You are my husband (Season 1)...

By nikochan065

1M 62.7K 5.3K

သူ႕နာမည္က ' ေတာ္၀င္မင္းခက္ထန္ ' တဲ့... ကြၽန္ေတာ့္ရဲ႕ ခက္ထန္ ၊ ကြၽန္ေတာ့္ကို မုန္းတဲ့ခက္ထန္ ၊ ကြၽန္ေတာ့္ကို ေျ... More

part 1
part 2
part 8
part 9
part 10
part 11
part 3
part 12
part 13
part 14
part 16
Part 17
part 18
part 19
part 4
Announcement
part 20
part 21
part 22
part 23
part 24
part 25
part 5
part 26
Part 27
part 28
part 29
part 30
part 31
နတ္သမီးလမ္း <နတ်သမီးလမ်း >
part 32
part 33
part 6
part 33 အဆက္
part 34
34 အဆက္
35
36
Ep 7
37
38
39
40
41
42
43
44
45
46
46 အဆက္
47
48
48
49
50
51 ဇာတ္သိမ္းပိုင္း
Extra

part 15

15.9K 1.1K 56
By nikochan065

ငုတ္တုတ္ အိပ္ေပ်ာ္သြားေသာ ခက္ထန္ ခႏၶာကိုယ္အား ျဖည္းညႇင္းစြာ ေထြးေပြ႕လ်က္
အိပ္ရာေပၚသို႔ ႏူးညံ့စြာ လဲေလ်ာင္းေစခဲ့သည္ ။
ဂလန္ဂလား အရပ္အေမာင္းႀကီးေၾကာင့္ ကုတင္ေအာက္တ၀က္သို႔ က်ေနေသာ ေျခေထာက္ကိုလည္း ဖြဖြေလး ဆြဲတင္ကာ ေစာင္ၿခံဳေပးေလေတာ့ အိပ္ေပ်ာ္ေနေသာ ကေလးေလးထံမွ 'ကိုကို' ဟူေသာ ေခၚသံတိုးတိုးေလးက ထြက္က်လာေလ၏ ။

ထည္၀ါလင္းရိွန္သည္ ကိုယ့္နားကို မယံုႏိုင္စြာ
ခက္ထန္ ႏႈတ္ခမ္းနားေလးသို႔ တိုးကပ္ကာ ထပ္မံနားစြင့္ျပန္၏ ။ သို႔ေသာ္ သူ ၾကားလိုက္မိေသာ စကားသံမ်ဳိးႏွင့္ ျခားနားလြန္းေသာ အသံမွာ ၀ဲဘက္ရင္အံုကို ဆစ္ခနဲ နာက်င္ေစ၏ ။

"ခင္ဗ်ားကို အေရခြံစုတ္ပစ္မယ္ ထည္၀ါလင္းရိွန္! "

ထိုစကား၏ေနာက္၌ ဘာမွန္းမသိေသာ စကားမ်ားလည္း ပလံုးပေထြး ကပ္ပါလာခဲ့သည္ ။
ကေလးငယ္၏ ေခါင္းေလးအား ပြတ္သပ္ကာ
က်န္လက္တစ္ဖက္ျဖင့္ ရင္ဘတ္ေလးေပၚ ပုတ္ေပးေလေတာ့ ေကာင္ေပါက္ေလးသည္ ရင္ခြင္တြင္းသို႔ တိုးေ၀ွ႔၀င္လာခဲ့သည္ ။

႐ိႈက္သံတခ်ဳိ႕ႏွင့္အတူ စီးက်လာေသာ မ်က္ရည္ေလးမ်ားကို ညင္သာစြာ သုတ္ေပးကာ
ႏိုးသြားမည္စိုး၍ ဖြဖြကေလး ဖက္ထားေပးလိုက္သည္... ။

မင္းကို ခ်စ္ေပမဲ့ မင္း မ်က္ရည္ေတြကိုေတာ့ ငါက သိပ္မုန္းတယ္ ခက္ထန္! ! ....

ဘယ္ေလာက္ေတာင္ ပင္ပန္းေနရရွာမလဲ... ။
လူတစ္ေယာက္ကို မုန္းတဲ့အလုပ္ဟာ ခ်စ္ရတာထက္ပိုပင္ပန္းတယ္ေလ ။

အခ်ိန္တိုင္း ဘယ္ေလာက္ေတာင္ ၿပိဳလဲသြားေစခ်င္ေနမလဲ ။ မင္း သန္မာတယ္လို႔ထင္ရတဲ့ ငါက မင္း ထင္ထားသလိုပါပဲ ခက္ထန္... ငါဟာ သိပ္ကို ဟန္ေဆာင္ေကာင္းလြန္းေနခဲ့တာ.... ။

------------------------------

တိုးတိတ္စြာ ေအးစက္လြန္းေသာ ေလထုတစ္ခု၏ၾကားတြင္ ေျပာင္လက္ေနေသာ ဖန္ခြက္အတြင္းသို႔ ၀ိုင္တခ်ဳိ႕ ေလာင္းထည့္ေနသည့္အသံက ၿငိမ့္ေညာင္းစြာ ျမည္ဟီးလို႔ေနသည္ ။ မိုးျပာေရာင္ စားပြဲေပၚတြင္
ႏွစ္ခ်ဳိ႕၀ိုင္ ပုလင္းႏွင့္အတူ ေသနတ္တစ္လက္ကပါ ေနရာယူလို႔ထား၏ ။ စားပြဲတစ္လံုးျခားကာ မ်က္ႏွာခ်င္းဆိုင္ ထိုင္ေနေသာ လူႏွစ္ေယာက္အနက္မွ ၀ိုင္ ငွဲ႔ေပးေနေသာ အမ်ဳိးသား၏ မ်က္ႏွာထက္တြင္ အၿပံဳးခ်ဳိေလးတစ္ခု ခ်ိတ္ဆြဲကာျဖင့္ ေရွ႕မွ လူအား ၀ိုင္ခြက္ေလး ကမ္းေပးလိုက္၏ ။ ထိုအမ်ဳိးသားသည္ သူ၏ ဘယ္ဘက္မ်က္လံုးေအာက္မွ မွဲ႔နက္ကေလးကို မဆီမဆိုင္ တို႔ထိလ်က္ အၿပံဳးေလးတစ္ခုႏွင့္အတူ ပူပန္မႈတစ္ခ်ဳိ႕တို႔သည္ ေရွ႕တြင္ရိွေနေသာ ေယာက်္ားအား ကသိကေအာက္ ျဖစ္တည္လာေစခဲ့သည္ ။

" ကိုးလ္.... အဆင္ေျပရဲ႕လား baby! "

ထည္၀ါလင္းရိွန္ သည္ သူ႕အား စိုးရိမ္ေနေသာ မ်က္လံုးမ်ားျဖင့္ ၾကည့္လာေသာ အမ်ဳိးသားအား အဆင္ေျပေၾကာင္း အရိပ္အႁမြက္မွ်သာ ေျပာလိုက္သည္ ။

ထိုလူသည္ ထိုင္ေနရာမွ ထလာကာ ထည္၀ါလင္းရိွန္၏ အနီးတြင္ ကပ္လ်က္ ၀င္ထိုင္လာခဲ့သည္ ။ ထိုလူ၏ လြတ္ေနေသာ က်န္လက္တဖက္သည္ ထည္၀ါလင္းရိွန္၏ ေပါင္ေပၚသို႔ က်ေရာက္လာကာ ႏူးညံ့စြာ ပြတ္သပ္လာခဲ့၏ ။

"ကိုယ္ ဘယ္ေလာက္ထိ လြမ္းေနခဲ့လဲ မင္း သိတယ္မလား ကိုးလ္! ျပန္လာဖို႔ အဆင္မေျပႏိုင္ခဲ့ေပမဲ့ မင္းကို တစ္ရက္မွ ေမ့မရခဲ့ဘူး... မင္း ေနရာမွာ ဘယ္သူ႕ကိုမွ အစားထိုးမရခဲ့ဘူး .... မင္းေလးကေရာ? "

" ကြၽန္ေတာ္တို႔ ပတ္သက္မႈက တစ္ေယာက္ကိုတစ္ေယာက္ လြမ္းေနရမဲ့ ပတ္သက္မႈမ်ဳိးဆိုတာ အခုမွပဲ သိေတာ့တယ္ "

ထိုလူသည္ ထည္၀ါလင္းရိွန္ထက္ အသက္ႀကီးပံုေပါက္ေနေသာ္လည္း ပိန္သြယ္ေသာခႏၶာကိုယ္ျဖင့္ ေျပျပစ္ေသာ ႐ုပ္ရည္မွာေယာက်္ားပီသပံုေပါက္ေန၏ ။ သူ၏ လက္မ်ားသည္ ထည္၀ါလင္းရိွန္ ကို ထိေတြ႕ကိုင္တြယ္ေနျခင္းျဖင့္ ၁၅ႏွစ္ေက်ာ္ နီးပါး
လြမ္းဆြတ္ တမ္းတမႈကို ေျဖေဖ်ာက္ခ်င္ေနေလ၏ ။

သို႔ေသာ္ သူ႕လက္မ်ားေပၚသို႔ လက္သြယ္သြယ္ေလးတစ္ဖက္ ေရာက္ရိွလာကာ အလိမၼာနည္းျဖင့္ ဖယ္ထုတ္လာခဲ့ေသာ ထည္၀ါလင္းရိွန္ ေၾကာင့္ အၿပံဳးတုေလးေပးကာ ႐ုတ္သိမ္းေပးလိုက္သည္ ။

ဒီေကာင္ေလး၏ ႏႈတ္ခမ္းေလးမ်ားက တခ်ိန္က သူ႕အပိုင္ ျဖစ္ခဲ့ဖူးတာ.... ။ သူ မွတ္မိေနေသး၏ ။
ဖခင္၏ လုပ္ေဖာ္ကိုင္ဖက္ အိမ္သို့ ေရာက္ရိွခ်ိန္တိုင္း... သူ႕အား မ်က္လံုးရွည္တို႔ျဖင့္ စိုက္ၾကည့္တတ္ေသာ ျဖဴသြယ္သြယ္ ေကာင္ေလးကို သူ မနည္း ရင္းႏီွးေအာင္ ျပဳလုပ္ခဲ့ရခ်ိန္ေလးေတြ....... ။ ေကာင္ေလး အိပ္ေပ်ာ္ေနခ်ိန္ ႏႈတ္ခမ္းသားေလးတစံုအား ခိုးယူစားသံုးမိခဲ့ခ်ိန္ေလးေတြ... ။

" အကို႔ အေဖ ေနေကာင္းရဲ႕လား...။ အခု အဖြဲ႕ကို အကို႔အေဖက ထိန္းခ်ဳပ္ေနတုန္းလို႔ ၾကားတယ္ "

" အင္း... အေဖက အသက္ႀကီးလာတဲ့အတိုင္း သူ႕အရည္အေသြးေတြကလည္း ပိုႀကီးၿပီး ထက္လာလိုက္တာ... သူ က ပိုေတာ္ေလ ကိုယ့္ကို သူက စိတ္တိုင္းမက်ေလပဲ ။ ကိုယ့္ကို သူ႕ထက္ပိုသာေစခ်င္တာေလ... "

ရယ္သံလႊမ္းကာ ၿပံဳးလာခဲ့ေသာ အကို႔အၿပံဳးေတြကို ေငးရင္း ခက္ထန္ကို သတိရမိသည္ ။

ခက္ထန္ အၿပံဳးေတြကို ျမင္ခ်င္လိုက္တာ.... ဟူ၍..... ။

" ကိုယ္တို႔ၾကားက ကတိေတြ ရိွေနေသးတယ္မလား..."

ထည္၀ါလင္းရိွန္ သည္ တုန္လႈပ္သြားေသာ ႏွလံုးခုန္သံကို ထိန္းညိႇရန္ မ်က္စိေရွ႕မွ ၀ိုင္တစ္ခြက္အား ေမာ့ခ်လိုက္သည္ ။ ႏွစ္ခ်ဳိ႕၀ိုင္၏ ပူေႏြးေႏြးအရသာက လည္ေခ်ာင္းဆီမွ ႏွလံုးသားဆီသို႔ ျဖတ္ဆင္းကာ ေအးစက္တုန္ရီမႈကို ေခတၱထိန္းခ်ဳပ္ေပးေစခ်င္မိသည္ ။

" ကြၽန္ေတာ္ ကတိမဖ်က္ပါဘူး ။ ခက္ထန္ အႏၲရာယ္ကင္းေစရမယ္ဆိုတဲ့ ကတိကုိလည္း အကို မေမ့ပါနဲ႔... "

အကို ဟာ သေဘာတက် ၿပံဳးျပျပန္၏ ။

" ကိုယ္ သူ႕ကို ေတြ႕ခ်င္လိုက္တာ... ငယ္ငယ္ကလို စြာတုန္းလား... ။ မင္းအိပ္ေပ်ာ္ေနတဲ့အခ်ိန္ ကိုယ္ ခိုးနမ္းမိတုန္းက ကိုယ့္လက္မကို သူ႕ သြားပိစိေလးေတြနဲ႔ ကိုက္ပစ္လိုက္တာေလ.... သူပဲကိုက္ သူပဲငို... တကယ့္ကို စြာတဲ့ကေလး! "

ဟုဆိုကာ ဆက္ေျပာဟန္ျပဳၿပီးကာမွ အကို႔ အိတ္ကပ္ထဲမွ ဖုန္းသံက က်ယ္ေလာင္စြာ ထြက္ေပၚလာေလသည္ ။
စကားေျပာလက္စျဖစ္ေနေသာ္လည္း
႐ုတ္တရက္ ဖုန္းဆက္ေခၚလာေသာ ဖခင္ျဖစ္သူေၾကာင့္ အကို အလ်င္စရာ ျပန္သြားခဲ့၏ ။

ေနာက္လည္း ထပ္၍ လာဦးမည္ဟုလည္း ထပ္ကာထပ္ကာ မွာသြားသည့္အျပင္ ခက္ထန္ ကိုပါ ေတြ႕ခ်င္သည့္အေၾကာင္းကိုလည္း မေမ့မေန ေျပာသြားျပန္၏ ။ တကယ္ဆို ခက္ထန္ ကို သူတို္႔နဲ႔ ေပးမေတြ႕ခ်င္ဘူး ။ ခက္ထန္ သိလို့ မျဖစ္တဲ့ လွ်ဳိ႕၀ွက္ခ်က္ဟာ အကိုတို႔ သားအဖပဲ မဟုတ္လား..... ။

သူသိသည္ ။ အကိုလည္း ခက္ထန္အေပၚ သံေယာဇဥ္လက္က်န္ေလးေတာ့ က်န္ရိွေနဦးမွာပဲ..... ။ ဖခင္႐ဲ့ ေလာင္းရိပ္ဆိုးေအာက္က ႐ုန္းမထြက္ႏိုင္တာေလးကလြဲရင္ အကိုသည္ လူရမ္းကားတစ္ေယာက္ေတာ့ မဟုတ္ပါေလ ။

ေက်ာမီွထိုင္ေနေသာ ဆိုဖာေပၚသို႔ ဇက္ကိုေမာ့လ်က္ ေခါင္းမွီလိုက္ကာ ႏြမ္းနယ္ေနေသာ မ်က္လံုးမ်ားကို အနားေပးလိုက္သည္ ။ အနားမေပးႏိုင္ေသာ ဦးေႏွာက္ထဲတြင္ေတာ့ အေတြးတို႔က အတိတ္တစ္ခုဆီသို့ အလည္အပတ္ ေရာက္ရိွသြားခဲ့သည္ ။

အဲ့ဒီ္ ညေလးတစ္ညပဲ ။ အျဖစ္အပ်က္အားလံုးႏွင့္အတူ ခက္ထန္ ၏ အမုန္းမ်ားစြာကို ရရိွခဲ့ေသာ ညေလးတစ္ည... ။

သူ႕ဘ၀ကို ဖ်က္စီးပစ္ခဲ့ေသာ အမ်ဳိးသမီး၏ ေနာက္ဆံုးထြက္သက္အခ်ိန္ေလးတစ္ခု၌ သူဟာ ကယ္ေပးႏိုင္ခဲ့ေသာ္လည္း ဓားဒဏ္ရာမ်ားစြာျဖင့္ ထိုမိန္းမကို ၿငိမ္သက္စြာ ေငးၾကည့္ေနခဲ့မိသည္ ။

" ထည္၀ါ..... သား! .... "

အခ်ိန္တိုင္း ဒုကၡေပးရန္ ႀကံစည္ေနခဲ့ေသာ
မိန္းမသည္ သူမ၏ ေနာက္ဆံုးအခ်ိန္တြင္ေတာ့ ထူးဆန္းစြာ ေခၚလာခဲ့သည္က "သား" တဲ့.... ။

" မကယ္ေပးခ်င္ဘူး ဆိုတာ သိပါတယ္ ၊
ခက္... ခက္ ထန္ ေလးကုိေတာ့ ကယ္ ေပး ပါ "

ထိုမိန္းမ၏ အနားမွ ေသြးတို႔ စိုရႊဲေနေသာ ဓားတိုေလးကို ေကာက္ကိုင္လ်က္ အဆံုးသတ္ေပးလိုက္ရန္ ဆံုးျဖတ္ခဲ့မိသည္ ။

ဒါမွ ခက္ထန္ ကို တစ္ေယာက္တည္း ပိုင္ဆိုင္ခြင့္ရိွမွာေပါ့.... ။ သူ႕ကို သတ္ၿပီးမွ ခက္ထန္ကို ေခၚသြားလို႔ ရမွာ.... ။ သူသာ အသက္ရွင္ရင္ ခက္ထန္ ကို ထပ္ေတြ႕ခြင့္ရိွမွာ မဟုတ္ေတာ့ဘူးေလ ။

သို႔ေသာ္ အေတြးတို႔ မဆံုးလိုက္ေသးခင္တြင္
ထိုမိန္းမသည္ ေသြးအိုင္မ်ားၾကား၌ ၿငိမ္သက္စြာလဲေလ်ာင္းလ်က္ ထာ၀စဥ္ အိပ္စက္သြားခဲ့ေလၿပီ ။ မႊန္ထူလာေသာ မီးခိုးမ်ား၏ၾကား၌ ခက္ထန္ ကို ဦးစြာ ရွာေဖြရန္အတြက္ ေနာက္သို႔လွည့္လိုက္ေသာအခါ
နီရဲရဲ မီးေတာက္မ်ား၏ အလယ္တြင္
မ်က္ရည္တို႔ ရစ္၀ိုင္းေနေသာ မ်က္လံုး၀ိုင္းႀကီးမ်ားကို သူ ေတြ႔လိုက္ရသည္ ။

၈ႏွစ္သားအရြယ္ ကေလးတစ္ေယာက္၏ အေရာင္လဲ့ေနေသာ မ်က္၀န္းမ်ားသည္
လူေသအေလာင္းဆီမွ သူ႕ထံသို႔ ကူးစက္လာခဲ့၏။

ကေလးငယ္သည္ သူ႕အေမ ကို ေအာ္ေခၚဖို႔ရန္ပင္ ေမ့ေလ်ာ့သြားခဲ့ေလသလား... ။

ခက္ထန္ ထံမွ တခါမွ မျမင္ဖူးခဲ့ပါေသာ
အၾကည့္မ်ားထဲတြင္ ေအးစက္ေနေသာ ေလထုတို႔ကပ္ညိေနသလိုပင္... ။

စကားတစ္ခြန္းမဆိုပါဘဲ ကေလးငယ္ကို ေပြ႕ပိုက္ကာ မီးဟုန္းဟုန္းေတာက္ေလာင္ေနေသာ ထိုေနရာမွ ထြက္ခြာႏိုင္ရန္ ႀကိဳးစားမိသည္ ။ ကေလးငယ္သည္လည္း သတိမကပ္ေတာ့သည့္ လူတစ္ေယာက္ကဲ့သို႔ မတုန္မလႈပ္ၿငိမ္သက္စြာျဖင့္ ရင္ခြင္ထဲ၌ ခို၀င္ကာ ႐ိႈက္သံပိစိေလး ေပးေနခဲ့၏။

" ဘာလို႔ ကယ္လာတာလဲ ထည္၀ါလင္းရိွန္! မင္း ေသခ်င္လို႔ အဆိပ္ပင္ ေရေလာင္းဖို္႔မ်ား စဥ္းစားေနတာလား! "

ထည္၀ါလင္းရိွန္ သည္ မူးယစ္ရာဇာဂိုဏ္းေခါင္းေဆာင္တစ္ဦး၏ ေရွ႕တြင္ ဒူးေထာက္ခ်လိုက္သည္ ။ ၁၈ ႏွစ္အရြယ္ ေကာင္ေလးတစ္ေယာက္၏ မာနေသးေသးေလးမ်ားသည္ သူ႕ရင္ခြင္ထဲမွ အေကာင္ေပါက္ေလးကို ကာကြယ္ႏိုင္ရန္ သူစိမ္းတစ္ေယာက္၏ ေရွ႕တြင္ ပထမဆံုးအႀကိမ္ ဒူးေထာက္ခ်လိုက္၏ ။

" မာစတာ သတ္ခ်င္တဲ့ လူလည္း ေသသြားခဲ့ပါႁပီ...
ဒီကေလးမွာ ဘာအျပစ္မွ မရိွပါဘူး "

မာစတာ ဆိုေသာ လူသည္ ထိုင္ရာမွ ထကာ
ထည္၀ါလင္းရိွန္၏ အနီးသို႔ ေလွ်ာက္လွမ္းၿပီးေနာက္
အနားသို႔ ေရာက္ေသာအခါ ဒူးတဖက္ေထာက္ထိုင္လ်က္ ခက္ထန္ မ်က္ႏွာေလးအား အခ်ိန္အေတာ္ၾကာ စိုက္ၾကည့္ေနခဲ့သည္ ။ ၿပီးေနာက္ သူ၏ သန္မာေသာ လက္ျဖင့္ ထည္၀ါလင္းရိွန္၏ ပခံုးသားတစ္ဖက္ကို ဆုပ္ကို္င္ကာ....

" က်ဴပင္ခုတ္ က်ဴငုတ္မက်န္ေစနဲ႔တဲ့ ထည္၀ါ...
အခုခ်ိန္မွာေတာ့ အျပစ္ကင္းတဲ့ ေပါက္စေလးေပါ့...
ေနာင္တစ္ခ်္ိန္မွာေတာ့ တစ္ေတာလံုး ပတ္ေမႊသြားမဲ့ က်ားတစ္ေကာင္ ျဖစ္သြားရင္ မင္း ဘယ္လိုတာ၀န္ယူမွာလဲ ?"

ထည္၀ါလင္းရိွန္သည္ ေမ့ေမ်ာေနေသာ ခက္ထန္ေပါက္ကေလး၏ မ်က္ႏွာေလးအား စိုက္ၾကည့္ကာ တည္ၿငိ္မ္ေလးနက္ေသာ အသံျဖင့္ ေနာင္တကင္းမဲ့စြာ ေျပာလာခဲ့၏ ။

" ဒီကေလးနဲ႔ ပတ္သက္သမ်ွ ကိစၥတိုင္းအတြက္ ကြၽန္ေတာ္ တာ၀န္ယူတယ္ ။ ဒီေန႔ ဒီအခ်ိန္က စၿပီး ေတာ္၀င္မင္းခက္ထန္ ရဲ႕ အုပ္ထိန္းသူက ကြၽန္ေတာ္ ထည္၀ါလင္းရိွန္ပါ ။ ေနာင္တစ္ခ်ိန္မွာ ဒီကေလးဟာ မာစတာေျပာခဲ့သလို ႏိွမ္နင္းမရႏိုင္တဲ့ က်ားတစ္ေကာင္ ျဖစ္လာခဲ့မယ္ဆို အဲ့ဒီ က်ား႐ဲ့ အမဲျဖတ္ျခင္းကို ကြၽန္ေတာ္ တစ္ေယာက္ထဲ ခံယူပါ့မယ္ ။ ဒီကေလးကို အသက္ရွင္ခြင့္ေလးပဲ ေပးပါ... မာစတာ ဘာခိုင္းခိုင္း ကြၽန္ေတာ္ လုပ္ပါ့မယ္... "

" ငါ ေမးပါရေစၪီး ထည္၀ါ... က်ားတစ္ေကာင္ ကို ႏိွမ္နင္းႏိုင္ဖို႔ မေတြးဘဲ ဘာလို႔ အမဲျဖတ္ခံမယ္လို႔ ဆံုးျဖတ္ရတာလဲ ၊ မိုက္မဲလြန္းရာ မက်ဘူးလား? "

" ကြၽန္ေတာ္ ဘယ္ေတာ့မွ ႏိွမ္နင္းရက္မွာ မဟုတ္မွန္း ကိုယ့္အေၾကာင္းကိုယ္ သိေနလို႔ပါ "

ထိုစဥ္က ရင္ခြင္ထဲမွ ကေလးငယ္သည္ ႏိုးထလာေသာအခါ၌ နာက်ည္းရိပ္သန္းေနေသာ မ်က္လံုးေလးျဖင့္ မေျဖႏိုင္ေသာ ေမးခြန္းတို႔ကို ရဲတင္းစြာ ေမးလာခဲ့သည္ ။

" သား အေမကို ဘာလို႔ သတ္လိုက္တာလဲ ....သားတို႔အိမ္ကို ဘာလို႔ မီး႐ိႈ႕ပစ္လိုက္တာလဲ "

တဲ့.... ။

ခက္ထန္ဟာ သူ႕အိမ္ကို မီး႐ိႈ႕ၿပီး သူ႕အေမကို သတ္ခဲ့တဲ့ တရားခံကို ၈ႏွစ္အရြယ္ ဦးေႏွာက္ကေလးနဲ႔ သူ႕အျမင္ကို အေျခခံလို႔ တထစ္ခ် စြပ္စြဲပစ္လိုက္တယ္ ။

ဒီတိုင္းေလးပဲ ထင္လိုက္ပါေတာ့ ခက္ထန္ေရ...။

အနည္းဆံုးေတာ့ မင္း မယွဥ္ႏိုင္တဲ့ အဖြဲ႕အစည္းတစ္ခုကို မိုက္႐ူးရဲဆန္စြာ ရင္ဆိုင္စရာမလိုေတာ့ဘူး ။ ငါ့ကိုသာ ရန္သူလို႔ သတ္မွတ္ၿပီး အႏၲရာယ္ကင္းစြာ ေနထိုင္ပါ ကေလးငယ္... ။

" မုန္းတယ္... " တဲ့.... ။

အဲ့ဒီ ေန႔က မင္းကိုၾကည့္ၿပီး ငါ ရယ္ခဲ့တယ္ေနာ္ ခက္ထန္! မ်က္ရည္ေတြ က်လာတဲ့အထိ ရယ္ေနခဲ့တာ....။ တကယ္ေတာ့ ရင္ဘတ္ေတြေအာင့္လြန္းလို႔ ရယ္လိုက္ရင္မ်ား သက္သာသြားမလားလို႔ပါ... ။

၂ ရက္မျပည့္ေသးေပမဲ့ Christmas အမီွေလးတင္ေပးခ်င္လို႔ပါ ။ Merry Christmas ပါေနာ္ အားေဆးလံုးေလးေတြ 💖💖💖💖💖

Unicode version

ငုတ်တုတ် အိပ်ပျော်သွားသော ခက်ထန် ခန္ဓာကိုယ်အား ဖြည်းညှင်းစွာ ထွေးပွေ့လျက်
အိပ်ရာပေါ်သို့ နူးညံ့စွာ လဲလျောင်းစေခဲ့သည် ။
ဂလန်ဂလား အရပ်အမောင်းကြီးကြောင့် ကုတင်အောက်တဝက်သို့ ကျနေသော ခြေထောက်ကိုလည်း ဖွဖွလေး ဆွဲတင်ကာ စောင်ခြုံပေးလေတော့ အိပ်ပျော်နေသော ကလေးလေးထံမှ 'ကိုကို' ဟူသော ခေါ်သံတိုးတိုးလေးက ထွက်ကျလာလေ၏ ။

ထည်ဝါလင်းရှိန်သည် ကိုယ့်နားကို မယုံနိုင်စွာ
ခက်ထန် နှုတ်ခမ်းနားလေးသို့ တိုးကပ်ကာ ထပ်မံနားစွင့်ပြန်၏ ။ သို့သော် သူ ကြားလိုက်မိသော စကားသံမျိုးနှင့် ခြားနားလွန်းသော အသံမှာ ဝဲဘက်ရင်အုံကို ဆစ်ခနဲ နာကျင်စေ၏ ။

"ခင်ဗျားကို အရေခွံစုတ်ပစ်မယ် ထည်ဝါလင်းရှိန်! "

ထိုစကား၏နောက်၌ ဘာမှန်းမသိသော စကားများလည်း ပလုံးပထွေး ကပ်ပါလာခဲ့သည် ။
ကလေးငယ်၏ ခေါင်းလေးအား ပွတ်သပ်ကာ
ကျန်လက်တစ်ဖက်ဖြင့် ရင်ဘတ်လေးပေါ် ပုတ်ပေးလေတော့ ကောင်ပေါက်လေးသည် ရင်ခွင်တွင်းသို့ တိုးဝှေ့ဝင်လာခဲ့သည် ။

ရှိုက်သံတချို့နှင့်အတူ စီးကျလာသော မျက်ရည်လေးများကို ညင်သာစွာ သုတ်ပေးကာ
နိုးသွားမည်စိုး၍ ဖွဖွကလေး ဖက်ထားပေးလိုက်သည် ။

မင်းကို ချစ်ပေမဲ့ မင်း မျက်ရည်တွေကိုတော့ ငါက သိပ်မုန်းတယ် ခက်ထန်!

ဘယ်လောက်တောင် ပင်ပန်းနေရရှာမလဲ... ။
လူတစ်ယောက်ကို မုန်းတဲ့အလုပ်ဟာ ချစ်ရတာထက်ပိုပင်ပန်းတယ်လေ ။

အချိန်တိုင်း ဘယ်လောက်တောင် ပြိုလဲသွားစေချင်နေမလဲ ။ မင်း သန်မာတယ်လို့ထင်ရတဲ့ ငါက မင်း ထင်ထားသလိုပါပဲ ခက်ထန်... ငါဟာ သိပ်ကို ဟန်ဆောင်ကောင်းလွန်းနေခဲ့တာ။

------------------------------

တိုးတိတ်စွာ အေးစက်လွန်းသော လေထုတစ်ခု၏ကြားတွင် ပြောင်လက်နေသော ဖန်ခွက်အတွင်းသို့ ဝိုင်တချို့ လောင်းထည့်နေသည့်အသံက ငြိမ့်ညောင်းစွာ မြည်ဟီးလို့နေသည် ။ မိုးပြာရောင် စားပွဲပေါ်တွင်
နှစ်ချို့ဝိုင် ပုလင်းနှင့်အတူ သေနတ်တစ်လက်ကပါ နေရာယူလို့ထား၏ ။ စားပွဲတစ်လုံးခြားကာ မျက်နှာချင်းဆိုင် ထိုင်နေသော လူနှစ်ယောက်အနက်မှ ဝိုင် ငှဲ့ပေးနေသော အမျိုးသား၏ မျက်နှာထက်တွင် အပြုံးချိုလေးတစ်ခု ချိတ်ဆွဲကာဖြင့် ရှေ့မှ လူအား ဝိုင်ခွက်လေး ကမ်းပေးလိုက်၏ ။ ထိုအမျိုးသားသည် သူ၏ ဘယ်ဘက်မျက်လုံးအောက်မှ မှဲ့နက်ကလေးကို မဆီမဆိုင် တို့ထိလျက် အပြုံးလေးတစ်ခုနှင့်အတူ ပူပန်မှုတစ်ချို့တို့သည် ရှေ့တွင်ရှိနေသော ယောကျ်ားအား ကသိကအောက် ဖြစ်တည်လာစေခဲ့သည် ။

" ကိုးလ်... အဆင်ပြေရဲ့လား baby! "

ထည်ဝါလင်းရှိန် သည် သူ့အား စိုးရိမ်နေသော မျက်လုံးများဖြင့် ကြည့်လာသော အမျိုးသားအား အဆင်ပြေကြောင်း အရိပ်အမြွက်မျှသာ ပြောလိုက်သည် ။

ထိုလူသည် ထိုင်နေရာမှ ထလာကာ ထည်ဝါလင်းရှိန်၏ အနီးတွင် ကပ်လျက် ဝင်ထိုင်လာခဲ့သည် ။ ထိုလူ၏ လွတ်နေသော ကျန်လက်တစ်ဖက်သည် ထည်ဝါလင်းရှိန်၏ ပေါင်ပေါ်သို့ ကျရောက်လာကာ နူးညံ့စွာ ပွတ်သပ်လာခဲ့၏ ။

"ကိုယ် ဘယ်လောက်ထိ လွမ်းနေခဲ့လဲ မင်း သိတယ်မလား ကိုးလ်! ပြန်လာဖို့ အဆင်မပြေနိုင်ခဲ့ပေမဲ့ မင်းကို တစ်ရက်မှ မေ့မရခဲ့ဘူး၊ မင်း နေရာမှာ ဘယ်သူ့ကိုမှ အစားထိုးမရခဲ့ဘူး၊ မင်းကရော? "

" ကျွန်တော်တို့ ပတ်သက်မှုက တစ်ယောက်ကိုတစ်ယောက် လွမ်းနေရမဲ့ ပတ်သက်မှုမျိုးဆိုတာ အခုမှပဲ သိတော့တယ် "

ထိုလူသည် ထည်ဝါလင်းရှိန်ထက် အသက်ကြီးပုံပေါက်နေသော်လည်း ပိန်သွယ်သောခန္ဓာကိုယ်ဖြင့် ပြေပြစ်သော ရုပ်ရည်မှာယောကျ်ားပီသပုံပေါက်နေ၏ ။ သူ၏ လက်များသည် ထည်ဝါလင်းရှိန် ကို ထိတွေ့ကိုင်တွယ်နေခြင်းဖြင့် ၁၅နှစ်ကျော် နီးပါး
လွမ်းဆွတ် တမ်းတမှုကို ဖြေဖျောက်ချင်နေလေ၏ ။

သို့သော် သူ့လက်များပေါ်သို့ လက်သွယ်သွယ်လေးတစ်ဖက် ရောက်ရှိလာကာ အလိမ္မာနည်းဖြင့် ဖယ်ထုတ်လာခဲ့သော ထည်ဝါလင်းရှိန် ကြောင့် အပြုံးတုလေးပေးကာ ရုတ်သိမ်းပေးလိုက်သည် ။

ဒီကောင်လေး၏ နှုတ်ခမ်းလေးများက တချိန်က သူ့အပိုင် ဖြစ်ခဲ့ဖူးတာ သူ မှတ်မိနေသေး၏ ။
ဖခင်၏ လုပ်ဖော်ကိုင်ဖက် အိမ်သို့ ရောက်ရှိချိန်တိုင်း သူ့အား မျက်လုံးရှည်တို့ဖြင့် စိုက်ကြည့်တတ်သော ဖြူသွယ်သွယ် ကောင်လေးကို သူ မနည်း ရင်းနှီးအောင် ပြုလုပ်ခဲ့ရချိန်လေးတွေ...ကောင်လေး အိပ်ပျော်နေချိန် နှုတ်ခမ်းသားလေးတစုံအား ခိုးယူစားသုံးမိခဲ့ချိန်လေးတွေ... ။

" အကို့ အဖေ နေကောင်းရဲ့လား? အခု အဖွဲ့ကို အကို့အဖေ ထိန်းချုပ်နေတုန်းလို့ ကြားတယ် "

" အင်း... အဖေက အသက်ကြီးလာတဲ့အတိုင်း သူ့အရည်အသွေးတွေကလည်း ပိုကြီးပြီး ထက်လာလိုက်တာ သူ က ပိုတော်လေ ကိုယ့်ကို သူက စိတ်တိုင်းမကျလေပဲ ။ ကိုယ့်ကို သူ့ထက်ပိုသာစေချင်တာလေ... "

ရယ်သံလွှမ်းကာ ပြုံးလာခဲ့သော အကို့အပြုံးတွေကို ငေးရင်း ခက်ထန်ကို သတိရမိသည် ။

ခက်ထန် အပြုံးတွေကို မြင်ချင်လိုက်တာ ဟူ၍... ။

" ကိုယ်တို့ကြားက ကတိတွေ ရှိနေသေးတယ်မလား?"

ထည်ဝါလင်းရှိန် သည် တုန်လှုပ်သွားသော နှလုံးခုန်သံကို ထိန်းညှိရန် မျက်စိရှေ့မှ ဝိုင်တစ်ခွက်အား မော့ချလိုက်သည် ။ နှစ်ချို့ဝိုင်၏ ပူနွေးနွေးအရသာက လည်ချောင်းဆီမှ နှလုံးသားဆီသို့ ဖြတ်ဆင်းကာ အေးစက်တုန်ရီမှုကို ခေတ္တထိန်းချုပ်ပေးစေချင်မိသည် ။

" ကျွန်တော် ကတိမဖျက်ပါဘူး ။ ခက်ထန် အန္တရာယ်ကင်းစေရမယ်ဆိုတဲ့ ကတိကိုလည်း အကို မမေ့ပါနဲ့... "

အကို ဟာ သဘောတကျ ပြုံးပြပြန်၏ ။

" ကိုယ် သူ့ကို တွေ့ချင်လိုက်တာ... ငယ်ငယ်ကလို စွာတုန်းလား။ မင်းအိပ်ပျော်နေတဲ့အချိန် ကိုယ် ခိုးနမ်းမိတုန်းက ကိုယ့်လက်မကို သူ့ သွားပိစိလေးတွေနဲ့ ကိုက်ပစ်လိုက်တာလေ၊ သူပဲကိုက် သူပဲငို တကယ့်ကို စွာတဲ့ကလေး! "

ဟုဆိုကာ ဆက်ပြောဟန်ပြုပြီးကာမှ အကို့ အိတ်ကပ်ထဲမှ ဖုန်းသံက ကျယ်လောင်စွာ ထွက်ပေါ်လာလေသည် ။
စကားပြောလက်စဖြစ်နေသော်လည်း
ရုတ်တရက် ဖုန်းဆက်ခေါ်လာသော ဖခင်ဖြစ်သူကြောင့် အကို အလျင်စရာ ပြန်သွားခဲ့၏ ။

နောက်လည်း ထပ်၍ လာဦးမည်ဟုလည်း ထပ်ကာထပ်ကာ မှာသွားသည့်အပြင် ခက်ထန် ကိုပါ တွေ့ချင်သည့်အကြောင်းကိုလည်း မမေ့မနေ ပြောသွားပြန်၏ ။ တကယ်ဆို ခက်ထန် ကို သူတို့်နဲ့ ပေးမတွေ့ချင်ဘူး ။ ခက်ထန် သိလို့ မဖြစ်တဲ့ လျှို့ဝှက်ချက်ဟာ အကိုတို့ သားအဖပဲ မဟုတ်လား။

သူသိသည် ။ အကိုလည်း ခက်ထန်အပေါ် သံယောဇဉ်လက်ကျန်လေးတော့ ကျန်ရှိနေဦးမှာပဲ ။ ဖခင်ရဲ့ လောင်းရိပ်ဆိုးအောက်က ရုန်းမထွက်နိုင်တာလေးကလွဲရင် အကိုသည် လူရမ်းကားတစ်ယောက်တော့ မဟုတ်ပါလေ ။

ကျောမှီထိုင်နေသော ဆိုဖာပေါ်သို့ ဇက်ကိုမော့လျက် ခေါင်းမှီလိုက်ကာ နွမ်းနယ်နေသော မျက်လုံးများကို အနားပေးလိုက်သည် ။ အနားမပေးနိုင်သော ဦးနှောက်ထဲတွင်တော့ အတွေးတို့က အတိတ်တစ်ခုဆီသို့ အလည်အပတ် ရောက်ရှိသွားခဲ့သည် ။

အဲဒီ ညလေးတစ်ညပဲ ။ အဖြစ်အပျက်အားလုံးနှင့်အတူ ခက်ထန် ၏ အမုန်းများစွာကို ရရှိခဲ့သော ညလေးတစ်ည... ။

သူ့ဘဝကို ဖျက်စီးပစ်ခဲ့သော အမျိုးသမီး၏ နောက်ဆုံးထွက်သက်အချိန်လေးတစ်ခု၌ သူဟာ ကယ်ပေးနိုင်ခဲ့သော်လည်း ဓားဒဏ်ရာများစွာဖြင့် ထိုမိန်းမကို ငြိမ်သက်စွာ ငေးကြည့်နေခဲ့မိသည် ။

" ထည်ဝါ... သား! "

အချိန်တိုင်း ဒုက္ခပေးရန် ကြံစည်နေခဲ့သော
မိန်းမသည် သူမ၏ နောက်ဆုံးအချိန်တွင်တော့ ထူးဆန်းစွာ ခေါ်လာခဲ့သည်က "သား" တဲ့...။

" မကယ်ပေးချင်ဘူး ဆိုတာ သိပါတယ် ၊
ခက်... ခက် ထန် လေးကိုတော့ ကယ် ပေး ပါ "

ထိုမိန်းမ၏ အနားမှ သွေးတို့ စိုရွှဲနေသော ဓားတိုလေးကို ကောက်ကိုင်လျက် အဆုံးသတ်ပေးလိုက်ရန် ဆုံးဖြတ်ခဲ့မိသည် ။

ဒါမှ ခက်ထန် ကို တစ်ယောက်တည်း ပိုင်ဆိုင်ခွင့်ရှိမှာပေါ့ ။ သူ့ကို သတ်ပြီးမှ ခက်ထန်ကို ခေါ်သွားလို့ ရမှာ။ သူသာ အသက်ရှင်ရင် ခက်ထန် ကို ထပ်တွေ့ခွင့်ရှိမှာ မဟုတ်တော့ဘူးလေ ။

သို့သော် အတွေးတို့ မဆုံးလိုက်သေးခင်တွင်
ထိုမိန်းမသည် သွေးအိုင်များကြား၌ ငြိမ်သက်စွာလဲလျောင်းလျက် ထာဝစဉ် အိပ်စက်သွားခဲ့လေပြီ ။ မွှန်ထူလာသော မီးခိုးများ၏ကြား၌ ခက်ထန် ကို ဦးစွာ ရှာဖွေရန်အတွက် နောက်သို့လှည့်လိုက်သောအခါ
နီရဲရဲ မီးတောက်များ၏ အလယ်တွင်
မျက်ရည်တို့ ရစ်ဝိုင်းနေသော မျက်လုံးဝိုင်းကြီးများကို သူ တွေ့လိုက်ရသည် ။

၈နှစ်သားအရွယ် ကလေးတစ်ယောက်၏ အရောင်လဲ့နေသော မျက်ဝန်းများသည်
လူသေအလောင်းဆီမှ သူ့ထံသို့ ကူးစက်လာခဲ့၏။

ကလေးငယ်သည် သူ့အမေ ကို အော်ခေါ်ဖို့ရန်ပင် မေ့လျော့သွားခဲ့လေသလား။

ခက်ထန် ထံမှ တခါမှ မမြင်ဖူးခဲ့ပါသော
အကြည့်များထဲတွင် အေးစက်နေသော လေထုတို့ကပ်ညိနေသလိုပင်... ။

စကားတစ်ခွန်းမဆိုပါဘဲ ကလေးငယ်ကို ပွေ့ပိုက်ကာ မီးဟုန်းဟုန်းတောက်လောင်နေသော ထိုနေရာမှ ထွက်ခွာနိုင်ရန် ကြိုးစားမိသည် ။ ကလေးငယ်သည်လည်း သတိမကပ်တော့သည့် လူတစ်ယောက်ကဲ့သို့ မတုန်မလှုပ်ငြိမ်သက်စွာဖြင့် ရင်ခွင်ထဲ၌ ခိုဝင်ကာ ရှိုက်သံပိစိလေး ပေးနေခဲ့၏။

" ဘာလို့ ကယ်လာတာလဲ ထည်ဝါလင်းရှိန်! မင်း သေချင်လို့ အဆိပ်ပင် ရေလောင်းဖို့်များ စဉ်းစားနေတာလား! "

ထည်ဝါလင်းရှိန် သည် မူးယစ်ရာဇာဂိုဏ်းခေါင်းဆောင်တစ်ဦး၏ ရှေ့တွင် ဒူးထောက်ချလိုက်သည် ။ ၁၈ နှစ်အရွယ် ကောင်လေးတစ်ယောက်၏ မာနသေးသေးလေးများသည် သူ့ရင်ခွင်ထဲမှ အကောင်ပေါက်လေးကို ကာကွယ်နိုင်ရန် သူစိမ်းတစ်ယောက်၏ ရှေ့တွင် ပထမဆုံးအကြိမ် ဒူးထောက်ချလိုက်၏ ။

" မာစတာ သတ်ချင်တဲ့ လူလည်း သေသွားခဲ့ပါပြီ၊
ဒီကလေးမှာ ဘာအပြစ်မှ မရှိပါဘူး "

မာစတာ ဆိုသော လူသည် ထိုင်ရာမှ ထကာ
ထည်ဝါလင်းရှိန်၏ အနီးသို့ လျှောက်လှမ်းပြီးနောက်
အနားသို့ ရောက်သောအခါ ဒူးတဖက်ထောက်ထိုင်လျက် ခက်ထန် မျက်နှာလေးအား အချိန်အတော်ကြာ စိုက်ကြည့်နေခဲ့သည် ။ ပြီးနောက် သူ၏ သန်မာသော လက်ဖြင့် ထည်ဝါလင်းရှိန်၏ ပခုံးသားတစ်ဖက်ကို ဆုပ်ကိုင်ကာ....

" ကျူပင်ခုတ် ကျူငုတ်မကျန်စေနဲ့တဲ့ ထည်ဝါ...
အခုချိန်မှာတော့ အပြစ်ကင်းတဲ့ ပေါက်စလေးပေါ့
နောင်တစ်ချိန်မှာတော့ တစ်တောလုံး ပတ်မွှေသွားမဲ့ ကျားတစ်ကောင် ဖြစ်သွားရင် မင်း ဘယ်လိုတာဝန်ယူမှာလဲ ?"

ထည်ဝါလင်းရှိန်သည် မေ့မျောနေသော ခက်ထန်ပေါက်ကလေး၏ မျက်နှာလေးအား စိုက်ကြည့်ကာ တည်ငြိမ်လေးနက်သော အသံဖြင့် နောင်တကင်းမဲ့စွာ ပြောလာခဲ့၏ ။

" ဒီကလေးနဲ့ ပတ်သက်သမျှ ကိစ္စတိုင်းအတွက် ကျွန်တော် တာဝန်ယူတယ် ။ ဒီနေ့ ဒီအချိန်က စပြီး တော်ဝင်မင်းခက်ထန် ရဲ့ အုပ်ထိန်းသူက ကျွန်တော် ထည်ဝါလင်းရှိန်ပါ ။ နောင်တစ်ချိန်မှာ ဒီကလေးဟာ မာစတာပြောခဲ့သလို နှိမ်နင်းမရနိုင်တဲ့ ကျားတစ်ကောင် ဖြစ်လာခဲ့မယ်ဆို အဲဒီ ကျားရဲ့ အမဲဖြတ်ခြင်းကို ကျွန်တော် တစ်ယောက်ထဲ ခံယူပါ့မယ် ။ ဒီကလေးကို အသက်ရှင်ခွင့်လေးပဲ ပေးပါ၊ မာစတာ ဘာခိုင်းခိုင်း ကျွန်တော် လုပ်ပါ့မယ် "

" ငါ မေးပါရစေဦး ထည်ဝါ... ကျားတစ်ကောင် ကို နှိမ်နင်းနိုင်ဖို့ မတွေးဘဲ ဘာလို့ အမဲဖြတ်ခံမယ်လို့ ဆုံးဖြတ်ရတာလဲ ၊ မိုက်မဲလွန်းရာ မကျဘူးလား? "

" ကျွန်တော် ဘယ်တော့မှ နှိမ်နင်းရက်မှာ မဟုတ်မှန်း ကိုယ့်အကြောင်းကိုယ် သိနေလို့ပါ "

ထိုစဉ်က ရင်ခွင်ထဲမှ ကလေးငယ်သည် နိုးထလာသောအခါ၌ နာကျည်းရိပ်သန်းနေသော မျက်လုံးလေးဖြင့် မဖြေနိုင်သော မေးခွန်းတို့ကို ရဲတင်းစွာ မေးလာခဲ့သည် ။

" သား အမေကို ဘာလို့ သတ်လိုက်တာလဲ? သားတို့အိမ်ကို ဘာလို့ မီးရှို့ပစ်လိုက်တာလဲ "

တဲ့.... ။

ခက်ထန်ဟာ သူ့အိမ်ကို မီးရှို့ပြီး သူ့အမေကို သတ်ခဲ့တဲ့ တရားခံကို ၈နှစ်အရွယ် ဦးနှောက်ကလေးနဲ့ သူ့အမြင်ကို အခြေခံလို့ တထစ်ချ စွပ်စွဲပစ်လိုက်တယ် ။

ဒီတိုင်းလေးပဲ ထင်လိုက်ပါတော့ ခက်ထန်ရေ...။

အနည်းဆုံးတော့ မင်း မယှဉ်နိုင်တဲ့ အဖွဲ့အစည်းတစ်ခုကို မိုက်ရူးရဲဆန်စွာ ရင်ဆိုင်စရာမလိုတော့ဘူး ။ ငါ့ကိုသာ ရန်သူလို့ သတ်မှတ်ပြီး အန္တရာယ်ကင်းစွာ နေထိုင်ပါ ကလေးငယ် ။

" မုန်းတယ်... " တဲ့ ။

အဲဒီ နေ့က မင်းကိုကြည့်ပြီး ငါ ရယ်ခဲ့တယ်နော် ခက်ထန်! မျက်ရည်တွေ ကျလာတဲ့အထိ ရယ်နေခဲ့တာ။ တကယ်တော့ ရင်ဘတ်တွေအောင့်လွန်းလို့ ရယ်လိုက်ရင်များ သက်သာသွားမလားလို့ပါ... ။

၂ ရက်မပြည့်သေးပေမဲ့ Christmas အမှီလေးတင်ပေးချင်လို့ပါ ။ Merry Christmas ပါနော် အားဆေးလုံးလေးတွေ 💖💖💖💖💖

Unicode version



















Continue Reading

You'll Also Like

196K 14.9K 57
ខ្ញុំមិនមែនជាគីម ឆេវី ទៀតនោះទេ តែពេលនេះខ្ញុំជា គីម ថេយ៉ុង🙂 Jeon jungkook x Kim Taehyung 💜🙆🏻‍♀️ Write by Yushika Elina Date 25/07/2021
1.3M 120K 105
Turƙashi, wannanfa shine cakwakiyoyi ba cakwakiya ba, bamma san yanda zan musalta muku kitimurmurar dake cikin book ɗinnan ba sam, dan wani irin ruɗ...
1.5M 87.9K 48
ဘယ်သူကိုမှစောက်ဂရုမစိုက်လို့ မင်းလို မောက်မာပြီးမာနခေါက်ခိုက်နေတဲ့ကောင်ကို ရအောင်ခိုးပြေးလာတာရှင်းလား ဘယ္သူကိုမွေစာက္ဂ႐ုမစိုက္လို႔ မင္းလို ေမာက္မာၿပီ...
281K 38.2K 139
I Become the Older Brother of the Heroine in Abusive Novel Description ယုံနင်မြို့စား၏ဆက်ခံသူ ကျွင်းဟွိုင်လန်မှာ ပြန်လည်မွေးဖွားလာပြီးနောက် သူက ရှော...