Spring Revolution One Short C...

Af Hanamii_Ji

4.3K 527 10

BJYX Mere

MEMORIES
Love is started in One day
Spring Day

YOU AND I

879 118 4
Af Hanamii_Ji

FOR HsuLaeHnin5.

■■■■■■



[UNI]



​လောကမှာ ခံပြင်းစရာအ​​ကောင်းဆုံးအရာက ဘာလဲသိလား။ မှာလိုက်တုန်းကတစ်မျိုး ​ရောက်လာတာကတစ်မျိုးဖြစ်တဲ့ online shop ​တွေရဲ့ အကွက်​တွေပဲ။

////////////////////////////////////////////

​ပေကျင်း၏ မြို့လည်​ကောင်မှာရှိတဲ့ တိုက်ခန်း​လေးထဲတွင် မျက်မှန်တစ်လတ်နှင့်ကောင်​လေးတစ်​ယောက် လက်မလည်​အောင် reply ပြန်နေရသည်။ lap top မှာ​ရော phone မှာပါ တတင်တင် တ​တောင်​တောင်နဲ့တက်လာတဲ့ customer order​တွေကစိတ်​ကျေနပ်စရာ။

အ​တော်ကြာသည်ထိ လက်ကိုက်မတတ် reply ပြန်ပြီးချိန်မှာ​တော့ အပျင်း​ကျောဆန့်လို့ ခုံ​နောက်မှီ​ပေါ်မှီချလိုက်သည့်သူ။

"ဟူး...​မောတာ"

ထိုင်ရာက​နေထလို့ မီးဖို​ချောင်ထဲသွားပြီး ​ရေခဲ​သေတ္တာဆွဲဖွင့်ကာတွေ့ရာအ​​အေးဗူး ​မော့​သောက်လိုက်သည်။ ပြီးမှအမှိုက်ပုံးထဲ ဗူးခွံကို သေချာထည့်ပြီး စားပွဲ​ပေါ်က အထုပ်​​ပေါင်းစုံဆီကို ​ခြေလှမ်း​တွေက ဦးတည်လိုက်သည်။

ထို့​နောက် အိတ်​တွေတစ်အိတ်ပြီးတစ်အိတ် ဖွင့်စစ်သည်။ ပစ္စည်းအားလုံးစုံ​ကြောင်းစစ်ပြီးတာနှင့် စောနက စာရင်းမှတ်ထားတဲ့စာအုပ်ကို အခန်းထဲပြန်သွားယူလိုက်သည်။

သူဟာ online shop ​​ရောင်းတဲ့သူတစ်​ယောက်။ သူမ​ရောင်းတာ မရှိသ​လောက်ကိုရှားသည်။ ဟင်းချက်စရာပစ္စည်း၊ ကြက်သွန်၊ အာလူးကစလို့ လူတစ်ကိုယ်လုံးစာအတွက် အဝတ်စား၊ ဖိနပ်​တွေ၊ Fancyနဲ့ ဦးထုပ်ကအစ​ရောင်းသည်။ ထို့ပြင် အိမ်အသုံးအ​ဆောင် ပစ္စည်းတွေနှင့် ပန်းကန်တွေခွက်​တွေလည်းပါသည်။

စာရင်းစာအုပ်ကို​ဘေးချလို့ မှာထားတဲ့ ပစ္စည်း​တွေကို အိတ်နဲ့ထည့်ပြီး သူ့လက်မှတ်​လေး ​ဆော့ပင်နဲ့ထိုး​ပေးလိုက်သည်။ customer ​တွေအဓိကလိုချင်တာ သူ့၏လက်မှတ်မို့ပင်။ အာလူး​တွေ အနာပါလည်း ပြုံးပြုံး​လေးနဲ့ဝယ်ကြသည်။ ကြက်သွန်​တွေ ပိန်လိန်​နေလည်း ပြုံးမြဲ ပြုံးဆဲဝယ်ကြတုန်းပဲ။

ဘာလို့ဆို ​ရောင်းတဲ့သူ​လေးက ​အ​ရမ်း​ချော​နေလို့​လေ။ အဲ့​တော့ မှာတဲ့သူ​တွေက လွယ်လွယ်ကူကူဝယ်လို့ရတဲ့ ပစ္စည်း​တွေကို​တောင် သူ့ဆီမှာ​စျေးကြီး​ပေးဝယ်ပြီး deliခပါအကုန်ခံကာ သူ့လက်မှတ်​တွေကိုယူကြသည်။ အဲ့လိုပဲ ရုပ်​ချောရင် ​အောင်မြင်တယ်။

//////

ကုန်တိုက်မှာ စိတ်ကြိုက်ဝယ်ဖို့ဆုံးဖြတ်ထား​ပေမယ့် သ​ဘောကျတဲ့အဝတ်အစားမ​တွေ့ခဲ့။ ဆိုင်တစ်ဆိုင်မှာ သူငယ်ချင်းနှစ်​ယောက် အ​အေး​သောက်ရင်း သူမျက်​မှောင်ကျုံ့ထားမိသည်။

"ရိ​ပေါ် ဒီမှာကြည့်စမ်း အင်္ကျီ​လေးက အလန်း။ မင်းလိုချင်တဲ့ပုံစံမျိုး"

အ​အေး​သောက်ရင်း ဖုန်းပွတ်​နေတဲ့ ယွီပင်းက ရိ​ပေါ်​ရှေ့ကို သူ့ဖုန်းအား​ထောင်ပြရင်း​ပြောသည်။ ရိ​ပေါ်ကြည့်လိုက်​တော့ တကယ်လည်း သူလိုချင်​နေတဲ့ design မျိုး။ ​စျေးလည်းတည့်သည်။ တင်ထားတဲ့ page က followersဆိုတာလည်းနည်းတာမဟုတ်။  မဆိုးဘူးဒီ​လောက်ဆို ယုံကြည်လို့ရတယ်။

ရိ​ပေါ် ယွီပင်းဖုန်းကို ပြန်​ပေးပြီး သူ့ဖုန်းနဲ့ရှာကာ မှာဖို့လုပ်သည်။ ကြိုက်နှစ်သက်ရာပုံကို​ရွေးလို့ chat box မှာ သွားပို့ထားလိုက်ပြီး ​နေရပ်လိပ်စာအတိကျ​ပေးကာ ဖုန်းပိတ်ပြီး အိမ်ပြန်ဖို့လုပ်လိုက်​တော့သည်။

အိမ်​ရောက်​ရောက်ချင်း ဖုန်းစစ်ကြည့်​တော့ reply ပြန်ထားသည်။ မနက်ဖြန်ချက်ချင်းပို့​ပေးမည်တဲ့။ မဆိုးဘူး instock ဖြစ်မယ်။ ဘာဖြစ်ဖြစ် မြန်​တော့ပို​ကောင်းတာ​ပေါ့လို့ရိ​ပေါ်​တွေးလိုက်သည်။

တကယ်လည်း​နောက်တစ်ရက်​နေ​တော့ အိမ်ကို deli နဲ့ပို့လိုက်တာ​ကြောင့် ရိ​ပေါ်ပိုက်ဆံရှင်းပြီး ဧည့်ခန်းမှာ ထိုင်လို့ ပါဆယ်ထုပ်ကိုဖွင့်ဖို့လုပ်ရသည်။ အထပ်ထပ်ကာရံထားတဲ့ အတားအဆီး​တွေ​ကြောင့် အင်္ကျီတစ်ထည်မြင်ရဖို့ကို ​တော်​တော်ဖွင့်လိုက်ရပါသည်။​ ၂မိနစ်​လောက်အချိန်​ပေးပြီးချိန်မှာ​တော့ သူမှာထားတဲ့ အကျီကိုမြင်ရသည်။

ရိ​ပေါ်မျက်လုံးပြူးသွား၏။ ဖုန်းကိုယူလို့ သူပို့ထားတဲ့ပုံနဲ့ အင်္ကျီကို တိုက်ကြည့်သည်။ အကုန်တူတယ် မတူတာတစ်ခုက အ​ရောင်။ သူမှာထားတာ ခဲအ​ဖျော့ပါ။ ဘယ်လိုလုပ် အဖြူ​ရောင်ဖြစ်​နေတာတုန်း? ရိ​ပေါ်နားမလည်နိုင်စွာပဲ page ကိုဖုန်းဆက်လိုက်သည်။

"Hello နိ​​ဟောင်။ 'စုံလုံစိ အကုန်မှာကြည့်' online shop pageက ​admin ရှောင်းကျန့်ပါ။ ဘာများမှာယူချင်လို့ပါလဲခင်ဗျ"

ချိုချိုသာသာ​လေးထွက်လာတဲ့ အသံက​ယောက်ျား​လေးမှန်းသိလိုက်​တော့ ရိ​ပေါ် မျက်ခုံးပင့်မိသည်။ မဆိုးဘူး customer အ​ပေါ်အ​ပြောချိုတယ်။

"မ​နေ့က အင်္ကျီမှာလိုက်တဲ့သူပါ။ ကျွန်တော်မှာလိုက်တာ ခဲအ​ဖျော့ပါ အဖြူ​ရောင်မဟုတ်ဘူးဗျ"

"​အော်...အဲ့တာ ဝယ်သူဘက်ကအမြင်မှား​တာ​နေမယ်ခင်ဗျ။ ကျွန်တော်ပုံရိုက်ထားတာအဖြူ​ရောင်ပါ နည်းနည်း​မှောင်သွားလို့ ခဲ​ရောင်နဲ့ခပ်ဆင်ဆင်​လေးဖြစ်သွားတာပါ"

ရိ​ပေါ် ဆွံ့အသွားသည်။ ဘာဆက်​ပြောရမှန်းမသိ​တော့။ အဲ့လိုလည်းရှိ​​သေးတယ်လား။

"ကြိုက်နှစ်သက်ရင် ထပ်မှာလို့ရပါတယ်ခင်ဗျ။ နှစ်ကြိမ်​မြောက်ဝယ်ရင် အာလူးတစ်လုံး လက်​ဆောင်​ပေးပါတယ်။ သုံးကြိမ်​မြောက်ဝယ်ရင် ကြက်သွန်နဲ့အာလူး လက်​ဆောင်ပေးပါတယ်။ သုံးကြိမ်အထက်ဝယ်ရင်​တော့ ကျွန်တော့်လက်မှတ်ပါ ထည့်​ပေးပါတယ်ဗျ"

ရိ​ပေါ် ဆွံ့အတာကို​ကျော်လွန်ပြီး ​ကြောင်​တောင်​တောင်​လေး​တောင်ဖြစ်သွားသည်။ ဘယ့်နှယ် online shop ​တွေလက်​ဆောင်​​ပေးရင် ​​ခြေအိတ်​လေး​တွေ လက်ကိုင်ပုဝါလေး​တွေ​ပေးတယ်ပဲ ကြားဖူးပါတယ်။ သူ့အလှည့်ကျမှ ကြက်သွန်နဲ့ အာလူးတဲ့။ ​သောက်ဆန်းကြီး။

"ဟုတ်ကဲ့ ​နောက်ထပ်ဝယ်ချင်ရင် မှာလိုက်ပါ့မယ် တာဝန်​ကျေလိုက်ပါဦး"

"ဟုတ်ကဲ့ပါ ခင်ဗျ"

ရိ​ပေါ် ဖုန်းချပြီး ဝယ်ထားတဲ့အင်္ကျီကိုသာ ဖင်တစ်ပြန် ​ခေါင်းတစ်ပြန် လှည့်ကြည့်​​နေသည်။ အ​ရောင်က အဲ့​​လောက်ထိကွဲစရာလိုလို့လား​ပေါ့။ နောက်​တော့ ဘာမှဆက်မ​တွေး​တော့ဘဲ အမှိုက်​တွေရှင်းရင်း အင်္ကျီဝတ်ကြည့်​တော့ ​တော်တာမို့ စိတ်​ပေါ့သွားရသည်။

ဖုန်းရဲ့ noti တက်သံကြားလို့ဖွင့်ကြည့်​တော့ ​စောနကpage live လွှင့်​နေတာမို့ ဝင်ကြည့်လိုက်သည်။ 'Wow' လို့​တောင်အသံမထွက်နိုင်​တော့​အောင်ကို admin ရဲ့မျက်နှာကအပြုံး​လေးထဲ အာရုံစိုက်​နေမိသည်။

​ချောရက်လိုက်​လေခြင်း။ ဟင့်အင်း ချစ်ဖို့​ကောင်းတာဆိုပိုမှန်မည်။

ထို​နေ့ကစလို့ ရိ​ပေါ်ပင် သတိမထားမိလိုက်ပါဘဲpageရဲ့  top fan ဖြစ်သွားခဲ့သည်။ အင်္ကျီဝယ်တိုင်း size ​သေးလိုက် ကြီးလိုက် အ​ရောင်မတူလိုက် design ကွဲလိုက် ခနခနခံရ​ပေမယ့် သူအမှတ်မရှိထပ်မှာသည်။ တခြား​တော့မဟုတ်။ အဲ့လို ပစ္စည်းမှာမှ ထို​ရှောင်းကျန့်ဆိုသူလေးနဲ့ စကား​ပြောရတာ​လေ။ ရိ​ပေါ်ဘယ်​လောက်အမှာကြမ်းသလဲဆို ​ရှောင်းကျန့်တောင်သူ့ကို ​တော်တော်မှတ်မိ​နေ​လေပြီ။

တစ်ခါတ​စ်လေ liveလွှင့်ရင် ရိ​ပေါ် အလုပ်ရှုပ်​နေလို့ချက်ချင်းသွားမကြည့်နိုင်ဘဲ နည်းနည်း​နောက်ကျမှဝင်မိပြီး ​ဟိုအင်္ကျီ ဒီအင်္ကျီ ဘယ်အ​ရောင် ဘာညာမန့်တာနဲ့​ရှောင်းကျန့်တို့ပြုံးသွားပြီး သူ့ကို ​'​နောက်ကျမှ​ရောက်လာပြီး သူများဝယ်ထားတာ​တွေလု​နေတာလား'လို့​တောင် စ​နောက်တတ်သည်အထိပင်။

ရိ​ပေါ် ဒီ​နေ့​တော့ ထို​​ရှောင်းကျန့်ဆိုတဲ့​ကောင်​လေးကို ဖွင့်​ပြောဖို့လုပ်ထားသည်။ အပြင်မှာ မမြင်ဖူး​ကြ​သေး​ပေမယ့် ​တော်​တော်ရင်းနှီး​နေကြတာ​တော့ အ​သေချာ။ chat box မှာ heart emoji​လေးပို့လိုက်တာနဲ့ smile emoji ​လေးတန်းပို့​ပေးတဲ့ ​ရှောင်းကျန့်က သိပ်ချစ်ဖို့​ကောင်း။ အရမ်းချစ်ဖို့​ကောင်း။

"ဘာလုပ်?"

"​စျေးဝယ်ဖို့မဟုတ်ရင် စာမပြန်ပါ"

"အာ...ဝယ်မှာ​ပေါ့ အခုဟာက couple ဆွဲကြိုး​လေးမှာမလို့"

"ရပါတယ်ခင်ဗျ"

"ကျွန်တော့်ဆီတစ်ကြိုးပဲပို့​နော်။ ကျန်တဲ့ တစ်ကြိုးရှောင်ကျန့်​လေးခနယူထား​ပေးပါ"

"ရပါတယ် သဘက်ခါအ​ရောက်ပို့​ပေးပါ့မယ်ခင်ဗျ"

စီးပွား​ရေး​သောင်းကျန်းတဲ့ ချစ်ရသူ​ကြောင့် သူတို့နှစ်​ယောက်ရဲ့ စကားဝိုင်းကထို​နေရာတင်ပြီးသည်။Active now ​လေးထိုင်ကြည့်ပြီး ဟို​တွေး ဒီ​တွေးနဲ့ အချိန်ကုန်သွားရပြန်သည်။

//////

​ဖောက်သည်​တွေထက်​တောင် ​ခနခန တိုလီမုန့်စကအစ ဝယ်ပြီးသူနှင့်check ဖို့ပဲ​ချောင်း​နေတဲ့ ဝယ်သူကို​ရှောင်းကျန့် သတိထားမိပါသည်။ live လွှင့်ရင် ဘာ​မေး​မေး အသည်း​တွေချည်း ဇွတ်​ပေး​နေတာလည်း သူ​တွေ့သည်။

ခနခနကြုံဖူးတာမို့ မဆန်း​ပေမယ့် အခုဆန်း​နေတာက ​ထိုသူက​ယောက်ျား​လေးဖြစ်​နေတာပင်။ သို့​ပေမယ့် ကိစ္စမရှိ။ ​ရှောင်းကျန့်တို့အတွက် love is loveပဲမို့ ကျန်တာဂရုမစိုက်။

Couple ဆွဲကြိုးဆိုလို့ instock ရှိ​နေတာနဲ့ သဘက်ခါပို့​ပေးမယ်ဟုပြောလိုက်​တော့ ဘာမှဆက်မ​ပြော​တော့တာမို့ နည်းနည်း​တော့ အင်တင်တင်ဖြစ်သွားသည်။

သူက ဆက်​ပြောချင်​သေးတာကို...

​နောက်တစ်ရက်ကြာလို့ ပစ္စည်းပို့လိုက်​တော့ သူ့ကိုဖုန်း​ခေါ်လာသည်။ လုံးဝမထင်မှတ်ထားတာကို surprise တိုက်ခံလိုက်ရသလို ​တောင့်​တောင့်ကြီးဖြစ်သွားပြီး တစ်ကိုယ်လုံးက အပူ​တွေထွက်သွားသလိုခံစားလိုက်ရတယ်။ "ချစ်တယ်"တဲ့​လေ။ ​အဖြေ​ပေးပါတဲ့ သူ့တိုက်​ရှေ့​ရောက်​နေပြီတဲ့။

လိပ်စာဘယ်လိုသိတာလဲဆိုတာလည်း မ​တွေးနိုင်​တော့။ မှန်တံခါးကို ဆွဲဖွင့်လို့ ​အောက်ကို ငုံ့ကြည့်​တော့ ဖုန်း​လေးနားမှာကပ်ထားရင်းလက်ရမ်းပြတဲ့​ကောင်​လေးက သူမြင်ဖူး​နေကြ profile ပုံထဲကထက်​တောင်ပို​ချော​နေ​သေးသည်။ ကြည့်​ကောင်း​ကောင်းနဲ့ကြည့်​နေတုန်း နားမှာကပ်ထားတဲ့ဖုန်းက အသံထပ်ထွက်လာသည်။

"​ကြွေသွားပြီလား"

"အင်း"

"ဒါဆို ချစ်သူဖြစ်ပြီ​နော်"

"အ​ဖြေ​ပေးမိလို့လား"

"​အ​ဖြေမ​ပေးလည်း သိသာ​နေတာပဲကို"

"......"

"ဆွဲကြိုးလေးက ​​ရှောင်ကျန့်နဲ့ဆို သိပ်လိုက်မှာ။ မနက်ဖြန်ဆွဲထားပါလား date ဖို့လာ​ခေါ်မလို့"

"ဘယ်အချိန်လဲ"

"၈နာရီ"

"အင်း"

ဖုန်း​လေးကျသွား​ပေမယ့် နှစ်​ယောက်လုံးက​တော့ အကြည့်မလွှဲ​သေး။ ​တော်​တော်ကြာမှ ပြုံးပြလို့ထွက်သွားတဲ့ ရိ​ပေါ်ကို ​ရှောင်းကျန့် လိုက်ကြည့်​နေမိသည်။

လမ်း​လျှောက်တာ​တောင် style ကျလိုက်တာ!

//////

Date မယ်​ပြောထား​ပေမယ့် ​ရိ​ပေါ်တို့ဘယ်သွားရမှန်းမသိ။ ယခုလည်း ​ရှောင်းကျန့်အိမ်​ရှေ့မှာပဲ ကား​ပေါ်ထိုင်​နေခြင်းဖြစ်သည်။ အဲ့လို​ပြောလို့ရိ​ပေါ် မစီစဥ်ထားဘူးလား လာမ​မေးနှင့်။ သူလည်းရင်ခုန်​နေတာ​လေ ဘယ်လိုသတိထားပြီး စဥ်းစားမိမှာတုန်း။

ကိုရီးယားကား​တွေထဲကလို ကစားကွင်းပဲသွားရမလား။ ဂျပန်ကားထဲကလို ဂိမ်းဆိုင်ပဲသွားရမလား။ ​တော်​တော်​တော့ ကြပ်ပါသည်။ စဥ်းစားရတာကို​ပြောပါတယ်။

"စက်ဘီးစီးတတ်လား"

အကြံရသွားတဲ့ရိ​ပေါ်က ​ရှောင်းကျန့်ကို​မေးလိုက်သည်။

"ဟင့်အင်း"

"Ok ဒါဆိုအဆင်​ပြေပြီ သွားကြမယ်"

ချက်ချင်း​မောင်းထွက်သွားတဲ့ကားက နာရီဝက်​လောက်အကြာမှာ​တော့ အားကစားကွင်းတစ်ခုကို​ရောက်လာသည်။ လက်က​နေဆွဲလို့ ​ခေါ်သွားတဲ့ရိ​ပေါ်က စက်ဘီးတစ်စီးငှား​နေ​တော့လည်း ​ရှောင်းကျန့်ရပ်သာကြည့်​နေမိသည်။

"တက်"

အခုမှ သ​ဘော​​ပေါက်သွားတဲ့​ရှောင်းကျန့်၊ ရိ​ပေါ်​နောက်မှာထိုင်လိုက်သည်။ မဆိုးဘူးနီးနီးကပ်ကပ်အ​နေထားမှာရှိတယ်။ ​လေ​လေးက တဟူးဟူး။ ချစ်ရသူရဲ့ကိုယ်သင်းနံ့​လေးက တသင်းသင်း။ ပတ်ဝန်းကျင်မှာ အားကစားလုပ်​နေသူ​တွေက ​နေရာအနှံ့။ ​နေရာတိုင်းကမြက်ခင်း​တွေက ခပ်စိမ်းစိမ်း။ ဒီလိုပဲ သူ့အလိုလိုသဘာဝကျ​နေတဲ့အရာ​တွေက ချစ်ရသူနဲ့ဆို ကဗျာဆန်သွားတတ်တာမျိုး။

ပထမဆုံး date မှာတင် ​ကြွေခြင်းများစွာနဲ့ ​ကြွေဆင်းခဲ့ရပါသည်။ တစ်နည်းအားဖြင့်ဆိုရလျှင်​တော့ ​ခြွေနိုင်လွန်းသူ​ကြောင့် ​ကြွေနိုင်လွန်းခဲ့ရတာ​ပေါ့။

//////

6 months later

Ring Ring~

"Hello ..စုံလုံစိ အကုန်မှာကြည့် os ကပါခင်ဗျ"

"ဟုတ်ကဲ့ instock ရှိ​သေးလားဗျ"

​ရှောင်းကျန့်ရဲ့နှုတ်ခမ်း​လေး​ကွေးတက်သွားသည်။ ဖုန်းနံပါတ်အသစ်ဖြစ်​နေ​လည်း သူ့ဘဲအသံ​တော့ သူမှတ်မိတာ​​ပေါ့။ နည်းနည်း​တော့​ဖောကြည့်လိုက်ပါသည်။

"Instock က​တော့အကုန်ရှိပါတယ်။ လိုချင်တာကဘာပါလဲခင်ဗျ"

"လိုချင်တာက​တော့ အခုဖုန်း​ပြော​​နေတဲ့ ခင်ဗျား​လေးကိုပါ"

"အဲ့ဒီ instock က​တော့​စျေးအရမ်းကြီးတယ်ဗျ။ ​တော်ရုံလူကိုမ​ရောင်းပါဘူး"

"ဒါဆို ကြိုက်သ​လောက်​စျေး​ခေါ်ပါ။ ကျသ​လောက်ရှင်းပြီး အပိုင်သိမ်းချင်​နေပြီမို့"

"၃မိနစ်အတွင်း အ​ရောက်လာနိုင်ရင်စဥ်းစား​ပေးမယ်ဗျ"

၁မိနစ်​တောင်မကြာပါဘူး ဘဲလ်တီးသံကြားရပုံအရ အစတည်းက​ရောက်​နေတာကိုတမင်​နှောက်ချင်လို့ဆက်မှန်းသိသာသည်။ ​တွေ့မယ်​တွေ့မယ်။

တံခါးဖွင့်လိုက်တာနှင့် စပ်ဖြဲဖြဲလုပ်ပြ​နေတဲ့ရိ​ပေါ်က တကယ်စဥ်းစား​​​ပေးမယ်များထင်​နေလားမသိ။ ဒီမှာက ဗြင်းဖို့​စောင့်​နေတာကို။

နားရွက်ကိုဆွဲလို့ အထဲ​ခေါ်​တော့ တအအနှင့်အော်ဟစ်ပြီးလိုက်လာတဲ့ရိ​ပေါ်ကဆိုဖာ​ပေါ်တွန်းချခြင်းခံလိုက်ရမှ နားရွက်​လေးပွတ်လို့  လက်ကိုလာဆွဲပြီး​ချော့​နေ၏။ ​ရှောင်းကျန့်မျက်နှာထား​လေး နည်းနည်း​လျော့သွားတာ​တွေ့​တော့ ​ပေါင်​ပေါ်ကိုပုတ်ပြပြီးထိုင်ခိုင်းတဲ့ရိ​ပေါ်က ဆိုးသည်။

မ​ချော့ခင်တည်းက​ပျော့ချင်​နေတဲ့​ရှောင်းကျန့်က​တော့ အ​ချော့ခံရတဲ့အပြင် ​ပေါင်​ပေါ်ပါလာထိုင်ခိုင်း​တော့အရည်​ပျော်ပြီ​​လေ။ သို့​ပေမယ့်အခုထိမထိုင်​သေးတဲ့သူ့ကို ရိ​ပေါ်ကလက်က​နေဆွဲချလိုက်​တော့ မျက်နှာချင်းဆိုင်ခွလျက်သား​လေးဖြစ်သွားသည်။

"နမ်းမယ်"

"နမ်း​လေ"

တစ်ခြမ်း​စောင်းအပြုံးနဲ့ ​ခေါင်း​နောက်က​နေကိုင်လို့ မက်မက်​​မော​မော အနမ်း​တွေ​ခြွေ​နေတဲ့ရိ​ပေါ်က ကျွမ်းကျင်အဆင့်။ အသက်ရှူသံ​​တွေပြင်းသည်အထိ အနမ်း​ခြွေ​နေတဲ့သူတို့နှစ်​ယောက်က​တော့ သက်လုံ​ကောင်းတဲ့​နေရာမှာ​တော့ တကယ့်စံ။

အထင်မ​သေးနှင့်။ အဲ့လိုစံပြဖြစ်ဖို့ကို ​တော်​တော်ကျင့်ထားရတာ။ ကျင့်မယ့်သူမရှိတဲ့သူ​တွေက​တော့ သနားစရာ​ပေါ့။

သက်လုံကောင်း​အောင်ကျင့်​နေတဲ့ သူတို့ချစ်သူနှစ်ဦးက​တော့ ခုံ​​ပေါ်က အမှာစာ​တွေဝင်​နေတဲ့ဖုန်းကို​တောင် သတိမထားမိ​​အောင်ကို နစ်​မြော​နေကြပါသည်။ အနမ်း​တွေ​ခြွေပြီးပြိုင်တူ​ပြောဖြစ်ကြတဲ့စကားတစ်ခွန်းလည်းရှိသည်။

"ချစ်တယ်"တဲ့

အဲ့လိုပဲအချစ်က လိုင်း​ပေါ်မှာ ဂျင်းထည့်ခံရတာက​နေလည်းစတယ်။








THE END
​210502




________________________________


[ZAWGYI]




ေလာကမွာ ခံျပင္းစရာအ​​ေကာင္းဆုံးအရာက ဘာလဲသိလား။ မွာလိုက္တုန္းကတစ္မ်ိဳး ​ေရာက္လာတာကတစ္မ်ိဳးျဖစ္တဲ့ online shop ​ေတြရဲ႕ အကြက္​ေတြပဲ။

////////////////////////////////////////////

​ေပက်င္း၏ ၿမိဳ႕လည္​ေကာင္မွာ႐ွိတဲ့ တိုက္ခန္း​ေလးထဲတြင္ မ်က္မွန္တစ္လတ္ႏွင့္ေကာင္​ေလးတစ္​ေယာက္ လက္မလည္​ေအာင္ reply ျပန္ေနရသည္။ lap top မွာ​ေရာ phone မွာပါ တတင္တင္ တ​ေတာင္​ေတာင္နဲ႔တက္လာတဲ့ customer order​ေတြကစိတ္​ေက်နပ္စရာ။

အ​ေတာ္ၾကာသည္ထိ လက္ကိုက္မတတ္ reply ျပန္ၿပီးခ်ိန္မွာ​ေတာ့ အပ်င္း​ေက်ာဆန္႔လို႔ ခုံ​ေနာက္မွီ​ေပၚမွီခ်လိုက္သည့္သူ။

"ဟူး...​ေမာတာ"

ထိုင္ရာက​ေနထလို႔ မီးဖို​ေခ်ာင္ထဲသြားၿပီး ​ေရခဲ​ေသတၱာဆြဲဖြင့္ကာေတြ႕ရာအ​​ေအးဗူး ​ေမာ့​ေသာက္လိုက္သည္။ ၿပီးမွအမိႈက္ပုံးထဲ ဗူးခြံကို ေသခ်ာထည့္ၿပီး စားပြဲ​ေပၚက အထုပ္​​ေပါင္းစုံဆီကို ​ေျခလွမ္း​ေတြက ဦးတည္လိုက္သည္။

ထို႔​ေနာက္ အိတ္​ေတြတစ္အိတ္ၿပီးတစ္အိတ္ ဖြင့္စစ္သည္။ ပစၥည္းအားလုံးစုံ​ေၾကာင္းစစ္ၿပီးတာႏွင့္ ေစာနက စာရင္းမွတ္ထားတဲ့စာအုပ္ကို အခန္းထဲျပန္သြားယူလိုက္သည္။

သူဟာ online shop ​​ေရာင္းတဲ့သူတစ္​ေယာက္။ သူမ​ေရာင္းတာ မ႐ွိသ​ေလာက္ကို႐ွားသည္။ ဟင္းခ်က္စရာပစၥည္း၊ ၾကက္သြန္၊ အာလူးကစလို႔ လူတစ္ကိုယ္လုံးစာအတြက္ အဝတ္စား၊ ဖိနပ္​ေတြ၊ Fancyနဲ႔ ဦးထုပ္ကအစ​ေရာင္းသည္။ ထို႔ျပင္ အိမ္အသုံးအ​ေဆာင္ ပစၥည္းေတြႏွင့္ ပန္းကန္ေတြခြက္​ေတြလည္းပါသည္။

စာရင္းစာအုပ္ကို​ေဘးခ်လို႔ မွာထားတဲ့ ပစၥည္း​ေတြကို အိတ္နဲ႔ထည့္ၿပီး သူ႕လက္မွတ္​ေလး ​ေဆာ့ပင္နဲ႔ထိုး​ေပးလိုက္သည္။ customer ​ေတြအဓိကလိုခ်င္တာ သူ႕၏လက္မွတ္မို႔ပင္။ အာလူး​ေတြ အနာပါလည္း ျပဳံးျပဳံး​ေလးနဲ႔ဝယ္ၾကသည္။ ၾကက္သြန္​ေတြ ပိန္လိန္​ေနလည္း ျပဳံးၿမဲ ျပဳံးဆဲဝယ္ၾကတုန္းပဲ။

ဘာလို႔ဆို ​ေရာင္းတဲ့သူ​ေလးက ​အ​ရမ္း​ေခ်ာ​ေနလို႔​ေလ။ အဲ့​ေတာ့ မွာတဲ့သူ​ေတြက လြယ္လြယ္ကူကူဝယ္လို႔ရတဲ့ ပစၥည္း​ေတြကို​ေတာင္ သူ႕ဆီမွာ​ေစ်းႀကီး​ေပးဝယ္ၿပီး deliခပါအကုန္ခံကာ သူ႕လက္မွတ္​ေတြကိုယူၾကသည္။ အဲ့လိုပဲ ႐ုပ္​ေခ်ာရင္ ​ေအာင္ျမင္တယ္။

//////

ကုန္တိုက္မွာ စိတ္ႀကိဳက္ဝယ္ဖို႔ဆုံးျဖတ္ထား​ေပမယ့္ သ​ေဘာက်တဲ့အဝတ္အစားမ​ေတြ႕ခဲ့။ ဆိုင္တစ္ဆိုင္မွာ သူငယ္ခ်င္းႏွစ္​ေယာက္ အ​ေအး​ေသာက္ရင္း သူမ်က္​ေမွာင္က်ံဳ႕ထားမိသည္။

"ရိ​ေပၚ ဒီမွာၾကည့္စမ္း အက်ႌ​ေလးက အလန္း။ မင္းလိုခ်င္တဲ့ပုံစံမ်ိဳး"

အ​ေအး​ေသာက္ရင္း ဖုန္းပြတ္​ေနတဲ့ ယြီပင္းက ရိ​ေပၚ​ေ႐ွ႕ကို သူ႕ဖုန္းအား​ေထာင္ျပရင္း​ေျပာသည္။ ရိ​ေပၚၾကည့္လိုက္​ေတာ့ တကယ္လည္း သူလိုခ်င္​ေနတဲ့ design မ်ိဳး။ ​ေစ်းလည္းတည့္သည္။ တင္ထားတဲ့ page က followersဆိုတာလည္းနည္းတာမဟုတ္။  မဆိုးဘူးဒီ​ေလာက္ဆို ယုံၾကည္လို႔ရတယ္။

ရိ​ေပၚ ယြီပင္းဖုန္းကို ျပန္​ေပးၿပီး သူ႕ဖုန္းနဲ႔႐ွာကာ မွာဖို႔လုပ္သည္။ ႀကိဳက္ႏွစ္သက္ရာပုံကို​ေ႐ြးလို႔ chat box မွာ သြားပို႔ထားလိုက္ၿပီး ​ေနရပ္လိပ္စာအတိက်​ေပးကာ ဖုန္းပိတ္ၿပီး အိမ္ျပန္ဖို႔လုပ္လိုက္​ေတာ့သည္။

အိမ္​ေရာက္​ေရာက္ခ်င္း ဖုန္းစစ္ၾကည့္​ေတာ့ reply ျပန္ထားသည္။ မနက္ျဖန္ခ်က္ခ်င္းပို႔​ေပးမည္တဲ့။ မဆိုးဘူး instock ျဖစ္မယ္။ ဘာျဖစ္ျဖစ္ ျမန္​ေတာ့ပို​ေကာင္းတာ​ေပါ့လို႔ရိ​ေပၚ​ေတြးလိုက္သည္။

တကယ္လည္း​ေနာက္တစ္ရက္​ေန​ေတာ့ အိမ္ကို deli နဲ႔ပို႔လိုက္တာ​ေၾကာင့္ ရိ​ေပၚပိုက္ဆံ႐ွင္းၿပီး ဧည့္ခန္းမွာ ထိုင္လို႔ ပါဆယ္ထုပ္ကိုဖြင့္ဖို႔လုပ္ရသည္။ အထပ္ထပ္ကာရံထားတဲ့ အတားအဆီး​ေတြ​ေၾကာင့္ အက်ႌတစ္ထည္ျမင္ရဖို႔ကို ​ေတာ္​ေတာ္ဖြင့္လိုက္ရပါသည္။​ ၂မိနစ္​ေလာက္အခ်ိန္​ေပးၿပီးခ်ိန္မွာ​ေတာ့ သူမွာထားတဲ့ အက်ီကိုျမင္ရသည္။

ရိ​ေပၚမ်က္လုံးျပဴးသြား၏။ ဖုန္းကိုယူလို႔ သူပို႔ထားတဲ့ပုံနဲ႔ အက်ႌကို တိုက္ၾကည့္သည္။ အကုန္တူတယ္ မတူတာတစ္ခုက အ​ေရာင္။ သူမွာထားတာ ခဲအ​ေဖ်ာ့ပါ။ ဘယ္လိုလုပ္ အျဖဴ​ေရာင္ျဖစ္​ေနတာတုန္း? ရိ​ေပၚနားမလည္ႏိုင္စြာပဲ page ကိုဖုန္းဆက္လိုက္သည္။

"Hello နိ​​ေဟာင္။ 'စုံလုံစိ အကုန္မွာၾကည့္' online shop pageက ​admin ေ႐ွာင္းက်န္႔ပါ။ ဘာမ်ားမွာယူခ်င္လို႔ပါလဲခင္ဗ်"

ခ်ိဳခ်ိဳသာသာ​ေလးထြက္လာတဲ့ အသံက​ေယာက်္ား​ေလးမွန္းသိလိုက္​ေတာ့ ရိ​ေပၚ မ်က္ခုံးပင့္မိသည္။ မဆိုးဘူး customer အ​ေပၚအ​ေျပာခ်ိဳတယ္။

"မ​ေန႔က အက်ႌမွာလိုက္တဲ့သူပါ။ ကြၽန္ေတာ္မွာလိုက္တာ ခဲအ​ေဖ်ာ့ပါ အျဖဴ​ေရာင္မဟုတ္ဘူးဗ်"

"​ေအာ္...အဲ့တာ ဝယ္သူဘက္ကအျမင္မွား​တာ​ေနမယ္ခင္ဗ်။ ကြၽန္ေတာ္ပုံ႐ိုက္ထားတာအျဖဴ​ေရာင္ပါ နည္းနည္း​ေမွာင္သြားလို႔ ခဲ​ေရာင္နဲ႔ခပ္ဆင္ဆင္​ေလးျဖစ္သြားတာပါ"

ရိ​ေပၚ ဆြံ႕အသြားသည္။ ဘာဆက္​ေျပာရမွန္းမသိ​ေတာ့။ အဲ့လိုလည္း႐ွိ​​ေသးတယ္လား။

"ႀကိဳက္ႏွစ္သက္ရင္ ထပ္မွာလို႔ရပါတယ္ခင္ဗ်။ ႏွစ္ႀကိမ္​ေျမာက္ဝယ္ရင္ အာလူးတစ္လုံး လက္​ေဆာင္​ေပးပါတယ္။ သုံးႀကိမ္​ေျမာက္ဝယ္ရင္ ၾကက္သြန္နဲ႔အာလူး လက္​ေဆာင္ေပးပါတယ္။ သုံးႀကိမ္အထက္ဝယ္ရင္​ေတာ့ ကြၽန္ေတာ္႕လက္မွတ္ပါ ထည့္​ေပးပါတယ္ဗ်"

ရိ​ေပၚ ဆြံ႕အတာကို​ေက်ာ္လြန္ၿပီး ​ေၾကာင္​ေတာင္​ေတာင္​ေလး​ေတာင္ျဖစ္သြားသည္။ ဘယ့္ႏွယ္ online shop ​ေတြလက္​ေဆာင္​​ေပးရင္ ​​ေျခအိတ္​ေလး​ေတြ လက္ကိုင္ပုဝါေလး​ေတြ​ေပးတယ္ပဲ ၾကားဖူးပါတယ္။ သူ႕အလွည့္က်မွ ၾကက္သြန္နဲ႔ အာလူးတဲ့။ ​ေသာက္ဆန္းႀကီး။

"ဟုတ္ကဲ့ ​ေနာက္ထပ္ဝယ္ခ်င္ရင္ မွာလိုက္ပါ့မယ္ တာဝန္​ေက်လိုက္ပါဦး"

"ဟုတ္ကဲ့ပါ ခင္ဗ်"

ရိ​ေပၚ ဖုန္းခ်ၿပီး ဝယ္ထားတဲ့အက်ႌကိုသာ ဖင္တစ္ျပန္ ​ေခါင္းတစ္ျပန္ လွည့္ၾကည့္​​ေနသည္။ အ​ေရာင္က အဲ့​​ေလာက္ထိကြဲစရာလိုလို႔လား​ေပါ့။ ေနာက္​ေတာ့ ဘာမွဆက္မ​ေတြး​ေတာ့ဘဲ အမိႈက္​ေတြ႐ွင္းရင္း အက်ႌဝတ္ၾကည့္​ေတာ့ ​ေတာ္တာမို႔ စိတ္​ေပါ့သြားရသည္။

ဖုန္းရဲ႕ noti တက္သံၾကားလို႔ဖြင့္ၾကည့္​ေတာ့ ​ေစာနကpage live လႊင့္​ေနတာမို႔ ဝင္ၾကည့္လိုက္သည္။ 'Wow' လို႔​ေတာင္အသံမထြက္ႏိုင္​ေတာ့​ေအာင္ကို admin ရဲ႕မ်က္ႏွာကအျပဳံး​ေလးထဲ အာ႐ုံစိုက္​ေနမိသည္။

​ေခ်ာရက္လိုက္​ေလျခင္း။ ဟင့္အင္း ခ်စ္ဖို႔​ေကာင္းတာဆိုပိုမွန္မည္။

ထို​ေန႔ကစလို႔ ရိ​ေပၚပင္ သတိမထားမိလိုက္ပါဘဲpageရဲ႕  top fan ျဖစ္သြားခဲ့သည္။ အက်ႌဝယ္တိုင္း size ​ေသးလိုက္ ႀကီးလိုက္ အ​ေရာင္မတူလိုက္ design ကြဲလိုက္ ခနခနခံရ​ေပမယ့္ သူအမွတ္မ႐ွိထပ္မွာသည္။ တျခား​ေတာ့မဟုတ္။ အဲ့လို ပစၥည္းမွာမွ ထို​ေ႐ွာင္းက်န္႔ဆိုသူေလးနဲ႔ စကား​ေျပာရတာ​ေလ။ ရိ​ေပၚဘယ္​ေလာက္အမွာၾကမ္းသလဲဆို ​ေ႐ွာင္းက်န္႔ေတာင္သူ႕ကို ​ေတာ္ေတာ္မွတ္မိ​ေန​ေလၿပီ။

တစ္ခါတ​စ္ေလ liveလႊင့္ရင္ ရိ​ေပၚ အလုပ္႐ႈပ္​ေနလို႔ခ်က္ခ်င္းသြားမၾကည့္ႏိုင္ဘဲ နည္းနည္း​ေနာက္က်မွဝင္မိၿပီး ​ဟိုအက်ႌ ဒီအက်ႌ ဘယ္အ​ေရာင္ ဘာညာမန္႔တာနဲ႔​ေ႐ွာင္းက်န္႔တို႔ျပဳံးသြားၿပီး သူ႕ကို ​'​ေနာက္က်မွ​ေရာက္လာၿပီး သူမ်ားဝယ္ထားတာ​ေတြလု​ေနတာလား'လို႔​ေတာင္ စ​ေနာက္တတ္သည္အထိပင္။

ရိ​ေပၚ ဒီ​ေန႔​ေတာ့ ထို​​ေ႐ွာင္းက်န္႔ဆိုတဲ့​ေကာင္​ေလးကို ဖြင့္​ေျပာဖို႔လုပ္ထားသည္။ အျပင္မွာ မျမင္ဖူး​ၾက​ေသး​ေပမယ့္ ​ေတာ္​ေတာ္ရင္းႏွီး​ေနၾကတာ​ေတာ့ အ​ေသခ်ာ။ chat box မွာ heart emoji​ေလးပို႔လိုက္တာနဲ႔ smile emoji ​ေလးတန္းပို႔​ေပးတဲ့ ​ေ႐ွာင္းက်န္႔က သိပ္ခ်စ္ဖို႔​ေကာင္း။ အရမ္းခ်စ္ဖို႔​ေကာင္း။

"ဘာလုပ္?"

"​ေစ်းဝယ္ဖို႔မဟုတ္ရင္ စာမျပန္ပါ"

"အာ...ဝယ္မွာ​ေပါ့ အခုဟာက couple ဆြဲႀကိဳး​ေလးမွာမလို႔"

"ရပါတယ္ခင္ဗ်"

"ကြၽန္ေတာ္႕ဆီတစ္ႀကိဳးပဲပို႔​ေနာ္။ က်န္တဲ့ တစ္ႀကိဳးေ႐ွာင္က်န္႔​ေလးခနယူထား​ေပးပါ"

"ရပါတယ္ သဘက္ခါအ​ေရာက္ပို႔​ေပးပါ့မယ္ခင္ဗ်"

စီးပြား​ေရး​ေသာင္းက်န္းတဲ့ ခ်စ္ရသူ​ေၾကာင့္ သူတို႔ႏွစ္​ေယာက္ရဲ႕ စကားဝိုင္းကထို​ေနရာတင္ၿပီးသည္။Active now ​ေလးထိုင္ၾကည့္ၿပီး ဟို​ေတြး ဒီ​ေတြးနဲ႔ အခ်ိန္ကုန္သြားရျပန္သည္။

//////

​ေဖာက္သည္​ေတြထက္​ေတာင္ ​ခနခန တိုလီမုန္႔စကအစ ဝယ္ၿပီးသူႏွင့္check ဖို႔ပဲ​ေခ်ာင္း​ေနတဲ့ ဝယ္သူကို​ေ႐ွာင္းက်န္႔ သတိထားမိပါသည္။ live လႊင့္ရင္ ဘာ​ေမး​ေမး အသည္း​ေတြခ်ည္း ဇြတ္​ေပး​ေနတာလည္း သူ​ေတြ႕သည္။

ခနခနၾကဳံဖူးတာမို႔ မဆန္း​ေပမယ့္ အခုဆန္း​ေနတာက ​ထိုသူက​ေယာက်္ား​ေလးျဖစ္​ေနတာပင္။ သို႔​ေပမယ့္ ကိစၥမ႐ွိ။ ​ေ႐ွာင္းက်န္႔တို႔အတြက္ love is loveပဲမို႔ က်န္တာဂ႐ုမစိုက္။

Couple ဆြဲႀကိဳးဆိုလို႔ instock ႐ွိ​ေနတာနဲ႔ သဘက္ခါပို႔​ေပးမယ္ဟုေျပာလိုက္​ေတာ့ ဘာမွဆက္မ​ေျပာ​ေတာ့တာမို႔ နည္းနည္း​ေတာ့ အင္တင္တင္ျဖစ္သြားသည္။

သူက ဆက္​ေျပာခ်င္​ေသးတာကို...

​ေနာက္တစ္ရက္ၾကာလို႔ ပစၥည္းပို႔လိုက္​ေတာ့ သူ႕ကိုဖုန္း​ေခၚလာသည္။ လုံးဝမထင္မွတ္ထားတာကို surprise တိုက္ခံလိုက္ရသလို ​ေတာင့္​ေတာင့္ႀကီးျဖစ္သြားၿပီး တစ္ကိုယ္လုံးက အပူ​ေတြထြက္သြားသလိုခံစားလိုက္ရတယ္။ "ခ်စ္တယ္"တဲ့​ေလ။ ​အေျဖ​ေပးပါတဲ့ သူ႕တိုက္​ေ႐ွ႕​ေရာက္​ေနၿပီတဲ့။

လိပ္စာဘယ္လိုသိတာလဲဆိုတာလည္း မ​ေတြးႏိုင္​ေတာ့။ မွန္တံခါးကို ဆြဲဖြင့္လို႔ ​ေအာက္ကို ငုံ႔ၾကည့္​ေတာ့ ဖုန္း​ေလးနားမွာကပ္ထားရင္းလက္ရမ္းျပတဲ့​ေကာင္​ေလးက သူျမင္ဖူး​ေနၾက profile ပုံထဲကထက္​ေတာင္ပို​ေခ်ာ​ေန​ေသးသည္။ ၾကည့္​ေကာင္း​ေကာင္းနဲ႔ၾကည့္​ေနတုန္း နားမွာကပ္ထားတဲ့ဖုန္းက အသံထပ္ထြက္လာသည္။

"​ေႂကြသြားၿပီလား"

"အင္း"

"ဒါဆို ခ်စ္သူျဖစ္ၿပီ​ေနာ္"

"အ​ေျဖ​ေပးမိလို႔လား"

"​အ​ေျဖမ​ေပးလည္း သိသာ​ေနတာပဲကို"

"......"

"ဆြဲႀကိဳးေလးက ​​ေ႐ွာင္က်န္႔နဲ႔ဆို သိပ္လိုက္မွာ။ မနက္ျဖန္ဆြဲထားပါလား date ဖို႔လာ​ေခၚမလို႔"

"ဘယ္အခ်ိန္လဲ"

"၈နာရီ"

"အင္း"

ဖုန္း​ေလးက်သြား​ေပမယ့္ ႏွစ္​ေယာက္လုံးက​ေတာ့ အၾကည့္မလႊဲ​ေသး။ ​ေတာ္​ေတာ္ၾကာမွ ျပဳံးျပလို႔ထြက္သြားတဲ့ ရိ​ေပၚကို ​ေ႐ွာင္းက်န္႔ လိုက္ၾကည့္​ေနမိသည္။

လမ္း​ေလွ်ာက္တာ​ေတာင္ style က်လိုက္တာ!

//////

Date မယ္​ေျပာထား​ေပမယ့္ ​ရိ​ေပၚတို႔ဘယ္သြားရမွန္းမသိ။ ယခုလည္း ​ေ႐ွာင္းက်န္႔အိမ္​ေ႐ွ႕မွာပဲ ကား​ေပၚထိုင္​ေနျခင္းျဖစ္သည္။ အဲ့လို​ေျပာလို႔ရိ​ေပၚ မစီစဥ္ထားဘူးလား လာမ​ေမးႏွင့္။ သူလည္းရင္ခုန္​ေနတာ​ေလ ဘယ္လိုသတိထားၿပီး စဥ္းစားမိမွာတုန္း။

ကိုရီးယားကား​ေတြထဲကလို ကစားကြင္းပဲသြားရမလား။ ဂ်ပန္ကားထဲကလို ဂိမ္းဆိုင္ပဲသြားရမလား။ ​ေတာ္​ေတာ္​ေတာ့ ၾကပ္ပါသည္။ စဥ္းစားရတာကို​ေျပာပါတယ္။

"စက္ဘီးစီးတတ္လား"

အၾကံရသြားတဲ့ရိ​ေပၚက ​ေ႐ွာင္းက်န္႔ကို​ေမးလိုက္သည္။

"ဟင့္အင္း"

"Ok ဒါဆိုအဆင္​ေျပၿပီ သြားၾကမယ္"

ခ်က္ခ်င္း​ေမာင္းထြက္သြားတဲ့ကားက နာရီဝက္​ေလာက္အၾကာမွာ​ေတာ့ အားကစားကြင္းတစ္ခုကို​ေရာက္လာသည္။ လက္က​ေနဆြဲလို႔ ​ေခၚသြားတဲ့ရိ​ေပၚက စက္ဘီးတစ္စီးငွား​ေန​ေတာ့လည္း ​ေ႐ွာင္းက်န္႔ရပ္သာၾကည့္​ေနမိသည္။

"တက္"

အခုမွ သ​ေဘာ​​ေပါက္သြားတဲ့​ေ႐ွာင္းက်န္႔၊ ရိ​ေပၚ​ေနာက္မွာထိုင္လိုက္သည္။ မဆိုးဘူးနီးနီးကပ္ကပ္အ​ေနထားမွာ႐ွိတယ္။ ​ေလ​ေလးက တဟူးဟူး။ ခ်စ္ရသူရဲ႕ကိုယ္သင္းနံ႔​ေလးက တသင္းသင္း။ ပတ္ဝန္းက်င္မွာ အားကစားလုပ္​ေနသူ​ေတြက ​ေနရာအႏွံ႔။ ​ေနရာတိုင္းကျမက္ခင္း​ေတြက ခပ္စိမ္းစိမ္း။ ဒီလိုပဲ သူ႕အလိုလိုသဘာဝက်​ေနတဲ့အရာ​ေတြက ခ်စ္ရသူနဲ႔ဆို ကဗ်ာဆန္သြားတတ္တာမ်ိဳး။

ပထမဆုံး date မွာတင္ ​ေႂကြျခင္းမ်ားစြာနဲ႔ ​ေႂကြဆင္းခဲ့ရပါသည္။ တစ္နည္းအားျဖင့္ဆိုရလွ်င္​ေတာ့ ​ေႁခြႏိုင္လြန္းသူ​ေၾကာင့္ ​ေႂကြႏိုင္လြန္းခဲ့ရတာ​ေပါ့။

//////

6 months later

Ring Ring~

"Hello ..စုံလုံစိ အကုန္မွာၾကည့္ os ကပါခင္ဗ်"

"ဟုတ္ကဲ့ instock ႐ွိ​ေသးလားဗ်"

​ေ႐ွာင္းက်န္႔ရဲ႕ႏႈတ္ခမ္း​ေလး​ေကြးတက္သြားသည္။ ဖုန္းနံပါတ္အသစ္ျဖစ္​ေန​လည္း သူ႕ဘဲအသံ​ေတာ့ သူမွတ္မိတာ​​ေပါ့။ နည္းနည္း​ေတာ့​ေဖာၾကည့္လိုက္ပါသည္။

"Instock က​ေတာ့အကုန္႐ွိပါတယ္။ လိုခ်င္တာကဘာပါလဲခင္ဗ်"

"လိုခ်င္တာက​ေတာ့ အခုဖုန္း​ေျပာ​​ေနတဲ့ ခင္ဗ်ား​ေလးကိုပါ"

"အဲ့ဒီ instock က​ေတာ့​ေစ်းအရမ္းႀကီးတယ္ဗ်။ ​ေတာ္႐ုံလူကိုမ​ေရာင္းပါဘူး"

"ဒါဆို ႀကိဳက္သ​ေလာက္​ေစ်း​ေခၚပါ။ က်သ​ေလာက္႐ွင္းၿပီး အပိုင္သိမ္းခ်င္​ေနၿပီမို႔"

"၃မိနစ္အတြင္း အ​ေရာက္လာႏိုင္ရင္စဥ္းစား​ေပးမယ္ဗ်"

၁မိနစ္​ေတာင္မၾကာပါဘူး ဘဲလ္တီးသံၾကားရပုံအရ အစတည္းက​ေရာက္​ေနတာကိုတမင္​ေႏွာက္ခ်င္လို႔ဆက္မွန္းသိသာသည္။ ​ေတြ႕မယ္​ေတြ႕မယ္။

တံခါးဖြင့္လိုက္တာႏွင့္ စပ္ၿဖဲၿဖဲလုပ္ျပ​ေနတဲ့ရိ​ေပၚက တကယ္စဥ္းစား​​​ေပးမယ္မ်ားထင္​ေနလားမသိ။ ဒီမွာက ျဗင္းဖို႔​ေစာင့္​ေနတာကို။

နား႐ြက္ကိုဆြဲလို႔ အထဲ​ေခၚ​ေတာ့ တအအႏွင့္ေအာ္ဟစ္ၿပီးလိုက္လာတဲ့ရိ​ေပၚကဆိုဖာ​ေပၚတြန္းခ်ျခင္းခံလိုက္ရမွ နား႐ြက္​ေလးပြတ္လို႔  လက္ကိုလာဆြဲၿပီး​ေခ်ာ့​ေန၏။ ​ေ႐ွာင္းက်န္႔မ်က္ႏွာထား​ေလး နည္းနည္း​ေလ်ာ့သြားတာ​ေတြ႕​ေတာ့ ​ေပါင္​ေပၚကိုပုတ္ျပၿပီးထိုင္ခိုင္းတဲ့ရိ​ေပၚက ဆိုးသည္။

မ​ေခ်ာ့ခင္တည္းက​ေပ်ာ့ခ်င္​ေနတဲ့​ေ႐ွာင္းက်န္႔က​ေတာ့ အ​ေခ်ာ့ခံရတဲ့အျပင္ ​ေပါင္​ေပၚပါလာထိုင္ခိုင္း​ေတာ့အရည္​ေပ်ာ္ၿပီ​​ေလ။ သို႔​ေပမယ့္အခုထိမထိုင္​ေသးတဲ့သူ႕ကို ရိ​ေပၚကလက္က​ေနဆြဲခ်လိုက္​ေတာ့ မ်က္ႏွာခ်င္းဆိုင္ခြလ်က္သား​ေလးျဖစ္သြားသည္။

"နမ္းမယ္"

"နမ္း​ေလ"

တစ္ျခမ္း​ေစာင္းအျပဳံးနဲ႔ ​ေခါင္း​ေနာက္က​ေနကိုင္လို႔ မက္မက္​​ေမာ​ေမာ အနမ္း​ေတြ​ေႁခြ​ေနတဲ့ရိ​ေပၚက ကြၽမ္းက်င္အဆင့္။ အသက္႐ွဴသံ​​ေတြျပင္းသည္အထိ အနမ္း​ေႁခြ​ေနတဲ့သူတို႔ႏွစ္​ေယာက္က​ေတာ့ သက္လုံ​ေကာင္းတဲ့​ေနရာမွာ​ေတာ့ တကယ့္စံ။

အထင္မ​ေသးႏွင့္။ အဲ့လိုစံျပျဖစ္ဖို႔ကို ​ေတာ္​ေတာ္က်င့္ထားရတာ။ က်င့္မယ့္သူမ႐ွိတဲ့သူ​ေတြက​ေတာ့ သနားစရာ​ေပါ့။

သက္လုံေကာင္း​ေအာင္က်င့္​ေနတဲ့ သူတို႔ခ်စ္သူႏွစ္ဦးက​ေတာ့ ခုံ​​ေပၚက အမွာစာ​ေတြဝင္​ေနတဲ့ဖုန္းကို​ေတာင္ သတိမထားမိ​​ေအာင္ကို နစ္​ေျမာ​ေနၾကပါသည္။ အနမ္း​ေတြ​ေႁခြၿပီးၿပိဳင္တူ​ေျပာျဖစ္ၾကတဲ့စကားတစ္ခြန္းလည္း႐ွိသည္။

"ခ်စ္တယ္"တဲ့

အဲ့လိုပဲအခ်စ္က လိုင္း​ေပၚမွာ ဂ်င္းထည့္ခံရတာက​ေနလည္းစတယ္။









THE END
210502




__________________________________




Fortsæt med at læse

You'll Also Like

1M 46.1K 92
Maddison Sloan starts her residency at Seattle Grace Hospital and runs into old faces and new friends. "Ugh, men are idiots." OC x OC
497K 10.6K 37
In wich a one night stand turns out to be a lot more than that.
200K 8.2K 59
π—œπ—‘ π—ͺπ—›π—œπ—–π—› noura denoire is the first female f1 driver in π——π—˜π—–π—”π——π—˜π—¦ OR π—œπ—‘ π—ͺπ—›π—œπ—–π—› noura denoire and charle...