My Boyfriend is a Villain 😈(...

By Van1eJerry

671K 63.2K 17.4K

Taehyung.."ငါမင်းကိုကြိုက်တယ် Jeon Jungkook..ငါတို့တွဲရအောင်" [မင်းသားနှစ်ယောက်မြန်မြန်ညှားဖို့ ငါပဲအနစ်နာခံလ... More

Characters Intro
Ep 1
Ep 2
Ep 3
Ep 4
Ep 5
Ep 6
Ep 7
Ep 8
Ep 9
Ep 10
Ep 11
Ep 12
Ep 13
Ep 14
Ep 15
Ep 16
Ep 17
Ep 18
Ep 19
Ep 20
Ep 21
Ep 22
Ep 23
Ep 24
Ep 25
Ep 26
Ep 27
Ep 28
Ep 29
Ep 30
Ep 31
Ep 32
Ep 33
Ep 34
Ep 35
Ep 37
Ep 38
Ep 39
Ep 40(Final Ep)
Announcement❗

Ep 36

15.1K 1.4K 366
By Van1eJerry

ဒီရက်ပိုင်း Euphoria Company မှာရှိတဲ့ဝန်ထမ်းတွေတစ်ယောက်မှတုတ်တုတ်မလှုပ်ရဲကြ...ခါတိုင်းတနေရာကနေတနေရာအတင်းထပြောတဲ့သူတွေတောင် ကိုယ့်နေရာမှာပဲဖင်မြဲအောင်ကပ်နေကြရသည်...ပြောစရာရှိရင်လည်း လိုင်းပေါ်ကနေတဆင့်ပဲပြောကြသည်...

အကြောင်းကားနေ့တိုင်း မျက်နှာမကောင်းဖြစ်နေတဲ့သူတို့ရဲ့ Boss ကြောင့်ပင်..လက်ထောက် နဲ့ Manager ဆို ရုံးခန်းထဲကိုခနတိုင်းဝင်သွားကြရသည်...ပြီးရင်အငေါက်ခံရပြီးပဲပြန်လာကြသည်...Taehyung လုပ်ရမယ့်အလုပ်ကို လက်ထောက်ကလုပ်နေရတာကြောင့် Boss ဖြစ်တဲ့ Jungkook ဆီကစိတ်တိုင်းမကျပဲအမြဲအော်လွှတ်တာခံရသည်..Manager ကလုပ်ပေးပြန်တော့လည်း အသုံးမကျဘူးဟုဆိုကာ ဆဲလွှတ်သည်...

ခါတိုင်းသူတို့ Boss ကအဲ့လောက်စိတ်မကြီး...Taehyung အလုပ်ထွက်သွားပြီးတဲ့နေ့တည်းက တစ်ယောက်မှအဆူမခံရတဲ့နေ့ဆိုတာမရှိ...Company ကလူတွေစိတ်ထဲမှာတော့ Taehyung အလုပ်ပြန်လုပ်ပါစေဟုသာဆုတောင်းနေကြရသည်...
.
.

သုံးရက်...Taehyung ကိုမတွေ့ရတာသုံးရက်တောင်ရှိသွားပြီ...သုံးရက်ဆိုတာဘယ်လောက်မှမကြာသေးပေမယ့် သူ့အတွက်တော့ သုံးနှစ်လောက်ကြာတယ်လို့ Jungkook ထင်နေမိသည်...အရင်ကတည်း Taehyung ဘယ်မှာနေတယ် ဘယ်ကလာတယ် တစ်ခုမှမသိခဲ့..မေးလည်းမမေးခဲ့မိဘူး..သူအခုမှနောင်တရလာသည်...သူ့အနားက Taehyung ထွက်သွားလိမ့်မယ်လို့ မတွေးခဲ့မိတာကြောင့်လည်း ထိုအရာတွေကိုအရေးတယူမရှိခဲ့တာပင်..

ညဘက်ဆိုလည်း တစ်ယောက်တည်းအိပ်ရတာနေသားမကျတော့တာကြောင့် Jungkook အခုထိကောင်းကောင်းမအိပ်ရသေး...Company မှာကျတော့လည်း Taehyung လုပ်ပေးနေကျအလုပ်တွေကို တခြားတစ်ယောက်ကလုပ်ပေးနေတာကြောင့် စိတ်တိုင်းမကျစွာဒေါသတွေပဲထွက်နေမိသည်...အရင်တည်းက Taehyung ဇာတိမှာ Seoul မဟုတ်တာကြောင့်ရှာရလည်းခက်နေကာ အခုထိသတင်းအစအနတောင်မရ...

တဖြည်းဖြည်းJungkookစိတ်ဓာတ်တွေထိုးကျလာသည်..Taehyung သူ့ကိုတကယ်ကြီးစိတ်ကုန်သွားတာလားလို့ တွေးမိတော့သူ့ရင်ထဲကနာကျင်လာသည်..

(Taeရာ..မင်းဘယ်မှာလည်းကွာ..)
.
.

ထိုအချိန် Daegu ကစတော်ဘယ်ရီစိုက်ခင်းထဲမှာတော့...

"Ko Taehyung...မင်းကစတော်ဘယ်ရီခူးနေတာလား မင်းဗိုက်ထဲထည့်နေတာလား ဟမ် "

Taehyung နှစ်ရက်လောက်အိမ်တွင်းအောင်းပြီးပြီဆိုတော့ သူ့အဖေနဲ့အတူအလုပ်လုပ်ဖို့စိုက်ခင်းကိုလိုက်လာခြင်းဖြစ်သည်...သူ့အကြိုက်အသီးဖြစ်တဲ့အလျှောက် ခူးတာကနည်းနည်းစားတာကများများဖြစ်နေတာကြောင့်သူ့အဖေရဲ့အဆူခံလိုက်ရခြင်းဖြစ်သည်...

"ဟာ Appa ကလည်း ဒီမှာသားရဲ့ခြင်းထဲတဝက်ကြီးတောင်ရှိနေပြီကို "

"ငါကတော့ မင်းပါးစပ်ထဲထည့်နေတာမြင်တာပဲ..ဟိုမှာသူများတွေသုံးလေးခြင်းရှိနေပြီကို မင်းကတခြင်းတောင်ပြည့်သေးလို့လား "

"သားကအခုမှစလုပ်တာကို..လုပ်နေကျသူတွေလောက်မကျွမ်းသေးလို့လေဗျာ "

"အေးပါကွာ..Seoul မှာအကြာကြီးနေပြီးမှစကားတွေတက်လာလိုက်တာ...ငါပဲမှားပါတယ် ခများလေးစိတ်တိုင်းကျသာခူးခူး စားစားကြိုက်တာလုပ်တော့ ဟင်း...."

Tae အဖေကသူ့သားသူမနိုင်ဘူးဆိုတဲ့ပုံစံနဲ့ကြည့်ကာ စတော်ဘယ်ရီပဲခူးနေလိုက်တော့သည်..သူတို့သားအဖဖြစ်နေပုံကိုကြည့်ပြီး အလုပ်အတူလုပ်နေကြတဲ့ကောင်လေးနှစ်ယောက်ကပြုံးစိစိတွေနှင့်သာ...ထိုနှစ်ယောက်က Taehyung တို့စိုက်ခင်းအတွက်အကူငှားထားတဲ့သူတွေဖြစ်သည်...

နေ့လည်ရောက်တော့ Tae အမေကနေ့လည်စာလာပို့သည်..အိမ်နဲ့စိုက်ခင်းကအရမ်းမဝေးတာကြောင့်လမ်းနည်းနည်းလျှောက်လိုက်တာနှင့်ရောက်ပြီဖြစ်သည်..အကူကောင်လေးနှစ်ယောက်ကိုလည်း Tae အမေကအမြဲအိမ်မပြန်စေဘဲ တခါတည်းသူတို့အတွက်ပါချက်ပြုတ်လာပေးသည်..

လူအများကြီးနဲ့နေ့လည်စာစားလိုက် စကားတွေပြောလိုက်နှင့်သာ...သူ့ဘေးကလူတွေကြောင့် Taehyung စိတ်တွေကလည်းပုံမှန်ပြန်ဖြစ်လာခဲ့သည်..သူ Jungkook ကိုမလွမ်းတော့တာတော့မဟုတ်..သူလွမ်းတာပေါ့ Jungkook ကသူနှစ်နှစ်ကာကာချစ်ခဲ့ရသူပဲလေ...ကိုယ့်ကိုမချစ်နိုင်တဲ့သူကိုလက်လွှတ်ပေးခဲ့ရုံသာ..

သတင်းထဲမှာ Seokjin ရဲ့ဖြေရှင်းချက်ကိုလည်း Taehyung တွေ့ပါသည်..သို့ပေမယ့် အမြဲတန်းဒုတိယလူပဲဖြစ်နေရတာကိုသူထပ်မခံစားနိုင်တော့ဘူး..အခု Seokjin က Namjoon နဲ့ချစ်သူတွေဖြစ်သွားတယ်လို့ဆိုပေမယ့် Seokjin ကသာလိုအပ်ရင် Jungkook ကအမြဲသူ့(th)ကိုလစ်လျူရှုနေမှာ..

ကိုယ်ချစ်တဲ့သူကကိုယ့်ထက်တခြားတစ်ယောက်ကိုဦးစားပေးနေတာကို နားလည်ပေးရအောင် သူ(th)ကခံစားချက်မရှိတဲ့သူမဟုတ်...အဲ့တာကြောင့်လက်လွှတ်လိုက်တာကပဲအကောင်းဆုံးပင်...တဘဝလုံးစာနာကျင်နေရမှာထက် တခနတာနာကျင်တာကိုပဲသူရွေးချယ်ရလိမ့်မည်...

(မင်းအခုဆိုငါ့ကိုသတိတောင်ရပါတော့မလား..ငါမရှိလည်းဖြစ်တယ်ဆိုပြီး တခြားတစ်ယောက်ကိုရှာတော့မှာသိသားပဲ..ဝတ္ထုထဲမှာလည်းငါတို့မပေါင်းရသလို အပြင်မှာလည်းငါတို့ကတကယ်ကိုပေါင်းရကံပါမလာဘူး..ငါအရင်ဘဝကအပြစ်တွေအများကြီးလုပ်ခဲ့လို့ထင်တယ်)
.
.

ဘာလိုလိုနဲ့Taehyung တစ်ယောက် Daegu ကိုရောက်နေတာ တစ်ပတ်ကျော်ခဲ့ပြီ...စိုက်ခင်းနဲ့အိမ်ပဲလှည့်သွားနေပြီးတခြားဘယ်မှမရောက်ဖြစ်...

Jerry ကသူမရဲ့အလုပ်ပိတ်ရက်တွေဆို Taehyung ဆီလာလည်တတ်သည်...Jerry ကအရင်တုန်းကအတိုင်း Fujoshi တစ်ယောက်ဖြစ်နေတုန်းပင်..သူ့ကိုလည်းကောင်လေးရည်းစားထားကြည့်ဖို့ပြောပြီး သူမအလုပ်ကခပ်ချောချောကောင်လေးတွေနဲ့ပါ မိတ်ဆက်ပေးမယ့်အကြောင်းပြောသည်...

Taehyung ဘက်ကအထက်တန်းတည်းကငြင်းလာတာဆိုပေမယ့် Jerry မတစ်ယောက်အခုထိလက်မလျှော့သေး...

ဒီနေ့လည်းသူမရဲ့ကောင်မလေးနဲ့မိတ်ဆက်ပေးမလို့ဆိုပြီး Taehyung ကိုမရမကဆွဲခေါ်တာနဲ့လိုက်လာခဲ့ရသည်...

ချိန်းထားတဲ့ဆိုင်ကိုရောက်တော့ Jerry ရဲ့ကောင်မလေးဆိုသူနဲ့ကောင်လေးခပ်ငယ်ငယ်တစ်ယောက်ကအရင်ရောက်နေသည်...

Jerry က Taehyung ကိုထိုကောင်လေးရဲ့မျက်နှာချင်းဆိုင်မှာဝင်ထိုင်စေပြီးသူမကတော့သူမကောင်မလေးဆိုသူရဲ့မျက်နှာချင်းဆိုင်မှာဝင်ထိုင်လိုက်သည်...

"Taehyung ဒါငါ့ရဲ့အချစ်လေး Jiyeon... ဟိုဘက်ကသူ့မောင် Jihoon"

Jerry ကတစ်ယောက်နဲ့တစ်ယောက်မိတ်ဆက်ပေးပြီးတော့ စားဖို့တစ်ခုခုမှာလိုက်သည်...Jerry နဲ့ Jiyeon ကသာစကားတွေဖောင်ဖွဲ့နေကြပေမယ့် Taehyung နဲ့ Jihoon ကတော့ဘေးကနေနားပဲထောင်နေကြသည်..

Jihoon ကတော့တချက်တချက် Taehyung ကိုခိုးခိုးကြည့်တတ်သည်...Jerry ရဲ့ Fujoshi တို့စွမ်းရည်အရ Jihoon တစ်ယောက် Taehyung ကိုကြိုက်နေပြီဆိုတာသိလိုက်သည်...

Jihoon ကလည်းချောချောလေးဆိုတော့ Taehyung နဲ့မလိုက်ဖက်စရာမရှိဘူးလို့ထင်သည်..အဲ့တာကြောင့်သူမလုပ်ငန်းစဖို့ပြင်တော့သည်...

"Taehyung ရေနင် Jihoon ကိုခနအဖော်လုပ်ပေးလို့ရမလား...ငါ Jiyeon နဲ့အတွင်းရေးကိစ္စလေးပြောစရာရှိလို့..."

"ဟမ်..အဲ့တာဆိုငါအရင်ပြန်လိုက်တော့မယ်လေ "

"ခနလေးပဲဒီနားတင် ပြန်လာခဲ့မယ်.. နင်ပြန်ရင် Jihoon တစ်ယောက်တည်းဖြစ်နေမှာစိုးလို့ "

"အေးပါ..အဲ့တာဆိုလည်းအရမ်းမကြာစေနဲ့"

"Ok"

Jerry က Jiyeon ကိုလက်ဆွဲကာခေါ်ထုတ်သွားသည်...

ဆိုင်ထဲမှာနှစ်ယောက်တည်းကျန်ခဲ့တာကြောင့် စကားမပြောလို့ကမကောင်း...သူကအကြီးဖြစ်နေတာကြောင့် Taehyung ဘက်ကပဲစကားစလိုက်ရသည်...

"Jihoon ကအထက်တန်းပြီးပြီလား "

"ဟုတ်ပြီးပြီ Hyung...အခု Uni ဒုတိယနှစ်တက်နေတာ "

"အာ...မင်းရုပ်ကနုနေတော့အထက်တန်းပဲထင်နေတာ "

"Hyung ကမှကျတော့ထက်တောင်ပိုနုသေးတယ်..ချောလည်းချောတယ် အရပ်ကလည်းအရှည်ကြီးပဲ "

"အဲ့လောက်လည်းမဟုတ်ပါဘူး..."

"Hyung...instagram သုံးလား "

"အွန်း..တခါတလေသုံးဖြစ်တယ်"

"ကျတော်တို့အပြန်အလှန် Follow ကြမလား "

"အာ...ငါ့Acc ကဘာမှကြည့်စရာမရှိဘူး ဒီတိုင်းရိုက်မိရိုက်ရာတွေပဲလျှောက်တင်ဖြစ်တာ "

"ရပါတယ်...ဘာမှမဖြစ်ဘူး ကျတော်ကHyungနဲ့သူငယ်ချင်းဖြစ်ချင်လို့ "

"အွန်းအဲ့တာဆိုလည်း Follow ကြတာပေါ့ "

Jihoon ပျော်သွားကာသူ့နေရာမှထလာပြီး Taehyung ဘေးဝင်ထိုင်လိုက်သည်...အနီးကပ်မြင်နေရတဲ့ Taehyung ရဲ့မျက်နှာလေးကြောင့် Jihoon ရင်တွေအတိုင်းအဆမရှိခုန်လာရသည်...Taehyung ရဲ့အရာရာတိုင်းကကြည့်ကောင်းပြီး မွှေးညှင်းနုနုလေးတွေကအစဆွဲဆောင်မှုရှိသည်လို့လည်းတွေးနေမိပြန်သည်..

"Jihoon..မင်း Acc ပြောလေ "

အငေးလွန်နေတာနှင့် Taehyung အသံကြားမှသတိဝင်လာတဲ့ Jihoon...

"အာ..ဟုတ်ကဲ့ Hyung "

သူတို့တွေ Acc ချင်းအပြန်အလှန် Follow လုပ်လိုက်ကြသည်...Jihoon Acc က Follower များပေမယ့်သူ Follow ထားတဲ့သူကတော့ ၁၀ယောက်တောင်မပြည့်..Taehyung ကတော့ Follower လည်းမများသလို Follow ထားတဲ့သူလည်းသိပ်မရှိပေ...

"TaeTaeBoo...နာမည်လေးကချစ်စရာလေး "

"အွန်း...ချစ်စရာလေး"

(တစ်စုံတစ်ယောက်ကပေးခဲ့တဲ့နာမည်လေးလေ)

"Hyung...ဒီကိုကြည့်"

Jihoon က Selfie ဆွဲနေတာကြောင့် Taehyung လည်းပြုံးကာ Camera ကိုကြည့်လိုက်သည်...


"ဝါး...Hyung ကတကယ်ကိုကြည့်ကောင်းလိုက်တာဗျာ "

Jihoon ကပုံကိုပြန်ကြည့်ပြီးပြောလိုက်သည်...

"မင်းရောကြည့်ကောင်းပါတယ်..."

"ဟိုလေ...Hyung မှာကောင်မလေးရှိလား "

"ဟမ်...အော်မရှိပါဘူး "

"တော်သေးတာပေါ့ "

Jihoon ကတိုးတိုးလေးပြောလိုက်တာကြောင့် Taehyung သေချာမကြားလိုက်...

"မင်းတခုခုပြောလိုက်တာလား "

"ဟို...Noona တို့သွားတာကြာလိုက်တာလို့ပြောတာ"

"အာ...ဟုတ်သားပဲ ငါPhဆက်ကြည့်လိုက်ဦးမယ် "

Taehyung Ph ဆက်လိုက်တော့ Jerry ကခနပဲလာပြီဆိုပြီးပြောကာချသွားသည်...

"ငါသန့်စင်ခန်းခနသွားလိုက်ဦးမယ် "

"ဟုတ်ကဲ့ Hyung "

Taehyung သန့်စင်ခန်းထွက်သွားတော့ Jihoon ခနကရိုက်ထားတဲ့ပုံကိုပြန်ကြည့်ပြီး Taehyung မျက်နှာကိုချဲ့ကြည့်နေမိပြန်သည်...

"အရမ်းကြည့်ကောင်းတာပဲ Hyung ရာ...ကျတော့်ကောင်လေးဖြစ်ရင်အရမ်းကောင်းမှာပဲ "

Jihoon ထိုပုံလေးကိုချက်ချင်းသူ့ Acc မှာတင်လိုက်သည်...ပြီးတော့ Taehyung Acc ကို Tag တွဲလိုက်သည်...Caption ကိုအသဲပုံလေးနှစ်ခုနှင့်...

ခနကြာတော့ပုံအောက်က Comment တွေဆက်တိုက်တက်လာသည်...

..ဝါးချောလိုက်တာဘယ်သူလေးလဲ..

..Oppa ကောင်လေးလား..

..အဲ့ Oppa ကိုအပြင်မှာမြင်ဖူးတယ် တကယ်ချောတာအရမ်းပဲ..
ထိုment ရဲ့reply အောက်မှာ Taehyung ကိုဘယ်နေရာမှာတွေ့တာလဲဆိုပြီးမေးတဲ့သူတွေတန်းစီနေသည်...

..အသဲပုံလေးနဲ့ဆိုတော့အတွဲတွေမလား..

..အတွဲမဖြစ်သေးလည်းမြန်မြန်တွဲပါတော့ဗျို့..

သူတို့နှစ်ယောက်ကိုတော်တော်များများကအတွဲတွေလို့ထင်သွားတာ​ကြောင့် Jihoon မျက်နှာကပြုံးစိစိဖြင့်သာ...ထိုအချိန်တွင်မင်းသား Park Bogum ကလည်းဝင်မန့်လာသည်...

..အဲ့တာ Kim Taehyung မလား..

Jihoon reply ပြန်လိုက်သည်...

..ဟုတ်တယ် Hyung..

Park Bogum လည်းမန့်ပြီးရော Jihoon ရဲ့ Post ကပိုပိုပြီး Like များလာသလို Follower ကလည်းအများကြီးတက်လာသည်...သူ့နည်းတူ Taehyung Acc ကလည်း Follower တွေတိုးလာသည်..

Taehyung သန့်စင်ခန်းထဲကပြန်လာတုန်းသူ့ Ph က Noti တွေတအားတက်နေတာကြောင့် Screen ကိုကြည့်လိုက်တော့...

"ဘာလို့ Follower တွေတက်နေတာပါလိမ့် "

Taehyung ဇဝေဇဝါဖြစ်ကာပြန်ရောက်လာပြီး Jihoon မျက်နှာချင်းဆိုင်မှာထိုင်လိုက်သည်...

"မင်း Follow လုပ်လိုက်လို့ Follower တွေတက်လာတာများလား "

"အာ...မဟုတ်ဘူး Bogum Hyung ကကျတော်တို့ပုံကိုဝင်မန့်လိုက်လို့ထင်တယ် "

"Bogum ဆိုတာ မင်းသား Park Bogum လား "

"အွန်းလေ.."

"သူကဘာလို့...ဟမ်ငါတို့ပုံဆိုတာက "

"ခနကရိုက်ထားတဲ့ပုံတင်လိုက်တာ Hyung ကို Tag ပြီး "

Taehyung သူ့Instagram ထဲကိုဝင်ကြည့်လိုက်တော့ Jihoon တင်ထားတဲ့သူတို့ပုံကထိပ်ဆုံးကတက်လာသည်...တကယ်ကို Park Bogum ကဝင်မန့်ထားတာဖြစ်နေသည်...

"မင်းနဲ့ Park Bogum က"

"ကျတော်က Bogum Hyung နဲ့Company တူတယ်လေ..ကျတော်ကအခုမှ Training ဆင်းတုန်း အခု Seoul ကနေ Noona ဆီခနလာလည်တာ "

Taehyung သူ့ပုံကိုဖျက်ခိုင်းချင်ပေမယ့် Bogum ကတကူးတကလာမန့်ထားတာမို့လို့မဖျက်ရက်...

"မင်းငါ့ကို Tag ပြန်ဖြုတ်လိုက်ပါလား...Follower အရမ်းများရင် ငါဝန်လေးနေရမှာစိုးလို့ "

"အော်..ရတယ် Hyung ကျတော်ခုဖြုတ်လိုက်မယ်နော် "

Jihoon ကချက်ချင်း Tag ဖြုတ်ပေးလိုက်သည်..ထိုအချိန်တွင်ဆိုင်ထဲကို Mask အမဲတပ်ကာဝင်လာတဲ့လူတစ်ယောက်...

သူတို့နှစ်ယောက်ရှိရာကိုဒေါသတကြီးလျှောက်လာသည်...

ထိုင်နေတဲ့ Jihoon လက်ကိုဆောင့်ဆွဲလိုက်ပြီး...

"Park Jihoon... အခုချက်ချင်းငါနဲ့လိုက်ခဲ့ "

Taehyung မှာသူတို့နှစ်ယောက်ကိုကြောင်တောင်တောင်လေးကြည့်နေမိသည်...

Jihoon ပုံစံကလည်းနည်းနည်းအံ့သြနေပုံရသည်..

"Ya...Guanlin မင်းတရုတ်မှာမဟုတ်ဘူးလား "

"ငါမနေ့တည်းက Daegu ရောက်နေတာ..မင်းနဲ့ရှင်းစရာရှိတယ်အခုလိုက်ခဲ့ "

"မလိုက်ပါဘူး...ငါ Hyung နဲ့ပြောစရာတွေရှိသေးတယ် "

ထိုအခါ Guanlin ရဲ့အကြည့်တွေက Taehyung ဆီကိုဒိုင်းကနဲရောက်လာသည်..

(Ya...ငါနဲ့ဘာဆိုင်လို့အဲ့လိုလာကြည့်နေတာတုန်း...Bogum Hyung ကို Jungkook ကြည့်တဲ့အကြည့်ကြီးကျနေတာပဲ...)

"မသိဘူး..အခုငါနဲ့လိုက်ခဲ့ငါက Korea စာအရမ်းမကျွမ်းသေးဘူး မင်းရှိမှဖြစ်မှာ "

"ဟို..ငါဖြတ်ပြောလို့ရမလား...ငါလည်းပြန်တော့မှာဆိုတော့ မင်းသူနဲ့လိုက်သွားလိုက်ပါ "

"ကြားလားသူကလိုက်သွားလိုက်တဲ့ "

Guanlin ပုံစံကတကယ်ကိုဂျစ်ကန်ကန်လေး..Jihoon က မကျေနပ်တဲ့ပုံစံနှင့် Guanlin ကိုကြည့်ပြီး Taehyung ဘက်ကိုပြန်လှည့်ကာအားနာနေတဲ့ပုံစံနှင့်...

"အဲ့တာဆိုသွားနှင့်ပြီနော် Hyung..."

Jihoon တို့ထွက်သွားပြီးတော့မကြာလိုက်ဘဲ Jerry တို့အတွဲရောက်လာသည်...Jihoon ကိုမေးတော့ Guanlin ဆိုတဲ့ကောင်လေးနဲ့ပါသွားတယ်ဆိုပြီးပြောလိုက်သည်...ပြီးတော့သူလည်း Jerry တို့ကိုနှုတ်ဆက်ပြီးထွက်လာခဲ့လိုက်သည်...

At Other Side,

"Boss...Taehyung ကိုတွေ့ပြီ "

လက်ထောက်ရဲ့ပြောစကားကြောင့် Jungkook ဝမ်းသာလုံးဆို့ကာအလုပ်လုပ်နေရာမှထရပ်လိုက်မိသည်...

"ဘယ်မှာတဲ့လဲ "

လက်ထောက်ကသူ့ရဲ့ Laptop ကို Jungkook စားပွဲပေါ်ချပေးကာ သတင်းတပုဒ်ကိုပြလိုက်သည်...

မင်းသား Park Bogum ဝင်မန့်ထားလို့နာမည်ကြီးနေတဲ့ Instagram က Post တစ်ခုဖြစ်နေသည်...

Jungkook Ph မြန်မြန်ဖွင့်ကာ Jihoon ဆိုတဲ့ Acc ထဲဝင်ကြည့်တော့ထို Postရဲ့မန့်တွေကသူ့ကိုဒေါသထွက်စေသည်...ပြီးတော့ Taehyung နဲ့Jihoon ရဲ့နီးနီးကပ်ကပ်အနေထားကအဆိုးဆုံးပင်...

"အဲ့ဆိုင်ရဲ့ Location က Daegu မှာပါ Boss... အဲ့တာကြောင့် Taehyung က Daegu မှာရှိလောက်တယ် "

"Daegu မှာစုံစမ်းဖို့လူတစ်ယောက်လွှတ်လိုက်..Taehyung ရှိတဲ့နေရာအတိအကျသိချင်တယ် "

"ဟုတ်ကဲ့ပါ Boss "

လက်ထောက်လေးကပြန်ထွက်သွားသည်...

Jungkook Instagram ကပုံကိုScreenshot ရိုက်လိုက်သည်.. Taehyung တစ်ယောက်တည်းကို crop ပြီး Jihoon ပုံကိုcut ပြစ်လိုက်သည်..အခုမှကြည့်လို့ကောင်းသွားသလိုလို..

"ငါမင်းကိုရှာတွေ့ပြီ Tae...အဲ့တာကြောင့်နောက်ထပ်မင်းငါ့ဆီကထွက်မပြေးနိုင်အောင် ငါမင်းကိုမျက်စိတောက်ထောက်စောင့်ကြည့်နေတော့မှာ....."

(ငါ့မှာမင်းမရှိလို့မှမဖြစ်တာ...)

End,

Zawgyi,



.
.




.
.













.
.















"Ok"















"Jihoon..မင်း Acc ပြောလေ "


"အာ..ဟုတ်ကဲ့ Hyung "



"အွန်း...ချစ်စရာလေး"


"Hyung...ဒီကိုကြည့်"







"ဟမ်...အော်မရှိပါဘူး "

"တော်သေးတာပေါ့ "







"ဟုတ်ကဲ့ Hyung "






..Oppa ကောင်လေးလား..







..ဟုတ်တယ် Hyung..








"အွန်းလေ.."




"မင်းနဲ့ Park Bogum က"






















At Other Side,



"ဘယ်မှာတဲ့လဲ "






"ဟုတ်ကဲ့ပါ Boss "





End,

Continue Reading

You'll Also Like

1.6K 113 36
*Disclaimer: I do not own Haikyuu, any of its characters, or the cover art.* Amelia Henry are a foreign exchange student at Karasuno when Kiyoko Shi...
14.1K 334 54
This Book will contain possible semi smut,and angst.I do not own any of these characters nor do I own the show they are placed in. This book will not...
379K 35.2K 31
Get me, i'm yours. #Èriloyra
228K 14.5K 34
ထယ်ယောင်းဟာ ကိုကို့နှလုံးသားရဲ့စွဲလမ်းမှုလေးပဲ။