A letter to A boy who is not...

De ThomasFionaMo

64.3K 4.3K 230

စာတစ်စောင်ရောက်တယ်တဲ့။ ယောကျ်ားလေးတွေချည်းနေတဲ့အိမ်ကို ကောင်လေးမဟုတ်တဲ့ ကောင်လေးဆိုတဲ့နာမည်နဲ့။ " ...... " စာ... Mais

part 1(unicode)
Part 2(Unicode )
Part 3(unicode) 18+
Part 4(Unicode )
Part 5(Unicode )
part 6(Unicode )
Part 7(Unicode)
Part 8(Unicode)
Part 9(unicode)
Part 10(Unicode )
Part 11(Unicode )
Part 12(Unicode )
part 13(Unicode )
Part 14(Unicode )
Part -15(Unicode )
A letter to A boy who is not a boy
Part 16(Unicode )
Part 17(Unicode )
Part 18(unicode)
Part 19(unicode )
Part 20(Unicode )
Extra(Unicode )
part 1(zawgyi)
part 2(zawgyi)
Part3(zawgyi)18+
Part 4 (zawgyi)
Part 5(Zawgyi)
Part 6(zawgyi)
Part 7(Zawgyi)
part 8(zawgyi)
part 9(zawgyi)
part 10(zawgyi)
Part 11(Zawgyi )
Part 12(zawgyicode )
part 13(Zawgyi )
Part 14(Zawgyi )
Part 15(Zawgyi )
Part16(Zawgyi )
Part -17(Zawgyi )
Part 18(Zawgyi )
Part19(Zawgyi )
Part20(Zawgyi )
Final(Zawgyi )
Extra (zawgyi )

Final (unicode )

2.3K 149 6
De ThomasFionaMo

ကျောပြင်ကလေးသည် တစ်ချက်တစ်ချက် တသိမ့်သိမ့်တုန်သွားဟန်ရှိသည်။
ကမ်းပါးမှ တစ်ဘက်ကမ်းကိုမျက်နှာမူထားသည့်တိုင် သူ့ဘေးနားလူတွေရောက်နေသည်ကို သတိမထားမိ။

ဖျော့တော့ပြီး ပျော့ခွေနေတော့မည့် လူမမာတစ်ဦးလို
နုံးခွေနေသည်။

"ညီမလေး"

ကျောပြင်ကလေးတစ်ချက်တုန်ခါသွားသည်။
ထို့နောက် တဖြည်းဖြည်းလှည့်ကြည့်လာသည်။

ဆေးရုံတစ်ခုမှာ အေးဆေးစွာလဲလျောင်းနေရမည့်အစား
တောအုပ်ထဲက ဆေးရုံပျက်ဖြစ်ပြီး ပရဟိတ လိုလို ဘာလိုလိုနေရာနဲ့ လူသူတွေဝေးတဲ့နေရာမှာ
ဆေးဝါးတောင်အစုံအလင်မရှိနိုင်သည့်နေရာမှာ ဘယ်လိုအတွေးကြောင့်များ လာနေရတာလဲ ညီမလေးရယ်လို့ အာကာမင်းထက် အော်ပစ်လိုက်ချင်သည်။

အကိုမှန်းသိသွားရဲ့သားနဲ့ကွာ။

" ပြန်မလိုက်ဘူး ။ ညီမလေးဒီမှာပဲ နေပြီး ဒီမှာပဲသေဖို့ဆုံးဖြတ်ထားတယ်"

တိုးငြင်းယိမ်းနွဲ့နေသေူလေသံက ဖွဖွလေးပေါ်ထွက်လာသည်။
မျက်ဝန်းတွေက တစ်ခုခုကို ရှာနေသလို ပြန်ငြိမ်သွားပြန်သည်။

" ပြန်လိုက်ခဲ့ပါညီမလေးရယ်။
ညီမလေးကို ကိုကို့ဆီက ရိုးတွင်းခြင်ဆီ နဲ့ ကိုက်ညီမှုရှိရင် ပြန်ကုသလို့ရတယ်တဲ့ သိရဲ့လား"

အာကာမင်းထက်စကားကို ယုယငယ်က ခေါင်းခါသည်။
လင်းလတ်နှင့် အဖေနှစ်ယောက်က ခပ်လှမ်းလှမ်းဆီမှာ ရပ်ကြည့်နေကြသည်။

" တစ်ဘဝလုံး ညီမလေးရဲ့ကျန်နေသေးတဲ့ သက်တမ်းတစ်လျှောက်လုံးမှာ ကိုကို့ကိုလိုက်ရှာနေခဲ့တာ ။
အခု တွေ့ပြီ ပြန်တွေ့ရပြီပဲ။ သေပျော်ပါပြီ။
မေမေတို့လည်း ဝမ်းသာမှာပါ"

မျက်ကွင်းတွေဘိုကူ သိသိသာသာ ရုပ်ကျသွားသော ယုယငယ်သည် အရင်ကလို သွက်လက်ခြင်းတို့ရှိမနေတော့။

ယုယငယ်က ခပ်လှမ်းလှမ်းမှာရပ်နေတဲ့လူတွေဆီလှမ်းကြည့်သည်။
ထို့နောက် မျက်နှာပေါ်သို့ အရိပ်တစ်ခုဖြတ်ပြေးသွားတာကို အာကာမင်းဖက်မြင်လိုက်ရသည်။
ထို့နောက် ညင်သာစွာ ခပ်ထေ့ထေ့ပြုံး၏။

" ယုယငယ် စူးရှအပေါ်မှာ ဘယ်လိုခံစားချက်တွေရှိနေလဲဆိုတာ ကျွန်မသိတယ်"

အွန်မ်စင်၏ စကားက ယုယငယ်ကို မအံ့သြသွားစေပါ။
မြွေမြွေချင်းခြေမြင်တာ အဆန်းမှမဟုတ်တာ။
ဒါပေမယ့် ဘာလို့လာပြောနေလဲဆိုတာပဲ မသိခဲ့တာ။

"ကျွန်မသူ့ကိုအဆုံးရှုံးမခံနိုင်ဘူး"

ယုယငယ်ပြုံးပြလိုက်သည်။
ကျွန်မလည်းအတူတူပဲပြန်ပြောလိုက်လျင်ပေမယ့်
အခြေအနေအရ နားထောင်သူသပ်သပ်သာဖြစ်လို့နေ၏။

" ရှင်နဲ့မတွေ့ခင်အထိ ကျွန်မတို့ အဆင်ပြေနေခဲ့တာ အခုသူ့စိတ်တွေက ရှင့်ဆီမှာပဲ သူ့မျက်ဝန်းတွေထဲလည်း ရှင့်ပုံရိပ်တွေကိုပဲ ကျွန်မမြင်နေရတယ်"

ဘယ်ကနေဘယ်လို ကြားသွားလဲမသိသော အွန်မ်စင် က ယုယငယ်ဆေးရုံတက်နေချိန်အတွင်းမှာ
ဘယ်သူမှမသိအောင် ဘန်ကောက်မှ ရန်ကုန်ကိုလာခဲ့သည်။
ဘယ်သူမှမသိအောင် ယုယငယ်ကိုလာတွေ့သည်။

ဘာပဲဖြစ်ဖြစ် စူးရှ၏ အချစ်တွေကို ရခဲ့သူက ယုယငယ်သာဖြစ်ကြောင်းကိုလည်း နှစ်ယောက်စလုံးရိပ်မိခဲ့ပြီး။

" သူ့အချစ်တွေကို ရှင်ပိုင်ဆိုင်ခဲ့ပြီပဲ သူ့ကိုတော့ ကျွန်မပိုင်ဆိုင်ချင်တယ်"

ပြတ်သားသော အွန်မ်စင် ၏ စကားသံက နားစည်ထဲကို ဓားသွားတစ်ချောင်းကို ပြင်းရှရှ တိုးဝသ်လာသည်။

" ပြောချင်တာကိုသာဒဲ့ပြောပါ "

ယုယငယ်ကို အွန်မ်စင် ခေါင်းညိတ်ပြလိုက်သည်။
ထို့နောက် တစ်ခုခုကို တိုးတိုး နားနားကပ်ကာ ပြောလိုက်သည်။

"ညီမလေး.. ညီမလေး"

မျက်ဝန်းထဲ ဝဲနေသော အရည်ကြည်တို့ကို ပုတ်ခက်ကာ
အာကာမင်းထက်ဆီ အသိစိတ်ပြန်လည်လာသည်။

လင်းလတ်က ယုယငယ်ကို ကြည့်မရပေမယ်
အာကာမင်းထက်၏ညီမလေးဖြစ်နေတာကြောင့်
ဘာမှမပြော။
အဖေဖြစ်သူများကလည်း. လူကြီးများပီပီ တည်ငြိမ် လျက်။

အရာရာ အွန်မ်စင်၏ အစီစဥ်အတိုင်း ဖြစ်ခဲ့သည်။
အကိုဖြစ်သူ၏ ရိုးတွင်းခြင်ဆီ နှင့် ကိုက်ညီမှုရှိမရှိစမ်းသပ်ကြည့်ကြသည်။
အဆင်ပြေသည်။
အားလုံးပုံမှန်အတိုင်းပင်။
ခွဲစိတ်မှုအောင်မြင်ခဲ့သည်။

ဆေးရုံက ဆင်းတော့ အကိုဖြစ်သူကိုပြုံးပြနေသော ယုယငယ်အပြုံးတွေက အသက်မပါတော့။

"ခွဲစိတ်ခန်းထဲမှာ မင်းရဲ့အရင်ဂျစ်ကန်ကန်ပုံစံတွေကို ပြန်ထည့်ပေးဖို့ ဆရာဝန်ကမေ့နေတယ်ထင်တယ်" ဟု လင်းလတ်က စသော်လည်း
ယုယငယ် ဘာမှပြန်မပြော။

ယုယငယ်၏ အမူအယာက အားလုံးပြောင်းလဲသွားခဲ့သည်။
တီရှပ်ကလေးနှင့် ထဘီကိုသာ ရိုးရိုးကလေးဝတ်ဆင်တက်ပြီး
အရင်လိုစကားတွေမပြောတော့။

တိုက်ခန်းကလေးကို ထားပစ်ခဲ့ပြီး
ကာမင်းထက်နှင့်အတူ လိုက်နေရသည်။

လင်းလတ်ကလည်း အာကာမင်းထက်ဆီ ဂျီကျလာသည်။

" လက်ထပ်ရအောင်"

ညီမလေးဖြစ်သူ၏ အခြေအနေကြောင့် အာကာမင်းထက်
အချိန်ဆွဲထားခဲ့သည်။
သို့သော် တစ်နှစ်ကြာခဲ့ပြီ။

ယုယငယ် နေသားကျ ခဲ့ပြီ။
အာကာမင်းထက်နှင့်လင်းလတ်တို့ အဖေတွေဆီမှာ ဝန်ခံခဲ့ကြသည်။
ရိပ်မိနေကြသော အဖေတွေက ဘာမှမပြော။

စူးရှက ယုယငယ်ကိုသွားခေါ်တဲ့နေ့ထဲက မြန်မာပြည်ပြန်မလာတော့ချေ။
ဖုန်းဖြင့်သာအဆက်အသွယ်လုပ်သည်။

မကြာခင် သူတို့နှစ်ယောက် စေ့စပ်ကြတော့မည်ဖြစ်သည်။

I love you I need you
ငါပိုင်တာအားလုံးမင်းယူ
မင်းအတွက်ဆို အသက်တောင်ပေးမယ် ယုံပါနော်ချစ်သူ

I love you I miss you
မတွေ့ရရင်မနေနိုင်ဘူး
ချစ်တဲ့စိတ်က အားလုံးကိုသိမ်းပိုက်သွားပြီနော် ချစ်သူ I love you...

ခပ်တိုးတိုး ဂစ်တာနှင့်သီချင်းသံက ခြံထဲမှ ထွက်ပေါ်လာသည်မို့
ယုယငယ် ပြတင်းပေါက် ဖွင့်ကာ ငုံ့ကြည့်မိသည်။
တချိန်ကယုယငယ် တက်ခဲ့ဖူးသော ပိတောက်ပင်ကြီးအောက်၌
လင်းလတ်ထက်သာက ဂစ်တာတီးကာ သီချင်းဆိုနေသည်။

ဘယ်သူ့မှ ကိုယ့်အနားမရှိရင်လည်း မင်းလေးတစ်ယောက်ရှိနေရုံနဲ့ပြည့်စုံပါတယ် ချစိသူရယ် ယုံကြည်ပါကွယ်.. အေ.. ဟေ ရေး

မင်းဘက်ကအနိုင်ယူရင်လည်း
အရှုံးပေးရင်းအနွံတာခံမယ်
မင်းအတွက်ပဲ ကိုယ့်ချစ်တွေ အပိုင်ယူပါကွယ်..

"ရပ်လိုက်.. "

ယုယငယ် အိမ်အောက်ထပ်ပြေးဆင်းကာ အော်ပြောလိုက်သည်။

"ဘာ"

" ရပ်လိုက် အဲ့သီချင်းကလွဲရင် ကျန်တဲ့သီချင်းဆိုလို့ရတယ်"

"နေပါအုံး.. အဲ့သီချင်းက မင်းမူပိုင်မို့လို့လား"

ဂစ်တာကိုဘေးချကာ လင်းလတ်ကာ ထရပ်သည်။
ယုယငယ်က တွေတွေငေးကာဘာမှဆက်မပြော။
ယုယငယ်ဘာဖြစ်နေသည်ကို
အားလုံးကရိပ်မိနေကြသော်လည်း
စူးရှ၏ ရွေးချယ်မှုက အွန်မ်စင် ဖြစ်နေတာကြောင့်ဘာမှမတက်နိုင်ကြ။

စူးရှလည်း ဘာကြောင့် ပြန်မလာတာလည်းဆိုတာကိုတော့ဘယ်သူမှမသိကြချေ။

"အဲ့သီချင်း အဲ့သီချင်းကြောင့် သူနဲ့ငါဆုံခဲ့ရတာ"

ယုယငယ်စကားကြောင့်လင်းလတ်ကြောင်သွားသည်။
သူ. . သူဆိုတာ ဘယ်သူလဲ။

မိနစ်အနည်းငယ်ကြာမှ မှတ်မိလာသည့် လင်းလတ်က
ယုယငယ်အား သေချာစိုက်ကြည့်ကာ တစ်ခုခုကို ဆုံးဖြတ်နေဟန်ရှိသည်။

"အဲ့တာက ကျွန်မကို နာကျင်စေတယ် "

****

အီးမေးလ်တွေစစ်ကြည့်တော့
အမွှာအကိုဖြစ်သူ လင်းလတ်ဆီမှာ စာဝင်နေသည်။
ဖုန်းခေါ်ပြီး ပြော ရိုးရိုးမက်ဆေ့ချ်ပို့ပြီးပြောလည်းရနေပါရဲ့နဲ့
အီးမေးလ်တကူးတကပို့တာကတော့ ထူးဆန်းသည်။

အီးမေးလ်ကြည့်ပြီးတော့ စူးရှ သက်ပြင်းချ သည်။
ထို့နောက် အသိစိတ်မရှိသူတစ်ယောက်လို ငေးမှိုင်ကာနေသည်။

"စူးရှ"

အွန်မ်စင် က စူးရှ ကိုကြည့်ပြီးစိတ်မကောင်းဖြစ်ရသည်။
လူရရင် အရင်ကရှိခဲ့ဖူးသော သံယောဇဉ် တို့ကြောင့်သူမအား ပြန်လည်ချစ်လာနိုင်သည်ဟူ တစ်ထစ်ချယုံကြည်ထားသော်လည်း
တစ်နှစ်အတွင်း ဘာမှမပြောင်းလဲ။
သံပတ်ပေးထားသော အရုပ်တစ်ရုပ်လို သာဖြစ်နေသည်။

ကြာတော့လည်း အွန်မ်စင် လက်လျှော့ပစ်ချင်လာသည်။

"စူးရှ"

"ဟင်.. ဗျာ P'Aom"

အယောင်ယောင်အမှားမှား ပြန်ထူးတဲ့ စူးရှ က သူ့ပုံမှန် လုပ်နေကျအတိုင်းဘာမှမဖြစသလို ပြုံးပြသည်။

" ယုယငယ်အကြောင်းတွေးနေတာလား"

စူးရှ ခေါင်းညိတ်လိုက်သည်။
သူ အမအွန်မ် ရှေ့မှာ ဟန်မဆောင်ချင်။
အမေလိုအမလို သူငယ်ချင်းလို သူ့အပေါ် မေတ္တာ အပြည့်အဝပေးနိုင်သော လူတစ်ယောက်ရှေ့မှာ တစ်ခါလောက်တော့ ဟန်မဆောင်ချင်ပြီ။

" အမအွန်မ် ကိုချစ်လား"

စူးရှက ဖြတ်ခနဲမော့ကြည့်ကာ ဆက်ခနဲခေါင်းညိတ်သည်။
သူ့ကိုယ်သူတောင် မရေရာသော ကိစ္စ ကို လုပ်နေကျအတိုင်း မပျက်မကွက် လုပ်သည်။

"သူ့ကိုရော "

စူးရှ တွေဝေသွားသည်။
အရင်လို ဟန်မဆောင်တက်တဲ့ကလေးလေးတစ်ယောက်လိုမဟုတ်တော့။

" ယုယငယ်ကိုရော "

"..."

" အမထက် သူ့ကို ပိုချစ်သွားခဲ့တာပဲ "

"ဟင့်အင်း မဟုတ်ဘူး။ ကျွန်တော်က အမအွန်မ် ကိုပဲချစ်တာ"

အကြောက်အကန်ငြင်းနေသော်လည်း
မျက်ဝန်းတွေက လက်ခံနေသည်ပဲ။
အွန်မ်စင် လက်မခံချင်သောအရာတစ်ခုကို နာနာကျင်ကျင်လက်ခံလိုက်ရသည်။

" ဒါပေမယ့်... အမအွန်မ် ကိုရော ချစ်ခဲ့ပါတယ်"

ချစ်ခဲ့ပါတယ် ဟုသောစကားက ယုယငယ်နဲ့မတွေ့ခင်အထိကိုပြောနေတာဖြစ်မှန်း သိပါသည်။
အဲ့ဒီ့နောက် ယုယငယ်ကိုပိုချစ်သွားခဲ့ပြီမဟုတ်လား။

အွန်မ်စင် စူးရှ၏ ဝဲဘက်ရင်အုံကို ငြင်သာစွာလက်ဖဝါးဖြင့် ထိကပ်လိုက်သည်။

" အဲ့ဒီ့နှလုံးသားအခန်းကျဥ်းကျဥ်းလေးက ဘယ်လိုများ လူနှစ်ယောက်ကို ထည့်ထားနိုင်ရတာလဲ စူးရှရယ်။ ပင်ပန်းနေမှာပေါ့။
P'Aomကပဲ အလိုက်တသိထွက်သွားပေးပါ့မယ်"

စူးရှက နားမလည်သလို ထိုင်လျက်က မော့ကြည့်လာသည်။
ကိုယ့်ဝမ်းဖြင့်လွယ်မွေးထားသည့်သားတစ်ယောက်ကို
သူ့ချစ်သူနောက်ထည့်ပေးလိုက်ရသည့်ခံစားချက်မျိုးဖြင့်
နူးညံ့စွာပြုံးရင်းက
အွန်မ်စင် ခေါင်းညိတ်လိုက်သည်။

" အမ လေယာဉ် လက်မှတ်ဝယ်ထားတယ်။
သူလည်း စူးရှကို မျှော်နေမှာပေါ့ "

အိတ်ထဲက အသင့်ပါလာသော လေယာဉ် လက်မှတ်ကို ထုတ်ပေးလိုက်သည်။
မနက်ဖြန်တဲ့။

"အမ အတ္တမကြီးချင်တော့ပါဘူး။ အနှစ်မပါတဲ့ အခွံသပ်သပ်ကြီးလည်းမလိုချင်တော့ဘူး။
စူးရှရဲ့ အခွံဖြစ်ဖြစ်အနှစ်ဖြစ်ဖြစ် အရာအားလုံးကိုချစ်ခဲ့တယ်ဆိုပေမယ့်
အဲ့တာက စူးရှကိုမပျော်ရွှင်စေဘူးဆိုရင် အမလည်းခံစားရတယ်လေ"

မျက်ဝန်းတွေက အရောင်လဲ့လာသည်။
ပျော်ရွှင်မှု စတင်ခံစားလာရသူလို
စူးရှအပြုံးတွေ တောက်ပလာသည်။

*****

"ကျေးဇူးတင်ပါတယ် အမအွန်မ် "

လေဆိတ်ကို လိုက်ပို့သော အွန်မ်စင် ကို လည်ပင်းသိုင်းဖက်လိုက်သည်။
မျက်ရည်များကြထဲက အားယူပြုံးနေသော အွန်မ်စင် က ပီတိဖြစ်ရပြန်သည်။

"သေချာပေါက် ပျော်ရှင်ရမယ်နော်"

အားရပါးရ ပြုံးရယ် နေသည့်စူးရှအား နဖူးကို ခြေဖျားထောက်အနမ်းခြွေလိုက်သည်။
မင်္ဂလာလက်ဖွဲ့ပေါ့။

လက်ပြနှုတ်ဆက်ခြင်းက ထာဝရအတွက်ဖြစ်သွားနိုင်သည်။
အွန်မ်စင် သြစတေးရီးယားကို ထွက်သွားခဲ့သည်။

စူးရှအပါအဝင် ဘယ်သူ့ကိုမှအသိမပေးခဲ့။
အားလုံးကိုခြေရာဖျောက်သွားခဲ့သည်။
သူ့ကိုသတိရရင်တောင် လိုက်မရှာစေချင်တော့ပြီ။

*ပျော်ရွှင်ပါစေစူးရှ"

....

" ဘယ်ကိုသွားနေတာလဲ ကိုကို"

ဒီနေ့က ယုယငယ်မွေးနေ့ဟုဆုကာ စပရိုက်တိုက်မည်ဟုပြောပြီး
မျက်စိကိုအဝတ်ဖြင့်ပိတ်ကာ အာကာမင်းထက်နှင့် လင်းလတ်ထက်သာက ကားဖြင့်ခေါ်လာခဲ့သည်။
ဘယ်ကိုလဲဆိုတာတကယ်မသိသေး။

ယုယငယ်ကိုယ်တိုင်တောင်မမှတ်မိပေမည့် အကိုဖြစ်သူက မှတ်မိနေပေးသော မွေးနေ့သည်
ပျော်ရွှင်လိမ့်မည်ဟု ယုံကြည်သော်လည်း
ယုယငယ်အပြည့်အဝပျော်နိုင်ပါ့မည်လား။

" ရောက်တော့မှာပါ "

ကားပေါ်ကာဆင်းပြီး လက်တစ်ဖက်ဆီကို ကိုင်ကာ ခေါ်သွားပြန်သည်။

"ညီမလေး လုံးဝကို မထင်ထားတဲ့ အရာပဲ သိလား"

လင်းလတ်နှင့် မတည့်သော်လည်း
အာကာမင်းထက်မျက်နှာကြောင့် ယုယနှင့် လင်းလတ်က အရင်လို ရန်တော့သိပ်မဖြစ်တော့။

စကားပြောလို့တော့ အဆင်ပြေလာသေးသည်။

"ရပြီ"

မျက်နှာပေါ်က အဝတ်ကို ဖယ်ပြီးနောက် မျက်စ်ကို ခဏပွတ်သပ်ရသေးသည်။
ဘေးမှာ လူဆွေက အများကြီးနှင့်။
တစ်ယောက်ယောက်ကိုစောင့်နေကြသလို။

လေဆိပ် ?

"ဘယ်သူ့ကိုလာကြိုတာလဲ"

ယုယကမေးတော့ အာကာမင်းထက်ကပြုံးပြသည်။
စောင့်ကြည့်နေလေ ဆိုသည့်အပြုံးဖြင့် မေးငေါ့သည်။

" ဟိုမှာ လာပြီ ညီ.. ဒီမှာ"

လင်းလတ်က အဝေးမှ လာနေသောလူတစ်ယောက်ကို လက်လှမ်းပြသည်။

သူပဲ
တစ်လှမ်းစီ လျှောက်လာသောသူ။
တဖြည်းတဖြည်းနဲ့ ကြည်လင်လာသော မျက်နှာက အပြုံးတွေကိုမြင်နေရသည်။
အိမ်မက်နေတာလား။

"မွေးနေ့လက်ဆောင် ပေးတာ "

အာကာမင်းထက်ဆီကစကားသံကြောင့် မဝံ့မရဲ မျှော်လင့်မိသည်။
ဘာကဘယ်လိုဆိုတာ တိတိကျကျမသိပေမယ့်
တွေ့ခွင့်ရတာကိုပင် ကျေနပ်မိပြန်သည်။

စူးရှက သူတို့အနားထောက်တော့ ဘာမှမပြောနိုင်
ယုယငယ်နှင့်အကြာကိ အကြည့်ချင်းဆုံကြသည်။

"အမိ "

"အမအွန်မ် ကော မပါဘူးလား"

ဆီးကြို၍မေးလိုက်သည်။
သူတို့စေ့စပ်ကြမည်ဟုကြားခဲ့တာကိုသတိရသည်။

" မိန်းမတောင်းဖို့ပြန်လာတာ"

ယုယငယ် မျက်နှာညှိုးကျသွားသည်
အွန်မ်စင် ကို လူကြီးဆုံရာနဲ့တောင်းတော့မှာပဲ။

"သြော်... "

" အကိုကြီးဆီမှာ "

စူးရှ၏ စကားဆက်ကြောင့် ယုယငယ်နားမလည်။
အာကာမင်းထက်က ပြုံးရယ်နေသည်။

"အကိုကြီးက သဘောတူတယ်မလာ "

ယုယငယ်င ဘာမှမသိ အာကာမင်းထက်က ခေါင်းညိတ်ပြသည်။

ဘာတွေလဲ။

" အကိုဖြစ်သူဆီက သူ့ညီမကို လာတောင်းတာလေ"

ယုယငယ်ခုမှသဘောပေါက်သွားရသည်။

ရုတ်ချည်းဖြစ်ကုန်သော အခိုက်အတန့် တွေ အများကြီးမှာ ဒီအခိုက်အတန့်တစ်ခုကိုပဲသူနှစ်သက်သည်။

အိမ်မက်ဆိုရင်တောင် ဘယ်တော့မှ နိုးထမလာတော့ဖို့ ဘယ်အိပ်မွေ့ချသူကို လာဘ်ထိုးလို့ရလဲ။

ပြန်လည်ဆုံတွေ့ခွင့်ပေးလို့
ကံကြမ္မာ ကိုကျေးဇူးတင်ပါတယ်။

....
The end ....

Continue lendo

Você também vai gostar

4.1M 170K 63
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...
857K 27.7K 69
"Real lifeမှာ စကေးကြမ်းလွန်းတဲ့ စနိုက်ကြော်ဆိုတာမရှိဘူး ပျော်ဝင်သွားတဲ့ယောကျာ်းဆိုတာပဲရှိတယ်" "ခေါင်းလေးပဲညိတ်ပေး Bae မင်းငြီးငွေ့ရလောက်အောင်အထိ ငါချ...
709K 43.4K 38
She was going to marry with her love but just right before getting married(very end moment)she had no other choice and had to marry his childhood acq...
3M 115K 32
"Stop trying to act like my fiancée because I don't give a damn about you!" His words echoed through the room breaking my remaining hopes - Alizeh (...