My Ugly Omega Mate (Completed)

By PaungPus

400K 34.5K 1.2K

Start Date - 21.10.2021 End Date - 19.12.2021 #yizhan More

1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
20
21
Final
New Fic
Hello โค๏ธ
Book ๐Ÿ“’

19

13.9K 1.3K 29
By PaungPus

Unicode

"အစ်မ ဒါလေးတွေ အကြမ်းစစ်ပြီးပြီ။ အရောင်ထွက်လဲအဆင်‌ပြေတယ်။အစ်မတချက်ပြန်ကြည့်ပြီးရင် အချောပြန်ထုတ်ပေးပါလား"

"စားပွဲမှာတင်ထားခဲ့နော် မောင်လေး "

ရှောင်းကျန့်က Leo Wang ရဲ့ သားမက်လေးဖြစ်ပေမဲ့ လုပ်ငန်းခွင်ထဲမှာ အာဏာလဲမပြတတ်သလို အလုပ်လဲမခိုတတ်ဘူး ။ဒါကြောင့် သူတို့ department ကလူတွေအားလုံးက ရှောင်းကျန့်ကိုချစ်ကြတယ်။ တခါတလေဆိုရှောင်းကျန့်က အားလုံးနဲ့စကားလာပြော မုန့်အတူစားတတ်ပေမဲ့ ဝမ်ရိပေါ်က သူ့အနားက ခဏပျောက်သွားရင်တောင်မကြိုက်တာကြောင့် ရုံးခန်းမှာပဲနေဖြစ်ရတာများတယ်။

ဝမ်ရိပေါ်ရဲ့ရုံးခန်းရှိရာအထပ်ကိုပြန်မသွားခင်မှာပဲ လက်ဆေးချင်စိတ်ဖြစ်တာကြောင့် အများသုံး သန့်စင်ခန်းထဲဝင်သွားလိုက်တယ်။Shower Gel အနည်းငယ်ကိုခံယူလိုက်ပြီး လက်ကိုသေချာဆေးလိုက်တယ်။

ဒီရက်ပိုင်း ရိပေါ်နဲ့ သိပ်စကားမပြောပဲ ရှောင်နေခဲ့ကာအလုပ်ကိုပဲ ဖိလုပ်နေမိတယ်။ သူကတော့ ဘာမှ့မပြောရှာပါဘူး။ ရှောင်းကျန့်စိတ်ကောက်နေတယ်ထင်ပြီးချော့ဖို့ပဲကြိုးစားနေတာ။ တကယ်တော့ ကိုယ့်ဘာသာ ကျိတ်ရှက်နေတာ သူမသိဘူး။ အိမ်ထောင်သည်တွေဖြစ်လာပြီဆိုတော့ ဒီလိုကိစ္စတွေက ရှက်အားပိုနေစရာမဟုတ်မှန်း သူလဲ နားလည်ပါတယ်။ ဒါပေမဲ့ Heat ဝင်တဲ့အချိန် အထိန်းအကွပ်မဲ့နေတဲ့ ကိုယ်ပုံစံကိုယ်ပြန်တွေးမိပြီး စိတ်ထဲတမျိုးကြီးဖြစ်နေတာ။ မကြိုက်တာလဲမဟုတ်ပါဘူး။ ဒီလိုပဲ .......

"အားးး မေ့လိုက်တော့ ။ ဒါသဘာဝပဲ အရမ်းတွေးမထားနဲ့ရှောင်းကျန့်။ မင်းသူ့ကို ချစ်တာပဲမလား "

ကိုယ့်ခေါင်းကိုယ်နှစ်ချက်လောက်ထု့လို့ ဆုံးမလိုက်တယ်။ အပြင်ပြန်ထွက်မယ်အလုပ်မှာပဲ ညည်းသံသဲ့သဲ့ကိုကြားလိုက်ရတယ်။

"အပြင်မှာ ....ဘယ် သူ ရှိ လဲ ဟင် ....
ကူ ညီ ပါ ဦး ....ဗိုက် နာ လို့ပါ ..."

"ဟင် ? "

ရှောင်းကျန့်က အသံလာရာပြန်လှည့်ကြည့်တယ်။ အိမ်သာထောင့်ဆုံးအခန်းက လာနေတာဖြစ်ပြီး အတော်ဝေဒနာခံစားနေရပုံပေါ်တယ်။

"ဘာ ...ဘာဖြစ်လို့လဲ "

သူ့လက်တွေက တံခါးကိုတွန်းလိုက်တော့အသာအယာပဲ ပွင့်သွားတယ်။ အထဲမှာ ပိန်သေးသေးကိုယ်ဝန်ဆောင် အိုမီဂါကောင်လေးတစ်ယောက် သူ့ဗိုက်လေးကိုဖိ့လို့ ရှုံ့မဲ့အော်ဟစ်နေတယ်။

"ကယ်ပါ ~~~ "

"ခဏလေးနော် ကျွန်တော်ဆေးရုံပို့ပေးမယ်
လာ ...ကျွန်တော့်ပုခုံးကိုတွဲ .."

ရှောင်းကျန့်က ကောင်လေးကို တွဲပေးဖို့အနားကပ်လိုက်တယ်။ ဒါပေမဲ့ ...လည်ပင်းထက် စူးအောင့်သွားတဲ့ ခံစားချက်နဲ့အတူ အမှောင်ထုထဲကျရောက်သွား
တော့တယ်။ ပျော့ခွေကျသွားတဲ့ ရှောင်းကျန့်ကို ကြည့်ရင်း ကောင်လေးက မျက်စိမျက်နှာပျက်စွာပြောတယ်။

"တောင်းပန်ပါတယ်။ တောင်းပန်ပါတယ်ခဗျာ ၊ ကျွန်တော်လဲ မလွဲသာလို့ပါ "

သိပ်မကြာခင်မှာပဲ Design Department ရဲ့ သန့်စင်ခန်းထဲကနေ ‌အဒေါ်ကြီးတယောက် တွန်းလှည်းလေးနဲ့ထွက်လာတယ်။တွန်းလှည်းပေါ်မှာ အနက်ရောင်အမှိုက်ပုံးကြီးတစ်ပုံးနဲ့သန့်ရှင်းရေးပစ္စည်းတွေပါတယ်။ အားလုံးက ကိုယ့်အလုပ်နဲ့ကိုယ်မို့ သူ့ကိုသတိတောင်မထားမိကြဘူး။

"ရှောင်းကျန့်ရော "

"Design ခန်းကို ခဏဆင်းသွားတယ် "

"ကြာနေပြီ "

"အော် သူက ကလေးမှ့မဟုတ်တာပဲ။ အဲ့ဒီက အစ်မကြီးတွေနဲ့ခင်နေတာကို။ စကားစမြည်ပြောနေကြလို့ကြာနေတာနေမှာပေါ့ "

ဝမ်ရိပေါ်က ကျန်းချန်စကားကို လက်ခံလိုက်တယ်။ ရှောင်းကျန့်ရဲ့ ဖုန်းအနီလေးက စားပွဲပေါ်တင်ထားတာတွေ့တယ်။ ရှောင်းကျန့်ကို သူဘယ်လိုပြန်ချော့ရမလဲ တကယ်မသိတော့ဘူး။ နည်းမျိုးစုံလဲသုံးပြီးပြီ။ စိတ်ဆိုးနေတာလားမေးတော့လဲ မဟုတ်ဘူးတဲ့။ ဒီအတိုင်း ရှက်လို့တဲ့။ ဘာကိုရှက်တာလဲ။ ဘယ်တစ်ခုကိုရှက်တာလဲ။ အဖြစ်အပျက်တွေကို ပြန်တွေးမိတော့ ပြုံးမိသွားတယ်။ နှစ်ယောက်ပဲသိတဲ့ နှစ်ကိုယ်ရည်ကိစ္စဆိုတော့ စိတ်ထဲပဲတွေးပြီး ကြည်နူးနေမိတော့တယ်။

နေ့လယ်စောင်းလာတော့ ဒီထက်ပိုအလိုလိုက်ထားလို့မသင့်တော့။ အောက်ထပ်ဆင်းလို့ ကိုယ်တိုင်ပဲသွားခေါ်လိုက်တယ်။

"ရှောင်းကျန့် ဘယ်မှာလဲ "

ဝမ်ရိပေါ်ကိုမြင်တော့ အားလုံးတိတ်ဆိတ်သွားပြီး မတ်တပ်ရပ်ကုန်ကြတယ်။

"ပြန်သွားတာ ကြာပါပြီ "

"ဘာ !  ရှာကြစမ်း အထပ်တစ်ခုလုံးရှာ "

အားလုံးက ဝမ်ရိပေါ်ရဲ့ စိတ်ဆိုးမာန်ဆိုးအမူအယာကြောင့် လန့်နေကြတယ်။  Leo Wang group က အလွန်ကြီးတာကြောင့် လူတယောက်ရှာဖို့ဆိုတာ အချိန်တိုတိုနဲ့မပြီးဘူး။

"ရှောင်းကျန့် ...ဘယ်မှာလဲ ။ ဘယ်ရောက်နေလဲ ၊ ကျွန်တော်စိတ်ပူနေတယ်နော် ။ ရုံးခန်းကိုပြန်လာခဲ့ပါ ကြားလား ၊ ကျွန်တော်အရမ်းစိတ်ပူနေတယ် "

ထိန်းချုပ်ခန်းကတဆင့် မိုက်နဲ့စကားပြောနေတာကြောင့် အထပ်တိုင်းမှာ ဝမ်ရိပေါ်ရဲ့ စကားသံက ပျံ့လွှင့်နေတော့တယ်။ CCTV ကိုစစ်ဆေးကြည့်တော့ ရှောင်းကျန့်က သန့်စင်ခန်းထဲဝင်သွားတာကိုနောက်ဆုံးတွေ့ရပြီး ပြန်ထွက်မလာတော့ဘူး။ သန့်စင်ခန်းတစ်ခုလုံးကို ရှာကြပေမဲ့ ရှောင်းကျန့်ရဲ့အရိပ်အယောင်တောင်မတွေ့ရ။

"ဒီနေ့တနေ့လုံး Design ဌာနရဲ့ သန့်စင်ခန်းထဲ အဝင်အထွက်လုပ်ခဲ့တဲ့သူ အားလုံးစာရင်းကောက်လိုက်၊အခုချက်ချင်းငါအကုန်လုံးနဲ့တွေ့ချင်တယ် "

ကျန်းချန်က ဝမ်ရိပေါ်ခိုင်းသမျှကို သွက်သွက်ပဲလုပ်တယ်။ သူအလုပ်ခိုင်းလိုက်လို့ ရှောင်းကျန့်က ပျောက်သွားတာဖြစ်တဲ့အတွက် အပြစ်မကင်းသလိုခံစားနေရတယ်။ ဝမ်ရိပေါ်ရဲ့ ပုံစံကတော့ မြင်ရတဲ့သူ အနားမကပ်ရဲအောင် ကြောက်စရာကောင်းနေပြီဖြစ်တယ်။ လူတွေအားလုံးကို တယောက်ချင်းစစ်မေးပေမဲ့ ရှောင်းကျန့်ကိုတွေ့လိုက်တဲ့သူတယောက်မှ့မရှိဘူး။ ဝမ်ရိပေါ်က သူ့အကျီက နက်ကတိုင်ကိုဆွဲဆောင့်ဖြုတ်ပစ်တယ်။ အချိန်ကြာလာလေ သူ့ရဲ့စိတ်အခြေအနေက ပိုပြီးဆိုးဝါးလာလေပဲ။ အခုချိန်မှာ စိတ်အနှောက်အယှက်ဖြစ်စေမဲ့ မည်သည့်အရာကိုမဆို တစစီလုပ်ဖြစ်ဖို့ဝန်မလေးတော့ဘူး။

သူ့ရဲ့ အိုမီဂါလေး ပျောက်သွားတယ်။ သူတယောက်ထဲပိုင်ဆိုင်တဲ့ လူ။ ဘယ်လိုလူကများ သူ့ရဲ့အပိုင်ကို ခိုးယူရဲသလဲ ။

"ပြန်ရစ်ပေး ငါ့ကို "

ဝန်ထမ်းက သူပြတဲ့နေရာကို အနောက်ပြန်ရစ်ပေးတယ်။ဝမ်ရိပေါ်က computer screen ကို အာရုံစိုက်ကြည့်နေတယ်။

"အဲ့တစ်ယောက် ၊ သန့်ရှင်းရေးလုပ်တဲ့သူလား၊ ကျန်းချန်တွေ့လား အဲ့တစ်ယောက်ကို ခေါ်လိုက် "

အချိန်အနည်းကြာတော့ ကျန်းချန်က အပြေးလာပြောတယ်။

"မရှိတော့ဘူး။ အဲ့မိန်းမ သေချာတယ် "

သံသယဖြစ်စရာ အပြုအမူနဲ့ မိန်းမကြီးဟာ တွန်းလှည်းနဲ့အတူ မြေညီထပ်မှာ အစအနပျောက်သွားတယ်။

မကြာခင်မှာပဲ ဝမ်ရိပေါ်ခေါ်ထားခဲ့တဲ့ ရဲတွေရောက်လာပြီး သန့်စင်ခန်းကို စစ်ဆေးကြတယ်။

"အမှိုက်ပုံးတစ်ခုထဲမှာ ဆေးထိုးအပ်တချောင်းတွေ့ပါတယ် "

ဓာတ်ခွဲစစ်ဆေးကြည့်တော့ မေ့ဆေးပါဝင်ကြောင်းသိရတယ်။ အလုပ်သမား အမျိုးသမီးကြီးရဲ့ သတင်းအချက်အလက်ကို လိုက်ကြည့်တော့ အလုပ်ဝင်တာမကြာသေးဟုသိရပြီး အိမ်လိပ်စာကိုလိုက်ကြည့်တော့လဲ လိပ်စာအတုဖြစ်နေတယ်။  ဝမ်အိမ်သားတွေကိုလဲ အကြောင်းကြားလိုက်ရပြီး ရှောင်းကျန့်ရဲ့ပျောက်ဆုံးမှု့က ပြန်ပေးဆွဲခံရမှု့ဟု့သာ ခေါင်းစဉ်တပ်လိုက်ရတော့တယ်။

"ဝမ်သခင်လေး အရမ်းလဲစိတ်မပူပါနဲ့
ဒီလိုလူမျိုးတွေက ငွေလိုချင်တာပါ
ငွေပေးလိုက်ရင် လူပြန်ရမှာပါ
သူတို့ဘက်က ဆက်သွယ်လာမှာကို စောင့်ကြည့်ရအောင် "

"စောင့်ကြည့်မယ် ??? ငါ့လူက အခုဘယ်ရောက်နေမှန်းမသိဘူး။ မင်းတို့က ငါ့ကို စောင့်ကြည့်ဆိုတဲ့စကားပြောရဲတယ်ပေါ့။ စက္ကန့်တိုင်းမှာ သူတစ်ခုခုဖြစ်မသွားနိုင်ပါဘူးလို့ ဘယ်ကောင်အာမခံရဲသလဲ ဟမ်! ၊ လုပ်ပါ မင်းတို့လူတွေများများသုံး ၊ ဘယ်လောက်ကုန်ကုန် ငါပေးနိုင်တယ် ...ငါ့ရဲ့ရှောင်းကိုပြန်ပေးပါ ...."

"သား ...စိတ်ထိန်းပါဦး "

ဝမ်ဟောင်ရန်က သူ့သားစိတ်ကိုသိတာကြောင့် ဘေးကစိတ်လျော့ဖို့နားချနေရတယ်။ ဝမ်ရိပေါ်ရဲ့ပုံစံက ရှောင်းကျန့်ကိုပြန်မတွေ့မချင်း တွေ့ရာလူ ရန်ရှာထိုးနှက်ဖို့ဝန်မလေးပုံပဲ။ ရှောင်းကျန့်ပျောက်ဆုံးမှု့က သတင်းတွေမှာပါ ချက်ချင်းပါလာခဲ့ပြီး နာမည်ကြီးသတင်းဖြစ်ခဲ့တယ်။ နေရာတိုင်းမှာ စစ်ဆေးမှု့တွေရှိနေပြီး ရဲတွေကလဲ အပူတပြင်း တစ်နိုင်ငံလုံးမြေလှန်ရှာကြတယ်။ နည်းပညာသမားတွေကလဲ company အဝင်အထွက်ဂိတ်ကိုဖြတ်သွားတဲ့ ကားတွေရဲ့ဦးတည်ရာကို တစ်ခုချင်းcctv မှတ်တမ်းတွေကို စစ်ဆေးကြတယ်။ဂိတ်ပေါက်က ၆ခုရှိတာကြောင့် လွတ်သွားတာမရှိအောင်သေချာစစ်ရတယ်။ ဝမ်ရိပေါ်က တနေကုန် စုံစမ်းရေးမှာသာ အချိန်ကုန်နေခဲ့ကာ အိပ်ချိန်စားချိန်ကိုတောင် မသိတော့ဘူး။ သူ့အနားမှာ ကျန်းချန်က သူငယ်ချင်းကောင်းပီသစွာ တချိန်လုံးရှိနေပေးခဲ့တယ်။

"မင်းပြောစမ်း ငါတို့ သူ့ကိုပြန်တွေ့မှာပါ
ဟုတ်တယ်မလား ...ဟင် ...သူအဆင်ပြေပါ့မလား၊ ကြောက်နေမလား..... ငါအသုံးမကျတာ ...ငါ...သူ့ကိုချက်ချင်းသွားခေါ်ခဲ့ရင် ဒီလိုတွေဖြစ်လာမှာမဟုတ်ဘူး "

"ဒီမှာ တွေ့ပြီခဗျ ကားနံပါတ် ××××ကိုတက်သွားတယ်"

အားလုံးရဲ့အာရုံက cctv မှတ်တမ်းမှာစုပုံရောက်သွားကြတယ်။ရှောင်းကျန့်လို့ထင်ရတဲ့ကောင်လေးတယောက်နဲ့ အမျိုးသမီးတယောက် ကားထဲတွဲလို့ဝင်သွားကြတာဖြစ်ပြီး ရှောင်းကျန့်ကခေါင်းငိုက်စိုက်ကျနေတယ်။ ဦးထုပ်အမဲကို မျက်နှာဖုံးတဲ့အထိဆောင်းပေးထားတာကြောင့် သေချာမမြင်ရပေမဲ့ ရှောင်းကျန့်ဆိုတာ ရိပေါ်က သေချာပေါက်ပြောနိုင်တယ်။

"ကားနံပါတ်ကိုစစ်ကြည့် ကားပိုင်ရှင်ဘယ်သူလဲ ကြည့်ရအောင် "

အမှု့ကိုတာဝန်ယူထားတဲ့ ရဲအရာရှိက ပြောတယ်။

"မှတ်ပုံမတင်ထားဘူးဆရာ "

"ဘယ်သွားလဲ လမ်းကြောင်းကိုဆက်လိုက်စမ်း "

"ကားနံပါတ် ××××၊ ××××အမျိုးအစား အနက်ရောင် ×××××လမ်းထဲချိုးဝင်သွားပါတယ် ဆရာ "

"မြေပြင်က လူတွေကိုစုလိုက်တော့ "

တီ~~~တီ ~~~

"×××× ရပ်ကွက်အနားတဝိုက်က လှည့်ကင်းတွေ ×××× ကားကို ရှာပါ။ တအိမ်ချင်းသေချာစစ်ဆေးကြည့် ။ လိုအပ်ရင်ခြံထဲတွေထိဝင်ကြည့် ၊ ကိုယ်တို့အဖွဲ့ အခုလာနေပြီ "

စကားပြောစက်ကတဆင့်အမိန့်ပေးလိုက်ပြီး ရဲကားသံတွေဝေစီသွားတယ်။ ဝမ်ရိပေါ်ကလည်း သူပါလိုက်မယ်ဟု့ အတင်းပြောနေတာကြောင့် ခွင့်ပြုလိုက်ရတယ်။ တလမ်းလုံးလည်း ဖုန်းစပီကာဖွင့်ထားပြီး တဖက်က အဖွဲ့နဲ့ တောက်လျောက်အဆက်အသွယ်လုပ်ကြတယ်။

"ကားနံပါတ် ××××ကိုတွေ့ပြီဆရာ "

ရှောင်းကျန့်စတင်ပျောက်ဆုံးချိန် December 12 , မနက် 10နာရီဝန်းကျင် .......

သံသယဖြစ်ဖွယ် အမျိုးသမီးရဲ့ကားကိုရှာတွေ့ချိန်  Dec 13 မနက် 7နာရီ ....

နေရာ - ××××ရပ်ကွက် ၊ အိမ်အမှတ် ×××× ၊ ကား Show Room ဝင်းအတွင်း .....

"ဒီကားက ဒီကိုဘယ်လိုရောက်နေတာလဲ "

"လူငယ်လေးတယောက်က ဆေးမှုတ်ဖို့
လာအပ်သွားတာပါ .."

"လူငယ် ? အမျိုးသမီးကြီးတယောက်မဟုတ်ဘူးလား"

"မဟုတ်ပါဘူး ၊ ငယ်ငယ်ချောချောကောင်လေးတစ်ယောက်ပဲ။ အာ... ပြီးတော့ သူ့မှာ သူငယ်ချင်းတစ်ယောက်လဲပါတယ်။ သူ့သူငယ်ချင်းကမူးနေတာလားဘာလားတော့မသိဘူး ...အိပ်ပျော်နေတာ။ နောက်ပြီး ကားအနီနဲ့ မိန်းကလေးတစ်ယောက်က သူတို့ကိုခေါ်သွားတာပဲ "

"အိပ်ပျော်နေတဲ့ကောင်လေးက
ဒီပုံထဲက ကောင်လေးလား အတည်ပြုပေးပါ"

ဝမ်ရိပေါ်က ရဲအရာရှိရဲ့စကားကိုဖြတ်ပြီး သူ့ဖုန်းကိုထုတ်လို့ ရှောင်းကျန့်ရဲ့ပုံကိုပြတယ်။

"မပြောတတ်ဘူးဗျ သူ့မျက်နှာကို သေချာမမြင်လိုက်ဘူး။ သတိလဲမထားမိဘူး "

"ကျေးဇူးပြုပြီး စဉ်းစားကြည့်ပါဦး
တစ်ခုခု သတိထားမိတာမျိုး "

"တကယ် မမြင်တာပါဗျာ မလိမ်ပါဘူး "

"ကားကို စစ်ဆေးခွင့်ပြုပါ "

ဝမ်ရိပေါ်က ကားထဲကို အလျင်စလိုဝင်ကြည့်ဖို့ကြိုးစားတယ်။ ရဲတချို့က သူ့ကိုတားလိုက်တယ်။

"ဝမ်သခင်လေး ခဗျား နှောင့်ယှက်နေတာများပြီ။ကျွန်တော်တို့ရဲ့ စုံစမ်းမှု့ကို ကျေးဇူးပြုပြီး စိတ်ရှည်ရှည်နဲ့စောင့်ပေးလို့ရမလား "

"ဖယ်ကြစမ်းပါ ၊ ငါသူ့ကိုတွေ့မှ့ဖြစ်မှာ
လွှတ်ကြစမ်း !!!! "

"ရိပေါ် !!! "

ဝမ်ရိပေါ်က ကျန်းချန်ဆွဲခေါ်ရာနောက်တရွတ်တိုက်ပါသွားတယ်။ သူက မအိပ်မစားနေခဲ့တာကြောင့် အလွန်ပင်ပန်းနေပုံပေါ်တယ်။ ခပ်လှမ်းလှမ်းမှာသာ ရပ်နေရပြီး အခြေအနေကိုစောင့်ကြည့်ရတယ်။ ကားကိုစစ်ဆေးဖို့ တာဝန်ရှိသူတစ်ယောက်ကအနားကပ်သွားတယ်။

"ကားထဲမှာ အမျိုးသမီးအဝတ်အစားတချို့တွေ့တယ် ဆံပင်အတုတွေရော "

သန့်ရှင်းရေး အမျိုးသမီးက သူတို့ထင် ထားသလိုမိန်းမတစ်ယောက်ဟုတ်မနေခဲ့ ။

ဘာကြောင့်လဲ ။ ဘာလို့များ ရှောင်းကျန့်ကိုမှ့ ခေါ်သွားရတာလဲ။ ဘာတွေဖြစ်နေတာလဲကွာ ။ ရဲတွေကားကိုအာရုံစိုက်နေကြစဉ်မှာပဲ ဝမ်ရိပေါ်ရဲ့ဖုန်းထဲကိုမက်ဆေ့တစောင်ဝင်လာခဲ့တယ်။

[ အပြင်ဘက်ကိုထွက်လာခဲ့ ။ ဘယ်သူမှ့သတိမထားမိစေနဲ့ ၊ ရှောင်းကျန့်ကို အသက်ရှင်ရက်ပြန်တွေ့ချင်တယ်ဆိုရင်ပေါ့ ]

ဝမ်ရိပေါ်က တုန်လှုပ်နေတဲ့ စိတ်ကိုမာန်တင်းလိုက်တယ်။

"ကျန်းချန် ငါအပြင်ခဏသွားမယ်
‌ခေါင်းတွေနောက်နေလို့ အအေးတစ်ဘူးလောက်သောက်မှ့ဖြစ်မယ် "

လမ်းမပေါ်ရောက်တော့ သူ့လက်ထဲကို ကလေးတယောက်က ဖုန်းတလုံးလာထည့်တယ်။

တောင် ~~~

ဖုန်းအသစ်ကမက်ဆေ့ချက်ချင်းပဲဝင်လာတယ်။

[ မင်းရဲ့ဖုန်းကို ကလေးကိုပေးလိုက်ပါ ]

ဝမ်ရိပေါ်က သူခိုင်းတဲ့အတိုင်းလုပ်လိုက်တယ်။ဖုန်းအသစ်ထဲ မက်ဆေ့တွေက ဆက်ဝင်လာတယ်။

[ဘေးနားမှာ ကားတစ်စီးတွေ့လား အဲ့ဒီကားထဲဝင်လိုက်၊ သွားရမဲ့ လိပ်စာကို အောက်မှာပို့ထားတယ် ]

ဝမ်ရိပေါ်က ကားထဲဝင်လိုက်တယ် ။ ကားပေါ်မှာ သူအတန်ကြာတွေဝေနေပြီး စာပြန်ပို့လိုက်တယ်။

[ သက်သေပြ ။ ရှောင်းကျန့် မထိခိုက်ပဲကောင်းကောင်းမွန်မွန်ရှိနေပါတယ်ဆိုတဲ့ သက်သေပြ။မဟုတ်ရင် မင်းခိုင်းတာ ငါဘာမှ့မလုပ်နိုင်ဘူး ]

တောင် ~~~

ဖုန်းထဲကို Photo Message ဝင်လာတယ်။

"အ ...အားးး "

ဝမ်ရိပေါ်က ဖုန်းကို လွှတ်ချပြီးကားစီယာတိုင်ကို တဒုန်းဒုန်းထုတယ်။ မျက်နှာကို သူ့လက်တွေနဲ့ အုပ်မိုးဖိ့ကပ်ထားပြီး တသိမ့်သိမ့် ရှိုက်ငိုတယ်။ တဖက်ကပို့လာတဲ့ပုံထဲမှာ သူ့ရဲ့ရှောင်းကျန့်က လူတကိုယ်စာမျှသာရှိတဲ့ ရွှေရောင်လှောင်အိမ်ငယ်လေးထဲမှာ ခွေခွေလေး သတိလစ်နေတယ်။ ဘေးစောင်းလေးလဲနေတာမို့ သွယ်လျတဲ့ကိုယ်ဟန်က သနားစဖွယ်ဖြစ်နေတယ်။ ပြီးတော့ ဒီလိုလှောင်အိမ်မျိုးက အိုမီဂါတွေကို တန်ဖိုးမထားပဲ လိင်ကျွန်လိုဆက်ဆံတတ်တဲ့ Alpha လူချမ်းသာတချို့ အသုံးပြုတတ်တဲ့ ပစ္စည်းမျိုးဖြစ်တယ်။

သူ ...ဘယ်လိုလုပ်ပြီး ကြည့်ရက်နိုင်ပါ့မလဲ ။

"ငါ့ကိုပဲ သတ်သွားပါတော့ ...ငါ့ကိုသတ်လိုက်ကြပါ ။ ရှောင်း ! ကျွန်တော် တောင်းပန်ပါတယ် ဒီကောင်က ကာကွယ်မပေးနိုင်ခဲ့လို့ ..."

Ringing ~~~~~~

**********************************
Paung~pus ♡.
(16.12.2021)

Zawgyi

"အစ္မ ဒါေလးေတြ အၾကမ္းစစ္ၿပီးၿပီ။ အေရာင္ထြက္လဲအဆင္‌ေျပတယ္။အစ္မတခ်က္ျပန္ၾကည့္ၿပီးရင္ အေခ်ာျပန္ထုတ္ေပးပါလား"

"စားပြဲမွာတင္ထားခဲ့ေနာ္ ေမာင္ေလး "

ေရွာင္းက်န႔္က Leo Wang ရဲ႕ သားမက္ေလးျဖစ္ေပမဲ့ လုပ္ငန္းခြင္ထဲမွာ အာဏာလဲမျပတတ္သလို အလုပ္လဲမခိုတတ္ဘူး ။ဒါေၾကာင့္ သူတို႔ department ကလူေတြအားလုံးက ေရွာင္းက်န႔္ကိုခ်စ္ၾကတယ္။ တခါတေလဆိုေရွာင္းက်န႔္က အားလုံးနဲ႕စကားလာေျပာ မုန႔္အတူစားတတ္ေပမဲ့ ဝမ္ရိေပၚက သူ႕အနားက ခဏေပ်ာက္သြားရင္ေတာင္မႀကိဳက္တာေၾကာင့္ ႐ုံးခန္းမွာပဲေနျဖစ္ရတာမ်ားတယ္။

ဝမ္ရိေပၚရဲ႕႐ုံးခန္းရွိရာအထပ္ကိုျပန္မသြားခင္မွာပဲ လက္ေဆးခ်င္စိတ္ျဖစ္တာေၾကာင့္ အမ်ားသုံး သန႔္စင္ခန္းထဲဝင္သြားလိုက္တယ္။Shower Gel အနည္းငယ္ကိုခံယူလိုက္ၿပီး လက္ကိုေသခ်ာေဆးလိုက္တယ္။

ဒီရက္ပိုင္း ရိေပၚနဲ႕ သိပ္စကားမေျပာပဲ ေရွာင္ေနခဲ့ကာအလုပ္ကိုပဲ ဖိလုပ္ေနမိတယ္။ သူကေတာ့ ဘာမွ႕မေျပာရွာပါဘူး။ ေရွာင္းက်န႔္စိတ္ေကာက္ေနတယ္ထင္ၿပီးေခ်ာ့ဖို႔ပဲႀကိဳးစားေနတာ။ တကယ္ေတာ့ ကိုယ့္ဘာသာ က်ိတ္ရွက္ေနတာ သူမသိဘူး။ အိမ္ေထာင္သည္ေတြျဖစ္လာၿပီဆိုေတာ့ ဒီလိုကိစၥေတြက ရွက္အားပိုေနစရာမဟုတ္မွန္း သူလဲ နားလည္ပါတယ္။ ဒါေပမဲ့ Heat ဝင္တဲ့အခ်ိန္ အထိန္းအကြပ္မဲ့ေနတဲ့ ကိုယ္ပုံစံကိုယ္ျပန္ေတြးမိၿပီး စိတ္ထဲတမ်ိဳးႀကီးျဖစ္ေနတာ။ မႀကိဳက္တာလဲမဟုတ္ပါဘူး။ ဒီလိုပဲ .......

"အားးး ေမ့လိုက္ေတာ့ ။ ဒါသဘာဝပဲ အရမ္းေတြးမထားနဲ႕ေရွာင္းက်န႔္။ မင္းသူ႕ကို ခ်စ္တာပဲမလား "

ကိုယ့္ေခါင္းကိုယ္ႏွစ္ခ်က္ေလာက္ထု႔လို႔ ဆုံးမလိုက္တယ္။ အျပင္ျပန္ထြက္မယ္အလုပ္မွာပဲ ညည္းသံသဲ့သဲ့ကိုၾကားလိုက္ရတယ္။

"အျပင္မွာ ....ဘယ္ သူ ရွိ လဲ ဟင္ ....
ကူ ညီ ပါ ဦး ....ဗိုက္ နာ လို႔ပါ ..."

"ဟင္ ? "

ေရွာင္းက်န႔္က အသံလာရာျပန္လွည့္ၾကည့္တယ္။ အိမ္သာေထာင့္ဆုံးအခန္းက လာေနတာျဖစ္ၿပီး အေတာ္ေဝဒနာခံစားေနရပုံေပၚတယ္။

"ဘာ ...ဘာျဖစ္လို႔လဲ "

သူ႕လက္ေတြက တံခါးကိုတြန္းလိုက္ေတာ့အသာအယာပဲ ပြင့္သြားတယ္။ အထဲမွာ ပိန္ေသးေသးကိုယ္ဝန္ေဆာင္ အိုမီဂါေကာင္ေလးတစ္ေယာက္ သူ႕ဗိုက္ေလးကိုဖိ့လို႔ ရႈံ႕မဲ့ေအာ္ဟစ္ေနတယ္။

"ကယ္ပါ ~~~ "

"ခဏေလးေနာ္ ကြၽန္ေတာ္ေဆး႐ုံပို႔ေပးမယ္
လာ ...ကြၽန္ေတာ့္ပုခုံးကိုတြဲ .."

ေရွာင္းက်န႔္က ေကာင္ေလးကို တြဲေပးဖို႔အနားကပ္လိုက္တယ္။ ဒါေပမဲ့ ...လည္ပင္းထက္ စူးေအာင့္သြားတဲ့ ခံစားခ်က္နဲ႕အတူ အေမွာင္ထုထဲက်ေရာက္သြား
ေတာ့တယ္။ ေပ်ာ့ေခြက်သြားတဲ့ ေရွာင္းက်န႔္ကို ၾကည့္ရင္း ေကာင္ေလးက မ်က္စိမ်က္ႏွာပ်က္စြာေျပာတယ္။

"ေတာင္းပန္ပါတယ္။ ေတာင္းပန္ပါတယ္ခဗ်ာ ၊ ကြၽန္ေတာ္လဲ မလြဲသာလို႔ပါ "

သိပ္မၾကာခင္မွာပဲ Design Department ရဲ႕ သန႔္စင္ခန္းထဲကေန ‌အေဒၚႀကီးတေယာက္ တြန္းလွည္းေလးနဲ႕ထြက္လာတယ္။တြန္းလွည္းေပၚမွာ အနက္ေရာင္အမွိုက္ပုံးႀကီးတစ္ပုံးနဲ႕သန႔္ရွင္းေရးပစၥည္းေတြပါတယ္။ အားလုံးက ကိုယ့္အလုပ္နဲ႕ကိုယ္မို႔ သူ႕ကိုသတိေတာင္မထားမိၾကဘူး။

"ေရွာင္းက်န႔္ေရာ "

"Design ခန္းကို ခဏဆင္းသြားတယ္ "

"ၾကာေနၿပီ "

"ေအာ္ သူက ကေလးမွ႕မဟုတ္တာပဲ။ အဲ့ဒီက အစ္မႀကီးေတြနဲ႕ခင္ေနတာကို။ စကားစျမည္ေျပာေနၾကလို႔ၾကာေနတာေနမွာေပါ့ "

ဝမ္ရိေပၚက က်န္းခ်န္စကားကို လက္ခံလိုက္တယ္။ ေရွာင္းက်န႔္ရဲ႕ ဖုန္းအနီေလးက စားပြဲေပၚတင္ထားတာေတြ႕တယ္။ ေရွာင္းက်န႔္ကို သူဘယ္လိုျပန္ေခ်ာ့ရမလဲ တကယ္မသိေတာ့ဘူး။ နည္းမ်ိဳးစုံလဲသုံးၿပီးၿပီ။ စိတ္ဆိုးေနတာလားေမးေတာ့လဲ မဟုတ္ဘူးတဲ့။ ဒီအတိုင္း ရွက္လို႔တဲ့။ ဘာကိုရွက္တာလဲ။ ဘယ္တစ္ခုကိုရွက္တာလဲ။ အျဖစ္အပ်က္ေတြကို ျပန္ေတြးမိေတာ့ ၿပဳံးမိ့သြားတယ္။ ႏွစ္ေယာက္ပဲသိတဲ့ ႏွစ္ကိုယ္ရည္ကိစၥဆိုေတာ့ စိတ္ထဲပဲေတြးၿပီး ၾကည္ႏူးေနမိေတာ့တယ္။

ေန႕လယ္ေစာင္းလာေတာ့ ဒီထက္ပိုအလိုလိုက္ထားလို႔မသင့္ေတာ့။ ေအာက္ထပ္ဆင္းလို႔ ကိုယ္တိုင္ပဲသြားေခၚလိုက္တယ္။

"ေရွာင္းက်န႔္ ဘယ္မွာလဲ "

ဝမ္ရိေပၚကိုျမင္ေတာ့ အားလုံးတိတ္ဆိတ္သြားၿပီး မတ္တပ္ရပ္ကုန္ၾကတယ္။

"ျပန္သြားတာ ၾကာပါၿပီ "

"ဘာ !  ရွာၾကစမ္း အထပ္တစ္ခုလုံးရွာ "

အားလုံးက ဝမ္ရိေပၚရဲ႕ စိတ္ဆိုးမာန္ဆိုးအမူအယာေၾကာင့္ လန႔္ေနၾကတယ္။  Leo Wang group က အလြန္ႀကီးတာေၾကာင့္ လူတေယာက္ရွာဖို႔ဆိုတာ အခ်ိန္တိုတိုနဲ႕မၿပီးဘူး။

"ေရွာင္းက်န႔္ ...ဘယ္မွာလဲ ။ ဘယ္ေရာက္ေနလဲ ၊ ကြၽန္ေတာ္စိတ္ပူေနတယ္ေနာ္ ။ ႐ုံးခန္းကိုျပန္လာခဲ့ပါ ၾကားလား ၊ ကြၽန္ေတာ္အရမ္းစိတ္ပူေနတယ္ "

ထိန္းခ်ဳပ္ခန္းကတဆင့္ မိုက္နဲ႕စကားေျပာေနတာေၾကာင့္ အထပ္တိုင္းမွာ ဝမ္ရိေပၚရဲ႕ စကားသံက ပ်ံ့လႊင့္ေနေတာ့တယ္။ CCTV ကိုစစ္ေဆးၾကည့္ေတာ့ ေရွာင္းက်န႔္က သန႔္စင္ခန္းထဲဝင္သြားတာကိုေနာက္ဆုံးေတြ႕ရၿပီး ျပန္ထြက္မလာေတာ့ဘူး။ သန႔္စင္ခန္းတစ္ခုလုံးကို ရွာၾကေပမဲ့ ေရွာင္းက်န႔္ရဲ႕အရိပ္အေယာင္ေတာင္မေတြ႕ရ။

"ဒီေန႕တေန႕လုံး Design ဌာနရဲ႕ သန႔္စင္ခန္းထဲ အဝင္အထြက္လုပ္ခဲ့တဲ့သူ အားလုံးစာရင္းေကာက္လိုက္၊အခုခ်က္ခ်င္းငါအကုန္လုံးနဲ႕ေတြ႕ခ်င္တယ္ "

က်န္းခ်န္က ဝမ္ရိေပၚခိုင္းသမွ်ကို သြက္သြက္ပဲလုပ္တယ္။ သူအလုပ္ခိုင္းလိုက္လို႔ ေရွာင္းက်န႔္က ေပ်ာက္သြားတာျဖစ္တဲ့အတြက္ အျပစ္မကင္းသလိုခံစားေနရတယ္။ ဝမ္ရိေပၚရဲ႕ ပုံစံကေတာ့ ျမင္ရတဲ့သူ အနားမကပ္ရဲေအာင္ ေၾကာက္စရာေကာင္းေနၿပီျဖစ္တယ္။ လူေတြအားလုံးကို တေယာက္ခ်င္းစစ္ေမးေပမဲ့ ေရွာင္းက်န႔္ကိုေတြ႕လိုက္တဲ့သူတေယာက္မွ႕မရွိဘူး။ ဝမ္ရိေပၚက သူ႕အက်ီက နက္ကတိုင္ကိုဆြဲေဆာင့္ျဖဳတ္ပစ္တယ္။ အခ်ိန္ၾကာလာေလ သူ႕ရဲ႕စိတ္အေျခအေနက ပိုၿပီးဆိုးဝါးလာေလပဲ။ အခုခ်ိန္မွာ စိတ္အေႏွာက္အယွက္ျဖစ္ေစမဲ့ မည္သည့္အရာကိုမဆို တစစီလုပ္ျဖစ္ဖို႔ဝန္မေလးေတာ့ဘူး။

သူ႕ရဲ႕ အိုမီဂါေလး ေပ်ာက္သြားတယ္။ သူတေယာက္ထဲပိုင္ဆိုင္တဲ့ လူ။ ဘယ္လိုလူကမ်ား သူ႕ရဲ႕အပိုင္ကို ခိုးယူရဲသလဲ ။

"ျပန္ရစ္ေပး ငါ့ကို "

ဝန္ထမ္းက သူျပတဲ့ေနရာကို အေနာက္ျပန္ရစ္ေပးတယ္။ဝမ္ရိေပၚက computer screen ကို အာ႐ုံစိုက္ၾကည့္ေနတယ္။

"အဲ့တစ္ေယာက္ ၊ သန႔္ရွင္းေရးလုပ္တဲ့သူလား၊ က်န္းခ်န္ေတြ႕လား အဲ့တစ္ေယာက္ကို ေခၚလိုက္ "

အခ်ိန္အနည္းၾကာေတာ့ က်န္းခ်န္က အေျပးလာေျပာတယ္။

"မရွိေတာ့ဘူး။ အဲ့မိန္းမ ေသခ်ာတယ္ "

သံသယျဖစ္စရာ အျပဳအမူနဲ႕ မိန္းမႀကီးဟာ တြန္းလွည္းနဲ႕အတူ ေျမညီထပ္မွာ အစအနေပ်ာက္သြားတယ္။

မၾကာခင္မွာပဲ ဝမ္ရိေပၚေခၚထားခဲ့တဲ့ ရဲေတြေရာက္လာၿပီး သန႔္စင္ခန္းကို စစ္ေဆးၾကတယ္။

"အမွိုက္ပုံးတစ္ခုထဲမွာ ေဆးထိုးအပ္တေခ်ာင္းေတြ႕ပါတယ္ "

ဓာတ္ခြဲစစ္ေဆးၾကည့္ေတာ့ ေမ့ေဆးပါဝင္ေၾကာင္းသိရတယ္။ အလုပ္သမား အမ်ိဳးသမီးႀကီးရဲ႕ သတင္းအခ်က္အလက္ကို လိုက္ၾကည့္ေတာ့ အလုပ္ဝင္တာမၾကာေသးဟုသိရၿပီး အိမ္လိပ္စာကိုလိုက္ၾကည့္ေတာ့လဲ လိပ္စာအတုျဖစ္ေနတယ္။  ဝမ္အိမ္သားေတြကိုလဲ အေၾကာင္းၾကားလိုက္ရၿပီး ေရွာင္းက်န႔္ရဲ႕ေပ်ာက္ဆုံးမႈ႕က ျပန္ေပးဆြဲခံရမႈ႕ဟု႔သာ ေခါင္းစဥ္တပ္လိုက္ရေတာ့တယ္။

"ဝမ္သခင္ေလး အရမ္းလဲစိတ္မပူပါနဲ႕
ဒီလိုလူမ်ိဳးေတြက ေငြလိုခ်င္တာပါ
ေငြေပးလိုက္ရင္ လူျပန္ရမွာပါ
သူတို႔ဘက္က ဆက္သြယ္လာမွာကို ေစာင့္ၾကည့္ရေအာင္ "

"ေစာင့္ၾကည့္မယ္ ??? ငါ့လူက အခုဘယ္ေရာက္ေနမွန္းမသိဘူး။ မင္းတို႔က ငါ့ကို ေစာင့္ၾကည့္ဆိုတဲ့စကားေျပာရဲတယ္ေပါ့။ စကၠန႔္တိုင္းမွာ သူတစ္ခုခုျဖစ္မသြားနိုင္ပါဘူးလို႔ ဘယ္ေကာင္အာမခံရဲသလဲ ဟမ္! ၊ လုပ္ပါ မင္းတို႔လူေတြမ်ားမ်ားသုံး ၊ ဘယ္ေလာက္ကုန္ကုန္ ငါေပးနိုင္တယ္ ...ငါ့ရဲ႕ေရွာင္းကိုျပန္ေပးပါ ...."

"သား ...စိတ္ထိန္းပါဦး "

ဝမ္ေဟာင္ရန္က သူ႕သားစိတ္ကိုသိတာေၾကာင့္ ေဘးကစိတ္ေလ်ာ့ဖို႔နားခ်ေနရတယ္။ ဝမ္ရိေပၚရဲ႕ပုံစံက ေရွာင္းက်န႔္ကိုျပန္မေတြ႕မခ်င္း ေတြ႕ရာလူ ရန္ရွာထိုးႏွက္ဖို႔ဝန္မေလးပုံပဲ။ ေရွာင္းက်န႔္ေပ်ာက္ဆုံးမႈ႕က သတင္းေတြမွာပါ ခ်က္ခ်င္းပါလာခဲ့ၿပီး နာမည္ႀကီးသတင္းျဖစ္ခဲ့တယ္။ ေနရာတိုင္းမွာ စစ္ေဆးမႈ႕ေတြရွိေနၿပီး ရဲေတြကလဲ အပူတျပင္း တစ္နိုင္ငံလုံးေျမလွန္ရွာၾကတယ္။ နည္းပညာသမားေတြကလဲ company အဝင္အထြက္ဂိတ္ကိုျဖတ္သြားတဲ့ ကားေတြရဲ႕ဦးတည္ရာကို တစ္ခုခ်င္းcctv မွတ္တမ္းေတြကို စစ္ေဆးၾကတယ္။ဂိတ္ေပါက္က ၆ခုရွိတာေၾကာင့္ လြတ္သြားတာမရွိေအာင္ေသခ်ာစစ္ရတယ္။ ဝမ္ရိေပၚက တေနကုန္ စုံစမ္းေရးမွာသာ အခ်ိန္ကုန္ေနခဲ့ကာ အိပ္ခ်ိန္စားခ်ိန္ကိုေတာင္ မသိေတာ့ဘူး။ သူ႕အနားမွာ က်န္းခ်န္က သူငယ္ခ်င္းေကာင္းပီသစြာ တခ်ိန္လုံးရွိေနေပးခဲ့တယ္။

"မင္းေျပာစမ္း ငါတို႔ သူ႕ကိုျပန္ေတြ႕မွာပါ
ဟုတ္တယ္မလား ...ဟင္ ...သူအဆင္ေျပပါ့မလား၊ ေၾကာက္ေနမလား..... ငါအသုံးမက်တာ ...ငါ...သူ႕ကိုခ်က္ခ်င္းသြားေခၚခဲ့ရင္ ဒီလိုေတြျဖစ္လာမွာမဟုတ္ဘူး "

"ဒီမွာ ေတြ႕ၿပီခဗ် ကားနံပါတ္ ××××ကိုတက္သြားတယ္"

အားလုံးရဲ႕အာ႐ုံက cctv မွတ္တမ္းမွာစုပုံေရာက္သြားၾကတယ္။ေရွာင္းက်န႔္လို႔ထင္ရတဲ့ေကာင္ေလးတေယာက္နဲ႕ အမ်ိဳးသမီးတေယာက္ ကားထဲတြဲလို႔ဝင္သြားၾကတာျဖစ္ၿပီး ေရွာင္းက်န႔္ကေခါင္းငိုက္စိုက္က်ေနတယ္။ ဦးထုပ္အမဲကို မ်က္ႏွာဖုံးတဲ့အထိ့ေဆာင္းေပးထားတာေၾကာင့္ ေသခ်ာမျမင္ရေပမဲ့ ေရွာင္းက်န႔္ဆိုတာ ရိေပၚက ေသခ်ာေပါက္ေျပာနိုင္တယ္။

"ကားနံပါတ္ကိုစစ္ၾကည့္ ကားပိုင္ရွင္ဘယ္သူလဲ ၾကည့္ရေအာင္ "

အမႈ႕ကိုတာဝန္ယူထားတဲ့ ရဲအရာရွိက ေျပာတယ္။

"မွတ္ပုံမတင္ထားဘူးဆရာ "

"ဘယ္သြားလဲ လမ္းေၾကာင္းကိုဆက္လိုက္စမ္း "

"ကားနံပါတ္ ××××၊ ××××အမ်ိဳးအစား အနက္ေရာင္ ×××××လမ္းထဲခ်ိဳးဝင္သြားပါတယ္ ဆရာ "

"ေျမျပင္က လူေတြကိုစုလိုက္ေတာ့ "

တီ~~~တီ ~~~

"×××× ရပ္ကြက္အနားတဝိုက္က လွည့္ကင္းေတြ ×××× ကားကို ရွာပါ။ တအိမ္ခ်င္းေသခ်ာစစ္ေဆးၾကည့္ ။ လိုအပ္ရင္ၿခံထဲထိ့ဝင္ၾကည့္ ၊ ကိုယ္တို႔အဖြဲ႕ အခုလာေနၿပီ "

စကားေျပာစက္ကတဆင့္အမိန႔္ေပးလိုက္ၿပီး ရဲကားသံေတြေဝစီသြားတယ္။ ဝမ္ရိေပၚကလည္း သူပါလိုက္မယ္ဟု႔ အတင္းေျပာေနတာေၾကာင့္ ခြင့္ျပဳလိုက္ရတယ္။ တလမ္းလုံးလည္း ဖုန္းစပီကာဖြင့္ထားၿပီး တဖက္က အဖြဲ႕နဲ႕ ေတာက္ေလ်ာက္အဆက္အသြယ္လုပ္ၾကတယ္။

"ကားနံပါတ္ ××××ကိုေတြ႕ၿပီဆရာ "

ေရွာင္းက်န႔္စတင္ေပ်ာက္ဆုံးခ်ိန္ December 12 , မနက္ 10နာရီဝန္းက်င္ .......

သံသယျဖစ္ဖြယ္ အမ်ိဳးသမီးရဲ႕ကားကိုရွာေတြ႕ခ်ိန္  Dec 13 မနက္ 7နာရီ ....

ေနရာ - ××××ရပ္ကြက္ ၊ အိမ္အမွတ္ ×××× ၊ ကား Show Room ဝင္းအတြင္း .....

"ဒီကားက ဒီကိုဘယ္လိုေရာက္ေနတာလဲ "

"လူငယ္ေလးတေယာက္က ေဆးမႈတ္ဖို႔
လာအပ္သြားတာပါ .."

"လူငယ္ ? အမ်ိဳးသမီးႀကီးတေယာက္မဟုတ္ဘူးလား"

"မဟုတ္ပါဘူး ၊ ငယ္ငယ္ေခ်ာေခ်ာေကာင္ေလးတစ္ေယာက္ပဲ။ အာ... ၿပီးေတာ့ သူ႕မွာ သူငယ္ခ်င္းတစ္ေယာက္လဲပါတယ္။ သူ႕သူငယ္ခ်င္းကမူးေနတာလားဘာလားေတာ့မသိဘူး ...အိပ္ေပ်ာ္ေနတာ။ ေနာက္ၿပီး ကားအနီနဲ႕ မိန္းကေလးတစ္ေယာက္က သူတို႔ကိုေခၚသြားတာပဲ "

"အိပ္ေပ်ာ္ေနတဲ့ေကာင္ေလးက
ဒီပုံထဲက ေကာင္ေလးလား အတည္ျပဳေပးပါ"

ဝမ္ရိေပၚက ရဲအရာရွိရဲ႕စကားကိုျဖတ္ၿပီး သူ႕ဖုန္းကိုထုတ္လို႔ ေရွာင္းက်န႔္ရဲ႕ပုံကိုျပတယ္။

"မေျပာတတ္ဘူးဗ် သူ႕မ်က္ႏွာကို ေသခ်ာမျမင္လိုက္ဘူး။ သတိလဲမထားမိဘူး "

"ေက်းဇူးျပဳၿပီး စဥ္းစားၾကည့္ပါဦး
တစ္ခုခု သတိထားမိတာမ်ိဳး "

"တကယ္ မျမင္တာပါဗ်ာ မလိမ္ပါဘူး "

"ကားကို စစ္ေဆးခြင့္ျပဳပါ "

ဝမ္ရိေပၚက ကားထဲကို အလ်င္စလိုဝင္ၾကည့္ဖို႔ႀကိဳးစားတယ္။ ရဲတခ်ိဳ႕က သူ႕ကိုတားလိုက္တယ္။

"ဝမ္သခင္ေလး ခဗ်ား ေႏွာင့္ယွက္ေနတာမ်ားၿပီ။ကြၽန္ေတာ္တို႔ရဲ႕ စုံစမ္းမႈ႕ကို ေက်းဇူးျပဳၿပီး စိတ္ရွည္ရွည္နဲ႕ေစာင့္ေပးလို႔ရမလား "

"ဖယ္ၾကစမ္းပါ ၊ ငါသူ႕ကိုေတြ႕မွ႕ျဖစ္မွာ
လႊတ္ၾကစမ္း !!!! "

"ရိေပၚ !!! "

ဝမ္ရိေပၚက က်န္းခ်န္ဆြဲေခၚရာေနာက္တ႐ြတ္တိုက္ပါသြားတယ္။ သူက မအိပ္မစားေနခဲ့တာေၾကာင့္ အလြန္ပင္ပန္းေနပုံေပၚတယ္။ ခပ္လွမ္းလွမ္းမွာသာ ရပ္ေနရၿပီး အေျခအေနကိုေစာင့္ၾကည့္ရတယ္။ ကားကိုစစ္ေဆးဖို႔ တာဝန္ရွိသူတစ္ေယာက္ကအနားကပ္သြားတယ္။

"ကားထဲမွာ အမ်ိဳးသမီးအဝတ္အစားတခ်ိဳ႕ေတြ႕တယ္ ဆံပင္အတုေတြေရာ "

သန႔္ရွင္းေရး အမ်ိဳးသမီးက သူတို႔ထင္ ထားသလိုမိန္းမတစ္ေယာက္ဟုတ္မေနခဲ့ ။

ဘာေၾကာင့္လဲ ။ ဘာလို႔မ်ား ေရွာင္းက်န႔္ကိုမွ႕ ေခၚသြားရတာလဲ။ ဘာေတြျဖစ္ေနတာလဲကြာ ။ ရဲေတြကားကိုအာ႐ုံစိုက္ေနၾကစဥ္မွာပဲ ဝမ္ရိေပၚရဲ႕ဖုန္းထဲကိုမက္ေဆ့တေစာင္ဝင္လာခဲ့တယ္။

[ အျပင္ဘက္ကိုထြက္လာခဲ့ ။ ဘယ္သူမွ႕သတိမထားမိေစနဲ႕ ၊ ေရွာင္းက်န႔္ကို အသက္ရွင္ရက္ျပန္ေတြ႕ခ်င္တယ္ဆိုရင္ေပါ့ ]

ဝမ္ရိေပၚက စိတ္ကိုမာန္တင္းလိုက္တယ္။

"က်န္းခ်န္ ငါအျပင္ခဏသြားမယ္
‌ေခါင္းေတြေနာက္ေနလို႔ အေအးတစ္ဘူးေလာက္ေသာက္မွ႕ျဖစ္မယ္ "

လမ္းမေပၚေရာက္ေတာ့ သူ႕လက္ထဲကို ကေလးတေယာက္က ဖုန္းတလုံးလာထည့္တယ္။

ေတာင္ ~~~

ဖုန္းအသစ္ကမက္ေဆ့ခ်က္ခ်င္းပဲဝင္လာတယ္။

[ မင္းရဲ႕ဖုန္းကို ကေလးကိုေပးလိုက္ပါ ]

ဝမ္ရိေပၚက သူခိုင္းတဲ့အတိုင္းလုပ္လိုက္တယ္။ဖုန္းအသစ္ထဲ မက္ေဆ့ေတြက ဆက္ဝင္လာတယ္။

[ေဘးနားမွာ ကားတစ္စီးေတြ႕လား အဲ့ဒီကားထဲဝင္လိုက္၊ သြားရမဲ့ လိပ္စာကို ေအာက္မွာပို႔ထားတယ္ ]

ဝမ္ရိေပၚက ကားထဲဝင္လိုက္တယ္ ။ ကားေပၚမွာ သူအတန္ၾကာေတြေဝေနၿပီး စာျပန္ပို႔လိုက္တယ္။

[ သက္ေသျပ ။ ေရွာင္းက်န႔္ မထိခိုက္ပဲေကာင္းေကာင္းမြန္မြန္ရွိေနပါတယ္ဆိုတဲ့ သက္ေသျပ။မဟုတ္ရင္ မင္းခိုင္းတာ ငါဘာမွ႕မလုပ္နိုင္ဘူး ]

ေတာင္ ~~~

ဖုန္းထဲကို Photo Message ဝင္လာတယ္။

"အ ...အားးး "

ဝမ္ရိေပၚက ဖုန္းကို လႊတ္ခ်ၿပီးကားစီယာတိုင္ကို တဒုန္းဒုန္းထုတယ္။ မ်က္ႏွာကို သူ႕လက္ေတြနဲ႕ အုပ္မိုးဖိ့ကပ္ထားၿပီး တသိမ့္သိမ့္ ရွိုက္ငိုတယ္။ တဖက္ကပို႔လာတဲ့ပုံထဲမွာ သူ႕ရဲ႕ေရွာင္းက်န႔္က လူတကိုယ္စာမွ်သာရွိတဲ့ ေ႐ႊေရာင္ေလွာင္အိမ္ငယ္ေလးထဲမွာ ေခြေခြေလး သတိလစ္ေနတယ္။ ေဘးေစာင္းေလးလဲေနတာမို႔ သြယ္လ်တဲ့ကိုယ္ဟန္က သနားစဖြယ္ျဖစ္ေနတယ္။ ၿပီးေတာ့ ဒီလိုေလွာင္အိမ္မ်ိဳးက အိုမီဂါေတြကို တန္ဖိုးမထားပဲ လိင္ကြၽန္လိုဆက္ဆံတတ္တဲ့ Alpha လူခ်မ္းသာတခ်ိဳ႕ အသုံးျပဳတတ္တဲ့ ပစၥည္းမ်ိဳးျဖစ္တယ္။

သူ ...ဘယ္လိုလုပ္ၿပီး ၾကည့္ရက္နိုင္ပါ့မလဲ ။

"ငါ့ကိုပဲ သတ္သြားပါေတာ့ ...ငါ့ကိုသတ္လိုက္ၾကပါ ။ ေရွာင္း ! ကြၽန္ေတာ္ ေတာင္းပန္ပါတယ္ ဒီေကာင္က ကာကြယ္မေပးနိုင္ခဲ့လို႔ ..."

Ringing ~~~~~~

**********************************
Paung~pus ♡.
(16.12.2021)
















Continue Reading

You'll Also Like

501K 59.1K 31
When Yibo become a persona gym trainer for Xiao Zhan... Will Yibo change Chubby XZ to Handsome XZ??? Will Xiaozhan fall for his handsome trainer??? W...
236K 23K 70
แžŠแŸ„แž™แžŸแžถแžšแžแŸ‚แž‚แžปแŸ†แž“แŸ†แž”แžถแž“แž’แŸ’แžœแžพแžขแŸ„แž™แž€แŸ’แž˜แŸแž„แž”แŸ’แžšแžปแžŸแžŠแŸ‚แž›แž˜แžถแž“แž”แŸแŸ‡แžŠแžผแž„แž”แžšแžทแžŸแžปแž‘แŸ’แž’แžŸแŸ’แžšแžŸแŸ‹แžŸแŸ’แžขแžถแžแž”แŸ’แžšแŸ‚แž€แŸ’แž›แžถแž™แž‡แžถแž€แŸ’แž˜แŸแž„แž–แžนแžŸแž–แžปแž›แž–แŸ„แž–แŸแž‰แžŠแŸ„แž™แž›แŸ’แž”แžทแž…แž€แž›แŸ‹ แž‚แŸแž แŸŠแžถแž“แž’แŸ’แžœแžพแž‚แŸ’แžšแž”แŸ‹แž™แŸ‰แžถแž„แžŸแžผแž˜แŸ’แž”แžธแžแŸ‚แž“แžถแž˜แž‡แžถแž”แŸ’แžšแž–แž“แŸ’แž’แž…แžปแž„แž”แžปแžšแžŸแž…...
154K 8.2K 17
แ€€แ€™แ€นแ€˜แ€ฌแ€•แ€ฑแ€ซแ€บแ€™แ€พแ€ฌ แ€œแ€ฐแ€•แ€ฑแ€ซแ€„แ€บแ€ธ billion แ€แ€ปแ€ฎแ€•แ€ผแ€ฎแ€ธแ€›แ€พแ€ญแ€”แ€ฑแ€œแ€Šแ€บแ€ธ แ€€แ€ปแ€ฝแ€”แ€บแ€™แ€กแ€€แ€ผแ€Šแ€บแ€ทแ€แ€ฝแ€ฑแ€€ แ€›แ€พแ€„แ€บแ€ทแ€โ€‹แ€šแ€ฑแ€ฌแ€€แ€บแ€กแ€แ€ฝแ€€แ€บแ€žแ€ฌแ‹
32.8K 2.3K 8
แ€ฑแ€–แ€ฌแ€€แ€นแ€ปแ€•แ€”แ€นแ€แ€ฌแ€€แ€ญแ€ฏแ€แ€ผแ€„แ€นแ€ทแ€œแ‚Šแ€แ€นแ€แ€šแ€นแ€ฑแ€™แ€ฌแ€„แ€น.... แ€„แ€ซแ€ทแ€€แ€ญแ€ฏแ€™แ€แ€บแ€…แ€นแ€ฑแ€แ€ฌแ€ทแ€˜แ€ฐแ€ธแ€†แ€ญแ€ฏแ€แ€ฌแ€€แ€ญแ€ฏแ€ฑแ€แ€ฌแ€ทแ€œแ€ถแ€ฏแ€ธแ€แ€แ€ผแ€„แ€นแ€ทแ€™แ€œแ‚Šแ€แ€นแ€˜แ€ฐแ€ธ.....