Part [10]

4.9K 282 7
                                    

Unicode

မှူးလွန်းထက်ပိုင် ကားကိုခြံထဲမောင်းဝင်လိုက်သည်နှင့် ခြံထဲထွက်ထိုင်နေသည့် ရှေးနှောင်းဆက်ကို အရင်တွေ့လိုက်ရသည်။

သူကားပေါ်ကဆင်းကာ ရှေးနှောင်းဆက်နားသို့သွားလိုက်သည်။

"နှောင်း ခြံထဲမှာ ဘာလုပ်နေတာလဲ ညနေစောင်းတော့မအေးဘူးလား"

အအေးကြောက်ပြီး ညနေဘက်ဆိုလျှင် အေးလွန်း၍ခြံထဲတောင်မဆင်းသည့် ရှေးနှောင်းဆက်သည် ယခုတော့ ဆွယ်တာအပါးလေးကိုသာ ဝတ်ဆင်ထားသည်။

အအေးကြောက်သည့်ကောင်လေးကို စိုးရိမ်လို့မေးလိုက်ပေမယ့် ပြန်ရလိုက်သည်က မျက်စောင်းတစ်ခုသာ။ ထို့နောက် သူ့အားဂရုမစိုက်စွာ ယခုမှ ဂိုထောင်ထဲကားပါကင်ထိုးပြီး ဆင်းလာသည့် လင်းလက်ကြယ်အနားသို့လျှောက်သွားလေသည်။ ရှေးနှောင်းဆက် ဘာဖြစ်နေလဲဆိုတာတော့ မသိပေမယ့် ထိုအပြုအမူအတွက် သူစိတ်တော့မဆိုးမိပေ။ လင်းလက်ကြယ်နှင့်စကားပြောနေသည့်ကောင်လေးကိုသာ သူစိုက်ကြည့်နေမိသည်။

လင်းလက်ကြယ်တစ်ယောက် Boss ရဲ့အကြည့်စူးစူးများကို မမြင်ချင်ယောင်ဆောင်ကာ ရှေးနှောင်းဆက်ကို စကားပြန်ပြောနေသည်။

"Boss က ဒီနေ့ မချယ်ရီဝေရဲ့ကြော်ငြာရှုတင်မှာရှိနေတာလေ"

"ဘာကိစ္စ သူကအဲ့ကိုသွားတာလဲ"

ရှေးနှောင်းဆက်ရဲ့စကားအသွားအလာနှင့် စကားပြောပုံတွေက သဝန်တိုနေတဲ့ပုံဖြစ်နေတာကြောင့် လင်းလက်ကြယ်ပြုံးလိုက်မိကာ အထင်မလွဲစေဖို့ သေသေချာချာပြောပြလိုက်သည်။

"မချယ်ရီဝေရိုက်တဲ့ကြော်ငြာက ငါတို့ကုမ္ပဏီရဲ့ထုတ်ကုန်လေ ကြော်ငြာကိစ္စကိုတာဝန်ယူထားရတဲ့လူက မတော်တဆဖြစ်လို့ Boss ကဆေးရုံသွားကြည့်ရင်းနဲ့ တစ်ခါထဲရှုတင်ကိုပါသွားကြည့်ချင်တယ်ဆိုလို့သွားကြတာပါ မင်းသဝန်တိုမနေပါနဲ့ Boss ကမင်းတစ်ယောက်ထဲကိုပဲ မျက်လုံးထဲမြင်တာပါ"

"ကျွန်တော်သဝန်တိုတယ်လို့ပြောမိလို့လား ဒီတိုင်းသိချင်လို့မေးကြည့်တာ"

I Fell In Love With My Husband(Completed)Where stories live. Discover now