Unicode
နံရံထောင့်အမှောင်ရိပ်နား ခိုကပ်လို့ တကိုယ်လုံးတုန်နေတဲ့ကောင်လေး။ သူ့ရဲ့အစ်မက ဒီလောက်ထိဆိုးဝါးစွာ ရူးမိုက်နေလိမ့်မယ်လို့ သူထင်မထားခဲ့မိဘူး ။ ကျဲကျဲကို သူသိပ်ကြောက်ရတယ်။ ဒါပေမဲ့ ဒါက မမှန်ဘူးလေ။ ဒီလောက်ထိလုပ်မယ်မှန်းသိရင် သူ ဒီအစီအစဉ်မှာ ကူညီပေးခဲ့မှာမဟုတ်ဘူး။ ကျဲကျဲက ဒီလူနှစ်ယောက်စလုံးကိုသတ်တော့မှာဆိုတာ သူရိပ်မိတယ် ။
သူတားရမယ်။ ဘယ်လိုဖြစ်ဖြစ် သူတားမြစ်ရမှာပဲ။
ဖုန်းကိုထုတ်လို့ နံပါတ်တစ်ချို့ကိုနှိပ်လိုက်တယ်။
"ဟဲလို ...ရဲဌာနကလား သတင်းပေးချင်လို့ပါ"
".............."
ဖုန်းပြောပြီးတော့ မြေပြင်မှာ ငုတ်တုတ်ထိုင်ချလိုက်မိတယ်။
ငါတောင်းပန်ပါတယ် ကျဲကျဲ။ ဒါက နင်ကောင်းဖို့အတွက်ပါ။ နင်လူသတ်လို့တော့ မဖြစ်ဘူးလေ။ နင့်စိတ်တွေက ပုံမှန်မဟုတ်တော့ဘူး။ အားလုံးပြီးသွားရင် နင့်ကိုဆေးရုံ ပြန်တင်ရတော့မှာပဲ။ ဘယ်သူမှ့နင့်ကိုမချစ်ရင်တောင် ငါချစ်ပါတယ် ကျဲရယ်။ နင့်အနားမှာ ငါတသက်လုံးရှိနေမှာပါ။
" Ling Yi နင်ဒီမှာဘာလုပ်နေတာလဲ "
"အမလေး ! "
" အကူအညီကိုမရဘူး အခန်းထဲပြန်လိုက်ခဲ့စမ်း "
အခန်းထဲမောင်နှမ နှစ်ယောက်သား ပြန်ဝင်လာတော့ ဝမ်ရိပေါ်က ရှောင်းကျန့်ရဲ့လှောင်အိမ်နား နီးအောင်ကိုယ်ကို ကြိုးစားရွေ့နေတဲ့မြင်ကွင်းကိုတွေ့ရတယ် ။
"သိပ်ချစ်နေကြတယ်ပေါ့လေ
သိပ်ချစ်နေကြတယ်ပေါ့ တောက် !
ငါ့လူကိုသတ်ထားပြီး နင်တို့မှာ ဒီလိုချစ်ခွင့်ရှိလို့လား"
ဖြန်း ~~~
သူမက ဝမ်ရိပေါ်ကို ဒေါသတကြီး အဆက်မပြတ်ရိုက်နှက်နေတယ်။ Ling Yi က လှောင်အိမ်နားကပ်သွားပြီး ရှောင်းကျန့်ကို ရေတိုက်ဖို့ကြိုးစားတယ်။ ဒါပေမဲ့ ရှောင်းကျန့်က ရိပေါ်အရိုက်ခံနေရတာကြောင့် လှောင်အိမ်ထဲက အတင်းထွက်ချင်နေပြီး ရေခွက်ကိုလဲ တွန်းပစ်တယ်။
"ငါ့ကို လွှတ်ပေးပါ ကျေးဇူးပြုပြီး "
"အချိန်ဆွဲထား သူတို့မကြာခင် လာလိမ့်မယ်
အခုလောလောဆယ် ဒါကိုအရင်သောက်လိုက် "
Ling Yi က အသံတိုးတိုးဖြင့် ရှောင်းကျန့်ကို ပြောတယ်။ ရှောင်းကျန့်က အံ့ဩတကြီးကြည့်နေခဲ့ပြီးမှ့ သဘောပေါက်သွားပြီး ရေကိုလိမ်လိမ်မာမာလေးဖြည်းဖြည်းချင်း သောက်တယ်။ ရေအလုံအလောက်သောက်လိုက်ရတာကြောင့် သူ့အခြေအနေက မူးဝေအားနည်းနေရာမှ့ အနည်းငယ်သက်သာလာတယ်။ ဒါပေမဲ့သူ့ဗိုက်က တချက်တချက်စူးအောင့်လို့နေတယ်။
" ဆက်မရိုက်နဲ့တော့ ...တော်ပါတော့ "
Ling Fei က ဝမ်ရိပေါ်ကို ပါးရိုက်နေရာမှ့ ခေါင်းကြီးလိမ်လို့ ရှောင်းကျန့်ဘက်စောင်းငဲ့ကြည့်တယ်။ အခုဆိုသူမက ကြာလေပိုပြီးစိတ္တဇဆန်လာပြီး နည်းနည်းမှ့လဲမလှပတော့ဘူး။ စကားပြောတာလဲ ရိုင်းစိုင်းကြမ်းတမ်းလာတယ်။ သူမချစ်တဲ့သူ တပ်မက်ခဲ့ဖူးတဲ့ ရှောင်းကျန့်ကို သူမက မနာလိုပြီးမုန်းလဲမုန်းတယ်။ ပြီးတော့ ရှေးကျတဲ့ Alpha မျိုးနွယ်စုကသက်ဆင်းလာသူဖြစ်တာကြောင့် သူမက male အိုမီဂါတွေကိုအလွန်အထင်သေးတယ်။ သူမရဲ့မောင်လေးကို ဆက်ဆံတဲ့ပုံစံကိုကြည့်ရင်တောင် အဆင့်အတန်းခွဲခြားတတ်မှန်းသိသာတယ်။ သူမက ရှောင်းကျန့်ရဲ့လှောင်အိမ်အနား သွေးဆာနေတဲ့ ဝံပုလွေတကောင်လိုမျိုး ချည်းကပ်လာတယ်။
"ဘာလဲ နင်က သူ့အစားအရိုက်ခံချင်လို့လား
အဆင့်မရှိတဲ့ အိုမီဂါကောင်ကများ
နင်ကငါ့လက်နဲ့ အရိုက်ခံရဖို့တောင်တန်လို့လား "
"သူက ..မင်းကို မချစ်တာ မဆန်းပါဘူး
မင်းက အချစ်ခံရဖို့မှ့ မတန်ပဲ
မင်းသိလား တစုံတယောက်ရဲ့တန်ဖိုးထားပြီး အလေးပေး အချစ်ခံရတဲ့ ခံစားချက်ကို ။ မင်းဘယ်သိမလဲ မင်းကအချစ်မှ့မခံရဖူးပဲ ၊ မင်းက သိပ်ကိုမောက်မာလွန်းတာကိုး "
ရှောင်းကျန့်က စကားများများပြောလိုက်တာကြောင့် မောဟိုက်နေတယ်။ သူမက အကြီးအကျယ်ဒေါပွသွားကာ လှောင်အိမ်တံခါးကို သော့ဖွင့်လိုက်တယ်။ ရှောင်းကျန့်ကိုအပြင်ဆွဲထုတ်လို့ ကြမ်းပြင်ထက် ကြမ်းတမ်းစွာ ဆောင့်တွန်းချတယ်။
"သိပ်သေချင်နေတယ်ပေါ့ ဟုတ်လား။ နင်က ဒီစကားပြောထွက်ရအောင် ငါ့အကြောင်းကို ဘယ်လောက်များသိလို့လဲ ။ စိတ်ချ နင်တို့နှစ်ယောက်စလုံး သေရမှာပါ ။ နင်တို့ကိုသတ်ပြီး နင်တို့ရဲ့သိပ်ကိုချစ်တတ်လှပါတယ်ဆိုတဲ့ နှလုံးသားတွေကို ခွဲထုတ်ပြီး အရက်နဲ့မြည်းဦးမှာ "
"ဘယ်လိုလဲ ချစ်တတ်သူကြီးတွေရဲ့ ...ဘယ်သူ့ကို အရင်သတ်ပေးရမလဲ ပြောပါဦး "
"ငါ့ကိုသတ် ! "
အသံနှစ်ခုက တပြိုင်နက်ထွက်လာတော့ Ling Fei က မဲ့ရွဲ့ပြတယ်။
"ဒီအတိုင်းတော့ လွယ်လွယ်ပေးသေလို့ဘယ်ဖြစ်မလဲ ခံစားခိုင်းရဦးမှာပေါ့ ။ ဒီစွာစိလန်နေတဲ့ အိုမီဂါကောင် . ..အရေပြားတထောက်စာ အလှလေးနဲ့များ ယောက်ကျားတွေကိုဖျားယောင်းချင်သေးတယ်။ ဟိုကောင်လေး ငါ့ကိုဆေးလိပ်ပေးစမ်း "
Ling Yi ပေးလာတဲ့ဆေးလိပ်ကို မီးညှိလိုက်ပြီး တချက်ရှိုက်လိုက်တယ်။ ထွက်ပေါ်လာတဲ့ အနံ့စူးစူးကြောင့် မူးယစ်ဆေးဝါးတွေပါမှန်း ဝမ်ရိပေါ်က သတိထားလိုက်မိတယ်။ ဒီမိန်းမက ဆေးလဲစွဲနေတာလား။ သူကရှောင်းကျန့်အတွက် ပိုပြီးစိတ်ပူသွားမိတယ်။
"မင်းသူ့ကို ဘာလုပ်မလို့လဲ ။ သူ့ကိုမထိနဲ့ မင်းလုပ်ချင်ရင် ငါ့ကိုပဲ စိတ်ကြိုက်ရိုက်လိုက်ပါ။ သူ့ကိုတော့ အလွတ်ပေးပါကွာ။ ငါ ..တောင်းပန်ပါတယ် "
"တောင်းပန်တယ် ။ မျိုးရိုးမြင့်တဲ့ ဝမ်သခင်လေးက ငါ့ကိုတောင်းပန်တယ် ။ ဒီ အညတရအိုမီဂါကောင်တယောက်အတွက်နဲ့လေ ? ၊ ဟက် ..."
Ling Fei က တဟားဟားအော်ရယ်တယ်။ ဆေးလိပ်ကို ခပ်ပြင်းပြင်းရှိုက်လိုက်တယ်။
"သူက တကယ်လှတာနော် ကြည့်ပါဦး လည်ပင်းလေးက သေးသွယ်နေလိုက်တာများ ကျိုးကြေသွားမှာတောင်စိုးရတယ် "
"အားးး ..."
လည်တိုင်ဖြူဖြူသွယ်သွယ်လေးထက် ဖိ့ချလိုက်တဲ့ ဆေးလိပ်မီးကြောင့် ရှောင်းကျန့်က နာကျင်စွာအော်တယ်။ သူ့ကို ချုပ်နှောင်မထားပေမဲ့ အစာအာဟာရပြတ်လပ်နေတဲ့ အိုမီဂါလေးက ရုန်းကန်ဖို့ အင်အားရှိမနေခဲ့ပါဘူး။ ဝမ်ရိပေါ်ရဲ့ ရိုင်းစိုင်းတဲ့ဆဲဆိုသံတွေကလဲ တခန်းလုံးကို ဟိန်းထွက်လာတယ် ။ကိုယ်ချစ်တဲ့သူကို ကိုယ့်မျက်စိရှေ့မှာတင် နှိပ်စက်နေတာကို ကာကွယ်မပေးနိုင်တဲ့အဖြစ်က သိပ်ကိုခံပြင်းဖို့ကောင်းလေတယ်။ သူက သံကြိုးတွေကို အားနဲ့ဆောင့်ရုန်းတယ်။ တဖြည်းဖြည်းနဲ့ ဝမ်ရိပေါ်ရဲ့မျက်ဝန်းတွေက အနီရောင်ပြောင်းလာတယ်။ သူက ဒေါသအလွန်ထွက်နေလေပြီ။ဒီဒေါသက အားပြင်းလွန်းတာကြောင့် သူ့အသွေးအသားတွေထဲ ဖိနှိပ်ထားတဲ့ ထိန်းချုပ်ဆေးရဲ့ အာနိသင်သက်ရောက်မှု့က တဖြည်းဖြည်းလျော့နည်းလာတယ်။
Ling Fei က ရှောင်းကျန့်ရဲ့ လက်မောင်းသားတွေ လက်ဖမိုးလေးတွေကိုပါ မီးလိုက်တို့တယ်။ ရှောင်းကျန့်က အော်တောင်မအော်နိုင်တော့ဘူး။ သူမက ညော်နံ့ထွက်လာတဲ့ အသားနုနုလေးတွေကိုကြည့်ပြီး အလွန်ကျေနပ်အားရနေတယ်။ နောက်ထပ်နှိပ်စက်ဖို့ နည်းလမ်းတွေကိုပါ စဉ်းစားနေတယ်။
"ငါ နင့်ကို မသတ်ပဲ ရောင်းစားလိုက်ရမလား
လိင်ကျွန်အဖြစ်နဲ့ Alpha အဖိုးကြီးတွေစီမှာ အချစ်တော်ခွေးကလေးလိုနေချင်လား "
ဝုန်း ~~~~
ဒီစကားက တစုံတယောက်ရဲ့ ဒေါသမီးကို လောင်စာများများ ပစ်ထည့်လိုက်သလိုပါပဲ။ ဝမ်ရိပေါ်ရဲ့လက်က သံကြိုးနှစ်ဖက်စလုံးက ပြုတ်ထွက်သွားတယ်။ မတ်တပ်ရပ်လိုက်တဲ့ ဝမ်ရိပေါ်က ခြေထောက်က သံကြိုးတွေတော့ လွတ်မသွားသေးတာကြောင့် သတ္တုခုံက သူ့ခြေထောက်နဲ့ဆက်နေတုန်းပဲ။ သူက လမ်းလျောက်လို့မရပေမဲ့ Ling Fei ကိုခုန်အုပ်လိုက်တယ်။
"အမလေး "
ဖြောင်း ~~~
"ဒါက ငါ့လူကို စော်ကားလို့ "
ခွပ် ~~~
"ဒါက ငါ့လူကို အနိုင်ကျင့် နှိပ်စက်ခဲ့လို့ "
လက်သီးချက်တွေက ညှာတာမှု့မရှိ့ မျက်နှာတစ်ခုလုံးစုတ်ပြတ်သွားအောင် ထိုးနှက်လိုက်တယ်။ ဆံပင်ကဆွဲကိုင်လို့ ကြမ်းပြင်နဲ့ မျက်နှာကို ဆွဲဆောင့် ရိုက်ချတယ်။ မျက်နှာက ဖြာထွက်လာတဲ့ သွေးတွေက မြင်တောင်မကောင်းတော့ဘူး။ သူမက သန်မာတဲ့ Female Alpha ဖြစ်တာကြောင့် မေ့လဲမသွားဘူး။ ဒါပေမဲ့ မြေပြင်မှာလူးလိမ့်လို့ ညည်းညူနေတယ်။ သွေးတွေက သူမရဲ့နှာခေါင်းက စီးကျနေကာ နှာခေါင်းရိုးက သွင်သွင်ကျိုးသွားတယ်။ ဝမ်ရိပေါ်ရဲ့ သန်မာတဲ့လက်တွေက Ling Fei ရဲ့လည်ပင်းနားရောက်လာတယ်။
ဒီမိန်းမက သေသင့်တယ်။ စောက်ကျိုးနည်း ရူးနေတဲ့မိန်းမ ....
ချောက်ခနဲအသံနဲ့အတူ ဝမ်ရိပေါ်ရဲ့ ခေါင်းကို အေးစက်နေတဲ့ သေနတ်က လာရောက်ထိတွေ့တယ်။
Ling Yi က ဝမ်ရိပေါ်ကို သေနတ်နဲ့ချိန်ထားတယ်။
"တော်ပါတော့ ....ကျွန်တော့်ရဲ့ကျဲကျဲက နေမကောင်းလို့ပါ။ သူ့ကို မသတ်ပါနဲ့ ။ နားမထောင်ရင်ကျွန်တော် ပစ်လိုက်မှာနော် "
Ling Yi က ငြိမ်သက်သွားတဲ့ဝမ်ရိပေါ်အနား သော့ကိုထိန့်ထိန့်လန့်လန့်နဲ့ ပစ်ချပေးတယ်။ဝမ်ရိပေါ်က သူ့ကိုနားမလည်စွာကြည့်တယ်။
"ခဗျားခြေထောက်က ကြိုးတွေကိုဖြုတ်လိုက်ပါ "
"Ling Yi !!! နင် ဒါ ဘာသဘောလဲ
နင် ငါ့ကို သစ္စာဖောက်တာလား "
"ကျဲကျဲ ...ကျွန်တော်တောင်းပန်ပါတယ် "
"မတောင်းပန်နဲ !! "
"ခွေးသား .. ကျက်သရေယုတ်တဲ့ အိုမီဂါကောင် ၊ နင်နဲ့ မောင်နှမအဖြစ်သွေးသားတော်စပ်ရတာ ငါတကယ်ကံဆိုးတာပဲ ၊ နိမ့်ကျတဲ့ အစေခံလိုကောင် အခုချက်ချင်း သူတို့နှစ်ယောက်ကို ပစ်သတ်လိုက်စမ်း ၊ ဒါဆို ငါနင့်ကို ခွင့်လွှတ်ပေးမယ် "
"မလုပ်ဘူး ၊ ကျွန်တော်မလုပ်ချင်ဘူး ကျဲကျဲ ..."
မောင်နှမနှစ်ယောက်ရန်ဖြစ်နေတုန်း ဝမ်ရိပေါ်ကခြေထောက်က သံကြိုးကိုအမြန်ဖြုတ်လိုက်တယ်။ သူထရပ်လိုက်တဲ့အချိန် သေနတ်က Ling Fei ရဲ့လက်ထဲရောက်နေလေပြီ။
ဒိုင်း ~~~
"ကျဲ ..."
ကောင်လေးက သူ့အစ်မကို မယုံနိုင်စွာကြည့်လို့ ကြမ်းပြင်မှာ ခွေလဲကျသွားလေရဲ့။
"ဟင် ! မင်း ရက်စက်လှချည်လား ဒါမင်းရဲ့မောင်အရင်းမဟုတ်ဘူးလား "
"စောက်စကားမများနဲ့ ဝမ်ရိပေါ်
ငါ့ကိုတရားလာမချနဲ့ အခု နင့်အလှည့်ပဲ "
"မလုပ်နဲ့ !!! "
ရှောင်းကျန့်ရဲ့ အော်သံက ဆို့နင့်အက်ကွဲစွာ ပေါ်ထွက်လာတယ်။
ဒိုင်း ~~~
အနက်ရောင်ဇာဝတ်စုံက အနီရောင်သွေးတွေကို မပေါ်လွင်စေဘူး။ သွေးအိုင်ထဲ လဲနေတဲ့ မောင်နှမနှစ်ယောက်က မြင်ရသူအဖို့ သွေးပျက်ဖွယ်ရာပင် ။ ရဲအရာရှိနဲ့ နောက်လိုက်တွေက အချိန်မှီရောက်လာနိုင်ပြီး Ling Fei ကို လှမ်းပစ်လိုက်တာဖြစ်တယ်။ မကြာမှီမှာပဲ လူနာတင်ကားတွေရောက်လာတယ်။ ဝမ်ရိပေါ်က ရှောင်းကျန့်ကို ပွေ့ချီလိုက်တယ်။ နှစ်ယောက်စလုံး ကိုယ်မှာ ဒဏ်ရာဒဏ်ချက်တွေအပြည့်နဲ့ဖြစ်ပြီး ရှောင်းကျန့်က နောက်ဆုံးသေနတ်သံကြားပြီးကတည်းက သတိလစ်သွားခဲ့တာဖြစ်တယ်။
ငရဲတွင်းက လွတ်မြောက်ခဲ့လေပြီ။
*********************************
"ဆရာ သူ့အခြေအနေ ..."
"ဒီက ညီလေးက လူနာရဲ့အမျိုးသား
ဟုတ်ပါတယ်နော် "
"ဟုတ်ပါတယ်ခဗျာ "
"ဘယ်လိုပြောရမလဲ အဆိုးတွေကြားထဲက သတင်းကောင်းလို့ပဲပြောရမလား
သူ့မှာ ...ကိုယ်ဝန် ရှိနေတယ်"
"ဗျာ ..."
ဝမ်ရိပေါ်ရော ဝမ်တအိမ်သားလုံး အံ့ဩဝမ်းသာဖြစ်ကြရတယ်။ မင်္ဂလာ သတင်းကြောင့် အားလုံးမျက်ရည်များကြားမှ့ ပြုံးမိရတယ်။
"ဒါပေမဲ့ လူနာက အာဟာရပြတ်လပ်မှု့ကြောင့် အရမ်းကိုအားနည်းနေတယ်။ နဂိုအခံကိုက နုနယ်တာမို့ ဒီကိုယ်ဝန်ကို ဆက်ပြီးဆောင်ထားနိုင်မှာမဟုတ်ပါဘူး ။ သူ့အတွက် အသက်အန္တရာယ်ရှိနိုင်ပါတယ်။ ကျွန်တော်တို့ ကလေးကိုအမြန်ဆုံး ခွဲထုတ်ရပါလိမ့်မယ် ၊ နည်းပညာနဲ့ပဲ ဆက်ပြီးမွေးရမှာပါ ။ ဒီမှာ ခွဲစိတ်ဖို့ လက်မှတ်ထိုးပေးပါ "
"ဟုတ်ကဲ့ ဆရာ ။ ကလေးရော လူနာရော
အထိအခိုက်တော့မရှိနိုင်ဘူးမလား "
" ကလေးမမွေးနိုင်တဲ့အိုမီဂါတော်တော်များများက ဒီနည်းအတိုင်းမွေးကြတာပါ ။ စိတ်ချပါ ကလေးက အထူးပြုလုပ်ထားတဲ့ ဖန်ပြွန်အိမ်ထဲမှာ လိုအပ်တဲ့အစာအာဟာရ အားလုံးကိုချက်ကြိုးကတဆင့် သဘာဝအတိုင်းရနေမှာပါ "
ရှောင်းကျန့်ကို ခွဲခန်းထဲ ခေါ်သွားကြပြီး ခွဲစိတ်မှု့က စတင်လေပြီ။ ဝမ်ရိပေါ်က သူကလေးအဖေဖြစ်တော့မယ်ဆိုတာကိုမယုံနိုင်ဘူးဖြစ်နေရှာတယ်။ ဝမ်ပါးက ခွဲခန်းအဝမှာရှောင်းကျန့်ကို စောင့်ကျန်ရစ်ခဲ့တယ်။ဝမ်မားနဲ့ ဒေါ်လေးက အပျော်လွန်ပြီးကျောက်ရုပ်ဖြစ်နေတဲ့ ဝမ်ရိပေါ်ကိုကျန်းမာရေးစစ်ဆေးဖို့ ဆွဲခေါ်သွားကြတယ်။ တကိုယ်လုံး medical checkup လုပ်ရတယ်။ ဒဏ်ရာတွေကို ဆေးထည့်တယ်။ အပေါ်ယံ ထိခိုက်မှု့များသာဖြစ်ပေမဲ့ စိတ်မချတာကြောင့် တကိုယ်လုံးကိုပါ သေချာစစ်ဆေးခိုင်းတာဖြစ်တယ်။ ခွဲစိတ်မှု့က အောင်မြင်စွာပဲ ပြီးဆုံးခဲ့ပါတယ်။ ရှောင်းကျန့်ရဲ့ လူနာကုတင်ဘေးမှာ ဝမ်တမိသားစုလုံး စိတ်လှုပ်ရှားစွာ စကားတွပ်ထိုးနေကြလေရဲ့။
"အဖေ့ကိုအမြန်ဆုံးဒီသတင်း အသိပေးရမယ်
အိုက်ယား ငါ့အဖေတော့ မြစ်ချီရတော့မှာပဲ
ကိုကို နင်တို့လဲ အဖိုး၊အဖွား ဘဝကို ရာထူးတက်ပြီ "
"ဟုတ်ပါ့ ဟုတ်ပါ့ မင်းလဲ အဖွားလေးဖြစ်ပြီ "
"ငါအိမ်ပြန်ဦးမယ် ၊ နင်တို့ လင်လင်နှစ်ယောက် အခုတလော ဆေးရုံဆေးခန်းတက်နေရတာများပြီ။အဲ့ဒါနင့်အခန်းက ကျက်သရေမရှိအောင် အမဲရောင်တွေချည်းသုံးထားလို့ ။ ကလေးလဲရတော့မှာဆိုတော့ နံရံအရောင်တွေ အကုန်ပြောင်းပြန်မှ့ဖြစ်မယ် ။ အထပ်တစ်ခုလုံး အိပ်ရာခင်းကအစ အတွင်း decorations အားလုံး အရောင်လွင်တာလေးပြောင်းဖို့လုပ်မှ့ပါ "
"ဒေါ်လေးသဘောဗျာ ၊ ကြိုက်တာလုပ် "
"အမယ်လေး ကလေးအဖေဖြစ်တော့မယ်ဆိုတော့ ဝမ်ရိပေါ်တို့ သဘော မနောတွေကောင်းနေလိုက်တာကြည့်စမ်း၊အရင်ကတော့ အနက်ပဲကြိုက်တာဆို "
"ဒေါ်လေးကလဲ ...ကဲပါ အားလုံးသွားကြတော့ ကျွန်တော်လဲ နားချင်ပြီ ၊ ဘယ်သူမှ့မစောင့်ကြနဲ့ ။ နှစ်ယောက်ထဲ အတူရှိချင်တာ "
"အေးပါ မနှောင့်ယှက်တော့ပါဘူး ငါ့တူ
ကလေးအဖေလေးရေ "
"ဟာဗျာ ဒေါ်လေးကလဲ "
"ဝမ်လေးကိုမစကြပါနဲ့တော်... "
"ငါ့သားမျက်နှာက ကျေနပ်နေတဲ့ရုပ်ကြီး
မိန်းမရ...ဟားဟား "
ဝမ်အိမ်သားတွေက လိုအပ်တာတွေအားလုံးစီစဉ်ပေးပြီး ပြန်သွားကြတယ်။ ဝမ်မားက စောင့်အိပ်ပေးချင်ပေမဲ့ ဝမ်ရိပေါ်က အတင်းပြန်လွှတ်တာကြောင့် ပြန်ခဲ့ရတာဖြစ်တယ်။ ဝမ်ရိပေါ်က ကိုယ်ရော စိတ်ပါ အလွန်ကိုပင်ပန်းနေတယ်။ ရဲတွေရှေ့မှာ တနာရီခွဲလောက် စစ်မေးသမျှဖြေကြားခဲ့ရတဲ့ အပြင် ကိုယ်က ဒဏ်ရာဒဏ်ချက်တွေကြောင့်ပါ လူက တရေးဝဝ အိပ်ပစ်လိုက်ချင်တယ်။ ဆေးရုံကုတင်ထက်မှာ ဆေးပိုက်များသွယ်တန်းလို့ ငြိမ်သက်စွာ အိပ်စက်နေတဲ့ ရှောင်းကျန့်က သေးကွေးဖြူဖျော့နေတာပဲ ။လက်နဲ့ လည်တိုင်လေးက ဆေးလိပ်မီးကြောင့် ရခဲ့တဲ့ဒဏ်ရာတွေကို ကြည့်ပြီး စိတ်မကောင်းဖြစ်မိရတယ်။
"တောင်းပန်ပါတယ်...နောက်ထပ် ဘယ်တော့မှ ဒီလိုမဖြစ်စေရတော့ပါဘူး ၊ ကျွန်တော်က ကာကွယ်ပေးမှာမို့ ကျွန်တော့်ကို စိတ်မပျက်လိုက်ပါနဲ့နော် "
*****************************
ရှောင်းကျန့် သတိကောင်းကောင်းရလာချိန်မှာ သူ့အနားမှာ ဝမ်အိမ်သားတွေအားလုံးအတူရှိနေခဲ့တယ်။ မျက်ဝန်းလေးတွေက အနားကမျက်နှာတစ်ခုစီကို အကြည့်ရွေ့လျားနေခဲ့ပြီး ဝမ်ရိပေါ်စီမှာ ရပ်တန့်သွားတယ်။ တယောက်နဲ့တယောက် အကြည့်ချင်းဆုံမိခဲ့ကြတာ တရှိုက်မက်မက် ...။ ဝမ်ဒေါ်လေးက အားလုံးကိုမျက်ရိပ်ပြပြီး တိတ်တိတ်ထွက်သွားပေးကြတယ်။ အခန်းထဲမှာ သူတို့ နှစ်ယောက်တည်းကျန်ရှိတော့တယ် ။
"ရိပေါ် ...ငါတို့ .."
"အားလုံး ပြီးသွားပြီ။ ပြန်မတွေးနဲ့တော့
ကျွန်တော်တို့အခုဆေးရုံမှာ .."
" မင်း ...အဆင်ပြေရဲ့လား ၊ ဟိုမိန်းမရော ဘာဖြစ်သွားပြီလဲ ...ငါတွေ့တာ သူ မင်းကို ...ပစ်လိုက်ပြီ ထင်တာ "
ဝမ်ရိပေါ်က ရဲတွေအချိန်မှီရောက်လာခဲ့တဲ့အကြောင်း ရှောင်းကျန့်ကို ပြန်ရှင်းပြလိုက်တယ်။
" ခဗျားလေးကိုပဲ စိတ်ပူနေရတာ
အခုဘယ်လိုနေလဲ "
"ခေါင်းနည်းနည်းမူးတယ် ၊ ဗိုက် ..ဗိုက်ထဲမှာနာတယ် "
"နာမှာပေါ့ ခွဲခန်းဝင်ထားရတာကိုး "
"ဟင် ? "
"ဂျစ်တူး ...သတင်းကောင်းတစ်ခုရှိတယ် "
ဝမ်ရိပေါ်ရဲ့မျက်နှာက ပြုံးစိစိဖြစ်နေပြီးအိန္ဒြေမရဖြစ်နေတယ်။ ရှောင်းကျန့်ရဲ့နှာခေါင်းထိပ်ကို လက်ညိုးနဲ့တို့လိုက်ရင်း နှုတ်ခမ်းအောက်ကမှဲ့လေးစီကိုပါ တဖြည်းဖြည်းဆင်းသွားပြီး လိုက်တို့ထိ့နေတာ။
"လက်ကြီးက ဖယ်ပါဦး ...ဘာသတင်းကောင်းလဲ "
"ကျွန်တော်တို့ ကလေးအဖေဖြစ်တော့မယ် "
"ဟင် ...တကယ် "
ရှောင်းကျန့်က သူ့ဗိုက်လေးကိုအသာကိုင်ကြည့်တယ်။ ဒီထဲမှာ ကလေးလေးရှိနေတာလား။ သူပျော်လဲပျော်တယ် ကြောက်လဲကြောက်တယ်။ အိုမီဂါတယောက်ကလေးမွေးရတယ်ဆိုတာ သူတွေးကြောက်ခဲ့ဖူးတဲ့ အကြောက်ဆုံးအရာဖြစ်တယ်။
သူမလှုပ်မရှားပဲ ငြိမ်ငြိမ်လေးနေရမယ်။ ကလေးလေးတစ်ခုခုဖြစ်သွားမှာစိုးရိမ်လိုက်တာ။
ဝမ်ရိပေါ်က ငြိမ်ကျသွားတဲ့ရှောင်းကျန့်ကိုကြည့်ရင်း လက်လေးကို ဆုပ်ကိုင်ပေးထားလိုက်တယ်။
"ကလေးက ရှောင်းရဲ့ဗိုက်ထဲမှာ မရှိတော့ဘူး
အပြင်ကိုခွဲထုတ်လိုက်ရပြီ "
"ဒါ...ဆို ...ငါတို့ ကလေးလေးက
သေသွားတာလားဟင် "
"အာ မဟုတ်ပါဘူး"
ဝမ်ရိပေါ်က ရှောင်းကျန့်ကိုအကြောင်းစုံရှင်းပြလိုက်တယ်။ ရှောင်းကျန့်က ကလေးကိုဒီလိုကြီးပြင်းအောင် နည်းပညာသုံးလို့ရတာ မသိတာကြောင့်အလွန်အံ့ဩနေတယ်။
"ငါတို့စီမှာ ဒီလိုမျိုးမရှိဘူး "
"ဒီမှာ တော်တော်များများက ဒီလိုပဲမွေးကြတာဗျ ။ ငွေကုန်ကြေးကျတော့ များတာပေါ့ရှောင်းရဲ့"
"ငါတို့ ကလေးလေးကို သွားကြည့်ရအောင်
ကြည့်လို့ရလား "
"သိပ်ရတာပေါ့။ လနုသေးလို့ကလေးကကောင်းကောင်းမဖွံ့ဖြိုးသေးဘူး
ဒါနဲ့ ကျွန်တော်တို့ရဲ့ကလေးကို ဘာနာမည်ပေးကြမလဲ"
"အင်း....ရိ..ကျန့် ...ဝမ်ရိကျန့်ဆိုရင်ကော "
"ကောင်းသားပဲ ။ ဒါဆို နောက်တစ်ယောက်ကိုကရော ဘာနာမည်ပေးမှာလဲ "
ရှောင်းကျန့်က မူပိုင်အူတူတူအကြည့်လေးနဲ့ရိပေါ်ကိုကြည့်လာတယ်။
"ဒီတယောက်ပဲ အရင်ကြီးပြင်းပါစေဦး
လောဘက ကြီးလိုက်တာ "
"ဟားဟား မဟုတ်ဘူးလေဗျာ
ဒီတယောက် မဟုတ်ဘူး ဒီနှစ်ယောက်ဗျ ဒီနှစ်ယောက်"
"မင်းဘာစကားပြော ...အယ် ! ဒါဆို ကလေးက "
ဝမ်ရိပေါ်က ရှောင်းကျန့်ရဲ့ကိုယ်လေးကိုအသဲယားစွာ ရင်ခွင်ထဲဆွဲသွင်းတယ်။ ပါးလေးနှစ်ဖက်ကို အားပါးတရမွှေးကြူရင်း ပြောလိုက်တယ် ။
"ဟုတ်ပါတယ်ခဗျ။ ကလေးက အမြွှာလေးတဲ့ ...ဆရာဝန်ကြီးက ကျွန်တော့်တယောက်ထဲကို တိတ်တိတ်လေးပြောပြသွားတာ "
"အမြွှာ ..? တကယ် အမြွှာလေးတွေလား
ဝမ်ရိပေါ်... ငါ ယုံတောင်မယုံနိုင်ဘူး ဟီးဟီး "
ပြတင်းပေါက်က အမျိုးအမည်မသိဌက်လေးတွေက ဂုဏ်ပြုတေးကို ပိကျိပိကျိနဲ့ သီဆိုပေးနေကြတယ်။ ရင်ထဲကအပျော်နဲ့ပီတိက ဘာနဲ့မှ့မလဲနိုင်ဘူး။ သူ့မှာ mate ရှိလာခဲ့ပြီ။ အခု ကလေးလေးနှစ်ယောက်ပါ ဘဝထဲ ထပ်ဝင်လာတော့မယ်။ သူ့မှာ ကိုယ်ပိုင်မိသားစုလေးရှိပြီ။ ရှောင်းကျန့်က ပျော်လွန်းလို့ပါးစပ်မစေ့နိုင်တော့ဘူး။ ယုန်သွားလေးတွေဖြီးလို့ အရူးလေးလိုတဟီဟီနဲ့ ရယ်နေတော့တယ်။
တကယ်တော့ ဒီဟာလေးကမှ့တကယ့် ကလေးအစစ်.. ဝမ်ရိပေါ်တယောက်ထဲပိုင်တဲ့ ဂျစ်တူးကလေးလေး....
*****************************
Paung~pus ♡.
18.12.2021
(ကိုကို ပျော်လို့ရယ်ရင်ထွက်တဲ့ အသံသိတယ်မလား ဟီးဟီး ဘယ်လိုလေးလဲမသိဘူးလေ၊ ခုတောင်နားထဲကြားယောင်လာပြီ 😆 )
Zawgyi
နံရံေထာင့္အေမွာင္ရိပ္နား ခိုကပ္လို႔ တကိုယ္လုံးတုန္ေနတဲ့ေကာင္ေလး။ သူ႕ရဲ႕အစ္မက ဒီေလာက္ထိဆိုးဝါးစြာ ႐ူးမိုက္ေနလိမ့္မယ္လို႔ သူထင္မထားခဲ့မိဘူး ။ က်ဲက်ဲကို သူသိပ္ေၾကာက္ရတယ္။ ဒါေပမဲ့ ဒါက မမွန္ဘူးေလ။ ဒီေလာက္ထိလုပ္မယ္မွန္းသိရင္ သူ ဒီအစီအစဥ္မွာ ကူညီေပးခဲ့မွာမဟုတ္ဘူး။ က်ဲက်ဲက ဒီလူႏွစ္ေယာက္စလုံးကိုသတ္ေတာ့မွာဆိုတာ သူရိပ္မိတယ္ ။
သူတားရမယ္။ ဘယ္လိုျဖစ္ျဖစ္ သူတားျမစ္ရမွာပဲ။
ဖုန္းကိုထုတ္လို႔ နံပါတ္တစ္ခ်ိဳ႕ကိုႏွိပ္လိုက္တယ္။
"ဟဲလို ...ရဲဌာနကလား သတင္းေပးခ်င္လို႔ပါ"
".............."
ဖုန္းေျပာၿပီးေတာ့ ေျမျပင္မွာ ငုတ္တုတ္ထိုင္ခ်လိုက္မိတယ္။
ငါေတာင္းပန္ပါတယ္ က်ဲက်ဲ။ ဒါက နင္ေကာင္းဖို႔အတြက္ပါ။ နင္လူသတ္လို႔ေတာ့ မျဖစ္ဘူးေလ။ နင့္စိတ္ေတြက ပုံမွန္မဟုတ္ေတာ့ဘူး။ အားလုံးၿပီးသြားရင္ နင့္ကိုေဆး႐ုံ ျပန္တင္ရေတာ့မွာပဲ။ ဘယ္သူမွ႔နင့္ကိုမခ်စ္ရင္ေတာင္ ငါခ်စ္ပါတယ္ က်ဲရယ္။ နင့္အနားမွာ ငါတသက္လုံး႐ွိေနမွာပါ။
" Ling Yi နင္ဒီမွာဘာလုပ္ေနတာလဲ "
"အမေလး ! "
" အကူအညီကိုမရဘူး အခန္းထဲျပန္လိုက္ခဲ့စမ္း "
အခန္းထဲေမာင္ႏွမ ႏွစ္ေယာက္သား ျပန္ဝင္လာေတာ့ ဝမ္ရိေပၚက ေ႐ွာင္းက်န္႔ရဲ႕ေလွာင္အိမ္နား နီးေအာင္ကိုယ္ကို ႀကိဳးစားေ႐ြ႕ေနတဲ့ျမင္ကြင္းကိုေတြ႕ရတယ္ ။
"သိပ္ခ်စ္ေနၾကတယ္ေပါ့ေလ
သိပ္ခ်စ္ေနၾကတယ္ေပါ့ ေတာက္ !
ငါ့လူကိုသတ္ထားၿပီး နင္တို႔မွာ ဒီလိုခ်စ္ခြင့္႐ွိလို႔လား"
ျဖန္း ~~~
သူမက ဝမ္ရိေပၚကို ေဒါသတႀကီး အဆက္မျပတ္႐ိုက္ႏွက္ေနတယ္။ Ling Yi က ေလွာင္အိမ္နားကပ္သြားၿပီး ေ႐ွာင္းက်န္႔ကို ေရတိုက္ဖို႔ႀကိဳးစားတယ္။ ဒါေပမဲ့ ေ႐ွာင္းက်န္႔က ရိေပၚအ႐ိုက္ခံေနရတာေၾကာင့္ ေလွာင္အိမ္ထဲက အတင္းထြက္ခ်င္ေနၿပီး ေရခြက္ကိုလဲ တြန္းပစ္တယ္။
"ငါ့ကို လႊတ္ေပးပါ ေက်းဇူးျပဳၿပီး "
"အခ်ိန္ဆြဲထား သူတို႔မၾကာခင္ လာလိမ့္မယ္
အခုေလာေလာဆယ္ ဒါကိုအရင္ေသာက္လိုက္ "
Ling Yi က အသံတိုးတိုးျဖင့္ ေ႐ွာင္းက်န္႔ကို ေျပာတယ္။ ေ႐ွာင္းက်န္႔က အံ့ဩတႀကီးၾကည့္ေနခဲ့ၿပီးမွ႔ သေဘာေပါက္သြားၿပီး ေရကိုလိမ္လိမ္မာမာေလးျဖည္းျဖည္းခ်င္း ေသာက္တယ္။ ေရအလုံအေလာက္ေသာက္လိုက္ရတာေၾကာင့္ သူ႕အေျခအေနက မူးေဝအားနည္းေနရာမွ႔ အနည္းငယ္သက္သာလာတယ္။ ဒါေပမဲ့သူ႕ဗိုက္က တခ်က္တခ်က္စူးေအာင့္လို႔ေနတယ္။
" ဆက္မ႐ိုက္နဲ႔ေတာ့ ...ေတာ္ပါေတာ့ "
Ling Fei က ဝမ္ရိေပၚကို ပါး႐ိုက္ေနရာမွ႔ ေခါင္းႀကီးလိမ္လို႔ ေ႐ွာင္းက်န္႔ဘက္ေစာင္းငဲ့ၾကည့္တယ္။ အခုဆိုသူမက ၾကာေလပိုၿပီးစိတၱဇဆန္လာၿပီး နည္းနည္းမွ႔လဲမလွပေတာ့ဘူး။ စကားေျပာတာလဲ ႐ိုင္းစိုင္းၾကမ္းတမ္းလာတယ္။ သူမခ်စ္တဲ့သူ တပ္မက္ခဲ့ဖူးတဲ့ ေ႐ွာင္းက်န္႔ကို သူမက မနာလိုၿပီးမုန္းလဲမုန္းတယ္။ ၿပီးေတာ့ ေ႐ွးက်တဲ့ Alpha မ်ိဳးႏြယ္စုကသက္ဆင္းလာသူျဖစ္တာေၾကာင့္ သူမက male အိုမီဂါေတြကိုအလြန္အထင္ေသးတယ္။ သူမရဲ႕ေမာင္ေလးကို ဆက္ဆံတဲ့ပုံစံကိုၾကည့္ရင္ေတာင္ အဆင့္အတန္းခြဲျခားတတ္မွန္းသိသာတယ္။ သူမက ေ႐ွာင္းက်န္႔ရဲ႕ေလွာင္အိမ္အနား ေသြးဆာေနတဲ့ ဝံပုေလြတေကာင္လိုမ်ိဳး ခ်ည္းကပ္လာတယ္။
"ဘာလဲ နင္က သူ႕အစားအ႐ိုက္ခံခ်င္လို႔လား
အဆင့္မ႐ွိတဲ့ အိုမီဂါေကာင္ကမ်ား
နင္ကငါ့လက္နဲ႔ အ႐ိုက္ခံရဖို႔ေတာင္တန္လို႔လား "
"သူက ..မင္းကို မခ်စ္တာ မဆန္းပါဘူး
မင္းက အခ်စ္ခံရဖို႔မွ႔ မတန္ပဲ
မင္းသိလား တစုံတေယာက္ရဲ႕တန္ဖိုးထားၿပီး အေလးေပး အခ်စ္ခံရတဲ့ ခံစားခ်က္ကို ။ မင္းဘယ္သိမလဲ မင္းကအခ်စ္မွ႔မခံရဖူးပဲ ၊ မင္းက သိပ္ကိုေမာက္မာလြန္းတာကိုး "
ေ႐ွာင္းက်န္႔က စကားမ်ားမ်ားေျပာလိုက္တာေၾကာင့္ ေမာဟိုက္ေနတယ္။ သူမက အႀကီးအက်ယ္ေဒါပြသြားကာ ေလွာင္အိမ္တံခါးကို ေသာ့ဖြင့္လိုက္တယ္။ ေ႐ွာင္းက်န္႔ကိုအျပင္ဆြဲထုတ္လို႔ ၾကမ္းျပင္ထက္ ၾကမ္းတမ္းစြာ ေဆာင့္တြန္းခ်တယ္။
"သိပ္ေသခ်င္ေနတယ္ေပါ့ ဟုတ္လား။ နင္က ဒီစကားေျပာထြက္ရေအာင္ ငါ့အေၾကာင္းကို ဘယ္ေလာက္မ်ားသိလို႔လဲ ။ စိတ္ခ် နင္တို႔ႏွစ္ေယာက္စလုံး ေသရမွာပါ ။ နင္တို႔ကိုသတ္ၿပီး နင္တို႔ရဲ႕သိပ္ကိုခ်စ္တတ္လွပါတယ္ဆိုတဲ့ ႏွလုံးသားေတြကို ခြဲထုတ္ၿပီး အရက္နဲ႔ျမည္းဦးမွာ "
"ဘယ္လိုလဲ ခ်စ္တတ္သူႀကီးေတြရဲ႕ ...ဘယ္သူ႕ကို အရင္သတ္ေပးရမလဲ ေျပာပါဦး "
"ငါ့ကိုသတ္ ! "
အသံႏွစ္ခုက တၿပိဳင္နက္ထြက္လာေတာ့ Ling Fei က မဲ့႐ြဲ႕ျပတယ္။
"ဒီအတိုင္းေတာ့ လြယ္လြယ္ေပးေသလို႔ဘယ္ျဖစ္မလဲ ခံစားခိုင္းရဦးမွာေပါ့ ။ ဒီစြာစိလန္ေနတဲ့ အိုမီဂါေကာင္ . ..အေရျပားတေထာက္စာ အလွေလးနဲ႔မ်ား ေယာက္က်ားေတြကိုဖ်ားေယာင္းခ်င္ေသးတယ္။ ဟိုေကာင္ေလး ငါ့ကိုေဆးလိပ္ေပးစမ္း "
Ling Yi ေပးလာတဲ့ေဆးလိပ္ကို မီးညႇိလိုက္ၿပီး တခ်က္႐ိႈက္လိုက္တယ္။ ထြက္ေပၚလာတဲ့ အနံ႔စူးစူးေၾကာင့္ မူးယစ္ေဆးဝါးေတြပါမွန္း ဝမ္ရိေပၚက သတိထားလိုက္မိတယ္။ ဒီမိန္းမက ေဆးလဲစြဲေနတာလား။ သူကေ႐ွာင္းက်န္႔အတြက္ ပိုၿပီးစိတ္ပူသြားမိတယ္။
"မင္းသူ႕ကို ဘာလုပ္မလို႔လဲ ။ သူ႕ကိုမထိနဲ႔ မင္းလုပ္ခ်င္ရင္ ငါ့ကိုပဲ စိတ္ႀကိဳက္႐ိုက္လိုက္ပါ။ သူ႕ကိုေတာ့ အလြတ္ေပးပါကြာ။ ငါ ..ေတာင္းပန္ပါတယ္ "
"ေတာင္းပန္တယ္ ။ မ်ိဳး႐ိုးျမင့္တဲ့ ဝမ္သခင္ေလးက ငါ့ကိုေတာင္းပန္တယ္ ။ ဒီ အညတရအိုမီဂါေကာင္တေယာက္အတြက္နဲ႔ေလ ? ၊ ဟက္ ..."
Ling Fei က တဟားဟားေအာ္ရယ္တယ္။ ေဆးလိပ္ကို ခပ္ျပင္းျပင္း႐ိႈက္လိုက္တယ္။
"သူက တကယ္လွတာေနာ္ ၾကည့္ပါဦး လည္ပင္းေလးက ေသးသြယ္ေနလိုက္တာမ်ား က်ိဳးေၾကသြားမွာေတာင္စိုးရတယ္ "
"အားးး ..."
လည္တိုင္ျဖဴျဖဴသြယ္သြယ္ေလးထက္ ဖိ့ခ်လိုက္တဲ့ ေဆးလိပ္မီးေၾကာင့္ ေ႐ွာင္းက်န္႔က နာက်င္စြာေအာ္တယ္။ သူ႕ကို ခ်ဳပ္ေႏွာင္မထားေပမဲ့ အစာအာဟာရျပတ္လပ္ေနတဲ့ အိုမီဂါေလးက ႐ုန္းကန္ဖို႔ အင္အား႐ွိမေနခဲ့ပါဘူး။ ဝမ္ရိေပၚရဲ႕ ႐ိုင္းစိုင္းတဲ့ဆဲဆိုသံေတြကလဲ တခန္းလုံးကို ဟိန္းထြက္လာတယ္ ။ကိုယ္ခ်စ္တဲ့သူကို ကိုယ့္မ်က္စိေ႐ွ႕မွာတင္ ႏွိပ္စက္ေနတာကို ကာကြယ္မေပးႏိုင္တဲ့အျဖစ္က သိပ္ကိုခံျပင္းဖို႔ေကာင္းေလတယ္။ သူက သံႀကိဳးေတြကို အားနဲ႔ေဆာင့္႐ုန္းတယ္။ တျဖည္းျဖည္းနဲ႔ ဝမ္ရိေပၚရဲ႕မ်က္ဝန္းေတြက အနီေရာင္ေျပာင္းလာတယ္။ သူက ေဒါသအလြန္ထြက္ေနေလၿပီ။ဒီေဒါသက အားျပင္းလြန္းတာေၾကာင့္ သူ႕အေသြးအသားေတြထဲ ဖိႏွိပ္ထားတဲ့ ထိန္းခ်ဳပ္ေဆးရဲ႕ အာနိသင္သက္ေရာက္မႈ႕က တျဖည္းျဖည္းေလ်ာ့နည္းလာတယ္။
Ling Fei က ေ႐ွာင္းက်န္႔ရဲ႕ လက္ေမာင္းသားေတြ လက္ဖမိုးေလးေတြကိုပါ မီးလိုက္တို႔တယ္။ ေ႐ွာင္းက်န္႔က ေအာ္ေတာင္မေအာ္ႏိုင္ေတာ့ဘူး။ သူမက ေညာ္နံ႔ထြက္လာတဲ့ အသားႏုႏုေလးေတြကိုၾကည့္ၿပီး အလြန္ေက်နပ္အားရေနတယ္။ ေနာက္ထပ္ႏွိပ္စက္ဖို႔ နည္းလမ္းေတြကိုပါ စဥ္းစားေနတယ္။
"ငါ နင့္ကို မသတ္ပဲ ေရာင္းစားလိုက္ရမလား
လိင္ကြၽန္အျဖစ္နဲ႔ Alpha အဖိုးႀကီးေတြစီမွာ အခ်စ္ေတာ္ေခြးကေလးလိုေနခ်င္လား "
ဝုန္း ~~~~
ဒီစကားက တစုံတေယာက္ရဲ႕ ေဒါသမီးကို ေလာင္စာမ်ားမ်ား ပစ္ထည့္လိုက္သလိုပါပဲ။ ဝမ္ရိေပၚရဲ႕လက္က သံႀကိဳးႏွစ္ဖက္စလုံးက ျပဳတ္ထြက္သြားတယ္။ မတ္တပ္ရပ္လိုက္တဲ့ ဝမ္ရိေပၚက ေျခေထာက္က သံႀကိဳးေတြေတာ့ လြတ္မသြားေသးတာေၾကာင့္ သတၱဳခုံက သူ႕ေျခေထာက္နဲ႔ဆက္ေနတုန္းပဲ။ သူက လမ္းေလ်ာက္လို႔မရေပမဲ့ Ling Fei ကိုခုန္အုပ္လိုက္တယ္။
"အမေလး "
ေျဖာင္း ~~~
"ဒါက ငါ့လူကို ေစာ္ကားလို႔ "
ခြပ္ ~~~
"ဒါက ငါ့လူကို အႏိုင္က်င့္ ႏွိပ္စက္ခဲ့လို႔ "
လက္သီးခ်က္ေတြက ညႇာတာမႈ႕မ႐ွိ႕ မ်က္ႏွာတစ္ခုလုံးစုတ္ျပတ္သြားေအာင္ ထိုးႏွက္လိုက္တယ္။ ဆံပင္ကဆြဲကိုင္လို႔ ၾကမ္းျပင္နဲ႔ မ်က္ႏွာကို ဆြဲေဆာင့္ ႐ိုက္ခ်တယ္။ မ်က္ႏွာက ျဖာထြက္လာတဲ့ ေသြးေတြက ျမင္ေတာင္မေကာင္းေတာ့ဘူး။ သူမက သန္မာတဲ့ Female Alpha ျဖစ္တာေၾကာင့္ ေမ့လဲမသြားဘူး။ ဒါေပမဲ့ ေျမျပင္မွာလူးလိမ့္လို႔ ညည္းညဴေနတယ္။ ေသြးေတြက သူမရဲ႕ႏွာေခါင္းက စီးက်ေနကာ ႏွာေခါင္း႐ိုးက သြင္သြင္က်ိဳးသြားတယ္။ ဝမ္ရိေပၚရဲ႕ သန္မာတဲ့လက္ေတြက Ling Fei ရဲ႕လည္ပင္းနားေရာက္လာတယ္။
ဒီမိန္းမက ေသသင့္တယ္။ ေစာက္က်ိဳးနည္း ႐ူးေနတဲ့မိန္းမ ....
ေခ်ာက္ခနဲအသံနဲ႔အတူ ဝမ္ရိေပၚရဲ႕ ေခါင္းကို ေအးစက္ေနတဲ့ ေသနတ္က လာေရာက္ထိေတြ႕တယ္။
Ling Yi က ဝမ္ရိေပၚကို ေသနတ္နဲ႔ခ်ိန္ထားတယ္။
"ေတာ္ပါေတာ့ ....ကြၽန္ေတာ့္ရဲ႕က်ဲက်ဲက ေနမေကာင္းလို႔ပါ။ သူ႕ကို မသတ္ပါနဲ႔ ။ နားမေထာင္ရင္ကြၽန္ေတာ္ ပစ္လိုက္မွာေနာ္ "
Ling Yi က ၿငိမ္သက္သြားတဲ့ဝမ္ရိေပၚအနား ေသာ့ကိုထိန္႔ထိန္႔လန္႔လန္႔နဲ႔ ပစ္ခ်ေပးတယ္။ဝမ္ရိေပၚက သူ႕ကိုနားမလည္စြာၾကည့္တယ္။
"ခဗ်ားေျခေထာက္က ႀကိဳးေတြကိုျဖဳတ္လိုက္ပါ "
"Ling Yi !!! နင္ ဒါ ဘာသေဘာလဲ
နင္ ငါ့ကို သစၥာေဖာက္တာလား "
"က်ဲက်ဲ ...ကြၽန္ေတာ္ေတာင္းပန္ပါတယ္ "
"မေတာင္းပန္နဲ !! "
"ေခြးသား .. က်က္သေရယုတ္တဲ့ အိုမီဂါေကာင္ ၊ နင္နဲ႔ ေမာင္ႏွမအျဖစ္ေသြးသားေတာ္စပ္ရတာ ငါတကယ္ကံဆိုးတာပဲ ၊ နိမ့္က်တဲ့ အေစခံလိုေကာင္ အခုခ်က္ခ်င္း သူတို႔ႏွစ္ေယာက္ကို ပစ္သတ္လိုက္စမ္း ၊ ဒါဆို ငါနင့္ကို ခြင့္လႊတ္ေပးမယ္ "
"မလုပ္ဘူး ၊ ကြၽန္ေတာ္မလုပ္ခ်င္ဘူး က်ဲက်ဲ ..."
ေမာင္ႏွမႏွစ္ေယာက္ရန္ျဖစ္ေနတုန္း ဝမ္ရိေပၚကေျခေထာက္က သံႀကိဳးကိုအျမန္ျဖဳတ္လိုက္တယ္။ သူထရပ္လိုက္တဲ့အခ်ိန္ ေသနတ္က Ling Fei ရဲ႕လက္ထဲေရာက္ေနေလၿပီ။
ဒိုင္း ~~~
"က်ဲ ..."
ေကာင္ေလးက သူ႕အစ္မကို မယုံႏိုင္စြာၾကည့္လို႔ ၾကမ္းျပင္မွာ ေခြလဲက်သြားေလရဲ႕။
"ဟင္ ! မင္း ရက္စက္လွခ်ည္လား ဒါမင္းရဲ႕ေမာင္အရင္းမဟုတ္ဘူးလား "
"ေစာက္စကားမမ်ားနဲ႔ ဝမ္ရိေပၚ
ငါ့ကိုတရားလာမခ်နဲ႔ အခု နင့္အလွည့္ပဲ "
"မလုပ္နဲ႔ !!! "
ေ႐ွာင္းက်န္႔ရဲ႕ ေအာ္သံက ဆို႔နင့္အက္ကြဲစြာ ေပၚထြက္လာတယ္။
ဒိုင္း ~~~
အနက္ေရာင္ဇာဝတ္စုံက အနီေရာင္ေသြးေတြကို မေပၚလြင္ေစဘူး။ ေသြးအိုင္ထဲ လဲေနတဲ့ ေမာင္ႏွမႏွစ္ေယာက္က ျမင္ရသူအဖို႔ ေသြးပ်က္ဖြယ္ရာပင္ ။ ရဲအရာ႐ွိနဲ႔ ေနာက္လိုက္ေတြက အခ်ိန္မွီေရာက္လာႏိုင္ၿပီး Ling Fei ကို လွမ္းပစ္လိုက္တာျဖစ္တယ္။ မၾကာမွီမွာပဲ လူနာတင္ကားေတြေရာက္လာတယ္။ ဝမ္ရိေပၚက ေ႐ွာင္းက်န္႔ကို ေပြ႕ခ်ီလိုက္တယ္။ ႏွစ္ေယာက္စလုံး ကိုယ္မွာ ဒဏ္ရာဒဏ္ခ်က္ေတြအျပည့္နဲ႔ျဖစ္ၿပီး ေ႐ွာင္းက်န္႔က ေနာက္ဆုံးေသနတ္သံၾကားၿပီးကတည္းက သတိလစ္သြားခဲ့တာျဖစ္တယ္။
ငရဲတြင္းက လြတ္ေျမာက္ခဲ့ေလၿပီ။
*********************************
"ဆရာ သူ႕အေျခအေန ..."
"ဒီက ညီေလးက လူနာရဲ႕အမ်ိဳးသား
ဟုတ္ပါတယ္ေနာ္ "
"ဟုတ္ပါတယ္ခဗ်ာ "
"ဘယ္လိုေျပာရမလဲ အဆိုးေတြၾကားထဲက သတင္းေကာင္းလို႔ပဲေျပာရမလား
သူ႕မွာ ...ကိုယ္ဝန္ ႐ွိေနတယ္"
"ဗ်ာ ..."
ဝမ္ရိေပၚေရာ ဝမ္တအိမ္သားလုံး အံ့ဩဝမ္းသာျဖစ္ၾကရတယ္။ မဂၤလာ သတင္းေၾကာင့္ အားလုံးမ်က္ရည္မ်ားၾကားမွ႔ ျပဳံးမိရတယ္။
"ဒါေပမဲ့ လူနာက အာဟာရျပတ္လပ္မႈ႕ေၾကာင့္ အရမ္းကိုအားနည္းေနတယ္။ နဂိုအခံကိုက ႏုနယ္တာမို႔ ဒီကိုယ္ဝန္ကို ဆက္ၿပီးေဆာင္ထားႏိုင္မွာမဟုတ္ပါဘူး ။ သူ႕အတြက္ အသက္အႏၲရာယ္႐ွိႏိုင္ပါတယ္။ ကြၽန္ေတာ္တို႔ ကေလးကိုအျမန္ဆုံး ခြဲထုတ္ရပါလိမ့္မယ္ ၊ နည္းပညာနဲ႔ပဲ ဆက္ၿပီးေမြးရမွာပါ ။ ဒီမွာ ခြဲစိတ္ဖို႔ လက္မွတ္ထိုးေပးပါ "
"ဟုတ္ကဲ့ ဆရာ ။ ကေလးေရာ လူနာေရာ
အထိအခိုက္ေတာ့မ႐ွိႏိုင္ဘူးမလား "
" ကေလးမေမြးႏိုင္တဲ့အိုမီဂါေတာ္ေတာ္မ်ားမ်ားက ဒီနည္းအတိုင္းေမြးၾကတာပါ ။ စိတ္ခ်ပါ ကေလးက အထူးျပဳလုပ္ထားတဲ့ ဖန္ႁပြန္အိမ္ထဲမွာ လိုအပ္တဲ့အစာအာဟာရ အားလုံးကိုခ်က္ႀကိဳးကတဆင့္ သဘာဝအတိုင္းရေနမွာပါ "
ေ႐ွာင္းက်န္႔ကို ခြဲခန္းထဲ ေခၚသြားၾကၿပီး ခြဲစိတ္မႈ႕က စတင္ေလၿပီ။ ဝမ္ရိေပၚက သူကေလးအေဖျဖစ္ေတာ့မယ္ဆိုတာကိုမယုံႏိုင္ဘူးျဖစ္ေန႐ွာတယ္။ ဝမ္ပါးက ခြဲခန္းအဝမွာေ႐ွာင္းက်န္႔ကို ေစာင့္က်န္ရစ္ခဲ့တယ္။ဝမ္မားနဲ႔ ေဒၚေလးက အေပ်ာ္လြန္ၿပီးေက်ာက္႐ုပ္ျဖစ္ေနတဲ့ ဝမ္ရိေပၚကိုက်န္းမာေရးစစ္ေဆးဖို႔ ဆြဲေခၚသြားၾကတယ္။ တကိုယ္လုံး medical checkup လုပ္ရတယ္။ ဒဏ္ရာေတြကို ေဆးထည့္တယ္။ အေပၚယံ ထိခိုက္မႈ႕မ်ားသာျဖစ္ေပမဲ့ စိတ္မခ်တာေၾကာင့္ တကိုယ္လုံးကိုပါ ေသခ်ာစစ္ေဆးခိုင္းတာျဖစ္တယ္။ ခြဲစိတ္မႈ႕က ေအာင္ျမင္စြာပဲ ၿပီးဆုံးခဲ့ပါတယ္။ ေ႐ွာင္းက်န္႔ရဲ႕ လူနာကုတင္ေဘးမွာ ဝမ္တမိသားစုလုံး စိတ္လႈပ္႐ွားစြာ စကားတြပ္ထိုးေနၾကေလရဲ႕။
"အေဖ့ကိုအျမန္ဆုံးဒီသတင္း အသိေပးရမယ္
အိုက္ယား ငါ့အေဖေတာ့ ျမစ္ခ်ီရေတာ့မွာပဲ
ကိုကို နင္တို႔လဲ အဖိုး၊အဖြား ဘဝကို ရာထူးတက္ၿပီ "
"ဟုတ္ပါ့ ဟုတ္ပါ့ မင္းလဲ အဖြားေလးျဖစ္ၿပီ "
"ငါအိမ္ျပန္ဦးမယ္ ၊ နင္တို႔ လင္လင္ႏွစ္ေယာက္ အခုတေလာ ေဆး႐ုံေဆးခန္းတက္ေနရတာမ်ားၿပီ။အဲ့ဒါနင့္အခန္းက က်က္သေရမ႐ွိေအာင္ အမဲေရာင္ေတြခ်ည္းသုံးထားလို႔ ။ ကေလးလဲရေတာ့မွာဆိုေတာ့ နံရံအေရာင္ေတြ အကုန္ေျပာင္းျပန္မွ႔ျဖစ္မယ္ ။ အထပ္တစ္ခုလုံး အိပ္ရာခင္းကအစ အတြင္း decorations အားလုံး အေရာင္လြင္တာေလးေျပာင္းဖို႔လုပ္မွ႔ပါ "
"ေဒၚေလးသေဘာဗ်ာ ၊ ႀကိဳက္တာလုပ္ "
"အမယ္ေလး ကေလးအေဖျဖစ္ေတာ့မယ္ဆိုေတာ့ ဝမ္ရိေပၚတို႔ သေဘာ မေနာေတြေကာင္းေနလိုက္တာၾကည့္စမ္း၊အရင္ကေတာ့ အနက္ပဲႀကိဳက္တာဆို "
"ေဒၚေလးကလဲ ...ကဲပါ အားလုံးသြားၾကေတာ့ ကြၽန္ေတာ္လဲ နားခ်င္ၿပီ ၊ ဘယ္သူမွ႔မေစာင့္ၾကနဲ႔ ။ ႏွစ္ေယာက္ထဲ အတူ႐ွိခ်င္တာ "
"ေအးပါ မေႏွာင့္ယွက္ေတာ့ပါဘူး ငါ့တူ
ကေလးအေဖေလးေရ "
"ဟာဗ်ာ ေဒၚေလးကလဲ "
"ဝမ္ေလးကိုမစၾကပါနဲ႔ေတာ္... "
"ငါ့သားမ်က္ႏွာက ေက်နပ္ေနတဲ့႐ုပ္ႀကီး
မိန္းမရ...ဟားဟား "
ဝမ္အိမ္သားေတြက လိုအပ္တာေတြအားလုံးစီစဥ္ေပးၿပီး ျပန္သြားၾကတယ္။ ဝမ္မားက ေစာင့္အိပ္ေပးခ်င္ေပမဲ့ ဝမ္ရိေပၚက အတင္းျပန္လႊတ္တာေၾကာင့္ ျပန္ခဲ့ရတာျဖစ္တယ္။ ဝမ္ရိေပၚက ကိုယ္ေရာ စိတ္ပါ အလြန္ကိုပင္ပန္းေနတယ္။ ရဲေတြေ႐ွ႕မွာ တနာရီခြဲေလာက္ စစ္ေမးသမွ်ေျဖၾကားခဲ့ရတဲ့ အျပင္ ကိုယ္က ဒဏ္ရာဒဏ္ခ်က္ေတြေၾကာင့္ပါ လူက တေရးဝဝ အိပ္ပစ္လိုက္ခ်င္တယ္။ ေဆး႐ုံကုတင္ထက္မွာ ေဆးပိုက္မ်ားသြယ္တန္းလို႔ ၿငိမ္သက္စြာ အိပ္စက္ေနတဲ့ ေ႐ွာင္းက်န္႔က ေသးေကြးျဖဴေဖ်ာ့ေနတာပဲ ။လက္နဲ႔ လည္တိုင္ေလးက ေဆးလိပ္မီးေၾကာင့္ ရခဲ့တဲ့ဒဏ္ရာေတြကို ၾကည့္ၿပီး စိတ္မေကာင္းျဖစ္မိရတယ္။
"ေတာင္းပန္ပါတယ္...ေနာက္ထပ္ ဘယ္ေတာ့မွ ဒီလိုမျဖစ္ေစရေတာ့ပါဘူး ၊ ကြၽန္ေတာ္က ကာကြယ္ေပးမွာမို႔ ကြၽန္ေတာ့္ကို စိတ္မပ်က္လိုက္ပါနဲ႔ေနာ္ "
*****************************
ေ႐ွာင္းက်န္႔ သတိေကာင္းေကာင္းရလာခ်ိန္မွာ သူ႕အနားမွာ ဝမ္အိမ္သားေတြအားလုံးအတူ႐ွိေနခဲ့တယ္။ မ်က္ဝန္းေလးေတြက အနားကမ်က္ႏွာတစ္ခုစီကို အၾကည့္ေ႐ြ႕လ်ားေနခဲ့ၿပီး ဝမ္ရိေပၚစီမွာ ရပ္တန္႔သြားတယ္။ တေယာက္နဲ႔တေယာက္ အၾကည့္ခ်င္းဆုံမိခဲ့ၾကတာ တ႐ိႈက္မက္မက္ ...။ ဝမ္ေဒၚေလးက အားလုံးကိုမ်က္ရိပ္ျပၿပီး တိတ္တိတ္ထြက္သြားေပးၾကတယ္။ အခန္းထဲမွာ သူတို႔ ႏွစ္ေယာက္တည္းက်န္႐ွိေတာ့တယ္ ။
"ရိေပၚ ...ငါတို႔ .."
"အားလုံး ၿပီးသြားၿပီ။ ျပန္မေတြးနဲ႔ေတာ့
ကြၽန္ေတာ္တို႔အခုေဆး႐ုံမွာ .."
" မင္း ...အဆင္ေျပရဲ႕လား ၊ ဟိုမိန္းမေရာ ဘာျဖစ္သြားၿပီလဲ ...ငါေတြ႕တာ သူ မင္းကို ...ပစ္လိုက္ၿပီ ထင္တာ "
ဝမ္ရိေပၚက ရဲေတြအခ်ိန္မွီေရာက္လာခဲ့တဲ့အေၾကာင္း ေ႐ွာင္းက်န္႔ကို ျပန္႐ွင္းျပလိုက္တယ္။
" ခဗ်ားေလးကိုပဲ စိတ္ပူေနရတာ
အခုဘယ္လိုေနလဲ "
"ေခါင္းနည္းနည္းမူးတယ္ ၊ ဗိုက္ ..ဗိုက္ထဲမွာနာတယ္ "
"နာမွာေပါ့ ခြဲခန္းဝင္ထားရတာကိုး "
"ဟင္ ? "
"ဂ်စ္တူး ...သတင္းေကာင္းတစ္ခု႐ွိတယ္ "
ဝမ္ရိေပၚရဲ႕မ်က္ႏွာက ျပဳံးစိစိျဖစ္ေနၿပီးအိေႁႏၵမရျဖစ္ေနတယ္။ ေ႐ွာင္းက်န္႔ရဲ႕ႏွာေခါင္းထိပ္ကို လက္ညိဳးနဲ႔တို႔လိုက္ရင္း ႏႈတ္ခမ္းေအာက္ကမွဲ႔ေလးစီကိုပါ တျဖည္းျဖည္းဆင္းသြားၿပီး လိုက္တို႔ထိ့ေနတာ။
"လက္ႀကီးက ဖယ္ပါဦး ...ဘာသတင္းေကာင္းလဲ "
"ကြၽန္ေတာ္တို႔ ကေလးအေဖျဖစ္ေတာ့မယ္ "
"ဟင္ ...တကယ္ "
ေ႐ွာင္းက်န္႔က သူ႕ဗိုက္ေလးကိုအသာကိုင္ၾကည့္တယ္။ ဒီထဲမွာ ကေလးေလး႐ွိေနတာလား။ သူေပ်ာ္လဲေပ်ာ္တယ္ ေၾကာက္လဲေၾကာက္တယ္။ အိုမီဂါတေယာက္ကေလးေမြးရတယ္ဆိုတာ သူေတြးေၾကာက္ခဲ့ဖူးတဲ့ အေၾကာက္ဆုံးအရာျဖစ္တယ္။
သူမလႈပ္မ႐ွားပဲ ၿငိမ္ၿငိမ္ေလးေနရမယ္။ ကေလးေလးတစ္ခုခုျဖစ္သြားမွာစိုးရိမ္လိုက္တာ။
ဝမ္ရိေပၚက ၿငိမ္က်သြားတဲ့ေ႐ွာင္းက်န္႔ကိုၾကည့္ရင္း လက္ေလးကို ဆုပ္ကိုင္ေပးထားလိုက္တယ္။
"ကေလးက ေ႐ွာင္းရဲ႕ဗိုက္ထဲမွာ မ႐ွိေတာ့ဘူး
အျပင္ကိုခြဲထုတ္လိုက္ရၿပီ "
"ဒါ...ဆို ...ငါတို႔ ကေလးေလးက
ေသသြားတာလားဟင္ "
"အာ မဟုတ္ပါဘူး"
ဝမ္ရိေပၚက ေ႐ွာင္းက်န္႔ကိုအေၾကာင္းစုံ႐ွင္းျပလိုက္တယ္။ ေ႐ွာင္းက်န္႔က ကေလးကိုဒီလိုႀကီးျပင္းေအာင္ နည္းပညာသုံးလို႔ရတာ မသိတာေၾကာင့္အလြန္အံ့ဩေနတယ္။
"ငါတို႔စီမွာ ဒီလိုမ်ိဳးမ႐ွိဘူး "
"ဒီမွာ ေတာ္ေတာ္မ်ားမ်ားက ဒီလိုပဲေမြးၾကတာဗ် ။ ေငြကုန္ေၾကးက်ေတာ့ မ်ားတာေပါ့ေ႐ွာင္းရဲ႕"
"ငါတို႔ ကေလးေလးကို သြားၾကည့္ရေအာင္
ၾကည့္လို႔ရလား "
"သိပ္ရတာေပါ့။ လႏုေသးလို႔ကေလးကေကာင္းေကာင္းမဖြံ႕ၿဖိဳးေသးဘူး
ဒါနဲ႔ ကြၽန္ေတာ္တို႔ရဲ႕ကေလးကို ဘာနာမည္ေပးၾကမလဲ"
"အင္း....ရိ..က်န္႔ ...ဝမ္ရိက်န္႔ဆိုရင္ေကာ "
"ေကာင္းသားပဲ ။ ဒါဆို ေနာက္တစ္ေယာက္ကိုကေရာ ဘာနာမည္ေပးမွာလဲ "
ေ႐ွာင္းက်န္႔က မူပိုင္အူတူတူအၾကည့္ေလးနဲ႔ရိေပၚကိုၾကည့္လာတယ္။
"ဒီတေယာက္ပဲ အရင္ႀကီးျပင္းပါေစဦး
ေလာဘက ႀကီးလိုက္တာ "
"ဟားဟား မဟုတ္ဘူးေလဗ်ာ
ဒီတေယာက္ မဟုတ္ဘူး ဒီႏွစ္ေယာက္ဗ် ဒီႏွစ္ေယာက္"
"မင္းဘာစကားေျပာ ...အယ္ ! ဒါဆို ကေလးက "
ဝမ္ရိေပၚက ေ႐ွာင္းက်န္႔ရဲ႕ကိုယ္ေလးကိုအသဲယားစြာ ရင္ခြင္ထဲဆြဲသြင္းတယ္။ ပါးေလးႏွစ္ဖက္ကို အားပါးတရေမႊးၾကဴရင္း ေျပာလိုက္တယ္ ။
"ဟုတ္ပါတယ္ခဗ်။ ကေလးက အႁမႊာေလးတဲ့ ...ဆရာဝန္ႀကီးက ကြၽန္ေတာ့္တေယာက္ထဲကို တိတ္တိတ္ေလးေျပာျပသြားတာ "
"အႁမႊာ ..? တကယ္ အႁမႊာေလးေတြလား
ဝမ္ရိေပၚ... ငါ ယုံေတာင္မယုံႏိုင္ဘူး ဟီးဟီး "
ျပတင္းေပါက္က အမ်ိဳးအမည္မသိဌက္ေလးေတြက ဂုဏ္ျပဳေတးကို ပိက်ိပိက်ိနဲ႔ သီဆိုေပးေနၾကတယ္။ ရင္ထဲကအေပ်ာ္နဲ႔ပီတိက ဘာနဲ႔မွ႔မလဲႏိုင္ဘူး။ သူ႕မွာ mate ႐ွိလာခဲ့ၿပီ။ အခု ကေလးေလးႏွစ္ေယာက္ပါ ဘဝထဲ ထပ္ဝင္လာေတာ့မယ္။ သူ႕မွာ ကိုယ္ပိုင္မိသားစုေလး႐ွိၿပီ။ ေ႐ွာင္းက်န္႔က ေပ်ာ္လြန္းလို႔ပါးစပ္မေစ့ႏိုင္ေတာ့ဘူး။ ယုန္သြားေလးေတြၿဖီးလို႔ အ႐ူးေလးလိုတဟီဟီနဲ႔ ရယ္ေနေတာ့တယ္။
တကယ္ေတာ့ ဒီဟာေလးကမွ႔တကယ့္ ကေလးအစစ္.. ဝမ္ရိေပၚတေယာက္ထဲပိုင္တဲ့ ဂ်စ္တူးကေလးေလး....
*****************************
Paung~pus ♡.
18.12.2021
(ကိုကို ေပ်ာ္လို႔ရယ္ရင္ထြက္တဲ့ အသံသိတယ္မလား ဟီးဟီး ဘယ္လိုေလးလဲမသိဘူးေလ၊ ခုေတာင္နားထဲၾကားေယာင္လာၿပီ 😆 )