စားေသာက္ဆုိင္တခုလံုးကလဲ ဝိုင္းအံုုၾကည့္လာသည္မို႔ Shane ပို၍ေနရခက္လာသည္။ မသိရင္သူကပဲ ထိုကျပားေလးကို တစံုတခုလုပ္လိုက္သည့္ အမူအရာမ်ားႏွင့္။ လူေကာင္းပကတိသဖြယ္ တည္ၿငိမ္သြားသည့္ ထိုကျပားေလးက ျပန္ထရပ္ကာ ထိုင္ခံုမွာျပန္ထိုင္ဖို႔ရာ ျပင္ဆင္ေနသည္မို႔ တဲြေပးရန္ရြယ္လိုက္ၿပီးကာမွ ထပ္မထိရဲေတာ့တာေၾကာင့္ အက်ီလက္အစကိုသာ ဆုပ္ကိုင္တဲြထူလိုက္ေတာ့ ေဝ့ခနဲေရာက္႐ွိလာသည့္ မ်က္လံုးအၾကည့္ေတြ...။
"ေဆာရီးပါ ေကာင္းဆက္ ကိုယ္က မင္းဒီတိုင္း ျမင္ရံုပဲျမင္တယ္ထင္ေနမိလို႔ အဆင္ေျပရဲ႕လား၊ "
"ရပါတယ္ ေျပပါတယ္"
ထို႔ေနာက္ေတာ့ ကုိယ္စီကုိယ္ဌ ထုိင္ခံုကိုယ္စီမွာ ျပန္ဝင္ထိုင္ၿပီးၾကၿပီး စကားကေတာ့ ဘာဆက္ေျပာရမည္မသိစြာ တိတ္ဆိတ္ေနဆဲ။ ထိုသို႔ေသာအေျခအေနကို အသက္ျပန္သြင္းရန္ အလို႔ဌာ Shane ကပင္ စကားစလိုက္သည္။
"ေတာ္ေတာ္ေလး ဆိုးဆိုးဝါးဝါး ျဖစ္သြားခဲ့လား..."
"ဘာကိုလဲ Mr Shane"
"ကုိယ့္ရဲ႕ ေသဆံုးျခင္းက အဲ့ဒီေလာက္ဆိုးဝါးေနခဲ့တာလား"
ထိုေမးခြန္းေတာ့ ေကာင္းဆက္က ခ်က္ခ်င္းျပန္မေျဖလာခဲ့ပဲ ဆိုင္ရဲ႕အျပင္ဘက္မွာရပ္ထားသည့္ Shane ရဲ႕ ကား႐ွိရာသို႔ အၾကည့္ေရာက္ေနသည္။ စူးစိုက္ၾကည့္ေနခဲ့တာေၾကာင့္ Shane ပါ ထိုေနရာအၾကည့္ေရာက္သြားေသာ္လည္း ရပ္ထားသည့္ကားႏွင့္ အျပင္ဘက္မွာထြက္ရပ္ေနသည့္ ကားေမာင္းဆရာသာ႐ွိေနေလေတာ့ သူ...ဘာကိုၾကည့္ေနတာလဲ။ ငါ့ကားကိုလား? ငါလဲအက္ဆီးဒန္႔နဲ႔ ေသရလိမ့္မွာလား...။ ထိုသို႔အေတြးဝင္လာေတာ့ အေျဖကိုပို၍ သိခ်င္လာကာ သူ႔ထံကေျဖမ်ားေျဖလာေလမလား ဟူေသာေမ်ွာ္လင့္ခ်က္ျဖင့္ ငံ့လင့္ေနမိသည့္တိုင္ သူကေတာ့ အၾကည့္မခြာ တခြန္းမွလဲမေျဖလာခဲ့။
"ေျဖေပးပါဦး ေကာင္းဆက္ မင္းေျပာျပလို႔ရတဲ့အတုိင္းအတာထိေပါ့"
"ကြၽန္ေတာ္...ကြၽန္ေတာ္ ေနာက္မွေျပာျပလို႔ရမလား"
"ဒီေန႔ေတာ့မဟုတ္ဘူးမလား"
Shane အေမးစကားေၾကာင့္ ထိုကျပားေလးက ေျခဆံုးေခါင္းဆံုးၾကည့္လာျပီးေနာက္ ခပ္ေျဖးေျဖးေခါင္းခါယမ္းျပလာသည္။
"ဘယ္ေန႔လဲေတာ့ မသိဘူး ဒါေပမယ့္ ဒီေန႔ အဝတ္အစားနဲ႔လဲ မဟုတ္သလို အခုဝတ္ထားတဲ့ အဝတ္အစားနဲ႔လဲမဟုတ္ဘူး"
"ဟုတ္လား ဒါဆို ဘယ္လိုအဝတ္အစားနဲ႔လဲ"
"ဒါကို ကြၽန္ေတာ္ေျပာျပခြင့္မ႐ွိဘူး။ ကြၽန္ေတာ့္စြမ္းရည္မွာလဲ ကန္႔သတ္ခ်က္ေတြ႐ွိတယ္။ အဲ့ဒါကိုခ်ိဳးေဖာက္ၿပီး ေျပာျပလိုက္ရင္ ခင္ဗ်ားဆီ ေန့မကူးပဲ ခ်က္ခ်င္းေရာက္လာလိမ့္မယ္ "
"ဘယ္ဟာက ေရာက္လာမွာလဲ "
"ေသျခင္းတရား.."
တစထက္တစပိုပို၍ ေကာင္းဆက္ဆိုသည့္ ကျပားေလးက စိတ္ဝင္စားစရာေကာင္းလာသည္။ ေသျခင္းတရားကိုျမင္ႏုိင္ျခင္း၊ ေသဆံုးသူရဲ႕ေဝဒနာအတုိင္း ခဏတာခံစားရျခင္းအျပင္ သူ႔မွာကန္႔သတ္ခ်က္႐ွိေသးသည္တဲ့ ဘာမ်ားျဖစ္လိမ့္မလဲဟူေသာ ေမးခြန္းက Shane ရင္ထဲမွာအေျပးအလႊား ျဖစ္လာသည္။ ကုိယ္တုိင္ကကို သဘာဝလြန္စြမ္းအင္႐ွိသူမို႔ အရမ္းႀကီးထူးဆန္းေၾကာက္ရြံမေနေသာ္လဲ ေကာင္းဆက္ေျပာသည့္ သူသာထုတ္ေျပာလိုက္ရင္ ေန႔မကူးပဲေသဆံုးလိမ့္မည္ဟူေသာ စကားအေပၚေတာ့ တံေတြးမ်ိဳခ်မိတဲ့အထိ စိတ္လႈပ္႐ွားသြားတာေတာ့ အမွန္ပင္။
"မင္းေျပာခ်င္တာ ကိုယ္ေသခ်ာ နားမလည္ဘူး "
"ကြၽန္ေတာ္က ႀကိဳပဲျမင္တာ။ ဒီေန႔ဘယ္မသြားနဲ႔၊ ဘာမလုပ္နဲ႔၊ ဆိုတာပဲေျပာလို႔ရတယ္။ ဘာအက်ီဝတ္ထားၿပီး ကားက ဘယ္လမ္းေပၚမွာ ဘယ္လိုဝင္တုိက္ၿပီး ဘယ္လိုပံုစံျဖစ္မယ္၊ ဘယ္သူက ဘယ္လိုပံုစံနဲ႔သတ္မယ္စတာေတြကို အေသးစိတ္ေျပာျပလို႔မရဘူး။ အဲ့ဒါေၾကာင့္မနက္က ဟိုမန္ေနဂ်ာကို ဘယ္မွမသြားနဲ့ ခင္ဗ်ားေသလိမ့္မယ္လို့ပဲ ကြၽန္ေတာ္ေျပာခဲ့တာ။ အဲ့ဒါကြၽန္ေတာ့္စြမ္းရည္ရဲ႕ ကန္႔သတ္ခ်က္ပဲ"
"ေျပာလိုက္ရင္ေရာ"
"ခုနေျပာသလိုပဲ ေျပာလိုက္ရင္ ကြၽန္ေတာ့္ေျပာလိုက္တဲ့ေန႔မွာပဲ အဲ့ဒီလူခ်က္ခ်င္းေသရတယ္။ "
"ႀကိဳျမင္တဲ့အတုိင္းေသသြားမွာမ်ိဳးလား"
"မဟုတ္ဘူး အဲ့ဒီလိုႀကိဳေျပာလိုက္မိတဲ့လူရဲ႕ ေသရမယ့္ပံုစံက ပထမတုန္းက ျမင္ထားတာနဲ႔မတူေတာ့တဲ့အျပင္ ထုတ္ေျပာမိတဲ့သူရဲ႕ေသျခင္းပံုစံအသစ္ကို ကြၽန္ေတာ္ေနာက္တႀကိမ္မျမင္ရေတာ့ဘူး"
"မင္းေျပာခ်င္တာ ကုိယ့္ကိုအေသးစိတ္ေျပာျပလိုက္ရင္ ကုိယ္ဒီေန႔ပဲေသရလိမ့္မယ္။ ဒါေပမယ့္မင္းျမင္တဲ့ပံုစံနဲ႔ေတာ့မဟုတ္ဘူးေပါ့ အဲ့ဒီလိုလားဟုတ္လား"
"ဟုတ္တယ္ ဥပမာ ခင္ဗ်ားကို ႏိုရာက ကားနဲ႔တိုက္သတ္တယ္ပဲထားပါေတာ့။ ကြၽန္ေတာ္က ခင္ဗ်ားကို ကားတိုက္ခံရၿပီးေသလိမ့္မယ္လို႔ပဲ ေျပာလို႔ရတယ္။ ဘယ္သူကတုိက္လိမ့္မယ္လို႔ေျပာလို႔မရဘူး။ "
ေခါင္းတညိတ္ညိတ္လုပ္မိသည့္အသိ ကျပားေကာင္ေလး ရထားသည့္ သဘာဝလြန္စြမ္းအားရဲ႕ ထူးျခားခ်က္၊ကန္႔သတ္ခ်က္ေတြကို အံ့ၾသမိတာအမွန္။ လူတစ္ေယာက္ရဲ႕ေသျခင္းကို လက္ကေနတဆင့္ျမင္ရတယ္၊ သို႔ေသာ္ဘယ္ေန႔လဲအတပ္မသိရ၊ ဘယ္ေတာ့လဲအတပ္မသိရ၊ ေသဆံုးမယ့္သူက ဘယ္လိုဝတ္ဆင္ထားၿပီး ဘယ္သူက ဘယ္လိုအရာက မည္သို႔မည္ပံုသတ္လိမ့္မည္၊ ေသေစလိမ့္မည္ဆိုတာကို အတိအက်ထုတ္ေျပာခြင့္မ႐ွိ၊ ထုတ္ေျပာမိရင္ ထိုသူကသူျမင္ခဲ့သည့္ ေသဆံုးနည္းျဖင့္ျဖစ္ေစ သို႔မဟုတ္ မဟုတ္ေတာ့သည့္ ေနာက္တစ္နည္းျဖင့္ျဖစ္ေစ အခ်ိန္ေန႔ရက္ေျပာင္းကာ ေန႔မကူးပဲခ်က္ခ်င္းေသဆံုးရမည္။ ထို႔အျပင္ထုတ္ေျပာလိုက္မိၿပီးမွ တားလို႔ရလိုရျငား ေသျခင္းနမိတ္ကို ထပ္ၾကည့္မယ္ဆိုရင္ေတာင္ ထပ္မံျမင္ရျခင္းမ႐ွိေတာ့ဘူးဆိုသည့္ ကန္႔သတ္ခ်က္ေတြက သိပ္ကိုထူးျခား၊အံ့ျသဖြယ္ရာပင္။
"ဒါဆို ကုိယ္လဲ ဘယ္ေတာ့ေသမလဲ မသိရဘူးေပါ့ အသက္အရြယ္ႀကီးမွလဲ ျဖစ္ႏုိင္တာပဲ ဟုတ္တယ္မလား"
"ကြၽန္ေတာ္ျမင္ခဲ့တဲ့ ေသျခင္းတရားထဲက ခင္ဗ်ားရဲ႕ပံုစံက လက္႐ွိ အသက္အရြယ္ဝန္းက်င္ခန္႔မွာပဲ Mr Shane "
"..............."
"သိပ္လဲ လန္႔မေနပါနဲ႔ ခင္ဗ်ား အဝတ္အစားကိုျမင္ရင္ေတာ့သိပါတယ္။ ဒီေန႔အဝတ္အစားက အဲ့ဒီအဝတ္အစားမဟုတ္လို႔ စိတ္ခ်လက္ခ်သြားစရာ႐ွိတာသြား။ မနက္တုိင္းအက်ီလဲပီးရင္ ကြၽန္ေတာ့္ကို ဓာတ္ပံုလွမ္းပို႔ၿပီးျပခ်င္ရင္ျပေပါ့။ ငါဒီေန႔ေသေတာ့မွာလားဆိုၿပီး"
ဟက္ခနဲရယ္မိသည့္အထိ ထိုကျပားေလးရဲ႕ရဲြ႔တဲ့တဲ့ ျပန္ေျဖပံုက ေျပာင္ေျမာက္လွသည္။ ေျပာၿပီးသည္ႏွင့္ ထထြက္သြားရန္ျပင္ေနသည့္ ထိုကျပားလက္ေကာက္ဝတ္ကို လွမ္းဆဲြလိုက္မိေတာ့ ျပဴးၾကည့္လာသည့္ ႏိုရာဆိုသူေကာင္ေလးရဲ႕ အၾကည့္စူးစူးေနာက္ Shane မွာ အက်ီၤစသို႔ေျပာင္းလဲ ဆဲြထားလိိုက္ရသည္။
"ခဏေလး ေကာင္းဆက္။ တကယ္လို႔မ်ား ႀကိဳမေျပာပဲ အဲ့ဒီလူေသမွာကို မင္းတားလိုက္ရင္ေရာ ဘာဆက္ျဖစ္မွာလဲ"
"ကြၽန္ေတာ္မသိဘူး အဲ့ဒီလို ကြၽန္ေတာ္တားနိုင္ဖို႔ေစာင့္ေနတဲ့ သူ႐ွိေပမယ့္ သူ႔ဆီ ေသျခင္းတရားက မေရာက္လာေသးတာမို႔ တားလိုက္ၿပီးရင္ ဘာဆက္ျဖစ္မလဲ ကြၽန္ေတာ္မသိေသးဘူး"
"Mr Shane ေကာင္းဆက္ကေလ အဲ့ဒါတခုတည္းမဟုတ္ဘူး။ ေဝဒနာခံစားရလို့ နာက်င္ေနတဲ့သူေတြဆီက နာက်င္မႈကို သူယူႏိုင္တယ္"
"ႏိုရာ!!!!"
တခ်ိန္လံုးၿငိမ္ေနခဲ့သည့္ ႏိုရာဆိုေသာေကာင္ေလးဝင္ေျပာလာသည့္ စကားႏွင့္အတူ ခပ္ဆတ္ဆတ္ဟန္႔တားလာသည့္ ကျပားေလးရဲ႕အသံကပါ တဲြလ်က္ပါလာသည္။ ထို႔ေနာက္ေတာ့ သူတို႔ႏွစ္ဦးထံက အျပန္အလွန္ေျပာသံေတြက တန္းစီကာ ထြက္ေပၚလာေတာ့သည္။
"ႏိုရာ မင္း!"
"ေဆာရီး ငါက မင္းေျပာျပဖို႔ေမ့ေနခဲ့တယ္ထင္လို႔ ျပန္မထြက္ၾကေသးခင္ အမွီေလးေျပးေျပာမိတာ..."
"ေမ့စရာလား အခုမွေတြ႔တဲ့သူကို အကုန္မေျပာခ်င္လို႔ ငါတမင္မေျပာတာကို မင္းက အေ႐ွ႕ကေနေရႊႀကိဳေဖာ္ေကာင္လုပ္ေနတယ္"
"မသိလို႔ပါလို႔ဆို..."
နားမလည္ေပမယ့္ အသံအေနအထား၊ အသံထြက္ေလးကအစ ဆဲြေဆာင္မႈ႐ွိေနသည့္ ဘာသာစကားတစ္မ်ိဳးႏွင့္ အခ်င္းခ်င္းေျပာေနၾကသည့္ သူတို႔ႏွစ္ဦးစကားစျပတ္သည္ႏွင့္ တၿပိဳင္နက္...
"ႏုိရာေျပာတာကေရာ ဘယ္လိုမ်ိဳးလဲ။ တကယ္ပဲ ကုိယ္သိခ်င္ေနမိလို႔ပါ။ေျပာမယ့္ေျပာမွေတာ့ အကုန္ေျပာျပလိုက္တာ အေကာင္းဆံုးလို႔ထင္ပါတယ္"
စေတြ႔ကာစလူကို အစအဆံုးမေျပာျပခ်င္ေပမယ့္ နိုရာက အစဆဲြထုတ္သြားခဲ့ျပီ။ ေျပာခ်လိုက္တုန္းကေတာ့ ေ႐ွ႕မၾကည့္ေနာက္မၾကည့္နွင့္ ႏုိရာက ယခုေတာ့ ေတာင့္ေတာင့္ေလးထိုင္ကာ "ဘယ္လိုလဲ ငါေျပာျပလိုက္ရေတာ့မလား" ဟူေသာ ပံုစံမ်ိဳးျဖင့္ မ်က္လံုးေထာင့္ကပ္ကာ မိမိကိုၾကည့္ေနသည္ကို ၾကည့္ကာ ေကာင္းဆက္မွာ ဆဲဲြေဆာင့္လိုက္ခ်င္သည့္စိတ္ေတြက တဖြားဖြားျဖစ္လို႔ေနသည္။
"ဘာလို႔ ငါ့ကိုလာၾကည့္ေနတာလဲ"
"မင္း သိပ္ေျပာျပခ်င္ေနတယ္မဟုတ္လား ေျပာျပလိုက္ေလ"
"ေဟ တကယ္လား ေအးေအး အေတာ္ပဲငါအရမ္းေျပာျပခ်င္ေနတာ Mr Shane ကြၽန္ေတာ္ေျပာျပမယ္ ဒီေကာင္ကေလ...အဲေလ...ေကာင္းဆက္ကေလ အဲ့ဒီလိုေတြႀကိဳျမင္တဲ့အျပင္ တေယာက္ေယာက္က ဒဏ္ရာရလို႔နာတာပဲျဖစ္ျဖစ္၊ ေရာဂါခံစားရလို႔နာတာပဲ ျဖစ္ျဖစ္၊ အဲ့ဒီလူရဲ႕ လက္ေကာက္ဝတ္ကို သူကိုင္လိုက္တာနဲ႔ အဲ့ဒီလူကနာတာက်င္တာေတြအကုန္ ယူပစ္သလိုေပ်ာက္သြားေရာ။ ဒါေပမယ့္ လူေတြကမေကာင္းဘူး။ အဲ့ဒီလိုမ်ိဳးေကာင္းဆက္က လဲႊယူၿပီးရင္ အဲ့ဒီေဝဒနာေတြသူခံစားရတာ၊ စကၠန္႔ဝက္ကေလ မိနစ္အထိ ခံစားရတယ္။ ဒီလိုခံစားေပးတာေတာင္ ေက်းဇူးမတင္ပဲ က်ိန္စာသင့္ၿပီးေမြးလာတဲ့သူမို႔လို႔ သူမ်ားကိုက်ိန္စာတိုက္နာက်င္ေစၿပီးရင္ သူ႔အျပစ္ေတြကိုဖုံးကြယ္ဖို႔ မေကာင္းတဲ့အတတ္နဲ႔ ဒီလိုလုပ္တယ္လို႔ အျမဲေျပာခံရတယ္"
ရဲြ႔ေျပာလို႔ေျပာမွန္းမသိ အားရဝမ္းသာ ျဖစ္ေၾကာင္းကုန္စင္ေျပာျပေနသည့္ နုိရာႏွင့္ မ်က္ေတာင္ခတ္ဖို႔ေတာင္ေမ့ေနသည့္အလား နားေထာင္ေနသည့္ Olivier Shane တို႔ထံမွ အၾကည့္ခြာကာ ေကာင္းဆက္အၾကည့္က ထိုင္ေနရာဆုိင္ရဲ႕ျပင္ပ ကားအျပင္ဘက္ဆီမွာ တခုခုစားေနသည့္ ကားေမာင္းဆရာထံ ေရာက္႐ွိသြားကာ လက္ကိုထိကုင္ထားစဥ္ ေတြ႔႐ွိခဲ့ရသည့္ Olivier Shane ရဲ႕ေသျခင္းတရားကို ျပန္ျမင္ေယာင္လာသည္။
႐ုပ္ရည္ပံုသ႑န္အရေတာ့ ထိုကားေမာင္းဆရာမွာ ေကာက္က်စ္စဥ္းလဲျခင္း လံုးဝမ႐ွိ၊ ႐ိုးသားပံုအထင္းသားေပၚေနတဲ့ ထိုကားေမာင္းဆရာက ဘာေၾကာင့္မ်ား Olivier Shane ကို မေသမခ်င္းဓားနဲ႔ ထိုးေနခဲ့သနည္း။ အေတြးမ်ားႏွင့္ ေငးၾကည့္ေနမိသည့္ မိမိမွာ အေ႐ွ႕မွာစားပဲြခံုကို လက္ေခ်ာင္းေလးနဲ႔ေခါက္လာသည့္ အသံၾကားမွသတိဝင္လာကာ ထိုလက္ေခ်ာင္းပိုင္႐ွင္ထံ ျပန္လွည့္ရေတာ့သည္။ ထိုသူက Business Card ေလးတခုကို ခ်ေပးလာၿပီးေနာက္
"ေကာင္းဆက္ေဂ်ဒင္ေရာ ႏုိရာမင္းေမာင္ေရာ မနက္ျဖန္ အလုပ္စဝင္လို႔ရပါၿပီ။ "
မည္မ်ွပင္ ၾကည့္မရဘူးဆိုဆို၊ အလုပ္စဝင္လို႔ရၿပီဆိုတဲ့ေနာက္ လူသားပီပီ ဖံုးမႏိုင္၊ဖိမရျဖင့္ ႐ွိသမ်ွသြားအကုန္ေပၚေအာင္ ျပံဳးမိသြားကာ သူ႔ထံသို႔ျပန္ၾကည့္လိုက္ၿပီး
"ကြၽန္ေတာ္တို႔ကို အလုပ္ခန္႔လိုက္တာလား..."
"အင္း။"
"တကယ္ခန္႔တာေရာဟုတ္ရဲ႕လား။ လာေတာ့မွမဟုတ္ဘူးလို႔ေျပာရင္ေရာ..."
ေကာင္းဆက္စကားေၾကာင့္ Olivier Shane က အသံထြက္ေအာင္ပင္ရယ္လာသည္။ ထို႔ေနာက္ စားပဲြေပၚက Business card ေလးေပၚ အလုပ္ခန္႔အပ္ေၾကာင္း စာတိုေရးၿပီးလက္မွတ္ပါထိုးကာ မိမိထံျပန္ကမ္းေပးလာသည္။
"ဒီလိုဆိုအာမခံခ်က္ရၿပီလား ေကာင္းဆက္? Universe က ကုိယ့္ရဲ႕Company ပါ ကုိယ္ခန္႔ထားတဲ့မည္သူမဆိုအေပၚ ဘယ္သူမွအထြန္႔တက္ခြင့္မ႐ွိတာမို႔လို႔ မနက္ျဖန္က်ရင္ႏွစ္ေယာက္လံုး လာခဲ့ပါ။ကုိယ့္ကိုခြင့္ျပဳပါဦး...ဒီေန႔ေတြ႔ဆံုပဲြေလးရဲ႕ က်သင့္ေငြကို မိတ္ျဖစ္ေဆြျဖစ္အေနနဲ႔ ကုိယ္ေပးသြားပါရေစ။ ဘာမ်ားထပ္မွာခ်င္ေသးလဲ"
"အသားကင္ေလး...."
"ႏိုရာ!!"
"ေကာင္းပါၿပီ ကုိယ္မွာေပးခဲ့မယ္။ ခြင့္ျပဳပါဦး..."
အျပံဳးေလးနဲ႔ေခါင္းတခ်က္ဆတ္ျပကာ ထထြက္သြားသည့္ Olivier Shane အေနာက္ လိုက္ၾကည့္ေနမိသည္မွာ သူ ကားေပၚတက္လုနီးနီးအထိပင္။ ကားေပၚတက္ခါနီး စားေသာက္ဆုိင္မွန္ကေနတဆင့္ မိမိတို႔ထံ လက္တဖက္ေထာင္ျပကာ ႏႈတ္ဆက္သြားၿပီးေနာက္ ကားေလးကဆုိင္ႏွင့္ေဝးရာဆီ တျဖည္းျဖည္းေဝးသြားေတာ့သည္။ ေဝးသြားသည္ႏွင့္တၿပိဳင္နက္ ႏိုရာဗိုက္ေခါက္ကိုလက္ညႇိဳးျဖင့္ထိုးလိုက္ကာ...
"မင္းမ႐ွက္ဘူးလား...။"
"႐ွက္စရာလား ဘာစားဦးမလဲေမးလို႔ အသားကင္စားဦးမယ္လို႔ ေျဖတာေလ၊ဘာျဖစ္လို႔လဲ"
"ဘာပဲျဖစ္ျဖစ္ အခုမွေတြ႔တဲ့သူဆီကေန စားစရာလား။ မသင့္ေတာ္ဘူးေပါ့"
"အခုမွေတြ႔ေတြ႔၊ အရင္ကတည္းကေတြ႔ေတြ႔ ေစတနာအရင္းခံထားရင္ အကုန္သင့္ေတာ္တယ္။ ၿပီးေတာ့ေကာင္းဆက္ ငါေျပာျပမယ္မွတ္ထား။ အစားအေသာက္နဲ႔ပတ္သတ္ရင္ သိပ္မစားဘူး၊ အ႐ွက္ႀကီးတယ္ ၊အားနာတတ္တယ္ဆိုတာ နာမည္ေလးပဲထည္ဝါတာ ဗိုက္မဝဘူး။ ငါကဗိုက္ဝတဲ့အလုပ္ပဲလုပ္တယ္။ "
"ေအးပါကြာ။ ျမန္ျမန္စား ၿပီးရင္ျပန္ၾကမယ္..."
စားေသာက္ဆိုင္ျပင္ေရာက္႐ွိခ်ိန္မွာေတာ့ ည၇ခဲြ၈ေလာက္႐ွိေနၿပီျဖစ္လို႔ ရံုးျပန္၊ အိမ္ျပန္သူေတြနဲ႔ စည္ကားလြန္းလွသည္။ လမ္းၾကားေလးထဲက ရပ္ကြက္ေလးေပမယ့္ အခ်က္အခ်ာက်သည့္ေနရာျဖစ္လို႔ အျမဲတေစ လူသံ၊ကားသံမျပတ္လွ။ စိတ္ႀကိဳက္စားေသာက္ခဲ့သည့္ ႏိုရာကေတာ့အေႏြးထည္ပြပြႀကီးေအာက္ ဖံုးေနသည့္ သူ႔ဗိုက္ကိုအသာပြတ္ကာ တလမ္းလံုးတေအ့ေအ့ျဖင့္ ေလတက္ေနသည္မွာ ျပန္အန္ထြက္ေတာ့မွာလားဟု ထင္မွတ္မွားရသည္။ သူ႔အေၾကာင္းေတြးေနတာကို သိသြားသည့္အလား...
"ေကာင္းဆက္ ငါ့ကိုစိတ္ဆိုးလား။မင္းကိုမေျပာပဲ ဟိုလူနဲ႔ခ်ိန္းေပးမိတာရယ္၊ မင္းမေျပာခ်င္တာေတြကို ငါကအေ႐ွ႕ကေျပာမိေနတာေတြရယ္ကိုေလ ငါကတကယ္အျခားအေတြးမ႐ွိပါဘူး။ သူ႔ပံုစံက တျခားလူေတြလို မင္းအေပၚထူးထူးဆန္းဆန္းျမင္တဲ့ပံု မ႐ွိေတာ့..."
"မဆိုးပါဘူး။ ဒါေပမဲ့ မဆိုးဘူးလားဆိုရင္ေတာ့လဲ နည္းနည္းေတာ့စိတ္ဆိုးမိတယ္ကြာ။ ငါကအျပင္လူေတြနဲ႔ အရမ္းစိမ္းေတာ့ သူစိမ္းတစ္ေယာက္ဖ်တ္ခနဲေပၚလာၿပီး ေမးခြန္းေတြေမး၊အတင္းအၾကပ္ေတြလုပ္ယူသြားတဲ့အေပၚမွာ ငါသက္ေတာင့္သက္သာမျဖစ္ခဲ့ဘူး။"
"ေတာင္းပန္ပါတယ္။"
"မလိုပါဘူး ေတာင္းပန္ဖို႔အထိ...ၿပီးေတာ့ ငါတို႔အလုပ္လဲရခဲ့ၿပီေလ။ အိမ္ကိုေျပာျပဖို႔ အရမ္းစိတ္လႈပ္႐ွားေနၿပီ။"
"ေရးးးးးး အလုပ္ရၿပီကြ!!!"
လမ္းေလ်ွာက္ေနရာမွ ရပ္တန္႔ကာ လက္ႏွစ္ဖက္လံုးမိုးေပၚေျမႇာက္ကာခုန္ေပါက္ေအာ္ဟစ္ေနသည့္ ႏိုရာ။ လူတုိင္းကသူ႔ကို အထူးအဆန္းသဖြယ္ၾကည့္သြားတာေတာင္ ႐ွက္ေၾကာျပတ္ေနဟန္႐ွိသည့္သူက ခုန္ေပါက္ျမဴးထူးေနဆဲ။
"ေအ့..."
"ဘာျဖစ္တာလဲ ႏိုရာ"
ႏိုရာက ခုန္ေပါက္ေနရာမွရပ္သြားကာ ပါးစပ္ကိုပိတ္၍ ပ်ိဳ႕တက္လာသည္ကို ထိန္းခ်ဳပ္ေနေလေတာ့ သူ႔ေက်ာျပင္ကို ပုတ္ရင္းျဖင့္ေမးလိုက္ၿပီး ျပန္ေျဖသံေနာက္မွာေတာ့ အုန္းခနဲထုခ်လိုက္ေတာ့သည္။
"စားပိုးနင့္ေနတာကို ခုန္ေပါက္လိုက္ေတာ့ အစာေတြလည္ေခ်ာင္းစကိုျပန္တက္လာတယ္။ အန္လို႔မျဖစ္ဘူး ေစ်းႀကီးေပးၿပီးစားထားရတာေတြ ေအ့...ေသၿပီ! ေကာင္းဆက္ရာ!!"
"ျပန္မယ္ ျပန္မယ္။ ငါတို႔အိမ္ေတြက မသိေသးဘူးေလ အလုပ္ရတာကို။ သတင္းေကာင္းေလးေျပးေျပာရေအာင္ Universe လို Company မ်ိဳးမွာ ငါတို႔လို Experience မ႐ွိသူေတြအလုပ္ရဖို႔ မလြယ္ဘူးေလ။"
"ေအးဆို..."
"ႏိုရာ"
"အင္း...."
"Olivier Shane က အရမ္းမုိက္တယ္ေနာ္။ ေတာ္ေတာ္မုိက္တယ္ၾကားဖူးေပမယ့္ အဲ့ဒီေလာက္ႀကီးမဟုတ္ဘူးလို႔ထင္ခဲ့တာ။"
"ဘာလဲ သူကလူမိုက္လဲလုပ္ေသးတာလား။"
"ငါလူး....ေခ်ာတယ္၊ခန႔္တယ္၊ မိမိုက္တယ္ကိုေျပာတာကြ။ အေမရိကန္စင္စစ္ေပမယ့္ အသားအရည္က အရမ္းနီစပ္စပ္ႀကီးမဟုတ္ဘူး ေတြ႔ဖူးသမ်ွထဲ အေတာ္ေလးခန္႔ညားၿပီးေယာက္က်ားပီသတယ္။"
"ဟုတ္တယ္ စကားေျပာဟန္၊ ထိုင္ခံုမွထုိင္တဲ့ပံုကစလို႔ ေလယူေလသိမ္း ၊အျပဳအမူကအစ အရမ္း ဘယ္လိုေျပာရမလဲ တမူထူးၿပီးကဲြထြက္ေနသလိုမ်ိဳး။ ဒါေပမဲ့လဲ ႏိုရာမင္းေမာင္ဆိုတဲ့ ငါ့လိုအာ႐ွသားစင္စစ္ေလးကိုေတာ့ သူမမွီေသးပါဘူးကြာ။"
ႏိုရာ့အေျပာကို အသားကုန္ေအာ္ရယ္ရင္းျဖင့္ ေထာက္ခံခဲ့ၿပီး ပခံုးဖက္ကာ ျပန္လာခဲ့ၾကသည္။ သို႔တိုင္ေအာင္ ထျပန္ခါနီး အားပါးတရရယ္လိုက္သည့္ သူ႔ရဲ႕သြင္ျပင္၊ Business Card ေလးအေပၚ ငံု႔၍ စာေရးေနခ်ိန္တုန္းက မ်က္လႊာခ်ထားသည္မို႔ လွစ္ခနဲေပၚလာသည့္ ဘယ္ဘက္မ်က္ခြံေပၚက မွဲ႔နက္ေလးနဲ႔ Card ေလးကို ဖိထားေသာ မသြယ္ေပမယ့္ အ႐ိုးအဆစ္အခ်ဳိုးက်ၿပီး ခပ္႐ွည္႐ွည္ ျဖဴေဖြးသည့္လက္ေခ်ာင္းေလးမ်ားႏွင့္ စိမ္းညိဳ႕ညိဳ႕အေၾကာစိမ္းေတြယွက္ေျပးေနသည့္ လက္ခံုေလးကိုေတာ့ ခုခ်ိန္ထိ စိတ္ထဲကေမ့ေဖ်ာက္လို႔မရခဲ့။
ပညာေရာ၊ဓနေရာ၊ ႐ုပ္ရည္ေရာ၊အရည္အခ်င္းေရာ၊ Manner ေရာျပည့္စံုလြန္းသည့္ Olivier Shane အနားမွာဝိုင္းရံေနမည့္ ဂုဏ္႐ွိန္အဆင့္အတန္းတူ အမ်ိဳးသမီးမ်ားလဲ အမ်ားႀကီး႐ွိေနမွာအေသအခ်ာပင္။
4700 words
Unicode
စားသောက်ဆိုင်တခုလုံးကလဲ ဝိုင်းအုံုကြည့်လာသည်မို့ Shane ပို၍နေရခက်လာသည်။ မသိရင်သူကပဲ ထိုကပြားလေးကို တစုံတခုလုပ်လိုက်သည့် အမူအရာများနှင့်။ လူကောင်းပကတိသဖွယ် တည်ငြိမ်သွားသည့် ထိုကပြားလေးက ပြန်ထရပ်ကာ ထိုင်ခုံမှာပြန်ထိုင်ဖို့ရာ ပြင်ဆင်နေသည်မို့ တွဲပေးရန်ရွယ်လိုက်ပြီးကာမှ ထပ်မထိရဲတော့တာကြောင့် အကျီလက်အစကိုသာ ဆုပ်ကိုင်တွဲထူလိုက်တော့ ဝေ့ခနဲရောက်ရှိလာသည့် မျက်လုံးအကြည့်တွေ...။
"ဆောရီးပါ ကောင်းဆက် ကိုယ်က မင်းဒီတိုင်း မြင်ရုံပဲမြင်တယ်ထင်နေမိလို့ အဆင်ပြေရဲ့လား၊ "
"ရပါတယ် ပြေပါတယ်"
ထို့နောက်တော့ ကိုယ်စီကိုယ်ဌ ထိုင်ခုံကိုယ်စီမှာ ပြန်ဝင်ထိုင်ပြီးကြပြီး စကားကတော့ ဘာဆက်ပြောရမည်မသိစွာ တိတ်ဆိတ်နေဆဲ။ ထိုသို့သောအခြေအနေကို အသက်ပြန်သွင်းရန် အလို့ဌာ Shane ကပင် စကားစလိုက်သည်။
"တော်တော်လေး ဆိုးဆိုးဝါးဝါး ဖြစ်သွားခဲ့လား..."
"ဘာကိုလဲ Mr Shane"
"ကိုယ့်ရဲ့ သေဆုံးခြင်းက အဲ့ဒီလောက်ဆိုးဝါးနေခဲ့တာလား"
ထိုမေးခွန်းတော့ ကောင်းဆက်က ချက်ချင်းပြန်မဖြေလာခဲ့ပဲ ဆိုင်ရဲ့အပြင်ဘက်မှာရပ်ထားသည့် Shane ရဲ့ ကားရှိရာသို့ အကြည့်ရောက်နေသည်။ စူးစိုက်ကြည့်နေခဲ့တာကြောင့် Shane ပါ ထိုနေရာအကြည့်ရောက်သွားသော်လည်း ရပ်ထားသည့်ကားနှင့် အပြင်ဘက်မှာထွက်ရပ်နေသည့် ကားမောင်းဆရာသာရှိနေလေတော့ သူ...ဘာကိုကြည့်နေတာလဲ။ ငါ့ကားကိုလား? ငါလဲအက်ဆီးဒန့်နဲ့ သေရလိမ့်မှာလား...။ ထိုသို့အတွေးဝင်လာတော့ အဖြေကိုပို၍ သိချင်လာကာ သူ့ထံကဖြေများဖြေလာလေမလား ဟူသောမျှော်လင့်ချက်ဖြင့် ငံ့လင့်နေမိသည့်တိုင် သူကတော့ အကြည့်မခွာ တခွန်းမှလဲမဖြေလာခဲ့။
"ဖြေပေးပါဦး ကောင်းဆက် မင်းပြောပြလို့ရတဲ့အတိုင်းအတာထိပေါ့"
"ကျွန်တော်...ကျွန်တော် နောက်မှပြောပြလို့ရမလား"
"ဒီနေ့တော့မဟုတ်ဘူးမလား"
Shane အမေးစကားကြောင့် ထိုကပြားလေးက ခြေဆုံးခေါင်းဆုံးကြည့်လာပြီးနောက် ခပ်ဖြေးဖြေးခေါင်းခါယမ်းပြလာသည်။
"ဘယ်နေ့လဲတော့ မသိဘူး ဒါပေမယ့် ဒီနေ့ အဝတ်အစားနဲ့လဲ မဟုတ်သလို အခုဝတ်ထားတဲ့ အဝတ်အစားနဲ့လဲမဟုတ်ဘူး"
"ဟုတ်လား ဒါဆို ဘယ်လိုအဝတ်အစားနဲ့လဲ"
"ဒါကို ကျွန်တော်ပြောပြခွင့်မရှိဘူး။ ကျွန်တော့်စွမ်းရည်မှာလဲ ကန့်သတ်ချက်တွေရှိတယ်။ အဲ့ဒါကိုချိုးဖောက်ပြီး ပြောပြလိုက်ရင် ခင်ဗျားဆီ နေ့မကူးပဲ ချက်ချင်းရောက်လာလိမ့်မယ် "
"ဘယ်ဟာက ရောက်လာမှာလဲ "
"သေခြင်းတရား.."
တစထက်တစပိုပို၍ ကောင်းဆက်ဆိုသည့် ကပြားလေးက စိတ်ဝင်စားစရာကောင်းလာသည်။ သေခြင်းတရားကိုမြင်နိုင်ခြင်း၊ သေဆုံးသူရဲ့ဝေဒနာအတိုင်း ခဏတာခံစားရခြင်းအပြင် သူ့မှာကန့်သတ်ချက်ရှိသေးသည်တဲ့ ဘာများဖြစ်လိမ့်မလဲဟူသော မေးခွန်းက Shane ရင်ထဲမှာအပြေးအလွှား ဖြစ်လာသည်။ ကိုယ်တိုင်ကကို သဘာဝလွန်စွမ်းအင်ရှိသူမို့ အရမ်းကြီးထူးဆန်းကြောက်ရွံမနေသော်လဲ ကောင်းဆက်ပြောသည့် သူသာထုတ်ပြောလိုက်ရင် နေ့မကူးပဲသေဆုံးလိမ့်မည်ဟူသော စကားအပေါ်တော့ တံတွေးမျိုချမိတဲ့အထိ စိတ်လှုပ်ရှားသွားတာတော့ အမှန်ပင်။
"မင်းပြောချင်တာ ကိုယ်သေချာ နားမလည်ဘူး "
"ကျွန်တော်က ကြိုပဲမြင်တာ။ ဒီနေ့ဘယ်မသွားနဲ့၊ ဘာမလုပ်နဲ့၊ ဆိုတာပဲပြောလို့ရတယ်။ ဘာအကျီဝတ်ထားပြီး ကားက ဘယ်လမ်းပေါ်မှာ ဘယ်လိုဝင်တိုက်ပြီး ဘယ်လိုပုံစံဖြစ်မယ်၊ ဘယ်သူက ဘယ်လိုပုံစံနဲ့သတ်မယ်စတာတွေကို အသေးစိတ်ပြောပြလို့မရဘူး။ အဲ့ဒါကြောင့်မနက်က ဟိုမန်နေဂျာကို ဘယ်မှမသွားနဲ့ ခင်ဗျားသေလိမ့်မယ်လို့ပဲ ကျွန်တော်ပြောခဲ့တာ။ အဲ့ဒါကျွန်တော့်စွမ်းရည်ရဲ့ ကန့်သတ်ချက်ပဲ"
"ပြောလိုက်ရင်ရော"
"ခုနပြောသလိုပဲ ပြောလိုက်ရင် ကျွန်တော့်ပြောလိုက်တဲ့နေ့မှာပဲ အဲ့ဒီလူချက်ချင်းသေရတယ်။ "
"ကြိုမြင်တဲ့အတိုင်းသေသွားမှာမျိုးလား"
"မဟုတ်ဘူး အဲ့ဒီလိုကြိုပြောလိုက်မိတဲ့လူရဲ့ သေရမယ့်ပုံစံက ပထမတုန်းက မြင်ထားတာနဲ့မတူတော့တဲ့အပြင် ထုတ်ပြောမိတဲ့သူရဲ့သေခြင်းပုံစံအသစ်ကို ကျွန်တော်နောက်တကြိမ်မမြင်ရတော့ဘူး"
"မင်းပြောချင်တာ ကိုယ့်ကိုအသေးစိတ်ပြောပြလိုက်ရင် ကိုယ်ဒီနေ့ပဲသေရလိမ့်မယ်။ ဒါပေမယ့်မင်းမြင်တဲ့ပုံစံနဲ့တော့မဟုတ်ဘူးပေါ့ အဲ့ဒီလိုလားဟုတ်လား"
"ဟုတ်တယ် ဥပမာ ခင်ဗျားကို နိုရာက ကားနဲ့တိုက်သတ်တယ်ပဲထားပါတော့။ ကျွန်တော်က ခင်ဗျားကို ကားတိုက်ခံရပြီးသေလိမ့်မယ်လို့ပဲ ပြောလို့ရတယ်။ ဘယ်သူကတိုက်လိမ့်မယ်လို့ပြောလို့မရဘူး။ "
ခေါင်းတညိတ်ညိတ်လုပ်မိသည့်အသိ ကပြားကောင်လေး ရထားသည့် သဘာဝလွန်စွမ်းအားရဲ့ ထူးခြားချက်၊ကန့်သတ်ချက်တွေကို အံ့သြမိတာအမှန်။ လူတစ်ယောက်ရဲ့သေခြင်းကို လက်ကနေတဆင့်မြင်ရတယ်၊ သို့သော်ဘယ်နေ့လဲအတပ်မသိရ၊ ဘယ်တော့လဲအတပ်မသိရ၊ သေဆုံးမယ့်သူက ဘယ်လိုဝတ်ဆင်ထားပြီး ဘယ်သူက ဘယ်လိုအရာက မည်သို့မည်ပုံသတ်လိမ့်မည်၊ သေစေလိမ့်မည်ဆိုတာကို အတိအကျထုတ်ပြောခွင့်မရှိ၊ ထုတ်ပြောမိရင် ထိုသူကသူမြင်ခဲ့သည့် သေဆုံးနည်းဖြင့်ဖြစ်စေ သို့မဟုတ် မဟုတ်တော့သည့် နောက်တစ်နည်းဖြင့်ဖြစ်စေ အချိန်နေ့ရက်ပြောင်းကာ နေ့မကူးပဲချက်ချင်းသေဆုံးရမည်။ ထို့အပြင်ထုတ်ပြောလိုက်မိပြီးမှ တားလို့ရလိုရငြား သေခြင်းနမိတ်ကို ထပ်ကြည့်မယ်ဆိုရင်တောင် ထပ်မံမြင်ရခြင်းမရှိတော့ဘူးဆိုသည့် ကန့်သတ်ချက်တွေက သိပ်ကိုထူးခြား၊အံ့သြဖွယ်ရာပင်။
"ဒါဆို ကိုယ်လဲ ဘယ်တော့သေမလဲ မသိရဘူးပေါ့ အသက်အရွယ်ကြီးမှလဲ ဖြစ်နိုင်တာပဲ ဟုတ်တယ်မလား"
"ကျွန်တော်မြင်ခဲ့တဲ့ သေခြင်းတရားထဲက ခင်ဗျားရဲ့ပုံစံက လက်ရှိ အသက်အရွယ်ဝန်းကျင်ခန့်မှာပဲ Mr Shane "
"..............."
"သိပ်လဲ လန့်မနေပါနဲ့ ခင်ဗျား အဝတ်အစားကိုမြင်ရင်တော့သိပါတယ်။ ဒီနေ့အဝတ်အစားက အဲ့ဒီအဝတ်အစားမဟုတ်လို့ စိတ်ချလက်ချသွားစရာရှိတာသွား။ မနက်တိုင်းအကျီလဲပီးရင် ကျွန်တော့်ကို ဓာတ်ပုံလှမ်းပို့ပြီးပြချင်ရင်ပြပေါ့။ ငါဒီနေ့သေတော့မှာလားဆိုပြီး"
ဟက်ခနဲရယ်မိသည့်အထိ ထိုကပြားလေးရဲ့ရွဲ့တဲ့တဲ့ ပြန်ဖြေပုံက ပြောင်မြောက်လှသည်။ ပြောပြီးသည်နှင့် ထထွက်သွားရန်ပြင်နေသည့် ထိုကပြားလက်ကောက်ဝတ်ကို လှမ်းဆွဲလိုက်မိတော့ ပြူးကြည့်လာသည့် နိုရာဆိုသူကောင်လေးရဲ့ အကြည့်စူးစူးနောက် Shane မှာ အကျီၤစသို့ပြောင်းလဲ ဆွဲထားလိုက်ရသည်။
"ခဏလေး ကောင်းဆက်။ တကယ်လို့များ ကြိုမပြောပဲ အဲ့ဒီလူသေမှာကို မင်းတားလိုက်ရင်ရော ဘာဆက်ဖြစ်မှာလဲ"
"ကျွန်တော်မသိဘူး အဲ့ဒီလို ကျွန်တော်တားနိုင်ဖို့စောင့်နေတဲ့ သူရှိပေမယ့် သူ့ဆီ သေခြင်းတရားက မရောက်လာသေးတာမို့ တားလိုက်ပြီးရင် ဘာဆက်ဖြစ်မလဲ ကျွန်တော်မသိသေးဘူး"
"Mr Shane ကောင်းဆက်ကလေ အဲ့ဒါတခုတည်းမဟုတ်ဘူး။ ဝေဒနာခံစားရလို့ နာကျင်နေတဲ့သူတွေဆီက နာကျင်မှုကို သူယူနိုင်တယ်"
"နိုရာ!!!!"
တချိန်လုံးငြိမ်နေခဲ့သည့် နိုရာဆိုသောကောင်လေးဝင်ပြောလာသည့် စကားနှင့်အတူ ခပ်ဆတ်ဆတ်ဟန့်တားလာသည့် ကပြားလေးရဲ့အသံကပါ တွဲလျက်ပါလာသည်။ ထို့နောက်တော့ သူတို့နှစ်ဦးထံက အပြန်အလှန်ပြောသံတွေက တန်းစီကာ ထွက်ပေါ်လာတော့သည်။
"နိုရာ မင်း!"
"ဆောရီး ငါက မင်းပြောပြဖို့မေ့နေခဲ့တယ်ထင်လို့ ပြန်မထွက်ကြသေးခင် အမှီလေးပြေးပြောမိတာ..."
"မေ့စရာလား အခုမှတွေ့တဲ့သူကို အကုန်မပြောချင်လို့ ငါတမင်မပြောတာကို မင်းက အရှေ့ကနေရွှေကြိုဖော်ကောင်လုပ်နေတယ်"
"မသိလို့ပါလို့ဆို..."
နားမလည်ပေမယ့် အသံအနေအထား၊ အသံထွက်လေးကအစ ဆွဲဆောင်မှုရှိနေသည့် ဘာသာစကားတစ်မျိုးနှင့် အချင်းချင်းပြောနေကြသည့် သူတို့နှစ်ဦးစကားစပြတ်သည်နှင့် တပြိုင်နက်...
"နိုရာပြောတာကရော ဘယ်လိုမျိုးလဲ။ တကယ်ပဲ ကိုယ်သိချင်နေမိလို့ပါ။ပြောမယ့်ပြောမှတော့ အကုန်ပြောပြလိုက်တာ အကောင်းဆုံးလို့ထင်ပါတယ်"
စတွေ့ကာစလူကို အစအဆုံးမပြောပြချင်ပေမယ့် နိုရာက အစဆွဲထုတ်သွားခဲ့ပြီ။ ပြောချလိုက်တုန်းကတော့ ရှေ့မကြည့်နောက်မကြည့်နှင့် နိုရာက ယခုတော့ တောင့်တောင့်လေးထိုင်ကာ "ဘယ်လိုလဲ ငါပြောပြလိုက်ရတော့မလား" ဟူသော ပုံစံမျိုးဖြင့် မျက်လုံးထောင့်ကပ်ကာ မိမိကိုကြည့်နေသည်ကို ကြည့်ကာ ကောင်းဆက်မှာ ဆဲွဲဆောင့်လိုက်ချင်သည့်စိတ်တွေက တဖွားဖွားဖြစ်လို့နေသည်။
"ဘာလို့ ငါ့ကိုလာကြည့်နေတာလဲ"
"မင်း သိပ်ပြောပြချင်နေတယ်မဟုတ်လား ပြောပြလိုက်လေ"
"ဟေ တကယ်လား အေးအေး အတော်ပဲငါအရမ်းပြောပြချင်နေတာ Mr Shane ကျွန်တော်ပြောပြမယ် ဒီကောင်ကလေ...အဲလေ...ကောင်းဆက်ကလေ အဲ့ဒီလိုတွေကြိုမြင်တဲ့အပြင် တယောက်ယောက်က ဒဏ်ရာရလို့နာတာပဲဖြစ်ဖြစ်၊ ရောဂါခံစားရလို့နာတာပဲ ဖြစ်ဖြစ်၊ အဲ့ဒီလူရဲ့ လက်ကောက်ဝတ်ကို သူကိုင်လိုက်တာနဲ့ အဲ့ဒီလူကနာတာကျင်တာတွေအကုန် ယူပစ်သလိုပျောက်သွားရော။ ဒါပေမယ့် လူတွေကမကောင်းဘူး။ အဲ့ဒီလိုမျိုးကောင်းဆက်က လွဲှယူပြီးရင် အဲ့ဒီဝေဒနာတွေသူခံစားရတာ၊ စက္ကန့်ဝက်ကလေ မိနစ်အထိ ခံစားရတယ်။ ဒီလိုခံစားပေးတာတောင် ကျေးဇူးမတင်ပဲ ကျိန်စာသင့်ပြီးမွေးလာတဲ့သူမို့လို့ သူများကိုကျိန်စာတိုက်နာကျင်စေပြီးရင် သူ့အပြစ်တွေကိုဖုံးကွယ်ဖို့ မကောင်းတဲ့အတတ်နဲ့ ဒီလိုလုပ်တယ်လို့ အမြဲပြောခံရတယ်"
ရွဲ့ပြောလို့ပြောမှန်းမသိ အားရဝမ်းသာ ဖြစ်ကြောင်းကုန်စင်ပြောပြနေသည့် နိုရာနှင့် မျက်တောင်ခတ်ဖို့တောင်မေ့နေသည့်အလား နားထောင်နေသည့် Olivier Shane တို့ထံမှ အကြည့်ခွာကာ ကောင်းဆက်အကြည့်က ထိုင်နေရာဆိုင်ရဲ့ပြင်ပ ကားအပြင်ဘက်ဆီမှာ တခုခုစားနေသည့် ကားမောင်းဆရာထံ ရောက်ရှိသွားကာ လက်ကိုထိကုင်ထားစဉ် တွေ့ရှိခဲ့ရသည့် Olivier Shane ရဲ့သေခြင်းတရားကို ပြန်မြင်ယောင်လာသည်။
ရုပ်ရည်ပုံသဏ္ဍန်အရတော့ ထိုကားမောင်းဆရာမှာ ကောက်ကျစ်စဉ်းလဲခြင်း လုံးဝမရှိ၊ ရိုးသားပုံအထင်းသားပေါ်နေတဲ့ ထိုကားမောင်းဆရာက ဘာကြောင့်များ Olivier Shane ကို မသေမချင်းဓားနဲ့ ထိုးနေခဲ့သနည်း။ အတွေးများနှင့် ငေးကြည့်နေမိသည့် မိမိမှာ အရှေ့မှာစားပွဲခုံကို လက်ချောင်းလေးနဲ့ခေါက်လာသည့် အသံကြားမှသတိဝင်လာကာ ထိုလက်ချောင်းပိုင်ရှင်ထံ ပြန်လှည့်ရတော့သည်။ ထိုသူက Business Card လေးတခုကို ချပေးလာပြီးနောက်
"ကောင်းဆက်ဂျေဒင်ရော နိုရာမင်းမောင်ရော မနက်ဖြန် အလုပ်စဝင်လို့ရပါပြီ။ "
မည်မျှပင် ကြည့်မရဘူးဆိုဆို၊ အလုပ်စဝင်လို့ရပြီဆိုတဲ့နောက် လူသားပီပီ ဖုံးမနိုင်၊ဖိမရဖြင့် ရှိသမျှသွားအကုန်ပေါ်အောင် ပြုံးမိသွားကာ သူ့ထံသို့ပြန်ကြည့်လိုက်ပြီး
"ကျွန်တော်တို့ကို အလုပ်ခန့်လိုက်တာလား..."
"အင်း။"
"တကယ်ခန့်တာရောဟုတ်ရဲ့လား။ လာတော့မှမဟုတ်ဘူးလို့ပြောရင်ရော..."
ကောင်းဆက်စကားကြောင့် Olivier Shane က အသံထွက်အောင်ပင်ရယ်လာသည်။ ထို့နောက် စားပွဲပေါ်က Business card လေးပေါ် အလုပ်ခန့်အပ်ကြောင်း စာတိုရေးပြီးလက်မှတ်ပါထိုးကာ မိမိထံပြန်ကမ်းပေးလာသည်။
"ဒီလိုဆိုအာမခံချက်ရပြီလား ကောင်းဆက်? Universe က ကိုယ့်ရဲ့Company ပါ ကိုယ်ခန့်ထားတဲ့မည်သူမဆိုအပေါ် ဘယ်သူမှအထွန့်တက်ခွင့်မရှိတာမို့လို့ မနက်ဖြန်ကျရင်နှစ်ယောက်လုံး လာခဲ့ပါ။ကိုယ့်ကိုခွင့်ပြုပါဦး...ဒီနေ့တွေ့ဆုံပွဲလေးရဲ့ ကျသင့်ငွေကို မိတ်ဖြစ်ဆွေဖြစ်အနေနဲ့ ကိုယ်ပေးသွားပါရစေ။ ဘာများထပ်မှာချင်သေးလဲ"
"အသားကင်လေး...."
"နိုရာ!!"
"ကောင်းပါပြီ ကိုယ်မှာပေးခဲ့မယ်။ ခွင့်ပြုပါဦး..."
အပြုံးလေးနဲ့ခေါင်းတချက်ဆတ်ပြကာ ထထွက်သွားသည့် Olivier Shane အနောက် လိုက်ကြည့်နေမိသည်မှာ သူ ကားပေါ်တက်လုနီးနီးအထိပင်။ ကားပေါ်တက်ခါနီး စားသောက်ဆိုင်မှန်ကနေတဆင့် မိမိတို့ထံ လက်တဖက်ထောင်ပြကာ နှုတ်ဆက်သွားပြီးနောက် ကားလေးကဆိုင်နှင့်ဝေးရာဆီ တဖြည်းဖြည်းဝေးသွားတော့သည်။ ဝေးသွားသည်နှင့်တပြိုင်နက် နိုရာဗိုက်ခေါက်ကိုလက်ညှိုးဖြင့်ထိုးလိုက်ကာ...
"မင်းမရှက်ဘူးလား...။"
"ရှက်စရာလား ဘာစားဦးမလဲမေးလို့ အသားကင်စားဦးမယ်လို့ ဖြေတာလေ၊ဘာဖြစ်လို့လဲ"
"ဘာပဲဖြစ်ဖြစ် အခုမှတွေ့တဲ့သူဆီကနေ စားစရာလား။ မသင့်တော်ဘူးပေါ့"
"အခုမှတွေ့တွေ့၊ အရင်ကတည်းကတွေ့တွေ့ စေတနာအရင်းခံထားရင် အကုန်သင့်တော်တယ်။ ပြီးတော့ကောင်းဆက် ငါပြောပြမယ်မှတ်ထား။ အစားအသောက်နဲ့ပတ်သတ်ရင် သိပ်မစားဘူး၊ အရှက်ကြီးတယ် ၊အားနာတတ်တယ်ဆိုတာ နာမည်လေးပဲထည်ဝါတာ ဗိုက်မဝဘူး။ ငါကဗိုက်ဝတဲ့အလုပ်ပဲလုပ်တယ်။ "
"အေးပါကွာ။ မြန်မြန်စား ပြီးရင်ပြန်ကြမယ်..."
စားသောက်ဆိုင်ပြင်ရောက်ရှိချိန်မှာတော့ ည၇ခွဲ၈လောက်ရှိနေပြီဖြစ်လို့ ရုံးပြန်၊ အိမ်ပြန်သူတွေနဲ့ စည်ကားလွန်းလှသည်။ လမ်းကြားလေးထဲက ရပ်ကွက်လေးပေမယ့် အချက်အချာကျသည့်နေရာဖြစ်လို့ အမြဲတစေ လူသံ၊ကားသံမပြတ်လှ။ စိတ်ကြိုက်စားသောက်ခဲ့သည့် နိုရာကတော့အနွေးထည်ပွပွကြီးအောက် ဖုံးနေသည့် သူ့ဗိုက်ကိုအသာပွတ်ကာ တလမ်းလုံးတအေ့အေ့ဖြင့် လေတက်နေသည်မှာ ပြန်အန်ထွက်တော့မှာလားဟု ထင်မှတ်မှားရသည်။ သူ့အကြောင်းတွေးနေတာကို သိသွားသည့်အလား...
"ကောင်းဆက် ငါ့ကိုစိတ်ဆိုးလား။မင်းကိုမပြောပဲ ဟိုလူနဲ့ချိန်းပေးမိတာရယ်၊ မင်းမပြောချင်တာတွေကို ငါကအရှေ့ကပြောမိနေတာတွေရယ်ကိုလေ ငါကတကယ်အခြားအတွေးမရှိပါဘူး။ သူ့ပုံစံက တခြားလူတွေလို မင်းအပေါ်ထူးထူးဆန်းဆန်းမြင်တဲ့ပုံ မရှိတော့..."
"မဆိုးပါဘူး။ ဒါပေမဲ့ မဆိုးဘူးလားဆိုရင်တော့လဲ နည်းနည်းတော့စိတ်ဆိုးမိတယ်ကွာ။ ငါကအပြင်လူတွေနဲ့ အရမ်းစိမ်းတော့ သူစိမ်းတစ်ယောက်ဖျတ်ခနဲပေါ်လာပြီး မေးခွန်းတွေမေး၊အတင်းအကြပ်တွေလုပ်ယူသွားတဲ့အပေါ်မှာ ငါသက်တောင့်သက်သာမဖြစ်ခဲ့ဘူး။"
"တောင်းပန်ပါတယ်။"
"မလိုပါဘူး တောင်းပန်ဖို့အထိ...ပြီးတော့ ငါတို့အလုပ်လဲရခဲ့ပြီလေ။ အိမ်ကိုပြောပြဖို့ အရမ်းစိတ်လှုပ်ရှားနေပြီ။"
"ရေးးးးးး အလုပ်ရပြီကွ!!!"
လမ်းလျှောက်နေရာမှ ရပ်တန့်ကာ လက်နှစ်ဖက်လုံးမိုးပေါ်မြှောက်ကာခုန်ပေါက်အော်ဟစ်နေသည့် နိုရာ။ လူတိုင်းကသူ့ကို အထူးအဆန်းသဖွယ်ကြည့်သွားတာတောင် ရှက်ကြောပြတ်နေဟန်ရှိသည့်သူက ခုန်ပေါက်မြူးထူးနေဆဲ။
"အေ့..."
"ဘာဖြစ်တာလဲ နိုရာ"
နိုရာက ခုန်ပေါက်နေရာမှရပ်သွားကာ ပါးစပ်ကိုပိတ်၍ ပျို့တက်လာသည်ကို ထိန်းချုပ်နေလေတော့ သူ့ကျောပြင်ကို ပုတ်ရင်းဖြင့်မေးလိုက်ပြီး ပြန်ဖြေသံနောက်မှာတော့ အုန်းခနဲထုချလိုက်တော့သည်။
"စားပိုးနင့်နေတာကို ခုန်ပေါက်လိုက်တော့ အစာတွေလည်ချောင်းစကိုပြန်တက်လာတယ်။ အန်လို့မဖြစ်ဘူး ဈေးကြီးပေးပြီးစားထားရတာတွေ အေ့...သေပြီ! ကောင်းဆက်ရာ!!"
"ပြန်မယ် ပြန်မယ်။ ငါတို့အိမ်တွေက မသိသေးဘူးလေ အလုပ်ရတာကို။ သတင်းကောင်းလေးပြေးပြောရအောင် Universe လို Company မျိုးမှာ ငါတို့လို Experience မရှိသူတွေအလုပ်ရဖို့ မလွယ်ဘူးလေ။"
"အေးဆို..."
"နိုရာ"
"အင်း...."
"Olivier Shane က အရမ်းမိုက်တယ်နော်။ တော်တော်မိုက်တယ်ကြားဖူးပေမယ့် အဲ့ဒီလောက်ကြီးမဟုတ်ဘူးလို့ထင်ခဲ့တာ။"
"ဘာလဲ သူကလူမိုက်လဲလုပ်သေးတာလား။"
"ငါလူး....ချောတယ်၊ခန့်တယ်၊ မိမိုက်တယ်ကိုပြောတာကွ။ အမေရိကန်စင်စစ်ပေမယ့် အသားအရည်က အရမ်းနီစပ်စပ်ကြီးမဟုတ်ဘူး တွေ့ဖူးသမျှထဲ အတော်လေးခန့်ညားပြီးယောက်ကျားပီသတယ်။"
"ဟုတ်တယ် စကားပြောဟန်၊ ထိုင်ခုံမှထိုင်တဲ့ပုံကစလို့ လေယူလေသိမ်း ၊အပြုအမူကအစ အရမ်း ဘယ်လိုပြောရမလဲ တမူထူးပြီးကွဲထွက်နေသလိုမျိုး။ ဒါပေမဲ့လဲ နိုရာမင်းမောင်ဆိုတဲ့ ငါ့လိုအာရှသားစင်စစ်လေးကိုတော့ သူမမှီသေးပါဘူးကွာ။"
နိုရာ့အပြောကို အသားကုန်အော်ရယ်ရင်းဖြင့် ထောက်ခံခဲ့ပြီး ပခုံးဖက်ကာ ပြန်လာခဲ့ကြသည်။ သို့တိုင်အောင် ထပြန်ခါနီး အားပါးတရရယ်လိုက်သည့် သူ့ရဲ့သွင်ပြင်၊ Business Card လေးအပေါ် ငုံ့၍ စာရေးနေချိန်တုန်းက မျက်လွှာချထားသည်မို့ လှစ်ခနဲပေါ်လာသည့် ဘယ်ဘက်မျက်ခွံပေါ်က မှဲ့နက်လေးနဲ့ Card လေးကို ဖိထားသော မသွယ်ပေမယ့် အရိုးအဆစ်အချိုးကျပြီး ခပ်ရှည်ရှည် ဖြူဖွေးသည့်လက်ချောင်းလေးများနှင့် စိမ်းညို့ညို့အကြောစိမ်းတွေယှက်ပြေးနေသည့် လက်ခုံလေးကိုတော့ ခုချိန်ထိ စိတ်ထဲကမေ့ဖျောက်လို့မရခဲ့။
ပညာရော၊ဓနရော၊ ရုပ်ရည်ရော၊အရည်အချင်းရော၊ Manner ရောပြည့်စုံလွန်းသည့် Olivier Shane အနားမှာဝိုင်းရံနေမည့် ဂုဏ်ရှိန်အဆင့်အတန်းတူ အမျိုးသမီးများလဲ အများကြီးရှိနေမှာအသေအချာပင်။
4700 words