(Book-2)အမြင့်မြတ်ဆုံး ကောင်း...

By Xiao_Yiii

713K 153K 8.6K

ပါရမီရွင္အျဖစ္ေမြးဖြားလာသူ လင္႐ႊမ္းဇီသည္ သူ႔အတိတ္ဘဝမွာ ကမာၻၾကီးကို မလႊမ္းမိုးခဲ့ေသာ္လည္း ယန္ထ်န္းဟန္အေပၚ သစၥာ... More

Chapter(199) - ညီငယ်လေးကိုငြင်းပယ်ခြင်း
Chapter(200) - ညီမျှတဲ့လဲလှယ်မှု
Chapter(201) - အရူးဟွမ်ဖူ
Chapter(202) - ကူညီလက်ကမ်းပေးခြင်း
Chapter(203) - မက်မွန်ပန်းလေး
Chapter(204) - ပြောဖို့ခက်တယ်
Chapter(205) - တော်တော်လေးမသင့်တော်ဘူး
Chapter(206) -ငါတကယ်မလုပ်ဘူး
Chapter(207) - ယွန်ဝေရဲ့ပြန်တိုက်ခိုက်မှု
Chapter(208) - မြေခွေးပေါက်လေး
Chapter(209) - ငါ့မှာအာကာသအဆင့်ဆေးလုံးရှိတယ်
Chapter(210) - စကားလုံးတိုင်းကနှလုံးသားကို ထိုးစိုက်သွားတယ်
Chapter(211) - The Reason Within
Chapter(212) - ဆေးလုံးကန့်သတ်လျို့ဝှက်ဆန်းကြယ်မြေ
Chapter(213) - သခင်မလေးရှန်
Chapter(214) - လျို့ဝှက်မြေသို့ဝင်ပေါက်
Chapter(215) - အရာအားလုံးပြန်ပေးမယ်
Chapter(216) - မိုးရေထဲမှာလမ်းခွဲ
Chapter(217) - Chaotic Sky ခေါင်းလောင်းထွက်ပေါ်လာပြီ
Chapter(218) - ဖန့်ဖေးနှင့်လင်းဟွား
Chapter(219) - အကျိုးကျေးဇူးတစ်ချို့ရရှိလိမ့်မယ်။
Chapter(220) - သူဆန္ဒမရှိဘူး
Chapter(221) - ကြေးမုံထဲကအသွင်အပြင်
Chapter(222) - ယန္တရားအသက်ဝင်လာပြီ
Chapter(223) - ပိတ်မိခြင်း
Chapter(224) - အခင်းအကျင်းအားသွေးနဲ့ယဇ်ပူဇော်ခြင်း
Chapter(225) - ချီအာ့ရဲ့လက်စားခြေမှု
Chapter(226) - ဓားကိုပေးဆပ်ခြင်း၏ကျေးဇူးတော်
Chapter(227) - အသေးစားအသွင်ပြောင်းအရိုးနဂါး
Chapter(228) - ဒီလိုလူမှုရေးလှေကားကိုတော့ မတတ်နိုင်ဘူး
Chapter(229) - လူတိုင်းသူတို့ရဲ့ကိုယ်ပိုင် စွမ်းရည်ပေါ်မှာမှီခိုသည်
Chapter(230) - လျို့ဝှက်မြေရဲ့အရှင်သခင်
Chapter(231) - ယွီယန်ရဲ့သဘောထား
Chapter(232) - နှစ်ကိုယ်တွဲကျင့်ကြံခြင်းနည်းလမ်း
Chapter(233) - အာကာသအဆင့်ဆေးလုံး
Chapter(234) - ရှန်မိသားစုရဲ့ဝိုင်းရံထားမှု
Chapter(235) - အနောက်ဘက်ဖီးနစ်ဧကရာဇ်
Chapter(236) - ဖီးနစ်ရဲ့ပြင်းထန်သောကျိန်ဆိုမှု
Chapter(237) - လိမ္မာပါးနပ်ပြီးစကားပြောကျွမ်းကျင်တယ်
Chapter(238) - ဒီငှက်,အဲ့ဒီငှက်
Chapter(239) - ကျောထောက်နောက်ခံအားလုံးလာကြပြီ
Chapter(240) - အောင်မြင်စွာအန္တာရယ်ထဲမှထွက်လာပြီ
Chapter(241) - အထီးကျန်ကြယ်
Chapter(242) - အမှားအယွင်း
Chapter(243) - Even More Exposed
Chapter(244) - နက်ရှိုင်းကောင်းကင်ရဲ့ဖိတ်ကြားလွှာ
Chapter(245) - လင်မိသားစုသို့အပြန်
Chapter(246) - ကလေးတွေကိုလမ်းလွဲအောင်ဦးဆောင်ပြနေတယ်
Chapter(247) - မိခင်နဲ့သားကြားကကွဲလွဲမှု
Chapter(248) - သေတာတောင်နောင်တမရဘူး
Chapter(249) - အိမ်ရှေ့စံရာထူးအတွက်ရုန်းကန်ခြင်း
Chapter(250) - အားဟန်ရဲ့နောက်ခံ
Chapter(251) - Escape Through the Night
Chapter(252) - နှစ်ယောက်တည်းစကားပြောမယ်
Chapter(253) - နေရာလေးခု
Chapter(254) - ယွမ်ပေါင်ရဲ့အကူအညီတောင်းခံမှု
Chapter(255) - အချိန်မီကယ်ဆယ်
Chapter(256) - ယွမ်မိသားစုရဲ့ရောက်ရှိလာမှု
Chapter(257) - ချစ်သူများရဲ့ပြန်လည်စုံစည်းမှု
Chapter(258) - ယွမ်မိသားစုရဲ့အတွင်းရေး
Chapter(259) - ဟန်မိသားစုရဲ့ခက်ခဲသောအခြေအနေ
Chapter(260) - အားကောင်းတဲ့နောက်ခံ
Chapter(261) - တစ်ခြား 'အမေ'
Chapter(262) - လင်မိသားစုရဲ့သခင်လေး
Chapter(263) - သခင်လေးဟုခေါ်သည်။
Chapter(264) - တောင်သခင်လေးကျန်း
Chapter(265) - ထင်ယောင်မှားအခင်းအကျင်းသခင်
Chapter(266) - နက်ရှိင်းကောင်းကင်ရဲ့ဓားလေးဖော်
Chapter(267) - နတ်ဘုရားကိုသတ်ခြင်းနှင့်ကောင်းကင်ဘုံကိုတိုက်ခိုက်ခြင်း
Chapter(268) - အားဟန်ရဲ့ကံကြမ္မာ
Chapter(269) - မဟာအကြီးအကဲဟွိုင်ယွီ
Chapter(270) - ပထမဆုံးတွေ့ဆုံခြင်းလက်ဆောင်
Chapter(271) - တောင်စည်းကမ်းများကိုကူးရေးခြင်းဖြင့်အပြစ်ပေးခြင်း
Chapter(272) - မွေးဇာတာတွင်ကြီးမားစွာပြောင်းလဲခြင်း
Chapter(273) - ကံကြမ္မာပြောင်းလဲခြင်းကံတရား
Chapter(274) - ပေ့ရှီနဲ့လျှန်လျှန်
Chapter(275) - ဆရာလက်ဆောင်ပေးတဲ့ဓား
Chapter(276) - ရင်သပ်ရှုမောဖွယ်ဓားသိုင်း
Chapter(277) - ကျင့်ကြံခြင်းမြေပြင်
Chapter(278) - အခွင့်အရေးအားခြေချော်ရသွားခြင်းအကြောင်းအရင်း
Chapter(279) - မဟာအကြီးအကဲဟွိုင်ယွီ
Chapter(280) - မရေမတွက်နိုင်သောဝိညာဉ်ပင်များ
Chapter(281) - တစ်ခြားတောင်ထွတ်
Chapter(282) - ဥခိုးမှုကျရှုံးခြင်း
Chapter(283) - အမြင်ကျဉ်းမြောင်းတယ်
Chapter(284) - အားကောင်းတဲ့ကျင့်ကြံမှု
Chapter(285) - ပုံရိပ်ယောင်အခင်းအကျင်းနှစ်ဆ
Chapter(286) -《Profound Book of Poisons》
Chapter(287) - ဟွိုင်ယွီကသွားရောက်လည်ပတ်ခြင်း
Chapter(288) - သူ့ကိုအသိအမှတ်ပြုမှာမဟုတ်ဘူး
Chapter(289) - ခြင်္သေ့၏ဝေစုကိုတောင်းခံသည်
Chapter(290) - ဟွိုင်ယွီ၏အကဲဖြတ်မှု
Chapter(291) - ဆရာဦးလေးကို အပြစ်ပြုမိထားလို့များလား?
Chapter(292) - လင်မိသားစုရဲ့စည်းမျဉ်းအသစ်
Chapter(293) - အားကုရဲ့ ငိုကြွေးမှု
Chapter(294) - လင်ကျန်၏ ကိုယ်ပိုင် ပိုင်ဆိုင်မှု
Chapter(295) - ချင်းကျူရဲ့အတိတ်
Chapter(296) - ဆေးဘက်ဝင် ဝိညာဉ်ပင် အရောင်းဆိုင်
Chapter(297) - စက်ဆုတ်ဖွယ်ဇာတ်ကောင်
Chapter(298) - ချင်းကျူရဲ့ စိတ်ခံစားချက် ပေါက်ကွဲမှု
Chapter(299) - တိမ်ထွတ်ဖျား
Chapter(300) - အမြစ်ကနေဖယ်ရှား
Chapter(301) - ချီယွင်ရဲ့ တောင်းဆိုချက်များ
Chapter(302) - သဘောတူညီမှုရပြီ
Chapter(303) - ကျောင်းမိသားစုရဲ့ ရှင်းပြမှု
Chapter(304) - ထူးချွန်တဲ့တပည့်
Chapter(305) - သီးသန့်မိသားစုမှတပည့်များ
Chapter(306) - ဆက်ဆံရေးအချို့
Chapter(307) - လက်ထဲကဓားနဲ့ တောင်ကိုစိန်ခေါ်ခြင်း
Chapter(308) - တစ်သီးတစ်သန့်မိသားစုများ
Chapter(309) - အရှက်မဲ့လွန်းတယ်
Chapter(310) - လန်ယွဲ့အား လေးစားမှုပြ၍ ဂါရဝပြုခြင်း
Chapter(311) - နီစွေးရောင်သတ်ဖြတ်ခြင်းအမိန့်
Chapter(312) - တိုက်ကြီးငါးတိုက်၏အကျပ်ရိုက်မှု
Chapter(313) - လူဆိုးများ အတူတကွ ပူးပေါင်းကြံစည်ခြင်း။
Chapter(314) - 《စိမ်းပြာရောင်ကြာပန်းပုံစံကိုးမျိုး》
Chapter(315) - ကောင်းကင်နှင့်မြေကြီး၏ကွဲလွဲမှု
Chapter(316) - ဆေးလုံးမီးဖိုသန့်စင်ခြင်း
Chapter(317) - ဆေးလုံးမီးဖို ဖြစ်တည်ခြင်း
Chapter(318) - ကောင်းကင်ဘုံရဲ့ ရွေးချယ်ခံရသော သားတော်
Chapter(319) - ရတနာကိရိယာဆေးလုံးမီးဖို
Chapter(320) - ကြာပင်လယ်တံလျှပ်
Chapter(321) - ကောင်းကောင်းလေး ဆဲပေးလိုက်တယ်
Chapter(322) - အပြန်အလှန် မယုံကြည်မှု
Chapter(323) - ကိုယ်တိုင်သွားရောက်လည်ပတ်ခြင်း
Chapter(324) - သွမ့်မိသားစုက သခင်ပြောင်းသွားပြီ
Chapter(325) - မိသားစုခေါင်းဆောင်အဖြစ် ထိုက်တန်စွာ ရာထူးတက်သွားခြင်း
Chapter(326) - ချီယွင်ရဲ့သတင်း
Chapter(327) - ချင်းကျူရဲ့ အတိတ်
Chapter(329) - ဆိုင်ရှင်များကို အနိုင်ယူပါ။
Chapter(330) - မောက်မောက်အား အသုံးချခြင်း
Chapter(331) - ဒေါသထွက်လွန်းလို့ သွေးအန်တော့မယ်
Chapter(332) - ငါ့အမှားပါ, ငါ့အမှား
Chapter(333) - ဆေးလုံးသန့်စင်ခြင်း
Chapter(334) - ဆုတောင်းပြည့်လမ်းသွယ်၏သခင်
Chapter(335) - မျက်နှာသာမပေးဘူး
Chapter(336) - လျှပ်စီးကို ဆွဲဆောင်သည့် မှော်ကိရိယာ
Chapter(337) - အားဟန်ရဲ့ ဆေးလုံးလက်ဆောင်
Chapter(338) - ဂျူနီယာညီငယ်လေး ကျင်းလော့
Chapter(339) - Falling Out
Chapter(340) - မြက်စားပိုးကောင်
Chapter(341) - လူသတ်သမားများ ငှားယမ်းခြင်း
Chapter(342) - ညမိုးချုပ် သတ်ဖြတ်ခြင်း
Chapter(343) - ကုပိုးသခင် ကျွော်ယဲ့
Chapter(344) - အလောင်းရုပ်သေး၏ ဝိညာဉ်
Chapter(345) - သေးငယ်သောအမြတ်အစွန်းတစ်ခု ပြုလုပ်ခြင်း
Chapter(346) - မျက်နှာသာ မပေးဘူး
Chapter(347) - လျှို့ဝှက်ခန်းထဲက သီးသန့်စကားပြောမှု
Chapter(348) - ချင်းယွင် တံခါးပိတ် တရားကျင့်မှုသို့ ဝင်ရောက်ပြီ
Chapter(349) - အားကုကို ရှာဖွေခြင်း
Chapter(350) - 《မြောက်အောက်ကမ္ဘာက ငရဲကြီး ဆယ့်ရှစ်ထပ်》
Chapter(351) - စိတ်ထဲက သံသယများ
Chapter(352) - အေျမာက္အမ်ားဝယ္ယူ
Chapter(353) - အကျပ်အတည်းကို ဖြေရှင်းခြင်း
Chapter(354) - ဟွိုင်ယွီနိုးလာပြီ
Chapter(355) - စာဝိညာဉ်အပိုင်းလေး
Chapter(356) - အအထောက်အထား အစစ်အမှန်ပေါ်ပြီထောက်အထား အစစ်အမှန်ပေါ်ပြီ
Chapter(357) - ရှင်းလင်းချက်တစ်ခုတောင်းဆိုသည်။
Chapter(358) - စေ့စပ်ပွဲ ဖျတ်သိမ်းခြင်း
Chapter(359/360) - အတူတူသွားဖို့​တောင်းဆိုခြင်း
Chapter(361) - တစ်ယောက်သွားရင် တစ်ယောက်က နောက်ကလိုက်မယ်
Chapter(362) - အိမ်တံခါးဝဆီ သွားရောက်ခြင်း
Chapter(363) - မှော်ရတနာကို ရှာဖွေခြင်း။
Chapter(364) - မကောင်းတာလုပ်ဖို့ ပူးပေါင်းခြင်း
Chapter(365) - သူ့ရဲ့ ကိုယ်လုပ်တော်အဖြစ်
Paid Group
Chapter(366) - မက်မွန်သီးလက်ဆောင်
Chapter(367) - ကြည့်ဖို့တောင် ကြောက်စရာကောင်းလွန်းတယ်
Chapter(368) - မျိုးစိတ်အသစ်
Chapter(369) - လျှပ်စီးကို ဆွဲဆောင်နိုင်တဲ့ မှော်ရတနာ
Chapter(370) - ဇီဂဲက နေရာမှန်ကို ပြန်ရောက်လာပြီ
Chapter(371) - သဲလွန်စ မကျန်အောင် ပျောက်ကွယ်သွားသည်
Chapter(372) - အနောက်ဘက် တိုက်မကြီးကိုရောက်ပြီ
Chapter(373) - လျှိုမိသားစုကလူ
Chapter(374) - လျှိုမိသားစု၏ တောင်ပေါ်ဗီလာ
Chapter(375) - ဒေါသထွက်လွန်းလို့ သေလုနီးပါးပဲ
Chapter(376) - ညီအစ်ကိုတွေ လွတ်လွတ်လပ်လပ် စကားပြောကြသည်။
Chapter(377) - ချီမြို့သို့ ရောက်ရှိခြင်း
Chapter(378) - ကြီးမြတ်တဲ့ နတ်ဆိုး-စည်းတံဆိပ် အခင်းအကျင်း
Chapter(379) - ဝိညာဉ်ချီ စုဆောင်းတဲ့ မှော်ရတနာ
Chapter(380) - အားကျူ၏သတိပေးမှု
Chapter(381) - နတ်ဆိုးသားရဲ အင်္သေချေ တောအုပ်ထဲက ပြောင်းလဲမှု
Chapter(382) - အမတ မသေမျိုး လမ်းစဉ် ရှာဖွေခြင်းမြက် အမြူတေ
Chapter(383) - ယွမ်မိသားစုရဲ့ အရိပ်သက်တော်စောင့်များ
Chapter(384) - အမြီးကိုးချောင်းမြေခွေး
Chapter(385) - အမြီးကိုးချောင်းမြေခွေးရဲ့ ကတိကဝတ်
Chapter(386) - ဖြေဆေးသန့်စင်ခြင်း
Chapter(387) - ဖုံးကွယ်ထားသော ကောင်းချီးတစ်ခု
Chapter(388) - အချိန်မှီကယ်ဆယ်
Chapter(389) - မြောက်မြားလှသည့် မစ်ရှင်များ
Chapter(390) - အကြီးအကျယ် ရန်ဖြစ်ကြခြင်း
Chapter(391) - တိုက်ကြီးငါးတိုက်ရဲ့ စည်းတံဆိပ်
Chapter(392) - အနောက်ဘက်စွန်း
Chapter(393) - အတိတ်ဘဝဆက်ဆံရေး
Chapter(394) - ကန်တစ်ခုလုံး အေးခဲပစ်ခြင်း
Chapter(395) - သဟဇာတဖြစ်လှသည့် အဖွဲ့လိုက်တိုက်ပွဲ
Chapter(396) - ချောက်ကမ်းပါးစွန်း၏ တစ်ဘက်
Chapter(397) - ချောက်ကမ်းပါးအောက်မှာ ပိတ်မိခြင်း
Let's go to book (3)

Chapter(328) - အရမ်းရက်စက်တယ်

2.7K 685 42
By Xiao_Yiii

Unicode

အခန်း(၃၂၈) - အရမ်းရက်စက်တယ်

ယန်ထျန်းဟန်က ရုတ်တရက် ပြောလိုက်တာကြောင့် ချက်ချင်းပင် ချင်းကျူရဲ့ နာကျင်နေသော နေရာအား အတိအကျ ရိုက်ခတ်သွားသည်။ သို့သော်လည်း ချင်းကျူသည် အစောကတည်းက ထုံကျင်နေခဲ့ပြီဖြစ်တာကြောင့် သူ့နှလုံးသားရဲ့ နာကျင်မှုကို အမှန်တကယ် မခံစားရတော့ပေ။ ထိုအစားသူက နားမလည်နိုင်သည့် ရယ်မောမှုတစ်ခုသာ ပြုလုပ်လာသည်။

"သူက 'အမတလမ်းစဉ်ရှာဖွေခြင်းမြက်'ကိုပဲ လိုချင်တာ ဆိုရင်တော့ သေချာပေါက် ရိုးရှင်းတာပေါ့, ဖြစ်ချင်တော့ သူနဲ့ငါ့ကြားမှာ ဟိုးတုန်းကတည်းက ကံကြမ္မာတစ်ခု ရှိနေခဲ့တယ်လေ, သူက အဲ့ဒီ ကံကြမ္မာကို ဖြေရှင်းဖို့အတွက် လာခဲ့တာ"

ဒါက ကံကြမ္မာဖြစ်တာကြောင့် သူတို့နှစ်ယောက်ကြားထဲက ကိစ္စသာဖြစ်သည်။

ချင်းကျူက သူ့နှဖူးအား ညင်ညင်သာသာ ဖိနှိပ်ရင်းဖြင့် သက်ပြင်းချလေသည်။

"ကိစ္စတွေက နည်းနည်းတော့ ရှုပ်ထွေးတယ်, ဒီလို ရှုပ်ထွေးနေတဲ့ အတိတ်တွေကို ထုတ်မပြောချင်တော့ဘူး, ငါအားကျန်ကို နှိမ့်ကျစေမိပြီလို့ပဲ ခံစားရတာ......"

ထိုအချိန်တုန်းက လျှိုမုံချန်ရဲ့ နောက်ကြောင်းနဲ့ ရည်ရွယ်ချက်များကို ရှာတွေ့တဲ့အချိန်မှာ စိတ်ပျက်အားငယ်မှုနှင့် ကြောက်ရွံ့မှုတို့ ပြည့်နှက်နေခဲ့ရသည်။

ဒီကမ္ဘာပေါ်မှာ သူမှီခိုလို့ရတဲ့ တစ်ဦးတည်းသောလူက လင်ကျန်တစ်ယောက်တည်းသာ ရှိတာကြောင့် လျှိုမုံချန်ကို ဓားနဲ့ထိုးပြီးတာနဲ့ သဘာဝကျကျပင် သူအရင်းနှီးဆုံး ဆွေမျိုးအဖြစ် သတ်မှတ်ထားမိတဲ့ လင်ကျန်ဆီသာ အပြေးအလွှား ပြန်သွားမိ၏။

ချင်းကျူသည် မူလက လျှိုမုံချန်နှင့် ဖြစ်ပျက်ခဲ့သော ဆိုးရွားသည့်အရာများကို မဖော်ပြလိုသော်လည်း လင်ကျန်က သူ့ရဲ့ အတင်းအကျပ် ပြုံးထားရသည့် အပြုံးအား တစ်ချက်ကြည့်တာနဲ့ သိသွားမယ်လို့ မမျှော်လင့်ခဲ့မိပေ။

လင်ကျန်ရဲ့ စစ်ဆေးမေးမြန်းမှုအောက်တွင် ချင်းကျူက ဇာတ်လမ်းတစ်ခုလုံးကို ပြောပြခဲ့ရသည်။

လင်ကျန်က ရုတ်တရက် ဒေါသပေါက်ကွဲ သွားရသည်လေ။ သူက အရမ်းကို ဒေါသတကြီး ဖြစ်နေတာကြောင့် သူ့ဓားကိုကိုင်ဆွဲကာ လျှိုမုံချန်နဲ့အတူ သေသည်အထိ တိုက်ခိုက်ရန်ပင် လုပ်ဆောင်ခဲ့သည်။ သို့သော်လည်း ချင်းကျူက အိမ်ကနေ ထွက်ပြေးပြီး နောက်ဘယ်တော့မှ ပြန်မလာတော့ဘူးဟု ခြိမ်းခြောက်တော့မှသာ ထိုအတွေးကို လက်လျော့ခဲ့ခြင်းပင်။

လင်ကျန်သည် လျှိုမုံချန်က ချင်းကျူကို လိုက်ရှာနေကြောင်း သိလိုက်ရတာကြောင့် ချင်းကျူအား လျှို့ဝှက်နေရာတစ်ခုမှာ ဖုန်းကွယ်ပေးထားခဲ့ပြီး အဲ့ဒီနေရာမှာ ဆယ်နှစ်လောက် ကျင့်ကြံပြီးမှ ထွက်လာရန် အမိန့်ပေးခဲ့သည်။

ချင်းကျူသည်လည်း ထိုအချိန် အတောအတွင်းမှာ ရှင်သန်မှုတွင် ကြီးမားသည့် ဆုံးရှုံးမှုကို ခံစားခဲ့ရတာကြောင့် သူ့ကျင့်ကြံဆင့်က အလွန်ကျဆင်းသွားခဲ့သည်။ လင်ကျန်က လျှိုမုံချန်အား ဘယ်တော့မှ ပြဿနာ သွားမရှာပါဘူးလို့ ကတိပေးမှသာ ချင်းကျူက သဘောတူကြောင်း တုံ့ဆိုင်းစွာ ခေါင်းညိတ်ပြ၍ တံခါးပိတ်တရားကျင့်ကြံခြင်းကို ဝင်ရောက်ခဲ့တာကြောင့် သူ့စိတ်နှလုံး အေးချမ်းသွားခဲ့ရခြင်းပင်။

သို့သော်လည်း လင်ကျန်က လျှိုမုံချန်ကို သွားမရှာပါဘူးလို့ ကတိပေးရခြင်းသည် လင်ကျန်ဆီမှာ သူ့ဆီကို လျှိုမုံချန်ကိုယ်တိုင် လာရောက်စေမည့် နည်းလမ်းများစွာ ရှိသောကြောင့် ဆိုတာကိုတော့ ချင်းကျူဘယ်တုန်းကမှ မတွေးခဲ့မိ။

လျှိုမုံချန်က လင်ကျန်အား ချင်းကျူကို ထုတ်ပေးဖို့ ပြောခဲ့သော်လည်း လင်ကျန်ကတော့ ထိုသူ့ကို လှောင်ပြောင်ပြီး မထီမဲ့မြင်ပြုခဲ့ကာ ချင်းကျူရှိတဲ့နေရာကို ဘယ်တော့မှ ထုတ်မပြောဘူးဟု ပြောခဲ့၏။ လျှိုမုံချန်သည်လည်း ဒေါသ ထွက်သွားတာကြောင့် လင်ကျန်ရဲ့ ပိုင်ဆိုင်မှုများအား ဖျတ်ဆီးရန် ကြံရွယ်တော့သည်။

လင်ကျန်မှာက စိတ်မြန်တတ်ပြီး အရှေ့ဘက်တိုက်မကြီးမှာလည်း သူငယ်ချင်းများစွာရှိသည်။ သူက ယွမ်မိသားစုရဲ့ ထောက်ပံ့မှုပင် ရရှိထားလေသည်။ ထို့ကြောင့် လင်ကျန်ရှိနေဆဲ နှစ်များစွာမှာ သူ့ပိုင်ဆိုင်မှုများက ဆိုးရွားစွာ ပျက်စီးခြင်းမျိုး မရှိခဲ့ပေ။ သူက ဘေးဥပါဒ်များကို အကြိမ်ကြိမ် ရှောင်ရှားနိုင်ခဲ့သည်။

လျှိုမုံချန်ကလည်း လင်ကျန်ရဲ့ ပိုင်ဆိုင်မှုများနဲ့ပတ်သတ်လို့ ဘယ်လို အပြစ်ရှိစိတ် ရှိနေလဲ မသိသော်လည်း သူက ဘယ်တုန်းကမှ လင်ကျန်အား လွန်လွန်ကဲကဲ ဖိအားပေးတာ သို့မဟုတ် ထောင့်တစ်နေရာရောက်တဲ့အထိ တွန်းအားပေးတာမျိုး ဘယ်တုန်းကမှ မလုပ်ခဲ့ပေ။ သူက ချင်းကျူကို လွှဲပေးဖို့ကိုသာ အကြိမ်ကြိမ်ခြိမ်းခြောက် တောင်းဆိုခဲ့ခြင်းသာရှိသည်။

သို့သော်လည်း နောက်ပိုင်းမှာ လင်ကျန်ဆီတွင် မမျှော်လင့်ထားသည့် တစ်စုံတစ်ရာ ဖြစ်ပျက်သွားခဲ့၏။

လင်ကျန်၏ ကိုယ်ပိုင် စီးပွားရေး လုပ်ငန်းများသည် ထိုအချိန်မှစ၍ ကျဆင်းသွားခဲ့သည်။

"လအနည်းငယ်ကြာမှသာ တစ်စုံတစ်ခုတော့ မှားနေပြီဆိုတာကို နားလည်ခဲ့ရတာ"

ချင်းကျူက ဒေါသအပြည့်ဖြင့် စားပွဲကို အားလျော့စွာ ရိုက်လိုက်သည်။

"အားကျန်ကငါ့ကို တစ်လနှစ်လလောက်မှာ တစ်ခါလာတွေ့တတ်ပေမယ့် လွန်ခဲ့တဲ့ နှစ်နှစ်လုံးသူ့ကိုမတွေ့ရတော့ဘူး, ငါသူ့ကို သွားရှာဖို့ အပြင်ထွက်ချင်ပေမယ့် အားကျန်ရဲ့စက္ကူကြိုးကြာက သူ့အစားအချိန်ကိုက် ရောက်လာခဲ့ပြီး သူနှစ်အနည်းငယ်လောက် တိုက်ကြီးငါးတိုက်ကို လှည်ပတ် သွားလာမှာမို့လို့ ငါ့ကိုဘယ်နေရာမှ လျှောက်မသွားပဲ သူပြန်လာတာကို စောင့်နေလို့ ပြောခဲ့တာ......"

ထိုနေရာအရောက်မှာ ချင်းကျူသည် ဆို့နင့်လုနီးပါးပင်။

"တကယ်တော့ သူငါ့ကိုလိမ်ခဲ့တာပဲ, အကယ်၍ငါသာ အဲ့ဒီနေ့က ကြက်ပေါင်စားချင်လို့ဆိုပြီးတောင်ပေါ်က ခိုးမဆင်းခဲ့ရင် လင်မိသားစုမှာ ဒီလိုကိစ္စအကြီးအကျယ် ဖြစ်သွားခဲ့တာတောင် သိလိုက်မှာ မဟုတ်ဘူး...."

လင်ရွှမ်းဇီ, "..."

ချင်းကျူက တကယ့်ကို ကြက်ပေါင်နဲ့ ပတ်သတ်ပြီး ရှုပ်ထွေးမှုတစ်ချို့ ရှိနေတာပဲ

ယန်ထျန်းဟန်က အတွင်းပိုင်းမှာ ချဉ်စူးသလို ခံစားနေရသည်။ သူက လက်ကိုမြှောက်လိုက်ပြီး သူ့နှုတ်ခမ်းထောင့်လေးအား လက်ခုံဖြင့်သုတ်လိုက်၍ ဝမ်းနည်းနေသော မျက်နှာလေးဖြင့် ပြောလာ၏။

"အကိုကြီး, ကျွန်တော်လည်း ကြက်ပေါင်စားချင်တယ်"

လင်ရွှမ်းဇီ, "..."

ချင်းကျူ, "..."

ဖုန်ကျင်းယွီက ပြတင်းပေါက်ဘောင်ပေါ်ကို လာနားသည်။ သူ့ခေါင်းပေါ်က အမွေးလေးနှစ်ချောင်းက ထောင်နေ၏။ သူသည်လည်း ခေါင်းလေးကိုငုံ့ကာ သရေတယိုယိုဖြင့် ပြောလာသည်။

"ကြက်ကင်ဆိုင်ဖွင့်ကြရင်ရော? မင်းတို့ပြောတာကို နားထောင်တာနဲ့တင် ငါလည်း ကြက်ပေါင်ကြော်ကိုက်ချင်လာပြီ"

လင်ရွှမ်းဇီရဲ့ နှုတ်ခမ်းထောင်စွန်းများကတော့ ရှုံ့တွသွားရသည်။

ယန်ထျန်းဟန်ကတော့ ဒါက အကြံကောင်းလို့ ထင်မိသည်။

ချင်းကျူက ချက်ချင်းထရပ်လိုက်ကာ သူ့မျက်လုံးဖြင့် လှည့်ပတ်စစ်ဆေးလိုက်သည်။

"ဘယ်သူစကားပြောနေတာလဲ?"

ဒီလိုမျိုးလူကြီးလေသံနဲ့ပြောနေတဲ့ ကလေးဆန်တဲ့အသံက ချင်းကျူအတွက် သေချာပေါက် မရင်းနှီးတဲ့အသံပဲ။ သူဒီမှာ တောက်လျှောက်နေလာခဲ့တာ ဒီတစ်အိမ်လုံး စကားပြောနိုင်တဲ့ သတ္တဝါဆိုလို့ သူတစ်ယောက်တည်းသာ ရှိတယ်လို့ အမြဲယုံကြည်ခဲ့တာ။ တစ်ခြားသတ္တဝါဖြစ်တဲ့ ဖုန်ကျင်းယွီက စကားမပြောနိုင်ဘူးလို့ သူထင်ခဲ့တာလေ။

သို့သော်လည်း ဖုန်ကျင်းယွီအပေါ် ချင်းကျူရဲ့အမြင်သည် လင်းချီဂုအား အဆက်မပြတ် ပကျိပကျိ အော်မြည်ပြီး စနောက်နေသည့် သူ့ရဲ့အနှစ်သက်ဆုံး လှည့်ကွက်အပေါ် မူတည်နေသေးသည်။

ချင်းကျူရဲ့ အကြည့်က ဖုန်ကျင်းယွီအပေါ် ကျရောက်သွား၏။

ဖုန်ကျင်းယွီက စားပွဲခုံပေါ်သို့ ပျံသန်းလာပြီး ငေါ့တော့တော့ပြောလာသည်။

"အရူး, သေချာပေါက်ပဲ, မိစ္စာတွေနဲ့ သဘာဝ အပင်တွေကနေ ကူးပြောင်းလာတဲ့ အပင်ဝိညာဉ်တွေက ငတုံးတွေကြီးပဲ"

ချင်းကျူက အသက်ပြင်းပြင်းရှုလိုက်ပြီး ဖုန်ကျင်းယွီရဲ့ ခန္တာကိုယ် တုတ်တုတ်လေးအား လှမ်းဆုပ်ကိုင်လိုက်သည်။

ဖုန်ကျင်းယွီ, "..."

မင်းဦးလေးကိုပဲ!

"ဒီငှက်က အသိဉာဏ်ရနေပြီလား?" ချင်းကျူကမေးသည်။

ဖုန်ကျင်းယွီသည် ဖြစ်ညှစ်ခံရလွန်းလို့ မျက်ဖြူပင်လန်နေပေပြီ။ ဒါ့အပြင် ပါးစပ်ဖွင့်တာတောင် သူဘာမှမပြောနိုင်ပေ။

ယန်ထျန်းဟန်က သူ့ပါးစပ်လေးကို အုပ်ရင်းရယ်မော၏။

"သူက တောက်လျှောက် စကားပြောနိုင်ခဲ့တာပါ ဒါပေမဲ့ အရင်တုန်းက စကားမပြောရဲဘူးဆိုတာက အကိုကျူကျီကို ကြောက်အောင် လုပ်မိသွားမှာစိုးလို့"

"ဟစ်-" ချင်းကျူက အသက်ရှုသွင်းလိုက်ပြီး ရေရွတ်သည်။

"နည်းနည်းတော့ ရုပ်ဆိုးတယ်နော် ဒါပေမဲ့ အောက်ပိုင်းက ငှက်မွေးလေးတွေနဲ့ ခေါင်းပေါ်က အမွေးတွေက တော်တော်ကောင်းတယ်ဆိုတော့ ယပ်တောင်လုပ်ဖို့အတွက် အမွှေးဆုတ်လိုက်လို့ရတယ်"

ဖုန်ကျင်းယွီ, "..."

ငါမင်းရဲ့ ဘိုးဘေးဆယ့်ရှစ်ဆယ့်ကို နှုတ်ဆက်တယ်!

မင်းကမှ ရုပ်ဆိုးတာ, မင်းတို့တစ်အိမ်သားလုံးကမှ ရုပ်ဆိုးတာ!

အား, သူက ဒီအမွှေးလေးတွေကိုတောင် လာနှုတ်ချင်နေသေးတယ်, ဒီဘုရင်က မင်းကို မီးတစ်မှုတ်ထဲနဲ့ သတ်ပစ်မယ်!

ချင်းကျူက ဖုန်ကျင်းယွီအား ဆုပ်ကိုင်ထားရာမှ ဖြေလျှော့လိုက်ပြီး အနည်းငယ် တောင်းပန်လိုက်သည်။

"စိတ်မကောင်းပါဘူး, ငါနည်းနည်း စိတ်လှုပ်ရှားသွားလို့"

ဖုန်ကျင်းယွီက ချင်းကျူအား မျက်စောင်းထိုးပြီး ဘုရင်တစ်ပါးရဲ့ မထီမဲ့မြင်ပြုသော အကြည့်တစ်ချက် ပစ်ခွင်းလိုက်သည်။

"ငရဲလို တုံးအတယ်, လှည့်ဖြားခံရဖို့ ထိုက်တန်ပါတယ်" ဖုန်ကျင်းယွီက ကျိန်ဆဲလာ၏။

သို့သော်လည်း ချင်းကျူက ယခုအခါမှာ အားအင်တွေ တက်ကြွနေလေသည်။ သူလူ့အသွင် မဆောင်နိုင်ခင်က စကားပြောနိုင်တဲ့ ငှက်မျိုးကို မြင်ဖူးတာ ရှားပါးလှသည်။ ဖုန်ကျင်းယွီအား သူ့လက်ချောင်းဖြင့် ကြိမ်ဖန်များစွာ မထိုးပဲ မနေနိုင်တော့ပေ။

"ဒါကဘာငှက်လဲ? ဘာလို့ နတ်ဆိုးသားရဲအင်္သေချေတောအုပ်မှာ ဒီလိုငှက်မျိုး တစ်ခါမှ မမြင်ဖူးရတာလဲ?"

"အကယ်၍ ပြောလိုက်ရင် ငါမင်းကို သေအောင် ကြောက်လန့် သွားစေလိမ့်မယ်!"ဖုန်ကျင်းယွီက ဂုဏ်ယူဝံ့ကြွားစွာပြောလေသည်။

"ဒီဘုရင်က ကောင်းကင်ဘုံနဲ့ ကမ္ဘာမြေပေါ်မှာ တစ်ကောင်တည်းသော ဖီးနစ်ကွ!"

ချင်းကျူက ရပ်တန့်သွားသည်။

"ဒွိလိင်လား?"

ဖုန်ကျင်းယွီမှာ ခြေချော်သွားပြီး စားပွဲပေါ် ပြုတ်ကျသွားတော့၏။။

"ငါပြောတာမှားလို့လား? ယောကျာ်းလေးက 'ဖုန့်' မိန်းကလေးက 'ဟွမ်' လေ ဒါပေမဲ့မင်းက ဖုန်ရောဟွမ့်ရော ဆိုတော့ ဒွိလိင်မဟုတ်ဘူးလား?"

(T/N - ဖီးနစ်က တရုတ်လို ဖုန့်ဟွမ်ပါ)

ချင်းကျူက ကျိုးကြောင်းဆီလျော်လှစွာဖြင့် တွက်ချက်ပြီး ရှင်းပြပေးသည်။

ဖုန်ကျင်းယွီက စားပွဲခုံအား သူ့တောင်ပံလေးနဲ့ ဒေါတကြီး ရိုက်လေသည်။

"ပါးစပ်ပိတ်ထား, မင်း, မင်းကိုယ်မင်း အရမ်းသိနေပြီလို့ ထင်နေတာလား? မင်းကဘာမှမသိဘူး! လောင်ဇီက ကောင်လေးကွ ကောင်လေး!"

ချင်းကျူကလည်း စိတ်မဆိုးပေ။ အဆက်မပြတ် ပကျိပကျိ အော်နေတာထက်စာရင် ဒီငှက်ကလေးက အရင်ကထက် အများကြီး ပိုချစ်စရာကောင်းတယ်လို့ သူခံစားရသည်လေ။ သူက အလွန်သဘောကောင်းတာကြောင့် ဖုန်ကျင်းယွီပြောသမျှကို လုံးဝဂရုမစိုက်ဘူး

ချင်းကျူရဲ့ အေးဆေးဖော်ရွေသော သဘောထားနှင့် နှိုင်းယှဉ်ရင် ဖုန်ကျင်းယွီကတော့ ဒေါသပေါက်ကွဲခါနီးနေလေပြီ။ အထူးသဖြင့်သူ့ကို ချင်းကျူက ယောကျာ်းလေးလား မိန်းကလေးလား စစ်ဆေးဖို့ လုပ်တဲ့အချိန်မှာ ဖုန်ကျင်းယွီက ခုန်ထလာပြီး သူ့မျက်နှာအား တောင်ပံဖြင့်ရိုက်ကာ ဒေါသတကြီးအော်ဟစ်တော့သည်။

"မင်းလူယုတ်မာ!"

ချင်းကျူကသူ့လက်ချောင်း နှစ်ချောင်းကို ဆန့်ထုတ်လိုက်ပြီး ဖုန်ကျင်းယွီရဲ့ ခေါင်းလေးအား အပြုံးဖြင့် ပွတ်သပ်ပေးကာ သူ့အမွှေးလေးများကို သပ်ချပေးလိုက်သည်။

"လိမ်လိမ်မာမာနေ, ကလေးဆိုတာ လူကြီးတွေ စကားပြောနေရင် ဝင်မနှောင့်ယှက်ရဘူး, သွားပြီး အားကုနဲ့ကစားချေဦး, ငါထင်တာတော့ မင်းတို့နှစ်ယောက်က အတော်လေး အဆင်ပြေကြပုံပဲ"

ဖုန်ကျင်းယွီ, "..."

မင်းဦးလေးကိုပဲ! ဒီဘုရင်က သူ့အခွံကို ခွဲထွတ်လာနိုင်တဲ့အချိန်မှာ မင်းက မျိုးစေ့လေးတစ်စေ့ လောက်ပဲ ရှိဦးမှာများ!

သို့သော်လည်း ပြတင်းပေါက်အပြင်ဘက်မှာ လင်းချီကုရဲ့ အသွင်အပြင် ပေါ်လာတဲ့ တစ်ခဏမှာပဲ ဖုန်ကျင်းယွီက သူ့အတောင်ပံလေးကို တစ်ဖြတ်ဖြတ်ခါပြီး ပျံထွက်သွားတော့၏။

သူပျံထွက်မသွားခင်မှာ ပြောသွားသေးသည်။

"မင်းရဲ့ ပြိုင်ဘက်ကို ရိုက်နိုင်ပါ့မလားဆိုတာ မသေချာခင် ကိုယ့်သေကြောင်းကိုယ်မရှာ အကောင်းဆုံးပဲ"

ချင်းကျူ, "..."

ဖုန်ကျင်းယွီ ထွက်သွားပြီးနောက် အခန်းထဲက လေထုက အတော်လေး အနေခက်စရာ ဖြစ်သွားသည်။

လင်ရွှမ်းဇီက နူးညံ့စွာ ချောင်းဟန့်လိုက်ပြီး အခန်းထဲက တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်၏။

"တကယ်တော့, ကျွန်တော့်အဖေရဲ့ ပိုင်ဆိုင်မှုတွေက လက်မောင်း အနည်းငယ်လောက် ယာယီဖြတ်တောက် ခံလိုက်ရရင်တောင် ကျွန်တော့အပေါ် သိပ်ပြီးသက်ရောက်မှု မရှိသေးဘူး, ငြိမ်းအေးခြင်းဆေးပင်စံအိမ် ပျောက်ပျက်သွားရင်တောင် အဲ့ဒါက ပြန်တည်ဆောက်လို့ရသေးတယ်"

လက်တုန့်ပြန်ဖို့အတွက် တတ်နိုင်သမျှ နည်းလမ်းတွေ အသုံးပြုစရာမှ မလိုအပ်တာလေ။

သေချာပေါက် သူလျှိုမုံချန်ကို အနိုင်ယူနိုင်မယ် ဆိုရင်တော့ တစ်ခြားကိစ္စတွေက ပြောနေစရာ မလိုဘူးပေါ့။

ယန်ထျန်းဟန်သည်လည်း သူတို့တွေ လျှိုမုံချန်ကို ရန်စလို့ မရဘူးဆိုတာ နားလည်တာကြောင့် ခေါင်းညိတ်သည်။

"ကျွန်တော်အကိုကြီးစကားကို ထောက်ခံတယ်, ကျွန်တော်တို့မှာ တစ်ခြားလုပ်စရာတွေရှိသေးတယ်လေ, ကျွန်တော်တို့ရဲ့ အချိန်တွေကို အဲ့ဒီလိုလူမျိုးဆီမှာ ဖြုန်းတီးစရာမှ မလိုတာ"

သို့သော်လည်း ချင်းကျူက စားပွဲခုံကို ရိုက်ချလိုက်ပြီး သူ့အသံက ဒေါသများပြည့်နှက်နေသည်။

"အဲ့ဒီလောက် မရိုးရှင်းဘူး, သူနဲ့ငါ့ကြားက နက်ရှိုင်းတဲ့ အမုန်းတရားတွေကို ထားဦး, သူအားကျန်ကို လုပ်ခဲ့တဲ့ အရာတွေနဲ့တင် ဒါက သေချာပေါက် ကျော်သွားသင့်တဲ့ အရာမဟုတ်ဘူး!"

"ကျွန်တော်ပြောချင်တာက လောလောဆယ် လျှိုမုံချန်ကို ချိတ်ကနေ ခဏလွှတ်ပေးထားသင့်တယ်လို့, အနာဂတ်မှာ ကျွန်တော်တို့ ပိုအားကောင်းလာတဲ့အချိန်မှ သူ့ကိုလက်စားချေဖို့ သွားရှာရင်လည်း နောက်မကျသေးပါဘူး 'လူကြီးလူကောင်းတစ်ယောက်အနေနဲ့ ဆယ်နှစ်ကြာပြီးမှ လက်စားချေရင်တောင် အချိန်မနှောင်းသေးဘူး' လို့ပြောကြတယ်လေ မဟုတ်ဘူးလား?" လင်ရွှမ်းဇီက လိမ္မာပါးနပ်စွာ အကြံပြုသည်။

ချင်းကျူက အသက်ကိုပြင်းပြင်း ရှုလိုက်ပြီး လင်ရွှမ်းဇီအား စိုက်ကြည့်လိုက်၏။

"စိတ်မပူနဲ့, ငါသူ့ကို သူစားထားသမျှ အရာအားလုံး ပြန်ထွေးထုတ်စေရမယ်, သူ့ရည်ရွယ်ချက်က ငါ့အတွက် ဒုက္ခတွေ့စေချင်တာဆိုတော့ ငါသူ့ရှေ့မှာ ပေါ်သွားခဲ့ရင် သူမင်းတို့တွေကို ပြဿနာရှာမှာ မဟုတ်တော့ဘူး......."

"အကိုကျူကျီ, ဘာတွေပြောနေတာလဲ? ဒီစကားပြောတာ ကျွန်တော့ကို လှောင်ပြောင်နေတာပဲ မဟုတ်ဘူးလား?"

လင်ရွှမ်းဇီက ချင်းကျူရဲ့ စကားကို ကြားဖြတ်ပြောလိုက်သည်။

"သူကျွန်တော့ကို ပြဿနာလာရှာမှာကို မစိုးရိမ်ဘူး ကျွန်တော်စိုးရိမ်တာက သူ့ရည်ရွယ်ချက်က အကိုဖြစ်နေတာကိုပဲ, အကယ်၍ အကိုသာ သူ့ကိုအရင်စပြီး သွားရှာမယ်ဆိုရင် သူ့ရည်ရွယ်ချက်အတိုင်း အတိအကျ ဖြစ်သွားမှာပေါ့ ပြီးတော့ သူကနောက်ပိုင်း လွယ်လွယ်နဲ့ အလျော့ပေးမှာ မဟုတ်တော့ဘူး"

ချင်းကျူရဲ့ မျက်လုံးထဲမှာ အေးစက်စက် အလင်းတစ်ချက် ဖြတ်ပြေးသွားခဲ့ပြီး သူ့လက်သီးအား တင်းတင်းကြပ်ကြပ် ဆုပ်လိုက်သည်။

"ငါသူနဲ့ အလွယ်တကူ မဖြစ်နိုင်တော့တာ ကြာပါပြီ, သူငါ့အပေါ် ဘာလုပ်နိုင်မလဲ ကြည့်ချင်ပါသေးရဲ့"

ဒါကိုမြင်တော့ လင်ရွှမ်းဇီက စကားပြောချင်ပေမယ့်လည်း တုံ့ဆိုင်းသွားမိသည်။

လင်ကျန်ကြောင့်ပဲဖြစ်ဖြစ် သူ့ကြောင့်ပဲဖြစ်ဖြစ် ချင်းကျူရဲ့ ဒေါသတွေ တောက်လောင်နေတာကို သူမြင်လိုက်ရတော့ ချင်းကျူက ဒီအာဃာတကို ဘယ်တော့မှ အလွယ်တကူ မျိုချနိုင်မှာ မဟုတ်ဘူးလေ။

ထပ်ပြောနေလည်း အသုံးမဝင်တော့ဘူး။ အဆုံးမှာတော့ လင်ရွှမ်းဇီက တစ်ခြားစကားသာ ပြောလိုက်ရသည်။

"အကယ်၍ အကိုကျူကျီ သူ့ကိုတွေ့ရင် အကို့ကျင့်ကြံဆင့် မမြင့်ဘူးဆိုပြီး အလျော့ပေးစရာ မလိုဘူး, တကယ်ဆိုရင် သူ့ညီက ကျွန်တော့လက်ထဲမှာပဲလေ, အဆိုးဆုံး သူ့ကိုဓားစာခံ လုပ်လိုက်ရုံပေါ့"

ယန်ထျန်းဟန်က လင်ရွှမ်းဇီအား လှမ်းကြည့်လာသည်။

"အကိုကြီးက ပြောင်းလဲသွားပြီ, အကိုကြီးအရင်က ဒီလိုမဟုတ်ပါဘူး"

လင်ရွှမ်းဇီက နက်ရှိုင်းလှတဲ့ အဓိပ္ပါယ်ဖြင့် တုန့်ပြန်လာ၏။

"အထူး အခြေအနေ တွေမှာ အထူး လုပ်ဆောင်မှုတွေ လိုအပ်တယ်၊ လူယုတ်မာတွေနဲ့ ဆက်ဆံတဲ့အခါ လူကြီးလူကောင်းတစ်ယောက်ရဲ့ နည်းလမ်းကို သုံးလို့မရဘူး"

"ဒါအမှန်ပဲ!"

ချင်းကျူက ဒေါသတကြီးဖြင့် သူ့အင်္ကျီလက်ကို ခေါက်တင်လိုက်သည်။

"လျှိုမုံချန်, အဲ့ဒီခွေးကောင်က ငါ့နောက်ကွယ်မှာ အားကျန်ကို ပစ်မှတ်ထားရဲသေးတယ်, ငြိမ်းအေးခြင်းဆေးပင်စံအိမ် ကိစ္စနဲ့ ပတ်သတ်ပြီး ရှင်းရှင်းလင်းလင်း မရှင်းပြနိုင်ပဲ ငါတို့ခံစားခဲ့ရတဲ့ ဆုံးရှုံးမှုတွေအတွက် အလျော်မပေးဘူးဆိုရင် ငါသူ့ညီကို တိုက်ရိုက်သွားသတ်၊ သူ့ခေါင်းကိုဖြတ်ပြီး လျှိုမုံချန်ကို ပစ်ပေးလိုက်မယ်, ဘယ်သူက ပိုရက်စက်နိုင်မလဲ ကြည့်ကြတာပေါ့!"

ယန်ထျန်းဟန်, "..."

ပုံမှန်ဆိုရင် ညင်သာသိမ်မွေ့တဲ့ ကိုကိုကျူကျီလည်း ပြောင်းလဲသွားပြီလို့ သူခံစားလိုက်ရတယ်

လျှိုကျောက်ယွဲ့ရဲ့ ခေါင်းပြတ်ထွက်သွားတဲ့ မြင်ကွင်းကို စဉ်းစားကြည့်မိတော့ ချက်ချင်းပဲ ချင်းကျူက အရမ်းရက်စက်တယ်လို့ ခံစားရတယ်!

ရက်စက်သည်ဖြစ်စေ မရက်စက်သည်ဖြစ်စေ ချင်းကျူကတော့ လျှိုမုံချန်အား ပြဿနာရှာရန် ဆုံးဖြတ်ခဲ့သည်။ သို့သော် ချင်းကျူက နက်ရှိုင်းမြို့ကနေထွက်ခွာပြီး အနောက်ဘက်တိုက်မကြီးရဲ့ လျှိုမိသားစုနေအိမ်သွားကာ အသေခံဖို့တော့ မရည်ရွယ်ထားပေ။ အဲ့ဒီအစား သူက ဘေးကနေသာ ဖြတ်တောက်မှုတွေ လုပ်ဖို့အတွက် ယုန့်ထိုင်အိမ်တော်မှာ အရင်ဆုံး ကြီးမားတဲ့ ဗရုတ်သုတ်ခတွေ လုပ်ဖို့ ဆုံးဖြတ်ချက်ချလိုက်သည်။

လာမည့်ရက်အနည်းငယ်တွင်းမှာ လင်ရွှမ်းဇီက ဆုမို၏ အကြုံပြုချက်ဖြင့် အရှေ့ဘက်တိုက်မကြီးရဲ့ ကုန်သည်အစည်းအရုံး ဒုတိယအုပ်ချုပ်သူကဲ့သို့ အရေးကြီးပုဂ္ဂိုလ်များနဲ့ တွေ့ဆုံခဲ့ပြီး နက်ရှိုင်းမြို့အတွင်းရှိ ဝူနဲ့*လျိုမိသားစုလိုမျိုး ဒေသခံ သူဌေးများဆီသို့လည်း တရားဝင်သွားရောက် လည်ပတ်ခဲ့သည်။

အစမှအဆုံးထိ လင်ရွှမ်းဇီက အကြီးအကဲတွေနဲ့ တွေ့ဆုံတဲ့အချိန်မှာ မောက်မာမှုမျိုး မရှိတဲ့ မျိုးဆက်သစ် လူငယ်တစ်ဦးရဲ့ ပုံစံကို အပြည့်အဝ ခံယူထားရုံသာမက ကုန်သည်အဖွဲ့ဝင် အများအပြား၏ နှလုံးသားကို သိမ်းပိုက်နိုင်သော သူ့ရဲ့  ဣန္ဒြေရမှု၊ ရက်ရောမှု၊ စာနာမှုတို့ကို ပြသခဲ့သည်။ အနည်းဆုံးတော့ သူ့ကိုတွေ့တဲ့လူတိုင်းက အဆက်မပြတ် ချီးမွမ်းကြပြီး မျက်နှာသာများ ပေးကြသည်လေ။ သူတို့က လင်ရွှမ်းဇီနဲ့ စီးပွားရေးလုပ်ရန် သွေးဆောင်ခံလိုက်ကြရသည်။

လင်ရွှမ်းဇီသည် လင်မိသားစု၏ စီးပွားရေးလုပ်ငန်းများအတွက် လမ်းခင်းပေးရုံသာမက သူ၏ကိုယ်ပိုင် စီးပွားရေးလုပ်ငန်းများအတွက်လည်း အုတ်မြစ်ချခဲ့သည်။ လင်မိသားစု၏ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အထွေထွေလမ်းညွှန်ချက်ကို ဆွေးနွေးပြီးနောက် သူသည် ၎င်း၏ကိုယ်ပိုင်အမည်ဖြင့် ကုန်သည်များအသင်းတွင် ပါဝင်ရန် ရည်ရွယ်ချက်ကိုလည်း အထူးအဆိုပြုခဲ့၏။ ကုန်သည်အစည်းအရုံး၏ အုပ်ချုပ်သူသည် လက်မှုအတတ်မှာ တစ်ဖတ်ကမ်းခတ်သည့် လင်ရွှမ်းဇီ၏ အရည်အချင်းကြောင့် အလွန်အထင်ကြီးနေမိတာပင်။ သဘာဝကျကျပင် သူကလည်း လင်ရွှမ်းဇီ၏ တောင်းဆိုချက်ဖြစ်သော သူပါ ပါဝင်ခွင့်အဆိုပြုချက်အား အတည်ပြုခွင့်ရသည့်အတွက် ဝမ်းသာနေမိ၏။

ငါးရက်ကြာပြီးနောက်မှာ ပြီးမြောက်ပြီးသား ဆေးများကို အထူးတလှယ် ရောင်းချသည့် လင်ရွှမ်းဇီ၏ 'ဆေးနှလုံးသားစံအိမ်'၊ သန့်စင်သည့် ကုန်ကြမ်းများနဲ့ အဂ္ဂိရတ်ပါဝင်ပစ္စည်းများ အထူးတလှယ် ရောင်းချသည့် 'ယင်ယန်ဆိုင်'နှင့် အချောသတ်ပြီးသား လက်နက်များ အထူးတလှယ် ရောင်းချသည့် 'ကောင်းကင်နှင့်ကမ္ဘာစံအိမ်' တို့အား နက်ရှိုင်းမြို့တွင် တစ်ပြိုင်နက်တည်း ဖွင့်လှစ်လိုက်သည်။

ထိုနေ့တွင် ကုန်သည်အစည်းအရုံး၏ ခေါင်းဆောင်နှင့် ဒုတိယခေါင်းဆောင်၊ နက်ရှိုင်းမြို့၏ အကြီးမားဆုံး မိသားစုမှ သခင်ကြီးနှင့် သူ့ဇနီးသည်ဖြစ်သည့် ယွမ်မိသားစုတို့အပြင် ဒေသခံသူဌေးများဖြစ်သော ဝူနှင့်လျိုမိသားစု ဆခါင်းဆောင်များအားလုံးက လက်ဆောင်များနဲ့အတူ ဂုဏ်ပြုရန် ရောက်လာကြသည်။ ထိုအချင်းအရာအား လျော့ဈေးများစွာနဲ့အတူ ပေါင်းစပ်လိုက်သောအခါ ဝယ်ယူသည့်သူများစွာရဲ့ သိချင်စိတ်အား သဘာဝကျကျပင် ဆွဲဆောင်သွားတော့လေသည်။

ဆေးနှလုံးသားစံအိမ်ပဲဖြစ်ဖြစ် ယန်ယန်ဆိုင်ပဲဖြစ်ဖြစ် ကောင်းကင်နှင့်ကမ္ဘာစံအိမ်ပဲဖြစ်ဖြစ် တစ်ခြားမိသားစုများနဲ့ မတူသည်မှာ သူတို့က ပစ္စည်းများ ရောင်းချယုံတင်မကပဲ ဖောက်သည်များဆီကပါ ပြန်လည်ဝယ်ယူကြတာဖြစ်သည်။

19.12.2021

=========

Translator Note

လျှိုမုံချန် က လျှို (流)နဲ့ ဒေသခံမိသားစုဆိုတဲ့ လျို(刘)က အင်္ဂလိပ်လိုရေးရင် Liu ဆိုပြီး အတူတူပဲ ပေါင်းပါတယ်။ ဒါပေမဲ့ တရုတ်လိုက ရေးတာကွာတာမို့လို့ ညီမလည်း ဟထိုးထည့်တာနဲ့ မထည့်တာ ခြားပေးလိုက်ပါတယ်နော်။ပြောမယ်ဆိုရင် မျိုးရိုးမတူပါဘူး

=========

Next Episode

ဆိုင်ရှင်များကို အနိုင်ယူပါ။

=========
Zawgyi

အခန္း(၃၂၈) - အရမ္းရက္စက္တယ္

ယန္ထ်န္းဟန္က ႐ုတ္တရက္ ေျပာလိ္ုက္တာေၾကာင့္ ခ်က္ခ်င္းပင္ ခ်င္းက်ဴရဲ႔ နာက်င္ေနေသာ ေနရာအား အတိအက် ႐ိုက္ခတ္သြားသည္။ သို႔ေသာ္လည္း ခ်င္းက်ဴသည္ အေစာကတည္းက ထံုက်င္ေနခဲ့ၿပီျဖစ္တာေၾကာင့္ သူ႔ႏွလံုးသားရဲ႔ နာက်င္မႈကို အမွန္တကယ္ မခံစားရေတာ့ေပ။ ထိုအစားသူက နားမလည္ႏိုင္သည့္ ရယ္ေမာမႈတစ္ခုသာ ျပဳလုပ္လာသည္။

"သူက 'အမတလမ္းစဥ္ရွာေဖြျခင္းျမက္'ကိုပဲ လိုခ်င္တာ ဆိုရင္ေတာ့ ေသခ်ာေပါက္ ႐ိုးရွင္းတာေပါ့, ျဖစ္ခ်င္ေတာ့ သူနဲ႔ငါ့ၾကားမွာ ဟိုးတုန္းကတည္းက ကံၾကမၼာတစ္ခု ရွိေနခဲ့တယ္ေလ, သူက အဲ့ဒီ ကံၾကမၼာကို ေျဖရွင္းဖို႔အတြက္ လာခဲ့တာ"

ဒါက ကံၾကမၼာျဖစ္တာေၾကာင့္ သူတို႔ႏွစ္ေယာက္ၾကားထဲက ကိစၥသာျဖစ္သည္။

ခ်င္းက်ဴက သူ႔ႏွဖူးအား ညင္ညင္သာသာ ဖိႏွိပ္ရင္းျဖင့္ သက္ျပင္းခ်ေလသည္။

"ကိစၥေတြက နည္းနည္းေတာ့ ရႈပ္ေထြးတယ္, ဒီလို ရႈပ္ေထြးေနတဲ့ အတိတ္ေတြကို ထုတ္မေျပာခ်င္ေတာ့ဘူး, ငါအားက်န္ကို ႏွိမ့္က်ေစမိၿပီလို႔ပဲ ခံစားရတာ......"

ထိုအခ်ိန္တုန္းက လွ်ိဳမံုခ်န္ရဲ႔ ေနာက္ေၾကာင္းနဲ႔ ရည္ရြယ္ခ်က္မ်ားကို ရွာေတြ႕တဲ့အခ်ိန္မွာ စိတ္ပ်က္အားငယ္မႈႏွင့္ ေၾကာက္႐ြံ႕မႈတို႔ ျပည့္ႏွက္ေနခဲ့ရသည္။

ဒီကမာၻေပၚမွာ သူမွီခိုလို႔ရတဲ့ တစ္ဦးတည္းေသာလူက လင္က်န္တစ္ေယာက္တည္းသာ ရွိတာေၾကာင့္ လွ်ိဳမံုခ်န္ကို ဓားနဲ႔ထိုးၿပီးတာနဲ႔ သဘာဝက်က်ပင္ သူအရင္းႏွီးဆံုး ေဆြမ်ိဳးအျဖစ္ သတ္မွတ္ထားမိတဲ့ လင္က်န္ဆီသာ အေျပးအလႊား ျပန္သြားမိ၏။

ခ်င္းက်ဴသည္ မူလက လွ်ိဳမံုခ်န္ႏွင့္ ျဖစ္ပ်က္ခဲ့ေသာ ဆိုး႐ြားသည့္အရာမ်ားကို မေဖာ္ျပလိုေသာ္လည္း လင္က်န္က သူ႔ရဲ႔ အတင္းအက်ပ္ ျပံဳးထားရသည့္ အျပံဳးအား တစ္ခ်က္ၾကည့္တာနဲ႔ သိသြားမယ္လို႔ မေမွ်ာ္လင့္ခဲ့မိေပ။

လင္က်န္ရဲ႔ စစ္ေဆးေမးျမန္းမႈေအာက္တြင္ ခ်င္းက်ဴက ဇာတ္လမ္းတစ္ခုလုံးကို ေျပာျပခဲ့ရသည္။

လင္က်န္က ႐ုတ္တရက္ ေဒါသေပါက္ကြဲ သြားရသည္ေလ။ သူက အရမ္းကို ေဒါသတႀကီး ျဖစ္ေနတာေၾကာင့္ သူ႔ဓားကိုကိုင္ဆြဲကာ လွ်ိဳမံုခ်န္နဲ႔အတူ ေသသည္အထိ တိုက္ခိုက္ရန္ပင္ လုပ္ေဆာင္ခဲ့သည္။ သို႔ေသာ္လည္း ခ်င္းက်ဴက အိမ္ကေန ထြက္ေျပးၿပီး ေနာက္ဘယ္ေတာ့မွ ျပန္မလာေတာ့ဘူးဟု ၿခိမ္းေျခာက္ေတာ့မွသာ ထိုအေတြးကို လက္ေလ်ာ့ခဲ့ျခင္းပင္။

လင္က်န္သည္ လွ်ိဳမံုခ်န္က ခ်င္းက်ဴကို လိုက္ရွာေနေၾကာင္း သိလိုက္ရတာေၾကာင့္ ခ်င္းက်ဴအား လွ်ိဳ႔ဝွက္ေနရာတစ္ခုမွာ ဖုန္းကြယ္ေပးထားခဲ့ၿပီး အဲ့ဒီေနရာမွာ ဆယ္ႏွစ္ေလာက္ က်င့္ၾကံၿပီးမွ ထြက္လာရန္ အမိန္႔ေပးခဲ့သည္။

ခ်င္းက်ဴသည္လည္း ထိုအခ်ိန္ အေတာအတြင္းမွာ ရွင္သန္မႈတြင္ ႀကီးမားသည့္ ဆံုးရွံဳးမႈကို ခံစားခဲ့ရတာေၾကာင့္ သူ႔က်င့္ၾကံဆင့္က အလြန္က်ဆင္းသြားခဲ့သည္။ လင္က်န္က လွ်ိဳမံုခ်န္အား ဘယ္ေတာ့မွ ျပႆနာ သြားမရွာပါဘူးလို႔ ကတိေပးမွသာ ခ်င္းက်ဴက သေဘာတူေၾကာင္း တုံ႔ဆိုင္းစြာ ေခါငး္ညိတ္ျပ၍ တံခါးပိတ္တရားက်င့္ၾကံျခင္းကို ဝင္ေရာက္ခဲ့တာေၾကာင့္ သူ႔စိတ္ႏွလံုး ေအးခ်မ္းသြားခဲ့ရျခင္းပင္။

သို႔ေသာ္လည္း လင္က်န္က လွ်ိဳမံုခ်န္ကို သြားမရွာပါဘူးလို႔ ကတိေပးရျခင္းသည္ လင္က်န္ဆီမွာ သူ႔ဆီကို လွ်ိဳမံုခ်န္ကိုယ္တိုင္ လာေရာက္ေစမည့္ နည္းလမ္းမ်ားစြာ ရွိေသာေၾကာင့္ ဆိုတာကိုေတာ့ ခ်င္းက်ဴဘယ္တုန္းကမွ မေတြးခဲ့မိ။

လွ်ိဳမံုခ်န္က လင္က်န္အား ခ်င္းက်ဴကို ထုတ္ေပးဖို႔ ေျပာခဲ့ေသာ္လည္း လင္က်န္ကေတာ့ ထိုသူ႔ကို ေလွာင္ေျပာင္ၿပီး မထီမဲ့ျမင္ျပဳခဲ့ကာ ခ်င္းက်ဴရွိတဲ့ေနရာကို ဘယ္ေတာ့မွ ထုတ္မေျပာဘူးဟု ေျပာခဲ့၏။ လွ်ိဳမံုခ်န္သည္လည္း ေဒါသ ထြက္သြားတာေၾကာင့္ လင္က်န္ရဲ႔ ပိုင္ဆိုင္မႈမ်ားအား ဖ်တ္ဆီးရန္ ၾကံရြယ္ေတာ့သည္။

လင္က်န္မွာက စိတ္ျမန္တတ္ၿပီး အေရွ႕ဘက္တိုက္မႀကီးမွာလည္း သူငယ္ခ်င္းမ်ားစြာရွိသည္။ သူက ယြမ္မိသားစုရဲ႔ ေထာက္ပံ့မႈပင္ ရရွိထားေလသည္။ ထို႔ေၾကာင့္ လင္က်န္ရွိေနဆဲ ႏွစ္မ်ားစြာမွာ သူ႔ပိုင္ဆိုင္မႈမ်ားက ဆိုးရြားစြာ ပ်က္စီးျခင္းမ်ိဳး မရွိခဲ့ေပ။ သူက ေဘးဥပါဒ္မ်ားကို အႀကိမ္ႀကိမ္ ေရွာင္ရွားႏိုင္ခဲ့သည္။

လွ်ိဳမံုခ်န္ကလည္း လင္က်န္ရဲ႔ ပိုင္ဆိုင္မႈမ်ားနဲ႔ပတ္သတ္လို႔ ဘယ္လို အျပစ္ရွိစိတ္ ရွိေနလဲ မသိေသာ္လည္း သူက ဘယ္တုန္းကမွ လင္က်န္အား လြန္လြန္ကဲကဲ ဖိအားေပးတာ သို႔မဟုတ္ ေထာင့္တစ္ေနရာေရာက္တဲ့အထိ တြန္းအားေပးတာမ်ိဳး ဘယ္တုန္းကမွ မလုပ္ခဲ့ေပ။ သူက ခ်င္းက်ဴကို လႊဲေပးဖို႔ကိုသာ အႀကိမ္ႀကိမ္ၿခိမ္းေျခာက္ ေတာင္းဆိုခဲ့ျခင္းသာရွိသည္။

သို႔ေသာ္လည္း ေနာက္ပိုင္းမွာ လင္က်န္ဆီတြင္ မေမွ်ာ္လင့္ထားသည့္ တစ္စံုတစ္ရာ ျဖစ္ပ်က္သြားခဲ့၏။

လင္က်န္၏ ကိုယ္ပိုင္ စီးပြားေရး လုပ္ငန္းမ်ားသည္ ထိုအခ်ိန္မွစ၍ က်ဆင္းသြားခဲ့သည္။

"လအနည္းငယ္ၾကာမွသာ တစ္စံုတစ္ခုေတာ့ မွားေနၿပီဆိုတာကို နားလည္ခဲ့ရတာ"

ခ်င္းက်ဴက ေဒါသအျပည့္ျဖင့္ စားပြဲကို အားေလ်ာ့စြာ ႐ိုက္လိုက္သည္။

"အားက်န္ကငါ့ကို တစ္လႏွစ္လေလာက္မွာ တစ္ခါလာေတြ႕တတ္ေပမယ့္ လြန္ခဲ့တဲ့ ႏွစ္ႏွစ္လံုးသူ႔ကိုမေတြ႕ရေတာ့ဘူး, ငါသူ႔ကို သြားရွာဖို႔ အျပင္ထြက္ခ်င္ေပမယ့္ အားက်န္ရဲ႔စကၠဴႀကိဳးၾကာက သူ႔အစားအခ်ိန္ကိုက္ ေရာက္လာခဲ့ၿပီး သူႏွစ္အနည္းငယ္ေလာက္ တိုက္ႀကီးငါးတိုက္ကို လွည္ပတ္ သြားလာမွာမို႔လို႔ ငါ့ကိုဘယ္ေနရာမွ ေလွ်ာက္မသြားပဲ သူျပန္လာတာကို ေစာင့္ေနလို႔ ေျပာခဲ့တာ......"

ထိုေနရာအေရာက္မွာ ခ်င္းက်ဴသည္ ဆို႔နင့္လုနီးပါးပင္။

"တကယ္ေတာ့ သူငါ့ကိုလိမ္ခဲ့တာပဲ, အကယ္၍ငါသာ အဲ့ဒီေန႔က ၾကက္ေပါင္စားခ်င္လို႔ဆိုၿပီးေတာင္ေပၚက ခိုးမဆင္းခဲ့ရင္ လင္မိသားစုမွာ ဒီလိုကိစၥအႀကီးအက်ယ္ ျဖစ္သြားခဲ့တာေတာင္ သိလိုက္မွာ မဟုတ္ဘူး...."

လင္ရႊမ္းဇီ, "..."

ခ်င္းက်ဴက တကယ့္ကို ၾကက္ေပါင္နဲ႔ ပတ္သတ္ၿပီး ရႈပ္ေထြးမႈတစ္ခ်ိဳ႔ ရွိေနတာပဲ

ယန္ထ်န္းဟန္က အတြင္းပိုင္းမွာ ခ်ဥ္စူးသလို ခံစားေနရသည္။ သူက လက္ကိုေႁမွာက္လိုက္ၿပီး သူ႔ႏႈတ္ခမ္းေထာင့္ေလးအား လက္ခံုျဖင့္သုတ္လိုက္၍ ဝမ္းနည္းေနေသာ မ်က္ႏွာေလးျဖင့္ ေျပာလာ၏။

"အကိုႀကီး, ကၽြန္ေတာ္လည္း ၾကက္ေပါင္စားခ်င္တယ္"

လင္ရႊမ္းဇီ, "..."

ခ်င္းက်ဴ, "..."

ဖုန္က်င္းယြီက ျပတင္းေပါက္ေဘာင္ေပၚကို လာနားသည္။ သူ႔ေခါင္းေပၚက အေမြးေလးႏွစ္ေခ်ာင္းက ေထာင္ေန၏။ သူသည္လည္း ေခါင္းေလးကိုငံု႔ကာ သေရတယိုယိုျဖင့္ ေျပာလာသည္။

"ၾကက္ကင္ဆိုင္ဖြင့္ၾကရင္ေရာ? မင္းတို႔ေျပာတာကို နားေထာင္တာနဲ႔တင္ ငါလည္း ၾကက္ေပါင္ေၾကာ္ကိုက္ခ်င္လာၿပီ"

လင္ရႊမ္းဇီရဲ႔ ႏႈတ္ခမ္းေထာင္စြန္းမ်ားကေတာ့ ရွံဳ႔တြသြားရသည္။

ယန္ထ်န္းဟန္ကေတာ့ ဒါက အၾကံေကာင္းလို႔ ထင္မိသည္။

ခ်င္းက်ဴက ခ်က္ခ်င္းထရပ္လိုက္ကာ သူ႔မ်က္လံုးျဖင့္ လွည့္ပတ္စစ္ေဆးလိုက္သည္။

"ဘယ္သူစကားေျပာေနတာလဲ?"

ဒီလိုမ်ိဳးလူႀကီးေလသံနဲ႔ေျပာေနတဲ့ ကေလးဆန္တဲ့အသံက ခ်င္းက်ဴအတြက္ ေသခ်ာေပါက္ မရင္းႏွီးတဲ့အသံပဲ။ သူဒီမွာ ေတာက္ေလွ်ာက္ေနလာခဲ့တာ ဒီတစ္အိမ္လံုး စကားေျပာႏိုင္တဲ့ သတၱဝါဆိုလို႔ သူတစ္ေယာက္တည္းသာ ရွိတယ္လို႔ အၿမဲယံုၾကည္ခဲ့တာ။ တစ္ျခားသတၱဝါျဖစ္တဲ့ ဖုန္က်င္းယြီက စကားမေျပာႏိုင္ဘူးလို႔ သူထင္ခဲ့တာေလ။

သို႔ေသာ္လည္း ဖုန္က်င္းယြီအေပၚ ခ်င္းက်ဴရဲ႔အျမင္သည္ လင္းခ်ီဂုအား အဆက္မျပတ္ ပက်ိပက်ိ ေအာ္ျမည္ၿပီး စေနာက္ေနသည့္ သူ႔ရဲ႔အႏွစ္သက္ဆံုး လွည့္ကြက္အေပၚ မူတည္ေနေသးသည္။

ခ်င္းက်ဴရဲ႔ အၾကည့္က ဖုန္က်င္းယြီအေပၚ က်ေရာက္သြား၏။

ဖုန္က်င္းယြီက စားပြဲခံုေပၚသို႔ ပ်ံသန္းလာၿပီး ေငါ့ေတာ့ေတာ့ေျပာလာသည္။

"အ႐ူး, ေသခ်ာေပါက္ပဲ, မိစၥာေတြနဲ႔ သဘာဝ အပင္ေတြကေန ကူးေျပာင္းလာတဲ့ အပင္ဝိညာဥ္ေတြက ငတံုးေတြႀကီးပဲ"

ခ်င္းက်ဴက အသက္ျပင္းျပင္းရွဳလိုက္ၿပီး ဖုန္က်င္းယြီရဲ႔ ခႏာၱကိုယ္ တုတ္တုတ္ေလးအား လွမ္းဆုပ္ကိုင္လိုက္သည္။

ဖုန္က်င္းယြီ, "..."

မင္းဦးေလးကိုပဲ!

"ဒီငွက္က အသိဉာဏ္ရေနၿပီလား?" ခ်င္းက်ဴကေမးသည္။

ဖုန္က်င္းယြီသည္ ျဖစ္ၫွစ္ခံရလြန္းလို႔ မ်က္ျဖဴပင္လန္ေနေပၿပီ။ ဒါ့အျပင္ ပါးစပ္ဖြင့္တာေတာင္ သူဘာမွမေျပာႏိုင္ေပ။

ယန္ထ်န္းဟန္က သူ႔ပါးစပ္ေလးကို အုပ္ရင္းရယ္ေမာ၏။

"သူက ေတာက္ေလွ်ာက္ စကားေျပာႏိုင္ခဲ့တာပါ ဒါေပမဲ့ အရင္တုန္းက စကားမေျပာရဲဘူးဆိုတာက အကိုက်ဴက်ီကို ေၾကာက္ေအာင္ လုပ္မိသြားမွာစိုးလို႔"

"ဟစ္-" ခ်င္းက်ဴက အသက္ရႈသြင္းလိုက္ၿပီး ေရရြတ္သည္။

"နည္းနည္းေတာ့ ႐ုပ္ဆိုးတယ္ေနာ္ ဒါေပမဲ့ ေအာက္ပိုင္းက ငွက္ေမြးေလးေတြနဲ႔ ေခါင္းေပၚက အေမြးေတြက ေတာ္ေတာ္ေကာင္းတယ္ဆိုေတာ့ ယပ္ေတာင္လုပ္ဖို႔အတြက္ အေမႊးဆုတ္လိုက္လို႔ရတယ္"

ဖုန္က်င္းယြီ, "..."

ငါမင္းရဲ႔ ဘိုးေဘးဆယ့္ရွစ္ဆယ့္ကို ႏွဳတ္ဆက္တယ္!

မင္းကမွ ႐ုပ္ဆိုးတာ, မင္းတို႔တစ္အိမ္သားလံုးကမွ ႐ုပ္ဆိုးတာ!

အား, သူက ဒီအေမႊးေလးေတြကိုေတာင္ လာႏႈတ္ခ်င္ေနေသးတယ္, ဒီဘုရင္က မင္းကို မီးတစ္မႈတ္ထဲနဲ႔ သတ္ပစ္မယ္!

ခ်င္းက်ဴက ဖုန္က်င္းယြီအား ဆုပ္ကိုင္ထားရာမွ ေျဖေလွ်ာ့လိုက္ၿပီး အနည္းငယ္ ေတာင္းပန္လိုက္သည္။

"စိတ္မေကာင္းပါဘူး, ငါနည္းနည္း စိတ္လႈပ္ရွားသြားလို႔"

ဖုန္က်င္းယြီက ခ်င္းက်ဴအား မ်က္ေစာင္းထိုးၿပီး ဘုရင္တစ္ပါးရဲ႔ မထီမဲ့ျမင္ျပဳေသာ အၾကည့္တစ္ခ်က္ ပစ္ခြင္းလိုက္သည္။

"ငရဲလို တံုးအတယ္, လွည့္ျဖားခံရဖို႔ ထိုက္တန္ပါတယ္" ဖုန္က်င္းယြီက က်ိန္ဆဲလာ၏။

သို႔ေသာ္လည္း ခ်င္းက်ဴက ယခုအခါမွာ အားအင္ေတြ တက္ႂကြေနေလသည္။ သူလူ႔အသြင္ မေဆာင္ႏိုင္ခင္က စကားေျပာႏိုင္တဲ့ ငွက္မ်ိဳးကို ျမင္ဖူးတာ ရွားပါးလွသည္။ ဖုန္က်င္းယြီအား သူ႔လက္ေခ်ာင္းျဖင့္ ႀကိမ္ဖန္မ်ားစြာ မထိုးပဲ မေနႏိုင္ေတာ့ေပ။

"ဒါကဘာငွက္လဲ? ဘာလို႔ နတ္ဆိုးသားရဲအေသၤေခ်ေတာအုပ္မွာ ဒီလိုငွက္မ်ိဳး တစ္ခါမွ မျမင္ဖူးရတာလဲ?"

"အကယ္၍ ေျပာလိုက္ရင္ ငါမင္းကို ေသေအာင္ ေၾကာက္လန္႔ သြားေစလိမ့္မယ္!"ဖုန္က်င္းယြီက ဂုဏ္ယူဝံ့ႂကြားစြာေျပာေလသည္။

"ဒီဘုရင္က ေကာင္းကင္ဘံုနဲ႔ ကမာၻေျမေပၚမွာ တစ္ေကာင္တည္းေသာ ဖီးနစ္ကြ!"

ခ်င္းက်ဴက ရပ္တန္႔သြားသည္။

"ဒြိလိင္လား?"

ဖုန္က်င္းယြီမွာ ေျခေခ်ာ္သြားၿပီး စားပြဲေပၚ ျပဳတ္က်သြားေတာ့၏။။

"ငါေျပာတာမွားလို႔လား? ေယာက်ာ္းေလးက 'ဖုန္႕' မိန္းကေလးက 'ဟြမ္' ေလ ဒါေပမဲ့မင္းက ဖုန္ေရာဟြမ့္ေရာ ဆိုေတာ့ ဒြိလိင္မဟုတ္ဘူးလား?"

(T/N - ဖီးနစ္က တ႐ုတ္လို ဖုန္႔ဟြမ္ပါ)

ခ်င္းက်ဴက က်ိဳးေၾကာင္းဆီေလ်ာ္လွစြာျဖင့္ တြက္ခ်က္ၿပီး ရွင္းျပေပးသည္။

ဖုန္က်င္းယြီက စားပြဲခံုအား သူ႔ေတာင္ပံေလးနဲ႔ ေဒါတႀကီး ႐ိုက္ေလသည္။

"ပါးစပ္ပိတ္ထား, မင္း, မင္းကိုယ္မင္း အရမ္းသိေနၿပီလို႔ ထင္ေနတာလား? မင္းကဘာမွမသိဘူး! ေလာင္ဇီက ေကာင္ေလးကြ ေကာင္ေလး!"

ခ်င္းက်ဴကလည္း စိ္တ္မဆိုးေပ။ အဆက္မျပတ္ ပက်ိပက်ိ ေအာ္ေနတာထက္စာရင္ ဒီငွက္ကေလးက အရင္ကထက္ အမ်ားႀကီး ပိုခ်စ္စရာေကာင္းတယ္လို႔ သူခံစားရသည္ေလ။ သူက အလြန္သေဘာေကာင္းတာေၾကာင့္ ဖုန္က်င္းယြီေျပာသမွ်ကို လံုးဝဂ႐ုမစိုက္ဘူး

ခ်င္းက်ဴရဲ႔ ေအးေဆးေဖာ္ေ႐ြေသာ သေဘာထားႏွင့္ ႏႈိင္းယွဥ္ရင္ ဖုန္က်င္းယြီကေတာ့ ေဒါသေပါက္ကြဲခါနီးေနေလၿပီ။ အထူးသျဖင့္သူ႔ကို ခ်င္းက်ဴက ေယာက်ာ္းေလးလား မိန္းကေလးလား စစ္ေဆးဖို႔ လုပ္တဲ့အခ်ိန္မွာ ဖုန္က်င္းယြီက ခုန္ထလာၿပီး သူ႔မ်က္ႏွာအား ေတာင္ပံျဖင့္႐ိုက္ကာ ေဒါသတႀကီးေအာ္ဟစ္ေတာ့သည္။

"မင္းလူယုတ္မာ!"

ခ်င္းက်ဴကသူ႔လက္ေခ်ာင္း ႏွစ္ေခ်ာင္းကို ဆန္႔ထုတ္လိုက္ၿပီး ဖုန္က်င္းယြီရဲ႔ ေခါင္းေလးအား အျပံဳးျဖင့္ ပြတ္သပ္ေပးကာ သူ႔အေမႊးေလးမ်ားကို သပ္ခ်ေပးလိုက္သည္။

"လိမ္လိမ္မာမာေန, ကေလးဆိုတာ လူႀကီးေတြ စကားေျပာေနရင္ ဝင္မေႏွာင့္ယွက္ရဘူး, သြားၿပီး အားကုနဲ႔ကစားေခ်ဦး, ငါထင္တာေတာ့ မင္းတို႔ႏွစ္ေယာက္က အေတာ္ေလး အဆင္ေျပၾကပံုပဲ"

ဖုန္က်င္းယြီ, "..."

မင္းဦးေလးကိုပဲ! ဒီဘုရင္က သူ႔အခြံကို ခြဲထြတ္လာႏိုင္တဲ့အခ်ိန္မွာ မင္းက မ်ိဳးေစ့ေလးတစ္ေစ့ ေလာက္ပဲ ရွိဦးမွာမ်ား!

သို႔ေသာ္လည္း ျပတင္းေပါက္အျပင္ဘက္မွာ လင္းခ်ီကုရဲ႔ အသြင္အျပင္ ေပၚလာတဲ့ တစ္ခဏမွာပဲ ဖုန္က်င္းယြီက သူ႔အေတာင္ပံေလးကို တစ္ျဖတ္ျဖတ္ခါၿပီး ပ်ံထြက္သြားေတာ့၏။

သူပ်ံထြက္မသြားခင္မွာ ေျပာသြားေသးသည္။

"မင္းရဲ႔ ၿပိဳင္ဘက္ကို ႐ိုက္ႏိုင္ပါ့မလားဆိုတာ မေသခ်ာခင္ ကိုယ့္ေသေၾကာင္းကိုယ္မရွာ အေကာင္းဆံုးပဲ"

ခ်င္းက်ဴ, "..."

ဖုန္က်င္းယြီ ထြက္သြားၿပီးေနာက္ အခန္းထဲက ေလထုက အေတာ္ေလး အေနခက္စရာ ျဖစ္သြားသည္။

လင္ရႊမ္းဇီက ႏူးညံ့စြာ ေခ်ာင္းဟန္႔လိုက္ၿပီး အခန္းထဲက တိတ္ဆိတ္မႈကို ၿဖိဳခြင္းလိုက္၏။

"တကယ္ေတာ့, ကၽြန္ေတာ့္အေဖရဲ႔ ပိုင္ဆိုင္မႈေတြက လက္ေမာင္း အနည္းငယ္ေလာက္ ယာယီျဖတ္ေတာက္ ခံလိုက္ရရင္ေတာင္ ကၽြန္ေတာ့အေပၚ သိပ္ၿပီးသက္ေရာက္မႈ မရွိေသးဘူး, ၿငိမ္းေအးျခင္းေဆးပင္စံအိမ္ ေပ်ာက္ပ်က္သြားရင္ေတာင္ အဲ့ဒါက ျပန္တည္ေဆာက္လို႔ရေသးတယ္"

လက္တုန္႔ျပန္ဖို႔အတြက္ တတ္ႏိုင္သမွ် နည္းလမ္းေတြ အသံုးျပဳစရာမွ မလိုအပ္တာေလ။

ေသခ်ာေပါက္ သူလွ်ိဳမံုခ်န္ကို အႏိုင္ယူႏိုင္မယ္ ဆိုရင္ေတာ့ တစ္ျခားကိစၥေတြက ေျပာေနစရာ မလိုဘူးေပါ့။

ယန္ထ်န္းဟန္သည္လည္း သူတို႔ေတြ လွ်ိဳမံုခ်န္ကို ရန္စလို႔ မရဘူးဆိုတာ နားလည္တာေၾကာင့္ ေခါင္းညိတ္သည္။

"ကၽြန္ေတာ္အကိုႀကီးစကားကို ေထာက္ခံတယ္, ကၽြန္ေတာ္တို႔မွာ တစ္ျခားလုပ္စရာေတြရွိေသးတယ္ေလ, ကၽြန္ေတာ္တို႔ရဲ႔ အခ်ိန္ေတြကို အဲ့ဒီလိုလူမ်ိဳးဆီမွာ ျဖဳန္းတီးစရာမွ မလိုတာ"

သို႔ေသာ္လည္း ခ်င္းက်ဴက စားပြဲခံုကို ႐ိုက္ခ်လိုက္ၿပီး သူ႔အသံက ေဒါသမ်ားျပည့္ႏွက္ေနသည္။

"အဲ့ဒီေလာက္ မ႐ိုးရွင္းဘူး, သူနဲ႔ငါ့ၾကားက နက္႐ွိဳင္းတဲ့ အမုန္းတရားေတြကို ထားဦး, သူအားက်န္ကို လုပ္ခဲ့တဲ့ အရာေတြနဲ႔တင္ ဒါက ေသခ်ာေပါက္ ေက်ာ္သြားသင့္တဲ့ အရာမဟုတ္ဘူး!"

"ကၽြန္ေတာ္ေျပာခ်င္တာက ေလာေလာဆယ္ လွ်ိဳမံုခ်န္ကို ခ်ိတ္ကေန ခဏလႊတ္ေပးထားသင့္တယ္လို႔, အနာဂတ္မွာ ကၽြန္ေတာ္တို႔ ပိုအားေကာင္းလာတဲ့အခ်ိန္မွ သူ႔ကိုလက္စားေခ်ဖို႔ သြားရွာရင္လည္း ေနာက္မက်ေသးပါဘူး 'လူႀကီးလူေကာင္းတစ္ေယာက္အေနနဲ႔ ဆယ္ႏွစ္ၾကာၿပီးမွ လက္စားေခ်ရင္ေတာင္ အခ်ိန္မေႏွာင္းေသးဘူး' လို႔ေျပာၾကတယ္ေလ မဟုတ္ဘူးလား?" လင္ရႊမ္းဇီက လိမၼာပါးနပ္စြာ အႀကံျပဳသည္။

ခ်င္းက်ဴက အသက္ကိုျပင္းျပင္း ရွဳလိုက္ၿပီး လင္ရႊမ္းဇီအား စိုက္ၾကည့္လိုက္၏။

"စိတ္မပူနဲ႔, ငါသူ႔ကို သူစားထားသမွ် အရာအားလံုး ျပန္ေထြးထုတ္ေစရမယ္, သူ႔ရည္ရြယ္ခ်က္က ငါ့အတြက္ ဒုကၡေတြ႕ေစခ်င္တာဆိုေတာ့ ငါသူ႔ေရွ႔မွာ ေပၚသြားခဲ့ရင္ သူမင္းတို႔ေတြကို ျပႆနာရွာမွာ မဟုတ္ေတာ့ဘူး......."

"အကိုက်ဴက်ီ, ဘာေတြေျပာေနတာလဲ? ဒီစကားေျပာတာ ကၽြန္ေတာ့ကို ေလွာင္ေျပာင္ေနတာပဲ မဟုတ္ဘူးလား?"

လင္ရႊမ္းဇီက ခ်င္းက်ဴရဲ႔ စကားကို ၾကားျဖတ္ေျပာလိုက္သည္။

"သူကၽြန္ေတာ့ကို ျပႆနာလာရွာမွာကို မစိုးရိမ္ဘူး ကၽြန္ေတာ္စိုးရိမ္တာက သူ႔ရည္ရြယ္ခ်က္က အကိုျဖစ္ေနတာကိုပဲ, အကယ္၍ အကိုသာ သူ႔ကိုအရင္စၿပီး သြားရွာမယ္ဆိုရင္ သူ႔ရည္ရြယ္ခ်က္အတိုင္း အတိအက် ျဖစ္သြားမွာေပါ့ ၿပီးေတာ့ သူကေနာက္ပိုင္း လြယ္လြယ္နဲ႔ အေလ်ာ့ေပးမွာ မဟုတ္ေတာ့ဘူး"

ခ်င္းက်ဴရဲ႔ မ်က္လံုးထဲမွာ ေအးစက္စက္ အလင္းတစ္ခ်က္ ျဖတ္ေျပးသြားခဲ့ၿပီး သူ႔လက္သီးအား တင္းတင္းၾကပ္ၾကပ္ ဆုပ္လိုက္သည္။

"ငါသူနဲ႔ အလြယ္တကူ မျဖစ္ႏိုင္ေတာ့တာ ၾကာပါၿပီ, သူငါ့အေပၚ ဘာလုပ္ႏိုင္မလဲ ၾကည့္ခ်င္ပါေသးရဲ႔"

ဒါကိုျမင္ေတာ့ လင္ရႊမ္းဇီက စကားေျပာခ်င္ေပမယ့္လည္း တုံ႔ဆိုင္းသြားမိသည္။

လင္က်န္ေၾကာင့္ပဲျဖစ္ျဖစ္ သူ႔ေၾကာင့္ပဲျဖစ္ျဖစ္ ခ်င္းက်ဴရဲ႔ ေဒါသေတြ ေတာက္ေလာင္ေနတာကို သူျမင္လိုက္ရေတာ့ ခ်င္းက်ဴက ဒီအာဃာတကို ဘယ္ေတာ့မွ အလြယ္တကူ မ်ိဳခ်ႏိုင္မွာ မဟုတ္ဘူးေလ။

ထပ္ေျပာေနလည္း အသံုးမဝင္ေတာ့ဘူး။ အဆံုးမွာေတာ့ လင္ရႊမ္းဇီက တစ္ျခားစကားသာ ေျပာလိုက္ရသည္။

"အကယ္၍ အကိုက်ဴက်ီ သူ႔ကိုေတြ႕ရင္ အကို႔က်င့္ၾကံဆင့္ မျမင့္ဘူးဆိုၿပီး အေလ်ာ့ေပးစရာ မလိုဘူး, တကယ္ဆိုရင္ သူ႔ညီက ကၽြန္ေတာ့လက္ထဲမွာပဲေလ, အဆိုးဆံုး သူ႔ကိုဓားစာခံ လုပ္လိုက္ရံုေပါ့"

ယန္ထ်န္းဟန္က လင္ရႊမ္းဇီအား လွမ္းၾကည့္လာသည္။

"အကိုႀကီးက ေျပာင္းလဲသြားၿပီ, အကိုႀကီးအရင္က ဒီိလိုမဟုတ္ပါဘူး"

လင္ရႊမ္းဇီက နက္႐ွိဳင္းလွတဲ့ အဓိပၸါယ္ျဖင့္ တုန္႔ျပန္လာ၏။

"အထူး အေျခအေန ေတြမွာ အထူး လုပ္ေဆာင္မႈေတြ လိုအပ္တယ္၊ လူယုတ္မာေတြနဲ႔ ဆက္ဆံတဲ့အခါ လူႀကီးလူေကာင္းတစ္ေယာက္ရဲ႕ နည္းလမ္းကို သံုးလို႔မရဘူး"

"ဒါအမွန္ပဲ!"

ခ်င္းက်ဴက ေဒါသတႀကီးျဖင့္ သူ႔အက်ႌလက္ကို ေခါက္တင္လိုက္သည္။

"လွ်ိဳမံုခ်န္, အဲ့ဒီေခြးေကာင္က ငါ့ေနာက္ကြယ္မွာ အားက်န္ကို ပစ္မွတ္ထားရဲေသးတယ္, ၿငိမ္းေအးျခင္းေဆးပင္စံအိမ္ ကိစၥနဲ႔ ပတ္သတ္ၿပီး ရွင္းရွင္းလင္းလင္း မရွင္းျပႏိုင္ပဲ ငါတို႔ခံစားခဲ့ရတဲ့ ဆံုးရွံုးမႈေတြအတြက္ အေလ်ာ္မေပးဘူးဆိုရင္ ငါသူ႔ညီကို တိုက္႐ိုက္သြားသတ္၊ သူ႔ေခါင္းကိုျဖတ္ၿပီး လွ်ိဳမံုခ်န္ကို ပစ္ေပးလိုက္မယ္, ဘယ္သူက ပိုရက္စက္ႏိုင္မလဲ ၾကည့္ၾကတာေပါ့!"

ယန္ထ်န္းဟန္, "..."

ပံုမွန္ဆိုရင္ ညင္သာသိမ္ေမြ႕တဲ့ ကိုကိုက်ဴက်ီလည္း ေျပာင္းလဲသြားၿပီလို႔ သူခံစားလိုက္ရတယ္

လွ်ိဳေက်ာက္ယြဲ႔ရဲ႔ ေခါင္းျပတ္ထြက္သြားတဲ့ ျမင္ကြင္းကို စဥ္းစားၾကည့္မိေတာ့ ခ်က္ခ်င္းပဲ ခ်င္းက်ဴက အရမ္းရက္စက္တယ္လို႔ ခံစားရတယ္!

ရက္စက္သည္ျဖစ္ေစ မရက္စက္သည္ျဖစ္ေစ ခ်င္းက်ဴကေတာ့ လွ်ိဳမံုခ်န္အား ျပႆနာရွာရန္ ဆုံးျဖတ္ခဲ့သည္။ သို႔ေသာ္ ခ်င္းက်ဴက နက္႐ွိဳင္းၿမိဳ႔ကေနထြက္ခြာၿပီး အေနာက္ဘက္တိုက္မႀကီးရဲ႔ လွ်ိဳမိသားစုေနအိမ္သြားကာ အေသခံဖို႔ေတာ့ မရည္ရြယ္ထားေပ။ အဲ့ဒီအစား သူက ေဘးကေနသာ ျဖတ္ေတာက္မႈေတြ လုပ္ဖို႔အတြက္ ယုန္႔ထိုင္အိမ္ေတာ္မွာ အရင္ဆံုး ႀကီးမားတဲ့ ဗ႐ုတ္သုတ္ခေတြ လုပ္ဖို႔ ဆံုးျဖတ္ခ်က္ခ်လိုက္သည္။

လာမည့္ရက္အနည္းငယ္တြင္းမွာ လင္ရႊမ္းဇီက ဆုမို၏ အၾကံဳျပဳခ်က္ျဖင့္ အေရွ႕ဘက္တိုက္မႀကီးရဲ႔ ကုန္သည္အစည္းအရံုး ဒုတိယအုပ္ခ်ဳပ္သူကဲ့သို႔ အေရးႀကီးပုဂၢိဳလ္မ်ားနဲ႔ ေတြ႕ဆံုခဲ့ၿပီး နက္႐ွိဳင္းၿမိဳ႔အတြင္းရွိ ဝူနဲ႔*လ်ိဳမိသားစုလိုမ်ိဳး ေဒသခံ သူေဌးမ်ားဆီသို႔လည္း တရားဝင္သြားေရာက္ လည္ပတ္ခဲ့သည္။

အစမွအဆံုးထိ လင္ရႊမ္းဇီက အႀကီးအကဲေတြနဲ႔ ေတြ႕ဆံုတဲ့အခ်ိန္မွာ ေမာက္မာမႈမ်ိဳး မရွိတဲ့ မ်ိဳးဆက္သစ္ လူငယ္တစ္ဦးရဲ႔ ပံုစံကို အျပည့္အဝ ခံယူထားရံုသာမက ကုန္သည္အဖြဲ႔ဝင္ အမ်ားအျပား၏ ႏွလံုးသားကို သိမ္းပိုက္ႏိုင္ေသာ သူ႔ရဲ႔  ဣေျႏၵရမႈ၊ ရက္ေရာမႈ၊ စာနာမႈတို႔ကို ျပသခဲ့သည္။ အနည္းဆံုးေတာ့ သူ႔ကိုေတြ႕တဲ့လူတိုင္းက အဆက္မျပတ္ ခ်ီးမြမ္းၾကၿပီး မ်က္ႏွာသာမ်ား ေပးၾကသည္ေလ။ သူတို႔က လင္ရႊမ္းဇီနဲ႔ စီးပြားေရးလုပ္ရန္ ေသြးေဆာင္ခံလိုက္ၾကရသည္။

လင္ရႊမ္းဇီသည္ လင္မိသားစု၏ စီးပြားေရးလုပ္ငန္းမ်ားအတြက္ လမ္းခင္းေပး႐ုံသာမက သူ၏ကိုယ္ပိုင္ စီးပြားေရးလုပ္ငန္းမ်ားအတြက္လည္း အုတ္ျမစ္ခ်ခဲ့သည္။ လင္မိသားစု၏ ဖြံ႕ၿဖိဳးတိုးတက္မႈဆိုင္ရာ အေထြေထြလမ္းၫႊန္ခ်က္ကို ေဆြးေႏြးၿပီးေနာက္ သူသည္ ၎၏ကိုယ္ပိုင္အမည္ျဖင့္ ကုန္သည္မ်ားအသင္းတြင္ ပါဝင္ရန္ ရည္႐ြယ္ခ်က္ကိုလည္း အထူးအဆိုျပဳခဲ့၏။ ကုန္သည္အစည္းအရံုး၏ အုပ္ခ်ဳပ္သူသည္ လက္မႈအတတ္မွာ တစ္ဖတ္ကမ္းခတ္သည့္ လင္ရႊမ္းဇီ၏ အရည္အခ်င္းေၾကာင့္ အလြန္အထင္ႀကီးေနမိတာပင္။ သဘာဝက်က်ပင္ သူကလည္း လင္ရႊမ္းဇီ၏ ေတာင္းဆိုခ်က္ျဖစ္ေသာ သူပါ ပါဝင္ခြင့္အဆိုျပဳခ်က္အား အတည္ျပဳခြင့္ရသည့္အတြက္ ဝမ္းသာေနမိ၏။

ငါးရက္ၾကာၿပီးေနာက္မွာ ၿပီးေျမာက္ၿပီးသား ေဆးမ်ားကို အထူးတလွယ္ ေရာင္းခ်သည့္ လင္ရႊမ္းဇီ၏ 'ေဆးႏွလံုးသားစံအိမ္'၊ သန္႔စင္သည့္ ကုန္ၾကမ္းမ်ားနဲ႔ အဂၢိရတ္ပါဝင္ပစၥည္းမ်ား အထူးတလွယ္ ေရာင္းခ်သည့္ 'ယင္ယန္ဆိုင္'ႏွင့္ အေခ်ာသတ္ၿပီးသား လက္နက္မ်ား အထူးတလွယ္ ေရာင္းခ်သည့္ 'ေကာင္းကင္ႏွင့္ကမာၻစံအိမ္' တို႔အား နက္႐ွိဳင္းၿမိဳ႔တြင္ တစ္ၿပိဳင္နက္တည္း ဖြင့္လွစ္လိုက္သည္။

ထိုေန႔တြင္ ကုန္သည္အစည္းအရံုး၏ ေခါင္းေဆာင္ႏွင့္ ဒုတိယေခါင္းေဆာင္၊ နက္႐ွိဳင္းၿမိဳ႔၏ အႀကီးမားဆံုး မိသားစုမွ သခင္ႀကီးႏွင့္ သူ႔ဇနီးသည္ျဖစ္သည့္ ယြမ္မိသားစုတို႔အျပင္ ေဒသခံသူေဌးမ်ားျဖစ္ေသာ ဝူႏွင့္လ်ိဳမိသားစု ဆခါင္းေဆာင္မ်ားအားလံုးက လက္ေဆာင္မ်ားနဲ႔အတူ ဂုဏ္ျပဳရန္ ေရာက္လာၾကသည္။ ထိုအခ်င္းအရာအား ေလ်ာ့ေစ်းမ်ားစြာနဲ႔အတူ ေပါင္းစပ္လိုက္ေသာအခါ ဝယ္ယူသည့္သူမ်ားစြာရဲ႔ သိခ်င္စိတ္အား သဘာဝက်က်ပင္ ဆြဲေဆာင္သြားေတာ့ေလသည္။

ေဆးႏွလံုးသားစံအိမ္ပဲျဖစ္ျဖစ္ ယန္ယန္ဆိုင္ပဲျဖစ္ျဖစ္ ေကာင္းကင္ႏွင့္ကမာၻစံအိမ္ပဲျဖစ္ျဖစ္ တစ္ျခားမိသားစုမ်ားနဲ႔ မတူသည္မွာ သူတို႔က ပစၥည္းမ်ား ေရာင္းခ်ယံုတင္မကပဲ ေဖာက္သည္မ်ားဆီကပါ ျပန္လည္ဝယ္ယူၾကတာျဖစ္သည္။

19.12.2021

=========

Translator Note

လွ်ိဳမံုခ်န္ က လွ်ိဳ (流)နဲ႔ ေဒသခံမိသားစုဆိုတဲ့ လ်ိဳ(刘)က အဂၤလိပ္လိုေရးရင္ Liu ဆိုၿပီး အတူတူပဲ ေပါင္းပါတယ္။ ဒါေပမဲ့ တ႐ုတ္လိုက ေရးတာကြာတာမို႔လို႔ ညီမလည္း ဟထိုးထည့္တာနဲ႔ မထည့္တာ ျခားေပးလိုက္ပါတယ္ေနာ္။ေျပာမယ္ဆိုရင္ မ်ိဳး႐ိုးမတူပါဘူး

=========

Next Episode

ဆိုင္ရွင္မ်ားကို အႏိုင္ယူပါ။

=========

Continue Reading

You'll Also Like

98.3K 12.2K 105
Associated name : 佛系少女穿书日常 Author : 十六月西瓜 , shiliu yue xigua Status in COO : 253 chapters ...
5.2K 496 4
Original author - 桑沃 Associated name - 无限流玩家退休以后 Type - Web novel Chapters - 98 chapters+ 9 extras Start date - 14 jul 2021 Translated by - A_Yate Ju...
12.7K 1K 8
sequel of "ရှီပိုင်ကုန်းလွဲ့"(ဗီလိန်ဗျူဟာ) Total: 8chapters အဓိကဇာတ်ဆောင်: ကျန်းရွှင်းယီ || မင်းသား: မိစ္ဆာဘုရင်ရွှမ်လီ၊ ယွင်ရှဲ့။ ဒါက"ရှီပိုင်ကုန်းလ...
684K 68.9K 58
This is for FOD arc 11 myanmar translation. I don't own the story !! i'm just translate for myself and other who interested in reading mm translatio...