Why me!?(complete)

By Ocean_J

44.3K 2.7K 53

ကံတရားကြီးကရက်စက်လွန်းတယ် နီးစပ်ဖို့ကြိုးစားရင်ပိုပြီးဝေးကွာသွားသလိုပဲ {Fanfic} [Beta] Ongoing Started date... More

Why me!? #1
Why me!?#2
Why me!?#3
Why me!? #4
Why me!?#5
Why me!?#6
Why me!?#7
Why me!? #8
Why me!?#9
Why me!?#10
Why me!?#11
Why me!?#12
Why me!?#13
Why me!?#14
Why me!?#15
Why me!?#16
Why me!?#17
Why me!?#18
Why me!?#19
Why me!?#20
Why me!?#21
Why me!?#22
Why me!?#23
Why me!?#25
Why me!?#26
Why me!?#27
Why me!?(Final)
Extra
EXTRA(2)
EXTRA(2) ZG

Why me!?#24

740 69 1
By Ocean_J

Unicode
.
.
.
.
.

"ကြယ်တွေကြွေနေပြီ!Yiboမော့ကြည့်လိုက် ကြယ်တွေအများကြီးပဲကြွေနေပြီ။ဆုမြန်မြန်တောင်း"

တလက်လက်နဲ့ကြွေနေတဲ့ ကြယ်ပေါင်းများစွာကို မြင်လိုက်တဲ့ Xiao Zhan က လက်နှစ်ဖက်ကိုယှက်လိုက်ပြီး ဆုတောင်းလို့နေလေရဲ့။

အဲ့လိုဆိုတော့လည်းZhan Geက ချစ်စရာကောင်းနေပြန်ရော။

"Geဘာဆုတောင်းလိုက်လဲ"

"အ..Yiboဆုတောင်းတာပြောပြလိုက်ရင်မပြည့်တော့ဘူးလေ"

"အဲ့တာဆို ကျွန်တော်ဆုတောင်းလိုက်တာကိုမပြောပြတော့ဘူး...မပြည့်မှာစိုးလို့လေ"

"အင်းပါ...."

ကြယ်တွေတလက်လက်တောက်ပနေတဲ့ကောင်းကင်ကြီးကိုနှစ်ယောက်သားကြည့်ရင်း ပြောပြလို့မရတဲ့ ဆုတောင်းတစ်ခုစီနဲ့၊ထိုဆုတောင်းတွေပြည့်ဖို့ နှစ်ယောက်စလုံးမျှော်လင့်မိတာတော့အမှန်။

"ဝါး....."

Yiboရဲ့သန်းဝေသံ ကြားတော့ Xiao Zhanပါလိုက်သန်းမိသွားသည်။

"အမ်...Geအိပ်ငိုက်နေပြီလား"

"မဟုတ်ပါဘူး"

အမှန်တော့ အိပ်ငိုက်နေလေပြီ။ခရီးပန်းလာတာလည်းပါတာကိုး။ဆိုးလ်နဲ့နယူးယောက် ကနေ့နဲ့ညကွာပေမဲ့ နေသားကျနေတဲ့သူ့အတွက်တော့ ပုံမှန်လိုပဲ။

"Geအိပ်ငိုက်နေတာသိပါတယ်နော်"

"ကောင်စုတ်လေး ငါကြယ်တွေကိုကြည့်ချင်သေးတယ်"

"နောက်ရက်ညတွေလည်းကြည့်လို့ရတာပဲကို Geကလည်း"

ဒီနေ့ဆိုရင် နောက်ရက်မကူးတတ်တဲ့ Xiao Zhanအကျင့်ကို Yiboသိသည်။ဒီနေ့ဆိုရင် မနက်ဖြန်ရောက်တတ်တဲ့ သူ့အကျင့်နဲ့ တစ်ခြားစီ။

"Ge...ပြတင်းပေါက်ပိတ်ပြီး လိုက်ကာချလိုက်တော့မယ်လေနော်...လေအေးတွေဝင်လာပြီ"

"ဟွန့်!"

"ဟွန့် မနေနဲ့ နေမကောင်းဖြစ်မယ်"

လေသံအေးအေးနဲ့ ရအောင်ချော့ပြီး ပြတင်းပေါက်ကိုပိတ်လိုက်ရသည်။
သူကတော့ စိတ်ကောက်ကောက်နဲ့ ကုတင်ပေါ်တက်သွားလေရဲ့။

"ဘာလာလုပ်တာလဲ!"

ကုတင်ပေါ်တက်လာတော့ Yiboကို ဆီးကြိုလိုက်တဲ့ Xiao Zhanရဲ့စကားတစ်ခွန်း။

"အမ်?"

"မလာနဲ့...သွား!"

ခုနတုန်းကအကောင်းပါ။အခုမှ Zhan Geဘယ်လိုဖြစ်သွားလဲမသိ။မဟုတ်မှလွဲရော...သူကြယ်မကြည့်ရလို့ထင်တယ်....

Yibo အပြုံးရေးရေးလေးပြုံးမိသား။သူ့Zhan Geက အဲ့လိုလည်းစိတ်ဆိုးတတ်သေးတယ်လေ။

စောင်ကိုတစ်ဖက်မပြီး Yiboဝင်လာတော့ Xiao Zhanအတင်းတွန်းထုတ်လေသည်။

"မရဘူး...မင်းဆိုဖာမှာသွားအိပ်!"

"Geနောက်နေတာမလား"

သွားလေးပေါ်အောင်ရယ်ရင်း Xiao Zhanကိုမေးလိုက်တော့ သူကမျက်နာတည်ကြီးတဲ့ အတည်ပြောနေတဲ့အတိုင်း။

"Ge.."

ခေါ်ပဲခေါ်ရသေးတယ် သူက စောင် ခေါင်းမြီးခြုံပြီး ကျောခိုင်းသွားလေသည်။
ပြောမရတဲ့အဆုံး Yiboလက်လျှော့လိုက်သည်။

"Geသဘောပဲ...ကျွန်တော်သွားအိပ်မယ်"

ကုတင်ပေါ်ကဆင်းပြီး...

"ကျွန်တော်သွားပြီနော်"

တံခါးဝနားရောက်တော့...

"ကျွန်တော် တစ်ကယ်သွားပြီနော်"

ပြန်ခေါ်မလားဆိုတဲ့ စိတ်နဲ့ ပြောနေပေမဲ့ဟိုက တုတ်တုတ်တောင်မလှုပ်။

နောက်ဆုံးလက်လျှော့လိုက်ရတဲ့သူက Yiboပဲဖြစ်ပြန်တယ်။

"ဟူး..."

သက်ပြင်းတစ်ချက်မှုတ်ထုတ် ဖို့ပဲတတ်နိုင်တော့တယ်။တစ်ပတ်လောက် ခွဲရတာကို ပြန်တွေ့တော့ ဆိုဖာမှာအိပ်ရတယ်တဲ့လား။

အိပ်ယာဆိုကျယ်မှ အိပ်တတ်တဲ့Yiboက ဆိုဖာပေါ် ဘယ်လိုအိပ်မလဲဆိုတာကို Xiao Zhanသိချင်မိတယ်။ကောင်စုတ်လေး အပေါ်ကို ဆိုးပြအုံးမယ်လေ။နောက်ထပ်....နောက်ထပ်...အများကြီး။
.
.
.
.
"Yibo...ထတော့"

"........."(အိပ်နေစဲ)

"အိုက်ယား....ထတော့လို့"

"အင်?....."(ငိုက်)

"ထပါတော့!!!!!"

Xiao Zhanရဲ့ အော်ခေါ်ပြီးနှိုးလိုက်တဲ့အသံကြောင့် Yibo ကြမ်းပြင်ပေါ်ကနေလန့်ပြီး ကုန်းထလာသည်။

"ဟင်?..Geဘာဖြစ်လို့လဲ!?"

မနေ့က ဆိုဖာပေါ်ကနေဘယ်လို ကြမ်းပြင်ပေါ်ကျသွားလဲမသိ။တော်သေးတယ် အခန်းကို အနွေးပေးတဲ့စက် ဖွင့်ထားလို့သာပေါ့။မဟုတ်ရင် လေဖြန်းနေလောက်ပြီ။

"ဘာမှမဖြစ်ဘူး...ထတော့ ထမင်းချက်ထားတယ်...စားရအောင်"

ပြောပြီးတာနဲ့ မီးဖိုခန်းထဲဝင်သွားတဲ့ Xiao Zhanကိုကြည့်ရင်း Yiboတွေဝေနေသည်။

"နှင်း...နှင်းတွေကျနေတာလား?"

မပွင့်တပွင့်မျက်လုံးနဲ့ အပြင်ကိုကြည့်မိတော့ မြင်ရတဲ့မြင်ကွင်းကို Yiboမယုံနိုင်သေး။
လေးပင်နေတဲ့ ခြေလှမ်းတွေနဲ့ ပြတင်းပေါက်ဆီ တစ်လှမ်းချင်းလှမ်းသွားသည်။
ပြတင်းပေါက်ကိုဖွင့်လိုက်တော့ ခြံဝန်းတစ်ခုလုံး ဖြူလွလွနှင်းတွေနဲ့ ဖုံးလွမ်းနေတာကို Yiboမြင်လိုက်ရတယ်။

နှင်းကျတာသိပ်မကြာသေးဘူးထင်တယ်။ကျနေတဲ့နှင်းထုတွေက သိပ်တော့မများသေး။

"Ge!နှင်းတွေကျနေတယ်"

"အေး...သိတယ်!"

မီးဖိုခန်းထဲကနေ Xiao Zhanအော်ပြီး ပြန်ပြောလိုက်ခြင်းဖြစ်သည်။

ဒီနေ့ရဲ့အစကတော့ Xiao Zhanရဲ့အော်နှိုးတာခံရပြီး၊နှင်းတွေတစ်စနဲ့တစ်စ ပြည့်လာတဲ့ခြံဝန်းကြီးကို Yiboမြင်လိုက်ရတာပဲ။

"ပြတင်းပေါက်နားဘာရပ်လုပ်နေတာလဲ...လက်ရှည်လည်းမဝတ်ထားပဲနဲ့...အအေးပက်နေမယ်"

မီးဖိုချောင်ထဲကနေ ခနခနလှည့်ကြည့်နေတဲ့ Xiao Zhanက Yiboကို မမြင်နိုင်လို့ ပြောပြီလေ။

"ဟုတ်ပါပြီ Geရ"

ဒီထက်ပိုပြီးစိတ်မကောက်ခင် စကားနားထောင်လိုက်ရမှ၊မဟုတ်ရင်တော့မလွယ်ဘူး။ဆိုဖာကြီးက အိပ်ရတာလွယ်တာမှတ်လို့။

Xiao Zhanစကားနားထောင်ပြီး Yibo မီးဖိုခန်းထဲဝင်လာလိုက်တယ်။ရောက်တာနဲ့ ဟင်းတွေပြင်နေတဲ့ Zhan Geရဲ့ခါးလေးကို အနောက်ကနေ သိမ်းဖက်လိုက်ရင်းပေါ့။ဟူဒီနီရောင်နဲ့ Zhan Geက နွေးထွေးနေတာပဲ။

"Ge...ကျွန်တော့်ကို morning kiss မပေးချင်ဘူးလား"

တစ်ယောက်တစ်လှည့် ကလေးလုပ်နေလားမှတ်ရတယ်။ငယ်ငယ်တုန်းကလို နှုတ်ခမ်း လေးဆူပြီး ပူဆာလာတဲ့ Yiboကို သူ မငြင်းနိုင်။

အဲ့နှုတ်ခမ်းဆူတတ်အောင်ဘယ်သူသင်ပေးလိုက်လဲမသိ။တစ်ခုခုဆို အဲ့တာနဲ့ပဲလုပ်စားနေတာ။သူမဟုတ်တဲ့အတိုင်းပဲ။

"Ge...ပေးလို့"

"အင့်"

နောက်လှည့်ပြီးသူ့ပုခုံးပေါ်မှီထားတဲ့ Yiboကိုလှမ်းပြီး ပါးပေါ်အင့်ခနဲ ဆိုပြီးပေးလိုက်သည်။

"Geကလည်း အာဘွားဟုတ်ဘူးလေ...kissပြောတာ"

"တူတူပဲကို"

"မတူဘူးကျွန်တော်ပြမယ်"

"အာ...တော်တော့ ထမင်းစားမယ်...သွား...မျက်နှာသွားသစ် ညစ်ပတ်အိုးလေး"

"ဟုတ်"
.
.
.
.
"Yibo...ခရစ္စမတ် ရောက်တော့မှာမလား"

"အင်းလေ Ge"

ထမင်းစားပြီးတာနဲ့ TVရှေ့ကဆိုဖာပေါ်မှာ နှစ်ယောက်သား Drama ကြည့်နေစဥ် Xiao Zhanဘက်မှ စကားစလိုက်ခြင်းဖြစ်သည်။

"ငါ ခရစ္စမတ်အကြို လက်ဆောင်ပေးချင်လို့....အခုပေးမှာ...မျက်လုံးမှိတ်ထားနော်"

"အွန်းGe"

ရောက်ကတည်းက ပါလာတဲ့ တစ်ခုတည်းသော အိတ်ထဲမှာ သေချာဖွက်ထားတဲ့ မာဖလာ အနီရောင်လေးကို Xiao Zhan ထုတ်လိုက်သည်။

ပြီးတော့ မာဖလာနဲ့ Yiboကိုပတ်ပေးလိုက်သည်။

"ရပြီ...ဖွင့်တော့"

သေချာလှလှပပ ထိုးထားနဲ့ အနီရောင်မာဖလာကို Yiboကြည့်ပြီး တစ်ပြုံးပြုံးဖြစ်နေသည်။သူအရမ်းချစ်ရတဲ့ လူသားကိုယ်တိုင်ထိုးပေးထားတာမှတ်လား။

ပန်းပွင့်ပုံစံလေးတွေပါ ပါသေးတယ်။သေချာအသေးစိတ်ထိုးထားတဲ့ပုံ။

မာဖလာကိုတစိမ့်စိမ့်ကြည့်နေတဲ့ Yiboကိုပြန်ကြည့်နေတဲ့ Xiao Zhanကလည်း ပျော်ရွှင်မိသား။

"Ge...ကျွန်တော်လည်းGeကိုလက်ဆောင်ပြန်ပေးမယ်"

"ငါကYiboလေးရှိနေရင်ရပြီ"

"တစ်ကယ်လား...အဲ့တာဆိုပေးရမဲ့ လက်ဆောင်က နှမြောစရာကြီးဖြစ်သွားမှာပေါ့...မပြတော့ပါဘူးလေ..."

ပြုံးဖြဲဖြဲနဲ့ ရွဲ့နေသည့်အလား Dramaဘက်ကိုမျက်စိပြန်ရောက်သွားတဲ့ Yiboကြောင့် Xiao Zhan တစ်ယောက် နေမထိထိုင်မထိဖြစ်လာသည်။

အဲဒီ့ကောင်စုတ်လေးကအဲ့လိုလုပ်ရတာတော်တော်ကြိုက်တယ်ထင်တယ်။

"ဟာ...အဲ့လိုတော့ဟုတ်ဘူးလေ...ဘာလက်ဆောင်လဲ...သိချင်တယ်"

"ဟောဒီက Yibo က Zhan Geကို ချစ်သောအားဖြင့်ပြောပြပါမယ်ဗျာ...ဒန့်တန်..."

"လျိုGe!"

Vedio Call ခေါ်ထားတဲ့ screen ပေါ်မှာဆေးပိုက်တန်းလန်းနဲ့ လျှိုGeက သူ့ကိုလက်ပြနှုတ်ဆက်လာသည်။

"Hello Xiao Zhan"

"လျိုGe သတိရလာပြီလား...Geဘာမှမဖြစ်ဘူးမလား...အားလုံးအဆင်ပြေရဲ့လား?"

မေးခွန်းတွေမေးပြီး လျိုGeကို ဂရုစိုက်နေတဲ့ Xiao Zhanကိုကြည့်ပြီး Yibo သဝန်တွေတိုလာသည်။သူ့ရဲ့ Zhanလေးက သူများကို ဂရုစိုက်နေတယ်ဆိုတော့ သဝန်တိုမိတာပေါ့။
ကိုယ်ပိုင် ရာသီဥတုလေးလို့ သတ်မှတ်ထားတဲ့သူကလေ။

"အကုန်အဆင်ပြေတယ်...ခုနက မြင် ရသလောက် မင်းတို့နှစ်ယောက် တော်တော်အဆင်ပြေနေကြတယ်ပေါ့"

"အယ်?"

လျိုGeရဲ့စကားကို Xiao Zhanနားမလည်။-ခုနကမြင်ရသလောက်-ဆိုတာက...Yiboတစ်ချိန်လုံး လျိုGeကို Vedio callခေါ်ထားတာလား?

ရဲတက်လာတဲ့ Xiao Zhanရဲ့မျက်နှာကို မြင်နေရတဲ့ Yiboက ပါးစပ်ကိုလက်နဲ့အုပ်ပြီး ခိုးရယ်နေလေရဲ့။

"ကောင်စုတ်လေး!ဘာလို့အစောကတည်းကမပြောတာလဲ"

"အံ့ဩစေချင်လို့လေ"

သူအံ့ဩအောင်လုပ်တာကလည်း အံ့ဩဖို့တော့ကောင်းပါရဲ့၊ဒါပေမဲ့ရှက်စရာကြီး။

"လျိုGe Wan Yingရော?"

"Wanwanလေး ခုနကအိမ်ပြန်သွားတယ်"

အချိန်တော်တော်ကြာပစ်ထားတဲ့ ကုမ္ပဏီကိစ္စကို သတိရလာတာနဲ့ လျိုGeကို အားနာပေမဲ့ဆက်မေးလိုက်တယ်။

"လျိုGe...ကုမ္ပဏီရော...Xiar Xiarဆီလွှဲဖို့စာပို့ထားပေမဲ့ အဲ့တုန်းက သူမရှိဘူးပြောလို့...အခုကုမ္ပဏီဘယ်လိုလဲဟင်"

"Xiar Xiar....မစ္စXiarလား?"

"ဟုတ်တယ်Ge"

"သူနိုင်ငံခြားထွက်သွားတယ်လို့ ကြားတယ်...သူ့သူငယ်ချင်း Suriလည်းပါသွားတယ်ထင်တယ်"

Suriရော Xiar Xiar ရောနိုင်ငံခြားမှာဆိုရင်ကုမ္ပဏီက.....

Xiao Zhanစဥ်းစားနေတုန်းရှိသေး လျိုGeဘက်မှ ကြားလိုက်ရတဲ့ အလန့်တကြားဖြစ်နေတဲ့ မိန်းကလေးအသံကြောင့် သွေးပျက်မတက်ဖြစ်သွားရသည်။

"ပါး! Zhan Ge Geရဲ့Xiao ကုမ္ပဏီကို...ဟို..ဟို"

"ဘာဖြစ်တာလဲ Wanwan! Xiao ကုမ္ပဏီ ဘာဖြစ်လို့လဲ!"

"လူတစ်ယောက်ဝယ်သွားပြီ"

"ဘာ!"

______________________________________
Zawgyi
.
.
.
.
"ၾကယ္ေတြေႂကြေနၿပီ!Yiboေမာ့ၾကည့္လိုက္ ၾကယ္ေတြအမ်ားႀကီးပဲေႂကြေနၿပီ။ဆုျမန္ျမန္ေတာင္း"

တလက္လက္နဲ႔ေႂကြေနတဲ့ ၾကယ္ေပါင္းမ်ားစြာကို ျမင္လိုက္တဲ့ Xiao Zhan က လက္ႏွစ္ဖက္ကိုယွက္လိုက္ၿပီး ဆုေတာင္းလို႔ေနေလရဲ႕။

အဲ့လိုဆိုေတာ့လည္းZhan Geက ခ်စ္စရာေကာင္းေနျပန္ေရာ။

"Geဘာဆုေတာင္းလိုက္လဲ"

"အ..Yiboဆုေတာင္းတာေျပာျပလိုက္ရင္မျပည့္ေတာ့ဘူးေလ"

"အဲ့တာဆို ကြၽန္ေတာ္ဆုေတာင္းလိုက္တာကိုမေျပာျပေတာ့ဘူး...မျပည့္မွာစိုးလို႔ေလ"

"အင္းပါ...."

ၾကယ္ေတြတလက္လက္ေတာက္ပေနတဲ့ေကာင္းကင္ႀကီးကိုႏွစ္ေယာက္သားၾကည့္ရင္း ေျပာျပလို႔မရတဲ့ ဆုေတာင္းတစ္ခုစီနဲ႔၊ထိုဆုေတာင္းေတြျပည့္ဖို႔ ႏွစ္ေယာက္စလုံးေမွ်ာ္လင့္မိတာေတာ့အမွန္။

"ဝါး....."

Yiboရဲ႕သန္းေဝသံ ၾကားေတာ့ Xiao Zhanပါလိုက္သန္းမိသြားသည္။

"အမ္...Geအိပ္ငိုက္ေနၿပီလား"

"မဟုတ္ပါဘူး"

အမွန္ေတာ့ အိပ္ငိုက္ေနေလၿပီ။ခရီးပန္းလာတာလည္းပါတာကိုး။ဆိုးလ္နဲ႔နယူးေယာက္ ကေန႔နဲ႔ညကြာေပမဲ့ ေနသားက်ေနတဲ့သူ႕အတြက္ေတာ့ ပုံမွန္လိုပဲ။

"Geအိပ္ငိုက္ေနတာသိပါတယ္ေနာ္"

"ေကာင္စုတ္ေလး ငါၾကယ္ေတြကိုၾကည့္ခ်င္ေသးတယ္"

"ေနာက္ရက္ညေတြလည္းၾကည့္လို႔ရတာပဲကို Geကလည္း"

ဒီေန႔ဆိုရင္ ေနာက္ရက္မကူးတတ္တဲ့ Xiao Zhanအက်င့္ကို Yiboသိသည္။ဒီေန႔ဆိုရင္ မနက္ျဖန္ေရာက္တတ္တဲ့ သူ႕အက်င့္နဲ႔ တစ္ျခားစီ။

"Ge...ျပတင္းေပါက္ပိတ္ၿပီး လိုက္ကာခ်လိုက္ေတာ့မယ္ေလေနာ္...ေလေအးေတြဝင္လာၿပီ"

"ဟြန္႔!"

"ဟြန္႔ မေနနဲ႔ ေနမေကာင္းျဖစ္မယ္"

ေလသံေအးေအးနဲ႔ ရေအာင္ေခ်ာ့ၿပီး ျပတင္းေပါက္ကိုပိတ္လိုက္ရသည္။
သူကေတာ့ စိတ္ေကာက္ေကာက္နဲ႔ ကုတင္ေပၚတက္သြားေလရဲ႕။

"ဘာလာလုပ္တာလဲ!"

ကုတင္ေပၚတက္လာေတာ့ Yiboကို ဆီးႀကိဳလိုက္တဲ့ Xiao Zhanရဲ႕စကားတစ္ခြန္း။

"အမ္?"

"မလာနဲ႔...သြား!"

ခုနတုန္းကအေကာင္းပါ။အခုမွ Zhan Geဘယ္လိုျဖစ္သြားလဲမသိ။မဟုတ္မွလြဲေရာ...သူၾကယ္မၾကည့္ရလို႔ထင္တယ္....

Yibo အျပဳံးေရးေရးေလးျပဳံးမိသား။သူ႕Zhan Geက အဲ့လိုလည္းစိတ္ဆိုးတတ္ေသးတယ္ေလ။

ေစာင္ကိုတစ္ဖက္မၿပီး Yiboဝင္လာေတာ့ Xiao Zhanအတင္းတြန္းထုတ္ေလသည္။

"မရဘူး...မင္းဆိုဖာမွာသြားအိပ္!"

"Geေနာက္ေနတာမလား"

သြားေလးေပၚေအာင္ရယ္ရင္း Xiao Zhanကိုေမးလိုက္ေတာ့ သူကမ်က္နာတည္ႀကီးတဲ့ အတည္ေျပာေနတဲ့အတိုင္း။

"Ge.."

ေခၚပဲေခၚရေသးတယ္ သူက ေစာင္ ေခါင္းၿမီးျခဳံၿပီး ေက်ာခိုင္းသြားေလသည္။
ေျပာမရတဲ့အဆုံး Yiboလက္ေလွ်ာ့လိုက္သည္။

"Geသေဘာပဲ...ကြၽန္ေတာ္သြားအိပ္မယ္"

ကုတင္ေပၚကဆင္းၿပီး...

"ကြၽန္ေတာ္သြားၿပီေနာ္"

တံခါးဝနားေရာက္ေတာ့...

"ကြၽန္ေတာ္ တစ္ကယ္သြားၿပီေနာ္"

ျပန္ေခၚမလားဆိုတဲ့ စိတ္နဲ႔ ေျပာေနေပမဲ့ဟိုက တုတ္တုတ္ေတာင္မလႈပ္။

ေနာက္ဆုံးလက္ေလွ်ာ့လိုက္ရတဲ့သူက Yiboပဲျဖစ္ျပန္တယ္။

"ဟူး..."

သက္ျပင္းတစ္ခ်က္မႈတ္ထုတ္ ဖို႔ပဲတတ္ႏိုင္ေတာ့တယ္။တစ္ပတ္ေလာက္ ခြဲရတာကို ျပန္ေတြ႕ေတာ့ ဆိုဖာမွာအိပ္ရတယ္တဲ့လား။

အိပ္ယာဆိုက်ယ္မွ အိပ္တတ္တဲ့Yiboက ဆိုဖာေပၚ ဘယ္လိုအိပ္မလဲဆိုတာကို Xiao Zhanသိခ်င္မိတယ္။ေကာင္စုတ္ေလး အေပၚကို ဆိုးျပအုံးမယ္ေလ။ေနာက္ထပ္....ေနာက္ထပ္...အမ်ားႀကီး။
.
.
.
.
"Yibo...ထေတာ့"

"........."(အိပ္ေနစဲ)

"အိုက္ယား....ထေတာ့လို႔"

"အင္?....."(ငိုက္)

"ထပါေတာ့!!!!!"

Xiao Zhanရဲ႕ ေအာ္ေခၚၿပီးႏိႈးလိုက္တဲ့အသံေၾကာင့္ Yibo ၾကမ္းျပင္ေပၚကေနလန္႔ၿပီး ကုန္းထလာသည္။

"ဟင္?..Geဘာျဖစ္လို႔လဲ!?"

မေန႔က ဆိုဖာေပၚကေနဘယ္လို ၾကမ္းျပင္ေပၚက်သြားလဲမသိ။ေတာ္ေသးတယ္ အခန္းကို အေႏြးေပးတဲ့စက္ ဖြင့္ထားလို႔သာေပါ့။မဟုတ္ရင္ ေလျဖန္းေနေလာက္ၿပီ။

"ဘာမွမျဖစ္ဘူး...ထေတာ့ ထမင္းခ်က္ထားတယ္...စားရေအာင္"

ေျပာၿပီးတာနဲ႔ မီးဖိုခန္းထဲဝင္သြားတဲ့ Xiao Zhanကိုၾကည့္ရင္း Yiboေတြေဝေနသည္။

"ႏွင္း...ႏွင္းေတြက်ေနတာလား?"

မပြင့္တပြင့္မ်က္လုံးနဲ႔ အျပင္ကိုၾကည့္မိေတာ့ ျမင္ရတဲ့ျမင္ကြင္းကို Yiboမယုံႏိုင္ေသး။
ေလးပင္ေနတဲ့ ေျခလွမ္းေတြနဲ႔ ျပတင္းေပါက္ဆီ တစ္လွမ္းခ်င္းလွမ္းသြားသည္။
ျပတင္းေပါက္ကိုဖြင့္လိုက္ေတာ့ ျခံဝန္းတစ္ခုလုံး ျဖဴလြလြႏွင္းေတြနဲ႔ ဖုံးလြမ္းေနတာကို Yiboျမင္လိုက္ရတယ္။

ႏွင္းက်တာသိပ္မၾကာေသးဘူးထင္တယ္။က်ေနတဲ့ႏွင္းထုေတြက သိပ္ေတာ့မမ်ားေသး။

"Ge!ႏွင္းေတြက်ေနတယ္"

"ေအး...သိတယ္!"

မီးဖိုခန္းထဲကေန Xiao Zhanေအာ္ၿပီး ျပန္ေျပာလိုက္ျခင္းျဖစ္သည္။

ဒီေန႔ရဲ႕အစကေတာ့ Xiao Zhanရဲ႕ေအာ္ႏိႈးတာခံရၿပီး၊ႏွင္းေတြတစ္စနဲ႔တစ္စ ျပည့္လာတဲ့ျခံဝန္းႀကီးကို Yiboျမင္လိုက္ရတာပဲ။

"ျပတင္းေပါက္နားဘာရပ္လုပ္ေနတာလဲ...လက္႐ွည္လည္းမဝတ္ထားပဲနဲ႔...အေအးပက္ေနမယ္"

မီးဖိုေခ်ာင္ထဲကေန ခနခနလွည့္ၾကည့္ေနတဲ့ Xiao Zhanက Yiboကို မျမင္ႏိုင္လို႔ ေျပာၿပီေလ။

"ဟုတ္ပါၿပီ Geရ"

ဒီထက္ပိုၿပီးစိတ္မေကာက္ခင္ စကားနားေထာင္လိုက္ရမွ၊မဟုတ္ရင္ေတာ့မလြယ္ဘူး။ဆိုဖာႀကီးက အိပ္ရတာလြယ္တာမွတ္လို႔။

Xiao Zhanစကားနားေထာင္ၿပီး Yibo မီးဖိုခန္းထဲဝင္လာလိုက္တယ္။ေရာက္တာနဲ႔ ဟင္းေတြျပင္ေနတဲ့ Zhan Geရဲ႕ခါးေလးကို အေနာက္ကေန သိမ္းဖက္လိုက္ရင္းေပါ့။ဟူဒီနီေရာင္နဲ႔ Zhan Geက ေႏြးေထြးေနတာပဲ။

"Ge...ကြၽန္ေတာ္႕ကို morning kiss မေပးခ်င္ဘူးလား"

တစ္ေယာက္တစ္လွည့္ ကေလးလုပ္ေနလားမွတ္ရတယ္။ငယ္ငယ္တုန္းကလို ႏႈတ္ခမ္း ေလးဆူၿပီး ပူဆာလာတဲ့ Yiboကို သူ မျငင္းႏိုင္။

အဲ့ႏႈတ္ခမ္းဆူတတ္ေအာင္ဘယ္သူသင္ေပးလိုက္လဲမသိ။တစ္ခုခုဆို အဲ့တာနဲ႔ပဲလုပ္စားေနတာ။သူမဟုတ္တဲ့အတိုင္းပဲ။

"Ge...ေပးလို႔"

"အင့္"

ေနာက္လွည့္ၿပီးသူ႕ပုခုံးေပၚမွီထားတဲ့ Yiboကိုလွမ္းၿပီး ပါးေပၚအင့္ခနဲ ဆိုၿပီးေပးလိုက္သည္။

"Geကလည္း အာဘြားဟုတ္ဘူးေလ...kissေျပာတာ"

"တူတူပဲကို"

"မတူဘူးကြၽန္ေတာ္ျပမယ္"

"အာ...ေတာ္ေတာ့ ထမင္းစားမယ္...သြား...မ်က္ႏွာသြားသစ္ ညစ္ပတ္အိုးေလး"

"ဟုတ္"
.
.
.
.
"Yibo...ခရစၥမတ္ ေရာက္ေတာ့မွာမလား"

"အင္းေလ Ge"

ထမင္းစားၿပီးတာနဲ႔ TVေ႐ွ႕ကဆိုဖာေပၚမွာ ႏွစ္ေယာက္သား Drama ၾကည့္ေနစဥ္ Xiao Zhanဘက္မွ စကားစလိုက္ျခင္းျဖစ္သည္။

"ငါ ခရစၥမတ္အႀကိဳ လက္ေဆာင္ေပးခ်င္လို႔....အခုေပးမွာ...မ်က္လုံးမွိတ္ထားေနာ္"

"အြန္းGe"

ေရာက္ကတည္းက ပါလာတဲ့ တစ္ခုတည္းေသာ အိတ္ထဲမွာ ေသခ်ာဖြက္ထားတဲ့ မာဖလာ အနီေရာင္ေလးကို Xiao Zhan ထုတ္လိုက္သည္။

ၿပီးေတာ့ မာဖလာနဲ႔ Yiboကိုပတ္ေပးလိုက္သည္။

"ရၿပီ...ဖြင့္ေတာ့"

ေသခ်ာလွလွပပ ထိုးထားနဲ႔ အနီေရာင္မာဖလာကို Yiboၾကည့္ၿပီး တစ္ျပဳံးျပဳံးျဖစ္ေနသည္။သူအရမ္းခ်စ္ရတဲ့ လူသားကိုယ္တိုင္ထိုးေပးထားတာမွတ္လား။

ပန္းပြင့္ပုံစံေလးေတြပါ ပါေသးတယ္။ေသခ်ာအေသးစိတ္ထိုးထားတဲ့ပုံ။

မာဖလာကိုတစိမ့္စိမ့္ၾကည့္ေနတဲ့ Yiboကိုျပန္ၾကည့္ေနတဲ့ Xiao Zhanကလည္း ေပ်ာ္႐ႊင္မိသား။

"Ge...ကြၽန္ေတာ္လည္းGeကိုလက္ေဆာင္ျပန္ေပးမယ္"

"ငါကYiboေလး႐ွိေနရင္ရၿပီ"

"တစ္ကယ္လား...အဲ့တာဆိုေပးရမဲ့ လက္ေဆာင္က ႏွေျမာစရာႀကီးျဖစ္သြားမွာေပါ့...မျပေတာ့ပါဘူးေလ..."

ျပဳံးၿဖဲၿဖဲနဲ႔ ႐ြဲ႕ေနသည့္အလား Dramaဘက္ကိုမ်က္စိျပန္ေရာက္သြားတဲ့ Yiboေၾကာင့္ Xiao Zhan တစ္ေယာက္ ေနမထိထိုင္မထိျဖစ္လာသည္။

အဲဒီ့ေကာင္စုတ္ေလးကအဲ့လိုလုပ္ရတာေတာ္ေတာ္ႀကိဳက္တယ္ထင္တယ္။

"ဟာ...အဲ့လိုေတာ့ဟုတ္ဘူးေလ...ဘာလက္ေဆာင္လဲ...သိခ်င္တယ္"

"ေဟာဒီက Yibo က Zhan Geကို ခ်စ္ေသာအားျဖင့္ေျပာျပပါမယ္ဗ်ာ...ဒန္႔တန္..."

"လ်ိဳGe!"

Vedio Call ေခၚထားတဲ့ screen ေပၚမွာေဆးပိုက္တန္းလန္းနဲ႔ လွ်ိဳGeက သူ႕ကိုလက္ျပႏႈတ္ဆက္လာသည္။

"Hello Xiao Zhan"

"လ်ိဳGe သတိရလာၿပီလား...Geဘာမွမျဖစ္ဘူးမလား...အားလုံးအဆင္ေျပရဲ႕လား?"

ေမးခြန္းေတြေမးၿပီး လ်ိဳGeကို ဂ႐ုစိုက္ေနတဲ့ Xiao Zhanကိုၾကည့္ၿပီး Yibo သဝန္ေတြတိုလာသည္။သူ႕ရဲ႕ Zhanေလးက သူမ်ားကို ဂ႐ုစိုက္ေနတယ္ဆိုေတာ့ သဝန္တိုမိတာေပါ့။
ကိုယ္ပိုင္ ရာသီဥတုေလးလို႔ သတ္မွတ္ထားတဲ့သူကေလ။

"အကုန္အဆင္ေျပတယ္...ခုနက ျမင္ ရသေလာက္ မင္းတို႔ႏွစ္ေယာက္ ေတာ္ေတာ္အဆင္ေျပေနၾကတယ္ေပါ့"

"အယ္?"

လ်ိဳGeရဲ႕စကားကို Xiao Zhanနားမလည္။-ခုနကျမင္ရသေလာက္-ဆိုတာက...Yiboတစ္ခ်ိန္လုံး လ်ိဳGeကို Vedio callေခၚထားတာလား?

ရဲတက္လာတဲ့ Xiao Zhanရဲ႕မ်က္ႏွာကို ျမင္ေနရတဲ့ Yiboက ပါးစပ္ကိုလက္နဲ႔အုပ္ၿပီး ခိုးရယ္ေနေလရဲ႕။

"ေကာင္စုတ္ေလး!ဘာလို႔အေစာကတည္းကမေျပာတာလဲ"

"အံ့ဩေစခ်င္လို႔ေလ"

သူအံ့ဩေအာင္လုပ္တာကလည္း အံ့ဩဖို႔ေတာ့ေကာင္းပါရဲ႕၊ဒါေပမဲ့႐ွက္စရာႀကီး။

"လ်ိဳGe Wan Yingေရာ?"

"Wanwanေလး ခုနကအိမ္ျပန္သြားတယ္"

အခ်ိန္ေတာ္ေတာ္ၾကာပစ္ထားတဲ့ ကုမၸဏီကိစၥကို သတိရလာတာနဲ႔ လ်ိဳGeကို အားနာေပမဲ့ဆက္ေမးလိုက္တယ္။

"လ်ိဳGe...ကုမၸဏီေရာ...Xiar Xiarဆီလႊဲဖို႔စာပို႔ထားေပမဲ့ အဲ့တုန္းက သူမ႐ွိဘူးေျပာလို႔...အခုကုမၸဏီဘယ္လိုလဲဟင္"

"Xiar Xiar....မစၥXiarလား?"

"ဟုတ္တယ္Ge"

"သူႏိုင္ငံျခားထြက္သြားတယ္လို႔ ၾကားတယ္...သူ႕သူငယ္ခ်င္း Suriလည္းပါသြားတယ္ထင္တယ္"

Suriေရာ Xiar Xiar ေရာႏိုင္ငံျခားမွာဆိုရင္ကုမၸဏီက.....

Xiao Zhanစဥ္းစားေနတုန္း႐ွိေသး လ်ိဳGeဘက္မွ ၾကားလိုက္ရတဲ့ အလန္႔တၾကားျဖစ္ေနတဲ့ မိန္းကေလးအသံေၾကာင့္ ေသြးပ်က္မတက္ျဖစ္သြားရသည္။

"ပါး! Zhan Ge Geရဲ႕Xiao ကုမၸဏီကို...ဟို..ဟို"

"ဘာျဖစ္တာလဲ Wanwan! Xiao ကုမၸဏီ ဘာျဖစ္လို႔လဲ!"

"လူတစ္ေယာက္ဝယ္သြားၿပီ"

"ဘာ!"

Continue Reading

You'll Also Like

75.5K 1.4K 27
A boy no less then 16 years old was always nice to everyone no matter how rude they was how mean they was he would help them but he always had though...
651 51 6
جِيون جونغكُوك يكُون أخِيها الأكبر المُتبقي الوَحِيد لَها مِن عائِلتِها التِي رَحلت مُنذُ سنة بِسببِ حَادِث، يكبُرها بِثمانِي أعوَام ويبلُغُ مِن العُ...
337K 3.9K 49
First off, thank you for reading! I hope you like what I have to offer in this Oneshots book! It is complete but do enjoy what is in it!