Why me!?#25

769 70 4
                                    

Unicode
.
.
.
.
.

"မဖြစ်နိုင်တာ!"

လုံးဝယုံနိုင်စရာမကောင်းတဲ့ အရာကို Xiao Zhanအတင်းငြင်းဆန်နေသည်။

ဒီလောက်ထိတ်ထိတ်ကြဲအောင်မြင်တဲ့ ကုမ္ပဏီ ကိုဘယ်သူကဝယ်နိုင်တာလဲ။
ဝယ်မယ်ဆိုရင်တောင် စာချုပ်တွေရော...လက်မှတ်တွေရော အကုန်လိုတာလေ။
ဘယ်လိုဝယ်လိုက်တာလဲ။

"ဒီလိုလုပ်နိုင်တာ တစ်ယောက်ပဲရှိတယ်"

မျက်မှောင်ကြုတ်ပြီး ဒေါသမျက်ဝန်းနဲ့ အံကြိတ်ထားတဲ့ Yiboရဲ့ စကားသံကြောင့် Xiao Zhanအပါအဝင် လျိုGeနဲ့ Wan Yingပါသိချင်နေကြပြီ။ဒါပေမဲ့...

တီ....

Yiboဖုန်းချလိုက်ပြီး ခြေလှမ်းများက ခြံဝန်းဂိုထောင်ထဲက ဆိုင်ကယ်ဆီသို့။

"Yibo!ဘာဖြစ်တာလဲ"

သွက်သွက်သွားနေတဲ့ Yiboရဲ့ ခြေလှမ်းများကို Xiao Zhanလိုက်မှီနိုင်အောင် ကြိုးစားနေရတယ်။
Yiboဘာဖြစ်နေလဲဆိုတာကို Xiao Zhan စဥ်းစားလို့မရပါ။ကုမ္ပဏီ ကိစ္စဆိုရင် တစ်ကယ်စိတ်ပူရမဲ့လူက သူမဟုတ်လား။

ဂိုထောင်တံခါး မ တင်လိုက်ပြီးဆိုင်ကယ်စက်နှိုးလိုက်တဲ့ Yiboရှေ့ကို Xiao Zhan ကာရပ်လိုက်သည်။

"Geရှေ့ကဖယ်"

"မဖယ်ဘူး!မင်းဘယ်သွားမလို့!"

ဂိုထောင်အပေါက်ဝကနေ လမ်းပိတ်ထားတဲ့ Xiao Zhanက လုံးဝမဖယ်ပေး။

"ဖယ်!"

"Yi...Yibo"

Yiboရဲ့ လေသံမာမာနဲ့အော်ခံလိုက်ရတဲ့ Xiao Zhanက လိပ်ပြာလွင့်မတတ်ဖြစ်သွားရသည်။ပြီးတော့...ကြောင်စီစီနဲ့ ကြက်သေသေကာ ဆိုင်ကယ်ရှေ့မှာရပ်နေစဲ။

ဆိုင်ကယ်လီဗာ ဆွဲတင်လိုက်တော့ Xiao Zhan လန့်ပြီး ဘေးဖက်ကိုလဲကျသွားသည်။

လဲကျသွားတဲ့ Xiao Zhanကို Yiboလှည့်မကြည့်နိုင်ခဲ့။ခြံဝန်းထဲကနေ လမ်းမကြီးပေါ်သို့သာ အလောတကြီးမောင်းထွက်သွားသည်။

"ကောင်စုတ်လေး...Geကိုအော်စရာမလိုဘူးလေ....ဒီလောက်နှင်းတွေကျနေတာ...အပြင်မှာဆိုင်ကယ်မောင်းရင် အအေးပက်မှာပေါ့...Geစကားကိုနားမထောင်ဘူး"

Why me!?(complete)Where stories live. Discover now