လီမွန်ရောင်လျှပ်စီး || ဘာသာပြ...

By Rhmjrs_58

183K 32K 556

柠檬闪电 by "Dr.Solo" ||Burmese Translation|| Shounen Ai, School Life, Slife-of-life, Sports 65 Chapters ( Comple... More

『Description』
Characters' Introduction with Manhua
Chapter 《1》
Chapter《3》
Chapter 《4》
Chapter 《5》
Chapter 《6》
Chapter 《7》
Chapter《8》
Chapter《9》
Chapter《10》
Chapter《11》
Chapter《12》
Chapter《13》
Chapter《14》
Chapter《15》
Chapter 《16》
Chapter《17》
Chapter《18》
Chapter《19》
Chapter《20》
Chapter 《21》
Chapter《22》
Chapter《23》
Chapter 《24》
Chapter 《25》
Chapter《26》
Chapter《27》
Chapter 《28》
Chapter《29》
Chapter 《30》
Chapter 《31》
Chapter 《32》
Chapter 《33》
Chapter 《34》
Chapter《35》
Chapter《36》
Chapter《37》
Chapter 《38》
Chapter 《39》
Chapter 《40》
Chapter《41》
Chapter 《42》
Chapter 《43》
Chapter 《44》
Chapter 《45》
Chapter《46》
Chapter 《47》
Chapter 《48》
Chapter 《49》
Chapter《50》
Chapter 《51》
Chapter《52》
Chapter《53》
Chapter《54》
Chapter《55》
Chapter《56》
Chapter《57》
Chapter《58》
Chapter《59》
Chapter《60》
Chapter《61》
Chapter《62》
Chapter《63》
Chapter《64》
Chapter《65》Final

Chapter《2》

4.2K 731 1
By Rhmjrs_58


『Unicode』


စက်တင်ဘာမှ အောက်တိုဘာရောက်လာချိန်တွင် အတန်းထဲရှိလူများသည် တစ်ယောက်ကိုတစ်ယောက် အတော်လေး ကျွမ်းဝင်လာကြပြီဖြစ်သည်။ အခန်း​၏ ကော်မတီအသင်းဝင်များကိုလည်း ရွေးချယ်ပြီးပြီဖြစ်သည်။ အသင်းဝင်အသစ်များမှာ နေရာသုံးခုတွင် သတ်မှတ်ပေးခံရသည်။ အတန်းကော်မတီ လုပ်ဖို့စီစဉ်လိုက်တဲ့ ပထမဆုံးအရာကတော့ တစ်တန်းလုံးအပြင်တစ်ခါလောက်ထွက် ကစားကြဖို့ပင်။

တနင်္လာနေ့ မှူခင်းဆိုင်ရာ ဥပဒေအတန်းပြီးနောက် မော်နီတာနဲ့ကော်မတီအသင်းဝင်များက အထိမ်းအမှတ်အဖြစ် အားလုံး​၏ ထင်မြင်ချက်တို့ကို တောင်းခံလာခဲ့သည်။ အားလုံး​၏ တုံ့ပြန်ချက်တို့မှာ အထူးတလယ်ကောင်းမွန်နေခြင်းမရှိသော်လည်း ယေဘုယျအားဖြင့် စကားပြောလာတာမျိူးလဲမရှိခဲ့ပေ။

အတန်းမော်နီတာ ချောင်ကျန်းက အတန်းကို လှည့်ပတ်ကြည့်လိုက်ပြီး ပြောသည်။

"ဘယ်သူမငြင်းဘူးဆိုရင်, ဒီတစ်ပတ်အားလပ်ရက်ဆိုရင်ကော?"

"ဒီတစ်ပတ်က နည်းနည်းတော့ ရုတ်တရက်ဆန်လွန်းတယ်,"

အန်းနင်ရဲ့ရှေ့ခုံမှာထိုင်နေတဲ့ လျန်ရှန်ဟန်က ပြောလာသည်။

"ဘာပဲဖြစ်ဖြစ် အားလုံးက ကြိုတင် စီစဉ်ထားရဦးမှာလေ, နောက်ရက်သတ္တပတ်မဖြစ်သင့်ဘူးလား ?"

ဒီအိုင်ဒီယာကို ချက်ချင်းပင် ကျောင်းသားအများစုကထောက်ခံလာကြသဖြင့် ချောင်ကျန်းလဲ လက်ခံလိုက်၍ ခေါင်းညိတ်ပြလိုက်သည်။

"ဟုတ်ပြီ, ဒါဆိုလဲ နောက်တစ်ပတ်အားလပ်ရက်ပေါ့! ငါ အသင်းဝင်တွေနဲ့ဘယ်ကိုသွားရမလဲဆိုတာ ဆွေးနွေးလိုက်ဥိမယ်."

အတန်းထဲမှ ကျောင်းသားများက စကားဖြတ်ပြောလာ​၏

"အရမ်းဝေးတဲ့နေရာမရွေးပါနဲ့."

"ကျေးဇူးပြုပြီး ဈေးမကြီးပါစေနဲ့! ကျွန်မတစ်လစာသုံးစရိတ်က ကုန်ခါနီးနေပြီ !"

ချောင်ကျန်းက ယုံကြည်စွာနဲ့ပင် ပြုံးပြလာသည်။

"မပူပါနဲ့, ငါလုပ်နေတာငါသိပါတယ်!"

အန်းနင်မှာ သေသေချာချာဈေးမကြီးစေဖို့ ပြောပေးလိုက်သည့် ကောင်မလေးကို အနည်းငယ်ကျေးဇူးတင်သွားရသည်။ အတန်းလှုပ်ရှားမှုတွေ မကြာခင်မှာပဲ စတင်လိမ့်မည်ဟု သူမမျှော်လင့်ဖူးခဲ့ချေ။ သူရဲ့ အချိန်ပိုင်းအလုပ်က ဒီလအတွက်လစာကို မရရှိသေးပေ။

ထို့အပြင် အလုပ်-လေ့လာရေး ပရိုဂရမ်မှ ပိုက်ဆံသည်လည်း လမကုန်မချင်း သူ့ကဒ်ထဲကို ပို့ပေးလိမ့်မည်မဟုတ်ချေ။

သူကျောင်းကို အစီရင်ခံဖို့ လာစဉ်က သူ့မိဘများကသူ့ကို ယွမ်တစ်ထောင်ပေးခဲ့သည်။ ပထမနှစ်အတွက် ကျူရှင်ခကိုလဲ သူ့မိဘများကပေးချေလိုက်သဖြင့် သူအတော်လေး ဝမ်းသာနေရပြီဖြစ်​၏။ နေထိုင်စရိတ်အတွက်မူ သူ့ဘာသူသာ တွက်ချက်ရမည်ဖြစ်သည်။

နောက်ထပ် သုံးနှစ်အတွက်ကျူရှင်စရိတ်ကိုလဲ သူ့ဘာသာသူ အလုပ်လုပ်ရပေမည်။ Aတက္ကသိုလ်ကို မလာခင်ကတည်းက သူအပြီးစဉ်းစားပြီးသားပင် - ပညာသင်ခွင့်၊အလုပ်-စာလေ့လာ ပရိုဂရမ်တွေနဲ့ အချိန်ပိုင်းအလုပ်တွေကသာ သူ့ကို စာကောင်းကောင်းနဲ့ ငြိမ်ငြိမ်သင်နိုင်ဖို့အခြေအနေပေးလိမ့်မည်ဖြစ်သည်။

ထို့ကြောင့် ဒီလေးနှစ်အတွက်မူ မည်သည့်ပြဿနာမျိူးမှ မဖြစ်လာနိုင်ပေ။ သို့သော် သူ့အစီအစဉ်တွင် မမျှော်လင့်သော အခြေအနေများတော့ မပါဝင်ခဲ့ချေ။ ဘဝတွင် ဟိုဟိုသည်သည် ရုတ်တရက်ကြုံရသော ပြဿနာများ၌လည်းပိတ်မိနေတတ်သည် ; ဥပမာဆိုလျှင် နေရာအနှံ့ ရေပိုက်ကနေ ရေယိုသည်မျိူး။

သူ့ကဒ်ထဲရှိ ယွမ်တစ်ထောင်မှာလဲ လေးရာဝန်းကျင်သာကျန်တော့သည်၊ ပြီးလျှင် သူ့တစ်ယောက် ပြဿနာအတွက်နဲ့ အတန်းလှုပ်ရှားမှုကိုရပ်ဖို့ရာလဲ မဖြစ်နိုင်ပေ။

သူ မပါလိုက်ဖို့ အကြောင်းပြစရာရှာရင်ကော​?

လေးလံတဲ့ စိတ်တို့ဖြင့် သူ ဖုန်းကို အဝေးပစ်လိုက်ပြီး သူ့ကျောပိုးအိတ်ကို ဆွဲယူလ်ိုက်သည်။ ထိုအခိုက်တွင် သူ့ပုခုံးကို အနောက်မှတစ်စုံတစ်ယောက်က ပုတ်လိုက်​၏။

"အန်းနင်"

သူခေါင်းလှည့်ကြည့်လိုက်ရာ ကော်မတီအဖွဲ့ဝင် ချိုင်မုန့် အနောက်တန်းတွင်ထိုင်နေသည်ကို မြင်လိုက်ရပြီး သူကပြောလာ​၏။

"ချင်ဝေ့ဟော်က ဒီနေ့အတန်းမလာဘူးလေ။ နင်သူ့ကို့ သတင်းပေးဖို့ တာဝန်ယူလိုက်"

အန်းနင် ကြက်သေသေသွား​၏။ အတန်းထဲက ယောက်ျားလေးများကတော့ တစ်ဆောင်ထဲအတူတူနေကြသဖြင့် ချင်ဝေ့ဟော် အိပ်ဆောင်မှာမနေသည်ကို သိကြသော်လည်း မိန်းကလေးများကမူ သိကြပုံမရပေ။ ထို့ကြောင့် သူရှင်းပြလိုက်ရသည်။

"ငါသူ့ကို ပြောပေးနိုင်မှာမဟုတ်ဘူး။ သူက တစ်နေရာရာမှာနေတာ၊ အိပ်ဆောင်မှာမရှိတတ်ဘူး"

"ဟမ်?" ချိုင်မုန့်က အံ့ဩသွားသည်။

"သူကအိပ်ဆောင်ကို တစ်ခါမှကိုပြန်မလာဘူးပေါ့?"

အန်းနင် ခေါင်းညိတ်ပြလိုက်သည်။ ဒါက အမှန်ပဲလေ။

"ဝိုး, ဒါက နင့်ဘာသာ တစ်ခန်းရထားသလို အဓိပ္ပာယ်ပဲမလား?"

အန်းနင် ခါးသက်သက်နှင့် ပြုံးလိုက်သည်။ အမှန်ပါပဲ။ဤသည်မှာ တက္ကသိုလ်ဝင်လာကတည်းက သူ့ထံမှာ ဖြစ်ပျက်လာခဲ့သည့်တွက်ခြေကိုက်မှုလေးတစ်ခုပင် ဖြစ်သည်။

ချိုင်မုန့်က အမှုမထားဘဲ ပြုံး၍ပြောလာသည်။

"အဲ့ဒါဆိုလဲ နောက်တစ်ခါ သူ ဥပဒေသိပ္ပံတန်း လာတက်ရင် ငါ သူ့ကို ပြောလိုက်မယ်."

အန်းနင် စိတ်သက်သာရာရပြီး သက်ပြင်းချလိုက်သည်။ ချိုင်မုန့်က ဆက်ပြောလာ​၏။

"နင်လဲ Group လှုပ်ရှားမှုကို သေချာပေါက်လာရမယ်နော်!"

ချိုင်မုန့် စကားပြောပြီး ထရပ်ကာထွက်သွားသည်အထိ သူကြည့်နေမိလိုက်​၏။ သူငိုချင်မိသော်လည်း မျက်ရည်ကကျမလာခဲ့။

အလိုလေး, ဘဝကြီးက တကယ် ခက်ခဲလှတယ်ကိုး....

ဗုဒ္ဓဟူးနေ့​၏ ဥပဒေသိပ္ပံအတန်းတွင် ချင်ဝေ့ဟော်တကယ်ပင် ရောက်လာခဲ့သည်။ သူ အတန်းထဲဝင်လာချိန်တွင် ထူးထူးခြားခြားပင်အနက်ရောင်အက္ခရာများပါသော Headbandကို နဖူးတွင် ဝတ်ထားလေသည်; ၎င်းက အရမ်းကို ခေတ်ရှေ့ပြေးနေ​၏။ ဒီတစ်ကြိမ်တွင်တော့အန်းနင် သူ့ကို မကြည့်ဘဲမနေနိုင်တော့ချေ။ စာသင်ခန်းထဲဝင်လာချိန်တွင် လူပေါင်းများစွာကသူ့ကိုကြည့်နေကြောင်း တွေ့လိုက်ရသောကြောင့် ဖြစ်ပေမည်၊ ချင်ဝေ့ဟောန်က Headband ရှိနေကြောင်းသတိပြုမိလိုက်သလိုဖြင့် Supreme Headbandကို ဆွဲချွတ်လိုက်ပြီး သူ​၏ ခေါင်းစွပ်ဆွယ်တာအနက်ရောင် အိတ်ကပ်အတွင်းသို့ ထိုးထည့်လိုက်လေသည်။

သူဖြတ်သွားရာ အန်းနင်မှာ သူ့ခန္တာကိုယ်​ပေါ်တွင် ဇစ်ဖွင့်ထားသော ဟူဒီအနက်ရောင်မှ လာသည့် မိုးနံ့ကို ရလိုက်သည်။ အန်းနင်တွင် သူ့နှာခေါင်းမှလွဲ၍တခြား စွမ်းရည်မရှိပါချေ၊ ထို့ကြောင့် သူ့အနံ့ရလိုက်သည်ကို သေချာလေသည်....ချုံတော? ဒါမှမဟုတ် ဖြစ်နိူင်တာကသစ်တောရဲ့ အနံ့?

ချင်ဝေ့ဟော် ဟူဒီအိတ်ထဲမှလက်ကို ထုတ်လိုက်ချိန်တွင် ဆွယ်တာမှာ အနည်းငယ် လှန်သွားရသည်။ အန်းနင်တစ်ယောက် အတွင်းထဲတွင်ဝတ်ထားသည့် တီရှပ်အဖြူမှာ အနည်းငယ်ရေစိုနေကြောင်း မြင်ခွင့်ရလိုက်လေသည်။ဤသည်မှာ တခြားလူကို ရည်ရွယ်ချက်ရှိရှိကြည့်လိုက်တာမျိူးမဟုတ်သော်လည်း အဖြူရောင် ချည်တီရှပ်မှာ တကယ်ပင်စိုနေကြောင်း ထင်ရှားလှ​၏။ ထို့အပြင် ချင်ဝေ့ဟော်၏ တီရှပ်ပေါ်က အစိုကွက်များကလည်း အခုထိမခြောက်သေးပေ။

ဖြစ်နိုင်သည်က ၎င်းသည် ချုံတော သို့မဟုတ် သစ်တော့နံ့မျိူးတော့ မဟုတ်နိုင်ချေ၊ ဒီအတိုင်း မိုးနံ့သာဖြစ်နိင်ပေမည်။

သူဘယ်လောက်တောင် ရွှဲခဲ့တာလဲ?

အန်းနင် အမှတ်တမဲ့ဖြင့် ပြတင်းပေါက်ကို တိတ်တိတ်လေးကြည့်လိုက်မိ​၏။ ပြတင်းပေါက်အပြင်ဘက်ရှိ သစ်ရွက်တို့မှာ မိုးရေတို့ဖြင့်စိုစွတ်နေသည်။ မနေ့ညကမိုးရွာခဲ့ပုံရပြီး ဒီမနက်မှ တိတ်သွားတာကို သူအမှတ်ရမိသွား​၏။

ဒီနေ့​၏ ဥပဒေသိပ္ပံတန်းတွင် ဆရာမ ဝမ်ချိူးလင်က Riggs v. Palmer အမည်ရသော အမွေဆက်ခံခြင်း ဖြစ်ရပ်ကို ပြောပြနေခဲ့သည်။အတန်းထဲတွင် အားလုံးက စိတ်ပါလက်ပါဖြင့် ဆွေးနွေးနေကြသော်လည်း ဆရာမက ရုတ်တရက် ချင်ဝေ့ဟောန်ကို ခေါ်ထုတ်လိုက်​၏။

"ချင်ဝေ့ဟော်! မင်းအတွေးကရောဘာလဲ? ဒါက ဘယ်လိုအကျိူးဆက် ဖြစ်သင့်လဲ?"

ချင်ဝေ့ဟော်စကားပြောမလာခင်အထိ အန်းနင်မှာအကြာကြီးစောင့်နေမိ​၏။ ချင်ဝေ့ဟောန်​၏ စိတ်မဝင်စားသောလေသံဖြင့်မေးလာသည်ကို ကြားရသောအခါ သူအနည်းငယ် အကြံအိုက်သွားရသည်။

"ဖြစ်ရပ်ကို ပြန်ပြောပေးနိုင်မလား?"

စင်ပေါ်မှာရပ်နေသည့် ဆရာမ ဝမ်ချူံးလင်က သူ့ခေါင်းကိုယမ်းလာ​၏။ အန်းနင်သည်လည်း အတန်းထဲ၌ဆိုလျှင် ချင်ဝေ့ဟော်က အမြဲလိုလို အတွေးနစ်နေတာ မဟုတ်ရင် အိပ်ပဲနေတယ်ဆိုတာ သဘောပေါက်မိသည်။ ဒါကြောင့် ဆရာမက သူ့နာမည်ကို ခေါ်လိုက်တာပင်။

သို့သော် ထိုအခိုက်တွင် ဆရာမဝမ်က သူ့ကိုပါ ခေါ်ပြောလာလိမ့်မည်ဟု အန်းနင်တစ်ခါမှပင် မစဉ်းစားဖူးခဲ့ပေ။

"အန်းနင်, မင်းသူ့ကို ဒီဖြစ်ရပ်အကြောင်းပြောပြလိုက်."

အန်းနင် တစ်ခဏမျှ တောင့်ခဲသွားရ​၏။သူ့ခမျာ မရည်ရွယ်ဘဲ ထရပ်မိတော့မလို ဖြစ်သွားရကာ ဆရာမက သူ့ကို ထိုင်နေရန်ပဲ အချက်ပြလိုက်သည်ကို မြင်လိုက်ရ​၏။ ပထမဆုံးအတန်းနေ့တွင် ဆရာမဝမ်က အားလုံးကို မတ်တပ်မရပ်ပဲ ပြောကြဖို့ တောင်းဆိုခဲ့​၏။ အန်းနင်မှာရှက်ရွံ့သွားသလို ခံစားလိုက်ရသည်။

သူ မတ်တပ်ရပ်လိုက်ဖို့ မလိုပါချေ။ မည်သို့ဆိုစေ သူခေါင်းကိုလှည့်လိုက်ပြီး အထူးတလယ်ပင် ချင်ဝေ့ဟောန်ကို စကားပြောလိုက်သည်။

"အမ်."

သူ့လှည့်သွားလိုက်ပြီး အကျင့်ပါနေသည့်အတိုင်း မျက်မှန်လေးကို ပင့်တင်လိုက်သည်။ သူနှင့် နှစ်တန်းအကွာက ပြတင်းပေါက်ဘေးရှိနောက်ဆုံးတန်းတွင် ထိုင်နေသောချင်ဝေ့ဟော်မှာ အရှေ့ကို လက်မောင်းတစ်စုံဖြင့် အနည်းငယ် ကိုင်းထားသည်ကို မြင်လိုက်ရ​၏။ ချင်ဝေ့ဟောန်​၏ စားပွဲပေါ်ရှိ ညာဘက်လက်မှာ ဘောပင်ကို လှည့်နေ၍ အန်းနင်သူ့ကို ဖြစ်ရပ်ပြောပြလာမည်ကို စောင့်နေ​၏။

အန်းနင်မှာ သတိပေးခံရသကဲ့သို့ စိုက်ကြည့်ခံနေသည်ဟု က ခံစားမိသောကြောင့် သူ့စိတ်ထဲရှိသည်တို့ကို အလျင်အမြန် ရှင်းထုတ်လိုက်ရပြီး ဖြစ်ရပ်အကြောင်းကို ထပ်ပြောပြလိုက်​၏။

၎င်းမှာ ၁၉ရာစုတွင်းက နယူးယော့ခ်တွင်ဖြစ်ပျက်ခဲ့သော ဖြစ်ရပ်မှန်ဖြစ်သည်။ Palmer လို့အမည်ရသော လူတစ်ယောက်က သူ့အဘိုးဖြစ်သူကို အဆိပ်ကျွေး,သတ်ခဲ့ပြီး သူ့အဘိုးကမူ သေတမ်းစာတွင် သူ့အတွက် အမွေများစွာချန်ထားခဲ့တာဖြစ်​၏။ ယခု မေးခွန်းမှာ Palmer ကသူ့အဘိုးရဲ့ အမွေတွေကို ဆက်ခံပိုင်ခွင့် ရှိသေးရဲ့လား ဆိုတာပင်။

"... အဲ့ဒါပဲ"

သူ စကားဆုံးသည့်နောက်တွင် အနည်းငယ်လေး မြန်သွားသော်လည်း ချင်ဝေ့ဟောန်ရဲ့ ဆုံးဖြတ်ချက်ကိုကူညီပေးမည့် မည်သည့်အချက်အလက်မှ မကျန်အောင် ကြိုးစားပေးခဲ့သည်။ ဥပမာဆိုလျှင် ထိုအချိန်က နယူးယောခ့်ဥပဒေအရ ၎င်းမှာ တရားဝင်သေး​၏။

လူပုံလယ်တွင် စကားပြောဆိုရခြင်းသည် အမြဲတမ်းလိုလိုပင် အန်းနင်​၏ ပျော့ကွက်တစ်ခုဖြစ်လေသည်။ ရံဖန်ရံခါတွင်တော့ ပြတ်သားသည့် စိတ်ထားမျိူးရှိပေမယ့် စကားပြောဖို့ ခေါ်ခံလိုက်သည်နှင့် ချက်ချင်းဆိုသလို အတွေးများက ရှုပ်သွားတတ်​၏။ ချင်ဝေ့ဟော်တစ်ယောက် သူပြောသည်ကို နားလည်လိမ့်မည်လားဆိုသည်မှာ သူလဲ မသေချာပါပေ။

သူ့ထံနားထောင်ပြီးနောက်တွင် ချင်ဝေ့ဟော်၏ မျက်လုံးများက ကျဉ်းမြောင်းသွားကြပြီး လှည့်နေသည့်ဘောပင်မှာလည်း ရပ်သွားရ​၏။ချင်ဝေ့ဟောန် နားမလည်လိုက်ဘူးဟု သူ ထင်မိသွားသည်။ သူ ပါးစပ်ဖွင့်လိုက်၍ သူ့ကိုပြောလိုက်ချင်မိသည်။

"ဘယ်အပိုင်း နားမလည်တာလဲ ? ငါ မင်းကို ပြန်ပြောပေးမယ်လေ," လို့။

သို့သော် မထင်မှတ်ထားစွာပင် ချင်ဝေ့ဟောန်က အဖြေဖြေလာခဲ့​၏။ ၄ငိးမှာ အတန်းထဲမှ အများစုဖြေဆိုကြသည့်အဖြေမျိူးနှင့် လုံးဝကိုကွဲပြားနေသည်ပင်။

သူကပြောလိုက်သည်။

"ကျွန်တော်သာ ဆုံးဖြတ်ရမယ်ဆိုရင်တော့, ကျွန်တော်သူ့ကိုအမွေခံခွင့်ပေးမှာ မဟုတ်ပါဘူး."

အံ့ဩသင့်သွားသည့် ခံစားချက်တို့ဖြင့် အန်းနင်​၏ မျက်ဝန်းတို့မှာ လက်ခနဲ့ဖြစ်သွားသည်။ လူနည်းစုလေးပင်ဖြစ်သော်လည်း သူနှင့် ချင်ဝေ့ဟော် သဘောထားမှာ တူညီနေခဲ့​၏။

ဆရာမ ဝမ်ချိူးလင်က သူ့ကိုမေးလာသည်။

"ဘာလို့ သူ့ကို အမွေဆက်ခံခွင့်မပေးတာလဲ?"

ချင်ဝေ့ဟော်က ဖြေလာ​၏။ "သူက မထိုက်တန်လို့"

အတန်းမှာ အံဩတုန်လှုပ်သွားရ​၏။ အန်းနင်မှာ ရှေ့တန်းမှ လျန်ရှန်းဟန်တစ်ယောက် အော်ရယ်လုနီးပါး ဖြစ်နေသည်ကို ကြားလိုက်သည်။သူကိုယ်တိုင်ပင် ကြောင်အမ်းအမ်းဖြစ်သွားရပြီး ချင်ဝေ့ဟော်ကို စိုက်ကြည့်နေမိလေသည်။

ဒါက...ဒီလိုမျိူး ရိုးရှင်းတဲ့အမြင်တဲ့ဆုံးဖြတ်ချက်တစ်စုံတစ်ရာမျိူးက ဥပဒေဌာနမှာ သူမမြင်ဖူးခဲ့တာ အတော်ကြာပြီလေ...

ဆရာမ ဝမ်ချုံးလင်က ရယ်မောလာ​၏။

"မင်းအဲ့လို ဆုံးဖြတ်လိုက်ရင် သက်သေခံရဲ့ ဆန္ဒကို မလေးစားရာ ကျမသွားဘူးလား?"

ချင်ဝေ့ဟော်က တကယ်ပင် ပြန်ဖြေလာသည်။

"သက်သေခံက အသက်ရှင်လျက်မှမရှိတော့တာ၊ သူ့ဆန္ဒဖြစ်ကြောင်း ဘယ်သူက အတည်ပြုနိုင်မှာလဲ?"

"သေတမ်းစာက တကယ် သူ့ရဲ့သေတမ်းစာပါ."

အတန်းမော်နီတာဖြစ်သော ချောင်ကျန်းက ဆိုလာခဲ့သည်။

လူတော်တော်များများကလဲ ထောက်ခံလာကြ​၏။

"ဟုတ်တယ်, ဒီလိုမှမဟုတ်ရင် ဘာအတွက်နဲ့ သူက သေတန်းစာရေးခဲ့မှာတဲ့လဲ? သေပြီးတဲ့နောက် တစ်ယောက်ယောက်က သူတို့ရဲ့နောက်ဆုံးဆန္ဒကို အတည်မပြုပေးနိုင်တဲ့အခါ သုံးဖို့အတွက်ပဲ မဟုတ်ဘူးလား?"

"ဒီဟာနဲ့ ဟိုဟာက မတူတဲ့ အကြောင်းအရာတွေပါ။*ဒီလူက ပြစ်မှုကျူးလွန်ခဲ့ပေမယ့် ဥပဒေက အမွေရပိုင်ခွင့်ဆိုတဲ့ သူ့အခွင့်ရေးကို ကာကွယ်ပေးထားတုန်းပဲ"

【*: ဒီအတန်းဖော်ပြောတာက Palmerက သူ့အဘိုးကို အဆိတ်ခတ်လိုက်တာနဲ့ အမွေပိုင်ဆိုင်ခွင့်ဆိုတဲ့ သူ့ရဲ့ အခွင့်အရေးနှစ်ခုက မတူတဲ့အကြောင်းအရာနှစ်ခုလို့ ပြောချင်တာပါ။ 】

"အကယ်၍ တရားရုံးက သူက အမွေတွေကိုဆက်ခံနိုင်တယ်လို့ အမိန့်ချလိုက်ရင် ဥပဒေလဲ ပြောင်းလဲသင့်တယ်လို့ ကျွန်တော်ထင်တယ်."

ချင်ဝေ့ဟော် ထိုကဲ့သို့ပြောပြီးနောက်တွင် ရုတ်ခြည်းပင် စာသင်ခန်းထဲ၌ တိတ်ဆိတ်သွားရတော့​၏။ ဘယ်သူကမှ သူ့ကို ငြင်းဆန်၍ ပြောလာခြင်းမရှိပေ။ ဤသည်က သေချာပေါက်ကို သူတွင် အမြင်မရှိသော်လည်း သူက ချင်ဝေ့ဟောန် ဖြစ်နေ၍သာ ဖြစ်ကောင်းဖြစ်နိုင်ပေလိမ့်မည်။

​စာသင်ခန်းထဲတွင် အေးစက်ပြီးငြိမ်သက်နေသည့် ထိန်းချုပ်ထားသော အာရုံတစ်ခုရှိနေသော်လည်း အန်းနင်ကမူ သူ့ရင်ထဲတွင် ချင်ဝေ့ဟော်၏ သဘောထားကို သဘောမတူပဲမနေနိုင်ပါချေ။ ဥပဒေရဲ့ သဘောအရဆိုလျှင် နိယာမတရားနဲ့ တရားမျှတမှုကို လက်ကိုင်ထားသင့်တာဖြစ်သည်။ ချင်ဝေ့ဟော် ရဲ့ လုပ်ဆောင်ချက်မှာမူ ဥပဒေကျောင်းသားတစ်ယောက်ကဲ့သို့ မဟုတ်ပါချေ။ ချင်ဝေ့ဟော်ည် အမှန်တကယ်ပင် ဆိုဆုံးရခက်သည်ဟု အန်းနင် က မတွေးနိုင်ဘဲ မနေနိုင်တော့။

ဆရာမ ဝမ်ချိူးလင်က အားလုံးရဲ့ ငြင်းခုန်နေမှုကို ကြားဖြတ်လိုက်သည်။သူမက ဒီအဖြစ်အပျက်​၏ နောက်ဆုံး အမိန့်ချမှတ်သည်ကိုပြောပြခဲ့​၏။တရားရုံးက Palmerရဲ့ အမွေဆက်ခံပိုင်ခွင့်ကို ပိတ်ပင်လိုက်တာဖြစ်သည်။ သဘောမတူခဲ့ကြသော အတန်းထဲမှ လူအများစုမှာရုတ်ရုတ်သဲသဲဖြစ်သွားကြ​၏။

ဝမ်ချိူးလင်က ဆိုသည်။

"အမှုကို ဘယ်လိုပဲ စီရင်ပါစေ တရားဥပဒေ အသိုင်းအဝိုင်းမှာတော့ သဘောထား နှစ်မျိုးရှိလိမ့်မယ်၊ ဒါပေမယ့် ဥပဒေကိုယ်တိုင်ကိုကအဖြူနဲ့ အမည်း မဟုတ်တာလဲ သေချာတယ်။ အဆုံးကျတော့ တရားသူကြီးအများစုက သူ၏အမွေရပိုင်ခွင့် ပိတ်ပင်လိုက်တာကို ဘာလို့ထောက်ခံကြသလဲဆိုတာကို စဉ်းစားကြည့်ရမယ်"

ထို့နေ့​၏ ဥပဒေသိပ္ပံတန်း အပြီးတွင် အားလုံးက နှုတ်ဆက်သွားကြပြီး နှစ်ယောက်စ,သုံးယောက်စသာ ကျန်ခဲ့သည်။ လျန်ရှန်းဟန်ကနောက်လှည့်လာခဲ့ပြီး အန်းနင်ရဲ့ စားပွဲကို ခေါက်လာသည်။

"ကန်တင်းသွားမှာလား?"

သူသည် လျန်ရှန်းဟန်နှင့် ရံဖန်ရံခါဆိုသလို ကန်တင်းသွားလေ့ရှိသည်၊ သို့သော် သူ အလုပ်-လေ့လာရေး ပရိုဂရမ်ကို လျှောက်ရမည့်အပြင်ဒီနေ့ စာသင်ခန်းကို သန့်ရှင်းဖို့လည်းရှိနေ​၏။

"ငါအခန်းကို တံမြက်စည်းလှဲရဦးမယ်, မင်းသွားနှင့်"

လျန်ရှန်းဟန်က မျက်မှောင်ကြုတ်သွားပြီး တီးတိုးဆို​၏။

"အခန်းထဲ တံမြက်စည်းလှဲဖို့ကို အရမ်းကြီး လေးနက်စရာမလိုပါဘူး။ နောက်ကျရင် စားစရာမရှိတော့ဘူးနော်"

အန်းနင်က ခေါင်းမော့ကာ သူ့ကိုပြုံးပြလိုက်သည်။

"ငါသိပါတယ်."

သူ Aတက္ကသိုလ်ကိုရောက်တာ နှစ်လရှိပြီဖြစ်သည်။ နေ့တိုင်းလိုလို သူက အလုပ်လုပ်တာ၊သို့မဟုတ် စာကြည့်တိုက်မှာ စာလေ့လာသည်ကိုသာ လုပ်လေ့ရှိသည်။ သူနှင့် ရင်းနှီးသည့် တစ်ဦးတည်းသောသူမှာ ဘေးခန်းတွင်နေသော လျန်ရှန်းဟန်သာဖြစ်လေသည်။ တစ်ခါက, လျန်ရှန်းဟန်​၏ လက်ပ်တော့ ပျက်သောအခါ တိုက်ဆိုင်စွာပင် အန်းနင်က မည်သို့ ပြင်ရမလဲကို သိနေခဲ့သဖြင့် သူလည်း ပြင်ပေးလိုက်သည်။ အဲ့အချိန်ပဆို လျန်ရှန်းဟန်က အံ့ဩနေတဲ့အမူအရာနဲ့သူကိုကြည့်နေပြီး ပြောလာခဲ့သည်။

"ထိပ်ဆုံးကျောင်းသားလေး, မင်းကအဲ့လိုပုံစံမထင်ရပေမယ့် မင်း စကေးတွေနဲ့ဆို နောက်အဆောင်က ကွန်ပြူတာဌာနကိုတောင် သွားလို့ရတယ်နော်!"

စင်စစ်တွင်တော့ အိမ်ရှိ ကွန်ပြူတာမှာ အရမ်းကိုဟောင်းနေပြိး မကြာခဏ ပျက်နေတတ်သောကြောင့် သူလည်း ပြင်တဲ့အရည်အချင်းတွေတက်လာခဲ့တာဖြစ်သည်။ သူက ထိပ်တန်းကျောင်းသားလို့ ပြောဖို့ရာလည်း သူကအဲ့တစ်ယောက်ပါလို့ မပြောနိုင်ပါချေ။ နောက်ပိုင်း ဥပဒေဘာသာရပ်တွင် နံပါတ်(၁)ဖြစ်လာသည့်အချိန်အထိ သူသဘောမပေါက်မိခဲ့သေး။ မည်သို့ဆိုစေ ဒါက သူထက်မြက်သောကြောင့်မဟုတ်ပါပဲကြိုးစားခြင်းရဲ့ ရလဒ်တစ်ခုသာဖြစ်ပေသည်။သို့ပါသော်လည်း သူသည် ကြီးပြင်းလာခဲ့စဉ်အတွင်း စာလေ့လာသည်မှလွဲလျှင် ဘာကိုမှ မလုပ်ဖူးခဲ့ပေ။ သူက သူ့ရဲ့ခွန်အားအကုန်လုံးကိုစာလုပ်ဖို့အတွက်ပဲ မြှုပ်နှံထားပြီးပြီမို့ စာမှာသာမတော်ပါက သူရှူံးမည့် အကြောင်းအရင်းပင်မဟုတ်ပါလား?

ထို့သို့ပြီးနောက် အိပ်ဆောင်ထဲတွက် သူ လျန်ရှန်းဟန်ကို ဖြတ်သွားမိချိန်တိုင်း လျန်ရှန်းဟန်က သူ့ကို အတူတူစားကြဖို့ မေးမြန်းလာခဲ့သည်။ သူ(လျန်ရှန်းဟန်) က တက္ကသိုလ်မှာ သူ(အန်းနင်)ရဲ့ ပထမဆုံးသူငယ်ချင်းဟုပင် ယူဆလို့ရသည်။

အန်းနင်က သူ့ပစ္စည်းတွေကို ထုတ်ပိုးလိုက်ပြီး သန့်ရှင်းရေးလုပ်ဖို့ ထရပ်လိုက်သည်။ ထိုအချိန်မှာပဲ တစ်စုံတစ်ယောက် အော်လိုက်တဲ့အသံကို ကြားလိုက်ရ​၏။

"ဟေး, ချင်ဝေ့ဟော်!"

ဤသည်မှာ ချိုင်မုန့်ဖြစ်သည်။ သူမက ချင်ဝေ့ဟော်ကို နောက်အားလပ်ရက် အတန်းလှုပ်ရှားမှုအကြောင်း အသိပေးချင်နေမှန်း အန်းနင်သတိရသွား​၏။

ချင်ဝေ့ဟော်မှာ စာသင်ခန်းမှ ထွက်သွားပြီဖြစ်​၏။ တစ်စုံတစ်ယောက်က သူ့ကို ခေါ်လိုက်သောအခါ သူက ရပ်သွားပြီး လှည့်ကြည့်လာသည်။ သူက ကော်ရစ်တာမှာရပ်နေလျက် ချိုင်မုန့်​၏စကားများကို စိတ်ရှည်စွာနဲ့ နားထောင်ပေးပြီးနောက် ပြောလာခဲ့သည်။

"ငါ့မှာ အချိန်မရှိဘူး."

ဒါက ချိုင်မုန့်ကို ရပ်တန့်မသွားစေပေ။ သူမက ချက်ချင်းပင်ပြောလာ​၏။"ဒါက ပထမဆုံး အတန်းလှုပ်ရှားမှုပဲ ပြီးတော့ ဘယ်သူမှ ပျက်လို့ မရဘူး!"

ချင်ဝေ့ဟော်ကလဲ သူမကို ပြောနေတုန်းပင်။"ငါ သွားမှာမဟုတ်ဘူး! ငါမှာ လုပ်စရာရှိတယ် "

သူက ချိုင်မုန့်​၏ စကားများကို မဖြေခဲ့ပါချေ။ ပြီးလျှင် နှစ်ယောက်သားမှာ မတူညီတဲ့ စာမျက်နှာပေါ်မှာ ရှိနေကြသလိုဖြစ်နေကြသည်။ချိုင်မုန့်မှာ စကားပြောဖို့ တစ်ဆို့သွားပြီးနောက် မေးလာ​၏။

"နင်က ဘာလုပ်မှာမို့လဲ ? နှစ်ရက်လေးတောင် နင်က အားမနေဘူးလား?"

သူမ​၏ စကားထဲတွင် အပြစ်တင်တဲ့လေသံပေါက်နေပြီဆိုတာ အန်းနင် ပြောနိုင်ပါသည်။ ဒီအချိန်မှာ သူသာဆိုပါက ငြင်းဆန်လိုက်နိုင်မှာမဟုတ်ပေ။ သို့သော်လည်း ချင်ဝေ့ဟောန် အဆုံးစွန်ထိ ငြင်းဆန်နေမည်ဆိုတာကိုတော့ သံသယဖြစ်စရာပင် မလိုပါချေ။

ထို့ကြောင့် အန်းနင်လဲ ဆရာကြီး​၏ ကျွမ်းကျင်မှု*များကို ခိုးချင်သည့် ရည်ရွယ်ချက်လေးဖြင့် တံမြက်စည်းလှဲနေရင်း နားစွင့်နေမိ​၏။

【*: အန်းနင်က တခြားသူတစ်ယောက်ကို ဘယ်လိုငြင်းဆန်ရသလဲဆိုတာကို သင်ယူချင်တာဖြစ်ပါလိမ့်မယ် 】

သူ ချင်ဝေ့ဟော်ပြော တာကိုသာကြားလိုက်ရသည်။"အဲ့ဒါက မင်းနဲ့ဘာမှမဆိုင်ဘူး"

အန်းနင်လည်း ကြောင်အသွားသည့်အမူအရာဖြင့် ပြန်ကြည့်လိုက်ရာ ချင်ဝေ့ဟော်တစ်ယောက် သူ့ပုခုံးပေါ်ရှိ ကျောပိုးအိတ်ကြိုးကို မ,တင်လိုက်၍ ချိုင်မုန့်အနီးမှ လျှောက်သွားပြီဖြစ်သည်။ သူ ချိုင်မုန့်ကို စကားပြောနေတုန်းက ခေါင်းငုံ့ထားတာဖြစ်​၏။ ယခု သူ ခေါင်းကို မော့လိုက်သောအခါတွင်မူ သူ​၏ မာနကြီးဟန်သည် ရုပ်ပုံ​၏ ဘောင်ထဲမှသည် အပြင်သို့ ထွက်ကျလာတော့မလိုပင် ။ ချိုင်မုန့်တစ်ယောက်ကြောင်အသွားရရုံတင်မကပဲ အန်းနင်လဲ သူ့ကို လေးစားသွားရ​၏။

ဆရာကြီးဆီက သူ ခိုးယူလိုက်သည့် အနှီကျွမ်းကျင်မှုကိုတော့ဖြင့် သူ မသင်ယူနိူင်ခဲ့၊ သူ မတတ်မြောက်နိုင်ခဲ့ပါချေ။

မျက်စိတစ်မှိတ်အတွင်းမှာပဲ တစ်ပတ်တာကုန်ဆုံးသွားခဲ့ကာ အန်းနင် မရောက်ချင်သောနေ့ကလဲ ရောက်လာခဲ့ချေပြီ။ အတန်းကော်မတီကပြည်တွင်း လျှိုစောက်တစ်ခု နှစ်ရက်တာ အားလပ်ရက်ခရီးအဖြစ် ဆက်သွယ်ခဲ့သည်။ အခကြေးငွေမှာ လူတစ်ဦးလျှင် ယွမ် ၂၀၀ ကြိုတင်ပေးဆောင်ရပြီး အပိုပေးချေထားမည်ဆိုလျှင် ပြန်အမ်းငွေရနိုင်ပြီး ချို့ယွင်းချက်တစ်စုံတစ်ရာဖြစ်လာလျှင်လဲ လျော်ပေးမည်ဟု ဆိုထားသည်။သို့သော် အတန်းမော်နီတာ ချောင့်ကျန်းကလည်း သူတို့တွေ လျော်ပေးဖို့ရာ အလားအလာမရှိဟု ဆိုထားသည်။

【သူပြောတဲ့ လျှိုစောက်ဆိုတာက အလယ်မှာ မြစ်ရောပါတဲ့ ချောက်ပုံစံမျိူးပါ】


လျှိုစောက် သည် ပြည်တွင်း attractionတစ်ခုဟု ယူဆထားကြသည်။ ၎င်းအနီးတွင် လယ်တဲများစွာရှိသည့်အပြင် စားစရိတ်နှင့် အငှားအိမ်တို့မှာလည်း ဟိုတယ်များထက်ပို၍ ဈေးချိူ​သည်။ အသွားအပြန်မောင်းချိန် ၂နာရီမျှသာကြာပြီး ယွမ်၂၀၀ဆိုသည်မှာလဲအတော်ပင် သင့်လျော်လေသည်။ ဒီတစ်ကြိမ်တွင် တုံ့ပြန်ချက်တို့မှာ အရင်အကြိမ်များထက်ပို၍ကောင်းကြ​၏။

ချောင့်ကျန်းက အားလုံးကို ချိုင်မုန့်ထံသို့ ပိုက်ဆံလွှဲပေးကြရန် တောင်းဆိုလိုက်သည်။ အန်းနင်ပို၍ပင် စိုးရိမ်လာရသည်။ သူ​၏ အတန်းဖော်များက စာသင်ချိန်နှင့် သင်ပြီးချိန်များအတွင်း WeChatဖြင့် ပိုက်ဆံများလွှဲပေးနေကြသည်ကို သူ တွေ့နေရသည်။ အချိန်အတော်ကြာရုန်းကန်ပြီးနောက်တွင်တော့ သူ ဒီအရာကို ဆွဲမထားဖို့ ဆုံးဖြတ်လိုက်လေသည်။ သူ အလျင်အမြန်ပင် သူတို့ကို ပယ်ချရန် ဆင်ခြေတစ်ခုရှာဖွေဖို့ ဆုံးဖြတ်လိုက်သည်။

ထိုနေ့တွင် အခြေခံဥပဒေ အတန်းဆရာက အတန်းကော်မတီကို ကျောင်းသားများ​​၏ email များစုဆောင်းထားဖို့ ပြောကြားခဲ့သည်။ ချိုင်မုန့်က အတန်းအပြီးတွင် ပိုက်ဆံစုပေးဖို့ တာဝန်ယူခဲ့ပြီး ချောင့်ကျန်းက အားလုံး​၏ emailလိပ်စာများကို ရေးဖို့ တာဝန်ယူခဲ့သည်။ အန်းနင်က ချောင့်ကျန်း​၏ ထိုင်ခုံကို ကြည့်မိနေပြီး အတန်းတွင်းတွင် လူနည်းနည်းမျှသာ ကျန်တော့သည့်တိုင်အောင် စောင့်ချင်နေမိသည်။မိန်းကလေးနှစ်ယောက်က ချောင့်ကျန်း​၏ မှတ်စုတွင် တစ်ယောက်ပြီးတစ်ယောက်ရေးချသွားကြပြီး အခန်းမှ ထွက်သွားကြ​၏။ ထိုအချိန်တွင်တော့ အခန်းထဲ၌ လူမများတော့ပေ၊ ထို့ကြောင့် သူ့စိတ်ကို ပြင်ဆင်လိုက်ပြီး ထရပ်ကာ လျှောက်လာခဲ့တော့​၏။

ချောင့်ကျန်းက သူ့ကို ကြည့်လာကာ ပြုံးပြပြီး မှတ်စုစာအုပ်မှစာရွက်တို့ကို လှန်ပေးလျက် ပြောလာခဲ့သည်။

"ဒီမှာရေးလိုက်!"

အန်းနင်မှာ ရှုပ်ထွေးနေသော ခံစားချက်တို့ဖြင့် သူ့emailလိပ်စာကို ရေးချလိုက်သည်။ သူက ဖောင်တိန်ကို ညင်သာစွာချလိုက်ပြီးနောက်ပြောလိုက်​၏။

"အဲ့ဒါ...ငါ နောက်တစ်ပတ်ကျ သွားဖြစ်နိူင်မှာမဟုတ်ဘူး, ငါ..."

အကြောင်းပြချက်မှာ သူ့အချိန်ပိုင်းအလုပ်ပါလို့ပင် ပြောလိုက်ဖို့ အခွင့်အလမ်းမရှိလိုက်ပါပဲ ချောင့်ကျန်းက နားလည်စွာဖြင့် ကြားဖြတ်ပြောလာ​၏။

"ငါသိတယ်," သူ့အသံကို နှိမ်ချလာ​၏။, "မင်းမှာ ခက်ခဲနေတာလား? ငါမင်းကို အရင် ယွမ်၂၀၀ပေးဖို့ ကူညီနိုင်ပါတယ်။ နောက်ကျမှ မင်းပိုက်ဆံရှိလာရင် ငါ့ကို ပြန်ပေးပေါ့."

ထိုတစ်ခဏတွင် သူတကယ်ပင် ထိရှသွားခဲ့​၏။သူသည် ချောင့်ကျန်း​၏ ကြင်နာမှုကို သံသယမရှိပါသော်လည်း ထိုကဲ့သို့သော အကြံပြုချက်ကို ပို၍ပင် လက်မခံနိုင်ဖြစ်ရသည်။ဒါက သူ့ပိုက်ဆံကိုသုံးလိုက်သည်ဆိုသော အဓိပ္ပါယ်တင်မက သူ့ကို အကူအညီတစ်ခု အကြွေးတင်သွားသည်ဟူသော အဓိပ္ပာယ်ပင်။

ချောင့်ကျန်းက အသံတိုးပြောလိုက်သော်လည်း သူက တကယ်တမ်းတွင် တီးတိုးပြောလိုက်တာမျိူးတော့ မဟုတ်ပါချေ။ အတန်းထဲတွင် မထွက်သွားရသေးသောသူများရှိနေသေး​၏။ ချင်ဝေ့ဟော်သာ်ပင် မထွက်သွားသေးပေ။ ချောင့်ကျန်က ဤသို့ပြောလိုက်ပြီးနောက်တွင်အန်းနင်မှာ ချက်ချင်းပင် မျက်နှာလေးရဲလာသလို ခံစားလိုက်ရ​၏။ တစ်ဒင်္ဂအတွင်း ဘာပြောလို့ပြောရမှန်းပင် မသိတော့ပါချေ။

ထို့နောက် တစ်စုံတစ်ယောက်က သူတို့အနားရောက်လာပြီး ပြတင်းပေါက်မှ လာသောအလင်းရောင်တို့ကို ပိတ်ဆို့လိုက်​၏။ အန်းနင်မှာ ထိုလူ​၏ လက်ကောက်ဝတ်တွင် ရေငုပ်နာရီအနက်ရောင်ကို မြင်လိုက်ရသောအခါ ရုတ်ခြည်းပင် ချင်ဝေ့ဟော်မှန်း သိလိုက်မိ​၏။ ရှက်စိတ်ရေးရေးလေးမှာ ချင်ဝေ့ဟော် ရောက်ရှိလာသောအချိန်တွင်မူ ပိုပြီး လေးလံလာသလို ခံစားလိုက်ရသည်။

အန်းနင် သူ ဘောပင်ကောက်ကိုင်၍ မှတ်စုစာအုပ်တွင် emailဖြည့်နေသည်ကို ကြည့်နေမိ​၏။သူ​၏ လက်ရေးမှာ အတော်ပင် ကောင်းလှသည်။ စာရွက်၏ထိပ်တွင်တော့ အန်းနင်ရဲ့ ဘာမှမကျန်သည်အထိ ​အကဲဖြတ်မှုတွေခံထားရသော ကိုယ်ပိုင် မူလတန်းကျောင်း လက်ရေးလေးပင်ဖြစ်လေသည်။ ချင်ဝေ့ဟောန်က မှတ်စုပေါ်တွင် ဘောပင်ကို ချလိုက်ပြီး မတ်မတ်ရပ်လိုက်ကာ ပြောလာ​၏။

"သူ မလိုက်နိုင်ဘူး။ သူက ငါနဲ့ အစီအစဉ်ရှိလို့."

အန်းနင်မှာ နားကြားမှားသည်ဟုပင် ထင်လိုက်မိသည်။ သူ ရုတ်ခြည်းခေါင်းမော့ကာ သူ့ထက်အရပ်ရှည်သည့် ချင်ဝေ့ဟောန်ကို ကြည့်လိုက်မိသည်။

ချောင့်ကျန်းသည်လည်း ကြောင်အသွားကာ ခေါင်းမော့ပြီး သူ့ကိုမေးလာသည်။

"အာ? တကယ်လား?"

အန်းနင်မှာ ချောင်ပိတ်နေခဲ့ပြီး မသိလိုက်ပါပဲ ချင်ဝေ့ဟော်ကို ကြည့်နေမိရာ ချင်ဝေ့ဟောန်ကလဲ မထူးခြားပါဘဲ တည်ငြိမ်သောအသွင်တို့ဖြင့် သူ့ကို ပြန်ကြည့်လာခဲ့သည်။ အန်းနင်မှာ သူ့ထံမှ ကြည့်ခံနေရပြီး "အမှန်ပဲ"ဟု ပြောလိုက်မိ​၏။ သူ လိပ်ပြာမလုံသော စိတ်တို့ဖြင့် ချောင့်ကျန်းကို ခေါင်းညိတ်ပြလိုက်မိပြီး သူ​၏ နီရဲနေသော မျက်နှာမှာ သူ့ကို သစ္စာဖောက်နေလောက်ပြီဖြစ်ကြောင်း တွေးနေမိ​၏။

"မင်းတို့က ဘာအတွက်တွေ့ကြမှာလဲ?" ချောင့်ကျန်းက သူတို့ကို စုံချည်ဆန်ချည် ကြည့်လာသည်။

ချင်ဝေ့ဟော်က အလျင်မလိုပါဘဲ ဖြေလိုက်​၏။

"ငါတို့ ကိစ္စပါ."

ဒီတစ်ကြိမ်တွင်တော့ ချောင့်ကျန်း မျက်နှာမှာ ရဲသွားခဲ့သည်။ သူက အန်းနင်ကို စပ်စုချင်စိတ်အပြည့်ဖြင့် ပြန်ကြည့်လာ​၏။ သို့သော် ချင်ဝေ့ဟော်က သူ​၏ အဓိပ္ပာယ်မဲ့သော စကားများဖြင့် တစ်တန်းလုံးကို ငြိမ်သက်သွားစေခဲ့သော အချိန်တုန်းကလိုပင်။ ချောင့်ကျန်းမှာမေးခွန်းများစွာရှိနေသည်မှာ ထင်ရှားလှသော်လည်း မေးမြန်းခြင်းမရှိခဲ့ပေ။

အန်းနင်​၏ နှလုံးခုန်နှုန်းတို့မှာ ၁၈၀လောက်ထိ ထိုးတက်သွား​၏။ ချင်ဝေ့ဟော်က သူ့ကို ဖြတ်လျှောက်သွားပြီး မေးဆတ်ပြလာခဲ့သည်။

"သွားစို့! ."

အန်းနင် မြန်မြန်ပင် အတန်းမော်နီတာကို ခေါင်းငြိမ့်ပြလိုက်ပြီး ကသုတ်ကရုတ်ဖြင့် လိုက်သွားရလေသည်။ ခြေထောက်ရှည်ကြီးများနှင့် ချင်ဝေ့ဟော်ကမူ စာသင်ခန်းထဲကပင် ထွက်သွားချေပြီ။ မျက်စိတစ်မှိတ်အတွင်း၌ပင် သူက ကော်ရစ်တာအဆုံးထိ ရောက်နေပြီဖြစ်လေ​၏။

အန်းနင်က သူ့ကို ကျေးဇူးတင်ချင်တာကြောင့် ကော်ရစ်တာမှ လှေကားအောက်တိုင်အောင် သူ့နောက်မှ လိုက်ပါလာခဲ့သည်။ ထို့နောက် ချင်ဝေ့ဟော် ရဲ့နောက်ကို မှီလာခဲ့ပြီး ပြောလိုက်လေသည်။

"ကျေးဇူးတင်ပါတယ်!"

ချင်ဝေ့ဟော်က သူ့နောက်ကနေ အဆက်မပြတ် လိုက်လာခဲ့သူကို တစ်ချက်မျှ ကြည့်လိုက်​၏။ ကောင်လေးသည် ဘေးဘက်မှနေ၍ ခေါင်းလေး ပြူထွက်နေပြီး သူ့ကို ကျေးဇူးတင်ကြောင်းပြောနေသည်။

"ရပါတယ်, ငါလဲ မင်းမပါချင်တာကို မြင်လိုက်ရလို့။ သူတို့ကို အများကြီးရှင်းပြနေစရာမလိုဘူး။ မင်းမသွားချင်ရင် မသွားနဲ့ပေါ့"

ထိုသို့ကြားလိုက်ရသောအခါ အန်းနင်ပြုံးလိုက်မိသည်။ချင်ဝေ့ဟော်ကတော့ စကားဆုံးသည်နှင့် ထွက်သွားပြီဖြစ်သည်။

မမျှော်လင့်ပါဘဲ လူနှစ်ယောက်ကြားက ပထမဆုံးစကားပြောလိုက်ခြင်းက အခြေအနေတစ်ခုအောက်တွင် ဖြစ်ပျက်ခဲ့သည်။မည်သို့ပင်ဖြစ်စေ ချင်ဝေ့ဟောန်သည် အမှန်တကယ်ပင် သူ့ကို စိတ်ကူးပေါက်သည့်အတိုင်း ကူညီပေးခဲ့လေသည်။

သူ သူ့ကို မသိပေမယ့်၊ သူ့ကို ကိုယ်ချင်းစာမပေးပေမယ့်၊ သူက သူ့ရဲ့အခန်းဖော်မှန်းတောင် သတိမထားမိပေမယ့်ပေါ့။

_____________________________

ပြောစရာလေးရှိပါတယ် Engtranက သိသွားပြီး ခွင့်ပြုတဲ့ mailလေးပို့ပေးခဲ့ပါပြီ။ (〃ω〃)

『Zawgyi』


စက္တင္ဘာမွ ေအာက္တိုဘာေရာက္လာခ်ိန္တြင္ အတန္းထဲရွိလူမ်ားသည္ တစ္ေယာက္ကိုတစ္ေယာက္ အေတာ္ေလး ကၽြမ္းဝင္လာၾကၿပီျဖစ္သည္။ အခန္း​၏ ေကာ္မတီအသင္းဝင္မ်ားကိုလည္း ေရြးခ်ယ္ၿပီးၿပီျဖစ္သည္။ အသင္းဝင္အသစ္မ်ားမွာ ေနရာသုံးခုတြင္ သတ္မွတ္ေပးခံရသည္။ အတန္းေကာ္မတီ လုပ္ဖို႔စီစဥ္လိုက္တဲ့ ပထမဆုံးအရာကေတာ့ တစ္တန္းလုံးအျပင္တစ္ခါေလာက္ထြက္ ကစားၾကဖို႔ပင္။

တနလၤာေန႔ မွူခင္းဆိုင္ရာ ဥပေဒအတန္းၿပီးေနာက္ ေမာ္နီတာနဲ႔ေကာ္မတီအသင္းဝင္မ်ားက အထိမ္းအမွတ္အျဖစ္ အားလုံး​၏ ထင္ျမင္ခ်က္တို႔ကို ေတာင္းခံလာခဲ့သည္။ အားလုံး​၏ တုံ႔ျပန္ခ်က္တို႔မွာ အထူးတလယ္ေကာင္းမြန္ေနျခင္းမရွိေသာ္လည္း ေယဘုယ်အားျဖင့္ စကားေျပာလာတာမ်ိဴးလဲမရွိခဲ့ေပ။

အတန္းေမာ္နီတာ ေခ်ာင္က်န္းက အတန္းကို လွည့္ပတ္ၾကည့္လိုက္ၿပီး ေျပာသည္။

"ဘယ္သူမျငင္းဘူးဆိုရင္, ဒီတစ္ပတ္အားလပ္ရက္ဆိုရင္ေကာ?"

"ဒီတစ္ပတ္က နည္းနည္းေတာ့ ႐ုတ္တရက္ဆန္လြန္းတယ္,"

အန္းနင္ရဲ့ေရွ႕ခုံမွာထိုင္ေနတဲ့ လ်န္ရွန္ဟန္က ေျပာလာသည္။

"ဘာပဲျဖစ္ျဖစ္ အားလုံးက ႀကိဳတင္ စီစဥ္ထားရဦးမွာေလ, ေနာက္ရက္သတၱပတ္မျဖစ္သင့္ဘူးလား ?"

ဒီအိုင္ဒီယာကို ခ်က္ခ်င္းပင္ ေက်ာင္းသားအမ်ားစုကေထာက္ခံလာၾကသျဖင့္ ေခ်ာင္က်န္းလဲ လက္ခံလိုက္၍ ေခါင္းညိတ္ျပလိုက္သည္။

"ဟုတ္ၿပီ, ဒါဆိုလဲ ေနာက္တစ္ပတ္အားလပ္ရက္ေပါ့! ငါ အသင္းဝင္ေတြနဲ႔ဘယ္ကိုသြားရမလဲဆိုတာ ေဆြးေႏြးလိုက္ဥိမယ္."

အတန္းထဲမွ ေက်ာင္းသားမ်ားက စကားျဖတ္ေျပာလာ​၏

"အရမ္းေဝးတဲ့ေနရာမေရြးပါနဲ႔."

"ေက်းဇူးျပဳၿပီး ေဈးမႀကီးပါေစနဲ႔! ကၽြန္မတစ္လစာသုံးစရိတ္က ကုန္ခါနီးေနၿပီ !"

ေခ်ာင္က်န္းက ယုံၾကည္စြာနဲ႔ပင္ ျပဳံးျပလာသည္။

"မပူပါနဲ႔, ငါလုပ္ေနတာငါသိပါတယ္!"

အန္းနင္မွာ ေသေသခ်ာခ်ာေဈးမႀကီးေစဖို႔ ေျပာေပးလိုက္သည့္ ေကာင္မေလးကို အနည္းငယ္ေက်းဇူးတင္သြားရသည္။ အတန္းလွုပ္ရွားမွုေတြ မၾကာခင္မွာပဲ စတင္လိမ့္မည္ဟု သူမေမၽွာ္လင့္ဖူးခဲ့ေခ်။ သူရဲ့ အခ်ိန္ပိုင္းအလုပ္က ဒီလအတြက္လစာကို မရရွိေသးေပ။

ထို႔အျပင္ အလုပ္-ေလ့လာေရး ပရိုဂရမ္မွ ပိုက္ဆံသည္လည္း လမကုန္မခ်င္း သူ႔ကဒ္ထဲကို ပို႔ေပးလိမ့္မည္မဟုတ္ေခ်။

သူေက်ာင္းကို အစီရင္ခံဖို႔ လာစဥ္က သူ႔မိဘမ်ားကသူ႔ကို ယြမ္တစ္ေထာင္ေပးခဲ့သည္။ ပထမႏွစ္အတြက္ က်ဴရွင္ခကိုလဲ သူ႔မိဘမ်ားကေပးေခ်လိုက္သျဖင့္ သူအေတာ္ေလး ဝမ္းသာေနရၿပီျဖစ္​၏။ ေနထိုင္စရိတ္အတြက္မူ သူ႔ဘာသူသာ တြက္ခ်က္ရမည္ျဖစ္သည္။

ေနာက္ထပ္ သုံးႏွစ္အတြက္က်ဴရွင္စရိတ္ကိုလဲ သူ႔ဘာသာသူ အလုပ္လုပ္ရေပမည္။ Aတကၠသိုလ္ကို မလာခင္ကတည္းက သူအၿပီးစဥ္းစားၿပီးသားပင္ - ပညာသင္ခြင့္၊အလုပ္-စာေလ့လာ ပရိုဂရမ္ေတြနဲ႔ အခ်ိန္ပိုင္းအလုပ္ေတြကသာ သူ႔ကို စာေကာင္းေကာင္းနဲ႔ ၿငိမ္ၿငိမ္သင္နိုင္ဖို႔အေျခအေနေပးလိမ့္မည္ျဖစ္သည္။

ထို႔ေၾကာင့္ ဒီေလးႏွစ္အတြက္မူ မည္သည့္ျပႆနာမ်ိဴးမွ မျဖစ္လာနိုင္ေပ။ သို႔ေသာ္ သူ႔အစီအစဥ္တြင္ မေမၽွာ္လင့္ေသာ အေျခအေနမ်ားေတာ့ မပါဝင္ခဲ့ေခ်။ ဘဝတြင္ ဟိုဟိုသည္သည္ ႐ုတ္တရက္ၾကဳံရေသာ ျပႆနာမ်ား၌လည္းပိတ္မိေနတတ္သည္ ; ဥပမာဆိုလၽွင္ ေနရာအႏွံ့ ေရပိုက္ကေန ေရယိုသည္မ်ိဴး။

သူ႔ကဒ္ထဲရွိ ယြမ္တစ္ေထာင္မွာလဲ ေလးရာဝန္းက်င္သာက်န္ေတာ့သည္၊ ၿပီးလၽွင္ သူ႔တစ္ေယာက္ ျပႆနာအတြက္နဲ႔ အတန္းလွုပ္ရွားမွုကိုရပ္ဖို႔ရာလဲ မျဖစ္နိုင္ေပ။

သူ မပါလိုက္ဖို႔ အေၾကာင္းျပစရာရွာရင္ေကာ​?

ေလးလံတဲ့ စိတ္တို႔ျဖင့္ သူ ဖုန္းကို အေဝးပစ္လိုက္ၿပီး သူ႔ေက်ာပိုးအိတ္ကို ဆြဲယူလ္ိုက္သည္။ ထိုအခိုက္တြင္ သူ႔ပုခုံးကို အေနာက္မွတစ္စုံတစ္ေယာက္က ပုတ္လိုက္​၏။

"အန္းနင္"

သူေခါင္းလွည့္ၾကည့္လိုက္ရာ ေကာ္မတီအဖြဲ႕ဝင္ ခ်ိဳင္မုန႔္ အေနာက္တန္းတြင္ထိုင္ေနသည္ကို ျမင္လိုက္ရၿပီး သူကေျပာလာ​၏။

"ခ်င္ေဝ့ေဟာန္က ဒီေန႔အတန္းမလာဘူးေလ။ နင္သူ႔ကို႔ သတင္းေပးဖို႔ တာဝန္ယူလိုက္"

အန္းနင္ ၾကက္ေသေသသြား​၏။ အတန္းထဲက ေယာက္်ားေလးမ်ားကေတာ့ တစ္ေဆာင္ထဲအတူတူေနၾကသျဖင့္ ခ်င္ေဝ့ေဟာန္ အိပ္ေဆာင္မွာမေနသည္ကို သိၾကေသာ္လည္း မိန္းကေလးမ်ားကမူ သိၾကပုံမရေပ။ ထို႔ေၾကာင့္ သူရွင္းျပလိုက္ရသည္။

"ငါသူ႔ကို ေျပာေပးနိုင္မွာမဟုတ္ဘူး။ သူက တစ္ေနရာရာမွာေနတာ၊ အိပ္ေဆာင္မွာမရွိတတ္ဘူး"

"ဟမ္?" ခ်ိဳင္မုန႔္က အံ့ဩသြားသည္။

"သူကအိပ္ေဆာင္ကို တစ္ခါမွကိုျပန္မလာဘူးေပါ့?"

အန္းနင္ ေခါင္းညိတ္ျပလိုက္သည္။ ဒါက အမွန္ပဲေလ။

"ဝိုး, ဒါက နင့္ဘာသာ တစ္ခန္းရထားသလို အဓိပၸာယ္ပဲမလား?"

အန္းနင္ ခါးသက္သက္ႏွင့္ ျပဳံးလိုက္သည္။ အမွန္ပါပဲ။ဤသည္မွာ တကၠသိုလ္ဝင္လာကတည္းက သူ႔ထံမွာ ျဖစ္ပ်က္လာခဲ့သည့္တြက္ေျခကိုက္မွုေလးတစ္ခုပင္ ျဖစ္သည္။

ခ်ိဳင္မုန႔္က အမွုမထားဘဲ ျပဳံး၍ေျပာလာသည္။

"အဲ့ဒါဆိုလဲ ေနာက္တစ္ခါ သူ ဥပေဒသိပၸံတန္း လာတက္ရင္ ငါ သူ႔ကို ေျပာလိုက္မယ္."

အန္းနင္ စိတ္သက္သာရာရၿပီး သက္ျပင္းခ်လိုက္သည္။ ခ်ိဳင္မုန႔္က ဆက္ေျပာလာ​၏။

"နင္လဲ Group လွုပ္ရွားမွုကို ေသခ်ာေပါက္လာရမယ္ေနာ္!"

ခ်ိဳင္မုန႔္ စကားေျပာၿပီး ထရပ္ကာထြက္သြားသည္အထိ သူၾကည့္ေနမိလိုက္​၏။ သူငိုခ်င္မိေသာ္လည္း မ်က္ရည္ကက်မလာခဲ့။

အလိုေလး, ဘဝႀကီးက တကယ္ ခက္ခဲလွတယ္ကိုး....

ဗုဒၶဟူးေန႔​၏ ဥပေဒသိပၸံအတန္းတြင္ ခ်င္ေဝ့ေဟာန္ တကယ္ပင္ ေရာက္လာခဲ့သည္။ သူ အတန္းထဲဝင္လာခ်ိန္တြင္ ထူးထူးျခားျခားပင္အနက္ေရာင္အကၡရာမ်ားပါေသာ Headbandကို နဖူးတြင္ ဝတ္ထားေလသည္; ၎က အရမ္းကို ေခတ္ေရွ႕ေျပးေန​၏။ ဒီတစ္ႀကိမ္တြင္ေတာ့အန္းနင္ သူ႔ကို မၾကည့္ဘဲမေနနိုင္ေတာ့ေခ်။ စာသင္ခန္းထဲဝင္လာခ်ိန္တြင္ လူေပါင္းမ်ားစြာကသူ႔ကိုၾကည့္ေနေၾကာင္း ေတြ႕လိုက္ရေသာေၾကာင့္ ျဖစ္ေပမည္၊ ခ်င္ေဝ့ေဟာန္က Headband ရွိေနေၾကာင္းသတိျပဳမိလိုက္သလိုျဖင့္ Supreme Headbandကို ဆြဲခၽြတ္လိုက္ၿပီး သူ​၏ ေခါင္းစြပ္ဆြယ္တာအနက္ေရာင္ အိတ္ကပ္အတြင္းသို႔ ထိုးထည့္လိုက္ေလသည္။

သူျဖတ္သြားရာ အန္းနင္မွာ သူ႔ခႏၲာကိုယ္​ေပၚတြင္ ဇစ္ဖြင့္ထားေသာ ဟူဒီအနက္ေရာင္မွ လာသည့္ မိုးနံ႔ကို ရလိုက္သည္။ အန္းနင္တြင္ သူ႔ႏွာေခါင္းမွလြဲ၍တျခား စြမ္းရည္မရွိပါေခ်၊ ထို႔ေၾကာင့္ သူ႔အနံ႔ရလိုက္သည္ကို ေသခ်ာေလသည္....ခ်ဳံေတာ? ဒါမွမဟုတ္ ျဖစ္နိူင္တာကသစ္ေတာရဲ့ အနံ႔?

ခ်င္ေဝ့ေဟာန္ ဟူဒီအိတ္ထဲမွလက္ကို ထုတ္လိုက္ခ်ိန္တြင္ ဆြယ္တာမွာ အနည္းငယ္ လွန္သြားရသည္။ အန္းနင္တစ္ေယာက္ အတြင္းထဲတြင္ဝတ္ထားသည့္ တီရွပ္အျဖဴမွာ အနည္းငယ္ေရစိုေနေၾကာင္း ျမင္ခြင့္ရလိုက္ေလသည္။ဤသည္မွာ တျခားလူကို ရည္ရြယ္ခ်က္ရွိရွိၾကည့္လိုက္တာမ်ိဴးမဟုတ္ေသာ္လည္း အျဖဴေရာင္ ခ်ည္တီရွပ္မွာ တကယ္ပင္စိုေနေၾကာင္း ထင္ရွားလွ​၏။ ထို႔အျပင္ ခ်င္ေဝ့ေဟာန္​၏ တီရွပ္ေပၚက အစိုကြက္မ်ားကလည္း အခုထိမေျခာက္ေသးေပ။

ျဖစ္နိုင္သည္က ၎သည္ ခ်ဳံေတာ သို႔မဟုတ္ သစ္ေတာ့နံ႔မ်ိဴးေတာ့ မဟုတ္နိုင္ေခ်၊ ဒီအတိုင္း မိုးနံ႔သာျဖစ္နိင္ေပမည္။

သူဘယ္ေလာက္ေတာင္ ရႊဲခဲ့တာလဲ?

အန္းနင္ အမွတ္တမဲ့ျဖင့္ ျပတင္းေပါက္ကို တိတ္တိတ္ေလးၾကည့္လိုက္မိ​၏။ ျပတင္းေပါက္အျပင္ဘက္ရွိ သစ္ရြက္တို႔မွာ မိုးေရတို႔ျဖင့္စိုစြတ္ေနသည္။ မေန႔ညကမိုးရြာခဲ့ပုံရၿပီး ဒီမနက္မွ တိတ္သြားတာကို သူအမွတ္ရမိသြား​၏။

ဒီေန႔​၏ ဥပေဒသိပၸံတန္းတြင္ ဆရာမ ဝမ္ခ်ိဴးလင္က Riggs v. Palmer အမည္ရေသာ အေမြဆက္ခံျခင္း ျဖစ္ရပ္ကို ေျပာျပေနခဲ့သည္။အတန္းထဲတြင္ အားလုံးက စိတ္ပါလက္ပါျဖင့္ ေဆြးေႏြးေနၾကေသာ္လည္း ဆရာမက ႐ုတ္တရက္ ခ်င္ေဝ့ေဟာန္ကို ေခၚထုတ္လိုက္​၏။

"ခ်င္ေဝ့ေဟာန္! မင္းအေတြးကေရာဘာလဲ? ဒါက ဘယ္လိုအက်ိဴးဆက္ ျဖစ္သင့္လဲ?"

ခ်င့္ေဝ့ေဟာန္စကားမေျပာလာခင္အထိ အန္းနင္မွာအၾကာႀကီးေစာင့္ေနမိ​၏။ ခ်င္ေဝ့ေဟာန္​၏ စိတ္မဝင္စားေသာေလသံျဖင့္ေမးလာသည္ကို ၾကားရေသာအခါ သူအနည္းငယ္ အႀကံအိုက္သြားရသည္။

"ျဖစ္ရပ္ကို ျပန္ေျပာေပးနိုင္မလား?"

စင္ေပၚမွာရပ္ေနသည့္ ဆရာမ ဝမ္ခ်ဴံးလင္က သူ႔ေခါင္းကိုယမ္းလာ​၏။ အန္းနင္သည္လည္း အတန္းထဲ၌ဆိုလၽွင္ ခ်င္ေဝ့ေဟာန္က အျမဲလိုလို အေတြးနစ္ေနတာ မဟုတ္ရင္ အိပ္ပဲေနတယ္ဆိုတာ သေဘာေပါက္မိသည္။ ဒါေၾကာင့္ ဆရာမက သူ႔နာမည္ကို ေခၚလိုက္တာပင္။

သို႔ေသာ္ ထိုအခိုက္တြင္ ဆရာမဝမ္က သူ႔ကိုပါ ေခၚေျပာလာလိမ့္မည္ဟု အန္းနင္တစ္ခါမွပင္ မစဥ္းစားဖူးခဲ့ေပ။

"အန္းနင္, မင္းသူ႔ကို ဒီျဖစ္ရပ္အေၾကာင္းေျပာျပလိုက္."

အန္းနင္ တစ္ခဏမၽွ ေတာင့္ခဲသြားရ​၏။သူ႔ခမ်ာ မရည္ရြယ္ဘဲ ထရပ္မိေတာ့မလို ျဖစ္သြားရကာ ဆရာမက သူ႔ကို ထိုင္ေနရန္ပဲ အခ်က္ျပလိုက္သည္ကို ျမင္လိုက္ရ​၏။ ပထမဆုံးအတန္းေန႔တြင္ ဆရာမဝမ္က အားလုံးကို မတ္တပ္မရပ္ပဲ ေျပာၾကဖို႔ ေတာင္းဆိုခဲ့​၏။ အန္းနင္မွာရွက္ရြံ႕သြားသလို ခံစားလိုက္ရသည္။

သူ မတ္တပ္ရပ္လိုက္ဖို႔ မလိုပါေခ်။ မည္သို႔ဆိုေစ သူေခါင္းကိုလွည့္လိုက္ၿပီး အထူးတလယ္ပင္ ခ်င္ေဝ့ေဟာန္ကို စကားေျပာလိုက္သည္။

"အမ္."

သူ႔လွည့္သြားလိုက္ၿပီး အက်င့္ပါေနသည့္အတိုင္း မ်က္မွန္ေလးကို ပင့္တင္လိုက္သည္။ သူႏွင့္ ႏွစ္တန္းအကြာက ျပတင္းေပါက္ေဘးရွိေနာက္ဆုံးတန္းတြင္ ထိုင္ေနေသာ ခ်င္ေဝ့ေဟာန္မွာ အေရွ႕ကို လက္ေမာင္းတစ္စုံျဖင့္ အနည္းငယ္ ကိုင္းထားသည္ကို ျမင္လိုက္ရ​၏။ ခ်င္ေဝ့ေဟာန္​၏ စားပြဲေပၚရွိ ညာဘက္လက္မွာ ေဘာပင္ကို လွည့္ေန၍ အန္းနင္သူ႔ကို ျဖစ္ရပ္ေျပာျပလာမည္ကို ေစာင့္ေန​၏။

အန္းနင္မွာ သတိေပးခံရသကဲ့သို႔ စိုက္ၾကည့္ခံေနသည္ဟု က ခံစားမိေသာေၾကာင့္ သူ႔စိတ္ထဲရွိသည္တို႔ကို အလ်င္အျမန္ ရွင္းထုတ္လိုက္ရၿပီး ျဖစ္ရပ္အေၾကာင္းကို ထပ္ေျပာျပလိုက္​၏။

၎မွာ ၁၉ရာစုတြင္းက နယူးေယာ့ခ္တြင္ျဖစ္ပ်က္ခဲ့ေသာ ျဖစ္ရပ္မွန္ျဖစ္သည္။ Palmer လို႔အမည္ရေသာ လူတစ္ေယာက္က သူ႔အဘိုးျဖစ္သူကို အဆိပ္ေကၽြး,သတ္ခဲ့ၿပီး သူ႔အဘိုးကမူ ေသတမ္းစာတြင္ သူ႔အတြက္ အေမြမ်ားစြာခ်န္ထားခဲ့တာျဖစ္​၏။ ယခု ေမးခြန္းမွာ Palmer ကသူ႔အဘိုးရဲ့ အေမြေတြကို ဆက္ခံပိုင္ခြင့္ ရွိေသးရဲ့လား ဆိုတာပင္။

"... အဲ့ဒါပဲ"

သူ စကားဆုံးသည့္ေနာက္တြင္ အနည္းငယ္ေလး ျမန္သြားေသာ္လည္း ခ်င္ေဝ့ေဟာန္ရဲ့ ဆုံးျဖတ္ခ်က္ကိုကူညီေပးမည့္ မည္သည့္အခ်က္အလက္မွ မက်န္ေအာင္ ႀကိဳးစားေပးခဲ့သည္။ ဥပမာဆိုလၽွင္ ထိုအခ်ိန္က နယူးေယာခ့္ဥပေဒအရ ၎မွာ တရားဝင္ေသး​၏။

လူပုံလယ္တြင္ စကားေျပာဆိုရျခင္းသည္ အျမဲတမ္းလိုလိုပင္ အန္းနင္​၏ ေပ်ာ့ကြက္တစ္ခုျဖစ္ေလသည္။ ရံဖန္ရံခါတြင္ေတာ့ ျပတ္သားသည့္ စိတ္ထားမ်ိဴးရွိေပမယ့္ စကားေျပာဖို႔ ေခၚခံလိုက္သည္ႏွင့္ ခ်က္ခ်င္းဆိုသလို အေတြးမ်ားက ရွုပ္သြားတတ္​၏။ ခ်င္ေဝ့ေဟာန္ တစ္ေယာက္ သူေျပာသည္ကို နားလည္လိမ့္မည္လားဆိုသည္မွာ သူလဲ မေသခ်ာပါေပ။

သူ႔ထံနားေထာင္ၿပီးေနာက္တြင္ ခ်င္ေဝ့ေဟာန္​၏ မ်က္လုံးမ်ားက က်ဥ္းေျမာင္းသြားၾကၿပီး လွည့္ေနသည့္ေဘာပင္မွာလည္း ရပ္သြားရ​၏။ခ်င္ေဝ့ေဟာန္ နားမလည္လိုက္ဘူးဟု သူ ထင္မိသြားသည္။ သူ ပါးစပ္ဖြင့္လိုက္၍ သူ႔ကိုေျပာလိုက္ခ်င္မိသည္။

"ဘယ္အပိုင္း နားမလည္တာလဲ ? ငါ မင္းကို ျပန္ေျပာေပးမယ္ေလ," လို႔။

သို႔ေသာ္ မထင္မွတ္ထားစြာပင္ ခ်င္ေဝ့ေဟာန္က အေျဖေျဖလာခဲ့​၏။ ၄ငိးမွာ အတန္းထဲမွ အမ်ားစုေျဖဆိုၾကသည့္အေျဖမ်ိဴးႏွင့္ လုံးဝကိုကြဲျပားေနသည္ပင္။

သူကေျပာလိုက္သည္။

"ကၽြန္ေတာ္သာ ဆုံးျဖတ္ရမယ္ဆိုရင္ေတာ့, ကၽြန္ေတာ္သူ႔ကိုအေမြခံခြင့္ေပးမွာ မဟုတ္ပါဘူး."

အံ့ဩသင့္သြားသည့္ ခံစားခ်က္တို႔ျဖင့္ အန္းနင္​၏ မ်က္ဝန္းတို႔မွာ လက္ခနဲ႔ျဖစ္သြားသည္။ လူနည္းစုေလးပင္ျဖစ္ေသာ္လည္း သူႏွင့္ ခ်င္ေဝ့ေဟာန္ သေဘာထားမွာ တူညီေနခဲ့​၏။

ဆရာမ ဝမ္ခ်ိဴးလင္က သူ႔ကိုေမးလာသည္။

"ဘာလို႔ သူ႔ကို အေမြဆက္ခံခြင့္မေပးတာလဲ?"

ခ်င္ေဝ့ေဟာန္က ေျဖလာ​၏။ "သူက မထိုက္တန္လို႔"

အတန္းမွာ အံဩတုန္လွုပ္သြားရ​၏။ အန္းနင္မွာ ေရွ႕တန္းမွ လ်န္ရွန္းဟန္တစ္ေယာက္ ေအာ္ရယ္လုနီးပါး ျဖစ္ေနသည္ကို ၾကားလိုက္သည္။သူကိုယ္တိုင္ပင္ ေၾကာင္အမ္းအမ္းျဖစ္သြားရၿပီး ခ်င္ေဝ့ေဟာန္ကို စိုက္ၾကည့္ေနမိေလသည္။

ဒါက...ဒီလိုမ်ိဴး ရိုးရွင္းတဲ့အျမင္တဲ့ဆုံးျဖတ္ခ်က္တစ္စုံတစ္ရာမ်ိဴးက ဥပေဒဌာနမွာ သူမျမင္ဖူးခဲ့တာ အေတာ္ၾကာၿပီေလ...

ဆရာမ ဝမ္ခ်ဳံးလင္က ရယ္ေမာလာ​၏။

"မင္းအဲ့လို ဆုံးျဖတ္လိုက္ရင္ သက္ေသခံရဲ့ ဆႏၵကို မေလးစားရာ က်မသြားဘူးလား?"

ခ်င္ေဝ့ေဟာန္က တကယ္ပင္ ျပန္ေျဖလာသည္။

"သက္ေသခံက အသက္ရွင္လ်က္မွမရွိေတာ့တာ၊ သူ႔ဆႏၵျဖစ္ေၾကာင္း ဘယ္သူက အတည္ျပဳနိုင္မွာလဲ?"

"ေသတမ္းစာက တကယ္ သူ႔ရဲ့ေသတမ္းစာပါ."

အတန္းေမာ္နီတာျဖစ္ေသာ ေခ်ာင္က်န္းက ဆိုလာခဲ့သည္။

လူေတာ္ေတာ္မ်ားမ်ားကလဲ ေထာက္ခံလာၾက​၏။

"ဟုတ္တယ္, ဒီလိုမွမဟုတ္ရင္ ဘာအတြက္နဲ႔ သူက ေသတန္းစာေရးခဲ့မွာတဲ့လဲ? ေသၿပီးတဲ့ေနာက္ တစ္ေယာက္ေယာက္က သူတို႔ရဲ့ေနာက္ဆုံးဆႏၵကို အတည္မျပဳေပးနိုင္တဲ့အခါ သုံးဖို႔အတြက္ပဲ မဟုတ္ဘူးလား?"

"ဒီဟာနဲ႔ ဟိုဟာက မတူတဲ့ အေၾကာင္းအရာေတြပါ။*ဒီလူက ျပစ္မွုက်ဴးလြန္ခဲ့ေပမယ့္ ဥပေဒက အေမြရပိုင္ခြင့္ဆိုတဲ့ သူ႔အခြင့္ေရးကို ကာကြယ္ေပးထားတုန္းပဲ"

【*: ဒီအတန္းေဖာ္ေျပာတာက Palmerက သူ႔အဘိုးကို အဆိတ္ခတ္လိုက္တာနဲ႔ အေမြပိုင္ဆိုင္ခြင့္ဆိုတဲ့ သူ႔ရဲ့ အခြင့္အေရးႏွစ္ခုက မတူတဲ့အေၾကာင္းအရာႏွစ္ခုလို႔ ေျပာခ်င္တာပါ။ 】

"အကယ္၍ တရား႐ုံးက သူက အေမြေတြကိုဆက္ခံနိုင္တယ္လို႔ အမိန႔္ခ်လိုက္ရင္ ဥပေဒလဲ ေျပာင္းလဲသင့္တယ္လို႔ ကၽြန္ေတာ္ထင္တယ္."

ခ်င္ေဝ့ေဟာန္ ထိုကဲ့သို႔ေျပာၿပီးေနာက္တြင္ ႐ုတ္ျခည္းပင္ စာသင္ခန္းထဲ၌ တိတ္ဆိတ္သြားရေတာ့​၏။ ဘယ္သူကမွ သူ႔ကို ျငင္းဆန္၍ ေျပာလာျခင္းမရွိေပ။ ဤသည္က ေသခ်ာေပါက္ကို သူတြင္ အျမင္မရွိေသာ္လည္း သူက ခ်င္ေဝ့ေဟာန္ ျဖစ္ေန၍သာ ျဖစ္ေကာင္းျဖစ္နိုင္ေပလိမ့္မည္။

​စာသင္ခန္းထဲတြင္ ေအးစက္ၿပီးၿငိမ္သက္ေနသည့္ ထိန္းခ်ဳပ္ထားေသာ အာ႐ုံတစ္ခုရွိေနေသာ္လည္း အန္းနင္ကမူ သူ႔ရင္ထဲတြင္ ခ်င္ေဝ့ေဟာန္​၏ သေဘာထားကို သေဘာမတူပဲမေနနိုင္ပါေခ်။ ဥပေဒရဲ့ သေဘာအရဆိုလၽွင္ နိယာမတရားနဲ႔ တရားမၽွတမွုကို လက္ကိုင္ထားသင့္တာျဖစ္သည္။ ခ်င္ေဝ့ေဟာန္ ရဲ့ လုပ္ေဆာင္ခ်က္မွာမူ ဥပေဒေက်ာင္းသားတစ္ေယာက္ကဲ့သို႔ မဟုတ္ပါေခ်။ ခ်င္ေဝ့ေဟာန္သည္ အမွန္တကယ္ပင္ ဆိုဆုံးရခက္သည္ဟု အန္းနင္ က မေတြးနိုင္ဘဲ မေနနိုင္ေတာ့။

ဆရာမ ဝမ္ခ်ိဴးလင္က အားလုံးရဲ့ ျငင္းခုန္ေနမွုကို ၾကားျဖတ္လိုက္သည္။သူမက ဒီအျဖစ္အပ်က္​၏ ေနာက္ဆုံး အမိန႔္ခ်မွတ္သည္ကိုေျပာျပခဲ့​၏။တရား႐ုံးက Palmerရဲ့ အေမြဆက္ခံပိုင္ခြင့္ကို ပိတ္ပင္လိုက္တာျဖစ္သည္။ သေဘာမတူခဲ့ၾကေသာ အတန္းထဲမွ လူအမ်ားစုမွာ႐ုတ္႐ုတ္သဲသဲျဖစ္သြားၾက​၏။

ဝမ္ခ်ိဴးလင္က ဆိုသည္။

"အမွုကို ဘယ္လိုပဲ စီရင္ပါေစ တရားဥပေဒ အသိုင္းအဝိုင္းမွာေတာ့ သေဘာထား ႏွစ္မ်ိဳးရွိလိမ့္မယ္၊ ဒါေပမယ့္ ဥပေဒကိုယ္တိုင္ကိုကအျဖဴနဲ႔ အမည္း မဟုတ္တာလဲ ေသခ်ာတယ္။ အဆုံးက်ေတာ့ တရားသူႀကီးအမ်ားစုက သူ၏အေမြရပိုင္ခြင့္ ပိတ္ပင္လိုက္တာကို ဘာလို႔ေထာက္ခံၾကသလဲဆိုတာကို စဥ္းစားၾကည့္ရမယ္"

ထို႔ေန႔​၏ ဥပေဒသိပၸံတန္း အၿပီးတြင္ အားလုံးက ႏွုတ္ဆက္သြားၾကၿပီး ႏွစ္ေယာက္စ,သုံးေယာက္စသာ က်န္ခဲ့သည္။ လ်န္ရွန္းဟန္ကေနာက္လွည့္လာခဲ့ၿပီး အန္းနင္ရဲ့ စားပြဲကို ေခါက္လာသည္။

"ကန္တင္းသြားမွာလား?"

သူသည္ လ်န္ရွန္းဟန္ႏွင့္ ရံဖန္ရံခါဆိုသလို ကန္တင္းသြားေလ့ရွိသည္၊ သို႔ေသာ္ သူ အလုပ္-ေလ့လာေရး ပရိုဂရမ္ကို ေလၽွာက္ရမည့္အျပင္ဒီေန႔ စာသင္ခန္းကို သန႔္ရွင္းဖို႔လည္းရွိေန​၏။

"ငါအခန္းကို တံျမက္စည္းလွဲရဦးမယ္, မင္းသြားႏွင့္"

လ်န္ရွန္းဟန္က မ်က္ေမွာင္ၾကဳတ္သြားၿပီး တီးတိုးဆို​၏။

"အခန္းထဲ တံျမက္စည္းလွဲဖို႔ကို အရမ္းႀကီး ေလးနက္စရာမလိုပါဘူး။ ေနာက္က်ရင္ စားစရာမရွိေတာ့ဘူးေနာ္"

အန္းနင္က ေခါင္းေမာ့ကာ သူ႔ကိုျပဳံးျပလိုက္သည္။

"ငါသိပါတယ္."

သူ Aတကၠသိုလ္ကိုေရာက္တာ ႏွစ္လရွိၿပီျဖစ္သည္။ ေန႔တိုင္းလိုလို သူက အလုပ္လုပ္တာ၊သို႔မဟုတ္ စာၾကည့္တိုက္မွာ စာေလ့လာသည္ကိုသာ လုပ္ေလ့ရွိသည္။ သူႏွင့္ ရင္းႏွီးသည့္ တစ္ဦးတည္းေသာသူမွာ ေဘးခန္းတြင္ေနေသာ လ်န္ရွန္းဟန္သာျဖစ္ေလသည္။ တစ္ခါက, လ်န္ရွန္းဟန္​၏ လက္ပ္ေတာ့ ပ်က္ေသာအခါ တိုက္ဆိုင္စြာပင္ အန္းနင္က မည္သို႔ ျပင္ရမလဲကို သိေနခဲ့သျဖင့္ သူလည္း ျပင္ေပးလိုက္သည္။ အဲ့အခ်ိန္ပဆို လ်န္ရွန္းဟန္က အံ့ဩေနတဲ့အမူအရာနဲ႔သူကိုၾကည့္ေနၿပီး ေျပာလာခဲ့သည္။

"ထိပ္ဆုံးေက်ာင္းသားေလး, မင္းကအဲ့လိုပုံစံမထင္ရေပမယ့္ မင္း စေကးေတြနဲ႔ဆို ေနာက္အေဆာင္က ကြန္ျပဴတာဌာနကိုေတာင္ သြားလို႔ရတယ္ေနာ္!"

စင္စစ္တြင္ေတာ့ အိမ္ရွိ ကြန္ျပဴတာမွာ အရမ္းကိုေဟာင္းေနၿပိး မၾကာခဏ ပ်က္ေနတတ္ေသာေၾကာင့္ သူလည္း ျပင္တဲ့အရည္အခ်င္းေတြတက္လာခဲ့တာျဖစ္သည္။ သူက ထိပ္တန္းေက်ာင္းသားလို႔ ေျပာဖို႔ရာလည္း သူကအဲ့တစ္ေယာက္ပါလို႔ မေျပာနိုင္ပါေခ်။ ေနာက္ပိုင္း ဥပေဒဘာသာရပ္တြင္ နံပါတ္(၁)ျဖစ္လာသည့္အခ်ိန္အထိ သူသေဘာမေပါက္မိခဲ့ေသး။ မည္သို႔ဆိုေစ ဒါက သူထက္ျမက္ေသာေၾကာင့္မဟုတ္ပါပဲႀကိဳးစားျခင္းရဲ့ ရလဒ္တစ္ခုသာျဖစ္ေပသည္။သို႔ပါေသာ္လည္း သူသည္ ႀကီးျပင္းလာခဲ့စဥ္အတြင္း စာေလ့လာသည္မွလြဲလၽွင္ ဘာကိုမွ မလုပ္ဖူးခဲ့ေပ။ သူက သူ႔ရဲ့ခြန္အားအကုန္လုံးကိုစာလုပ္ဖို႔အတြက္ပဲ ျမႇုပ္ႏွံထားၿပီးၿပီမို႔ စာမွာသာမေတာ္ပါက သူရွူံးမည့္ အေၾကာင္းအရင္းပင္မဟုတ္ပါလား?

ထို႔သို႔ၿပီးေနာက္ အိပ္ေဆာင္ထဲတြက္ သူ လ်န္ရွန္းဟန္ကို ျဖတ္သြားမိခ်ိန္တိုင္း လ်န္ရွန္းဟန္က သူ႔ကို အတူတူစားၾကဖို႔ ေမးျမန္းလာခဲ့သည္။ သူ(လ်န္ရွန္းဟန္) က တကၠသိုလ္မွာ သူ(အန္းနင္)ရဲ့ ပထမဆုံးသူငယ္ခ်င္းဟုပင္ ယူဆလို႔ရသည္။

အန္းနင္က သူ႔ပစၥည္းေတြကို ထုတ္ပိုးလိုက္ၿပီး သန႔္ရွင္းေရးလုပ္ဖို႔ ထရပ္လိုက္သည္။ ထိုအခ်ိန္မွာပဲ တစ္စုံတစ္ေယာက္ ေအာ္လိုက္တဲ့အသံကို ၾကားလိုက္ရ​၏။

"ေဟး, ခ်င္ေဝ့ေဟာန္!"

ဤသည္မွာ ခ်ိဳင္မုန႔္ျဖစ္သည္။ သူမက ခ်င္ေဝ့ေဟာန္ကို ေနာက္အားလပ္ရက္ အတန္းလွုပ္ရွားမွုအေၾကာင္း အသိေပးခ်င္ေနမွန္း အန္းနင္သတိရသြား​၏။

ခ်င္ေဝ့ေဟာန္မွာ စာသင္ခန္းမွ ထြက္သြားၿပီျဖစ္​၏။ တစ္စုံတစ္ေယာက္က သူ႔ကို ေခၚလိုက္ေသာအခါ သူက ရပ္သြားၿပီး လွည့္ၾကည့္လာသည္။ သူက ေကာ္ရစ္တာမွာရပ္ေနလ်က္ ခ်ိဳင္မုန႔္​၏စကားမ်ားကို စိတ္ရွည္စြာနဲ႔ နားေထာင္ေပးၿပီးေနာက္ ေျပာလာခဲ့သည္။

"ငါ့မွာ အခ်ိန္မရွိဘူး."

ဒါက ခ်ိဳင္မုန႔္ကို ရပ္တန႔္မသြားေစေပ။ သူမက ခ်က္ခ်င္းပင္ေျပာလာ​၏။"ဒါက ပထမဆုံး အတန္းလွုပ္ရွားမွုပဲ ၿပီးေတာ့ ဘယ္သူမွ ပ်က္လို႔ မရဘူး!"

ခ်င္ေဝ့ေဟာန္ကလဲ သူမကို ေျပာေနတုန္းပင္။"ငါ သြားမွာမဟုတ္ဘူး! ငါမွာ လုပ္စရာရွိတယ္ "

သူက ခ်ိဳင္မုန႔္​၏ စကားမ်ားကို မေျဖခဲ့ပါေခ်။ ၿပီးလၽွင္ ႏွစ္ေယာက္သားမွာ မတူညီတဲ့ စာမ်က္ႏွာေပၚမွာ ရွိေနၾကသလိုျဖစ္ေနၾကသည္။ခ်ိဳင္မုန႔္မွာ စကားေျပာဖို႔ တစ္ဆို႔သြားၿပီးေနာက္ ေမးလာ​၏။

"နင္က ဘာလုပ္မွာမို႔လဲ ? ႏွစ္ရက္ေလးေတာင္ နင္က အားမေနဘူးလား?"

သူမ​၏ စကားထဲတြင္ အျပစ္တင္တဲ့ေလသံေပါက္ေနၿပီဆိုတာ အန္းနင္ ေျပာနိုင္ပါသည္။ ဒီအခ်ိန္မွာ သူသာဆိုပါက ျငင္းဆန္လိုက္နိုင္မွာမဟုတ္ေပ။ သို႔ေသာ္လည္း ခ်င္ေဝ့ေဟာန္ အဆုံးစြန္ထိ ျငင္းဆန္ေနမည္ဆိုတာကိုေတာ့ သံသယျဖစ္စရာပင္ မလိုပါေခ်။

ထို႔ေၾကာင့္ အန္းနင္လဲ ဆရာႀကီး​၏ ကၽြမ္းက်င္မွု*မ်ားကို ခိုးခ်င္သည့္ ရည္ရြယ္ခ်က္ေလးျဖင့္ တံျမက္စည္းလွဲေနရင္း နားစြင့္ေနမိ​၏။

【*: အန္းနင္က တျခားသူတစ္ေယာက္ကို ဘယ္လိုျငင္းဆန္ရသလဲဆိုတာကို သင္ယူခ်င္တာျဖစ္ပါလိမ့္မယ္ 】

သူ ခ်င္ေဝ့ေဟာန္ေျပာတာကိုသာၾကားလိုက္ရသည္။"အဲ့ဒါက မင္းနဲ႔ဘာမွမဆိုင္ဘူး"

အန္းနင္လည္း ေၾကာင္အသြားသည့္အမူအရာျဖင့္ ျပန္ၾကည့္လိုက္ရာ ခ်င္ေဝ့ေဟာန္တစ္ေယာက္ သူ႔ပုခုံးေပၚရွိ ေက်ာပိုးအိတ္ႀကိဳးကို မ,တင္လိုက္၍ ခ်ိဳင္မုန႔္အနီးမွ ေလၽွာက္သြားၿပီျဖစ္သည္။ သူ ခ်ိဳင္မုန႔္ကို စကားေျပာေနတုန္းက ေခါင္းငုံ႔ထားတာျဖစ္​၏။ ယခု သူ ေခါင္းကို ေမာ့လိုက္ေသာအခါတြင္မူ သူ​၏ မာနႀကီးဟန္သည္ ႐ုပ္ပုံ​၏ ေဘာင္ထဲမွသည္ အျပင္သို႔ ထြက္က်လာေတာ့မလိုပင္ ။ ခ်ိဳင္မုန႔္တစ္ေယာက္ေၾကာင္အသြားရ႐ုံတင္မကပဲ အန္းနင္လဲ သူ႔ကို ေလးစားသြားရ​၏။

ဆရာႀကီးဆီက သူ ခိုးယူလိုက္သည့္ အႏွီကၽြမ္းက်င္မွုကိုေတာ့ျဖင့္ သူ မသင္ယူနိူင္ခဲ့၊ သူ မတတ္ေျမာက္နိုင္ခဲ့ပါေခ်။

မ်က္စိတစ္မွိတ္အတြင္းမွာပဲ တစ္ပတ္တာကုန္ဆုံးသြားခဲ့ကာ အန္းနင္ မေရာက္ခ်င္ေသာေန႔ကလဲ ေရာက္လာခဲ့ေခ်ၿပီ။ အတန္းေကာ္မတီကျပည္တြင္း လၽွိုေစာက္တစ္ခု ႏွစ္ရက္တာ အားလပ္ရက္ခရီးအျဖစ္ ဆက္သြယ္ခဲ့သည္။ အခေၾကးေငြမွာ လူတစ္ဦးလၽွင္ ယြမ္ ၂၀၀ ႀကိဳတင္ေပးေဆာင္ရၿပီး အပိုေပးေခ်ထားမည္ဆိုလၽွင္ ျပန္အမ္းေငြရနိုင္ၿပီး ခ်ိဳ႕ယြင္းခ်က္တစ္စုံတစ္ရာျဖစ္လာလၽွင္လဲ ေလ်ာ္ေပးမည္ဟု ဆိုထားသည္။သို႔ေသာ္ အတန္းေမာ္နီတာ ေခ်ာင့္က်န္းကလည္း သူတို႔ေတြ ေလ်ာ္ေပးဖို႔ရာ အလားအလာမရွိဟု ဆိုထားသည္။

【သူေျပာတဲ့ လၽွိုေစာက္ဆိုတာက အလယ္မွာ ျမစ္ေရာပါတဲ့ ေခ်ာက္ပုံစံမ်ိဴးပါ】

လၽွိုေစာက္ သည္ ျပည္တြင္း attractionတစ္ခုဟု ယူဆထားၾကသည္။ ၎အနီးတြင္ လယ္တဲမ်ားစြာရွိသည့္အျပင္ စားစရိတ္ႏွင့္ အငွားအိမ္တို႔မွာလည္း ဟိုတယ္မ်ားထက္ပို၍ ေဈးခ်ိဴ​သည္။ အသြားအျပန္ေမာင္းခ်ိန္ ၂နာရီမၽွသာၾကာၿပီး ယြမ္၂၀၀ဆိုသည္မွာလဲအေတာ္ပင္ သင့္ေလ်ာ္ေလသည္။ ဒီတစ္ႀကိမ္တြင္ တုံ႔ျပန္ခ်က္တို႔မွာ အရင္အႀကိမ္မ်ားထက္ပို၍ေကာင္းၾက​၏။

ေခ်ာင့္က်န္းက အားလုံးကို ခ်ိဳင္မုန႔္ထံသို႔ ပိုက္ဆံလႊဲေပးၾကရန္ ေတာင္းဆိုလိုက္သည္။ အန္းနင္ပို၍ပင္ စိုးရိမ္လာရသည္။ သူ​၏ အတန္းေဖာ္မ်ားက စာသင္ခ်ိန္ႏွင့္ သင္ၿပီးခ်ိန္မ်ားအတြင္း WeChatျဖင့္ ပိုက္ဆံမ်ားလႊဲေပးေနၾကသည္ကို သူ ေတြ႕ေနရသည္။ အခ်ိန္အေတာ္ၾကာ႐ုန္းကန္ၿပီးေနာက္တြင္ေတာ့ သူ ဒီအရာကို ဆြဲမထားဖို႔ ဆုံးျဖတ္လိုက္ေလသည္။ သူ အလ်င္အျမန္ပင္ သူတို႔ကို ပယ္ခ်ရန္ ဆင္ေျခတစ္ခုရွာေဖြဖို႔ ဆုံးျဖတ္လိုက္သည္။

ထိုေန႔တြင္ အေျခခံဥပေဒ အတန္းဆရာက အတန္းေကာ္မတီကို ေက်ာင္းသားမ်ား​​၏ email မ်ားစုေဆာင္းထားဖို႔ ေျပာၾကားခဲ့သည္။ ခ်ိဳင္မုန႔္က အတန္းအၿပီးတြင္ ပိုက္ဆံစုေပးဖို႔ တာဝန္ယူခဲ့ၿပီး ေခ်ာင့္က်န္းက အားလုံး​၏ emailလိပ္စာမ်ားကို ေရးဖို႔ တာဝန္ယူခဲ့သည္။ အန္းနင္က ေခ်ာင့္က်န္း​၏ ထိုင္ခုံကို ၾကည့္မိေနၿပီး အတန္းတြင္းတြင္ လူနည္းနည္းမၽွသာ က်န္ေတာ့သည့္တိုင္ေအာင္ ေစာင့္ခ်င္ေနမိသည္။မိန္းကေလးႏွစ္ေယာက္က ေခ်ာင့္က်န္း​၏ မွတ္စုတြင္ တစ္ေယာက္ၿပီးတစ္ေယာက္ေရးခ်သြားၾကၿပီး အခန္းမွ ထြက္သြားၾက​၏။ ထိုအခ်ိန္တြင္ေတာ့ အခန္းထဲ၌ လူမမ်ားေတာ့ေပ၊ ထို႔ေၾကာင့္ သူ႔စိတ္ကို ျပင္ဆင္လိုက္ၿပီး ထရပ္ကာ ေလၽွာက္လာခဲ့ေတာ့​၏။

ေခ်ာင့္က်န္းက သူ႔ကို ၾကည့္လာကာ ျပဳံးျပၿပီး မွတ္စုစာအုပ္မွစာရြက္တို႔ကို လွန္ေပးလ်က္ ေျပာလာခဲ့သည္။

"ဒီမွာေရးလိုက္!"

အန္းနင္မွာ ရွုပ္ေထြးေနေသာ ခံစားခ်က္တို႔ျဖင့္ သူ႔emailလိပ္စာကို ေရးခ်လိုက္သည္။ သူက ေဖာင္တိန္ကို ညင္သာစြာခ်လိုက္ၿပီးေနာက္ေျပာလိုက္​၏။

"အဲ့ဒါ...ငါ ေနာက္တစ္ပတ္က် သြားျဖစ္နိူင္မွာမဟုတ္ဘူး, ငါ..."

အေၾကာင္းျပခ်က္မွာ သူ႔အခ်ိန္ပိုင္းအလုပ္ပါလို႔ပင္ ေျပာလိုက္ဖို႔ အခြင့္အလမ္းမရွိလိုက္ပါပဲ ေခ်ာင့္က်န္းက နားလည္စြာျဖင့္ ၾကားျဖတ္ေျပာလာ​၏။

"ငါသိတယ္," သူ႔အသံကို ႏွိမ္ခ်လာ​၏။, "မင္းမွာ ခက္ခဲေနတာလား? ငါမင္းကို အရင္ ယြမ္၂၀၀ေပးဖို႔ ကူညီနိုင္ပါတယ္။ ေနာက္က်မွ မင္းပိုက္ဆံရွိလာရင္ ငါ့ကို ျပန္ေပးေပါ့."

ထိုတစ္ခဏတြင္ သူတကယ္ပင္ ထိရွသြားခဲ့​၏။သူသည္ ေခ်ာင့္က်န္း​၏ ၾကင္နာမွုကို သံသယမရွိပါေသာ္လည္း ထိုကဲ့သို႔ေသာ အႀကံျပဳခ်က္ကို ပို၍ပင္ လက္မခံနိုင္ျဖစ္ရသည္။ဒါက သူ႔ပိုက္ဆံကိုသုံးလိုက္သည္ဆိုေသာ အဓိပၸါယ္တင္မက သူ႔ကို အကူအညီတစ္ခု အေႂကြးတင္သြားသည္ဟူေသာ အဓိပၸာယ္ပင္။

ေခ်ာင့္က်န္းက အသံတိုးေျပာလိုက္ေသာ္လည္း သူက တကယ္တမ္းတြင္ တီးတိုးေျပာလိုက္တာမ်ိဴးေတာ့ မဟုတ္ပါေခ်။ အတန္းထဲတြင္ မထြက္သြားရေသးေသာသူမ်ားရွိေနေသး​၏။ ခ်င့္ေဝေဟာန္ပင္လၽွင္ မထြက္သြားေသးေပ။ ေခ်ာင့္က်န္က ဤသို႔ေျပာလိုက္ၿပီးေနာက္တြင္အန္းနင္မွာ ခ်က္ခ်င္းပင္ မ်က္ႏွာေလးရဲလာသလို ခံစားလိုက္ရ​၏။ တစ္ဒဂၤအတြင္း ဘာေျပာလို႔ေျပာရမွန္းပင္ မသိေတာ့ပါေခ်။

ထို႔ေနာက္ တစ္စုံတစ္ေယာက္က သူတို႔အနားေရာက္လာၿပီး ျပတင္းေပါက္မွ လာေသာအလင္းေရာင္တို႔ကို ပိတ္ဆို႔လိုက္​၏။ အန္းနင္မွာ ထိုလူ​၏ လက္ေကာက္ဝတ္တြင္ ေရငုပ္နာရီအနက္ေရာင္ကို ျမင္လိုက္ရေသာအခါ ႐ုတ္ျခည္းပင္ ခ်င္ေဝ့ေဟာန္မွန္း သိလိုက္မိ​၏။ ရွက္စိတ္ေရးေရးေလးမွာ ခ်င္ေဝ့ေဟာန္ေရာက္ရွိလာေသာအခ်ိန္တြင္ ပိုၿပီး ေလးလံလာသလို ခံစားလိုက္ရသည္။

အန္းနင္ သူ ေဘာပင္ေကာက္ကိုင္၍ မွတ္စုစာအုပ္တြင္ emailျဖည့္ေနသည္ကို ၾကည့္ေနမိ​၏။သူ​၏ လက္ေရးမွာ အေတာ္ပင္ ေကာင္းလွသည္။ စာရြက္၏ထိပ္တြင္ေတာ့ အန္းနင္ရဲ့ ဘာမွမက်န္သည္အထိ ​အကဲျဖတ္မွုေတြခံထားရေသာ ကိုယ္ပိုင္ မူလတန္းေက်ာင္း လက္ေရးေလးပင္ျဖစ္ေလသည္။ ခ်င္ေဝ့ေဟာန္က မွတ္စုေပၚတြင္ ေဘာပင္ကို ခ်လိုက္ၿပီး မတ္မတ္ရပ္လိုက္ကာ ေျပာလာ​၏။

"သူ မလိုက္နိုင္ဘူး။ သူက ငါနဲ႔ အစီအစဥ္ရွိလို႔."

အန္းနင္မွာ နားၾကားမွားသည္ဟုပင္ ထင္လိုက္မိသည္။ သူ ႐ုတ္ျခည္းေခါင္းေမာ့ကာ သူ႔ထက္အရပ္ရွည္သည့္ ခ်င္ေဝ့ေဟာန္ကို ၾကည့္လိုက္မိသည္။

ေခ်ာင့္က်န္းသည္လည္း ေၾကာင္အသြားကာ ေခါင္းေမာ့ၿပီး သူ႔ကိုေမးလာသည္။

"အာ? တကယ္လား?"

အန္းနင္မွာ ေခ်ာင္ပိတ္ေနခဲ့ၿပီး မသိလိုက္ပါပဲ ခ်င္ေဝ့ေဟာန္ကို ၾကည့္ေနမိရာ ခ်င္ေဝ့ေဟာန္ကလဲ မထူးျခားပါဘဲ တည္ၿငိမ္ေသာအသြင္တို႔ျဖင့္ သူ႔ကို ျပန္ၾကည့္လာခဲ့သည္။ အန္းနင္မွာ သူ႔ထံမွ ၾကည့္ခံေနရၿပီး "အမွန္ပဲ"ဟု ေျပာလိုက္မိ​၏။ သူ လိပ္ျပာမလုံေသာ စိတ္တို႔ျဖင့္ ေခ်ာင့္က်န္းကို ေခါင္းညိတ္ျပလိုက္မိၿပီး သူ​၏ နီရဲေနေသာ မ်က္ႏွာမွာ သူ႔ကို သစၥာေဖာက္ေနေလာက္ၿပီျဖစ္ေၾကာင္း ေတြးေနမိ​၏။

"မင္းတို႔က ဘာအတြက္ေတြ႕ၾကမွာလဲ?" ေခ်ာင့္က်န္းက သူတို႔ကို စုံခ်ည္ဆန္ခ်ည္ ၾကည့္လာသည္။

ခ်င္ေဝ့ေဟာန္က အလ်င္မလိုပါဘဲ ေျဖလိုက္​၏။

"ငါတို႔ ကိစၥပါ."

ဒီတစ္ႀကိမ္တြင္ေတာ့ ေခ်ာင့္က်န္း မ်က္ႏွာမွာ ရဲသြားခဲ့သည္။ သူက အန္းနင္ကို စပ္စုခ်င္စိတ္အျပည့္ျဖင့္ ျပန္ၾကည့္လာ​၏။ သို႔ေသာ္ ခ်င္ေဝ့ေဟာန္က သူ​၏ အဓိပၸာယ္မဲ့ေသာ စကားမ်ားျဖင့္ တစ္တန္းလုံးကို ၿငိမ္သက္သြားေစခဲ့ေသာ အခ်ိန္တုန္းကလိုပင္။ ေခ်ာင့္က်န္းမွာေမးခြန္းမ်ားစြာရွိေနသည္မွာ ထင္ရွားလွေသာ္လည္း ေမးျမန္းျခင္းမရွိခဲ့ေပ။

အန္းနင္​၏ ႏွလုံးခုန္ႏွုန္းတို႔မွာ ၁၈၀ေလာက္ထိ ထိုးတက္သြား​၏။ ခ်င္ေဝ့ေဟာန္က သူ႔ကို ျဖတ္ေလၽွာက္သြားၿပီး ေမးဆတ္ျပလာခဲ့သည္။

"သြားစို႔! ."

အန္းနင္ ျမန္ျမန္ပင္ အတန္းေမာ္နီတာကို ေခါင္းၿငိမ့္ျပလိုက္ၿပီး ကသုတ္က႐ုတ္ျဖင့္ လိုက္သြားရေလသည္။ ေျခေထာက္ရွည္ႀကီးမ်ားႏွင့္ ခ်င္ေဝ့ေဟာန္ကမူ စာသင္ခန္းထဲကပင္ ထြက္သြားေခ်ၿပီ။ မ်က္စိတစ္မွိတ္အတြင္း၌ပင္ သူက ေကာ္ရစ္တာအဆုံးထိ ေရာက္ေနၿပီျဖစ္ေလ​၏။

အန္းနင္က သူ႔ကို ေက်းဇူးတင္ခ်င္တာေၾကာင့္ ေကာ္ရစ္တာမွ ေလွကားေအာက္တိုင္ေအာင္ သူ႔ေနာက္မွ လိုက္ပါလာခဲ့သည္။ ထို႔ေနာက္ ခ်င္ေဝ့ေဟာန္ ရဲ့ေနာက္ကို မွီလာခဲ့ၿပီး ေျပာလိုက္ေလသည္။

"ေက်းဇူးတင္ပါတယ္!"

ခ်င္ေဝ့ေဟာန္က သူ႔ေနာက္ကေန အဆက္မျပတ္ လိုက္လာခဲ့သူကို တစ္ခ်က္မၽွ ၾကည့္လိုက္​၏။ ေကာင္ေလးသည္ ေဘးဘက္မွေန၍ ေခါင္းေလး ျပဴထြက္ေနၿပီး သူ႔ကို ေက်းဇူးတင္ေၾကာင္းေျပာေနသည္။

"ရပါတယ္, ငါလဲ မင္းမပါခ်င္တာကို ျမင္လိုက္ရလို႔။ သူတို႔ကို အမ်ားႀကီးရွင္းျပေနစရာမလိုဘူး။ မင္းမသြားခ်င္ရင္ မသြားနဲ႔ေပါ့"

ထိုသို႔ၾကားလိုက္ရေသာအခါ အန္းနင္ျပဳံးလိုက္မိသည္။ခ်င္ေဝ့ေဟာန္ကေတာ့ စကားဆုံးသည္ႏွင့္ ထြက္သြားၿပီျဖစ္သည္။

မေမၽွာ္လင့္ပါဘဲ လူႏွစ္ေယာက္ၾကားက ပထမဆုံးစကားေျပာလိုက္ျခင္းက အေျခအေနတစ္ခုေအာက္တြင္ ျဖစ္ပ်က္ခဲ့သည္။မည္သို႔ပင္ျဖစ္ေစ ခ်င္ေဝ့ေဟာန္သည္ အမွန္တကယ္ပင္ သူ႔ကို စိတ္ကူးေပါက္သည့္အတိုင္း ကူညီေပးခဲ့ေလသည္။

သူ သူ႔ကို မသိေပမယ့္၊ သူ႔ကို ကိုယ္ခ်င္းစာမေပးေပမယ့္၊ သူက သူ႔ရဲ့အခန္းေဖာ္မွန္းေတာင္ သတိမထားမိေပမယ့္ေပါ့။

Continue Reading

You'll Also Like

611K 59.2K 88
ရုန်းမထွက်ချင်မိတဲ့ မျက်ဝန်းသေတွေ၊ လှုပ်ရုံမျှပြောသည့် နီဆွေးဆွေးနှုတ်ခမ်းလေးနှင့်အတူ ထွက်ပေါ်လာသော နွေးထွေးနူးညံ့သံ။ မမလွမ်းကို တွယ်တာမိတဲ့ခဏတာမှာ ဖ...
244K 6.1K 72
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
283K 47.9K 72
Original Author- Yun Guo Shi Fei ⟨⟨云过是非⟩⟩ English translater - Midori & Neko ဝူဟန္ယင္းတစ္ေယာက္ မသိရသည္မွာဘာေၾကာင့္လူအုပ္ႀကီးတစ္အုပ္သူ႔ေနာက္လိုက္လာၿပီ...