『Unicode』
ချင်ဝေ့ဟော်က သူ့ကို ကွင်းထဲကနေ ရွှီသံပြုနေဆဲဖြစ်သော လဲ့ကျွင်းနဲ့ သူ့အဖွဲ့ကို လျစ်လျူရှုခဲ့သည်။ သို့သော် ထွက်လာခဲ့သည့် သူ့နောက်ကျောမှာတော့ ထိန်းချုပ်ထားရသလိုဖြစ်နေသည်။ ဒါကို အန်းနင် မျက်မှန်မတပ်ထားလျှင်တောင် ဘေးကွင်းမှာရှိနေသောကျောပိုးအိတ်နှင့် ဂျက်ကတ်တို့ကို ထုတ်ပိုးနေသည့် ချင်ဝေ့ဟောန်၏ လုပ်ရှားမှုများဆီမှ မြင်နိုင်လောက်သည်။ သူက ဂျက်ကတ်ကိုဆွဲယူလိုက်ပြီး ကျောပိုးအိတ်ထဲကို ထိုးထည့်လိုက်ချိန်တွင် ရေငုပ်နာရီကမြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့သည်။ချင်ဝေ့ဟော် ခေါင်းငုံ့၍ ကုန်းကောက်လိုက်ပေမယ့် သူ့လက်မှာ မဝတ်လိုက်ပေ။ အဲ့ဒီအစား သူရဲ့ အားကစားဘောင်းဘီအိတ်ထဲကို တစ်ချက်ပင်မကြည့်ပဲ ထိုးထည့်လိုက်သည်။
မောက်မာဟန်ထင်ရသော်လည်း သူက မထင်ထားစွာပင် အလွယ်တကူ ရန်စနိုင်သည့် လူမျိူး မဟုတ်ပါလားဟု အန်းနင်တွေးလိုက်မိသည်။ရိုးရိုးသားသားပြောရလျှင် မျက်မှန်မပါဘဲတောင် သူ့ရှေ့တွင်လျှောက်သွားနေသည့် ချင်ဝေ့ဟော်က ပိုရှည်နေတာကို မြင်ရ၏။ ချင်ဝေ့ဟော်က နောက်ကိုတစ်ချက်မှမကြည့်ဘဲ ရှေ့ဆက်လျှောက်နေရာ လဲ့ကျွင်းနှင့် သူ့အဖွဲ့တို့ကလဲ တဖြည်းဖြည်းရပ်သွားကြလေသည်။ အန်းနင် ချင်ဝေ့ဟော်အနောက်မှလိုက်လာခဲ့ရာ ချင်ဝေ့ဟော် တစ်စုံတစ်ခုကို ကန်ပစ်လိုက်သည်ကို မြင်လိုက်ရ၏။၎င်းမှာ စတန်း လှေကားအောက်ကိုပစ်ထားသော ရေဘူးတစ်ဘူးဖြစ်လေသည်။ သူက ဘေးဘက်ကို အသာလေး ကန်ပစ်လိုက်၏။
ဘေးကွင်းတွင် လှောင်ပြောင်နေသံအနည်းငယ်ရှိနေ၏။ တချို့လူများကတော့ ချင်ဝေ့ဟော်ရဲ့ကန်ချက်မှာ ထွက်ပေါက်ရှာနေတာဟု ထင်သွားနိုင်သော်လည်း အန်းနင်ကတော့ ထိုသို့မထင်ခဲ့ပါချေ။ သူက ခပ်ပေါ့ပေါ့ပဲ ကန်ပစ်လိုက်တာကြောင့် လမ်းပေါ်က ခလုတ်တစ်ခုကို ဖယ်လိုက်သကဲ့သို့ပင်။
ချင်ဝေ့ဟော်က လှေကားမရောက်မချင်း မရပ်ခဲ့ပေ။ သူက ပြန်လှည့်လာပြီး သူ့ကို မျက်မှန်လေး ပြန်ပေးခဲ့သည်။
အန်းနင် ယူလိုက်သောအခါ ချင်ဝေ့ဟော် ပြောတာကိုကြားလိုက်ရသည်။
"မှန်ကကျိူးသွားပြီ! ငါ လျော်ပေးပါ့မယ်"
မျက်မှန်က အမှန်တကယ်ပင်အက်သွားလေပြီ။ တိုက်မိတာက ညာဘက်မှန်ကို အက်သွားစေပေမယ့် မှန်တွေကတော့ ပြုတ်ကျမသွားခဲ့ပေ။ဒါက သူတွေးထားတာထက်ပင် ပိုကောင်းနေသေးသည်; သူ့ဘာသာသူ မရမက တပ်နေမယ်ဆိုရင် တပ်လို့ရနေဆဲပင်။ အန်းနင်က ပြုံးကာပြောလိုက်သည်။
"ရပါတယ်။ ငါ့မှာ အပိုတစ်လက်ရှိသေးတယ်"
ချင်ဝေ့ဟော်က သူ့ရှေ့မှ တစ်ဖက်လူက မျက်မှန်ကို မတော်တရော် တပ်နေသည်ကို မြင်နေရ၏။ ထို့နောက် ဘေးကွင်းက တစ်စုံတစ်ယောက်က သူ့ကို ထိပ်ဆုံးကျောင်းသားလေး'လို့ ခေါ်လိုက်သည်ကို သတိရမိသွားသည်။ သူက ထိုကဲ့သို့ ထက်မြက်သောလူများနှင့် မရင်းနှီးတတ်ပေ။ ဒါက သူ့ဘဝမှာ ပထမဆုံးသော အကောင်းမြင်မိတဲ့ ထိပ်ဆုံးကျောင်းသားလေး ဖြစ်ပေလိမ့်မည်။ သူက တစ်ဖက်လူကို အနည်းငယ်အကဲခတ်ကြည့်လိုက်၏ ; သူသည် အတော်လေး သပ်ရပ်သည့်ကောင်လေးဖြစ်ပြီး သူ့မျက်နှာလေးမှာလဲ လှုပ်ရှားမှုအပြီးတွင် သူ၏ ခပ်ဖြူဖြူအသားအရေကြောင့် နီမြန်းနေသည်။
"မင်းသာ ငါအရပ်မရှည်တာကို စိတ်မရှိရင် ငါမင်းနဲ့ အသင်းဖွဲ့နိုင်တယ် "ဆိုတာကို စဉ်းစားကြည့်မိလိုက်လျှင် သူ့နှလုံးသားမှာ ထိရှနေဆဲပင်။ သူက တစ်ဖက်လူရဲ့အရပ်ကို စိတ်ထားမထာဒပေ,သို့သော် အခု တစ်လှမ်းသာခြားပြီး နှစ်ယောက်သား မျက်နှာချင်းဆိုင်ရပ်မိသောအခါတွင် ကောင်လေး၏ ကိုယ်လုံးကိုယ်ထည်မှာ အမှန်တကယ်ပင် အတော်လေး သေးကွေးနေကြောင်း တွေ့လိုက်ရ၏။
သူမျက်လုံးမှာ အလွယ်တကူပင် တစ်ဖက်လူ၏ ခေါင်းပေါ်ကို ကျော်၍ ကွင်းကို မြင်နိုင်နေဆဲပင်။
လဲ့ကျွင်းနှင့် သူ့အဖွဲ့က ထွက်သွားပြီဖြစ်သောကြောင့် ပရိတ်သတ်ထုမှာလဲ လူစုကွဲသွားဖြစ်သည်။ ကစားနေခဲ့ကြသောလူများကလဲ ပြန်ကစားနေကြလေပြီ။လဲ့ကျွင်းက ထွက်ခွာသွားရင်းပင် ချင်ဝေ့ဟော်ကို ရန်စသည့်အပြုံးမျိူးဖြင့် ကြည့်သွားသေး၏။
ချင်ဝေ့ဟော်ကတော့ သူ့ကို အေးစက်စက်သာကြည့်ပေးလိုက်ပြီး သူ့ဘာသာတွေးနေလိုက်သည်။
ငါက စိတ်ကောင်းရှိမယ်လို့ မင်းထင်နေတာလား?
တခြားတစ်ဖက်က ဒီလို ရိုးစင်းတဲ့ လှည့်ကွက်တွေနဲ့ ကစားချင်နေသောကြောင့် သူနဲ့အတူ ကစားပေးဖို့ ဆုံးဖြတ်လိုက်၏။ ထို့ကြောင့် သူ့ဘက်ကို မျက်ခုံးပင့်ပြလိုက်သည်။ သူ မျက်ခုံးပင့်လိုက်လျှင် အလွန်ပင် ဆွပေးလိုက်သလို ဖြစ်နေမည်ကို သူသိသည်။ထို့အပြင် သူကအထက်တန်းကျောင်းတုန်းကလဲ ဒါအတွက်ကြောင့် မကြာခဏဆိုသလို ဝေဖန်ခံခဲ့ရသည်။ သေချာတာကတော့ လဲ့ကျွင်းရဲ့ အမူအရာကပြောင်းလဲသွားကာ နောက်ဆုံးမှာတော့ သူ့သူငယ်ချင်းက ဆွဲခေါ်သွားခဲ့လေ၏။
ချင်ဝေ့ဟော်က နောက်ကိုကြည့်နေသည်ကို မြင်သောအခါ အန်းနင်လဲ ခေါင်းလှည့်ကြည့်တော့မလို ဖြစ်သွားသည့်တိုင် ချင်ဝေ့ဟော်ကစကားပြောလာသည်။
"သွားကြစို့!"
သူ့က အကြည့်တွေကို ရုတ်လိုက်ပြီး ပြန်လှည့်ကာ လမ်းလျှောက်သွားသည်။
အားကစားကွင်း အပြင်သို့ရောက်လာသောအခါ ချင်ဝေ့ဟော်က သူ့နောက်မှ ကောင်လေးကို ပြန်ကြည့်လိုက်မိသည်။ သူ့မျက်နှာနီနီလေးကပျောက်ကွယ်မသွားသေးသည့်အပြင် သူ့လည်ပင်းလေးကပင် ထူးဆန်းစွာ ပန်းရောင်ပြေးပြေး ပြောင်းနေပြီဖြစ်၏။ ခဏမျှစဉ်းစားပြီးနောက် သူက ဘေးဘက်ရှိ ပန်းအိပ်ရာ*လေးကို ကြည့်ရင်း ပြောလိုက်သည်။
"ဟိုမှာသွားထိုင်ရအောင်"
အန်းနင် ခေါင်းညိတ်လိုက်သည်။ သူလဲ တကယ် ခဏနားချင်နေသည်။ သူတို့နှစ်ယောက် ထိုင်ချလိုက်ပြီးနောက်တွင်ချင်ဝေ့ဟော်က သူ့ဖုန်းကို ထုတ်၍ ပြောလာသည်။
"WeChatမှာ ငါ့ကို အပ်ပေး."
အန်းနင်မှာ တိုးတက်မှုကြီးက အရမ်းမြန်နေသဖြင့် လန့်ဖျတ်သွားရသည်။ ဒါပေမယ့် နောက်ဆုံးမှာတော့ သူ့အခန်းဖော်နဲ့ထိတွေ့နိုင်ခဲ့ပြီလေ။
သူက မြန်မြန်ပင် ဖုန်းလေးကိုထုတ်လိုက်သည်။
ချင်ဝေ့ဟော်က သူ့ကို သူ့ WeChat QR Codeကမ်းပေးလာ၏။ အန်းနင်က Scanဖတ်လိုက်လျှင် beep^ဟုသောအသံထွက်ပေါ်လာပြီး နှစ်ယောက်လုံးက တစ်ချိန်တည်းမှာပင် ဖုန်းတွေကို ပြန်ရုတ်လိုက်သည်။ အန်းနင် WeChat interfaceနေရာကို ကြည့်လိုက်ရာ ချင်ဝေ့ဟော်၏IDပေါ်နေပြီဖြစ်သည်။
၎င်းက ထူးထူးခြားခြားလေးပင်ဖြစ်ပြီးနာမည်ပြောင်ကလဲ "Chief"ဟူ၍။ သူ၏ Profile picture ကတော့ Yamaha R1 ဖြစ်နိုင်သော ဆိုင်ကယ်အနက်တစ်စီးပင်။
ချင်ဝေ့ဟော်လဲ သူ့WeChatကို ငုံ့ကြည့်လိုက်မိသည်။ ထိပ်ဆုံးကျောင်းသားလေး၏ နာမည်ပြောင်မှာ "မိုးခေါ်သူ"ဖြစ်ပြီး Profileကတော့နိုင်ငံခြားသားနှစ်ယောက်ပုံပင်။ သူနှိပ်ကြည့်လိုက်ရာ နှစ်ယောက်ထဲက တစ်ယောက်မှာ Matt Damonဖြစ်လေသည်။ သူကမျက်မှောင်ကြုတ်လျက် စူးစမ်းလာ၏။
"မိုးခေါ်သူ?"
"အိုး," အန်းနင်က ပြန်ဖြေသည်။ "အဲ့တာက မှုခင်း ဇာတ်ကားရဲ့နာမည်ပါ"
ချင်ဝေ့ဟော်က ခေါင်းညိတ်လိုက်ပြီး ဖုန်းကို ပြန်သိမ်းလိုက်သည်။ ထို့နောက်သူ့ဘေးရှိလူကို ကြည့်၍ပြောလိုက်သည်။
"ငါတို့က အတန်းတူတူပဲထင်တယ်,ဟုတ်တယ်မလား?"
အန်းနင်မှာ ထိုသို့ကြားလိုက်ရလျှင် ကြောင်အသွားရ၏။ သူ့ရဲ့မှန်အက်လေးနောက်မှ ချင်ဝေ့ဟော်၏ မျက်လုံးများမှာ အတည်ပြုနေလျှင်အရမ်းကို လေးနက်နေတတ်သည်ကို မြင်နေရသည်။ သူ့ကိုကြည့်နေရင်း အန်းနင်မှာ မရယ်ပဲမနေနိုင်တော့ပေ။
ချင်ဝေ့ဟော်က မျက်မှောင်ကြုတ်သွား၏။ထို့နောက် ကြည့်နေရင်းဖြင့်မေးသည်။ "မင်းက ဘာကိုရယ်နေတာလဲ?"
သူ့အသံမှာ အံ့ဩစရာကောင်းအောင် အနည်းငယ် ညင်သာနေခဲ့သည်။ ချင်ဝေ့ဟော် အသံမှာ သုန်မှုန်နေတတ်ရာ သူက အရမ်းကို ချိူချိုသာသာဖြစ်နေ၍ ညင်သာနေတာဖြစ်နိုင်၏။ ထိုသို့ တမငတကာ မေးလာအချိန်တွင် အန်းနင်မှာ မောက်မာသည့်အရိပ်အယောင်မျိူးတောင် မခံစားရပေ။
အန်းနင် ပြောလိုက်သည် "မင်းဒီည အိမ်ဆောင်ပြန်လာမှာလား? ငါတို့က အဆောင်တူတူပဲ"
အန်းနင် ထိုသို့ပြောလိုက်သည့်တိုင် ချင်ဝေ့ဟော်မှာ မမှတ်မိပါဘဲ ဒီအတိုင်းသာပြောလာခဲ့သည်။ "ကောင်းပြီ, ငါဒီညပြန်လာခဲ့မယ်."
အန်းနင် တိတ်တိတ်လေး ပျော်သွားရသည်။ သူ့ခေါင်းကိုငုံ့လိုက်ပြီး မသိလိုက်ပါဘဲ ချင်ဝေ့ဟော်၏ ခြေထောက်ရှည်များကို ကြည့်လိုက်မိသည်။
သူ့ဘယ်ဘက်ခြေထောက်ကို ဖိထားပြီး ညာဘက်ခြေထောက်ကိုမူ ကားထားသည်။သူ့ခြေထောက်တွင် အနက်ရောင် ကလိုဗာများပါသည့်sweatpant တစ်စုံဖြင့် ဖြစ်ပြီး အဖြူနဲ့ အနီအနားကွပ်ထားသော ဆိုဒ် 43 သို့မဟုတ် 44 ဖြစ်နိုင်သည့် Adidas shoeတစ်ရံ။ (အမေရိကန် ဆိုဒ်=9-10)
အန်းနင် မှာ အဖြူစွတ်စွတ် sneakerများကို စိုက်ကြည့်နေပြီး သူက အရပ် 1.85 မီတာကျော်ရှိမည်ဟု ခန့်မှန်းမိလိုက်သည်။
သူက ရုတ်တရက်ပင် တည့်တည့်မတ်မတ်ထိုင်နေမိသည်ကို သဘောပေါက်လိုက်ပြီး သူ့ဘေးတွင်ထိုင်နေသော ချင်ဝေ့ဟော်ကမူ ကိုင်း၍ထိုင်နေတာဖြစ်သည်။ သူ၏ကျယ်ပြန့်လှသော ပုခုံးနဲ့ ကျောပြင်တို့မှာ ကိုင်းကျနေပြီး လူတစ်ယောက် ကို ပျင်းပျင်းရိရိနဲ့ စကားပြောပေးနေရတဲ့ ကျားသစ်နက်တစ်ကောင်နှင့်ပင် တူနေလေသည်။
ကျားသစ်ကိုတော့ သိပ် စိတ်မပါပေမယ့် လူကတော့ နည်းနည်းတော့ အဆင်ပြေမနေဘူး ဟားဟ...
အန်းနင်ရဲ့ အသက်ရှုနှုန်းတွေက အနည်းငယ် မတည်ငြိမ်သေးသည့်တိုင် ချင်ဝေ့ဟော်ရဲ့ အသက်ရှုနှုန်းတွေကတော့ တည်ငြိမ်နေပြီဖြစ်သည်။
အနက်ရောင် တီရှပ်ကော်လာမှာ ပြေလျော့သွားပြီး သူ့လည်ပင်းရှေ့သို့ ရွေ့သွား၏။ အန်းနင်တစ်ယောက် လည်ပင်းလိုင်းမှသည် ချင်ဝေ့ဟော်၏ အထင်ကြီးလောက်စရာ ရင်အုပ်ကိုပင် အနည်းငယ်မြင်နိုင်နေသည်။ထိုအခိုက်တွင် ချင်ဝေ့ဟော်က သူ့နောက်ကျောကို ဖြောင့်ဖြောင့် ဆန့်လိုက်၏။အန်းနင်က သူထွက်သွားတော့မည်ဟု ထင်လိုက်မိသည်။ မမျှော်လင့်ပါဘဲ သူက ရေငုပ်နာရီကို ဘောင်းဘီအိတ်ကပ်ထဲမှ ထုတ်ယူလိုက်ပြီးဘယ်ဘက်လက်ကောက်ဝတ်တွင် ဝတ်လိုက်၏။
အန်းနင် က အစောပိုင်းကပွဲကို ပြန်သတိရသွားပြီး မေးလိုက်မိသည်။ "ငါ မင်းကို ဆွဲတော့ မချခဲ့မိလောက်ဘူးနော် ဟုတ်တယ်မလား?"
"မချပါဘူး." ချင်ဝေ့ဟော်က လက်ကနာရီကို ကြိုးတင်းရင်း သူ့ကိုကြည့်လာခဲ့သည်။
"ငါတို့တွေ တော်တော်လေးချိတ်ဆက်မိတယ်လို့ ခံစားရတယ်။ မင်းက တစ်ခါတလေ ဘတ်စကက်ဘောကစားတယ်လား?"
အန်းနင် နေရခက်စွာပြောလိုက်သည်။"ငါ့ကိုကြည့်လေ, ငါက ကစားတဲ့ပုံပေါက်လို့လား?"
မျှော်လင့်သလိုပင် ချင်ဝေ့ဟော်က သူ့ခန္တာကိုယ်ကို စုံချည်ဆန်ချည် ကြည့်ကာ အဆုံး၌ပြောလာခဲ့သည်။
"ရှေ့လျှောက် မင်းကစားနိုင်မှာပါ"
အန်းနင် ဝမ်းသာအားရဖြင့် ခေါင်းညိတ်ပြလိုက်သည်။
ချင်ဝေ့ဟော်က ခေါင်းလှည့်သွားကာ ကျောပိုးအိတ်ကို မ,လိုက်ပြီး နှစ်ခါ ခါလိုက်၍ ထရပ်လိုက်ကာပြောလာသည်။
"အဲ့တာဆို ငါအရင်သွားနှင့်တော့မယ်"
အန်းနင်လဲ ထရပ်လိုက်ကာ အူကြောင်ကြောင်လေးဖြင့် ပြောချလိုက်မိသည်။
"အဲ့ဒါဆိုလဲ ငါမင်းကို ပို့ပေးမယ်*."
【*TN: တရုတ်နိုင်ငံမှာ ဧည့်သည်တွေ ပြန်တဲ့အခါ အိမ်ကနေ ထွက်ခွါခါနီးမှာ သူတို့ကို ပြောရမယ့် စကားပါတဲ့။ ထင်နေတဲ့ အခြေအနေမျိူးမဟုတ်သေးပါဘူးတဲ့ ㅋㅋ】
ချင်ဝေ့ဟော်က ကျောပိုးအိတ်ကို ပုခုံးပေါ်လွယ်လိုက်ပြီး ထိုသို့ပင် ထွက်သွားခဲ့သည်။ အန်းနင် ချင်ဝေ့ဟော် ဟဲမက်တပ်၍ ဆိုင်ကယ်စီးသွားပုံကို မြင်ရဖို့ လမ်းရဲ့တစ်ဖက်ကို ကြည့်နေမိ၏။
အားကစားဆိုင်ကယ်အနက်ကြီးရဲ့ နောက်မီးများကလဲ နီရဲပူနွေးလာကာ အိတ်ဇောမှ လှိုင်းများထွက်၍ မောင်းထွက်သွားလေသည်။
ချင်ဝေ့ဟော်နှင့် လမ်းခွဲလာပြီးနောက် အန်းနင်က မျက်မှန်လဲဖို့ အိပ်ဆောင်ကို ပြန်လာခဲ့သည်။ အပိုမျက်မှန်မှာ အနည်းငယ်ဟောင်းနေပြီဖြစ်ကာ သူ့နှာခေါင်းပေါ်တွင်ချိတ်ထားနိုင်သေးသည်။ ၎င်းက ကျိုးနေတဲ့တစ်ခုထက် ၁၀၀ဒီဂရီလောက် လျော့နည်းပြီး ဆုံချက်ဝင်ရိုးမှာလည်း အနည်းငယ် ဆိုးရွားနေသည်။အလင်းရောင်ကို လှမ်းကြည့်တဲ့အခါ အနည်းငယ် မှုန်ဝါးနေပေမယ့် ကျန်တာကတော့ အဆင်ပြေပါသည်။
သူ သက်ပြင်းတစ်ချက်ချလိုက်ရသည်၏။
မွန်းလွဲပိုင်းတွင် အန်းနင်သည် စာကြည့်တိုက်တွင် နှစ်နာရီတိုင် နေခဲ့သည်။မတိုင်ခင်က အခြေအနေတွေက သူ့အရှိန်ကို အနှောင့်အယှက်ပေးလိမ့်မည်ဟု သူထင်ခဲ့၏။သူ့ကိုယ်သူစာသင်ချိန် အလယ်တွင် အနည်းငယ် အိပ်ငိုက်လိမ့်မည်ဟု ခန့်မှန်းလိုက်ကာ စားပွဲပေါ်တွင် တစ်ရေးမှေးလိုက်ဖို့ လိုလိမ့်မည်ထင်သည်။
အံဩစရာကောင်းအောင်ပင်, သူက တစ်ထိုင်တည်းနှင့် အင်္ဂလိပ်စကားလုံးများနဲ့ သဒ္ဒါကို ဖတ်ရှုကျက်မှတ်ပြီးသည့်တိုင် လန်းဆန်းနေသေးသလို ခံစားရ၏။
သေချာပေါက်ကို ဘဝက လေ့ကျင့်ခန်းအပေါ်မှာ မှီခိုနေသည်ပင်။ အန်းနင် ပြတင်းကို ကြည့်လိုက်မိသည်။ ချင်ဝေ့ဟော်သူ့ကိုပြောခဲ့လိုက်သည့် "ရှေ့လျှောက် မင်းကစားနိုင်မှာပါ"ဟူသည့် စာကြောင်းကို သတိရသွားလျှင် မပြုံးပဲမနေနိုင်ခဲ့။
စာကြည့်တိုက်မှ ထွက်လာသောအခါ နောက်ပင်ကျနေခဲ့ပြီဖြစ်သည်။ သူက တစ်ယောက်တည်း နံပါတ်၁ ကန်တင်း*သို့ စားဖို့သွားခဲ့၏။ သူ့အကြိုက် ခရမ်းချဉ်သီး ကြက်ဥမွှေကြော်ကို မှာလိုက်ပြီး ဟွမ်ချင်ကျမ့်ကိုလဲ ထပ် တွေ့လိုက်ရသည်။ကံကောင်းထောက်မစွာပင် လဲ့ကျွင်းကိုတော့ မတွေ့ခဲ့ချေ။ သူက လဲ့ကျွင်းကို မကြိုက်သော်လည်း အာရာဂခီယူအီလို ပြုံးတတ်တဲ့ကောင်မလေးကိုမူ စိတ်မဆိုးနိုင်ခဲ့ပေ။
【*သူတို့ကျောင်းမှာ ကန်တင်းကတစ်ခုထက်ပိုတော့ နံပါတ်တွေနဲ့ရှိကောင်းရှိနိုင်ပါတယ်တဲ့။】
ဒီနေ့သည် သူ့မျက်မှန်ကျိူးနေခဲ့ပေမယ့် ဘာလို့သူ့စိတ်အခြေအနေက ဒီနေ့၏ရာသီဥတုလိုပင် အထူးတလယ်ကောင်းမွန်နေရသည်ကို မသိနိုင်တော့ပေ။ အိပ်ဆောင်သို့ ပြန်ရောက်သောအခါ ကောင်းကင်ကြီးမှာ လှပတဲ့နေဝင်ချိန်ဖြင့် နွမ်းနယ်နေပြီဖြစ်သည်။ မီးရောင်တွေကအခန်းတံခါးနောက်မှထွက်ပေါ်နေပြီး လူတွေကလဲ မပြီးဆုံးနိုင်သည့် စကားစမြည်တို့ကို ပြောနေကြ၏။
သူ၏ အခန်းတစ်ခုသာ အထီးကျန်ကာ ကွယ်ပျောက်နေခဲ့လေသည်။သူကသော့ကိုထုတ်၍ တံခါးဖွင့်လိုက်ချိန်တွင် အနည်းငယ်စိတ်လှုပ်ရှားနေခဲ့ပြီး ဘာကိုမျှော်လင့်နေခဲ့သလဲကိုပင် မသိနိုင်တော့ချေ။ တံခါးပွင့်သွားသည့်အခါ လသာဆောင်မှ ညနေခင်းအလင်းရောင်များက ဘာမှမရှိသောအခန်း၏ ကြမ်းပြင်ပေါ်တွင် တောက်ပနေသည်ကို မြင်လိုက်ရသည်။ ဒီအနည်းငယ် တောက်ပနေတတ်သော မီးရောင်လေးကသာနေ့စဉ်နေ့တိုင်း သူပြန်ရောက်ချိန်ကို နှုတ်ဆက်နေတာဖြစ်သည်။
ချင်ဝေ့ဟော်က ညမှာ အိပ်ဆောင်ကို ပြန်လာဖြစ်မည်ဟု ပြောခဲ့သော်လည်း ၎င်းက သေချာပေါက်ကို တကယ်မဟုတ်သည့်စကားမျိုးပင်။အန်းနင် ပြုံးလိုက်ပြီး ခေါင်းယမ်းလိုက်မိသည်။
တစ်ခါတစ်လေ အထီးကျန်ရသည်မှ လွဲလျှင် သူ့ဘာသာသူနေထိုင်ရတာက အေးဆေးပါသည်။
သူက မီးဖွင့်လိုက်ကာ တံခါးကိုပိတ်လိုက်ပြီး ကျောပိုးအိတ်ကို အောက်ချလ်ုက်သည်။ ရေပုလင်းကို ထုတ်ယူလိုက်ပြီး ရေဖြည့်ရန်လအောက်ထပ်မှ ရေခန်း*ကို သွားဖို့ပြင်လိုက်သည်။ သူ လှေကားဆစ်ချိူးကို လမ်းလျှောက်လာချိန်တွင် လှေကားဆုံးမှ အရပ်ရှည်ရှည်သဏ္ဌာန်တစ်ခု ခေါင်းငုံ့ကာ ဖုန်းပွတ်ရင်း အပေါ်တက်လာသည်ကို မမျှော်လင့်ဘဲတွေ့လိုက်ရ၏။
*ရေခန်း
ကြည့်ရတာ ဒီအဆောင်မှာလဲ ချင်ဝေ့ဟော်လို အရပ်ရှည်ရှည် ခပ်ချောချောကောင်လေး နောက်တစ်ယောက်ရှိပုံရသည်။သူ့ခမျာ မျက်မှန်လေးပင့်လိုက်ပြီး မကြည့်ပဲမနေနိုင်လိုက်ရာ ၎င်းမှာ အမှန်တကယ်ပင် ချင်ဝေ့ဟော်ကြီးဖြစ်နေခဲ့လေသည်။
သူက အဝတ်အစား ပြောင်းထားပြီဖြစ်ကာ ယခုမူ လျော့ရဲရဲ အနက်ရောင် လက်တို တီရှပ်ကို အောက်ခံရှပ်အင်္ကျီလက်ရှည်အနက်ဖြင့် ၀တ်ဆင်ထားလေသည်။ထို့အပြင် သူက ဂျင်းအပြဲ ဘောင်းဘီအနက်ကို အဖြူအနက်ပါသော Sneakerနဲ့ တွဲဝတ်ထား၏။
အန်းနင်မှာ လှေကားထိပ်၌ အံ့ဩသွားရသည်။ထိုအချိန်တွင် သူ့အိတ်ကပ်ထဲက ဖုန်းက မြည်လာခဲ့လေသည်။ ချင်ဝေ့ဟော်က ခေါင်းမော့လာပြိး သူ့ကိုမြင်သွားသည့်အခါ ရပ်သွား၏။
အန်းနင်က အံ့ဩနေရင်းပင် လှေကား အောက်သို့ နှစ်ထစ်မျှ ဆင်းသွားလိုက်သည်။သူတို့က တစ်ယောက်နှင့်တစ်ယောက် ခုနစ်လှမ်း ရှစ်လှမ်းမျှသာ ကွာတော့သည်။
သူမေးလိုက်သည်။ "မင်း အိပ်ဆောင်ကို တကယ်ရောက်လာတာလား?"
"ပတ်ဝန်းကျင်ကို လျှောက်ကြည့်မလို့လာခဲ့တာ"
ချင်ဝေ့ဟော်က မော့ကြည့်လာပြီးမေးလာ၏။
"မင်းဘယ်ထပ်မှာနေလဲ"
"ဒီအထပ်မှာပဲ!" အန်းနင် က ပြုံးပြုံးလေး ပြောလိုက်သည်။ သူက လှေကားမှ အမြန်ပင် ဆင်းလိုက်၏။သူက ချင်ဝေ့ဟော်အနားက ဖြတ်သွားရင်း ခေါင်းကို လှည့်ပြီး ပြော၏။ "ဒါဆို မင်းနဲ့ အချိန်ဖြုန်းဖို့ ငါ့ပြန်လာတာကို စောင့်နေပေးဦး!"
ချင်ဝေ့ဟော်ရဲ့ ခေါင်းမှာ မသိလိုက်ပါပဲ သူ့နောက်ကိုလိုက်ပါသွားလျက် သူသွားရာဘက်သို့ လှည့်သွားလေသည်။သူက တစ်ဖက်လူခြေလှမ်းလေးများ လှေကားထစ်ကနေဆင်းသွားပြီး အလျင်စလို ပျောက်ကွယ်သွားသည်ကို ကြည့်နေမိ၏။သူ တစ်ဖက်လူ မျက်မှန် ပြောင်းထားသည်ကိုလဲ သတိပြုမိပေမယ့် အဲ့ဒါက သူနဲ့ လိုက်ဖက်ပုံမပေါ်ပါချေ။
ခြေလှမ်း အနည်းငယ် လှမ်းပြီးနောက် ၆လွှာ၏ ကော်ရစ်တာတွင် ရပ်နေမိရာ ရုတ်တရက် သူ့အခန်းနံပါတ်ကို မမှတ်ထားမိမှန်း သတိရသွား၏။အခန်းက ၆လွှာဟူ၍သာ သူမှတ်မိနေပြီး ၆နောက်က နံပါတ်ကိုမူ သူစဉ်းစားမရပါချေ။ တကယ်တမ်းတော့ သူ အဲ့ဒါကို မှတ်မိဖို့ မကြိုးစားခဲ့ခြင်းပေ။
သူ ကော်ရစ်တာတွင် ကြောင်အမ်းအမ်းဖြင့်သာ ရပ်နေမိခဲ့၏။ သူက အကုန်တူညီနေကြသော အခန်းတံခါးများကို အကူအညီမဲ့စွာ စိုက်ကြည့်နေမိသည်။
အန်းနင် အောက်ထပ်ရောက်သောအခါ အောက်ထပ်တွင် ဆိုင်ကယ်အနက်ကို ရပ်ထားသည်ကိုတွေ့လိုက်ရ၏။ ၎င်းက အိပ်ဆောင် တံခါးကိုဖြတ်၍ ခပ်လျှိုလျှိုပင် ရပ်ထားတာဖြစ်သည်။ ၎င်းမှာ အိပ်ဆောင်ကို ဝင်၊ထွက်နေသောလူများထံမှ ငြိမ်သက်စွာပင် အသိအမှတ်ပြုခံနေရသည်။တချိူ့ဆိုလျှင် သူတို့ဖုန်းများကို ထုတ်လျက် ဓာတ်ပုံပင် ရိုက်ယူသွားကြ၏။ ဤသည်မှာ အတန်းထဲတွင် ချင်ဝေ့ဟော်ပေါ်လာခဲ့စဉ်ကအားလုံး၏ အာရုံစိုက်ခြင်းကို ခံရသည်မျိူးနှင့်တူလှပေသည်။ အန်းနင်က ခပ်မိုက်မိုက် Yamaha R1ကြီးကို ဓာတ်ပုံရိုက်နေသောလူကို ပြုံးပြလိုက်ပြီး ပြန်လှည့်ကာ ရေခန်းဆီသို့သွားခဲ့သည်။
အပြန်လမ်းတွင် သူကသူ့အတွက် စားစရာပင် ဝယ်လာခဲ့ပြီး အပေါ်ထပ်သို့ စိတ်လှုပ်ရှားစွာပင် တက်လာခဲ့၏။ ထို့နောက် လှေကားချိူး၏ပြတင်းပေါက်တွင် ချင်ဝေ့ဟော်တစ်ယောက် သူ့ကိုယ်ကြီးကို မှီထားသည်ကို သူ မြင်လိုက်ရ၏။ သူက အောက်ငုံ့ကာ ဖုန်းပွတ်နေသည်။
သူက နားမလည်ဟန်ဖြင့် လျှောက်သွားလိုက်ကာ မေးလိုက်၏။
"မင်းက ဘာလို့ဒီမှာရှိနေတာလဲ?"
ချင်ဝေ့ဟော်က သူ့အသံကြားသောအခါ လှည့်ကြည့်ရလာပြီး ထရပ်ကာပြောသည်။
"ငါ ပြန်တော့မှာ! မင်းကို ပြောချင်လို့"
အန်းနင်က အကြီးအကျယ်စိတ်ပျက်သွားကာ "အာ"ဟူ၍ပင် ထွက်သွားမိသည်။
"မင်းက ငါ့နေရာကို ခဏလောက်ထိုင်ဖို့ လာခဲ့တာမဟုတ်ဘူးလား? စကားမစပ် ငါမင်းအတွက် စားစရာဝယ်လာခဲ့တယ်"
နောက်ဆုံးမှာတော့ ချင်ဝေ့ဟော်က သူ့လက်ထဲရှိ နေ့လည်စာဘူးကို မြင်သွားပြီး ခေါင်းညိတ်လာ၏။
"ကောင်းပြီ."
အန်းနင် တံခါးဖွင့်ပြီး ချင်ဝေ့ဟော်၏ အမူအရာကို သေချာလေ့လာကြည့်လိုက်သည်။ ချင်ဝေ့ဟော်မှာ ဘာတုံ့ပြန်မှုမှရှိမနေသည်ကို တွေ့လိုက်ရ၏။
သူက ဒါက သူ့အိပ်ဆောင်ဆိုတာကို မမှတ်မိပါချေ။
အတွင်းထဲဝင်လာသောအခါ ချင်ဝေ့ဟော်က သူတစ်ယောက်တည်းဆိုတာတွေ့သွားပြီး မေးတောင်မေးလာခဲ့၏။
"မင်း အခန်းဖော်ရော?"
အန်းနင် ချင်ဝေ့ဟော်ကို ရှုပ်ထွေးနေသည့်အမူအရာဖြင့် နေလည်စာကမ်းပေးလိုက်သည်။ ချင်ဝေ့ဟော်က ယူလိုက်ပြီး "ကျေးဇူးပဲ"ဟုပြောလာပြန်သည်။ အန်းနင်က သူ့ကိုထိုင်ဖို့ပြောလိုက်မှ သူက ထိုင်ခုံတွင် ထိုင်ချလာခဲ့သည်။
"ငါ့အခန်းဖော်လား...."
ထို့နောက် သူ မရယ်ပဲ မနေနိုင်တော့။ သူက ချင်ဝေ့ဟော်ကို အပြုံးတစ်ချက်ဖြင့် ကြည့်ရင်းပြောလိုက်သည်။
"ဒါက သူ့ ပထမဆုံးအကြိမ် အိပ်ဆောင်ကို ပြန်လာတာပဲ."
ခေါင်းငုံ့၍ နေ့လည်စာဘူးဖွင့်နေသော ချင်ဝေ့ဟော်မှာ အံဩသွားသလိုဖြင့် ခေါင်းမော့လာခဲ့သည်။ သူ့ခေါင်းကိုလှည့်ပြီး ကုတင်အလွတ်ကိုကြည့်လိုက်ဖို့ နှစ်စက္ကန့်လောက်အချိန်ယူလိုက်ရာ ကုတင်ဘေးမှာ သူ့နာမည်က ရှင်းရှင်းလင်းလင်းကို တံဆိပ်နှိပ်ထားလေသည်။
အန်းနင်က သူ ကြောင်အနေသည်ကို ပြောလိုက်၏။
"တောင်းပန်ပါတယ်! ငါမင်းကို တိုက်ရိုက်မပြောခဲ့လိုက်ရဘူး။ မင်းအိပ်ဆောင်ကိုရောက်လာတော့ မင်းမှတ်မိမယ်ထင်နေလို့..."
သူအနေဖြင့် အနှောင့်အလွတ်ကင်းကင်း ဟာသတစ်ခုကိုသာ ဖန်တီးလိုက်ချင်ခဲ့သော်လည်း ချင်ဝေ့ဟော်က မသိခဲ့သောကြောင့် ဟာသမှသည် နောက်ပြောင်သည့်အဖြစ်ကို ရောက်သွားခဲ့သည်။
ချင်ဝေ့ဟော်က ထမင်းဘူးကို ချလိုက်ပြီး မတ်တပ်ထရပ်လိုက်၏။ သူ၏ ကုတင်ကို လက်ဖဝါးဖြင့် ပုတ်ကြည့်လိုက်သည်။ သူ နှစ်လနီးပါးအဆောင်ကို မပြန်ဖြစ်ခဲ့သည့်တိုင် အိပ်ယာခင်းများ ကသန့်ရှင်းနေခဲ့ပြီး စားပွဲပေါ်တွင်လဲ ဖုန်မှုန့်ဟူ၍ မရှိပါပေ။
ထိုအခိုက်အတန့်၌ အန်းနင်၏ အံ့အားသင့်စွာ အော်ဟစ်သံကို သူ ကြားလိုက်ရ၏။
"ဟေး, ဘာလို့ မင်းငါ့ကို ပိုက်ဆံတွေအများကြီး လွဲပေးတာလဲ?!"
ချင်ဝေ့ဟော်လှည့်ကြည့်လိုက်ရာ အန်းနင်က သူ့ဖုန်းကို ကိုင်ထားလျက် အံ့ဩနေဟန်ဖြင့် သူ့ကိုကြည့်နေသည်ကိုတွေ့လိုက်ရသည်။ သူကထိုင်ခုံတွင်ထိုင်ချလိုက်ပြီးပြောလိုက်သည်။
"မျက်မှန်အတွက် သဘောပေါက်ပါတယ်"
အန်းနင် လက်မခံနိုင်ပါချေ။ "တကယ်အဆင်ပြေပါတယ်! ပြီးတော့ ယွမ်၂၀၀၀က အရမ်းများလွန်းတယ်!"
ချင်ဝေ့ဟော်က နေ့လည်စာနဲ့ တူကို ကောက်ကိုင်လိုက်ပြီး ပြောသည်။
"မင်းယူထားလိုက်ပါ."
အန်းနင် မျက်မှောင်လေးကြုတ်သွားရ၏။ သူတကယ်ကို ဒီပိုက်ဆံကို မယူနိုင်ပါဘူး!
"ငါ့မျက်မှန်က ဈေးမကြီိးဘူး။ တစ်စုံမှ ယွမ်လေးရာပဲရှိတာ ငါကအရင် မင်းကို ကူညီချင်တာလေ၊ ပြီးတော့ မျက်မှန်ချိူးလိုက်တဲ့သူက မင်းတောင်မှမဟုတ်တာကို။ ငါ တကယ် ပိုက်ဆံကို လက်မခံနိုင်ဘူး! မင်းစိတ်မကောင်းဘူးဆို ငါ့ကို ညစာဝယ်ကျွေးလို့ရပါတယ် "
ချင်ဝေ့ဟော်က ခေါင်းငုံ့ကာ ဝက်သားနှပ်တစ်ဖတ်ကို စားလိုက်သည်။ သူခေါင်းမော့လိုက်လျှင် တစ်ဖက်လူကသူ့ကို စိတ်အားထက်သန်စွာဖြင့် ကြည့်နေလျက် သူ့အဖြေကို စောင့်နေ၏။ ရုတ်တရက်ပင် သူတွေးမိသွားသည်။
ငါ မင်းကိုမဖြေရင် ဘာဖြစ်မှာလဲ? မင်းအခုဘလက်မခံရင်လဲ နောင်ကျ လက်ခံလိုက်ရမှာပဲ။ ဒါက အမြဲဖြစ်နေမယ့်အရာပဲလေ ; တစ်နာရီအကြာမှပဲ ဖြစ်ဖြစ်,နှစ်နာရီကြာမှပဲဖြစ်ဖြစ် ,ဒါမှမဟုတ် တစ်ရက်ကြာမှပဲ ဖြစ်ဖြစ်...
တစ်ယောက်ကို တစ်ယောက် စက္ကန့်အတော်ကြာ ကြည့်နေမိကြပြီး သူ ဒီအတွေးကို ဖျောက်ပစ်လိုက်သည်။ တစ်ဖက်လူကအနည်းငယ်ကွဲပြားသည်ဟု ခံစားရသည်,သူ့မျက်လုံးများက ကွဲပြားနေသည်။ ထို့အပြင် သူကဒါကို လက်မခံလောက်ပေ။ ထို့ကြောင့် သူပြောလိုက်သည်။
"မင်းအရင်ဆုံးလက်ခံထားလိုက်ပါ။ ပြီးမှ ငါ့ကိုပြန်ပေးလေ "
အန်းနင်က ခေါင်းညိတ်ကာအသိအမှတ်ပြုလိုက်သည်။ ချင်ဝေ့ဟော် ဒုတိယမြောက် ထမင်းလုပ်ကို စားနေစဉ်မှာပင် သူ့ဖုန်းမြည်လာခဲ့၏။ပိုက်ဆံမှာလွဲပြောင်းခံရပြီးဖြစ်သည်။
ချင်ဝေ့ဟော်က စားနေသဖြင့် ၎င်းကို ဂရုမစိုက်တော့ပေ။ အန်းနင်ကလဲ ဂရုမစိုက်တော့။ သူက သက်သာရာရသောအမူအရာဖြင့် ဖုန်းကို ချလိုက်သည်။
"အဲ့ဒါဆို ဒီတစ်ပတ်ပိတိရက်," ရုတ်တရက်ကြီး ချင်ဝေ့ဟော်ကပြောလာ၏။
"?" အန်းနင် နားမလည်ဖြစ်သွားရသည်။
"ဒီတစ်ပတ်ပိတ်ရက်ကျ " ချင်ဝေ့ဟော်ခေါင်းမော့လာ၏။ "ငါမင်းကို ညစာဝယ်ကျွေးမယ်"
အန်းနင်ရဲ့ ညစာကျွေးဟူသော အကြံပြုချက်မှာ ဒီတိုင်း သာမာန်ကာလျှံ ပြောလိုက်တာပင်ဖြစ်၏။ မမျှော်လင့်ပါဘဲ ချင်ဝေ့ဟော်က လက်ခံရုံသာမက အချိန်ကိုပင် သတ်မှတ်လိုက်သေးသည်။ သို့သော်လည်း သူအနည်းငယ် ပြောရခက်သွားသည်။
"အမ်, ပိတ်ရက်တွေမှာဆို ငါ အချိန်ပိုင်းအလုပ်ရှိတယ် ..."
ချင်ဝေ့ဟော်က မေးသည်။ "မင်းရဲ့ အချိန်ပိုင်းအလုပ်က ပိတ်ရက်နှစ်ရက်လုံးရှိတာလား?"
အန်းနင် ခေါင်းညိတ်လိုက်၏။ ချင်ဝေ့ဟော်က ထပ်မေးသည်။
"ညလယ်စာ ဆိုရင်ကော?"
"ညလယ်စာဆိုရင်တော့ အဆင်ပြေပါတယ်" အန်းနင်ဖြေလိုက်သည်။
"မင်း အချိန်တွေ မနှောင့်နှေးသရွေ့ပေါ့."
သူ့တွင် ညလယ်စာ စားတတ်သည့်အကျင့်မရှိပေ။ အဓိကအကြောင်းအရင်းကတော့ စာကြည့်ချိန်တွေက နေရာယူသွားပြီး အိပ်ပျော်သွားစေသောကြောင့်ပင်။
ချင်ဝေ့ဟော်က ခဏစဉ်းစားကြည့်လိုက်သည်။ သူက တစ်နေ့သုံးခါစားရတာကိုတောင် သူ့အချိန်တွေကုန်တယ်ဆိုပြီး မကြိုက်ခဲ့ပေမယ့် သူတကယ်ကိုပင် တစ်စုံတစ်ယောက်ကို ညလယ်ကြီးကျမှ ဝယ်ကျွေးချင်နေသည်။
မည်သို့ဖြစ်စေ တစ်စုံတစ်ယောက်ထံတွင် သူအကြွေးတင်နေသောကြောင့် ပြန်ပေးဆပ်ရပေမည်။ သူကမေးလိုက်၏။
"မင်းရဲ့အချိန်ပိုင်းအလုပ်က ဘယ်မှာလဲ ?ငါမင်းကို စနေနေ့ညကျ လာခေါ်ပေးမယ်."
"ငါ့ အချိန်ပိုင်းအလုပ်က Fast Food ဆိုင်သေးသေးလေးမှာပါ ပြီးတော့ ရှာဖို့ ခက်တယ် "
"ကျောင်းပေါက်ဝမှာပဲ တွေ့ရအောင်"
ချင်ဝေ့ဟော်ခေါင်းညိတ်ပြလိုက်ပြီး ငုံ့ကာစားပြန်သည်။ အန်းနင်က တိတ်တဆိတ်ပင် စားနေသော ချင်ဝေ့ဟော်ကို ကြည့်ရင်းပြုံးလိုက်သည်။
" ဒီအခန်းမှာ ငါ့ဘာသာနေခဲ့တုန်းက ကြီးတယ်လို့ ခံစားခဲ့ရတာ! အခု မင်းရောက်လာတော့ သေးတောင် သေးသွားသလိုပဲ ..."
သူ့ခေါင်းမော့လိုက်ပြီး ချင်ဝေ့ဟော်နောက်က အိပ်ရာကို ကြည့်လိုက်မိသည်။ ၁.၈၆မီတာမြင့်တဲ့ ချင်ဝေ့ဟော်နဲ့ဆို ဒီအိပ်ရာက အဆင်မပြေလောက်ပေ။
ချင်ဝေ့ဟော်က ခေါင်းငုံ့ထားလျက် ကြက်ဥမွှေကြော်ကို ဆွဲယူရင်း ပြောလာသည်။
"ငါက ကလေးကတည်းက တစ်ယောက်တည်းနေလာတာ ပြီးတော့ တခြားသူတွေနဲ့လဲ မနေဖူးခဲ့ဘူး "
"ငါခန့်မှန်းမိပါတယ်." အန်းနင်က နားလည်စွာဖြင့် ခေါင်းညိတ်ကာ ပြောလိုက်၏။
"မင်း ငါ့အိပ်ရာနဲ့ စားပွဲတွေကို ရှင်းပေးစရာမလိုပါဘူး," ချင်ဝေ့ဟော်က ပြောသည်။ "ငါက အပြင်မှာ တိုက်ခန်းငှားထားတာ၊ ဒါကြောင့် ဒီကိုလာမနေဖြစ်တာ."
"ငါ သိပါတယ်," အန်းနင်က ပြုံးသည်။
"ငါသန့်ရှင်းရေးလုပ်နေတုန်း အဲ့ဒါတွေကိုပါ သန့်ရှင်းပေးလိုက်တာပါ"
ချင်ဝေ့ဟော်က ဘာမှမပြောလာတော့ပေ။ သူက အန်းနင်ရှေ့မှာထိုင်နေရင်းပင် နေ့လည်စာ စားပြီးသွားပြီဖြစ်၏။သူထွက်သွားသောအခါနေ့လည်စာဘူးတွေကိုပါယူသွားသည်။ ထို့နောက် တံခါးရှေ့တွင် ရပ်သွားပြီး ပြောလာ၏။
"မင်းမှာ အမှိုက်တွေရှိသေးလား? ငါယူသွားပေးမယ်."
အန်းနင်မှာ ထိရှသွားရ၏။ သူက နောင်တအနည်းငယ်ဖြင့် မျက်တောင်ခတ်လိုက်ပြီး ထစ်အစွာပြောလိုက်သည်။
"နေ့လည်တုန်းက ပစ်ခဲ့ပြီးပြီ"
ချင်ဝေ့ဟော်က တံခါးဘောင်ကိုကိုင်ထားလျက် သူ့ကိုခေါင်းညိတ်ပြသည်။ သူက အန်းနင်ခေါင်းကို ကျော်ကာ အခန်းပတ်ပတ်လည်ကိုကြည့်နေပြီး တံခါးပိတ်၍ ထွက်သွားခဲ့၏။
၅မိနစ် ၆မိနစ်ကြာသောအခါ အန်းနင်မှာ အောက်ထပ်မှ Yamaha R1 ကြီး၏ တဝေါဝေါမြည်သံကို ကြားလိုက်ရသည်။
လေသာဆောင်မှာရပ်နေလျက် အနက်ရောင်ဆိုင်ကယ်ကြီးက ညာဘက်သို့ အနည်းငယ်ရောက်ကာ Delivery Scooterလေးကို ဖြတ်သွားလေသည်။
ချင်ဝေ့ဟော်က လူစုလူဝေးတွေနဲ့ အတားအဆီးတွေကို သပ်ရပ်လှပစွာပင် ရှောင်တိမ်းသွားလေ၏။
【Zawgyi】
ခ်င္ေဝ့ေဟာ္က သူ႔ကို ကြင္းထဲကေန ရႊီသံျပဳေနဆဲျဖစ္ေသာ လဲ့ကၽြင္းနဲ႔ သူ႔အဖြဲ႕ကို လ်စ္လ်ဴရွုခဲ့သည္။ သို႔ေသာ္ ထြက္လာခဲ့သည့္ သူ႔ေနာက္ေက်ာမွာေတာ့ ထိန္းခ်ဳပ္ထားရသလိုျဖစ္ေနသည္။ ဒါကို အန္းနင္ မ်က္မွန္မတပ္ထားလၽွင္ေတာင္ ေဘးကြင္းမွာရွိေနေသာေက်ာပိုးအိတ္ႏွင့္ ဂ်က္ကတ္တို႔ကို ထုတ္ပိုးေနသည့္ ခ်င္ေဝ့ေဟာန္၏ လုပ္ရွားမွုမ်ားဆီမွ ျမင္နိုင္ေလာက္သည္။ သူက ဂ်က္ကတ္ကိုဆြဲယူလိုက္ၿပီး ေက်ာပိုးအိတ္ထဲကို ထိုးထည့္လိုက္ခ်ိန္တြင္ ေရငုပ္နာရီကေျမျပင္ေပၚသို႔ ျပဳတ္က်သြားခဲ့သည္။ခ်င္ေဝ့ေဟာ္ ေခါင္းငုံ႔၍ ကုန္းေကာက္လိုက္ေပမယ့္ သူ႔လက္မွာ မဝတ္လိုက္ေပ။ အဲ့ဒီအစား သူရဲ့ အားကစားေဘာင္းဘီအိတ္ထဲကို တစ္ခ်က္ပင္မၾကည့္ပဲ ထိုးထည့္လိုက္သည္။
ေမာက္မာဟန္ထင္ရေသာ္လည္း သူက မထင္ထားစြာပင္ အလြယ္တကူ ရန္စနိုင္သည့္ လူမ်ိဴး မဟုတ္ပါလားဟု အန္းနင္ေတြးလိုက္မိသည္။ရိုးရိုးသားသားေျပာရလၽွင္ မ်က္မွန္မပါဘဲေတာင္ သူ႔ေရွ႕တြင္ေလၽွာက္သြားေနသည့္ ခ်င္ေဝ့ေဟာ္က ပိုရွည္ေနတာကို ျမင္ရ၏။ ခ်င္ေဝ့ေဟာ္က ေနာက္ကိုတစ္ခ်က္မွမၾကည့္ဘဲ ေရွ႕ဆက္ေလၽွာက္ေနရာ လဲ့ကၽြင္းႏွင့္ သူ႔အဖြဲ႕တို႔ကလဲ တျဖည္းျဖည္းရပ္သြားၾကေလသည္။ အန္းနင္ ခ်င္ေဝ့ေဟာ္အေနာက္မွလိုက္လာခဲ့ရာ ခ်င္ေဝ့ေဟာ္ တစ္စုံတစ္ခုကို ကန္ပစ္လိုက္သည္ကို ျမင္လိုက္ရ၏။၎မွာ စတန္း ေလွကားေအာက္ကိုပစ္ထားေသာ ေရဘူးတစ္ဘူးျဖစ္ေလသည္။ သူက ေဘးဘက္ကို အသာေလး ကန္ပစ္လိုက္၏။
ေဘးကြင္းတြင္ ေလွာင္ေျပာင္ေနသံအနည္းငယ္ရွိေန၏။ တခ်ိဳ႕လူမ်ားကေတာ့ ခ်င္ေဝ့ေဟာ္ရဲ့ကန္ခ်က္မွာ ထြက္ေပါက္ရွာေနတာဟု ထင္သြားနိုင္ေသာ္လည္း အန္းနင္ကေတာ့ ထိုသို႔မထင္ခဲ့ပါေခ်။ သူက ခပ္ေပါ့ေပါ့ပဲ ကန္ပစ္လိုက္တာေၾကာင့္ လမ္းေပၚက ခလုတ္တစ္ခုကို ဖယ္လိုက္သကဲ့သို႔ပင္။
ခ်င္ေဝ့ေဟာ္က ေလွကားမေရာက္မခ်င္း မရပ္ခဲ့ေပ။ သူက ျပန္လွည့္လာၿပီး သူ႔ကို မ်က္မွန္ေလး ျပန္ေပးခဲ့သည္။
အန္းနင္ ယူလိုက္ေသာအခါ ခ်င္ေဝ့ေဟာ္ ေျပာတာကိုၾကားလိုက္ရသည္။
"မွန္ကက်ိဴးသြားၿပီ! ငါ ေလ်ာ္ေပးပါ့မယ္"
မ်က္မွန္က အမွန္တကယ္ပင္အက္သြားေလၿပီ။ တိုက္မိတာက ညာဘက္မွန္ကို အက္သြားေစေပမယ့္ မွန္ေတြကေတာ့ ျပဳတ္က်မသြားခဲ့ေပ။ဒါက သူေတြးထားတာထက္ပင္ ပိုေကာင္းေနေသးသည္; သူ႔ဘာသာသူ မရမက တပ္ေနမယ္ဆိုရင္ တပ္လို႔ရေနဆဲပင္။ အန္းနင္က ျပဳံးကာေျပာလိုက္သည္။
"ရပါတယ္။ ငါ့မွာ အပိုတစ္လက္ရွိေသးတယ္"
ခ်င္ေဝ့ေဟာ္က သူ႔ေရွ႕မွ တစ္ဖက္လူက မ်က္မွန္ကို မေတာ္တေရာ္ တပ္ေနသည္ကို ျမင္ေနရ၏။ ထို႔ေနာက္ ေဘးကြင္းက တစ္စုံတစ္ေယာက္က သူ႔ကို ထိပ္ဆုံးေက်ာင္းသားေလး'လို႔ ေခၚလိုက္သည္ကို သတိရမိသြားသည္။ သူက ထိုကဲ့သို႔ ထက္ျမက္ေသာလူမ်ားႏွင့္ မရင္းႏွီးတတ္ေပ။ ဒါက သူ႔ဘဝမွာ ပထမဆုံးေသာ အေကာင္းျမင္မိတဲ့ ထိပ္ဆုံးေက်ာင္းသားေလး ျဖစ္ေပလိမ့္မည္။ သူက တစ္ဖက္လူကို အနည္းငယ္အကဲခတ္ၾကည့္လိုက္၏ ; သူသည္ အေတာ္ေလး သပ္ရပ္သည့္ေကာင္ေလးျဖစ္ၿပီး သူ႔မ်က္ႏွာေလးမွာလဲ လွုပ္ရွားမွုအၿပီးတြင္ သူ၏ ခပ္ျဖဴျဖဴအသားအေရေၾကာင့္ နီျမန္းေနသည္။
"မင္းသာ ငါအရပ္မရွည္တာကို စိတ္မရွိာင္ ငါမင္းနဲ႔ အသင္းဖြဲ႕နိုင္တယ္ "ဆိုတာကို စဥ္းစားၾကည့္မိလိုက္လၽွင္ သူ႔ႏွလုံးသားမွာ ထိရွေနဆဲပင္။ သူက တစ္ဖက္လူရဲ့အရပ္ကို စိတ္ထားမထာဒေပ,သို႔ေသာ္ အခု တစ္လွမ္းသာျခားၿပီး ႏွစ္ေယာက္သား မ်က္ႏွာခ်င္းဆိုင္ရပ္မိေသာအခါတြင္ ေကာင္ေလး၏ ကိုယ္လုံးကိုယ္ထည္မွာ အမွန္တကယ္ပင္ အေတာ္ေလး ေသးေကြးေနေၾကာင္း ေတြ႕လိုက္ရ၏။
သူမ်က္လုံးမွာ အလြယ္တကူပင္ တစ္ဖက္လူ၏ ေခါင္းေပၚကို ေက်ာ္၍ ကြင္းကို ျမင္နိုင္ေနဆဲပင္။
လဲ့ကၽြင္းႏွင့္ သူ႔အဖြဲ႕က ထြက္သြားၿပီျဖစ္ေသာေၾကာင့္ ပရိတ္သတ္ထုမွာလဲ လူစုကြဲသြားျဖစ္သည္။ ကစားေနခဲ့ၾကေသာလူမ်ားကလဲ ျပန္ကစားေနၾကေလၿပီ။လဲ့ကၽြင္းက ထြက္ခြာသြားရင္းပင္ ခ်င္ေဝ့ေဟာ္ကို ရန္စသည့္အျပဳံးမ်ိဴးျဖင့္ ၾကည့္သြားေသး၏။
ခ်င္ေဝ့ေဟာ္ကေတာ့ သူ႔ကို ေအးစက္စက္သာၾကည့္ေပးလိုက္ၿပီး သူ႔ဘာသာေတြးေနလိုက္သည္။
ငါက စိတ္ေကာင္းရွိမယ္လို႔ မင္းထင္ေနတာလား?
တျခားတစ္ဖက္က ဒီလို ရိုးစင္းတဲ့ လွည့္ကြက္ေတြနဲ႔ ကစားခ်င္ေနေသာေၾကာင့္ သူနဲ႔အတူ ကစားေပးဖို႔ ဆုံးျဖတ္လိုက္၏။ ထို႔ေၾကာင့္ သူ႔ဘက္ကို မ်က္ခုံးပင့္ျပလိုက္သည္။ သူ မ်က္ခုံးပင့္လိုက္လၽွင္ အလြန္ပင္ ဆြေပးလိုက္သလို ျဖစ္ေနမည္ကို သူသိသည္။ထို႔အျပင္ သူကအထက္တန္းေက်ာင္းတုန္းကလဲ ဒါအတြက္ေၾကာင့္ မၾကာခဏဆိုသလို ေဝဖန္ခံခဲ့ရသည္။ ေသခ်ာတာကေတာ့ လဲ့ကၽြင္းရဲ့ အမူအရာကေျပာင္းလဲသြားကာ ေနာက္ဆုံးမွာေတာ့ သူ႔သူငယ္ခ်င္းက ဆြဲေခၚသြားခဲ့ေလ၏။
ခ်င္ေဝ့ေဟာ္က ေနာက္ကိုၾကည့္ေနသည္ကို ျမင္ေသာအခါ အန္းနင္လဲ ေခါင္းလွည့္ၾကည့္ေတာ့မလို ျဖစ္သြားသည့္တိုင္ ခ်င္ေဝ့ေဟာ္ကစကားေျပာလာသည္။
"သြားၾကစို႔!"
သူ႔က အၾကည့္ေတြကို ႐ုတ္လိုက္ၿပီး ျပန္လွည့္ကာ လမ္းေလၽွာက္သြားသည္။
အားကစားကြင္း အျပင္သို႔ေရာက္လာေသာအခါ ခ်င္ေဝ့ေဟာ္က သူ႔ေနာက္မွ ေကာင္ေလးကို ျပန္ၾကည့္လိုက္မိသည္။ သူ႔မ်က္ႏွာနီနီေလးကေပ်ာက္ကြယ္မသြားေသးသည့္အျပင္ သူ႔လည္ပင္းေလးကပင္ ထူးဆန္းစြာ ပန္းေရာင္ေျပးေျပး ေျပာင္းေနၿပီျဖစ္၏။ ခဏမၽွစဥ္းစားၿပီးေနာက္ သူက ေဘးဘက္ရွိ ပန္းအိပ္ရာ*ေလးကို ၾကည့္ရင္း ေျပာလိုက္သည္။
"ဟိုမွာသြားထိုင္ရေအာင္"
အန္းနင္ ေခါင္းညိတ္လိုက္သည္။ သူလဲ တကယ္ ခဏနားခ်င္ေနသည္။ သူတို႔ႏွစ္ေယာက္ ထိုင္ခ်လိုက္ၿပီးေနာက္တြင္ခ်င္ေဝ့ေဟာ္က သူ႔ဖုန္းကို ထုတ္၍ ေျပာလာသည္။
"WeChatမွာ ငါ့ကို အပ္ေပး."
အန္းနင္မွာ တိုးတက္မွုႀကီးက အရမ္းျမန္ေနသျဖင့္ လန႔္ဖ်တ္သြားရသည္။ ဒါေပမယ့္ ေနာက္ဆုံးမွာေတာ့ သူ႔အခန္းေဖာ္နဲ႔ထိေတြ႕နိုင္ခဲ့ၿပီေလ။
သူက ျမန္ျမန္ပင္ ဖုန္းေလးကိုထုတ္လိုက္သည္။
ခ်င္ေဝ့ေဟာ္က သူ႔ကို သူ႔ WeChat QR Codeကမ္းေပးလာ၏။ အန္းနင္က Scanဖတ္လိုက္လၽွင္ beep^ဟုေသာအသံထြက္ေပၚလာၿပီး ႏွစ္ေယာက္လုံးက တစ္ခ်ိန္တည္းမွာပင္ ဖုန္းေတြကို ျပန္႐ုတ္လိုက္သည္။ အန္းနင္ WeChat interfaceေနရာကို ၾကည့္လိုက္ရာ ခ်င္ေဝ့ေဟာ္၏IDေပၚေနၿပီျဖစ္သည္။
၎က ထူးထူးျခားျခားေလးပင္ျဖစ္ၿပီးနာမည္ေျပာင္ကလဲ "Chief"ဟူ၍။ သူ၏ Profile picture ကေတာ့ Yamaha R1 ျဖစ္နိုင္ေသာ ဆိုင္ကယ္အနက္တစ္စီးပင္။
ခ်င္ေဝ့ေဟာ္လဲ သူ႔WeChatကို ငုံ႔ၾကည့္လိုက္မိသည္။ ထိပ္ဆုံးေက်ာင္းသားေလး၏ နာမည္ေျပာင္မွာ "မိုးေခၚသူ"ျဖစ္ၿပီး Profileကေတာ့နိုင္ငံျခားသားႏွစ္ေယာက္ပုံပင္။ သူႏွိပ္ၾကည့္လိုက္ရာ ႏွစ္ေယာက္ထဲက တစ္ေယာက္မွာ Matt Damonျဖစ္ေလသည္။ သူကမ်က္ေမွာင္ၾကဳတ္လ်က္ စူးစမ္းလာ၏။
"မိုးေခၚသူ?"
"အိုး," အန္းနင္က ျပန္ေျဖသည္။ "အဲ့တာက မွုခင္း ဇာတ္ကားရဲ့နာမည္ပါ"
ခ်င္ေဝ့ေဟာ္က ေခါင္းညိတ္လိုက္ၿပီး ဖုန္းကို ျပန္သိမ္းလိုက္သည္။ ထို႔ေနာက္သူ႔ေဘးရွိလူကို ၾကည့္၍ေျပာလိုက္သည္။
"ငါတို႔က အတန္းတူတူပဲထင္တယ္,ဟုတ္တယ္မလား?"
အန္းနင္မွာ ထိုသို႔ၾကားလိုက္ရလၽွင္ ေၾကာင္အသြားရ၏။ သူ႔ရဲ့မွန္အက္ေလးေနာက္မွ ခ်င္ေဝ့ေဟာ္၏ မ်က္လုံးမ်ားမွာ အတည္ျပဳေနလၽွင္အရမ္းကို ေလးနက္ေနတတ္သည္ကို ျမင္ေနရသည္။ သူ႔ကိုၾကည့္ေနရင္း အန္းနင္မွာ မရယ္ပဲမေနနိုင္ေတာ့ေပ။
ခ်င္ေဝ့ေဟာ္က မ်က္ေမွာင္ၾကဳတ္သြား၏။ထို႔ေနာက္ ၾကည့္ေနရင္းျဖင့္ေမးသည္။ "မင္းက ဘာကိုရယ္ေနတာလဲ?"
သူ႔အသံမွာ အံ့ဩစရာေကာင္းေအာင္ အနည္းငယ္ ညင္သာေနခဲ့သည္။ ခ်င္ေဝ့ေဟာ္ အသံမွာ သုန္မွုန္ေနတတ္ရာ သူက အရမ္းကို ခ်ိဴခ်ိဳသာသာျဖစ္ေန၍ ညင္သာေနတာျဖစ္နိုင္၏။ ထိုသို႔ တမငတကာ ေမးလာအခ်ိန္တြင္ အန္းနင္မွာ ေမာက္မာသည့္အရိပ္အေယာင္မ်ိဴးေတာင္ မခံစားရေပ။
အန္းနင္ ေျပာလိုက္သည္ "မင္းဒီည အိမ္ေဆာင္ျပန္လာမွာလား? ငါတို႔က အေဆာင္တူတူပဲ"
အန္းနင္ ထိုသို႔ေျပာလိုက္သည့္တိုင္ ခ်င္ေဝ့ေဟာ္မွာ မမွတ္မိပါဘဲ ဒီအတိုင္းသာေျပာလာခဲ့သည္။ "ေကာင္းၿပီ, ငါဒီညျပန္လာခဲ့မယ္."
အန္းနင္ တိတ္တိတ္ေလး ေပ်ာ္သြားရသည္။ သူ႔ေခါင္းကိုငုံ႔လိုက္ၿပီး မသိလိုက္ပါဘဲ ခ်င္ေဝ့ေဟာ္၏ ေျခေထာက္ရွည္မ်ားကို ၾကည့္လိုက္မိသည္။
သူ႔ဘယ္ဘက္ေျခေထာက္ကို ဖိထားၿပီး ညာဘက္ေျခေထာက္ကိုမူ ကားထားသည္။သူ႔ေျခေထာက္တြင္ အနက္ေရာင္ ကလိုဗာမ်ားပါသည့္sweatpant တစ္စုံျဖင့္ ျဖစ္ၿပီး အျဖဴနဲ႔ အနီအနားကြပ္ထားေသာ ဆိုဒ္ 43 သို႔မဟုတ္ 44 ျဖစ္နိုင္သည့္ Adidas shoeတစ္ရံ။ (အေမရိကန္ ဆိုဒ္=9-10)
အန္းနင္ မွာ အျဖဴစြတ္စြတ္ sneakerမ်ားကို စိုက္ၾကည့္ေနၿပီး သူက အရပ္ 1.85 မီတာေက်ာ္ရွိမည္ဟု ခန႔္မွန္းမိလိုက္သည္။
သူက ႐ုတ္တရက္ပင္ တည့္တည့္မတ္မတ္ထိုင္ေနမိသည္ကို သေဘာေပါက္လိုက္ၿပီး သူ႔ေဘးတြင္ထိုင္ေနေသာ ခ်င္ေဝ့ေဟာ္ကမူ ကိုင္း၍ထိုင္ေနတာျဖစ္သည္။ သူ၏က်ယ္ျပန႔္လွေသာ ပုခုံးနဲ႔ ေက်ာျပင္တို႔မွာ ကိုင္းက်ေနၿပီး လူတစ္ေယာက္ ကို ပ်င္းပ်င္းရိရိနဲ႔ စကားေျပာေပးေနရတဲ့ က်ားသစ္နက္တစ္ေကာင္ႏွင့္ပင္ တူေနေလသည္။
က်ားသစ္ကိုေတာ့ သိပ္ စိတ္မပါေပမယ့္ လူကေတာ့ နည္းနည္းေတာ့ အဆင္ေျပမေနဘူး ဟားဟ...
အန္းနင္ရဲ့ အသက္ရွုႏွုန္းေတြက အနည္းငယ္ မတည္ၿငိမ္ေသးသည့္တိုင္ ခ်င္ေဝ့ေဟာ္ရဲ့ အသက္ရွုႏွုန္းေတြကေတာ့ တည္ၿငိမ္ေနၿပီျဖစ္သည္။
အနက္ေရာင္ တီရွပ္ေကာ္လာမွာ ေျပေလ်ာ့သြားၿပီး သူ႔လည္ပင္းေရွ႕သို႔ ေရြ႕သြား၏။ အန္းနင္တစ္ေယာက္ လည္ပင္းလိုင္းမွသည္ ခ်င္ေဝ့ေဟာ္၏ အထင္ႀကီးေလာက္စရာ ရင္အုပ္ကိုပင္ အနည္းငယ္ျမင္နိုင္ေနသည္။ထိုအခိုက္တြင္ ခ်င္ေဝ့ေဟာ္က သူ႔ေနာက္ေက်ာကို ေျဖာင့္ေျဖာင့္ ဆန႔္လိုက္၏။အန္းနင္က သူထြက္သြားေတာ့မည္ဟု ထင္လိုက္မိသည္။ မေမၽွာ္လင့္ပါဘဲ သူက ေရငုပ္နာရီကို ေဘာင္းဘီအိတ္ကပ္ထဲမွ ထုတ္ယူလိုက္ၿပီးဘယ္ဘက္လက္ေကာက္ဝတ္တြင္ ဝတ္လိုက္၏။
အန္းနင္ က အေစာပိုင္းကပြဲကို ျပန္သတိရသြားၿပီး ေမးလိုက္မိသည္။ "ငါ မင္းကို ဆြဲေတာ့ မခ်ခဲ့မိေလာက္ဘူးေနာ္ ဟုတ္တယ္မလား?"
"မခ်ပါဘူး." ခ်င္ေဝ့ေဟာ္က လက္ကနာရီကို ႀကိဳးတင္းရင္း သူ႔ကိုၾကည့္လာခဲ့သည္။
"ငါတို႔ေတြ ေတာ္ေတာ္ေလးခ်ိတ္ဆက္မိတယ္လို႔ ခံစားရတယ္။ မင္းက တစ္ခါတေလ ဘတ္စကက္ေဘာကစားတယ္လား?"
အန္းနင္ ေနရခက္စြာေျပာလိုက္သည္။"ငါ့ကိုၾကည့္ေလ, ငါက ကစားတဲ့ပုံေပါက္လို႔လား?"
ေမၽွာ္လင့္သလိုပင္ ခ်င္ေဝ့ေဟာ္က သူ႔ခႏၲာကိုယ္ကို စုံခ်ည္ဆန္ခ်ည္ ၾကည့္ကာ အဆုံး၌ေျပာလာခဲ့သည္။
"ေရွ႕ေလၽွာက္ မင္းကစားနိုင္မွာပါ"
အန္းနင္ ဝမ္းသာအားရျဖင့္ ေခါင္းညိတ္ျပလိုက္သည္။
ခ်င္ေဝ့ေဟာ္က ေခါင္းလွည့္သြားကာ ေက်ာပိုးအိတ္ကို မ,လိုက္ၿပီး ႏွစ္ခါ ခါလိုက္၍ ထရပ္လိုက္ကာေျပာလာသည္။
"အဲ့တာဆို ငါအရင္သြားႏွင့္ေတာ့မယ္"
အန္းနင္လဲ ထရပ္လိုက္ကာ အူေၾကာင္ေၾကာင္ေလးျဖင့္ ေျပာခ်လိုက္မိသည္။
"အဲ့ဒါဆိုလဲ ငါမင္းကို ပို႔ေပးမယ္*."
【*TN: တ႐ုတ္နိုင္ငံမွာ ဧည့္သည္ေတြ ျပန္တဲ့အခါ အိမ္ကေန ထြက္ခြါခါနီးမွာ သူတို႔ကို ေျပာရမယ့္ စကားပါတဲ့။ ထင္ေနတဲ့ အေျခအေနမ်ိဴးမဟုတ္ေသးပါဘူးတဲ့ ㅋㅋ】
ခ်င္ေဝ့ေဟာ္က ေက်ာပိုးအိတ္ကို ပုခုံးေပၚလြယ္လိုက္ၿပီး ထိုသို႔ပင္ ထြက္သြားခဲ့သည္။ အန္းနင္ ခ်င္ေဝ့ေဟာ္ ဟဲမက္တပ္၍ ဆိုင္ကယ္စီးသြားပုံကို ျမင္ရဖို႔ လမ္းရဲ့တစ္ဖက္ကို ၾကည့္ေနမိ၏။
အားကစားဆိုင္ကယ္အနက္ႀကီးရဲ့ ေနာက္မီးမ်ားကလဲ နီရဲပူေႏြးလာကာ အိတ္ေဇာမွ လွိုင္းမ်ားထြက္၍ ေမာင္းထြက္သြားေလသည္။
ခ်င္ေဝ့ေဟာ္ႏွင့္ လမ္းခြဲလာၿပီးေနာက္ အန္းနင္က မ်က္မွန္လဲဖို႔ အိပ္ေဆာင္ကို ျပန္လာခဲ့သည္။ အပိုမ်က္မွန္မွာ အနည္းငယ္ေဟာင္းေနၿပီျဖစ္ကာ သူ႔ႏွာေခါင္းေပၚတြင္ခ်ိတ္ထားနိုင္ေသးသည္။ ၎က က်ိဳးေနတဲ့တစ္ခုထက္ ၁၀၀ဒီဂရီေလာက္ ေလ်ာ့နည္းၿပီး ဆုံခ်က္ဝင္ရိုးမွာလည္း အနည္းငယ္ ဆိုးရြားေနသည္။အလင္းေရာင္ကို လွမ္းၾကည့္တဲ့အခါ အနည္းငယ္ မွုန္ဝါးေနေပမယ့္ က်န္တာကေတာ့ အဆင္ေျပပါသည္။
သူ သက္ျပင္းတစ္ခ်က္ခ်လိုက္ရသည္၏။
မြန္းလြဲပိုင္းတြင္ အန္းနင္သည္ စာၾကည့္တိုက္တြင္ ႏွစ္နာရီတိုင္ ေနခဲ့သည္။မတိုင္ခင္က အေျခအေနေတြက သူ႔အရွိန္ကို အေႏွာင့္အယွက္ေပးလိမ့္မည္ဟု သူထင္ခဲ့၏။သူ႔ကိုယ္သူစာသင္ခ်ိန္ အလယ္တြင္ အနည္းငယ္ အိပ္ငိုက္လိမ့္မည္ဟု ခန႔္မွန္းလိုက္ကာ စားပြဲေပၚတြင္ တစ္ေရးေမွးလိုက္ဖို႔ လိုလိမ့္မည္ထင္သည္။
အံဩစရာေကာင္းေအာင္ပင္, သူက တစ္ထိုင္တည္းႏွင့္ အဂၤလိပ္စကားလုံးမ်ားနဲ႔ သဒၵါကို ဖတ္ရွုက်က္မွတ္ၿပီးသည့္တိုင္ လန္းဆန္းေနေသးသလို ခံစားရ၏။
ေသခ်ာေပါက္ကို ဘဝက ေလ့က်င့္ခန္းအေပၚမွာ မွီခိုေနသည္ပင္။ အန္းနင္ ျပတင္းကို ၾကည့္လိုက္မိသည္။ ခ်င္ေဝ့ေဟာ္သူ႔ကိုေျပာခဲ့လိုက္သည့္ "ေရွ႕ေလၽွာက္ မင္းကစားနိုင္မွာပါ"ဟူသည့္ စာေၾကာင္းကို သတိရသြားလၽွင္ မျပဳံးပဲမေနနိုင္ခဲ့။
စာၾကည့္တိုက္မွ ထြက္လာေသာအခါ ေနာက္ပင္က်ေနခဲ့ၿပီျဖစ္သည္။ သူက တစ္ေယာက္တည္း နံပါတ္၁ ကန္တင္း*သို႔ စားဖို႔သြားခဲ့၏။ သူ႔အႀကိဳက္ ခရမ္းခ်ဥ္သီး ၾကက္ဥေမႊေၾကာ္ကို မွာလိုက္ၿပီး ဟြမ္ခ်င္က်မ့္ကိုလဲ ထပ္ ေတြ႕လိုက္ရသည္။ကံေကာင္းေထာက္မစြာပင္ လဲ့ကၽြင္းကိုေတာ့ မေတြ႕ခဲ့ေခ်။ သူက လဲ့ကၽြင္းကို မႀကိဳက္ေသာ္လည္း အာရာဂခီယူအီလို ျပဳံးတတ္တဲ့ေကာင္မေလးကိုမူ စိတ္မဆိုးနိုင္ခဲ့ေပ။
【*သူတို႔ေက်ာင္းမွာ ကန္တင္းကတစ္ခုထက္ပိုေတာ့ နံပါတ္ေတြနဲ႔ရွိေကာင္းရွိနိုင္ပါတယ္တဲ့။】
ဒီေန႔သည္ သူ႔မ်က္မွန္က်ိဴးေနခဲ့ေပမယ့္ ဘာလို႔သူ႔စိတ္အေျခအေနက ဒီေန႔၏ရာသီဥတုလိုပင္ အထူးတလယ္ေကာင္းမြန္ေနရသည္ကို မသိနိုင္ေတာ့ေပ။ အိပ္ေဆာင္သို႔ ျပန္ေရာက္ေသာအခါ ေကာင္းကင္ႀကီးမွာ လွပတဲ့ေနဝင္ခ်ိန္ျဖင့္ ႏြမ္းနယ္ေနၿပီျဖစ္သည္။ မီးေရာင္ေတြကအခန္းတံခါးေနာက္မွထြက္ေပၚေနၿပီး လူေတြကလဲ မၿပီးဆုံးနိုင္သည့္ စကားစျမည္တို႔ကို ေျပာေနၾက၏။
သူ၏ အခန္းတစ္ခုသာ အထီးက်န္ကာ ကြယ္ေပ်ာက္ေနခဲ့ေလသည္။သူကေသာ့ကိုထုတ္၍ တံခါးဖြင့္လိုက္ခ်ိန္တြင္ အနည္းငယ္စိတ္လွုပ္ရွားေနခဲ့ၿပီး ဘာကိုေမၽွာ္လင့္ေနခဲ့သလဲကိုပင္ မသိနိုင္ေတာ့ေခ်။ တံခါးပြင့္သြားသည့္အခါ လသာေဆာင္မွ ညေနခင္းအလင္းေရာင္မ်ားက ဘာမွမရွိေသာအခန္း၏ ၾကမ္းျပင္ေပၚတြင္ ေတာက္ပေနသည္ကို ျမင္လိုက္ရသည္။ ဒီအနည္းငယ္ ေတာက္ပေနတတ္ေသာ မီးေရာင္ေလးကသာေန႔စဥ္ေန႔တိုင္း သူျပန္ေရာက္ခ်ိန္ကို ႏွုတ္ဆက္ေနတာျဖစ္သည္။
ခ်င္ေဝ့ေဟာ္က ညမွာ အိပ္ေဆာင္ကို ျပန္လာျဖစ္မည္ဟု ေျပာခဲ့ေသာ္လည္း ၎က ေသခ်ာေပါက္ကို တကယ္မဟုတ္သည့္စကားမ်ိဳးပင္။အန္းနင္ ျပဳံးလိုက္ၿပီး ေခါင္းယမ္းလိုက္မိသည္။
တစ္ခါတစ္ေလ အထီးက်န္ရသည္မွ လြဲလၽွင္ သူ႔ဘာသာသူေနထိုင္ရတာက ေအးေဆးပါသည္။
သူက မီးဖြင့္လိုက္ကာ တံခါးကိုပိတ္လိုက္ၿပီး ေက်ာပိုးအိတ္ကို ေအာက္ခ်လ္ုက္သည္။ ေရပုလင္းကို ထုတ္ယူလိုက္ၿပီး ေရျဖည့္ရန္လေအာက္ထပ္မွ ေရခန္း*ကို သြားဖို႔ျပင္လိုက္သည္။ သူ ေလွကားဆစ္ခ်ိဴးကို လမ္းေလၽွာက္လာခ်ိန္တြင္ ေလွကားဆုံးမွ အရပ္ရွည္ရွည္သဏၭာန္တစ္ခု ေခါင္းငုံ႔ကာ ဖုန္းပြတ္ရင္း အေပၚတက္လာသည္ကို မေမၽွာ္လင့္ဘဲေတြ႕လိုက္ရ၏။
ၾကည့္ရတာ ဒီအေဆာင္မွာလဲ ခ်င္ေဝ့ေဟာ္လို အရပ္ရွည္ရွည္ ခပ္ေခ်ာေခ်ာေကာင္ေလး ေနာက္တစ္ေယာက္ရွိပုံရသည္။သူ႔ခမ်ာ မ်က္မွန္ေလးပင့္လိုက္ၿပီး မၾကည့္ပဲမေနနိုင္လိုက္ရာ ၎မွာ အမွန္တကယ္ပင္ ခ်င္ေဝ့ေဟာ္ႀကီးျဖစ္ေနခဲ့ေလသည္။
သူက အဝတ္အစား ေျပာင္းထားၿပီျဖစ္ကာ ယခုမူ ေလ်ာ့ရဲရဲ အနက္ေရာင္ လက္တို တီရွပ္ကို ေအာက္ခံရွပ္အကၤ်ီလက္ရွည္အနက္ျဖင့္ ၀တ္ဆင္ထားေလသည္။ထို႔အျပင္ သူက ဂ်င္းအျပဲ ေဘာင္းဘီအနက္ကို အျဖဴအနက္ပါေသာ Sneakerနဲ႔ တြဲဝတ္ထား၏။
အန္းနင္မွာ ေလွကားထိပ္၌ အံ့ဩသြားရသည္။ထိုအခ်ိန္တြင္ သူ႔အိတ္ကပ္ထဲက ဖုန္းက ျမည္လာခဲ့ေလသည္။ ခ်င္ေဝ့ေဟာ္က ေခါင္းေမာ့လာၿပိး သူ႔ကိုျမင္သြားသည့္အခါ ရပ္သြား၏။
အန္းနင္က အံ့ဩေနရင္းပင္ ေလွကား ေအာက္သို႔ ႏွစ္ထစ္မၽွ ဆင္းသြားလိုက္သည္။သူတို႔က တစ္ေယာက္ႏွင့္တစ္ေယာက္ ခုနစ္လွမ္း ရွစ္လွမ္းမၽွသာ ကြာေတာ့သည္။
သူေမးလိုက္သည္။ "မင္း အိပ္ေဆာင္ကို တကယ္ေရာက္လာတာလား?"
"ပတ္ဝန္းက်င္ကို ေလၽွာက္ၾကည့္မလို႔လာခဲ့တာ"
ခ်င္ေဝ့ေဟာ္က ေမာ့ၾကည့္လာၿပီးေမးလာ၏။
"မင္းဘယ္ထပ္မွာေနလဲ"
"ဒီအထပ္မွာပဲ!" အန္းနင္ က ျပဳံးျပဳံးေလး ေျပာလိုက္သည္။ သူက ေလွကားမွ အျမန္ပင္ ဆင္းလိုက္၏။သူက ခ်င္ေဝ့ေဟာ္အနားက ျဖတ္သြားရင္း ေခါင္းကို လွည့္ၿပီး ေျပာ၏။ "ဒါဆို မင္းနဲ႔ အခ်ိန္ျဖဳန္းဖို႔ ငါ့ျပန္လာတာကို ေစာင့္ေနေပးဦး!"
ခ်င္ေဝ့ေဟာ္ရဲ့ ေခါင္းမွာ မသိလိုက္ပါပဲ သူ႔ေနာက္ကိုလိုက္ပါသြားလ်က္ သူသြားရာဘက္သို႔ လွည့္သြားေလသည္။သူက တစ္ဖက္လူေျခလွမ္းေလးမ်ား ေလွကားထစ္ကေနဆင္းသြားၿပီး အလ်င္စလို ေပ်ာက္ကြယ္သြားသည္ကို ၾကည့္ေနမိ၏။သူ တစ္ဖက္လူ မ်က္မွန္ ေျပာင္းထားသည္ကိုလဲ သတိျပဳမိေပမယ့္ အဲ့ဒါက သူနဲ႔ လိုက္ဖက္ပုံမေပၚပါေခ်။
ေျခလွမ္း အနည္းငယ္ လွမ္းၿပီးေနာက္ ၆လႊာ၏ ေကာ္ရစ္တာတြင္ ရပ္ေနမိရာ ႐ုတ္တရက္ သူ႔အခန္းနံပါတ္ကို မမွတ္ထားမိမွန္း သတိရသြား၏။အခန္းက ၆လႊာဟူ၍သာ သူမွတ္မိေနၿပီး ၆ေနာက္က နံပါတ္ကိုမူ သူစဥ္းစားမရပါေခ်။ တကယ္တမ္းေတာ့ သူ အဲ့ဒါကို မွတ္မိဖို႔ မႀကိဳးစားခဲ့ျခင္းေပ။
သူ ေကာ္ရစ္တာတြင္ ေၾကာင္အမ္းအမ္းျဖင့္သာ ရပ္ေနမိခဲ့၏။ သူက အကုန္တူညီေနၾကေသာ အခန္းတံခါးမ်ားကို အကူအညီမဲ့စြာ စိုက္ၾကည့္ေနမိသည္။
အန္းနင္ ေအာက္ထပ္ေရာက္ေသာအခါ ေအာက္ထပ္တြင္ ဆိုင္ကယ္အနက္ကို ရပ္ထားသည္ကိုေတြ႕လိုက္ရ၏။ ၎က အိပ္ေဆာင္ တံခါးကိုျဖတ္၍ ခပ္လၽွိုလၽွိုပင္ ရပ္ထားတာျဖစ္သည္။ ၎မွာ အိပ္ေဆာင္ကို ဝင္၊ထြက္ေနေသာလူမ်ားထံမွ ၿငိမ္သက္စြာပင္ အသိအမွတ္ျပဳခံေနရသည္။တခ်ိဴ႕ဆိုလၽွင္ သူတို႔ဖုန္းမ်ားကို ထုတ္လ်က္ ဓာတ္ပုံပင္ ရိုက္ယူသြားၾက၏။ ဤသည္မွာ အတန္းထဲတြင္ ခ်င္ေဝ့ေဟာ္ေပၚလာခဲ့စဥ္ကအားလုံး၏ အာ႐ုံစိုက္ျခင္းကို ခံရသည္မ်ိဴးႏွင့္တူလွေပသည္။ အန္းနင္က ခပ္မိုက္မိုက္ Yamaha R1ႀကီးကို ဓာတ္ပုံရိုက္ေနေသာလူကို ျပဳံးျပလိုက္ၿပီး ျပန္လွည့္ကာ ေရခန္းဆီသို႔သြားခဲ့သည္။
အျပန္လမ္းတြင္ သူကသူ႔အတြက္ စားစရာပင္ ဝယ္လာခဲ့ၿပီး အေပၚထပ္သို႔ စိတ္လွုပ္ရွားစြာပင္ တက္လာခဲ့၏။ ထို႔ေနာက္ ေလွကားခ်ိဴး၏ျပတင္းေပါက္တြင္ ခ်င္ေဝ့ေဟာ္တစ္ေယာက္ သူ႔ကိုယ္ႀကီးကို မွီထားသည္ကို သူ ျမင္လိုက္ရ၏။ သူက ေအာက္ငုံ႔ကာ ဖုန္းပြတ္ေနသည္။
သူက နားမလည္ဟန္ျဖင့္ ေလၽွာက္သြားလိုက္ကာ ေမးလိုက္၏။
"မင္းက ဘာလို႔ဒီမွာရွိေနတာလဲ?"
ခ်င္ေဝ့ေဟာ္က သူ႔အသံၾကားေသာအခါ လွည့္ၾကည့္ရလာၿပီး ထရပ္ကာေျပာသည္။
"ငါ ျပန္ေတာ့မွာ! မင္းကို ေျပာခ်င္လို႔"
အန္းနင္က အႀကီးအက်ယ္စိတ္ပ်က္သြားကာ "အာ"ဟူ၍ပင္ ထြက္သြားမိသည္။
"မင္းက ငါ့ေနရာကို ခဏေလာက္ထိုင္ဖို႔ လာခဲ့တာမဟုတ္ဘူးလား? စကားမစပ္ ငါမင္းအတြက္ စားစရာဝယ္လာခဲ့တယ္"
ေနာက္ဆုံးမွာေတာ့ ခ်င္ေဝ့ေဟာ္က သူ႔လက္ထဲရွိ ေန႔လည္စာဘူးကို ျမင္သြားၿပီး ေခါင္းညိတ္လာ၏။
"ေကာင္းၿပီ."
အန္းနင္ တံခါးဖြင့္ၿပီး ခ်င္ေဝ့ေဟာ္၏ အမူအရာကို ေသခ်ာေလ့လာၾကည့္လိုက္သည္။ ခ်င္ေဝ့ေဟာ္မွာ ဘာတုံ႔ျပန္မွုမွရွိမေနသည္ကို ေတြ႕လိုက္ရ၏။
သူက ဒါက သူ႔အိပ္ေဆာင္ဆိုတာကို မမွတ္မိပါေခ်။
အတြင္းထဲဝင္လာေသာအခါ ခ်င္ေဝ့ေဟာ္က သူတစ္ေယာက္တည္းဆိုတာေတြ႕သြားၿပီး ေမးေတာင္ေမးလာခဲ့၏။
"မင္း အခန္းေဖာ္ေရာ?"
အန္းနင္ ခ်င္ေဝ့ေဟာ္ကို ရွုပ္ေထြးေနသည့္အမူအရာျဖင့္ ေနလည္စာကမ္းေပးလိုက္သည္။ ခ်င္ေဝ့ေဟာ္က ယူလိုက္ၿပီး "ေက်းဇူးပဲ"ဟုေျပာလာျပန္သည္။ အန္းနင္က သူ႔ကိုထိုင္ဖို႔ေျပာလိုက္မွ သူက ထိုင္ခုံတြင္ ထိုင္ခ်လာခဲ့သည္။
"ငါ့အခန္းေဖာ္လား...."
ထို႔ေနာက္ သူ မရယ္ပဲ မေနနိုင္ေတာ့။ သူက ခ်င္ေဝ့ေဟာ္ကို အျပဳံးတစ္ခ်က္ျဖင့္ ၾကည့္ရင္းေျပာလိုက္သည္။
"ဒါက သူ႔ ပထမဆုံးအႀကိမ္ အိပ္ေဆာင္ကို ျပန္လာတာပဲ."
ေခါင္းငုံ႔၍ ေန႔လည္စာဘူးဖြင့္ေနေသာ ခ်င္ေဝ့ေဟာ္မွာ အံဩသြားသလိုျဖင့္ ေခါင္းေမာ့လာခဲ့သည္။ သူ႔ေခါင္းကိုလွည့္ၿပီး ကုတင္အလြတ္ကိုၾကည့္လိုက္ဖို႔ ႏွစ္စကၠန႔္ေလာက္အခ်ိန္ယူလိုက္ရာ ကုတင္ေဘးမွာ သူ႔နာမည္က ရွင္းရွင္းလင္းလင္းကို တံဆိပ္ႏွိပ္ထားေလသည္။
အန္းနင္က သူ ေၾကာင္အေနသည္ကို ေျပာလိုက္၏။
"ေတာင္းပန္ပါတယ္! ငါမင္းကို တိုက္ရိုက္မေျပာခဲ့လိုက္ရဘူး။ မင္းအိပ္ေဆာင္ကိုေရာက္လာေတာ့ မင္းမွတ္မိမယ္ထင္ေနလို႔..."
သူအေနျဖင့္ အေႏွာင့္အလြတ္ကင္းကင္း ဟာသတစ္ခုကိုသာ ဖန္တီးလိုက္ခ်င္ခဲ့ေသာ္လည္း ခ်င္ေဝ့ေဟာ္က မသိခဲ့ေသာေၾကာင့္ ဟာသမွသည္ ေနာက္ေျပာင္သည့္အျဖစ္ကို ေရာက္သြားခဲ့သည္။
ခ်င္ေဝ့ေဟာ္က ထမင္းဘူးကို ခ်လိုက္ၿပီး မတ္တပ္ထရပ္လိုက္၏။ သူ၏ ကုတင္ကို လက္ဖဝါးျဖင့္ ပုတ္ၾကည့္လိုက္သည္။ သူ ႏွစ္လနီးပါးအေဆာင္ကို မျပန္ျဖစ္ခဲ့သည့္တိုင္ အိပ္ယာခင္းမ်ား ကသန႔္ရွင္းေနခဲ့ၿပီး စားပြဲေပၚတြင္လဲ ဖုန္မွုန႔္ဟူ၍ မရွိပါေပ။
ထိုအခိုက္အတန႔္၌ အန္းနင္၏ အံ့အားသင့္စြာ ေအာ္ဟစ္သံကို သူ ၾကားလိုက္ရ၏။
"ေဟး, ဘာလို႔ မင္းငါ့ကို ပိုက္ဆံေတြအမ်ားႀကီး လြဲေပးတာလဲ?!"
ခ်င္ေဝ့ေဟာ္လွည့္ၾကည့္လိုက္ရာ အန္းနင္က သူ႔ဖုန္းကို ကိုင္ထားလ်က္ အံ့ဩေနဟန္ျဖင့္ သူ႔ကိုၾကည့္ေနသည္ကိုေတြ႕လိုက္ရသည္။ သူကထိုင္ခုံတြင္ထိုင္ခ်လိုက္ၿပီးေျပာလိုက္သည္။
"မ်က္မွန္အတြက္ သေဘာေပါက္ပါတယ္"
အန္းနင္ လက္မခံနိုင္ပါေခ်။ "တကယ္အဆင္ေျပပါတယ္! ၿပီးေတာ့ ယြမ္၂၀၀၀က အရမ္းမ်ားလြန္းတယ္!"
ခ်င္ေဝ့ေဟာ္က ေန႔လည္စာနဲ႔ တူကို ေကာက္ကိုင္လိုက္ၿပီး ေျပာသည္။
"မင္းယူထားလိုက္ပါ."
အန္းနင္ မ်က္ေမွာင္ေလးၾကဳတ္သြားရ၏။ သူတကယ္ကို ဒီပိုက္ဆံကို မယူနိုင္ပါဘူး!
"ငါ့မ်က္မွန္က ေဈးမႀကီိးဘူး။ တစ္စုံမွ ယြမ္ေလးရာပဲရွိတာ ငါကအရင္ မင္းကို ကူညီခ်င္တာေလ၊ ၿပီးေတာ့ မ်က္မွန္ခ်ိဴးလိုက္တဲ့သူက မင္းေတာင္မွမဟုတ္တာကို။ ငါ တကယ္ ပိုက္ဆံကို လက္မခံနိုင္ဘူး! မင္းစိတ္မေကာင္းဘူးဆို ငါ့ကို ညစာဝယ္ေကၽြးလို႔ရပါတယ္ "
ခ်င္ေဝ့ေဟာ္က ေခါင္းငုံ႔ကာ ဝက္သားႏွပ္တစ္ဖတ္ကို စားလိုက္သည္။ သူေခါင္းေမာ့လိုက္လၽွင္ တစ္ဖက္လူကသူ႔ကို စိတ္အားထက္သန္စြာျဖင့္ ၾကည့္ေနလ်က္ သူ႔အေျဖကို ေစာင့္ေန၏။ ႐ုတ္တရက္ပင္ သူေတြးမိသြားသည္။
ငါ မင္းကိုမေျဖရင္ ဘာျဖစ္မွာလဲ? မင္းအခုဘလက္မခံရင္လဲ ေနာင္က် လက္ခံလိုက္ရမွာပဲ။ ဒါက အျမဲျဖစ္ေနမယ့္အရာပဲေလ ; တစ္နာရီအၾကာမွပဲ ျဖစ္ျဖစ္,ႏွစ္နာရီၾကာမွပဲျဖစ္ျဖစ္ ,ဒါမွမဟုတ္ တစ္ရက္ၾကာမွပဲ ျဖစ္ျဖစ္...
တစ္ေယာက္ကို တစ္ေယာက္ စကၠန႔္အေတာ္ၾကာ ၾကည့္ေနမိၾကၿပီး သူ ဒီအေတြးကို ေဖ်ာက္ပစ္လိုက္သည္။ တစ္ဖက္လူကအနည္းငယ္ကြဲျပားသည္ဟု ခံစားရသည္,သူ႔မ်က္လုံးမ်ားက ကြဲျပားေနသည္။ ထို႔အျပင္ သူကဒါကို လက္မခံေလာက္ေပ။ ထို႔ေၾကာင့္ သူေျပာလိုက္သည္။
"မင္းအရင္ဆုံးလက္ခံထားလိုက္ပါ။ ၿပီးမွ ငါ့ကိုျပန္ေပးေလ "
အန္းနင္က ေခါင္းညိတ္ကာအသိအမွတ္ျပဳလိုက္သည္။ ခ်င္ေဝ့ေဟာ္ ဒုတိယေျမာက္ ထမင္းလုပ္ကို စားေနစဥ္မွာပင္ သူ႔ဖုန္းျမည္လာခဲ့၏။ပိုက္ဆံမွာလြဲေျပာင္းခံရၿပီးျဖစ္သည္။
ခ်င္ေဝ့ေဟာ္က စားေနသျဖင့္ ၎ကို ဂ႐ုမစိုက္ေတာ့ေပ။ အန္းနင္ကလဲ ဂ႐ုမစိုက္ေတာ့။ သူက သက္သာရာရေသာအမူအရာျဖင့္ ဖုန္းကို ခ်လိုက္သည္။
"အဲ့ဒါဆို ဒီတစ္ပတ္ပိတိရက္," ႐ုတ္တရက္ႀကီး ခ်င္ေဝ့ေဟာ္ကေျပာလာ၏။
"?" အန္းနင္ နားမလည္ျဖစ္သြားရသည္။
"ဒီတစ္ပတ္ပိတ္ရက္က် " ခ်င္ေဝ့ေဟာ္ေခါင္းေမာ့လာ၏။ "ငါမင္းကို ညစာဝယ္ေကၽြးမယ္"
အန္းနင္ရဲ့ ညစာေကၽြးဟူေသာ အႀကံျပဳခ်က္မွာ ဒီတိုင္း သာမာန္ကာလၽွံ ေျပာလိုက္တာပင္ျဖစ္၏။ မေမၽွာ္လင့္ပါဘဲ ခ်င္ေဝ့ေဟာ္က လက္ခံ႐ုံသာမက အခ်ိန္ကိုပင္ သတ္မွတ္လိုက္ေသးသည္။ သို႔ေသာ္လည္း သူအနည္းငယ္ ေျပာရခက္သြားသည္။
"အမ္, ပိတ္ရက္ေတြမွာဆို ငါ အခ်ိန္ပိုင္းအလုပ္ရွိတယ္ ..."
ခ်င္ေဝ့ေဟာ္က ေမးသည္။ "မင္းရဲ့ အခ်ိန္ပိုင္းအလုပ္က ပိတ္ရက္ႏွစ္ရက္လုံးရွိတာလား?"
အန္းနင္ ေခါင္းညိတ္လိုက္၏။ ခ်င္ေဝ့ေဟာ္က ထပ္ေမးသည္။
"ညလယ္စာ ဆိုရင္ေကာ?"
"ညလယ္စာဆိုရင္ေတာ့ အဆင္ေျပပါတယ္" အန္းနင္ေျဖလိုက္သည္။
"မင္း အခ်ိန္ေတြ မေႏွာင့္ေႏွးသေရြ႕ေပါ့."
သူ႔တြင္ ညလယ္စာ စားတတ္သည့္အက်င့္မရွိေပ။ အဓိကအေၾကာင္းအရင္းကေတာ့ စာၾကည့္ခ်ိန္ေတြက ေနရာယူသြားၿပီး အိပ္ေပ်ာ္သြားေစေသာေၾကာင့္ပင္။
ခ်င္ေဝ့ေဟာ္က ခဏစဥ္းစားၾကည့္လိုက္သည္။ သူက တစ္ေန႔သုံးခါစားရတာကိုေတာင္ သူ႔အခ်ိန္ေတြကုန္တယ္ဆိုၿပီး မႀကိဳက္ခဲ့ေပမယ့္ သူတကယ္ကိုပင္ တစ္စုံတစ္ေယာက္ကို ညလယ္ႀကီးက်မွ ဝယ္ေကၽြးခ်င္ေနသည္။
မည္သို႔ျဖစ္ေစ တစ္စုံတစ္ေယာက္ထံတြင္ သူအေႂကြးတင္ေနေသာေၾကာင့္ ျပန္ေပးဆပ္ရေပမည္။ သူကေမးလိုက္၏။
"မင္းရဲ့အခ်ိန္ပိုင္းအလုပ္က ဘယ္မွာလဲ ?ငါမင္းကို စေနေန႔ညက် လာေခၚေပးမယ္."
"ငါ့ အခ်ိန္ပိုင္းအလုပ္က Fast Food ဆိုင္ေသးေသးေလးမွာပါ ၿပီးေတာ့ ရွာဖို႔ ခက္တယ္ "
"ေက်ာင္းေပါက္ဝမွာပဲ ေတြ႕ရေအာင္"
ခ်င္ေဝ့ေဟာ္ေခါင္းညိတ္ျပလိုက္ၿပီး ငုံ႔ကာစားျပန္သည္။ အန္းနင္က တိတ္တဆိတ္ပင္ စားေနေသာ ခ်င္ေဝ့ေဟာ္ကို ၾကည့္ရင္းျပဳံးလိုက္သည္။
" ဒီအခန္းမွာ ငါ့ဘာသာေနခဲ့တုန္းက ႀကီးတယ္လို႔ ခံစားခဲ့ရတာ! အခု မင္းေရာက္လာေတာ့ ေသးေတာင္ ေသးသြားသလိုပဲ ..."
သူ႔ေခါင္းေမာ့လိုက္ၿပီး ခ်င္ေဝ့ေဟာ္ေနာက္က အိပ္ရာကို ၾကည့္လိုက္မိသည္။ ၁.၈၆မီတာျမင့္တဲ့ ခ်င္ေဝ့ေဟာ္နဲ႔ဆို ဒီအိပ္ရာက အဆင္မေျပေလာက္ေပ။
ခ်င္ေဝ့ေဟာ္က ေခါင္းငုံ႔ထားလ်က္ ၾကက္ဥေမႊေၾကာ္ကို ဆြဲယူရင္း ေျပာလာသည္။
"ငါက ကေလးကတည္းက တစ္ေယာက္တည္းေနလာတာ ၿပီးေတာ့ တျခားသူေတြနဲ႔လဲ မေနဖူးခဲ့ဘူး "
"ငါခန႔္မွန္းမိပါတယ္." အန္းနင္က နားလည္စြာျဖင့္ ေခါင္းညိတ္ကာ ေျပာလိုက္၏။
"မင္း ငါ့အိပ္ရာနဲ႔ စားပြဲေတြကို ရွင္းေပးစရာမလိုပါဘူး," ခ်င္ေဝ့ေဟာ္က ေျပာသည္။ "ငါက အျပင္မွာ တိုက္ခန္းငွားထားတာ၊ ဒါေၾကာင့္ ဒီကိုလာမေနျဖစ္တာ."
"ငါ သိပါတယ္," အန္းနင္က ျပဳံးသည္။
"ငါသန႔္ရွင္းေရးလုပ္ေနတုန္း အဲ့ဒါေတြကိုပါ သန႔္ရွင္းေပးလိုက္တာပါ"
ခ်င္ေဝ့ေဟာ္က ဘာမွမေျပာလာေတာ့ေပ။ သူက အန္းနင္ေရွ႕မွာထိုင္ေနရင္းပင္ ေန႔လည္စာ စားၿပီးသြားၿပီျဖစ္၏။သူထြက္သြားေသာအခါေန႔လည္စာဘူးေတြကိုပါယူသြားသည္။ ထို႔ေနာက္ တံခါးေရွ႕တြင္ ရပ္သြားၿပီး ေျပာလာ၏။
"မင္းမွာ အမွိုက္ေတြရွိေသးလား? ငါယူသြားေပးမယ္."
အန္းနင္မွာ ထိရွသြားရ၏။ သူက ေနာင္တအနည္းငယ္ျဖင့္ မ်က္ေတာင္ခတ္လိုက္ၿပီး ထစ္အစြာေျပာလိုက္သည္။
"ေန႔လည္တုန္းက ပစ္ခဲ့ၿပီးၿပီ"
ခ်င္ေဝ့ေဟာ္က တံခါးေဘာင္ကိုကိုင္ထားလ်က္ သူ႔ကိုေခါင္းညိတ္ျပသည္။ သူက အန္းနင္ေခါင္းကို ေက်ာ္ကာ အခန္းပတ္ပတ္လည္ကိုၾကည့္ေနၿပီး တံခါးပိတ္၍ ထြက္သြားခဲ့၏။
၅မိနစ္ ၆မိနစ္ၾကာေသာအခါ အန္းနင္မွာ ေအာက္ထပ္မွ Yamaha R1 ႀကီး၏ တေဝါေဝါျမည္သံကို ၾကားလိုက္ရသည္။
ေလသာေဆာင္မွာရပ္ေနလ်က္ အနက္ေရာင္ဆိုင္ကယ္ႀကီးက ညာဘက္သို႔ အနည္းငယ္ေရာက္ကာ Delivery Scooterေလးကို ျဖတ္သြားေလသည္။
ခ်င္ေဝ့ေဟာ္က လူစုလူေဝးေတြနဲ႔ အတားအဆီးေတြကို သပ္ရပ္လွပစြာပင္ ေရွာင္တိမ္းသြားေလ၏။