Flying Gulls Never Land [ဘာသာ...

By noya_shimizu

536K 71.1K 5.1K

English Title - Flying Gulls Never Land Original Author: Hui Nan Que (回南雀) Eng Translator : Jiraiya Status :... More

Characters Info
Synopsis
1.1
1.2
2.1
2.2
3.1
3.2
4.1
4.2
5.1
5.2
6.1
6.2
7.1
7.2
8.1
8.2
9.1
9.2
10.1
10.2
11
Announcement ⚠️❗️
MANHUA ⚠️❗️
12
13
14
15
16
17
18
19
20 ⚠️
21
22
23.1
23.2
Stay Safe
24
25
26
27 - LADY JUSTICE
28- DO ME A FAVOR
29 - DON'T BE TOO FULL OF YOURSELF
30 - MY BELOVED ELDER BROTHER
31- THIS WAS HIS KINGDOM
32 - A TASTE OF THE HUMAN WORLD
33.1 - ONE, TWO , THREE
33.2 - ONE ,TWO , THREE
34-BE ON YOUR WAY NOW
35-A GOOD PERSON SUFFERING A BAD LIFE
36-DOES IT FEEL GOOD,TOYING WITH ME LIKE THIS
37- I WANT TO BE THAT CAT
38 - I'VE ALREADY LEFT THAT CLUB AGES AGO,OKAY?
39- I CAN WIN ANYWAYS
40-EVEN IF EVERYONE DISAGRESS,I WILL STILL FORGE MY WAY
41-WIND CHARACTER AND WOOD CHARACTER
42- SOME THINGS REALLY COULD NOT BE FORCED
43- I ALSO HAVE SOMETHING THAT I'VE BEEN KEEPING FROM YOU
44- IT'S NOT LIKE I'M THE ONLY ONE FOR YOU
45-WHY DO YOU HAVE A PICTURE OF HIM
46- LURING HIM TOWARDS THE DEPTHS OF THE ABYSS
47 - THE DOOR OPENED
48 - I GIVE UP
49-UH OH, THE KING GOT ANGRY
50- A GRAVE ILLNESS REQUIRES A SERIOUS DOSE OF MEDICINE
51 - TEN YEARS
52 - SOMETHING WAS OFF
53 - THE MARTYR [NSFW⚠️]
54 - THE DEVIL'S DIARY
55- MY DARLING
56 - WAS THAT SINCERE ENOUGH?
57 - STRONG FUCKBOY VIBES
58 - YES
60 - IF YOU HAVE ME YOU WON'T BE BITTER ANYMORE
61 - JEALOUSY INCARNATE
62 - IT FEELS LIKE I'M DREAMIMG RIGHT NOW [NSFW]
63 - LIKE FAIRY LOSS
64 - I'M RIGHT HERE

59- I'LL THINK ABOUT IT

4.8K 784 97
By noya_shimizu

SCROLL DOWN FOR ZAWGYI

UNICODE

CH59 - I'LL THINK ABOUT IT

လုဖုန်း မေးခွန်းကိုမေးစဥ်အတွင်း သူ့ပါးစပ်ကို ရှန့်မင်အော်နားရွက်နားကပ်လျက် တိုးတိမ်သောအသံမျိုးဖြင့်မေးလိုက်သည်ဖြစ်ရာ အခြားသူများမှာ သူ၏အမေးကို မကြားလိုက်နိုင်ကြ ။ ထို့ကြောင့် ရှန့်မင်အော်က 'အင်း'ဟူ၍ တစ်လုံးတည်းပြန်ဖြေလိုက်ချိန်ဝယ် အခြားသူများအားလုံးမှာ ဖုန်းကိုဆွဲယူလာကြပြီးလျှင် မေးခွန်းကိုအပြိုင်အဆိုင်ကြည့်ကြတော့သည် ။

"သန့်စင်ခန်းအသုံးပြုပြီးသွားရင် လက်ဆေးလား?"

ရှန်းရှောင်ရှဲက ပါးစပ်ကိုမဲ့ရွဲ့လျက် ပြောလာပြီးနောက်

"ဘယ်လောက်တောင် ပျင်းဖို့ကောင်းတဲ့မေးခွန်းမျိုးလဲ!"

လျိုရွဲ့က ထိုစကားကို သဘောမတူကြောင်းပြောပြီးလျှင် သူမ၏ကိုယ်ပိုင်ဝေဖန်ချက်ကိုပါ ပြောပြလာတော့သည် ။

"သေချာပေါက် အဲ့လိုမဟုတ်ဘူး ၊ ကျွန်မအထင် ဒီမေးခွန်းက ကောင်းပါတယ် ၊ အနည်းဆုံးတော့ ရှေ့နေရှန့်က တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်တဲ့ ယောကျ်ားလေးမှန်းသိရတာပေါ့"

ရှေ့နေရုံးရှိ ငယ်ငယ်ရွယ်ရွယ်ရှေ့နေအများစုမှာ များသောအားဖြင့် ရှန့်မင်အော်ကို ကြောက်တတ်ကြပြီး ဘယ်သောအခါမှ ဟာသလုပ်လိမ့်မည်မဟုတ် ။ သို့သော် ယနေ့တွင်မူ ပတ်ဝန်းကျင်အနေအထားတစ်ခုလုံး၏ အကျိုးသက်ရောက်မှုဖြင့် သူတို့အားလုံး တစ်ယောက်တစ်လှည့်စီ ရှန့်မင်အော်အား ဝေဖန်နေကြတော့သည် ။

"ကျွန်တော်တို့ သူဌေးထက် ဘယ်သူကများပိုပြီး သန့်ရှင်းနိုင်မှာလဲ ? သူဌေးရုံးခန်းကို ကြည့်တာနဲ့တင် သိသာတယ်လေ ၊ သန့်ရှင်းလွန်းလို့ အဲ့ပေါ်မှာ ဘာအဝတ်အစားမှမပါဘဲ လှိမ့်နေလို့ရတဲ့အထိပဲ "

"အခု မင်းက ငါတို့သူဌေးမှာ အသန့်အကြိုက်လွန်တဲ့ရောဂါရှိတယ်ဆိုပြီး သွယ်ဝိုက်ပြောနေသလားလို့တောင် သံသယဖြစ်မိတယ်"

"မင်းရဲ့ အခြေအမြစ်မရှိတဲ့သံသယကို ပယ်ချတယ်"

"မင်း သူဌေးကိုကြိုက်နေတယ်လို့လည်း  ငါတကယ် သံသယဖြစ်နေမိသေးတယ် ၊ မင်း ခုနကပဲ သူဌေးရဲ့ရုံးခန်းထဲမှာ အဝတ်အစားမပါဘဲ ဖျော်ဖြေဖို့စဥ်းစားနေတာလေ ဟားဟားဟားဟား"

"Fuck ! မင်း သေချင်နေတာလား ?"

လက်အောက်ငယ်သားများက မည်မျှလောက်ပင် ကျီစယ်စနောက်ပါစေ ၊ ရှန့်မင်အော်ကား ဤအရာများအားလုံး သူနှင့်မဆိုင်သကဲ့သို့ တူညီသောမျက်နှာအမူအရာတစ်ခုတည်းကိုသာ ဆင်မြန်းထားလျက် ။ ရှန့်မင်အော်က မုသားဖော်စက်ကို ဖယ်ရှားလိုက်ပြီးလျှင် နေရာမှထကာ ဝရံတာတွင် ဆေးလိပ်သွားသောက်ဦးမည်ဟု ခွင့်တောင်းလျက် ထွက်ခွာသွားတော့သည် ။

ထွက်ခွာသွားသောရှန့်မင်အော်၏ပုံရိပ်ကို တစ်ချက်ကြည့်လိုက်ပြီးလျှင် ရှန့်မင်အော်နောက်မှ လုဖုန်းလိုက်မသွားတော့ဘဲ အခြားသူများနှင့်အတူ အချိန်ကြာကြာ အချိန်ဖြုန်းဖြစ်တော့သည်။ လုဖုန်းတစ်ယောက် ပထမဆုံးသောကစားပွဲမှာပင် ရှုံးနိမ့်သွားသည်ဖြစ်ရာ ၊ အပြစ်ပေးထိုင်ခုံဆီသို့ အခြားသူများအားလုံး၏ တွန်းပို့ခြင်းခံရသည်မှာ စိတ်လှုပ်ရှားဖွယ် ။

လုဖုန်း ကြုံရာနံပါတ်တစ်ခုကို ရွေးချယ်လိုက်ပြီးနောက် ၊ လျိုရွဲ့က ခေတ္တစောင့်ဆိုင်းကာ သူမဖုန်းမျက်နှာပြင်ထက်ပေါ်လာသောမေးခွန်းကို ဖတ်ပြလာတော့သည် ။

"ရှင့်ရဲ့ချစ်သူအတွက် နာမည်ပေးဖူးတဲ့အထဲမှာ ရိုမန့်တစ်အဖြစ်ဆုံးနာမည်?"

"ကျွန်မအထင် မေးခွန်းက ဒီထက်ပိုပြီးစိတ်ဝင်စားစရာကောင်းမယ်ထင်ထားတာ ၊ ဒါပေမဲ့ ဒီလောက်ပဲဆိုရင်တော့..."

လုဖုန်းကား ဆယ်စက္ကန့်သော အချိန်ကန့်သတ်ချက်ကို မကြောက်မရွံ့နှင့်ပင် နောက်ဆုံးသောသုံးစက္ကန့်အလိုမှာမှ အဖြေကို လွယ်လွယ်ကူကူပေးဖြစ်တော့သည်။

"ကျွန်တော့်ရဲ့အချစ်ကလေး"

ရှန်းရှောင်ရှဲကား သူ၏အဖြေကို သည်းမခံနိုင်သည်ဖြစ်ရာ လက်မောင်းများကိုပွတ်သပ်လျက် ထအော်လာတော့သည် ။

"ဒါကြီးက အရမ်းပိုလွန်းတယ်"

"အိပ်မက်တစ်ခုလို ဒီလိုအခြေအနေဆီ ပြောင်းလဲသွားမယ်ဆိုတာသိခဲ့ရင် ကိုယ်ဘာကြောင့် မျက်ရည်တွေကို ဒီလိုထိမ်ချန်ထားမလဲ..."

ဝူရိက ကာရာအိုကေမိုက်ကို နောက်တစ်ကြိမ်ပြန်လည်ဆုပ်ကိုင်လိုက်ပြီးလျှင် အစွမ်းကုန်အားထုတ်လျက် ခံစားချက်အပြည့်ဖြင့် သီချင်းစဆိုတော့သည် ။ သူ၏သီချင်းဆိုသံက လူအားလုံး၏ အာရုံကိုဖမ်းစားသွားခဲ့ပြီး ၊ အားလုံးက ကာရာအိုကေဆိုခြင်းအပေါ် အာရုံစိုက်သွားခြင်း​ကို မြင်လိုက်ရပြီးနောက်ဝယ် လျိုရွဲ့က ဂိမ်းဆော့ခြင်းကိုရပ်တန့်လိုက်တော့သည် ။

"ဖုန်းကော ၊ ရှင့်ရဲ့အချစ်ကလေးက ဟိုနေ့က ဇိမ်ခံကားနဲ့ ရှင့်ကိုလာကြိုတဲ့တစ်ယောက်လား ?"

လုဖုန်း တစ်ဖက်လှည့်ကာ သူ့ကိုမေးခွန်းထုတ်လာသော လျိုရွဲ့အားကြည့်လိုက်၏ ။လျိုရွဲ့ကား အတင်းအဖျင်းပြောခြင်း၌ ကျွမ်းကျင်ပြီးလျှင် သူမ၏မျက်လုံးများကား သိချင်စိတ်တို့ဖြင့် လောင်ကျွမ်းလျက် ။

"မဟုတ်ပါဘူး ၊ အဲ့လို ကြုံရာကျပန်း မခန့်မှန်းနဲ့"

လုဖုန်း မုသားဖော်စက်ကိုချွတ်လိုက်ပြီးနောက် ထိုင်နေရာမှထကာ ဝရံတာဆီထွက်လာခဲ့တော့သည် ။

ဝရံတာအပြင်ဘက်ရှိ ညကောင်းကင်တစ်ခွင်တွင်မူ ကြယ်ပွင့်များက ပြန့်ကျဲနေပြီးလျှင် လမင်းကား ထီးတည်း တောက်ပနေတော့သည် ။
သို့သော်အား တိမ်စိုင်အချို့ရှိနေသေးသည်ဖြစ်ရာ နောက်တစ်နေ့ရာသီဥတု မည်သို့ဖြစ်မည်ကို ခန့်မှန်းဖို့ရာခက်ခဲလှ၏ ။

ရှန့်မင်အော်ကား ဝရံတာလက်ရန်းကို မှီထားပြီးလျှင် လက်ကြားထဲ စီးကရက်တစ်လိပ်ကို ညှပ်ကိုင်ထားခဲ့၏ ။ လုဖုန်း၏တည်ရှိမှုကို ဂရုပြုမိသွားသော ရှန့်မင်အော်၏မျက်နှာအမူအရာက မပြောင်းမလဲတည်ရှိနေပြီးလျှင် တစ်ချက်ဖျတ်ခနဲကြည့်လာခဲ့တော့သည် ။

အပြင်ဘက်တွင်ကား ဝူရိ၏သီချင်းဆိုသံသဲ့သဲ့ကို ကြားနေရသေး၏ ။ လုဖုန်း ရှန့်မင်အော်ဘေးနားသို့တိုးကပ်သွားကာ ရှန့်မင်အော်မကြည့်ဘဲ ဝရံတာလက်ရန်းကို မှီလိုက်ပြီးလျှင် မိမိကိုယ်ကိုပြောနေသည့်နှယ် စတင်၍ စကားပြောတော့သည် ။

"မကြာသေးခင်ကပဲ ချီးယန်ရဲ့ညီမက လာရှာသွားသေးတယ်"

တစ်စုံတစ်ယောက်က ရပ်တန့်သည့်ခလုတ်ကို နှိပ်လိုက်သည့်နှယ် ရှန့်မင်အော်တစ်ယောက် ရုတ်တရက် တောင့်တင်းသွားသည်ကို လုဖုန်း မျက်ဝန်းထောင့်ဆီမှ လှမ်းမြင်လိုက်ရသေး၏ ။
အချိန်အတော်ကြာသည်အထိ လုဖုန်း နောက်ထပ်စကားဆက်မပြောဖြစ်သည်ဖြစ်ရာ တိတ်ဆိတ်မှုကား ကြာညောင်းလျက် ။

"ဘာလို့လာရှာတာလဲ ?" ရှန့်မင်အော်က မေးလာခဲ့ခြင်း ။

လုဖုန်း အသက်ပြင်းပြင်းရှူကာ ဝေ့လည်ရှောင်ပတ်လုပ်ရန် ဆုံးဖြတ်ချက်ချမိတော့သည် ။

"တကယ်တော့..ဘာမှမဟုတ်ပါဘူး..."

မျက်လုံးထောင့်စွန်းအကြည့်မှနေ၍ မီးရောင်လက်သွားသည်ကို လုဖုန်းမြင်လိုက်ရ၏ ။ ထို့နောက် မကြာလိုက်သောအချိန်မှာပင် လုဖုန်း၏လက်ကောက်ဝတ်ကို သူ့ဘေးမှလူက အားနှင့်မာန်နှင့်ဆွဲယူခြင်းကိုခံလိုက်ရတော့သည် ။

"ဘာလို့ မင်းကိုလာရှာတာလဲ ?"

သူ့လက်ကောက်ဝတ်ကိုဆွဲယူကာ မေးမြန်းလာသော ရှန့်မင်အော်၏အသံထဲတွင် ခြိမ်းခြောက်ဟန်အငွေ့အသက်တို့ရောနှောပါဝင်နေလျက် ။

ရိုးရိုးသားသားဝန်ခံရလျှင် ရှန့်မင်အော်တစ်ယောက် ဤပုံစံမျိုးဖြစ်နေခြင်းကို လုဖုန်းနှစ်သက်သည် ။ သို့သော် တစ်ချိန်တည်းမှာပင် ဤသို့စနောက်ခြင်းများလွန်း၍ အနာတရဖြစ်ကာ ပြင်ဆင်ဖို့ရန် ခက်ခဲသောအခြေအနေမျိုးဖြစ်သွားမည်ကိုလည်း လုဖုန်းစိုးရိမ်မိသည် ။ ထို့ကြောင့် အတန်ကြာစဥ်းစားချင့်ချိန်ပြီးနောက်ဝယ် လုဖုန်း ရှန့်မင်အော်အား မခံချိမခံသာဖြစ်အောင်ပြောဆိုနေခြင်းအား ရပ်တန့်ကာ သူမေးလာသည်ကိုဖြေပေးရန် ဆုံးဖြတ်ချက်ချလိုက်တော့သည် ။

"ချီးယန်ညီမက ချီးယန်ရဲ့ဒိုင်ယာရီကိုလာပြတာ ၊ အဲ့တုန်းက ချီးယန်ကသေချင်နေတယ် ၊ ပြီးတော့  ရည်ရွယ်ချက်ရှိရှိနဲ့ပဲ ကျွန်တော် သူ့ကိုသတ်အောင်လို့ရန်စခဲ့တာ"

ရှန့်မင်အော်က ကြက်သေသေလျက် လုဖုန်းအား ခေတ္တမျှစိုက်ကြည့်ပြီးနောက် လက်ကောက်ဝတ်ကို ပြန်လွှတ်ပေးလိုက်ကာ ဝရံတာလက်ရန်းကို နောက်ထပ်တစ်ကြိမ် မှီနေတော့၏ ။ ထို့နောက် ဒုတိယမြောက်စီးကရက်ကို မီးညှိဖို့ရန်လုပ်နေသည့်နှယ် သူ့အိတ်ကပ်ထဲမှ စီးကရက်ဘူးကို ထုတ်ယူလိုက်လေ၏ ။

ရှန့်မင်အော်က သူ့လက်ကိုဖမ်းဆွဲရာ၌ အားသုံးလိုက်ခြင်းကြောင့် နာကျင်သွားသောလက်ကောက်ဝတ်ကို လုဖုန်းပွတ်သပ်လိုက်ပြီးနောက် ဝရံတာလက်ရန်းကို နောက်ထပ်တစ်ကြိမ်  ထပ်မံမှီလိုက်တော့၏ ။ လုဖုန်း အကြည့်တို့ကို မိမိရှေ့တွင်သာ စွဲကပ်ထားလျက် ဆက်ပြောမိသည် ။

"အဲ့တုန်းက ကျွန်တော့်ကိုရန်စဖို့အတွက် ချီးယန် ဘာပြောခဲ့လဲသိလား ?"

မီးခြစ်ဆီမှ မီးတောက်တစ်ခုထွက်ပေါ်လာပြီးလျှင် ၊ မွန်းကြပ်ဖွယ်ကောင်းလှသော ဆေးလိပ်ငွေ့တို့ကလည်း လေ၏သယ်ဆောင်မှုဖြင့် မြူထုနှယ် လုဖုန်းရှိရာဆီသို့ ရောက်ရှိလာတော့သည် ။

ရှန့်မင်အော်က စကားတစ်လုံးမှပြောမလာခဲ့တော့ပေ ။ ချီးယန်၏ဒိုင်ယာရီကို မိမိ ဖတ်ရှုပြီးပြီဟု ပြောလိုက်သည့်အချိန်မှစ၍ ရှန့်မင်အော်တစ်ယောက် အတွေးများထဲ နစ်မျောကာ သူ၏ဖြစ်တည်မှုကိုပင် မေ့လျော့သွားပုံရသည် ။

သို့သော် ရှန့်မင်အော်က သူပြောသည်များကို မကြားနိုင်ခြင်းမျိုးမဟုတ်သည်ကိုတော့ လုဖုန်းသိပါ၏ ။ ထို့ကြောင့် ရှန့်မင်အော် ပြန်ဖြေလာမည်ကို လုဖုန်းစောင့်မနေတော့ဘဲ အမှန်တရားဗုံးများကိုသာ ဆက်လက်ပစ်သွင်းဖြစ်တော့သည် ။

"အကို့ကို သူနဲ့အတူ အသူတရာချောက်နက်ထဲကို  ဆွဲခေါ်သွားမယ်လို့ သူပြောခဲ့တယ်"

ရှန့်မင်အော်ကား နောက်ထပ်တစ်ကြိမ် ထပ်မံမှင်တက်သွားပြန်သည် ။ ဤတစ်ခေါက်တွင်ကား ရှန့်မင်အော်တစ်ယောက် ပို၍အချိန်ကြာကြာ လှုပ်ရှားမှုကင်းမဲ့လျက် ။

လုဖုန်း တစ်ဖက်ကိုလှည့်ကာ ဝရံတာလက်ရန်းပေါ် လက်နှစ်ဖက်လုံးတင်ထားလျက် ၊ ရှန့်မင်အော်ကို မိမိကိုယ်ဖြင့်ဝန်းရံရင်း စကားဆက်ပြောဖြစ်၏ ။

"ကျွန်တော် ဘာလို့ ဒါတွေအကုန်လုံးကို ပြောပြနေလဲ အကိုသိလား ?"

လက်ကြားထဲစီးကရက်တစ်လိပ်ညှပ်ကိုင်ထားသော ရှန့်မင်အော်၏ မျက်ဝန်းများထဲ မသေချာမှုက ဖျတ်ခနဲ အရောင်လက်သွားလျက် ။ သည်တစ်ကြိမ်တွင်တော့ လုဖုန်း အမှန်တကယ်ပင် ရှန့်မင်အော်အား သူ၏မေးခွန်းဖြင့် အခက်တွေ့စေခဲ့ပြီ ။

ဤကဲ့သို့ ယုံမှားသံသယဖြစ်ခံရနိုင်သောအခြေအနေမျိုးအား အခြားလူတစ်ယောက်ယောက်ကတွေ့သွားမည့်အရေးကိုပင် လုဖုန်းဂရုမစိုက်ပဲ ရှန့်မင်အော်အား မိမိကိုယ်ဖြင့် ဖိကပ်ထားမိသည် ။ အခြားသူများက ဤအခြေအနေမျိုးကိုသိသွားခဲ့လျှင်တောင် ၎င်းတို့သည်လည်း နောက်ထပ်ဝူရိများအဖြစ် ပြောင်းလဲသွားကြမည်သာ ။ ၎င်းတို့ မျက်မြင်တွေ့သွားမည်ဆိုလျှင် ထိုအတိုင်းလွှတ်ထားလိုက်မည် ။ လုဖုန်းအနေဖြင့် ရှန့်မင်အော်အား မည်မျှလောက်ထိ ရူးရူးမူးမူးချစ်နေမိသည်ကို တစ်ကမ္ဘာလုံးအား အမှန်တကယ် သိစေချင်မိသည်ဖြစ်ရာ အဘယ့်ကြောင့် သေးသေးမွှားမွှားကိစ္စလေးများကို ဂရုစိုက်ရဦးမည်နည်း ?

"ကျွန်တော် အကို့ကိုကာကွယ်ပေးမယ်လို့ပြောခဲ့တယ် ၊ အဲ့ဒါကြောင့် ကျန်နေတဲ့ ကျွန်တော့်ဘဝတစ်ခုလုံး အကို့ကိုကာကွယ်ပေးရင် ကုန်ဆုံးမှာ ၊ အဲ့လိုပဲ ၊ အကို့ကို ကျွန်တော်ကြိုက်တယ်လို့ပြောခဲ့ရင် ၊ ကျန်တဲ့ဘဝတစ်လျှောက်လုံး အကို့ကိုကြိုက်သွားဦးမှာ ၊ အကို ကျွန်တော့်ကို ဘယ်လိုပဲရိုက်ရိုက် ဘယ်လိုပဲဆူဆူ ကျွန်တော် လက်လျှော့မှာမဟုတ်ဘူး "

အရပ်အမြင့်ကွာခြားချက်ကြောင့် လုဖုန်းအနေဖြင့် မည်သို့မှမတတ်နိုင်ဘဲ ရှန့်မင်အော်အား အတန်ငယ်မော့ကြည့်ရတော့သည် ။

"ကျွန်တော် အကို့အနားကပ်နေရင်တောင်မှ ချောက်နက်ထဲကျမှာမဟုတ်သလို အန္တရာယ်ရှိမှာလည်းမဟုတ်ဘူး၊ ဒါပေမဲ့ အကိုက ကျွန်တော့်ကို ရွေးချယ်ခွင့်မရှိတဲ့အခြေအနေမျိုးမှာထားခဲ့ရင် ကျွန်တော်ဘာလုပ်မိမလဲဆိုတာ ဘယ်သူသိနိုင်မှာလဲ ? တကယ်လို့ အနာဂတ်မှာ အချစ်ကြောင့် ကျွန်တော် အဆောက်အအုံပေါ်က ခုန်ချတာ ဒါမှမဟုတ် ရထားလမ်းပေါ်လှဲအိပ်နေတာမျိုး လုပ်ဖြစ်ခဲ့ရင် ၊ အကို့အတွက် အရှုံးဖြစ်သွားမှာ"

ရှန့်မင်အော်အား ဤကဲ့သို့ ကစားနိုင်လောက်မည့်နေရက်မျိုးရောက်ရှိလာသည်ကို လုဖုန်းမယုံနိုင်သေး ။ ချစ်မိသွားသူတို့အဖို့ သတ္တိများကလည်း အလိုအလျောက်မွေးဖွားလာသည်ဟု ဆိုကြခြင်းကား အံ့အားသင့်စရာမရှိတော့ပေ ။ ဤကိစ္စတွင် အတန်ငယ်မျှသော ယုံကြည်မှုတို့ရှိနေသည့်လုဖုန်းပင်လျှင် အဓိပ္ပာယ်မရှိသောလုပ်ရပ်များကို လုပ်နှင့်ခဲ့ပြီးမဟုတ်ပါလား ။ ရှန့်မင်အော်သာ မိမိနှင့်ဆက်ဆံရေးကို လုံးဝ အဆုံးသတ်လိုက်သည်ရှိသော် လုဖုန်း၏ အမှန်တကယ်ရဲတင်းခဲ့ခြင်းကိုသာ အပြစ်တင်ရလိမ့်မည် ။

"မင်း ငါ့ကိုချိန်းခြောက်နေတာလား?"

ရှန့်မင်အော်ကား မိမိ၏ရဲတင်းမှုကို ရိပ်မိသွားခြင်းအတူ မျက်လုံးများကို အန္တာရာယ်ရှိဟန်ဖြင့် မှေးစင်းလျက် စိုက်ကြည့်လာတော့သည် ။

အမှန်အတိုင်းပြောရသော် လုဖုန်း ထိုအခိုက်အတန့်၌ အနည်းငယ်ထိတ်လန့်သွားသေး၏ ။ သို့သော် သူ့အနေဖြင့် ဤအခြေအနေထိပင် စကားစထားပြီးဖြစ်ရာ မည်သို့သော ကြောက်ရွံ့မှုတစ်စွန်းတစ်စကိုမှ မပေါ်လွင်စေဘဲ စိတ်ငြိမ်ငြိမ်ထားဖို့ရန် မိမိကိုယ်ကို တွန်းအားပေးနေရတော့သည် ။

"ဟုတ်တယ် "

လုဖုန်း ရှန့်မင်အော်ဆီသို့ ဖြည်းဖြည်းချင်းတိုးကပ်သွားကာ နှစ်ယောက်ကြားရှိအကွာအဝေးကို လျှော့ချပစ်လိုက်၏ ။

"အကို အဲ့ကိစ္စကို စဥ်းစားဖို့အတွက် အချိန် ရက်နည်းနည်းလောက်ပေးမယ် ၊ ကျွန်တော့်ကို စိတ်ပျက်အောင်တော့ မလုပ်နဲ့နော်"

'အဲ့ကိစ္စ'ဟူသော စကားလုံးကို ပြောနေစဥ်အချိန်က လုဖုန်းကား ရှန့်မင်အော်နှုတ်ခမ်းများနှင့် တစ်လက်မခန့်အကွာအဝေးတွင် ရှိနေခဲ့သေးသည် ။ သို့သော် ထိုစကားလုံးပြီးနောက်ဝယ် စကားလုံးများမှာ ပို၍ပို၍ဗလုံးဗထွေးဖြစ်လာပြီးလျှင် နောက်ဆုံးသော စကားလုံးနှစ်လုံးကား ရှန့်မင်အော်၏နှုတ်ခမ်းများထဲ နစ်မြုပ်ပျော်ဝင်သွားတော့သည် ။

ခံတွင်းထဲမှတစ်ဆင့် သယ်ဆောင်လာသော စီးကရက်၏ခါးသက်သက်အရသာကို အရသာခံဖုလေးများက အမိအရဖမ်းယူမိ၏ ။ သို့သော် လုဖုန်း၏ဦးနှောက်တစ်ခုလုံးကား တရိပ်ရိပ်တက်လာသော ပျော်ရွှင်ကျေနပ်သာယာမှုလှိုင်းလုံး၏ လွှမ်းမိုးခြင်းကိုခံလိုက်ရလျက် ။

ထို့ပြင်ဖြစ်ပျက်နေသောအရာများနှင့် ပကတိဆန့်ကျင်စွာ 'အရမ်းချိုတယ် ၊ အရမ်းချိုတယ် ၊ ရူးလောက်အောင်ချိုမြိန်လွန်းတယ်'ဟူ၍ ဦးနှောက်တွင်းမှလည်း အော်ဟစ်နေခဲ့၏ ။

ဤအနမ်းကား ယခင်အနမ်းများနှင့် ကွာခြားလှပြီး ရှန့်မင်အော် တန်ပြန်ခုခံခြင်းမျိုးလည်းမရှိပေ ။ ထို့ပြင် ရှန့်မင်အော်၏လျှာအား မိမိလျှာနှင့် ရစ်ပတ်ဖို့ရန်ပင် လွတ်လွတ်လပ်လပ်ခွင့်ပြုထားခဲ့သေး၏ ။ လုဖုန်းတစ်ယောက် ထိုအနမ်းများထဲ ယစ်မူးနေပြီးလျှင် ၊ နောက်ထပ်အသက်မရှူနိုင်လောက်တော့သည်အထိ ၊ ခြေထောက်များ အားအင်ယုတ်လျော့လာသည်အထိ ဖြစ်လာသောအချိန်မှသာလျှင် မခွာချင်ခွာချင်နှင့် ရှန့်မင်အော်အား ဖယ်ခွာလိုက်ရတော့သည် ။

လုဖုန်း ရှန့်မင်အော်ဘက်သို့ ခန္ဓာကိုယ်ကို အမှီပြုထားကာ အသက်ရှုနှုန်း ပုံမှန်ပြန်ဖြစ်အောင် ဖြည်းဖြည်းချင်းကုစားနေရသည် ။ ထို့နောက် ရုတ်တရက်ဆန်စွာပင် လုဖုန်း၏ခါးနေရာက အတန်အသင့်ကြီးမားသောလက်တစ်ဖက်ဖြင့် ဖိကိုင်ခြင်းခံလိုက်ရပြီးလျှင် တုံ့ပြန်မှုအနေဖြင့် လုဖုန်းတစ်ကိုယ်လုံးတုန်ယင်သွားကာ 'အ'ဟူသော အသံကပါ အမှုမဲ့အမှတ်မဲ့ ထွက်ပေါ်သွားလျက် ။

ထိုလက်တစ်ဖက်ကား ခါးနေရာတစ်ဝိုက်တွင် အချိန်ကြာကြာ ဝေ့ဝဲနေခြင်းမရှိ ၊ လျင်လျင်မြန်မြန်ပင် ခန္ဓာကိုယ်အပေါ်ဘက်ဆီသို့ ခရီးဆက်ကာ လုဖုန်း၏လည်ပင်းအနောက်ဘက်အင်္ကျီုကာ်လံကိုဆွဲယူလျက် လုဖုန်းအား အဝေးသို့ဖယ်ခွာစေသည် ။

"ငါ စဥ်းစားကြည့်လိုက်မယ်"

လုဖုန်းက စီးကရက်ကို လက်ရန်းထက် ဖိချေကာ ငြိမ်းသတ်ပြီးနောက် လုဖုန်းကိုတစ်ချက်ကြည့်ကာ ဆိုင်အတွင်းသို့ ပြန်ဝင်သွားတော့သည် ။ သူ၏ကိုယ်ပိုင်ဟန်ဖြစ်သော ခြေလှမ်းကျဲကြီးများဖြင့် ။

လုဖုန်းအား မူလနေရာတွင်ပင် ကြောင်အမ်းလျက်ရပ်နေကာ 'စဥ်းစားလိုက်မည်'ဆိုသော အကြောင်းအရာသည် မည်သည်ကိုရည်ညွှန်းမှန်း စဥ်းစားနေမိ၏ ။ ထို့နောက်မှသာလျှင် သူ၏ကမောက်ကမဖြစ်နေသောဦးနှောက်က ရှန့််မင်အော်ပြောသွားသည်မှာ စောစောက သူတို့ပြောနေခဲ့ကြသည့်အကြောင်းအရာပင်ဖြစ်ကြောင်း နားလည်သွားရတော့သည် ။ ထိုအခိုက်အတန့်တွင် လုဖုန်းတစ်ယောက် စိတ်လှုပ်ရှားပျော်ရွှင်လွန်း၍ ဝတ်လစ်စလစ်အနေအထားနှင့်ပင် ဝရန်တာလက်ရန်းပေါ်  စီးနင်းကခုန်တော့မတတ် ။

ခန္ဓာကိုယ်တွင်း လှိမ့်တက်လာသော အားအင်များက သွားစရာနေရာမရှိတော့ဟန်တူသည် ။ ထို့ကြောင့် လုဖုန်းတစ်ယောက် အရူးတစ်ယောက်နှယ် ပြုံးရွှင်လျက် လက်နှစ်ဖက်ကိုဟိုဝှေ့ဒီယမ်းဖြင့် ပြောမပြနိုင်လောက်သော ပျော်ရွှင်မှုများကို ခန္ဓာကိုယ်လှုပ်ရှားမှုများမှတစ်ဆင့် ဖော်ပြနေမိတော့သည် ။

လူအများစုက 'စဥ်းစားလိုက်ဦးမည်'ဟု ပြောကြသောအခါ ထိုအရာကား ငြင်းဆန်တော့မည်ဟူသည့် ရှေ့ပြေးလက္ခဏာနှင့်ဆင်တူပေ၏ ။ သို့သော် ရှန့်မင်အော်ကား အခြားသူများနှင့်မတူ ကွာခြားလှပြီး 'စဥ်းစားပေးမည်'ဟူသော အချက်ကပင်လျှင် လုဖုန်းအတွက် မြင်တွေ့ရဖို့ရန် အလွန်တရာခဲယဥ်းလှသည့် အပြုအမူပေ ။

လုဖုန်း စိတ်တည်ငြိမ်သွားသည်အထိ အပြင်ဘက်ဝရန်တာတွင် လေညှင်းခံရင်းရပ်နေခဲ့ပြီးနောက် ဆိုင်အတွင်းဘက်သို့ ပြန်ဝင်လာခဲ့တော့သည် ။

ည၉နာရီ မိနစ်၅၀ခန့်သို့ရောက်သောအခါ စားသောက်ဆိုင်မှ ည၁၀နာရီတွင် ပိတ်တော့မည်ဖြစ်​​ကြောင်း ၊ ပိတ်ရသည်မှာလည်း နောက်တစ်နေ့တွင် အလုပ်လုပ်ဖို့ရန် ပြန်လာရမည်ဖြစ်သောကြောင့်ဟူ၍ ယဥ်ယဥ်ကျေးကျေးရှင်းပြလာခဲ့၏ ။ ထို့ကြောင့်ပင် သူတို့အားလုံး ထိုနေရာမှာတွင်အဆုံးသတ်ဖို့ရန် ဆုံးဖြတ်ချက်ချလိုက်ကြတော့သည် ။

ရှန့်မင်အော်ကား အရက်လုံးဝမသောက်ခဲ့သည်ဖြစ်ရာ ကားမောင်းနေနိုင်သေးပြီး ၊ လမ်းကြုံသည့်လူအနည်းစုမှာ ရှန့်မင်အော်နှင့်အတူ လိုက်သွားကြတော့သည် ။

ရှန်းရှောင်ရှဲကား အရက်အနည်းငယ်သောက်ပြီးနောက် မိမိကိုယ်ကို မထိန်းချုပ်နိုင်တော့ဘဲ ၊ သူ၏ခြေလှမ်းများမှာလည်း ယိုင်နဲ့လျက် ။ ဤသို့သော အခြေအနေမျိုးတွင် ရှန်းရှောင်ရှဲအား တစ်ယောက်တည်း အိမ်ပြန်မလွှတ်နိုင်သည်ဖြစ်ရာ ၊ အိမ်ပြန်ပို့ရန်အတွက် တက္ကစီငှားဖို့ကြံရွယ်ရင်း လုဖုန်းတစ်ယောက် ရှန်းရှောင်ရှဲအား လမ်းမဘေးဘက်သို့ တွဲခေါ်လာရတော့သည် ။

လုဖုန်းတို့ရောက်ရှိနေသောလမ်းကား ချင်းဝမ်မြို့တွင် 'ဘယ်သောအခါမှ မအိပ်စက်မငြိမ်သက်သောလမ်း'အဖြစ်နာမည်ကြီးပြီး ၎င်း၏ပျားပန်းခတ်မျှစည်ကားနေသော ပတ်ဝန်းကျင်ကြောင့် ထိပ်ဆုံးနေရာများထဲမှ တစ်ခုဖြစ်လေ၏ ။သို့သော် ဘားနှင့် ကလပ်များ ထူထပ်သိပ်သည်းစွာတည်ရှိခြင်းကြောင့် မူးယစ်နေသောလူငယ်များပေါများခြင်းနှင့်အတူ မှုခင်းဖြစ်ပွားမှုပေါများခြင်းအတွက်လည်း ဤနေရာတစ်ဝိုက်က သတင်းကြီးသေး၏ ။ လူငယ်အရေအတွက်များပြားစွာတည်ရှိခြင်းကြောင့်ပင် ရိုးရိုးဘားမှသည် ၊ ဂေးဘားများ ၊ one night stand များပါရရှိနိုင်သော ကလပ်များအထိ အမျိုးအစားစုံလင်လှပြီး မိမိလိုချင်သမျှ အကုန်ရနိုင်သောနေရာပါပေ ။

"ဖုန်းကော ၊ ဒီနေ့ကလေ တကယ်ကိုပဲ လွန်ခဲ့တဲ့လတွေထဲမှာ အပျော်ရဆုံးရက်တွေထဲက တစ်ရက်ပဲ"

ရှန်းရှောင်ရှဲ၏မျက်နှာကား အရက်ရှိန်ကြောင့် နီရဲနေပြီးလျှင်  အရူးတစ်ယောက်နှယ် ပြုံးနေခဲ့သေး၏ ။

"ကျွန်တော် တကယ်ကို အရမ်းပျော်တယ်"

"ငါလည်း ပျော်တယ် ၊ အရင်လတွေမှာ တစ်နေ့ထက်တစ်နေ့ ပိုပိုပြီးပျော်လာတယ်"

သူတို့နှစ်ယောက် မတူညီသောအကြောင်းအရာများကို ပြောနေကြခြင်းဖြစ်သော်ငြား ၊ လုဖုန်း၏ စကားအစက ရှန်းရှောင်ရှဲ၏စကားအဆုံးနှင့် ကိုက်ညီမှုမရှိသော်ငြား သူတို့နှစ်ယောက် စကားဆက်ပြောနိုင်ခဲ့ကြသေး၏ ။

သူတို့ဘက်သို့ဦးတည်လာသော တက္ကစီတစ်စီးကို လုဖုန်းမြင်လိုက်ရချိန်တွင် ရှန်းရှောင်ရှဲကား ရုတ်တရက်ပင် တစ်နေရာသို့ထွက်သွားတော့သည် ။ ရှန်းရှောင်ရှဲတစ်ယောက် အန်တော့မည်ဟုတွေးကာ လုဖုန်း နောက်မှနေ၍ လိုက်လာခဲ့၏ ။ သို့သော် ပန်းခင်းငယ်အနားရောက်သည့်အချိန်တွင် ရှန်းရှောင်ရှဲကား ရုတ်တရက်ရပ်တန့်သွားခဲ့ကာ ရှေ့သို့တည့်တည့်စိုက်ကြည့်နေလျက်။

လုဖုန်း သံသယဖြင့် ရှန်းရှောင်ရှဲကြည့်နေရာ နေရာကိုလိုက်ကြည့်သောအခါ မဝေးသောတစ်နေရာမှ ဝေ့ရှဲ၏ပုံရိပ်အား မြင်လိုက်ရတော့သည်။

လုဖုန်းတို့ မတ်တပ်ရပ်နေသောနေရာနှင့် ဝေ့ရှဲအကြား ချုံပုံသဏ္ဍာန် အပင်ပုလေးများကိုစိုက်ပျိုးထားပြီး ၊ ထိုအချင်းအရာနှင့်အတူ မှောင်မည်းနေသောပတ်ဝန်းကျင်ကပါ လုဖုန်းတို့တည်ရှိနေမှုကို ဝေ့ရှဲသတိမထားမိအောင် ကူညီပေးနေတော့သည် ။

"မင်း ငါကိုလွှတ်!"

လက်မောင်းတစ်ဖက်ကိုဝှေ့ယမ်းလိုက်သော ဝေ့ရှဲ၏ပုံစံက တော်တော်လေးသောက်လာခဲ့ပုံပေါ်သည် ။

"မင်းနဲ့ ငါနဲ့က ဘာမှမဆိုင်တော့ဘူး ၊ ငါ့ကိုနှောင့်ယှက်နေတာရပ်လိုက်တော့ ၊ ဒါမှမဟုတ် မင်း ငါ့ဆီက ရိုက်ခံရတာ မလုံလောက်သေးလို့လား ?"

ဝေ့ရှဲကို ထိန်းကိုင်ထားသောလူကား ချောမောပြီး ထိုလူ၏မျက်လုံးများမှ နက်ရှိုင်းကာလှပနေလျက် ။ တစ်ချက်ကြည့်ရုံနှင့်ပင် ထိုလူက ကြည့်ကောင်းလွန်းနေသည်ဖြစ်ရာ ၊ မျက်ခုံးထူထူ မျက်လုံးကြီးကြီး ၊ ကြမ်းကြမ်းတမ်းတမ်းပုံသဏ္ဍာန်ရှိသောဝေ့ရှဲနှင့် လုံးဝဥဿုံကွာခြားနေလျက် ။

ဝေ့ရှဲ၏စကားလုံးများကိုကြားလိုက်ရချိန် ထိုလူ၏ခန္ဓာကိုယ်က အတန်ငယ်ကျုံ့သွားသော်ငြား ဝေ့ရှဲကိုတော့ လွှတ်မပေးလိုက်ပါချေ ။

"အဲ့လိုမလုပ်နဲ့ ၊ တကယ် အဲ့တုန်းက ရဲကိုဖုန်းဆက်လိုက်တာ ငါမဟုတ်ဘူး ၊ မင်း ငါ့ကို ယုံကြည်ပေးရမယ်..."

"မင်းမဟုတ်မှန်း ငါသိတယ် ၊ မင်းနဲ့ဖောက်ပြန်နေတဲ့ မိန်းမလေ "

ဝေ့ရှဲက အားသုံးကာ သူ့လက်ကိုဖယ်ချလိုက်ပြီးလျှင် ထိုလူကိုလက်ညှိုးထိုးလျက် ဆဲရေးတော့သည် ။

"ဘယ်လိုတောင် အတွဲညီတဲ့နှစ်ယောက်လဲ ၊ တစ်ယောက်က ဆန်ကုန်မြေလေး ပြီးတော့ အဲ့ဆန်ကုန်မြေလေးရဲ့ကောင်မ!
ငါ့ဘဝတစ်လျှောက်လုံးမှာ  အကြီးဆုံးအမှားက မင်းကိုတွေ့ခဲ့တာပဲ ၊ ငါ့ဆီ ဒုက္ခတွေသယ်မလာဖို့ ၊   ငါ့မျက်စိရှေ့က ထွက်သွားဖို့ ငါတောင်းပန်တယ် ၊ အတိတ်ကိုမမေ့နိုင်သေးလိုဟန်ဆောင်ပြီးတော့ မင်းနဲ့အတူ ချုံးယောင်ရဲ့ဇာတ်လမ်းတွေထဲမှာ သရုပ်ဆောင်ဖို့ ငါ့ကိုဆွဲမထည့်စမ်းပါနဲ့ ၊ ငါ မင်းကို လုံးဝမမြင်ချင်ဘူး!"

[T/N ချုံးယောင်က ထိုင်ဝမ်စာရေးသူတစ်ယောက် ၊ ထုတ်လုပ်သူတစ်ယောက်ဖြစ်ပြီးတော့ တရုတ်ဘာသာစကားပြောတဲ့နေရာတွေမှာ romance novels တွေနဲ့ပတ်သက်ပြီး အတော်လေးimpactရှိခဲ့သူတစ်ဦးပါ ၊ သူမရဲ့ လက်ရာတွေထဲမှာ 'My fair princess'လိုမျိုး iconic dramaတွေ ပါဝင်ပါတယ်]

ချီးပဲ ၊ အဲ့တစ်ယောက် 'သူထောင်ကျရတဲ့အကြောင်းအရင်းက သူ့ချစ်သူကြောင့်'ဆိုပြီး ဝေ့ရှဲပြောပြခဲ့တဲ့တစ်ယောက်လား ?

"မသွားဘူး ၊ ငါ မင်းကို ဖက်တွယ်ထားပြီးတော့ မင်းဆီကို ကံဆိုးမှုတွေယူလာပေးဦးမှာ ၊ မင်း ငါ့ကိုမမေ့သေးဘူးဆိုတာ ငါသိတယ်"

ထိုလူက ရုတ်ချည်းပင် ဝေ့ရှဲ၏အနီးသို့တိုးကပ်သွားခဲ့ပြီးနောက် ၊ ဝေ့ရှဲ၏ပုခုံးများထက် လက်နှစ်ဖက်တင်ကာ အတင်းအဓမ္မ အနမ်းပေးရန် ကြံရွယ်နေသယောင် ပြုမူနေတော့သည် ။

ထိုလူ၏အရှက်မဲ့ခြင်းကို လုဖုန်းသက်ပြင်းချနေဆဲမှာပင် ရုတ်တရက် မိမိ၏ပုခုံးတစ်ဖက်မှ ပေါ့ပါးသွားခြင်းကို ခံစားလိုက်ရတော့သည် ။ ရှန်းရှောင်ရှဲတစ်ယောက် လုဖုန်း နံဘေးမှထွက်ခွာသွားပြီဖြစ်ပြီး သူ၏ခန္ဓာကိုယ်ကား ယုန်လေးတစ်ကောင်နှယ် လျင်မြန်ဖျတ်လတ်နေတော့သည် ။ ထို့နောက် တစ်မီတာခန့်ရှည်လှသောချုံပင်များပေါ်  လွှားခနဲခုန်ကျော်ကာ အခြားတစ်ဖက်သို့ပြေးသွားပြီးလျှင် ၊ အဝေးကန်ချက်တစ်ခုကို ပို့လွှတ်လျက် ။ ဝေ့ရှဲ၏ရည်းစားဟောင်းကား ထိုအချင်းအရာကြောင့်ပင် လေထဲလွင့်စင်ကာ နှစ်မီတာခန့်အကွာအဝေး၌ မြေပြင်ပေါ်ကျသွားတော့သည် ။

T/N
အိမ်း ကိုကို့အတွက်ဆို အသက်ပင်သေသေဆိုတဲ့ စူပါမန်းတွေများသဟ
ဘယ်မလဲ ကျုပ်တို့အတွက် တရားမျှတမှု..

ZAWGYI

CH59 - I'LL THINK ABOUT IT

လုဖုန္း ေမးခြန္းကိုေမးစဥ္အတြင္း သူ႕ပါးစပ္ကို ရွန့္မင္ေအာ္နား႐ြက္နားကပ္လ်က္ တိုးတိမ္ေသာအသံမ်ိဳးျဖင့္ေမးလိုက္သည္ျဖစ္ရာ အျခားသူမ်ားမွာ သူ၏အေမးကို မၾကားလိုက္နိုင္ၾက ။ ထို႔ေၾကာင့္ ရွန့္မင္ေအာ္က 'အင္း'ဟူ၍ တစ္လုံးတည္းျပန္ေျဖလိုက္ခ်ိန္ဝယ္ အျခားသူမ်ားအားလုံးမွာ ဖုန္းကိုဆြဲယူလာၾကၿပီးလွ်င္ ေမးခြန္းကိုအၿပိဳင္အဆိုင္ၾကည့္ၾကေတာ့သည္ ။

"သန့္စင္ခန္းအသုံးျပဳၿပီးသြားရင္ လက္ေဆးလား?"

ရွန္းေရွာင္ရွဲက ပါးစပ္ကိုမဲ့႐ြဲ႕လ်က္ ေျပာလာၿပီးေနာက္

"ဘယ္ေလာက္ေတာင္ ပ်င္းဖို႔ေကာင္းတဲ့ေမးခြန္းမ်ိဳးလဲ!"

လ်ိဳ႐ြဲ႕က ထိုစကားကို သေဘာမတူေၾကာင္းေျပာၿပီးလွ်င္ သူမ၏ကိုယ္ပိုင္ေဝဖန္ခ်က္ကိုပါ ေျပာျပလာေတာ့သည္ ။

"ေသခ်ာေပါက္ အဲ့လိုမဟုတ္ဘူး ၊ ကြၽန္မအထင္ ဒီေမးခြန္းက ေကာင္းပါတယ္ ၊ အနည္းဆုံးေတာ့ ေရွ႕ေနရွန့္က တစ္ကိုယ္ေရသန့္ရွင္းေရးကို ဂ႐ုစိုက္တဲ့ ေယာက်္ားေလးမွန္းသိရတာေပါ့"

ေရွ႕ေန႐ုံးရွိ ငယ္ငယ္႐ြယ္႐ြယ္ေရွ႕ေနအမ်ားစုမွာ မ်ားေသာအားျဖင့္ ရွန့္မင္ေအာ္ကို ေၾကာက္တတ္ၾကၿပီး ဘယ္ေသာအခါမွ ဟာသလုပ္လိမ့္မည္မဟုတ္ ။ သို႔ေသာ္ ယေန႕တြင္မူ ပတ္ဝန္းက်င္အေနအထားတစ္ခုလုံး၏ အက်ိဳးသက္ေရာက္မႈျဖင့္ သူတို႔အားလုံး တစ္ေယာက္တစ္လွည့္စီ ရွန့္မင္ေအာ္အား ေဝဖန္ေနၾကေတာ့သည္ ။

"ကြၽန္ေတာ္တို႔ သူေဌးထက္ ဘယ္သူကမ်ားပိုၿပီး သန့္ရွင္းနိုင္မွာလဲ ? သူေဌး႐ုံးခန္းကို ၾကည့္တာနဲ႕တင္ သိသာတယ္ေလ ၊ သန့္ရွင္းလြန္းလို႔ အဲ့ေပၚမွာ ဘာအဝတ္အစားမွမပါဘဲ လွိမ့္ေနလို႔ရတဲ့အထိပဲ "

"အခု မင္းက ငါတို႔သူေဌးမွာ အသန့္အႀကိဳက္လြန္တဲ့ေရာဂါရွိတယ္ဆိုၿပီး သြယ္ဝိုက္ေျပာေနသလားလို႔ေတာင္ သံသယျဖစ္မိတယ္"

"မင္းရဲ႕ အေျခအျမစ္မရွိတဲ့သံသယကို ပယ္ခ်တယ္"

"မင္း သူေဌးကိုႀကိဳက္ေနတယ္လို႔လည္း  ငါတကယ္ သံသယျဖစ္ေနမိေသးတယ္ ၊ မင္း ခုနကပဲ သူေဌးရဲ႕႐ုံးခန္းထဲမွာ အဝတ္အစားမပါဘဲ ေဖ်ာ္ေျဖဖို႔စဥ္းစားေနတာေလ ဟားဟားဟားဟား"

"Fuck ! မင္း ေသခ်င္ေနတာလား ?"

လက္ေအာက္ငယ္သားမ်ားက မည္မွ်ေလာက္ပင္ က်ီစယ္စေနာက္ပါေစ ၊ ရွန့္မင္ေအာ္ကား ဤအရာမ်ားအားလုံး သူႏွင့္မဆိုင္သကဲ့သို႔ တူညီေသာမ်က္ႏွာအမူအရာတစ္ခုတည္းကိုသာ ဆင္ျမန္းထားလ်က္ ။ ရွန့္မင္ေအာ္က မုသားေဖာ္စက္ကို ဖယ္ရွားလိုက္ၿပီးလွ်င္ ေနရာမွထကာ ဝရံတာတြင္ ေဆးလိပ္သြားေသာက္ဦးမည္ဟု ခြင့္ေတာင္းလ်က္ ထြက္ခြာသြားေတာ့သည္ ။

ထြက္ခြာသြားေသာရွန့္မင္ေအာ္၏ပုံရိပ္ကို တစ္ခ်က္ၾကည့္လိုက္ၿပီးလွ်င္ ရွန့္မင္ေအာ္ေနာက္မွ လုဖုန္းလိုက္မသြားေတာ့ဘဲ အျခားသူမ်ားႏွင့္အတူ အခ်ိန္ၾကာၾကာ အခ်ိန္ျဖဳန္းျဖစ္ေတာ့သည္။ လုဖုန္းတစ္ေယာက္ ပထမဆုံးေသာကစားပြဲမွာပင္ ရႈံးနိမ့္သြားသည္ျဖစ္ရာ ၊ အျပစ္ေပးထိုင္ခုံဆီသို႔ အျခားသူမ်ားအားလုံး၏ တြန္းပို႔ျခင္းခံရသည္မွာ စိတ္လႈပ္ရွားဖြယ္ ။

လုဖုန္း ႀကဳံရာနံပါတ္တစ္ခုကို ေ႐ြးခ်ယ္လိုက္ၿပီးေနာက္ ၊ လ်ိဳ႐ြဲ႕က ေခတၱေစာင့္ဆိုင္းကာ သူမဖုန္းမ်က္ႏွာျပင္ထက္ေပၚလာေသာေမးခြန္းကို ဖတ္ျပလာေတာ့သည္ ။

"ရွင့္ရဲ႕ခ်စ္သူအတြက္ နာမည္ေပးဖူးတဲ့အထဲမွာ ရိုမန့္တစ္အျဖစ္ဆုံးနာမည္?"

"ကြၽန္မအထင္ ေမးခြန္းက ဒီထက္ပိုၿပီးစိတ္ဝင္စားစရာေကာင္းမယ္ထင္ထားတာ ၊ ဒါေပမဲ့ ဒီေလာက္ပဲဆိုရင္ေတာ့..."

လုဖုန္းကား ဆယ္စကၠန့္ေသာ အခ်ိန္ကန့္သတ္ခ်က္ကို မေၾကာက္မ႐ြံ႕ႏွင့္ပင္ ေနာက္ဆုံးေသာသုံးစကၠန့္အလိုမွာမွ အေျဖကို လြယ္လြယ္ကူကူေပးျဖစ္ေတာ့သည္။

"ကြၽန္ေတာ့္ရဲ႕အခ်စ္ကေလး"

ရွန္းေရွာင္ရွဲကား သူ၏အေျဖကို သည္းမခံနိုင္သည္ျဖစ္ရာ လက္ေမာင္းမ်ားကိုပြတ္သပ္လ်က္ ထေအာ္လာေတာ့သည္ ။

"ဒါႀကီးက အရမ္းပိုလြန္းတယ္"

"အိပ္မက္တစ္ခုလို ဒီလိုအေျခအေနဆီ ေျပာင္းလဲသြားမယ္ဆိုတာသိခဲ့ရင္ ကိုယ္ဘာေၾကာင့္ မ်က္ရည္ေတြကို ဒီလိုထိမ္ခ်န္ထားမလဲ..."

ဝူရိက ကာရာအိုေကမိုက္ကို ေနာက္တစ္ႀကိမ္ျပန္လည္ဆုပ္ကိုင္လိုက္ၿပီးလွ်င္ အစြမ္းကုန္အားထုတ္လ်က္ ခံစားခ်က္အျပည့္ျဖင့္ သီခ်င္းစဆိုေတာ့သည္ ။ သူ၏သီခ်င္းဆိုသံက လူအားလုံး၏ အာ႐ုံကိုဖမ္းစားသြားခဲ့ၿပီး ၊ အားလုံးက ကာရာအိုေကဆိုျခင္းအေပၚ အာ႐ုံစိုက္သြားျခင္း​ကို ျမင္လိုက္ရၿပီးေနာက္ဝယ္ လ်ိဳ႐ြဲ႕က ဂိမ္းေဆာ့ျခင္းကိုရပ္တန့္လိုက္ေတာ့သည္ ။

"ဖုန္းေကာ ၊ ရွင့္ရဲ႕အခ်စ္ကေလးက ဟိုေန႕က ဇိမ္ခံကားနဲ႕ ရွင့္ကိုလာႀကိဳတဲ့တစ္ေယာက္လား ?"

လုဖုန္း တစ္ဖက္လွည့္ကာ သူ႕ကိုေမးခြန္းထုတ္လာေသာ လ်ိဳ႐ြဲ႕အားၾကည့္လိုက္၏ ။လ်ိဳ႐ြဲ႕ကား အတင္းအဖ်င္းေျပာျခင္း၌ ကြၽမ္းက်င္ၿပီးလွ်င္ သူမ၏မ်က္လုံးမ်ားကား သိခ်င္စိတ္တို႔ျဖင့္ ေလာင္ကြၽမ္းလ်က္ ။

"မဟုတ္ပါဘူး ၊ အဲ့လို ႀကဳံရာက်ပန္း မခန့္မွန္းနဲ႕"

လုဖုန္း မုသားေဖာ္စက္ကိုခြၽတ္လိုက္ၿပီးေနာက္ ထိုင္ေနရာမွထကာ ဝရံတာဆီထြက္လာခဲ့ေတာ့သည္ ။

ဝရံတာအျပင္ဘက္ရွိ ညေကာင္းကင္တစ္ခြင္တြင္မူ ၾကယ္ပြင့္မ်ားက ျပန့္က်ဲေနၿပီးလွ်င္ လမင္းကား ထီးတည္း ေတာက္ပေနေတာ့သည္ ။
သို႔ေသာ္အား တိမ္စိုင္အခ်ိဳ႕ရွိေနေသးသည္ျဖစ္ရာ ေနာက္တစ္ေန႕ရာသီဥတု မည္သို႔ျဖစ္မည္ကို ခန့္မွန္းဖို႔ရာခက္ခဲလွ၏ ။

ရွန့္မင္ေအာ္ကား ဝရံတာလက္ရန္းကို မွီထားၿပီးလွ်င္ လက္ၾကားထဲ စီးကရက္တစ္လိပ္ကို ညွပ္ကိုင္ထားခဲ့၏ ။ လုဖုန္း၏တည္ရွိမႈကို ဂ႐ုျပဳမိသြားေသာ ရွန့္မင္ေအာ္၏မ်က္ႏွာအမူအရာက မေျပာင္းမလဲတည္ရွိေနၿပီးလွ်င္ တစ္ခ်က္ဖ်တ္ခနဲၾကည့္လာခဲ့ေတာ့သည္ ။

အျပင္ဘက္တြင္ကား ဝူရိ၏သီခ်င္းဆိုသံသဲ့သဲ့ကို ၾကားေနရေသး၏ ။ လုဖုန္း ရွန့္မင္ေအာ္ေဘးနားသို႔တိုးကပ္သြားကာ ရွန့္မင္ေအာ္မၾကည့္ဘဲ ဝရံတာလက္ရန္းကို မွီလိုက္ၿပီးလွ်င္ မိမိကိုယ္ကိုေျပာေနသည့္ႏွယ္ စတင္၍ စကားေျပာေတာ့သည္ ။

"မၾကာေသးခင္ကပဲ ခ်ီးယန္ရဲ႕ညီမက လာရွာသြားေသးတယ္"

တစ္စုံတစ္ေယာက္က ရပ္တန့္သည့္ခလုတ္ကို ႏွိပ္လိုက္သည့္ႏွယ္ ရွန့္မင္ေအာ္တစ္ေယာက္ ႐ုတ္တရက္ ေတာင့္တင္းသြားသည္ကို လုဖုန္း မ်က္ဝန္းေထာင့္ဆီမွ လွမ္းျမင္လိုက္ရေသး၏ ။
အခ်ိန္အေတာ္ၾကာသည္အထိ လုဖုန္း ေနာက္ထပ္စကားဆက္မေျပာျဖစ္သည္ျဖစ္ရာ တိတ္ဆိတ္မႈကား ၾကာေညာင္းလ်က္ ။

"ဘာလို႔လာရွာတာလဲ ?" ရွန့္မင္ေအာ္က ေမးလာခဲ့ျခင္း ။

လုဖုန္း အသက္ျပင္းျပင္းရႉကာ ေဝ့လည္ေရွာင္ပတ္လုပ္ရန္ ဆုံးျဖတ္ခ်က္ခ်မိေတာ့သည္ ။

"တကယ္ေတာ့..ဘာမွမဟုတ္ပါဘူး..."

မ်က္လုံးေထာင့္စြန္းအၾကည့္မွေန၍ မီးေရာင္လက္သြားသည္ကို လုဖုန္းျမင္လိုက္ရ၏ ။ ထို႔ေနာက္ မၾကာလိုက္ေသာအခ်ိန္မွာပင္ လုဖုန္း၏လက္ေကာက္ဝတ္ကို သူ႕ေဘးမွလူက အားႏွင့္မာန္ႏွင့္ဆြဲယူျခင္းကိုခံလိုက္ရေတာ့သည္ ။

"ဘာလို႔ မင္းကိုလာရွာတာလဲ ?"

သူ႕လက္ေကာက္ဝတ္ကိုဆြဲယူကာ ေမးျမန္းလာေသာ ရွန့္မင္ေအာ္၏အသံထဲတြင္ ၿခိမ္းေျခာက္ဟန္အေငြ႕အသက္တို႔ေရာေႏွာပါဝင္ေနလ်က္ ။

ရိုးရိုးသားသားဝန္ခံရလွ်င္ ရွန့္မင္ေအာ္တစ္ေယာက္ ဤပုံစံမ်ိဳးျဖစ္ေနျခင္းကို လုဖုန္းႏွစ္သက္သည္ ။ သို႔ေသာ္ တစ္ခ်ိန္တည္းမွာပင္ ဤသို႔စေနာက္ျခင္းမ်ားလြန္း၍ အနာတရျဖစ္ကာ ျပင္ဆင္ဖို႔ရန္ ခက္ခဲေသာအေျခအေနမ်ိဳးျဖစ္သြားမည္ကိုလည္း လုဖုန္းစိုးရိမ္မိသည္ ။ ထို႔ေၾကာင့္ အတန္ၾကာစဥ္းစားခ်င့္ခ်ိန္ၿပီးေနာက္ဝယ္ လုဖုန္း ရွန့္မင္ေအာ္အား မခံခ်ိမခံသာျဖစ္ေအာင္ေျပာဆိုေနျခင္းအား ရပ္တန့္ကာ သူေမးလာသည္ကိုေျဖေပးရန္ ဆုံးျဖတ္ခ်က္ခ်လိဳက္ေတာ့သည္ ။

"ခ်ီးယန္ညီမက ခ်ီးယန္ရဲ႕ဒိုင္ယာရီကိုလာျပတာ ၊ အဲ့တုန္းက ခ်ီးယန္ကေသခ်င္ေနတယ္ ၊ ၿပီးေတာ့  ရည္႐ြယ္ခ်က္ရွိရွိနဲ႕ပဲ ကြၽန္ေတာ္ သူ႕ကိုသတ္ေအာင္လို႔ရန္စခဲ့တာ"

ရွန့္မင္ေအာ္က ၾကက္ေသေသလ်က္ လုဖုန္းအား ေခတၱမွ်စိုက္ၾကည့္ၿပီးေနာက္ လက္ေကာက္ဝတ္ကို ျပန္လႊတ္ေပးလိုက္ကာ ဝရံတာလက္ရန္းကို ေနာက္ထပ္တစ္ႀကိမ္ မွီေနေတာ့၏ ။ ထို႔ေနာက္ ဒုတိယေျမာက္စီးကရက္ကို မီးညွိဖို႔ရန္လုပ္ေနသည့္ႏွယ္ သူ႕အိတ္ကပ္ထဲမွ စီးကရက္ဘူးကို ထုတ္ယူလိုက္ေလ၏ ။

ရွန့္မင္ေအာ္က သူ႕လက္ကိုဖမ္းဆြဲရာ၌ အားသုံးလိုက္ျခင္းေၾကာင့္ နာက်င္သြားေသာလက္ေကာက္ဝတ္ကို လုဖုန္းပြတ္သပ္လိုက္ၿပီးေနာက္ ဝရံတာလက္ရန္းကို ေနာက္ထပ္တစ္ႀကိမ္  ထပ္မံမွီလိုက္ေတာ့၏ ။ လုဖုန္း အၾကည့္တို႔ကို မိမိေရွ႕တြင္သာ စြဲကပ္ထားလ်က္ ဆက္ေျပာမိသည္ ။

"အဲ့တုန္းက ကြၽန္ေတာ့္ကိုရန္စဖို႔အတြက္ ခ်ီးယန္ ဘာေျပာခဲ့လဲသိလား ?"

မီးျခစ္ဆီမွ မီးေတာက္တစ္ခုထြက္ေပၚလာၿပီးလွ်င္ ၊ မြန္းၾကပ္ဖြယ္ေကာင္းလွေသာ ေဆးလိပ္ေငြ႕တို႔ကလည္း ေလ၏သယ္ေဆာင္မႈျဖင့္ ျမဴထုႏွယ္ လုဖုန္းရွိရာဆီသို႔ ေရာက္ရွိလာေတာ့သည္ ။

ရွန့္မင္ေအာ္က စကားတစ္လုံးမွေျပာမလာခဲ့ေတာ့ေပ ။ ခ်ီးယန္၏ဒိုင္ယာရီကို မိမိ ဖတ္ရႈၿပီးၿပီဟု ေျပာလိုက္သည့္အခ်ိန္မွစ၍ ရွန့္မင္ေအာ္တစ္ေယာက္ အေတြးမ်ားထဲ နစ္ေမ်ာကာ သူ၏ျဖစ္တည္မႈကိုပင္ ေမ့ေလ်ာ့သြားပုံရသည္ ။

သို႔ေသာ္ ရွန့္မင္ေအာ္က သူေျပာသည္မ်ားကို မၾကားနိုင္ျခင္းမ်ိဳးမဟုတ္သည္ကိုေတာ့ လုဖုန္းသိပါ၏ ။ ထို႔ေၾကာင့္ ရွန့္မင္ေအာ္ ျပန္ေျဖလာမည္ကို လုဖုန္းေစာင့္မေနေတာ့ဘဲ အမွန္တရားဗုံးမ်ားကိုသာ ဆက္လက္ပစ္သြင္းျဖစ္ေတာ့သည္ ။

"အကို႔ကို သူနဲ႕အတူ အသူတရာေခ်ာက္နက္ထဲကို  ဆြဲေခၚသြားမယ္လို႔ သူေျပာခဲ့တယ္"

ရွန့္မင္ေအာ္ကား ေနာက္ထပ္တစ္ႀကိမ္ ထပ္မံမွင္တက္သြားျပန္သည္ ။ ဤတစ္ေခါက္တြင္ကား ရွန့္မင္ေအာ္တစ္ေယာက္ ပို၍အခ်ိန္ၾကာၾကာ လႈပ္ရွားမႈကင္းမဲ့လ်က္ ။

လုဖုန္း တစ္ဖက္ကိုလွည့္ကာ ဝရံတာလက္ရန္းေပၚ လက္ႏွစ္ဖက္လုံးတင္ထားလ်က္ ၊ ရွန့္မင္ေအာ္ကို မိမိကိုယ္ျဖင့္ဝန္းရံရင္း စကားဆက္ေျပာျဖစ္၏ ။

"ကြၽန္ေတာ္ ဘာလို႔ ဒါေတြအကုန္လုံးကို ေျပာျပေနလဲ အကိုသိလား ?"

လက္ၾကားထဲစီးကရက္တစ္လိပ္ညွပ္ကိုင္ထားေသာ ရွန့္မင္ေအာ္၏ မ်က္ဝန္းမ်ားထဲ မေသခ်ာမႈက ဖ်တ္ခနဲ အေရာင္လက္သြားလ်က္ ။ သည္တစ္ႀကိမ္တြင္ေတာ့ လုဖုန္း အမွန္တကယ္ပင္ ရွန့္မင္ေအာ္အား သူ၏ေမးခြန္းျဖင့္ အခက္ေတြ႕ေစခဲ့ၿပီ ။

ဤကဲ့သို႔ ယုံမွားသံသယျဖစ္ခံရနိုင္ေသာအေျခအေနမ်ိဳးအား အျခားလူတစ္ေယာက္ေယာက္ကေတြ႕သြားမည့္အေရးကိုပင္ လုဖုန္းဂ႐ုမစိုက္ပဲ ရွန့္မင္ေအာ္အား မိမိကိုယ္ျဖင့္ ဖိကပ္ထားမိသည္ ။ အျခားသူမ်ားက ဤအေျခအေနမ်ိဳးကိုသိသြားခဲ့လွ်င္ေတာင္ ၎တို႔သည္လည္း ေနာက္ထပ္ဝူရိမ်ားအျဖစ္ ေျပာင္းလဲသြားၾကမည္သာ ။ ၎တို႔ မ်က္ျမင္ေတြ႕သြားမည္ဆိုလွ်င္ ထိုအတိုင္းလႊတ္ထားလိုက္မည္ ။ လုဖုန္းအေနျဖင့္ ရွန့္မင္ေအာ္အား မည္မွ်ေလာက္ထိ ႐ူး႐ူးမူးမူးခ်စ္ေနမိသည္ကို တစ္ကမာၻလုံးအား အမွန္တကယ္ သိေစခ်င္မိသည္ျဖစ္ရာ အဘယ့္ေၾကာင့္ ေသးေသးမႊားမႊားကိစၥေလးမ်ားကို ဂ႐ုစိုက္ရဦးမည္နည္း ?

"ကြၽန္ေတာ္ အကို႔ကိုကာကြယ္ေပးမယ္လို႔ေျပာခဲ့တယ္ ၊ အဲ့ဒါေၾကာင့္ က်န္ေနတဲ့ ကြၽန္ေတာ့္ဘဝတစ္ခုလုံး အကို႔ကိုကာကြယ္ေပးရင္ ကုန္ဆုံးမွာ ၊ အဲ့လိုပဲ ၊ အကို႔ကို ကြၽန္ေတာ္ႀကိဳက္တယ္လို႔ေျပာခဲ့ရင္ ၊ က်န္တဲ့ဘဝတစ္ေလွ်ာက္လုံး အကို႔ကိုႀကိဳက္သြားဦးမွာ ၊ အကို ကြၽန္ေတာ့္ကို ဘယ္လိုပဲရိုက္ရိုက္ ဘယ္လိုပဲဆူဆူ ကြၽန္ေတာ္ လက္ေလွ်ာ့မွာမဟုတ္ဘူး "

အရပ္အျမင့္ကြာျခားခ်က္ေၾကာင့္ လုဖုန္းအေနျဖင့္ မည္သို႔မွမတတ္နိုင္ဘဲ ရွန့္မင္ေအာ္အား အတန္ငယ္ေမာ့ၾကည့္ရေတာ့သည္ ။

"ကြၽန္ေတာ္ အကို႔အနားကပ္ေနရင္ေတာင္မွ ေခ်ာက္နက္ထဲက်မွာမဟုတ္သလို အႏၲရာယ္ရွိမွာလည္းမဟုတ္ဘူး၊ ဒါေပမဲ့ အကိုက ကြၽန္ေတာ့္ကို ေ႐ြးခ်ယ္ခြင့္မရွိတဲ့အေျခအေနမ်ိဳးမွာထားခဲ့ရင္ ကြၽန္ေတာ္ဘာလုပ္မိမလဲဆိုတာ ဘယ္သူသိနိုင္မွာလဲ ? တကယ္လို႔ အနာဂတ္မွာ အခ်စ္ေၾကာင့္ ကြၽန္ေတာ္ အေဆာက္အအုံေပၚက ခုန္ခ်တာ ဒါမွမဟုတ္ ရထားလမ္းေပၚလွဲအိပ္ေနတာမ်ိဳး လုပ္ျဖစ္ခဲ့ရင္ ၊ အကို႔အတြက္ အရႈံးျဖစ္သြားမွာ"

ရွန့္မင္ေအာ္အား ဤကဲ့သို႔ ကစားနိုင္ေလာက္မည့္ေနရက္မ်ိဳးေရာက္ရွိလာသည္ကို လုဖုန္းမယုံနိုင္ေသး ။ ခ်စ္မိသြားသူတို႔အဖို႔ သတၱိမ်ားကလည္း အလိုအေလ်ာက္ေမြးဖြားလာသည္ဟု ဆိုၾကျခင္းကား အံ့အားသင့္စရာမရွိေတာ့ေပ ။ ဤကိစၥတြင္ အတန္ငယ္မွ်ေသာ ယုံၾကည္မႈတို႔ရွိေနသည့္လုဖုန္းပင္လွ်င္ အဓိပၸာယ္မရွိေသာလုပ္ရပ္မ်ားကို လုပ္ႏွင့္ခဲ့ၿပီးမဟုတ္ပါလား ။ ရွန့္မင္ေအာ္သာ မိမိႏွင့္ဆက္ဆံေရးကို လုံးဝ အဆုံးသတ္လိုက္သည္ရွိေသာ္ လုဖုန္း၏ အမွန္တကယ္ရဲတင္းခဲ့ျခင္းကိုသာ အျပစ္တင္ရလိမ့္မည္ ။

"မင္း ငါ့ကိုခ်ိန္းေျခာက္ေနတာလား?"

ရွန့္မင္ေအာ္ကား မိမိ၏ရဲတင္းမႈကို ရိပ္မိသြားျခင္းအတူ မ်က္လုံးမ်ားကို အႏၲာရာယ္ရွိဟန္ျဖင့္ ေမွးစင္းလ်က္ စိုက္ၾကည့္လာေတာ့သည္ ။

အမွန္အတိုင္းေျပာရေသာ္ လုဖုန္း ထိုအခိုက္အတန့္၌ အနည္းငယ္ထိတ္လန့္သြားေသး၏ ။ သို႔ေသာ္ သူ႕အေနျဖင့္ ဤအေျခအေနထိပင္ စကားစထားၿပီးျဖစ္ရာ မည္သို႔ေသာ ေၾကာက္႐ြံ႕မႈတစ္စြန္းတစ္စကိုမွ မေပၚလြင္ေစဘဲ စိတ္ၿငိမ္ၿငိမ္ထားဖို႔ရန္ မိမိကိုယ္ကို တြန္းအားေပးေနရေတာ့သည္ ။

"ဟုတ္တယ္ "

လုဖုန္း ရွန့္မင္ေအာ္ဆီသို႔ ျဖည္းျဖည္းခ်င္းတိုးကပ္သြားကာ ႏွစ္ေယာက္ၾကားရွိအကြာအေဝးကို ေလွ်ာ့ခ်ပစ္လိုက္၏ ။

"အကို အဲ့ကိစၥကို စဥ္းစားဖို႔အတြက္ အခ်ိန္ ရက္နည္းနည္းေလာက္ေပးမယ္ ၊ ကြၽန္ေတာ့္ကို စိတ္ပ်က္ေအာင္ေတာ့ မလုပ္နဲ႕ေနာ္"

'အဲ့ကိစၥ'ဟူေသာ စကားလုံးကို ေျပာေနစဥ္အခ်ိန္က လုဖုန္းကား ရွန့္မင္ေအာ္ႏႈတ္ခမ္းမ်ားႏွင့္ တစ္လက္မခန့္အကြာအေဝးတြင္ ရွိေနခဲ့ေသးသည္ ။ သို႔ေသာ္ ထိုစကားလုံးၿပီးေနာက္ဝယ္ စကားလုံးမ်ားမွာ ပို၍ပို၍ဗလုံးဗေထြးျဖစ္လာၿပီးလွ်င္ ေနာက္ဆုံးေသာ စကားလုံးႏွစ္လုံးကား ရွန့္မင္ေအာ္၏ႏႈတ္ခမ္းမ်ားထဲ နစ္ျမဳပ္ေပ်ာ္ဝင္သြားေတာ့သည္ ။

ခံတြင္းထဲမွတစ္ဆင့္ သယ္ေဆာင္လာေသာ စီးကရက္၏ခါးသက္သက္အရသာကို အရသာခံဖုေလးမ်ားက အမိအရဖမ္းယူမိ၏ ။ သို႔ေသာ္ လုဖုန္း၏ဦးေႏွာက္တစ္ခုလုံးကား တရိပ္ရိပ္တက္လာေသာ ေပ်ာ္႐ႊင္ေက်နပ္သာယာမႈလွိုင္းလုံး၏ လႊမ္းမိုးျခင္းကိုခံလိုက္ရလ်က္ ။

ထို႔ျပင္ျဖစ္ပ်က္ေနေသာအရာမ်ားႏွင့္ ပကတိဆန့္က်င္စြာ 'အရမ္းခ်ိဳတယ္ ၊ အရမ္းခ်ိဳတယ္ ၊ ႐ူးေလာက္ေအာင္ခ်ိဳၿမိန္လြန္းတယ္'ဟူ၍ ဦးေႏွာက္တြင္းမွလည္း ေအာ္ဟစ္ေနခဲ့၏ ။

ဤအနမ္းကား ယခင္အနမ္းမ်ားႏွင့္ ကြာျခားလွၿပီး ရွန့္မင္ေအာ္ တန္ျပန္ခုခံျခင္းမ်ိဳးလည္းမရွိေပ ။ ထို႔ျပင္ ရွန့္မင္ေအာ္၏လွ်ာအား မိမိလွ်ာႏွင့္ ရစ္ပတ္ဖို႔ရန္ပင္ လြတ္လြတ္လပ္လပ္ခြင့္ျပဳထားခဲ့ေသး၏ ။ လုဖုန္းတစ္ေယာက္ ထိုအနမ္းမ်ားထဲ ယစ္မူးေနၿပီးလွ်င္ ၊ ေနာက္ထပ္အသက္မရႉနိုင္ေလာက္ေတာ့သည္အထိ ၊ ေျခေထာက္မ်ား အားအင္ယုတ္ေလ်ာ့လာသည္အထိ ျဖစ္လာေသာအခ်ိန္မွသာလွ်င္ မခြာခ်င္ခြာခ်င္ႏွင့္ ရွန့္မင္ေအာ္အား ဖယ္ခြာလိုက္ရေတာ့သည္ ။

လုဖုန္း ရွန့္မင္ေအာ္ဘက္သို႔ ခႏၶာကိုယ္ကို အမွီျပဳထားကာ အသက္ရႈႏႈန္း ပုံမွန္ျပန္ျဖစ္ေအာင္ ျဖည္းျဖည္းခ်င္းကုစားေနရသည္ ။ ထို႔ေနာက္ ႐ုတ္တရက္ဆန္စြာပင္ လုဖုန္း၏ခါးေနရာက အတန္အသင့္ႀကီးမားေသာလက္တစ္ဖက္ျဖင့္ ဖိကိုင္ျခင္းခံလိုက္ရၿပီးလွ်င္ တုံ႕ျပန္မႈအေနျဖင့္ လုဖုန္းတစ္ကိုယ္လုံးတုန္ယင္သြားကာ 'အ'ဟူေသာ အသံကပါ အမႈမဲ့အမွတ္မဲ့ ထြက္ေပၚသြားလ်က္ ။

ထိုလက္တစ္ဖက္ကား ခါးေနရာတစ္ဝိုက္တြင္ အခ်ိန္ၾကာၾကာ ေဝ့ဝဲေနျခင္းမရွိ ၊ လ်င္လ်င္ျမန္ျမန္ပင္ ခႏၶာကိုယ္အေပၚဘက္ဆီသို႔ ခရီးဆက္ကာ လုဖုန္း၏လည္ပင္းအေနာက္ဘက္အကၤ်ီဳကာ္လံကိုဆြဲယူလ်က္ လုဖုန္းအား အေဝးသို႔ဖယ္ခြာေစသည္ ။

"ငါ စဥ္းစားၾကည့္လိုက္မယ္"

လုဖုန္းက စီးကရက္ကို လက္ရန္းထက္ ဖိေခ်ကာ ၿငိမ္းသတ္ၿပီးေနာက္ လုဖုန္းကိုတစ္ခ်က္ၾကည့္ကာ ဆိုင္အတြင္းသို႔ ျပန္ဝင္သြားေတာ့သည္ ။ သူ၏ကိုယ္ပိုင္ဟန္ျဖစ္ေသာ ေျခလွမ္းက်ဲႀကီးမ်ားျဖင့္ ။

လုဖုန္းအား မူလေနရာတြင္ပင္ ေၾကာင္အမ္းလ်က္ရပ္ေနကာ 'စဥ္းစားလိုက္မည္'ဆိုေသာ အေၾကာင္းအရာသည္ မည္သည္ကိုရည္ၫႊန္းမွန္း စဥ္းစားေနမိ၏ ။ ထို႔ေနာက္မွသာလွ်င္ သူ၏ကေမာက္ကမျဖစ္ေနေသာဦးေႏွာက္က ရွန့္္မင္ေအာ္ေျပာသြားသည္မွာ ေစာေစာက သူတို႔ေျပာေနခဲ့ၾကသည့္အေၾကာင္းအရာပင္ျဖစ္ေၾကာင္း နားလည္သြားရေတာ့သည္ ။ ထိုအခိုက္အတန့္တြင္ လုဖုန္းတစ္ေယာက္ စိတ္လႈပ္ရွားေပ်ာ္႐ႊင္လြန္း၍ ဝတ္လစ္စလစ္အေနအထားႏွင့္ပင္ ဝရန္တာလက္ရန္းေပၚ  စီးနင္းကခုန္ေတာ့မတတ္ ။

ခႏၶာကိုယ္တြင္း လွိမ့္တက္လာေသာ အားအင္မ်ားက သြားစရာေနရာမရွိေတာ့ဟန္တူသည္ ။ ထို႔ေၾကာင့္ လုဖုန္းတစ္ေယာက္ အ႐ူးတစ္ေယာက္ႏွယ္ ၿပဳံး႐ႊင္လ်က္ လက္ႏွစ္ဖက္ကိုဟိုေဝွ႕ဒီယမ္းျဖင့္ ေျပာမျပနိုင္ေလာက္ေသာ ေပ်ာ္႐ႊင္မႈမ်ားကို ခႏၶာကိုယ္လႈပ္ရွားမႈမ်ားမွတစ္ဆင့္ ေဖာ္ျပေနမိေတာ့သည္ ။

လူအမ်ားစုက 'စဥ္းစားလိုက္ဦးမည္'ဟု ေျပာၾကေသာအခါ ထိုအရာကား ျငင္းဆန္ေတာ့မည္ဟူသည့္ ေရွ႕ေျပးလကၡဏာႏွင့္ဆင္တူေပ၏ ။ သို႔ေသာ္ ရွန့္မင္ေအာ္ကား အျခားသူမ်ားႏွင့္မတူ ကြာျခားလွၿပီး 'စဥ္းစားေပးမည္'ဟူေသာ အခ်က္ကပင္လွ်င္ လုဖုန္းအတြက္ ျမင္ေတြ႕ရဖို႔ရန္ အလြန္တရာခဲယဥ္းလွသည့္ အျပဳအမူေပ ။

လုဖုန္း စိတ္တည္ၿငိမ္သြားသည္အထိ အျပင္ဘက္ဝရန္တာတြင္ ေလညွင္းခံရင္းရပ္ေနခဲ့ၿပီးေနာက္ ဆိုင္အတြင္းဘက္သို႔ ျပန္ဝင္လာခဲ့ေတာ့သည္ ။

ည၉နာရီ မိနစ္၅၀ခန့္သို႔ေရာက္ေသာအခါ စားေသာက္ဆိုင္မွ ည၁၀နာရီတြင္ ပိတ္ေတာ့မည္ျဖစ္​​ေၾကာင္း ၊ ပိတ္ရသည္မွာလည္း ေနာက္တစ္ေန႕တြင္ အလုပ္လုပ္ဖို႔ရန္ ျပန္လာရမည္ျဖစ္ေသာေၾကာင့္ဟူ၍ ယဥ္ယဥ္ေက်းေက်းရွင္းျပလာခဲ့၏ ။ ထို႔ေၾကာင့္ပင္ သူတို႔အားလုံး ထိုေနရာမွာတြင္အဆုံးသတ္ဖို႔ရန္ ဆုံးျဖတ္ခ်က္ခ်လိဳက္ၾကေတာ့သည္ ။

ရွန့္မင္ေအာ္ကား အရက္လုံးဝမေသာက္ခဲ့သည္ျဖစ္ရာ ကားေမာင္းေနနိုင္ေသးၿပီး ၊ လမ္းႀကဳံသည့္လူအနည္းစုမွာ ရွန့္မင္ေအာ္ႏွင့္အတူ လိုက္သြားၾကေတာ့သည္ ။

ရွန္းေရွာင္ရွဲကား အရက္အနည္းငယ္ေသာက္ၿပီးေနာက္ မိမိကိုယ္ကို မထိန္းခ်ဳပ္နိုင္ေတာ့ဘဲ ၊ သူ၏ေျခလွမ္းမ်ားမွာလည္း ယိုင္နဲ႕လ်က္ ။ ဤသို႔ေသာ အေျခအေနမ်ိဳးတြင္ ရွန္းေရွာင္ရွဲအား တစ္ေယာက္တည္း အိမ္ျပန္မလႊတ္နိုင္သည္ျဖစ္ရာ ၊ အိမ္ျပန္ပို႔ရန္အတြက္ တကၠစီငွားဖို႔ႀကံ႐ြယ္ရင္း လုဖုန္းတစ္ေယာက္ ရွန္းေရွာင္ရွဲအား လမ္းမေဘးဘက္သို႔ တြဲေခၚလာရေတာ့သည္ ။

လုဖုန္းတို႔ေရာက္ရွိေနေသာလမ္းကား ခ်င္းဝမ္ၿမိဳ႕တြင္ 'ဘယ္ေသာအခါမွ မအိပ္စက္မၿငိမ္သက္ေသာလမ္း'အျဖစ္နာမည္ႀကီးၿပီး ၎၏ပ်ားပန္းခတ္မွ်စည္ကားေနေသာ ပတ္ဝန္းက်င္ေၾကာင့္ ထိပ္ဆုံးေနရာမ်ားထဲမွ တစ္ခုျဖစ္ေလ၏ ။သို႔ေသာ္ ဘားႏွင့္ ကလပ္မ်ား ထူထပ္သိပ္သည္းစြာတည္ရွိျခင္းေၾကာင့္ မူးယစ္ေနေသာလူငယ္မ်ားေပါမ်ားျခင္းႏွင့္အတူ မႈခင္းျဖစ္ပြားမႈေပါမ်ားျခင္းအတြက္လည္း ဤေနရာတစ္ဝိုက္က သတင္းႀကီးေသး၏ ။ လူငယ္အေရအတြက္မ်ားျပားစြာတည္ရွိျခင္းေၾကာင့္ပင္ ရိုးရိုးဘားမွသည္ ၊ ေဂးဘားမ်ား ၊ one night stand မ်ားပါရရွိနိုင္ေသာ ကလပ္မ်ားအထိ အမ်ိဳးအစားစုံလင္လွၿပီး မိမိလိုခ်င္သမွ် အကုန္ရနိုင္ေသာေနရာပါေပ ။

"ဖုန္းေကာ ၊ ဒီေန႕ကေလ တကယ္ကိုပဲ လြန္ခဲ့တဲ့လေတြထဲမွာ အေပ်ာ္ရဆုံးရက္ေတြထဲက တစ္ရက္ပဲ"

ရွန္းေရွာင္ရွဲ၏မ်က္ႏွာကား အရက္ရွိန္ေၾကာင့္ နီရဲေနၿပီးလွ်င္  အ႐ူးတစ္ေယာက္ႏွယ္ ၿပဳံးေနခဲ့ေသး၏ ။

"ကြၽန္ေတာ္ တကယ္ကို အရမ္းေပ်ာ္တယ္"

"ငါလည္း ေပ်ာ္တယ္ ၊ အရင္လေတြမွာ တစ္ေန႕ထက္တစ္ေန႕ ပိုပိုၿပီးေပ်ာ္လာတယ္"

သူတို႔ႏွစ္ေယာက္ မတူညီေသာအေၾကာင္းအရာမ်ားကို ေျပာေနၾကျခင္းျဖစ္ေသာ္ျငား ၊ လုဖုန္း၏ စကားအစက ရွန္းေရွာင္ရွဲ၏စကားအဆုံးႏွင့္ ကိုက္ညီမႈမရွိေသာ္ျငား သူတို႔ႏွစ္ေယာက္ စကားဆက္ေျပာနိုင္ခဲ့ၾကေသး၏ ။

သူတို႔ဘက္သို႔ဦးတည္လာေသာ တကၠစီတစ္စီးကို လုဖုန္းျမင္လိုက္ရခ်ိန္တြင္ ရွန္းေရွာင္ရွဲကား ႐ုတ္တရက္ပင္ တစ္ေနရာသို႔ထြက္သြားေတာ့သည္ ။ ရွန္းေရွာင္ရွဲတစ္ေယာက္ အန္ေတာ့မည္ဟုေတြးကာ လုဖုန္း ေနာက္မွေန၍ လိုက္လာခဲ့၏ ။ သို႔ေသာ္ ပန္းခင္းငယ္အနားေရာက္သည့္အခ်ိန္တြင္ ရွန္းေရွာင္ရွဲကား ႐ုတ္တရက္ရပ္တန့္သြားခဲ့ကာ ေရွ႕သို႔တည့္တည့္စိုက္ၾကည့္ေနလ်က္။

လုဖုန္း သံသယျဖင့္ ရွန္းေရွာင္ရွဲၾကည့္ေနရာ ေနရာကိုလိုက္ၾကည့္ေသာအခါ မေဝးေသာတစ္ေနရာမွ ေဝ့ရွဲ၏ပုံရိပ္အား ျမင္လိုက္ရေတာ့သည္။

လုဖုန္းတို႔ မတ္တပ္ရပ္ေနေသာေနရာႏွင့္ ေဝ့ရွဲအၾကား ခ်ဳံပုံသ႑ာန္ အပင္ပုေလးမ်ားကိုစိုက္ပ်ိဳးထားၿပီး ၊ ထိုအခ်င္းအရာႏွင့္အတူ ေမွာင္မည္းေနေသာပတ္ဝန္းက်င္ကပါ လုဖုန္းတို႔တည္ရွိေနမႈကို ေဝ့ရွဲသတိမထားမိေအာင္ ကူညီေပးေနေတာ့သည္ ။

"မင္း ငါကိုလႊတ္!"

လက္ေမာင္းတစ္ဖက္ကိုေဝွ႕ယမ္းလိုက္ေသာ ေဝ့ရွဲ၏ပုံစံက ေတာ္ေတာ္ေလးေသာက္လာခဲ့ပုံေပၚသည္ ။

"မင္းနဲ႕ ငါနဲ႕က ဘာမွမဆိုင္ေတာ့ဘူး ၊ ငါ့ကိုေႏွာင့္ယွက္ေနတာရပ္လိုက္ေတာ့ ၊ ဒါမွမဟုတ္ မင္း ငါ့ဆီက ရိုက္ခံရတာ မလုံေလာက္ေသးလို႔လား ?"

ေဝ့ရွဲကို ထိန္းကိုင္ထားေသာလူကား ေခ်ာေမာၿပီး ထိုလူ၏မ်က္လုံးမ်ားမွ နက္ရွိုင္းကာလွပေနလ်က္ ။ တစ္ခ်က္ၾကည့္႐ုံႏွင့္ပင္ ထိုလူက ၾကည့္ေကာင္းလြန္းေနသည္ျဖစ္ရာ ၊ မ်က္ခုံးထူထူ မ်က္လုံးႀကီးႀကီး ၊ ၾကမ္းၾကမ္းတမ္းတမ္းပုံသ႑ာန္ရွိေသာေဝ့ရွဲႏွင့္ လုံးဝဥႆုံကြာျခားေနလ်က္ ။

ေဝ့ရွဲ၏စကားလုံးမ်ားကိုၾကားလိုက္ရခ်ိန္ ထိုလူ၏ခႏၶာကိုယ္က အတန္ငယ္က်ဳံ႕သြားေသာ္ျငား ေဝ့ရွဲကိုေတာ့ လႊတ္မေပးလိုက္ပါေခ် ။

"အဲ့လိုမလုပ္နဲ႕ ၊ တကယ္ အဲ့တုန္းက ရဲကိုဖုန္းဆက္လိုက္တာ ငါမဟုတ္ဘူး ၊ မင္း ငါ့ကို ယုံၾကည္ေပးရမယ္..."

"မင္းမဟုတ္မွန္း ငါသိတယ္ ၊ မင္းနဲ႕ေဖာက္ျပန္ေနတဲ့ မိန္းမေလ "

ေဝ့ရွဲက အားသုံးကာ သူ႕လက္ကိုဖယ္ခ်လိဳက္ၿပီးလွ်င္ ထိုလူကိုလက္ညွိုးထိုးလ်က္ ဆဲေရးေတာ့သည္ ။

"ဘယ္လိုေတာင္ အတြဲညီတဲ့ႏွစ္ေယာက္လဲ ၊ တစ္ေယာက္က ဆန္ကုန္ေျမေလး ၿပီးေတာ့ အဲ့ဆန္ကုန္ေျမေလးရဲ႕ေကာင္မ!
ငါ့ဘဝတစ္ေလွ်ာက္လုံးမွာ  အႀကီးဆုံးအမွားက မင္းကိုေတြ႕ခဲ့တာပဲ ၊ ငါ့ဆီ ဒုကၡေတြသယ္မလာဖို႔ ၊   ငါ့မ်က္စိေရွ႕က ထြက္သြားဖို႔ ငါေတာင္းပန္တယ္ ၊ အတိတ္ကိုမေမ့နိုင္ေသးလိုဟန္ေဆာင္ၿပီးေတာ့ မင္းနဲ႕အတူ ခ်ဳံးေယာင္ရဲ႕ဇာတ္လမ္းေတြထဲမွာ သ႐ုပ္ေဆာင္ဖို႔ ငါ့ကိုဆြဲမထည့္စမ္းပါနဲ႕ ၊ ငါ မင္းကို လုံးဝမျမင္ခ်င္ဘူး!"

[T/N ခ်ဳံးေယာင္က ထိုင္ဝမ္စာေရးသူတစ္ေယာက္ ၊ ထုတ္လုပ္သူတစ္ေယာက္ျဖစ္ၿပီးေတာ့ တ႐ုတ္ဘာသာစကားေျပာတဲ့ေနရာေတြမွာ romance novels ေတြနဲ႕ပတ္သက္ၿပီး အေတာ္ေလးimpactရွိခဲ့သူတစ္ဦးပါ ၊ သူမရဲ႕ လက္ရာေတြထဲမွာ 'My fair princess'လိုမ်ိဳး iconic dramaေတြ ပါဝင္ပါတယ္]

ခ်ီးပဲ ၊ အဲ့တစ္ေယာက္ 'သူေထာင္က်ရတဲ့အေၾကာင္းအရင္းက သူ႕ခ်စ္သူေၾကာင့္'ဆိုၿပီး ေဝ့ရွဲေျပာျပခဲ့တဲ့တစ္ေယာက္လား ?

"မသြားဘူး ၊ ငါ မင္းကို ဖက္တြယ္ထားၿပီးေတာ့ မင္းဆီကို ကံဆိုးမႈေတြယူလာေပးဦးမွာ ၊ မင္း ငါ့ကိုမေမ့ေသးဘူးဆိုတာ ငါသိတယ္"

ထိုလူက ႐ုတ္ခ်ည္းပင္ ေဝ့ရွဲ၏အနီးသို႔တိုးကပ္သြားခဲ့ၿပီးေနာက္ ၊ ေဝ့ရွဲ၏ပုခုံးမ်ားထက္ လက္ႏွစ္ဖက္တင္ကာ အတင္းအဓမၼ အနမ္းေပးရန္ ႀကံ႐ြယ္ေနသေယာင္ ျပဳမူေနေတာ့သည္ ။

ထိုလူ၏အရွက္မဲ့ျခင္းကို လုဖုန္းသက္ျပင္းခ်ေနဆဲမွာပင္ ႐ုတ္တရက္ မိမိ၏ပုခုံးတစ္ဖက္မွ ေပါ့ပါးသြားျခင္းကို ခံစားလိုက္ရေတာ့သည္ ။ ရွန္းေရွာင္ရွဲတစ္ေယာက္ လုဖုန္း နံေဘးမွထြက္ခြာသြားၿပီျဖစ္ၿပီး သူ၏ခႏၶာကိုယ္ကား ယုန္ေလးတစ္ေကာင္ႏွယ္ လ်င္ျမန္ဖ်တ္လတ္ေနေတာ့သည္ ။ ထို႔ေနာက္ တစ္မီတာခန့္ရွည္လွေသာခ်ဳံပင္မ်ားေပၚ  လႊားခနဲခုန္ေက်ာ္ကာ အျခားတစ္ဖက္သို႔ေျပးသြားၿပီးလွ်င္ ၊ အေဝးကန္ခ်က္တစ္ခုကို ပို႔လႊတ္လ်က္ ။ ေဝ့ရွဲ၏ရည္းစားေဟာင္းကား ထိုအခ်င္းအရာေၾကာင့္ပင္ ေလထဲလြင့္စင္ကာ ႏွစ္မီတာခန့္အကြာအေဝး၌ ေျမျပင္ေပၚက်သြားေတာ့သည္ ။

T/N
အိမ္း ကိုကို႔အတြက္ဆို အသက္ပင္ေသေသဆိုတဲ့ စူပါမန္းေတြမ်ားသဟ
ဘယ္မလဲ က်ဳပ္တို႔အတြက္ တရားမွ်တမႈ..

Continue Reading

You'll Also Like

195K 20.2K 68
ဇာတ်လိုက်က အရင်ဘဝတုန်းက အပယ်ခံလေးဖြစ်ပြီးတော့ ရုပ်သေးဘုရင် အဖြစ် ဖိအားပေးခံခဲ့ရတယ်။ ပြီးတော့ တော်ဝင်နန်းတော်ကနေ ဝိုင်းပြီးတော့ အနိုင်ကျင့်ခဲ့တဲ့ စစ်သ...
869K 131K 191
ဘာသာပြန်သူ- ဆုမြတ်လှိုင် ခေါင်းစဉ် - အမှိုက်ကောင် ပြန်ရှင်လာပြီ " သခင် ကျွင်းမိသားစုက လူတွေက စေ့စပ်ပွဲ ဖျက်သိမ်းဖို့ ရောက်လာကြပြီ" " ငါ့ဇနီးလောင်...
300K 26.1K 33
"ငါ့မှာ အရှိန်အဝါကြီးလွန်းတဲ့ အမြွှာအစ်ကိုတစ်ယောက်ရှိတယ်။ သန်မာတောင့်တင်းတဲ့ ခန္ဓာကိုယ်နဲ့ သီးသန့်ဆန်ကာသိုဝှက်လွန်းသူ။အမြဲ ခက်ထန်နေတတ်ပြီးတော့ လူကြီး...
190K 14K 49
ဟိတ် ဟိုကောင်လေး အချိန်စေ့ပြီ အိမ်စာလာထပ်ချည်တော့..! - စောသိုက်ခေတ် မော်​ကြီးဆိုတဲ့အကောင် လမ်းမှာ ခွေးချီးတက်နင်းပြီး ချော...