『Unicode』
ဘူတာသို့ရောက်သောအခါ ဆင်းချင်ကြသည့်လူတွေ များလွန်းလှသည်။အားလုံးက တံခါးရှေ့ကို ရောက်လာကြပြီး အန်းနင်မှာလည်း လူလှိုင်းကြီးထဲတွင် အကျပ်ရိုက်နေစေခဲ့သည်။ ချင်ဝေ့ဟော်က သူ့နောက်တွင်ရှိနေ၏။
လူတွေအများကြီးရှိနေ၍ သူသိဖို့ရန် လှည့်ကြည့်စရာမလိုပါချေ။ အရပ်ရှည်တဲ့တစ်စုံတစ်ယောက်က မင်းနောက်မှာရှိနေတဲ့ ခံစားချက်ကအတော်လေး ကွဲပြား၏။
ရထား အရှိန်လျော့သွားချိန်တွင် သူရှေ့ကို ယိုင်သွားရကာ ချင်ဝေ့ဟော်၏ လက်က သူ့ညာဘက်ပုခုံးကို ဖိလာပြီး တည်ငြိမ်သွားအောင်ကူညီပေးလာသည်။ သူ တံခါးမှထွက်ချိန်မှာလဲ ချင်ဝေ့ဟော်က သူ့ပုခုံးပေါ်လက်တင်ထားပြီး လူအုပ်ထဲမှထွက်ဖို့ လမ်းပြပေးသည်။ အန်းနင် အနည်းငယ်တော့ မနာလိုဖြစ်မိသည်။ လုပ်လေ့လုပ်ထအတိုင်း လူတွေကို ကာကွယ်ပေးရလို့ အရပ်ရှည်ရတာ အရမ်းကို ကောင်းသည်။
ဘူတာမှ ထွက်လာကြသောအခါတွင်လဲ အန်းနင် လူအုပ်ကြီးနဲ့လိုက်ပါလာပြီး စက်လှေကားပေါ်တတ်လိုက်သည်။ သူ ဒီဘူတာကို တစ်ခါမှမရောက်ဖူးပေ။ သူတက်လာသောအခါ ဆယ်ပေါက်ထက်မနည်းသော ထွက်ပေါက်တွေကို တွေ့ရလိုက်ရ၏။ချင်ဝေ့ဟော်က အရှေ့လျှောက်သွားပြီး သူ့ပုခုံးကို ပုတ်ကာ ပြောလာသည်။
"ဒီဘက်!"
သူတို့ ဘယ်သွားနေလဲလို့ သူမမေးလိုက်ပါဘဲ ချင်ဝေ့ဟော်နောက်ကို ဟိုကြည့်ဒီကြည့်နဲ့လိုက်သွားပြီး ထွက်ပေါက်၃သို့ လျှောက်သွားလိုက်သည်။ မြေအောက်ရထားဘူတာက ပိတ်ရက်တွေမှာ ရှုပ်ရှုက်ခတ်နေခဲ့ပြီး တစ်ယောက်တည်းဖြစ်နေသောလူများမှာ အနည်းငယ်မျှသာရှိသည်။ လူတွေက နှစ်ယောက် သို့မဟုတ် သုံးယောက်ဖြင့်သာ စကားပြောနေကြ၏။ ချင်ဝေ့ဟော်ကတော့ သူနဲ့စကားပြောလာမဲ့ပုံစံမရှိပါချေ။ အန်းနင်လဲ ထိုသို့တွေးပြီးသားဖြစ်သည်။ ချင်ဝေ့ဟော်ကသာ ရပ်ပြီး သူ့ကို "ဒီမှာလူတွေတော်တော်များတယ်နော်"လို့ပြောပြိး "မင်းရော ဒီကိုရောက်ဖူးလား?"လို့သာ မေးလာပါလျှင် အဲ့ဒါက ချင်ဝေ့ဟော် အစစ်မှ ဟုတ်ရဲ့လား ဆိုပြီး စူးစမ်းနေလိမ့်မည်ဖြစ်သည်။
စက်လှေကားမှ လူအပြည့်ဖြင့် မြေပြင်ပေါ်သို့ရွေ့လျားလာခဲ့သည်။ အန်းနင် စက်လှေကားအောက်ခြေကို ရောက်သည့်အချိန်မှာပဲ ချင်ဝေ့ဟော်က လှေကားမှလမ်းလျှောက်သွားသည်ကို သူမြင်လိုက်ရသည်။ သူက လျင်မြန်စွာပင် လူအုပ်ထဲသို့ တိုးဝှေ့လျက် ချင်ဝေ့ဟော်နောက်သို့ လိုက်သွားလိုက်သည်။
လှေကားမှာ အလွန်ရှည်လျားလှသည်။ ထို့အပြင် ချင်ဝေ့ဟော်ကလဲ ခြေတံရှည်ကြီးများရှိသောကြောင့် လှေကားကို သက်တောင့်သက်သာဖြင့်သာ တက်သွားနိုင်သည်ထင်၏။ သူက နောက်ကိုပြန်လှည့်လဲမကြည့်သလို ရပ်ပြီးသူ့ကိုစကားပြောလာတာမျိူးလဲ မရှိပါချေ။ သို့ပေမယ့် အန်းနင်ကလဲ သူတို့နှစ်ယောက်ကြား တိတ်ဆိတ်နေသည်ကို စိတ်ထဲမထားပေ။ အန်းနင်က တောက်လျှောက်ကို စိတ်အား ထက်ထက်သန်သန်ဖြင့် လိုက်ပါလာခဲ့သည်။တစ်ခါတစ်ရံတွင် သူနောက်ကိုမှီဖို့ အရှိန်ပင်တင်လိုက်ရသေးသည်။ ၎င်းက ပျော်စရာကောင်းသည်ကို သူသတိထားမိသွားသည်။ ဒါက သေချာပေါက်ကို ချင်ဝေ့ဟော်က ဦးဆောင်ပြီးသွားနေတာဖြစ်ပေမယ့် အန်းနင်က ဘာကြောင့် ချောတဲ့လူနောက် လိုက်ကပ်နေတဲ့ Stalkerပုံစံမျိူးဖြစ်နေရသလဲ?
လူချောလေးက မြင်းကျားဖြတ်ထားသည့်ပုံစံပါသော အနက်ရောင် တီရှပ်အင်္ကျီရှည်ကို ၀တ်ဆင်ထားပြီး ရှပ်အင်္ကျီနောက်ဘက်တွင်WHITE ဟူသော စာလုံးရှိသည်။အန်းနင်ဒီဇိုင်းကို မှတ်မိနေသေးသည်။အဘယ်ကြောင့်ဆိုသော် သူက Salinger* သည်လဲ ဆင်တူသည့် စတိုင်မျိူး ဝတ်ခဲ့သည်ကိုသတိရသွားသောကြောင့်ပင်။
သူက ၎င်းကို နာမည်ကြီးများသာ တတ်နိုင်လိမ့်မည်ဟုထင်ခဲ့မိသည်။ သူဘေးကလူပါ ဝတ်နိုင်လိမ့်မည်ဟု သူမမျှော်လင့်ဖူးခဲ့ပေ။ ချင်ဝေ့ဟော်ရဲ့နောက်ကျောတွင် စစ်တပ်ပုံစံကျောပိုးအိတ်အနက်ရောင်ကို လွယ်ထားသေးသည်။
ကြည့်ရတာ ဒီတစ်လမ်းလုံးမှာ သူတစ်ယောက်ပဲ လွယ်နိုင်သည်ထင်ပါရဲ့ ။
【*: စာရေးဆရာရဲ့ Universe တူတဲ့ တခြားဝတ္တုမှာ ML ရဲ့နာမည် Salinger (လင်ဆိုင်း) ပါတဲ့။ သူက LOTUS bandရဲ့ ဘေစ့်ဂီတာ တီးတဲ့သူပါ။ .】
မြေအောက်ဘူတာအပြင်သို့ ရောက်သောအခါ ညလေအေးဟာ ညဈေးရဲ့ အသက်ဝင်သောအသံများကို သယ်လာခဲ့သည်။ အန်းနင်လှည့်ပတ်ကြည့်လိုက်မိသောအခါ တစ်လမ်းလုံးမှာ စားသောက်ဆိုင်များရဲ့ သင်္ကေတများဖြစ်သော တောက်ပသည့် နီယွန်မီးရောင်များဖြင့်အပြည့်ဖြစ်နေခဲ့သည်။ အချိန်အားဖြင့် ည၉နာရီထိုးလုပြီဖြစ်သော်လည်း ၎င်းတို့ကတော့ မကြာခင်မှာ ပိတ်တော့မည့် ပုံစံမရှိပါချေ။
ချင်ဝေ့ဟော်က ရှေ့သာဖြောင့်ဖြောင့် ဆက်လျှောက်နေခဲ့သည်။ သူသည် လမ်းထဲမှာရှိနေသော တခြားလူများလို မဟုတ်ခဲ့ပေ။; 〈ပတ်ဝန်းကျင်ကို စူးစမ်းနေသလို, ညရဲ့အလှကို သဘောကျနေသလို,ပိတ်ရက်ရဲ့ နောက်ဆုံးအခိုက်အတန့်လေးကို နှစ်ခြိုက်နေသလိုမျိူး။〉
ချင်ဝေ့ဟော်မှာ အတိအကျသွားမယ့်နေရာ ရှိပေလိမ့်မည်။ထို့ကြောင့် သူက အဲ့ဒီရောက်ဖို့သာ အာရုံစိုက်ထားတာဖြစ်၏။ အန်းနင်မှာတိတ်ဆိတ်လွန်းတဲ့ ဒီအတန်းဖော်ကို စပ်စုချင်စိတ်တွေ ထိန်းမရနိုင်တော့ဘဲ ဘယ်ကိုသွားမှာလဲ နဲ့ ဘယ်နီယွန် သင်္ကေတကိုများ ချင်ဝေ့ဟော်ရွေးထားသလဲဆိုတာကို ခန့်မှန်းနေမိသည်။
မမျှော်လင့်ပါဘဲ သူက ချင်ဝေ့ဟော်နှင့် ပို၍ဝေးရာသို့လိုက်လာခဲ့မိလေသည်။အသက်ဝင်နေသော ဈေးတန်းမှာ နောက်ကျန်နေခဲ့ပြီးပတ်ဝန်းကျင်ကလဲ တဖြည်းဖြည်းတိတ်ဆိတ်သွားခဲ့ပြီဖြစ်သည်။ သူတို့က ကျောက်လမ်းလေးအတိုင်း လိုက်လာပြီး လမ်းနှစ်ခွဆီသို့လျှောက်ခဲ့ကြသည်။ ထို့နောက်တွင်တော့ ကိုယ်ပိုင်အိမ်ဝန်းဟု ထင်ရသောနေရာသို့ ရောက်လာခဲ့သည်။
တံခါးဝတွင် အရှည်တစ်ဝက်ခန့်ရှိသော ဝါးကန့်လန့်ကာတစ်ခု ချိတ်ဆွဲထားသည်။
ချင်ဝေ့ဟော်က ကန့်လန့်ကာကို လက်နဲ့မ,လိုက်ပြီး လျှောက်သွား၏။ အန်းနင်လဲ ဝါးကန့်လန့်ကာပေါ်က စာလုံးလေးတွေကို ကြည့်လိုက်ပြီးအထဲကို ဝင်လာခဲ့လိုက်သည်။ ချက်ချင်းပင် အပြင်ဘက်က သွားလာနေတဲ့အသံတွေကို ကောင်းစွာဖုံးလွှမ်းသွားသည့် စမ်းရေကျသံကို သူကြားလိုက်ရသည်။ ဒီိ တိတ်ဆိတ်တဲ့ ခြံဝန်းလေးက တကယ်တော့ စားသောက်ဆိုင်?
သူဖြတ်လာခဲ့တဲ့ လမ်းရှိ စားသောက်ဆိုင်တိုင်းလိုလိုမှာ လူအပြည့်ဖြစ်၏။ တချို့ဆိုလျှင် ပလက်ဖောင်းပေါ်မှာပင် လူတွေကို နေရာချထားပေးသေးသည်။သို့သော် ဒီမှာတော့ဘယ်သူမှ ရှိနေတဲ့ပုံမပေါ်ပေ။ အန်းနင် ချင်ဝေ့ဟော်နောက်ကနေ လိုက်လာပြီး ဝါးခြံစည်းရိုးများစီတန်းထားသော အတွင်းဘက်ကျတဲ့လမ်းကလေးထဲသို့ လျှောက်လာခဲ့သည်။
စားသောက်ဆိုင်ရဲ့ အဝင်ဝကို လှမ်းကြည့်လိုက်ရာ ရှေးဟောင်း နံရံအဖြူကြီးကို သူ မြင်လိုက်ရသည်။
ဝင်ပေါက် အပြင်ဘက်တွင်ရပ်နေတာကတော့ အဖြူရောင် အေပရွန်လေးနဲ့ နက်ပြာရောင် ယူနီဖောင်းကို ဝတ်ထားတဲ့ စားပွဲထိုးမ တစ်ယောက်ပင်ဖြစ်လေသည်။ သူမခေါင်းပေါ်တွင် နက်ပြာရောင် စားဖိုမှုးဦးထုပ်လေး ရှိနေသည်။စားပွဲထိုးက ချင်ဝေ့ဟော်ကို သိပုံရပါသည်။သူမက သူတို့ကို စားသောက်ဆိုင်ကို ခေါ်လာပေးရင်း မေးမြန်းလာသည်။
"ဒီနေ့တစ်ခုခုဖြစ်ခဲ့လို့လား?"
ချင်ဝေ့ဟော်က "အင်း"ဟူ၍သာ ထွက်လာသည်။
ဒီနေရာက တကယ်တော့အရမ်းမကြီးပါချေ။ Lobbyအပြင်ဘက်တွင် ကြိမ်ထိုင်ခံ အနည်းငယ်ရှိနေ၏,ထိုအပြင် အလယ် တွင်ရှိသော ကော်ဖီစားပွဲကလဲ ထူးခြားစွာပင် သစ်အငုတ်ဖြင့် ပုံဖော်ထားလေသည်။ တကယ် သစ်အငုတ်လား၊ လူကဖန်တီးထားသလားကိုတော့ သူ မသိပါချေ။ စားပွဲပေါ်တွင် လက်ဖက်ရည် setလေးလဲ ရှိနေသည်။ ဧည်ခန်း အလင်းရောင်ကိုလည်းသစ်သားဖြင့်သာပြုလုပ်ထားသည်။ တံခါးအဝင်ဝတွင် kaffire liliesပန်းအိုးကြီးတစ်လုံးရှိနေသည်။
၎င်းတွင် ဆိုဒ်မတူသော သီးသန့်ခန်း သုံးခန်းရှိနေပြီး စားပွဲထိုးက သူတို့ကို အသေးဆုံးတစ်ခန်းသို့ ခေါ်သွားခဲ့သည်။ သီးသန့်ခန်းရဲ့ တံခါးမှာရှေးတရုတ်စတိုင် တံခါးမျိူးဖြစ်သော်လည်း ခေတ်ဒီဇိုင်းလဲ ပါနေသေးသည်။ တံခါးက တွန်းလို့လဲရသလို ဆွဲလို့လဲရ၏။ အန်းနင် တိတ်တိတ်လေး တံတွေးမျိုချလိုက်မိသည်။
ဒီလို စားသောက်ဆိုင်မျိုးရဲ့ နှုန်းကတော့ ဘယ်လိုမှ ဈေးမပေါနိုင်ဘူး..
သီးသန့်အခန်းငယ် ထဲသို့ ဝင်လိုက်သည်နှင့် အပြင်ဘက်တွင် လှေကားထစ်ငယ် တစ်ခုရှိနေသည်။ထို့ကြောင့် အခန်းက သေးငယ်သော်လည်း အရမ်းကွယ်မနေပေ။ လှေကားထစ်၏ အပြင်ဘက်တွင် ခြံဝင်းကို မြင်နေရသည်။ တံစက်မြိတ်အောက်တွင် မီးပုံးကြိုးငယ်တစ်ချောင်းကို ချိတ်ဆွဲထားကာ ခြံဝင်းအတွင်းရှိ ကျောက်တုံး ကျောက်ခဲများကို လင်းထိန်နေစေသည်။
ချင်ဝေ့ဟော်က သူ့အိတ်ကိုချွတ်လိုက်ပြီး ဘေးကို ဖယ်လိုက်သည်။ သူ ထိုင်ပြီးသည့်အခါ အန်းနင်လဲ ကိုးရို့ကားယားနှင့်ပင် ဝင်ထိုင်လိုက်ရ၏။ စားပွဲထိုးမလေးက ချင်ဝေ့ဟော်ကို မဖြတ်ပါဘဲ သူ့ထံသို့ တိုက်ရိုက်ပင် ရွှေရောင်သားရေ menuလေးကို ကမ်းလာခဲ့သည်။ စားပွဲထိုးမလေးက သူ့ကို အလွန်တည်ကြည်စွာဖြင့် ပေးနေသောကြောင့် ထိုင်ခုံတွင် မှီထားသော အန်းနင်မှာ အလျင်အမြန်ပင် ကျောဆန့်ကာ menuကိုယူလိုက်ရသည်။ Menuရဲ့ အတွင်းစာမျက်နှာများမှာ အဖြူရောင်ပန်းစာရွက်များကဲ့သို့ ဖြစ်ကာ ပုံမှန် တရုတ်စာရေးဟန်ဖြင့်ရေးသားထားသော ဟင်းလျာများနာမည်များသာ ရေးထည့်ထားသည်။ ပုံလည်းမပါသလို ဈေးနှုန်းလဲမပါနေပေ။
သူအနေနဲ့ ဟင်းလျာနာမည်တွေကို ကြည့်ရုံမျှဖြင့် ခန့်မှန်းမကြည့်နိုင်သလို menuကို လှန်လှောရှာကြည့်သော်လည်း ဈေးနှုန်းကို မတွေ့ရပါချေ။
နောက်ဆုံးတွင်တော့ သူ ချင်ဝေ့ဟော်ကိုသာ လှည့်အကူအညီတောင်းရတော့သည်။
"မင်း ငါတို့အတွက်မှာပေးရင်ရော?"
ချင်ဝေ့ဟော်က လှေကားထစ်တံခါးကို အနည်းငယ်ဖွင့်ရန် ထလာသည်။။ သူထို့သို့ကြားလျှင် လျှောက်လာခဲ့ပြီး menuကို ယူလိုက်၏။ သူကထိုင်ချလာရင်း မေးလာခဲ့သည်။
"မင်းမစားတာရှိလား?"
အန်းနင်က မရှိဘူးဟု ပြောလိုက်သည်။ ချင်ဝေ့ဟော်က menuကို လှန်လှောကြည့်ပြီးနောက် ဟင်းလေးပွဲကို မှာလိုက်လေသည် ; ငါးအစာစွပ်ပြုတ်,ကြက်သွန်စိမ်းပုစွန်စတူး,အမဲရင်ပုံသား နှပ်,ကညွှတ်ကြော် တို့ပင်။
သူ ထပ်မှာချင်နေသည်ကို အန်းနင်မြင်ရသောအခါ ကြားဖြတ်မပြောလိုက်ပဲမနေနိုင်တော့ပေ။
"အဲ့ဒါအတွက်ဆို...ဒါက ငါတို့နှစ်ယောက်အတွက်ပဲလေ, အများကြီး မမှာရအောင်." သူ ယုံကြည်မှု မပါဘဲ ပြောလိုက်မိ၏။
ငါးအူစွပ်ပြုတ်
ကြက်သွန်စိမ်းနဲ့ ပုဇွန်စတူး
အမဲသားနှပ်
ကညွှတ်ကြော်
ချင်ဝေ့ဟော်က ခေါင်းမော့၍ သူ့ကိုကြည့်လိုက်ပြီးမှပြောလာခဲ့သည်။
"ဒါတွေက ပါတာနည်းတယ်။တစ်ပွဲလောက်နဲ့ ထမင်းကြော်နှစ်ပန်းကန်လုံးလောက် ထပ်မှာရအောင်."
ထိုသို့ပြောလိုက်သောအခါ သူ့အမူအရာမှာ လေးနက်နေ၏။ အန်းနင် သူ မမှာတော့နဲ့ပြောလိုက်ပါက ချင်ဝေ့ဟော် တကယ်ပင် မမှာလောက်တော့ဘူးဟု ထင်မိသော်လည်း အဆုံးမှာတော့ မမှာတော့နဲ့လို့ သူ မပြောလိုက်နိုင်ပေ။
ချင်ဝေ့ဟော်က နောက်ဆုံးအနေဖြင့် ဝက်သားနှပ်တစ်ပန်းကန်နဲ့ ထမင်းကြော်တို့ကို မှာလိုက်သည်။
【* ရေးထားတဲ့ ထမင်းကြော်ကလေ,သူတို့ဆိုင်ရဲ့ ကိုယ်ပိုင်ဟန်နဲ့ ထမင်းကြော်ထင်ပါတယ်နော်။ 】
သူက menuကို စားပွဲထိုးဆီသို့ ပြန်ပေးလိုက်ပြီး ထိုင်ခုံနောက်ကို မှီချလိုက်၏။ ထိုင်ခုံတွင် စက်ဝိုင်းခြမ်းပုံစံ ကျောမှီလေးပါသည်။ ချင်ဝေ့ဟော်တစ်ယောက် အဲ့လို ပျင်းပျင်းရိရိနဲ့ မှီတာကိုတကယ် သဘောကျကြောင်း အန်းနင် သိလိုက်ရသည်။ခြေလက်ရှည်ကြီးတွေဖြင့် အနားယူရန် နေရာမရှိ၍ ကုလားထိုင်တွင် ပုန်းနေသော ကျားသစ်နက်တစ်ကောင်ကို အမှတ်ရစေသည်။
ဟင်းပွဲများပြင်ပေးနေချ်ိန်တွင် အန်းနင် ချင်ဝေ့ဟော်ကို မမေးပဲမနေနိုင်တော့ချေ။
"ဒါတွေက ဈေးကြီးလားဟင်?"
ချင်ဝေ့ဟော်က အဆင်ပြေတယ်ဟု ပြန်ဖြေ၏။
အန်းနင်မှာ အနည်းငယ် ဘဝင်မကျနေရသည်။
"ဒါက မင်းရဲ့ စာအိတ်နီ*ထက်ပိုပြီးဈေးကြီးတာလား?
【*: WeChatက ပိုက်ဆံလွှဲပေးလို့ရတဲ့ စာအိတ်နီလေးတွေကိုပြောတာပါ။ 】
ချင်ဝေ့ဟော်က သူ့ရဲ့စပ်စုနေတဲ့အသံကို ကြားရသောအခါ မရယ်မိအောင် သည်းခံထားရလေသည်။ ထို့နောက် ခပ်တည်တည်နဲ့ပင် ပြောလိုက်၏။
"ငါ့စာအိတ်နီကို ပြန်ပေးလိုက်ရတာ နောင်တရနေပြီလား?"
အန်းနင်က ထမင်းစားပွဲကို စိုက်ကြည့်နေရင်း လက်ညှိုးထိုးပြလိုက်သည်။
"ဒါတွေက တကယ် စာအိတ်နီထက်ပိုပြီးဈေးကြီးတာလား?!"
တစ်ဖက်လူက ဒီလောက်အလေးအနက်ထားနေလိမ့်မယ်ဟု ချင်ဝေ့ဟော် မမျှော်လင့်ထားခဲ့ပေ။ သူ ထိုင်ခုံကနေ ခပ်မတ်မတ်ထားလိုက်ပြီးလည်ချောင်းရှင်း၍ ပြောလိုက်သည်။
"အဲ့လောက် ဈေးမကြီးပါဘူး။ တကယ်တော့ ငါတို့တွေ ၅ပွဲပဲ မှာထားတာလေ "
အန်းနင်တွေးကြည့်လိုက်သည်။ ဒါက ယုတ္တိရှိသလိုပဲ..ဟင်းတစ်ပွဲကို ယွမ် လေး ငါးရာလောက်တော့ မဖြစ်နိုင်ဘူးထင်တယ်။ ပြီးတော့ငါးမန်းတောင်တို့၊ ကမာ တို့ မှာနေတာမျိူးလဲ မမြင်မိဘူးလေ...
ပထမဆုံး ငါးအစာစွပ်ပြုတ်ရောက်လာပြီး နောက်တွင် ဟင်းပွဲများက တစ်ခုပြီးတစ်ခုရောက်လာတော့သည်။ ချင်ဝေ့ဟော်က
"မင်းဘာသာကူညီ," လို့ ဆိုလာပြီး တူကိုကောက်ကာ စ,စားတော့သည်။ သူ့ ပေါ့ပေါ့ပါးပါးဖြစ်နေသည်ကို မြင်ရသောအခါ အန်းနင်လဲ စိတ်က်ိုလျှော့ချလိုက်တော့သည်။
ချင်ဝေ့ဟော်ပြောတာမှန်သည်။ ဟင်းပွဲတွေက လက်ရာမြောက်ကာ အရသာရှိပေမယ့် ပါဝင်နှုန်းကတော့ အလွန်ကို နည်းနေသည်။ကံကောင်းစွာပင် ချင်ဝေ့ဟော်က ထမင်းကြော်နှစ်ပန်းကန်လုံးကို မှာထားခဲ့သည်။ ထမင်းကြော်ရောက်လာသောအခါ ထမင်းပေါ်တွင်ဂဏန်းသားတွေရှိနေသည်ကို အန်းနင်သတိပြုမိလိုက်သည်။ တစ်လုပ်စားပြီးသောအခါတွင် သာမာန်ဂဏန်းသားမဟုတ်တာကို သူသိလိုက်ရ၏။
သူ သိချင်စိတ်ဖြင့် စားပွဲထိုးမလေးကို မေးမြန်းလိုက်သည်။
"ဒါကဘာ ဂဏန်းမျိူးလဲ?"
စားပွဲထိုးမလေး မဖြေခင်မှာပင် မျက်နှာချင်းဆိုင်က ချင်ဝေ့ဟော်က ဖြေလာခဲ့၏။ "သာမာန် ဂဏန်းပါ"
အန်းနင် သူ့ကို သံသယရှိသောအကြည့်ဖြင့် ကြည့်ပေးလိုက်ငည်။ ချင်ဝေ့ဟော်က ခေါင်းမမော့ပဲ စားနေရင်းဖြင့်ပြောလာသည်။
"ယန်ချန်ကန်က အမွှေးထူတဲ့ ဂဏန်းတွေ"
အန်းနင် ရင်ထဲမှာနာကျင်မှုတွေဖြင့် သက်ပြင်းချမိသည်။ တကယ်ကြီး ဈေးကြီးတာပဲ....
စားပွဲထိုးမလေးကတော့ ကျွမ်းကျင်သူပီပီ အပြုံးလေးဖြင့်သာ သူတို့ကို မနှောင့်ယှက်တော့ပဲ ထွက်သွားခဲ့သည်။
အစားကောင်းကြိုက်တာလေးကို အခွင့်ကောင်းယူ၍ အန်းနင် ချင်ဝေ့ဟော်နှင့်စကားပြောဖို့ ဆုံးဖြတ်လိုက်သည်။ စားပြီးျသာအချိန်တွင်သူ တုံံ့ဆိုင်းခြင်းမရှိပါဘဲ ပြောလိုက်၏။
"တကယ်တော့, ငါတို့နှစ်ယောက်က ညလယ်စာအတွက်နဲ့ ဒီလို ဈေးကြီးတဲ့ဆိုင်မျိုးကို လာစရာမလိုပါဘူး"
ချင်ဝေ့ဟော် မျက်လုံးပင့်လာပြီး စားပွဲကိုဖြတ်ကြည့်လာသည်။ အန်းနင်က ခေါင်းငုံ့ထားလျက် ငြိမ်ငြိမ်လေးစားနေပြီး သူ့အမူအရာလေးကလဲ ကျေနပ်မှုအပြည့်နှင့်ဖြစ်နေသည်။ တစ်လုပ်စားလိုက်တိုင်း "ဒါကပိုက်ဆံဘယ်လောက်ကျတာလဲ,ငါအရသာခံဖို့လိုတယ်"ဆိုတဲ့အမူအရာလေးပေါက်နေသည်။ ထိုသို့မြင်ရသောအခါ သူ အနည်းငယ်ရယ်ချင်သွားရ၏။ သူ ခေါင်းငုံ့လိုက်ပြီး ဆက်စားရင်းပြောလိုက်မိသည်။
"မင်းကလဲ ငါတို့ ဒီတော့ လာလို့မဖြစ်ဘူးလို့မှမပြောခဲ့တာဘဲ! မင်း ဒီတစ်လမ်းလုံးငါ့နောက်က လိုက်လာပြီး ဘာမှမပြောခဲ့ဘူးလေ ."
အန်းနင် ကိုယ့်ကိုယ်ကိုယ်ပြန် ဆင်ခြင်လိုက်သည်။ ချင်ဝေ့ဟော်က သူ့ကို စကားမပြောခဲ့တာက သူ ချင်ဝေ့ဟော်ကို အရင်စပြီး စကားပြောလို့ မရနိုင်ဘူးလို့ မဆိုလိုတဲ့ ပုံစံပေါက်သွားရသည်။ ထို့ကြောင့် သူ ခေါင်းညိတ်ပြလိုက်ပြီး ပြောလိုက်သည်။,
"ငါက ဒီတိုင်း...မင်းက စားဖို့ ဘယ်ကို ခေါ်သွားမလဲဆိုတာ နည်းနည်း သိချင်သွားလို့."
ချင်ဝေ့ဟော်ရဲ့ ပါးစပ်အပြည့် ဂဏန်းသားနှင့် ထမင်းကြော်တွေရှိနေသော်လည်း သူ မရယ်လိုက်ပဲမနေနိုင်တော့ချေ။ ပါးစပ်အပြည့်စားပြီးသည့်နောက်တွင် သူက ပြော၏။
"ထမင်းတနပ်အတွက် ငါက ဘယ်ခေါ်သွားမယ်လို့ မင်းကထင်လို့လဲ? Urban Legendထဲက စုတ်ပြတ်နေတဲ့ ခြေတံရှည်အဆောက်အအုံထဲမှာ ဝှက်ထားတဲ့ အမတ Chefလိုမျိုးလား? တစ်ကိုက်လောက်နဲ့ မင်းခေါင်းထဲ ပေါက်ကွဲသွားမယ့် ဟာမျိူး? Cooking Master Boy နဲ့လိုမျိူးလား? ?"
အန်းနင် အနည်းငယ်ရှက်ရွံစွာဖြင့်ပြုံးပြလိုက်မိသည်။ ချင့်ဝေ့ဟော် တစ်ဆက်တည်း ဒီလောက်အများကြီး ပြောလာလိမ့်မယ်လို့ သူ မထင်မိခဲ့ပါချေ။ ပြီးရင် သူက အရင်က Cooking Master Boyကိုတောင် ကြည့်ထားခဲ့သေးသည်။ သူသာ ထို အက်ရှပြီး ပျင်းရိတဲ့အသံနဲ့ မမွေးဖွားလာခဲ့ရင် သူ့ရဲ့ နောက်ပြောင်လိုက်တဲ့အသံကလဲ သူ့အသက်အရွယ်ကောင်လေးများနည်းတူပင် ဖြစ်လိမ့်မည် ဖြစ်သည်။
ချင်ဝေ့ဟော်က တူကို ချလိုက်ပြီး လက်တွေကို စားပွဲပေါ်တင်လိုက်သည်။ သူက အခန်းကို အကဲဖြတ်လိုက်ပြီးနောက် ပြောလာခဲ့သည်။
"အရမ်းကို အပေါစားဆန်လိမ့်မယ်လို့တော့ မမျှော်လင့်ခဲ့ဘူး မလား?"
"အပေါစားဆန်တာ မဟုတ်ပါဘူး, သမရိုးကျဆန်တာ*,"အန်းနင်ပြောလိုက်မိသည်။
သူ့ရင်မှာ ကူကယ်ရာမဲ့စွာသက်ပြင်းချလိုက်မိသည်။
မင်းတို့လူချမ်းသာတွေအတွက် သမရိုးကျဆန်တာတွေလား...
【*:ချင်ဝေ့ဟော် ထင်တာက နေရာက တစ်ယောက်ယောက်ကိုခေါ်လာဖို့ အရမ်း အပေါစားဆန်တယ်လို့ထင်တာပါ။ အန်းနင်ကတော့ ဒါကအတော်လေးပုံမှန်ပါပဲလို့ တွေးပေမယ့် တကယ်တမ်း သူ့စိတ်ထဲမှာကျ ဒီနေရာက သူ့ကိုခေါ်လာဖို့အတွက် ဈေးကြီးတယ်လ်ို့ထင်နေတုန်းပါပဲ။ သူက လူချမ်းသာတွေရဲ့အရသာခံစားမှုက ပုံမှန်လူများနဲ့ ယှဉ်ရင် အဆင့်အတန်း ကွဲပြားတာကို သူနားလည်တဲ့သဘောပါ။】
စားသောက်ပြီးဖို့ အချိန်အများကြီးမယူလိုက်ရပေ။ သူတို့ထွက်လာသည့်အခါတွင် အန်းနင်က ကုန်ကျငွေကို ခိုးနားထောင်ချင်မိ၏။သို့သော်လည်း ချင်ဝေ့ဟော်က အဓိကဝင်ပေါက်ဆီသို့သာ လျှောက်သွားသည်ကို မယုံနိုင်ခဲ့ချေ။သူက ပြန်လှည့်ကြည့်လာပြီးမှ ပြောလာခဲ့သည်။
"သွားကြစို့! ရှင်းပြီးသွားပြီ."
အန်းနင်မှာ ထွက်ခွာဖို့ကလွဲရွေးစရာမရှိတော့ချေ။ ထွက်လာရင်းဖြင့်ပင် သူ သဘောမပေါက်ဟန်ဖြင့် မေးလိုက်မိသည်။
"ဘယ်တုန်းကလဲ?"
"ငါ လေဟာပြင်ဆီသွားတုန်းက, လေဟာပြင်က အပြင်နဲ့ ဆက်ထားတယ်လေ"
ချင်ဝေ့ဟော်က ပြောသည်။ သူက အန်းနင်ကိုပဲ ပြန်ကြည့်လာကာ ပြောပြန်သည်။ "ဒါက တကယ်ဈေးမကြီးပါဘူး..ငါလည်း ဒီလိုပတ်ဝန်းကျင်မျိူးကို သဘောကျတတ်လို့ "
အန်းနင်မှာ ချင်ဝေ့ဟော်က သူ့ကိုဝန်လေးသလို ခံစားမနေစေချင်သည်ကို သိသဖြင့် သူက နှစ်ခါလောက် ရယ်မောလိုက်ရင်းပြောလိုက်မိသည်။
"မပူပါနဲ့! ငါ ဒါအတွက် အနှောင့်အယှက်မဖြစ်ပါဘူး"
တကယ်တမ်းတွင်တော့ သူ့ရင်မှာ ဆိုးဆိုးဝါးဝါးကိုနာကျင်နေပြီ!
ဒီတစ်နပ်စာက သူ့လခ တစ်လစာလောက်ကျသွားမည်ကို မကြောက်ဘဲမနေနိုင်ခဲ့ပေ။ တစ်လတာ လခက semesterတစ်ဝက်လောက်ရဲ့ ကျူရှင်ခတွေကို လုံလုံလောက်လောက် ဖူလုံသည်။ သို့သော်လည်း ဒီတစ်နပ်စာ က တကယ်ကို အရသာရှိခဲ့သည်။ သူကလေးဘဝကတည်းကထိုကဲ့သို့သော ဈေးကြီးသည့်နေရာမျိူးကို တစ်ခါမှမစားခဲ့ဖူးပါချေ။ သူ အများကြီး စားခဲ့မိတာကြောင့် သူ့ဗိုက်ကလဲ ပုံမှန်ထက်ကို ပြည့်နေခဲ့၏။ အထူးသဖြင့် နောက်မှ လာချသော အသီးအရွက်ဝက်သားနှပ်ပင်။
ဝက်သားရောက်လာသည်နှင့်တပြိုင်နက် ချင်ဝေ့ဟော်က စယးပွဲထိုးကို သူ့ဆီယူလာရန်ပြောလိုက်သည်။ ထို့နောက် သူက တူကို ကောက်လျက် ပန်းကန်ကို နှစ်ပိုင်းဖြစ်အောင်ခွဲလိုက်သည်။ သူက ထရပ်ကာ အန်းနင်ကို တစ်ဝက်ပေးလိုက်ရင်း "တစ်ယောက် တစ်ဝက်." ဆိုပြီးပြောလာခဲ့သည်။
သူ အနည်းငယ်တော့ ရှက်မိသည်။ ညီတူညီမျှခွဲထားသည့်တိုင် သူ့ ကိုယ်လုံးကိုယ်ထည်က ချင်ဝေ့ဟော်နဲ့ မယှဉ်နိုင်ခဲ့ပေ။ ၎င်းမှာ ခွေးပိန်ပိန်လေးနဲ့ Siberian ဝံပုလွေတို့ တစ်ဝက်စီ စားနေကြတာနှင့် တူပေသည်။ ခွေးလေးအတွက် လုံလောက်ပေမယ့် ဝံပုလွေကတော့ ဗိုက်ပြည့်မည်မဟုတ်ပေ။
ဒါက တခြားသူတွေနဲ့ အစာစားတဲ့အခါ ချင်ဝေ့ဟော် လုပ်လေ့ရှိတဲ့ အကျင့်ပေလားဆိုတာကိုတော့ အန်းနင်မသိပါချေ။
သူက သူများ နန်းတွင်း (တော်ဝင်မျိုးတော်) ထမင်းစားခန်း* ထဲကအတိုင်း တူညီတဲ့ စိတ်မျိူးနဲ့ ခွဲထုတ်လေမလားဆိုတာကိုတွေးတောမိသည်။ သို့သော် ၎င်းက သူနှင့်အတူစားနေသောသူအတွက် သတိကြီးထားရပြီး သို့မဟုတ် ယဉ်ကျေးနေရပြီး စားသောက်ရတာကလဲအရမ်းသက်တောင့်သက်သာမဖြစ်ပါချေ။
【*TN: ချင်ဝေ့ဟော် တော်ဝင်နန်းတော်မှလူတွေ (ဥပမာ ဘုရင်)နဲ့ ဟင်းတစ်ပွဲကို မျှမျှတတ ခွဲမလားဆိုတာ မျိူးကို တွေးနေတာပါ။ ဒီနားလေး ဘာသာပြန်သူလဲ ဖတ်ရတာ နားမလည်ဘူးရော 】
သူတို့ အရင်လာခဲ့တဲ့လမ်းလေးအတိုင်းဘဲ ပြန်လာခဲ့ကြပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် မြေအောက်ဘူတာသို့ရောက်လာခဲ့ကြသည်။ အန်းနင်မှာ ဘူတာပြန်လာသည့် အကွာအဝေးက ကံမကောင်းစွာနဲ့ အရမ်းကို တိုတောင်းလွန်းပါလားဟုပင် ခံစားမိလိုက်သည်။
"အဲ့ဒါဆို ငါကျောင်းကို ပြန်တော့မယ်." သူပြောလိုက်သည်။
"အတူတူသွားမယ်" ချင်ဝေ့ဟော်က ပြော၏။
သူက မြေအောက်ဘူတာ အဝင်ဝထိ လျှောက်လာခဲ့ပြီးမှ ဆက်ပြောလာသည်။
"မင်းနဲ့ငါက ဆန့်ကျင့်ဘက်လမ်းပဲ"
နှစ်ယောက်သား မြေအောက်ဘူတာကို အတူဝင်လာခဲ့ကြကာ အန်းနင်စီးရမဲ့ ဘူတာကို ရောက်လာပြီဖြစ်သည်။ သူက နောက်ပြန်လှည့်ပြီးမြန်မြန်ပင် နှုတ်ဆက်စကားပြောလိုက်၏။
"အဲ့ဒါဆို နှုတ်ဆက်ပါတယ်!"
သူ့ကျောပိုးအိတ်ကို လွယ်လိုက်ရင်း ရထားထဲသို့ ပြေးဝင်သွားလိုက်သည်။ မြေအောက်ရထားထဲရောက်သောအခါ သူ အထဲရောက်သည်အထိ မသွားတော့ဘဲ တံခါးနားမှာသာ ရပ်နေလိုက်သည်။ တံခါးမှန်မှ ဆန့်ကျင်ဘက်လမ်းကို လျှောက်သွားပြီး ရထားကို စောင့်နေတဲ့ ချင်ဝေ့ဟော်ရဲ့ နောက်ကျောကို မြင်နေရ၏။
ရထားကို စောင့်နေကြသူများ တစ်စနဲ့တစ်စ များပြားလာပြီဖြစ်သည်။ ထို နောက်ကျောပုံရိပ်လေးက လူများနှင့်အတူ ရှေ့သို့ အနည်းငယ်လျှောက်သွားခဲ့သည်။ သူက တဖြည်းဖြည်းနဲ့ လူအုပ်ထဲတွင် ပျောက်ကွယ်တော့မယ့်ပုံပေါ်နေသော်လည်း သူ့ရဲ့ပုံရိပ်ကို မထင်မရှားဖြစ်အောင် လုပ်နိုင်ခြင်းမရှိပါချေ။
ထိုသည်ကို တွေ့သောအခါ အန်းနင်ပြုံးလိုက်မိသည်။ ချင်ဝေ့ဟော်က လူအုပ်ကြီးနဲ့အတူရောသွားဖို့ကြိုးစားနေပုံရပေမယ့် တကယ်တမ်းတော့ သူ မလုပ်နိုင်ခဲ့ပေ။ သူက အမြဲတစေပင် လူအုပ်ကြားမှာရော, ရှုပ်ထွေးတဲ့ကထင်ကရအဆောက်အအုံမှာရော မြင်သာသည့် မြင်ကွင်းမျိူးရှိနေတတ်သည်။ ထို့အပြင် နောက်ကျော မြင်ကွင်းလေးတစ်ခုနဲ့ပင် လူတွေရဲ့ မျက်လုံးကို အလွယ်တကူ ဖမ်းစားနိုင်ပေသည်။
ကောင်းပါပြီ! မင်းကို အရပ်ရှည်ပြီး ချောမောနေအောင်လုပ်ပေးခဲ့တဲ့ မင်းအမေကိုပဲ အပြစ်တင်လိုက်ပါတော့ *ကြက်ပေါက်အုပ်ထဲကကြိုးကြာလေးရေ!
【*: ပုံမှန် လူစုကြီးထဲကနေ ထင်းထွက်နေတဲ့သူအတွက် Idiomအသုံးလေးပါ 】
အန်းနင်က ကပ်စီးလေးㅜㅜ ဒါပေမယ့် ဒီအပိုင်းလေးက အန်းနင်လေးနဲ့ ချင်ဝေ့ဟော်တို့ ကွာခြားတဲ့အကြောင်းကို ရေးပေးထားတာနော်။ ဖတ်ရတာ အဆင်ပြေရဲ့လားဟင်
သူတို့ဇာတ်လမ်းလေးက တကယ်ကို ပုံမှန်အတိုင်းလေးပါဘဲ။
【Zawgyi】
ဘူတာသို႔ေရာက္ေသာအခါ ဆင္းခ်င္ၾကသည့္လူေတြ မ်ားလြန္းလွသည္။အားလုံးက တံခါးေရွ႕ကို ေရာက္လာၾကၿပီး အန္းနင္မွာလည္း လူလွိုင္းႀကီးထဲတြင္ အက်ပ္ရိုက္ေနေစခဲ့သည္။ ခ်င္ေဝ့ေဟာ္က သူ႔ေနာက္တြင္ရွိေန၏။
လူေတြအမ်ားႀကီးရွိေန၍ သူသိဖို႔ရန္ လွည့္ၾကည့္စရာမလိုပါေခ်။ အရပ္ရွည္တဲ့တစ္စုံတစ္ေယာက္က မင္းေနာက္မွာရွိေနတဲ့ ခံစားခ်က္ကအေတာ္ေလး ကြဲျပား၏။
ရထား အရွိန္ေလ်ာ့သြားခ်ိန္တြင္ သူေရွ႕ကို ယိုင္သြားရကာ ခ်င္ေဝ့ေဟာ္၏ လက္က သူ႔ညာဘက္ပုခုံးကို ဖိလာၿပီး တည္ၿငိမ္သြားေအာင္ကူညီေပးလာသည္။ သူ တံခါးမွထြက္ခ်ိန္မွာလဲ ခ်င္ေဝ့ေဟာ္က သူ႔ပုခုံးေပၚလက္တင္ထားၿပီး လူအုပ္ထဲမွထြက္ဖို႔ လမ္းျပေပးသည္။ အန္းနင္ အနည္းငယ္ေတာ့ မနာလိုျဖစ္မိသည္။ လုပ္ေလ့လုပ္ထအတိုင္း လူေတြကို ကာကြယ္ေပးရလို႔ အရပ္ရွည္ရတာ အရမ္းကို ေကာင္းသည္။
ဘူတာမွ ထြက္လာၾကေသာအခါတြင္လဲ အန္းနင္ လူအုပ္ႀကီးနဲ႔လိုက္ပါလာၿပီး စက္ေလွကားေပၚတတ္လိုက္သည္။ သူ ဒီဘူတာကို တစ္ခါမွမေရာက္ဖူးေပ။ သူတက္လာေသာအခါ ဆယ္ေပါက္ထက္မနည္းေသာ ထြက္ေပါက္ေတြကို ေတြ႕ရလိုက္ရ၏။ခ်င္ေဝ့ေဟာ္က အေရွ႕ေလၽွာက္သြားၿပီး သူ႔ပုခုံးကို ပုတ္ကာ ေျပာလာသည္။
"ဒီဘက္!"
သူတို႔ ဘယ္သြားေနလဲလို႔ သူမေမးလိုက္ပါဘဲ ခ်င္ေဝ့ေဟာ္ေနာက္ကို ဟိုၾကည့္ဒီၾကည့္နဲ႔လိုက္သြားၿပီး ထြက္ေပါက္၃သို႔ ေလၽွာက္သြားလိုက္သည္။ ေျမေအာက္ရထားဘူတာက ပိတ္ရက္ေတြမွာ ရွုပ္ရွုက္ခတ္ေနခဲ့ၿပီး တစ္ေယာက္တည္းျဖစ္ေနေသာလူမ်ားမွာ အနည္းငယ္မၽွသာရွိသည္။ လူေတြက ႏွစ္ေယာက္ သို႔မဟုတ္ သုံးေယာက္ျဖင့္သာ စကားေျပာေနၾက၏။ ခ်င္ေဝ့ေဟာ္ကေတာ့ သူနဲ႔စကားေျပာလာမဲ့ပုံစံမရွိပါေခ်။ အန္းနင္လဲ ထိုသို႔ေတြးၿပီးသားျဖစ္သည္။ ခ်င္ေဝ့ေဟာ္ကသာ ရပ္ၿပီး သူ႔ကို "ဒီမွာလူေတြေတာ္ေတာ္မ်ားတယ္ေနာ္"လို႔ေျပာၿပိး "မင္းေရာ ဒီကိုေရာက္ဖူးလား?"လို႔သာ ေမးလာပါလၽွင္ အဲ့ဒါက ခ်င္ေဝ့ေဟာ္ အစစ္မွ ဟုတ္ရဲ့လား ဆိုၿပီး စူးစမ္းေနလိမ့္မည္ျဖစ္သည္။
စက္ေလွကားမွ လူအျပည့္ျဖင့္ ေျမျပင္ေပၚသို႔ေရြ႕လ်ားလာခဲ့သည္။ အန္းနင္ စက္ေလွကားေအာက္ေျခကို ေရာက္သည့္အခ်ိန္မွာပဲ ခ်င္ေဝ့ေဟာ္က ေလွကားမွလမ္းေလၽွာက္သြားသည္ကို သူျမင္လိုက္ရသည္။ သူက လ်င္ျမန္စြာပင္ လူအုပ္ထဲသို႔ တိုးေဝွ႕လ်က္ ခ်င္ေဝ့ေဟာ္ေနာက္သို႔ လိုက္သြားလိုက္သည္။
ေလွကားမွာ အလြန္ရွည္လ်ားလွသည္။ ထို႔အျပင္ ခ်င္ေဝ့ေဟာ္ကလဲ ေျခတံရွည္ႀကီးမ်ားရွိေသာေၾကာင့္ ေလွကားကို သက္ေတာင့္သက္သာျဖင့္သာ တက္သြားနိုင္သည္ထင္၏။ သူက ေနာက္ကိုျပန္လွည့္လဲမၾကည့္သလို ရပ္ၿပီးသူ႔ကိုစကားေျပာလာတာမ်ိဴးလဲ မရွိပါေခ်။ သို႔ေပမယ့္ အန္းနင္ကလဲ သူတို႔ႏွစ္ေယာက္ၾကား တိတ္ဆိတ္ေနသည္ကို စိတ္ထဲမထားေပ။ အန္းနင္က ေတာက္ေလၽွာက္ကို စိတ္အား ထက္ထက္သန္သန္ျဖင့္ လိုက္ပါလာခဲ့သည္။တစ္ခါတစ္ရံတြင္ သူေနာက္ကိုမွီဖို႔ အရွိန္ပင္တင္လိုက္ရေသးသည္။ ၎က ေပ်ာ္စရာေကာင္းသည္ကို သူသတိထားမိသြားသည္။ ဒါက ေသခ်ာေပါက္ကို ခ်င္ေဝ့ေဟာ္က ဦးေဆာင္ၿပီးသြားေနတာျဖစ္ေပမယ့္ အန္းနင္က ဘာေၾကာင့္ ေခ်ာတဲ့လူေနာက္ လိုက္ကပ္ေနတဲ့ Stalkerပုံစံမ်ိဴးျဖစ္ေနရသလဲ?
လူေခ်ာေလးက ျမင္းက်ားျဖတ္ထားသည့္ပုံစံပါေသာ အနက္ေရာင္ တီရွပ္အကၤ်ီရွည္ကို ၀တ္ဆင္ထားၿပီး ရွပ္အကၤ်ီေနာက္ဘက္တြင္WHITE ဟူေသာ စာလုံးရွိသည္။အန္းနင္ဒီဇိုင္းကို မွတ္မိေနေသးသည္။အဘယ္ေၾကာင့္ဆိုေသာ္ သူက Salinger* သည္လဲ ဆင္တူသည့္ စတိုင္မ်ိဴး ဝတ္ခဲ့သည္ကိုသတိရသြားေသာေၾကာင့္ပင္။
သူက ၎ကို နာမည္ႀကီးမ်ားသာ တတ္နိုင္လိမ့္မည္ဟုထင္ခဲ့မိသည္။ သူေဘးကလူပါ ဝတ္နိုင္လိမ့္မည္ဟု သူမေမၽွာ္လင့္ဖူးခဲ့ေပ။ ခ်င္ေဝ့ေဟာ္ရဲ့ေနာက္ေက်ာတြင္ စစ္တပ္ပုံစံေက်ာပိုးအိတ္အနက္ေရာင္ကို လြယ္ထားေသးသည္။
ၾကည့္ရတာ ဒီတစ္လမ္းလုံးမွာ သူတစ္ေယာက္ပဲ လြယ္နိုင္သည္ထင္ပါရဲ့ ။
【*: စာေရးဆရာရဲ့ Universe တူတဲ့ တျခားဝတၱဳမွာ ML ရဲ့နာမည္ Salinger (လင္ဆိုင္း) ပါတဲ့။ သူက LOTUS bandရဲ့ ေဘစ့္ဂီတာ တီးတဲ့သူပါ။ .】
ေျမေအာက္ဘူတာအျပင္သို႔ ေရာက္ေသာအခါ ညေလေအးဟာ ညေဈးရဲ့ အသက္ဝင္ေသာအသံမ်ားကို သယ္လာခဲ့သည္။ အန္းနင္လွည့္ပတ္ၾကည့္လိုက္မိေသာအခါ တစ္လမ္းလုံးမွာ စားေသာက္ဆိုင္မ်ားရဲ့ သေကၤတမ်ားျဖစ္ေသာ ေတာက္ပသည့္ နီယြန္မီးေရာင္မ်ားျဖင့္အျပည့္ျဖစ္ေနခဲ့သည္။ အခ်ိန္အားျဖင့္ ည၉နာရီထိုးလုၿပီျဖစ္ေသာ္လည္း ၎တို႔ကေတာ့ မၾကာခင္မွာ ပိတ္ေတာ့မည့္ ပုံစံမရွိပါေခ်။
ခ်င္ေဝ့ေဟာ္က ေရွ႕သာေျဖာင့္ေျဖာင့္ ဆက္ေလၽွာက္ေနခဲ့သည္။ သူသည္ လမ္းထဲမွာရွိေနေသာ တျခားလူမ်ားလို မဟုတ္ခဲ့ေပ။; 〈ပတ္ဝန္းက်င္ကို စူးစမ္းေနသလို, ညရဲ့အလွကို သေဘာက်ေနသလို,ပိတ္ရက္ရဲ့ ေနာက္ဆုံးအခိုက္အတန႔္ေလးကို ႏွစ္ၿခိဳက္ေနသလိုမ်ိဴး။〉
ခ်င္ေဝ့ေဟာ္မွာ အတိအက်သြားမယ့္ေနရာ ရွိေပလိမ့္မည္။ထို႔ေၾကာင့္ သူက အဲ့ဒီေရာက္ဖို႔သာ အာ႐ုံစိုက္ထားတာျဖစ္၏။ အန္းနင္မွာတိတ္ဆိတ္လြန္းတဲ့ ဒီအတန္းေဖာ္ကို စပ္စုခ်င္စိတ္ေတြ ထိန္းမရနိုင္ေတာ့ဘဲ ဘယ္ကိုသြားမွာလဲ နဲ႔ ဘယ္နီယြန္ သေကၤတကိုမ်ား ခ်င္ေဝ့ေဟာ္ေရြးထားသလဲဆိုတာကို ခန႔္မွန္းေနမိသည္။
မေမၽွာ္လင့္ပါဘဲ သူက ခ်င္ေဝ့ေဟာ္ႏွင့္ ပို၍ေဝးရာသို႔လိုက္လာခဲ့မိေလသည္။အသက္ဝင္ေနေသာ ေဈးတန္းမွာ ေနာက္က်န္ေနခဲ့ၿပီးပတ္ဝန္းက်င္ကလဲ တျဖည္းျဖည္းတိတ္ဆိတ္သြားခဲ့ၿပီျဖစ္သည္။ သူတို႔က ေက်ာက္လမ္းေလးအတိုင္း လိုက္လာၿပီး လမ္းႏွစ္ခြဆီသို႔ေလၽွာက္ခဲ့ၾကသည္။ ထို႔ေနာက္တြင္ေတာ့ ကိုယ္ပိုင္အိမ္ဝန္းဟု ထင္ရေသာေနရာသို႔ ေရာက္လာခဲ့သည္။
တံခါးဝတြင္ အရွည္တစ္ဝက္ခန႔္ရွိေသာ ဝါးကန႔္လန႔္ကာတစ္ခု ခ်ိတ္ဆြဲထားသည္။
ခ်င္ေဝ့ေဟာ္က ကန႔္လန႔္ကာကို လက္နဲ႔မ,လိုက္ၿပီး ေလၽွာက္သြား၏။ အန္းနင္လဲ ဝါးကန႔္လန႔္ကာေပၚက စာလုံးေလးေတြကို ၾကည့္လိုက္ၿပီးအထဲကို ဝင္လာခဲ့လိုက္သည္။ ခ်က္ခ်င္းပင္ အျပင္ဘက္က သြားလာေနတဲ့အသံေတြကို ေကာင္းစြာဖုံးလႊမ္းသြားသည့္ စမ္းေရက်သံကို သူၾကားလိုက္ရသည္။ ဒီိ တိတ္ဆိတ္တဲ့ ၿခံဝန္းေလးက တကယ္ေတာ့ စားေသာက္ဆိုင္?
သူျဖတ္လာခဲ့တဲ့ လမ္းရွိ စားေသာက္ဆိုင္တိုင္းလိုလိုမွာ လူအျပည့္ျဖစ္၏။ တခ်ိဳ႕ဆိုလၽွင္ ပလက္ေဖာင္းေပၚမွာပင္ လူေတြကို ေနရာခ်ထားေပးေသးသည္။သို႔ေသာ္ ဒီမွာေတာ့ဘယ္သူမွ ရွိေနတဲ့ပုံမေပၚေပ။ အန္းနင္ ခ်င္ေဝ့ေဟာ္ေနာက္ကေန လိုက္လာၿပီး ဝါးၿခံစည္းရိုးမ်ားစီတန္းထားေသာ အတြင္းဘက္က်တဲ့လမ္းကေလးထဲသို႔ ေလၽွာက္လာခဲ့သည္။
စားေသာက္ဆိုင္ရဲ့ အဝင္ဝကို လွမ္းၾကည့္လိုက္ရာ ေရွးေဟာင္း နံရံအျဖဴႀကီးကို သူ ျမင္လိုက္ရသည္။
ဝင္ေပါက္ အျပင္ဘက္တြင္ရပ္ေနတာကေတာ့ အျဖဴေရာင္ ေအပရြန္ေလးနဲ႔ နက္ျပာေရာင္ ယူနီေဖာင္းကို ဝတ္ထားတဲ့ စားပြဲထိုးမ တစ္ေယာက္ပင္ျဖစ္ေလသည္။ သူမေခါင္းေပၚတြင္ နက္ျပာေရာင္ စားဖိုမွုးဦးထုပ္ေလး ရွိေနသည္။စားပြဲထိုးက ခ်င္ေဝ့ေဟာ္ကို သိပုံရပါသည္။သူမက သူတို႔ကို စားေသာက္ဆိုင္ကို ေခၚလာေပးရင္း ေမးျမန္းလာသည္။
"ဒီေန႔တစ္ခုခုျဖစ္ခဲ့လို႔လား?"
ခ်င္ေဝ့ေဟာ္က "အင္း"ဟူ၍သာ ထြက္လာသည္။
ဒီေနရာက တကယ္ေတာ့အရမ္းမႀကီးပါေခ်။ Lobbyအျပင္ဘက္တြင္ ႀကိမ္ထိုင္ခံ အနည္းငယ္ရွိေန၏,ထိုအျပင္ အလယ္ တြင္ရွိေသာ ေကာ္ဖီစားပြဲကလဲ ထူးျခားစြာပင္ သစ္အငုတ္ျဖင့္ ပုံေဖာ္ထားေလသည္။ တကယ္ သစ္အငုတ္လား၊ လူကဖန္တီးထားသလားကိုေတာ့ သူ မသိပါေခ်။ စားပြဲေပၚတြင္ လက္ဖက္ရည္ setေလးလဲ ရွိေနသည္။ ဧည္ခန္း အလင္းေရာင္ကိုလည္းသစ္သားျဖင့္သာျပဳလုပ္ထားသည္။ တံခါးအဝင္ဝတြင္ kaffire liliesပန္းအိုးႀကီးတစ္လုံးရွိေနသည္။
၎တြင္ ဆိုဒ္မတူေသာ သီးသန႔္ခန္း သုံးခန္းရွိေနၿပီး စားပြဲထိုးက သူတို႔ကို အေသးဆုံးတစ္ခန္းသို႔ ေခၚသြားခဲ့သည္။ သီးသန႔္ခန္းရဲ့ တံခါးမွာေရွးတ႐ုတ္စတိုင္ တံခါးမ်ိဴးျဖစ္ေသာ္လည္း ေခတ္ဒီဇိုင္းလဲ ပါေနေသးသည္။ တံခါးက တြန္းလို႔လဲရသလို ဆြဲလို႔လဲရ၏။ အန္းနင္ တိတ္တိတ္ေလး တံေတြးမ်ိဳခ်လိုက္မိသည္။
ဒီလို စားေသာက္ဆိုင္မ်ိဳးရဲ့ ႏွုန္းကေတာ့ ဘယ္လိုမွ ေဈးမေပါနိုင္ဘူး..
သီးသန႔္အခန္းငယ္ ထဲသို႔ ဝင္လိုက္သည္ႏွင့္ အျပင္ဘက္တြင္ ေလွကားထစ္ငယ္ တစ္ခုရွိေနသည္။ထို႔ေၾကာင့္ အခန္းက ေသးငယ္ေသာ္လည္း အရမ္းကြယ္မေနေပ။ ေလွကားထစ္၏ အျပင္ဘက္တြင္ ၿခံဝင္းကို ျမင္ေနရသည္။ တံစက္ၿမိတ္ေအာက္တြင္ မီးပုံးႀကိဳးငယ္တစ္ေခ်ာင္းကို ခ်ိတ္ဆြဲထားကာ ၿခံဝင္းအတြင္းရွိ ေက်ာက္တုံး ေက်ာက္ခဲမ်ားကို လင္းထိန္ေနေစသည္။
ခ်င္ေဝ့ေဟာ္က သူ႔အိတ္ကိုခၽြတ္လိုက္ၿပီး ေဘးကို ဖယ္လိုက္သည္။ သူ ထိုင္ၿပီးသည့္အခါ အန္းနင္လဲ ကိုးရို႔ကားယားႏွင့္ပင္ ဝင္ထိုင္လိုက္ရ၏။ စားပြဲထိုးမေလးက ခ်င္ေဝ့ေဟာ္ကို မျဖတ္ပါဘဲ သူ႔ထံသို႔ တိုက္ရိုက္ပင္ ေရႊေရာင္သားေရ menuေလးကို ကမ္းလာခဲ့သည္။ စားပြဲထိုးမေလးက သူ႔ကို အလြန္တည္ၾကည္စြာျဖင့္ ေပးေနေသာေၾကာင့္ ထိုင္ခုံတြင္ မွီထားေသာ အန္းနင္မွာ အလ်င္အျမန္ပင္ ေက်ာဆန႔္ကာ menuကိုယူလိုက္ရသည္။ Menuရဲ့ အတြင္းစာမ်က္ႏွာမ်ားမွာ အျဖဴေရာင္ပန္းစာရြက္မ်ားကဲ့သို႔ ျဖစ္ကာ ပုံမွန္ တ႐ုတ္စာေရးဟန္ျဖင့္ေရးသားထားေသာ ဟင္းလ်ာမ်ားနာမည္မ်ားသာ ေရးထည့္ထားသည္။ ပုံလည္းမပါသလို ေဈးႏွုန္းလဲမပါေနေပ။
သူအေနနဲ႔ ဟင္းလ်ာနာမည္ေတြကို ၾကည့္႐ုံမၽွျဖင့္ ခန႔္မွန္းမၾကည့္နိုင္သလို menuကို လွန္ေလွာရွာၾကည့္ေသာ္လည္း ေဈးႏွုန္းကို မေတြ႕ရပါေခ်။
ေနာက္ဆုံးတြင္ေတာ့ သူ ခ်င္ေဝ့ေဟာ္ကိုသာ လွည့္အကူအညီေတာင္းရေတာ့သည္။
"မင္း ငါတို႔အတြက္မွာေပးရင္ေရာ?"
ခ်င္ေဝ့ေဟာ္က ေလွကားထစ္တံခါးကို အနည္းငယ္ဖြင့္ရန္ ထလာသည္။။ သူထို႔သို႔ၾကားလၽွင္ ေလၽွာက္လာခဲ့ၿပီး menuကို ယူလိုက္၏။ သူကထိုင္ခ်လာရင္း ေမးလာခဲ့သည္။
"မင္းမစားတာရွိလား?"
အန္းနင္က မရွိဘူးဟု ေျပာလိုက္သည္။ ခ်င္ေဝ့ေဟာ္က menuကို လွန္ေလွာၾကည့္ၿပီးေနာက္ ဟင္းေလးပြဲကို မွာလိုက္ေလသည္ ; ငါးအစာစြပ္ျပဳတ္,ၾကက္သြန္စိမ္းပုစြန္စတူး,အမဲရင္ပုံသား ႏွပ္,ကညႊတ္ေၾကာ္ တို႔ပင္။
သူ ထပ္မွာခ်င္ေနသည္ကို အန္းနင္ျမင္ရေသာအခါ ၾကားျဖတ္မေျပာလိုက္ပဲမေနနိုင္ေတာ့ေပ။
"အဲ့ဒါအတြက္ဆို...ဒါက ငါတို႔ႏွစ္ေယာက္အတြက္ပဲေလ, အမ်ားႀကီး မမွာရေအာင္." သူ ယုံၾကည္မွု မပါဘဲ ေျပာလိုက္မိ၏။
ခ်င္ေဝ့ေဟာ္က ေခါင္းေမာ့၍ သူ႔ကိုၾကည့္လိုက္ၿပီးမွေျပာလာခဲ့သည္။
"ဒါေတြက ပါတာနည္းတယ္။တစ္ပြဲေလာက္နဲ႔ ထမင္းေၾကာ္ႏွစ္ပန္းကန္လုံးေလာက္ ထပ္မွာရေအာင္."
ထိုသို႔ေျပာလိုက္ေသာအခါ သူ႔အမူအရာမွာ ေလးနက္ေန၏။ အန္းနင္ သူ မမွာေတာ့နဲ႔ေျပာလိုက္ပါက ခ်င္ေဝ့ေဟာ္ တကယ္ပင္ မမွာေလာက္ေတာ့ဘူးဟု ထင္မိေသာ္လည္း အဆုံးမွာေတာ့ မမွာေတာ့နဲ႔လို႔ သူ မေျပာလိုက္နိုင္ေပ။
ခ်င္ေဝ့ေဟာ္က ေနာက္ဆုံးအေနျဖင့္ ဝက္သားႏွပ္တစ္ပန္းကန္နဲ႔ ထမင္းေၾကာ္တို႔ကို မွာလိုက္သည္။
【* ေရးထားတဲ့ ထမင္းေၾကာ္ကေလ,သူတို႔ဆိုင္ရဲ့ ကိုယ္ပိုင္ဟန္နဲ႔ ထမင္းေၾကာ္ထင္ပါတယ္ေနာ္။ 】
သူက menuကို စားပြဲထိုးဆီသို႔ ျပန္ေပးလိုက္ၿပီး ထိုင္ခုံေနာက္ကို မွီခ်လိုက္၏။ ထိုင္ခုံတြင္ စက္ဝိုင္းျခမ္းပုံစံ ေက်ာမွီေလးပါသည္။ ခ်င္ေဝ့ေဟာ္တစ္ေယာက္ အဲ့လို ပ်င္းပ်င္းရိရိနဲ႔ မွီတာကိုတကယ္ သေဘာက်ေၾကာင္း အန္းနင္ သိလိုက္ရသည္။ေျခလက္ရွည္ႀကီးေတြျဖင့္ အနားယူရန္ ေနရာမရွိ၍ ကုလားထိုင္တြင္ ပုန္းေနေသာ က်ားသစ္နက္တစ္ေကာင္ကို အမွတ္ရေစသည္။
ဟင္းပြဲမ်ားျပင္ေပးေနခ်္ိန္တြင္ အန္းနင္ ခ်င္ေဝ့ေဟာ္ကို မေမးပဲမေနနိုင္ေတာ့ေခ်။
"ဒါေတြက ေဈးႀကီးလားဟင္?"
ခ်င္ေဝ့ေဟာ္က အဆင္ေျပတယ္ဟု ျပန္ေျဖ၏။
အန္းနင္မွာ အနည္းငယ္ ဘဝင္မက်ေနရသည္။
"ဒါက မင္းရဲ့ စာအိတ္နီ*ထက္ပိုၿပီးေဈးႀကီးတာလား?
【*: WeChatက ပိုက္ဆံလႊဲေပးလို႔ရတဲ့ စာအိတ္နီေလးေတြကိုေျပာတာပါ။ 】
ခ်င္ေဝ့ေဟာ္က သူ႔ရဲ့စပ္စုေနတဲ့အသံကို ၾကားရေသာအခါ မရယ္မိေအာင္ သည္းခံထားရေလသည္။ ထို႔ေနာက္ ခပ္တည္တည္နဲ႔ပင္ ေျပာလိုက္၏။
"ငါ့စာအိတ္နီကို ျပန္ေပးလိုက္ရတာ ေနာင္တရေနၿပီလား?"
အန္းနင္က ထမင္းစားပြဲကို စိုက္ၾကည့္ေနရင္း လက္ညႇိုးထိုးျပလိုက္သည္။
"ဒါေတြက တကယ္ စာအိတ္နီထက္ပိုၿပီးေဈးႀကီးတာလား?!"
တစ္ဖက္လူက ဒီေလာက္အေလးအနက္ထားေနလိမ့္မယ္ဟု ခ်င္ေဝ့ေဟာ္ မေမၽွာ္လင့္ထားခဲ့ေပ။ သူ ထိုင္ခုံကေန ခပ္မတ္မတ္ထားလိုက္ၿပီးလည္ေခ်ာင္းရွင္း၍ ေျပာလိုက္သည္။
"အဲ့ေလာက္ ေဈးမႀကီးပါဘူး။ တကယ္ေတာ့ ငါတို႔ေတြ ၅ပြဲပဲ မွာထားတာေလ "
အန္းနင္ေတြးၾကည့္လိုက္သည္။ ဒါက ယုတၱိရွိသလိုပဲ..ဟင္းတစ္ပြဲကို ယြမ္ ေလး ငါးရာေလာက္ေတာ့ မျဖစ္နိုင္ဘူးထင္တယ္။ ၿပီးေတာ့ငါးမန္းေတာင္တို႔၊ ကမာ တို႔ မွာေနတာမ်ိဴးလဲ မျမင္မိဘူးေလ...
ပထမဆုံး ငါးအစာစြပ္ျပဳတ္ေရာက္လာၿပီး ေနာက္တြင္ ဟင္းပြဲမ်ားက တစ္ခုၿပီးတစ္ခုေရာက္လာေတာ့သည္။ ခ်င္ေဝ့ေဟာ္က
"မင္းဘာသာကူညီ," လို႔ ဆိုလာၿပီး တူကိုေကာက္ကာ စ,စားေတာ့သည္။ သူ႔ ေပါ့ေပါ့ပါးပါးျဖစ္ေနသည္ကို ျမင္ရေသာအခါ အန္းနင္လဲ စိတ္က္ိုေလၽွာ့ခ်လိုက္ေတာ့သည္။
ခ်င္ေဝ့ေဟာ္ေျပာတာမွန္သည္။ ဟင္းပြဲေတြက လက္ရာေျမာက္ကာ အရသာရွိေပမယ့္ ပါဝင္ႏွုန္းကေတာ့ အလြန္ကို နည္းေနသည္။ကံေကာင္းစြာပင္ ခ်င္ေဝ့ေဟာ္က ထမင္းေၾကာ္ႏွစ္ပန္းကန္လုံးကို မွာထားခဲ့သည္။ ထမင္းေၾကာ္ေရာက္လာေသာအခါ ထမင္းေပၚတြင္ဂဏန္းသားေတြရွိေနသည္ကို အန္းနင္သတိျပဳမိလိုက္သည္။ တစ္လုပ္စားၿပီးေသာအခါတြင္ သာမာန္ဂဏန္းသားမဟုတ္တာကို သူသိလိုက္ရ၏။
သူ သိခ်င္စိတ္ျဖင့္ စားပြဲထိုးမေလးကို ေမးျမန္းလိုက္သည္။
"ဒါကဘာ ဂဏန္းမ်ိဴးလဲ?"
စားပြဲထိုးမေလး မေျဖခင္မွာပင္ မ်က္ႏွာခ်င္းဆိုင္က ခ်င္ေဝ့ေဟာ္က ေျဖလာခဲ့၏။ "သာမာန္ ဂဏန္းပါ"
အန္းနင္ သူ႔ကို သံသယရွိေသာအၾကည့္ျဖင့္ ၾကည့္ေပးလိုက္ငည္။ ခ်င္ေဝ့ေဟာ္က ေခါင္းမေမာ့ပဲ စားေနရင္းျဖင့္ေျပာလာသည္။
"ယန္ခ်န္ကန္က အေမႊးထူတဲ့ ဂဏန္းေတြ"
အန္းနင္ ရင္ထဲမွာနာက်င္မွုေတြျဖင့္ သက္ျပင္းခ်မိသည္။ တကယ္ႀကီး ေဈးႀကီးတာပဲ....
စားပြဲထိုးမေလးကေတာ့ ကၽြမ္းက်င္သူပီပီ အျပဳံးေလးျဖင့္သာ သူတို႔ကို မေႏွာင့္ယွက္ေတာ့ပဲ ထြက္သြားခဲ့သည္။
အစားေကာင္းႀကိဳက္တာေလးကို အခြင့္ေကာင္းယူ၍ အန္းနင္ ခ်င္ေဝ့ေဟာ္ႏွင့္စကားေျပာဖို႔ ဆုံးျဖတ္လိုက္သည္။ စားၿပီး်သာအခ်ိန္တြင္သူ တုံံ့ဆိုင္းျခင္းမရွိပါဘဲ ေျပာလိုက္၏။
"တကယ္ေတာ့, ငါတို႔ႏွစ္ေယာက္က ညလယ္စာအတြက္နဲ႔ ဒီလို ေဈးႀကီးတဲ့ဆိုင္မ်ိဳးကို လာစရာမလိုပါဘူး"
ခ်င္ေဝ့ေဟာ္ မ်က္လုံးပင့္လာၿပီး စားပြဲကိုျဖတ္ၾကည့္လာသည္။ အန္းနင္က ေခါင္းငုံ႔ထားလ်က္ ၿငိမ္ၿငိမ္ေလးစားေနၿပီး သူ႔အမူအရာေလးကလဲ ေက်နပ္မွုအျပည့္ႏွင့္ျဖစ္ေနသည္။ တစ္လုပ္စားလိုက္တိုင္း "ဒါကပိုက္ဆံဘယ္ေလာက္က်တာလဲ,ငါအရသာခံဖို႔လိုတယ္"ဆိုတဲ့အမူအရာေလးေပါက္ေနသည္။ ထိုသို႔ျမင္ရေသာအခါ သူ အနည္းငယ္ရယ္ခ်င္သြားရ၏။ သူ ေခါင္းငုံ႔လိုက္ၿပီး ဆက္စားရင္းေျပာလိုက္မိသည္။
"မင္းကလဲ ငါတို႔ ဒီေတာ့ လာလို႔မျဖစ္ဘူးလို႔မွမေျပာခဲ့တာဘဲ! မင္း ဒီတစ္လမ္းလုံးငါ့ေနာက္က လိုက္လာၿပီး ဘာမွမေျပာခဲ့ဘူးေလ ."
အန္းနင္ ကိုယ့္ကိုယ္ကိုယ္ျပန္ ဆင္ျခင္လိုက္သည္။ ခ်င္ေဝ့ေဟာ္က သူ႔ကို စကားမေျပာခဲ့တာက သူ ခ်င္ေဝ့ေဟာ္ကို အရင္စၿပီး စကားေျပာလို႔ မရနိုင္ဘူးလို႔ မဆိုလိုတဲ့ ပုံစံေပါက္သြားရသည္။ ထို႔ေၾကာင့္ သူ ေခါင္းညိတ္ျပလိုက္ၿပီး ေျပာလိုက္သည္။,
"ငါက ဒီတိုင္း...မင္းက စားဖို႔ ဘယ္ကို ေခၚသြားမလဲဆိုတာ နည္းနည္း သိခ်င္သြားလို႔."
ခ်င္ေဝ့ေဟာ္ရဲ့ ပါးစပ္အျပည့္ ဂဏန္းသားႏွင့္ ထမင္းေၾကာ္ေတြရွိေနေသာ္လည္း သူ မရယ္လိုက္ပဲမေနနိုင္ေတာ့ေခ်။ ပါးစပ္အျပည့္စားၿပီးသည့္ေနာက္တြင္ သူက ေျပာ၏။
"ထမင္းတနပ္အတြက္ ငါက ဘယ္ေခၚသြားမယ္လို႔ မင္းကထင္လို႔လဲ? Urban Legendထဲက စုတ္ျပတ္ေနတဲ့ ေျခတံရွည္အေဆာက္အအုံထဲမွာ ဝွက္ထားတဲ့ အမတ Chefလိုမ်ိဳးလား? တစ္ကိုက္ေလာက္နဲ႔ မင္းေခါင္းထဲ ေပါက္ကြဲသြားမယ့္ ဟာမ်ိဴး? Cooking Master Boy နဲ႔လိုမ်ိဴးလား? ?"
အန္းနင္ အနည္းငယ္ရွက္ရြံစြာျဖင့္ျပဳံးျပလိုက္မိသည္။ ခ်င့္ေဝ့ေဟာ္ တစ္ဆက္တည္း ဒီေလာက္အမ်ားႀကီး ေျပာလာလိမ့္မယ္လို႔ သူ မထင္မိခဲ့ပါေခ်။ ၿပီးရင္ သူက အရင္က Cooking Master Boyကိုေတာင္ ၾကည့္ထားခဲ့ေသးသည္။ သူသာ ထို အက္ရွၿပီး ပ်င္းရိတဲ့အသံနဲ႔ မေမြးဖြားလာခဲ့ရင္ သူ႔ရဲ့ ေနာက္ေျပာင္လိုက္တဲ့အသံကလဲ သူ႔အသက္အရြယ္ေကာင္ေလးမ်ားနည္းတူပင္ ျဖစ္လိမ့္မည္ ျဖစ္သည္။
ခ်င္ေဝ့ေဟာ္က တူကို ခ်လိုက္ၿပီး လက္ေတြကို စားပြဲေပၚတင္လိုက္သည္။ သူက အခန္းကို အကဲျဖတ္လိုက္ၿပီးေနာက္ ေျပာလာခဲ့သည္။
"အရမ္းကို အေပါစားဆန္လိမ့္မယ္လို႔ေတာ့ မေမၽွာ္လင့္ခဲ့ဘူး မလား?"
"အေပါစားဆန္တာ မဟုတ္ပါဘူး, သမရိုးက်ဆန္တာ*,"အန္းနင္ေျပာလိုက္မိသည္။
သူ႔ရင္မွာ ကူကယ္ရာမဲ့စြာသက္ျပင္းခ်လိုက္မိသည္။
မင္းတို႔လူခ်မ္းသာေတြအတြက္ သမရိုးက်ဆန္တာေတြလား...
【*:ခ်င္ေဝ့ေဟာ္ ထင္တာက ေနရာက တစ္ေယာက္ေယာက္ကိုေခၚလာဖို႔ အရမ္း အေပါစားဆန္တယ္လို႔ထင္တာပါ။ အန္းနင္ကေတာ့ ဒါကအေတာ္ေလးပုံမွန္ပါပဲလို႔ ေတြးေပမယ့္ တကယ္တမ္း သူ႔စိတ္ထဲမွာက် ဒီေနရာက သူ႔ကိုေခၚလာဖို႔အတြက္ ေဈးႀကီးတယ္လ္ို႔ထင္ေနတုန္းပါပဲ။ သူက လူခ်မ္းသာေတြရဲ့အရသာခံစားမွုက ပုံမွန္လူမ်ားနဲ႔ ယွဥ္ရင္ အဆင့္အတန္း ကြဲျပားတာကို သူနားလည္တဲ့သေဘာပါ။】
စားေသာက္ၿပီးဖို႔ အခ်ိန္အမ်ားႀကီးမယူလိုက္ရေပ။ သူတို႔ထြက္လာသည့္အခါတြင္ အန္းနင္က ကုန္က်ေငြကို ခိုးနားေထာင္ခ်င္မိ၏။သို႔ေသာ္လည္း ခ်င္ေဝ့ေဟာ္က အဓိကဝင္ေပါက္ဆီသို႔သာ ေလၽွာက္သြားသည္ကို မယုံနိုင္ခဲ့ေခ်။သူက ျပန္လွည့္ၾကည့္လာၿပီးမွ ေျပာလာခဲ့သည္။
"သြားၾကစို႔! ရွင္းၿပီးသြားၿပီ."
အန္းနင္မွာ ထြက္ခြာဖို႔ကလြဲေရြးစရာမရွိေတာ့ေခ်။ ထြက္လာရင္းျဖင့္ပင္ သူ သေဘာမေပါက္ဟန္ျဖင့္ ေမးလိုက္မိသည္။
"ဘယ္တုန္းကလဲ?"
"ငါ ေလဟာျပင္ဆီသြားတုန္းက, ေလဟာျပင္က အျပင္နဲ႔ ဆက္ထားတယ္ေလ"
ခ်င္ေဝ့ေဟာ္က ေျပာသည္။ သူက အန္းနင္ကိုပဲ ျပန္ၾကည့္လာကာ ေျပာျပန္သည္။ "ဒါက တကယ္ေဈးမႀကီးပါဘူး..ငါလည္း ဒီလိုပတ္ဝန္းက်င္မ်ိဴးကို သေဘာက်တတ္လို႔ "
အန္းနင္မွာ ခ်င္ေဝ့ေဟာ္က သူ႔ကိုဝန္ေလးသလို ခံစားမေနေစခ်င္သည္ကို သိသျဖင့္ သူက ႏွစ္ခါေလာက္ ရယ္ေမာလိုက္ရင္းေျပာလိုက္မိသည္။
"မပူပါနဲ႔! ငါ ဒါအတြက္ အေႏွာင့္အယွက္မျဖစ္ပါဘူး"
တကယ္တမ္းတြင္ေတာ့ သူ႔ရင္မွာ ဆိုးဆိုးဝါးဝါးကိုနာက်င္ေနၿပီ!
ဒီတစ္နပ္စာက သူ႔လခ တစ္လစာေလာက္က်သြားမည္ကို မေၾကာက္ဘဲမေနနိုင္ခဲ့ေပ။ တစ္လတာ လခက semesterတစ္ဝက္ေလာက္ရဲ့ က်ဴရွင္ခေတြကို လုံလုံေလာက္ေလာက္ ဖူလုံသည္။ သို႔ေသာ္လည္း ဒီတစ္နပ္စာ က တကယ္ကို အရသာရွိခဲ့သည္။ သူကေလးဘဝကတည္းကထိုကဲ့သို႔ေသာ ေဈးႀကီးသည့္ေနရာမ်ိဴးကို တစ္ခါမွမစားခဲ့ဖူးပါေခ်။ သူ အမ်ားႀကီး စားခဲ့မိတာေၾကာင့္ သူ႔ဗိုက္ကလဲ ပုံမွန္ထက္ကို ျပည့္ေနခဲ့၏။ အထူးသျဖင့္ ေနာက္မွ လာခ်ေသာ အသီးအရြက္ဝက္သားႏွပ္ပင္။
ဝက္သားေရာက္လာသည္ႏွင့္တၿပိဳင္နက္ ခ်င္ေဝ့ေဟာ္က စယးပြဲထိုးကို သူ႔ဆီယူလာရန္ေျပာလိုက္သည္။ ထို႔ေနာက္ သူက တူကို ေကာက္လ်က္ ပန္းကန္ကို ႏွစ္ပိုင္းျဖစ္ေအာင္ခြဲလိုက္သည္။ သူက ထရပ္ကာ အန္းနင္ကို တစ္ဝက္ေပးလိုက္ရင္း "တစ္ေယာက္ တစ္ဝက္." ဆိုၿပီးေျပာလာခဲ့သည္။
သူ အနည္းငယ္ေတာ့ ရွက္မိသည္။ ညီတူညီမၽွခြဲထားသည့္တိုင္ သူ႔ ကိုယ္လုံးကိုယ္ထည္က ခ်င္ေဝ့ေဟာ္နဲ႔ မယွဥ္နိုင္ခဲ့ေပ။ ၎မွာ ေခြးပိန္ပိန္ေလးနဲ႔ Siberian ဝံပုေလြတို႔ တစ္ဝက္စီ စားေနၾကတာႏွင့္ တူေပသည္။ ေခြးေလးအတြက္ လုံေလာက္ေပမယ့္ ဝံပုေလြကေတာ့ ဗိုက္ျပည့္မည္မဟုတ္ေပ။
ဒါက တျခားသူေတြနဲ႔ အစာစားတဲ့အခါ ခ်င္ေဝ့ေဟာ္ လုပ္ေလ့ရွိတဲ့ အက်င့္ေပလားဆိုတာကိုေတာ့ အန္းနင္မသိပါေခ်။
သူက သူမ်ား နန္းတြင္း (ေတာ္ဝင္မ်ိဳးေတာ္) ထမင္းစားခန္း* ထဲကအတိုင္း တူညီတဲ့ စိတ္မ်ိဴးနဲ႔ ခြဲထုတ္ေလမလားဆိုတာကိုေတြးေတာမိသည္။ သို႔ေသာ္ ၎က သူႏွင့္အတူစားေနေသာသူအတြက္ သတိႀကီးထားရၿပီး သို႔မဟုတ္ ယဥ္ေက်းေနရၿပီး စားေသာက္ရတာကလဲအရမ္းသက္ေတာင့္သက္သာမျဖစ္ပါေခ်။
【*TN: ခ်င္ေဝ့ေဟာ္ ေတာ္ဝင္နန္းေတာ္မွလူေတြ (ဥပမာ ဘုရင္)နဲ႔ ဟင္းတစ္ပြဲကို မၽွမၽွတတ ခြဲမလားဆိုတာ မ်ိဴးကို ေတြးေနတာပါ။ ဒီနားေလး ဘာသာျပန္သူလဲ ဖတ္ရတာ နားမလည္ဘူးေရာ 】
သူတို႔ အရင္လာခဲ့တဲ့လမ္းေလးအတိုင္းဘဲ ျပန္လာခဲ့ၾကၿပီး မ်က္စိတစ္မွိတ္အတြင္းမွာပင္ ေျမေအာက္ဘူတာသို႔ေရာက္လာခဲ့ၾကသည္။ အန္းနင္မွာ ဘူတာျပန္လာသည့္ အကြာအေဝးက ကံမေကာင္းစြာနဲ႔ အရမ္းကို တိုေတာင္းလြန္းပါလားဟုပင္ ခံစားမိလိုက္သည္။
"အဲ့ဒါဆို ငါေက်ာင္းကို ျပန္ေတာ့မယ္." သူေျပာလိုက္သည္။
"အတူတူသြားမယ္" ခ်င္ေဝ့ေဟာ္က ေျပာ၏။
သူက ေျမေအာက္ဘူတာ အဝင္ဝထိ ေလၽွာက္လာခဲ့ၿပီးမွ ဆက္ေျပာလာသည္။
"မင္းနဲ႔ငါက ဆန႔္က်င့္ဘက္လမ္းပဲ"
ႏွစ္ေယာက္သား ေျမေအာက္ဘူတာကို အတူဝင္လာခဲ့ၾကကာ အန္းနင္စီးရမဲ့ ဘူတာကို ေရာက္လာၿပီျဖစ္သည္။ သူက ေနာက္ျပန္လွည့္ၿပီးျမန္ျမန္ပင္ ႏွုတ္ဆက္စကားေျပာလိုက္၏။
"အဲ့ဒါဆို ႏွုတ္ဆက္ပါတယ္!"
သူ႔ေက်ာပိုးအိတ္ကို လြယ္လိုက္ရင္း ရထားထဲသို႔ ေျပးဝင္သြားလိုက္သည္။ ေျမေအာက္ရထားထဲေရာက္ေသာအခါ သူ အထဲေရာက္သည္အထိ မသြားေတာ့ဘဲ တံခါးနားမွာသာ ရပ္ေနလိုက္သည္။ တံခါးမွန္မွ ဆန႔္က်င္ဘက္လမ္းကို ေလၽွာက္သြားၿပီး ရထားကို ေစာင့္ေနတဲ့ ခ်င္ေဝ့ေဟာ္ရဲ့ ေနာက္ေက်ာကို ျမင္ေနရ၏။
ရထားကို ေစာင့္ေနၾကသူမ်ား တစ္စနဲ႔တစ္စ မ်ားျပားလာၿပီျဖစ္သည္။ ထို ေနာက္ေက်ာပုံရိပ္ေလးက လူမ်ားႏွင့္အတူ ေရွ႕သို႔ အနည္းငယ္ေလၽွာက္သြားခဲ့သည္။ သူက တျဖည္းျဖည္းနဲ႔ လူအုပ္ထဲတြင္ ေပ်ာက္ကြယ္ေတာ့မယ့္ပုံေပၚေနေသာ္လည္း သူ႔ရဲ့ပုံရိပ္ကို မထင္မရွားျဖစ္ေအာင္ လုပ္နိုင္ျခင္းမရွိပါေခ်။
ထိုသည္ကို ေတြ႕ေသာအခါ အန္းနင္ျပဳံးလိုက္မိသည္။ ခ်င္ေဝ့ေဟာ္က လူအုပ္ႀကီးနဲ႔အတူေရာသြားဖို႔ႀကိဳးစားေနပုံရေပမယ့္ တကယ္တမ္းေတာ့ သူ မလုပ္နိုင္ခဲ့ေပ။ သူက အျမဲတေစပင္ လူအုပ္ၾကားမွာေရာ, ရွုပ္ေထြးတဲ့ကထင္ကရအေဆာက္အအုံမွာေရာ ျမင္သာသည့္ ျမင္ကြင္းမ်ိဴးရွိေနတတ္သည္။ ထို႔အျပင္ ေနာက္ေက်ာ ျမင္ကြင္းေလးတစ္ခုနဲ႔ပင္ လူေတြရဲ့ မ်က္လုံးကို အလြယ္တကူ ဖမ္းစားနိုင္ေပသည္။
ေကာင္းပါၿပီ! မင္းကို အရပ္ရွည္ၿပီး ေခ်ာေမာေနေအာင္လုပ္ေပးခဲ့တဲ့ မင္းအေမကိုပဲ အျပစ္တင္လိုက္ပါေတာ့ *ၾကက္ေပါက္အုပ္ထဲကႀကိဳးၾကာေလးေရ!
【*: ပုံမွန္ လူစုႀကီးထဲကေန ထင္းထြက္ေနတဲ့သူအတြက္ Idiomအသုံးေလးပါ 】
အန္းနင္က ကပ္စီးေလးㅜㅜ ဒါေပမယ့္ ဒီအပိုင္းေလးက အန္းနင္ေလးနဲ႔ ခ်င္ေဝ့ေဟာ္တို႔ ကြာျခားတဲ့အေၾကာင္းကို ေရးေပးထားတာေနာ္။
သူတို႔ဇာတ္လမ္းေလးက တကယ္ကို ပုံမွန္အတိုင္းေလးပါဘဲ