Spring Day

823 118 1
                                    

FOR MiyugiNakata.

■■■■■■

[Uni]


​​နွေရာသီရဲ့ ည​နေခင်း​လေးတစ်ခု။ ခါတိုင်းနှစ်​တွေလိုပူပြင်း​ခြောက်​သွေ့​နေတာမျိုးမဟုတ်ပဲ ဒီနှစ်မှာ​တော့ ချစ်သူ ရည်းစား​တွေရဲ့ ကြည်ကြည်နူးနူး တီတီတာတာမြင်ကွင်း​လေး​တွေနဲ့ စို​ပြေလို့​နေသည်။

"ကျန့်​ကော"

"​လောင်ဝမ်​နောက်ကျတယ်"

"ကျွန်တော့်ဆိုင်ကယ် ဆီရပ်သွားလို့ပါ။ ဒါမယ့် ကျန့်​ကော​စောင့်ရတာမကြာ​အောင် ကျွန်တော်​ပြေးလာခဲ့တာ"

မျက်နှာငယ်​လေးနဲ့ ​ရှောင်းကျန့် စိတ်ဆိုးမည်စိုး၍ ရှင်းပြ​နေတဲ့ ဝမ်ရိ​ပေါ် ရဲ့ ပုံစံက အရင်နှစ်​တွေကလို ခပ်ဆိုးဆိုးလူဆိုး​ကောင်​လေးမ​ဟုတ်​တော့​ပေ။ ယုန်​ရှေ့က ကျား​ပေါက်​လေးဖြစ်​နေပြီ။

"လုပ်ပြမ​နေနဲ့ ​ကောဗိုက်ဆာပြီ"

ချက်ချင်းပဲ လွယ်ထားတဲ့​​ဘေးလွယ်အိတ်​လေးလာသယ်​ပေးပြီး ကျန်လက်တစ်ဖက်က ဖြူဖြူနုနု ​ရှောင်းကျန့်ရဲ့လက်တစ်စုံကိုကိုင်လို့ ​ခေါ်သွားတဲ့ ဝမ်ရိ​ပေါ်။

​ရှောင်းကျန့်က ​ကျောင်းပြီးလို့ ပန်းချီသင်တန်း​လေးဖွင့်ထားတယ်။ ဝမ်ရိ​ပေါ်က​တော့ တတိယနှစ်​ကျောင်းသားတစ်​ယောက်။ သူတို့နှစ်​ယောက်စ​တွေ့ခဲ့တာ ရိ​ပေါ် ပထမနှစ်စတက်တဲ့​နေ့ကဖြစ်သည်။

Flash back ..

​ကျောင်းထဲစဝင်ကတည်းက လူအများရဲ့အာရုံကို ဖမ်းစားသွားတဲ့ ​ကောင်​လေးတစ်​ယောက်။ သတ်မှတ်ထားတဲ့​နေရာမှာ ဆိုင်ကယ်ကိုရပ်လို့ ဦးထုပ်ချွတ်လိုက်သည်။ ညာဘက်လက်နဲ့ ဆံပင်သပ်လိုက်ချိန်နဲ့ ​လေ​လေးတိုက်လာတဲ့အချိန်တိုက်သွားတာက မသိရင် ရုပ်ရှင်ကား​တွေထဲကလို မင်းသားဆံပင်သပ်​နေချိန် ​လေ​တွေတိုက်လာပြီး ဆံပင်​တွေကိုခွဲ​ပေးသွားသလိုပဲ။

"​ရှောင်ကော​ကော We Chat ​လေး add လို့ရမလား"

​ကောင်မ​​လေး​တွေ ဝိုင်းလာပြီး ​တောင်း​နေ​သော်လည်း တစ်ခွန်းမှမ​ပြောပဲထွက်သွားတဲ့ရိ​ပေါ်က ဘယ်​လောက်​ချေလဲဆိုတာ မြင်ရုံနဲ့တင် သိနိုင်၏။

Spring Revolution One Short CollectionWhere stories live. Discover now