾကာင့္ ဒူးေထာက္ထိုင္ေနရာကေန အေနာက္ကို ပစ္လဲလို႔သြားသည္။
"မဟုတ္..ေမာင္ရွင္းျပ...."
"ဘာကို ရွင္းျပဦးမွာလဲ..မင္းကေလ နည္းနည္းေလး အေရာဝင္တာနဲ႔ အသားယူဖို႔ ဘယ္အခ်ိန္လစ္မလဲ အခ်ိန္ျပည့္ေခ်ာင္းေနတဲ့ အခြင့္ေရးသမား!!
သြား!!ငါ႔အခန္းထဲကေန အခုခ်က္ခ်င္း ထြက္သြား! မင္းမ်က္ႏွာမျမင္ခ်င္ဘူး!!"
ေျပာလည္းေျပာ ေဒါသစိတ္နဲ႔ တအိအိငိုခ်မိသည္။
"မငိုပါနဲ႔..အေသးေလးရယ္..တိတ္ပါကြာ..ေမာင္မင္းအနားမကပ္နဲ႔ဆို မလာေတာ့ပါဘူး..ေဝးေဝးကပဲ ေနေပးပါ႔မယ္..ေမာင့္ကို အသားယူတတ္တဲ့ အခြင့္ေရးသမားလို႔ေတာ့ မစြပ္စြဲလိုက္ပါနဲ႔..ေမာင္ျမတ္ႏိုးလြန္းလို႔ ထိေတြ႕ခဲ့ခ်င္႐ုံေလးပါ..အေသးေလးရယ္..အဲ့ဒီအတြက္ ေမာင္ေတာင္းပန္ပါတယ္"
အရင္လိုသာဆို ငိုေနသူေလးကို မရမကဖက္ၿပီး ေခ်ာ့ျမဴခ်င္ေပမယ့္ အခုက မစြမ္းသာ။အေမွာင္အတိက်ေနတဲ့ အာ႐ုံကို မ်က္ကြယ္ျပဳၿပီး ဒူးေထာက္ေတာင္းပန္မိသည္။
"ဟင့္...အင့္..မုန္း..တယ္..ဟင့္"
အေသးေလး ငိုရႈိက္သံေတြကို စကၡ ဆက္လက္ၿပီး နားေထာင္ေနဖို႔ အင္အားမရွိေတာ့တာေၾကာင့္အခန္းထဲက ေျပးထြက္မိသည္။
ဓားထက္ထက္နဲ႔ မဟုတ္ပဲ ခ်စ္ရသူရဲ႕ မ်က္ရည္စက္ေတြကလည္း သူ့ေသြးေၾကာေတြ တတိတိျဖတ္ေတာက္ခံရသလို ေသေစႏိုင္စြမ္းသည္။
ထိုေန႔ညက တံခါးေျခရင္းမွာမွီထိုင္ကာ အခန္းထဲက ငိုသံေလးတိတ္သြားသည္အထိ ေစာင့္ေနရင္း အသိစိတ္လြတ္ေနတဲ့သူတစ္ေယာက္လို မ်က္ရည္စီးက်ေနတဲ့ ေကာင္ေလးရွိသလို တံခါးတဖက္တြင္လည္း သူ့လုပ္ရပ္ေၾကာင့္ သနားစိတ္ မုန္းတီးစိတ္တို႔ၾကား လြန္ဆြဲေနတဲ့ ေကာင္ငယ္ေလးလည္းရွိေလသည္။
-
-
-
"ဦးစံ..သားဒီမွာ"
"ဟား..ငါ႔တူရာ..မေတြ႕ရတာ ၾကာလို႔လားမသိပါဘူးကြာ..ငါ႔တူ ေလညႇင္းသြဲ႕က ပိုေခ်ာလာတယ္ေဟး"
ဒီေန႔က အားလပ္ရက္ျဖစ္တာေရာ ဦးစံေလဆိပ္ဆင္းတဲ့ရက္လာတိုက္ဆိုင္ေနေတာ့ ကိုထြန္းနဲ႔အတူ ဦးစံကို လာႀကိဳျဖစ္သည္။
"လာပါဦးကြာ..ဦးစံက ဟိုမွာ ေဆြမရွိမ်ိဳးမရွိဆိူေတာ့ ငါ႔တူကို လြမ္းေနတာကြ.."
ေျပာလည္းေျပာ အရပ္ရွည္ရွည္ ကိုယ္လုံး
ခပ္ျပည့္ျပည့္က ေလညႇင္းကိုယ္ေလးကို ေထြးဖက္လာသည္။အေမဆုံးသြားကတည္းက ဦးစံသာ ေလညႇင္းရဲ႕ တစ္ေယာက္တည္းေသာ အားကိုးရာမို႔ အခုလိုအနားျပန္ေရာက္လာေတာ့ တင္းထားတဲ့စိတ္ေတြ လြတ္ခ်မိသည္။
"ဟင့္..သားလည္း ဦးစံကိုလြမ္းေနတာ..ဦးစံအရမ္းရက္စက္တာပဲ..သားကိုအၾကာႀကီး ပစ္ထားရက္တယ္..အင့္"
"အဟား..ဟုတ္ပါၿပီကြာ..ပထမေတာ့ ဦးစံဒီကို ခဏတျဖဳတ္ျပန္လာတာ..အခုေတာ့ ဟိုက ေဆး႐ုံလည္း ဖြင့္ဖို္ပဲ က်န္ေတာ့တယ္ဆိူေတာ့...ဦးစံရဲ႕လက္ေထာက္နဲ႔ပဲ ဒီက စီစဥ္ၫြန္ဳၾကားဖို႔ ဆုံးျဖတ္ထားတယ္..အဲ့ေတာ့ ငါ႔တူအနားမွာ ဦးစံက အရင္လို အၿမဲေနေပးေတာ့မွာ..ဘာမွအားမငယ္နဲ႔ ဟုတ္ၿပီလား..ၾကည့္ပါဦး..ငါ႔တူေလးက အိမ္ေထာင္က်လို႔ လူႀကီးေလးေတာင္ ျဖစ္ေနၿပီ..အခုထိ ကေလးေလးလို ေခြၽဲနတုန္း"
မ်က္ရည္ေတြ ပြတ္သုတ္ေပးရင္း ေမတၱာငတ္ေနတဲ့ကေလးကို ႏွစ္သိမ့္ေတာ့ အရင္လို ပါးခ်ိဳင့္ေလးေပၚေအာင္ ရယ္ျပလာသည္။
"ဦးေလး..အိတ္ေတြ ကြၽန္ေတာ္သယ္ခဲ့မယ္ဗ်"
"ေဩာ္..ေအးေအး..ေက်းဇူးပါ ငါ႔ညီရာ"
ကိုထြန္းက ခရီးေဆာင္အိတ္ကို ဦးစံဆီက လက္လြဲယူလိုက္ၿပီး တူဝရီးႏွစ္ေယာက္ေနာက္က လိုက္လာခဲ့သည္။
"ဦးစံ သားအိမ္မွာပဲ ေနရမွာေနာ္..ၾကာပါတယ္..အခုတစ္ခါတည္း အိမ္ကိုပဲေမာင္းလိုက္ေတာ့ ကိုထြန္း"
"ဟုတ္ကဲ့..အကိုေလး"
"ဦးစံလည္း သားနဲ႔အတူေနဖို႔ ျပန္လာတာပါကြာ..
စိတ္ခ်..ငါ႔တူက ႏွင္လႊတ္ရင္ေတာင္ ဦးစံ အိမ္ကမခြာဘူး..ဟား..ဟား"
အကိုေလးရဲ႕ ေပ်ာက္ကြယ္ေနတဲ့အၿပဳံးေတြ ဦးစံေရာက္လာမွပဲ ျပန္ေတြ႕ရေတာ့တယ္။မဟုတ္ရင္ တေန႔တေန႔ စကၡကို အရြဲ႕တိုက္တဲ့ အကိုေလးနဲ႔ ဟိုကဘယ္ေလာက္ျငဴစူေနပါေစ အကိုေလးဆိုးတာကို အႏြံတာခံၿပီး ဂ႐ုစိုက္ၾကင္နာတတ္တဲ့သူတို္ႏွစ္ေယာက္ေၾကာင့္ အိမ္အတြင္းရာသီဥတုက ေဆာင္းရာသီထက္ ေလေအးေတြ တိုက္ခတ္လြန္းလို႔ သူတို႔မွာ ဘယ္သူ့ဘက္ပါရမွန္းမသိ။
အကိုေလးဘက္ကၾကည့္ရင္လည္း မွန္ေနသလို စကၡဘက္ကလည္း ေသခ်ာစဥ္းစားၾကည့္ရင္
ျဖစ္ပ်က္ခဲ့သမွ် အရာတိုင္းက
အခ်စ္ဟူေသာ ေခါင္းစဥ္တစ္ခုတည္းေၾကာင့္
စုံလုံးကန္းခဲ့ျခင္းမဟုတ္ပါလားေလ။
အိမ္ေရာက္ေတာ့ ညေနေစာင္း ေမွာင္ရီပ်ိဳးစအခ်ိန္မို႔ အိမ္မႀကီးနဲ႔ ၿခံပတ္လည္တြင္ နီယြန္မီးေရာင္စုံအလင္းေရာင္က ေတာက္ပလို႔ေနသည္။
"လာ ဦးစံ..ခဏနားနားေနေန ေနဦး..ၿပီးမွ အခန္းေနရာခ်ရင္းနဲ႔ လန္းသြားေအာင္ ကိုယ္လက္သန္႔စင္လိုက္"
"ေအးေအး..ဒါနဲ႔ ေဒၚလုံးတို႔ကို သားျပန္ေခၚထားတာလား"
"ဟုတ္တယ္..ဦးစံ..ဒီအိမ္ေလးမွာ အေမမရွိေတာ့ေပမယ့္ အရင္လိုမိသားစုအေငြ႕အသက္ေလး ျပန္လိုခ်င္လို႔ ႀကီးလုံးတို႔ကိူ ျပန္ေခၚထားလိုက္တာ.."
"ေကာင္းပါတယ္..ဦးစံက သားတစ္ေယာက္တည္းျဖစ္ေနမွာကို စိုးရိမ္ေနတာ..ေဒၚလုံးတို႔ရွိတယ္ဆိုေတာ့ စိတ္ေအးရတာေပါ႔.."
"အယ္..ဆရာက အရင္လိုတစ္ေယာက္တည္းမွမဟုတ္တာ ဦးႀကီးရဲ႕..ကိုစကၡရွိတယ္ေလ..
ဟိဟိ"
ဦးစံနဲ႔ ဧည့္ခန္းထဲဝင္လာကတည္းက အနားကကပ္ပါလာတဲ့ မိႏြယ္။သူစိမ္းဆို လူမ်ိဳးမေရြး ေဖာ္ေရြတတ္သူမို႔ စကားဝိုင္းထဲ ဘယ္လိုဝင္ရမလဲ စဥ္းစားေနတာ အခုေတာ့ အကြက္ေတြ႕သြားပုံရသသည္။ေျပာလည္းေျပာ သူ့ဟာသူသေဘာက်ေနတဲ့ မိႏြယ္ေပ။
"ေဩာ္..ဟုတ္သား..ဟုတ္တာေပါ႔..ငါ႔တူက အရင္လိုလူလြတ္မွမဟုတ္ေတာ့တာ..အင္းအင္း..ဒါနဲ႔ ဦးစံေရာက္ကတည္းက ေမာင္စကၡကို မေတြ႕ပါလား"
"ရွိတယ္..ဦးႀကီးေရ..ေန႔လည္ကတည္းက မျမင္မစမ္းနဲ႔ ေျမအိုးမီးရွည္ဆိုလား အင္း အဲ့ဒါခ်က္ေနေလရဲ႕...မလုပ္ပါနဲ႔ ကိုေလးရယ္ မိႏြယ္နဲ႔ ႀကီးလုံး ခ်က္ေပးမယ္ ေဘးကေျပာေပးဆိုလည္းမရဘူး..အဲ့ေတာ့လည္း ဒီကမေနတတ္တဲ့ မိႏြယ္တို႔က ကိုေလးေျပာသမွ် ဝင္လုပ္ေပးရတာေပါ႔..ဟူး..ေျပာရတာေမာလိုက္တာ.."
ေလညႇင္းသြဲ႕ မ်က္ႏွာ တစ္ခ်က္မဲ့သြားသည္။
သူစားခ်င္ခဲ့တာ ဘယ္ေတာ့မွ ျပန္မရႏိုင္ေတာ့တဲ့ အေမ့လက္ရာ ေျမအိုးၿမီးရွည္ကို အခု ေမွာ္စကၡက ခ်က္ေနတယ္တဲ့လား။အဟင္း အျပင္ဆိုင္ကေတာင္ ဝယ္မစားခဲ့တာ အေမ့ကို ေသေစခဲ့တဲ့ လူယုတ္မာ လက္နဲ႔ထိထားတာဆို ပိုေတာင္ဆိုးေသးတယ္။
"အခုေလာက္ဆို ၿပီးသြားေလာက္ၿပီ..ေနဦး..မိႏြယ္သြားေခၚေပးမယ္"
မီႏြယ္ေျပာပုံကို ၾကည့္ၿပီး ဦးစံက သေဘာတက် ရယ္ေတာ့သည္။
"ဟား..ဟား..ဒီကေလးမေလးက တကယ့္အသြက္ေလးပါလားကြ..ငါ႔တူေရ..အဟင္း..ဒါနဲ႔ ငါ႔တူတို႔အိမ္ေထာင္ေရးေရာ အဆင္ေျပရဲ႕လား"
သူေမးလိုက္ေတာ့ မ်က္ႏွာပ်က္သြားတဲ့ တူျဖစ္သူေၾကာင့္ ဦးစံမသိမသာ သက္ျပင္းခ်မိသည္။
"ဒီလိုပါပဲ..ဦးစံ..အခုအေေျခနက သူ သားအေပၚျပဳမူခဲ့တဲ့
လုပ္ရပ္ေတြတြက္ ျပန္ေပးဆပ္ခိုင္း တဲ့သေဘာပဲ..အိမ္ေထာင္တစ္ခုဆိုတာထက္ သားမ်က္ႏွာျမင္တိုင္း သူ့ကိုယ္သူအျပစ္သားတစ္ေယာက္လို ခံစားရေအာင္ သားအနားမွာ ေခၚထားတာ ဒီေလာက္ပဲ..ဦးစံ..သားသူ့ကို အခုခ်ိန္ထိ ခြင့္လြတ္လို႔မရေသးဘူး"
စကၡ ဧည့္ခန္းဆီဦးတည္သြားေနတဲ့ ေျခလွမ္းေတြ ရပ္တန္႔လို႔သြားသည္။
ဟုတ္တာေပါ႔ အေသးေလးေျပာေနတာ အကုန္အမွန္ေတြခ်ည္းပဲ။ေမာင္ဟာ မင္းရဲ႕ခြင့္လႊတ္မႈနဲ႔ မထိုက္တန္တဲ့ ေကာင္ပဲေလ။
ဒါေပမယ့္ အေသးေလးအနားမွာ ေနခြင့္ေလးရေနတာေလးကိုက ေမာင့္အတြက္ တန္ဖိုးမျဖတ္ႏိုင္တဲ့ ဆုလာဘ္တစ္ပါးပဲ။ဘယ္လိုပဲေနရပါေစ မင္းမ်က္ႏွာေလးျမင္ေနရရင္ ေမာင္ေသေပ်ာ္ေနၿပီမို႔။
"ေဩာ္..ေရာက္လာၿပီလား..ေမာင္စကၡ"
ဆိုဖာမွာ ဝင္မထိုင္ပဲ ခပ္ေဝးေဝးကရပ္ေနသူေၾကာင့္ ဦးစံသာ ဝင္ေျပာရေတာ့သည္။ဒီကေလးႏွစ္ေယာက္ ျပသနာျဖစ္ထားၾကျပန္ၿပီ ထင္တယ္။
"ထိုင္ပါဦး..ေမာင္စကၡရဲ႕..လာပါ.."
သူေျပာေတာ့ ဝင္မထိုင္ေသး။ဒီအိမ္မွာ ဘာေတြ ျဖစ္ေနၾကသလဲေလ။ေဘးမွာရပ္ေနတဲ့ ဟိုကေလးမေလးကလည္း ေခါင္းကုတ္ေျခကုတ္နဲ႔ ႏွွစ္ေယာက္ၾကား အားမလိုအားမရျဖစ္ေနပုံရသည္။မျဖစ္ဘူး ဒီကေလးႏွစ္ေယာက္ၾကား သူဝင္ပါမွျဖစ္ေတာ့မယ္။
"သား ေလညႇင္း.."
"မင္း ဘာလုပ္ေနတာလဲ..ဝင္မထိုင္ေသးပဲနဲ႔..လူႀကီးက ေမာ့ၾကည့္ေနရတာ ယဥ္ေက်းတဲ့ အျပဳမူမဟုတ္ဘူး..ေမွာ္စကၡ..ငါ႔ကို စကားမ်ားမ်ားေျပာရေအာင္ မလုပ္နဲ႔"
ေလသံခပ္မာမာနဲ႔ ေလညႇင္းဝင္ေျပာေတာ့မွမ်က္ႏွာခ်င္းဆိုင္က ခုံမွာ ဝင္ထိုင္သည္။
ေလညႇင္း သိသည္ ဒါမေန႔ညက ျဖစ္သြားတဲ့ ကိစၥေၾကာင့္ လူဆိုးေကာင္က သူ့စကားအတိုင္း ေလညႇင္းနဲ႔ ခပ္ေဝးေဝးကေနရင္း ကတိတည္ျပေနတာ။မင္းအဲ့လိုလုပ္ေနလည္း ငါအျမင္ၾကည္သြားမယ္မထင္နဲ႔ ေမှာ္စကၡ။
"သားမိတ္ဆက္ေပးမယ္ ဦးစံ..ဒါငါ႔အေဖဖက္က ဦးေလး..ဦးစံသာ..ဦးစံ သူက ေမွာ္စကၡ"
"က်ဳပ္ကို ..စကၡလို႔ ေခၚလို႔ရပါတယ္.."
"ေဩာ္..ဟုတ္ပါၿပီကြာ..ငါ႔တူႀကီးလည္း သားေလညႇင္းေခၚသလို ဦးစံလို႔ပဲ ေခၚေပါ႔.."
"........"
အင္းမလုပ္အဲမလုပ္နဲ႔ မ်က္ႏွာေသနဲ႔ ၿငိမ္ေနတဲ့ ေကာင္ေလးေၾကာင့္ ဦးစံသာ တမ်ိဳးေတာ့ ျဖစ္သြားသည္။ဒီလို ေသြးေအးတာက ဒီကေလးရဲ႕ ပင္ကိုစ႐ိုက္ထင္ပါရဲ႕။
"မင္းအခန္းကို ခဏေနရင္ ရွင္းထားလိုက္..
ေမွာ္စကၡ..ဦးစံ အဲ့မွာေနလိမ့္မယ္"
"ဒါဆို..ေမာင္ မင္းအခန္းမွာ လာေနရမွာလား"
ခုနနဲ႔မတူ မ်က္ႏွာေလးဝင္းပၿပီး နီညိဳေရာင္ ႏူတ္ခမ္းပါးေတြ တြန္႔ေကြးသြားသူေၾကာင့္ ဦးစံသာ ၿပဳံးမိသြားသည္။ဒီကေလးက သူ့တူ ေလညႇင္းသြဲ႕နဲ႔မွ အသက္ဝင္တဲ့ အ႐ုပ္တစ္႐ုပ္လိုပါပဲလား။
။ေပ်ာ္ရြင္ျခင္း ဝမ္းနည္းျခင္းမွန္သမွ်ကို ဒီတစ္ဦးတစ္ေယာက္တည္းစီမွာသာ ပုံအပ္ထားသလိုမ်ိဳး။
"ခုနက ေျပာလိုက္တဲ့အထဲမွာ ငါ႔အခန္းမွာ လာေနပါလို႔ ေျပာမိလို႔လား..မျဖစ္ႏိုင္တာေတြ စိတ္ကူးမယဥ္စမ္းပါနဲ႔..ကိုယ္အဆင့္ကိုယ္..."
ေဒါသထြက္ထြက္နဲ႔ စိတ္ထင္ရာေျပာမိၿပီးမွ ဦးစံမ်က္ႏွာရိပ္မ်က္ႏွာကဲျပကာမွ ေလညႇင္းစကားလြန္သြားမွန္းသိသည္။
ဟုတ္တယ္ တခါတေလ လူဆိုးေကာင္ကို စကားနဲ႔ပဲ ျဖစ္ျဖစ္ အႏိုင္ပိုင္းခ်င္တယ္။အဲ့ဒါမွ သူ့လုပ္ခဲ့တဲ့လုပ္ရပ္ေတြအတြက္ နည္းနည္းစိတ္သက္သာရာရမွာ။
"အဟက္..ဟုတ္တာေပါ႔..ေမာင္ေမ့သြားတာ..ေဆာရီး..ကိုယ့္အဆင့္ကိုယ္မသိပဲ ေျပာမိသြားတယ္..ရပါတယ္..ေမာင္ စာၾကည့္ခန္းမွာ ေျပာင္းေနေပးပါ႔မယ္..ဒါဆို အေသးေလး ေက်နပ္တယ္မလား"
"....."
မိႏြယ္ ေဘးကေန ရပ္ၾကည့္ေနရင္း ကိုေလးစကၡကို သနားလာသည္။တကယ္ဆို ျဖစ္ခဲ့တာေတြက ကိုေလးစကၡက ရည္ရြယ္ခ်က္မရွိပါပဲ ဆရာ့ကိုခ်စ္မိသြားခဲ့လို႔ အမွားလုပ္မိတာမဟုတ္ဘူးလား။အခုလို ကိုေလးစကၡ မ်က္မျမင္ ဒုကၡိတတစ္ေယာက္ ျဖစ္သြားတဲ့အထိ သူ့အျပစ္ေတြအတြက္ ေပးဆပ္ခဲ့တာနဲ႔တင္ လုံေလာက္ေနၿပီလို႔ မိႏြယ္ထင္တယ္။ဒါေပမယ့္ ဆရာက ဘာလို႔ ကိုေလးစကၡအေပၚ အဲ့ေလာက္ထိ အၿငိဳးေတးႀကီးေနသလဲေလ။
#Thanks for reading
Syringa
A/N:ongoing လိုက္ေပးတဲ့ ငယ္ေလးတို႔အားလုံးကို ေက်းဇူးတင္ပါတယ္ေနာ္
*************************************
ိ