Commando🍁(Complete)

By NandarMyintMoh

38.1K 3K 276

Zawgyi~ #Seke &Seke -ဘုန္းဆက္ရိွန္ဝါ (Zeus) -ညီေစမင္းေသာ္(Dragon) ဤဇာတ္လမ္းပါအေၾကာင္းအရာမ်ားသည္စာေရးသူ၏စိတ္... More

Author Content
P - 1🍁
P - 2🍁
P - 3🍁
M /P - 4🍁
P - 5🍁
P - 6🍁
P - 7🍁
P - 8🍁
P - 9🍁
P - 10🍁
P - 11🍁
P - 12🍁
P - 13🍁
P - 14🍁
P - 15🍁
P - 16🍁
P - 17🍁
P - 18🍁
P - 19🍁
P - 20🍁
M/ P - 21🍁
P - 22🍁
R 🚨 /P - 23🍁
P - 24🍁
P - 25🍁
M / P - 26🍁
P - 27 🍁
Not Update🍀တောင်းပန်စာ
P - 28🍁
R🚨 / P - 29 🍁
R🚨/ P - 30🍁
P - 31🍁
P - 32 🍁
P - 33🍁
P - 34🍁
P - 35🍁
P -36🍁 {Zawgyi}
P - 36🍁{Unicode}
M/ P - 37🍁
P - 38🍁
10k Goal...
P - 39 🍁
P - 40 🍁
P - 41🍁
P - 42 🍁
P - 44 🍁
P - 45 🍁
P - 46 🍁
P - 47 🍁Unicode -(Final)
P - 47🍁Zawgyi (Final)

P - 43 🍁

287 25 5
By NandarMyintMoh

Zawgyi

"အဟားဟား!!!ေရာက္လာၾကၿပီလား..."

ကားၿခံထဲေရာက္သည္ႏွင့္ ထက္ျမတ္က မ်က္လံုးေပၚကအနက္စကိုဖယ္ရွားေပးသည္။
ကားေပၚကဆင္းသည္ႏွင့္အရပ္မွအားမနာ ေျခလွမ္းက်ဲေတြႏွင့္ ေလ်ွာက္လွမ္းလာသည့္ အသက္ႀကီးႀကီး လူႀကီးတစ္ေယာက္၊
မ်က္ႏွာမွာ ကန္႔လန္႔ျဖတ္အမာရြတ္ႀကီးက ရုပ္ဆိုးအက်ည္းတန္စြာတည္ရိွေနၿပီး အရပ္ပုျပတ္ျပတ္ ႏွင့္ထိုလူက မူးယစ္ရာဇာ မေကာင္းမႈမွန္သမ်ွကိုထမင္းစားေရေသာက္ လုပ္ကိုင္ေနသည့္ လူ႔အမိႈက္ ၪီးေကာင္းျမတ္ျဖစ္ႏိုင္သည္။
သူ႔ရဲ့သားေျပာသည့္ မ်က္ႏွာသံုးခုထဲမွ ကန္႔လန္႔ျဖတ္ အမာရြတ္ႏွင့္ရုပ္ဆိုေတာ့ သည္ရုပ္က ထိုလူ၏ ပင္ကိုရုပ္ရည္ျဖစ္မည္။

​ေဘးက ကြၽဲႏွစ္ေကာင္၏ဆြဲေခၚယူမႈႏွင့္အတူသူ႔အေရ႔ွကိုေရာက္လာသည့္ ညီေစ့၏ မ်က္ႏွာကိုေစ့ေစ့စပ္စပ္ၾကည့္ကာ ႏႈတ္ခမ္းတစ္ခ်က္တြန္႔ေကြးစြာအၿပံဳးမမည္ေသာအၿပံဳးကို တစ္ခ်က္ျပဳျပီး အားကုန္လႊဲၿပီး လက္သီးဆုပ္ႏွင့္ေမးရိုးကိုထိုးႏွက္လာသည္။

မူးေဝသြားသည့္ခံစားခ်က္ႏွင့္ သြားေတြပါကြၽတ္ထြက္သြားၿပီလားဟုထင္မွတ္ေလာက္ေအာင္လက္သီးခ်က္ကျပင္းထန္သည္။
ေခါင္းကိုသံတုတ္ႏွင့္ရိုက္ခံထားရသည့္ဒဏ္က မူးေနာက္ၿပီး ေခါင္းေထာင္မတ္ဖို႔ေတာင္မနည္းအားျပဳထားရသည့္အေျခအေန။
ေခါင္းကေနမ်က္ႏွာထိစီးက်ေနတဲ့ေသြးေတြကေျခာက္ေသြ့ေနၿပီး ေစးကပ္ကပ္ျဖစ္ေနတဲ့ခံစားခ်က္က မႏွစ္သက္စရာေကာင္းလွသည္။ခႏၶာကိုယ္ရဲ့ဘယ္နားကလို႔ အမည္တပ္၍မရေသာ ခႏၶာကိုယ္အစိတ္အပိုင္းေတြမွနာက်င္ျခင္းကလဲ ေျခေထာက္ကိုတည့္မတ္ေအာင္ရပ္ႏိုင္စြမ္းမဲ့ေစသည္။နာက်င္ကိုက္ခဲမႈဒဏ္၊ ပင္ပန္းႏြမ္းနယ္မႈဒဏ္အျပင္ အႏိွပ္စက္လဲခံထားရေသး၏။ ဒါ့အျပင္ သည္ေကာင္ေတြလက္ထဲေရာက္သည့္အခ်ိန္မွစ၍ ဝမ္းဗိုက္မွာလဲ ေရတစ္စက္မ်ွေတာင္မေသာက္သံုးမစားေသာက္ရေသးေတာ့ လူကမတ္တပ္ရပ္ဖို႔ေတာင္တစ္ပါးသူ၏ဆြဲယူကိုင္ေဆာင့္ခံျခင္းႏွင့္ မတ္တပ္ရပ္ေနရသည္။

"အဲ့ေကာင္ကို အခန္းထဲမွာႀကိဳးတုတ္ထားၿပီးမွတ္ေလာက္သားေလာက္ျဖစ္ေအာင္​ႀကိဳဆံုးမထားလိုက္ "

ေနာက္ထပ္ဆြဲေခၚခံရျခင္းႏွင့္အတူ နီးရာအခန္းတစ္ခုထဲတြန္းထည့္ခံလိုက္ရၿပီး တံခါးကိုပါပိတ္ခ်သြားၿပီးျပန္ထြက္သြားတဲ့ ကြၽဲခႏၶာကိုယ္ရိွတဲ့လူႏွစ္ေယာက္ အျပင္မေရာက္ခင္မွာပဲ သူ႔ကမ႓ာဟာ အေမွာင္အတိက်သြားၿပီျဖစ္သည္။မ်က္လံုးေတြမိွတ္မက်ခင္သူေတြးမိတဲ့သူ႔နတ္ဘုရားက သူ႔အသက္ထက္ပိုခ်စ္ရသည့္ သူ႔ရဲ့ ကိုကိုသာ...

"ကြၽန္ေတာ္ပင္ပန္းေနၿပီ ကိုကိုရယ္.... "

"ကဲ Daddy အဲ့ေလာက္ဆိုရၿပီဟုတ္ ကြၽန္ေတာ့္တာဝန္ေက်ရဲ့လား? "ျမတ္"ကို ဆက္ခံဖို႔ အရည္အခ်င္းျပည့္မွီရဲ့လား ?"

ဂုဏ္ယူဝင္ႂကြားဟန္အျပည့္ ႏွင့္ဖခင္ျဖစ္သူကိုမထီတထီေျပာေနေသာသားျဖစ္သူကို ခ်က္ခ်င္းနားထင္က်ည္သြင္းျပစ္ခ်င္ေလာက္ေအာင္ထိ
ၾကည့္မရေတာ့ပါ။ကိုယ္လိုခ်င္ေနတဲ့လူကို လြယ္လင့္တကူေရ႔ွေမွာက္ေရာက္ေအာင္ေခၚလာလို႔သာ မၾကည့္ခ်င္ေပမယ့္ၾကည့္ေနရသည့္အျဖစ္။

"ေအးပါ ဒီေကာင့္ကိုငါက ေျဖးေျဖးခ်င္း ..အသားတစ္လႊာခ်င္းကိုဓားပါးပါးနဲ႔လွီး ဆားသိပ္ၿပီး အဲ့ေကာင္ပါးစပ္ကေနေသပါရေစေျပာမွသတ္ေပးမွာ ဟားဟားဟား!!"

သူမ်ားကိုႏိွပ္စက္ဖို႔အေၾကာင္း မ်က္လံုးေတြတစ္လက္လက္ထကာ အရသာခံေျပာဆိုေနသည့္သူ႔Daddyကို သူတစ္စက္မွ ၾကည့္မရေတာ့သလို ရြံစရာေကာင္းလွသည့္လူတိရိစၧာန္တစ္ေကာင္အေနနဲ႔လဲျမင္ေနရသည္။

"အဲ့ဒါ Daddy ကိစၥ ကြၽန္ေတာ့္ကိစၥၿပီးၿပီဆိုေတာ့ သြားကဲေတာ့မယ္ ဒီရက္ေတြအတြင္း ေတာ္ေတာ္ေလးညစ္ထားရတာ သြားၿပီဗ်ာ!!"

ကားေသာ့ေလးလက္ကေဝ႔ွကာ သူ႔ေနာက္ပါလူေတြကိုမ်က္စျပစ္ျပၿပီး အလာတုန္းကကားေတြအကုန္ ျပန္ထြက္သြားၾကသည္။ သူတို႔သြားမွာက အေပ်ာ္ေတြေပါတဲ့ "Guy Bar"....

"သခင္ႀကီး သခင္ႀကီး!! မိုးမီးေလာင္ၿပီဗ်ာ!!"

ထြက္သြားတဲ့ကားေတြမွၿခံအေပါက္ဝမေရာက္ေသးဘူး အေလာသံုးဆယ္ေမာင္းဝင္လာတဲ့ကားေပၚကေန ေျခလွမ္းက်ဲေတြနဲ႔ဆင္းလာသည့္သူ႔ရဲ့ညာလက္ရံုး ရာျပည့္...

"ေအး မိုးပဲမီးေလာင္တာလား မင္းဖင္ေကာေလာင္မသြားဘူးလား.. ဘာျဖစ္လာတာလဲ ရာျပည့္!!..မင္းရဲ့အခုပံုစံက ငါ့ရဲ့ညာလက္ရံုးတစ္ေယာက္လို႔ေျပာရမွာေတာင္ရွက္ဖို႔ေကာင္းတယ္ "

"သခင္ႀကီးက အေၾကာင္းအရင္းကိုမသိေသးေတာ့ ကြၽန္ေတာ့္ကို အျပစ္တင္ႏိုင္ေသးတာေပါ့ဗ်... အခုပဲနယ္စပ္ကိုသြားတဲ့ ေကာင္စီကဖုန္းဆက္လာတယ္ ...ေစာ္ေတြနဲ႔ ပစၥည္းေတြသယ္သြားတဲ့ ကြန္တိန္နာတစ္ခုလံုး ေမွာက္ၿပီး အဖမ္းပါခံရလို႔တဲ့"

"ဘာ!!..အဖမ္းခံရတယ္ ငါ့...ငါ့...ပိုက္ဆံေတြ!!"
အဲ့ဖမ္းခံရတဲ့ေကာင္ေကာ ဖမ္းရဲတဲ့ေကာင္ေတြေရာ အခုသြားသတ္မယ္!!.. အခန္းထဲကေကာင္ကိုေသခ်ာေစာင့္ၾကည့္ထား!!... "

ေဒါသတႀကီး ညာလက္ရံုးရာျပည့္ႏွင့္အတူအျပင္ထြက္သြားသည့္ၪီးေကာင္းျမတ္က တစ္ေလာကလံုးကို မီးေလာင္တိုက္သြင္းျပစ္ခ်င္သည့္အထိ ေဒါသမာန္ဟုန္ထေနသည္။သူ႔ပိုင္ဆိုင္မႈေတြမွာ ဒါကေနာက္ဆံုးရင္းႏွီးထားရသည့္ ပစၥည္းေတြ...

🍁🍁🍁🍁🍁🍁🍁

"Hey Guys..."

'ခ်ီး မိန္းမလိုျပဳမွဴရတာအာရံုေနာက္ဖို႔ေကာင္းလိုက္တာ...´

Logoရဲ့ေဆြးေနြးခန္းထဲသို႔ အရပ္ရွည္ရွည္ စမတ္က်လွသည့္အမ်ိဳးသမီးတစ္ေယာက္ဝင္ေရာက္လာသည္။
အကုန္လံုးရဲ့အၾကည့္ေတြက ထိုမိန္းမအေပၚသို႔သာ ၪီးတည္သြားၿပီ ၾကားလိုက္ရသည့္အသံတိုးၫွင္းၫွင္းေၾကာင့္ မ်က္ႏွာမွာအၿပံဳးမ်ားႏွင့္သာအလ်ိႈလ်ိႈေခါင္းျပန္ငံု႔သြားၾကသည္။

ေယာက္က်ားမဟုတ္တဲ့ မိန္းမ ၊ က်ားက်ားယားယားမိန္းမသားဆိုတာဒီအမ်ိဳးသမီးအတြက္ဆိုခဲ့ေလသလား၊ မိန္းကေလးေပမယ့္ အေနာက္တိုင္းဝတ္စံု ခဲေရာင္အပြႀကီးကိုဝတ္ဆင္ထားၿပီး ဆံပင္ေက်ာလယ္ကိုေတာ့ အျမင့္စည္း,စည္းေနွာင္ထားသည့္ ထိုအမ်ိဳးသမီးက...

"ဟာ ေမ ဘယ္ကဘယ္လိုေရာက္လာတာလဲ"

ကိုသက္ေနာင္ရဲ့အားရဝမ္းသာႀကိဳဆိုသံႀကီးေၾကာင့္ အေကာင္းလံုးတစ္ခ်က္ရယ္လိုက္ၾကသည္၊ ထိုအမ်ိဳးသမီးကလဲ မ်က္ႏွာရႈံ႔မဲ့သြားၿပီး ခ်က္ခ်င္းဆိုသလို ထိပ္ဆံုးခံုမွာထိုင္ေနသည့္ ကိုသက္ေနာင္အနားေရာက္သြားၿပီး လက္သီးနဲ႔တစ္ခ်က္ထိုးခ်လိုက္သည္။

"အားလားလား နာလိုက္တာဟာ လက္သံကေျပာင္ခ်က္"

"ခ်ီးမလို႔ ေမ လား... ေက်ာ္ လို႔ေခၚရမွာ ငသက္ရဲ့"

"ေအးပါ ေက်ာ္ရာ "

သူ႔နာမည္က ေမေက်ာ့ ၊ မိန္းမဆန္လွသည့္နာမည္ေလးနဲ႔ စမတ္က်လွသည့္အရပ္အေမာင္းႀကီးအျပင္ ေခ်ာေမာသည့္ရုပ္ရည္ပါပိုင္ဆိုင္ထားသည့္ ထိုေမေက်ာ့က ေယာက်ာ္းစိတ္ေပါက္ေနၿပီး သူ႔အလွတရားေတြဟာႏွေျမစရာေကာင္းစြာ က်ားက်ားယားယားမိန္းမသားႀကီးျဖစ္လို႔ေနသည္။  သူ႔နာမည္မွာတစ္လံုးမွမပါသည့္ ေက်ာ္ဆိုသည္ကိုသာ ေခၚခိုင္းေသးသည္။သက္ေနာင္ ၊ ကိုေအာင္နဲ႔ေမက်ာ့တို႔က အထူးတပ္ဖြဲ႔မွာအတူတူ သင္တန္းဆင္းခဲ့ၾကသည့္အပတ္စဥ္တူ သူငယ္ခ်င္းေတျြဖစ္ၾကသည္။
ေမေက်ာ့ကေတာ့ ယခုထိတိုင္ အထူးတပ္ဖြဲ႔မွာအလုပ္လုပ္ေနၿပီး လူဆိုးေတြကိုသူ႔ရဲ့နံပါတ္တုတ္ႀကီးနဲ႔ရိုက္ႏွက္ကာ ဖမ္းဆီးႏိွမ္နင္းေနဆဲျဖစ္သည္။

"ဘာေတြတိုင္ပင္ေနတာလဲ.. "

"အခု ငါ့တို႔Logoကို Missionတစ္ခုေပးထားတာသိတယ္မလား "

"သိတယ္ေလ မူးရစ္ရာဇာ "ျမတ္"ရဲ့ ၪီးေကာင္းျမတ္ကိုဖမ္းၿပီး သူ႔ရဲ့လုပ္ငန္းေတြကိုသိမ္းရမွာမလား ငါသိတယ္"

"အခု သူတို႔လက္ထဲမွာ Dragonေရာက္ေနတယ္ ေျခရာခံလို႔လဲမရဘူး... Kelvinကလဲ ေဆးရံုမွာ ၊"

"ဘာ!! ငါ့ေကာင္ေလးDragonက အဲ့မသာႀကီးလက္ထဲမွာ ဟုတ္လား!!..ဘယ္လိုျဖစ္ၿပီး သူကအဲ့ကိုေရာက္သြားရတာလဲ.. သက္ေနာင္ မင္းေျပာေတာ့Dragonကိုအႏၲရာယ္ေတြနဲ႔မႀကံဳေစရပါဘူးဆို ၊အခုဘာလုပ္တာလဲ Dragonတစ္ခုခုျဖစ္ရင္ မင္းကိုငါကိုယ္တိုင္သတ္မွာေနာ္ !!"

အစပိုင္းMissionအေၾကာင္းေျပာတုန္းကေတာ့စိတ္မဝင္စားသလို စားပြဲေပၚကမုန္႔ေတြယူစားေနၿပီး Dragonအေၾကာင္းေျပာျပလိုက္တာနဲ႔ သူက ေဒါသတႀကီး ထလာၿပီး ကိုသက္ေနာင္ကိုပါ လက္ၫွိုးေငါက္ေငါက္ထိုးၿပီးက်ိန္းေမာင္းေနေတာ့သည္။

အမေလး!! သက္ေနာင္ လန္႔ေနၿပီ... Dragon ကိုဒီတစ္ခါ Missionၿပီးရင္ Commando မလုပ္ခိုင္းေတာ့ပဲ လစာေတြပဲပို႔ေပးပါ့မယ္ေျပာၿပီး အိမ္မွာပဲေနခိုင္းေတာ့ဖို႔ေတြးေနရသည္။
Dragonရဲ့ခ်စ္သူ Zeusကိုေၾကာက္ရတာကတစ္မ်ိဳး ၊ အခု ေက်ာ့္ကိုေၾကာက္ရတာတစ္မ်ိဳး ၊

ေနၾကပါအံုး... ဘုန္းဆက္ရိွန္ဝါတစ္ေယာက္ေၾကာင္အအနဲ႔အေတြးမ်ားသြားရျပန္သည္။ သည္ ေယာက်ာ္းစိတ္ေပါက္ေနသည့္အမ်ိဳးသမီးက ညီ့အေၾကာင္းၾကားေတာ့ ဘာထျဖစ္တာလဲ ၊ညီ့ကိုႀကိဳက္ေနတာလို႔ေတာ့ မေျပာၾကနဲ႔ေနာ္ ၊ မိန္းမတစ္ေယာက္ ေယာက်ာ္းစိတ္ေပါက္ေနၿပီး ေနာက္ထပ္ေယာက်ာ္းေလးတစ္ေယာက္ကို ႀကိဳက္တယ္ဆိုတာက ဘယ္လိုေတာင္ မုန္႔လံုးစကၠူကပ္ ပတ္ခ်ာလည္ေနရတာလဲ...

"ေက်ာ္ နင္ကမိန္းမေတြပဲႀကိဳက္တာမဟုတ္ဘူးလား"

"ေသာ္ေသာ္ေလးတစ္ေယာက္တည္းအတြက္ ငါက မိန္းမဆန္ေပးလို႔ရတာေလ"

"အမ္ အဲ့လိုမ်ိဳးဘယ္မွာရိွလို႔လဲ "

"ဟဲ့ င့ါမွာရိွတယ္ဟယ္... ေျပာစမ္းေျပာစမ္း:!! Dragonကိုအခုထိတည္ေနရာရွာမရေသးတာလား နင္တို႔ဆီက ဆက္သြယ္ေရးကိရိယာကအလုပ္မလုပ္ဘူးလား!!"

ေဒါသတႀကီး အခန္းထဲမွာရိွသမ်ွအကုန္လက္ၫွိုးထိုးလိုက္၊ ခံုေတြပိတ္ကန္လိုက္လုပ္ၿပီးအတင္းေတြေသာင္းက်န္းျပေနသည္။

"Dragonသာ တစ္ခုခုျဖစ္ခဲ့ၾကည့္အဲ့ေခြးေကာင္ေတြကိုအကုန္သတ္ျပစ္ခဲ့၊ လူ႔သက္တမ္းမွာသူတို႔ေတြဘယ္တုန္းကမွမရိွခဲ့ဘူးသလို အကုန္လံုးကိုမီးသႃဂၤိဳျပစ္ခဲ့၊ ျဖစ္သမ်ွကိစၥငါအကုန္တာဝန္ယူမယ္ ၊ နင္တို႔Logoကိုအပ္ထားတဲ့Missionဆိုေပမယ့္ နင္တို႔စိတ္ရိွသလိုလုပ္ခဲ့ၾက ငါအကုန္တာဝန္ယူတယ္ ဘာမွမျဖစ္ေစရဘူး... ေတာက္!!..

ေမေက်ာ့ကအဲ့ေလာက္စိတ္တိုေဒါသထြက္တတ္တဲ့သူမွန္း သူတို႔ခင္မင္ခဲ့တဲ့အေတာအတြင္းတစ္ခါမွမေတြ့ဖူးခဲ့ဘူး။ေမေက်ာ့ကMissionေတြေဆာင္ရြက္ရလ်ွင္ေတာင္ ေခါင္းေအးေအးထား
စဥ္းစားၿပီး ဘာကဘယ္လိုျဖစ္သင့္တယ္ဆိုတာကိုေတြးၿပီး က်ိဳးေၾကာင္းကိုက္ညီေအာင္ေျဖရွင္းတတ္သည္။
အခုခါမွေတာ့ တစ္သက္လံုးကထိန္းသိမ္းလိုက္နာခဲ့တဲ့ စည္းမ်ဥ္းဥပေဒေတြကိုေတာင္ဂရုမစိုက္ႏိုင္ေတာ့စြာ သူတို႔ကိုအားေပးအားေျမႇာက္လုပ္ေနသည္။

"ကိုသက္ေနာင္... ကြၽန္ေတာ္ထက္ျမတ္ရဲ့ တည္ေနရာရွာလို႔ရခဲ့ၿပီ အခုထက္ျမတ္ကGuy barမွာရိွေနတယ္"

အခန္းထဲကိုအေလာသံုးဆယ္ဝင္လာတဲ့Joleက တစ္ေနကုန္မအိပ္ရေသးပဲအားအင္ကုန္ခမ္းႏြမ္းနယ္ေနသည့္ဟန္အျပည့္ျဖစ္သည္။ တစ္ခုခုကေနတည္ေနရာသိရၿပီး  Dragonကိုျပန္လည္ကယ္ဆယ္ႏိုင္ရန္ နည္းလမ္းအမ်ိဳးမ်ိဳးသံုးၿပီး "ျမတ္"နဲ႔သက္ဆိုင္တဲ့သူေတြကိုရွာၾကည့္တဲ့အခါ ကံေကာင္းေထာက္မစြာႏွင့္ ၪီးေကာင္းျမတ္ရဲ့သား ထက္ျမတ္ ၊တစ္နည္းအားျဖင့္ Dragonကိုေခၚသြားေသာေကာင္ရဲ့ကိုယ္ေရးအက်ဥ္းသာမက ယခုလက္ရိွေရာက္ေနသည့္တည္ေနရာကိုပါရွာေဖြရခဲ့သည္။

"Guy barမွာ!...သြားမယ္ ကြၽန္ေတာ္သြားမယ္"

Kristကသြက္လက္တက္ႂကြစြာ ယခုခ်က္ခ်င္းထက္ျမတ္ကို အႏုနည္းသံုးရသံုးရ အက်မ္းနည္းသံုးရ သံုးရ ဘယ္နည္းနဲ႔မဆို ရေအာင္လုပ္ၿပီး Dragonကိုကယ္ဖို႔သာအေတြးထဲမွာရိွေနသည္။

"မဟုတ္ေသးဘူး လူသူမ်ားတဲ့Publishေနရာေတြမွာအတိုက္အခိုက္ျဖစ္ရင္ အရမ္းသတိထားရတယ္၊သူတို႔လိုလူ႔တိရစၧာန္ေတြက ျပည္သူေတြကိုတစားခံရွာရင္ခက္ရလိမ့္မယ္ ၊ အသြင္ယူၿပီးစံုစမ္းမယ္... "

Zeusရဲ့အႀကံဥာဏ္ကိုအားလံုးက ေခါက္းတစ္
ညိမ့္ညိမ့္နဲ႔လက္ခံေပးၾကၿပီး အသြင္ယူဖို႔အတြက္အေျပးအလႊားစဥ္းစားၾကသည္။

"Barလိုေနရာမ်ိဳးကိုလာတဲ့ေယာက်ာ္းတစ္ေယာက္အတြက္ အေကာင္းဆံုးအသြင္ယူျခင္းက မိန္းမေခ်ာေလးေတြခ်ဥ္းကပ္တဲ့ပံုစံပဲ.. "

Kristရဲ့ေတြးစစအႀကံဥာဏ္ကိုအားလံုးက ၿပုံဳးစိစိလုပ္ၿပီး လက္ခံေပမယ့္ Jole (မာန္ျပည့္)ကေတာ့မ်က္ေစာင္းတခဲခဲနဲ႔ မေက်နပ္ေၾကာင္းေတျြပေနသည္။
ခဏတာစိတ္ညစ္မႈေတြေျပေလ်ာ့သြားေပမယ့္ Dragonကအႏၲရာယ္ေတာထဲမွာဆိုတဲ့အေတြးက ရင္ထဲမွာကိန္းေအာင္းေနျပန္ေတာ့လဲ အၿပံဳးေတြကခဏတာသာ...

"ခက္တာက ဒီေနရာမွာမိန္းမေခ်ာေလးမရိွတာပဲ"

Zeusရဲ့စကားအဆံုးအားလံုးရဲ့အၾကည့္ေတြက ေက်ာ္ဆိုတဲ့ မိန္းမသားႀကီးဆီကိုၪီးတည္ကုန္သည္။

"ဘာလဲဟ!..ေဟ့ေဟ့ အၾကည့္ေတြကိုျပင္လိုက္စမ္း!!..ငါကနင့္တို႔.. နင္တို႔ေတြထက္ပိုက်ားတယ္...တစ္ျခားသူကိုေရြးစမ္း!!.."

လက္သီးလက္ေမာင္းတန္းကာ  သူက်ားေၾကာင္းေျပာဆိုေနသည့္ ေက်ာ္ ကေယာက်ာ္းဆန္ေပမယ့္ လွပေနဆဲျဖစ္သည္။

"ေယာက်ာ္းဆန္ဆန္နဲ႔ ၾကမ္းတဲ့မိန္းမေတြကိုလဲ ေယာက်ာ္းေတြကႀကိဳက္ၾကပါတယ္ဟ!!..ဟဲဟဲ"

"သက္ေနာင္!! နင့္စကားကဘာလဲ... "

"ဒီကတစ္ေယာက္အေနနဲ႔ ညီ့ကိုကယ္ခ်င္တယ္ဆိုရင္ အခုKristေပးတဲ့အႀကံကိုသေဘာတူလား?မဟုတ္လို႔တစ္ျခားနည္းလမ္းရိွရင္လဲေျပာပါ ၊ အခ်ိန္ကခဏပဲရတာမလို႔ အေကာင္းဆံုးနည္းလမ္းနဲ႔အျမန္ဆန္ဆံုးေျဖရွင္းလို႔ေကာင္းတဲ့နည္းက အခု အသြင္ယူတဲ့နည္းပဲ "

ယခုထက္ျမတ္ေရာက္ေနတဲ့ေနရာက တည္ေနရာျပလြယ္တဲ့ေနရာေရာက္လာလို႔သာ ေပၚျခင္းျဖစ္ၿပီး ထက္ျမတ္သာ သည္ေနရာကေန တစ္ျခားတစ္ေနရာထပ္ေရႊ့သြားလ်ွင္ယခုလို တည္ေနရာကအလြယ္တကူရွာေဖြရဖို႔မေသခ်ာေတာ့ပါ ၊ ပိုဆိုးသည္က Dragonရိွသည့္ေနရာက ဘယ္နည္းနဲ႔မွ လြယ္လင့္တကူ ရွာေဖြ၍မရေအာင္ သူတို႔နည္းအမ်ိဳးမ်ိဳးသံုးထားမွာျဖစ္သည္။ဒီအခြင့္အေရးကိုလက္လြတ္မခံႏိုင္ပါ၊ အခ်ိန္တစ္စကၠနိ႔တိုင္းမွာ ညီ့ အတြက္အသက္အႏၲရာယ္ကပိုပိုၿပီး စိုးရိမ္ရသည့္အေနအထားမွာျဖစ္သည္။

တည္ၾကည္တဲ့မ်က္ႏွာသြင္ျပင္နဲ႔ ေလးနက္တဲ့စကားေတြကို ေျပာခ်င္တဲ့သူရဲ့မ်က္ဝန္းေတြကိုစူးစူးရဲရဲစိုက္ၾကည့္ကာေျပာဆိုေနသည့္လူက ဘယ္သူ႔ကို ညီ လို႔ေျပာလိုက္တာလဲ!!မဟုတ္မွ!...သူ႔ရဲ့Dragonေလးကိုမ်ား အဖ်ားစြတ္ၿပီး ညီ လို႔ေခၚလိုက္တာလား... "

အေတြးေတြက စိတ္တိုေဒါသထြက္ေစေတာ့ ဒီလူကသူ႔ရဲ့ၿပိဳင္ဘက္လားဆိုတဲ့အၾကည့္နဲ႔ေဘာက္ဆတ္ဆတ္ျပန္ၾကည့္ေပးလိုက္တယ္ ။
Dragonေလးက ငါ့ဟာ!!..

"ဒီနည္းလမ္းကေကာင္းတာသိေပမယ့္... "

မ်က္လံုးေလးေတြေထာင့္ကပ္ၾကည့္လိုက္၊ႏႈတ္ခမ္းကိုက္လိုက္ႏွင့္ မိန္းမပံုစံဝတ္ဆင္ၿပီးေယာက်ာ္းတစ္ေယာက္ကိုျမဴစြယ္ရမည့္အလုပ္ကိုေတြးၿပီးေမေက်ာ့ကရွက္ရြံ႔ေနသည္။

သူကငယ္ကတည္းက ေယာက်ာ္းဆန္ဆန္ဝတ္ၿပီးက်ားယားလာတာ ၊ အခုမွသူ႔တန္ဖိုးထားျမတ္ႏိုးရသည့္ေကာင္ငယ္ေလးေၾကာင့္ သူတစ္ခါမွမဝတ္ခဲ့သည့္အဝတ္အစားဝတ္ၿပီး စိတ္ေတာင္မကူးဖူးသည့္အလုပ္ကိုလုပ္ရေတာ့မည္လား...

"ကဲ နင္ဂ်ီးမ်ားေနတာနဲ႔ Barက ထက္ျမတ္က ေမွာက္ေနေလာက္ၿပီ ကိုယ့္ဘက္ကဘာမွမလုပ္လိုက္ရပဲ ထပ္ၿပီးေျခရာေပ်ာက္သြားအံုးမယ္"

ကိုသက္ေနာင္ျဖတ္ေျပာလိုက္မွ သံရွည္စြဲၿပီး အီလည္လည္ျဖစ္ေနတဲ့ ေက်ာ္က သူ႔ရဲ့ေက်ာလယ္သာသာဆံပင္ေတြကိုတစ္ခ်က္ စုဆြဲလိုက္ၿပီး..

"ေအးေဟ့ ..သေဘာဟ သေဘာ!! ငါ့Dragonအတြက္ဆို ငါလုပ္ႏိုင္မွာပါ "

သူသိတယ္၊ မိန္းမလိုအသြင္ယူရမယ္ဆိုရင္ Sexyက်က်ဝတ္ရေတာ့မယ္ အဲ့လိုေတြ
ဝတ္ရတာမႀကိဳက္လို႔ ေယာက်ာ္းဆန္တဲ့ပြတဲ့အဝတ္စားေတြပဲဝတ္ပါတယ္ဆိုမွ....

"ဒါဆိုရင္ အဲ့ဒီကိုငါနဲ႔Kristနဲ႔အတူ computerပိုင္းကငယ္ေလး ၂ေယာက္ပဲေခၚသြားလိုက္မယ္ ဟိုကအေျခအေနကိုေစာင့္ၾကည့္ဖို႔ Joleကိုကူဖို႔Zeusကိုပဲထားခဲ့လိုက္မယ္ေနာ္ "

"ျဖစ္ပါ့မလား ကိုသက္ေနာင္ ကြၽန္ေတာ္လိုက္ခဲ့ၿပီး Kristကိုဒီမွာထားခဲ့မလား Joleကိုကူဖို႔ထက္ ဟိုကအႏၲရာယ္မ်ားမွာ..."

"ရတယ္ Zeus ဟိုမွာ ကိုေအာင္တို႔လဲရိွတယ္ေလ အဲ့ကဝန္ထမ္းေတြကလဲကြၽန္ေတာ္တို႔လူေတြႀကီးပဲ ပူစရာမလိုဘူး တည္ေနရာသိရတာနဲ႔ခ်က္ခ်င္းေျခရာခံၿပီး လိုက္ႏိုင္ေအာင္အဆင္သင့္ျပင္ထားေပးပါ "

"Zeus ..Logo ကCommandoေတြကိုမင္းဆီမွာအပ္ထားခဲ့တယ္ ၊မင္းကငါ့ေနရာမွာေနၿပီး သူတို႔ေတြကို ၪီးေဆာင္ၪီးရြက္ျပဳေပးပါ"

"အင္း.. အစစအရာရာဂရုစိုက္ပါ "

အကုန္လံုးအခန္းထဲကထြက္သြားမွ သူ႔ရဲ့သန္မာဟန္ေဆာင္ထားသည့္သြင္ျပင္ကိုလေလ်ွာ့ခ်လိုက္ေတာ့လူကထိုင္ခံုေပၚကိုအရုပ္ႀကိဳးျပတ္လဲက်ျပန္သည္။ေန့မွန္းမသိ ညမွန္းမသိေတာ့စြာ သူတစ္ေရးမွလဲမအိပ္ေရးေသးပါ၊ ညီ အရမ္းမ်ားနာက်င္ေနမလားလို႔ေတြးမိေတာ့ သူ႔ပါးျပင္ေပၚကိုစီးက်လာတဲ့မ်က္ရည္ေတြဟာ အလိုက္ကန္းဆိုးမသိ က်ဆင္းျပန္သည္။
သူ ညီ့ကိုစိတ္ပူတယ္၊ ညီ့ကိုသည္လိုေတျြဖစ္လာမွာဆိုးလို႔ေတာင္ Missionလက္ခံကတည္းက ညီ့ကိုထည့္မထားခဲ့တာ ၊ အခုအခ်ိန္မွာေတာ့ သူစိုးရိမ္ပူပန္ခဲ့သည့္အတိုင္းျဖစ္တည္ေနသည္။
ညီ က အႏၲရာယ္ေတြနဲ႔ႀကံဳေနရတာပါလားလို႔ေတြးမိတိုင္း သူ႔ရင္ထဲတင္းက်ပ္ၿပီး ႏွလံုးသားကို အစိမ္းလိုက္ခြဲစိတ္ခံရသည္ထက္ပို၍ နာက်င္ရသည္။ သူတို႔ေတြ ညီ့ကိုအခ်ိန္မွီသာမကယ္ဆယ္လိုက္ႏိုင္လ်ွင္ ၊ သူဟာ ကိုယ္ခ်စ္တဲ့လူေတြကို ဘယ္တုန္းကမွမကာကြယ္လိုက္ႏိုင္သည့္ လူ႔အမိႈက္တစ္ေကာင္လို သူ႔ကိုယ္သူယူဆရေတာ့မည္။  ညီမရိွတဲ့ ဘဝမွာလဲ သူအသက္ဆက္ရွင္သန္ႏိုင္မည္မဟုတ္ေတာ့ပါ...

🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁

#18.12.2021
#Nandar Myint Moh

I really want your Feedback and Voting❤️

Unicode

"အဟားဟား!!!ရောက်လာကြပြီလား..."

ကားခြံထဲရောက်သည်နှင့် ထက်မြတ်က မျက်လုံးပေါ်ကအနက်စကိုဖယ်ရှားပေးသည်။
ကားပေါ်ကဆင်းသည်နှင့်အရပ်မှအားမနာ ခြေလှမ်းကျဲတွေနှင့် လျှောက်လှမ်းလာသည့် အသက်ကြီးကြီး လူကြီးတစ်ယောက်၊
မျက်နှာမှာ ကန့်လန့်ဖြတ်အမာရွတ်ကြီးက ရုပ်ဆိုးအကျည်းတန်စွာတည်ရှိနေပြီး အရပ်ပုပြတ်ပြတ် နှင့်ထိုလူက မူးယစ်ရာဇာ မကောင်းမှုမှန်သမျှကိုထမင်းစားရေသောက် လုပ်ကိုင်နေသည့် လူ့အမှိုက် ဦးကောင်းမြတ်ဖြစ်နိုင်သည်။
သူ့ရဲ့သားပြောသည့် မျက်နှာသုံးခုထဲမှ ကန့်လန့်ဖြတ် အမာရွတ်နှင့်ရုပ်ဆိုတော့ သည်ရုပ်က ထိုလူ၏ ပင်ကိုရုပ်ရည်ဖြစ်မည်။

​ဘေးက ကျွဲနှစ်ကောင်၏ဆွဲခေါ်ယူမှုနှင့်အတူသူ့အရှေ့ကိုရောက်လာသည့် ညီစေ့၏ မျက်နှာကိုစေ့စေ့စပ်စပ်ကြည့်ကာ နှုတ်ခမ်းတစ်ချက်တွန့်ကွေးစွာအပြုံးမမည်သောအပြုံးကို တစ်ချက်ပြုပြီး အားကုန်လွှဲပြီး လက်သီးဆုပ်နှင့်မေးရိုးကိုထိုးနှက်လာသည်။

မူးဝေသွားသည့်ခံစားချက်နှင့် သွားတွေပါကျွတ်ထွက်သွားပြီလားဟုထင်မှတ်လောက်အောင်လက်သီးချက်ကပြင်းထန်သည်။
ခေါင်းကိုသံတုတ်နှင့်ရိုက်ခံထားရသည့်ဒဏ်က မူးနောက်ပြီး ခေါင်းထောင်မတ်ဖို့တောင်မနည်းအားပြုထားရသည့်အခြေအနေ။
ခေါင်းကနေမျက်နှာထိစီးကျနေတဲ့သွေးတွေကခြောက်သွေ့နေပြီး စေးကပ်ကပ်ဖြစ်နေတဲ့ခံစားချက်က မနှစ်သက်စရာကောင်းလှသည်။ခန္ဓာကိုယ်ရဲ့ဘယ်နားကလို့ အမည်တပ်၍မရသော ခန္ဓာကိုယ်အစိတ်အပိုင်းတွေမှနာကျင်ခြင်းကလဲ ခြေထောက်ကိုတည့်မတ်အောင်ရပ်နိုင်စွမ်းမဲ့စေသည်။နာကျင်ကိုက်ခဲမှုဒဏ်၊ ပင်ပန်းနွမ်းနယ်မှုဒဏ်အပြင် အနှိပ်စက်လဲခံထားရသေး၏။ ဒါ့အပြင် သည်ကောင်တွေလက်ထဲရောက်သည့်အချိန်မှစ၍ ဝမ်းဗိုက်မှာလဲ ရေတစ်စက်မျှတောင်မသောက်သုံးမစားသောက်ရသေးတော့ လူကမတ်တပ်ရပ်ဖို့တောင်တစ်ပါးသူ၏ဆွဲယူကိုင်ဆောင့်ခံခြင်းနှင့် မတ်တပ်ရပ်နေရသည်။

"အဲ့ကောင်ကို အခန်းထဲမှာကြိုးတုတ်ထားပြီးမှတ်လောက်သားလောက်ဖြစ်အောင်​ကြိုဆုံးမထားလိုက် "

နောက်ထပ်ဆွဲခေါ်ခံရခြင်းနှင့်အတူ နီးရာအခန်းတစ်ခုထဲတွန်းထည့်ခံလိုက်ရပြီး တံခါးကိုပါပိတ်ချသွားပြီးပြန်ထွက်သွားတဲ့ ကျွဲခန္ဓာကိုယ်ရှိတဲ့လူနှစ်ယောက် အပြင်မရောက်ခင်မှာပဲ သူ့ကမ္ဘာဟာ အမှောင်အတိကျသွားပြီဖြစ်သည်။မျက်လုံးတွေမှိတ်မကျခင်သူတွေးမိတဲ့သူ့နတ်ဘုရားက သူ့အသက်ထက်ပိုချစ်ရသည့် သူ့ရဲ့ ကိုကိုသာ...

"ကျွန်တော်ပင်ပန်းနေပြီ ကိုကိုရယ်.... "

"ကဲ Daddy အဲ့လောက်ဆိုရပြီဟုတ် ကျွန်တော့်တာဝန်ကျေရဲ့လား? "မြတ်"ကို ဆက်ခံဖို့ အရည်အချင်းပြည့်မှီရဲ့လား ?"

ဂုဏ်ယူဝင်ကြွားဟန်အပြည့် နှင့်ဖခင်ဖြစ်သူကိုမထီတထီပြောနေသောသားဖြစ်သူကို ချက်ချင်းနားထင်ကျည်သွင်းပြစ်ချင်လောက်အောင်ထိ
ကြည့်မရတော့ပါ။ကိုယ်လိုချင်နေတဲ့လူကို လွယ်လင့်တကူရှေ့မှောက်ရောက်အောင်ခေါ်လာလို့သာ မကြည့်ချင်ပေမယ့်ကြည့်နေရသည့်အဖြစ်။

"အေးပါ ဒီကောင့်ကိုငါက ဖြေးဖြေးချင်း ..အသားတစ်လွှာချင်းကိုဓားပါးပါးနဲ့လှီး ဆားသိပ်ပြီး အဲ့ကောင်ပါးစပ်ကနေသေပါရစေပြောမှသတ်ပေးမှာ ဟားဟားဟား!!"

သူများကိုနှိပ်စက်ဖို့အကြောင်း မျက်လုံးတွေတစ်လက်လက်ထကာ အရသာခံပြောဆိုနေသည့်သူ့Daddyကို သူတစ်စက်မှ ကြည့်မရတော့သလို ရွံစရာကောင်းလှသည့်လူတိရိစ္ဆာန်တစ်ကောင်အနေနဲ့လဲမြင်နေရသည်။

"အဲ့ဒါ Daddy ကိစ္စ ကျွန်တော့်ကိစ္စပြီးပြီဆိုတော့ သွားကဲတော့မယ် ဒီရက်တွေအတွင်း တော်တော်လေးညစ်ထားရတာ သွားပြီဗျာ!!"

ကားသော့လေးလက်ကဝှေ့ကာ သူ့နောက်ပါလူတွေကိုမျက်စပြစ်ပြပြီး အလာတုန်းကကားတွေအကုန် ပြန်ထွက်သွားကြသည်။ သူတို့သွားမှာက အပျော်တွေပေါတဲ့ "Guy Bar"....

"သခင်ကြီး သခင်ကြီး!! မိုးမီးလောင်ပြီဗျာ!!"

ထွက်သွားတဲ့ကားတွေမှခြံအပေါက်ဝမရောက်သေးဘူး အလောသုံးဆယ်မောင်းဝင်လာတဲ့ကားပေါ်ကနေ ခြေလှမ်းကျဲတွေနဲ့ဆင်းလာသည့်သူ့ရဲ့ညာလက်ရုံး ရာပြည့်...

"အေး မိုးပဲမီးလောင်တာလား မင်းဖင်ကောလောင်မသွားဘူးလား.. ဘာဖြစ်လာတာလဲ ရာပြည့်!!..မင်းရဲ့အခုပုံစံက ငါ့ရဲ့ညာလက်ရုံးတစ်ယောက်လို့ပြောရမှာတောင်ရှက်ဖို့ကောင်းတယ် "

"သခင်ကြီးက အကြောင်းအရင်းကိုမသိသေးတော့ ကျွန်တော့်ကို အပြစ်တင်နိုင်သေးတာပေါ့ဗျ... အခုပဲနယ်စပ်ကိုသွားတဲ့ ကောင်စီကဖုန်းဆက်လာတယ် ...စော်တွေနဲ့ ပစ္စည်းတွေသယ်သွားတဲ့ ကွန်တိန်နာတစ်ခုလုံး မှောက်ပြီး အဖမ်းပါခံရလို့တဲ့"

"ဘာ!!..အဖမ်းခံရတယ် ငါ့...ငါ့...ပိုက်ဆံတွေ!!"
အဲ့ဖမ်းခံရတဲ့ကောင်ကော ဖမ်းရဲတဲ့ကောင်တွေရော အခုသွားသတ်မယ်!!.. အခန်းထဲကကောင်ကိုသေချာစောင့်ကြည့်ထား!!... "

ဒေါသတကြီး ညာလက်ရုံးရာပြည့်နှင့်အတူအပြင်ထွက်သွားသည့်ဦးကောင်းမြတ်က တစ်လောကလုံးကို မီးလောင်တိုက်သွင်းပြစ်ချင်သည့်အထိ ဒေါသမာန်ဟုန်ထနေသည်။သူ့ပိုင်ဆိုင်မှုတွေမှာ ဒါကနောက်ဆုံးရင်းနှီးထားရသည့် ပစ္စည်းတွေ...

🍁🍁🍁🍁🍁🍁🍁

"Hey Guys..."

'ချီး မိန်းမလိုပြုမှူရတာအာရုံနောက်ဖို့ကောင်းလိုက်တာ...´

Logoရဲ့ဆွေးနွေးခန်းထဲသို့ အရပ်ရှည်ရှည် စမတ်ကျလှသည့်အမျိုးသမီးတစ်ယောက်ဝင်ရောက်လာသည်။
အကုန်လုံးရဲ့အကြည့်တွေက ထိုမိန်းမအပေါ်သို့သာ ဦးတည်သွားပြီ ကြားလိုက်ရသည့်အသံတိုးညှင်းညှင်းကြောင့် မျက်နှာမှာအပြုံးများနှင့်သာအလျှိုလျှိုခေါင်းပြန်ငုံ့သွားကြသည်။

ယောက်ကျားမဟုတ်တဲ့ မိန်းမ ၊ ကျားကျားယားယားမိန်းမသားဆိုတာဒီအမျိုးသမီးအတွက်ဆိုခဲ့လေသလား၊ မိန်းကလေးပေမယ့် အနောက်တိုင်းဝတ်စုံ ခဲရောင်အပွကြီးကိုဝတ်ဆင်ထားပြီး ဆံပင်ကျောလယ်ကိုတော့ အမြင့်စည်း,စည်းနှောင်ထားသည့် ထိုအမျိုးသမီးက...

"ဟာ မေ ဘယ်ကဘယ်လိုရောက်လာတာလဲ"

ကိုသက်နောင်ရဲ့အားရဝမ်းသာကြိုဆိုသံကြီးကြောင့် အကောင်းလုံးတစ်ချက်ရယ်လိုက်ကြသည်၊ ထိုအမျိုးသမီးကလဲ မျက်နှာရှုံ့မဲ့သွားပြီး ချက်ချင်းဆိုသလို ထိပ်ဆုံးခုံမှာထိုင်နေသည့် ကိုသက်နောင်အနားရောက်သွားပြီး လက်သီးနဲ့တစ်ချက်ထိုးချလိုက်သည်။

"အားလားလား နာလိုက်တာဟာ လက်သံကပြောင်ချက်"

"ချီးမလို့ မေ လား... ကျော် လို့ခေါ်ရမှာ ငသက်ရဲ့"

"အေးပါ ကျော်ရာ "

သူ့နာမည်က မေကျော့ ၊ မိန်းမဆန်လှသည့်နာမည်လေးနဲ့ စမတ်ကျလှသည့်အရပ်အမောင်းကြီးအပြင် ချောမောသည့်ရုပ်ရည်ပါပိုင်ဆိုင်ထားသည့် ထိုမေကျော့က ယောကျာ်းစိတ်ပေါက်နေပြီး သူ့အလှတရားတွေဟာနှမြေစရာကောင်းစွာ ကျားကျားယားယားမိန်းမသားကြီးဖြစ်လို့နေသည်။  သူ့နာမည်မှာတစ်လုံးမှမပါသည့် ကျော်ဆိုသည်ကိုသာ ခေါ်ခိုင်းသေးသည်။သက်နောင် ၊ ကိုအောင်နဲ့မေကျာ့တို့က အထူးတပ်ဖွဲ့မှာအတူတူ သင်တန်းဆင်းခဲ့ကြသည့်အပတ်စဥ်တူ သူငယ်ချင်းတွေဖြစ်ကြသည်။
မေကျော့ကတော့ ယခုထိတိုင် အထူးတပ်ဖွဲ့မှာအလုပ်လုပ်နေပြီး လူဆိုးတွေကိုသူ့ရဲ့နံပါတ်တုတ်ကြီးနဲ့ရိုက်နှက်ကာ ဖမ်းဆီးနှိမ်နင်းနေဆဲဖြစ်သည်။

"ဘာတွေတိုင်ပင်နေတာလဲ.. "

"အခု ငါ့တို့Logoကို Missionတစ်ခုပေးထားတာသိတယ်မလား "

"သိတယ်လေ မူးရစ်ရာဇာ "မြတ်"ရဲ့ ဦးကောင်းမြတ်ကိုဖမ်းပြီး သူ့ရဲ့လုပ်ငန်းတွေကိုသိမ်းရမှာမလား ငါသိတယ်"

"အခု သူတို့လက်ထဲမှာ Dragonရောက်နေတယ် ခြေရာခံလို့လဲမရဘူး... Kelvinကလဲ ဆေးရုံမှာ ၊"

"ဘာ!! ငါ့ကောင်လေးDragonက အဲ့မသာကြီးလက်ထဲမှာ ဟုတ်လား!!..ဘယ်လိုဖြစ်ပြီး သူကအဲ့ကိုရောက်သွားရတာလဲ.. သက်နောင် မင်းပြောတော့Dragonကိုအန္တရာယ်တွေနဲ့မကြုံစေရပါဘူးဆို ၊အခုဘာလုပ်တာလဲ Dragonတစ်ခုခုဖြစ်ရင် မင်းကိုငါကိုယ်တိုင်သတ်မှာနော် !!"

အစပိုင်းMissionအကြောင်းပြောတုန်းကတော့စိတ်မဝင်စားသလို စားပွဲပေါ်ကမုန့်တွေယူစားနေပြီး Dragonအကြောင်းပြောပြလိုက်တာနဲ့ သူက ဒေါသတကြီး ထလာပြီး ကိုသက်နောင်ကိုပါ လက်ညှိုးငေါက်ငေါက်ထိုးပြီးကျိန်းမောင်းနေတော့သည်။

အမလေး!! သက်နောင် လန့်နေပြီ... Dragon ကိုဒီတစ်ခါ Missionပြီးရင် Commando မလုပ်ခိုင်းတော့ပဲ လစာတွေပဲပို့ပေးပါ့မယ်ပြောပြီး အိမ်မှာပဲနေခိုင်းတော့ဖို့တွေးနေရသည်။
Dragonရဲ့ချစ်သူ Zeusကိုကြောက်ရတာကတစ်မျိုး ၊ အခု ကျော့်ကိုကြောက်ရတာတစ်မျိုး ၊

နေကြပါအုံး... ဘုန်းဆက်ရှိန်ဝါတစ်ယောက်ကြောင်အအနဲ့အတွေးများသွားရပြန်သည်။ သည် ယောကျာ်းစိတ်ပေါက်နေသည့်အမျိုးသမီးက ညီ့အကြောင်းကြားတော့ ဘာထဖြစ်တာလဲ ၊ညီ့ကိုကြိုက်နေတာလို့တော့ မပြောကြနဲ့နော် ၊ မိန်းမတစ်ယောက် ယောကျာ်းစိတ်ပေါက်နေပြီး နောက်ထပ်ယောကျာ်းလေးတစ်ယောက်ကို ကြိုက်တယ်ဆိုတာက ဘယ်လိုတောင် မုန့်လုံးစက္ကူကပ် ပတ်ချာလည်နေရတာလဲ...

"ကေျာ် နင်ကမိန်းမတွေပဲကြိုက်တာမဟုတ်ဘူးလား"

"သော်သော်လေးတစ်ယောက်တည်းအတွက် ငါက မိန်းမဆန်ပေးလို့ရတာလေ"

"အမ် အဲ့လိုမျိုးဘယ်မှာရှိလို့လဲ "

"ဟဲ့ င့ါမှာရှိတယ်ဟယ်... ပြောစမ်းပြောစမ်း:!! Dragonကိုအခုထိတည်နေရာရှာမရသေးတာလား နင်တို့ဆီက ဆက်သွယ်ရေးကိရိယာကအလုပ်မလုပ်ဘူးလား!!"

ဒေါသတကြီး အခန်းထဲမှာရှိသမျှအကုန်လက်ညှိုးထိုးလိုက်၊ ခုံတွေပိတ်ကန်လိုက်လုပ်ပြီးအတင်းတွေသောင်းကျန်းပြနေသည်။

"Dragonသာ တစ်ခုခုဖြစ်ခဲ့ကြည့်အဲ့ခွေးကောင်တွေကိုအကုန်သတ်ပြစ်ခဲ့၊ လူ့သက်တမ်းမှာသူတို့တွေဘယ်တုန်းကမှမရှိခဲ့ဘူးသလို အကုန်လုံးကိုမီးသင်္ဂြိုပြစ်ခဲ့၊ ဖြစ်သမျှကိစ္စငါအကုန်တာဝန်ယူမယ် ၊ နင်တို့Logoကိုအပ်ထားတဲ့Missionဆိုပေမယ့် နင်တို့စိတ်ရှိသလိုလုပ်ခဲ့ကြ ငါအကုန်တာဝန်ယူတယ် ဘာမှမဖြစ်စေရဘူး... တောက်!!..

မေကျော့ကအဲ့လောက်စိတ်တိုဒေါသထွက်တတ်တဲ့သူမှန်း သူတို့ခင်မင်ခဲ့တဲ့အတောအတွင်းတစ်ခါမှမတွေ့ဖူးခဲ့ဘူး။မေကျော့ကMissionတွေဆောင်ရွက်ရလျှင်တောင် ခေါင်းအေးအေးထား
စဥ်းစားပြီး ဘာကဘယ်လိုဖြစ်သင့်တယ်ဆိုတာကိုတွေးပြီး ကျိုးကြောင်းကိုက်ညီအောင်ဖြေရှင်းတတ်သည်။
အခုခါမှတော့ တစ်သက်လုံးကထိန်းသိမ်းလိုက်နာခဲ့တဲ့ စည်းမျဥ်းဥပဒေတွေကိုတောင်ဂရုမစိုက်နိုင်တော့စွာ သူတို့ကိုအားပေးအားမြှောက်လုပ်နေသည်။

"ကိုသက်နောင်... ကျွန်တော်ထက်မြတ်ရဲ့ တည်နေရာရှာလို့ရခဲ့ပြီ အခုထက်မြတ်ကGuy barမှာရှိနေတယ်"

အခန်းထဲကိုအလောသုံးဆယ်ဝင်လာတဲ့Joleက တစ်နေကုန်မအိပ်ရသေးပဲအားအင်ကုန်ခမ်းနွမ်းနယ်နေသည့်ဟန်အပြည့်ဖြစ်သည်။ တစ်ခုခုကနေတည်နေရာသိရပြီး  Dragonကိုပြန်လည်ကယ်ဆယ်နိုင်ရန် နည်းလမ်းအမျိုးမျိုးသုံးပြီး "မြတ်"နဲ့သက်ဆိုင်တဲ့သူတွေကိုရှာကြည့်တဲ့အခါ ကံကောင်းထောက်မစွာနှင့် ဦးကောင်းမြတ်ရဲ့သား ထက်မြတ် ၊တစ်နည်းအားဖြင့် Dragonကိုခေါ်သွားသောကောင်ရဲ့ကိုယ်ရေးအကျဥ်းသာမက ယခုလက်ရှိရောက်နေသည့်တည်နေရာကိုပါရှာဖွေရခဲ့သည်။

"Guy barမှာ!...သွားမယ် ကျွန်တော်သွားမယ်"

Kristကသွက်လက်တက်ကြွစွာ ယခုချက်ချင်းထက်မြတ်ကို အနုနည်းသုံးရသုံးရ အကျမ်းနည်းသုံးရ သုံးရ ဘယ်နည်းနဲ့မဆို ရအောင်လုပ်ပြီး Dragonကိုကယ်ဖို့သာအတွေးထဲမှာရှိနေသည်။

"မဟုတ်သေးဘူး လူသူများတဲ့Publishနေရာတွေမှာအတိုက်အခိုက်ဖြစ်ရင် အရမ်းသတိထားရတယ်၊သူတို့လိုလူ့တိရစ္ဆာန်တွေက ပြည်သူတွေကိုတစားခံရှာရင်ခက်ရလိမ့်မယ် ၊ အသွင်ယူပြီးစုံစမ်းမယ်... "

Zeusရဲ့အကြံဥာဏ်ကိုအားလုံးက ခေါက်းတစ်
ညိမ့်ညိမ့်နဲ့လက်ခံပေးကြပြီး အသွင်ယူဖို့အတွက်အပြေးအလွှားစဥ်းစားကြသည်။

"Barလိုနေရာမျိုးကိုလာတဲ့ယောကျာ်းတစ်ယောက်အတွက် အကောင်းဆုံးအသွင်ယူခြင်းက မိန်းမချောလေးတွေချဥ်းကပ်တဲ့ပုံစံပဲ.. "

Kristရဲ့တွေးစစအကြံဥာဏ်ကိုအားလုံးက ပြုုံးစိစိလုပ်ပြီး လက်ခံပေမယ့် Jole (မာန်ပြည့်)ကတော့မျက်စောင်းတခဲခဲနဲ့ မကျေနပ်ကြောင်းတွေပြနေသည်။
ခဏတာစိတ်ညစ်မှုတွေပြေလျော့သွားပေမယ့် Dragonကအန္တရာယ်တောထဲမှာဆိုတဲ့အတွေးက ရင်ထဲမှာကိန်းအောင်းနေပြန်တော့လဲ အပြုံးတွေကခဏတာသာ...

"ခက်တာက ဒီနေရာမှာမိန်းမချောလေးမရှိတာပဲ"

Zeusရဲ့စကားအဆုံးအားလုံးရဲ့အကြည့်တွေက ကျော်ဆိုတဲ့ မိန်းမသားကြီးဆီကိုဦးတည်ကုန်သည်။

"ဘာလဲဟ!..ဟေ့ဟေ့ အကြည့်တွေကိုပြင်လိုက်စမ်း!!..ငါကနင့်တို့.. နင်တို့တွေထက်ပိုကျားတယ်...တစ်ခြားသူကိုရွေးစမ်း!!.."

လက်သီးလက်မောင်းတန်းကာ  သူကျားကြောင်းပြောဆိုနေသည့် ကျော် ကယောကျာ်းဆန်ပေမယ့် လှပနေဆဲဖြစ်သည်။

"ယောကျာ်းဆန်ဆန်နဲ့ ကြမ်းတဲ့မိန်းမတွေကိုလဲ ယောကျာ်းတွေကကြိုက်ကြပါတယ်ဟ!!..ဟဲဟဲ"

"သက်နောင်!! နင့်စကားကဘာလဲ... "

"ဒီကတစ်ယောက်အနေနဲ့ ညီ့ကိုကယ်ချင်တယ်ဆိုရင် အခုKristပေးတဲ့အကြံကိုသဘောတူလား?မဟုတ်လို့တစ်ခြားနည်းလမ်းရှိရင်လဲပြောပါ ၊ အချိန်ကခဏပဲရတာမလို့ အကောင်းဆုံးနည်းလမ်းနဲ့အမြန်ဆန်ဆုံးဖြေရှင်းလို့ကောင်းတဲ့နည်းက အခု အသွင်ယူတဲ့နည်းပဲ "

ယခုထက်မြတ်ရောက်နေတဲ့နေရာက တည်နေရာပြလွယ်တဲ့နေရာရောက်လာလို့သာ ပေါ်ခြင်းဖြစ်ပြီး ထက်မြတ်သာ သည်နေရာကနေ တစ်ခြားတစ်နေရာထပ်ရွှေ့သွားလျှင်ယခုလို တည်နေရာကအလွယ်တကူရှာဖွေရဖို့မသေချာတော့ပါ ၊ ပိုဆိုးသည်က Dragonရှိသည့်နေရာက ဘယ်နည်းနဲ့မှ လွယ်လင့်တကူ ရှာဖွေ၍မရအောင် သူတို့နည်းအမျိုးမျိုးသုံးထားမှာဖြစ်သည်။ဒီအခွင့်အရေးကိုလက်လွတ်မခံနိုင်ပါ၊ အချိန်တစ်စက္ကနိ့တိုင်းမှာ ညီ့ အတွက်အသက်အန္တရာယ်ကပိုပိုပြီး စိုးရိမ်ရသည့်အနေအထားမှာဖြစ်သည်။

တည်ကြည်တဲ့မျက်နှာသွင်ပြင်နဲ့ လေးနက်တဲ့စကားတွေကို ပြောချင်တဲ့သူရဲ့မျက်ဝန်းတွေကိုစူးစူးရဲရဲစိုက်ကြည့်ကာပြောဆိုနေသည့်လူက ဘယ်သူ့ကို ညီ လို့ပြောလိုက်တာလဲ!!မဟုတ်မှ!...သူ့ရဲ့Dragonလေးကိုများ အဖျားစွတ်ပြီး ညီ လို့ခေါ်လိုက်တာလား... "

အတွေးတွေက စိတ်တိုဒေါသထွက်စေတော့ ဒီလူကသူ့ရဲ့ပြိုင်ဘက်လားဆိုတဲ့အကြည့်နဲ့ဘောက်ဆတ်ဆတ်ပြန်ကြည့်ပေးလိုက်တယ် ။
Dragonလေးက ငါ့ဟာ!!..

"ဒီနည်းလမ်းကကောင်းတာသိပေမယ့်... "

မျက်လုံးလေးတွေထောင့်ကပ်ကြည့်လိုက်၊နှုတ်ခမ်းကိုက်လိုက်နှင့် မိန်းမပုံစံဝတ်ဆင်ပြီးယောကျာ်းတစ်ယောက်ကိုမြူစွယ်ရမည့်အလုပ်ကိုတွေးပြီးမေကျော့ကရှက်ရွံ့နေသည်။

သူကငယ်ကတည်းက ယောကျာ်းဆန်ဆန်ဝတ်ပြီးကျားယားလာတာ ၊ အခုမှသူ့တန်ဖိုးထားမြတ်နိုးရသည့်ကောင်ငယ်လေးကြောင့် သူတစ်ခါမှမဝတ်ခဲ့သည့်အဝတ်အစားဝတ်ပြီး စိတ်တောင်မကူးဖူးသည့်အလုပ်ကိုလုပ်ရတော့မည်လား...

"ကဲ နင်ဂျီးများနေတာနဲ့ Barက ထက်မြတ်က မှောက်နေလောက်ပြီ ကိုယ့်ဘက်ကဘာမှမလုပ်လိုက်ရပဲ ထပ်ပြီးခြေရာပျောက်သွားအုံးမယ်"

ကိုသက်နောင်ဖြတ်ပြောလိုက်မှ သံရှည်စွဲပြီး အီလည်လည်ဖြစ်နေတဲ့ ကျော်က သူ့ရဲ့ကျောလယ်သာသာဆံပင်တွေကိုတစ်ချက် စုဆွဲလိုက်ပြီး..

"အေးဟေ့ ..သဘောဟ သဘော!! ငါ့Dragonအတွက်ဆို ငါလုပ်နိုင်မှာပါ "

သူသိတယ်၊ မိန်းမလိုအသွင်ယူရမယ်ဆိုရင် Sexyကျကျဝတ်ရတော့မယ် အဲ့လိုတွေ
ဝတ်ရတာမကြိုက်လို့ ယောကျာ်းဆန်တဲ့ပွတဲ့အဝတ်စားတွေပဲဝတ်ပါတယ်ဆိုမှ....

"ဒါဆိုရင် အဲ့ဒီကိုငါနဲ့Kristနဲ့အတူ computerပိုင်းကငယ်လေး ၂ယောက်ပဲခေါ်သွားလိုက်မယ် ဟိုကအခြေအနေကိုစောင့်ကြည့်ဖို့ Joleကိုကူဖို့Zeusကိုပဲထားခဲ့လိုက်မယ်နော် "

"ဖြစ်ပါ့မလား ကိုသက်နောင် ကျွန်တော်လိုက်ခဲ့ပြီး Kristကိုဒီမှာထားခဲ့မလား Joleကိုကူဖို့ထက် ဟိုကအန္တရာယ်များမှာ..."

"ရတယ် Zeus ဟိုမှာ ကိုအောင်တို့လဲရှိတယ်လေ အဲ့ကဝန်ထမ်းတွေကလဲကျွန်တော်တို့လူတွေကြီးပဲ ပူစရာမလိုဘူး တည်နေရာသိရတာနဲ့ချက်ချင်းခြေရာခံပြီး လိုက်နိုင်အောင်အဆင်သင့်ပြင်ထားပေးပါ "

"Zeus ..Logo ကCommandoတွေကိုမင်းဆီမှာအပ်ထားခဲ့တယ် ၊မင်းကငါ့နေရာမှာနေပြီး သူတို့တွေကို ဦးဆောင်ဦးရွက်ပြုပေးပါ"

"အင်း.. အစစအရာရာဂရုစိုက်ပါ "

အကုန်လုံးအခန်းထဲကထွက်သွားမှ သူ့ရဲ့သန်မာဟန်ဆောင်ထားသည့်သွင်ပြင်ကိုလလျှော့ချလိုက်တော့လူကထိုင်ခုံပေါ်ကိုအရုပ်ကြိုးပြတ်လဲကျပြန်သည်။နေ့မှန်းမသိ ညမှန်းမသိတော့စွာ သူတစ်ရေးမှလဲမအိပ်ရေးသေးပါ၊ ညီ အရမ်းများနာကျင်နေမလားလို့တွေးမိတော့ သူ့ပါးပြင်ပေါ်ကိုစီးကျလာတဲ့မျက်ရည်တွေဟာ အလိုက်ကန်းဆိုးမသိ ကျဆင်းပြန်သည်။
သူ ညီ့ကိုစိတ်ပူတယ်၊ ညီ့ကိုသည်လိုတွေဖြစ်လာမှာဆိုးလို့တောင် Missionလက်ခံကတည်းက ညီ့ကိုထည့်မထားခဲ့တာ ၊ အခုအချိန်မှာတော့ သူစိုးရိမ်ပူပန်ခဲ့သည့်အတိုင်းဖြစ်တည်နေသည်။
ညီ က အန္တရာယ်တွေနဲ့ကြုံနေရတာပါလားလို့တွေးမိတိုင်း သူ့ရင်ထဲတင်းကျပ်ပြီး နှလုံးသားကို အစိမ်းလိုက်ခွဲစိတ်ခံရသည်ထက်ပို၍ နာကျင်ရသည်။ သူတို့တွေ ညီ့ကိုအချိန်မှီသာမကယ်ဆယ်လိုက်နိုင်လျှင် ၊ သူဟာ ကိုယ်ချစ်တဲ့လူတွေကို ဘယ်တုန်းကမှမကာကွယ်လိုက်နိုင်သည့် လူ့အမှိုက်တစ်ကောင်လို သူ့ကိုယ်သူယူဆရတော့မည်။  ညီမရှိတဲ့ ဘဝမှာလဲ သူအသက်ဆက်ရှင်သန်နိုင်မည်မဟုတ်တော့ပါ...

🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁

#18.12.2021
#Nandar Myint Moh

I really want your Feedback and Voting❤️







Continue Reading

You'll Also Like

37.8M 1.1M 68
Deadly assassins Allegra and Ace have been trying in vain to kill each other for years. With a mutual enemy threatening their mafias, they find thems...