I Fell In Love With My Husban...

By HmineNyot

185K 9.6K 338

Unicode မဖြစ်နိုင်တဲ့အရာတစ်ခုက ကျွန်တော့်ဆီမှာလာဖြစ်နေတယ် ကျွန်တော်ကယောကျ်ားလေးတစ်ယောက် ဒါပေမယ့် မထင်မှတ်ပဲ စ... More

Part [1]
Part [2]
Part [3]
Part [4]
Part [5]
Part[6]
Part [7]
Part [8]
Part [10]
Part [11]
Part [12]
Part [13]
Part [14]
Part [15]
Part [16]
Part [17]
Part [18]
Part [19]
Part [20]
Part [21]
Part [22]
Part [23]
Part [24]
Part [25]
Part [26]
Part [27]
Part [28]
Part [29]
Part [30]
Part [31]
Part [32]
Part [33]
Part [34]
Part [35]
Part [36]
Part [37]
Part [38]
Part [39]
Part [40] END
Notice
Notice

Part [9]

4.3K 276 9
By HmineNyot

Unicode

မှူးလွန်းထက်ပိုင် အိမ်ပြန်ရောက်သည့်အချိန်တွင် ၁၁နာရီပင်ရှိနေကာ သူ့အား အိမ်ပြန်လာဖို့ပြောသည့်ကောင်လေးကတော့ ကုတင်ထက် စောင်ခေါင်းမြှီးခြုံကာ အိပ်ပျော်နေလေသည်။

သူရေချိုးသန့်စင်ပြီးသည်နှင့် သူကိုယ်တိုင်လဲပင်ပန်းနေတာကြောင့် အိပ်ရာပေါ်သာတန်းလှဲလိုက်တော့သည်။ မအိပ်ပျော်ခင်လေးမှာပင် ထိုကောင်လေးအား 'good night' ဟုပြောရသည်မှာ လုပ်နေကျအကျင့်လိုပင်ဖြစ်သွားသည်။

သူကိုယ်တိုင် လက်ထပ်ခဲ့သည့် သူ့ခင်ပွန်းရှေးနှောင်းဆက်အပေါ်တွင် သူဘယ်တုန်းကမှ ဒီလိုစကားမျိုးမပြောဖူးခဲ့ပေ။ 'good night' ဆိုသည့်စကားမျိုးမပြောနှင့် မလိုအပ်လျှင် ရှေးနှောင်းဆက်အား ပြုံးပင်မပြုံးပြခဲ့ဖူးပေ။ အိမ်ထောင်သက်နှစ်နှစ်အတွင်း သူရှေးနှောင်းဆက်အပေါ်ထားသည့် သဘောထားသည် သူနှင့်ဟန်ဆောင်လက်ထပ်ထားသည့်လူအနေနှင့်သာဖြစ်သည်။ တစ်ခြားခံစားချက်သေးသေးလေးတောင်မရှိခဲ့ဖူးပေ။ ဒါပေမယ့် အခုတော့ မတူတော့ပေ။ အေးဆေးနေတတ်ကာ သိမ်မွေ့သည့်ရှေးနှောင်းဆက်ထက် ယခုသူ့ရှေ့တွင်ရှိနေသော ဂျစ်ကန်ကန်နှင့် သူ့အားမကြောက်မလန့်ပြန်ပြော အမိန့်ပေးတတ်သည့်ရှေးနှောင်းဆက်ကို သူသဘောကျသည်။ ယဉ်ကျေး၍ စကားပြောညင်သာသည့်ရှေးနှောင်းဆက်ထက် အသံစွာစွာလေးနှင့် တစ်ခါတစ်ရံအော်ပြောတတ်သည့်ရှေးနှောင်းဆက်ကို သူပိုသဘောကျသည်။ ပျင်းရိငြီးငွေ့ဖွယ်ကောင်းကာ အချစ်မပါခဲ့သည့်အိမ်ထောင်ရေးသည် ယခုတော့ အနည်းငယ်သာယာနေကာ သူ့ကိုလဲပျော်ရွှင်စေသည်။

ချိုမြန်လှသည့်အတွေးတို့နှင့်အတူ သူ့ဘေးနားတွင်ဟောက်သံတိုးတိုးနှင့်အိပ်ပျော်နေသည့် ကောင်လေးရဲ့နဖူးအား မှူးလွန်းထက်ပိုင် အသာယာနမ်းလိုက်သည်။

"အိမ်မက်လှလှမက်ပါစေ နှောင်း"
-----------------------
ရှေးနှောင်းဆက် ဆောင်းတွင်းအေးအေးလေးတွင် အိပ်ကောင်းကောင်းနှင့်အိပ်နေမိသည်မှာ ဒေါ်မြိုင် တံခါးလာခေါက်မှပင်နိုးတော့သည်။ သူနာရီကိုကြည့်မိတော့ ၉နာရီခွဲပင်ရှိနေတာကြောင့် မှူးလွန်းထက်ပိုင် အလုပ်သွားပြီဟုထင်လိုက်သည်။ ပြီးမှ ဒီနေ့က တနင်္ဂနွေနေ့ဖြစ်ကာ ရုံးပိတ်ရက်ဖြစ်မှန်းသတိရသွားသည်။

သူမနက်စာစားရန် စားပွဲတွင်ဝင်ထိုင်လိုက်ပြီးနောက် ဒေါ်မြိုင့်ကိုမေးလိုက်သည်။

"လူကြီးက ဘယ်သွားတာလဲ ဒီနေ့ရုံးပိတ်ရက်ကိုလေ"

"ဒေါ်မြိုင်လဲ မသိဘူးကွဲ့ ဘယ်သွားလဲမပြောသွားဘူး ပုံစံကတော့ ရုံးသွားတဲ့ပုံတော့မဟုတ်ဘူး"

"ဪ"

ထို့နောက် ရှေးနှောင်းဆက် ဘာမှဆက်မေးမနေတော့ဘဲ မနက်စာသာစားနေလိုက်တော့သည်။

မနက်စာစားပြီးသည်နှင့် ရှေးနှောင်းဆက် ခြံထဲလမ်းဆင်းလျှောက်လိုက် အပေါ်သို့ပြန်တက်လိုက်နှင့် ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ ပျင်းလို့နေသည်။

တစ်မနက်လုံး လုပ်စရာရေရေရာရာ မရှိပါဘဲနှင့် သူအလုပ်ရှုပ်နေသည်။ ဂိမ်းဆော့လိုက် ဖုန်းကြည့်လိုက်နှင့်ပင် တစ်မနက်လုံးကုန်သွားကာ နေ့လယ်ခင်းချိန်တွင်တော့ သူအပြင်သွားလည်ဖို့ဆုံးဖြတ်လိုက်သည်။

နေ့ခင်းကြောင်တောင်နေပူပူမှာ အပြင်သို့ထွက်ရသည်က မကောင်းသော်လည်း အိမ်ထဲမှာပဲလဲ မနေချင်တာကြောင့် ရှေးနှောင်းဆက် အနီးအနားမှ Coffee Bloom ဆိုသည့် ကော်ဖီဆိုင်လေးသို့သာ ထွက်လာလိုက်သည်။

ကော်ဖီဆိုင်ရောက်သည်နှင့် သူ Espresso တစ်ခွက်နှင့်မုန့်မှာကာ ကော်ဖီဆိုင်တွင်ရှိသည့် စာကြည့်စင်လေးမှ စာအုပ်တစ်အုပ်အားယူကာ ဖတ်နေလိုက်သည်။ သူ့အိမ်မှာလဲ စာအုပ်တွေရှိတယ်ဆိုပေမယ့် အများအားဖြင့်တော့ စီးပွားရေးနဲ့ဆိုင်တဲ့စာအုပ်တွေဖြစ်တာကြောင့် သူမဖတ်ချင်ပေ။ အနည်းငယ်သာရှိသည့် စာအုပ်တွေကလဲ အကုန်ဖတ်ထားပြီးတာကြောင့် သူ့မှာစာကြည့်ခန်းသို့ပင်ဝင်ပြီး စာအုပ်မဖတ်နိုင်တော့ပေ။ အခုတော့ ဒီကော်ဖီဆိုင်လေးက ပတ်ဝန်းကျင်ကောင်းသလို သစ်ပင်ရိပ်နှင့်ပန်းပင်များဖြင့်အေးအေးချမ်းချမ်းရှိကာ တောလေးထဲမှာဆောက်ထားသလိုပင် စိတ်ကိုအေးချမ်းစေသည်။ ပြီးတော့ ဒီမှာသူမဖတ်ဖူးသည့် စာအုပ်များလဲရှိကာ ထိုင်နေသည့်လူများကလဲ ဆူညံမနေသလို တိတ်ဆိတ်နေကာ စကားပြောလျှင်လဲ တိုးတိုးလေးနှင့် နှစ်ကိုယ်ကြားသာ ပြောတာကြောင့် တော်တော်လေးကိုတိတ်ဆိတ်လေသည်။

ထိုစဉ် တံခါးဖွင့်ကာ ဝင်လာသည့်လူတစ်ယောက်ကို သူမျက်လုံးထောင့်မှလှမ်းမြင်လိုက်ရကာ ချက်ချင်းပင် စာအုပ်နှင့်မျက်နှာအား ကွယ်လိုက်မိသည်။

....ဒီလူက ဘာလို့ဒီရောက်နေရတာလဲ....

"အမ် ဒီမှာဗျ ကိုရှေးနှောင်းဆက်မလား?"

တစ်ဖက်မှ ပေါ်တင်ကြီးလာနှုတ်ဆက်တာကြောင့် ရှေးနှောင်းဆက် ကွယ်ထားသည့်စာအုပ်အားဖယ်ကာ ပြုံးပြလိုက်သည်။

"တိုက်ဆိုင်လိုက်တာ ကိုမာန်ထက်အောင်"

"ကျွန်တော်က သေချာမတွေ့ရလို့ လူမှားတာဖြစ်မလားစိုးနေတာ"

"ဟားဟား...ဘယ်လိုရောက်လာတာလဲဗျ"

ရှေးနှောင်းဆက် ဒီလူအားမပတ်သက်ချင်၍ ရှောင်နေပါသည်ဆိုမှ ဒီနေရာမှာ နှစ်ယောက်ထဲတည့်တည့်ကြီးလာတိုးလေသည်။ အရင်နေ့တွေ သူမိဘမဲ့ဂေဟာသွားသည့်နေ့တွေတွင် မာန်ထက်အောင်မလာနိုင်လောက်သည့် အချိန်တွေကိုသာ ရွေးသွားတတ်ပြီး ထိုလူလာမည်ကြားသည်နှင့် သူလဲအားလုံးကိုနှုတ်ဆက်ကာ မြန်မြန်ပြန်တော့သည်။ ဒါပေမယ့် အခုတော့ မတွေ့ချင်သည့်လူနှင့် မျက်နှာချင်းဆိုင်လာတွေ့နေရသည်။

"ကျွန်တော်က ဒီနားကိုရှေ့နေနဲ့တွေ့ပြီးပြောစရာလေးရှိလို့လာတာဗျ ကိုရှေးနှောင်းဆက်ကကော"

"ကျွန်တော်ကတော့ ဒီတိုင်းပျင်းလို့လာထိုင်တာပါ"

"ဪ"

ထို့နောက် နှစ်ယောက်လုံးဘာပြောရမှန်းမသိ တိတ်သွားကြကာ အနေခက်နေမိတော့သည်။

မာန်ထက်အောင်အနေနှင့်လည်း မိတ်ဆွေတစ်ယောက်ကိုတွေ့သည်နှင့် မနှုတ်ဆက်ဘဲမနေနိုင်သည့်အကျင့်ကြောင့် လာပြီးနှုတ်ဆက်ခဲ့ပေမယ့် အခုတော့ ဘာဆက်ပြောရမှန်းမသိဖြစ်နေသည်။

"ဒါနဲ့လေ ကျွန်တော် သိချင်တာလေးရှိလို့ မေးလို့ရမလား"

"ဘာမေးချင်လို့လဲ မေးပါ"

"ဘုန်းပြည့်သော်လေးကို တကယ်ပဲမွေးစားမလို့လားဗျ"

ရှေးနှောင်းဆက်အမေးကြောင့် မာန်ထက်အောင်သည် ခဏငြိမ်သွားပြီးနောက် ညင်သာလှသော အသံနှင့်ဆိုလာသည်။

"ဟုတ်တယ်ဗျ"

"ဪ ကောင်းပါတယ် ကလေးက ဝမ်းနည်းစရာတွေကြုံခဲ့ရတော့ သူ့ကိုစိတ်ရင်းမှန်နဲ့ချစ်တဲ့လူနဲ့အတူရှိတာက ပိုကောင်းတယ်လေ"

ထိုစဉ် ရုပ်ရည်အသင့်သင့်နှင့်ကြည့်ကောင်းလှသည့် စားပွဲထိုးမိန်းကလေးက သူတို့စားပွဲနားသို့လာကာ မှာထားသည်များကို ချပေးလာသည်။

"ဧည့်သည်မှာထားတဲ့ Espresso နဲ့စတော်ဘယ်ရီကိတ်ပါရှင့်"

"ကျေးဇူးပါ"

ရှေးနှောင်းဆက် နည်းနည်းတော့ ရှက်သလိုခံစားနေရသည်။ ယောကျ်ားလေးတစ်ယောက်က စတော်ဘယ်ရီကိတ်စားတယ်ဆိုတာ ရယ်စရာကောင်းသည်။

"အဲ့ဒါဆို မင်းအေးဆေးစားသောက်ပါ ရှေ့နေလဲရောက်လာပြီဆိုတော့ ကျွန်တော်သွားလိုက်ပါအုံးမယ်"

"ဟုတ်ကဲ့ပါဗျ"

မာန်ထက်အောင်က တကယ့်ကိုယဉ်ကျေးပျူငှါသည့်လူဖြစ်သည်။ စိတ်ထားကလဲ အပြစ်ရှာစရာမရှိအောင်ကိုကောင်းလွန်းပြီး ရုပ်ရည်ကလဲအရမ်းချောသည့်အပြင် အရပ်ကပါရှည်နေတော့ တကယ့်ကို ဆုတောင်းကောင်းခဲ့သည့်လူဖြစ်မည်။ ကြိုက်တဲ့မိန်းကလေးတွေကလဲ တောင်လိုပုံနေမှာသေချာသည်။ မူလရှေးနှောင်းဆက်အနေနဲ့လဲ အေးစက်ပြီးကြောက်စရာကောင်းသည့် မှူးလွန်းထက်ပိုင်ထက် ကြင်နာပြီးသဘောကောင်းသည့် မာန်ထက်အောင်ကိုချစ်မိသွားသည်မှာ မထူးဆန်းပေ။

ရှေးနှောင်းဆက် ကော်ဖီဆိုင်တွင် နာရီအနည်းငယ်နေပြီးသည်နှင့် အိမ်သို့ပြန်လာလိုက်သည်။

သူဆိုဖာတွင်ထိုင်ကာ အနားယူနေစဉ် ဒေါ်မြိုင်က ရေအေးအေးလေးတစ်ခွက်ကိုယူလာပေးတာကြောင့် သူယူ၍ သောက်လိုက်ပြီးသည်နှင့် ရေခွက်အား ခုံပေါ်သို့တင်ကာ တည်ငြိမ်သည့်အသံနှင့်မေးလိုက်သည်။

"လူကြီးပြန်မလာသေးဘူးလား"

"မလာသေးဘူးကွဲ့"

"ရုံးပိတ်ရက်ကို ဘယ်သွားပြီးတော့ အခုထိပြန်မလာသေးတာလဲ"

"သားသိတဲ့အတိုင်း မောင်မှူးကအားတဲ့ရက်တွေမှာတောင် အလုပ်လုပ်နေတတ်တဲ့လူလေ အခုလဲ အလုပ်လုပ်ဖို့သွားတာဖြစ်မှာပါ"

ဒေါ်မြိုင့်စကားကို ရှေးနှောင်းဆက် ဘာမှပြန်မပြောတော့ဘဲ ဖုန်းထုတ်ပြီးသာ Facebook ကြည့်နေလိုက်တော့သည်။

ထိုစဉ် မြင်လိုက်ရသည့် ဓာတ်ပုံကြောင့် လျော့တိလျော့ရဲထိုင်နေရာမှ မတ်မတ်ထိုင်လိုက်မိကာ ဖုန်းအားသေချာကြည့်နေမိသည်။

Cele House ဟုနာမည်ပေးထားသည့် ပေ့ချ်မှတင်ထားသော ဓာတ်ပုံများကိုကြည့်ပြီး ရှေးနှောင်းဆက် မျက်မှောင်ကြုတ်မိကာ စိတ်ထဲဒေါသထွက်သလိုလဲခံစားနေရသည်။

မြင်နေရသည်က ဝတ်နေကျ suit မဟုတ်ပါဘဲ ရိုးရှင်းလှသည့် ဂျင်းဘောင်းဘီနှင့် တီရှပ်အနက်ရောင်တွဲဝတ်ထားသည့် မှူးလွန်းထက်ပိုင်သည် လှပပြီးဒူးထိသာရှိသည့် ဂါဝန်အဖြူလေးအား ဝတ်ဆင်ထားသည့် ချယ်ရီဝေဆိုတဲ့အမျိုးသမီးအား ထိန်းကိုင်ပေးထားပုံမှာ ချစ်သူရည်းစားတွေလိုပင် လိုက်ဖက်ညီနေလေသည်။

ရေးထားသည့် Caption ကလဲ....

ရုပ်ရှင်မင်းသမီးချယ်ရီဝေနှင့် သူ့ချစ်သူဟုထင်ရသည့် လုပ်ငန်းရှင်အမျိုးသား....လိုက်ဖက်ညီနေတဲ့ နှစ်ယောက်ကို ပရိတ်သတ်တွေက ကန့်ကွက်ကြမယ်လို့မထင်ပါဘူး....အရမ်းလှတဲ့မင်းသမီးလေးနဲ့ အရမ်းချောတဲ့လုပ်ငန်းရှင်အမျိုးသား....အားးး လုံးဝကိုဝတ္ထုတွေထဲကအတိုင်းပဲမလား....

ရှေးနှောင်းဆက် ထိုCaption အား နှစ်ခေါက်လောက်ဖတ်ပြီး မီးပွင့်မတတ်ကိုဒေါသထွက်လာသည်။

ဘယ်လိုပေါက်ကရpage မလို့ အိမ်ထောင်ရှိလားတောင် မစုံစမ်းဘဲ လျှောက်တင်ရတာလဲ....။

ရှေးနှောင်းဆက် စိတ်တိုနေတာအား လျှော့ကာ comment များကို ဝင်ဖတ်ကြည့်လိုက်သည်။

...အား သူတို့နှစ်ယောက်က ချစ်သူတွေဆိုတာ ငါ့ကိုပြောကြစမ်းပါ ဘာလို့အဲ့လောက်လိုက်ဖက်နေရတာလဲ...

...ငါတို့မင်းသမီးလေးက ဒီလိုအမျိုးသားနဲ့မှလိုက်ဖက်တာ...

...သူတို့နှစ်ယောက်သာ ချစ်သူတွေဆိုရင် ငါလုံးဝမကန့်ကွက်ဘူး ဆယ်ဘဝထိတောင် သဘောတူနိုင်တယ်...

...ချယ်ရီက အဲ့ဒီလူကိုကြည့်နေတဲ့မျက်လုံးလေးတွေကို ကြည့်ပါအုံး ချစ်ရည်ရွှန်းလဲ့နေတာပဲ
...

...လုံးဝကို နေနဲ့လ ရွှေနဲ့မြစုံတွဲပဲဟေ့...

ရှေးနှောင်းဆက်တစ်ယောက် comment များဖတ်ကာမှပင် ခေါင်းမှအငွေ့များထွက်လာသည်အထိ ဒေါသထွက်နေမိတော့သည်။

...ရှိသမျှယောက်ျားတိုင်းနဲ့ သဘောတူနေတဲ့ မင်းသမီးဖန်တွေကတော့ ဘယ်သူလာလာဒေါင်းနေကြတာပဲနော်...

...လက်လေးထိန်းကိုင်ပေးယုံနဲ့ ချစ်သူရည်းစားတဲ့လား လင်တရူးမင်းသမီးဖန်တွေကတော့ ပုံလေးတစ်ပုံကြောင့် လိုရာဆွဲသွင်းနေကြတော့တာပဲနော်...

...မင်းသမီးကိုလဲကြည့်ကြပါဦး လက်ကိုင်ထားတာကို သိပ်ပျော်နေတဲ့ပုံပဲနော်...

comment တွေထဲတွင် ချယ်ရီဝေအား မကောင်းပြောသည့် comment များလဲရှိနေသည်။ အများစုက ချယ်ရီဝေနဲ့မှူးလွန်းထက်ပိုင်ကို သဘောတူနေကြသည့် comment တွေဖြစ်ပြီး သုံးပုံတစ်ပုံလောက်ကတော့ ဝေဖန်သည့် comment များဖြစ်ကြသည်။

ကြည့်ရတာ ချယ်ရီဝေက ပရိတ်သတ်များသလို Anti Fan တွေလဲများသည့်ပုံပါပင်။

ဘယ်လိုပဲ​ဖြစ်ဖြစ် သောက်တုံးမကျတဲ့page နဲ့ သောက်ဦးနှောက်မရှိတဲ့ ထင်ရာလျှောက်ရေးတင်နေတဲ့ဟာတွေ...။

"ဟက် စနိုက်ကြော်ရဲ့ဖန်တွေကလဲ စနိုက်ကြော်အားပေးတွေပဲ မဆန်းပါဘူး Like idol like fan ပဲ ဟွန့်"

Fan girl လေးဖြစ်သည့် သူ့ညီမရဲ့စကားတွေက အခုအသုံးဝင်ပြီး သူပြောရမယ့်အလှည့်ရောက်လိမ့်မယ်လို့ ရှေးနှောင်းဆက်မထင်ထားပေ။

"နှောင်း တစ်ခုခုဖြစ်လို့လား...ဖုန်းကိုကြည့်ပြီး ဘာလို့အဲ့လောက်ဒေါသထွက်နေတာလဲ"

ဒေါ်မြိုင်ကတော့ ဖုန်းကိုသာသည်းကြီးမည်းကြီးကြည့်နေပြီး ဒေါသထွက်နေသည့် ရှေးနှောင်းဆက်ကိုကြည့်ပြီး ဘာကြောင့်ဒေါသထွက်နေမှန်းမသိပေ။ ခုနကစကားပြောနေတုန်းကတောင် အကောင်းပါ ဒါပေမယ့် မိနစ်ပိုင်းအတွင်းမှာပင် ဒေါသထွက်လာလေသည်။

"ဒေါ်မြိုင် ချယ်ရီဝေဆိုတဲ့အမျိုးသမီးနဲ့ လူကြီးက ဘယ်လိုသိပြီး သူငယ်ချင်းတွေဖြစ်သွားတာလဲ ပြီးတော့ အိမ်ကိုတောင် ခနခနလာဖူးပြီး ဒေါ်မြိုင်နဲ့တောင် သိတယ်ဆိုတော့ ဘယ်လောက်တောင်ရင်းနှီးကြတာလဲ"

ကောက်ခါငင်ခါကြီး စကားလမ်းကြောင်းလွှဲလိုက်သည့် ရှေးနှောင်းဆက်ကြောင့် ဒေါ်မြိုင် ခနကြောင်သွားပြီးမှ မေးသည့်မေးခွန်းအားပြန်ဖြေလိုက်သည်။

"မောင်မှူးမိဘတွေနဲ့ ချယ်ရီ့မိဘတွေက မိတ်ဆွေတွေလေ ပြီးတော့ အိမ်နီးနားချင်းတွေ ပြောရရင် မောင်မှူးနဲ့ချယ်ရီက ငယ်သူငယ်ချင်းတွေလို့ပြောလို့ရတယ် ဒါပေမယ့် မောင်မှူးက သိတဲ့အတိုင်း သူငယ်ချင်းဆိုတာ သူ့အတွက်မလိုအပ်သလိုပဲ ချယ်ရီ့ကိုဂရုမစိုက်ဘဲနေခဲ့တာလေ ဒါပေမယ့် သူတို့ တက္ကသိုလ်စတက်ကြတဲ့အချိန်ရောက်တော့ ချယ်ရီ့မိဘတွေက နိုင်ငံခြားကိုပြောင်းသွားပြီး ချယ်ရီကတော့ မြန်မာပြည်မှာပဲကျန်ခဲ့တာလေ အဲ့တော့ မောင်မှူးမိဘတွေက ချယ်ရီ့ကိုဂရုစိုက်ပေးပြီး မောင်မှူးကလဲ သူငယ်ချင်းလိုဂရုစိုက်ပေးတယ်လေ အဲ့ကနေမှ မောင်မှူးနဲ့ချယ်ရီက အခင်ဆုံးသူငယ်ချင်းတွေဖြစ်သွားကြတာ"

"သူတို့ ရည်းစားတွေကောဖြစ်ခဲ့သေးလား"

"ပေါက်ကရ နှောင်းလေးရယ် မောင်မှူးက ချယ်ရီ့ကို သူ့ညီမလို သူငယ်ချင်းလိုသာခင်တာ မောင်မှူးက သားနဲ့လက်မထက်ခင် ချစ်သူတစ်ယောက်မှမထားခဲ့ဘူးကွယ့်"

လူကြီးကသာ ရိုးသားနေတာ ချယ်ရီဝေဆိုတဲ့အမျိုးသမီးကတော့ သူများလင်ကိုလုဖို့ချောင်းနေတဲ့ မြေခွေးအိုမကြီးဆိုတာ ဒေါ်မြိုင်ကမှမသိတာ...

ရှေးနှောင်းဆက် ထိုစကားအား စိတ်ထဲမှသာပြောလိုက်ကာ ဒေါ်မြိုင့်အား 'အပေါ်တက်တော့မယ်' ဟုပြောကာ အပေါ်သို့သာတက်သွားလိုက်တော့သည်။

ရုတ်တရပ်ကြီး မောင်မှူးနဲ့ချယ်ရီဝေအကြောင်း မေးလာသည့် ရှေးနှောင်းဆက်ကို ဒေါ်မြိုင် ဘာလို့မေးမှန်းစဉ်းစားမရပေ။
--------------------------
ရုံးပိတ်ရက်မှာ အချိန်ပိုဆင်းနေရသည့် လင်းလက်ကြယ်ကတော့ တစ်ယောက်ထဲ မိုးကွက်​ကျားရွာနေသလိုပင် ရာသီဥတုမသာယာပေ။ မနေ့က ရုံးကိုနည်းနည်းလေးစောဆင်းရလို့ ပျော်ရမလားမှတ်တယ် ဒီနေ့တော့ ပိတ်ရက်ကြီးကို အချိန်ပိုဆင်းနေရသည်ဆိုတာက တကယ့်ကိုကံဆိုးတာပင်။

"Boss ကျွန်တော်တို့ပြန်ကြတော့မလား ခဏနေကျရင် ရှုတင်လဲပီးတော့မှာဆိုတော့လေ"

Boss ကတော့ သူ့စကားကိုနားမဝင်ဘဲ ဖုန်းကိုသာ မျက်မှောင်ကြုတ်ပြီးကြည့်နေလေသည်။

"တစ်ခုခုတွေ့လို့လား Boss"

"ဒါကိုမင်းဖြေရှင်းလိုက်"

လက်ထဲဖုန်းထိုးပေးကာ ကားပါကင်သို့ထွက်သွားသည့် Boss နောက်ကို လင်းလက်ကြယ် အမြန်အမှီလိုက်ရသည်။ မျက်လုံးကလဲ Boss ပေးသွားသည့် ဖုန်းအားကြည့်နေရသည်။ Boss နောက်ကနေအမြန်လိုက်နေရတာကြောင့် ဖုန်းထဲက ဘာအကြောင်းအရာမှန်း လင်းလက်ကြယ် သေချာကြည့်မရပေ။ သူတွေ့နေရသည်ကတော့ Boss ပုံနှင့် မချယ်ရီဝေရဲ့ပုံပင်။

ကားပေါ်ရောက်သည်နှင့် လင်းလက်ကြယ် ဖုန်းအားသေချာကြည့်ကာ ရေးထားသည့် Caption အားကြည့်ပြီး သူ့မှာမျက်လုံးပင်ပြူးသွားသည်။

ဘယ်လိုလူကများ မကြောက်မလန့် ထိုပုံနှင့်စာအားတင်ရတာလဲ....ကျားဖင်တုတ်နှင့်ထိုးတာမှ ကောင်းဦးမယ် အခုတော့ Boss ကိုမှ ဒီလိုမျိုးတွေလာရန်စတယ်ဆိုတော့ တင်တဲ့လူက တကယ့်ကိုသတ္တိရှိတဲ့လူပင်ဖြစ်ရမည်။

"ကျွန်တော် Postကိုပြန်ဖျက်ခိုင်းပြီး တင်တဲ့လူကို တရားစွဲလိုက်ရမလား ကျွန်တော်ရင်းနှီးတဲ့ အရမ်းတော်တဲ့ရှေ့နေတစ်ယောက်ရှိတယ်"

"မင်းဇာတ်ကားကြည့်တာများနေတာလား အဲ့လောက်ရေးကြီးခွင်ကျယ်လုပ်ဖို့လိုလို့လား"

အချိန်ပိုတွေဆင်းနေရပြီး ဇာတ်ကားတောင်ကြည့်ချိန်မရှိပါဘူး Boss ရယ်...

လင်းလက်ကြယ် စိတ်ထဲကနေ ကြေကွဲစွာတွေးလိုက်မိပေမယ့် အပြင်မှာတော့ ပြုံးနေကာ...

"ဟုတ်ကဲ့ ကျွန်တော် ကြည့်စီစဉ်လိုက်ပါ့မယ်...ကျွန်တော် အိမ်ကိုပဲ မောင်းရမလား Boss"

"အင်း"

ထို့နောက် လင်းလက်ကြယ် Boss အားအိမ်မြန်မြန်ပို့နိုင်ရန်အတွက် ကားကိုမြန်မြန်မောင်းလိုက်သည်။ Boss အိမ်ရောက်မှသာ သူလဲ အိမ်ပြန်ပြီး နားရမှာဖြစ်သည်။
==============

Zawgyi

မႉးလြန္းထက္ပိုင္ အိမ္ျပန္ေရာက္သည့္အခ်ိန္တြင္ ၁၁နာရီပင္ရွိေနကာ သူ႕အား အိမ္ျပန္လာဖို႔ေျပာသည့္ေကာင္ေလးကေတာ့ ကုတင္ထက္ ေစာင္ေခါင္းျမႇီးၿခဳံကာ အိပ္ေပ်ာ္ေနေလသည္။

သူေရခ်ိဳးသန႔္စင္ၿပီးသည္ႏွင့္ သူကိုယ္တိုင္လဲပင္ပန္းေနတာေၾကာင့္ အိပ္ရာေပၚသာတန္းလွဲလိုက္ေတာ့သည္။ မအိပ္ေပ်ာ္ခင္ေလးမွာပင္ ထိုေကာင္ေလးအား 'good night' ဟုေျပာရသည္မွာ လုပ္ေနက်အက်င့္လိုပင္ျဖစ္သြားသည္။

သူကိုယ္တိုင္ လက္ထပ္ခဲ့သည့္ သူ႕ခင္ပြန္းေရွးေႏွာင္းဆက္အေပၚတြင္ သူဘယ္တုန္းကမွ ဒီလိုစကားမ်ိဳးမေျပာဖူးခဲ့ေပ။ 'good night' ဆိုသည့္စကားမ်ိဳးမေျပာႏွင့္ မလိုအပ္လွ်င္ ေရွးေႏွာင္းဆက္အား ၿပဳံးပင္မၿပဳံးျပခဲ့ဖူးေပ။ အိမ္ေထာင္သက္ႏွစ္ႏွစ္အတြင္း သူေရွးေႏွာင္းဆက္အေပၚထားသည့္ သေဘာထားသည္ သူႏွင့္ဟန္ေဆာင္လက္ထပ္ထားသည့္လူအေနႏွင့္သာျဖစ္သည္။ တစ္ျခားခံစားခ်က္ေသးေသးေလးေတာင္မရွိခဲ့ဖူးေပ။ ဒါေပမယ့္ အခုေတာ့ မတူေတာ့ေပ။ ေအးေဆးေနတတ္ကာ သိမ္ေမြ႕သည့္ေရွးေႏွာင္းဆက္ထက္ ယခုသူ႕ေရွ႕တြင္ရွိေနေသာ ဂ်စ္ကန္ကန္ႏွင့္ သူ႕အားမေၾကာက္မလန႔္ျပန္ေျပာ အမိန႔္ေပးတတ္သည့္ေရွးေႏွာင္းဆက္ကို သူသေဘာက်သည္။ ယဥ္ေက်း၍ စကားေျပာညင္သာသည့္ေရွးေႏွာင္းဆက္ထက္ အသံစြာစြာေလးႏွင့္ တစ္ခါတစ္ရံေအာ္ေျပာတတ္သည့္ေရွးေႏွာင္းဆက္ကို သူပိုသေဘာက်သည္။ ပ်င္းရိၿငီးေငြ႕ဖြယ္ေကာင္းကာ အခ်စ္မပါခဲ့သည့္အိမ္ေထာင္ေရးသည္ ယခုေတာ့ အနည္းငယ္သာယာေနကာ သူ႕ကိုလဲေပ်ာ္႐ႊင္ေစသည္။

ခ်ိဳျမန္လွသည့္အေတြးတို႔ႏွင့္အတူ သူ႕ေဘးနားတြင္ေဟာက္သံတိုးတိုးႏွင့္အိပ္ေပ်ာ္ေနသည့္ ေကာင္ေလးရဲ႕နဖူးအား မႉးလြန္းထက္ပိုင္ အသာယာနမ္းလိုက္သည္။

"အိမ္မက္လွလွမက္ပါေစ ႏွောင္း"
-----------------------
ေရွးေႏွာင္းဆက္ ေဆာင္းတြင္းေအးေအးေလးတြင္ အိပ္ေကာင္းေကာင္းႏွင့္အိပ္ေနမိသည္မွာ ေဒၚၿမိဳင္ တံခါးလာေခါက္မွပင္နိုးေတာ့သည္။ သူနာရီကိုၾကည့္မိေတာ့ ၉နာရီခြဲပင္ရွိေနတာေၾကာင့္ မႉးလြန္းထက္ပိုင္ အလုပ္သြားၿပီဟုထင္လိုက္သည္။ ၿပီးမွ ဒီေန႕က တနဂၤႏြေေန႕ျဖစ္ကာ ႐ုံးပိတ္ရက္ျဖစ္မွန္းသတိရသြားသည္။

သူမနက္စာစားရန္ စားပြဲတြင္ဝင္ထိုင္လိုက္ၿပီးေနာက္ ေဒၚၿမိဳင့္ကိုေမးလိုက္သည္။

"လူႀကီးက ဘယ္သြားတာလဲ ဒီေန႕႐ုံးပိတ္ရက္ကိုေလ"

"ေဒၚၿမိဳင္လဲ မသိဘူးကြဲ႕ ဘယ္သြားလဲမေျပာသြားဘူး ပုံစံကေတာ့ ႐ုံးသြားတဲ့ပုံေတာ့မဟုတ္ဘူး"

"ဪ"

ထို႔ေနာက္ ေရွးေႏွာင္းဆက္ ဘာမွဆက္ေမးမေနေတာ့ဘဲ မနက္စာသာစားေနလိုက္ေတာ့သည္။

မနက္စာစားၿပီးသည္ႏွင့္ ေရွးေႏွာင္းဆက္ ၿခံထဲလမ္းဆင္းေလွ်ာက္လိုက္ အေပၚသို႔ျပန္တက္လိုက္ႏွင့္ ဘာလုပ္လို႔ဘာကိုင္ရမွန္းမသိ ပ်င္းလို႔ေနသည္။

တစ္မနက္လုံး လုပ္စရာေရေရရာရာ မရွိပါဘဲႏွင့္ သူအလုပ္ရႈပ္ေနသည္။ ဂိမ္းေဆာ့လိုက္ ဖုန္းၾကည့္လိုက္ႏွင့္ပင္ တစ္မနက္လုံးကုန္သြားကာ ေန႕လယ္ခင္းခ်ိန္တြင္ေတာ့ သူအျပင္သြားလည္ဖို႔ဆုံးျဖတ္လိုက္သည္။

ေန႕ခင္းေၾကာင္ေတာင္ေနပူပူမွာ အျပင္သို႔ထြက္ရသည္က မေကာင္းေသာ္လည္း အိမ္ထဲမွာပဲလဲ မေနခ်င္တာေၾကာင့္ ေရွးေႏွာင္းဆက္ အနီးအနားမွ Coffee Bloom ဆိုသည့္ ေကာ္ဖီဆိုင္ေလးသို႔သာ ထြက္လာလိုက္သည္။

ေကာ္ဖီဆိုင္ေရာက္သည္ႏွင့္ သူ Espresso တစ္ခြက္ႏွင့္မုန႔္မွာကာ ေကာ္ဖီဆိုင္တြင္ရွိသည့္ စာၾကည့္စင္ေလးမွ စာအုပ္တစ္အုပ္အားယူကာ ဖတ္ေနလိုက္သည္။ သူ႕အိမ္မွာလဲ စာအုပ္ေတြရွိတယ္ဆိုေပမယ့္ အမ်ားအားျဖင့္ေတာ့ စီးပြားေရးနဲ႕ဆိုင္တဲ့စာအုပ္ေတြျဖစ္တာေၾကာင့္ သူမဖတ္ခ်င္ေပ။ အနည္းငယ္သာရွိသည့္ စာအုပ္ေတြကလဲ အကုန္ဖတ္ထားၿပီးတာေၾကာင့္ သူ႕မွာစာၾကည့္ခန္းသို႔ပင္ဝင္ၿပီး စာအုပ္မဖတ္နိုင္ေတာ့ေပ။ အခုေတာ့ ဒီေကာ္ဖီဆိုင္ေလးက ပတ္ဝန္းက်င္ေကာင္းသလို သစ္ပင္ရိပ္ႏွင့္ပန္းပင္မ်ားျဖင့္ေအးေအးခ်မ္းခ်မ္းရွိကာ ေတာေလးထဲမွာေဆာက္ထားသလိုပင္ စိတ္ကိုေအးခ်မ္းေစသည္။ ၿပီးေတာ့ ဒီမွာသူမဖတ္ဖူးသည့္ စာအုပ္မ်ားလဲရွိကာ ထိုင္ေနသည့္လူမ်ားကလဲ ဆူညံမေနသလို တိတ္ဆိတ္ေနကာ စကားေျပာလွ်င္လဲ တိုးတိုးေလးႏွင့္ ႏွစ္ကိုယ္ၾကားသာ ေျပာတာေၾကာင့္ ေတာ္ေတာ္ေလးကိုတိတ္ဆိတ္ေလသည္။

ထိုစဥ္ တံခါးဖြင့္ကာ ဝင္လာသည့္လူတစ္ေယာက္ကို သူမ်က္လုံးေထာင့္မွလွမ္းျမင္လိုက္ရကာ ခ်က္ခ်င္းပင္ စာအုပ္ႏွင့္မ်က္ႏွာအား ကြယ္လိုက္မိသည္။

....ဒီလူက ဘာလို႔ဒီေရာက္ေနရတာလဲ....

"အမ္ ဒီမွာဗ် ကိုေရွးေႏွာင္းဆက္မလား?"

တစ္ဖက္မွ ေပၚတင္ႀကီးလာႏႈတ္ဆက္တာေၾကာင့္ ေရွးေႏွာင္းဆက္ ကြယ္ထားသည့္စာအုပ္အားဖယ္ကာ ၿပဳံးျပလိုက္သည္။

"တိုက္ဆိုင္လိုက္တာ ကိုမာန္ထက္ေအာင္"

"ကြၽန္ေတာ္က ေသခ်ာမေတြ႕ရလို႔ လူမွားတာျဖစ္မလားစိုးေနတာ"

"ဟားဟား...ဘယ္လိုေရာက္လာတာလဲဗ်"

ေရွးေႏွာင္းဆက္ ဒီလူအားမပတ္သက္ခ်င္၍ ေရွာင္ေနပါသည္ဆိုမွ ဒီေနရာမွာ ႏွစ္ေယာက္ထဲတည့္တည့္ႀကီးလာတိုးေလသည္။ အရင္ေန႕ေတြ သူမိဘမဲ့ေဂဟာသြားသည့္ေန႕ေတြတြင္ မာန္ထက္ေအာင္မလာနိုင္ေလာက္သည့္ အခ်ိန္ေတြကိုသာ ေ႐ြးသြားတတ္ၿပီး ထိုလူလာမည္ၾကားသည္ႏွင့္ သူလဲအားလုံးကိုႏႈတ္ဆက္ကာ ျမန္ျမန္ျပန္ေတာ့သည္။ ဒါေပမယ့္ အခုေတာ့ မေတြ႕ခ်င္သည့္လူႏွင့္ မ်က္ႏွာခ်င္းဆိုင္လာေတြ႕ေနရသည္။

"ကြၽန္ေတာ္က ဒီနားကိုေရွ႕ေနနဲ႕ေတြ႕ၿပီးေျပာစရာေလးရွိလို႔လာတာဗ် ကိုေရွးေႏွာင္းဆက္ကေကာ"

"ကြၽန္ေတာ္ကေတာ့ ဒီတိုင္းပ်င္းလို႔လာထိုင္တာပါ"

"ဪ"

ထို႔ေနာက္ ႏွစ္ေယာက္လုံးဘာေျပာရမွန္းမသိ တိတ္သြားၾကကာ အေနခက္ေနမိေတာ့သည္။

မာန္ထက္ေအာင္အေနႏွင့္လည္း မိတ္ေဆြတစ္ေယာက္ကိုေတြ႕သည္ႏွင့္ မႏႈတ္ဆက္ဘဲမေနနိုင္သည့္အက်င့္ေၾကာင့္ လာၿပီးႏႈတ္ဆက္ခဲ့ေပမယ့္ အခုေတာ့ ဘာဆက္ေျပာရမွန္းမသိျဖစ္ေနသည္။

"ဒါနဲ႕ေလ ကြၽန္ေတာ္ သိခ်င္တာေလးရွိလို႔ ေမးလို႔ရမလား"

"ဘာေမးခ်င္လို႔လဲ ေမးပါ"

"ဘုန္းျပည့္ေသာ္ေလးကို တကယ္ပဲေမြးစားမလို႔လားဗ်"

ေရွးေႏွာင္းဆက္အေမးေၾကာင့္ မာန္ထက္ေအာင္သည္ ခဏၿငိမ္သြားၿပီးေနာက္ ညင္သာလွေသာ အသံႏွင့္ဆိုလာသည္။

"ဟုတ္တယ္ဗ်"

"ဪ ေကာင္းပါတယ္ ကေလးက ဝမ္းနည္းစရာေတြႀကဳံခဲ့ရေတာ့ သူ႕ကိုစိတ္ရင္းမွန္နဲ႕ခ်စ္တဲ့လူနဲ႕အတူရွိတာက ပိုေကာင္းတယ္ေလ"

ထိုစဥ္ ႐ုပ္ရည္အသင့္သင့္ႏွင့္ၾကည့္ေကာင္းလွသည့္ စားပြဲထိုးမိန္းကေလးက သူတို႔စားပြဲနားသို႔လာကာ မွာထားသည္မ်ားကို ခ်ေပးလာသည္။

"ဧည့္သည္မွာထားတဲ့ Espresso နဲ႕စေတာ္ဘယ္ရီကိတ္ပါရွင့္"

"ေက်းဇူးပါ"

ေရွးေႏွာင္းဆက္ နည္းနည္းေတာ့ ရွက္သလိုခံစားေနရသည္။ ေယာက်္ားေလးတစ္ေယာက္က စေတာ္ဘယ္ရီကိတ္စားတယ္ဆိုတာ ရယ္စရာေကာင္းသည္။

"အဲ့ဒါဆို မင္းေအးေဆးစားေသာက္ပါ ေရွ႕ေနလဲေရာက္လာၿပီဆိုေတာ့ ကြၽန္ေတာ္သြားလိုက္ပါအုံးမယ္"

"ဟုတ္ကဲ့ပါဗ်"

မာန္ထက္ေအာင္က တကယ့္ကိုယဥ္ေက်းပ်ဴငွါသည့္လူျဖစ္သည္။ စိတ္ထားကလဲ အျပစ္ရွာစရာမရွိေအာင္ကိုေကာင္းလြန္းၿပီး ႐ုပ္ရည္ကလဲအရမ္းေခ်ာသည့္အျပင္ အရပ္ကပါရွည္ေနေတာ့ တကယ့္ကို ဆုေတာင္းေကာင္းခဲ့သည့္လူျဖစ္မည္။ ႀကိဳက္တဲ့မိန္းကေလးေတြကလဲ ေတာင္လိုပုံေနမွာေသခ်ာသည္။ မူလေရွးေႏွာင္းဆက္အေနနဲ႕လဲ ေအးစက္ၿပီးေၾကာက္စရာေကာင္းသည့္ မႉးလြန္းထက္ပိုင္ထက္ ၾကင္နာၿပီးသေဘာေကာင္းသည့္ မာန္ထက္ေအာင္ကိုခ်စ္မိသြားသည္မွာ မထူးဆန္းေပ။

ေရွးေႏွာင္းဆက္ ေကာ္ဖီဆိုင္တြင္ နာရီအနည္းငယ္ေနၿပီးသည္ႏွင့္ အိမ္သို႔ျပန္လာလိုက္သည္။

သူဆိုဖာတြင္ထိုင္ကာ အနားယူေနစဥ္ ေဒၚၿမိဳင္က ေရေအးေအးေလးတစ္ခြက္ကိုယူလာေပးတာေၾကာင့္ သူယူ၍ ေသာက္လိုက္ၿပီးသည္ႏွင့္ ေရခြက္အား ခုံေပၚသို႔တင္ကာ တည္ၿငိမ္သည့္အသံႏွင့္ေမးလိုက္သည္။

"လူႀကီးျပန္မလာေသးဘူးလား"

"မလာေသးဘူးကြဲ႕"

"႐ုံးပိတ္ရက္ကို ဘယ္သြားၿပီးေတာ့ အခုထိျပန္မလာေသးတာလဲ"

"သားသိတဲ့အတိုင္း ေမာင္မႉးကအားတဲ့ရက္ေတြမွာေတာင္ အလုပ္လုပ္ေနတတ္တဲ့လူေလ အခုလဲ အလုပ္လုပ္ဖို႔သြားတာျဖစ္မွာပါ"

ေဒၚၿမိဳင့္စကားကို ေရွးေႏွာင္းဆက္ ဘာမွျပန္မေျပာေတာ့ဘဲ ဖုန္းထုတ္ၿပီးသာ Facebook ၾကည့္ေနလိုက္ေတာ့သည္။

ထိုစဥ္ ျမင္လိုက္ရသည့္ ဓာတ္ပုံေၾကာင့္ ေလ်ာ့တိေလ်ာ့ရဲထိုင္ေနရာမွ မတ္မတ္ထိုင္လိုက္မိကာ ဖုန္းအားေသခ်ာၾကည့္ေနမိသည္။

Cele House ဟုနာမည္ေပးထားသည့္ ေပ့ခ်္မွတင္ထားေသာ ဓာတ္ပုံမ်ားကိုၾကည့္ၿပီး ေရွးေႏွာင္းဆက္ မ်က္ေမွာင္ၾကဳတ္မိကာ စိတ္ထဲေဒါသထြက္သလိုလဲခံစားေနရသည္။

ျမင္ေနရသည္က ဝတ္ေနက် suit မဟုတ္ပါဘဲ ရိုးရွင္းလွသည့္ ဂ်င္းေဘာင္းဘီႏွင့္ တီရွပ္အနက္ေရာင္တြဲဝတ္ထားသည့္ မႉးလြန္းထက္ပိုင္သည္ လွပၿပီးဒူးထိသာရွိသည့္ ဂါဝန္အျဖဴေလးအား ဝတ္ဆင္ထားသည့္ ခ်ယ္ရီေဝဆိုတဲ့အမ်ိဳးသမီးအား ထိန္းကိုင္ေပးထားပုံမွာ ခ်စ္သူရည္းစားေတြလိုပင္ လိုက္ဖက္ညီေနေလသည္။

ေရးထားသည့္ Caption ကလဲ....

႐ုပ္ရွင္မင္းသမီးခ်ယ္ရီေဝႏွင့္ သူ႕ခ်စ္သူဟုထင္ရသည့္ လုပ္ငန္းရွင္အမ်ိဳးသား....လိုက္ဖက္ညီေနတဲ့ ႏွစ္ေယာက္ကို ပရိတ္သတ္ေတြက ကန႔္ကြက္ၾကမယ္လို႔မထင္ပါဘူး....အရမ္းလွတဲ့မင္းသမီးေလးနဲ႕ အရမ္းေခ်ာတဲ့လုပ္ငန္းရွင္အမ်ိဳးသား....အားးး လုံးဝကိုဝတၳဳေတြထဲကအတိုင္းပဲမလား....

ေရွးေႏွာင္းဆက္ ထိုCaption အား ႏွစ္ေခါက္ေလာက္ဖတ္ၿပီး မီးပြင့္မတတ္ကိုေဒါသထြက္လာသည္။

ဘယ္လိုေပါက္ကရpage မလို႔ အိမ္ေထာင္ရွိလားေတာင္ မစုံစမ္းဘဲ ေလွ်ာက္တင္ရတာလဲ....။

ေရွးေႏွာင္းဆက္ စိတ္တိုေနတာအား ေလွ်ာ့ကာ comment မ်ားကို ဝင္ဖတ္ၾကည့္လိုက္သည္။

...အား သူတို႔ႏွစ္ေယာက္က ခ်စ္သူေတြဆိုတာ ငါ့ကိုေျပာၾကစမ္းပါ ဘာလို႔အဲ့ေလာက္လိုက္ဖက္ေနရတာလဲ...

...ငါတို႔မင္းသမီးေလးက ဒီလိုအမ်ိဳးသားနဲ႕မွလိုက္ဖက္တာ...

...သူတို႔ႏွစ္ေယာက္သာ ခ်စ္သူေတြဆိုရင္ ငါလုံးဝမကန႔္ကြက္ဘူး ဆယ္ဘဝထိေတာင္ သေဘာတူနိုင္တယ္...

...ခ်ယ္ရီက အဲ့ဒီလူကိုၾကည့္ေနတဲ့မ်က္လုံးေလးေတြကို ၾကည့္ပါအုံး ခ်စ္ရည္႐ႊန္းလဲ့ေနတာပဲ
...

...လုံးဝကို ေနနဲ႕လ ေ႐ႊနဲ႕ျမစုံတြဲပဲေဟ့...

ေရွးေႏွာင္းဆက္တစ္ေယာက္ comment မ်ားဖတ္ကာမွပင္ ေခါင္းမွအေငြ႕မ်ားထြက္လာသည္အထိ ေဒါသထြက္ေနမိေတာ့သည္။

...ရွိသမွ်ေယာက္်ားတိုင္းနဲ႕ သေဘာတူေနတဲ့ မင္းသမီးဖန္ေတြကေတာ့ ဘယ္သူလာလာေဒါင္းေနၾကတာပဲေနာ္...

...လက္ေလးထိန္းကိုင္ေပးယုံနဲ႕ ခ်စ္သူရည္းစားတဲ့လား လင္တ႐ူးမင္းသမီးဖန္ေတြကေတာ့ ပုံေလးတစ္ပုံေၾကာင့္ လိုရာဆြဲသြင္းေနၾကေတာ့တာပဲေနာ္...

...မင္းသမီးကိုလဲၾကည့္ၾကပါဦး လက္ကိုင္ထားတာကို သိပ္ေပ်ာ္ေနတဲ့ပုံပဲေနာ္...

comment ေတြထဲတြင္ ခ်ယ္ရီေဝအား မေကာင္းေျပာသည့္ comment မ်ားလဲရွိေနသည္။ အမ်ားစုက ခ်ယ္ရီေဝနဲ႕မႉးလြန္းထက္ပိုင္ကို သေဘာတူေနၾကသည့္ comment ေတြျဖစ္ၿပီး သုံးပုံတစ္ပုံေလာက္ကေတာ့ ေဝဖန္သည့္ comment မ်ားျဖစ္ၾကသည္။

ၾကည့္ရတာ ခ်ယ္ရီေဝက ပရိတ္သတ္မ်ားသလို Anti Fan ေတြလဲမ်ားသည့္ပုံပါပင္။

ဘယ္လိုပဲျဖစ္ျဖစ္ ေသာက္တုံးမက်တဲ့page နဲ႕ ေသာက္ဦးေႏွာက္မရွိတဲ့ ထင္ရာေလွ်ာက္ေရးတင္ေနတဲ့ဟာေတြ...။

"ဟက္ စနိုက္ေၾကာ္ရဲ႕ဖန္ေတြကလဲ စနိုက္ေၾကာ္အားေပးေတြပဲ မဆန္းပါဘူး Like idol like fan ပဲ ဟြန႔္"

Fan girl ေလးျဖစ္သည့္ သူ႕ညီမရဲ႕စကားေတြက အခုအသုံးဝင္ၿပီး သူေျပာရမယ့္အလွည့္ေရာက္လိမ့္မယ္လို႔ ေရွးေႏွာင္းဆက္မထင္ထားေပ။

"ေႏွာင္း တစ္ခုခုျဖစ္လို႔လား...ဖုန္းကိုၾကည့္ၿပီး ဘာလို႔အဲ့ေလာက္ေဒါသထြက္ေနတာလဲ"

ေဒၚၿမိဳင္ကေတာ့ ဖုန္းကိုသာသည္းႀကီးမည္းႀကီးၾကည့္ေနၿပီး ေဒါသထြက္ေနသည့္ ေရွးေႏွာင္းဆက္ကိုၾကည့္ၿပီး ဘာေၾကာင့္ေဒါသထြက္ေနမွန္းမသိေပ။ ခုနကစကားေျပာေနတုန္းကေတာင္ အေကာင္းပါ ဒါေပမယ့္ မိနစ္ပိုင္းအတြင္းမွာပင္ ေဒါသထြက္လာေလသည္။

"ေဒၚၿမိဳင္ ခ်ယ္ရီေဝဆိုတဲ့အမ်ိဳးသမီးနဲ႕ လူႀကီးက ဘယ္လိုသိၿပီး သူငယ္ခ်င္းေတြျဖစ္သြားတာလဲ ၿပီးေတာ့ အိမ္ကိုေတာင္ ခနခနလာဖူးၿပီး ေဒၚၿမိဳင္နဲ႕ေတာင္ သိတယ္ဆိုေတာ့ ဘယ္ေလာက္ေတာင္ရင္းႏွီးၾကတာလဲ"

ေကာက္ခါငင္ခါႀကီး စကားလမ္းေၾကာင္းလႊဲလိုက္သည့္ ေရွးေႏွာင္းဆက္ေၾကာင့္ ေဒၚၿမိဳင္ ခနေၾကာင္သြားၿပီးမွ ေမးသည့္ေမးခြန္းအားျပန္ေျဖလိုက္သည္။

"ေမာင္မႉးမိဘေတြနဲ႕ ခ်ယ္ရီ႕မိဘေတြက မိတ္ေဆြေတြေလ ၿပီးေတာ့ အိမ္နီးနားခ်င္းေတြ ေျပာရရင္ ေမာင္မႉးနဲ႕ခ်ယ္ရီက ငယ္သူငယ္ခ်င္းေတြလို႔ေျပာလို႔ရတယ္ ဒါေပမယ့္ ေမာင္မႉးက သိတဲ့အတိုင္း သူငယ္ခ်င္းဆိုတာ သူ႕အတြက္မလိုအပ္သလိုပဲ ခ်ယ္ရီ႕ကိုဂ႐ုမစိုက္ဘဲေနခဲ့တာေလ ဒါေပမယ့္ သူတို႔ တကၠသိုလ္စတက္ၾကတဲ့အခ်ိန္ေရာက္ေတာ့ ခ်ယ္ရီ႕မိဘေတြက နိုင္ငံျခားကိုေျပာင္းသြားၿပီး ခ်ယ္ရီကေတာ့ ျမန္မာျပည္မွာပဲက်န္ခဲ့တာေလ အဲ့ေတာ့ ေမာင္မႉးမိဘေတြက ခ်ယ္ရီ႕ကိုဂ႐ုစိုက္ေပးၿပီး ေမာင္မႉးကလဲ သူငယ္ခ်င္းလိုဂ႐ုစိုက္ေပးတယ္ေလ အဲ့ကေနမွ ေမာင္မႉးနဲ႕ခ်ယ္ရီက အခင္ဆုံးသူငယ္ခ်င္းေတြျဖစ္သြားၾကတာ"

"သူတို႔ ရည္းစားေတြေကာျဖစ္ခဲ့ေသးလား"

"ေပါက္ကရ ေႏွာင္းေလးရယ္ ေမာင္မႉးက ခ်ယ္ရီ႕ကို သူ႕ညီမလို သူငယ္ခ်င္းလိုသာခင္တာ ေမာင္မႉးက သားနဲ႕လက္မထက္ခင္ ခ်စ္သူတစ္ေယာက္မွမထားခဲ့ဘူးကြယ့္"

လူႀကီးကသာ ရိုးသားေနတာ ခ်ယ္ရီေဝဆိုတဲ့အမ်ိဳးသမီးကေတာ့ သူမ်ားလင္ကိုလုဖို႔ေခ်ာင္းေနတဲ့ ေျမေခြးအိုမႀကီးဆိုတာ ေဒၚၿမိဳင္ကမွမသိတာ...

ေရွးေႏွာင္းဆက္ ထိုစကားအား စိတ္ထဲမွသာေျပာလိုက္ကာ ေဒၚၿမိဳင့္အား 'အေပၚတက္ေတာ့မယ္' ဟုေျပာကာ အေပၚသို႔သာတက္သြားလိုက္ေတာ့သည္။

႐ုတ္တရပ္ႀကီး ေမာင္မႉးနဲ႕ခ်ယ္ရီေဝအေၾကာင္း ေမးလာသည့္ ေရွးေႏွာင္းဆက္ကို ေဒၚၿမိဳင္ ဘာလို႔ေမးမွန္းစဥ္းစားမရေပ။
--------------------------
႐ုံးပိတ္ရက္မွာ အခ်ိန္ပိုဆင္းေနရသည့္ လင္းလက္ၾကယ္ကေတာ့ တစ္ေယာက္ထဲ မိုးကြက္က်ား႐ြာေနသလိုပင္ ရာသီဥတုမသာယာေပ။ မေန႕က ႐ုံးကိုနည္းနည္းေလးေစာဆင္းရလို႔ ေပ်ာ္ရမလားမွတ္တယ္ ဒီေန႕ေတာ့ ပိတ္ရက္ႀကီးကို အခ်ိန္ပိုဆင္းေနရသည္ဆိုတာက တကယ့္ကိုကံဆိုးတာပင္။

"Boss ကြၽန္ေတာ္တို႔ျပန္ၾကေတာ့မလား ခဏေနက်ရင္ ရႈတင္လဲပီးေတာ့မွာဆိုေတာ့ေလ"

Boss ကေတာ့ သူ႕စကားကိုနားမဝင္ဘဲ ဖုန္းကိုသာ မ်က္ေမွာင္ၾကဳတ္ၿပီးၾကည့္ေနေလသည္။

"တစ္ခုခုေတြ႕လို႔လား Boss"

"ဒါကိုမင္းေျဖရွင္းလိုက္"

လက္ထဲဖုန္းထိုးေပးကာ ကားပါကင္သို႔ထြက္သြားသည့္ Boss ေနာက္ကို လင္းလက္ၾကယ္ အျမန္အမွီလိုက္ရသည္။ မ်က္လုံးကလဲ Boss ေပးသြားသည့္ ဖုန္းအားၾကည့္ေနရသည္။ Boss ေနာက္ကေနအျမန္လိုက္ေနရတာေၾကာင့္ ဖုန္းထဲက ဘာအေၾကာင္းအရာမွန္း လင္းလက္ၾကယ္ ေသခ်ာၾကည့္မရေပ။ သူေတြ႕ေနရသည္ကေတာ့ Boss ပုံႏွင့္ မခ်ယ္ရီေဝရဲ႕ပုံပင္။

ကားေပၚေရာက္သည္ႏွင့္ လင္းလက္ၾကယ္ ဖုန္းအားေသခ်ာၾကည့္ကာ ေရးထားသည့္ Caption အားၾကည့္ၿပီး သူ႕မွာမ်က္လုံးပင္ျပဴးသြားသည္။

ဘယ္လိုလူကမ်ား မေၾကာက္မလန႔္ ထိုပုံႏွင့္စာအားတင္ရတာလဲ....က်ားဖင္တုတ္ႏွင့္ထိုးတာမွ ေကာင္းဦးမယ္ အခုေတာ့ Boss ကိုမွ ဒီလိုမ်ိဳးေတြလာရန္စတယ္ဆိုေတာ့ တင္တဲ့လူက တကယ့္ကိုသတၱိရွိတဲ့လူပင္ျဖစ္ရမည္။

"ကြၽန္ေတာ္ Postကိုျပန္ဖ်က္ခိုင္းၿပီး တင္တဲ့လူကို တရားစြဲလိုက္ရမလား ကြၽန္ေတာ္ရင္းႏွီးတဲ့ အရမ္းေတာ္တဲ့ေရွ႕ေနတစ္ေယာက္ရွိတယ္"

"မင္းဇာတ္ကားၾကည့္တာမ်ားေနတာလား အဲ့ေလာက္ေရးႀကီးခြင္က်ယ္လုပ္ဖို႔လိုလို႔လား"

အခ်ိန္ပိုေတြဆင္းေနရၿပီး ဇာတ္ကားေတာင္ၾကည့္ခ်ိန္မရွိပါဘူး Boss ရယ္...

လင္းလက္ၾကယ္ စိတ္ထဲကေန ေၾကကြဲစြာေတြးလိုက္မိေပမယ့္ အျပင္မွာေတာ့ ၿပဳံးေနကာ...

"ဟုတ္ကဲ့ ကြၽန္ေတာ္ ၾကည့္စီစဥ္လိုက္ပါ့မယ္...ကြၽန္ေတာ္ အိမ္ကိုပဲ ေမာင္းရမလား Boss"

"အင္း"

ထို႔ေနာက္ လင္းလက္ၾကယ္ Boss အားအိမ္ျမန္ျမန္ပို႔နိုင္ရန္အတြက္ ကားကိုျမန္ျမန္ေမာင္းလိုက္သည္။ Boss အိမ္ေရာက္မွသာ သူလဲ အိမ္ျပန္ၿပီး နားရမွာျဖစ္သည္။
==============

Continue Reading

You'll Also Like

WRONG By .

Fanfiction

34K 4K 11
EGOTISM SEKAI FANFICTION SHORT STORY
101K 5.3K 50
Uni ..... Pdf file or other ways of making files များဘယ်fileမဆို လုပ်ပြီးဖြန့်ချီခွင့်မပြုပါဘူးနော်။ This is my fourth own fiction. ဇာတ်လမ်းသည် ဖန...
387K 15K 43
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
77.3K 8K 79
No one can stop to love someone By Satan Starting date- 28.7.2020 Ending date- 10.11.2020