DITOEFV
By myatzon
101K 13K 277
Gameဆော့ရင်းနဲ့အိပ်ပျော်သွားတဲ့ကောင်မလေးတစ်ယောက်က အိပ်ရာကနိုးလာတဲ့အချိန်မှာ သူဆော့နေတဲ့gameရဲ့ hard moodကvil... More
Chapter. 1
Chapter . 2
Chapter .3
Chapter.4
Chapter.5
Chapter.6
Chapter7
Chapter .8
Chapter .9
Chapter .10
Chapter .11
Chapter .12
Chapter.13
Chapter.14
Chapter.15
Chapter.16
Chapter.17
Chapter .18
Chapter .19
Chapter.20
Chapter.21
Chapter.22
Chapter.23
Chapter.24
NU.Chapter.1
NU.Chapter.2
NU.Chapter.3
NU.Chapter.4
NU.CHAPTER.5
NU.Chapter.6
NU.Chapter.7
NU.Chapter.8
NU.Chapter.9
NU.Chapter.10
NU.Chapter.11
NU.Chapter.12
NU.Chapter.13
NU.Chapter.14
NU.Chapter.15
NU.Chapter.16
NU.Chapter.17
NU.Chapter.18
NU.Chapter.19
NU.Chapter.20
NU.Chapter.21
NU.Chapter.22
NU.Chapter.23
NU.Chapter.24
Chapter.25
NU.Chapter.25
Chapter.26(U&Z)
Chapter.27(U&Z)
Chapter.28(U&Z)
Chapter. 29(U&z)
Chapter.30( U & Z)
Chapter.31(U&Z)
Chapter .32(U&Z)
Chapter.33(U&Z)
Chapter.34(U&Z)
Chapter.35(U&Z)
Chapter.36(U&Z)
Chapter.37(U&Z)
Chapter.38(U&Z)
Chapter.39(U&Z)
Chapter.40(U&Z)
Chapter.41(U&Z)
Chapter.42(U&Z)
Chapter.43(U&Z)
Chapter. 44(U&Z)
Chapter.45(U&Z)
Chapter. 47(U&Z)
Chapter.48(U&Z)
Chapter.49(U&Z)
Chapter.50(U&Z)
Chapter.51(U&Z)
Chapter.52(U&Z)
Chapter.53(U&Z)
Chapter.54(U&Z)
Chapter.55(U&Z)
Chapter.56(U&Z)
Chapter.57(U&Z)
Chapter.58(U&Z)
Chapter.59(U&Z)
Chapter.60(U&Z)
Chapter.61(U&Z)
Chapter.62(U&Z)
Chapter.63(U&Z)
Chapter.64(U&Z)
Chapter.65(U&Z)
Chapter.66(U&Z)
Chapter.67(U&Z)
Chapter.68(U&Z)
Not Update
Chapter.69(U&Z)
Chapter.70(U&Z)
Chapter.71(U&Z)
Chapter.72
Chapter.73(U&Z)
Chapter.74(U&Z)
Chapter.75(U&Z)
Chapter.76(U&Z)
Chapter.77(U&Z)
Chapter.78(U&Z)
Chapter.79(U&Z)
Chapter.80(U&Z)
Update💛
Chapter.46(U&Z)
865 154 5
By myatzon
Unicode.
ကောင်းကင်မှာနေသာလို့နေတယ်၊ဒါက အပြင်ထွက်ပြီးဇာတ်လိုက်ကိုကယ်ဖို့အတွက် အကောင်းဆုံးရာသီဥတုဘဲ...
လေ့ကျင့်ရေးကွင်းကိုရောက်တဲ့အခါ Emilyယူလာတဲ့ယက်တောင်ကို ဖြည်းဖြည်းချင်းဝေ့ယမ်းလိုက်ရင်း အထဲကိုတိုက်ရိုက်ဝင်မသွားဘဲ အဝေးက
စောင့်ကြည့်နေလိုက်တယ်၊.
အင်ပါယာရဲ့ဓားဖြစ်တဲ့ Eckart (Duke) ကသူရဲကောင်းတွေရဲ့အချိန်ကိုနှောင့်ယှက်လို့မရဘူး ဘာလို့ဆို အဲ့တာကအရမ်းအရေးကြီးတယ်ဆိုတဲ့ ခေါင်းစဥ်က်ုသတိထားလို့ပဲ
' နောက်ဆုံးအချိန်တုန်းကလိုတော့ ဓားနဲ့အထိုးမခံချင်တော့ဘူး၊ '
ကံကောင်းစွာနဲ့ဘဲ ဒီအတွေး(အဝေးကစောင့်ကြည့်တာ)ကမှန်နေခဲ့တယ်၊လေ့ကျင့်ရေးက ပင်လယ်ပိုင်းဆိုင်ရာဌာနမှာ လုပ်​​​​ေနခဲ့တယ်၊
ငါသစ်ပင်တွေကြားမှာပုန်းပြီး လေ့ကျင့်ရေးကွင်းကိုချောင်းကြည့်နေလိုက်တယ်၊အဲ့နေရာမှာ အတွဲလိုက်လေ့ကျင့်နေတဲ့အဖွဲ့တွေရှိတယ် ပြီး​တော့ တချို့တွေကကွင်းတစ်ပတ် လေးလံတဲ့သတ္တုတုံးတွေကို ​ေသအောင်ဆွဲနေကြတယ်၊Ecliseလည်းဘဲ သစ်သားဓားကိုကိုင်ထားပြီး စာခြောက်ရုပ်ကိုခုတ်ထစ်ရင်းလေ့ကျင့်နေတယ်၊သစ်သားဓားတွေကိုင်ထားတဲ့ အလုပ်သင်အများစုက အတန်းလိုက်စီထားပြီး သူတစ်ယောက်တည်းအဝေးမှာလေ့ကျင့်နေရတယ်၊
သူဖယ်ကြဥ်ခံထားရမယ်ဆိုတာ မျှော်လင့်ထားခဲ့ပေမဲ့ ငါကိုယ်တိုင်ငါ့မျက်လုံးနဲ့တွေ့လိုက်ရတော့ ငါစိတ်ရှုပ်သလိုခံစားလိုက်ရတယ်၊သူလေ့ကျင့်နေတာကိုကြည့်နေပေမဲ့လည်း ငါ့ကိုအဲ့လိုတွေးမိအောင်လုပ်နေတုန်းပဲ၊
ဖြောက်..ဖြောက်~~~စာခြောက်ရုပ်ရဲ့အချက်ချာကို ထိုးစိုက်လိုက် ရိုက်လိုက်နဲ့အကြိမ်ကြိမ်လေ့ကျင့်နေတဲ့ လူတွေရှိပေမဲ့ သူတို့နဲ့မတူတာက Ecliseက ဒီတိုင်း ထိုးစိုက်လိုက် ရိုက်လိုက်လုပ်နေတာမျိုးမဟုတ်ဘဲ စာခြောက်ရုပ်ကို အပြီးသတ်လုနီးပါးဖြစ်နေခဲ့တယ်၊
ဖျတ်~~~သူသစ်သားဓားကိုလွှဲလိုက်တဲ့အချိန်တိုင်း လူတစ်ယောက်မုန်လာဥခုတ်သလောက်ကို စာခြောက်ရုပ်ကနေ ​အကြီးကြီးပဲ့သွားတော့တယ်၊ကောက်ရိုးမှုန်တွေက နေရာအနှံ့ကိုလွင့်စင်သွားတော့တယ်၊သူအဲ့တာကိုဓားနဲ့ခုတ်တာမဟုတ်ပေမဲ့ သူအားစိုက်ပြီးရိုက်လိုက်တာက အဲ့တာကိုပြတ်ထွက်သွားစေတဲ့ပုံပေါ်တယ်၊
' အိုမို...အဲ့တာကဓားသခင်ရဲ့အရည်အသွေးတွေလား '
အဲ့တာကမကြာခဲ့ပေမဲ့ ငါသတိမိချိန်မှာကြာနေခဲ့ပြီ
စာခြောက်ရုပ်ထောင်ထားတဲ့တိုင်ရိုးပေါ်တဲ့အထိကို ကောက်ရိုးတွေကလုံးဝထိုးဆွခံခဲ့ရပြီး အစိုးမရတဲ့ဓားကိုတော့ Ecliseကကိုင်ဆွဲထားခဲ့တယ်၊
ဖြောင်း...~~~ကျယ်လောင်တဲ့ပေါက်ကွဲသံနဲ့အတူ သူကိုင်ထားတဲ့သစ်သားဓားက နှစ်ပိုင်းကျိုးသွားခဲ့တယ်၊Ecliseကသစ်သားပိုင်းနှစ်ခုကို ကြောင်ကြောင်လေးကြည့်နေခဲ့ပြီး ဒီတိုင်းရပ်နေခဲ့တယ်၊
'' ဟေ့ကောင် ''
အဲ့အချိန်မှာဘဲ၊
'' မင်းအဲ့တာကိုဘယ်နှကြိမ်လောက်ချိုးနေဦးမှာလဲ ၊သောက်ကျိုးနည်း...အဲ့သစ်သားဓားတွေကို ​မင်းပြန်ပေးမှာမလို့လား ခွေး**ရဲ့... ''
ဖျတ်~~~လူတစ်ယောက်က အမြန်ရောက်လာပြီး Ecliseရဲ့ဗိုက်ကိုမညှာမတာနဲ့ကန်လိုက်တယ်၊
' ဒီခွေးကောင်က တစ်ယောက်ယောက်ကိိုစိတ်တိုအောင်ကြိုးစားနေတာဘဲ '
ငါလမ်းကနေ ကိုယ်တိုင်ထွက်သွားဖို့ပြင်ဆင်လိုက်တယ်၊ဘာလို့ဆို မဆင်မခြင်အဲ့နေရာကိုထွက်သွားလိုက်တာထက် အခြေနေကိုအရင်ဆုံးစောင့်ကြည့်တာပိုကောင်းမယ်လို့ဆုံးဖြတ်လိုက်တာကြောင့်ပဲ၊
တကယ်က ဇာတ်လိုက်လို Ecliseက နောက်ကိုယိုင်ကျမသွားခဲ့ဘူး၊ကြည့်နေတဲ့ငါကသာ နောက်ကိုခြေလှမ်းနည်းနည်းဆုတ်မိသွားခဲ့တယ်၊ဒါပေမဲ့ သူ့ကိုကန်လိုက်တဲ့ လူကတော့ အဲ့တာကိုမြင်ပြီး စိတ်အနှောင့်ယှက်ဖြစ်သွားတဲ့ပုံပဲ၊
'' ဟေ့...မင်းဒီကနေ ခုချက်ချင်စထွက်မသွားသေးဘူးလား ''
'' ကျုပ်တောင်းပန်ပါတယ်၊ကျုပ်အနာဂတ်မှာပိုပြီးဂရုစိုက်ပါ့မယ် ''
''မင်းလုပ်တာ တစ်ခါ နှစ်ခါမလို့လား... ငါအချိန်တိုင်းသစ်သားဓားအသစ်မှာနေရတာ ဘယ်လောက်တောင်လဲဆိုတာမင်းမြင်တယ်မလား...ထားလိုက်တော့...ဆွဲထုတ်လိုက်တော့... ''
'' .... ''
'' ထွက်သွား ခွေးကောင်ရဲ့... ''
'' အခုကလေ့ကျင့်ချိန်ဘဲရှိသေးတယ်၊လေ့ကျင့်ပြီးသွားရင် ကျုပ်အပြစ်ဒဏ်ခံလိုက်မယ် ''
Ecliseကသူ့ခေါင်းကိုငုံ့ထားရင်း ပြန်ဖြေလိုက်တယ်၊ရန်လိုနေတဲ့အဲ့လူရဲ့အသံကြည့်ရတာ သူကလေ့ကျင့်ရေးအတွက် ပစ္စည်းတွေကိုစီမံပေးရတဲ့အလုပ်သမားခေါင်းဖြစ်တဲ့ပုံပဲ၊
Ecliseရဲ့စကားတွေက ကျိုးကျော်ဆီလျော်မှုရှိတယ်၊လေ့ကျင့်ရေးပစ္စည်းတွေကျိုးတယ်ဆိုတာ ပုံမာန်ပဲလေ၊ပြိးတော့လည်း လူတွေကပုံမှန်ဆို ေစျးပေါတဲ့ထုတ်ကုန်တွေကိုဝယ်ပြီးသုံးတာ အမှန်ဘဲလေ၊
သို့ပေမဲ့လည်း Ecliseရဲ့ လေ့ကျင့်ရေးပြီးတာနဲ့အပြစ်ပေးခံရတာက အတော်လေးရင်းနီးနေတဲ့ပုံပဲ၊သူ့ရဲ့ခံစားချက်မရှိတဲ့မျက်နှာကိုကြည့်ပြီး ငါတွေးလိုက်မိတာက ' အိုး...သွားပြီ '
'' ဟား...ဒီခွေး** ကိုကြည့်စမ်းပါဦး...မင်းကကျွန်၊မင်းကလေ့ကျင့်ရမှာမဟုတ်ဘူး...မြန်မြန်ထွက်မသွားသေးဘူးလား... ''
'' ........ ''
'' ဝါး...မင်းကခေါင်းတာဘဲ...ဟုတ်လား... ''
ဖြစ်နိုင်တာက သူ့ စကားကိုနားမထောင်တဲ့Ecliseကြောင့်ပိုပိုပြီးစိတ်တိုလာတယ်၊သူကအခု Ecliseရဲ့ပါးကိုရိုက်လိုက်ပြီး သူ့ရဲ့လက်နဲ့ပုခုံးကိုထိုးလိုက်တယ်၊
'' မင်းတော့မှားပြီပဲ၊သောက်သုံးမကျတဲ့ကောင် မင်းအဲ့တာကိုဖမ်းခဲ့တယ်လို့ထင်ခဲ့တာ၊ငါကတော့ မင်းကိုကျက်သတုံးကောင်လို့ဘဲထင်တယ်... ''
'' .... ''
'' ငါတို့ Lady Yvonne သာပြန်လာရင် အဲ့အယောင်ဆောင်မိန်းကလေးကို ကန်ထုတ်ပစ်မှာ၊မင်းက မင်းအနာဂတ်ကိုအေးဆေးထိန်းနိုင်လိုက်ပြီထင်နေတာလား... ''
''ကျုပ်သခင်ကိုမစော်ကားနဲ့ ''
အဲ့အချိန်မှာဘဲ တချိန်လုံးမြေကြီးကိုစိုက်ကြည့်နေခဲ့တဲ့ Ecliseကခေါင်းကိုမော့ပြီးပြောလာခဲ့တယ်၊သူ့ကိုရိုက်ခဲ့တဲ့လူက ပြင်းပြင်းထန်ထန်ရယ်မောတော့တယ်၊
'' ဘာလဲ...ငါကအင်ပါယာထဲမှာ သခင်မရှိရင်တောင် သူ့ကိုတိုင်တည်ပြီး​ပြောရဲတယ်၊မင်းကဒီနေရာမှာရှိနေပြီး မင်းရှေ့ကိုတစ်ခါမှပေါ်မလာတဲ့ မင်းရဲ့သခင်ကို မတိုင်နိုင်ဘူးမလား၊ဟမ်... ''
'' ခင်ဗျားသာလူယုံတစ်ယောက်ဆို သခင်မလေးကိုမစော်ကားသင့်ဘူး ''
'' ဟုတ်ပါပြီ၊ဟုတ်ပါပြီ၊သနားစရာကျွန်တစ်ယောက်ရဲ့ သစ္စာရှိရှိဖွင့်ဟမှုအတွက်ကျေးဇူးပါပဲနော်...ထားလိုက်တော့...ထွက်သွား...မြန်မြန်လေး  .... ''
'' ....... ''
'' ချီးပဲ...မင်းရပ်နေတုန်းပဲလား...ဟေး...ဖမ်းချုပ်လိုက်စမ်း... ''
သူ့နားမှာဝိုးင်းလျက်ရှိနေတဲ့ တခြားသူရဲကောင်းတွေကို အော်ပြောလိုက်တယ်၊စိတ်ဝင်တစားနဲ့စောင့်ကြည့်နေကြတဲ့ တချို့သောမျက်လုံးတွေအကုန်လုံးက Ecliseကိုဖမ်းမဲ့အဖွဲ့ကချည်းပဲ၊သူဆူပူမနေဘူး၊ငါမျက်လုံးအသေနဲ့ လေထုကိုကြည့်လိုက်တယ်၊သူဘာလို့အဲ့လိုနေနေလဲဆိုတာ ငါသတိထားမိပြီ၊
' ငါသူ့ကိုDukeရဲ့အိမ်တော်မှာနေဖို့ လူတိုင်းကလက်ခံအောင်လုပ်ရမယ်လို့ပြောခဲ့တယ် '
တကယ်လို့သူသာ ဒီနေရာမှာသောင်းကျန်းလိုက်ရင် သူကပြသနာရှာတယ်ဆိုပြီး ငါသိသွားမှာစိုးရိမ်လို့ပဲ
သူ ကျွန်စျေးကိုပြန်သွားရမှာကိုစိတ်ပူနေခဲ့တာ၊
Ecliseကိုဖမ်းလိုက်တဲ့လူတွေက မြေကြီးမှာအတင်းအကြပ်တွန်းလှဲလိုက်တယ်၊တချို့တော်တော်များများကလည်း တခြားနေရာတွေကနေ ဝိတ်လေးတဲ့ကျောက်တုံးတွေကိုဆွဲထုတ်လာကြတယ်၊
'' ဟေး...မြန်မြန်ချုပ်လိုက်...မြန်မြန်ချုပ်လိုက်... ''
ပထမတစ်ယောက်က တိုက်ခိုက်ဖို့ရွေးလိုက်ပြီး စိတ်လှုပ်ရှားစွာနဲ့အော်ဟစ်နေတဲ့အချိန် ငါတကယ်ကိုလှုပ်ရှားလိုက်တယ်၊ငါ့မှာရှိတဲ့တစ်ခုတည်းသောလက်နက်က ယပ်တောင်ပဲ၊တိတ်တဆိတ်လာလိုက်ပြီး၊ကိုင်ထားတဲ့ယပ်တောင်ကို ခေါက်လိုက်ပြီးမှ သူ့ရဲ့ခေါင်းကိုရိုက်လိုက်တယ်၊
'' အ့...သောက်ကျိုးနည်း... ဘယ်ခွေး**က... ''
'' ဟယ်လို... ''
ဆူညံနေတဲ့ကွင်းပြင်မှာ ငါ့အသံကမြည်ဟိန်းသွားခဲ့တယ်၊
'' ဟမ်...ဟုတ်...မင်း...မင်းသမီး... ''
စက်ဆုပ်ဖွယ်အ​​​ြကည့်နဲ့တစ်သောသော ရယ်နေခဲ့တဲ့အဲ့လူရဲ့မျက်လုံးတွေက လိမ့်သွားလောက်အောင်ကြီးမားလာခဲ့တယ်၊ သူသေလုမျောပါးအော်ဟစ်လိုက်တာနဲ့ Ecliseကိုချုပ်ကိုင်ထားတဲ့လူတွေအကုန် လှုပ်ရှားနေတာကိုရပ်လိုက်ကြတယ်၊
နောက်ကျမှ ငါ့ကိုရှာတွေ့တဲ့လူတချို့ကတော့ပါးစပ်အဟောင်းသားနဲ့...
ငါ့ရဲ့အကြည့်တွေက တချို့ရယ်စရာအရာတွေကို စေ့စေ့စပ်စပ်ကြည့်လိုက်ပြီး ညစ်ပတ်နေတဲ့ကြမ်းပြင်မှာလဲနေတဲ့ Ecliseကိုတွေ့သွားခဲ့တယ်၊
ငါကိုယ်တိုင်သူ့ကိုတွေ့လိုက်ရလို့အံ့ဩသွားခဲ့ပေမဲ့ သူ့ရဲ့မီးခိုးရောင်မျက်အိမ်ကတော့ ဖြည်းဖြည်းချင်းကြီးလားခဲ့တယ်၊
Interest.27%
မြင့်တက်နေတဲ့Interestကိုတွေ့မှ စိတ်သက်သာရာရသွားတော့တယ်၊ အချိန်ကိုက်ပြလိုက်တဲ့ပုံပေါ်တယ်၊
လူတိုင်းရဲ့မျက်နှာကို စစ်ကြည့်လိုက်ရင်း မတူညီတဲ့အကြည့်တွေနဲ့ပြောလိုက်တယ်၊
'' ရှင်တို်က ကျမရဲ့ကိုယ်ရံတော်နဲ့ပျော်ပါးနေကြတာပဲ... ''
'' .... ''
'' ဘာလုပ်နေတာလဲဆိုတာ တစ်ယောက်ယောက်များပြောပြနိုင်မလား... ''
သဘာဝကျကျဘဲ ဘယ်သူကမှဖြေချင်စိတ်မရှိကြဘူး၊ ဆူညံနေခဲ့တဲ့ကွင်းပြင်ကြီးက ရေနဲ့အလောင်းခံလိုက်ရသလို မြန်မြန်ဆန်ဆန်နဲ့ငြိမ်ကျသွားခဲ့တယ်၊
တခြားနေရာက လူတွေတောင်လေ့ကျင့်နေတာကိုရပ်ပြီး ငါ့ကိုကြည့်နေကြတာကိုလည်းမြင်နေရတယ်၊ငါယပ်တောင်နဲ့နောက်ကနေ ခေါင်းကိုရိုက်လိုက်တဲ့လူကိုလက်ညှိုးထိုးလိုက်တယ်၊
'' ရှင်...နာမည်ကဘာလဲ... ''
'' ဗျာ...ကျနော့်ကိုပြောတာလား... ''
'' ဟုတ်တယ်...ဘယ်အခွဲကလည်း... ပထမအခွဲကလား... ''
'' ကျနော်က Mark Albert ပါ...တပ်စုနှစ် ၊တတိယအခွဲကပါ... ''
သူ့ရဲ့အဖြေကြောင့် ငါအော်ရယ်မိလိုက်တယ်၊
ငါပြောခဲ့တယ်၊
' သူကကြွက်လိုကလေးတစ်ယောက်ဆီမှာအဖမ်းခံရတယ်ဆိုတော့ ဘယ်လောက်များမြင့်တာလဲလို့ '
မြို့တော်မှာက စစ်ပွဲဖြစ်ဖို့အခြေနေမရှိတာကြောင့် တတိယအခွဲနဲ့ စတုတ္ထအခွဲတွေက အိမ်ကိုစောင့်ကြပ်တဲ့ အစောင့်သာသာဘဲ၊ ဆိုလိုတာက သူကဘာမှမဟုတ်တဲ့သူဘဲ၊
''ဒီအနေအထားကို ရှင်ရှင်းပြ... ''
'' ဟုတ်...ဗျာ... ''
'' ကျမမြင်တာကတော့ ရှင်က စခဲ့တဲ့ပထမဆုံးသူပဲ... ''
'' ဟို...အဲ့တာက... ''
ငါကြည့်နေတယ်လို့ သူကြားတော့ သူတွေဝေသွားခဲ့တယ်၊အဲ့တာကိုနေရာတိုင်းကနေမြင်နိုင်တယ် ထေ့ငေါ့ပြီး ငါ့ကို အယောင်ဆောင်လို့ခေါ်နေတာ...
မနေ့ကMrs.Donnaရဲ့သတင်းက အိမ်​ေတ်ာမှာတော်တော်လေးပျံ့သွားတာကို စိတ်ဖိစီးနေတဲ့သူရဲကောင်းတွေရဲ့မျက်နှာကနေ သတိထားမိလိုက်တယ်၊
'' ဘာလုပ်နေတာလဲ...အဲ့တာကိုမြန်မြန်မရှင်းပြသေးဘူးလား... ''
'' ဟုတ်...ဟုတ်ကဲ့...ဒီ..ဒီ..ဒီ..ဒီကျွန်...မဟုတ်ပါဘူး...Eclise ကလေ့ကျင့်ရင်းနဲ့ မတော်တဆဖြစ်သွားခဲ့တယ်... ''
ငါ့ရဲ့တိုက်တွန်းမှုကြောင့် သူ့ပါးစပ်ကိုဖွင့်လာခဲ့တယ်
'' ဘာမတော်တဆလဲ... ''
'' သူ...သူချိုးလိုက်််တယ်...သစ်..သစ်သားဓား.တစ်ချောင်း...ချောင်းကို...ဒီရက်တွေမှာ သစ်သားဓားတွေရဲ့စျေးကအ​ေတ်ာ​​ေလးတက်နေခဲ့တာ...ပြီးတော့ သူကအဲ့တာကို တစ်ခါ နှစ်ခါမက... ''
'' အဲ့တော့... ''
'' ဟိုဟာ...ကျနော်ကသူ့ကိုသတိပေးလိုက်တာ...ဒါပေမဲ့ သူကရုတ်တရက်ကြီး ကျနော့်လို
စီနီယာ ကိုဆန့်ကျင်ပြီးတော့ အဲ့လိုဖြစ်ခဲ့တာ... ''
'' ဟုတ်လား... ''
'' ဟုတ်..ဟုတ်ပါတယ်... ''
ငါကသူ့ကိုယုံကြည်တဲ့ပုံနဲ့ ညင်သာတဲ့အသံလေးကြောင့် သူမျှော်လင့်ချက်ရသွားခဲ့ပြီး သူ့ရဲ့ခေါင်းကို လည်ပင်းကျိုးမတက် ငြိမ့်လာခဲ့တယ်၊
''ဒါပေမဲ့...တကယ်တော့ အဲ့မှာဘာပါလိမ့်... ''
'' ဗျာ... ''
'' အဲ့တာမရှိတာတောင် ငါကတိုင်းပြည်ကိုစော်ကားပြီး သခင်ကိုလည်းအဲ့လိုလုပ်နိုင်တယ်ပြီးတော့...အဲ့နေရာလေးလေ... ''
သူ့ရဲ့မျက်နှာအမူအရာက မှင်တက်သွားခဲ့တယ်၊ငါ့ပါးစပ်ရဲ့ထောင့်ကိုသပ်လိုက်ပြီး တောက်တောက်ပပလေးပြုံးလိုက်တယ်၊
'' တကယ်လို့အခု အဲ့အသုံးနှုန်းအတွက် ရှင့်ကိုချက်ချင်းသတ်လိုက်လည်းအဆင်ပြေတယ်မလား ''
ငါ့ရဲ့စကားတွေကြောင့် ကျောချမ်းဖွယ်တိတ်ဆိတ်မှုကြီးဖြစ်သွားခဲ့တယ်၊
'' အာ...အ... ''
ငါ့ရဲ့ရှေ့ကလူက အထစ်ထစ်အငေါ့ငေါ့နဲ့ ပြောလာခဲ့တယ်၊
'' မင်း...မင်းသမီး... ''
ကြက်သီးထဖွယ်လေထုကြောင့် လူယုံတော်တချို့ကလွဲလို့ လူအနည်းစုကနောက်ဆုတ်သွားကြတယ်၊တခြားသူတွေနဲ့ညစ်ပတ်တာခြင်းယှဥ်ရင် သူကတခြားအုပ်စုအသေးလေးထက်ပိုသာနေသေးတယ်၊
'' ပထမဆုံးစိတ်လျော့ပါ...ကျနော်ခေါင်းဆောင်ကိုအခုသွားခေါ်ပြီး သူ့ကိုကိုင်တွယ်လိုက်ပါ့မယ် ''
'' Eclise.... ''
ငါနားထောင်မနေတော့ဘဲ Ecliseကိုခေါ်လိုက်တယ်၊ကြမိးပြင်မှာဘဲရှိနေသေးတဲ့ သူ့ရဲ့မျက်လုံးတွေက ငါ်ကိုကြည့်လိုက်တာနဲ့ ပြောင်းလဲသွားခဲ့တယ်၊
''အဲ့ခွေးကောင်ကို သတ်လိုက်... ''
ငါ့ရဲ့ယပ်တောင်နဲ့ Mark ကိုညွှန်ပြလိုက်တယ်၊တချိန်တည်းမှာဘဲ Ecliseကသူ့နေရာကနေ လွှားခနဲခုန်ထွက်လိုက်တယ်...
THE END.😚
----------------------------------
Zawgyi.
အင်ပါယာရဲ့ဓားဖြစ်တဲ့ Eckart (Duke) ကသူရဲကောင်းတွေရဲ့အချိန်ကိုနှောင့်ယှက်လို့မရဘူး ဘာလို့ဆို အဲ့တာကအရမ်းအရေးကြီးတယ်ဆိုတဲ့ ခေါငျးစဥျကျုသတိထားလို့ပဲ
ကံကောင်းစွာနဲ့ဘဲ ဒီအတွေး(အဝေးကစောင့်ကြည့်တာ)ကမှန်နေခဲ့တယ်၊လေ့ကျင့်ရေးက ပင်လယ်ပိုင်းဆိုင်ရာဌာနမှာ လုပ်နေခဲ့တယျ၊
ငါသစ်ပင်တွေကြားမှာပုန်းပြီး လေ့ကျင့်ရေးကွင်းကိုချောင်းကြည့်နေလိုက်တယ်၊အဲ့နေရာမှာ အတွဲလိုက်လေ့ကျင့်နေတဲ့အဖွဲ့တွေရှိတယ် ပြီးတော့ တချို့တွေကကွင်းတစ်ပတ် လေးလံတဲ့သတ္တုတုံးတွေကို သေအောငျဆှဲနကွေတယျ၊Ecliseလည်းဘဲ သစ်သားဓားကိုကိုင်ထားပြီး စာခြောက်ရုပ်ကိုခုတ်ထစ်ရင်းလေ့ကျင့်နေတယ်၊သစ်သားဓားတွေကိုင်ထားတဲ့ အလုပ်သင်အများစုက အတန်းလိုက်စီထားပြီး သူတစ်ယောက်တည်းအဝေးမှာလေ့ကျင့်နေရတယ်၊
'' ဟေ့ကောင် ''
အဲ့အချိန်မှာဘဲ၊
' ဒီခွေးကောင်က တစ်ယောက်ယောက်ကိုစိတ်တိုအောင်ကြိုးစားနေတာဘဲ '
'' .... ''
'' ........ ''
'' .... ''
'' ....... ''
သူ ကျွန်ဈေးကိုပြန်သွားရမှာကိုစိတ်ပူနေခဲ့တာ၊
'' ဟယ်လို... ''
'' ဟမ်...ဟုတ်...မင်း...မင်းသမီး... ''
စက်ဆုပ်ဖွယ်အကြည့်နဲ့တစ်သောသော ရယ်နေခဲ့တဲ့အဲ့လူရဲ့မျက်လုံးတွေက လိမ့်သွားလောက်အောင်ကြီးမားလာခဲ့တယ်၊ သူသေလုမျောပါးအော်ဟစ်လိုက်တာနဲ့ Ecliseကိုချုပ်ကိုင်ထားတဲ့လူတွေအကုန် လှုပ်ရှားနေတာကိုရပ်လိုက်ကြတယ်၊
Interest.27%
'' ရှင်တိုက ကျမရဲ့ကိုယ်ရံတော်နဲ့ပျော်ပါးနေကြတာပဲ... ''
'' .... ''
'' ရှင်...နာမည်ကဘာလဲ... ''
ငါပြောခဲ့တယ်၊
'' ဟုတ်...ဗျာ... ''
'' ဟို...အဲ့တာက... ''
'' ဘာမတော်တဆလဲ... ''
'' သူ...သူချိုးလိုက်တယ်...သစ်..သစ်သားဓား.တစ်ချောင်း...ချောင်းကို...ဒီရက်တွေမှာ သစ်သားဓားတွေရဲ့ဈေးကအတျောလေးတကျနခေဲ့တာ...ပြီးတော့ သူကအဲ့တာကို တစ်ခါ နှစ်ခါမက... ''
'' အဲ့တော့... ''
'' ဟုတ်လား... ''
'' ဟုတ်..ဟုတ်ပါတယ်... ''
'' ဗျာ... ''
'' အာ...အ... ''
'' မင်း...မင်းသမီး... ''
'' Eclise.... ''
ငါနားထောင်မနေတော့ဘဲ Ecliseကိုခေါ်လိုက်တယ်၊ကြမိးပြင်မှာဘဲရှိနေသေးတဲ့ သူ့ရဲ့မျက်လုံးတွေက င်ါကိုကြည့်လိုက်တာနဲ့ ပြောင်းလဲသွားခဲ့တယ်၊
THE END.😚
Continue Reading
You'll Also Like
226K 8.5K 38
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
211K 21.4K 70
ဇာတ်လိုက်က အရင်ဘဝတုန်းက အပယ်ခံလေးဖြစ်ပြီးတော့ ရုပ်သေးဘုရင် အဖြစ် ဖိအားပေးခံခဲ့ရတယ်။ ပြီးတော့ တော်ဝင်နန်းတော်ကနေ ဝိုင်းပြီးတော့ အနိုင်ကျင့်ခဲ့တဲ့ စစ်သ...
1.2M 40.4K 60
Myanmar × BL Uni/Zaw Warning..... Start Date: 29.9.2023 End Date: 20.11.2023 Photo Crd
441K 26.8K 65
သောက်မြင်ကပ်ပုဒ်မဖြင့်လက်ထပ်ယူရန်ဂျစ်တူးတစ်ယောက်အားရွာသို့ခေါ်လာမိသောအခါ(╥﹏╥) #photo crd အပိုင်း5က အပိုင်း20ရဲ့အောက်မှာရှိပါတယ်..